” ထူးဆန်းသောရေတွင်းကြီး “(စ/ဆုံး)

Unicode Version

” ထူးဆန်းသောရေတွင်းကြီး “(စ/ဆုံး)
——————————————-

ယွန်းနှင်ဆီခိုင်

ကျမတို့ရပ်ကွက်မှာ ရေဘုံဘိုင်၊
အဝီစိတွင်း ၊ဖူးကြီးရေပိုက် ၊
ဂျိုးဖြုရေပိုက် တွေ ခောတ်မရှိခင်၊ အဝီစိတွင်းတွေရှိပေမယ့် နည်းပါးနေတဲ့အချိန်ကာလ တစ်ခုက
အုတ်ရေတွင်းကြီးတွေ အသုံးပြုခဲ့တယ်။
အဲ့လို ရေတွင်းတွေဟာ ရပ်ကွက်ထဲမှာ
ဆယ်တွင်းအထက်မက ရှိခဲ့တယ်။
အချို့တွင်းတွေဆိုရင် တွင်းဟောင်း တွင်းပျက်တွေ
ဖြစ်ကုန်ပြီး၊ အချို့တွင်းတွေကိုကျ
မြေဖို့ခြင်း၊ အမိူက်များပစ်ထည့်ခြင်း အစသဖြင့်
ဖုံးပြီး တွင်းကို ပျောက်ပစ်လိုက်တယ်။

ရှေးလူကြီးတွေရဲ့အယူအဆ အချို့အရ
ရေတွင်းတွေကို မပိတ်ပစ်ကောင်းဘူးလို့
အယူကြီးကြပြီး၊ ရေတွင်းများမှာ နှစ်ပရိစ္ဆေဒ
ကြာမြင့်တဲ့အခါမှာ သိုက်နန်းလိုလို ဖြစ်နေတယ်လို့
ပြောတာကြားဘူးခဲ့တယ်။
တချို့ရေတွင်းကြီးများဆိုရင် တစ်နှစ်တစ်ခါ၊
နှစ်နှစ်တစ်ခါ ရေတွင်းထဲ လူကျပြီး အသေအပျောက်ဖြစ်တတ်တဲ့အထိ ကြားဘူး၊
ကြုံဘူးခဲ့ပါတယ်။

ဒါဟာ အယူသီးခြင်း မဟုတ်ပဲ ကြားခဲ့ဘူး၊
ကြုံခဲ့ဘူးသည်ကို ပြန်လည် ရေးပြခြင်းသာဖြစ်ပါတယ်။
အချို့ နှစ်ချို့ ရေတွင်းများတွင် မမျှော်လင့်ပဲ
အမှိုက်သရိုက်အချို့၊ ကြွက်သေကောင်၊
အကောင်ပလောင်ငယ်လေးများ ကျ၍ သေနေပါက
ရေတွင်းမှ ရေများကို ခပ်ထုတ်ခြင်း ပြုလုပ်ကြသည်။
ရေအထွက်နည်းခြင်း ၊ ရေကောခြင်းများဖြစ်ပါက
ရေတွင်းဆယ်ခြင်းများလည်း ပြုလုပ်တတ်ကြသည်။
ထိုအခါမျိုးတွင် မမျှော်လင့်ပဲ ရေတွင်း၏ ပေအနက်ပေါ်မူတည်၍ အောက်ခြေရှိ ဓာတ်ငွေ့အချို့ကြောင့် ရေတွင်းဆယ်သူများ အသက်သေဆုံးသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

အချို့ နားလည်သူများက ရေတွင်းထဲသို့
မဆင်းမှီ ဖယောင်းတိုင်ကို ထွန်းညီု့၍ တွင်းအခြေသို့ ချကြည့်ရာ ဖယောင်းတိုင်မီးငြိမ်းသွားပါက
တွင်းအောက်ခြေ၌ အသက်အန္တရာယ်ရှိသည်ဟု
နားလည်ကြပါသည်။

ကျမတို့ရပ်ကွက်မှာ တောင်ပေါ်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
တောင်ခြေမှာ ဘုန်းကြီးလှူထားတဲ့မြေနေရာမှာ
အမက ကျောင်းတစ်ကျောင်းရှိတယ်။
ကျောင်းဝိုင်းအဝင်ဝမှာ ရေတွင်းကြီးတစ်တွင်းရှိတယ်။
ပစ်ထားတာ အတော်လေးကို အမှိုက်တွေပါ
ပြည့်နှက်နေခဲ့ပြီ။
နွေရာသီမှာ မီးပြတ် ရေမလာတဲ့ ဒုက္ခကြောင့်
ဘုန်းကြီးက ရေတွင်းကို ပြန်ဆယ်တယ်။
အသေအချာ အကျအန ရေတွင်း အုတ်ဘောင်နဲ့
စည်းရိုးနဲ့ လုပ်ပေးထားတယ်။
ရပ်ကွက်က လူအတော်များများ
ရေတွင်းကို အားထားပြီးနွေရာသီကိုကျော်ဖြတ်
ကြတယ်။

ညဘက်တွေမှာ အနီးဝန်းကျင်က လူငယ်အချို့
ရေတွင်းအနီးဝန်းကျင်နဲ့ အုတ်ဘောင်မှာ
စကားပြောကြ၊ ဂစ်တာတီးကြ၊ သီချင်းဆိုကြနဲ့
နေကြတယ်။
ဒီလိုနဲ့ တစ်နေ့မှာ အမျိုးမကင်းတဲ့
အကိုတစ်ယောက်ဟာ ညဘက်တရေးနိူးလာရင်း
လမ်းထွက်လျှောက်တယ်။

ရေတွင်းဆီကနေ လူငယ်တွေရဲ့ သီချင်းသံကို
ကြားတော့ သူဟာ ရေတွင်းဆီကိုလျှောက်သွားတယ်။
ရေတွင်းဆီရောက်တော့ ရေတွင်းအုတ်ဘောင်ပေါ်မှာ သူထိုင်ပြီး လူငယ်တွေရဲ့သီချင်းကို နားထောင်နေတယ်။
အဲ့အချိန်မှာ သူက အသက်အားဖြင့် သုံးဆယ်ကျော်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ချုချာသူဖြစ်နေတယ်။
မကြာခဏလည်း ခေါင်းမူးပြီး လမ်းမှာပစ်လဲကျနေတတ်တဲ့သူပေါ့။
သူက အုတ်ဘောင်လေးမှာထိုင်နေရင်းကနေ
အမှတ်တမဲ့ လက်ထောက်လိုက်တာ
(သူစိတ်ထဲ ရေတွင်းဘောင်ရှိတဲ့နေရာအမှတ်နဲ့)
ရေတွင်းထဲ ပြုတ်ကျသွားပါတော့တယ်။

အများသုံးရေတွင်းမို့ ကြိုးတန်းလန်းနဲ့ ရေပုံးတွေ.
အသင့်ရှိနေပါတယ်။
ချက်ချင်းဆိုသလို လူငယ်တွေက ပစ်ချပေးကြတယ်။
နဂိုအခံက ကျန်းမာရေးမကောင်းသူမို့
ပစ်ချပေးတဲ့ရေပုံးကို ကိုင်ပြီး အပေါ်က ဆွဲတင်ပေးကြပေမယ့်သူမတက်နိူင်ရှာပဲ
ဆယ်မိနစ်ခန့်အကြာမှာ ရေအောက်ကိုဆုံးဆုံးမြုပ်သွားတယ်။
အပေါ်က လူတွေ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။
မိသားစုဝင်တွေလည်းအပြေးအလွှားရောက်လာပြီး
ငိုကြယိုကြနဲ့ တကယ့်ကို စိတ်မကောင်းစရာပေါ့။

ရေတွင်းထဲမမျှော်လင့်ပဲ ပြုတ်ကျတာ ဖြစ်ပေမယ့်
သေမူ့သေခင်းဖြစ်သွားတဲ့အတွက် ရဲ တွေရောက်လာတယ်။
သေဆုံးသူကို ဆယ်ဖို့ကြိုးစားကြတယ်။
ညဆယ်တစ်နာရီကျော်နေပြီမို့ ဘယ်သူမှ
မဆင်းရဲကြဘူး။
အဲ့အချိန်မှာ နယ်ထိန်းရဲက ရပ်ကွက်ထဲ မှာ
တစ်ခုခု အကြောင်းရှိရင် မကြောက်မရွံလုပ်တတ်တဲ့ “”မောင်ကောက်””ကိုသွားရှာခိုင်းတယ်။
မောင်ကောက်ရောက်လာတော့ သေဆုံးသူက
သူရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတယ်။

မောင်ကောက် ရေတွင်းဘောင်မှာ ဘုရားတရား
အာရုံပြုပြီး တွင်းထဲ ကြိုးသိုင်းပြီးဆင်းတယ်။
ရေအောက်ကိုငုပ်လျှိုးပြီး အလောင်းကိုရှာတယ်။
တွင်းအခြေကနေအပေါ်ကို ရေအနက်ဟာ
ဆယ်ပေကျော်ခန့်ရှိနေတယ်။
ထူးဆန်းတာက ရေအောက်ကိုရောက်တဲ့အခါမှာ
မီးချောင်းထွန်းထားသည့်အလား
လင်းထိန်နေတယ်။
ရေတွင်းတစ်ခုနဲ့ မတူညီတော့ပဲ လေဟာပြင်
အခန်းကျယ်ကြီးကို ရောက်နေသလို ခံစားရတယ်။

အလောင်းကိုရှာမတွေ့ဘူးဖြစ်နေတယ်။
အသက်ရှုမဝဖြစ်လာတော့ ရေပေါ် ပေါ်ပြီး
အသက်ဝအောင်ရှုလိုက်တယ်။
တွင်းအပေါ်ကနေ ဓာတ်မီးတွေ မီးဆိုင်းတွေ
လှမ်းပြနေကြတယ်။
အပေါ်ကအလင်းထက် ရေတွင်းထဲက အလင်းက
ပိုလင်းနေတာ မောင်ကောက် ခံစားရတယ်။
စိတ်ထဲမှာ ကြောက်စိတ်တွေဝင်လာတယ်။
ပြန်တက်ရင်ကောင်းမယ်လို့ တွေးလိုက်မိတယ်။
ဒါပေမယ့် သူငယ်ချင်းရဲ့မျက်နှာကိုမြင်ယောင်ရင်း
ဒုတိယအကြိမ် ရေအောက်ကို ငုပ်လျှိုးလိုက်ပြန်တယ်။

ဒုတိယအကြိမ်မှာ ပိုပြီးလင်းထိန်နေတယ်။
ဆယ်ပေအဝလောက်ကျယ်တဲ့ရေတွင်းထဲမှာ
မောင်ကောက်တစ်ယောက် ကူးဂလန့်ခတ်အောင်
အလောင်းကိုရှာနေစဥ်မှာ မမျှော်လင့်ပဲ
ဝတ်ဖြုစင်ကြယ်နဲ့ အဖိုးကြီးတစ်ယောက်ကို
တွေ့လိုက်ရတယ်။

“”မင်း…မသေချင်ရင် အပေါ်ပြန်တက်စမ်း””

အမိန့်ဆန်ဆန် စကားနဲ့ မောင်ကောက်ကို ပြောတယ်။
မောင်ကောက်က တောင်းပန်တိုးလျိုးပြီး
သူငယ်ချင်းရဲ့အလောင်းကို လာရှာကြောင်း
ပြောပြတယ်။
အစပိုင်းမှာ လက်မခံဘူး။
နောက်တော့

“”အေး….အခုလောက်ဆိုရင်တော့ မင်းသူငယ်ချင်း
အလောင်းကို ပြန်ပေးမယ်။
မင်းကိုပါ ရေအောက်ကိုအပြီးခေါ်ထားလို့ရတယ်။
ဒါပေမယ့် မင်းရဲ့အစောင့်အရှောက်က ပိုပြီး
ငါတို့ထက်မြင့်လို့ မင်းကိုတော့ချမ်းသာပေးလိုက်မယ်။
ပြီးတော့ မင်းဟာသေနေ့မစေ့သေးတဲ့အတွက်
မင်းကိုငါတို့ ဘာမှမလုပ်နိူင်ဘူး။
ဟိုးမှာ မင်းသူငယ်ချင်း””……………..ဆိုပြီး

လက်ညိုးထိုးပြလိုက်ရာ
ရေတွင်းအခြေ သားမွေးလေးအား
လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ထားသော သူငယ်ချင်းကိုတွေ့လိုက်ရသည်။
ဝမ်းသာမိသလို မောင်ကောက်ကိုယ်တိုင်လည်း
အသက်ရှုရခက်လာပါသည်။
သူငယ်ချင်း၏ ခါးကို ကြိုးချည်၍ ဆွဲမရာ
လက်နှစ်ဘက်က သားမွေးတွင် ကိုင်လျှက် က
မလွှတ်နိူင်ပဲ ဖြစ်နေသည်။
အသက်ရှုရပိုပြီးမွန်းကြပ်လာသောအခါ
အားကုန်သုံး၍ ဆောင့်ဆွဲလိုက်ရာ
အလောင်းမှာ ပါလာတော့သည်။
မိမိ၏ ခါးကြိုးကို လူပ်ရမ်းလိုက်၍ အပေါ်မှ လည်း
ဆွဲတင်ကြပါတော့သည်။
ဝမ်းနည်းစွာ သူငယ်ချင်း၏အလောင်းကို
အပေါ်သို့ အောင်မြင်စွာ တင်လိုက်နိူင်ပါတော့သည်။

ရေအောက်မှ အဖြစ်အပျက်အချို့ကို ပြောပြရာ
ယုံသူရှိသလို မယုံကြည်သူများလည်းရှိကြသည်။
မည်သူကိုမှ အတိုက်အခံလုပ်ပြီး ရှင်းပြမနေပဲ
လူနာတင်ယာဥ်ပေါ်သို့ တင်နေသည့်
သူငယ်ချင်းကို နူတ်ဆက်လိုက်ပါသည်။

“”သူငယ်ချင်း ရေ နောက်ဘဝ ဒီလို
သေခြင်းတရားက လွတ်ပါစေ အသက်ရှည်ရှည်
နေရတဲ့ လူ့ဘဝတစ်ခု ပြန်ရပါစေကွာ””………..ဟု

မောင်ကောက်တစ်ယောက် ဆုတောင်းနေမိပါသည်။
ချမ်းလည်းချမ်းနေပြီမို့ အိမ်အမြန်ပြန်ရန်
ဆိုင်ကယ်ပေါ်သို့တတ်လိုက်ရာ
ရေတွင်းဘောင်နူတ်ခမ်းမှ သေဆုံးသွားသော
သူငယ်ချင်းဖြစ်သူမှ လှမ်း၍လက်ပြနူတ်ဆက်နေသည်ကို အသေအချာမြင်တွေ့လိုက်ပါတော့သည်။
မည်။
တချို့သောအဖြစ်တို့သည် ယုံကြည်ရန်ပင်ခက်ခဲနေသောအကြောင်းအရာများသာဖြစ်မေပါတော့သည်။

ယွန်းနှင်းဆီခိုင်

Zawgyi Version

” ထူးဆန္းေသာေရတြင္းႀကီး “(စ/ဆုံး)
——————————————-

ယြန္းႏွင္ဆီခိုင္

က်မတို႔ရပ္ကြက္မွာ ေရဘုံဘိုင္၊
အဝီစိတြင္း ၊ဖူးႀကီးေရပိုက္ ၊
ဂ်ိဳးျဖဳေရပိုက္ ေတြ ေခာတ္မရွိခင္၊ အဝီစိတြင္းေတြရွိေပမယ့္ နည္းပါးေနတဲ့အခ်ိန္ကာလ တစ္ခုက
အုတ္ေရတြင္းႀကီးေတြ အသုံးျပဳခဲ့တယ္။
အဲ့လို ေရတြင္းေတြဟာ ရပ္ကြက္ထဲမွာ
ဆယ္တြင္းအထက္မက ရွိခဲ့တယ္။
အခ်ိဳ႕တြင္းေတြဆိုရင္ တြင္းေဟာင္း တြင္းပ်က္ေတြ
ျဖစ္ကုန္ၿပီး၊ အခ်ိဳ႕တြင္းေတြကိုက်
ေျမဖို႔ျခင္း၊ အမိူက္မ်ားပစ္ထည့္ျခင္း အစသျဖင့္
ဖုံးၿပီး တြင္းကို ေပ်ာက္ပစ္လိုက္တယ္။

ေရွးလူႀကီးေတြရဲ႕အယူအဆ အခ်ိဳ႕အရ
ေရတြင္းေတြကို မပိတ္ပစ္ေကာင္းဘူးလို႔
အယူႀကီးၾကၿပီး၊ ေရတြင္းမ်ားမွာ ႏွစ္ပရိေစၦဒ
ၾကာျမင့္တဲ့အခါမွာ သိုက္နန္းလိုလို ျဖစ္ေနတယ္လို႔
ေျပာတာၾကားဘူးခဲ့တယ္။
တခ်ိဳ႕ေရတြင္းႀကီးမ်ားဆိုရင္ တစ္ႏွစ္တစ္ခါ၊
ႏွစ္ႏွစ္တစ္ခါ ေရတြင္းထဲ လူက်ၿပီး အေသအေပ်ာက္ျဖစ္တတ္တဲ့အထိ ၾကားဘူး၊
ႀကဳံဘူးခဲ့ပါတယ္။

ဒါဟာ အယူသီးျခင္း မဟုတ္ပဲ ၾကားခဲ့ဘူး၊
ႀကဳံခဲ့ဘူးသည္ကို ျပန္လည္ ေရးျပျခင္းသာျဖစ္ပါတယ္။
အခ်ိဳ႕ ႏွစ္ခ်ိဳ႕ ေရတြင္းမ်ားတြင္ မေမွ်ာ္လင့္ပဲ
အမႈိက္သ႐ိုက္အခ်ိဳ႕၊ ႂကြက္ေသေကာင္၊
အေကာင္ပေလာင္ငယ္ေလးမ်ား က်၍ ေသေနပါက
ေရတြင္းမွ ေရမ်ားကို ခပ္ထုတ္ျခင္း ျပဳလုပ္ၾကသည္။
ေရအထြက္နည္းျခင္း ၊ ေရေကာျခင္းမ်ားျဖစ္ပါက
ေရတြင္းဆယ္ျခင္းမ်ားလည္း ျပဳလုပ္တတ္ၾကသည္။
ထိုအခါမ်ိဳးတြင္ မေမွ်ာ္လင့္ပဲ ေရတြင္း၏ ေပအနက္ေပၚမူတည္၍ ေအာက္ေျခရွိ ဓာတ္ေငြ႕အခ်ိဳ႕ေၾကာင့္ ေရတြင္းဆယ္သူမ်ား အသက္ေသဆုံးသည္ကို မၾကာခဏ ျမင္ေတြ႕ခဲ့ရသည္။

အခ်ိဳ႕ နားလည္သူမ်ားက ေရတြင္းထဲသို႔
မဆင္းမွီ ဖေယာင္းတိုင္ကို ထြန္းညီဳ႕၍ တြင္းအေျခသို႔ ခ်ၾကည့္ရာ ဖေယာင္းတိုင္မီးၿငိမ္းသြားပါက
တြင္းေအာက္ေျခ၌ အသက္အႏၲရာယ္ရွိသည္ဟု
နားလည္ၾကပါသည္။

က်မတို႔ရပ္ကြက္မွာ ေတာင္ေပၚဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းရွိတယ္။
ေတာင္ေျခမွာ ဘုန္းႀကီးလႉထားတဲ့ေျမေနရာမွာ
အမက ေက်ာင္းတစ္ေက်ာင္းရွိတယ္။
ေက်ာင္းဝိုင္းအဝင္ဝမွာ ေရတြင္းႀကီးတစ္တြင္းရွိတယ္။
ပစ္ထားတာ အေတာ္ေလးကို အမႈိက္ေတြပါ
ျပည့္ႏွက္ေနခဲ့ၿပီ။
ေႏြရာသီမွာ မီးျပတ္ ေရမလာတဲ့ ဒုကၡေၾကာင့္
ဘုန္းႀကီးက ေရတြင္းကို ျပန္ဆယ္တယ္။
အေသအခ်ာ အက်အန ေရတြင္း အုတ္ေဘာင္နဲ႔
စည္း႐ိုးနဲ႔ လုပ္ေပးထားတယ္။
ရပ္ကြက္က လူအေတာ္မ်ားမ်ား
ေရတြင္းကို အားထားၿပီးေႏြရာသီကိုေက်ာ္ျဖတ္
ၾကတယ္။

ညဘက္ေတြမွာ အနီးဝန္းက်င္က လူငယ္အခ်ိဳ႕
ေရတြင္းအနီးဝန္းက်င္နဲ႔ အုတ္ေဘာင္မွာ
စကားေျပာၾက၊ ဂစ္တာတီးၾက၊ သီခ်င္းဆိုၾကနဲ႔
ေနၾကတယ္။
ဒီလိုနဲ႔ တစ္ေန႔မွာ အမ်ိဳးမကင္းတဲ့
အကိုတစ္ေယာက္ဟာ ညဘက္တေရးႏိူးလာရင္း
လမ္းထြက္ေလွ်ာက္တယ္။

ေရတြင္းဆီကေန လူငယ္ေတြရဲ႕ သီခ်င္းသံကို
ၾကားေတာ့ သူဟာ ေရတြင္းဆီကိုေလွ်ာက္သြားတယ္။
ေရတြင္းဆီေရာက္ေတာ့ ေရတြင္းအုတ္ေဘာင္ေပၚမွာ သူထိုင္ၿပီး လူငယ္ေတြရဲ႕သီခ်င္းကို နားေထာင္ေနတယ္။
အဲ့အခ်ိန္မွာ သူက အသက္အားျဖင့္ သုံးဆယ္ေက်ာ္ျဖစ္ၿပီး က်န္းမာေရးအနည္းငယ္ခ်ဳခ်ာသူျဖစ္ေနတယ္။
မၾကာခဏလည္း ေခါင္းမူးၿပီး လမ္းမွာပစ္လဲက်ေနတတ္တဲ့သူေပါ့။
သူက အုတ္ေဘာင္ေလးမွာထိုင္ေနရင္းကေန
အမွတ္တမဲ့ လက္ေထာက္လိုက္တာ
(သူစိတ္ထဲ ေရတြင္းေဘာင္ရွိတဲ့ေနရာအမွတ္နဲ႔)
ေရတြင္းထဲ ျပဳတ္က်သြားပါေတာ့တယ္။

အမ်ားသုံးေရတြင္းမို႔ ႀကိဳးတန္းလန္းနဲ႔ ေရပုံးေတြ.
အသင့္ရွိေနပါတယ္။
ခ်က္ခ်င္းဆိုသလို လူငယ္ေတြက ပစ္ခ်ေပးၾကတယ္။
နဂိုအခံက က်န္းမာေရးမေကာင္းသူမို႔
ပစ္ခ်ေပးတဲ့ေရပုံးကို ကိုင္ၿပီး အေပၚက ဆြဲတင္ေပးၾကေပမယ့္သူမတက္ႏိူင္ရွာပဲ
ဆယ္မိနစ္ခန္႔အၾကာမွာ ေရေအာက္ကိုဆုံးဆုံးျမဳပ္သြားတယ္။
အေပၚက လူေတြ ဘယ္လိုမွမတတ္ႏိုင္ခဲ့ဘူး။
မိသားစုဝင္ေတြလည္းအေျပးအလႊားေရာက္လာၿပီး
ငိုၾကယိုၾကနဲ႔ တကယ့္ကို စိတ္မေကာင္းစရာေပါ့။

ေရတြင္းထဲမေမွ်ာ္လင့္ပဲ ျပဳတ္က်တာ ျဖစ္ေပမယ့္
ေသမူ႔ေသခင္းျဖစ္သြားတဲ့အတြက္ ရဲ ေတြေရာက္လာတယ္။
ေသဆုံးသူကို ဆယ္ဖို႔ႀကိဳးစားၾကတယ္။
ညဆယ္တစ္နာရီေက်ာ္ေနၿပီမို႔ ဘယ္သူမွ
မဆင္းရဲၾကဘူး။
အဲ့အခ်ိန္မွာ နယ္ထိန္းရဲက ရပ္ကြက္ထဲ မွာ
တစ္ခုခု အေၾကာင္းရွိရင္ မေၾကာက္မ႐ြံလုပ္တတ္တဲ့ “”ေမာင္ေကာက္””ကိုသြားရွာခိုင္းတယ္။
ေမာင္ေကာက္ေရာက္လာေတာ့ ေသဆုံးသူက
သူရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ေနတယ္။

ေမာင္ေကာက္ ေရတြင္းေဘာင္မွာ ဘုရားတရား
အာ႐ုံျပဳၿပီး တြင္းထဲ ႀကိဳးသိုင္းၿပီးဆင္းတယ္။
ေရေအာက္ကိုငုပ္လွ်ိဳးၿပီး အေလာင္းကိုရွာတယ္။
တြင္းအေျခကေနအေပၚကို ေရအနက္ဟာ
ဆယ္ေပေက်ာ္ခန္႔ရွိေနတယ္။
ထူးဆန္းတာက ေရေအာက္ကိုေရာက္တဲ့အခါမွာ
မီးေခ်ာင္းထြန္းထားသည့္အလား
လင္းထိန္ေနတယ္။
ေရတြင္းတစ္ခုနဲ႔ မတူညီေတာ့ပဲ ေလဟာျပင္
အခန္းက်ယ္ႀကီးကို ေရာက္ေနသလို ခံစားရတယ္။

အေလာင္းကိုရွာမေတြ႕ဘူးျဖစ္ေနတယ္။
အသက္ရႈမဝျဖစ္လာေတာ့ ေရေပၚ ေပၚၿပီး
အသက္ဝေအာင္ရႈလိုက္တယ္။
တြင္းအေပၚကေန ဓာတ္မီးေတြ မီးဆိုင္းေတြ
လွမ္းျပေနၾကတယ္။
အေပၚကအလင္းထက္ ေရတြင္းထဲက အလင္းက
ပိုလင္းေနတာ ေမာင္ေကာက္ ခံစားရတယ္။
စိတ္ထဲမွာ ေၾကာက္စိတ္ေတြဝင္လာတယ္။
ျပန္တက္ရင္ေကာင္းမယ္လို႔ ေတြးလိုက္မိတယ္။
ဒါေပမယ့္ သူငယ္ခ်င္းရဲ႕မ်က္ႏွာကိုျမင္ေယာင္ရင္း
ဒုတိယအႀကိမ္ ေရေအာက္ကို ငုပ္လွ်ိဳးလိုက္ျပန္တယ္။

ဒုတိယအႀကိမ္မွာ ပိုၿပီးလင္းထိန္ေနတယ္။
ဆယ္ေပအဝေလာက္က်ယ္တဲ့ေရတြင္းထဲမွာ
ေမာင္ေကာက္တစ္ေယာက္ ကူးဂလန္႔ခတ္ေအာင္
အေလာင္းကိုရွာေနစဥ္မွာ မေမွ်ာ္လင့္ပဲ
ဝတ္ျဖဳစင္ၾကယ္နဲ႔ အဖိုးႀကီးတစ္ေယာက္ကို
ေတြ႕လိုက္ရတယ္။

“”မင္း…မေသခ်င္ရင္ အေပၚျပန္တက္စမ္း””

အမိန္႔ဆန္ဆန္ စကားနဲ႔ ေမာင္ေကာက္ကို ေျပာတယ္။
ေမာင္ေကာက္က ေတာင္းပန္တိုးလ်ိဳးၿပီး
သူငယ္ခ်င္းရဲ႕အေလာင္းကို လာရွာေၾကာင္း
ေျပာျပတယ္။
အစပိုင္းမွာ လက္မခံဘူး။
ေနာက္ေတာ့

“”ေအး….အခုေလာက္ဆိုရင္ေတာ့ မင္းသူငယ္ခ်င္း
အေလာင္းကို ျပန္ေပးမယ္။
မင္းကိုပါ ေရေအာက္ကိုအၿပီးေခၚထားလို႔ရတယ္။
ဒါေပမယ့္ မင္းရဲ႕အေစာင့္အေရွာက္က ပိုၿပီး
ငါတို႔ထက္ျမင့္လို႔ မင္းကိုေတာ့ခ်မ္းသာေပးလိုက္မယ္။
ၿပီးေတာ့ မင္းဟာေသေန႔မေစ့ေသးတဲ့အတြက္
မင္းကိုငါတို႔ ဘာမွမလုပ္ႏိူင္ဘူး။
ဟိုးမွာ မင္းသူငယ္ခ်င္း””……………..ဆိုၿပီး

လက္ညိဳးထိုးျပလိုက္ရာ
ေရတြင္းအေျခ သားေမြးေလးအား
လက္ႏွစ္ဘက္ႏွင့္ ဆုပ္ကိုင္ထားေသာ သူငယ္ခ်င္းကိုေတြ႕လိုက္ရသည္။
ဝမ္းသာမိသလို ေမာင္ေကာက္ကိုယ္တိုင္လည္း
အသက္ရႈရခက္လာပါသည္။
သူငယ္ခ်င္း၏ ခါးကို ႀကိဳးခ်ည္၍ ဆြဲမရာ
လက္ႏွစ္ဘက္က သားေမြးတြင္ ကိုင္လွ်က္ က
မလႊတ္ႏိူင္ပဲ ျဖစ္ေနသည္။
အသက္ရႈရပိုၿပီးမြန္းၾကပ္လာေသာအခါ
အားကုန္သုံး၍ ေဆာင့္ဆြဲလိုက္ရာ
အေလာင္းမွာ ပါလာေတာ့သည္။
မိမိ၏ ခါးႀကိဳးကို လူပ္ရမ္းလိုက္၍ အေပၚမွ လည္း
ဆြဲတင္ၾကပါေတာ့သည္။
ဝမ္းနည္းစြာ သူငယ္ခ်င္း၏အေလာင္းကို
အေပၚသို႔ ေအာင္ျမင္စြာ တင္လိုက္ႏိူင္ပါေတာ့သည္။

ေရေအာက္မွ အျဖစ္အပ်က္အခ်ိဳ႕ကို ေျပာျပရာ
ယုံသူရွိသလို မယုံၾကည္သူမ်ားလည္းရွိၾကသည္။
မည္သူကိုမွ အတိုက္အခံလုပ္ၿပီး ရွင္းျပမေနပဲ
လူနာတင္ယာဥ္ေပၚသို႔ တင္ေနသည့္
သူငယ္ခ်င္းကို ႏူတ္ဆက္လိုက္ပါသည္။

“”သူငယ္ခ်င္း ေရ ေနာက္ဘဝ ဒီလို
ေသျခင္းတရားက လြတ္ပါေစ အသက္ရွည္ရွည္
ေနရတဲ့ လူ႔ဘဝတစ္ခု ျပန္ရပါေစကြာ””………..ဟု

ေမာင္ေကာက္တစ္ေယာက္ ဆုေတာင္းေနမိပါသည္။
ခ်မ္းလည္းခ်မ္းေနၿပီမို႔ အိမ္အျမန္ျပန္ရန္
ဆိုင္ကယ္ေပၚသို႔တတ္လိုက္ရာ
ေရတြင္းေဘာင္ႏူတ္ခမ္းမွ ေသဆုံးသြားေသာ
သူငယ္ခ်င္းျဖစ္သူမွ လွမ္း၍လက္ျပႏူတ္ဆက္ေနသည္ကို အေသအခ်ာျမင္ေတြ႕လိုက္ပါေတာ့သည္။
မည္။
တခ်ိဳ႕ေသာအျဖစ္တို႔သည္ ယုံၾကည္ရန္ပင္ခက္ခဲေနေသာအေၾကာင္းအရာမ်ားသာျဖစ္ေမပါေတာ့သည္။

ယြန္းႏွင္းဆီခိုင္