နိမိတ်(စ/ဆုံး)

Unicode Version

နိမိတ်(စ/ဆုံး)
—————–
မိုးဦးကျပြီဆိုလျှင် ကျွန်တော် အလွန်ပျော်သည်။ တောထဲတောင်ထဲ
တွင် နှစ်ပေါက်အောင် နေထိုင်ရသော်
လည်းနွေရာသီတွင် အိုက်စပ်စပ်ဖြင့်
ပူလောင်လှသည်။စမ်းရေတွေကလည်း
ခန်းသည်။ ပန်းအကြွေတွေကလည်း
နွမ်းပြီ။ ဝါးတောများတွင် အရွက်ကြွေ
ချိန်၊အင်ပင်များတစ်ပင်လုံးအရွက်ချ၍ အရိုးပြိုင်းပြိုင်း အချိန်အခါတို့ကြောင့်

ရွက်ကြွေတောများမှာနွေရာသီ၌ခြောက် ခန်းလှသည်။ ထို့ကြောင့် တောတွင်း၌ နေထိုင်၍ စခန်းချထားသော်လည်း
လှောင်အိုက်၍နေတတ်ပါသည်။ နွေရာသီတွင် မီးလောင်မြေ ဝါးရုံ
ခင်းများ၌ ဖြူဖွေးစွာ အုပ်စုဖွဲ့၍ ပေါက်
တတ်သော ပုတတ်စာပင်များနှင့် ဝါးရုံ ပေါ်ကို နွယ်တက်နေသော ဝါးယောင်း
နွယ်ပင်များ၊တောသရက်သီးများမှလွဲ၍

တောတွင်း၌တောစာ၊တောင်စာအလွန်
ရှားပါးပါသည်။
“ဟော-မိုးကျပါပြီ” ရိုးမတောကြီး အတွင်းဖြစ်၍လေတိုးသံက“တဝေါဝေါ
တဝုန်းဝုန်း” မိုးရွာလျှင်လည်း မစဲဘဲ
သဲသဲမဲမဲ ရွာတတ်သည်။ ထိုမိုးလေသံ
များကြောင့် တောတွင်း၌ တော်လည်း
သံပမာ“တဝုန်းဝုန်း – တဗုန်းဗုန်း”ပဲ့တင်
သံမြည်ဟိန်းနေတတ်ပါသည်။ မိုးဦးကျ
စတွင် မည်မျှပင် မိုးသည်းထန်စွာ ရွာ
သွန်းသော်လည်း တစ်နွေကုန် ပူပြင်း
ထားသော နေမင်း၏ အရှိန်ကြောင့်
ကမ္ဘာမြေကြီးမှာ ချစ်ချစ်တောက် ပူပြင်း
နေရာ ညအခါ၌လည်း ရေငွေ့ပျံခြင်း
ကြောင့်ပူလောင်အိုက်စပ်နေပါသည်။ ကျွန်တော်တို့ ကညင်ပင်စခန်း
အတွင်းနှင့် စခန်းပတ်လည်၌ ရုံးခန်း အဆောက်အအုံအနီးတွင် ပျဉ်းကတိုး
ပင်ကြီးတစ်ပင်ရှိပြီး အရိပ်ရသည့် ကျွန်း
ပင်နှင့်အင်ပင်များကတော့အရွက်ကြွေ
ပင်များပီပီ တစ်နွေလုံးကိုယ်တုံးလုံးနှင့်
ဖြစ်သည်။
အခုတော့ မိုးဦးကျပါပြီ။ ရိုးမတော
တွင်းနေ ကျွန်တော်တို့ အေးချမ်းပြီး ည

အချိန်တွင် ကောင်းစွာအိပ်စက်နိုင်ကြ
မည်။တစ်ပတ်အတွင်းနှစ်ကြိမ်၊ သုံးကြိမ်
မိုးသည်းသည်။ ရွာပြီးနောက် ရိုးမတော
ကြီးရှိရွက်ကြွေပင်များမှာအခက်အလက်၊
အတက် စုံလင်စွာဖြင့် အသက်ဝင်လာ
ကြသည်။ အင်ပင်ကလေးများမှာ နီရဲ
သော အရွက်နုများထွက်၍ အလွန်လှပ
သည်။ နွေရာသီကာလက ခြွေချထား
သော အင်ရွက်ဆွေးများအောက်၌
လည်း အင်ဥမှိုဟု ခေါ်ဆိုသော လုံးလုံး
ဝန်းဝန်း မှိုဥများထွက်လာပါသည်။
ထိုမှိုဥများမှာချေသား၊ ဆတ်သား၊ တောဝက်သားများဖြင့်ရောနှော၍ချက်
ပြုတ်စားလျှင်အလွန်အရသာရှိပါသည်။
သူ့ချည်းအသားမပါဘဲ ချက်စားလျှင်
တော့မှိုနံ့အလွန်နံပြီးပျဉ်းတွဲတွဲဖြင့်ဝါး၍
မကောင်းလှပါ။ထိုအချိန်တွင်တောလမ်း
တစ်လျှောက်နံဘေးရှိတောပင်ကလေး
များတွင် ရင်းတိုက်ပင်၊ ကြောင်လျှာပင်
စသောအသီးအရွက်ကိုစားသုံးကြသည့်
တောပင်ကလေးများကလည်းအရွက်နု
များထွက်၍ ဝေဆာနေပါသည်။ တော
တွင်း၌နှစ်စဉ်နေရာသီးသန့်တွင်ပေါက်
တတ်သောတောင်ပို့မှုများနှင့်ဖက်ဆွတ်

မှိုများကလည်း သူ့ကျင်းနှင့်သူ အုံဖွဲ့၍ ပေါက်တတ်ပါသည်။ထို့အပြင်နွေရာသီ
၌ မီးလောင်ထားသော ဝါးရုံခင်းများ
အောက်ခြေ၌ ဖြူဖွေးစွာ စုဝေး၍ပေါက်
တတ်သော ပုတတ်စာပင်များမှာ နွေရာ
သီ၌ အပွင့်ဖြူဖြူ၊ ပုတတ်စာပွင့်များ ဖြစ်
သော်လည်း မိုးရာသီ၌ အစိမ်းရောင်
မာလာဖူးများအဖြစ် ပြန်လည်ထွက်ပြူ
လာကြပြန်သည်။ထို့အပြင်မိုးရာသီတွင်

ချဉ်ရည် ဟင်းချက်၍ စားလို့ရသော ဇင်
ပြွန်းသီးများနှင့် ကနစိုး၊ တောတညင်း၊
တောသရက်သီးများ၊ မျှစ်စို့များစသဖြင့်
တော စာ၊ တောင်စာ လွန်စွာပေါများလှ
သည်။
ထို့ကြောင့် မိုးဦးကျရာသီတွင်ကျွန်
တော်တို့ စခန်းချ၍ ရိုးမတောတွင်း နေ
ထိုင်ရခြင်းကို လွန်စွာနှစ်သက်လှပါ
သည်။

သို့သော်အကောင်းထဲကအဆိုးရှိ
သလို အဆိုးထဲ အကောင်းရှိတတ်ပါ
သည်။ တစ်နွေကုန်ပူပြင်းလှသော အပူ
ဒဏ်ကိုလပေါင်းများစွာခံစား၍အပူဒဏ်
သက်သာစေရန်အလို့ငှာ တွင်းအောင်း
နေကြသည့်ပိုးကောင်ငယ်များ၊ ဖားများ
နှင့် မြွေများက မြေအတွင်းမှ ပြူတစ် ပြူ
တစ်လုပ်ကာ ထွက်ပြူလာကြသည်။
တောပင်၊ တောင်ပင်များနည်းတူ သူတို့
လည်း မြေပေါ်သို့ ထွက်ပေါ်လာကြပါ
သည်။ နေ့အချိန်ထက် ညအချိန်များ
တွင်ပို၍ထွက်တတ်ပါသည်။ ထို့ကြောင့်
မိုးဦးကျကာလ နေ့ည တောတွင်းခရီး
သွားလာရာတွင် ခြေခင်းလက်ခင်း
အလွန်သတိထားရပါသည်။
တောတွင်းမှာကခရီးအသွားအလာ နည်းသောကြောင့် တောကောင်များက
ကွက်လပ်ရှိရာသို့ထွက်ပြီးလွတ်လပ်စွာ လှုပ်ရှားနေတတ်ကြပါသည်။

ကျွန်တော်တို့ဝန်ထမ်းများကတော့
တောတွင်းစခန်းများတွင် သဘာဝထွက်

ပေါက်ပင်များမှဝါးများ၊စလူဖက်များဖြင့်
တဲများ၏အမိုးအကာအတွက် ကြိုတင်
ဆောင်ရွက်ပြီးဖြစ်ရာ မိုးကျသော ည
အချိန်တွင်လုံလုံခြုံခြုံဇိမ်နှင့်ကွေး၍အိပ်
နိုင်ကြပါသည်။ကင်းသမားအဖွဲ့လောက်
သာနိုးနိုးကြားကြားခြင်ကိုက်သက်သာ
စေရန်အတွက်မီးလျှံ၍ကင်းစောင့်တတ်
ကြပါသည်။ ထိုစဉ်ထိုကာလကရဲဘက်
များမှာ စခန်းသို့ထွက်ရန် သင့်လျော်
သည့်ရဲဘက်များကိုသာရွေးချယ်၍စေ
လွှတ်ခြင်းဖြစ်ရာအပြာရောင်ယူနီဖောင်း
ဖြင့် အလုပ်ကြမ်း လုပ်နိုင်သူများ ဖြစ်
သလိုထုသား၊ပေသားရနေသောတော
ပျော်များဖြစ်ကြပါသည်။
ထို့ကြောင့်လည်းစခန်းမှတရားဝင် မထွက်မခြင်း ထွက်ပြေးမည့် သူများ လည်းမဟုတ်ကြပါ။ ရဲဘက်များရောက် စက ထွက်ပြေးလွတ်မြောက်သွားသူ များ ရှိကြပါသည်။ သို့သော် တောတွင်း ၌ နေရထိုင်ရစဉ် နေသားကျပြီး အစား အသောက်များ အဆင်ပြေလာသော အခါ ရဲဘက်များပြေးခြင်း၊ လွှားခြင်း မရှိ တော့ ပါ။ သူတို့ကိုလည်း ကျွန်တော်တို့ ဝန်ထမ်းများက“ကိုယ်တာ”နှင့် ခိုင်းစေ

ပြီး အလုပ်ပြီးပြတ်သည်နှင့် တောတွင်း
သို့လွတ်လပ်စွာရှာဖွေသွားလာခွင့်ပေး
ထားပါ သည်။ ဝေးဝေးသို့ မသွားရန်နှင့်
အချိန်နှင့်ပြန်လာရန်ကိုတော့ သတိပေး ရပါ သည်။ တစ်ပတ်တစ်ကြိမ်တနင်္ဂနွေ နေ့၊ အလုပ်ပိတ်ရက်များတွင်တော့
ရဲဘက်များမှာ မနက်စောစော စခန်းမှ
ထွက်ခွာ၍ တောတွင်း၌ တစ်နေကုန်
လှည့်လည်ပြီး ညနေစောင်းမှ တောစာ၊
တောင်စာဟင်းချက်စရာအသီးအနှံများ၊
အသားငါးများ တစ်ရွက်တစ်ထမ်းဖြင့်
ပြန်လည်ရောက်ရှိလာကြပါသည်။စခန်း
သို့ရောက်မှ ဝေမျှ၍ ချက်ပြုတ်စား
သောက်ကြပါသည်။ တောတွင်းစခန်း
ဖြစ်၍ ဟင်းကလည်း အလွန်ပေါသည်။
ထို့ကြောင့်လည်း အကျဉ်းဌာနမှ တရား
ဝင်မလွတ်မချင်းရဲဘက်များထွက်ပြေး
သည်ဆိုသည်မှာ လွန်စွာရှားပါးလှပါ
သည်။

မှတ်မှတ်ရရစနေနေ့ညနေစောင်း
တွင်လုပ်ငန်းစောစောသိမ်းပြီးဝန်ထမ်း

နှင့် ရဲဘက်များ ညနေစာအတွက် မီးခိုး တလူလူဖြင့် ချက်ပြုတ်နေကြစဉ် ကျွန်
တော်လည်း ရေချိုးပြီးခါစ အရပ်ဝတ်
လဲ၍ အနားယူရန် ပြင်ဆင်နေခိုက်
ရဲဘက်ဖိုကြီးဘက်မှ တအံ့တဩအော်
ဟစ်သံများကို ကြားရသောကြောင့် ရုံး
ခန်းအပြင်သို့ ထွက်ကြည့်မိပါသည်။
“ဟာ-ဟယ်- အလို-ဘာကောင်
ကြီးလဲ”
စသဖြင့် အော်ဟစ်ဆူညံနေသော
ကြောင့်ကျွန်တော်လည်း၎င်းတို့အနီးသို့
သွားရောက်ပြီးကျွန်းပင်ကြီးတစ်ပင်ပေါ်
သို့ မော့ကြည့်မိသည်။ တောကောင်
တစ်ကောင် ဖြစ်ပါသည်။ အမွေးက
မျောက်မွေးဖြင့် ဦးခေါင်းက ချွန်သည်။
လင်းဆွဲလို အရေပြားနှင့် ဖွဲ့စည်းထား သော အတောင်ပံနှစ်ခုလည်း ပါသည်။
အရွယ်အစားမှာ တောကြောင်ကြီး သဖွယ် (၃၊ ၄) ပိဿာခန့် ရှိပါသည်။
ကျွန်တော်တို့ ယခင်က တွေ့ကြုံရင်းနှီး
ဖူးသော တောကြောင် အမျိုးအစား
မဟုတ်ပါ။ ထို့ကြောင့် ရဲဘက်ဖိုခေါင်း
တပ်ကြပ်ကြီးအား မေးမြန်းကြည့်ရာ .
“ရှူးပျံပါ ဆရာ”

ဟုပြောပါသည်။
သို့နှင့်ကျွန်တော်စခန်းရုံးသို့အမြန်
ပြန်၍လက်နက်ခန်းအတွင်းရှိ(ဝ.၃၀၃)
အမေရိကန်ရိုင်ဖယ်ကြီးအားယူ၍ကျည်
တိုးပြီးပြန်လာခဲ့ရာကျွန်တော်ကျွန်းပင်
ကြီးအောက်သို့ ရောက်ရှိသည့်အချိန်
တွင် ထိုတောကောင် ရှူးပျံမှာ ကျွန်းပင်
ကြီး၏ကိုင်းအဆွေးတစ်ခုတွင် ခိုကပ်၍
နေပါသည်။ ထို့ကြောင့် ကျွန်တော် ချိန်
ရွယ်၍ပစ်ချရာ“ဒိန်း”ဟူသောသေနတ်
သံနှင့်အတူ ကိုင်းဆွေးကြီးရော “ရှူးပျံ”
ပါ ပြုတ်ကျ၍ လာပါသည်။ တစ်ကယ်
တမ်းတော့သေနတ်ကျည်ဆန်ကတော
ကောင်ကို မမှန်ပါ။ ကိုင်းဆွေးကြီးအား
ထိမှန်ပြီး သစ်ပင်အမြင့်မှ ပြုတ်ကျလာ
ခြင်းဖြစ်သောကြောင့်“ရှူးပျံကြီးမှာမေ့
မြောခြင်းလော၊ဒဏ်ရာရ၍သေဆုံးခြင်း
လားမသိပါ။ သစ်ပင်အောက်တွင်စောင့်
မျှော်နေကြသည့် ရဲဘက်များက သစ်
ကိုင်းများဖြင့် ဝိုင်းဝန်းရိုက်ကြသော
ကြောင့် သေဆုံးသွားသည်ကတော့
အမှန်ပင် ဖြစ်ပါသည်။
ထိုတောကောင်“ရှူးပျံ”အား ကျွန်
တော့် ရုံးမှ ထမင်းချက်တပည့်က ဖျက်

၍ ဟင်းချက်ရန် စီစဉ်သည်။ ထိုတော
ကောင်မှာအရေခွံခွာ၍ဖျက်လိုက်တော့
နူးညံ့သော မျောက်မွေးအရေခွံက (၄)
(၅)ဆယ်သားခန့်ရှိသည်။အရေခွံခွာပြီး
အသားက (၂)ပိဿာ၊ (၃) ပိဿာခန့်
ရှိပါလိမ့်မည်။ မျောက်ညိုသားလိုပင်
အလွန်နူးညံ့သော တောကောင်သား
ဖြစ်ပါသည်။ ထိုညက ကျွန်တော်၏ ရုံးမှ
တပည့်များကောင်းမွန်စွာချက်ပြုတ်ပေး
သော “ရှူးပျံ” သားကို မစားစဘူး စားရ
ပါသည်။ အလွန်နူးညံ့ပြီး ချိုပါသည်။
ချက်ပြီးသားဟင်းကိုလည်းဝန်ထမ်းများ
နှင့် ဖိုခေါင်းတပ်ကြပ်ကြီးအား ဝေလိုက်
သည်။
ဖိုခေါင်းတပ် ကြပ်ကြီးကတော့ စခန်းအတွင်းသို့ တောကောင်ဝင်သည့်
နိမိတ်မှာမကောင်းကြောင်းညည်းတွား
နေကြောင်း ကြားသိခဲ့ရသည်ဟု ဟင်း
သွားပို့သူ ကျွန်တော်၏ တပည့်က ပြန်
ပြောပြပါသည်။ ကျွန်တော်ကတော့
အယုံအကြည်မရှိ၍ ထိုစကားကို စိတ်
ထဲ၌ပင် မှတ်သားမထားမိပါ။ နောက်
တစ်နေ့က ဝန်ထမ်းရဲဘက်များ အလုပ်
ပိတ်ရက် တနင်္ဂနွေနေ့ ဖြစ်သည်။ ထို့

ကြောင့် ရဲဘက်အများစုမှာ တောတွင်း သို့ ဟင်းသီးဟင်းရွက်၊ ဟင်းချက်စရာ
ရှာဖွေရန်အတွက် လှည့်လည်သွားလာ
နေကြသည်။ ကျွန်တော်နှင့် ရုံးခန်းမှ
တပည့်များပင် သေနတ်တစ်လက်ကို
ထမ်း၍ တောတွင်း၌ လှည့်လည်ကာ
ညနေစောင်း ပြန်လာသောအချိန်အခါ
ဖြစ်ပါသည်။
စခန်းအနီးသို့ ရောက်သည်နှင့် “ဟေးဟေးဝါးဝါး”ဟုအော်ဟစ်ဆူညံသံ
များကြောင့် စခန်း၌ တစ်စုံတစ်ရာ ဖြစ် သည်အထင်နှင့်ကျွန်တော်တို့တောစပ်
မှ စခန်းရှိရာသို့ အပြေးအလွှား ပြန်လာ
ကြသည်။ စခန်းအတွင်း စည်းရိုးအနီး
တွင်ဝန်ထမ်းနှင့်ရဲဘက်များတစ်စုံတစ် ရာကို ဝိုင်းဝန်းပြီး အော်ဟစ်နေကြခြင်း
ဖြစ်သည်။ ကျွန်တော်တို့ ရောက်ရှိပြီး
အသေအချာကြည့်မှ ချေဖိုကြီးတစ်
ကောင် ဖြစ်သည်။ စခန်းစည်းရိုးအပြင်
ဘက်၌ ရဲဘက်များ စိုက်ပျိုးထားသည့်
စိုက်ခင်းကို အလွယ်တကူ ဝင်ရောက် စားရင်း ရဲဘက်များ အဝိုင်းခံရခြင်း ဖြစ် ပါသည်။ အတွင်းအိပ်ဆောင်များအား သံဆူးကြိုးကာရံထားခြင်းကြောင့်လည်း

ကောင်း၊ ပြေးလမ်းတွင် ရဲဘက်များက
ဝိုင်းဝန်းပိတ်ဆို့ထားခြင်းကြောင့်လည်း
ကောင်းချေဖိုကြီးမှာပြေးပေါက်ပိတ်ပြီး
သံဆူးကြိုးဖြင့် ငြိ၍နေပါသည်။ ထို့
ကြောင့် ရဲဘက်များက တစ်ယောက်
တစ်လှည့်ဝိုင်းဝန်းရိုက်နှက်ကြရာချေဖို
ကြီးသေဆုံးသွားပါသည်။

ဝန်ထမ်းနှင့် ရဲဘက်များကတော့
အသားရိက္ခာရှားပါးလှသည့်တောတွင်း စခန်းဖြစ်သောကြောင့် ညနေစာ၊ ချေ
သား လတ်လတ်ဆတ်ဆတ် စားသုံး
ရမည်ဖြစ်သောကြောင့် အလွန်ပျော်ရွှင်
နေကြပါသည်။ချေသေကောင်ကြီးအား
ရဲဘက်ဖိုသို့ သယ်ဆောင်ပြီး ဖျက်၍
ချက်ပြုတ်စားသောက်ရန် ပြင်ဆင်ကြ
သည်။ ကျွန်တော်တို့အဖွဲ့လည်း ဖိုကြီး
အနီးမှဖြတ်၍ ရုံးခန်းဘက်သို့ အသွား
တွင်ဖိုခေါင်းတပ်ကြပ်ကြီးနှင့်တွေ့သည်။
သူက
“ဆရာထောင်မှူး-ဒုက္ခတော့ ရောက်ကြတော့မယ်။ စခန်းထဲကိုတော

ကောင်ဝင်တာ နိမိတ်မကောင်းဘူး။
ကျွန်တော်တို့ ရှမ်းရိုးရာ ယုံကြည်မှုနဲ့
ပြောရရင် စခန်းပျက်မယ်၊ လူသေမယ်” ထို့ကြောင့်ကျွန်တော်က…
“ဆရာကြီးရယ်၊တောလယ်ကောင်
မှာဖွင့်ထားတဲ့တောစခန်းပဲတောကောင်
ဝင်တာ ဘာဆန်းလို့လဲ။ အယူအစွဲ မထားစမ်းပါနဲ့ဗျာ။ ဒါဟာ သဘာဝပါပဲ”
“အင်း- ဆရာတို့ လူငယ်တွေ
ကတော့ ရှေးရိုးစကားကို လက်မခံကြ
တော့ မတတ်နိုင်ဘူးပေါ့။ ကျွန်တော်
ကတော့ တိုင်းရင်းသားများပီပီ လက်ခံ
ယုံကြည်ပါတယ်။ ဆရာမယုံရင်လည်း
သတိထားနေပါ”
“ကျွန်တော်ကမိဘတွေလက်ထက် ကတည်းက တောသူတောင်သားမို့လို့
ကိုယ်တွေ့ကြုံလို့ယုံပါတယ်”
ထို့ကြောင့်လည်း ကျွန်တော်က
အယုံအကြည်ကြီးသော တပ်ကြပ်ကြီး
အား တောင်းပန်ပြီး စခန်းရုံးသို့ ပြန်ခဲ့ပါ
သည်။

ထိုညက ကျွန်တော် ရေမိုးချိုးပြီး ညစာ စားတော့ လတ်ဆတ်သော ချေ၊
အသားဟင်းနှင့်ဝမ်းတွင်းကလီစာဟင်း
(၂)မျိုးပါလာသည်။ တောတွင်းမုဆိုး
ချက်၊ ချက်ထားသော်လည်း အသားမှာ
လတ်ဆတ်သောကြောင့် အလွန်စား၍
ကောင်းပါသည်။ ညအိပ်တော့လည်း
ဗိုက်လေးလေးနှင့်အိပ်၍အလွန်ကောင်း
သည်။
နောက်တစ်နေ့မနက်တွင် ရဲဘက်
နှင့် ဝန်ထမ်းများအတွက် အသားရိက္ခာ
ရရှိမည့် ကြာသပတေးနေ့ ဖြစ်သော
ကြောင့်လည်းကောင်း၊ စခန်းအုပ်စု
အစည်းအဝေးပွဲကလေးရှိသောကြောင့်
လည်းကောင်း ကျွန်တော်နှင့် ရုံးအဖွဲ့၊
အုပ်စုထောင်ပိုင်ရှိရာ မအူပင်စခန်းသို့
မနက်စာစားပြီးထွက်လာခဲ့ကြပါသည်။
မအူပင်စခန်းသို့ ရောက်သောအခါ
မနက် (၉)နာရီခန့်ပင် ရှိပါသေးသည်။
အချို့အဝေးစခန်းများမှစခန်းခွဲတာဝန်ခံ
များမရောက်ရှိကြသေးပါ။ ထို့ကြောင့်
ကျွန်တော်တို့ဦးစွာရောက်ရှိနေကြသော
စခန်းခွဲတာဝန်ခံ ထောင်မှူးများ တော
တွင်းအတွေ့အကြုံကိစ္စများကိုဆွေးနွေး

ဖလှယ်ကြသည်။ နေ့လယ် (၁၂)နာရီ
အချိန်ခန့်မှာ လူစုံသည်။ နေ့လယ်စာ
စားချိန်ဖြစ်သောကြောင့်အစည်းအဝေး
မစတင်နိုင်သေးဘဲ နေ့လယ်စာ စားကြ
သည်။ အုပ်စုထောင်ပိုင်စခန်းမှ ကျွေး
မွေးခြင်း ဖြစ်ပါသည်။ အမဲသား မစားသူ
ကျွန်တော်တို့ကိုငါးဟင်းဖြင့်ကျွေးသည်။
နေ့လယ်စာ စားသောက်ကြပြီးနောက်
မွန်းလွဲ (၁)နာရီအချိန်ခန့်မှာ အစည်း
အဝေး စဖြစ်သည်။ အစည်းအဝေးမှာ
လည်း လုပ်ငန်းဆောင်ရွက်မှု တိုးတက်
ချက်များအား တင်ပြခြင်း၊ အခက်အခဲ
များအားတင်ပြခြင်းနှင့်လာမည့်အပတ်
တွင် လူကြီးများ လာရောက်၍ စခန်းကို
စစ်ဆေးမည်ဖြစ်သောကြောင့်စခန်းများ
အား သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်နှင့် ထိုနေ့တွင် ဝန်ထမ်းနှင့် ရဲဘက်များအား
ဟိုဟိုသည်သည် မသွားစေဘဲ စုစုဝေး
ဝေး ထားရှိရန် အသိပေးခြင်းသာ ဖြစ်ပါ
သည်။
အစည်းအဝေးပြီးသော အချိန်မှာ
ညနေ (၃)နာရီအချိန်ခန့်ဖြစ်သည်။ ခရီး ဝေးတွင် နေထိုင်သောသူများက မပြန် ကြတော့ဘဲ အုပ်စုထောင်ပိုင်စခန်းတွင်

ညအိပ်ပြီး နောက်တစ်နေ့ မနက်မှ ပြန်
ကြမည်ဖြစ်သော်လည်း ကျွန်တော်တို့
လို(၂)နာရီခန့်သာလမ်းလျှောက်ရမည့်
အနီးစခန်းတွင် နေထိုင်ကြသူများ
ကတော့ ကိုယ်စီ၊ ကိုယ်စီ အသားရိက္ခာ
နှင့် ဘဲဥများကို တပည့်များကထမ်းပြီး
စခန်းသို့ ပြန်ခဲ့ကြပါသည်။ ညနေ (၃)
နာရီအချိန်ခန့် ဖြစ်သောကြောင့် (၂)
နာရီ ခရီးသာကြာမြင့်မည်ဖြစ်သော
ကျွန်တော်တို့စခန်းသို့ ညနေ (၅)နာရီ နေမဝင်မီရောက်ရှိကြမည်ဖြစ်ပါသည်။ တောတွင်းလမ်းကြီးဖြစ်၍ တော ကောင်များ၏ အန္တရာယ်ရှိသော်လည်း လူအုပ်ကောင်းသောကြောင့်ကျွန်တော်
တို့ မကြောက်ပါ။ ထို့အပြင် ကျွန်တော့် တွင် ဒဿမ (၁.၃ဝ၃) အမေရိကန် ရိုင်
ဖယ်ကြီးတစ်လက်လည်းပါလာပါသေး
သည်။ ထို့အပြင် တပည့်များ၌ တုတ်နှင့်
တောရှင်းဓားရှည်များလည်း ပါလာကြ
ပါသည်။ ထို့ကြောင့် တောတွင်းနေသူ များပီပီ တောလမ်းခရီးကို သွက်သွက်
လှမ်း၍ပြန်ခဲ့ကြပါသည်။
ကျွန်တော်တို့ စခန်းပြန်ရောက် လျှင် ရောက်ခြင်းရဲဘက်ဖိုကြီးသို့ အမဲ

သားနှင့် ဘဲဥများအား လတ်ဆတ်စွာ
ချက်ပြုတ်နိုင်ရန်အတွက်အပ်နှံလိုက်ပါ
သည်။ ဤကဲ့သို့ပင် အခြားအသားစား
အပတ်များကလိုပင်အသားရိက္ခာထုတ်
ပြီးညနေစောင်းမှပြန်လာပြီးညစာအဖြစ်
ချက်ပြုတ်ကြရခြင်း ဖြစ်ပါသည်။ ထိုနေ့
လိုအသားစားနေ့များကတော့အမြဲတမ်း
ပင် ညစာစားနောက်ကျကြသည်။ ရရှိ
လာသော အမဲသားက နွားအိုကြီးမျိုး
ဖြစ်ပါက အတော်နှင့်မကျက်တော့ ည
(၈) နာရီ၊ (၉)နာရီကျမှသာညစာကိုစား
ကြရတော့သည်။ ထိုသည်က အမဲသား
စားသူများအတွက်ဖြစ်သည်။ အမဲသား
မစား၊ ဘဲဥစားသူများကတော့စောစော
စီးစီးစားပြီးစိတ်ချမ်းသာစွာနှပ်၍နေကြ
ပေလိမ့်မည်။
နောက်တစ်နေ့သောကြာနေ့မနက်
အလုပ်သွားရန် တန်းစီစစ်ဆေးရာ ရဲ
ဘက်များလိုနေပေရာထွက်ပြေးကြခြင်း
မဟုတ်ပါ။ညကဝမ်းလျှော၍အိပ်ဆောင်
များအတွင်းမှမထနိုင်ကြခြင်းဖြစ်သည်။
အမဲသားစားသူရဲဘက်များနှင့်ဝန်ထမ်း
များ ဖြစ်ကြသည်။ အမဲသားတွင် ဝမ်း ရောဂါပိုးတစ်မျိုးမျိုးပါလာသောကြောင့်

ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘဲဥစားပြီး
ကျန်းမာသူများက အမဲသားစားပြီး ဝမ်း
လျှောသူများအား စောင်ပုခက်များဖြင့်
အခေါက်ခေါက်အခါခါ သယ်ယူ၍ မအူ
ပင်အုပ်စုထောင်ပိုင်စခန်းသို့ပို့ရပါသည်။
ထိုတွင် စခန်းအုပ်စု ဆေးရုံရှိသည်။ ထို
နေ့ကသောကြာနေ့ အလုပ်ဖွင့်ရက်ဖြစ်
သော်လည်းလူနာများအား စခန်းအုပ်စု
ဆေးရုံသို့ ပို့ရသောကြောင့် ရဲဘက်များ လုံးဝအလုပ်မဆင်းနိုင်ကြပါ။
စခန်းအုပ်စုဆေးရုံမှာ ဆရာဝန်မရှိ
သော်လည်း တတ်ကျွမ်းနားလည်သော ဆေးမှူးများ ရှိပါသည်။ ဆေးဝါးမစုံလင်
သော်လည်းဆေးဝန်ထမ်းများကလူနာ
များအား ဖိဖိစီးစီး ကုသပေးကြပါသည်။
သို့သော် ရဲဘက် (၁၀) ဦးခန့် အဖိတ် အစဉ် ရှိသွားသည်။ ကျန်လူနာရဲဘက်
များကိုလည်း နောက်တန်းဆရာဝန်ရှိ
ပြီး ဆေးဝါးစုံလင်သော မင်းကုန်းစခန်း
ဆေးရုံကြီးသို့ ကားကြုံဖြင့် ပို့ပေးနိုင်
သောကြောင့်သာ အသက်ရှင်ခွင့် ရကြ
သည်။
ထို့အပြင် ကျန်းမာရေးအဖွဲ့မှ ဝမ်း
ရောဂါစတင်ဖြစ်ပွားသည့်ကျွန်တော်တို့

စခန်းအား ဆက်လက်၍အသုံးပြုရန်
မသင့်တော်ကြောင်း စခန်း၌ ဝမ်းရောဂါ
ဖြစ်ပွားသည့် လူနာများ၏ မစင်နှင့် အန်
ဖတ်များကဝမ်းရောဂါပိုးတို့ခိုအောင်းပြီး
ကူးစက်နိုင်ကြောင်း၊ ဝမ်းရောဂါပိုးမှာ
လွန်စွာ အသက်ပြင်းပြီး ကူးစက်လွယ်
သော ရောဂါဖြစ်ကြောင်း သတိပေးပါ
သည်။ ထို့ကြောင့်လည်း ကျွန်တော်တို့
စခန်းရှိဝန်ထမ်းနှင့်ရဲဘက်များအားလုံး
ဝမ်းရောဂါ ကာကွယ်ဆေးထိုးကြရပြီး
ရဲဘက်ဘားတိုက်များကိုလည်းအထက်
က ညွှန်ကြားသည့်အတိုင်း မီးရှို့၍ ဖျက်
ဆီးလိုက်ရသည်။ ကျွန်တော်တို့တာဝန်
ကျဝန်ထမ်းနှင့် ရဲဘက်များလည်းဆေး

ဝါးအင်အားပြည့်စုံသည့်ဆေးရုံကြီးရှိရာ
နောက်တန်းမင်းကုန်းစခန်းမကြီးသို့
အလျင်အမြန် ပြောင်းရွှေ့တာဝန်ထမ်း
ဆောင်ရပါတော့သည်။
ဤသည်မှာ ကျွန်တော်တို့စခန်း၏
ဖိုခေါင်းတပ်ကြပ်ကြီး ဦးအိုက်ရီ ပြော သလို စခန်းအတွင်း တောကောင် (၂)
ကြိမ် တိုင်တိုင် ဝင်သောကြောင့် စခန်း
ပျက်ဆီးရခြင်း(သို့မဟုတ်) တိုက်ဆိုင်မှု
ကြောင့်လော။ နမိတ်ဆိုသည်မှာ အမှန်
တကယ် ဖြစ်ပျက်တတ်ခြင်း ရှိသလော
ကျွန်တော်တွေးတောရင်းငေးမောမိနေ
ပါတော့သည်။
ထောင်မှူးကြီးသိန်းဝင်း

Zawgyi Version

နိမိတ္(စ/ဆံုး)
—————–
မိုးဦးက်ၿပီဆိုလွ်င္ ကြၽန္ေတာ္ အလြန္ေပ်ာ္သည္။ ေတာထဲေတာင္ထဲ
တြင္ ႏွစ္ေပါက္ေအာင္ ေနထိုင္ရေသာ္
လည္းေႏြရာသီတြင္ အိုက္စပ္စပ္ျဖင့္
ပူေလာင္လွသည္။စမ္းေရေတြကလည္း
ခန္းသည္။ ပန္းအေႂကြေတြကလည္း
ႏြမ္းၿပီ။ ဝါးေတာမ်ားတြင္ အ႐ြက္ေႂကြ
ခ်ိန္၊အင္ပင္မ်ားတစ္ပင္လုံးအ႐ြက္ခ်၍ အ႐ိုးၿပိဳင္းၿပိဳင္း အခ်ိန္အခါတို႔ေၾကာင့္

႐ြက္ေႂကြေတာမ်ားမွာေႏြရာသီ၌ေျခာက္ ခန္းလွသည္။ ထို႔ေၾကာင့္ ေတာတြင္း၌ ေနထိုင္၍ စခန္းခ်ထားေသာ္လည္း
ေလွာင္အိုက္၍ေနတတ္ပါသည္။ ေႏြရာသီတြင္ မီးေလာင္ေျမ ဝါး႐ုံ
ခင္းမ်ား၌ ျဖဴေဖြးစြာ အုပ္စုဖြဲ႕၍ ေပါက္
တတ္ေသာ ပုတတ္စာပင္မ်ားႏွင့္ ဝါး႐ုံ ေပၚကို ႏြယ္တက္ေနေသာ ဝါးေယာင္း
ႏြယ္ပင္မ်ား၊ေတာသရက္သီးမ်ားမွလြဲ၍

ေတာတြင္း၌ေတာစာ၊ေတာင္စာအလြန္
ရွားပါးပါသည္။
“ေဟာ-မိုးက်ပါၿပီ” ႐ိုးမေတာႀကီး အတြင္းျဖစ္၍ေလတိုးသံက“တေဝါေဝါ
တဝုန္းဝုန္း” မိုး႐ြာလွ်င္လည္း မစဲဘဲ
သဲသဲမဲမဲ ႐ြာတတ္သည္။ ထိုမိုးေလသံ
မ်ားေၾကာင့္ ေတာတြင္း၌ ေတာ္လည္း
သံပမာ“တဝုန္းဝုန္း – တဗုန္းဗုန္း”ပဲ့တင္
သံျမည္ဟိန္းေနတတ္ပါသည္။ မိုးဦးက်
စတြင္ မည္မွ်ပင္ မိုးသည္းထန္စြာ ႐ြာ
သြန္းေသာ္လည္း တစ္ေႏြကုန္ ပူျပင္း
ထားေသာ ေနမင္း၏ အရွိန္ေၾကာင့္
ကမာၻေျမႀကီးမွာ ခ်စ္ခ်စ္ေတာက္ ပူျပင္း
ေနရာ ညအခါ၌လည္း ေရေငြ႕ပ်ံျခင္း
ေၾကာင့္ပူေလာင္အိုက္စပ္ေနပါသည္။ ကြၽန္ေတာ္တို႔ ကညင္ပင္စခန္း
အတြင္းႏွင့္ စခန္းပတ္လည္၌ ႐ုံးခန္း အေဆာက္အအုံအနီးတြင္ ပ်ဥ္းကတိုး
ပင္ႀကီးတစ္ပင္ရွိၿပီး အရိပ္ရသည့္ ကြၽန္း
ပင္ႏွင့္အင္ပင္မ်ားကေတာ့အ႐ြက္ေႂကြ
ပင္မ်ားပီပီ တစ္ေႏြလုံးကိုယ္တုံးလုံးႏွင့္
ျဖစ္သည္။
အခုေတာ့ မိုးဦးက်ပါၿပီ။ ႐ိုးမေတာ
တြင္းေန ကြၽန္ေတာ္တို႔ ေအးခ်မ္းၿပီး ည

အခ်ိန္တြင္ ေကာင္းစြာအိပ္စက္ႏိုင္ၾက
မည္။တစ္ပတ္အတြင္းႏွစ္ႀကိမ္၊ သုံးႀကိမ္
မိုးသည္းသည္။ ႐ြာၿပီးေနာက္ ႐ိုးမေတာ
ႀကီးရွိ႐ြက္ေႂကြပင္မ်ားမွာအခက္အလက္၊
အတက္ စုံလင္စြာျဖင့္ အသက္ဝင္လာ
ၾကသည္။ အင္ပင္ကေလးမ်ားမွာ နီရဲ
ေသာ အ႐ြက္ႏုမ်ားထြက္၍ အလြန္လွပ
သည္။ ေႏြရာသီကာလက ေႁခြခ်ထား
ေသာ အင္႐ြက္ေဆြးမ်ားေအာက္၌
လည္း အင္ဥမႈိဟု ေခၚဆိုေသာ လုံးလုံး
ဝန္းဝန္း မႈိဥမ်ားထြက္လာပါသည္။
ထိုမႈိဥမ်ားမွာေခ်သား၊ ဆတ္သား၊ ေတာဝက္သားမ်ားျဖင့္ေရာေႏွာ၍ခ်က္
ျပဳတ္စားလွ်င္အလြန္အရသာရွိပါသည္။
သူ႔ခ်ည္းအသားမပါဘဲ ခ်က္စားလွ်င္
ေတာ့မႈိနံ႔အလြန္နံၿပီးပ်ဥ္းတြဲတြဲျဖင့္ဝါး၍
မေကာင္းလွပါ။ထိုအခ်ိန္တြင္ေတာလမ္း
တစ္ေလွ်ာက္နံေဘးရွိေတာပင္ကေလး
မ်ားတြင္ ရင္းတိုက္ပင္၊ ေၾကာင္လွ်ာပင္
စေသာအသီးအ႐ြက္ကိုစားသုံးၾကသည့္
ေတာပင္ကေလးမ်ားကလည္းအ႐ြက္ႏု
မ်ားထြက္၍ ေဝဆာေနပါသည္။ ေတာ
တြင္း၌ႏွစ္စဥ္ေနရာသီးသန႔္တြင္ေပါက္
တတ္ေသာေတာင္ပို႔မႈမ်ားႏွင့္ဖက္ဆြတ္

မႈိမ်ားကလည္း သူ႔က်င္းႏွင့္သူ အုံဖြဲ႕၍ ေပါက္တတ္ပါသည္။ထို႔အျပင္ေႏြရာသီ
၌ မီးေလာင္ထားေသာ ဝါး႐ုံခင္းမ်ား
ေအာက္ေျခ၌ ျဖဴေဖြးစြာ စုေဝး၍ေပါက္
တတ္ေသာ ပုတတ္စာပင္မ်ားမွာ ေႏြရာ
သီ၌ အပြင့္ျဖဴျဖဴ၊ ပုတတ္စာပြင့္မ်ား ျဖစ္
ေသာ္လည္း မိုးရာသီ၌ အစိမ္းေရာင္
မာလာဖူးမ်ားအျဖစ္ ျပန္လည္ထြက္ျပဴ
လာၾကျပန္သည္။ထို႔အျပင္မိုးရာသီတြင္

ခ်ဥ္ရည္ ဟင္းခ်က္၍ စားလို႔ရေသာ ဇင္
ႁပြန္းသီးမ်ားႏွင့္ ကနစိုး၊ ေတာတညင္း၊
ေတာသရက္သီးမ်ား၊ မွ်စ္စို႔မ်ားစသျဖင့္
ေတာ စာ၊ ေတာင္စာ လြန္စြာေပါမ်ားလွ
သည္။
ထို႔ေၾကာင့္ မိုးဦးက်ရာသီတြင္ကြၽန္
ေတာ္တို႔ စခန္းခ်၍ ႐ိုးမေတာတြင္း ေန
ထိုင္ရျခင္းကို လြန္စြာႏွစ္သက္လွပါ
သည္။

သို႔ေသာ္အေကာင္းထဲကအဆိုးရွိ
သလို အဆိုးထဲ အေကာင္းရွိတတ္ပါ
သည္။ တစ္ေႏြကုန္ပူျပင္းလွေသာ အပူ
ဒဏ္ကိုလေပါင္းမ်ားစြာခံစား၍အပူဒဏ္
သက္သာေစရန္အလို႔ငွာ တြင္းေအာင္း
ေနၾကသည့္ပိုးေကာင္ငယ္မ်ား၊ ဖားမ်ား
ႏွင့္ ေႁမြမ်ားက ေျမအတြင္းမွ ျပဴတစ္ ျပဴ
တစ္လုပ္ကာ ထြက္ျပဴလာၾကသည္။
ေတာပင္၊ ေတာင္ပင္မ်ားနည္းတူ သူတို႔
လည္း ေျမေပၚသို႔ ထြက္ေပၚလာၾကပါ
သည္။ ေန႔အခ်ိန္ထက္ ညအခ်ိန္မ်ား
တြင္ပို၍ထြက္တတ္ပါသည္။ ထို႔ေၾကာင့္
မိုးဦးက်ကာလ ေန႔ည ေတာတြင္းခရီး
သြားလာရာတြင္ ေျခခင္းလက္ခင္း
အလြန္သတိထားရပါသည္။
ေတာတြင္းမွာကခရီးအသြားအလာ နည္းေသာေၾကာင့္ ေတာေကာင္မ်ားက
ကြက္လပ္ရွိရာသို႔ထြက္ၿပီးလြတ္လပ္စြာ လႈပ္ရွားေနတတ္ၾကပါသည္။

ကြၽန္ေတာ္တို႔ဝန္ထမ္းမ်ားကေတာ့
ေတာတြင္းစခန္းမ်ားတြင္ သဘာဝထြက္

ေပါက္ပင္မ်ားမွဝါးမ်ား၊စလူဖက္မ်ားျဖင့္
တဲမ်ား၏အမိုးအကာအတြက္ ႀကိဳတင္
ေဆာင္႐ြက္ၿပီးျဖစ္ရာ မိုးက်ေသာ ည
အခ်ိန္တြင္လုံလုံၿခဳံၿခဳံဇိမ္ႏွင့္ေကြး၍အိပ္
ႏိုင္ၾကပါသည္။ကင္းသမားအဖြဲ႕ေလာက္
သာႏိုးႏိုးၾကားၾကားျခင္ကိုက္သက္သာ
ေစရန္အတြက္မီးလွ်ံ၍ကင္းေစာင့္တတ္
ၾကပါသည္။ ထိုစဥ္ထိုကာလကရဲဘက္
မ်ားမွာ စခန္းသို႔ထြက္ရန္ သင့္ေလ်ာ္
သည့္ရဲဘက္မ်ားကိုသာေ႐ြးခ်ယ္၍ေစ
လႊတ္ျခင္းျဖစ္ရာအျပာေရာင္ယူနီေဖာင္း
ျဖင့္ အလုပ္ၾကမ္း လုပ္ႏိုင္သူမ်ား ျဖစ္
သလိုထုသား၊ေပသားရေနေသာေတာ
ေပ်ာ္မ်ားျဖစ္ၾကပါသည္။
ထို႔ေၾကာင့္လည္းစခန္းမွတရားဝင္ မထြက္မျခင္း ထြက္ေျပးမည့္ သူမ်ား လည္းမဟုတ္ၾကပါ။ ရဲဘက္မ်ားေရာက္ စက ထြက္ေျပးလြတ္ေျမာက္သြားသူ မ်ား ရွိၾကပါသည္။ သို႔ေသာ္ ေတာတြင္း ၌ ေနရထိုင္ရစဥ္ ေနသားက်ၿပီး အစား အေသာက္မ်ား အဆင္ေျပလာေသာ အခါ ရဲဘက္မ်ားေျပးျခင္း၊ လႊားျခင္း မရွိ ေတာ့ ပါ။ သူတို႔ကိုလည္း ကြၽန္ေတာ္တို႔ ဝန္ထမ္းမ်ားက“ကိုယ္တာ”ႏွင့္ ခိုင္းေစ

ၿပီး အလုပ္ၿပီးျပတ္သည္ႏွင့္ ေတာတြင္း
သို႔လြတ္လပ္စြာရွာေဖြသြားလာခြင့္ေပး
ထားပါ သည္။ ေဝးေဝးသို႔ မသြားရန္ႏွင့္
အခ်ိန္ႏွင့္ျပန္လာရန္ကိုေတာ့ သတိေပး ရပါ သည္။ တစ္ပတ္တစ္ႀကိမ္တနဂၤေႏြ ေန႔၊ အလုပ္ပိတ္ရက္မ်ားတြင္ေတာ့
ရဲဘက္မ်ားမွာ မနက္ေစာေစာ စခန္းမွ
ထြက္ခြာ၍ ေတာတြင္း၌ တစ္ေနကုန္
လွည့္လည္ၿပီး ညေနေစာင္းမွ ေတာစာ၊
ေတာင္စာဟင္းခ်က္စရာအသီးအႏွံမ်ား၊
အသားငါးမ်ား တစ္႐ြက္တစ္ထမ္းျဖင့္
ျပန္လည္ေရာက္ရွိလာၾကပါသည္။စခန္း
သို႔ေရာက္မွ ေဝမွ်၍ ခ်က္ျပဳတ္စား
ေသာက္ၾကပါသည္။ ေတာတြင္းစခန္း
ျဖစ္၍ ဟင္းကလည္း အလြန္ေပါသည္။
ထို႔ေၾကာင့္လည္း အက်ဥ္းဌာနမွ တရား
ဝင္မလြတ္မခ်င္းရဲဘက္မ်ားထြက္ေျပး
သည္ဆိုသည္မွာ လြန္စြာရွားပါးလွပါ
သည္။

မွတ္မွတ္ရရစေနေန႔ညေနေစာင္း
တြင္လုပ္ငန္းေစာေစာသိမ္းၿပီးဝန္ထမ္း

ႏွင့္ ရဲဘက္မ်ား ညေနစာအတြက္ မီးခိုး တလူလူျဖင့္ ခ်က္ျပဳတ္ေနၾကစဥ္ ကြၽန္
ေတာ္လည္း ေရခ်ိဳးၿပီးခါစ အရပ္ဝတ္
လဲ၍ အနားယူရန္ ျပင္ဆင္ေနခိုက္
ရဲဘက္ဖိုႀကီးဘက္မွ တအံ့တဩေအာ္
ဟစ္သံမ်ားကို ၾကားရေသာေၾကာင့္ ႐ုံး
ခန္းအျပင္သို႔ ထြက္ၾကည့္မိပါသည္။
“ဟာ-ဟယ္- အလို-ဘာေကာင္
ႀကီးလဲ”
စသျဖင့္ ေအာ္ဟစ္ဆူညံေနေသာ
ေၾကာင့္ကြၽန္ေတာ္လည္း၎တို႔အနီးသို႔
သြားေရာက္ၿပီးကြၽန္းပင္ႀကီးတစ္ပင္ေပၚ
သို႔ ေမာ့ၾကည့္မိသည္။ ေတာေကာင္
တစ္ေကာင္ ျဖစ္ပါသည္။ အေမြးက
ေမ်ာက္ေမြးျဖင့္ ဦးေခါင္းက ခြၽန္သည္။
လင္းဆြဲလို အေရျပားႏွင့္ ဖြဲ႕စည္းထား ေသာ အေတာင္ပံႏွစ္ခုလည္း ပါသည္။
အ႐ြယ္အစားမွာ ေတာေၾကာင္ႀကီး သဖြယ္ (၃၊ ၄) ပိႆာခန႔္ ရွိပါသည္။
ကြၽန္ေတာ္တို႔ ယခင္က ေတြ႕ႀကဳံရင္းႏွီး
ဖူးေသာ ေတာေၾကာင္ အမ်ိဳးအစား
မဟုတ္ပါ။ ထို႔ေၾကာင့္ ရဲဘက္ဖိုေခါင္း
တပ္ၾကပ္ႀကီးအား ေမးျမန္းၾကည့္ရာ .
“ရႉးပ်ံပါ ဆရာ”

ဟုေျပာပါသည္။
သို႔ႏွင့္ကြၽန္ေတာ္စခန္း႐ုံးသို႔အျမန္
ျပန္၍လက္နက္ခန္းအတြင္းရွိ(၀.၃၀၃)
အေမရိကန္႐ိုင္ဖယ္ႀကီးအားယူ၍က်ည္
တိုးၿပီးျပန္လာခဲ့ရာကြၽန္ေတာ္ကြၽန္းပင္
ႀကီးေအာက္သို႔ ေရာက္ရွိသည့္အခ်ိန္
တြင္ ထိုေတာေကာင္ ရႉးပ်ံမွာ ကြၽန္းပင္
ႀကီး၏ကိုင္းအေဆြးတစ္ခုတြင္ ခိုကပ္၍
ေနပါသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ္ ခ်ိန္
႐ြယ္၍ပစ္ခ်ရာ“ဒိန္း”ဟူေသာေသနတ္
သံႏွင့္အတူ ကိုင္းေဆြးႀကီးေရာ “ရႉးပ်ံ”
ပါ ျပဳတ္က်၍ လာပါသည္။ တစ္ကယ္
တမ္းေတာ့ေသနတ္က်ည္ဆန္ကေတာ
ေကာင္ကို မမွန္ပါ။ ကိုင္းေဆြးႀကီးအား
ထိမွန္ၿပီး သစ္ပင္အျမင့္မွ ျပဳတ္က်လာ
ျခင္းျဖစ္ေသာေၾကာင့္“ရႉးပ်ံႀကီးမွာေမ့
ေျမာျခင္းေလာ၊ဒဏ္ရာရ၍ေသဆုံးျခင္း
လားမသိပါ။ သစ္ပင္ေအာက္တြင္ေစာင့္
ေမွ်ာ္ေနၾကသည့္ ရဲဘက္မ်ားက သစ္
ကိုင္းမ်ားျဖင့္ ဝိုင္းဝန္း႐ိုက္ၾကေသာ
ေၾကာင့္ ေသဆုံးသြားသည္ကေတာ့
အမွန္ပင္ ျဖစ္ပါသည္။
ထိုေတာေကာင္“ရႉးပ်ံ”အား ကြၽန္
ေတာ့္ ႐ုံးမွ ထမင္းခ်က္တပည့္က ဖ်က္

၍ ဟင္းခ်က္ရန္ စီစဥ္သည္။ ထိုေတာ
ေကာင္မွာအေရခြံခြာ၍ဖ်က္လိုက္ေတာ့
ႏူးညံ့ေသာ ေမ်ာက္ေမြးအေရခြံက (၄)
(၅)ဆယ္သားခန႔္ရွိသည္။အေရခြံခြာၿပီး
အသားက (၂)ပိႆာ၊ (၃) ပိႆာခန႔္
ရွိပါလိမ့္မည္။ ေမ်ာက္ညိဳသားလိုပင္
အလြန္ႏူးညံ့ေသာ ေတာေကာင္သား
ျဖစ္ပါသည္။ ထိုညက ကြၽန္ေတာ္၏ ႐ုံးမွ
တပည့္မ်ားေကာင္းမြန္စြာခ်က္ျပဳတ္ေပး
ေသာ “ရႉးပ်ံ” သားကို မစားစဘူး စားရ
ပါသည္။ အလြန္ႏူးညံ့ၿပီး ခ်ိဳပါသည္။
ခ်က္ၿပီးသားဟင္းကိုလည္းဝန္ထမ္းမ်ား
ႏွင့္ ဖိုေခါင္းတပ္ၾကပ္ႀကီးအား ေဝလိုက္
သည္။
ဖိုေခါင္းတပ္ ၾကပ္ႀကီးကေတာ့ စခန္းအတြင္းသို႔ ေတာေကာင္ဝင္သည့္
နိမိတ္မွာမေကာင္းေၾကာင္းညည္းတြား
ေနေၾကာင္း ၾကားသိခဲ့ရသည္ဟု ဟင္း
သြားပို႔သူ ကြၽန္ေတာ္၏ တပည့္က ျပန္
ေျပာျပပါသည္။ ကြၽန္ေတာ္ကေတာ့
အယုံအၾကည္မရွိ၍ ထိုစကားကို စိတ္
ထဲ၌ပင္ မွတ္သားမထားမိပါ။ ေနာက္
တစ္ေန႔က ဝန္ထမ္းရဲဘက္မ်ား အလုပ္
ပိတ္ရက္ တနဂၤေႏြေန႔ ျဖစ္သည္။ ထို႔

ေၾကာင့္ ရဲဘက္အမ်ားစုမွာ ေတာတြင္း သို႔ ဟင္းသီးဟင္း႐ြက္၊ ဟင္းခ်က္စရာ
ရွာေဖြရန္အတြက္ လွည့္လည္သြားလာ
ေနၾကသည္။ ကြၽန္ေတာ္ႏွင့္ ႐ုံးခန္းမွ
တပည့္မ်ားပင္ ေသနတ္တစ္လက္ကို
ထမ္း၍ ေတာတြင္း၌ လွည့္လည္ကာ
ညေနေစာင္း ျပန္လာေသာအခ်ိန္အခါ
ျဖစ္ပါသည္။
စခန္းအနီးသို႔ ေရာက္သည္ႏွင့္ “ေဟးေဟးဝါးဝါး”ဟုေအာ္ဟစ္ဆူညံသံ
မ်ားေၾကာင့္ စခန္း၌ တစ္စုံတစ္ရာ ျဖစ္ သည္အထင္ႏွင့္ကြၽန္ေတာ္တို႔ေတာစပ္
မွ စခန္းရွိရာသို႔ အေျပးအလႊား ျပန္လာ
ၾကသည္။ စခန္းအတြင္း စည္း႐ိုးအနီး
တြင္ဝန္ထမ္းႏွင့္ရဲဘက္မ်ားတစ္စုံတစ္ ရာကို ဝိုင္းဝန္းၿပီး ေအာ္ဟစ္ေနၾကျခင္း
ျဖစ္သည္။ ကြၽန္ေတာ္တို႔ ေရာက္ရွိၿပီး
အေသအခ်ာၾကည့္မွ ေခ်ဖိုႀကီးတစ္
ေကာင္ ျဖစ္သည္။ စခန္းစည္း႐ိုးအျပင္
ဘက္၌ ရဲဘက္မ်ား စိုက္ပ်ိဳးထားသည့္
စိုက္ခင္းကို အလြယ္တကူ ဝင္ေရာက္ စားရင္း ရဲဘက္မ်ား အဝိုင္းခံရျခင္း ျဖစ္ ပါသည္။ အတြင္းအိပ္ေဆာင္မ်ားအား သံဆူးႀကိဳးကာရံထားျခင္းေၾကာင့္လည္း

ေကာင္း၊ ေျပးလမ္းတြင္ ရဲဘက္မ်ားက
ဝိုင္းဝန္းပိတ္ဆို႔ထားျခင္းေၾကာင့္လည္း
ေကာင္းေခ်ဖိုႀကီးမွာေျပးေပါက္ပိတ္ၿပီး
သံဆူးႀကိဳးျဖင့္ ၿငိ၍ေနပါသည္။ ထို႔
ေၾကာင့္ ရဲဘက္မ်ားက တစ္ေယာက္
တစ္လွည့္ဝိုင္းဝန္း႐ိုက္ႏွက္ၾကရာေခ်ဖို
ႀကီးေသဆုံးသြားပါသည္။

ဝန္ထမ္းႏွင့္ ရဲဘက္မ်ားကေတာ့
အသားရိကၡာရွားပါးလွသည့္ေတာတြင္း စခန္းျဖစ္ေသာေၾကာင့္ ညေနစာ၊ ေခ်
သား လတ္လတ္ဆတ္ဆတ္ စားသုံး
ရမည္ျဖစ္ေသာေၾကာင့္ အလြန္ေပ်ာ္႐ႊင္
ေနၾကပါသည္။ေခ်ေသေကာင္ႀကီးအား
ရဲဘက္ဖိုသို႔ သယ္ေဆာင္ၿပီး ဖ်က္၍
ခ်က္ျပဳတ္စားေသာက္ရန္ ျပင္ဆင္ၾက
သည္။ ကြၽန္ေတာ္တို႔အဖြဲ႕လည္း ဖိုႀကီး
အနီးမွျဖတ္၍ ႐ုံးခန္းဘက္သို႔ အသြား
တြင္ဖိုေခါင္းတပ္ၾကပ္ႀကီးႏွင့္ေတြ႕သည္။
သူက
“ဆရာေထာင္မႉး-ဒုကၡေတာ့ ေရာက္ၾကေတာ့မယ္။ စခန္းထဲကိုေတာ

ေကာင္ဝင္တာ နိမိတ္မေကာင္းဘူး။
ကြၽန္ေတာ္တို႔ ရွမ္း႐ိုးရာ ယုံၾကည္မႈနဲ႔
ေျပာရရင္ စခန္းပ်က္မယ္၊ လူေသမယ္” ထို႔ေၾကာင့္ကြၽန္ေတာ္က…
“ဆရာႀကီးရယ္၊ေတာလယ္ေကာင္
မွာဖြင့္ထားတဲ့ေတာစခန္းပဲေတာေကာင္
ဝင္တာ ဘာဆန္းလို႔လဲ။ အယူအစြဲ မထားစမ္းပါနဲ႔ဗ်ာ။ ဒါဟာ သဘာဝပါပဲ”
“အင္း- ဆရာတို႔ လူငယ္ေတြ
ကေတာ့ ေရွး႐ိုးစကားကို လက္မခံၾက
ေတာ့ မတတ္ႏိုင္ဘူးေပါ့။ ကြၽန္ေတာ္
ကေတာ့ တိုင္းရင္းသားမ်ားပီပီ လက္ခံ
ယုံၾကည္ပါတယ္။ ဆရာမယုံရင္လည္း
သတိထားေနပါ”
“ကြၽန္ေတာ္ကမိဘေတြလက္ထက္ ကတည္းက ေတာသူေတာင္သားမို႔လို႔
ကိုယ္ေတြ႕ႀကဳံလို႔ယုံပါတယ္”
ထို႔ေၾကာင့္လည္း ကြၽန္ေတာ္က
အယုံအၾကည္ႀကီးေသာ တပ္ၾကပ္ႀကီး
အား ေတာင္းပန္ၿပီး စခန္း႐ုံးသို႔ ျပန္ခဲ့ပါ
သည္။

ထိုညက ကြၽန္ေတာ္ ေရမိုးခ်ိဳးၿပီး ညစာ စားေတာ့ လတ္ဆတ္ေသာ ေခ်၊
အသားဟင္းႏွင့္ဝမ္းတြင္းကလီစာဟင္း
(၂)မ်ိဳးပါလာသည္။ ေတာတြင္းမုဆိုး
ခ်က္၊ ခ်က္ထားေသာ္လည္း အသားမွာ
လတ္ဆတ္ေသာေၾကာင့္ အလြန္စား၍
ေကာင္းပါသည္။ ညအိပ္ေတာ့လည္း
ဗိုက္ေလးေလးႏွင့္အိပ္၍အလြန္ေကာင္း
သည္။
ေနာက္တစ္ေန႔မနက္တြင္ ရဲဘက္
ႏွင့္ ဝန္ထမ္းမ်ားအတြက္ အသားရိကၡာ
ရရွိမည့္ ၾကာသပေတးေန႔ ျဖစ္ေသာ
ေၾကာင့္လည္းေကာင္း၊ စခန္းအုပ္စု
အစည္းအေဝးပြဲကေလးရွိေသာေၾကာင့္
လည္းေကာင္း ကြၽန္ေတာ္ႏွင့္ ႐ုံးအဖြဲ႕၊
အုပ္စုေထာင္ပိုင္ရွိရာ မအူပင္စခန္းသို႔
မနက္စာစားၿပီးထြက္လာခဲ့ၾကပါသည္။
မအူပင္စခန္းသို႔ ေရာက္ေသာအခါ
မနက္ (၉)နာရီခန႔္ပင္ ရွိပါေသးသည္။
အခ်ိဳ႕အေဝးစခန္းမ်ားမွစခန္းခြဲတာဝန္ခံ
မ်ားမေရာက္ရွိၾကေသးပါ။ ထို႔ေၾကာင့္
ကြၽန္ေတာ္တို႔ဦးစြာေရာက္ရွိေနၾကေသာ
စခန္းခြဲတာဝန္ခံ ေထာင္မႉးမ်ား ေတာ
တြင္းအေတြ႕အႀကဳံကိစၥမ်ားကိုေဆြးေႏြး

ဖလွယ္ၾကသည္။ ေန႔လယ္ (၁၂)နာရီ
အခ်ိန္ခန႔္မွာ လူစုံသည္။ ေန႔လယ္စာ
စားခ်ိန္ျဖစ္ေသာေၾကာင့္အစည္းအေဝး
မစတင္ႏိုင္ေသးဘဲ ေန႔လယ္စာ စားၾက
သည္။ အုပ္စုေထာင္ပိုင္စခန္းမွ ေကြၽး
ေမြးျခင္း ျဖစ္ပါသည္။ အမဲသား မစားသူ
ကြၽန္ေတာ္တို႔ကိုငါးဟင္းျဖင့္ေကြၽးသည္။
ေန႔လယ္စာ စားေသာက္ၾကၿပီးေနာက္
မြန္းလြဲ (၁)နာရီအခ်ိန္ခန႔္မွာ အစည္း
အေဝး စျဖစ္သည္။ အစည္းအေဝးမွာ
လည္း လုပ္ငန္းေဆာင္႐ြက္မႈ တိုးတက္
ခ်က္မ်ားအား တင္ျပျခင္း၊ အခက္အခဲ
မ်ားအားတင္ျပျခင္းႏွင့္လာမည့္အပတ္
တြင္ လူႀကီးမ်ား လာေရာက္၍ စခန္းကို
စစ္ေဆးမည္ျဖစ္ေသာေၾကာင့္စခန္းမ်ား
အား သန႔္ရွင္းသပ္ရပ္စြာ ထားရွိရန္ႏွင့္ ထိုေန႔တြင္ ဝန္ထမ္းႏွင့္ ရဲဘက္မ်ားအား
ဟိုဟိုသည္သည္ မသြားေစဘဲ စုစုေဝး
ေဝး ထားရွိရန္ အသိေပးျခင္းသာ ျဖစ္ပါ
သည္။
အစည္းအေဝးၿပီးေသာ အခ်ိန္မွာ
ညေန (၃)နာရီအခ်ိန္ခန႔္ျဖစ္သည္။ ခရီး ေဝးတြင္ ေနထိုင္ေသာသူမ်ားက မျပန္ ၾကေတာ့ဘဲ အုပ္စုေထာင္ပိုင္စခန္းတြင္

ညအိပ္ၿပီး ေနာက္တစ္ေန႔ မနက္မွ ျပန္
ၾကမည္ျဖစ္ေသာ္လည္း ကြၽန္ေတာ္တို႔
လို(၂)နာရီခန႔္သာလမ္းေလွ်ာက္ရမည့္
အနီးစခန္းတြင္ ေနထိုင္ၾကသူမ်ား
ကေတာ့ ကိုယ္စီ၊ ကိုယ္စီ အသားရိကၡာ
ႏွင့္ ဘဲဥမ်ားကို တပည့္မ်ားကထမ္းၿပီး
စခန္းသို႔ ျပန္ခဲ့ၾကပါသည္။ ညေန (၃)
နာရီအခ်ိန္ခန႔္ ျဖစ္ေသာေၾကာင့္ (၂)
နာရီ ခရီးသာၾကာျမင့္မည္ျဖစ္ေသာ
ကြၽန္ေတာ္တို႔စခန္းသို႔ ညေန (၅)နာရီ ေနမဝင္မီေရာက္ရွိၾကမည္ျဖစ္ပါသည္။ ေတာတြင္းလမ္းႀကီးျဖစ္၍ ေတာ ေကာင္မ်ား၏ အႏၲရာယ္ရွိေသာ္လည္း လူအုပ္ေကာင္းေသာေၾကာင့္ကြၽန္ေတာ္
တို႔ မေၾကာက္ပါ။ ထို႔အျပင္ ကြၽန္ေတာ့္ တြင္ ဒႆမ (၁.၃ဝ၃) အေမရိကန္ ႐ိုင္
ဖယ္ႀကီးတစ္လက္လည္းပါလာပါေသး
သည္။ ထို႔အျပင္ တပည့္မ်ား၌ တုတ္ႏွင့္
ေတာရွင္းဓားရွည္မ်ားလည္း ပါလာၾက
ပါသည္။ ထို႔ေၾကာင့္ ေတာတြင္းေနသူ မ်ားပီပီ ေတာလမ္းခရီးကို သြက္သြက္
လွမ္း၍ျပန္ခဲ့ၾကပါသည္။
ကြၽန္ေတာ္တို႔ စခန္းျပန္ေရာက္ လွ်င္ ေရာက္ျခင္းရဲဘက္ဖိုႀကီးသို႔ အမဲ

သားႏွင့္ ဘဲဥမ်ားအား လတ္ဆတ္စြာ
ခ်က္ျပဳတ္ႏိုင္ရန္အတြက္အပ္ႏွံလိုက္ပါ
သည္။ ဤကဲ့သို႔ပင္ အျခားအသားစား
အပတ္မ်ားကလိုပင္အသားရိကၡာထုတ္
ၿပီးညေနေစာင္းမွျပန္လာၿပီးညစာအျဖစ္
ခ်က္ျပဳတ္ၾကရျခင္း ျဖစ္ပါသည္။ ထိုေန႔
လိုအသားစားေန႔မ်ားကေတာ့အၿမဲတမ္း
ပင္ ညစာစားေနာက္က်ၾကသည္။ ရရွိ
လာေသာ အမဲသားက ႏြားအိုႀကီးမ်ိဳး
ျဖစ္ပါက အေတာ္ႏွင့္မက်က္ေတာ့ ည
(၈) နာရီ၊ (၉)နာရီက်မွသာညစာကိုစား
ၾကရေတာ့သည္။ ထိုသည္က အမဲသား
စားသူမ်ားအတြက္ျဖစ္သည္။ အမဲသား
မစား၊ ဘဲဥစားသူမ်ားကေတာ့ေစာေစာ
စီးစီးစားၿပီးစိတ္ခ်မ္းသာစြာႏွပ္၍ေနၾက
ေပလိမ့္မည္။
ေနာက္တစ္ေန႔ေသာၾကာေန႔မနက္
အလုပ္သြားရန္ တန္းစီစစ္ေဆးရာ ရဲ
ဘက္မ်ားလိုေနေပရာထြက္ေျပးၾကျခင္း
မဟုတ္ပါ။ညကဝမ္းေလွ်ာ၍အိပ္ေဆာင္
မ်ားအတြင္းမွမထႏိုင္ၾကျခင္းျဖစ္သည္။
အမဲသားစားသူရဲဘက္မ်ားႏွင့္ဝန္ထမ္း
မ်ား ျဖစ္ၾကသည္။ အမဲသားတြင္ ဝမ္း ေရာဂါပိုးတစ္မ်ိဳးမ်ိဳးပါလာေသာေၾကာင့္

ျဖစ္ပါလိမ့္မည္။ ထို႔ေၾကာင့္ ဘဲဥစားၿပီး
က်န္းမာသူမ်ားက အမဲသားစားၿပီး ဝမ္း
ေလွ်ာသူမ်ားအား ေစာင္ပုခက္မ်ားျဖင့္
အေခါက္ေခါက္အခါခါ သယ္ယူ၍ မအူ
ပင္အုပ္စုေထာင္ပိုင္စခန္းသို႔ပို႔ရပါသည္။
ထိုတြင္ စခန္းအုပ္စု ေဆး႐ုံရွိသည္။ ထို
ေန႔ကေသာၾကာေန႔ အလုပ္ဖြင့္ရက္ျဖစ္
ေသာ္လည္းလူနာမ်ားအား စခန္းအုပ္စု
ေဆး႐ုံသို႔ ပို႔ရေသာေၾကာင့္ ရဲဘက္မ်ား လုံးဝအလုပ္မဆင္းႏိုင္ၾကပါ။
စခန္းအုပ္စုေဆး႐ုံမွာ ဆရာဝန္မရွိ
ေသာ္လည္း တတ္ကြၽမ္းနားလည္ေသာ ေဆးမႉးမ်ား ရွိပါသည္။ ေဆးဝါးမစုံလင္
ေသာ္လည္းေဆးဝန္ထမ္းမ်ားကလူနာ
မ်ားအား ဖိဖိစီးစီး ကုသေပးၾကပါသည္။
သို႔ေသာ္ ရဲဘက္ (၁၀) ဦးခန႔္ အဖိတ္ အစဥ္ ရွိသြားသည္။ က်န္လူနာရဲဘက္
မ်ားကိုလည္း ေနာက္တန္းဆရာဝန္ရွိ
ၿပီး ေဆးဝါးစုံလင္ေသာ မင္းကုန္းစခန္း
ေဆး႐ုံႀကီးသို႔ ကားႀကဳံျဖင့္ ပို႔ေပးႏိုင္
ေသာေၾကာင့္သာ အသက္ရွင္ခြင့္ ရၾက
သည္။
ထို႔အျပင္ က်န္းမာေရးအဖြဲ႕မွ ဝမ္း
ေရာဂါစတင္ျဖစ္ပြားသည့္ကြၽန္ေတာ္တို႔

စခန္းအား ဆက္လက္၍အသုံးျပဳရန္
မသင့္ေတာ္ေၾကာင္း စခန္း၌ ဝမ္းေရာဂါ
ျဖစ္ပြားသည့္ လူနာမ်ား၏ မစင္ႏွင့္ အန္
ဖတ္မ်ားကဝမ္းေရာဂါပိုးတို႔ခိုေအာင္းၿပီး
ကူးစက္ႏိုင္ေၾကာင္း၊ ဝမ္းေရာဂါပိုးမွာ
လြန္စြာ အသက္ျပင္းၿပီး ကူးစက္လြယ္
ေသာ ေရာဂါျဖစ္ေၾကာင္း သတိေပးပါ
သည္။ ထို႔ေၾကာင့္လည္း ကြၽန္ေတာ္တို႔
စခန္းရွိဝန္ထမ္းႏွင့္ရဲဘက္မ်ားအားလုံး
ဝမ္းေရာဂါ ကာကြယ္ေဆးထိုးၾကရၿပီး
ရဲဘက္ဘားတိုက္မ်ားကိုလည္းအထက္
က ၫႊန္ၾကားသည့္အတိုင္း မီးရႈိ႕၍ ဖ်က္
ဆီးလိုက္ရသည္။ ကြၽန္ေတာ္တို႔တာဝန္
က်ဝန္ထမ္းႏွင့္ ရဲဘက္မ်ားလည္းေဆး

ဝါးအင္အားျပည့္စုံသည့္ေဆး႐ုံႀကီးရွိရာ
ေနာက္တန္းမင္းကုန္းစခန္းမႀကီးသို႔
အလ်င္အျမန္ ေျပာင္းေ႐ႊ႕တာဝန္ထမ္း
ေဆာင္ရပါေတာ့သည္။
ဤသည္မွာ ကြၽန္ေတာ္တို႔စခန္း၏
ဖိုေခါင္းတပ္ၾကပ္ႀကီး ဦးအိုက္ရီ ေျပာ သလို စခန္းအတြင္း ေတာေကာင္ (၂)
ႀကိမ္ တိုင္တိုင္ ဝင္ေသာေၾကာင့္ စခန္း
ပ်က္ဆီးရျခင္း(သို႔မဟုတ္) တိုက္ဆိုင္မႈ
ေၾကာင့္ေလာ။ နမိတ္ဆိုသည္မွာ အမွန္
တကယ္ ျဖစ္ပ်က္တတ္ျခင္း ရွိသေလာ
ကြၽန္ေတာ္ေတြးေတာရင္းေငးေမာမိေန
ပါေတာ့သည္။
ေထာင္မႉးႀကီးသိန္းဝင္း