ဒုဋ္ဌဝတီငါးရွေးကြီး(စ/ဆုံး)

Unicode Version

ဒုဋ္ဌဝတီငါးရွေးကြီး(စ/ဆုံး)
———————————
ဒုဋ္ဌဝတီမြစ်၏ရေအလျဉ်မှာ ကမ်းနဖူးကို ဦးတိုက်လျက် စီးဆင်းလာ ရှိ၏။ မြောက်ပြန်လေက မစို့မပို့ တိုက်ခတ်နေ၏။ တစ်ခါတစ်ရံ မြစ်ပြင်ကို
ဖြတ်သန်း၍
သစ်ဆိမ့်ကျောင်းကွေ့အနီးရှိအဉ်ပျရွာထဲသို့တိုးဝင်သွားတတ်၏။
အဉ်ပျရွာမှာ အိမ်ခြေတစ်ရာခန့်ရှိ၏။ ရွာ၏မြောက်ရပ်၌ရှိသော သစ် ဆိမ့်ကျောင်းကွေ့ မြစ်ကမ်းနဖူးတွင် ရှေးဟောင်းသစ်ဆိမ့်စေတီတစ်ဆူ ရှိ လေ၏။ ရွာကျက်သရေဆောင်ဘုရားတစ်ဆူမို့ နှစ်တိုင်း တပို့တွဲလပြည့်နေ့ တွင် ဘုရားပွဲ ကျင်းပလေ့ရှိ၏။
ဘုရား၏မြောက်အရပ်တွင် သစ်ဆိမ့်ကျောင်းကွေ့ဝဲကြီးရှိ၏။ ထိုနယ် တစ်ကြောတွင် နာမည်ဆိုးနှင့် အလွန် ဂုဏ်သတင်းကြီးသည့် စုပ်ဝဲကြီးဖြစ် ၏။ ရှေးဟောင်းစေတီနှင့် အနီးစပ်ဆုံးတွင် ဘကျော်တို့ခြံ ရှိလေ၏။
ထိုညက ဘကျော်မှာ အိပ်မပျော်သဖြင့် ခြံထဲဆင်းလာလေ၏။ ခြံဝန်း ထဲအိမ်မျက်နှာစာရှေ့ရှိမရန်းပင်ကြီးဆီသို့ လျှောက်လာ၏။ သစ်ပင်ကို မှီ၍ ပြုလုပ်ထားသော ဝါးခင်းကွပ်ပျစ်တွင် ထိုင်လိုက်၏။ သူ့စိတ်ထဲတွင်လည်း

“အင်း…တပို့တွဲလ… တပို့တွဲလ၊ ဒီလရောက်ရင် ရွာသားတွေ ပျော်စရာ တစ်ဝက်နဲ့ စိတ်ညစ်စရာတစ်ဝက်ကြုံရဦးမှာပါလား”တွေးလျက်ရှိ၏။ ထိုစဉ်အနီးဝန်းကျင်မှ ပရစ်အော်သံတို့က သူ့နားထဲသို့ စူးဝင်လာ၏။ ရုတ်တရက် သူနှုတ်မှ တိုးတိုးညင်ညင် ရေရွတ်လိုက်မိ၏။ “ရွာဘုရားပွဲကျင်းပဖို့ နီးလာပြီပဲ။ စုပ်ဝဲကြီးအော်သံကြားရတော့မယ်” သူ့အတွေးပုံရိပ်နှင့်အဖြစ်အပျက်တစ်ထပ်တည်းတူညီ
မည်သို့ဆိုစေ၊
သည်ဟု ဆိုရမလား… တိုက်ဆိုင်လွန်းသည်ဟုပြောရမလား…။
သစ်ဆိမ့်ကျောင်းကွေ့စုပ်ဝဲကြီးဆီမှထိတ်လန့်ဖွယ်၊ကြောက်မက်ဖွယ် တုန်လှုပ်ချောက်ချားဖွယ်အသံနက်ကြီးကို သဲသဲကွဲကွဲ ကြားလိုက်ရ၏။
“ဝေါ….ဝေါ….ဝေါ….ဝေါ”
“ဟီး…ဟီး…ဟီး…ဟီး”
“ဝုန်း…န်း..ဝုန်း..ဝုန်း..”
ဘကျော်တစ်ကိုယ်လုံးကြက်သီးမွေးညင်းထလာ၏။ဆံပင်များလည်း ထိုးထိုးထောင်ထောင်ဖြစ်လာ၏။ အသက်ရှူသံ မမှန်ချင်တော့ချေ။ ည အချိန်အေးစိမ့်စိမ့်ရှိနေသော်လည်း ဇောချွေးများဖြင့် စိုထိုင်းနေ၏။ အဉ်ပျတစ်ရွာလုံးလည်း အိပ်မောကျနေရာမှ လန့်ဖျပ်နိုးကုန်၏။ မည် သူတစ်စုံတစ်ယောက်မှအိမ်ခြံပြင်ထွက်ဝံ့ကြခြင်း မရှိချေ။
ကြောက်စိတ်ကြောင့် ခေါင်းမြီးခြုံသူခြုံ၊ နားနှစ်ဖက်ကို လက်ဝါးများ ဖြင့် ပိတ်သူပိတ်၊ ကလေးသူငယ်များမှာလည်း “အမေ..အမေ..ကြောက် တယ်..ကြောက်တယ်”။ သက်ကြီးရွယ်လွန်များက “အင်း…သစ်ဆိမ့် ကျောင်းကွေ့စုပ်ဝဲကြီးကတော့ တစ်နှစ်တစ်ကြိမ် ဝတ္တရားမပျက် ကြုံးဝါး နေပြီ”ဆိုသည့် ညည်းတွားသံများကို နံနက်မိုးလင်းလျှင် ကြားရပေမည် ဖြစ်၏။ ယနေ့ညအဖြစ်အပျက်မျိုးကို လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ် ကတည်းက ဘကျော် ကြုံခဲ့ပေါင်းများနေပြီဖြစ်၏။
မှောင်ရိပ်ဖုံးလွှမ်းနေသောအိမ်ကြီးဆီသို့ အမှတ်မထင် သမင်လည်ပြန် လှည့်ကြည့်လိုက်၏။ အိမ်ထဲမှ ဇနီးအေးပွင့်၏အသံကိုလည်း မကြားရချေ။ ကြောက်လန့်နေဟန် တူလေ၏။ ထို့ကြောင့် ဘကျော်က အိမ်ကြီးဆီသို့ လျှောက်လာလိုက်၏။ သူ့ရင်တွင်း၌ အတွေးတစ်ခုဖြစ်ပေါ်နေ၏။

“အေးလေ… သတ္တဝါတစ်ခု၊ ကံတစ်ခုပဲပေါ့လေ၊ မနက်မိုးလင်းရင် တော့ သူတို့တစ်တွေ ရောက်လာကြမှာပဲ”
စုပ်ဝဲကြီးအော်ဟစ်သောင်းကျန်းပြီးသည့်နောက်တစ်နေ့တွင်တင်ရွှေ
နှင့် မြင့်သူတို့ ရောက်လာကြ၏။ သူတို့မျက်နှာမှာ တစ်စုံတစ်ခုအတွက် စိုးရိမ်ထိတ်လန့်နေကြ၏။ ခြံဝန်းအဝင်ဝတွင် ဆီးကြိုစောင့်မျှော်နေသော ဘကျော်ကလှမ်းမေးလိုက်၏။
“အင်း.. မင်းတို့တောင် ရောက်လာကြပြီပေါ့လေ”
“ဟုတ်တယ်ဟေ့…ဟုတ်တယ်၊ ငါတို့ မြစ်ကမ်းနဖူးဆီကို အမြန်ဆုံး ရောက်ဖို့ အရေးကြီးတယ်….။ ဒါမှ စုပ်ဝဲကြီးကြောင့် အသက်ဘေးကြုံတွေ့ ကြမယ့်လူတွေကို ကယ်ဆယ်နိုင်မယ်မဟုတ်လား…။ ဒီရွာမှာ ရေကူးကျွမ်း ကျင်ဆုံးလူကမင်းပဲလေ – ဘကျော်”
မြင့်သူက ပြောဆို၍ ရှေ့မှ ထွက်သွားလေ၏။ ဘကျော်က လုံချည်ကို ပြင်ဝတ်၍ သူတို့နောက်မှလိုက်ခဲ့လေ၏။
မကြာမီ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းစေတီအနားသို့ ရောက် လာကြ၏။ စေတီရင်ပြင်တော်မှနေပြီးစုပ်ဝဲကြီးဘက်သို့ပြိုင်တူကြည့်လိုက် ကြ၏။ စုပ်ဝဲကြီးက ဧရာမဝဲကတော့ကြီး ထိုးလျက် ရှိ၏။ ထိုစဉ်တင်ရွှေက မြစ်အထက်ပိုင်းသို့ လက်ညှိုးညွှန်လျက်အလန့်တကြားအော်လိုက်၏။ “ဟို…ဟိုမှာကြည့်စမ်း။ ခတ်ဘောက်တူလှေတစ်စင်း၊ ဒီဘက်ကို စုန်ဆင်းလာနေတယ်..။ လှေပေါ်မှာ လူနှစ်ယောက်လည်းပါတယ်ဟ”
“အင်း.. ဒီလူတွေတော့ အသက်အန္တရာယ်ဘေးနဲ့ ကြုံတွေ့တော့မှာပဲ။ ငါတို့ရဲ့အထက်ရွာတွေဖြစ်တဲ့ မက္ခရာနဲ့ ကျွန်းဦးရွာကတော့ မဟုတ်ဘူး..။ မြစ်ညာအထက်ပိုင်းကလှေပဲဖြစ်လိမ့်မယ်”
မြင့်သူကတင်ရွှေ၏စကားကိုထောက်ခံပြောဆိုလိုက်၏။ ဘကျော်မှာ လုံချည်ကို ခပ်တင်းတင်း ပြင်ဝတ်လိုက်ပြီး ခါးတောင်းကျိုက်နေ၏။ သူ့
မျက်လုံးများမှာလှေပေါ်မှလူများထံရောက်နေတော့၏။

စုပ်ဝဲကြီးအနီးသို့ ခတ်ဘောက်တူလှေ ချဉ်းကပ်နေလေပြီ။ စုပ်ဝဲကြီး အနီးချဉ်းကပ်မိလေလေ၊ လှေဦးမှာယိမ်းထိုးနေလေလေရှိ၏။ ခပ်ဘောက် တူသမားလည်း လှေမမှောက်အောင်ထိန်းပြီး ခတ်နေရ၏။ အသံဗလံ တို့လည်း ကျယ်လောင်လာ၏။
“ဝေါ…….ဝေါ….ဝေါ….ဝေါ”
ထိုစဉ် ခတ်ဘောက်တူသမားမှာ လက်ပန်းကျနေပြီဖြစ်၏။ မည်သို့မှ မထိန်းနိုင်တော့ချေ။ စုပ်ဝဲကြီးအတွင်း အရှိန်ပြင်းစွာ ရောက်သွားလေ၏။ လှေပေါ်ရှိလူများလည်း ဝရုန်းသုန်းကား ဖြစ်ကုန်၏။ တင်ရွှေက လှမ်းအော် ၍သတိပေးလိုက်၏။
“ဟေ့လူတွေ.. လှေမမှောက်အောင် ထိန်းပြီး ဝဲကြီးလွတ်အောင် ခပ် ကြဗျို့.. မြန်မြန်လုပ်”
လှေထဲရေများ ဒရဟောဝင်လာ၏။ ထို့ကြောင့် ဘကျော်တစ်ယောက် စေတီရင်ပြင်မှ ပြေးဆင်းပြီး ရေထဲခုန်ဆင်းလိုက်၏။ လှေဆီသို့ လျင်မြန်စွာ ကူးခတ်သွားပြီး ကမ်းဘက်သို့ ပြန်ဆွဲလျက်ရှိလေ၏။ ထိုစဉ် စုပ်ဝဲအရှိန် ကြောင့် လှေတိမ်းမှောက်သွား၏။ လူများသည် ရေထဲသို့ ကစဉ့်ကလျား လွင့်စဉ်ကျကုန်၏။ လူများမှာ စုပ်ဝဲကြီးအရှိန်နှင့် ပတ်ချာလည်ပတ်နေပြီ။ ထို့နောက် ရေအောက်သို့ တဖြည်းဖြည်း မြုပ်သွားကြလေ၏။ ကုန်းပေါ်တွင် ကျန်ရစ်သော တင်ရွှေနှင့် မြင့်သူတို့မှာ ရင်တမမဖြစ်ကာ ရှိလေ၏။
ထိုအချိန်၌ ဘကျော်မှာ ရေပြင်ကိုထိမိပြီး ဝမ်းလျားမှောက်ဖြစ်နေ ရှာ၏။ မျက်လုံးများကို ခေတ္တခဏမှိတ်ထား၏။ ထို့နောက် ဖြည်းဖြည်းချင်း ဖွင့်ပြီး စူးစူးစိုက်စိုက်ကြည့်လိုက်၏။ အနီးဝန်းကျင်တွင် တွေ့လိုက်ရသော သွေးရောင်ကြောင့် စူးစူးစိုက်စိုက် ကြည့်လိုက်၏။ အနီးဝန်းကျင်တွင် တွေ့ လိုက်ရသော သွေးရောင်ကြောင့် သံသယဝင်လာ၏။ သွေးရောင်တန်းက တစ်နေရာသို့ စီးမျောလျက်ရှိလေ၏။
ဘကျော် မည်သို့မျှ မစဉ်းစားတော့ချေ။ သွေးရောင်တန်း စီးမျောရာ နောက်သို့ တကောက်ကောက် မျော၍လိုက်ခဲ့၏။ မကြာမီ ကမ်းခြေတစ် နေရာသို့ မျောပါနေကြောင်း သိလိုက်၏။ သူ့စိတ်ထဲတွင်လည်း…

“အင်း…သွေးစီးကြောင်းဟာ ရေအောက်လိုဏ်ဂူကြီးဆီကို ဦးတည်
သွားနေပါလား”
သူ့အတွေးမဆုံးမီ ရှေးဟောင်းစေတီအောက်တည့်တည့် ဂူကြီးအနီး သို့ ရောက်ရှိလာ၏။ သံသယစိတ်တွေကြောင့် သတိထားဝင်လာလေ၏။ ဂူကြီးမှာ ပေငါးဆယ်ခန့် ကျယ်ဝန်း၏။ အလင်းတန်းတစ်ခုကြောင့် အတွင်း ပိုင်းရောက်လေလေ၊ သဲသဲကွဲကွဲ မြင်တွေ့ရလေလေရှိ၏။ ကျောက်စွယ် ကျောက်တန်းများကလည်း ဂူကြီးဘေးနံရံအနီးတွင် ပြွမ်းတီးလျက် ရှိ
လေ၏။
လိုဏ်ဂူကြီးထဲသို့ဝင်ရောက်ခဲ့သောအကြိမ်ပေါင်းများလှချေပြီဖြစ်၏။ ယခုတစ်ခေါက်ကဲ့သို့ ကြောက်ရွံ့စိတ် ဖြစ်ပေါ်ခဲ့ခြင်းမျိုး မခံစားရချေ။ အန္တရာယ်အငွေ့အသက်တစ်ခုခု မျက်နှာချင်းဆိုင်မှ လာနေကြောင်း သိ လိုက်၏။ ဂူကြီးအတွင်းမှ လိမ့်ဆင်းလာသည့် ရေစီးအားလည်း မြန်ဆန် လာ၏။ တစ်မုဟုတ်ချင်းအနီးရှိ ကျောက်တန်းများကြားထဲသို့ ဝင်ပုန်းလိုက်
လေ၏။
ပြင်းထန်သောရေစီးအားနှင့်အတူ အလွန်ကြီးမားသော ငါးရွေးငါးကြီး တစ်ကောင်ကို တွေ့လိုက်ရ၏။ ဘကျော်နှုတ်မှ အလန့်တကြား အော်သံ ထွက်သွား၏။
“စုပ်ဝဲကြီးထဲရောက်လာတဲ့လူတွေကို
ဝါးမျိုစားသောက်လိုက်လို့ သွေး ကွက်ကြီး ဖြစ်တာပဲ။ ငါနဲ့ ဒီဂူကြီးထဲမှာ တစ်ကြိမ်တစ်ခါမှ မကြုံဘူးလို့ တော်သေးတယ်”
ထိုစဉ် ငါးကြီးမှာ ဘကျော် ပုန်းအောင်နေသော ကျောက်စွယ်အနီး တွင် ခိုကပ်လိုက်၏။ ထို့ကြောင့် ရေလုံးကြီးက ဘကျော် တစ်ကိုယ်လုံးကို ဝုန်းခနဲ ရိုက်ခတ်သွား၏။ သူ့မျက်လုံးများကျိန်းစက်သွားသော်လည်းတုတ် တုတ်မှ မလှုပ်ဝံ့ချေ။ အတန်ကြာသည်အထိ ငြိမ်ချက်သား ကောင်းနေ သောငါးရွေးငါးကြီးဂူပြင်သို့ လျှောခနဲထွက်သွား၏။
သူ ဂူကြီးအတွင်းပိုင်းသို့ ဝင်ခဲ့၏။ ပေသုံးရာခန့် ရောက်ရှိသော အခါ ၊ ကျောက်ကလပ်ကြီးတစ်ခုဆီသို့ ရောက်လာ၏။ ကျောက်သား ကြမ်းပြင်ကလည်း နှစ်လံသာသာခန့်ကျယ်၏။ ကျောက်ကလပ်ပေါ်တွင်

ပတ္တမြားကြီးတစ်လုံး ရှိသည်။ ကျောက်ကလပ်ပေါ်ရှိ ရဲရဲတောက်ပတ္တမြား ဆီသို့ သွားလိုက်၏။ ပတ္တမြားကြီးအား တစိမ့်စိမ့်ကြည့်ပြီး အတွေးဝင် လာ၏။
“ငါးရွေးငါးကြီးကဒီပတ္တမြားကြီးရဲ့အစောင့်ပဲ ဖြစ်လိမ့်မယ်”
နောက်တစ်နေ့ ဆွမ်းခံပြန်ချိန်၌ ဘကျော်တစ်ယောက် ခြံဝန်းထဲရှိ ဝါးကွပ်ပျစ်တွင် ထိုင်လျက် ရှိလေ၏။ ထိုစဉ် အဘိုးအိုတစ်ဦး တစ်လှမ်းချင်း လှမ်း၍ဝင်လာသည်ကိုတွေ့ရ၏။ပိတ်ဖြူစင်ကြယ်ဝတ်ထားသောအဘိုးအို သျှောင်တစ်စောင်းနှင့်၊ ဆွတ်ဆွတ်ဖြူနေသောမုတ်ဆိတ်မွေးက လက် လေးသစ်ခန့်၊ ညာဘက်တွင်လည်း ဝါးတောင်ဝှေးရှည်တစ်ချောင်းကို ကိုင်ထားလျက်မြန်မာဆန်သောဥပဓိရုပ်လက္ခဏာနှင့်အလွန်တည်ကြည် ခန့်ညား ၏။ ထိုအဘိုးအိုကို တစ်ကြိမ်မှလည်း တွေ့ဖူး၊ မြင်ဖူးခြင်း မရှိပေ။ အဘယ်ကြောင့် သူ့ထံလာရသနည်း။
ဘကျော်၏အနီး ရောက်လာသောအခါ ဝါးကွပ်ပျစ်တွင် အဘိုးအိုက ဝင်ထိုင်လေ၏။ အဘိုးအို၏ ခန္ဓာကိုယ်မှ မွှေးရနံ့ တစ်မျိုး ထွက်နေကြောင်း ခံစားရ၏။ ထိုရနံ့ကြောင့် ဘကျော်၏စိတ်သည်လည်း လန်းဆန်းလာ၏။ ထိုစဉ်အဘိုးအိုက တည်ကြည်လေးနက်သောလေသံဖြင့် ပြောလေ၏။
“လူကလေး… ဂူကြီးထဲက ပတ္တမြားဟာ မင်းနဲ့ ပတ်သက်မှုရှိနေတယ်။ ရန်သူလက်တွင်းပတ္တမြားမကျရောက်အောင်စောင့်ရှောက်ရမယ်။ နောက် ပြီး ငါးရွေးငါးကြီးနဲ့ လူကလေးတို့လည်း သူစိမ်းတစ်ရံတွေ မဟုတ်ဘူး။ ပဋ္ဌာန်းဆက်ရှိခဲ့ကြတယ်ကွဲ့”
အဘိုးအို၏စကားကို လက်သင့်ခံရန် ဘကျော် ခက်ခဲနေ၏။ သူ နားမလည်တော့ပေ။ . မှားသည် မှန်သည်ကိုပင် ဝေခွဲမရ ခက်လှ၏။ ဇဝေဇဝါဖြစ်နေရှာသောဘကျော်ကိုအကဲခတ်မိသောကြောင့်အဘိုးအိုက
ကရုဏာသက်စွာရှင်းပြပေး၏။
“အဘပြောတာ လူကလေး မယုံကြည်ဘူးမဟုတ်လား၊ လက်တွေ့မှ
ယုံကြည်ချင်ကြသကိုးကွဲ့။
ဆန့်ကျင်ဘက်အကြောင်းတရားနှစ်ခုဟာ

ဒွန်တွဲနေလေရဲ့။ မယုံကြည်ခြင်းရဲ့နောက်ကွယ်မှာ ယုံကြည်မှုဆိုတဲ့ သဘောကို လက်တွေ့ကျကျ သိချင်ရင် ငါးရွေးငါးကြီးနဲ့ ထိပ်တိုက်တွေ့ဆုံ ကြည့်ပေါ့ကွာ”
အဘိုးအို ထိုမျှသာပြောဆိုပြီး ဆတ်ခနဲ ထရပ်လိုက်၏။ ဘကျော်၏ ပခုံးအား ညင်သာစွာကိုင်လျက် စကားတစ်ခွန်းကို အလေးအနက်ထား၍ ပြောဆိုထွက်ခွာသွားလေ၏။
“လူကလေး- လက်တွေ့ကြုံလာတဲ့အခါ … ငါးရွေးငါးကြီးအပေါ် သံယောဇဉ်ဖြစ်လာလိမ့်မယ်”

ဘကျော် အတွေးနယ်ချဲ့လာခဲ့၏။ မနေ့က သူ့ထံရောက်လာခဲ့သော အဘိုးအိုကသူ့စိတ်အားစိုးမိုးထား၏။အဘိုးအိုမှာမည်သည့်နေရာမှလာပြီး မည်သည့်နေရာသို့သွားသနည်း။ ပတ္တမြားကြီးနှင့် ငါးရွေးငါးကြီးအကြောင်း ကို မည်သည့်အတွက်ကြောင့် သိနေသနည်း။ ကြာကြာတွေးလေလေ၊ အဖြေမှန်က ဝေးကွာလေလေရှိ၏။
သို့ဖြင့် ရှေးဟောင်းသစ်ဆိမ့်စေတီတွင် အဘိုးအိုအား တွေ့ရလိမ့်နိုးနိုး ဖြင့် လျှောက်လာလေ၏။ စေတီသို့ရောက်သောအခါ စေတီတစ်ပတ် လှည့်၍ ရှာမိ၏။ မည်သည့်နေရာတွင်ရှာရှာ မတွေ့ရသဖြင့် စိတ်ပျက် လက်ပျက်ဖြစ်ကာ ကြာသပတေးဂြိုဟ်တိုင်ထောင့်တွင် ထိုင်လိုက်၏။ ထို့ နောက်လက်အုပ်ချီကာ ဆုတောင်းလိုက်၏။
“အရှင်ဘုရား…. ငါးရွေးငါးကြီးနဲ့တပည့်တော်တို့ တစ်ဦးအပေါ်တစ်ဦး ခင်မင်ကြင်နာမှုတွေရှိကြမယ်ဆိုရင် ပတ္တမြားကြီးကို နှောင့်ယှက်ဖျက်ဆီး မယ့်ရန်သူအား အသက်နဲ့ရင်း၍ ကာကွယ်သွားပါမယ်လို့ ကတိသစ္စာပြုပါတယ်”
ထိုဆုတောင်းပြည့်ဝသည်ဟု ဆိုရမည်လားမသိ။ ဘကျော်တစ်ကိုယ် လုံး အေးစိမ့်လာ၏။ ကြေကွဲလွမ်းဆွတ်မှုများလည်း ခံစားနေလေ၏။ ရင် နှင့်အမျှ ခံစားနေခြင်းကိုတိုးတိုးဖွင့်အန်ထုတ်မိ၏။ “ငါးရွေးငါးကြီးရေ..နင့်နဲ့တွေ့ရအောင် ငါလာပြီဟေ့”
ရေစပ်သို့ ဒူးခေါင်းမြုပ်သည်အထိ သူဆင်းလိုက်၏။ ထို့နောက် ဖျံတစ် ကောင်ပမာ ရေအောက်သို့ စွတ်ခနဲ ငုပ်လျှိုးလိုက်၏။ ပူစီဖောင်းကလေး များ ပလုံစီတက်လာ၏။ ဘကျော်မှာ ရေအောက်လိုဏ်ဂူဆီသို့ ကူးခတ်၍ သွားလျက်ရှိ၏။ တကယ့်တကယ်တမ်းတွေ့ရမည်ဆိုတော့…။ သူ့စိတ်ထဲက တထင့်ထင့်…။ စိုးရိမ်ပူပန်ကာ ရှိလေ၏။
မကြာမီလိုဏ်ဂူဝသို့ရောက်လာ၏။ဂူဝတွင်အခြေအနေကိုအကဲခတ် လိုက်၏။ မည်သည့်ထူးခြားမှုမှ မတွေ့ရသဖြင့် ဂူကြီးအတွင်းသို့ ဝင်လိုက် လေ၏။ဂူထဲရှိကျောက်ကလပ်ဆီသို့သွားနေ၏။အနီးသို့ရောက်သောအခါ တစိမ့်စိမ့် ငေးမောကာ အတွေးရေယာဉ်ကြော မျောနေမိ၏။

“ငါးရွေးငါးကြီးနဲ့လူကလေးတို့တစ်တွေ- သူစိမ်းတစ်ရံဆံတွေမဟုတ်
ဘကျော် ထိုသို့ စဉ်းစားမိသဖြင့် မတုန်မလှုပ် ရပ်တန့်နေမိ၏။ ငါးရွေး ငါးကြီးကလည်း တရွေ့ရွေ့နှင့် ဘကျော်အနီးသို့ တိုးကပ်လာ၏။ ရန်သတ္တရု ပြုမည့်ပုံမရှိပေ။ခင်မင်ရင်းနှီးနေသလိုမျိုးခံစားနေမိ၏။ကွဲကွာနေရသူအား ပြန်တွေ့ရသဖြင့် ဝမ်းသာနေခြင်းမျိုးဖြင့်လာ၏။
ထိုစဉ် ငါးရွေးငါးကြီးက ကျောက်ကလပ်အစွန်းတွင် ဖြည်ညင်းစွာ မေး တင်လိုက်၏။ ဘကျော်အား စိုက်ကြည့်ကာရှိလေ၏။ မျက်လုံးအိမ်အတွင်း မှလည်း မျက်ရည်များ တလိမ့်လိမ့် စီးဆင်းနေသည်ဟု ခံစားမိသည်။ ဘကျော် သတိလက်လွတ်ဖြစ်နေရာမှ အသက်ဝင်လာ၏။ ငါးရွေးငါး ကြီးအနီးသို့ တိုးကပ်သွား၏။ ဦးခေါင်းတစ်ခုလုံး ကြင်နာစွာ ပွတ်သပ်ပေး မိ၏။ သံယောဇဉ်မီးတောက်က ရင်တွင်းတွင် စို့တက်လာ၏။ သူညည်းညူ မိလိုက်၏။ ငါးကြီးကလည်းငြိမ်သက်နေသည်။
“သစ်ဆိမ့်ကျောင်းစေတီမှာ သစ္စာပြုခဲ့တဲ့အတိုင်း မင်းနဲ့ ပတ္တမြားကြီး ကိုအသက်နဲ့ရင်းပြီး စောင့်ရှောက်ပါမယ်ကွာ”
“ဝေါ….ဝေါ…….ဝေါ…….ဝေါ…”
လိုဏ်ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွား၏။ ဘကျော် ကြက်သီးတဖြန်း ဖြန်း ထလာ၏။ ငါးရွေးငါးကြီးသည် တရွေ့ရွေ့ နောက်ဆုတ်၍ ပြန်လည် ထွက်ခွာသွား၏။ ဘကျော်ကလည်း ထက်ကြပ်မကွာ လိုက်ပါလာ၏။ ဘကျော် ကုန်းပေါ်ပြန်တက်လာပြီး သစ်ဆိမ့်စေတီဆီသို့ လျှောက်သွား လေ၏။ သာယာသောဆည်းလည်းသံကြောင့် သူ့တစ်ကိုယ်လုံးလည်း ပေါ့ပါးလန်းဆန်းနေလျက် ကြည်နူးဝမ်းသာ ဖြစ်နေရှာ၏။

ထိုသို့ ဖြစ်ပျက်တစ်ပတ်ခန့်ကြာသော် တင်ရွှေနှင့်မြင့်သူတို့ ဘကျော် ထံသို့ အူယားဖားယားရောက်လာ၏။ ဘကျော်နှင့် မရန်းပင်အောက်တွင် ဆုံမိကြလေ၏။ တင်ရွှေက ခရီးရောက်မဆိုက်ပင် ပြောပြလေ၏။

“ရွာထဲမှာ တဘောင်စကားတစ်ခု ထွက်ပေါ်နေတယ်..၊ သစ်ဆိမ့် ကျောင်းဘုရားဘေး။ ငါးငရွေးနဲ့စုပ်ဝဲကြီး။ ဒုဋ္ဌဝတီမြစ်မင်းအောက်။ လိုဏ် ဖောက်ပတ္တမြားတည်တဲ့…။ အဲဒါ မင်းရဲ့အမြင် ပြောစမ်းပါဦး”
ထိုစကား ကြားလိုက်ရသောကြောင့် ဘကျော်မှာ မျက်နှာ ကွက်ခနဲ ပျက်သွားလေ၏။ ဘကျော်၏ဖြစ်အင်ကို မြင်လိုက်ရသောမြင့်သူက လှမ်း မေးလိုက်လေ၏။
“စုပ်ဝဲကြီးထဲရောက်ရှိသွားတဲ့လူတိုင်းဟာ အသက်အန္တရာယ်ဘေးနဲ့ ကြုံတွေ့ ကြပေမယ့် မင်းကတော့ အချိန်မရွေးသွားလာနိုင်ခဲ့တယ်။ အဲဒီ တော့ ဘကျော်၊ တဘောင်စကားနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းတွေ သိထားသလဲ။ ငါတို့ကိုတော့ လျှို့ဝှက်မထားသင့်ဘူး”
“ဘာကွ…ငါက ဘယ်လိုအကြောင်းတွေများ သိထားလို့လဲ၊ အခု မင်းတို့ပြောလို့သိရတဲ့ကိစ္စပဲ”
ဘကျော်လေသံ အနည်းငယ်မာကြောကြောဖြစ်သွားသောကြောင့် တင်ရွှေတို့မှာ ဆက်လက်မေးမြန်းရန် ဆွံ့အအ ဖြစ်သွားလေ၏။ တဒင်္ဂ အတွေးပုံရိပ်များနှင့်တိတ်ဆိတ်နေကြလေ၏။ထိုသို့တိတ်ဆိတ်နေခြင်းကို မအောင့်နိုင်ဘဲ မြင့်သူက မေးလိုက်၏။
“မင်းက ဒါလေးမေးကြည့်တာနဲ့ ဘာဖြစ်နေသလဲ၊ ဘကျော် ငါတို့ ကြားရတဲ့အတိုင်း လာပြောပြတာပဲ။ သိရင်သိတယ်၊ မသိရင်မသိဘူးပေါ့၊ အခုတော့ကွာ..ငါတို့အပေါ်တစ်မျိုးထင်နေလေရဲ့” ထိုအခါတင်ရွှေက ချင့်ချင့်ချိန်ချိန်နှင့်ပြောလိုက်လေ၏။ “အင်း.. ဒီအကြောင်းတွေသာ အမှန်တကယ်ရှိနေတယ်ဆိုရင်တော့ လောဘရမ္မက်ဇောကပ်တဲ့ရန်သူတွေကိုအထူးသတိထားရမယ်”
“အေးပေါ့ကွာ၊ ဘာပဲဖြစ်ဖြစ် တင်ရွှေပြောသလို သတိဆိုတာ ပိုတယ် လို့မရှိဘူး”
ဘကျော်က လေပြေထိုးပြီး ပြောလိုက်၏။ တင်ရွှေတို့လည်း စနိုး စနောင့်စိတ်မွေ ထပြန်သွားလေ၏။

သို့ဖြင့် တပို့တွဲလပြည့် သစ်ဆိမ့်စေတီဘုရားပွဲ နီးကပ်လာပြီဖြစ်၏။
ထို့ကြောင့်ဆယ့်နှစ်လရာသီဈေးပွဲသမားများလည်းရောက်လာကြလေ၏။ မျက်လှည့်၊ ဆပ်ကပ်၊ အငြိမ့်၊ ဇာတ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် များအပြင် လူသုံးကုန်အရောင်းဆိုင်များစုံလင်စွာရှိလေ၏။ ပွဲဈေးတန်းကြီး ကစည်ကားလွန်း၏။
တဖြည်းဖြည်းနှင့် ဘုရားပွဲကျင်းပရန် နှစ်ရက်ခန့်သာ လိုတော့၏။ ထိုညက ဘကျော်မှာ အိပ်ရာထဲ စောစောဝင်ခဲ့၏။ တင်ရွှေတို့ပြောဆိုပြီး သည့်နောက်ပိုင်း အိပ်မပျော်ခဲ့ခြင်းဖြစ်လေ၏။ နိမိတ်တဘောင်စကားကို တွေးမိလေတိုင်း စိုးရိမ်ပူပန်နေမိ၏။ သူ့ဘေးတွင် အိပ်ပျော်နေသော ဇနီး အေးပွင့်မှာ တခေါခေါနှင့် ဟောက်လျက်ရှိလေ၏။
ဘကျော်တစ်ယောက် မျက်လုံးကို မှိတ်ထားလေလေ၊ အိပ်မပျော်နိုင် လေလေ ဖြစ်နေရှာ၏။ သူ၏မသိစိတ်က ရေအောက်လိုဏ်ဂူကြီးဆီသို့ ရောက်နေ၏။ ထိုစဉ် အသံတစ်သံ သူ့နားသို့ စူးစူးနစ်နစ်ဖြင့် ကြားလိုက် ရ၏။ ဘယ်ကအသံပါလိမ့်…။ တစ်ယောက်ယောက် နီးနီးကပ်ကပ် ပြောနေ သလိုထင်ရသည်။
“လူကလေး… လောဘသားကောင်တွေ… မင်းတို့ရွာရောက်နေပြီ.. ပတ္တမြားကြီးကိုယူကြလိမ့်မယ်… သတိထားနေပေတော့ကွဲ့”
ထို့ကြောင့် ဘကျော်မျက်လုံး ဖွင့်ကြည့်လိုက်လေ၏။ အဘိုးအို သူ့
ခြံဝန်းထဲရောက်လာခဲ့သောအဘိုးအိုပါလား…။ထိုအခါဘကျော်ကအလျင်
စလို ပြန်မေးလိုက်၏။
“အဘိုး… ကျွန်တော်မှ အဲဒီလူတွေကို မသိတာ၊ ဘယ်လိုလုပ် ဖြေရှင်း ရပါ့မလဲဟင်”
“ဒါကမင်းကိစ္စပဲ…၊ ဖြစ်လာမယ့်ပြဿနာကြိုမြင်လို့ငါကတော့အကျိုး အကြောင်း ပြောပြပြီးပြီပဲ.. လူဆိုတာ အရေးကြုံရင် သက်လုံကောင်း ရတယ်ကွဲ့”
အဘိုးအိုက ပြောဆိုပြီး ချာခနဲ လှည့်ထွက်သွားလေ၏။ အိမ်ရှေ့တံခါး ပေါက်မှ ဆင်းသွားခြင်းဖြစ်လေ၏။ ဘကျော် စဉ်းစားရကြပ်နေ၏။ ထို့

ကြောင့် အိပ်ရာမှ ကမန်းကတန်းထ၍ လိုက်ခဲ့၏။ အဘိုးအိုမှာ ခြေလှမ်း သွက်လွန်းနေ၏။ သူ့အနေနဲ့ အပြေးတစ်ပိုင်းလိုက်နေရ၏။
အတန်ကြာသွားနေရင်းမှသစ်ဆိမ့်စေတီဆီသို့သွားနေကြောင်းသတိ
ထားမိလိုက်၏။ စေတီအနီးသို့ ရောက်ရှိနေပြီဖြစ်၏။ ထိုစဉ် အဘိုးအို မှောင်ရိပ်ထဲသို့ လှမ်းဝင်မည့်ဆဲဆဲအချိန်တွင် ဘကျော်ကအော်လိုက်လေ၏။
“အဘိုး…အဘိုး..အား…”
သူ့ကိုယ်လုံးအား ပုတ်၍ ပြောနေသော ဇနီးအေးပွင့်၏အသံကို ကြား
လိုက်ရ၏။
“ရှင် – ကယောင်ချောက်ချားနဲ့ ဘာတွေအော်ခေါ်နေသလဲ”
ဇနီးသည်ထဲ မေးမြန်းခြင်းကို မည်သို့မျှ ပြန်မဖြေပေ။ ရှက်ရွံ့စိတ် ကြောင့် သူ့ကိုယ်သူ မချိတင်ကဲ ပြုံးနေမိ၏။ အဘိုးအိုမှာ သစ်ဆိမ့်စေတီနှင့် ပတ်သက်နေကြောင်းသူသိရှိလိုက်လေပြီ။အဘိုးအိုပြောသွားသောစကား ကို ပြန်လည်စဉ်းစားလျက် မိုးစင်စင်လင်းလာ၏။

ဆွမ်းခံပြန်ချိန် ရောက်ရှိနေပြီဖြစ်၏။ တင်ရွှေတို့အလာကို စောင့်မျှော် နေရသည်မှာလည်တဆန့်ဆန့်ဖြစ်နေရှာ၏။ ဇနီးအေးပွင့်က ဘကျော်အား ကြည့်၍ မျက်စောင်းထိုးသွားလေ၏။ ဘကျော်က မမြင်ချင်ယောင် ဆောင် နေလိုက်၏။
သူစိတ်မရှည်နိုင်တော့ပေ။အိမ်ပေါ်မှကောက်ကာငင်ကာဆင်းလာပြီး တင်ရွေ့အိမ် ထွက်ခဲ့၏။ လမ်းပေါ်တွင်တွေ့ရသော ကလေး၊ လူကြီးများက ဘကျော်အားကြည့်ပြီး ပြုံးတုံ့တုံ့ ဖြစ်သွားကြ၏။ သို့ဖြင့် သူကြီးအိမ်အလွန်၊ တင်ရွေ့အိမ်မရောက်မီ နှစ်ခြံကျော်တွင် နောက်ဘက်မှ မိန်းကလေး အသံ တစ်သံကြားလိုက်ရ၏။

“ဦးဘကျော်ကြီး..ဘာတွေအာရုံများနေသလဲ။တစ်လမ်းလုံးဘယ်သူ ကိုမှနှုတ်ဆက်စကားမပြောဘူး။ ဦးခေါင်းအောက်စိုက်ပြီး နှုတ်က တတွတ်တွတ်နဲ့…”
ထိုအခါကျမှ ဘကျော် စိတ်နဲ့ကိုယ် ပြန်လည်ကပ်ငြိသွားလေ၏။ သူ လှမ်းကြည့်လိုက်သောအခါ လှထွေးအိမ်ရောက်နေကြောင်း သတိထား မိ၏။ အိမ်ထဲမှ စကားပြောသံကြားလိုက်ရ၏။
“သူကြီးနဲ့တိုင်ပင်ပြီးပြီ၊ လပြည့်နေ့ရောက်ရင် ဆရာကြီးရဲ့အစီအစဉ် အတိုင်း လုပ်ပေတော့..၊ ရေအောက်လိုဏ်ဂူကြီးထဲက ပတ္တမြားကြီးသာ ယူလို့ရခဲ့ရင် ကျွန်တော်တို့တစ်တွေ ချမ်းသာမှာအမှန်ပဲ” အိမ်ဦးခန်းတွင်လူစိမ်းသုံးယောက်နှင့်လှထွေးခေါင်းချင်းဆိုင်တိုင်ပင် နေကြ၏။အသက်ငါးဆယ်ကျော်အမျိုးသားတစ်ဦးကနှုတ်ခမ်းမွေးသပ်နေ ၏။ ကျန်လူရွယ်နှစ်ဦးက ဦးခေါင်းတဆတ်ဆတ်လုပ်လျက်ရှိ၏။ ထိုသို့ မသင်္ကာဖွယ်လူတစ်စုကြောင့် ဘကျော် ရင်ခုန်သံ မြန်လာ၏။ အဘိုးအိုပြောသွားသောလူစုမှာ သူတို့ပါလားဟု မှတ်ချက်ပြုမိလိုက်၏။ တင်ရွှေ ခြံသို့ သုတ်ခြေတင်လှမ်းလာလိုက်၏။ သူတို့နှစ်ဦး ခြံဝန်းဝတွင် ပက်ပင်းတိုးကြ၏။ တင်ရွှေက ဘကျော်အား စူးရှသောမျက်လုံးဖြင့်ကြည့် ကာမေးလေ၏။
“ပျာယီးပျာယာနဲ့ ဘယ်လိုဖြစ်လာသလဲ၊ ငါလည်း မင်းနဲ့ အရေးတကြီး တိုင်ပင်စရာရှိလို့… မြင့်သူဝင်ခေါ်ပြီးလာခဲ့ဖို့ပဲ” “ဒါဆို သွားကြစို့ကွာ”
တစ်လမ်းလုံး စကားမပြောကြဘဲ အတွေးကိုယ်စီနှင့် လျှောက်လာကြ ၏။ ရွာလမ်းမကို ရှောင်ကွင်း၍ ရွာပြင်လယ်ကွင်းဆီမှ လာခဲ့ကြ၏။ သို့ဖြင့် မြင့်သူနေထိုင်ရာ အရှေ့ပိုင်းသို့ ရောက်လာ၏။ မြင့်သူ ခြံရှေ့ရောက်သော အခါ သူ့အိမ်မှအထွက်နှင့် ဆုံကြပြန်၏။ သူတို့သုံးဦး၏ ခြေလှမ်းများမှာ သစ်ဆိမ့်စေတီဆီသို့ ဦးတည်လာခဲ့ကြ၏။ ဆယ့်နှစ်လရာသီ ပွဲဈေးတန်း ဘေးမှလာကြလေ၏။
စေတီရင်ပြင်တော်၏ မြစ်ကမ်းဘက် လူသူရှင်းသောနေရာတွင် ထိုင် လိုက်ကြ၏။ တင်ရွှေက စိုးရိမ်တကြီးဖြင့် စတင်ရှင်းပြလေ၏။ “နိမိတ်တဘောင်စကားဟာ တကယ်မှန်နေပြီပဲ။ ရေအောက်လိုဏ်ဂူ ကြီးထဲမှာပတ္တမြားတစ်လုံးရှိတယ်တဲ့ကွ။လှထွေးအိမ်ရောက်နေတဲ့လူစုကို ငါတော့မသင်္ကာဘူး..၊ အဲဒါ ငါတို့ ဘယ်လိုလုပ်ကြမလဲဟင်” “တင်ရွှေပြောတဲ့သတင်းကို ငါလည်းကြားခဲ့တယ်။ အဲဒါကြောင့် မင်း တို့ဆီ ပြောရအောင် ထွက်လာတာပဲ…ဘကျော်၊ ငါတို့နဲ့ တွေ့ချင်ရတဲ့ အကြောင်းကို ပြောပါဦး”
မြင့်သူက ကြားဖြတ်၍ ပြောဆိုမေးမြန်းလိုက်၏။ ထိုအချိန်မှ ဘကျော် က သစ်ဆိမ့်စေတီစေတီအောက်တွင် ကျောက်သားလိုဏ်ဂူကြီးတစ်ခု ရှိ ကြောင်း၊ ဧရာမငါးရွေးငါးကြီးတစ်ကောင်လည်း စောင့်ရှောက်နေထိုင် ကြောင်း၊ လိုဏ်ဂူအတွင်းရှိ ကျောက်ကလပ်ကြီးပေါ်၌ တန်ဖိုးမဖြတ်နိုင် သော ပတ္တမြားကြီး တစ်လုံးလည်း ရှိကြောင်း၊ သူနှင့် ငါးရွေးကြီးမှာ သံယောဇဉ်ဖြစ်နေကြကြောင်း စသည်ဖြင့် သူသိသမျှ အကြောင်းများကို ရှင်းပြပေးလေ၏။ ထို့နောက် သုံးဦး ခေါင်းချင်းဆိုင် တိုင်ပင်၍ လူစုခွဲလိုက် ကြလေ၏။
နောက်တစ်နေ့တွင် လူကြီးဦးဆောင်၍ ဘုရားပွဲတော်ကို အစီအစဉ် အတိုင်း ကျင်းပကြလေ၏။ တနင်္ဂနွေထောင့်ရှေ့တွင် ခုံတန်းရှည်တစ်ခုပဲ ထား၏။ အဝတ်ဖြူတစ်ထည် ခင်းထား၏။ ထိုအပေါ်၌ အုန်းငှက်ပျော၊ ဖယောင်းတိုင်၊ အမွှေးတိုင်များနှင့် ကန်တော့ပွဲသုံးပွဲ ပြင်ဆင်ထား၏။
လှထွေးအိမ်မှ ဧည့်စိမ်းသုံးဦးနှင့် သူကြီးတို့မှာ အလုပ်ရှုပ်နေကြ၏။ ဘကျော်တို့က လူအုပ်ကြားမှနေပြီး အကဲခတ်လေ့လာလျက်ရှိ၏။ ထိုစဉ် သူတို့အထဲမှအသက်ငါးဆယ်ခန့် အမျိုးသားကြီးကကျယ်လောင်စွာအော် ဟစ်၍ပြောလေ၏။
“ဒီစေတီရဲ့အစောင့်အရှောက်တွေအတွက်ရည်စူးထားတဲ့အလယ်က ကန်တော့ပွဲကို ချန်ထားမယ်၊ ဘေးက ကန်တော့ပွဲနှစ်ပွဲဟာ စုပ်ဝဲကြီးနဲ့ ရေအောက်လိုဏ်ဂူကြီးထဲမှာရှိတဲ့ ပတ္တမြားကြီးရဲ့ အစောင့်အရှောက်တွေ
အတွက်ပေါ့”
“ဟာ”
“ဟင်”
“အို”
ထိုစကားကြောင့် လူအုပ်ကြီးထံမှ အံ့ဩသံများ ထွက်ပေါ်လာလေ၏။ ထိုအမျိုးသားကြီးက သူ့တပည့်နှစ်ဦးအား ကန်တော့ပွဲတစ်ပွဲစီ ရွက်ခိုင်း၏။ သူက ဦးဆောင်၍ ဒူးခေါင်းမြုပ်သည်အထိ ရေစပ်သို့ ဆင်းသွားလေ၏။ သူ့ နှုတ်မှလည်း တတွတ်တွတ်ရွတ်ဖတ် သရဇ္ဈာယ်ကာရှိလေ၏။ သူကြီးနှင့် လူအုပ်ကြီးသည်လည်း အုတ်အုတ်ကျက်ကျက်နှင့် လိုက်ပါလာကြ၏။
တင်ရွှေနှင့်
ထိုစဉ် ဘကျော်က တို့အား ဆက်လက်မလိုက်ရန် ခေါင်းဆတ်၍
မြင့်သူ-
အခက်ပြလေ၏။ လူအုပ်ကြီး လွန်သွားသောအခါ ဘကျော်က လေသံတိုးတိုးဖြင့် ပြောလေ၏။
“ငါတို့ပြောဆိုထားတဲ့အတိုင်း ဆောင်ရွက်ကြမယ်နော်…. အမှား
အယွင်းမဖြစ်စေကြနဲ့”
တင်ရွှေနှင့် မြင့်သူတို့က လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွား လေ၏။ ဘကျော်မှာစေတီ၏အထက်မြစ်ညာဘက်ဆီသို့လျှောက်သွား၏။ ဝါးတစ်ပြန်သာသာ လျှောက်လာပြီးနောက် ပွဲတော်ဘက်ဆီသို့ အသံဗလံ များကိုနားစွင့်လိုက်၏။ စကားသဲ့သဲ့သာကြားရလေ၏။
ရေစပ်သို့ဆင်းလိုက်ပြီးသော စုပ်ဝဲကြီးဆီသို့ လှမ်းကြည့်မိ၏။ စုပ်ဝဲ ကြီးက ထူးထူးခြားခြား ငြိမ်ချက်သား ကောင်းလျက်တွေ့ရ၏။ လူသားများ ၏ အတ္တစိတ်၊ မာနစိတ်၊ လောဘစိတ်တို့ကို သိရှိဟန် မတူချေ။ ဘကျော် ရှည်ရှည်ဝေးဝေး မစဉ်းစားထဲတော့ဘဲ ရေထဲသို့ ထိုးဆင်းလိုက်၏။ ရေ အောက်လိုဏ်ဂူကြီးဆီသို့ အလွန်လျင်မြန်စွာ ကူးခတ်သွားလေ၏။
ထိုအချိန်၌ ကန်တော့ပွဲကိုယ်စီ ရွက်လာကြသော လူစိမ်းနှစ်ဦးမှာ ရေနက်ပိုင်းသို့ တရွေ့ရွေ့ ဆင်းနေကြ၏။ လည်ရင်းအထိ ရေမြှုပ်နေလေပြီ ဖြစ်၏။ သူတို့ဆရာကြီးက လေသံထန်ထန်မာမာနှင့် အော်ပြောလေ၏။
“ဟေ့ကောင်တွေ… ရေထဲငုပ်ပြီး စုပ်ဝဲကြီး မြစ်အောက်ကြမ်းခင်းနဲ့ လိုဏ်ဂူကြီးအတွင်းထဲကန်တော့ပွဲတွေကိုပို့လိုက်ကြတော့လေ”

လူစိမ်းနှစ်ဦးမှာ ရေအောက်သို့ ကန်တော့ပွဲများနှင့်အတူ ငုပ်လျှိုးသွား ကြ၏။ လူမြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ကန်တော့ပွဲများကို လွင့်ပစ်လိုက်၏။
ထို့နောက် စုံစမ်းလေ့လာထားသည့်အတိုင်း လိုဏ်ဂူကြီးဆီသို့ သွား ကြ၏။ လိုဏ်ဂူဝရောက်သောအခါ မကြောက်မရွံ့ဝင်ကြ၏။ အထဲသို့ ဝင် လိုက်သည်နှင့်တစ်ပြိုင်တည်း အံ့ဩဖွယ် လင်းထိန်နေကြောင်း တွေ့ရ၏။ တစ်ယောက်က အလင်းရောင်ဖြာထွက်နေပုံကို သတိထားမိပြီး ကောက် ချက်ချလေ၏။
“ဟေ့ကောင်… ဒီလိုဏ်ဂူကြီးထဲမှာ အဖိုးတန်ပတ္တမြားရှိတယ်ဆိုတာ အမှန်ပဲ..။ ဂူကြီးတစ်ခုလုံး ဖြာထွက်နေတဲ့အလင်းရောင်ကို ကြည့်လိုက် တယ်”
“ဒါဆို.. ငါတို့ဆရာကြီးရရှိခဲ့တဲ့ပုရပိုက်ထဲက နိမိတ်တဘောင်ဟာ မှန်ကန်တယ်ပေါ့၊ ဟား…ဟား..ဟား..”
ထိုလူ၏ ရယ်မောသံကြောင့် လိုဏ်ဂူကြီးတစ်ခုလုံး ဟိန်းထွက်နေ၏။ ကျောက်စွယ်ကြားတွင် ပုန်းနေသော ဘကျော်မှာ ထိုအသံကြောင့် အံ တကြိတ်ကြိတ် ဖြစ်နေ၏။ အသားများ တဆတ်ဆတ် တုန်ရင်လာ၏။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုတ်လျက်၊ တိုက်ခိုက်ရန် အသင့် ပြင်ထားလေ၏။
လောဘသားကောင်တို့ကလည်း ပတ္တမြားကြီးအနီးသို့ အမြန်ဆုံးလာ ကြ၏။ ကျောက်ကလပ်ကြမ်းခင်းပေါ် ပြိုင်တူတက်ကြ၏။ ပတ္တမြားကြီးကို မျက်မြင်ဒိဋ္ဌိ တွေ့လိုက်ရသောအခါ အငမ်းမရ ဖြစ်ကုန်ကြ၏။ ထိုစဉ် တစ် ယောက်ကပတ္တမြားကြီးကို ကတုန်ကယင်နှင့် လှမ်းယူ၍ ကြုံးဝါးလိုက်၏။ “ဟား…ဟား..ငါတို့တော့ သူဌေးဖြစ်ပြီ၊ သူဌေးဖြစ်ပြီကွ”
လာ၏။
ထိုစဉ် လိုဏ်ဂူကြီးတစ်ခုလုံး မိုးချုပ်သကဲ့သို့ အသံတစ်သံ ဟိန်းထွက်
“ဟေ့ကောင်… ပတ္တမြားကြီးကို နေရာတကျပြန်ထားလိုက်စမ်းကွာ” ထိုကဲ့သို့ အသံကြားလိုက်ရသဖြင့် လောဘသားနှစ်ယောက်မှာ ဓားမြှောင်ကိုကိုင်၍ အထိတ်တလန့် ရန်သူနှင့် ရင်ဆိုင်လိုက်၏။ မှင်တက်မိ

နေသော ရန်သူအနားသို့ တစ်ဟုန်ထိုးသွားပြီး ပတ္တမြားကို လှမ်း၍ လုလိုက် ၏။ ထိုသူကလည်း အလွန် လျင်မြန်ပါးနပ်၏။ သူ့လက်ကို ဖျတ်ခနဲ ရုတ် သိမ်း၍ရှောင်လိုက်လေ၏။ဘေးမှရန်သူကလည်းလက်ထဲမှဓားမြှောင်နှင့်
လှမ်းတွက်၏။
ဘကျော်မှာ ရန်သူနှစ်ဦး ညှပ်၍ တိုက်ခိုက်နေခြင်းကို သတိထားပြီး ရှောင်တိမ်းနေရ၏။ သူ့စိတ်ထဲတွင်လည်း ငါးရွေးငါးကြီး မည်သည့်နေရာ ရောက်နေသနည်း။ အမြန်ဆုံးရောက်လာလျှင် ကောင်းမည်ဟု ကြိတ်ပြီး ဆုတောင်းနေ၏။ ဓားမြှောင်ကိုယ်စီနှင့် ရန်သူနှစ်ဦးမှာ ဒရကြမ်း တိုက်ခိုက် လျက်ရှိ၏။
ထိုအတွက်ကြောင့် ဘကျော်မှာ တဖြည်းဖြည်း နောက်ဆုတ်နေရ၏။ အထူးသတိထားပြီး အလွတ်မပေးဝံ့ချေ။ ထိုစဉ် သူနှင့် အနီးဆုံးရန်သူ၏ မျက်နှာအား လှမ်း၍ ကန့်လန့်ဖြတ် တွက်ချလိုက်လေ၏။ မျက်နှာနား ပွတ် ကာသီကာ လွတ်သွားသော်လည်း လက်မောင်းတစ်ဖက်အား ထိမိသွား လေ၏။
လူဆိုး၏လက်မောင်းမှ သွေးများ တစ်စက်ချင်းကျနေ၏။ ကျောက် ကလပ် ကြမ်းခင်းပေါ်နှင့် ရေထဲသို့ ကျလျက်ရှိလေ၏။ ရေစီးနှင့်အတူ သွေး များ မျောပါလျက်ရှိ၏။ ဘကျော်က ဒဏ်ရာရရှိသူအား တိုက်ခိုက်ရှိန် ပိုမြှင့်လိုက်လေ၏။
ထိုစဉ် ကျန်သောရန်သူက ဘကျော်အား အလစ်ဝင်တိုက်၏။ နောက် ဆုတ်၍ရှောင်တိမ်းလိုက်ရာ ကျောက်ကလပ်ကြမ်းခင်မှ ရေထဲသို့ ပြုတ်ကျ သွား၏။ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ လိုဏ်ဂူဝသို့ ရန်သူနှစ်ဦးက ပြေးထွက်သွားကြ၏။
ရန်သူတို့နောက်မှဘကျော်ကလည်းထက်ကြပ်မကွာလိုက်ပါလာ၏။
ဂူဝအပြင်သို့ ရောက်ကုန်ကြလေပြီဖြစ်၏။ ထိုအချိန်၌ သွေးညှီနံ့ကြောင့် ငါးရွေးငါးကြီးရောက်လာ၏။ငါးရွေးငါးကြီးကရန်သူတစ်ယောက်၏နောက် သို့ လိုက်လံတိုက်ခိုက်လျက်ရှိလေ၏။ ရန်သူကလည်း ပြန်လည်ခုခံလိုက်ရာ ငါးရွေးငါးကြီး ဒဏ်ရာအကြီးအကျယ် ရရှိသွား၏။

ဒဏ်ရာရရှိသွားသောကြောင့် ငါးရွေးငါးကြီး ဒေါသထွက်သွားလေ၏။ ထိုရန်သူအား အလွတ်မပေးတော့ဘဲ သဲကြီးမဲကြီး တိုက်ခိုက်နေတော့၏။ ဘကျော်က ပတ္တမြားယူသွားသော ရန်သူနှင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်လျက်ရှိလေ၏။
ထိုရန်သူမှာ ပခုံးတွင် ဓားမြှောင်စိုက်မိသွား၏။ အခြေအနေမဟန်မှန်း ရိပ်စားမိသဖြင့် ကမ်းခြေဘက်သို့ အသည်းအသန် ကူးခတ်၍ပြေး၏။
ဘကျော်ကလည်း ထက်ကြပ်မကွာ လိုက်ခဲ့၏။ ကမ်းခြေသို့ ဘကျော် တို့ရောက်ရှိသောအခါငါးရွေးငါးကြီးကသူ့ရန်သူအားလက်တစ်ဖက်ကိုက် ဖြတ်လိုက်၏။ထိုအချိန်၌ဘကျော်တို့နှစ်ဦးရေပေါ်သို့တက်လာကြ၏။ကမ်း ဘက်သို့ ကူးခတ်လာ၏။ ဘကျော်က ကမ်းပေါ်ရှိလူများအား အော်ဟစ် ပြောလေ၏။
“အဲ့ဒီလူကို ဖမ်းထားကြဟေ့၊ သူ့ဆီမှာ ပတ္တမြားပါသွားတယ်”
ထို့ကြောင့် ကမ်းစပ်ရောက်နေသော လူဆိုးအား မြင့်သူနှင့် တင်ရွှေတို့ ဦးဆောင်၍ဝိုင်းဖမ်းထားကြ၏။သူကြီးနှင့်သူတို့ဆရာကြီးမှာလူအုပ်ကြားမှ လစ်ထွက်သွား၏။လောဘသားရန်သူတို့၏အကြောင်းကိုလူအုပ်ကြီးအား ရှင်းပြလေ၏။ ထို့နောက် ပတ္တမြားကြီးကို ကိုင်၍ မြှောက်ပြလျက် ပရိသတ် အားအော်ပြောလိုက်၏။
“ဒီပတ္တမြားကြီးဟာ သစ်ဆိမ့်စေတီအစောင့်အရှောက်တွေရဲ့ ပစ္စည်း ဖြစ်တယ်။ နေရာမှန် ပြန်ထားရမယ်”
ဘကျော်က ပြောဆိုပြီး ရေထဲပြန်ဆင်းသွားလေ၏။ ထိုအချိန် ငါးရွေး ငါးကြီး ရေပေါ်သို့ ဘွားခနဲပေါ်တက်လာ၏။ ဘကျော်က ငါးရွေးငါးကြီး၏ ကျောကုန်းပေါ် ညင်သာစွာ တက်စီး၍ ရေအောက်သို့ ငုပ်လျှိုးသွားလေ တော့၏။
“ဟိန်းထက်

Zawgyi Version

ဒု႒ဝတီငါးေ႐ြးႀကီး(စ/ဆုံး)
———————————
ဒု႒ဝတီျမစ္၏ေရအလ်ဥ္မွာ ကမ္းနဖူးကို ဦးတိုက္လ်က္ စီးဆင္းလာ ရွိ၏။ ေျမာက္ျပန္ေလက မစို႔မပို႔ တိုက္ခတ္ေန၏။ တစ္ခါတစ္ရံ ျမစ္ျပင္ကို
ျဖတ္သန္း၍
သစ္ဆိမ့္ေက်ာင္းေကြ႕အနီးရွိအဥ္ပ်႐ြာထဲသို႔တိုးဝင္သြားတတ္၏။
အဥ္ပ်႐ြာမွာ အိမ္ေျခတစ္ရာခန႔္ရွိ၏။ ႐ြာ၏ေျမာက္ရပ္၌ရွိေသာ သစ္ ဆိမ့္ေက်ာင္းေကြ႕ ျမစ္ကမ္းနဖူးတြင္ ေရွးေဟာင္းသစ္ဆိမ့္ေစတီတစ္ဆူ ရွိ ေလ၏။ ႐ြာက်က္သေရေဆာင္ဘုရားတစ္ဆူမို႔ ႏွစ္တိုင္း တပို႔တြဲလျပည့္ေန႔ တြင္ ဘုရားပြဲ က်င္းပေလ့ရွိ၏။
ဘုရား၏ေျမာက္အရပ္တြင္ သစ္ဆိမ့္ေက်ာင္းေကြ႕ဝဲႀကီးရွိ၏။ ထိုနယ္ တစ္ေၾကာတြင္ နာမည္ဆိုးႏွင့္ အလြန္ ဂုဏ္သတင္းႀကီးသည့္ စုပ္ဝဲႀကီးျဖစ္ ၏။ ေရွးေဟာင္းေစတီႏွင့္ အနီးစပ္ဆုံးတြင္ ဘေက်ာ္တို႔ၿခံ ရွိေလ၏။
ထိုညက ဘေက်ာ္မွာ အိပ္မေပ်ာ္သျဖင့္ ၿခံထဲဆင္းလာေလ၏။ ၿခံဝန္း ထဲအိမ္မ်က္ႏွာစာေရွ႕ရွိမရန္းပင္ႀကီးဆီသို႔ ေလွ်ာက္လာ၏။ သစ္ပင္ကို မွီ၍ ျပဳလုပ္ထားေသာ ဝါးခင္းကြပ္ပ်စ္တြင္ ထိုင္လိုက္၏။ သူ႔စိတ္ထဲတြင္လည္း

“အင္း…တပို႔တြဲလ… တပို႔တြဲလ၊ ဒီလေရာက္ရင္ ႐ြာသားေတြ ေပ်ာ္စရာ တစ္ဝက္နဲ႔ စိတ္ညစ္စရာတစ္ဝက္ႀကဳံရဦးမွာပါလား”ေတြးလ်က္ရွိ၏။ ထိုစဥ္အနီးဝန္းက်င္မွ ပရစ္ေအာ္သံတို႔က သူ႔နားထဲသို႔ စူးဝင္လာ၏။ ႐ုတ္တရက္ သူႏႈတ္မွ တိုးတိုးညင္ညင္ ေရ႐ြတ္လိုက္မိ၏။ “႐ြာဘုရားပြဲက်င္းပဖို႔ နီးလာၿပီပဲ။ စုပ္ဝဲႀကီးေအာ္သံၾကားရေတာ့မယ္” သူ႔အေတြးပုံရိပ္ႏွင့္အျဖစ္အပ်က္တစ္ထပ္တည္းတူညီ
မည္သို႔ဆိုေစ၊
သည္ဟု ဆိုရမလား… တိုက္ဆိုင္လြန္းသည္ဟုေျပာရမလား…။
သစ္ဆိမ့္ေက်ာင္းေကြ႕စုပ္ဝဲႀကီးဆီမွထိတ္လန႔္ဖြယ္၊ေၾကာက္မက္ဖြယ္ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္အသံနက္ႀကီးကို သဲသဲကြဲကြဲ ၾကားလိုက္ရ၏။
“ေဝါ….ေဝါ….ေဝါ….ေဝါ”
“ဟီး…ဟီး…ဟီး…ဟီး”
“ဝုန္း…န္း..ဝုန္း..ဝုန္း..”
ဘေက်ာ္တစ္ကိုယ္လုံးၾကက္သီးေမြးညင္းထလာ၏။ဆံပင္မ်ားလည္း ထိုးထိုးေထာင္ေထာင္ျဖစ္လာ၏။ အသက္ရႉသံ မမွန္ခ်င္ေတာ့ေခ်။ ည အခ်ိန္ေအးစိမ့္စိမ့္ရွိေနေသာ္လည္း ေဇာေခြၽးမ်ားျဖင့္ စိုထိုင္းေန၏။ အဥ္ပ်တစ္႐ြာလုံးလည္း အိပ္ေမာက်ေနရာမွ လန႔္ဖ်ပ္ႏိုးကုန္၏။ မည္ သူတစ္စုံတစ္ေယာက္မွအိမ္ၿခံျပင္ထြက္ဝံ့ၾကျခင္း မရွိေခ်။
ေၾကာက္စိတ္ေၾကာင့္ ေခါင္းၿမီးၿခဳံသူၿခဳံ၊ နားႏွစ္ဖက္ကို လက္ဝါးမ်ား ျဖင့္ ပိတ္သူပိတ္၊ ကေလးသူငယ္မ်ားမွာလည္း “အေမ..အေမ..ေၾကာက္ တယ္..ေၾကာက္တယ္”။ သက္ႀကီး႐ြယ္လြန္မ်ားက “အင္း…သစ္ဆိမ့္ ေက်ာင္းေကြ႕စုပ္ဝဲႀကီးကေတာ့ တစ္ႏွစ္တစ္ႀကိမ္ ဝတၱရားမပ်က္ ႀကဳံးဝါး ေနၿပီ”ဆိုသည့္ ညည္းတြားသံမ်ားကို နံနက္မိုးလင္းလွ်င္ ၾကားရေပမည္ ျဖစ္၏။ ယေန႔ညအျဖစ္အပ်က္မ်ိဳးကို လြန္ခဲ့ေသာ ႏွစ္ေပါင္းေျခာက္ဆယ္ ကတည္းက ဘေက်ာ္ ႀကဳံခဲ့ေပါင္းမ်ားေနၿပီျဖစ္၏။
ေမွာင္ရိပ္ဖုံးလႊမ္းေနေသာအိမ္ႀကီးဆီသို႔ အမွတ္မထင္ သမင္လည္ျပန္ လွည့္ၾကည့္လိုက္၏။ အိမ္ထဲမွ ဇနီးေအးပြင့္၏အသံကိုလည္း မၾကားရေခ်။ ေၾကာက္လန႔္ေနဟန္ တူေလ၏။ ထို႔ေၾကာင့္ ဘေက်ာ္က အိမ္ႀကီးဆီသို႔ ေလွ်ာက္လာလိုက္၏။ သူ႔ရင္တြင္း၌ အေတြးတစ္ခုျဖစ္ေပၚေန၏။

“ေအးေလ… သတၱဝါတစ္ခု၊ ကံတစ္ခုပဲေပါ့ေလ၊ မနက္မိုးလင္းရင္ ေတာ့ သူတို႔တစ္ေတြ ေရာက္လာၾကမွာပဲ”
စုပ္ဝဲႀကီးေအာ္ဟစ္ေသာင္းက်န္းၿပီးသည့္ေနာက္တစ္ေန႔တြင္တင္ေ႐ႊ
ႏွင့္ ျမင့္သူတို႔ ေရာက္လာၾက၏။ သူတို႔မ်က္ႏွာမွာ တစ္စုံတစ္ခုအတြက္ စိုးရိမ္ထိတ္လန႔္ေနၾက၏။ ၿခံဝန္းအဝင္ဝတြင္ ဆီးႀကိဳေစာင့္ေမွ်ာ္ေနေသာ ဘေက်ာ္ကလွမ္းေမးလိုက္၏။
“အင္း.. မင္းတို႔ေတာင္ ေရာက္လာၾကၿပီေပါ့ေလ”
“ဟုတ္တယ္ေဟ့…ဟုတ္တယ္၊ ငါတို႔ ျမစ္ကမ္းနဖူးဆီကို အျမန္ဆုံး ေရာက္ဖို႔ အေရးႀကီးတယ္….။ ဒါမွ စုပ္ဝဲႀကီးေၾကာင့္ အသက္ေဘးႀကဳံေတြ႕ ၾကမယ့္လူေတြကို ကယ္ဆယ္ႏိုင္မယ္မဟုတ္လား…။ ဒီ႐ြာမွာ ေရကူးကြၽမ္း က်င္ဆုံးလူကမင္းပဲေလ – ဘေက်ာ္”
ျမင့္သူက ေျပာဆို၍ ေရွ႕မွ ထြက္သြားေလ၏။ ဘေက်ာ္က လုံခ်ည္ကို ျပင္ဝတ္၍ သူတို႔ေနာက္မွလိုက္ခဲ့ေလ၏။
မၾကာမီ ဒု႒ဝတီျမစ္ကမ္းေဘးရွိ ေရွးေဟာင္းေစတီအနားသို႔ ေရာက္ လာၾက၏။ ေစတီရင္ျပင္ေတာ္မွေနၿပီးစုပ္ဝဲႀကီးဘက္သို႔ၿပိဳင္တူၾကည့္လိုက္ ၾက၏။ စုပ္ဝဲႀကီးက ဧရာမဝဲကေတာ့ႀကီး ထိုးလ်က္ ရွိ၏။ ထိုစဥ္တင္ေ႐ႊက ျမစ္အထက္ပိုင္းသို႔ လက္ညႇိဳးၫႊန္လ်က္အလန႔္တၾကားေအာ္လိုက္၏။ “ဟို…ဟိုမွာၾကည့္စမ္း။ ခတ္ေဘာက္တူေလွတစ္စင္း၊ ဒီဘက္ကို စုန္ဆင္းလာေနတယ္..။ ေလွေပၚမွာ လူႏွစ္ေယာက္လည္းပါတယ္ဟ”
“အင္း.. ဒီလူေတြေတာ့ အသက္အႏၲရာယ္ေဘးနဲ႔ ႀကဳံေတြ႕ေတာ့မွာပဲ။ ငါတို႔ရဲ႕အထက္႐ြာေတြျဖစ္တဲ့ မကၡရာနဲ႔ ကြၽန္းဦး႐ြာကေတာ့ မဟုတ္ဘူး..။ ျမစ္ညာအထက္ပိုင္းကေလွပဲျဖစ္လိမ့္မယ္”
ျမင့္သူကတင္ေ႐ႊ၏စကားကိုေထာက္ခံေျပာဆိုလိုက္၏။ ဘေက်ာ္မွာ လုံခ်ည္ကို ခပ္တင္းတင္း ျပင္ဝတ္လိုက္ၿပီး ခါးေတာင္းက်ိဳက္ေန၏။ သူ႔
မ်က္လုံးမ်ားမွာေလွေပၚမွလူမ်ားထံေရာက္ေနေတာ့၏။

စုပ္ဝဲႀကီးအနီးသို႔ ခတ္ေဘာက္တူေလွ ခ်ဥ္းကပ္ေနေလၿပီ။ စုပ္ဝဲႀကီး အနီးခ်ဥ္းကပ္မိေလေလ၊ ေလွဦးမွာယိမ္းထိုးေနေလေလရွိ၏။ ခပ္ေဘာက္ တူသမားလည္း ေလွမေမွာက္ေအာင္ထိန္းၿပီး ခတ္ေနရ၏။ အသံဗလံ တို႔လည္း က်ယ္ေလာင္လာ၏။
“ေဝါ…….ေဝါ….ေဝါ….ေဝါ”
ထိုစဥ္ ခတ္ေဘာက္တူသမားမွာ လက္ပန္းက်ေနၿပီျဖစ္၏။ မည္သို႔မွ မထိန္းႏိုင္ေတာ့ေခ်။ စုပ္ဝဲႀကီးအတြင္း အရွိန္ျပင္းစြာ ေရာက္သြားေလ၏။ ေလွေပၚရွိလူမ်ားလည္း ဝ႐ုန္းသုန္းကား ျဖစ္ကုန္၏။ တင္ေ႐ႊက လွမ္းေအာ္ ၍သတိေပးလိုက္၏။
“ေဟ့လူေတြ.. ေလွမေမွာက္ေအာင္ ထိန္းၿပီး ဝဲႀကီးလြတ္ေအာင္ ခပ္ ၾကဗ်ိဳ႕.. ျမန္ျမန္လုပ္”
ေလွထဲေရမ်ား ဒရေဟာဝင္လာ၏။ ထို႔ေၾကာင့္ ဘေက်ာ္တစ္ေယာက္ ေစတီရင္ျပင္မွ ေျပးဆင္းၿပီး ေရထဲခုန္ဆင္းလိုက္၏။ ေလွဆီသို႔ လ်င္ျမန္စြာ ကူးခတ္သြားၿပီး ကမ္းဘက္သို႔ ျပန္ဆြဲလ်က္ရွိေလ၏။ ထိုစဥ္ စုပ္ဝဲအရွိန္ ေၾကာင့္ ေလွတိမ္းေမွာက္သြား၏။ လူမ်ားသည္ ေရထဲသို႔ ကစဥ့္ကလ်ား လြင့္စဥ္က်ကုန္၏။ လူမ်ားမွာ စုပ္ဝဲႀကီးအရွိန္ႏွင့္ ပတ္ခ်ာလည္ပတ္ေနၿပီ။ ထို႔ေနာက္ ေရေအာက္သို႔ တျဖည္းျဖည္း ျမဳပ္သြားၾကေလ၏။ ကုန္းေပၚတြင္ က်န္ရစ္ေသာ တင္ေ႐ႊႏွင့္ ျမင့္သူတို႔မွာ ရင္တမမျဖစ္ကာ ရွိေလ၏။
ထိုအခ်ိန္၌ ဘေက်ာ္မွာ ေရျပင္ကိုထိမိၿပီး ဝမ္းလ်ားေမွာက္ျဖစ္ေန ရွာ၏။ မ်က္လုံးမ်ားကို ေခတၱခဏမွိတ္ထား၏။ ထို႔ေနာက္ ျဖည္းျဖည္းခ်င္း ဖြင့္ၿပီး စူးစူးစိုက္စိုက္ၾကည့္လိုက္၏။ အနီးဝန္းက်င္တြင္ ေတြ႕လိုက္ရေသာ ေသြးေရာင္ေၾကာင့္ စူးစူးစိုက္စိုက္ ၾကည့္လိုက္၏။ အနီးဝန္းက်င္တြင္ ေတြ႕ လိုက္ရေသာ ေသြးေရာင္ေၾကာင့္ သံသယဝင္လာ၏။ ေသြးေရာင္တန္းက တစ္ေနရာသို႔ စီးေမ်ာလ်က္ရွိေလ၏။
ဘေက်ာ္ မည္သို႔မွ် မစဥ္းစားေတာ့ေခ်။ ေသြးေရာင္တန္း စီးေမ်ာရာ ေနာက္သို႔ တေကာက္ေကာက္ ေမ်ာ၍လိုက္ခဲ့၏။ မၾကာမီ ကမ္းေျခတစ္ ေနရာသို႔ ေမ်ာပါေနေၾကာင္း သိလိုက္၏။ သူ႔စိတ္ထဲတြင္လည္း…

“အင္း…ေသြးစီးေၾကာင္းဟာ ေရေအာက္လိုဏ္ဂူႀကီးဆီကို ဦးတည္
သြားေနပါလား”
သူ႔အေတြးမဆုံးမီ ေရွးေဟာင္းေစတီေအာက္တည့္တည့္ ဂူႀကီးအနီး သို႔ ေရာက္ရွိလာ၏။ သံသယစိတ္ေတြေၾကာင့္ သတိထားဝင္လာေလ၏။ ဂူႀကီးမွာ ေပငါးဆယ္ခန႔္ က်ယ္ဝန္း၏။ အလင္းတန္းတစ္ခုေၾကာင့္ အတြင္း ပိုင္းေရာက္ေလေလ၊ သဲသဲကြဲကြဲ ျမင္ေတြ႕ရေလေလရွိ၏။ ေက်ာက္စြယ္ ေက်ာက္တန္းမ်ားကလည္း ဂူႀကီးေဘးနံရံအနီးတြင္ ႁပြမ္းတီးလ်က္ ရွိ
ေလ၏။
လိုဏ္ဂူႀကီးထဲသို႔ဝင္ေရာက္ခဲ့ေသာအႀကိမ္ေပါင္းမ်ားလွေခ်ၿပီျဖစ္၏။ ယခုတစ္ေခါက္ကဲ့သို႔ ေၾကာက္႐ြံ႕စိတ္ ျဖစ္ေပၚခဲ့ျခင္းမ်ိဳး မခံစားရေခ်။ အႏၲရာယ္အေငြ႕အသက္တစ္ခုခု မ်က္ႏွာခ်င္းဆိုင္မွ လာေနေၾကာင္း သိ လိုက္၏။ ဂူႀကီးအတြင္းမွ လိမ့္ဆင္းလာသည့္ ေရစီးအားလည္း ျမန္ဆန္ လာ၏။ တစ္မုဟုတ္ခ်င္းအနီးရွိ ေက်ာက္တန္းမ်ားၾကားထဲသို႔ ဝင္ပုန္းလိုက္
ေလ၏။
ျပင္းထန္ေသာေရစီးအားႏွင့္အတူ အလြန္ႀကီးမားေသာ ငါးေ႐ြးငါးႀကီး တစ္ေကာင္ကို ေတြ႕လိုက္ရ၏။ ဘေက်ာ္ႏႈတ္မွ အလန႔္တၾကား ေအာ္သံ ထြက္သြား၏။
“စုပ္ဝဲႀကီးထဲေရာက္လာတဲ့လူေတြကို
ဝါးမ်ိဳစားေသာက္လိုက္လို႔ ေသြး ကြက္ႀကီး ျဖစ္တာပဲ။ ငါနဲ႔ ဒီဂူႀကီးထဲမွာ တစ္ႀကိမ္တစ္ခါမွ မႀကဳံဘူးလို႔ ေတာ္ေသးတယ္”
ထိုစဥ္ ငါးႀကီးမွာ ဘေက်ာ္ ပုန္းေအာင္ေနေသာ ေက်ာက္စြယ္အနီး တြင္ ခိုကပ္လိုက္၏။ ထို႔ေၾကာင့္ ေရလုံးႀကီးက ဘေက်ာ္ တစ္ကိုယ္လုံးကို ဝုန္းခနဲ ႐ိုက္ခတ္သြား၏။ သူ႔မ်က္လုံးမ်ားက်ိန္းစက္သြားေသာ္လည္းတုတ္ တုတ္မွ မလႈပ္ဝံ့ေခ်။ အတန္ၾကာသည္အထိ ၿငိမ္ခ်က္သား ေကာင္းေန ေသာငါးေ႐ြးငါးႀကီးဂူျပင္သို႔ ေလွ်ာခနဲထြက္သြား၏။
သူ ဂူႀကီးအတြင္းပိုင္းသို႔ ဝင္ခဲ့၏။ ေပသုံးရာခန႔္ ေရာက္ရွိေသာ အခါ ၊ ေက်ာက္ကလပ္ႀကီးတစ္ခုဆီသို႔ ေရာက္လာ၏။ ေက်ာက္သား ၾကမ္းျပင္ကလည္း ႏွစ္လံသာသာခန႔္က်ယ္၏။ ေက်ာက္ကလပ္ေပၚတြင္

ပတၱျမားႀကီးတစ္လုံး ရွိသည္။ ေက်ာက္ကလပ္ေပၚရွိ ရဲရဲေတာက္ပတၱျမား ဆီသို႔ သြားလိုက္၏။ ပတၱျမားႀကီးအား တစိမ့္စိမ့္ၾကည့္ၿပီး အေတြးဝင္ လာ၏။
“ငါးေ႐ြးငါးႀကီးကဒီပတၱျမားႀကီးရဲ႕အေစာင့္ပဲ ျဖစ္လိမ့္မယ္”
ေနာက္တစ္ေန႔ ဆြမ္းခံျပန္ခ်ိန္၌ ဘေက်ာ္တစ္ေယာက္ ၿခံဝန္းထဲရွိ ဝါးကြပ္ပ်စ္တြင္ ထိုင္လ်က္ ရွိေလ၏။ ထိုစဥ္ အဘိုးအိုတစ္ဦး တစ္လွမ္းခ်င္း လွမ္း၍ဝင္လာသည္ကိုေတြ႕ရ၏။ပိတ္ျဖဴစင္ၾကယ္ဝတ္ထားေသာအဘိုးအို ေသွ်ာင္တစ္ေစာင္းႏွင့္၊ ဆြတ္ဆြတ္ျဖဴေနေသာမုတ္ဆိတ္ေမြးက လက္ ေလးသစ္ခန႔္၊ ညာဘက္တြင္လည္း ဝါးေတာင္ေဝွးရွည္တစ္ေခ်ာင္းကို ကိုင္ထားလ်က္ျမန္မာဆန္ေသာဥပဓိ႐ုပ္လကၡဏာႏွင့္အလြန္တည္ၾကည္ ခန႔္ညား ၏။ ထိုအဘိုးအိုကို တစ္ႀကိမ္မွလည္း ေတြ႕ဖူး၊ ျမင္ဖူးျခင္း မရွိေပ။ အဘယ္ေၾကာင့္ သူ႔ထံလာရသနည္း။
ဘေက်ာ္၏အနီး ေရာက္လာေသာအခါ ဝါးကြပ္ပ်စ္တြင္ အဘိုးအိုက ဝင္ထိုင္ေလ၏။ အဘိုးအို၏ ခႏၶာကိုယ္မွ ေမႊးရနံ႔ တစ္မ်ိဳး ထြက္ေနေၾကာင္း ခံစားရ၏။ ထိုရနံ႔ေၾကာင့္ ဘေက်ာ္၏စိတ္သည္လည္း လန္းဆန္းလာ၏။ ထိုစဥ္အဘိုးအိုက တည္ၾကည္ေလးနက္ေသာေလသံျဖင့္ ေျပာေလ၏။
“လူကေလး… ဂူႀကီးထဲက ပတၱျမားဟာ မင္းနဲ႔ ပတ္သက္မႈရွိေနတယ္။ ရန္သူလက္တြင္းပတၱျမားမက်ေရာက္ေအာင္ေစာင့္ေရွာက္ရမယ္။ ေနာက္ ၿပီး ငါးေ႐ြးငါးႀကီးနဲ႔ လူကေလးတို႔လည္း သူစိမ္းတစ္ရံေတြ မဟုတ္ဘူး။ ပ႒ာန္းဆက္ရွိခဲ့ၾကတယ္ကြဲ႕”
အဘိုးအို၏စကားကို လက္သင့္ခံရန္ ဘေက်ာ္ ခက္ခဲေန၏။ သူ နားမလည္ေတာ့ေပ။ . မွားသည္ မွန္သည္ကိုပင္ ေဝခြဲမရ ခက္လွ၏။ ဇေဝဇဝါျဖစ္ေနရွာေသာဘေက်ာ္ကိုအကဲခတ္မိေသာေၾကာင့္အဘိုးအိုက
က႐ုဏာသက္စြာရွင္းျပေပး၏။
“အဘေျပာတာ လူကေလး မယုံၾကည္ဘူးမဟုတ္လား၊ လက္ေတြ႕မွ
ယုံၾကည္ခ်င္ၾကသကိုးကြဲ႕။
ဆန႔္က်င္ဘက္အေၾကာင္းတရားႏွစ္ခုဟာ

ဒြန္တြဲေနေလရဲ႕။ မယုံၾကည္ျခင္းရဲ႕ေနာက္ကြယ္မွာ ယုံၾကည္မႈဆိုတဲ့ သေဘာကို လက္ေတြ႕က်က် သိခ်င္ရင္ ငါးေ႐ြးငါးႀကီးနဲ႔ ထိပ္တိုက္ေတြ႕ဆုံ ၾကည့္ေပါ့ကြာ”
အဘိုးအို ထိုမွ်သာေျပာဆိုၿပီး ဆတ္ခနဲ ထရပ္လိုက္၏။ ဘေက်ာ္၏ ပခုံးအား ညင္သာစြာကိုင္လ်က္ စကားတစ္ခြန္းကို အေလးအနက္ထား၍ ေျပာဆိုထြက္ခြာသြားေလ၏။
“လူကေလး- လက္ေတြ႕ႀကဳံလာတဲ့အခါ … ငါးေ႐ြးငါးႀကီးအေပၚ သံေယာဇဥ္ျဖစ္လာလိမ့္မယ္”

ဘေက်ာ္ အေတြးနယ္ခ်ဲ႕လာခဲ့၏။ မေန႔က သူ႔ထံေရာက္လာခဲ့ေသာ အဘိုးအိုကသူ႔စိတ္အားစိုးမိုးထား၏။အဘိုးအိုမွာမည္သည့္ေနရာမွလာၿပီး မည္သည့္ေနရာသို႔သြားသနည္း။ ပတၱျမားႀကီးႏွင့္ ငါးေ႐ြးငါးႀကီးအေၾကာင္း ကို မည္သည့္အတြက္ေၾကာင့္ သိေနသနည္း။ ၾကာၾကာေတြးေလေလ၊ အေျဖမွန္က ေဝးကြာေလေလရွိ၏။
သို႔ျဖင့္ ေရွးေဟာင္းသစ္ဆိမ့္ေစတီတြင္ အဘိုးအိုအား ေတြ႕ရလိမ့္ႏိုးႏိုး ျဖင့္ ေလွ်ာက္လာေလ၏။ ေစတီသို႔ေရာက္ေသာအခါ ေစတီတစ္ပတ္ လွည့္၍ ရွာမိ၏။ မည္သည့္ေနရာတြင္ရွာရွာ မေတြ႕ရသျဖင့္ စိတ္ပ်က္ လက္ပ်က္ျဖစ္ကာ ၾကာသပေတးၿဂိဳဟ္တိုင္ေထာင့္တြင္ ထိုင္လိုက္၏။ ထို႔ ေနာက္လက္အုပ္ခ်ီကာ ဆုေတာင္းလိုက္၏။
“အရွင္ဘုရား…. ငါးေ႐ြးငါးႀကီးနဲ႔တပည့္ေတာ္တို႔ တစ္ဦးအေပၚတစ္ဦး ခင္မင္ၾကင္နာမႈေတြရွိၾကမယ္ဆိုရင္ ပတၱျမားႀကီးကို ေႏွာင့္ယွက္ဖ်က္ဆီး မယ့္ရန္သူအား အသက္နဲ႔ရင္း၍ ကာကြယ္သြားပါမယ္လို႔ ကတိသစၥာျပဳပါတယ္”
ထိုဆုေတာင္းျပည့္ဝသည္ဟု ဆိုရမည္လားမသိ။ ဘေက်ာ္တစ္ကိုယ္ လုံး ေအးစိမ့္လာ၏။ ေၾကကြဲလြမ္းဆြတ္မႈမ်ားလည္း ခံစားေနေလ၏။ ရင္ ႏွင့္အမွ် ခံစားေနျခင္းကိုတိုးတိုးဖြင့္အန္ထုတ္မိ၏။ “ငါးေ႐ြးငါးႀကီးေရ..နင့္နဲ႔ေတြ႕ရေအာင္ ငါလာၿပီေဟ့”
ေရစပ္သို႔ ဒူးေခါင္းျမဳပ္သည္အထိ သူဆင္းလိုက္၏။ ထို႔ေနာက္ ဖ်ံတစ္ ေကာင္ပမာ ေရေအာက္သို႔ စြတ္ခနဲ ငုပ္လွ်ိဳးလိုက္၏။ ပူစီေဖာင္းကေလး မ်ား ပလုံစီတက္လာ၏။ ဘေက်ာ္မွာ ေရေအာက္လိုဏ္ဂူဆီသို႔ ကူးခတ္၍ သြားလ်က္ရွိ၏။ တကယ့္တကယ္တမ္းေတြ႕ရမည္ဆိုေတာ့…။ သူ႔စိတ္ထဲက တထင့္ထင့္…။ စိုးရိမ္ပူပန္ကာ ရွိေလ၏။
မၾကာမီလိုဏ္ဂူဝသို႔ေရာက္လာ၏။ဂူဝတြင္အေျခအေနကိုအကဲခတ္ လိုက္၏။ မည္သည့္ထူးျခားမႈမွ မေတြ႕ရသျဖင့္ ဂူႀကီးအတြင္းသို႔ ဝင္လိုက္ ေလ၏။ဂူထဲရွိေက်ာက္ကလပ္ဆီသို႔သြားေန၏။အနီးသို႔ေရာက္ေသာအခါ တစိမ့္စိမ့္ ေငးေမာကာ အေတြးေရယာဥ္ေၾကာ ေမ်ာေနမိ၏။

“ငါးေ႐ြးငါးႀကီးနဲ႔လူကေလးတို႔တစ္ေတြ- သူစိမ္းတစ္ရံဆံေတြမဟုတ္
ဘေက်ာ္ ထိုသို႔ စဥ္းစားမိသျဖင့္ မတုန္မလႈပ္ ရပ္တန႔္ေနမိ၏။ ငါးေ႐ြး ငါးႀကီးကလည္း တေ႐ြ႕ေ႐ြ႕ႏွင့္ ဘေက်ာ္အနီးသို႔ တိုးကပ္လာ၏။ ရန္သတၱ႐ု ျပဳမည့္ပုံမရွိေပ။ခင္မင္ရင္းႏွီးေနသလိုမ်ိဳးခံစားေနမိ၏။ကြဲကြာေနရသူအား ျပန္ေတြ႕ရသျဖင့္ ဝမ္းသာေနျခင္းမ်ိဳးျဖင့္လာ၏။
ထိုစဥ္ ငါးေ႐ြးငါးႀကီးက ေက်ာက္ကလပ္အစြန္းတြင္ ျဖည္ညင္းစြာ ေမး တင္လိုက္၏။ ဘေက်ာ္အား စိုက္ၾကည့္ကာရွိေလ၏။ မ်က္လုံးအိမ္အတြင္း မွလည္း မ်က္ရည္မ်ား တလိမ့္လိမ့္ စီးဆင္းေနသည္ဟု ခံစားမိသည္။ ဘေက်ာ္ သတိလက္လြတ္ျဖစ္ေနရာမွ အသက္ဝင္လာ၏။ ငါးေ႐ြးငါး ႀကီးအနီးသို႔ တိုးကပ္သြား၏။ ဦးေခါင္းတစ္ခုလုံး ၾကင္နာစြာ ပြတ္သပ္ေပး မိ၏။ သံေယာဇဥ္မီးေတာက္က ရင္တြင္းတြင္ စို႔တက္လာ၏။ သူညည္းညဴ မိလိုက္၏။ ငါးႀကီးကလည္းၿငိမ္သက္ေနသည္။
“သစ္ဆိမ့္ေက်ာင္းေစတီမွာ သစၥာျပဳခဲ့တဲ့အတိုင္း မင္းနဲ႔ ပတၱျမားႀကီး ကိုအသက္နဲ႔ရင္းၿပီး ေစာင့္ေရွာက္ပါမယ္ကြာ”
“ေဝါ….ေဝါ…….ေဝါ…….ေဝါ…”
လိုဏ္ဂူႀကီးတစ္ခုလုံး ဟိန္းထြက္သြား၏။ ဘေက်ာ္ ၾကက္သီးတျဖန္း ျဖန္း ထလာ၏။ ငါးေ႐ြးငါးႀကီးသည္ တေ႐ြ႕ေ႐ြ႕ ေနာက္ဆုတ္၍ ျပန္လည္ ထြက္ခြာသြား၏။ ဘေက်ာ္ကလည္း ထက္ၾကပ္မကြာ လိုက္ပါလာ၏။ ဘေက်ာ္ ကုန္းေပၚျပန္တက္လာၿပီး သစ္ဆိမ့္ေစတီဆီသို႔ ေလွ်ာက္သြား ေလ၏။ သာယာေသာဆည္းလည္းသံေၾကာင့္ သူ႔တစ္ကိုယ္လုံးလည္း ေပါ့ပါးလန္းဆန္းေနလ်က္ ၾကည္ႏူးဝမ္းသာ ျဖစ္ေနရွာ၏။

ထိုသို႔ ျဖစ္ပ်က္တစ္ပတ္ခန႔္ၾကာေသာ္ တင္ေ႐ႊႏွင့္ျမင့္သူတို႔ ဘေက်ာ္ ထံသို႔ အူယားဖားယားေရာက္လာ၏။ ဘေက်ာ္ႏွင့္ မရန္းပင္ေအာက္တြင္ ဆုံမိၾကေလ၏။ တင္ေ႐ႊက ခရီးေရာက္မဆိုက္ပင္ ေျပာျပေလ၏။

“႐ြာထဲမွာ တေဘာင္စကားတစ္ခု ထြက္ေပၚေနတယ္..၊ သစ္ဆိမ့္ ေက်ာင္းဘုရားေဘး။ ငါးငေ႐ြးနဲ႔စုပ္ဝဲႀကီး။ ဒု႒ဝတီျမစ္မင္းေအာက္။ လိုဏ္ ေဖာက္ပတၱျမားတည္တဲ့…။ အဲဒါ မင္းရဲ႕အျမင္ ေျပာစမ္းပါဦး”
ထိုစကား ၾကားလိုက္ရေသာေၾကာင့္ ဘေက်ာ္မွာ မ်က္ႏွာ ကြက္ခနဲ ပ်က္သြားေလ၏။ ဘေက်ာ္၏ျဖစ္အင္ကို ျမင္လိုက္ရေသာျမင့္သူက လွမ္း ေမးလိုက္ေလ၏။
“စုပ္ဝဲႀကီးထဲေရာက္ရွိသြားတဲ့လူတိုင္းဟာ အသက္အႏၲရာယ္ေဘးနဲ႔ ႀကဳံေတြ႕ ၾကေပမယ့္ မင္းကေတာ့ အခ်ိန္မေ႐ြးသြားလာႏိုင္ခဲ့တယ္။ အဲဒီ ေတာ့ ဘေက်ာ္၊ တေဘာင္စကားနဲ႔ပတ္သက္ၿပီး ဘယ္လိုအေၾကာင္းေတြ သိထားသလဲ။ ငါတို႔ကိုေတာ့ လွ်ိဳ႕ဝွက္မထားသင့္ဘူး”
“ဘာကြ…ငါက ဘယ္လိုအေၾကာင္းေတြမ်ား သိထားလို႔လဲ၊ အခု မင္းတို႔ေျပာလို႔သိရတဲ့ကိစၥပဲ”
ဘေက်ာ္ေလသံ အနည္းငယ္မာေၾကာေၾကာျဖစ္သြားေသာေၾကာင့္ တင္ေ႐ႊတို႔မွာ ဆက္လက္ေမးျမန္းရန္ ဆြံ႕အအ ျဖစ္သြားေလ၏။ တဒဂၤ အေတြးပုံရိပ္မ်ားႏွင့္တိတ္ဆိတ္ေနၾကေလ၏။ထိုသို႔တိတ္ဆိတ္ေနျခင္းကို မေအာင့္ႏိုင္ဘဲ ျမင့္သူက ေမးလိုက္၏။
“မင္းက ဒါေလးေမးၾကည့္တာနဲ႔ ဘာျဖစ္ေနသလဲ၊ ဘေက်ာ္ ငါတို႔ ၾကားရတဲ့အတိုင္း လာေျပာျပတာပဲ။ သိရင္သိတယ္၊ မသိရင္မသိဘူးေပါ့၊ အခုေတာ့ကြာ..ငါတို႔အေပၚတစ္မ်ိဳးထင္ေနေလရဲ႕” ထိုအခါတင္ေ႐ႊက ခ်င့္ခ်င့္ခ်ိန္ခ်ိန္ႏွင့္ေျပာလိုက္ေလ၏။ “အင္း.. ဒီအေၾကာင္းေတြသာ အမွန္တကယ္ရွိေနတယ္ဆိုရင္ေတာ့ ေလာဘရမၼက္ေဇာကပ္တဲ့ရန္သူေတြကိုအထူးသတိထားရမယ္”
“ေအးေပါ့ကြာ၊ ဘာပဲျဖစ္ျဖစ္ တင္ေ႐ႊေျပာသလို သတိဆိုတာ ပိုတယ္ လို႔မရွိဘူး”
ဘေက်ာ္က ေလေျပထိုးၿပီး ေျပာလိုက္၏။ တင္ေ႐ႊတို႔လည္း စႏိုး စေနာင့္စိတ္ေမြ ထျပန္သြားေလ၏။

သို႔ျဖင့္ တပို႔တြဲလျပည့္ သစ္ဆိမ့္ေစတီဘုရားပြဲ နီးကပ္လာၿပီျဖစ္၏။
ထို႔ေၾကာင့္ဆယ့္ႏွစ္လရာသီေဈးပြဲသမားမ်ားလည္းေရာက္လာၾကေလ၏။ မ်က္လွည့္၊ ဆပ္ကပ္၊ အၿငိမ့္၊ ဇာတ္၊ လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္ မ်ားအျပင္ လူသုံးကုန္အေရာင္းဆိုင္မ်ားစုံလင္စြာရွိေလ၏။ ပြဲေဈးတန္းႀကီး ကစည္ကားလြန္း၏။
တျဖည္းျဖည္းႏွင့္ ဘုရားပြဲက်င္းပရန္ ႏွစ္ရက္ခန႔္သာ လိုေတာ့၏။ ထိုညက ဘေက်ာ္မွာ အိပ္ရာထဲ ေစာေစာဝင္ခဲ့၏။ တင္ေ႐ႊတို႔ေျပာဆိုၿပီး သည့္ေနာက္ပိုင္း အိပ္မေပ်ာ္ခဲ့ျခင္းျဖစ္ေလ၏။ နိမိတ္တေဘာင္စကားကို ေတြးမိေလတိုင္း စိုးရိမ္ပူပန္ေနမိ၏။ သူ႔ေဘးတြင္ အိပ္ေပ်ာ္ေနေသာ ဇနီး ေအးပြင့္မွာ တေခါေခါႏွင့္ ေဟာက္လ်က္ရွိေလ၏။
ဘေက်ာ္တစ္ေယာက္ မ်က္လုံးကို မွိတ္ထားေလေလ၊ အိပ္မေပ်ာ္ႏိုင္ ေလေလ ျဖစ္ေနရွာ၏။ သူ၏မသိစိတ္က ေရေအာက္လိုဏ္ဂူႀကီးဆီသို႔ ေရာက္ေန၏။ ထိုစဥ္ အသံတစ္သံ သူ႔နားသို႔ စူးစူးနစ္နစ္ျဖင့္ ၾကားလိုက္ ရ၏။ ဘယ္ကအသံပါလိမ့္…။ တစ္ေယာက္ေယာက္ နီးနီးကပ္ကပ္ ေျပာေန သလိုထင္ရသည္။
“လူကေလး… ေလာဘသားေကာင္ေတြ… မင္းတို႔႐ြာေရာက္ေနၿပီ.. ပတၱျမားႀကီးကိုယူၾကလိမ့္မယ္… သတိထားေနေပေတာ့ကြဲ႕”
ထို႔ေၾကာင့္ ဘေက်ာ္မ်က္လုံး ဖြင့္ၾကည့္လိုက္ေလ၏။ အဘိုးအို သူ႔
ၿခံဝန္းထဲေရာက္လာခဲ့ေသာအဘိုးအိုပါလား…။ထိုအခါဘေက်ာ္ကအလ်င္
စလို ျပန္ေမးလိုက္၏။
“အဘိုး… ကြၽန္ေတာ္မွ အဲဒီလူေတြကို မသိတာ၊ ဘယ္လိုလုပ္ ေျဖရွင္း ရပါ့မလဲဟင္”
“ဒါကမင္းကိစၥပဲ…၊ ျဖစ္လာမယ့္ျပႆနာႀကိဳျမင္လို႔ငါကေတာ့အက်ိဳး အေၾကာင္း ေျပာျပၿပီးၿပီပဲ.. လူဆိုတာ အေရးႀကဳံရင္ သက္လုံေကာင္း ရတယ္ကြဲ႕”
အဘိုးအိုက ေျပာဆိုၿပီး ခ်ာခနဲ လွည့္ထြက္သြားေလ၏။ အိမ္ေရွ႕တံခါး ေပါက္မွ ဆင္းသြားျခင္းျဖစ္ေလ၏။ ဘေက်ာ္ စဥ္းစားရၾကပ္ေန၏။ ထို႔

ေၾကာင့္ အိပ္ရာမွ ကမန္းကတန္းထ၍ လိုက္ခဲ့၏။ အဘိုးအိုမွာ ေျခလွမ္း သြက္လြန္းေန၏။ သူ႔အေနနဲ႔ အေျပးတစ္ပိုင္းလိုက္ေနရ၏။
အတန္ၾကာသြားေနရင္းမွသစ္ဆိမ့္ေစတီဆီသို႔သြားေနေၾကာင္းသတိ
ထားမိလိုက္၏။ ေစတီအနီးသို႔ ေရာက္ရွိေနၿပီျဖစ္၏။ ထိုစဥ္ အဘိုးအို ေမွာင္ရိပ္ထဲသို႔ လွမ္းဝင္မည့္ဆဲဆဲအခ်ိန္တြင္ ဘေက်ာ္ကေအာ္လိုက္ေလ၏။
“အဘိုး…အဘိုး..အား…”
သူ႔ကိုယ္လုံးအား ပုတ္၍ ေျပာေနေသာ ဇနီးေအးပြင့္၏အသံကို ၾကား
လိုက္ရ၏။
“ရွင္ – ကေယာင္ေခ်ာက္ခ်ားနဲ႔ ဘာေတြေအာ္ေခၚေနသလဲ”
ဇနီးသည္ထဲ ေမးျမန္းျခင္းကို မည္သို႔မွ် ျပန္မေျဖေပ။ ရွက္႐ြံ႕စိတ္ ေၾကာင့္ သူ႔ကိုယ္သူ မခ်ိတင္ကဲ ၿပဳံးေနမိ၏။ အဘိုးအိုမွာ သစ္ဆိမ့္ေစတီႏွင့္ ပတ္သက္ေနေၾကာင္းသူသိရွိလိုက္ေလၿပီ။အဘိုးအိုေျပာသြားေသာစကား ကို ျပန္လည္စဥ္းစားလ်က္ မိုးစင္စင္လင္းလာ၏။

ဆြမ္းခံျပန္ခ်ိန္ ေရာက္ရွိေနၿပီျဖစ္၏။ တင္ေ႐ႊတို႔အလာကို ေစာင့္ေမွ်ာ္ ေနရသည္မွာလည္တဆန႔္ဆန႔္ျဖစ္ေနရွာ၏။ ဇနီးေအးပြင့္က ဘေက်ာ္အား ၾကည့္၍ မ်က္ေစာင္းထိုးသြားေလ၏။ ဘေက်ာ္က မျမင္ခ်င္ေယာင္ ေဆာင္ ေနလိုက္၏။
သူစိတ္မရွည္ႏိုင္ေတာ့ေပ။အိမ္ေပၚမွေကာက္ကာငင္ကာဆင္းလာၿပီး တင္ေ႐ြ႕အိမ္ ထြက္ခဲ့၏။ လမ္းေပၚတြင္ေတြ႕ရေသာ ကေလး၊ လူႀကီးမ်ားက ဘေက်ာ္အားၾကည့္ၿပီး ၿပဳံးတုံ႔တုံ႔ ျဖစ္သြားၾက၏။ သို႔ျဖင့္ သူႀကီးအိမ္အလြန္၊ တင္ေ႐ြ႕အိမ္မေရာက္မီ ႏွစ္ၿခံေက်ာ္တြင္ ေနာက္ဘက္မွ မိန္းကေလး အသံ တစ္သံၾကားလိုက္ရ၏။

“ဦးဘေက်ာ္ႀကီး..ဘာေတြအာ႐ုံမ်ားေနသလဲ။တစ္လမ္းလုံးဘယ္သူ ကိုမွႏႈတ္ဆက္စကားမေျပာဘူး။ ဦးေခါင္းေအာက္စိုက္ၿပီး ႏႈတ္က တတြတ္တြတ္နဲ႔…”
ထိုအခါက်မွ ဘေက်ာ္ စိတ္နဲ႔ကိုယ္ ျပန္လည္ကပ္ၿငိသြားေလ၏။ သူ လွမ္းၾကည့္လိုက္ေသာအခါ လွေထြးအိမ္ေရာက္ေနေၾကာင္း သတိထား မိ၏။ အိမ္ထဲမွ စကားေျပာသံၾကားလိုက္ရ၏။
“သူႀကီးနဲ႔တိုင္ပင္ၿပီးၿပီ၊ လျပည့္ေန႔ေရာက္ရင္ ဆရာႀကီးရဲ႕အစီအစဥ္ အတိုင္း လုပ္ေပေတာ့..၊ ေရေအာက္လိုဏ္ဂူႀကီးထဲက ပတၱျမားႀကီးသာ ယူလို႔ရခဲ့ရင္ ကြၽန္ေတာ္တို႔တစ္ေတြ ခ်မ္းသာမွာအမွန္ပဲ” အိမ္ဦးခန္းတြင္လူစိမ္းသုံးေယာက္ႏွင့္လွေထြးေခါင္းခ်င္းဆိုင္တိုင္ပင္ ေနၾက၏။အသက္ငါးဆယ္ေက်ာ္အမ်ိဳးသားတစ္ဦးကႏႈတ္ခမ္းေမြးသပ္ေန ၏။ က်န္လူ႐ြယ္ႏွစ္ဦးက ဦးေခါင္းတဆတ္ဆတ္လုပ္လ်က္ရွိ၏။ ထိုသို႔ မသကၤာဖြယ္လူတစ္စုေၾကာင့္ ဘေက်ာ္ ရင္ခုန္သံ ျမန္လာ၏။ အဘိုးအိုေျပာသြားေသာလူစုမွာ သူတို႔ပါလားဟု မွတ္ခ်က္ျပဳမိလိုက္၏။ တင္ေ႐ႊ ၿခံသို႔ သုတ္ေျခတင္လွမ္းလာလိုက္၏။ သူတို႔ႏွစ္ဦး ၿခံဝန္းဝတြင္ ပက္ပင္းတိုးၾက၏။ တင္ေ႐ႊက ဘေက်ာ္အား စူးရွေသာမ်က္လုံးျဖင့္ၾကည့္ ကာေမးေလ၏။
“ပ်ာယီးပ်ာယာနဲ႔ ဘယ္လိုျဖစ္လာသလဲ၊ ငါလည္း မင္းနဲ႔ အေရးတႀကီး တိုင္ပင္စရာရွိလို႔… ျမင့္သူဝင္ေခၚၿပီးလာခဲ့ဖို႔ပဲ” “ဒါဆို သြားၾကစို႔ကြာ”
တစ္လမ္းလုံး စကားမေျပာၾကဘဲ အေတြးကိုယ္စီႏွင့္ ေလွ်ာက္လာၾက ၏။ ႐ြာလမ္းမကို ေရွာင္ကြင္း၍ ႐ြာျပင္လယ္ကြင္းဆီမွ လာခဲ့ၾက၏။ သို႔ျဖင့္ ျမင့္သူေနထိုင္ရာ အေရွ႕ပိုင္းသို႔ ေရာက္လာ၏။ ျမင့္သူ ၿခံေရွ႕ေရာက္ေသာ အခါ သူ႔အိမ္မွအထြက္ႏွင့္ ဆုံၾကျပန္၏။ သူတို႔သုံးဦး၏ ေျခလွမ္းမ်ားမွာ သစ္ဆိမ့္ေစတီဆီသို႔ ဦးတည္လာခဲ့ၾက၏။ ဆယ့္ႏွစ္လရာသီ ပြဲေဈးတန္း ေဘးမွလာၾကေလ၏။
ေစတီရင္ျပင္ေတာ္၏ ျမစ္ကမ္းဘက္ လူသူရွင္းေသာေနရာတြင္ ထိုင္ လိုက္ၾက၏။ တင္ေ႐ႊက စိုးရိမ္တႀကီးျဖင့္ စတင္ရွင္းျပေလ၏။ “နိမိတ္တေဘာင္စကားဟာ တကယ္မွန္ေနၿပီပဲ။ ေရေအာက္လိုဏ္ဂူ ႀကီးထဲမွာပတၱျမားတစ္လုံးရွိတယ္တဲ့ကြ။လွေထြးအိမ္ေရာက္ေနတဲ့လူစုကို ငါေတာ့မသကၤာဘူး..၊ အဲဒါ ငါတို႔ ဘယ္လိုလုပ္ၾကမလဲဟင္” “တင္ေ႐ႊေျပာတဲ့သတင္းကို ငါလည္းၾကားခဲ့တယ္။ အဲဒါေၾကာင့္ မင္း တို႔ဆီ ေျပာရေအာင္ ထြက္လာတာပဲ…ဘေက်ာ္၊ ငါတို႔နဲ႔ ေတြ႕ခ်င္ရတဲ့ အေၾကာင္းကို ေျပာပါဦး”
ျမင့္သူက ၾကားျဖတ္၍ ေျပာဆိုေမးျမန္းလိုက္၏။ ထိုအခ်ိန္မွ ဘေက်ာ္ က သစ္ဆိမ့္ေစတီေစတီေအာက္တြင္ ေက်ာက္သားလိုဏ္ဂူႀကီးတစ္ခု ရွိ ေၾကာင္း၊ ဧရာမငါးေ႐ြးငါးႀကီးတစ္ေကာင္လည္း ေစာင့္ေရွာက္ေနထိုင္ ေၾကာင္း၊ လိုဏ္ဂူအတြင္းရွိ ေက်ာက္ကလပ္ႀကီးေပၚ၌ တန္ဖိုးမျဖတ္ႏိုင္ ေသာ ပတၱျမားႀကီး တစ္လုံးလည္း ရွိေၾကာင္း၊ သူႏွင့္ ငါးေ႐ြးႀကီးမွာ သံေယာဇဥ္ျဖစ္ေနၾကေၾကာင္း စသည္ျဖင့္ သူသိသမွ် အေၾကာင္းမ်ားကို ရွင္းျပေပးေလ၏။ ထို႔ေနာက္ သုံးဦး ေခါင္းခ်င္းဆိုင္ တိုင္ပင္၍ လူစုခြဲလိုက္ ၾကေလ၏။
ေနာက္တစ္ေန႔တြင္ လူႀကီးဦးေဆာင္၍ ဘုရားပြဲေတာ္ကို အစီအစဥ္ အတိုင္း က်င္းပၾကေလ၏။ တနဂၤေႏြေထာင့္ေရွ႕တြင္ ခုံတန္းရွည္တစ္ခုပဲ ထား၏။ အဝတ္ျဖဴတစ္ထည္ ခင္းထား၏။ ထိုအေပၚ၌ အုန္းငွက္ေပ်ာ၊ ဖေယာင္းတိုင္၊ အေမႊးတိုင္မ်ားႏွင့္ ကန္ေတာ့ပြဲသုံးပြဲ ျပင္ဆင္ထား၏။
လွေထြးအိမ္မွ ဧည့္စိမ္းသုံးဦးႏွင့္ သူႀကီးတို႔မွာ အလုပ္ရႈပ္ေနၾက၏။ ဘေက်ာ္တို႔က လူအုပ္ၾကားမွေနၿပီး အကဲခတ္ေလ့လာလ်က္ရွိ၏။ ထိုစဥ္ သူတို႔အထဲမွအသက္ငါးဆယ္ခန႔္ အမ်ိဳးသားႀကီးကက်ယ္ေလာင္စြာေအာ္ ဟစ္၍ေျပာေလ၏။
“ဒီေစတီရဲ႕အေစာင့္အေရွာက္ေတြအတြက္ရည္စူးထားတဲ့အလယ္က ကန္ေတာ့ပြဲကို ခ်န္ထားမယ္၊ ေဘးက ကန္ေတာ့ပြဲႏွစ္ပြဲဟာ စုပ္ဝဲႀကီးနဲ႔ ေရေအာက္လိုဏ္ဂူႀကီးထဲမွာရွိတဲ့ ပတၱျမားႀကီးရဲ႕ အေစာင့္အေရွာက္ေတြ
အတြက္ေပါ့”
“ဟာ”
“ဟင္”
“အို”
ထိုစကားေၾကာင့္ လူအုပ္ႀကီးထံမွ အံ့ဩသံမ်ား ထြက္ေပၚလာေလ၏။ ထိုအမ်ိဳးသားႀကီးက သူ႔တပည့္ႏွစ္ဦးအား ကန္ေတာ့ပြဲတစ္ပြဲစီ ႐ြက္ခိုင္း၏။ သူက ဦးေဆာင္၍ ဒူးေခါင္းျမဳပ္သည္အထိ ေရစပ္သို႔ ဆင္းသြားေလ၏။ သူ႔ ႏႈတ္မွလည္း တတြတ္တြတ္႐ြတ္ဖတ္ သရဇၩာယ္ကာရွိေလ၏။ သူႀကီးႏွင့္ လူအုပ္ႀကီးသည္လည္း အုတ္အုတ္က်က္က်က္ႏွင့္ လိုက္ပါလာၾက၏။
တင္ေ႐ႊႏွင့္
ထိုစဥ္ ဘေက်ာ္က တို႔အား ဆက္လက္မလိုက္ရန္ ေခါင္းဆတ္၍
ျမင့္သူ-
အခက္ျပေလ၏။ လူအုပ္ႀကီး လြန္သြားေသာအခါ ဘေက်ာ္က ေလသံတိုးတိုးျဖင့္ ေျပာေလ၏။
“ငါတို႔ေျပာဆိုထားတဲ့အတိုင္း ေဆာင္႐ြက္ၾကမယ္ေနာ္…. အမွား
အယြင္းမျဖစ္ေစၾကနဲ႔”
တင္ေ႐ႊႏွင့္ ျမင့္သူတို႔က လူအုပ္ၾကားထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြား ေလ၏။ ဘေက်ာ္မွာေစတီ၏အထက္ျမစ္ညာဘက္ဆီသို႔ေလွ်ာက္သြား၏။ ဝါးတစ္ျပန္သာသာ ေလွ်ာက္လာၿပီးေနာက္ ပြဲေတာ္ဘက္ဆီသို႔ အသံဗလံ မ်ားကိုနားစြင့္လိုက္၏။ စကားသဲ့သဲ့သာၾကားရေလ၏။
ေရစပ္သို႔ဆင္းလိုက္ၿပီးေသာ စုပ္ဝဲႀကီးဆီသို႔ လွမ္းၾကည့္မိ၏။ စုပ္ဝဲ ႀကီးက ထူးထူးျခားျခား ၿငိမ္ခ်က္သား ေကာင္းလ်က္ေတြ႕ရ၏။ လူသားမ်ား ၏ အတၱစိတ္၊ မာနစိတ္၊ ေလာဘစိတ္တို႔ကို သိရွိဟန္ မတူေခ်။ ဘေက်ာ္ ရွည္ရွည္ေဝးေဝး မစဥ္းစားထဲေတာ့ဘဲ ေရထဲသို႔ ထိုးဆင္းလိုက္၏။ ေရ ေအာက္လိုဏ္ဂူႀကီးဆီသို႔ အလြန္လ်င္ျမန္စြာ ကူးခတ္သြားေလ၏။
ထိုအခ်ိန္၌ ကန္ေတာ့ပြဲကိုယ္စီ ႐ြက္လာၾကေသာ လူစိမ္းႏွစ္ဦးမွာ ေရနက္ပိုင္းသို႔ တေ႐ြ႕ေ႐ြ႕ ဆင္းေနၾက၏။ လည္ရင္းအထိ ေရျမႇဳပ္ေနေလၿပီ ျဖစ္၏။ သူတို႔ဆရာႀကီးက ေလသံထန္ထန္မာမာႏွင့္ ေအာ္ေျပာေလ၏။
“ေဟ့ေကာင္ေတြ… ေရထဲငုပ္ၿပီး စုပ္ဝဲႀကီး ျမစ္ေအာက္ၾကမ္းခင္းနဲ႔ လိုဏ္ဂူႀကီးအတြင္းထဲကန္ေတာ့ပြဲေတြကိုပို႔လိုက္ၾကေတာ့ေလ”

လူစိမ္းႏွစ္ဦးမွာ ေရေအာက္သို႔ ကန္ေတာ့ပြဲမ်ားႏွင့္အတူ ငုပ္လွ်ိဳးသြား ၾက၏။ လူျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေသာအခါ ကန္ေတာ့ပြဲမ်ားကို လြင့္ပစ္လိုက္၏။
ထို႔ေနာက္ စုံစမ္းေလ့လာထားသည့္အတိုင္း လိုဏ္ဂူႀကီးဆီသို႔ သြား ၾက၏။ လိုဏ္ဂူဝေရာက္ေသာအခါ မေၾကာက္မ႐ြံ႕ဝင္ၾက၏။ အထဲသို႔ ဝင္ လိုက္သည္ႏွင့္တစ္ၿပိဳင္တည္း အံ့ဩဖြယ္ လင္းထိန္ေနေၾကာင္း ေတြ႕ရ၏။ တစ္ေယာက္က အလင္းေရာင္ျဖာထြက္ေနပုံကို သတိထားမိၿပီး ေကာက္ ခ်က္ခ်ေလ၏။
“ေဟ့ေကာင္… ဒီလိုဏ္ဂူႀကီးထဲမွာ အဖိုးတန္ပတၱျမားရွိတယ္ဆိုတာ အမွန္ပဲ..။ ဂူႀကီးတစ္ခုလုံး ျဖာထြက္ေနတဲ့အလင္းေရာင္ကို ၾကည့္လိုက္ တယ္”
“ဒါဆို.. ငါတို႔ဆရာႀကီးရရွိခဲ့တဲ့ပုရပိုက္ထဲက နိမိတ္တေဘာင္ဟာ မွန္ကန္တယ္ေပါ့၊ ဟား…ဟား..ဟား..”
ထိုလူ၏ ရယ္ေမာသံေၾကာင့္ လိုဏ္ဂူႀကီးတစ္ခုလုံး ဟိန္းထြက္ေန၏။ ေက်ာက္စြယ္ၾကားတြင္ ပုန္းေနေသာ ဘေက်ာ္မွာ ထိုအသံေၾကာင့္ အံ တႀကိတ္ႀကိတ္ ျဖစ္ေန၏။ အသားမ်ား တဆတ္ဆတ္ တုန္ရင္လာ၏။ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုတ္လ်က္၊ တိုက္ခိုက္ရန္ အသင့္ ျပင္ထားေလ၏။
ေလာဘသားေကာင္တို႔ကလည္း ပတၱျမားႀကီးအနီးသို႔ အျမန္ဆုံးလာ ၾက၏။ ေက်ာက္ကလပ္ၾကမ္းခင္းေပၚ ၿပိဳင္တူတက္ၾက၏။ ပတၱျမားႀကီးကို မ်က္ျမင္ဒိ႒ိ ေတြ႕လိုက္ရေသာအခါ အငမ္းမရ ျဖစ္ကုန္ၾက၏။ ထိုစဥ္ တစ္ ေယာက္ကပတၱျမားႀကီးကို ကတုန္ကယင္ႏွင့္ လွမ္းယူ၍ ႀကဳံးဝါးလိုက္၏။ “ဟား…ဟား..ငါတို႔ေတာ့ သူေဌးျဖစ္ၿပီ၊ သူေဌးျဖစ္ၿပီကြ”
လာ၏။
ထိုစဥ္ လိုဏ္ဂူႀကီးတစ္ခုလုံး မိုးခ်ဳပ္သကဲ့သို႔ အသံတစ္သံ ဟိန္းထြက္
“ေဟ့ေကာင္… ပတၱျမားႀကီးကို ေနရာတက်ျပန္ထားလိုက္စမ္းကြာ” ထိုကဲ့သို႔ အသံၾကားလိုက္ရသျဖင့္ ေလာဘသားႏွစ္ေယာက္မွာ ဓားေျမႇာင္ကိုကိုင္၍ အထိတ္တလန႔္ ရန္သူႏွင့္ ရင္ဆိုင္လိုက္၏။ မွင္တက္မိ

ေနေသာ ရန္သူအနားသို႔ တစ္ဟုန္ထိုးသြားၿပီး ပတၱျမားကို လွမ္း၍ လုလိုက္ ၏။ ထိုသူကလည္း အလြန္ လ်င္ျမန္ပါးနပ္၏။ သူ႔လက္ကို ဖ်တ္ခနဲ ႐ုတ္ သိမ္း၍ေရွာင္လိုက္ေလ၏။ေဘးမွရန္သူကလည္းလက္ထဲမွဓားေျမႇာင္ႏွင့္
လွမ္းတြက္၏။
ဘေက်ာ္မွာ ရန္သူႏွစ္ဦး ညႇပ္၍ တိုက္ခိုက္ေနျခင္းကို သတိထားၿပီး ေရွာင္တိမ္းေနရ၏။ သူ႔စိတ္ထဲတြင္လည္း ငါးေ႐ြးငါးႀကီး မည္သည့္ေနရာ ေရာက္ေနသနည္း။ အျမန္ဆုံးေရာက္လာလွ်င္ ေကာင္းမည္ဟု ႀကိတ္ၿပီး ဆုေတာင္းေန၏။ ဓားေျမႇာင္ကိုယ္စီႏွင့္ ရန္သူႏွစ္ဦးမွာ ဒရၾကမ္း တိုက္ခိုက္ လ်က္ရွိ၏။
ထိုအတြက္ေၾကာင့္ ဘေက်ာ္မွာ တျဖည္းျဖည္း ေနာက္ဆုတ္ေနရ၏။ အထူးသတိထားၿပီး အလြတ္မေပးဝံ့ေခ်။ ထိုစဥ္ သူႏွင့္ အနီးဆုံးရန္သူ၏ မ်က္ႏွာအား လွမ္း၍ ကန႔္လန႔္ျဖတ္ တြက္ခ်လိုက္ေလ၏။ မ်က္ႏွာနား ပြတ္ ကာသီကာ လြတ္သြားေသာ္လည္း လက္ေမာင္းတစ္ဖက္အား ထိမိသြား ေလ၏။
လူဆိုး၏လက္ေမာင္းမွ ေသြးမ်ား တစ္စက္ခ်င္းက်ေန၏။ ေက်ာက္ ကလပ္ ၾကမ္းခင္းေပၚႏွင့္ ေရထဲသို႔ က်လ်က္ရွိေလ၏။ ေရစီးႏွင့္အတူ ေသြး မ်ား ေမ်ာပါလ်က္ရွိ၏။ ဘေက်ာ္က ဒဏ္ရာရရွိသူအား တိုက္ခိုက္ရွိန္ ပိုျမႇင့္လိုက္ေလ၏။
ထိုစဥ္ က်န္ေသာရန္သူက ဘေက်ာ္အား အလစ္ဝင္တိုက္၏။ ေနာက္ ဆုတ္၍ေရွာင္တိမ္းလိုက္ရာ ေက်ာက္ကလပ္ၾကမ္းခင္မွ ေရထဲသို႔ ျပဳတ္က် သြား၏။ ထိုအခြင့္အေရးကို လက္လြတ္မခံဘဲ လိုဏ္ဂူဝသို႔ ရန္သူႏွစ္ဦးက ေျပးထြက္သြားၾက၏။
ရန္သူတို႔ေနာက္မွဘေက်ာ္ကလည္းထက္ၾကပ္မကြာလိုက္ပါလာ၏။
ဂူဝအျပင္သို႔ ေရာက္ကုန္ၾကေလၿပီျဖစ္၏။ ထိုအခ်ိန္၌ ေသြးညႇီနံ႔ေၾကာင့္ ငါးေ႐ြးငါးႀကီးေရာက္လာ၏။ငါးေ႐ြးငါးႀကီးကရန္သူတစ္ေယာက္၏ေနာက္ သို႔ လိုက္လံတိုက္ခိုက္လ်က္ရွိေလ၏။ ရန္သူကလည္း ျပန္လည္ခုခံလိုက္ရာ ငါးေ႐ြးငါးႀကီး ဒဏ္ရာအႀကီးအက်ယ္ ရရွိသြား၏။

ဒဏ္ရာရရွိသြားေသာေၾကာင့္ ငါးေ႐ြးငါးႀကီး ေဒါသထြက္သြားေလ၏။ ထိုရန္သူအား အလြတ္မေပးေတာ့ဘဲ သဲႀကီးမဲႀကီး တိုက္ခိုက္ေနေတာ့၏။ ဘေက်ာ္က ပတၱျမားယူသြားေသာ ရန္သူႏွင့္ သူတစ္ျပန္ ကိုယ္တစ္ျပန္ တိုက္ခိုက္လ်က္ရွိေလ၏။
ထိုရန္သူမွာ ပခုံးတြင္ ဓားေျမႇာင္စိုက္မိသြား၏။ အေျခအေနမဟန္မွန္း ရိပ္စားမိသျဖင့္ ကမ္းေျခဘက္သို႔ အသည္းအသန္ ကူးခတ္၍ေျပး၏။
ဘေက်ာ္ကလည္း ထက္ၾကပ္မကြာ လိုက္ခဲ့၏။ ကမ္းေျခသို႔ ဘေက်ာ္ တို႔ေရာက္ရွိေသာအခါငါးေ႐ြးငါးႀကီးကသူ႔ရန္သူအားလက္တစ္ဖက္ကိုက္ ျဖတ္လိုက္၏။ထိုအခ်ိန္၌ဘေက်ာ္တို႔ႏွစ္ဦးေရေပၚသို႔တက္လာၾက၏။ကမ္း ဘက္သို႔ ကူးခတ္လာ၏။ ဘေက်ာ္က ကမ္းေပၚရွိလူမ်ားအား ေအာ္ဟစ္ ေျပာေလ၏။
“အဲ့ဒီလူကို ဖမ္းထားၾကေဟ့၊ သူ႔ဆီမွာ ပတၱျမားပါသြားတယ္”
ထို႔ေၾကာင့္ ကမ္းစပ္ေရာက္ေနေသာ လူဆိုးအား ျမင့္သူႏွင့္ တင္ေ႐ႊတို႔ ဦးေဆာင္၍ဝိုင္းဖမ္းထားၾက၏။သူႀကီးႏွင့္သူတို႔ဆရာႀကီးမွာလူအုပ္ၾကားမွ လစ္ထြက္သြား၏။ေလာဘသားရန္သူတို႔၏အေၾကာင္းကိုလူအုပ္ႀကီးအား ရွင္းျပေလ၏။ ထို႔ေနာက္ ပတၱျမားႀကီးကို ကိုင္၍ ေျမႇာက္ျပလ်က္ ပရိသတ္ အားေအာ္ေျပာလိုက္၏။
“ဒီပတၱျမားႀကီးဟာ သစ္ဆိမ့္ေစတီအေစာင့္အေရွာက္ေတြရဲ႕ ပစၥည္း ျဖစ္တယ္။ ေနရာမွန္ ျပန္ထားရမယ္”
ဘေက်ာ္က ေျပာဆိုၿပီး ေရထဲျပန္ဆင္းသြားေလ၏။ ထိုအခ်ိန္ ငါးေ႐ြး ငါးႀကီး ေရေပၚသို႔ ဘြားခနဲေပၚတက္လာ၏။ ဘေက်ာ္က ငါးေ႐ြးငါးႀကီး၏ ေက်ာကုန္းေပၚ ညင္သာစြာ တက္စီး၍ ေရေအာက္သို႔ ငုပ္လွ်ိဳးသြားေလ ေတာ့၏။
“ဟိန္းထက္