Unicode Version
နိူင်းတုမမှီမေတ္တာရေကြည်(စ/ဆုံး)
——————————————–
ရာသီဥတုသာယာသဖြင့် မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် တောင်ထိပ်ဘုရားစေတီဆီသို့တက်လာခဲ့သည်။ ရောက်လေရာအရပ်၌သောကပင်လယ်ဝေနေသည့်ခုနှစ်ရက်သားသမီးများကိုကယ်တင်ရင်း ပါရမီဖြည့်ခဲ့ကြသည်။ ယခုလည်း မောင်းတစ်လုံးတောင်ပေါ်ရှိသိုက်နန်းရှင်များကိုကူညီပေးပြီး ခရီးဆက်ထွက်ကြရင်း လေထိုးကုန်းကျေးရွာသို့ရောက်လာခဲ့ကြသည်။
ထိုကျေးရွာရှိဘုန်းကြီးကျောင်းတွင်တည်းရင်းကျောင်းပုရဝုဏ်အတွင်းကိုသန့်ရှင်းရေးလုပ်ပေးနေကြသည်။ ကျောင်းဝေယာဝစ္စများအားလုံးကိုလုပ်ပြီးသည်နှင့် ရာသီဥတုသာယာသဖြင့်တောင်ပေါ်သို့တက်လာခဲ့ခြင်းဖြစ်သည်။ တောင်ထိပ်သို့ရောက်သည်နှင့် မိမိ၏နေ့နံထောင့်တွင်ထိုင်ကာဘုရားရှိခိုးခြင်းအမှုကိုပြုသည်။ ပြီးသော်ခန္တီစေတီတော်ပုတီးစိပ်ရန်ပုတီးကိုထုတ်သည်။ ခန္တီစေတီတော်ပုတီးစိပ်ခြင်းနည်းဖြင့် စေတီငါးဆူကိုတည်ထားပြီးဖြစ်သည်။ မောင်ထင်ပေါ်ကား တည်ငြိမ်သောအမူအရာဖြင့် တရားထိုင်နေပြီဖြစ်သည်။
အားလပ်သောအချိန်များတွင် ကျောင်းထိုင်ဆရာတော်အားမိမိသိလိုသည်များကို မေးလျှောက်ကြ၏။ ဆရာတော်ဘုရားကလည်း သူတို့လေ့လာလိုက်စားသောပညာအကြောင်းကိုမေးတတ်၏။ ဆရာတော်ဘုရားသည်ဤပညာရပ်များကိုစိတ်ဝင်စားသော်လည်း ဘုရား၏သားတော်သည်လောကီကိစ္စများဖြင့် မအပ်စပ်သဖြင့်မလေ့လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မောင်ရေခဲနှင့် ဆရာတော်တို့စကားကောင်းနေစဉ် ကျောင်းပေါ်သို့အမျိုးသမီးနှစ်ယောက်တက်လာသည်။ ထိုအမျိုးသမီးနှစ်ယောက်သည် သာသောနေရာတွင်ထိုင်လိုက်ကြရင်းမြတ်ဘုရားကိုရှိခိုးဦးချပြီး ဆရာတော်ဘက်လှည့်ကာ ဦးတော်လုပ်သည်။
” တပည့်တော်မတို့ အရှင်ဘုရားဘုဉ်းဖို့ဆွမ်းလာပို့တာပါဘုရား….”
” ဪအေးအေးဒကာမကြီးတို့….ဟေ့ကပ္ပိယကြီးရေလာဦးကွဲ့….ဒီကဒကာမကြီးတို့ရဲ့ဆွမ်းချိုင့်ကို လှယ်ပေးချေဦးကွဲ့…”
ဆရာတော်ဘုရားက သောက်ရေအိုး၌ရေဖြည့်နေသော ကပ္ပယကြီးကိုလှမ်းမိန့်လိုက်၏။
” ဒကာမကြီးတို့ဆွမ်းအလှည့်လားကနေ့က….”
” မဟုတ်ပါဘူးဘုရား….တပည့်တော်မရဲ့သားကလေးမွေးနေ့အလှူလုပ်တာမို့ မွေးနေ့ဆွမ်းလာကပ်တာပါဘုရား….”
” ဪအေးကွယ်….ဤကဲ့သို့ ဆွမ်းကပ်ရခြင်းအကျိုးအားကြောင့် မွေးနေ့ရှင်ဒကာလေးလည်း ဘေးကင်းရန်ရှင်းပါစေကွယ်….ဒကာမကြီးတို့လည်းဆွမ်းကပ်ရခြင်းအကျိုးအားကြောင့် အိုနာသေခြင်းကင်းတဲ့မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကွယ်….”
” ပေးသောဆုနဲ့ပြည့်ပါရလို၏ဘုရား…ဒါနဲ့ဟောဒီကမျက်နှာစိမ်းတွေက အရှင်ဘုရားရဲ့ဆွေမျိုးတော်တွေလားဘုရား….”
အမျိုးသမီးနှစ်ဦးက ဆရာတော်ဘုရားကိုလက်အုပ်ချီမိုးကန်တော့ပြီး မောင်ရေခဲတို့ဖက်လှည့်ကာ မေးလိုက်ခြင်းဖြစ်၏။
” ဆွေမျိုးတွေတော့မဟုတ်ဘူးဒကာမကြီး….ဒီကဒကာဧည့်သည်လေးတွေက ကျောင်းကိုခေတ္တလာနားတဲ့ လောကီဆရာလေးတွေပါ….”
ဆရာတော်ဘုရား၏အဖြေစကားကိုအမျိုးသမီးနှစ်ဦးကနားလည်ဟန်မတူ။ သို့ကြောင့် ခပ်ဝဝအမျိုးသမီးက
” တပည့်တော်မနားမရှင်းလို့….ရှင်းအောင်မိန့်တော်မူပါဦးဘုရား…”
ဟုမေးလျှောက်လေရာ ဆရာတော်ဘုရားက
” ဪ…လောကီဆရာဆိုတာက ဗေဒင်၊မန္တရား၊ပရောဂတွေ ကုသပေးနိူင်တဲ့ပုဂ္ဂိုလ်မျိုးကိုခေါ်တာဒကာမကြီးရဲ့…”
” ဒါဆိုရင် သူတို့ကဗေဒင်ဆရာပေါ့…ဟုတ်လားဘုရား….”
” ဗေဒင်ဆရာရယ်လို့တော့မဟုတ်ပြန်ဘူးဒကာမကြီး….သူတို့ကအထက်ဂိုဏ်းပညာကိုလေ့လာသင်ယူတတ်မြောက်ထားတဲ့သူတွေ….အဲဒီပညာနဲ့မကောင်းသူပယ်၊ကောင်းသူကယ်ကြတဲ့ပုဂ္ဂိုလ်တွေပေါ့….”
” တင်ပါ့ဘုရား….ဒီစကားကြားရတာ ရေငတ်နေတုန်းရေတွင်းထဲကျ ဆိုသလိုပါဘဲဘုရား….တပည့်တော်မလည်း ကွယ်လွန်သွားပြီဖြစ်တဲ့မွေးသမိခင်ကြီးကို ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပေးချင်နေတာ….ဒီလိုမလုပ်ခင်မှာ တပည့်တော်မတို့ရဲ့မိခင်ကြီးကျွတ်လွတ်သွားပြီလား ဒါမှမဟုတ် ဘုံဘဝတစ်ခုမှာရှိနေသေးလားဆိုပြီးသိချင်နေတာဘုရား…ဒါကြောင့်တပည့်တော်မတို့လည်း ဒီလိုကိစ္စကိုကျွမ်းကျင်ပိုင်နိုင်မဲ့ဆရာကိုရှာနေတာဘုရား….”
” ကောင်းတဲ့အမှုပါဘဲဒကာမကြီးတို့….ဒီကဒကာလေးတို့ကိုမေးကြည့်ပေါ့ သူတို့ကူညီပေးတန်ကောင်းပါရဲ့….”
ဆိုပြီးဆရာတော်ဘုရားက မောင်ရေခဲတို့ဆရာတပည့်ထံလှည့်ကာ မေးငေါ့ပြ၏။
အမျိုးသမီးနှစ်ဦးလည်း မောင်ရေခဲတို့ထံလှည့်ကာ
” အစ်မတို့ကိုကူညီပေးနိူင်မလား ဆရာလေးတို့….ကျေးဇူးမမေ့ပါဘူးရှင့်….”
” ဆရာတော်ဘုရားကိုယ်တိုင်ညွှန်ပေးတဲ့အလုပ်မို့ ကျွန်တော်တို့ကူညီပေးပါ့မယ်ဗျ….ကျွန်တော်တို့လည်းကုသိုလ်ရတာပေါ့….”
” တကယ်လား….ဝမ်းသာလိုက်တာဆရာလေးတို့ရယ်….ဒါဆိုရင်ခုဘဲအစ်မတို့အိမ်ကိုဘဲဆရာလေးတို့ကိုပင့်ခဲ့ပါရစေရှင့်….”
” ကောင်းပါပြီဗျာ….ကဲထင်ပေါ်လိုအပ်တာပြင်ဆင် ဒီအစ်မကြီးတို့ကိုကူညီပေးဖို့သွားကြရအောင်….”
” ဟုတ်ဆရာ….”
ထို့နောက်လေးယောက်သား ဆရာတော်ဘုရားကိုရှိခိုးဦးချကာ ကျောင်းပေါ်မှဆင်းသွားကြကုန်၏။
အစ်မကြီးနှစ်ယောက်၏အိမ်ကိုရောက်သည်နှင့် လိုအပ်သည့်ပွဲများပြင်ဆင်စေ၏။ အားလုံးပြီးစီးသွားလျှင် မောင်ရေခဲသည် ဘုရားကျောင်းဆောင်ရှေ့၌ငြိမ်သက်စွာထိုင်နေလိုက်ပြီး ကွယ်လွန်သွားလေသူ အမေကြီးသည် ဘုံဘဝတစ်ခု၌ရှိမရှိ အာရုံခံကြည့်၏။ အာရုံထဲ၌အမေအိုကြီးသည် သစ်ပင်တစ်ပင်၌ ချုပ်နှောင်ခံထားရသည်ကိုတွေ့လိုက်ရ၏။ မောင်ရေခဲလည်းထိုမြင်ကွင်းကြောင့် အမေကြီးအတွက်များစွာစိတ်မကောင်းဖြစ်နေရ၏။ ထို့နောက်အိမ်ရှင်ဘက်လှည့်ပြီး ဘယ်ကနေစပြောရမှန်းမသိဖြစ်နေ၏။
” ဆရာလေး….အစ်မတို့ရဲ့မိခင်ကြီးဘယ်ဘုံဘဝရောက်နေလဲဆိုတာ အာရုံခံလို့ရပြီလားရှင့်….”
” ရပါပြီအစ်မ….ပြောရရင်စိတ်မကောင်းပါဘူး….အစ်မတို့ရဲ့အမေကြီးက ဒီခြံဝန်းထဲမှာဘဲချုပ်နှောင်ခံထားနေရတာတွေ့ခဲ့ရတယ်….”
” ရှင့်!….အမေကဒီခြံထဲမှာဘဲချုပ်နှောင်ခံထားရတယ်ဟုတ်လားဆရာလေး….အမေဆုံးတာတောင်လေးနှစ်ရှိသွားပြီလေ….ဒီအတောအတွင်းအမေက တခြားဘဝကိုမကူးနိုင်ဘဲ တမလွန်မှာအချုပ်နှောင်ခံထားရတာပေါ့နော်….”
မောင်ရေခဲ၏စကားကြောင့် အိမ်ရှင်အစ်မကြီးသည် မျက်လုံးမျက်ဆံပြူးပြီး အံ့ဩမှင်သက်သွား၏။ ကွယ်လွန်လေသူအမျိုးသမီးကြီး၏လင်ယောကျာ်းမှာ ပါးပြင်ပေါ်သို့မျက်ရည်စီးကျလာ၏။
” ဆရာလေး….အမေ့ကိုဒီအချုပ်အနှောင်ဘဝကနေလွှတ်မြောက်အောင် လုပ်ပေးလို့်ရလား….”
” ရပါတယ်အစ်မကြီး….အမေကြီးကိုချုပ်နှောင်ထားတဲ့ပုဂ္ဂိုလ်ကိုခေါ်ပြီးပြန်လွှတ်ခိုင်းအောင်လုပ်လို့ရတယ်…ဒီလိုလုပ်ဖို့ နတ်ဝင်သည်တစ်ယောက်တော့လိုတယ်ဗျ…”
” ဒီလိုဆိုရင်ဆရာလေးရယ် နတ်ဝင်သည်လည်းအမြန်ရောက်အောင်ခေါ်ပေးမယ်….သူ့ကိုဒီအချုပ်အနှောင်ကနေအမြန်လွှတ်အောင်လုပ်ပေးပါ….ဒီလေးနှစ်အတွင်းအမယ်ကြီးဘယ်လောက်တောင်ဒုက္ခရောက်ခဲ့ရှာလိမ့်မလဲကွယ်….”
အဖိုးကြီးသည်ကွယ်လွန်လေသူဇနီးအားသနားသွားပြီးလွန်စွာဝမ်းနည်းနေ၏။ အိမ်ရှင်အမျိုးသမီးက မောင်ရေခဲပြောသည့်အတိုင်းနတ်ဝင်သည်တစ်ယောက်ကိုအမြန်သွားခေါ်လိုက်၏။ အဆင့်သင့်သည်ဟုဆိုရမည်။ နတ်ဝင်သည်နှင့်ချက်ချင်းတွေ့ရသဖြင့် အကျိုးအကြောင်းပြောပြပြီးအိမ်သို့ခေါ်လာခဲ့၏။
နတ်ဝင်သည်ရောက်လာသည်နှင့်မောင်ရေခဲလည်း အထက်ကိုခွင့်ပန်ပြီးအမယ်အိုကြီး၏ဝိဉာဉ်အားဆင့်ခေါ်လိုက်၏။
” ဤအိမ်ဌာနမှလွန်ခဲ့သောလေးနှစ်အတွင်းက ကွယ်လွန်ခဲ့လေသူ တနင်္လာသမီး၏ဝိဉာဉ်ကိုကျွန်ုပ်ပင့်ဖိတ်ပါသည်….ကျွန်ုပ်၏ပင့်ဖိတ်မှုကိုကြားသိပါက ယခုကျွန်ုပ်အရှေ့၌ထိုင်နေသည့် ပုဂ္ဂိုလ်ထံဝင်ရောက်ပူးကပ်ပါလေ…..”
မောင်ရေခဲကထိုသို့ပြောလိုက်သော်လည်း အမယ်အိုကြီး၏ဝိဉာဉ်သည် နတ်ဝင်သည်အား ဝင်ရောက်ပူးကပ်လာခြင်းမရှိချေ။ အမယ်အိုကြီး၏မိသားစုကား မောင်ရေခဲလုပ်သမျှကိုစိတ်ဝင်တစားစောင့်ကြည့်နေကြ၏။ အတော်အတန်ကြာသည်အထိခေါ်သော်လည်းအမယ်အိုကြီးမှာဝင်ရောက်ပူးကပ်ခြင်းမရှိသေး။ သို့ကြောင့်မောင်ရေခဲကထပ်မံခေါ်ပြန်၏။
” ဤအိမ်ဌာနမှလွန်ခဲ့သည့်လေးနှစ်အတွင်းက ကွယ်လွန်ခဲ့လေသူတနင်္လာသမီး၏ဝိဉာဉ်ကိုကျွန်ုပ်ပင့်ဖိတ်ပါသည်….ကျွန်ုပ်၏ပင့်ဖိတ်မှုကိုကြားသိပါက ကျွန်ုပ်၏အရှေ့ရှိပုဂ္ဂိုလ်ထံသို့ဝင်ရောက်ပူးကပ်ပါလေ….တနင်္လလာသမီး၏ဝိဉာဉ်ကိုဘယ်အရာမှတားဆီးနိူင်ခြင်းမရှိစေရ….”
ဆိုပြီးထပ်မံအမိန့်ပြန်လိုက်၏။ ထိုသို့အမိန့်ပြန်လိုက်သည့်ခဏ၌ မောင်ရေခဲအရှေ့ရှိနတ်ဝင်သည် သည်လှုပ်လှုပ်ရွရွဖြစ်လာ၏။
အမယ်အိုကြီး၏မိသားစုလည်း နတ်ဝင်သည်အားပို၍အာရုံစူးစိုက်လာခဲ့ကြ၏။
” ဆရာလေး…ဆရာလေး….အဖွားကိုကူညီပါဦး….အဖွားကိုသူဖမ်းထားတယ်….”
” ဟင်…အမေ… အမေလား…”
နတ်ဝင်သည်၏နူတ်မှအဖွားတစ်ဦး၏အသံထွက်လာခဲ့သဖြင့် အမယ်အို၏သမီးကြီးမှာသူ့အမေ၏အသံဖြစ်မှန်းရိပ်မိသွား၏။
” စိတ်အေးအေးထားပါအဖွား…အဖွားဒီအချုပ်အနှောင်ကနေလွှတ်အောင်ကျွန်တော်ကူညီပေးပါ့မယ်….အဖွားကိုသူဘာလို့ဖမ်းဆီးချုပ်နှောင်ထားရတာလဲ….ဘယ်တုန်းကစပြီးချုပ်နှောင်ထားတာလဲ…”
” သူ…သူကအဖွားရဲ့ရက်လည်နေ့ကရင်း နာရေးကိုကူညီသလိုလိုဘာလိုလိုနဲ့ အဖွားရက်လည်ပြီးတာနဲ့အဖွားကိုဖမ်းဆီးချုပ်နှောင်ထားတာဒီနေ့အထိပါဘဲ….အဖွားကိုသူက ကလေးတွေကိုဖမ်းစားခိုင်းတယ်…အဲကလေးနေမကောင်းဖြစ်တဲ့အခါသူကလိုက်လံပြီးဆေးဝါးကုသပေးတယ်….ဒီတော့သူကငွေရတာပေါ့….အဖွားကဖမ်းစားလိုက်သူကကုလိုက်လုပ်ပေါ့….နာမကျန်းဖြစ်နေတဲ့သူကိုသူကကုသပေးလိုက်တော့ လူတွေကသူ့ကိုဆရာတစ်ဆူလို့မှတ်ထင်ပြီး ကိုးကွယ်နေကြတော့တာပေါ့…”
” သိပ်ကိုရက်စက်တဲ့လူပါလား….ခုနကအဖွားကိုခေါ်နေတာဘာလို့မလာတာလဲ….”
” ဆရာလေးခေါ်တာအဖွားကြားတယ်….ဒါပေမဲ့အဖွားလာလို့မရဘူး….အဖွားကိုသူကချုပ်နှောင်ထားလို့….ဆရာလေးကအတားအဆီးမရှိစေရလို့ပြောတော့မှအဖွားလာလို့ရသွားတာ….”
” ဟုတ်ပါပြီ…အဖွားကိုအဲဒီဆရာရဲ့အချုပ်အနှောင်ကနေထာဝရလွှတ်သွားအောင်လုပ်ပေးမယ်….ခုတော့အဖွားကိုချုပ်နှောင်ထားတဲ့သူကိုခေါ်ပြီးဆုံးမအုံးမှာမို့အဖွားခဏထွက်သွားပေး….”
” ဟုတ်ဆရာလေး….”
ဟုပြောပြီး အဖွားအို၏ဝိဉာဉ်မှာပြန်လည်ထွက်ခွာသွား၏။ အဖွားအိုဝိဉာဉ်ထွက်သွားပြီးသည်နှင့်မောင်ရေခဲလည်း အဖွားအို၏ဝိဉာဉ်ကိုချုပ်နှောင်ထားသည့်ပုဂ္ဂိုလ်ကို ဆင့်ခေါ်လိုက်၏။
” တနင်္လာသမီး၏ဝိဉာဉ်ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့ပုဂ္ဂိုလ်ငါ့အရှေ့ရောက်လာခဲ့စမ်း….”
မောင်ရေခဲကအမိန့်ပြန်ခေါ်လိုက်သည်နှင့် နတ်ဝင်သည် သည်ခေါင်းထောင်လာပြီး
” ဟင်း…ဟင်း…ဟင်း….ငါ့ကိုဘာအတွက်ခေါ်တာလဲ….”
” ငါနင့်ကိုခေါ်တာမဟုတ်ဘူး ….နင်ဘာလို့လာတာလဲ…”
” နင်ဘဲငါ့ကိုခေါ်လာတာလေ…ဟင်းဟင်း…”
” နင့်ကိုခေါ်တာမဟုတ်ဘူး နင့်ရဲ့အထက်ကနင့်ဆရာကိုခေါ်တာ သူ့ကိုလာခိုင်းလိုက်စမ်း….”
” ငါ့ဆရာလည်းငါဘဲ…ပြော….နင်ဘာပြောဖို့ရှိလို့လဲ….”
အမယ်အိုကြီး၏ဝိဉာဉ်ကိုဖမ်းဆီးချုပ်နှောင်ထားသည့်ပုဂ္ဂိုလ်မှာ နတ်ဝင်သည်ကိုဝင်ရောက်ပူးကပ်ခြင်းမရှိဘဲ သူ၏အစေအပါးများကိုသာခိုင်းစေ၍ဝင်ရောက်ပူးကပ်ခြင်း၏။ အလွန်မှကလီကမာ၊ မူယာမာယာများလှသော ပုဂ္ဂိုလ်ပေတကား။ အကြိမ်ကြိမ်အခါခါခေါ်ယူပြီးဝင်ရောက်ပူးကပ်လာခြင်းမရှိသောအခါ မောင်ရေခဲလည်းဒေါသထွက်လာခဲ့၏။
” တနင်္လာသမီးရဲ့ဝိဉာဉ်ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့ပုဂ္ဂိုလ်ကိုယ်တိုင် ငါ့အရှေ့ရောက်လာခဲ့စမ်း….သူ့နယ်တစ်ဝိုက်ကဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေသူ့ကိုဖမ်းဆီးချုပ်နှောင်ပြီး ငါ့အရှေ့အရောက်ပို့စေ….အနှောင့်အယှက်အတားအဆီးမရှိနိူင်စေရ….”
မောင်ရေခဲကထိုသို့အမိန့်ပြန်လိုက်မှ လူတစ်စုသည်အောက်လမ်းဆရာအား ဖမ်းဆီးချုပ်နှောင်ပြီး မောင်ရေခဲရှေ့သို့ပို့လိုက်၏။ ထိုပုဂ္ဂိုလ်များမှာ အောက်လမ်းဆရာ၏နယ်မြေတွင်ရှိသည့် အစွမ်းရှိပုဂ္ဂိုလ်များပင်ဖြစ်ပေသည်။ အောက်လမ်းဆရာနှင့်ထိုပုဂ္ဂိုလ်များကို မောင်ရေခဲမှလွဲ၍မည်သူမျှမမြင်နိူင်ချေ။
” ရောက်လာပြီလား….ရောက်လာရင်ဘုရားကိုဦးတိုက်လိုက်စမ်း….”
” မတိုက်တော့ဘာဖြစ်လဲ….လူကြည့်တော့နိူ့နံတောင်မစင်သေးဘူး…. ပညာမာန်တော့အရမ်းတက်နေပါလား….စောစောစီးစီးဇီဝိန်ခြွေခြင်နေတာလား…ဟင်း…ဟင်း….”
အောက်လမ်းဆရာကမောင်ရေခဲကိုတစ်လုံးမကျန်ပြန်အာခံနေ၏။ မောင်ရေခဲလည်းထိုအောက်လမ်းဆရာအား ဘေးပတ်ပတ်လည်မှစည်းတားထားလိုက်၏။ အောက်လမ်းဆရာ၏ဘေး၌လည်း နဂ္ဂယက္ခအစောင့်နတ်ဘီလူးကြီးကိုပါ အောက်လမ်းဆရာအားစောင့်ကြည့်ထားခိုင်းလိုက်၏။
” နင့်ဘေးမှာဘယ်သူရှိလဲနင်ကြည့်လိုက်စမ်း….ငါ့ကိုပြန်ပြီးအာမခံနဲ့….”
” အာခံတော့ဘာဖြစ်လဲ….နင့်ပညာလောက်နဲ့ ငါ့ကိုဘာမှမလုပ်နိူင်ဘူးဆိုတာသိထား….ဟားဟားဟား….”
အောက်လမ်းဆရာကား မောင်ရေခဲကိုဟားတိုက်ရယ်မောနေ၏။ မောင်ရေခဲလည်းထိုပုဂ္ဂိုလ်ကိုကြည့်ပြီး မေတ္တာနဲ့ဆုံးမ၍မရတော့မှန်းသဘောပေါက်လိုက်၏။
” မေတ္တာနဲ့ပြောမရတော့လည်းနင့်ထိုက်နဲ့နင့်ကံပေါ့….ကဲနဂ္ဂယက္ခဘီလူးကြီး…ဒီကောင့်ကိုချုပ်နှောင်ထားလိုက်စမ်း….”
မောင်ရေခဲထိုသို့ပြောလိုက်သည်နှင့် နဂ္ဂယက္ခနတ်ဘီလူးကြီးသည် ရွှေရောင်ကြိုးဖြင့် အောက်လမ်းဆရာအားလှုပ်မရအောင်တုတ်နှောင်ထားလိုက်၏။
” အား…..ငါအသက်ရှူကြပ်လာပြီ….ငါ့ကိုလွှတ်စမ်း….”
” ရုန်းလေကြပ်လေဘဲ….ခုဘုရားကိုဦးတိုက်လိုက်စမ်း….”
မောင်ရေခဲထိုသို့ပြောလိုက်မှ အောက်လမ်းဆရာသည်ဘုရားကိုဦးတိုက်လိုက်၏။ အသက်ရှူကြပ်သလိုဖြစ်လာပြီးနေမထိထိုင်မသာဖြစ်လာ၏။
” ကိုယ့်အမှားကိုသိပြီလား….သိရင်ကိုယ့်ကိုယ်ကိုပြန်ဆုံးမစမ်း….”
ဟုပြောပြီးကြမ်းပြင်ကိုလက်ညိုးညွှန်ပြလိုက်ရာ အောက်လမ်းဆရာသည် မိမိနဖူးဖြင့်ကြမ်းပြင်ကိုတဒုန်းဒုန်းဆောင့်နေတော့၏။
” ဒုန်း…ဒုန်း…ဒုန်း….”
” ဒုန်း….ဒုန်း….ဒုန်း….”
နတ်ဝင်သည်၏နဖူး၌သွေးချင်းချင်းနီရဲနေတော့၏။ နံဘေးမှကြည့်နေကြသည့် အိမ်ရှင်တို့မှာဆက်ပြီးမကြည့်ရဲတော့ချေ။
” တော်ပြီ…ငါမေးတာဖြေ….နင်ဘာလို့တနင်္လာသမီးရဲ့ဝိဉာဉ်ကိုဖမ်းဆီးချုပ်နှောင်ထားရတာလဲ….အမှန်တိုင်းဖြေစမ်း….”
” သ….သနားလို့ပါ….”
” ဘာ…သနားလို့ဟုတ်လား…”
အောက်လမ်းဆရာ၏စကားကြောင့်မောင်ရေခဲအလိုလိုပြုံးမိလျှက်သားဖြစ်သွား၏။
” သနားရင် ဘာလို့ချုပ်နှောင်ထားရတာလဲ….အဆန်းပါလား….”
” လျှောက်သွားနေရင်သူများတွေနှောင့်ယှက်မှာစိုးလို့ပါ….”
” ဪအဲတော့သူများဖမ်းဆီးချုပ်နှောင်ထားမှာကြောက်ပြီး….အရင်ဦးအောင်ဖမ်းဆီးချုပ်နှောင်ခိုင်းစားထားတာပေါ့ဟုတ်လား….”
မောင်ရေခဲ၏စကားကြောင့် အောက်လမ်းဆရာမှာဘာတစ်ခွန်းမှပြန်မဖြေနိုင်ဘဲ ခေါင်းငုံ့ထားလိုက်၏။
” နောပ်ထပ်ဖမ်းဆီးချုပ်နှောင်ထားရဲသေးလား…. နင့်ကိုလည်းငါကချုပ်နှောင်ထားမယ်…လေးနှစ်မဟုတ်ဘူး…တစ်ရက်ထဲဘဲ…နင်နေနိူင်လား….”
” မလုပ်ရဲတော့ပါဘူးဆရာ….ကြောက်ပါပြီ…မချုပ်နှောင်ထားပါနဲ့…မခံနိူင်ပါဘူး…ခုလိုလုပ်မိတာခွင့်လွှတ်ပေးပါဆရာ….”
” နင်တောင်မခံနိူင်တာ အမယ်အိုကြီးဆိုရင်ကောဘယ်လောက်တောင်ဒုက္ခရောက်ခဲ့လိမ့်မလဲ….ဒီတိုင်းခွင့်လွှတ်ပေးလိုက်လို့မရဘူး….မဟုတ်ရင်နောက်နောင်လည်းဒီအမှားမျိုးထပ်ပြီးကြူးလွန်ဦးမှာဘဲ…ဒီတော့သစ္စာရေသောက်ပြီးမှသွားရမယ်…”
ဟုပြောပြီးမြတ်ဘုရားကိုတိုင်တည်ကာ သစ္စာတိုင်ပေးပြီးသောက်ခိုင်းလိုက်၏။
” ကဲ…သစ္စာရေသောက်ပြီးပြီဆိုတော့ နောက်နောင်ဒီအမှားမျိုးထပ်မကြူးလွန်မိစေနဲ့…..မဟုတ်ရင်ငါလည်းမကယ်နိူင်တော့ဘူး….”
” ကြောက်ပါပြီဗျာ….နောက်မလုပ်တော့ဘူး….ခုသွားလို့ရပြီလား….”
” အမယ်အိုကြီးကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အနှောက်အဖွဲ့တွေဖြေပေးပြီးရင် သွားလို့ရပြီ…”
မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့်အောက်လမ်းဆရာလည်း မိမိလုပ်ထားသောအချုပ်အနှောင်အားလုံးကိုဖြေပေးလိုက်၏။
မောင်ရေခဲကထိုပုဂ္ဂိုလ်ထွက်သွားသည်နှင့် အမယ်အို၏ဝိဉာဉ်ကိုပြန်ခေါ်လိုက်၏။ နတ်ဝင်သည်လည်းအတော်ပင်ပန်းနေပြီဖြစ်၏။ ခေါ်ပြီးခဏ၌အမယ်အိုကြီး၏ဝိဉာဉ်လည်း ပြန်လည်ဝင်ရောက်လာ၏။
” အဖွား….အဖွားသားသမီးကိုပြောစရာစကားတွေရှိလား…”
” ရှိတာပေါ့ဆရာလေးရယ်….ရှိတာမှအများကြီးကိုရှိတာ….”
” အဲဆိုရင်အဖွားမိသားစုနဲ့ပြောဖို့ရှိတာပြောကြပါဗျာ….”
မောင်ရေခဲထိုသို့ပြောလိုက်သည်နှင့် နတ်ဝင်သည်သည်မိသားစုဘက်လှည့်ပြီး
” သမီးကြီး…သမီးငယ်….ဘာလို့အမေ့ရဲ့အမွေဖြစ်တဲ့ခြံကိုရောင်းပစ်ရတာလဲကွယ်….”
” သမီးတို့အမေ့အတွက်ရည်စူးကုသလိုလ်လုပ်ပေးဖို့ပါအမေရယ်….အမေ့ကိုဘဝကူးကောင်းစေချင်လို့ပါ….”
” အမေ့အတွက်ဘာမှမလိုပါဘူးကွယ်….ဟောဒီကအမေ့မြေးတွေကိုဘဲ ရှင်ပြုပေးလိုက်ပါ….အမေ့မြေးတွေကသာသနာ့ဘောင်ဝင်ဖို့အချိန်ကျပါပြီ….မြေးလေးတွေနဲ့စကားအရမ်းပြောချင်နေတာ….ဒါပေမဲ့ ပြောလို့မရခဲ့ဘူး….အမေ့သားသမီးတွေကိုလည်းနေ့တိုင်းမြင်နေရတယ်…အဖိုးကြီးပန်းပင်တွေကိုရေလောင်းပေါင်းသင်နေတာကိုလည်း နေ့တိုင်းမြင်တွေ့နေရတယ်….ဒါပေမဲ့အမေဘာပြောပြောအဖိုးကြီးကမကြားနိူင်ဘူးလေ….အမေအရမ်းဝမ်းနည်းတယ်သိလား…”
အဖွားကြီးသည်ပြောရင်းဆိုရင်း ပါးပြင်ပေါ်သို့မျက်ရည်ကျလာ၏။
အမယ်အိုကြီး၏စကားကြောင့်အဖိုးကြီးလည်း ကျလုလုမျက်ရည်ကိုမျက်တောင်ဖြင့်ပုတ်ခတ်ပုတ်ခတ်လုပ်ကာပြန်ထိန်းထားလိုက်၏။ ပြီးမှတုန်ရီနေသောအသံဖြင့်
” အဖွားကြီးရယ်….ဒီလောက်နှစ်တွေအကြာကြီး ဒုက္ခရောက်နေတာတောင် ကိုယ့်ကိုအိမ်မက်ပေးပြီး ပြောမပြခဲ့ပါလားကွယ်….”
” အိုအဖိုးကြီးရယ်…ပြောပြချင်တာပေါ့….သိပ်ကိုပြောပြချင်တာ….ဒါပေမဲ့လေသူကငါ့ကိုဘာမှလုပ်ခွင့်မပေးဘူး….သူ့အမိန့်ကိုလွန်ဆန်တာနဲ့ နာကျင်အောင်အပြစ်ပေးတာလေ….”
” အမေရယ်….”
” သနားစရာပါလားဖွားဖွားရယ်…အဟင့်…”
အဖွားကြီး၏စကားကြောင့် သမီးနှစ်ယောက်နှင့်မြေးလေးတို့မှာရှိုက်သံများထွက်ပေါ်လာသည်အထိ တရှုံ့ရှုံ့ငိုကြွေးနေကြကုန်လေ၏။
” မငိုကြပါနဲ့သမီးလေးတို့ရယ်…ခုအမေလွှတ်မြောက်ပြီဘဲ….အမေ့မြေးလေးကိုရှင်ပြုဖြစ်အောင်ပြုပေးပါ….အမေစိတ်ချခဲ့ပါရစေ….အဖိုးကြီးလည်းအသက်ကရလာပြီမလား တရားဘဝနာကိုအားထုတ်ကျင့်ကြံဖို့မမေ့နဲ့နော်….ကျန်းမာရေးလည်းအထူးဂရုစိုက်….”
” အဖွားကြီးရယ် မိသားစုကိုဘဲစိတ်ပူပန်နေတော့မှာလား…. ကိုယ့်ကိုကိုယ်လည်းပြန်ပြီးစိတ်ပူပါအုံးလားကွယ်….”
” ငါ့အတွက်ဘာမှမလိုအပ်တော့ပါဘူးအဖိုးကြီးရယ်….အဖိုးကြီးနှင့်သားသမီးမြေးမြစ်တွေ ကျန်းကျန်းမာမာရှိနေရင်ဘဲ ကျေနပ်လှပါပြီကွယ်….”
အဖွားကြီးကထိုသို့ပြောပြီး မောင်ရေခဲရှေ့ပြန်လှည့်ကာ
” ကူညီလက်စနဲ့ထပ်ပြီးအကူညီတောင်းပါရစေဆရာလေး….ဒီအိမ်ရဲ့အရှေ့ဘက်မျက်နှာစာမှာရှိတဲ့သစ်ပင်မှာသရဲတစ်ကောင်ရှိနေတယ်…အဲဒီသရဲကအဖွားမြေးတွေကိုလိပ်ပြာလန့်အောင်လုပ်နေလို့ ဆရာလေးအဲဒီသရဲကိုမောင်းထုတ်ပေးပါလား….”
” အင်းပါ….ကျွန်တော်မောင်းထုတ်လိုက်ပါ့မယ်အဖွား… ”
” ကျေးဇူးတင်ပါတယ်ဆရာလေးရယ်….”
အဖွားကြီး၏အမှာစကားများကြောင့် သားသမီးမြေးမြစ်တို့သည်အဖွားဖြစ်သူ၏ သူတို့အပေါ်ထားသော မေတ္တာအတိမ်အနက်ကိုသိရှိသွားကြသဖြင့် လွန်စွာဝမ်းနည်းသွားကြကုန်၏။ ဤအတိုင်းငိုယိုနေရုံဖြင့် ကိစ္စမပြီးသေးသောကြောင့်မောင်ရေခဲက
” အဖွားကိုရည်စူးကုသိုလ်လုပ်ပေးမဲ့အလှူပွဲမတိုင်ခင် အဖွားကိုထပ်မံပြီးနှောင့်ယှက်မဲ့သူမရှိရလေအောင် အဖွားကိုဘေးကင်းရာပို့ထားရလိမ့်မယ်ဗျ….”
” ဆရာလေး…အမေ့ကိုလေအဲနေ့မတိုင်ခင်အထိ အစ်မတို့ခြံဝန်းထဲမှာဘဲထားထားလို့ရမလား….”
” မရဘူးအစ်မ…ဒီခြံမှာဘဲထားထားရင် အဖွားကသူ့မြေးတွေအပေါ်သံယောဇဉ်ပိုတွယ်မိပြီး ဒုက္ခရောက်မှာစိုးလို့ပါ….”
” အင်းပါ…အဲဆိုလည်းအမေ့ကိုဆရာလေးဘဲ သင့်တော်ရာကိုပို့ထားပေးလိုက်ပါ….”
” ကောင်းပါပြီဗျာ….”
အိမ်ရှင်ခွင့်ပြုချက်ရပြီးသည်နှင့်မောင်ရေခဲလည်းအထက်ပုဂ္ဂိုလ်ကိုတိုင်တည်ပြီး စတုလောကပါလနတ်မင်းကြီးကိုပင့်ခေါ်လိုက်၏။ ထိုခန၌နတ်မင်းကြီး၏လက်အောက်ခံနတ်သားသည် မောင်ရေခဲရှေ့ပေါ်လာပြီး အဖွား၏ဝိဉာဉ်ကိုခေါ်ဆောင်သွားလေ၏။ နတ်ဝင်သည်လည်းအချိန်အကြာကြီးဝင်ရောက်ပူးကပ်ခြင်းခံလိုက်ရသဖြင့်
ဘေးသို့လှဲကျမေ့မြောသွားတော့၏။ မောင်ရေခဲလည်း ထိုနတ်ဝင်အမျိုးသမီးအား ရေစင်ဖြင့်တောက်ပြီး ပြန်လည်သတိရလာအောင်လုပ်ပေးလိုက်၏။ ပြီးမှအိမ်ရှင်တို့အား
” အဖွားအတွက်ရည်စူးကုသိုလ်ပြုလုပ်မဲ့နေရောက်ရင်အဖွားကိုမမေ့မလျော့ဖိတ်လိုက်နော်….နတ်မင်းကြီးတွေကအဖွားကိုလာပို့လိုက်မယ်….အဖွားဖြစ်ချင်တဲ့ဆန္ဒကိုလည်းလုပ်ပေးလိုက်ကြပေါ့….အဖွားဘဝကူးကောင်းအောင်လို့…..”
” ဆရာလေးပြောတဲ့အတိုင်းအစ်မတို့လုပ်ပေးပါ့မယ်…အမေ့ကိုလည်းဒီလိုဘဝမျိုးထပ်မရောက်စေချင်တော့ဘူးရှင့်…”
” ဟုတ်ပါပြီဗျာ….အားလုံးရဲ့ဆန္ဒလည်းပြည့်ဝသွားကြပြီဆိုတော့ ကျွန်တော်တို့လည်း ခရီးဆက်ရတော့မှာမို့်ခွင့်ပြုပေးကြပါအုံးခင်ဗျ….”
” နေပါအုံးဆရာလေးတို့….အစ်မတို့ပူဇော်ကြေးလေးကန်တော့ပါရစေအုံး….”
” ပူဇော်ကြေးမလိုပါဘူးဗျာ…ကျွန်တော်တို့ကလူတွေရဲ့သောကအပူတွေကိုဖြေလျော့ပေးနိူင်ရင်ဘဲ အထူးကျေနပ်လှပါပြီ….အဖွားအတွက်ရည်စူးကုသိုလ်မှာကျွန်တော်တို့ပါဝင်ကူညီပေးလိုက်တယ်လို့ဘဲမှတ်လိုက်ကြပေါ့ဗျာ….”
မောင်ရေခဲကထိုသို့ပြောလိုက်လျှင် အိမ်ရှင်တို့လည်းပြန်လည်ချေပစရာစကားမရှိတော့သောကြောင့် သဘောတူလိုက်ရ၏။
ပြုဖွယ်ကိစ္စများပြီးစီးသည်နှင့်အိမ်ရှင်တို့ကိုနူတ်ဆက်ကာ ဆရာတပည့်နှစ်ယောက်လည်းဂန္ဓာရီခရီးကိုဆက်ခဲ့ကြလေတော့သည်။…..။
(မှတ်ချက်= ဤစာမူသည်ဖြစ်ရပ်မှန်စာမူဖြစ်သည့်အတွက်မူရင်းနှင့်ကွဲလွဲရေး၍မရသဖြင့် တချို့ကျွန်ုပ်အတွင်းကျကျမသိသောနေရာများတွင် စာကြောင်းချောမွေ့အောင်ဖြည့်စွက်ရေးသားထားသည်။ မူရင်းပွဲကုတဲ့အထဲမှာလည်း အိမ်ရှေ့ကသရဲကိုမောင်းထုတ်တဲ့အကြောင်းမပါလို့ချန်ထားခဲ့သည်။ ဤဖြစ်ရပ်မှန်ဇာတ်လမ်းပြောပြပေးသော ပိုင်လေးနှင့်သူငယ်ချင်းဆရာကိုလည်းဤနေရာမှအထူးကျေးဇူးတင်လိုက်ပါသည်။ အားပေးဖတ်ရှုသူအပေါင်းကိုယ်စိတ်နှလုံးကျန်းမာကြစေသောဝ်)
#ပြီး
#ခွန်း
Zawgyi Version
ႏိူင္းတုမမွီေမတၱာေရၾကည္(စ/ဆံုး)
——————————————–
ရာသီဥတုသာယာသျဖင့္ ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္ ေတာင္ထိပ္ဘုရားေစတီဆီသို႔တက္လာခဲ့သည္။ ေရာက္ေလရာအရပ္၌ေသာကပင္လယ္ေဝေနသည့္ခုႏွစ္ရက္သားသမီးမ်ားကိုကယ္တင္ရင္း ပါရမီျဖည့္ခဲ့ၾကသည္။ ယခုလည္း ေမာင္းတစ္လုံးေတာင္ေပၚရွိသိုက္နန္းရွင္မ်ားကိုကူညီေပးၿပီး ခရီးဆက္ထြက္ၾကရင္း ေလထိုးကုန္းေက်း႐ြာသို႔ေရာက္လာခဲ့ၾကသည္။
ထိုေက်း႐ြာရွိဘုန္းႀကီးေက်ာင္းတြင္တည္းရင္းေက်ာင္းပုရဝုဏ္အတြင္းကိုသန႔္ရွင္းေရးလုပ္ေပးေနၾကသည္။ ေက်ာင္းေဝယာဝစၥမ်ားအားလုံးကိုလုပ္ၿပီးသည္ႏွင့္ ရာသီဥတုသာယာသျဖင့္ေတာင္ေပၚသို႔တက္လာခဲ့ျခင္းျဖစ္သည္။ ေတာင္ထိပ္သို႔ေရာက္သည္ႏွင့္ မိမိ၏ေန႔နံေထာင့္တြင္ထိုင္ကာဘုရားရွိခိုးျခင္းအမႈကိုျပဳသည္။ ၿပီးေသာ္ခႏၲီေစတီေတာ္ပုတီးစိပ္ရန္ပုတီးကိုထုတ္သည္။ ခႏၲီေစတီေတာ္ပုတီးစိပ္ျခင္းနည္းျဖင့္ ေစတီငါးဆူကိုတည္ထားၿပီးျဖစ္သည္။ ေမာင္ထင္ေပၚကား တည္ၿငိမ္ေသာအမူအရာျဖင့္ တရားထိုင္ေနၿပီျဖစ္သည္။
အားလပ္ေသာအခ်ိန္မ်ားတြင္ ေက်ာင္းထိုင္ဆရာေတာ္အားမိမိသိလိုသည္မ်ားကို ေမးေလွ်ာက္ၾက၏။ ဆရာေတာ္ဘုရားကလည္း သူတို႔ေလ့လာလိုက္စားေသာပညာအေၾကာင္းကိုေမးတတ္၏။ ဆရာေတာ္ဘုရားသည္ဤပညာရပ္မ်ားကိုစိတ္ဝင္စားေသာ္လည္း ဘုရား၏သားေတာ္သည္ေလာကီကိစၥမ်ားျဖင့္ မအပ္စပ္သျဖင့္မေလ့လာခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။ ေမာင္ေရခဲႏွင့္ ဆရာေတာ္တို႔စကားေကာင္းေနစဥ္ ေက်ာင္းေပၚသို႔အမ်ိဳးသမီးႏွစ္ေယာက္တက္လာသည္။ ထိုအမ်ိဳးသမီးႏွစ္ေယာက္သည္ သာေသာေနရာတြင္ထိုင္လိုက္ၾကရင္းျမတ္ဘုရားကိုရွိခိုးဦးခ်ၿပီး ဆရာေတာ္ဘက္လွည့္ကာ ဦးေတာ္လုပ္သည္။
” တပည့္ေတာ္မတို႔ အရွင္ဘုရားဘုဥ္းဖို႔ဆြမ္းလာပို႔တာပါဘုရား….”
” ဪေအးေအးဒကာမႀကီးတို႔….ေဟ့ကပၸိယႀကီးေရလာဦးကြဲ႕….ဒီကဒကာမႀကီးတို႔ရဲ႕ဆြမ္းခ်ိဳင့္ကို လွယ္ေပးေခ်ဦးကြဲ႕…”
ဆရာေတာ္ဘုရားက ေသာက္ေရအိုး၌ေရျဖည့္ေနေသာ ကပၸယႀကီးကိုလွမ္းမိန႔္လိုက္၏။
” ဒကာမႀကီးတို႔ဆြမ္းအလွည့္လားကေန႔က….”
” မဟုတ္ပါဘူးဘုရား….တပည့္ေတာ္မရဲ႕သားကေလးေမြးေန႔အလႉလုပ္တာမို႔ ေမြးေန႔ဆြမ္းလာကပ္တာပါဘုရား….”
” ဪေအးကြယ္….ဤကဲ့သို႔ ဆြမ္းကပ္ရျခင္းအက်ိဳးအားေၾကာင့္ ေမြးေန႔ရွင္ဒကာေလးလည္း ေဘးကင္းရန္ရွင္းပါေစကြယ္….ဒကာမႀကီးတို႔လည္းဆြမ္းကပ္ရျခင္းအက်ိဳးအားေၾကာင့္ အိုနာေသျခင္းကင္းတဲ့ျမတ္နိဗၺာန္ကို မ်က္ေမွာက္ျပဳႏိုင္ၾကပါေစကြယ္….”
” ေပးေသာဆုနဲ႔ျပည့္ပါရလို၏ဘုရား…ဒါနဲ႔ေဟာဒီကမ်က္ႏွာစိမ္းေတြက အရွင္ဘုရားရဲ႕ေဆြမ်ိဳးေတာ္ေတြလားဘုရား….”
အမ်ိဳးသမီးႏွစ္ဦးက ဆရာေတာ္ဘုရားကိုလက္အုပ္ခ်ီမိုးကန္ေတာ့ၿပီး ေမာင္ေရခဲတို႔ဖက္လွည့္ကာ ေမးလိုက္ျခင္းျဖစ္၏။
” ေဆြမ်ိဳးေတြေတာ့မဟုတ္ဘူးဒကာမႀကီး….ဒီကဒကာဧည့္သည္ေလးေတြက ေက်ာင္းကိုေခတၱလာနားတဲ့ ေလာကီဆရာေလးေတြပါ….”
ဆရာေတာ္ဘုရား၏အေျဖစကားကိုအမ်ိဳးသမီးႏွစ္ဦးကနားလည္ဟန္မတူ။ သို႔ေၾကာင့္ ခပ္ဝဝအမ်ိဳးသမီးက
” တပည့္ေတာ္မနားမရွင္းလို႔….ရွင္းေအာင္မိန႔္ေတာ္မူပါဦးဘုရား…”
ဟုေမးေလွ်ာက္ေလရာ ဆရာေတာ္ဘုရားက
” ဪ…ေလာကီဆရာဆိုတာက ေဗဒင္၊မႏၲရား၊ပေရာဂေတြ ကုသေပးႏိူင္တဲ့ပုဂၢိဳလ္မ်ိဳးကိုေခၚတာဒကာမႀကီးရဲ႕…”
” ဒါဆိုရင္ သူတို႔ကေဗဒင္ဆရာေပါ့…ဟုတ္လားဘုရား….”
” ေဗဒင္ဆရာရယ္လို႔ေတာ့မဟုတ္ျပန္ဘူးဒကာမႀကီး….သူတို႔ကအထက္ဂိုဏ္းပညာကိုေလ့လာသင္ယူတတ္ေျမာက္ထားတဲ့သူေတြ….အဲဒီပညာနဲ႔မေကာင္းသူပယ္၊ေကာင္းသူကယ္ၾကတဲ့ပုဂၢိဳလ္ေတြေပါ့….”
” တင္ပါ့ဘုရား….ဒီစကားၾကားရတာ ေရငတ္ေနတုန္းေရတြင္းထဲက် ဆိုသလိုပါဘဲဘုရား….တပည့္ေတာ္မလည္း ကြယ္လြန္သြားၿပီျဖစ္တဲ့ေမြးသမိခင္ႀကီးကို ရည္စူးၿပီးေကာင္းမႈကုသိုလ္လုပ္ေပးခ်င္ေနတာ….ဒီလိုမလုပ္ခင္မွာ တပည့္ေတာ္မတို႔ရဲ႕မိခင္ႀကီးကြၽတ္လြတ္သြားၿပီလား ဒါမွမဟုတ္ ဘုံဘဝတစ္ခုမွာရွိေနေသးလားဆိုၿပီးသိခ်င္ေနတာဘုရား…ဒါေၾကာင့္တပည့္ေတာ္မတို႔လည္း ဒီလိုကိစၥကိုကြၽမ္းက်င္ပိုင္ႏိုင္မဲ့ဆရာကိုရွာေနတာဘုရား….”
” ေကာင္းတဲ့အမႈပါဘဲဒကာမႀကီးတို႔….ဒီကဒကာေလးတို႔ကိုေမးၾကည့္ေပါ့ သူတို႔ကူညီေပးတန္ေကာင္းပါရဲ႕….”
ဆိုၿပီးဆရာေတာ္ဘုရားက ေမာင္ေရခဲတို႔ဆရာတပည့္ထံလွည့္ကာ ေမးေငါ့ျပ၏။
အမ်ိဳးသမီးႏွစ္ဦးလည္း ေမာင္ေရခဲတို႔ထံလွည့္ကာ
” အစ္မတို႔ကိုကူညီေပးႏိူင္မလား ဆရာေလးတို႔….ေက်းဇူးမေမ့ပါဘူးရွင့္….”
” ဆရာေတာ္ဘုရားကိုယ္တိုင္ၫႊန္ေပးတဲ့အလုပ္မို႔ ကြၽန္ေတာ္တို႔ကူညီေပးပါ့မယ္ဗ်….ကြၽန္ေတာ္တို႔လည္းကုသိုလ္ရတာေပါ့….”
” တကယ္လား….ဝမ္းသာလိုက္တာဆရာေလးတို႔ရယ္….ဒါဆိုရင္ခုဘဲအစ္မတို႔အိမ္ကိုဘဲဆရာေလးတို႔ကိုပင့္ခဲ့ပါရေစရွင့္….”
” ေကာင္းပါၿပီဗ်ာ….ကဲထင္ေပၚလိုအပ္တာျပင္ဆင္ ဒီအစ္မႀကီးတို႔ကိုကူညီေပးဖို႔သြားၾကရေအာင္….”
” ဟုတ္ဆရာ….”
ထို႔ေနာက္ေလးေယာက္သား ဆရာေတာ္ဘုရားကိုရွိခိုးဦးခ်ကာ ေက်ာင္းေပၚမွဆင္းသြားၾကကုန္၏။
အစ္မႀကီးႏွစ္ေယာက္၏အိမ္ကိုေရာက္သည္ႏွင့္ လိုအပ္သည့္ပြဲမ်ားျပင္ဆင္ေစ၏။ အားလုံးၿပီးစီးသြားလွ်င္ ေမာင္ေရခဲသည္ ဘုရားေက်ာင္းေဆာင္ေရွ႕၌ၿငိမ္သက္စြာထိုင္ေနလိုက္ၿပီး ကြယ္လြန္သြားေလသူ အေမႀကီးသည္ ဘုံဘဝတစ္ခု၌ရွိမရွိ အာ႐ုံခံၾကည့္၏။ အာ႐ုံထဲ၌အေမအိုႀကီးသည္ သစ္ပင္တစ္ပင္၌ ခ်ဳပ္ေႏွာင္ခံထားရသည္ကိုေတြ႕လိုက္ရ၏။ ေမာင္ေရခဲလည္းထိုျမင္ကြင္းေၾကာင့္ အေမႀကီးအတြက္မ်ားစြာစိတ္မေကာင္းျဖစ္ေနရ၏။ ထို႔ေနာက္အိမ္ရွင္ဘက္လွည့္ၿပီး ဘယ္ကေနစေျပာရမွန္းမသိျဖစ္ေန၏။
” ဆရာေလး….အစ္မတို႔ရဲ႕မိခင္ႀကီးဘယ္ဘုံဘဝေရာက္ေနလဲဆိုတာ အာ႐ုံခံလို႔ရၿပီလားရွင့္….”
” ရပါၿပီအစ္မ….ေျပာရရင္စိတ္မေကာင္းပါဘူး….အစ္မတို႔ရဲ႕အေမႀကီးက ဒီၿခံဝန္းထဲမွာဘဲခ်ဳပ္ေႏွာင္ခံထားေနရတာေတြ႕ခဲ့ရတယ္….”
” ရွင့္!….အေမကဒီၿခံထဲမွာဘဲခ်ဳပ္ေႏွာင္ခံထားရတယ္ဟုတ္လားဆရာေလး….အေမဆုံးတာေတာင္ေလးႏွစ္ရွိသြားၿပီေလ….ဒီအေတာအတြင္းအေမက တျခားဘဝကိုမကူးႏိုင္ဘဲ တမလြန္မွာအခ်ဳပ္ေႏွာင္ခံထားရတာေပါ့ေနာ္….”
ေမာင္ေရခဲ၏စကားေၾကာင့္ အိမ္ရွင္အစ္မႀကီးသည္ မ်က္လုံးမ်က္ဆံျပဴးၿပီး အံ့ဩမွင္သက္သြား၏။ ကြယ္လြန္ေလသူအမ်ိဳးသမီးႀကီး၏လင္ေယာက်ာ္းမွာ ပါးျပင္ေပၚသို႔မ်က္ရည္စီးက်လာ၏။
” ဆရာေလး….အေမ့ကိုဒီအခ်ဳပ္အေႏွာင္ဘဝကေနလႊတ္ေျမာက္ေအာင္ လုပ္ေပးလို႔္ရလား….”
” ရပါတယ္အစ္မႀကီး….အေမႀကီးကိုခ်ဳပ္ေႏွာင္ထားတဲ့ပုဂၢိဳလ္ကိုေခၚၿပီးျပန္လႊတ္ခိုင္းေအာင္လုပ္လို႔ရတယ္…ဒီလိုလုပ္ဖို႔ နတ္ဝင္သည္တစ္ေယာက္ေတာ့လိုတယ္ဗ်…”
” ဒီလိုဆိုရင္ဆရာေလးရယ္ နတ္ဝင္သည္လည္းအျမန္ေရာက္ေအာင္ေခၚေပးမယ္….သူ႔ကိုဒီအခ်ဳပ္အေႏွာင္ကေနအျမန္လႊတ္ေအာင္လုပ္ေပးပါ….ဒီေလးႏွစ္အတြင္းအမယ္ႀကီးဘယ္ေလာက္ေတာင္ဒုကၡေရာက္ခဲ့ရွာလိမ့္မလဲကြယ္….”
အဖိုးႀကီးသည္ကြယ္လြန္ေလသူဇနီးအားသနားသြားၿပီးလြန္စြာဝမ္းနည္းေန၏။ အိမ္ရွင္အမ်ိဳးသမီးက ေမာင္ေရခဲေျပာသည့္အတိုင္းနတ္ဝင္သည္တစ္ေယာက္ကိုအျမန္သြားေခၚလိုက္၏။ အဆင့္သင့္သည္ဟုဆိုရမည္။ နတ္ဝင္သည္ႏွင့္ခ်က္ခ်င္းေတြ႕ရသျဖင့္ အက်ိဳးအေၾကာင္းေျပာျပၿပီးအိမ္သို႔ေခၚလာခဲ့၏။
နတ္ဝင္သည္ေရာက္လာသည္ႏွင့္ေမာင္ေရခဲလည္း အထက္ကိုခြင့္ပန္ၿပီးအမယ္အိုႀကီး၏ဝိဉာဥ္အားဆင့္ေခၚလိုက္၏။
” ဤအိမ္ဌာနမွလြန္ခဲ့ေသာေလးႏွစ္အတြင္းက ကြယ္လြန္ခဲ့ေလသူ တနလၤာသမီး၏ဝိဉာဥ္ကိုကြၽႏ္ုပ္ပင့္ဖိတ္ပါသည္….ကြၽႏ္ုပ္၏ပင့္ဖိတ္မႈကိုၾကားသိပါက ယခုကြၽႏ္ုပ္အေရွ႕၌ထိုင္ေနသည့္ ပုဂၢိဳလ္ထံဝင္ေရာက္ပူးကပ္ပါေလ…..”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ေသာ္လည္း အမယ္အိုႀကီး၏ဝိဉာဥ္သည္ နတ္ဝင္သည္အား ဝင္ေရာက္ပူးကပ္လာျခင္းမရွိေခ်။ အမယ္အိုႀကီး၏မိသားစုကား ေမာင္ေရခဲလုပ္သမွ်ကိုစိတ္ဝင္တစားေစာင့္ၾကည့္ေနၾက၏။ အေတာ္အတန္ၾကာသည္အထိေခၚေသာ္လည္းအမယ္အိုႀကီးမွာဝင္ေရာက္ပူးကပ္ျခင္းမရွိေသး။ သို႔ေၾကာင့္ေမာင္ေရခဲကထပ္မံေခၚျပန္၏။
” ဤအိမ္ဌာနမွလြန္ခဲ့သည့္ေလးႏွစ္အတြင္းက ကြယ္လြန္ခဲ့ေလသူတနလၤာသမီး၏ဝိဉာဥ္ကိုကြၽႏ္ုပ္ပင့္ဖိတ္ပါသည္….ကြၽႏ္ုပ္၏ပင့္ဖိတ္မႈကိုၾကားသိပါက ကြၽႏ္ုပ္၏အေရွ႕ရွိပုဂၢိဳလ္ထံသို႔ဝင္ေရာက္ပူးကပ္ပါေလ….တနလၤလာသမီး၏ဝိဉာဥ္ကိုဘယ္အရာမွတားဆီးႏိူင္ျခင္းမရွိေစရ….”
ဆိုၿပီးထပ္မံအမိန႔္ျပန္လိုက္၏။ ထိုသို႔အမိန႔္ျပန္လိုက္သည့္ခဏ၌ ေမာင္ေရခဲအေရွ႕ရွိနတ္ဝင္သည္ သည္လႈပ္လႈပ္႐ြ႐ြျဖစ္လာ၏။
အမယ္အိုႀကီး၏မိသားစုလည္း နတ္ဝင္သည္အားပို၍အာ႐ုံစူးစိုက္လာခဲ့ၾက၏။
” ဆရာေလး…ဆရာေလး….အဖြားကိုကူညီပါဦး….အဖြားကိုသူဖမ္းထားတယ္….”
” ဟင္…အေမ… အေမလား…”
နတ္ဝင္သည္၏ႏူတ္မွအဖြားတစ္ဦး၏အသံထြက္လာခဲ့သျဖင့္ အမယ္အို၏သမီးႀကီးမွာသူ႔အေမ၏အသံျဖစ္မွန္းရိပ္မိသြား၏။
” စိတ္ေအးေအးထားပါအဖြား…အဖြားဒီအခ်ဳပ္အေႏွာင္ကေနလႊတ္ေအာင္ကြၽန္ေတာ္ကူညီေပးပါ့မယ္….အဖြားကိုသူဘာလို႔ဖမ္းဆီးခ်ဳပ္ေႏွာင္ထားရတာလဲ….ဘယ္တုန္းကစၿပီးခ်ဳပ္ေႏွာင္ထားတာလဲ…”
” သူ…သူကအဖြားရဲ႕ရက္လည္ေန႔ကရင္း နာေရးကိုကူညီသလိုလိုဘာလိုလိုနဲ႔ အဖြားရက္လည္ၿပီးတာနဲ႔အဖြားကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားတာဒီေန႔အထိပါဘဲ….အဖြားကိုသူက ကေလးေတြကိုဖမ္းစားခိုင္းတယ္…အဲကေလးေနမေကာင္းျဖစ္တဲ့အခါသူကလိုက္လံၿပီးေဆးဝါးကုသေပးတယ္….ဒီေတာ့သူကေငြရတာေပါ့….အဖြားကဖမ္းစားလိုက္သူကကုလိုက္လုပ္ေပါ့….နာမက်န္းျဖစ္ေနတဲ့သူကိုသူကကုသေပးလိုက္ေတာ့ လူေတြကသူ႔ကိုဆရာတစ္ဆူလို႔မွတ္ထင္ၿပီး ကိုးကြယ္ေနၾကေတာ့တာေပါ့…”
” သိပ္ကိုရက္စက္တဲ့လူပါလား….ခုနကအဖြားကိုေခၚေနတာဘာလို႔မလာတာလဲ….”
” ဆရာေလးေခၚတာအဖြားၾကားတယ္….ဒါေပမဲ့အဖြားလာလို႔မရဘူး….အဖြားကိုသူကခ်ဳပ္ေႏွာင္ထားလို႔….ဆရာေလးကအတားအဆီးမရွိေစရလို႔ေျပာေတာ့မွအဖြားလာလို႔ရသြားတာ….”
” ဟုတ္ပါၿပီ…အဖြားကိုအဲဒီဆရာရဲ႕အခ်ဳပ္အေႏွာင္ကေနထာဝရလႊတ္သြားေအာင္လုပ္ေပးမယ္….ခုေတာ့အဖြားကိုခ်ဳပ္ေႏွာင္ထားတဲ့သူကိုေခၚၿပီးဆုံးမအုံးမွာမို႔အဖြားခဏထြက္သြားေပး….”
” ဟုတ္ဆရာေလး….”
ဟုေျပာၿပီး အဖြားအို၏ဝိဉာဥ္မွာျပန္လည္ထြက္ခြာသြား၏။ အဖြားအိုဝိဉာဥ္ထြက္သြားၿပီးသည္ႏွင့္ေမာင္ေရခဲလည္း အဖြားအို၏ဝိဉာဥ္ကိုခ်ဳပ္ေႏွာင္ထားသည့္ပုဂၢိဳလ္ကို ဆင့္ေခၚလိုက္၏။
” တနလၤာသမီး၏ဝိဉာဥ္ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ပုဂၢိဳလ္ငါ့အေရွ႕ေရာက္လာခဲ့စမ္း….”
ေမာင္ေရခဲကအမိန႔္ျပန္ေခၚလိုက္သည္ႏွင့္ နတ္ဝင္သည္ သည္ေခါင္းေထာင္လာၿပီး
” ဟင္း…ဟင္း…ဟင္း….ငါ့ကိုဘာအတြက္ေခၚတာလဲ….”
” ငါနင့္ကိုေခၚတာမဟုတ္ဘူး ….နင္ဘာလို႔လာတာလဲ…”
” နင္ဘဲငါ့ကိုေခၚလာတာေလ…ဟင္းဟင္း…”
” နင့္ကိုေခၚတာမဟုတ္ဘူး နင့္ရဲ႕အထက္ကနင့္ဆရာကိုေခၚတာ သူ႔ကိုလာခိုင္းလိုက္စမ္း….”
” ငါ့ဆရာလည္းငါဘဲ…ေျပာ….နင္ဘာေျပာဖို႔ရွိလို႔လဲ….”
အမယ္အိုႀကီး၏ဝိဉာဥ္ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည့္ပုဂၢိဳလ္မွာ နတ္ဝင္သည္ကိုဝင္ေရာက္ပူးကပ္ျခင္းမရွိဘဲ သူ၏အေစအပါးမ်ားကိုသာခိုင္းေစ၍ဝင္ေရာက္ပူးကပ္ျခင္း၏။ အလြန္မွကလီကမာ၊ မူယာမာယာမ်ားလွေသာ ပုဂၢိဳလ္ေပတကား။ အႀကိမ္ႀကိမ္အခါခါေခၚယူၿပီးဝင္ေရာက္ပူးကပ္လာျခင္းမရွိေသာအခါ ေမာင္ေရခဲလည္းေဒါသထြက္လာခဲ့၏။
” တနလၤာသမီးရဲ႕ဝိဉာဥ္ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ပုဂၢိဳလ္ကိုယ္တိုင္ ငါ့အေရွ႕ေရာက္လာခဲ့စမ္း….သူ႔နယ္တစ္ဝိုက္ကဆိုင္ရာပိုင္ရာပုဂၢိဳလ္ေတြသူ႔ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး ငါ့အေရွ႕အေရာက္ပို႔ေစ….အေႏွာင့္အယွက္အတားအဆီးမရွိႏိူင္ေစရ….”
ေမာင္ေရခဲကထိုသို႔အမိန႔္ျပန္လိုက္မွ လူတစ္စုသည္ေအာက္လမ္းဆရာအား ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး ေမာင္ေရခဲေရွ႕သို႔ပို႔လိုက္၏။ ထိုပုဂၢိဳလ္မ်ားမွာ ေအာက္လမ္းဆရာ၏နယ္ေျမတြင္ရွိသည့္ အစြမ္းရွိပုဂၢိဳလ္မ်ားပင္ျဖစ္ေပသည္။ ေအာက္လမ္းဆရာႏွင့္ထိုပုဂၢိဳလ္မ်ားကို ေမာင္ေရခဲမွလြဲ၍မည္သူမွ်မျမင္ႏိူင္ေခ်။
” ေရာက္လာၿပီလား….ေရာက္လာရင္ဘုရားကိုဦးတိုက္လိုက္စမ္း….”
” မတိုက္ေတာ့ဘာျဖစ္လဲ….လူၾကည့္ေတာ့ႏိူ႔နံေတာင္မစင္ေသးဘူး…. ပညာမာန္ေတာ့အရမ္းတက္ေနပါလား….ေစာေစာစီးစီးဇီဝိန္ေႁခြျခင္ေနတာလား…ဟင္း…ဟင္း….”
ေအာက္လမ္းဆရာကေမာင္ေရခဲကိုတစ္လုံးမက်န္ျပန္အာခံေန၏။ ေမာင္ေရခဲလည္းထိုေအာက္လမ္းဆရာအား ေဘးပတ္ပတ္လည္မွစည္းတားထားလိုက္၏။ ေအာက္လမ္းဆရာ၏ေဘး၌လည္း နဂၢယကၡအေစာင့္နတ္ဘီလူးႀကီးကိုပါ ေအာက္လမ္းဆရာအားေစာင့္ၾကည့္ထားခိုင္းလိုက္၏။
” နင့္ေဘးမွာဘယ္သူရွိလဲနင္ၾကည့္လိုက္စမ္း….ငါ့ကိုျပန္ၿပီးအာမခံနဲ႔….”
” အာခံေတာ့ဘာျဖစ္လဲ….နင့္ပညာေလာက္နဲ႔ ငါ့ကိုဘာမွမလုပ္ႏိူင္ဘူးဆိုတာသိထား….ဟားဟားဟား….”
ေအာက္လမ္းဆရာကား ေမာင္ေရခဲကိုဟားတိုက္ရယ္ေမာေန၏။ ေမာင္ေရခဲလည္းထိုပုဂၢိဳလ္ကိုၾကည့္ၿပီး ေမတၱာနဲ႔ဆုံးမ၍မရေတာ့မွန္းသေဘာေပါက္လိုက္၏။
” ေမတၱာနဲ႔ေျပာမရေတာ့လည္းနင့္ထိုက္နဲ႔နင့္ကံေပါ့….ကဲနဂၢယကၡဘီလူးႀကီး…ဒီေကာင့္ကိုခ်ဳပ္ေႏွာင္ထားလိုက္စမ္း….”
ေမာင္ေရခဲထိုသို႔ေျပာလိုက္သည္ႏွင့္ နဂၢယကၡနတ္ဘီလူးႀကီးသည္ ေ႐ႊေရာင္ႀကိဳးျဖင့္ ေအာက္လမ္းဆရာအားလႈပ္မရေအာင္တုတ္ေႏွာင္ထားလိုက္၏။
” အား…..ငါအသက္ရႉၾကပ္လာၿပီ….ငါ့ကိုလႊတ္စမ္း….”
” ႐ုန္းေလၾကပ္ေလဘဲ….ခုဘုရားကိုဦးတိုက္လိုက္စမ္း….”
ေမာင္ေရခဲထိုသို႔ေျပာလိုက္မွ ေအာက္လမ္းဆရာသည္ဘုရားကိုဦးတိုက္လိုက္၏။ အသက္ရႉၾကပ္သလိုျဖစ္လာၿပီးေနမထိထိုင္မသာျဖစ္လာ၏။
” ကိုယ့္အမွားကိုသိၿပီလား….သိရင္ကိုယ့္ကိုယ္ကိုျပန္ဆုံးမစမ္း….”
ဟုေျပာၿပီးၾကမ္းျပင္ကိုလက္ညိဳးၫႊန္ျပလိုက္ရာ ေအာက္လမ္းဆရာသည္ မိမိနဖူးျဖင့္ၾကမ္းျပင္ကိုတဒုန္းဒုန္းေဆာင့္ေနေတာ့၏။
” ဒုန္း…ဒုန္း…ဒုန္း….”
” ဒုန္း….ဒုန္း….ဒုန္း….”
နတ္ဝင္သည္၏နဖူး၌ေသြးခ်င္းခ်င္းနီရဲေနေတာ့၏။ နံေဘးမွၾကည့္ေနၾကသည့္ အိမ္ရွင္တို႔မွာဆက္ၿပီးမၾကည့္ရဲေတာ့ေခ်။
” ေတာ္ၿပီ…ငါေမးတာေျဖ….နင္ဘာလို႔တနလၤာသမီးရဲ႕ဝိဉာဥ္ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားရတာလဲ….အမွန္တိုင္းေျဖစမ္း….”
” သ….သနားလို႔ပါ….”
” ဘာ…သနားလို႔ဟုတ္လား…”
ေအာက္လမ္းဆရာ၏စကားေၾကာင့္ေမာင္ေရခဲအလိုလိုၿပဳံးမိလွ်က္သားျဖစ္သြား၏။
” သနားရင္ ဘာလို႔ခ်ဳပ္ေႏွာင္ထားရတာလဲ….အဆန္းပါလား….”
” ေလွ်ာက္သြားေနရင္သူမ်ားေတြေႏွာင့္ယွက္မွာစိုးလို႔ပါ….”
” ဪအဲေတာ့သူမ်ားဖမ္းဆီးခ်ဳပ္ေႏွာင္ထားမွာေၾကာက္ၿပီး….အရင္ဦးေအာင္ဖမ္းဆီးခ်ဳပ္ေႏွာင္ခိုင္းစားထားတာေပါ့ဟုတ္လား….”
ေမာင္ေရခဲ၏စကားေၾကာင့္ ေအာက္လမ္းဆရာမွာဘာတစ္ခြန္းမွျပန္မေျဖႏိုင္ဘဲ ေခါင္းငုံ႔ထားလိုက္၏။
” ေနာပ္ထပ္ဖမ္းဆီးခ်ဳပ္ေႏွာင္ထားရဲေသးလား…. နင့္ကိုလည္းငါကခ်ဳပ္ေႏွာင္ထားမယ္…ေလးႏွစ္မဟုတ္ဘူး…တစ္ရက္ထဲဘဲ…နင္ေနႏိူင္လား….”
” မလုပ္ရဲေတာ့ပါဘူးဆရာ….ေၾကာက္ပါၿပီ…မခ်ဳပ္ေႏွာင္ထားပါနဲ႔…မခံႏိူင္ပါဘူး…ခုလိုလုပ္မိတာခြင့္လႊတ္ေပးပါဆရာ….”
” နင္ေတာင္မခံႏိူင္တာ အမယ္အိုႀကီးဆိုရင္ေကာဘယ္ေလာက္ေတာင္ဒုကၡေရာက္ခဲ့လိမ့္မလဲ….ဒီတိုင္းခြင့္လႊတ္ေပးလိုက္လို႔မရဘူး….မဟုတ္ရင္ေနာက္ေနာင္လည္းဒီအမွားမ်ိဳးထပ္ၿပီးၾကဴးလြန္ဦးမွာဘဲ…ဒီေတာ့သစၥာေရေသာက္ၿပီးမွသြားရမယ္…”
ဟုေျပာၿပီးျမတ္ဘုရားကိုတိုင္တည္ကာ သစၥာတိုင္ေပးၿပီးေသာက္ခိုင္းလိုက္၏။
” ကဲ…သစၥာေရေသာက္ၿပီးၿပီဆိုေတာ့ ေနာက္ေနာင္ဒီအမွားမ်ိဳးထပ္မၾကဴးလြန္မိေစနဲ႔…..မဟုတ္ရင္ငါလည္းမကယ္ႏိူင္ေတာ့ဘူး….”
” ေၾကာက္ပါၿပီဗ်ာ….ေနာက္မလုပ္ေတာ့ဘူး….ခုသြားလို႔ရၿပီလား….”
” အမယ္အိုႀကီးကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့အေႏွာက္အဖြဲ႕ေတြေျဖေပးၿပီးရင္ သြားလို႔ရၿပီ…”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္သည္ႏွင့္ေအာက္လမ္းဆရာလည္း မိမိလုပ္ထားေသာအခ်ဳပ္အေႏွာင္အားလုံးကိုေျဖေပးလိုက္၏။
ေမာင္ေရခဲကထိုပုဂၢိဳလ္ထြက္သြားသည္ႏွင့္ အမယ္အို၏ဝိဉာဥ္ကိုျပန္ေခၚလိုက္၏။ နတ္ဝင္သည္လည္းအေတာ္ပင္ပန္းေနၿပီျဖစ္၏။ ေခၚၿပီးခဏ၌အမယ္အိုႀကီး၏ဝိဉာဥ္လည္း ျပန္လည္ဝင္ေရာက္လာ၏။
” အဖြား….အဖြားသားသမီးကိုေျပာစရာစကားေတြရွိလား…”
” ရွိတာေပါ့ဆရာေလးရယ္….ရွိတာမွအမ်ားႀကီးကိုရွိတာ….”
” အဲဆိုရင္အဖြားမိသားစုနဲ႔ေျပာဖို႔ရွိတာေျပာၾကပါဗ်ာ….”
ေမာင္ေရခဲထိုသို႔ေျပာလိုက္သည္ႏွင့္ နတ္ဝင္သည္သည္မိသားစုဘက္လွည့္ၿပီး
” သမီးႀကီး…သမီးငယ္….ဘာလို႔အေမ့ရဲ႕အေမြျဖစ္တဲ့ၿခံကိုေရာင္းပစ္ရတာလဲကြယ္….”
” သမီးတို႔အေမ့အတြက္ရည္စူးကုသလိုလ္လုပ္ေပးဖို႔ပါအေမရယ္….အေမ့ကိုဘဝကူးေကာင္းေစခ်င္လို႔ပါ….”
” အေမ့အတြက္ဘာမွမလိုပါဘူးကြယ္….ေဟာဒီကအေမ့ေျမးေတြကိုဘဲ ရွင္ျပဳေပးလိုက္ပါ….အေမ့ေျမးေတြကသာသနာ့ေဘာင္ဝင္ဖို႔အခ်ိန္က်ပါၿပီ….ေျမးေလးေတြနဲ႔စကားအရမ္းေျပာခ်င္ေနတာ….ဒါေပမဲ့ ေျပာလို႔မရခဲ့ဘူး….အေမ့သားသမီးေတြကိုလည္းေန႔တိုင္းျမင္ေနရတယ္…အဖိုးႀကီးပန္းပင္ေတြကိုေရေလာင္းေပါင္းသင္ေနတာကိုလည္း ေန႔တိုင္းျမင္ေတြ႕ေနရတယ္….ဒါေပမဲ့အေမဘာေျပာေျပာအဖိုးႀကီးကမၾကားႏိူင္ဘူးေလ….အေမအရမ္းဝမ္းနည္းတယ္သိလား…”
အဖြားႀကီးသည္ေျပာရင္းဆိုရင္း ပါးျပင္ေပၚသို႔မ်က္ရည္က်လာ၏။
အမယ္အိုႀကီး၏စကားေၾကာင့္အဖိုးႀကီးလည္း က်လုလုမ်က္ရည္ကိုမ်က္ေတာင္ျဖင့္ပုတ္ခတ္ပုတ္ခတ္လုပ္ကာျပန္ထိန္းထားလိုက္၏။ ၿပီးမွတုန္ရီေနေသာအသံျဖင့္
” အဖြားႀကီးရယ္….ဒီေလာက္ႏွစ္ေတြအၾကာႀကီး ဒုကၡေရာက္ေနတာေတာင္ ကိုယ့္ကိုအိမ္မက္ေပးၿပီး ေျပာမျပခဲ့ပါလားကြယ္….”
” အိုအဖိုးႀကီးရယ္…ေျပာျပခ်င္တာေပါ့….သိပ္ကိုေျပာျပခ်င္တာ….ဒါေပမဲ့ေလသူကငါ့ကိုဘာမွလုပ္ခြင့္မေပးဘူး….သူ႔အမိန႔္ကိုလြန္ဆန္တာနဲ႔ နာက်င္ေအာင္အျပစ္ေပးတာေလ….”
” အေမရယ္….”
” သနားစရာပါလားဖြားဖြားရယ္…အဟင့္…”
အဖြားႀကီး၏စကားေၾကာင့္ သမီးႏွစ္ေယာက္ႏွင့္ေျမးေလးတို႔မွာရႈိက္သံမ်ားထြက္ေပၚလာသည္အထိ တရႈံ႕ရႈံ႕ငိုေႂကြးေနၾကကုန္ေလ၏။
” မငိုၾကပါနဲ႔သမီးေလးတို႔ရယ္…ခုအေမလႊတ္ေျမာက္ၿပီဘဲ….အေမ့ေျမးေလးကိုရွင္ျပဳျဖစ္ေအာင္ျပဳေပးပါ….အေမစိတ္ခ်ခဲ့ပါရေစ….အဖိုးႀကီးလည္းအသက္ကရလာၿပီမလား တရားဘဝနာကိုအားထုတ္က်င့္ႀကံဖို႔မေမ့နဲ႔ေနာ္….က်န္းမာေရးလည္းအထူးဂ႐ုစိုက္….”
” အဖြားႀကီးရယ္ မိသားစုကိုဘဲစိတ္ပူပန္ေနေတာ့မွာလား…. ကိုယ့္ကိုကိုယ္လည္းျပန္ၿပီးစိတ္ပူပါအုံးလားကြယ္….”
” ငါ့အတြက္ဘာမွမလိုအပ္ေတာ့ပါဘူးအဖိုးႀကီးရယ္….အဖိုးႀကီးႏွင့္သားသမီးေျမးျမစ္ေတြ က်န္းက်န္းမာမာရွိေနရင္ဘဲ ေက်နပ္လွပါၿပီကြယ္….”
အဖြားႀကီးကထိုသို႔ေျပာၿပီး ေမာင္ေရခဲေရွ႕ျပန္လွည့္ကာ
” ကူညီလက္စနဲ႔ထပ္ၿပီးအကူညီေတာင္းပါရေစဆရာေလး….ဒီအိမ္ရဲ႕အေရွ႕ဘက္မ်က္ႏွာစာမွာရွိတဲ့သစ္ပင္မွာသရဲတစ္ေကာင္ရွိေနတယ္…အဲဒီသရဲကအဖြားေျမးေတြကိုလိပ္ျပာလန႔္ေအာင္လုပ္ေနလို႔ ဆရာေလးအဲဒီသရဲကိုေမာင္းထုတ္ေပးပါလား….”
” အင္းပါ….ကြၽန္ေတာ္ေမာင္းထုတ္လိုက္ပါ့မယ္အဖြား… ”
” ေက်းဇူးတင္ပါတယ္ဆရာေလးရယ္….”
အဖြားႀကီး၏အမွာစကားမ်ားေၾကာင့္ သားသမီးေျမးျမစ္တို႔သည္အဖြားျဖစ္သူ၏ သူတို႔အေပၚထားေသာ ေမတၱာအတိမ္အနက္ကိုသိရွိသြားၾကသျဖင့္ လြန္စြာဝမ္းနည္းသြားၾကကုန္၏။ ဤအတိုင္းငိုယိုေန႐ုံျဖင့္ ကိစၥမၿပီးေသးေသာေၾကာင့္ေမာင္ေရခဲက
” အဖြားကိုရည္စူးကုသိုလ္လုပ္ေပးမဲ့အလႉပြဲမတိုင္ခင္ အဖြားကိုထပ္မံၿပီးေႏွာင့္ယွက္မဲ့သူမရွိရေလေအာင္ အဖြားကိုေဘးကင္းရာပို႔ထားရလိမ့္မယ္ဗ်….”
” ဆရာေလး…အေမ့ကိုေလအဲေန႔မတိုင္ခင္အထိ အစ္မတို႔ၿခံဝန္းထဲမွာဘဲထားထားလို႔ရမလား….”
” မရဘူးအစ္မ…ဒီၿခံမွာဘဲထားထားရင္ အဖြားကသူ႔ေျမးေတြအေပၚသံေယာဇဥ္ပိုတြယ္မိၿပီး ဒုကၡေရာက္မွာစိုးလို႔ပါ….”
” အင္းပါ…အဲဆိုလည္းအေမ့ကိုဆရာေလးဘဲ သင့္ေတာ္ရာကိုပို႔ထားေပးလိုက္ပါ….”
” ေကာင္းပါၿပီဗ်ာ….”
အိမ္ရွင္ခြင့္ျပဳခ်က္ရၿပီးသည္ႏွင့္ေမာင္ေရခဲလည္းအထက္ပုဂၢိဳလ္ကိုတိုင္တည္ၿပီး စတုေလာကပါလနတ္မင္းႀကီးကိုပင့္ေခၚလိုက္၏။ ထိုခန၌နတ္မင္းႀကီး၏လက္ေအာက္ခံနတ္သားသည္ ေမာင္ေရခဲေရွ႕ေပၚလာၿပီး အဖြား၏ဝိဉာဥ္ကိုေခၚေဆာင္သြားေလ၏။ နတ္ဝင္သည္လည္းအခ်ိန္အၾကာႀကီးဝင္ေရာက္ပူးကပ္ျခင္းခံလိုက္ရသျဖင့္
ေဘးသို႔လွဲက်ေမ့ေျမာသြားေတာ့၏။ ေမာင္ေရခဲလည္း ထိုနတ္ဝင္အမ်ိဳးသမီးအား ေရစင္ျဖင့္ေတာက္ၿပီး ျပန္လည္သတိရလာေအာင္လုပ္ေပးလိုက္၏။ ၿပီးမွအိမ္ရွင္တို႔အား
” အဖြားအတြက္ရည္စူးကုသိုလ္ျပဳလုပ္မဲ့ေနေရာက္ရင္အဖြားကိုမေမ့မေလ်ာ့ဖိတ္လိုက္ေနာ္….နတ္မင္းႀကီးေတြကအဖြားကိုလာပို႔လိုက္မယ္….အဖြားျဖစ္ခ်င္တဲ့ဆႏၵကိုလည္းလုပ္ေပးလိုက္ၾကေပါ့….အဖြားဘဝကူးေကာင္းေအာင္လို႔…..”
” ဆရာေလးေျပာတဲ့အတိုင္းအစ္မတို႔လုပ္ေပးပါ့မယ္…အေမ့ကိုလည္းဒီလိုဘဝမ်ိဳးထပ္မေရာက္ေစခ်င္ေတာ့ဘူးရွင့္…”
” ဟုတ္ပါၿပီဗ်ာ….အားလုံးရဲ႕ဆႏၵလည္းျပည့္ဝသြားၾကၿပီဆိုေတာ့ ကြၽန္ေတာ္တို႔လည္း ခရီးဆက္ရေတာ့မွာမို႔္ခြင့္ျပဳေပးၾကပါအုံးခင္ဗ်….”
” ေနပါအုံးဆရာေလးတို႔….အစ္မတို႔ပူေဇာ္ေၾကးေလးကန္ေတာ့ပါရေစအုံး….”
” ပူေဇာ္ေၾကးမလိုပါဘူးဗ်ာ…ကြၽန္ေတာ္တို႔ကလူေတြရဲ႕ေသာကအပူေတြကိုေျဖေလ်ာ့ေပးႏိူင္ရင္ဘဲ အထူးေက်နပ္လွပါၿပီ….အဖြားအတြက္ရည္စူးကုသိုလ္မွာကြၽန္ေတာ္တို႔ပါဝင္ကူညီေပးလိုက္တယ္လို႔ဘဲမွတ္လိုက္ၾကေပါ့ဗ်ာ….”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္လွ်င္ အိမ္ရွင္တို႔လည္းျပန္လည္ေခ်ပစရာစကားမရွိေတာ့ေသာေၾကာင့္ သေဘာတူလိုက္ရ၏။
ျပဳဖြယ္ကိစၥမ်ားၿပီးစီးသည္ႏွင့္အိမ္ရွင္တို႔ကိုႏူတ္ဆက္ကာ ဆရာတပည့္ႏွစ္ေယာက္လည္းဂႏၶာရီခရီးကိုဆက္ခဲ့ၾကေလေတာ့သည္။…..။
(မွတ္ခ်က္= ဤစာမူသည္ျဖစ္ရပ္မွန္စာမူျဖစ္သည့္အတြက္မူရင္းႏွင့္ကြဲလြဲေရး၍မရသျဖင့္ တခ်ိဳ႕ကြၽႏ္ုပ္အတြင္းက်က်မသိေသာေနရာမ်ားတြင္ စာေၾကာင္းေခ်ာေမြ႕ေအာင္ျဖည့္စြက္ေရးသားထားသည္။ မူရင္းပြဲကုတဲ့အထဲမွာလည္း အိမ္ေရွ႕ကသရဲကိုေမာင္းထုတ္တဲ့အေၾကာင္းမပါလို႔ခ်န္ထားခဲ့သည္။ ဤျဖစ္ရပ္မွန္ဇာတ္လမ္းေျပာျပေပးေသာ ပိုင္ေလးႏွင့္သူငယ္ခ်င္းဆရာကိုလည္းဤေနရာမွအထူးေက်းဇူးတင္လိုက္ပါသည္။ အားေပးဖတ္ရႈသူအေပါင္းကိုယ္စိတ္ႏွလုံးက်န္းမာၾကေစေသာဝ္)
#ၿပီး
#ခြန္း