နတ်ရုပ်တစ်ရာချောက်

 

နတ်ရုပ်တစ်ရာချောက်

*********

 

မနက်စောစောအချိန်…။

 

ဥဒေါင်းကျေးရွာတစ်ရွာလုံး အလွန်ထုးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကြောင့် အုတ်အော်သောင်းနင်းဖြစ်ပျက်နေကြတယ်။

 

အကြောင်းက…။

 

ရွာအလည်ပိုင်းမှာနေတဲ့ အောင်မင်းဆိုတဲ့ ကလေးတစ်ယောက်နဲ့ ရွာစွန်ပိုင်းမှာနေတဲ့ အောင်ပုဆိုတဲ့ ကလေးတစ်ယောက်တို့ ညဦးပိုင်း အိပ်ရာဝင်စဉ်က အကောင်း၊ မနက်လင်းမှ နှစ်ယောက်စလုံး သတိလစ်နေခဲ့တာ ဘယ်လိုမှကို ပြန်နှိုးမရတော့ဘူး။

 

သေပြီလားဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ နှစ်ယောက်စလုံးရဲ့ အဖြစ်အပျက်က တိုက်တိုက်ဆိုင်ဆိုင် တူနေပြန်တော့ ရွာကလူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ရတာပေါ့။

 

ကလေးနှစ်ယောက်ကို ရွာရဲ့ ဆေးဆရာကြီး ဦးလူမော်က သူ့အိမ်မှာပဲ ခေါ်ထားပြီး စမ်းသပ်ကြည့်တယ်။

 

နှစ်ယောက်စလုံးရဲ့ သွေးလည်ပတ်မှုကတော့ မရှိတော့ဘူး။ ဒါပေမယ့် နှလုံးခုန်သံကိုတော့ ကြားနေရသေးတယ်။

 

ပုံမှန်ဆို သွေးလည်ပတ်မှုနဲ့ နှလုံးခုန်မှုတို့က ဆက်စပ်နေတာ။ အခုကကျ နှလုံးခုန်သံကိုတော့ ကြားရပြီး သွေးကြောတွေဆီမှာက တိုးခတ်မှု လုံးဝမရှိတော့ဘူး။

 

ဒီလိုဖြစ်ရပ်မျိုးက ဆေးဆရာကြီးရဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး မြင်ဖူးတာရယ်။ ဒီတော့ အဖြစ်အပျက်က အထူးအဆန်းဖြစ်ရပြီပေါ့။ ပြီးတော့ ကုသမှုအနေနဲ့ကလည်း ထူးခြားလာတာမျိုး မရှိဘူးလေ။

 

ဒီလိုနဲ့ နောက်ဆုံးတော့ ဆေးဆရာကြီးလည်း ဖြစ်နိုင်ချေရှိတဲ့ ဆေးတချို့ကို တိုက်ကျွေးကြည့်ပြီး အခြေအနေကို စောင့်ကြည့်နေဖို့ပဲ ဆုံးဖြတ်ချက် ချလိုက်တော့တယ်။

 

မိသားစုဝင်တွေကိုတော့ အခြေအနေကို စောင့်ကြည့်မယ့်အကြောင်းနဲ့ သိပ်တော့ မျှော်လင့်မထားကြဖို့ မှာထားခဲ့ရလေတယ်။

 

*******

 

ည…။

 

သန်းခေါင်ယံဆီကို တိုင်ခဲ့ပြီ။

 

အဲ့ဒီ့အချိန်…။

 

” အား…..”

 

အောင်မင်းနဲ့ အောင်ပုတို့ဆီက ကျယ်လောင်လွန်းတဲ့ အော်ဟစ်သံ။

 

အသံနက်ကြီးတွေနဲ့ အော်တာမို့ ဦးလူမော်ရဲ့ အိမ်မှာရှိနေတဲ့သူအားလုံး လန့်နိုးလာကြရတယ်။

 

မီးထွန်းပြီး အောင်မင်းနဲ့ အောင်ပုတို့ကို ကြည့်ကြတော့ နှစ်ယောက်စလုံး ပြူးကျယ်ဝိုင်းစက်တဲ့ မျက်ဝန်းတွေနဲ့ အိမ်ခေါင်မိုးဆီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတယ်။

 

ဦးလူမော်က သူတို့ကို စမ်းသပ်စစ်ဆေးကြည့်ပေမယ့်လည်း နှစ်ယောက်စလုံးက အသိစိတ်ရှိနေတဲ့ပုံ မရဘူး။

 

မျက်လုံးတွေအရှေ့ကနေ လက်ထားပြီး ကစားပြပေမယ့်လည်း မျက်လုံးတွေက တုန့်ပြန်မှုလုံးဝမရှိဘဲ ငေးရီကြောင်စီနေဆဲပဲ။

 

ဦးလူမော်စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရတယ်။ ပြီးတော့ သူ့ဆရာပြောဖူးတဲ့ စကားတစ်ခွန်းတချို့ကိုလည်း သတိရမိရဲ့။

 

” ဆေးဝါးကုသရာမှာ သာမန်ရောဂါဆိုရင် ကုသရ ခက်ခဲသည့်တိုင်အောင် ဆေးဝါးရှာဖွေလို့ရတယ်။ အဲ…အမှောင့်ပယောဂမျိုး ပါလာပြီဆိုရင်တော့ သာမန်ဆေးပညာနဲ့ ကုသဖို့ မလွယ်ကူတဲ့အပြင် ရောဂါကိုလည်း ရှာရခက်ပြီး ပတ်ဝန်းမှာလည်း ပယောဂရဲ့ လှုပ်ရှားမှုတချို့ကို တွေ့ရတတ်တယ်…”

 

ဦးလးမော် ချက်ချင်းပဲ လူနာကလေးနှစ်ယောက်ဆီက ခွာဖယ်လိုက်ပြီး ဘုရားကျောင်းဆောင်ဆီက ပရိတ်ရေကို သွားစွန့်ယူလာခဲ့လိုက်တယ်။

 

ပြီးတော့…အောင်ပုနဲ့ အောင်မင်းတို့ဆီကို လက်နဲ့ ဆတ်တောက်လိုက်လေတယ်။

 

” အီး….”

 

” ဝုန်း…”

 

နှစ်ယောက်စလုံးဆီက မချိမဆန့်အော်သံကြီး ထွက်ပေါ်လာပြီး ဝုန်းခနဲ့ ထထိုင်လာကာ ချက်ချင်းပဲ အိပ်ရာဆီကို ပက်လက်လန် ပြန်လဲကျသွားခဲ့တယ်။

 

ပြီးတော့ ဦးလူမော်ရဲ့ ခြံထဲဆီက ရုန်းရင်းဆန်းခတ် ပြေးလွှားသံတချို့။

 

ဦးလူမော် အပြေးအလွှားနဲ့ ပြတင်းတံခါးကို ဖွင့်လို့ ခြံထဲကို ကြည့်လိုက်တယ်။

 

သူ့မျက်ဝန်းထဲမှာ ခြံထဲဆီက ပြေးထွက်သွားကြတဲ့ အရိပ်အယောင်တချို့။

 

ဦးလူမော်တစ်ယောက် သက်ပြင်းကို ထျမိလိုက်ချေပြီ။

 

ပြီးတော့ ကလေးနှစ်ယောက်ရဲ့ မိဘတွေဆီကို ပြန်သွားခဲ့ပြီး…။

 

” ကဲ…ကလေးတွေရဲ့ မိဘတွေ။ မင်းတို့ကို ဆရာကြီးအနေနဲ့ ပြောပြရမှာကတော့ အားနာတယ်။ အခု ကလေးတွေမှာ စွဲကပ်နေတာကတော့ သာမန်ရောဂါဘယမဟုတ်ဘူး။ အမှောင့်ပယောဂရဲ့ ဘမ်းစား၊ ပြုစားခြင်းတွေပဲ။ ဒါကို ဖြေရှင်းဖို့ကတော့ ဆရာအနေနဲ့က မစွမ်းသာဘူး။ ဒီတော့ စွမ်းသာနိုင်မယ့်သူကို ရှာဖွေကြဖို့ အကြံပြုလိုပါတယ်…”

 

ဆေးဆရာကြီးရဲ့ စကားကြောင့် အောင်ပုတို့ မိဘတွေ စိုးရိမ်ထိတ်လန့်ကုန်ကြတယ်။

 

ဘာကြောင့်လဲဆိုတော့ သူတို့ရပ်ရွာဝန်းကျင်မှာက ပယောဂကို ကုသနှိမ်နင်းဖို့ဆိုတာက စွမ်းသာတဲ့ ဆရာမျိုးဆိုတာ တစ်ဦးတစ်ယောက်တောင် မထွန်းကားခဲ့ဖူးဘူး။

 

အခု ကလေးတွေမှာ ကြုံနေရတာက ပယောဂဆိုတာကို သူတို့လည်း မျက်မြင်ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းတောင် မသိကြတော့ဘူး။

 

” ဆရာကြီးရယ်…ကျုပ်တို့ ကလေးတွေကို တစ်ခုခုနဲ့ ကယ်တင်ပေးဖို့ကော မဖြစ်နိုင်ဘူးလား။ သေချာ စဉ်းစားကြည့်ပါဦး ဆရာကြီးရယ်…”

 

” ဟုတ်တယ် ဆရာကြီး။ ကျုပ်တို့နဲ့ အနီးတဝိုက်မှာက ဆရာကြီးပြောသလို ပယာဂဆရာဆိုတာက ရွှေထက်ကို ရှားပါးနေတာ။ ကျုပ်တို့ရဲ့ ကလေးတွေကို ကယ်တင်ဖို့ နည်းလမ်းရှာပေးပါဦး ဆရာကြီးရယ်။ ကယ်တင်ပေးပါဗျာ…”

 

ကလေးနှစ်ယောက်ရဲ့ မိဘတွေက ကူရာကယ်ရာမဲ့နေတာမို့ ရှိရင်းစွဲကိုပဲ အားကိုးတိုက်တွန်းမိလိုက်ကြတယ်။

 

ဒါပေမယ့် ဆေးဆရာကြီးက ခေါင်းကို ခါရမ်းလိုက်ပြီး…။

 

” ဒါမျိုးတွေကျ ဆရာကြီးအနေနဲ့ နားလည်တတ်ကျွမ်းမှုမရှိဘူး။ ပြီးတော့ ကြားဖူးနားဝအရ တတ်ကျွမ်းနားလည်သူနဲ့ပဲ ကုသပေးသင့်တယ်…”

 

ဆရာကြီးရဲ့ ငြင်းဆန်မှုကြောင့် ကလေးနှစ်ယောက်ရဲ့ မိသားစုတွေ စိတ်ပျက်အားငယ်သွားကြရတယ်။

 

” ဘယ်လိုလုပ်ကြရမလဲ…”

 

” ငါတို့လည်း မပြောတတ်တော့ပါဘူး…”

 

မိသားနှစ်စုတို့ရဲ့ ပြောစကားတွေကို ဆေးဆရာကြီး ဦးလူမော် စိတ်ကမပါပေမယ့် လစ်လှူရှုထားမိရတယ်။

 

” ကဲပါလေ…ဘာပဲဖြစ်ဖြစ် ညဥ့်လည်းနက်လှပြီဆိုတော့ ကလေးတွေနဲ့ ခင်ဗျားတို့အားလုံး ဒီတစ်ညတော့ ကျုပ်ရဲ့ အိမ်မှာပဲ အိပ်စက်လိုက်ကြပေါ့…”

 

ရွာရဲ့ အတွင်းမှာပဲဆိုပေမယ့် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကြောင့် နှစ်ဖက်မိသားစုတို့ ဦးလူမော်ရဲ့ စကားကို ငြင်းဆန်မှုမပြုခဲ့ကြပါဘူး။

 

*******

 

” အို…လုပ်ကြပါဦးတော်၊ က…ကလေးတွေ မရှိတော့ဘူး…”

 

အောင်ပုအမေရဲ့ အော်သံကြောင့် အားလာံး လန့်နိုးလာကြရတယ်။

 

ညတုန်းက အဖြစ်အပျက်အပြီးမှာ အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကုန်ကြတာ အခု အောင်ပုအမေရဲ့ အော်သံကြားရတဲ့အထိပဲ။

 

အိပ်မှုန်စုန်မွှားနဲ့ ကလေးတွေကို ထရှာကြတယ်။

 

ဒါပေမယ့် တစ်အိမ်လုံးတင်မက၊ ခြံထဲအထိပါ နှံ့သွားတယ်။ ကလေးတွေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရဘူး။

 

အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်ရပြီ။

 

မိသားစုအရေးကနေ ရပ်ရွာအရေးဖြစ်ခဲ့ပြီး တစ်ရွာလုံး ဝိုင်းဝန်းရှာဖွေကြဖို့ ဖြစ်လာခဲ့တယ်။

 

ရပ်အနှံ့၊ ရွာအနှံ့ ရှာကြပေမယ့် ကလေးတွေရဲ့ အရိပ်အယောင်ကိုတောင်မှ မတွေ့ရဘူး။

 

သေသလား၊ ရှင်သလား ဆိုတာကလည်း မသိနိုင်၊ မိသားစုတွေကလည်း ငိုယိုကုန်ကြပြီ။

 

ဒီလိုနဲ့…။

 

နေ့ခင်းဘက်အချိန်မှာတော့ ဥဒေါင်းရွာထဲဆီကို ယောဂီအဝတ် ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက် ရောက်လာခဲ့တယ်။

 

သူတို့က ရွာထဲကို ဝင်လာပြီးတာနဲ့ အောင်ပုတို့ အိမ်ဆီကို တန်းဝင်သွားတယ်။

 

” ဒီကတို့ရဲ့ ကလေး မကျန်းမမာဖြစ်ပြီး ထူးထူးဆန်းဆန်းဖြစ်ရပ်နဲ့ ပျောက်ဆုံးနေတယ်ဆိုတာ ဟုတ်ပါသလားလို့…”

 

ယောဂီဝတ်လူကြီးက မေးလာတယ်။

 

ဒီတော့ အောင်ပုတို့ မိဘတွေက ဟုတ်မှန်ကြောင်း ဖြေမိကြပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြတယ်။

 

ပြီးတော့ လူကြီးတို့ရဲ့ အသွင်အပြင်ကြောင့် အကူအညီတောင်းဖို့ စဉ်းစားလိုက်ကြတယ်။

 

ဒါပေမယ့် လူကြီးက သူတိူ့ အကြံကို ကြိုသိနေပြီး လက်ကာပြလို့…။

 

” ဒီကိစ္စက သာမန်သွေးရိုးသားရိုး မဟုတ်ဘူး။ အမြင်နိုင်တဲ့ လောကတစ်ခုနဲ့ ဆက်စပ်နေတာရယ်။ ဒီက မိဘတို့တော့ စိတ်မပူကြနဲ့။ ဒီကိစ္စအတွက် ဘကြီးတို့ ကူညီပေးမယ်…”

 

သူတို့ ပြောမယ့်စကားကို ကြိုပိတ်ပြီးပြောလာတဲ့ လူကြီးကြောင်ဘ အောင်ပုတို့မိဘတွေ အံ့အားသင့်သွားကြတယ်။

 

” ကဲ…ကဲ…ဒီကတို့လည်း လုပ်စရာရှိတာ လုပ်ကြချေ။ ဘကြီးတို့လည်း ကလေးတွေကို ကယ်တင်ဖို့ ကြိုးစားချေဦးမယ်…”

 

လူကြီးနဲ့ ကလေးနှစ်ယောက်တို့ ရွာအပြင်ကို ပြန်လည်ထွက်ခွာသွားကြတယ်။

 

ရွာထဲကလူတွေကတော့ သူတို့အကြောင်းကို ပြောရင်း ကျန်ရစ်ခဲ့ကြတာပေါ့။

 

*******

 

ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ ရွာအပြင်ဘက်ကို ရောက်လာခဲ့တယ်။

 

ရွာထိပ်ပိုင်းဆီက ညောင်ပင်ကြီးတစ်ပင်ဆီရောက်တော့ နတ်ကွန်းငယ်လေးတစ်ခုကို တွေ့ကြရလေရဲ့။

 

ဦးသိဒ္ဒိက နတ်ကွန်းငယ်လေးရဲ့ အရှေ့မှာ ရပ်လိုက်တယ်။

 

” ဒီရွာကို စောင့်ရှောက်အပ်တဲ့ ရွာစောင့်နတ်၊ ကျွန်ုပ်ရဲ့ အရှေ့မောက်ကို အခုပဲရောက်ရှိလာဖို့ ဖိတ်ကြားအပ်ပါတယ်…”

 

ဦးသိဒ္ဒိရဲ့ စကားသံအဆုံး နတ်ကွန်းရဲ့ အရှေ့ဆီမှာ အထက်အောက် အဝတ်ဖြူကို ဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး လူတစ်ယောက် ပေါ်လာခဲ့တယ်။

 

” ကျွန်ုပ်က ဒီရွာရဲ့ ရွာစောင့်နတ်ပါပဲ။ အခု ဒီက ပုဂ္ဂိုလ်တို့ ကျွန်ုပ်ကို ဖိတ်ကြားမှုကြောင့် အရောက်လာရပါတယ်။ ဘာအတွက်ကြောင့်များ ဖိတ်ကြားအပ်ပါသလဲ…”

 

ရွာစောင့်နတ်က မေးလာတယ်။

 

ဦးသိဒ္ဒိက…။

 

” ကျွန်ုပ်တို့က ခရီးသည်တွေပါ။ ဟော့ဒီ့ရွာကအဖြတ် မကောင်းတဲ့ အငွေ့အသက်တချို့ကြောင့် ဝင်ပြီး စုံစမ်းတာမှာ ကလေးငယ်နှစ်ယောက် အမှောင့်ပယောဂရဲ့ နှောက်ယှက်ခံရပြီး ပျောက်ဆုံးနေတယ်လို့ သိရတယ်။ ဒါက ဘယ်လို ဖြစ်ရတာလဲ။ ရွာစောင်နတ်မင်း သိရင် ပြောပြပေးပါ…”

 

” ကျွန်ုပ်သိပါတယ်။ ဒီကလေးတွေက ဇာတိလို့ နာမည်ရှိတဲ့ ဘီလူးအပိုင်စားတဲ့ နတ်ရုပ်တစ်ရာချောက်ဆီမှာ နွားကျောင်းသွားကြရင်း အဲ့ဒီ့က ရုပ်ထုတစ်ခုကို မဖွယ်မရာကိစ္စတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ အဲ့ဒီ ဇာတိဘီလူးရဲ့ အစေအပါးတွေက ကလေးတွေကို ပြုစားခေါ်ဆောင်သွားခဲ့တာပါ…”

 

ဦးသိဒ္ဒိ အံ့သြသွားတယ်။

 

” ဟင်…ဒါဖြင့် သူတို့တတွေ ရွာထဲကို ဝင်တာကို ဝင်ချိန်တုန်းက သင်က မတားမြစ်ဘူးလား…”

 

ရွာစောင့်နတ်က ခေါင်းကို ခါရမ်းလိုက်တယ်။

 

” ကျွန်ုပ်အနေနဲ့ တားမြစ်ဖို့ မစွမ်သာပါဘူး။ သူတို့က ကလေးတွေကို ကြိုတင်ဖမ်းစားနှင့်ထားပြီးမှ ဝင်ရောက်လာကြတာပါ။ လာခေါ်ချိန်မှာလည်း အုပ်နဲ့သင်းနဲ့ လာခေါ်ဆောင်သွားခဲ့တာပါ။ ပြီးတော့ နတ်ရုပ်တစ်ရာချောက်ရဲ့ အပိုင်စားဖြစ်တဲ့ ဇာတိဘီလူးဟာ သက်တမ်းရှည်ကြာပြီဖြစ်ပြီး စွမ်းအားကလည်း အင်မတန်ကြီးပါတယ်။ ဒါကြောင့် ကျွန်ုပ်အနေနဲ့တော့ သူတို့ကို ရင်ဆိုင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်ုပ် မကြည့်သာပေမယ့် ရှောင်ဖယ်နေခဲ့ရပါတယ်…”

 

ဦးသိဒ္ဒိသက်ပြင်းကို ချလိုက်တယ်။

 

” အင်းလေ…ဟုတ်ပါပြီ။ ဒါဖြင့်လည်း ဒီကကို ကျုပ်အပြစ်မတင်တော့ပါဘူး…”

 

” ကျေးဇူးတင်ပါတယ် အရှင်…”

 

” ကဲ…ဒါဖြင့်လည်း တို့တတွေကို နတ်ရုပ်တစ်ရာချောက်ဆီသွားဖို့အတွက် လမ်းညွှန်ပေးချေဦး…”

 

” ကျွန်ုပ် ညွှန်ပေးပါ့မယ်။ ဒီကနေလမ်းအတိုင်း အရှေ့ဘက်စူးစူးကို တစ်တိုင်လောက်သွားပါ။ ပြီးရင်တော့ လက်ယာဘက် လျိုအစပ်ကနေ ကပ်ပြီးဆင်းသွားခဲ့ရင် နတ်ရုပ်တစ်ရာချောက်ဆီကို ရောက်ပါလိမ့်မယ်…”

 

” သင်သွားလို့ ရပါပြီလေ…”

 

ရွာစောင့်နတ် ကွယ်သွားခဲ့တယ်။

 

အဲ့ဒီ့နောက်မှာတော့ ဦးသိဒ္ဒိတို့ သုံးဦးဟာ ရွာစောင့်နတ် ညွှန်ပြတဲ့လမ်းအတိုင်း နတ်ရုပ်တစ်ရာချောက်ဆီကို ဥိးတည် ထွက်ခွာခဲ့ပါတော့တယ်။

 

*******

 

ညနေစောင်းအချိန်…။

 

ဦးသိဒ္ဒိတို့ လျိုနံဘေးကနေ ကပ်ပြီးလျှောက်နေတုန်း…။

 

” ဟား…ဟား…ဟား…”

 

” ခစ်…ခစ်…ခစ်…”

 

ပတ်ဝန်းကျင် အနှံ့ဆီက ထွက်ပေါ်လာတဲ့ အမျိုးမျိုးသော ရယ်မောသံတို့ကို ကြားလိုက်ရတယ်။

 

” အင်း…ရွာစောင့်နတ်ပြောသလိုပဲ ဇာတိဘီလူးရဲ့ အပေါင်းအပါတွေက မနဲမနောပါလား…”

 

ဦးသိဒ္ဒိက ခပ်တိုးတိုး ရေရွတ်တော့ ဒိုးညီနောင်တို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိကြတယ်။ သစ်ပင်တွေလွဲပြီး တခြားဘာမှ ရှိမနေဘူး။

 

” ဘဘ…ဒီအနေကို ကြည့်ရတာတော့ ကျုပ်တို့ နတ်ရုပ်တစ်ရာ ချောက်ဆီကို ရောက်တော့မယ်နဲ့ တူတယ်…”

 

ဒိုးငယ်က ပြောလာတာ။ ဦးသိဒ္ဒိက…

 

” အင်း…ဟုတ်တယ် လူလေးရဲ့။ ဟိုး အရှေ့က ကျောက်တုံးမည်းမည်းကို လွန်ရင် နတ်ရုပ်တစ်ရာချောက်ပေပဲ…”

 

သူတို့ ဆက်လှမ်းခဲ့ကြပြီး ကျောက်တုံးမည်းကြီးအနားဆီကို ရောက်တော့ ထွက်ပေါ်နေတဲ့ ရယ်မောသံတွေ အားလုံးက တိခနဲရပ်တန့်သွားတယ်။

 

ပတ်ဝန်းကျင်က သာမန်ထက်ကို ပိုကဲပြီး တိတ်ဆိတ်သွားတယ်။

 

ကျောက်တုံးမည်းကြီးကို ကျော်လိုက်ချိန်ကျတော့ ချောက်တစ်ခုထဲဆီမှာ နေရာအနှ့ ပြည့်လုနီးနီး ဖြစ်နေတဲ့ ရုပ်တုတွေကို ဦးသိဒ္ဒိတို့ တွေ့လိုက်ကြရတယ်။

 

အရုပ်တစ်ချို့က ကျိုးပျက်နေပြီး အနဲစုကသာ အကောင်းပကတိကျန်ရစ်လေတယ်။

 

” ရုပ်ထုတွေက အများကြီးပဲ။ ဒါကြောင့်လည်း နတ်ရုပ်တစ်ရာချောက်လို့ သမုတ်ချေတာပေါ့…”

 

ဦးသိဒ္ဒိက ရေရွတ်တယ်။

 

အဲ့ဒီအခိုက်မှာပဲ ပတ်ဝန်းကျင်ဆီက တော်လဲသံကြီး ထွက်ပေါ်လာပြီး အမှောင်ထုတစ်ခုကလည်း ချောက်ဆီကို လွှမ်းမိုးလာတယ်။

 

” အင်း…ဒီအခြေအနေကို ကြည့်ရတာတော့ ဇာတိဘီလူးဟာ ကတယက္ခအနွယ်ဝင်ပဲ။ ဒါပေမယ့် ရွာစောင့်နတ်ပြောသလို သက်တမ်းအနေအထားကြောင့် စွမ်းအားက မသေးချေဘူးရယ်…”

 

” ကတယက္ခ ဟုတ်လား ဘဘ။ အဲ့ဒါက ဘာကို ပြောတာလဲ…”

 

” အင်း…ကတယက္ခဆိုတာက ဘီလူးရုပ်ထုဆစ်ချိန်မှာ နက္ခတ်အချိန်နဲ့ ကိုက်ညှိပြီး မန္တာန်တွေနဲ့ အသက်သွင်းထားခဲ့တဲ့ အစီအမံကြောင့် ဖြစ်တည်လာတဲ့ ဘီလူးပေါ့။ ပုံမှန်ဆိုရင်တော့ ဒီလိုဘီလူးတွေက တန်ခိုးသိဒ္ဒိကြီးမားလေ့ မရှိဘူး။ ဒါပေမယ့် အခုဇာတိဘီလူးကတော့ သက်တမ်းအားဖြင့် ရှည်ကြာပြီမို့ တန်ခိုးသိဒ္ဒိက သာမန်ထက် ကဲသွားခဲ့တာရယ်…”

 

ဦးသိဒ္ဒိရဲ့ စကားကို ဒိုးကြီးရော ဒိုးငယ်မှာ မှတ်သားလိုက်ကြတယ်။

 

” ကဲ…လူလေးတို့ အခုနေတော့ ဘာမှမလုပ်ချေနဲ့ဦး။ နှုတ်ကနေတော့ ကိုယ်လုံအောင် ဘုရားဂုဏ်တော်ကိုးပါးကို အာဂုံဆောင်ထားကြ…”

 

” ဟုတ်ကဲ့ ဘဘ…”

 

ဦးသိဒ္ဒိပြောတဲ့အတိုင်း ဒိုးညီနောင်တို့ ဘုရားဂုဏ်တော်ကိုးပါးကို အာဂုံဆောင်လိုက်ကြတယ်။

 

” ဝေါ…ဂျစ်…ဂျစ်…”

 

ရုပ်တုတွေက တုန်ခါ ရွေ့လျားလာတယ်။

 

ပြီးတော့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကျယ်လောင်လွန်းတဲ့ ရယ်မောသံကြီးတစ်ခုကလည်း ထွက်ပေါ်လာလေရဲ့။

 

” ဟမ်း…မဆီမဆိုင် ဆရာဂိုဏ်းဝင်ထားပြီး ငါ့နေရာကို ခွင့်မတောင်းဘဲ ကျူးကျော်ဝံ့သပေါ့…”

 

သြရှကြမ်းတမ်းစွာနဲ့ ခြိမ်းခြောက်လာတဲ့ စကားသံ။

 

” ကျွန်ုပ်တို့ ကိစ္စတစ်ခုကြောင့် ဒီချောက်ဆီကို ရောက်လာကြတာပါ။ အခု စကားပြောတဲ့ ဇာတိယက္ခကိုလည်း ကိုယ်ထင်ပြပေးဖို့ တောင်းဆိုပါတယ်…”

 

ဦးသိဒ္ဒိက မေတ္တာရပ်ခံသလို ပြောပေမယ့် တစ်ဖက်က တုန့်ပြန်မှု ရှိမလာဘူး။ ရုပ်တုတွေဆီက ဟားတိုက်ရယ်မောသံတွေ အများအပြားပဲ ထွက်လာခဲ့တယ်။

 

ဦးသိဒ္ဒိက အိတ်ထဲက ဆေးလုံးလေးတစ်လုံးကို ထုတ်ယူပြီး မန္တာန်တစ်ပုဒ်အုပ်လို့ တုန်ခါနေတဲ့ ရုပ်တုတွေရှိရာဆီကို ပစ်သွင်းလိုက်တယ်။

 

” ဝုန်း…”

 

ကျယ်လောင်တဲ့ အသံနဲ့အတူ တုန်ခါနေတဲ့ ရုပ်တုတွေ ငြိမ်သက်သွားပြီး ရယ်မောသံတွေလည်း ပျောက်ရှသွားတယ်။

 

” ဪ…သင်က ဘယ်ဆိုးလို့တုန်း…”

 

သြရှတဲ့ အသံက ထွက်ပေါ်လာခဲ့ပြန်ပြီး ရုတ်တရက် ဦးသိဒ္ဒိတို့နဲ့ မလှမ်းမကမ်းဆီမှာ အနီရောင်အဝတ်အစားနဲ့ သန်လျက်ကိုင် ဘီလူးတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။

 

” ကဲ…ကျွန်ုပ်က သင်တို့ ဘာကိစ္စနဲ့ ကျွန်ုပ်ဆီကို လာကြရတာတုန်း။ နယ်မြေချဲ့ထွင်ဖို့ ကျူးကျော်လာတာဆိုရင်တော့ ကျွန်ုပ်ရဲ့ ဟော့ဒီ့သံလျက်က သင်တို့ရဲ့ ခေါင်းကို ဖြတ်ရလိမ့်မယ်…”

 

ဇာတိယက္ခက မေးလည်းမေး ကြိမ်းလည်း ကြိမ်းလာတယ်။ ဦးသိဒ္ဒိက…

 

” ကျုပ်တို့က ဒီနေရာကို ကျူးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ဒီကနေ နှစ်ပြလောက်ဝေးတဲ့ ဥဒေါင်းရွာက ကလေးငယ်နှစ်ယောက်ကို သင့်ရဲ့ ငယ်သားတွေက ပြုစားခေါ်ဆောင်သွားတယ်လို့ သိရတဲ့အတွက် လိုက်လံပြီး ခေါ်ဆောင်ပေးတာပါ။ ကလေးတွေကို ကျွန်ုပ်တို့ဆီကို ပြန်ပေးဖို့ မေတ္တာရပ်ခံပါရစေ…”

 

ဇာတိယက္ခ အံ့သြသွားတယ်။

 

ပြီးတော့ ချက်ချင်းပဲ မာန်တင်းလိုက်ပြီး…။

 

” ဟုတ်ပြီလေ။ ကလေးတွေကို ကျွန်ုပ်ရဲ့ ငယ်သားတွေက ခေါ်ဆောင်လာတယ်ဆိုတာကိုတော့ ကျွန်ုပ်မသိထားဘူး။ ထားလိုက်ပါ။ ဒါက ကျွန်ုပ်ဖြေရှင်းပေးလို့ရတဲ့ ကိစ္စပါ။ ကလေးတွေကို ကျွန်ုပ် ပြန်ယူပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဒီကလေးတွေကို သင်တို့ ပြန်လိုချင်တယ်ဆိုရင်တော့ သင်တို့ထဲက တစ်ယောက် ကျွန်ုပ်နဲ့ ပညာပြိုင်ဖို့တော့ လိုလိမ့်မယ်။ သင်တို့နိုင်ရင် ကလေူတွေကို ကျွန်ုပ် ပြန်ယူပေမယ်။ မနိုင်ရင်တော့ ဒီကလေးတွေကို ကျွန်ုပ်ရဲ့ ငယ်သားတွေ စားသောက်ဖို့ သင်ထားခဲ့ရလိမ့်မယ်…”

 

ဇာတိယက္ခက မာန်တက်လွန်းလှတဲ့ စကားကို ဆိုလိုက်တယ်။

 

ဦးသိဒ္ဒိက ဇာတိယက္ခရဲ့ စကားကို လက်ခံလိုက်ပြီး…။

 

” ကောင်းပြီလေ။ သင်နဲ့ ကျွန်ုပ် ယှဉ်ပြိုင်ပါ့မယ်။ ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတာကို ပြောပါ…”

 

” ဟား…ဟား…ဟား…”

 

ဇာတိယက္ခက ဟက်ဟက်ပက်ပက် ရယ်မောလိုက်တယ်။ ပြီးတော့…

 

” ဟုတ်ပြီလေ…ကျွန်ုပ်ကလည်း ဒီလို အခွင့်အရေးမျိုးကို မျှော်လင့်နေခဲ့တာ။ ကဲ…ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာတော့ တိုက်တာနဲ့ ခုခံတာ နှစ်ခုထဲက သင်တစ်ခုရွေးပါ။ သုံးကြိမ်သုံးခါ ယှဉ်ပြိုင်မှုမှာ နိုင်ဖို့လိုပါတယ်…”

 

ဦးသိဒ္ဒိက ခေါင်းကို ညိတ်လိုက်တယ်။

 

” ကောင်းပါပြီ သင်တိုက်ပါ။ ကျွန်ုပ် ခုခံပါ့မယ်…”

 

ဇာတိယက္ခက သဘောတူလိုက်တယ်။

 

” ကဲ…လူလေးတို့ ဒီကနေ နဲနဲလှမ်းတဲ့ဆီမှာ သွားနေကြပါ…”

 

ဒိုးညီနောင်တို့ ဦးသိဒ္ဒိရဲ့အနားကနေ အနောက်ကို ဖယ်ခွာခဲ့ကြတယ်။

 

” ရပါပြီ…သင် အဆင်သင့်ဖြစ်ရင် စ’ပါတော့…”

 

ဦးသိဒ္ဒိက ပြောပြီးတာနဲ့ မျက်ဝန်းအစုံကို မှိတ်ပြီး မြတ်ဗုဒ္ဓဟောကြားအပ်တဲ့ မေတ္တာသုတ်တော်ထဲက အနှစ်ချုပ်အပိုဒ်နေရာကို ဥုံခံလို့ မန္တာန်အဖြစ် ရွတ်ဆိုနေလိုက်တယ်။

 

အခုနကတည်းက ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပြီး ကိုယ်လုံထားစေခဲ့တာမို့ နံဘေးဝန်းကျင်မှာ ပါးလွှာလွန်းတဲ့ အကာအရံတစ်ခုက ရှိနေခဲ့လေရဲ့။

 

တစ်ဖက်က ဇာတိယက္ခက ဦးသိဒ္ဒိကို တိုက်ခိုက်ဖို့ ပြင်ချေပြီ။

 

ဇာတိယက္ခက ဦးသိဒ္ဒိဆီကို အဝေးကနေ သန်လျက်နဲ့ ခုတ်ပိုင်းသယောင်လုပ်လိုက်တယ်။

 

” ဝေါ…ဂျစ်…ဂျစ်…”

 

သံလျက်ရဲ့ အသွားဆီက အော်မြည်သံတွေနဲ့အတူ နီစွေးတဲ့ ဓားသွားသဏ္ဍာန်စက်တွေက ဦးသိဒ္ဒိဆီကို တိုးဝင်လာခဲ့တယ်။

 

” ဖြန်း…ဖျောင်း…ဖျောင်း…”

 

ဇာတိယက္ခရဲ့ စက်တွေက ဦးသိဒ္ဒိနဲ့ ငါးပေလောက်အကွာအရောက်မှာ တစ်စုံတစ်ခုက တားမြစ်ခုခံထားသလိုပြီး ကျိုးပျက်ကုန်ခဲ့တယ်။

 

” သင်က ခုခံနိုင်သားပဲ…”

 

ဇာတိယက္ခက ရေရွတ်လိုက်ပြီးတာနဲ့ နောက်ထပ်တစ်မျိုး တိုက်ခိုက်ဖို့ ကြိုးစားတယ်။

 

ဒီတစ်ကြိမ်တော့ သူ့မျက်လုံးဆီက နီရဲ့တောက်ပတဲ့ စက်တွေထွက်လာခဲ့ပြီး ဦးသိဒ္ဒိဆီကို ပြေးဝင်ခဲ့တယ်။

 

ဦးသိဒ္ဒိကတော့ မျက်ဝန်းအစုံကို မှိတ်ပြီး မတုန်မလှုပ်နဲ့ ရှိနေဆဲပဲ။

 

” ဝေါ…ဖျစ်…ဖျစ်…”

 

ပထမအကြိမ်တုန်းက အတိုင်းပါပဲ။ သူ့ရဲ့ သက်တွေက ဦးသိဒ္ဒိရဲ့ အနားကို ရောက်တာနဲ့ အကာအကွယ်တစ်ခုနဲ့ ထိမိလိုက်သလိုဖြစ်ပြီး ကျိုးပြတ်ကုန်ရတယ်။

 

အခုထိ ဦးသိဒ္ဒိကို ထိခိုက်မှု မရှိသေးတော့ ဇာတိယက္ခ အလွန်ကို စိတ်ဆိုးသွားခဲ့ရပြီ။

 

သူ့ခန္ဓာကိုယ်ကို လှုပ်ခတ်လိုက်တယ်။

 

ချက်ချင်းဆိုသလိုပဲ နဂိုရှိရင်းစွဲ ခန္ဓာကိုယ်ထက် သုံးဆလောက်ကြီးမားသွားခဲ့တယ်။

 

” ဒီတစ်ခါတော့ သင်ခုခံနိုင်မယ် မထင်ဘူး။ သေဖို့သာ ကြံပေတော့…”

 

ဇာတိယက္ခက ဦးသိဒ္ဒိဆီကို လှမ်းလာခဲ့ပြီး နင်းချေဖို့ လုပ်ဆောင်လိုက်တယ်။

 

ဦးသိဒ္ဒိကတော့ မတုန်မလှုပ်ရပ်နေလျက်ပါပဲ။ ဒိုးညီနောင်တို့ကလည်း ပညာပြိုင်ပွဲကို အသက်ရှူဖို့ မေ့နေတော့မတတ် ကြည့်နေမိကြတယ်။

 

” အရှင်…သူ့ကို သေအောင်သတ်…”

 

” ဒါမှ ငါတို့ အရှင်ကွ…”

 

ဇာတိယက္ခကို အော်ဟစ်အားပေးသံတွေက အကောင်အထည်တွေ မမြင်ရဘဲ နေရာအနှံ့ဆီက ထွက်ပေါ်လာသည်။

 

” ဟင်…”

 

ဇာတိယက္ခရဲ့ ခြေထောက်က ဦးသိဒ္ဒိရဲ့ အပေါ်ကို မြှောက်ပြီး နင်းချေဖို့ ပြင်နေတုန်း လေထဲမှာပဲ တန့်သွားခဲ့ရတယ်။ ပြီးတော့ အောက်ဆီက ဖြူစင်တောက်ပလွန်းတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပြီး ပြင်းထန်တဲ့ တွန်းအားတစ်ခုနဲ့အတူ ဇာတိယက္ခ လွင့်စင်သွားခဲ့ရပါပြီ။

 

ဇာတိယက္ခ လွင့်စင်ထွက်သွားပြီး မြေဆီကို ပြုတ်ကျတော့ နဂိုမူလ ပုံစံအတိုင်းပဲ ရှိနေခဲ့ပြီ။ အော်ဟစ်နေကြတဲ့ အသံတွေလည်း ပျောက်ခြင်းမလှ ပျောက်ခဲ့ရပြီ။

 

ဦးသိဒ္ဒိက ဇာတိယက္ခရဲ့ အနားဆီကို သွားလိုက်တယ်။

 

” ဇာတိယက္ခ…သင့်အနေနဲ့ ကတအနွယ်ဝင်ယက္ခဖြစ်ပြီး ဒီလောက်အစွမ်းရှိနေတာနဲ့ပဲ ကျေနပ်လိုက်ပါ။ သင်တို့ ကတအနွယ်ဝင်တွေဟာ သက်တမ်းကန့်သတ်ချက်မရှိတာမို့ အမှီအတွယ်တည်ရင် တည်သလောက် ရှင်သန်ကြမှာပါ။ ဒါကြောင့် ဒါကိုပဲ အရင်းပြုပြီး အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ဖို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်…”

 

ဇာတိယ္ခ မာန်လျော့ခဲ့ရပြီ။

 

ဦးသိဒ္ဒိရဲ့ အရှေ့မှာ ဒူးထောက်လိုက်တယ်။

 

” ကျွန်ုပ်မှားပါတယ်…အဘသိဒ္ဒိ။ တန်ခိုးသိက္ခာကြောင့် မာန်မာနထားခဲ့မိပါတယ်။ ခွင့်လွှတ်ပေးပါ။ နောက်ပြီးတော့ ကျွန်ုပ်ကို တစ်စုံတစ်ခုကိုလည်း မေးခွင့်ပြုပါ အဘသိဒ္ဒိ…”

 

” ရပါတယ် မေးပါ…”

 

” အခြားတော့ မဟုတ်ပါဘူး။ ကျွန်ုပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်က နတ်ဘီလူးတွေနီးနီးလောက်ကို ရှိနေတာပါ။ ဒါကို အဘသိဒ္ဒိက ဘယ်လိုများ ချေဖျက်နိုင်ခဲ့တာပါလဲ…”

 

ဦးသိဒ္ဒိက ပြုံးလိုက်တယ်။ ပြီးတော့…

 

” သုံးလောကရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ တို့မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်နဲ့ သတ္တလောကကြီး အလုံးစုံကို လွှမ်းမိုးနိုင်တဲ့ မေတ္တာသုတ္တံကြောင့်ပါပဲ…”

 

” ထူးတော့ ထူးဆန်းတယ်။ ဒီလိုအဖြစ်အပျက်ကို ကျွန်ုပ်ကြုံခဲ့ဖူးတယ်။ အရင်က ဒီနေရာကို လူသားတချို့ ရောက်လာချိန်မှာ သူတို့ငို ကျွန်ုပ်က ခြောက်လှန့်ခဲ့တယ်။ ဟန့်တားဖို့ သူတို့တတွေ ဒီလိုမျိုးတွေ ရွတ်ဆိုခဲ့ဖူးတာပဲ။ ဒါပေမယ့် ကျွန်ုပ်ကို မဟန့်တားနိုင်ခဲ့ဘူးလေ…”

 

ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်တယ်။

 

” ဇာတိယက္ခ သင်နားလည်အောင် ပြောရရင်တော့ သံချင်းတူပေမယ့် ဓားမဖြစ်သေးဘူး။ အဆောက်အဦးနဲ့ ဥပမာပြရရင် အုတ်ခဲတွေကို သရိုးနဲ့ တစ်လုံးချင်းစီ စီမံပါမှ အဆောက်အဦးဖြစ်သလိုပါပဲ။ ကျွန်ုပ်က ဂါထာ၊ မန္တာန်တွေကို အာဂုံဆောင်ခဲ့တာ အကြိမ်ပေါင်း ထောင်သောင်းမကတော့ဘူး။ ဒီတော့ အဆောက်အဦး အဖြစ်တည်နိုင်ခဲ့ပါပြီ။ သံချင်းတူပေမယ့် ကျွန်ုပ်ရဲ့ အားထုတ်မှုကြောင့် ဓားဖြစ်ခဲ့ပါပြီ။ ဒီလောက်ဆို သင်သဘောပေါက်ပြီလို့ ယူဆပါတယ် …”

 

” ကျွန်ုပ် သဘောပေါက်ပါပြီ…”

 

ဇာတိယက္ခက ဦးသိဒ္ဒိဆီမှာ ထပ်မံပြီး ဝန်ချတောင်ပန်ခဲ့တယ်။

 

အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့ အစေအပါးတွေ ဖမ်းဆီးထားတဲ့ ကလေးတွေကို ဖမ်းစားမှုတွေ ဖြေလျော့ပြီး သူတို့ကိုယ်တိုင်ပဲ မိဘတွေဆီ ပြန်ပို့ပေးခဲ့တယ်။

 

အချိန်က ညဥ့်နက်လှပြီဆိုတော့ သူတို့ ပြန်ပို့ပေးခဲ့တာကို ဥဒေါင်းရွာက ရွာစောင့်နတ်ကလွဲပြီး ဘယ်သူမှ မသိခဲ့ဘူး။

 

မနက်မိုးလင်းပါမှ ကလေးတွေ ပြန်ရောက်နေပြီး ကျန်းကျန်းမာမာနဲ့ ရှိနေတာ တွေ့ကြရပြီး အားလုံးဝမ်းသာ ပျော်ရွှင်ကုန်ကြတယ်။

 

အဖြစ်အပျက်ကို မေးကြည့်တော့ အောင်ပုနဲ့ အောင်မင်းတို့က နတ်ရုပ်တစ်ရာချောက်ထဲကို နွားပျောက်ရှာရင်း ရောက်သွားကြပြီး ရုပ်တုတွေကို တွေ့တော့ ကလေးတို့သဘာ၀ အဆော့လွန်ခဲ့မိကြတာ။

 

ဒါကနေပဲ မထင်မှတ်ဘဲ သူတို့အသက်ဆုံးပါးလုနီးနီး ဖြစ်ခဲ့ရတယ်။

 

အခုတော့ သူတို့တတွေအားလုံး နတ်ရုပ်တစ်ရာချောက်ထဲကို ခြေဦးတောင် မလှည့်ရဲခဲ့ကြတော့ဘူး။

 

နတ်ရုပ်တစ်ရာချောက်ဟာလည်း အဲ့ဒီ့ကနေ နောက်တစ်ရက်မှာတော့ ချောက်ထဲမှာ ရှိနေတဲ့ ရုပ်တုတချို့ဟာ ပျောက်ကွယ်သွားခဲ့တယ်။

 

ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ညတွင်းချင်းကိုပဲ နတ်ရုပ်တစ်ရာချောက်ဆီကနေ မူလရည်မှန်းရာဆီကို ခရီးဆက်လက်ခဲ့ကြပါတယ်။

 

အဲ့ဒီ့လို ခရီးဆက်ကြရင်းနဲ့ ရွာတစ်ရွာဆီကို ရောက်ချိန်ကျတော့ အဲ့ဒီ့ရွာက လူတချို့ဟာ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ အစီအရင်တစ်ခုရဲ့ အတိုက်အခိုက်ကို ခံနေကြရပါတယ်။

 

ဒီအကြောင်းကိုတော့ ” သွေးသောက်ကျောက်လက်ဝါး” ဆိုတဲ့ စာမူမှာ ဆက်လက်ဖတ်ရှုပေးကြပါဦးခင်ဗျာ…။

 

နောင်ရိုး(ဆေးတပ်)

နတ္႐ုပ္တစ္ရာေခ်ာက္
*********

မနက္ေစာေစာအခ်ိန္…။

ဥေဒါင္းေက်း႐ြာတစ္႐ြာလုံး အလြန္ထုးဆန္းတဲ့ ျဖစ္ရပ္တစ္ခုေၾကာင့္ အုတ္ေအာ္ေသာင္းနင္းျဖစ္ပ်က္ေနၾကတယ္။

အေၾကာင္းက…။

႐ြာအလည္ပိုင္းမွာေနတဲ့ ေအာင္မင္းဆိုတဲ့ ကေလးတစ္ေယာက္နဲ႔ ႐ြာစြန္ပိုင္းမွာေနတဲ့ ေအာင္ပုဆိုတဲ့ ကေလးတစ္ေယာက္တို႔ ညဦးပိုင္း အိပ္ရာဝင္စဥ္က အေကာင္း၊ မနက္လင္းမွ ႏွစ္ေယာက္စလုံး သတိလစ္ေနခဲ့တာ ဘယ္လိုမွကို ျပန္ႏႈိးမရေတာ့ဘူး။

ေသၿပီလားဆိုျပန္ေတာ့လည္း မဟုတ္ျပန္ဘူး။ ႏွစ္ေယာက္စလုံးရဲ႕ အျဖစ္အပ်က္က တိုက္တိုက္ဆိုင္ဆိုင္ တူေနျပန္ေတာ့ ႐ြာကလူေတြ ႐ုတ္႐ုတ္သဲသဲ ျဖစ္ရတာေပါ့။

ကေလးႏွစ္ေယာက္ကို ႐ြာရဲ႕ ေဆးဆရာႀကီး ဦးလူေမာ္က သူ႔အိမ္မွာပဲ ေခၚထားၿပီး စမ္းသပ္ၾကည့္တယ္။

ႏွစ္ေယာက္စလုံးရဲ႕ ေသြးလည္ပတ္မႈကေတာ့ မရွိေတာ့ဘူး။ ဒါေပမယ့္ ႏွလုံးခုန္သံကိုေတာ့ ၾကားေနရေသးတယ္။

ပုံမွန္ဆို ေသြးလည္ပတ္မႈနဲ႔ ႏွလုံးခုန္မႈတို႔က ဆက္စပ္ေနတာ။ အခုကက် ႏွလုံးခုန္သံကိုေတာ့ ၾကားရၿပီး ေသြးေၾကာေတြဆီမွာက တိုးခတ္မႈ လုံးဝမရွိေတာ့ဘူး။

ဒီလိုျဖစ္ရပ္မ်ိဳးက ေဆးဆရာႀကီးရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ ပထမဦးဆုံး ျမင္ဖူးတာရယ္။ ဒီေတာ့ အျဖစ္အပ်က္က အထူးအဆန္းျဖစ္ရၿပီေပါ့။ ၿပီးေတာ့ ကုသမႈအေနနဲ႔ကလည္း ထူးျခားလာတာမ်ိဳး မရွိဘူးေလ။

ဒီလိုနဲ႔ ေနာက္ဆုံးေတာ့ ေဆးဆရာႀကီးလည္း ျဖစ္ႏိုင္ေခ်ရွိတဲ့ ေဆးတခ်ိဳ႕ကို တိုက္ေကြၽးၾကည့္ၿပီး အေျခအေနကို ေစာင့္ၾကည့္ေနဖို႔ပဲ ဆုံးျဖတ္ခ်က္ ခ်လိုက္ေတာ့တယ္။

မိသားစုဝင္ေတြကိုေတာ့ အေျခအေနကို ေစာင့္ၾကည့္မယ့္အေၾကာင္းနဲ႔ သိပ္ေတာ့ ေမွ်ာ္လင့္မထားၾကဖို႔ မွာထားခဲ့ရေလတယ္။

*******

ည…။

သန္းေခါင္ယံဆီကို တိုင္ခဲ့ၿပီ။

အဲ့ဒီ့အခ်ိန္…။

” အား…..”

ေအာင္မင္းနဲ႔ ေအာင္ပုတို႔ဆီက က်ယ္ေလာင္လြန္းတဲ့ ေအာ္ဟစ္သံ။

အသံနက္ႀကီးေတြနဲ႔ ေအာ္တာမို႔ ဦးလူေမာ္ရဲ႕ အိမ္မွာရွိေနတဲ့သူအားလုံး လန႔္ႏိုးလာၾကရတယ္။

မီးထြန္းၿပီး ေအာင္မင္းနဲ႔ ေအာင္ပုတို႔ကို ၾကည့္ၾကေတာ့ ႏွစ္ေယာက္စလုံး ျပဴးက်ယ္ဝိုင္းစက္တဲ့ မ်က္ဝန္းေတြနဲ႔ အိမ္ေခါင္မိုးဆီကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနၾကတယ္။

ဦးလူေမာ္က သူတို႔ကို စမ္းသပ္စစ္ေဆးၾကည့္ေပမယ့္လည္း ႏွစ္ေယာက္စလုံးက အသိစိတ္ရွိေနတဲ့ပုံ မရဘူး။

မ်က္လုံးေတြအေရွ႕ကေန လက္ထားၿပီး ကစားျပေပမယ့္လည္း မ်က္လုံးေတြက တုန႔္ျပန္မႈလုံးဝမရွိဘဲ ေငးရီေၾကာင္စီေနဆဲပဲ။

ဦးလူေမာ္စိတ္ထဲ ထင့္ခနဲ ျဖစ္သြားရတယ္။ ၿပီးေတာ့ သူ႔ဆရာေျပာဖူးတဲ့ စကားတစ္ခြန္းတခ်ိဳ႕ကိုလည္း သတိရမိရဲ႕။

” ေဆးဝါးကုသရာမွာ သာမန္ေရာဂါဆိုရင္ ကုသရ ခက္ခဲသည့္တိုင္ေအာင္ ေဆးဝါးရွာေဖြလို႔ရတယ္။ အဲ…အေမွာင့္ပေယာဂမ်ိဳး ပါလာၿပီဆိုရင္ေတာ့ သာမန္ေဆးပညာနဲ႔ ကုသဖို႔ မလြယ္ကူတဲ့အျပင္ ေရာဂါကိုလည္း ရွာရခက္ၿပီး ပတ္ဝန္းမွာလည္း ပေယာဂရဲ႕ လႈပ္ရွားမႈတခ်ိဳ႕ကို ေတြ႕ရတတ္တယ္…”

ဦးလးေမာ္ ခ်က္ခ်င္းပဲ လူနာကေလးႏွစ္ေယာက္ဆီက ခြာဖယ္လိုက္ၿပီး ဘုရားေက်ာင္းေဆာင္ဆီက ပရိတ္ေရကို သြားစြန႔္ယူလာခဲ့လိုက္တယ္။

ၿပီးေတာ့…ေအာင္ပုနဲ႔ ေအာင္မင္းတို႔ဆီကို လက္နဲ႔ ဆတ္ေတာက္လိုက္ေလတယ္။

” အီး….”

” ဝုန္း…”

ႏွစ္ေယာက္စလုံးဆီက မခ်ိမဆန႔္ေအာ္သံႀကီး ထြက္ေပၚလာၿပီး ဝုန္းခနဲ႔ ထထိုင္လာကာ ခ်က္ခ်င္းပဲ အိပ္ရာဆီကို ပက္လက္လန္ ျပန္လဲက်သြားခဲ့တယ္။

ၿပီးေတာ့ ဦးလူေမာ္ရဲ႕ ၿခံထဲဆီက ႐ုန္းရင္းဆန္းခတ္ ေျပးလႊားသံတခ်ိဳ႕။

ဦးလူေမာ္ အေျပးအလႊားနဲ႔ ျပတင္းတံခါးကို ဖြင့္လို႔ ၿခံထဲကို ၾကည့္လိုက္တယ္။

သူ႔မ်က္ဝန္းထဲမွာ ၿခံထဲဆီက ေျပးထြက္သြားၾကတဲ့ အရိပ္အေယာင္တခ်ိဳ႕။

ဦးလူေမာ္တစ္ေယာက္ သက္ျပင္းကို ထ်မိလိုက္ေခ်ၿပီ။

ၿပီးေတာ့ ကေလးႏွစ္ေယာက္ရဲ႕ မိဘေတြဆီကို ျပန္သြားခဲ့ၿပီး…။

” ကဲ…ကေလးေတြရဲ႕ မိဘေတြ။ မင္းတို႔ကို ဆရာႀကီးအေနနဲ႔ ေျပာျပရမွာကေတာ့ အားနာတယ္။ အခု ကေလးေတြမွာ စြဲကပ္ေနတာကေတာ့ သာမန္ေရာဂါဘယမဟုတ္ဘူး။ အေမွာင့္ပေယာဂရဲ႕ ဘမ္းစား၊ ျပဳစားျခင္းေတြပဲ။ ဒါကို ေျဖရွင္းဖို႔ကေတာ့ ဆရာအေနနဲ႔က မစြမ္းသာဘူး။ ဒီေတာ့ စြမ္းသာႏိုင္မယ့္သူကို ရွာေဖြၾကဖို႔ အႀကံျပဳလိုပါတယ္…”

ေဆးဆရာႀကီးရဲ႕ စကားေၾကာင့္ ေအာင္ပုတို႔ မိဘေတြ စိုးရိမ္ထိတ္လန႔္ကုန္ၾကတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရပ္႐ြာဝန္းက်င္မွာက ပေယာဂကို ကုသႏွိမ္နင္းဖို႔ဆိုတာက စြမ္းသာတဲ့ ဆရာမ်ိဳးဆိုတာ တစ္ဦးတစ္ေယာက္ေတာင္ မထြန္းကားခဲ့ဖူးဘူး။

အခု ကေလးေတြမွာ ႀကဳံေနရတာက ပေယာဂဆိုတာကို သူတို႔လည္း မ်က္ျမင္ဆိုေတာ့ ဘာလုပ္လို႔ ဘာကိုင္ရမယ္မွန္းေတာင္ မသိၾကေတာ့ဘူး။

” ဆရာႀကီးရယ္…က်ဳပ္တို႔ ကေလးေတြကို တစ္ခုခုနဲ႔ ကယ္တင္ေပးဖို႔ေကာ မျဖစ္ႏိုင္ဘူးလား။ ေသခ်ာ စဥ္းစားၾကည့္ပါဦး ဆရာႀကီးရယ္…”

” ဟုတ္တယ္ ဆရာႀကီး။ က်ဳပ္တို႔နဲ႔ အနီးတဝိုက္မွာက ဆရာႀကီးေျပာသလို ပယာဂဆရာဆိုတာက ေ႐ႊထက္ကို ရွားပါးေနတာ။ က်ဳပ္တို႔ရဲ႕ ကေလးေတြကို ကယ္တင္ဖို႔ နည္းလမ္းရွာေပးပါဦး ဆရာႀကီးရယ္။ ကယ္တင္ေပးပါဗ်ာ…”

ကေလးႏွစ္ေယာက္ရဲ႕ မိဘေတြက ကူရာကယ္ရာမဲ့ေနတာမို႔ ရွိရင္းစြဲကိုပဲ အားကိုးတိုက္တြန္းမိလိုက္ၾကတယ္။

ဒါေပမယ့္ ေဆးဆရာႀကီးက ေခါင္းကို ခါရမ္းလိုက္ၿပီး…။

” ဒါမ်ိဳးေတြက် ဆရာႀကီးအေနနဲ႔ နားလည္တတ္ကြၽမ္းမႈမရွိဘူး။ ၿပီးေတာ့ ၾကားဖူးနားဝအရ တတ္ကြၽမ္းနားလည္သူနဲ႔ပဲ ကုသေပးသင့္တယ္…”

ဆရာႀကီးရဲ႕ ျငင္းဆန္မႈေၾကာင့္ ကေလးႏွစ္ေယာက္ရဲ႕ မိသားစုေတြ စိတ္ပ်က္အားငယ္သြားၾကရတယ္။

” ဘယ္လိုလုပ္ၾကရမလဲ…”

” ငါတို႔လည္း မေျပာတတ္ေတာ့ပါဘူး…”

မိသားႏွစ္စုတို႔ရဲ႕ ေျပာစကားေတြကို ေဆးဆရာႀကီး ဦးလူေမာ္ စိတ္ကမပါေပမယ့္ လစ္လႉရႈထားမိရတယ္။

” ကဲပါေလ…ဘာပဲျဖစ္ျဖစ္ ညဥ့္လည္းနက္လွၿပီဆိုေတာ့ ကေလးေတြနဲ႔ ခင္ဗ်ားတို႔အားလုံး ဒီတစ္ညေတာ့ က်ဳပ္ရဲ႕ အိမ္မွာပဲ အိပ္စက္လိုက္ၾကေပါ့…”

႐ြာရဲ႕ အတြင္းမွာပဲဆိုေပမယ့္ ကေလးေတြရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ ႏွစ္ဖက္မိသားစုတို႔ ဦးလူေမာ္ရဲ႕ စကားကို ျငင္းဆန္မႈမျပဳခဲ့ၾကပါဘူး။

*******

” အို…လုပ္ၾကပါဦးေတာ္၊ က…ကေလးေတြ မရွိေတာ့ဘူး…”

ေအာင္ပုအေမရဲ႕ ေအာ္သံေၾကာင့္ အားလာံး လန႔္ႏိုးလာၾကရတယ္။

ညတုန္းက အျဖစ္အပ်က္အၿပီးမွာ အားလုံး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ကုန္ၾကတာ အခု ေအာင္ပုအေမရဲ႕ ေအာ္သံၾကားရတဲ့အထိပဲ။

အိပ္မႈန္စုန္မႊားနဲ႔ ကေလးေတြကို ထရွာၾကတယ္။

ဒါေပမယ့္ တစ္အိမ္လုံးတင္မက၊ ၿခံထဲအထိပါ ႏွံ႔သြားတယ္။ ကေလးေတြရဲ႕ အရိပ္အေယာင္ကိုေတာင္ မေတြ႕ရဘူး။

အေျခအေနက ႐ုတ္႐ုတ္သဲသဲျဖစ္ရၿပီ။

မိသားစုအေရးကေန ရပ္႐ြာအေရးျဖစ္ခဲ့ၿပီး တစ္႐ြာလုံး ဝိုင္းဝန္းရွာေဖြၾကဖို႔ ျဖစ္လာခဲ့တယ္။

ရပ္အႏွံ႔၊ ႐ြာအႏွံ႔ ရွာၾကေပမယ့္ ကေလးေတြရဲ႕ အရိပ္အေယာင္ကိုေတာင္မွ မေတြ႕ရဘူး။

ေသသလား၊ ရွင္သလား ဆိုတာကလည္း မသိႏိုင္၊ မိသားစုေတြကလည္း ငိုယိုကုန္ၾကၿပီ။

ဒီလိုနဲ႔…။

ေန႔ခင္းဘက္အခ်ိန္မွာေတာ့ ဥေဒါင္း႐ြာထဲဆီကို ေယာဂီအဝတ္ ဝတ္ဆင္ထားတဲ့ လူႀကီးတစ္ေယာက္နဲ႔ ကေလးႏွစ္ေယာက္ ေရာက္လာခဲ့တယ္။

သူတို႔က ႐ြာထဲကို ဝင္လာၿပီးတာနဲ႔ ေအာင္ပုတို႔ အိမ္ဆီကို တန္းဝင္သြားတယ္။

” ဒီကတို႔ရဲ႕ ကေလး မက်န္းမမာျဖစ္ၿပီး ထူးထူးဆန္းဆန္းျဖစ္ရပ္နဲ႔ ေပ်ာက္ဆုံးေနတယ္ဆိုတာ ဟုတ္ပါသလားလို႔…”

ေယာဂီဝတ္လူႀကီးက ေမးလာတယ္။

ဒီေတာ့ ေအာင္ပုတို႔ မိဘေတြက ဟုတ္မွန္ေၾကာင္း ေျဖမိၾကၿပီး ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပတယ္။

ၿပီးေတာ့ လူႀကီးတို႔ရဲ႕ အသြင္အျပင္ေၾကာင့္ အကူအညီေတာင္းဖို႔ စဥ္းစားလိုက္ၾကတယ္။

ဒါေပမယ့္ လူႀကီးက သူတိူ႔ အႀကံကို ႀကိဳသိေနၿပီး လက္ကာျပလို႔…။

” ဒီကိစၥက သာမန္ေသြး႐ိုးသား႐ိုး မဟုတ္ဘူး။ အျမင္ႏိုင္တဲ့ ေလာကတစ္ခုနဲ႔ ဆက္စပ္ေနတာရယ္။ ဒီက မိဘတို႔ေတာ့ စိတ္မပူၾကနဲ႔။ ဒီကိစၥအတြက္ ဘႀကီးတို႔ ကူညီေပးမယ္…”

သူတို႔ ေျပာမယ့္စကားကို ႀကိဳပိတ္ၿပီးေျပာလာတဲ့ လူႀကီးေၾကာင္ဘ ေအာင္ပုတို႔မိဘေတြ အံ့အားသင့္သြားၾကတယ္။

” ကဲ…ကဲ…ဒီကတို႔လည္း လုပ္စရာရွိတာ လုပ္ၾကေခ်။ ဘႀကီးတို႔လည္း ကေလးေတြကို ကယ္တင္ဖို႔ ႀကိဳးစားေခ်ဦးမယ္…”

လူႀကီးနဲ႔ ကေလးႏွစ္ေယာက္တို႔ ႐ြာအျပင္ကို ျပန္လည္ထြက္ခြာသြားၾကတယ္။

႐ြာထဲကလူေတြကေတာ့ သူတို႔အေၾကာင္းကို ေျပာရင္း က်န္ရစ္ခဲ့ၾကတာေပါ့။

*******

ဒိုးညီေနာင္နဲ႔ ဦးသိဒၵိတို႔ ႐ြာအျပင္ဘက္ကို ေရာက္လာခဲ့တယ္။

႐ြာထိပ္ပိုင္းဆီက ေညာင္ပင္ႀကီးတစ္ပင္ဆီေရာက္ေတာ့ နတ္ကြန္းငယ္ေလးတစ္ခုကို ေတြ႕ၾကရေလရဲ႕။

ဦးသိဒၵိက နတ္ကြန္းငယ္ေလးရဲ႕ အေရွ႕မွာ ရပ္လိုက္တယ္။

” ဒီ႐ြာကို ေစာင့္ေရွာက္အပ္တဲ့ ႐ြာေစာင့္နတ္၊ ကြၽႏ္ုပ္ရဲ႕ အေရွ႕ေမာက္ကို အခုပဲေရာက္ရွိလာဖို႔ ဖိတ္ၾကားအပ္ပါတယ္…”

ဦးသိဒၵိရဲ႕ စကားသံအဆုံး နတ္ကြန္းရဲ႕ အေရွ႕ဆီမွာ အထက္ေအာက္ အဝတ္ျဖဴကို ဝတ္ဆင္ထားတဲ့ အသက္ႀကီးႀကီး လူတစ္ေယာက္ ေပၚလာခဲ့တယ္။

” ကြၽႏ္ုပ္က ဒီ႐ြာရဲ႕ ႐ြာေစာင့္နတ္ပါပဲ။ အခု ဒီက ပုဂၢိဳလ္တို႔ ကြၽႏ္ုပ္ကို ဖိတ္ၾကားမႈေၾကာင့္ အေရာက္လာရပါတယ္။ ဘာအတြက္ေၾကာင့္မ်ား ဖိတ္ၾကားအပ္ပါသလဲ…”

႐ြာေစာင့္နတ္က ေမးလာတယ္။

ဦးသိဒၵိက…။

” ကြၽႏ္ုပ္တို႔က ခရီးသည္ေတြပါ။ ေဟာ့ဒီ့႐ြာကအျဖတ္ မေကာင္းတဲ့ အေငြ႕အသက္တခ်ိဳ႕ေၾကာင့္ ဝင္ၿပီး စုံစမ္းတာမွာ ကေလးငယ္ႏွစ္ေယာက္ အေမွာင့္ပေယာဂရဲ႕ ေႏွာက္ယွက္ခံရၿပီး ေပ်ာက္ဆုံးေနတယ္လို႔ သိရတယ္။ ဒါက ဘယ္လို ျဖစ္ရတာလဲ။ ႐ြာေစာင္နတ္မင္း သိရင္ ေျပာျပေပးပါ…”

” ကြၽႏ္ုပ္သိပါတယ္။ ဒီကေလးေတြက ဇာတိလို႔ နာမည္ရွိတဲ့ ဘီလူးအပိုင္စားတဲ့ နတ္႐ုပ္တစ္ရာေခ်ာက္ဆီမွာ ႏြားေက်ာင္းသြားၾကရင္း အဲ့ဒီ့က ႐ုပ္ထုတစ္ခုကို မဖြယ္မရာကိစၥတစ္ရပ္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ပဲ အဲ့ဒီ ဇာတိဘီလူးရဲ႕ အေစအပါးေတြက ကေလးေတြကို ျပဳစားေခၚေဆာင္သြားခဲ့တာပါ…”

ဦးသိဒၵိ အံ့ၾသသြားတယ္။

” ဟင္…ဒါျဖင့္ သူတို႔တေတြ ႐ြာထဲကို ဝင္တာကို ဝင္ခ်ိန္တုန္းက သင္က မတားျမစ္ဘူးလား…”

႐ြာေစာင့္နတ္က ေခါင္းကို ခါရမ္းလိုက္တယ္။

” ကြၽႏ္ုပ္အေနနဲ႔ တားျမစ္ဖို႔ မစြမ္သာပါဘူး။ သူတို႔က ကေလးေတြကို ႀကိဳတင္ဖမ္းစားႏွင့္ထားၿပီးမွ ဝင္ေရာက္လာၾကတာပါ။ လာေခၚခ်ိန္မွာလည္း အုပ္နဲ႔သင္းနဲ႔ လာေခၚေဆာင္သြားခဲ့တာပါ။ ၿပီးေတာ့ နတ္႐ုပ္တစ္ရာေခ်ာက္ရဲ႕ အပိုင္စားျဖစ္တဲ့ ဇာတိဘီလူးဟာ သက္တမ္းရွည္ၾကာၿပီျဖစ္ၿပီး စြမ္းအားကလည္း အင္မတန္ႀကီးပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္အေနနဲ႔ေတာ့ သူတို႔ကို ရင္ဆိုင္ႏိုင္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ကြၽႏ္ုပ္ မၾကည့္သာေပမယ့္ ေရွာင္ဖယ္ေနခဲ့ရပါတယ္…”

ဦးသိဒၵိသက္ျပင္းကို ခ်လိုက္တယ္။

” အင္းေလ…ဟုတ္ပါၿပီ။ ဒါျဖင့္လည္း ဒီကကို က်ဳပ္အျပစ္မတင္ေတာ့ပါဘူး…”

” ေက်းဇူးတင္ပါတယ္ အရွင္…”

” ကဲ…ဒါျဖင့္လည္း တို႔တေတြကို နတ္႐ုပ္တစ္ရာေခ်ာက္ဆီသြားဖို႔အတြက္ လမ္းၫႊန္ေပးေခ်ဦး…”

” ကြၽႏ္ုပ္ ၫႊန္ေပးပါ့မယ္။ ဒီကေနလမ္းအတိုင္း အေရွ႕ဘက္စူးစူးကို တစ္တိုင္ေလာက္သြားပါ။ ၿပီးရင္ေတာ့ လက္ယာဘက္ လ်ိဳအစပ္ကေန ကပ္ၿပီးဆင္းသြားခဲ့ရင္ နတ္႐ုပ္တစ္ရာေခ်ာက္ဆီကို ေရာက္ပါလိမ့္မယ္…”

” သင္သြားလို႔ ရပါၿပီေလ…”

႐ြာေစာင့္နတ္ ကြယ္သြားခဲ့တယ္။

အဲ့ဒီ့ေနာက္မွာေတာ့ ဦးသိဒၵိတို႔ သုံးဦးဟာ ႐ြာေစာင့္နတ္ ၫႊန္ျပတဲ့လမ္းအတိုင္း နတ္႐ုပ္တစ္ရာေခ်ာက္ဆီကို ဥိးတည္ ထြက္ခြာခဲ့ပါေတာ့တယ္။

*******

ညေနေစာင္းအခ်ိန္…။

ဦးသိဒၵိတို႔ လ်ိဳနံေဘးကေန ကပ္ၿပီးေလွ်ာက္ေနတုန္း…။

” ဟား…ဟား…ဟား…”

” ခစ္…ခစ္…ခစ္…”

ပတ္ဝန္းက်င္ အႏွံ႔ဆီက ထြက္ေပၚလာတဲ့ အမ်ိဳးမ်ိဳးေသာ ရယ္ေမာသံတို႔ကို ၾကားလိုက္ရတယ္။

” အင္း…႐ြာေစာင့္နတ္ေျပာသလိုပဲ ဇာတိဘီလူးရဲ႕ အေပါင္းအပါေတြက မနဲမေနာပါလား…”

ဦးသိဒၵိက ခပ္တိုးတိုး ေရ႐ြတ္ေတာ့ ဒိုးညီေနာင္တို႔ ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္မိၾကတယ္။ သစ္ပင္ေတြလြဲၿပီး တျခားဘာမွ ရွိမေနဘူး။

” ဘဘ…ဒီအေနကို ၾကည့္ရတာေတာ့ က်ဳပ္တို႔ နတ္႐ုပ္တစ္ရာ ေခ်ာက္ဆီကို ေရာက္ေတာ့မယ္နဲ႔ တူတယ္…”

ဒိုးငယ္က ေျပာလာတာ။ ဦးသိဒၵိက…

” အင္း…ဟုတ္တယ္ လူေလးရဲ႕။ ဟိုး အေရွ႕က ေက်ာက္တုံးမည္းမည္းကို လြန္ရင္ နတ္႐ုပ္တစ္ရာေခ်ာက္ေပပဲ…”

သူတို႔ ဆက္လွမ္းခဲ့ၾကၿပီး ေက်ာက္တုံးမည္းႀကီးအနားဆီကို ေရာက္ေတာ့ ထြက္ေပၚေနတဲ့ ရယ္ေမာသံေတြ အားလုံးက တိခနဲရပ္တန႔္သြားတယ္။

ပတ္ဝန္းက်င္က သာမန္ထက္ကို ပိုကဲၿပီး တိတ္ဆိတ္သြားတယ္။

ေက်ာက္တုံးမည္းႀကီးကို ေက်ာ္လိုက္ခ်ိန္က်ေတာ့ ေခ်ာက္တစ္ခုထဲဆီမွာ ေနရာအႏွ႔ ျပည့္လုနီးနီး ျဖစ္ေနတဲ့ ႐ုပ္တုေတြကို ဦးသိဒၵိတို႔ ေတြ႕လိုက္ၾကရတယ္။

အ႐ုပ္တစ္ခ်ိဳ႕က က်ိဳးပ်က္ေနၿပီး အနဲစုကသာ အေကာင္းပကတိက်န္ရစ္ေလတယ္။

” ႐ုပ္ထုေတြက အမ်ားႀကီးပဲ။ ဒါေၾကာင့္လည္း နတ္႐ုပ္တစ္ရာေခ်ာက္လို႔ သမုတ္ေခ်တာေပါ့…”

ဦးသိဒၵိက ေရ႐ြတ္တယ္။

အဲ့ဒီအခိုက္မွာပဲ ပတ္ဝန္းက်င္ဆီက ေတာ္လဲသံႀကီး ထြက္ေပၚလာၿပီး အေမွာင္ထုတစ္ခုကလည္း ေခ်ာက္ဆီကို လႊမ္းမိုးလာတယ္။

” အင္း…ဒီအေျခအေနကို ၾကည့္ရတာေတာ့ ဇာတိဘီလူးဟာ ကတယကၡအႏြယ္ဝင္ပဲ။ ဒါေပမယ့္ ႐ြာေစာင့္နတ္ေျပာသလို သက္တမ္းအေနအထားေၾကာင့္ စြမ္းအားက မေသးေခ်ဘူးရယ္…”

” ကတယကၡ ဟုတ္လား ဘဘ။ အဲ့ဒါက ဘာကို ေျပာတာလဲ…”

” အင္း…ကတယကၡဆိုတာက ဘီလူး႐ုပ္ထုဆစ္ခ်ိန္မွာ နကၡတ္အခ်ိန္နဲ႔ ကိုက္ညႇိၿပီး မႏၲာန္ေတြနဲ႔ အသက္သြင္းထားခဲ့တဲ့ အစီအမံေၾကာင့္ ျဖစ္တည္လာတဲ့ ဘီလူးေပါ့။ ပုံမွန္ဆိုရင္ေတာ့ ဒီလိုဘီလူးေတြက တန္ခိုးသိဒၵိႀကီးမားေလ့ မရွိဘူး။ ဒါေပမယ့္ အခုဇာတိဘီလူးကေတာ့ သက္တမ္းအားျဖင့္ ရွည္ၾကာၿပီမို႔ တန္ခိုးသိဒၵိက သာမန္ထက္ ကဲသြားခဲ့တာရယ္…”

ဦးသိဒၵိရဲ႕ စကားကို ဒိုးႀကီးေရာ ဒိုးငယ္မွာ မွတ္သားလိုက္ၾကတယ္။

” ကဲ…လူေလးတို႔ အခုေနေတာ့ ဘာမွမလုပ္ေခ်နဲ႔ဦး။ ႏႈတ္ကေနေတာ့ ကိုယ္လုံေအာင္ ဘုရားဂုဏ္ေတာ္ကိုးပါးကို အာဂုံေဆာင္ထားၾက…”

” ဟုတ္ကဲ့ ဘဘ…”

ဦးသိဒၵိေျပာတဲ့အတိုင္း ဒိုးညီေနာင္တို႔ ဘုရားဂုဏ္ေတာ္ကိုးပါးကို အာဂုံေဆာင္လိုက္ၾကတယ္။

” ေဝါ…ဂ်စ္…ဂ်စ္…”

႐ုပ္တုေတြက တုန္ခါ ေ႐ြ႕လ်ားလာတယ္။

ၿပီးေတာ့ ေၾကာက္မက္ဖြယ္ရာေကာင္းေလာက္ေအာင္ က်ယ္ေလာင္လြန္းတဲ့ ရယ္ေမာသံႀကီးတစ္ခုကလည္း ထြက္ေပၚလာေလရဲ႕။

” ဟမ္း…မဆီမဆိုင္ ဆရာဂိုဏ္းဝင္ထားၿပီး ငါ့ေနရာကို ခြင့္မေတာင္းဘဲ က်ဴးေက်ာ္ဝံ့သေပါ့…”

ၾသရွၾကမ္းတမ္းစြာနဲ႔ ၿခိမ္းေျခာက္လာတဲ့ စကားသံ။

” ကြၽႏ္ုပ္တို႔ ကိစၥတစ္ခုေၾကာင့္ ဒီေခ်ာက္ဆီကို ေရာက္လာၾကတာပါ။ အခု စကားေျပာတဲ့ ဇာတိယကၡကိုလည္း ကိုယ္ထင္ျပေပးဖို႔ ေတာင္းဆိုပါတယ္…”

ဦးသိဒၵိက ေမတၱာရပ္ခံသလို ေျပာေပမယ့္ တစ္ဖက္က တုန႔္ျပန္မႈ ရွိမလာဘူး။ ႐ုပ္တုေတြဆီက ဟားတိုက္ရယ္ေမာသံေတြ အမ်ားအျပားပဲ ထြက္လာခဲ့တယ္။

ဦးသိဒၵိက အိတ္ထဲက ေဆးလုံးေလးတစ္လုံးကို ထုတ္ယူၿပီး မႏၲာန္တစ္ပုဒ္အုပ္လို႔ တုန္ခါေနတဲ့ ႐ုပ္တုေတြရွိရာဆီကို ပစ္သြင္းလိုက္တယ္။

” ဝုန္း…”

က်ယ္ေလာင္တဲ့ အသံနဲ႔အတူ တုန္ခါေနတဲ့ ႐ုပ္တုေတြ ၿငိမ္သက္သြားၿပီး ရယ္ေမာသံေတြလည္း ေပ်ာက္ရွသြားတယ္။

” ဪ…သင္က ဘယ္ဆိုးလို႔တုန္း…”

ၾသရွတဲ့ အသံက ထြက္ေပၚလာခဲ့ျပန္ၿပီး ႐ုတ္တရက္ ဦးသိဒၵိတို႔နဲ႔ မလွမ္းမကမ္းဆီမွာ အနီေရာင္အဝတ္အစားနဲ႔ သန္လ်က္ကိုင္ ဘီလူးတစ္ေကာင္ ထြက္ေပၚလာခဲ့တယ္။

” ကဲ…ကြၽႏ္ုပ္က သင္တို႔ ဘာကိစၥနဲ႔ ကြၽႏ္ုပ္ဆီကို လာၾကရတာတုန္း။ နယ္ေျမခ်ဲ႕ထြင္ဖို႔ က်ဴးေက်ာ္လာတာဆိုရင္ေတာ့ ကြၽႏ္ုပ္ရဲ႕ ေဟာ့ဒီ့သံလ်က္က သင္တို႔ရဲ႕ ေခါင္းကို ျဖတ္ရလိမ့္မယ္…”

ဇာတိယကၡက ေမးလည္းေမး ႀကိမ္းလည္း ႀကိမ္းလာတယ္။ ဦးသိဒၵိက…

” က်ဳပ္တို႔က ဒီေနရာကို က်ဴးဖို႔ ေရာက္လာတာ မဟုတ္ပါဘူး။ ဒီကေန ႏွစ္ျပေလာက္ေဝးတဲ့ ဥေဒါင္း႐ြာက ကေလးငယ္ႏွစ္ေယာက္ကို သင့္ရဲ႕ ငယ္သားေတြက ျပဳစားေခၚေဆာင္သြားတယ္လို႔ သိရတဲ့အတြက္ လိုက္လံၿပီး ေခၚေဆာင္ေပးတာပါ။ ကေလးေတြကို ကြၽႏ္ုပ္တို႔ဆီကို ျပန္ေပးဖို႔ ေမတၱာရပ္ခံပါရေစ…”

ဇာတိယကၡ အံ့ၾသသြားတယ္။

ၿပီးေတာ့ ခ်က္ခ်င္းပဲ မာန္တင္းလိုက္ၿပီး…။

” ဟုတ္ၿပီေလ။ ကေလးေတြကို ကြၽႏ္ုပ္ရဲ႕ ငယ္သားေတြက ေခၚေဆာင္လာတယ္ဆိုတာကိုေတာ့ ကြၽႏ္ုပ္မသိထားဘူး။ ထားလိုက္ပါ။ ဒါက ကြၽႏ္ုပ္ေျဖရွင္းေပးလို႔ရတဲ့ ကိစၥပါ။ ကေလးေတြကို ကြၽႏ္ုပ္ ျပန္ယူေပးႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္။ ဒီကေလးေတြကို သင္တို႔ ျပန္လိုခ်င္တယ္ဆိုရင္ေတာ့ သင္တို႔ထဲက တစ္ေယာက္ ကြၽႏ္ုပ္နဲ႔ ပညာၿပိဳင္ဖို႔ေတာ့ လိုလိမ့္မယ္။ သင္တို႔ႏိုင္ရင္ ကေလူေတြကို ကြၽႏ္ုပ္ ျပန္ယူေပမယ္။ မႏိုင္ရင္ေတာ့ ဒီကေလးေတြကို ကြၽႏ္ုပ္ရဲ႕ ငယ္သားေတြ စားေသာက္ဖို႔ သင္ထားခဲ့ရလိမ့္မယ္…”

ဇာတိယကၡက မာန္တက္လြန္းလွတဲ့ စကားကို ဆိုလိုက္တယ္။

ဦးသိဒၵိက ဇာတိယကၡရဲ႕ စကားကို လက္ခံလိုက္ၿပီး…။

” ေကာင္းၿပီေလ။ သင္နဲ႔ ကြၽႏ္ုပ္ ယွဥ္ၿပိဳင္ပါ့မယ္။ ဘယ္လို ယွဥ္ၿပိဳင္ရမလဲဆိုတာကို ေျပာပါ…”

” ဟား…ဟား…ဟား…”

ဇာတိယကၡက ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္တယ္။ ၿပီးေတာ့…

” ဟုတ္ၿပီေလ…ကြၽႏ္ုပ္ကလည္း ဒီလို အခြင့္အေရးမ်ိဳးကို ေမွ်ာ္လင့္ေနခဲ့တာ။ ကဲ…ဘယ္လို ယွဥ္ၿပိဳင္မလဲဆိုတာေတာ့ တိုက္တာနဲ႔ ခုခံတာ ႏွစ္ခုထဲက သင္တစ္ခုေ႐ြးပါ။ သုံးႀကိမ္သုံးခါ ယွဥ္ၿပိဳင္မႈမွာ ႏိုင္ဖို႔လိုပါတယ္…”

ဦးသိဒၵိက ေခါင္းကို ညိတ္လိုက္တယ္။

” ေကာင္းပါၿပီ သင္တိုက္ပါ။ ကြၽႏ္ုပ္ ခုခံပါ့မယ္…”

ဇာတိယကၡက သေဘာတူလိုက္တယ္။

” ကဲ…လူေလးတို႔ ဒီကေန နဲနဲလွမ္းတဲ့ဆီမွာ သြားေနၾကပါ…”

ဒိုးညီေနာင္တို႔ ဦးသိဒၵိရဲ႕အနားကေန အေနာက္ကို ဖယ္ခြာခဲ့ၾကတယ္။

” ရပါၿပီ…သင္ အဆင္သင့္ျဖစ္ရင္ စ’ပါေတာ့…”

ဦးသိဒၵိက ေျပာၿပီးတာနဲ႔ မ်က္ဝန္းအစုံကို မွိတ္ၿပီး ျမတ္ဗုဒၶေဟာၾကားအပ္တဲ့ ေမတၱာသုတ္ေတာ္ထဲက အႏွစ္ခ်ဳပ္အပိုဒ္ေနရာကို ဥဳံခံလို႔ မႏၲာန္အျဖစ္ ႐ြတ္ဆိုေနလိုက္တယ္။

အခုနကတည္းက ဂုဏ္ေတာ္ကိုးပါးကို ႐ြတ္ဆိုၿပီး ကိုယ္လုံထားေစခဲ့တာမို႔ နံေဘးဝန္းက်င္မွာ ပါးလႊာလြန္းတဲ့ အကာအရံတစ္ခုက ရွိေနခဲ့ေလရဲ႕။

တစ္ဖက္က ဇာတိယကၡက ဦးသိဒၵိကို တိုက္ခိုက္ဖို႔ ျပင္ေခ်ၿပီ။

ဇာတိယကၡက ဦးသိဒၵိဆီကို အေဝးကေန သန္လ်က္နဲ႔ ခုတ္ပိုင္းသေယာင္လုပ္လိုက္တယ္။

” ေဝါ…ဂ်စ္…ဂ်စ္…”

သံလ်က္ရဲ႕ အသြားဆီက ေအာ္ျမည္သံေတြနဲ႔အတူ နီေစြးတဲ့ ဓားသြားသ႑ာန္စက္ေတြက ဦးသိဒၵိဆီကို တိုးဝင္လာခဲ့တယ္။

” ျဖန္း…ေဖ်ာင္း…ေဖ်ာင္း…”

ဇာတိယကၡရဲ႕ စက္ေတြက ဦးသိဒၵိနဲ႔ ငါးေပေလာက္အကြာအေရာက္မွာ တစ္စုံတစ္ခုက တားျမစ္ခုခံထားသလိုၿပီး က်ိဳးပ်က္ကုန္ခဲ့တယ္။

” သင္က ခုခံႏိုင္သားပဲ…”

ဇာတိယကၡက ေရ႐ြတ္လိုက္ၿပီးတာနဲ႔ ေနာက္ထပ္တစ္မ်ိဳး တိုက္ခိုက္ဖို႔ ႀကိဳးစားတယ္။

ဒီတစ္ႀကိမ္ေတာ့ သူ႔မ်က္လုံးဆီက နီရဲ႕ေတာက္ပတဲ့ စက္ေတြထြက္လာခဲ့ၿပီး ဦးသိဒၵိဆီကို ေျပးဝင္ခဲ့တယ္။

ဦးသိဒၵိကေတာ့ မ်က္ဝန္းအစုံကို မွိတ္ၿပီး မတုန္မလႈပ္နဲ႔ ရွိေနဆဲပဲ။

” ေဝါ…ဖ်စ္…ဖ်စ္…”

ပထမအႀကိမ္တုန္းက အတိုင္းပါပဲ။ သူ႔ရဲ႕ သက္ေတြက ဦးသိဒၵိရဲ႕ အနားကို ေရာက္တာနဲ႔ အကာအကြယ္တစ္ခုနဲ႔ ထိမိလိုက္သလိုျဖစ္ၿပီး က်ိဳးျပတ္ကုန္ရတယ္။

အခုထိ ဦးသိဒၵိကို ထိခိုက္မႈ မရွိေသးေတာ့ ဇာတိယကၡ အလြန္ကို စိတ္ဆိုးသြားခဲ့ရၿပီ။

သူ႔ခႏၶာကိုယ္ကို လႈပ္ခတ္လိုက္တယ္။

ခ်က္ခ်င္းဆိုသလိုပဲ နဂိုရွိရင္းစြဲ ခႏၶာကိုယ္ထက္ သုံးဆေလာက္ႀကီးမားသြားခဲ့တယ္။

” ဒီတစ္ခါေတာ့ သင္ခုခံႏိုင္မယ္ မထင္ဘူး။ ေသဖို႔သာ ႀကံေပေတာ့…”

ဇာတိယကၡက ဦးသိဒၵိဆီကို လွမ္းလာခဲ့ၿပီး နင္းေခ်ဖို႔ လုပ္ေဆာင္လိုက္တယ္။

ဦးသိဒၵိကေတာ့ မတုန္မလႈပ္ရပ္ေနလ်က္ပါပဲ။ ဒိုးညီေနာင္တို႔ကလည္း ပညာၿပိဳင္ပြဲကို အသက္ရႉဖို႔ ေမ့ေနေတာ့မတတ္ ၾကည့္ေနမိၾကတယ္။

” အရွင္…သူ႔ကို ေသေအာင္သတ္…”

” ဒါမွ ငါတို႔ အရွင္ကြ…”

ဇာတိယကၡကို ေအာ္ဟစ္အားေပးသံေတြက အေကာင္အထည္ေတြ မျမင္ရဘဲ ေနရာအႏွံ႔ဆီက ထြက္ေပၚလာသည္။

” ဟင္…”

ဇာတိယကၡရဲ႕ ေျခေထာက္က ဦးသိဒၵိရဲ႕ အေပၚကို ေျမႇာက္ၿပီး နင္းေခ်ဖို႔ ျပင္ေနတုန္း ေလထဲမွာပဲ တန႔္သြားခဲ့ရတယ္။ ၿပီးေတာ့ ေအာက္ဆီက ျဖဴစင္ေတာက္ပလြန္းတဲ့ အလင္းတန္းေတြ ထြက္ေပၚလာၿပီး ျပင္းထန္တဲ့ တြန္းအားတစ္ခုနဲ႔အတူ ဇာတိယကၡ လြင့္စင္သြားခဲ့ရပါၿပီ။

ဇာတိယကၡ လြင့္စင္ထြက္သြားၿပီး ေျမဆီကို ျပဳတ္က်ေတာ့ နဂိုမူလ ပုံစံအတိုင္းပဲ ရွိေနခဲ့ၿပီ။ ေအာ္ဟစ္ေနၾကတဲ့ အသံေတြလည္း ေပ်ာက္ျခင္းမလွ ေပ်ာက္ခဲ့ရၿပီ။

ဦးသိဒၵိက ဇာတိယကၡရဲ႕ အနားဆီကို သြားလိုက္တယ္။

” ဇာတိယကၡ…သင့္အေနနဲ႔ ကတအႏြယ္ဝင္ယကၡျဖစ္ၿပီး ဒီေလာက္အစြမ္းရွိေနတာနဲ႔ပဲ ေက်နပ္လိုက္ပါ။ သင္တို႔ ကတအႏြယ္ဝင္ေတြဟာ သက္တမ္းကန႔္သတ္ခ်က္မရွိတာမို႔ အမွီအတြယ္တည္ရင္ တည္သေလာက္ ရွင္သန္ၾကမွာပါ။ ဒါေၾကာင့္ ဒါကိုပဲ အရင္းျပဳၿပီး အက်ိဳးျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ဖို႔ ကြၽႏ္ုပ္တိုက္တြန္းလိုပါတယ္…”

ဇာတိယၡ မာန္ေလ်ာ့ခဲ့ရၿပီ။

ဦးသိဒၵိရဲ႕ အေရွ႕မွာ ဒူးေထာက္လိုက္တယ္။

” ကြၽႏ္ုပ္မွားပါတယ္…အဘသိဒၵိ။ တန္ခိုးသိကၡာေၾကာင့္ မာန္မာနထားခဲ့မိပါတယ္။ ခြင့္လႊတ္ေပးပါ။ ေနာက္ၿပီးေတာ့ ကြၽႏ္ုပ္ကို တစ္စုံတစ္ခုကိုလည္း ေမးခြင့္ျပဳပါ အဘသိဒၵိ…”

” ရပါတယ္ ေမးပါ…”

” အျခားေတာ့ မဟုတ္ပါဘူး။ ကြၽႏ္ုပ္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းရည္က နတ္ဘီလူးေတြနီးနီးေလာက္ကို ရွိေနတာပါ။ ဒါကို အဘသိဒၵိက ဘယ္လိုမ်ား ေခ်ဖ်က္ႏိုင္ခဲ့တာပါလဲ…”

ဦးသိဒၵိက ၿပဳံးလိုက္တယ္။ ၿပီးေတာ့…

” သုံးေလာကရဲ႕ အထြဋ္အျမတ္ျဖစ္တဲ့ တို႔ျမတ္ဗုဒၶရဲ႕ ဂုဏ္ေတာ္နဲ႔ သတၱေလာကႀကီး အလုံးစုံကို လႊမ္းမိုးႏိုင္တဲ့ ေမတၱာသုတၱံေၾကာင့္ပါပဲ…”

” ထူးေတာ့ ထူးဆန္းတယ္။ ဒီလိုအျဖစ္အပ်က္ကို ကြၽႏ္ုပ္ႀကဳံခဲ့ဖူးတယ္။ အရင္က ဒီေနရာကို လူသားတခ်ိဳ႕ ေရာက္လာခ်ိန္မွာ သူတို႔ငို ကြၽႏ္ုပ္က ေျခာက္လွန႔္ခဲ့တယ္။ ဟန႔္တားဖို႔ သူတို႔တေတြ ဒီလိုမ်ိဳးေတြ ႐ြတ္ဆိုခဲ့ဖူးတာပဲ။ ဒါေပမယ့္ ကြၽႏ္ုပ္ကို မဟန႔္တားႏိုင္ခဲ့ဘူးေလ…”

ဦးသိဒၵိက ေခါင္းကို ခါရမ္းလိုက္တယ္။

” ဇာတိယကၡ သင္နားလည္ေအာင္ ေျပာရရင္ေတာ့ သံခ်င္းတူေပမယ့္ ဓားမျဖစ္ေသးဘူး။ အေဆာက္အဦးနဲ႔ ဥပမာျပရရင္ အုတ္ခဲေတြကို သ႐ိုးနဲ႔ တစ္လုံးခ်င္းစီ စီမံပါမွ အေဆာက္အဦးျဖစ္သလိုပါပဲ။ ကြၽႏ္ုပ္က ဂါထာ၊ မႏၲာန္ေတြကို အာဂုံေဆာင္ခဲ့တာ အႀကိမ္ေပါင္း ေထာင္ေသာင္းမကေတာ့ဘူး။ ဒီေတာ့ အေဆာက္အဦး အျဖစ္တည္ႏိုင္ခဲ့ပါၿပီ။ သံခ်င္းတူေပမယ့္ ကြၽႏ္ုပ္ရဲ႕ အားထုတ္မႈေၾကာင့္ ဓားျဖစ္ခဲ့ပါၿပီ။ ဒီေလာက္ဆို သင္သေဘာေပါက္ၿပီလို႔ ယူဆပါတယ္ …”

” ကြၽႏ္ုပ္ သေဘာေပါက္ပါၿပီ…”

ဇာတိယကၡက ဦးသိဒၵိဆီမွာ ထပ္မံၿပီး ဝန္ခ်ေတာင္ပန္ခဲ့တယ္။

အဲ့ဒီ့ေနာက္မွာေတာ့ သူ႔ရဲ႕ အေစအပါးေတြ ဖမ္းဆီးထားတဲ့ ကေလးေတြကို ဖမ္းစားမႈေတြ ေျဖေလ်ာ့ၿပီး သူတို႔ကိုယ္တိုင္ပဲ မိဘေတြဆီ ျပန္ပို႔ေပးခဲ့တယ္။

အခ်ိန္က ညဥ့္နက္လွၿပီဆိုေတာ့ သူတို႔ ျပန္ပို႔ေပးခဲ့တာကို ဥေဒါင္း႐ြာက ႐ြာေစာင့္နတ္ကလြဲၿပီး ဘယ္သူမွ မသိခဲ့ဘူး။

မနက္မိုးလင္းပါမွ ကေလးေတြ ျပန္ေရာက္ေနၿပီး က်န္းက်န္းမာမာနဲ႔ ရွိေနတာ ေတြ႕ၾကရၿပီး အားလုံးဝမ္းသာ ေပ်ာ္႐ႊင္ကုန္ၾကတယ္။

အျဖစ္အပ်က္ကို ေမးၾကည့္ေတာ့ ေအာင္ပုနဲ႔ ေအာင္မင္းတို႔က နတ္႐ုပ္တစ္ရာေခ်ာက္ထဲကို ႏြားေပ်ာက္ရွာရင္း ေရာက္သြားၾကၿပီး ႐ုပ္တုေတြကို ေတြ႕ေတာ့ ကေလးတို႔သဘာ၀ အေဆာ့လြန္ခဲ့မိၾကတာ။

ဒါကေနပဲ မထင္မွတ္ဘဲ သူတို႔အသက္ဆုံးပါးလုနီးနီး ျဖစ္ခဲ့ရတယ္။

အခုေတာ့ သူတို႔တေတြအားလုံး နတ္႐ုပ္တစ္ရာေခ်ာက္ထဲကို ေျခဦးေတာင္ မလွည့္ရဲခဲ့ၾကေတာ့ဘူး။

နတ္႐ုပ္တစ္ရာေခ်ာက္ဟာလည္း အဲ့ဒီ့ကေန ေနာက္တစ္ရက္မွာေတာ့ ေခ်ာက္ထဲမွာ ရွိေနတဲ့ ႐ုပ္တုတခ်ိဳ႕ဟာ ေပ်ာက္ကြယ္သြားခဲ့တယ္။

ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ကေတာ့ ညတြင္းခ်င္းကိုပဲ နတ္႐ုပ္တစ္ရာေခ်ာက္ဆီကေန မူလရည္မွန္းရာဆီကို ခရီးဆက္လက္ခဲ့ၾကပါတယ္။

အဲ့ဒီ့လို ခရီးဆက္ၾကရင္းနဲ႔ ႐ြာတစ္႐ြာဆီကို ေရာက္ခ်ိန္က်ေတာ့ အဲ့ဒီ့႐ြာက လူတခ်ိဳ႕ဟာ အလြန္ေၾကာက္မက္ဖြယ္ရာေကာင္းတဲ့ အစီအရင္တစ္ခုရဲ႕ အတိုက္အခိုက္ကို ခံေနၾကရပါတယ္။

ဒီအေၾကာင္းကိုေတာ့ ” ေသြးေသာက္ေက်ာက္လက္ဝါး” ဆိုတဲ့ စာမူမွာ ဆက္လက္ဖတ္ရႈေပးၾကပါဦးခင္ဗ်ာ…။

ေနာင္႐ိုး(ေဆးတပ္)
#ညမဖတ္ရ