Unicode Version
နောက်ဖေးယိုပေါက်(စ/ဆုံး)
———————————-
တောမကျ မြို့မကျ ဖွံ့ဖြိုးဆဲရွာလေး တစ်ရွာ။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် မီးရထား၊ ကား၊ ဆိုင်ကယ် စသည်တို့နှင့် ကူးသန်းရ လွယ်ကူသော ဒေသလေး။ ထိုဒေသလေးတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ် ကိုင်သူများနှင့် ပြောင်းရွှေ့နေထိုင်လာကြသူ များဖြင့် စည်ကားလျက်ရှိသည်။ ထိုလူများ သည် အသက်မွေးဝမ်းကျောင်းဖြစ်သော ဒေသရင်းမြစ်ဖြစ်သည့် ရွှေတူးဖော်ရေးလုပ်ငန်း ကိုသာ ဇောက်ချလုပ်ကိုင်ကြ၏။ ဒေသခံဟူ၍ တိုင်းရင်းသားလူမျိုးစုအနည်းငယ်သာရှိသည်။ သို့သော် ရေကြည်ရာမြက်နုရာရှာဖွေရင်း ပြောင်းရွှေ့နေထိုင်လာသူများကြောင့် လူဦးရေ အနည်းငယ် ထူထပ်သော ရွာလေးတစ်ရွာ လည်း ဖြစ်သည်။
”မညို ဈေးလား”
”ဟုတ်ကဲ့ မမြိုင် ဈေးသွားမလို့”
”အေး ဒါဆို ငါ့ကို ပဲပေါင်း နှစ်ရာဖိုးနဲ့ ချဉ်ပေါင်ရွက်တစ်ရာဖိုးလောက် ဝယ်ပေးခဲ့ပါ ဦးအေ”
”အော် ဟုတ်ကဲ့ မမြိုင်”
မမြိုင်ပေးလာသော ငွေသုံးရာကိုလှမ်း၍ ယူလိုက်သည်။
”ငါတော့ ဒီနေ့ဈေးကို မထွက်နိုင်ဘူး မညိုရယ် မနေ့ကအိမ်ကလူ အလုပ်က ပိုက်ဆံ ထုတ်မရလို့တဲ့ ဈေးဖိုးနှစ်ထောင်ပဲပေးတယ်။ ဆန်ကတစ်ပြည်ဝယ်တော့ ကျန်ရှစ်ရာက ကလေးမုန့်ဖိုး ငါးရာနဲ့ ဟင်းဖိုး သုံးရာပဲကျန် တယ်။ ဒီတော့ ပဲနဲ့ အချဉ်ဟင်းပေါ့အေ ဟင်”
သူ့အိမ်တွင်းအခက်အခဲကို ဟာသလေး နှောပြီး ပြောလာသော မမြိုင်ကြောင့် ပြုံးရုံသာ ပြုံးမိသည်။ ကိုယ်လည်း သူ့ထက်မပိုလျှင်ပင် မလျော့သောဘဝမျိုး မဟုတ်လား။
” နောက်ကျနေပြီ ကျွန်မသွားလိုက်ဦးမယ် မမြိုင် အပြန်ကလေးတွေကို မှာတဲ့ဟာတွေ ပို့ခိုင်းလိုက်ပါ့မယ်”
”အော် အေး အေး”
မမြိုင်နှင့်စကားကြောရှည်နေ၍ မဖြစ်။ အိမ်မှာ ထမင်းတစ်အိုးသာ တည်ထားခဲ့ သည်။ ကလေးတွေကျောင်းချိန်အမီ ချက်ပြုတ် ရမည်။ ထို့ကြောင့် ဈေးသို့အမြန်သွားမှ ဖြစ်မည်။
xxxxxx
အခန်း (၂)
”ယောက်ျား”
”အင်း ပြော”
အဝတ်များကို မီးပူတိုက်နေရာမှ ခုံတစ် လုံးတွင် ဂျာနယ်ဖတ်ပြီးအနားယူနေသော ခင်ပွန်းဖြစ်သူကို ခေါ်မိသည်။
”မနက်ဖြန် ကျုပ်ကို ဈေးဖိုးလေး ပိုပေးပါ လား တော်”
”ဘာကြ”
ဒေါသတကြီးဖြစ်သွားသော ခင်ပွန်း ကြောင့်ကိုယ့်စကားများ မှားသွားသည်လားဟု စိုးထိတ်မိ၏။ သို့သော်လည်း ကိုယ်ပြောခဲ့ သော စကားသည်အမှန်တရားဖြစ်သည်။
”ဆားနဲ့ အချိုမှုန့်လည်း ကုန်နေပြီ။ ပြီးတော့ ကြက်သွန်ဖြူလည်း ဝယ်ရမယ်။ ကလေးတွေကျောင်းကလည်း စာအုပ်ဖိုး ဆိုလား အရပ်ကြေးကလည်း နှစ်ထောင်ဆုံရ မှာ မနက်ဖြန်နောက်ဆုံးတဲ့”
”အဲ့တော့ ငါကမင်းကို ဈေးဖိုးပိုပေးရမယ် ပေါ့။ နေစမ်းပါဦး ငါမေးစမ်းပါဦးမယ်။
မင်းကပါးစပ်လေးနဲ့အိမ်ကနေ ယောက်ျား ဈေးဖိုးပိုပေးဆိုပြီး တောင်းရအောင်က ငွေရှာ ရတာ လွယ်တယ်များထင်နေတာလား”
”မဟုတ်ပါဘူး ဒါပေမယ့်”
”ဘာမှ ဒါပေမမယ့်နဲ့ ဟောဒီတစ်အိမ်လုံး ရဲ့ စားဝတ်နေရေးကို ဒီပခုံးပေါ်ထမ်းထားရတဲ့ ဝန်ကိုလည်း နည်းနည်းပါးပါးစာနာဦး။ မင်းက ပိုက်ဆံကိုသုံးကောင်းတိုင်း သုံးနေတာ ရှာရတဲ့ ငါ ပင်ပန်းလို့ သေတော့မယ်ကွ”
ထိုသို့ ဒေါကြီးမောကြီးနှင့် ပြောနေသော ခင်ပွန်းဖြစ်သူကို မယုံနိုင်ခြင်းများစွာဖြင့်သာ ငေးမောမိသည်။သူပြောသော အရာတွေသည် မမှားပါ။ သို့သော် ကိုယ်လည်း မမှား။ သူပြော သော စကားများကို လက်ခံသည်။ နားလည်း နားလည်ပါ၏။ နားမလည်နိုင်သောသူက ခင်ပွန်းဖြစ်သည်။ သူသာ ကိုယ့်အပေါ် နည်းနည်းလေးများ နားလည်ပေးခဲ့ပါလျှင်။ ခုတော့ ယောက်ျားရယ်ဟုသာ တီးတိုးညည်းမိ ၏။
xxxxxx
အခန်း (၃)
”ဟဲ့ မညို မညို ရှိလား”
”ရှင် မမြိုင် ဝင်ခဲ့လေ ကျုပ်ရှိတယ်”
”အော် အေးအေး ငါဝင်လာပြီနော်”
”ဟုတ်ကဲ့ မမြိုင် ဝင်ခဲ့ဝင်ခဲ့”
အိမ်ရှေ့မှ မမြိုင်အော်ခေါ်သံကို ပြန်ထူး ပြီး မမြိုင်ကို အိမ်အတွင်းသို့ဝင်ခိုင်းလိုက် သည်။ ကိုယ်လည်း မီးဖိုခန်းမှ ခဏထွက်လာ ခဲ့လိုက်၏။ ဘူးသီး အချဉ်ရည်ချက်နေသည်မို့ ထည့်ထားသည့်ရေများပွက်မလာခင်အထိ အေးအေးဆေးဆေးနေ၍ရသည်။ သို့သော် လက်အတွင်း၌ ကန်စွန်းရွက်များထည့်ထား သော ဆန်ခါတစ်လုံးကို အိမ်ရှေ့ခန်းသို့ ယူလာဖြစ်၏။
”ဘာတွေချက်လဲ အေ့”
”မနက်က ကြက်ဥဝယ်ခဲ့တယ်လေ။ အဲ့ဒါ ကြက်ဥကြော်ပြီး ခြံထဲက ဘူးသီးခူးပြီး ချဉ်ရည် ချက်ထားတယ်။ အငယ်လေးက ကန်စွန်းရွက် ကြိုက်တော့ ကန်စွန်းရွက်လေး ကြော်ပေးမလို့ မမြိုင်”
”အော် မညို မညို ညည်းလည်း မရှိရှိ တာလေးနဲ့ မိသားစုအတွက် ထောင့်စေ့အောင် လုပ်တတ်လိုက်တာနော်”
”အဟင်း မလုပ်တတ်လို့မရဘူးလေ မမြိုင်ရဲ့ မိသားစုမှာက အိမ်ကလူဆိုတာ ရှာဖွေပေးတဲ့အပိုင်းကို တာဝန်ယူထားပြီလေ။ ဒီတော့ ကျုပ်ကအိမ်တွင်းရေးအပိုင်းကို နိုင်သလောက် တာဝန်ကျေရတာပေါ့တော်”
”ဒါပေါ့အေ ဒါပေါ့ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ အဆိုရှိထားလေမှ ငါတို့ မိန်းမတွေဆိုတာ နိုင်သလောက်ဘက်ကနေ သူတို့ကို ကူရမှာပေါ့”
မမြိုင်စကားကို ပြုံး၍သာ နားထောင်နေ ဖြစ်သည်။ မနေ့ညက ကိုယ့်ခင်ပွန်းပြောသည့် စကားများကိုသာ မမြိုင်ကြားရလျှင် မည်သို့ ပြောမည်နည်း။
”ဒါနဲ့ မမြိုင် အိမ်ကိုလာတာက”
”အော် ဟုတ်သားပဲ လာရင်းကိစ္စမေ့တော့ မလို့ မနက်ဖြန်ကျရင် ဦးစိန်မောင်ရဲ့ ရွှေတွင်း မှာ ရွှေမြေစာပုံးသယ်ဖို့လူလိုတယ်တဲ့။ အဲဒါ ငါသွားမလို့ ညည်းရော လိုက်ချင်လား။ လူက နှစ်ယောက်လိုတာလို့ပြောတယ်။ အဲဒါနဲ့ ငါလည်း ညည်းကို သတိရလိုက်တာနဲ့ ညည်း လုပ်ချင်မလားလို့ လာမေးတာ”
”ဟုတ်လား မမြိုင်လည်းလုပ်မှာဆိုရင် ကျုပ်လိုက်မယ်။ ဒါနဲ့ဘယ်လောက်တဲ့လဲ”
”ပိုက်ဆံနှစ်ထောင့်ငါးရာနဲ့ ရွှေမြေစာ သုံးပုံးပေးမယ်တဲ့”
မမြိုင်ပြောလာသော နေ့တွက်က မဆိုး လှ။ ငွေသားချည်းပဲ နှစ်ထောင့်ငါးရာ။ ပြီးတော့ ရွှေမြေစာက သုံးပုံး။ ထိုရွှေမြေစာသုံးပုံးက ကိုယ်ကံကောင်းလျှင် ထိုနေ့တွက်တစ်ရက် အတွက် ငါးထောင်၊ ခြောက်ထောင်က အသာလေးပင်။ ထို့ကြောင့် မမြိုင်လာခေါ် သော အလုပ်ကို လိုက်လုပ်ဖို့ဆုံးဖြတ်ခဲ့သည်။အတန်အသင့်တော့ ဈေးဖိုးအတွက် ဦးနှောက် ခြောက်နေရသည့် ဘဝက လွတ်မြောက်နိုင် မည်။
xxxxxx
အခန်း (၄)
”အေမ့”
”ဝေ့ သမီးလေး ပြောလေ”
ကြက်သွန်နီ အခွံနွှာနေရာမှ သမီးခေါ်သံ ကြောင့် ထူးဖြစ်သည်။ ကိုယ်ထမင်းဟင်း ချက်လျှင် သမီးငယ်က အနားမှာလာလာ ထိုင်တတ်၏။ သားကြီးကတော့ ဘယ်ဆီ ဘယ်ဝယ်မှန်းပင် မသိ။ ဖမ်း၍မမိ။
”ဆရာမက မနက်ဖြန်ကျရင် မီးနင်း စာအုပ် ဝယ်ရမယ်တဲ့ အဲ့ဒါသမီးကို မုန့်ဖိုး အများကြီးပေးနော်”
”ဟုတ်လား ပေးမှာပေါ့ အမေ့ချစ်တုံးလေး ကို အများကြီးပေးမယ်နော်”
”ဟုတ် ကိုကိုထက်ပိုပြီး ပေးနော်”
”ဒါပေါ့ သမီးရဲ့ ပေးမှာပေါ့”
သမီးငယ်၏ ခေါင်းလေးကို ဖွဖွငုံ့နမ်း လိုက်သည်။ ကြက်သွန်ခိုးတွေ မွှန်နေသည့် မိခင်၏အနားမှာ ဒုက္ခခံပြီးလာထိုင်နေသော သမီးလေး။ မည်သို့ပင် နှင်လွှတ်နေပါစေ။ ထ၍မသွားသော သမီးလေး။ မိခင်၏ ဒုက္ခ တွေကို မျှဝေခံစားပေးသူဆို၍ ဤသမီး ငယ်လေးသာ ရှိသည်လေ။
”အညို အညို”
”ဟော သမီးအဖေ ပြန်လာပြီနဲ့ တူတယ်။ လာ လာ သမီး အဖေ့ကိုသွားကြိုရ အောင်” သမီးငယ်၏လက်ကိုဆွဲကာ မီးဖိုခန်း ထဲမှ သားအမိနှစ်ဦး ထွက်လာခဲ့သည်။ အလုပ် ကပြန်လာသော ခင်ပွန်း အိမ်ရှေ့ခန်းမှ ခုံတစ်လုံးတွင်ထိုင်နေ၏။ သောက်ရေအိုးက ရေတစ်ခွက်ခပ်ကာ ခင်ပွန်းထံ ယူလာပေးလိုက် သည်။
”ယောက်ျား ရေသောက်ဦး”
ကမ်းပေးလိုက်သော ရေခွက်ကိုယူ၍ သူ ရေသောက်သည်။ ပြီးလျှင် ကိုယ့်ကို စူးစမ်း သလို ကြည့်နေ၏။
”မင်း ငါမေးတာကို မှန်မှန်ဖြေစမ်း အညို မင်း ဦးစိန်မောင်ရဲ့ ရွှေတွင်းမှာ ပုံးသယ် နေ့စားသွားဆင်းတယ်ဆို”
”ဟင်”
”ဟင်မနေနဲ့ ငါမေးတာကိုဖြေ ငါ့ဟာငါ ဘယ်ကသိသိ ပြန်မမေးနဲ့ဖြေ ဟုတ်လား၊ မဟုတ်ဘူးလား”
”ဟုတ် ဟုတ်ပါတယ် ကျုပ်”
”တော် ကျန်တာဆက်မပြောနဲ့ နေစမ်းပါ ဦး မင်းက အဲဒီအလုပ်တွေ သွားလုပ်တာက ငါ့ကိုအာခံတာလား ဟမ် မင်းတို့ကိုလုပ်ကျွေး နေတဲ့ငါ့ကို ပုန်ကန်တာလား”
”မဟုတ်ဘူး မဟုတ်ပါဘူး ယောက်ျားရယ်”
”ဘာမဟုတ်လဲ မင်း အဲအလုပ်သွားလုပ် တာ မင်းမှာအားကိုးစရာ လင်မရှိလို့လား။ မင်းလင်သေသွားလို့လား မင်းဒီအလုပ်ကို သွားလုပ်တာ မင်းမှာတခြားလုပ်စရာ အိမ် အလုပ်တွေ မရှိတော့ဘူးလား မင်းကွာ”
ဒေါသတကြီးအော်ဟစ်နေသော ခင်ပွန်း ကြောင့် ကိုယ့်ဘေးမှာ ရပ်နေသော သမီးငယ် အော်ငိုလေသည်။ ဖခင်ဖြစ်သူက မိခင်ကို အော်ငေါက်နေတော့ သူလည်း ကြောက်မှာ ပေါ့။
သမီးငယ်၏ ငိုသံကြောင့် ခင်ပွန်း သူ့ဒေါသတွေကို တရှူးရှူးနှင့် ပြန်ထိန်းနေ၏။ သူဒေါသထွက်လျှင်လည်း ထွက်စရာပေ။ ကိုယ်လည်း အမှားမကင်း။ အလုပ်လုပ်ဖို့ သူ့ကိုမတိုင်ပင်မိ။ တကယ်ဆို သူခွင့်ပြုမှသာ လုပ်သင့်တာလေ။ ငွေရချင်ဇောနှင့် သူ့ကို မတိုင်ပင်ဘဲ အလုပ်လိုက်သွားမိသည်။ ခုတော့ ကိုယ့်လင်မယားချင်း စကားများရ၏။
”ကျုပ် မှားသွားတယ် တောင်းပန်ပါတယ် ယောက်ျား”
ထိုစကားလေးတစ်ခွန်းသာ ပြန်လည် ပြော၍ သူ့အနားမှ သားအမိနှစ်ဦးလုံး ထွက်လာခဲ့လိုက်သည်။ ခြေလှမ်းများက မမြိုင် အိမ်သို့။ မနက်ကျ အလုပ်လိုက်ဖြစ်မှာ မဟုတ် ဘူးလေ။
xxxxxx
အခန်း (၅)
”ဟင်”
မနက်ခင်း၏ လေပြည်ညင်းနှင့်အတူ ရောထွေးလွင့်ပါးသွားသည့် သက်ပြင်း တစ်ရှိုက်။ လူမသိသူမသိ အပူမီးအချို့က ရင်တွင်းမှာလှိုက်စားရုံမက အပေါ်ယံ အရေပြား တစ်ထောက်စာထိ ထင်ထင်ရှားရှား မြင်နေရသည်။
”ရော့ ဈေးဖိုး”
ထိုသို့ပြောပြီး ပစ်ချပေးသွားသည်နှင့် ကိုယ်ထိုင်နေသော ကြမ်းပြင်နားသို့ လွင့်ကျ လာသည့် ငါးထောင်တန်တစ်ရွက်။ ထိုအရာ သည် ဤနေ့တစ်ရက်စာ ဈေးဖိုးအတွက် အသုံးစရိတ်ဖြစ်သည်။ ထိုငါးထောင် တန်မှ ခွဲခြမ်းစိတ်ဖြာပြီး ထွက်ခွာသွားမည့် ငွေများမှာ နောက်ထပ်ပင် အိတ်ကပ်အတွင်းမှ စိုက်ထုတ်ရမလို။ ဆန်နှစ်ပြည်နှင့်ပင် နှစ်ထောင့်လေးရာကျပ်။ ဆီက တစ်ဆယ်သား သုံးရာ။
ခရမ်းချဉ်သီးက အစိတ်သား နှစ်ရာ။ ကြက်သားဆီပြန်ဟင်း တစ်ခွက်အတွက် ကြက်သားက ဆယ့်ငါးကျပ်သား တစ်ထောင်။ မနေ့က ငါးပိလည်းကုန်နေသည်။ ထို့ကြောင့် ငါးပိက တစ်ရာ။ ညနေစာအတွက် ငါးလေး ချဉ်သုပ်မည်မို့ ငါးလေးချဉ်က တစ်ဆယ်သား ငါးရာ။ ဟင်းချိုတစ်ခွက်အတွက် မုန်ညင်း ရွက်က သုံးရာ။ ငရုတ်သီးထောင်းလေးတစ်ခွက် အတွက် ငရုတ်သီးက နှစ်ရာ။ ထိုအရာများ နှင့်ပင် ငါးထောင်တန်တစ်ရွက် ပြတ်ပြီ။ ကလေး မုန့်ဖိုးနှင့် လူမှုရေး၊ သာရေး၊ နာရေး၊ ရပ်ရေး၊ ရွာရေး ဘာဘာညာညာက ရံဖန်ရံခါ ဆိုသလို ထွက်တတ်သေးသည်။ ထိုရက်မျိုးဆိုလျှင် ပို၍ ဦးနှောက်ခြောက်ရသူက ကိုယ်။ ရှာဖွေ ကျွေးမွေးနေရသည်ဟု အမြဲေ<ွကွးကြော်နေ သော ခင်ပွန်းပင် ကိုယ့်အခက်အခဲကို မစာနာ ပေးနိုင်။ သို့သော် ကိုယ်နှင့်ဘဝတူသော အိမ်ရှင်မ အများစုကတော့ ကိုယ့်အဖြစ်ကို စာနာပေးနိုင်လိမ့်မည်။
”အမေ့ သားကို မုန့်ဖိုးပေးဦး”
”အမေ့ သမီးကိုလည်း ပေး”
”မညိုရေ အရပ်က ကထိန်ကြေးလာ သွားတယ် မနက်ဖြန်နောက်ဆုံးတဲ့”
”ဟင်း”
ကြားရသောစကားလုံးများအတွက် လက်ထဲ ကိုင်ထားသော ငွေငါးထောင်ကို ကြည့်၍ သက်ပြင်းတစ်ခုသာ ချနိုင်ခဲ့လေ၏။ ။
Zawgyi Version
ေနာက္ေဖးယိုေပါက္(စ/ဆံုး)
———————————-
ေတာမက် ၿမိဳ႕မက် ဖြံ႕ၿဖိဳးဆဲ႐ြာေလး တစ္႐ြာ။ လမ္းပန္းဆက္သြယ္ေရးအေနျဖင့္ မီးရထား၊ ကား၊ ဆိုင္ကယ္ စသည္တို႔ႏွင့္ ကူးသန္းရ လြယ္ကူေသာ ေဒသေလး။ ထိုေဒသေလးတြင္ အနယ္နယ္အရပ္ရပ္မွ လာေရာက္အလုပ္လုပ္ ကိုင္သူမ်ားႏွင့္ ေျပာင္းေ႐ႊ႕ေနထိုင္လာၾကသူ မ်ားျဖင့္ စည္ကားလ်က္ရွိသည္။ ထိုလူမ်ား သည္ အသက္ေမြးဝမ္းေက်ာင္းျဖစ္ေသာ ေဒသရင္းျမစ္ျဖစ္သည့္ ေ႐ႊတူးေဖာ္ေရးလုပ္ငန္း ကိုသာ ေဇာက္ခ်လုပ္ကိုင္ၾက၏။ ေဒသခံဟူ၍ တိုင္းရင္းသားလူမ်ိဳးစုအနည္းငယ္သာရွိသည္။ သို႔ေသာ္ ေရၾကည္ရာျမက္ႏုရာရွာေဖြရင္း ေျပာင္းေ႐ႊ႕ေနထိုင္လာသူမ်ားေၾကာင့္ လူဦးေရ အနည္းငယ္ ထူထပ္ေသာ ႐ြာေလးတစ္႐ြာ လည္း ျဖစ္သည္။
”မညိဳ ေစ်းလား”
”ဟုတ္ကဲ့ မၿမိဳင္ ေစ်းသြားမလို႔”
”ေအး ဒါဆို ငါ့ကို ပဲေပါင္း ႏွစ္ရာဖိုးနဲ႔ ခ်ဥ္ေပါင္႐ြက္တစ္ရာဖိုးေလာက္ ဝယ္ေပးခဲ့ပါ ဦးေအ”
”ေအာ္ ဟုတ္ကဲ့ မၿမိဳင္”
မၿမိဳင္ေပးလာေသာ ေငြသုံးရာကိုလွမ္း၍ ယူလိုက္သည္။
”ငါေတာ့ ဒီေန႔ေစ်းကို မထြက္ႏိုင္ဘူး မညိဳရယ္ မေန႔ကအိမ္ကလူ အလုပ္က ပိုက္ဆံ ထုတ္မရလို႔တဲ့ ေစ်းဖိုးႏွစ္ေထာင္ပဲေပးတယ္။ ဆန္ကတစ္ျပည္ဝယ္ေတာ့ က်န္ရွစ္ရာက ကေလးမုန္႔ဖိုး ငါးရာနဲ႔ ဟင္းဖိုး သုံးရာပဲက်န္ တယ္။ ဒီေတာ့ ပဲနဲ႔ အခ်ဥ္ဟင္းေပါ့ေအ ဟင္”
သူ႔အိမ္တြင္းအခက္အခဲကို ဟာသေလး ေႏွာၿပီး ေျပာလာေသာ မၿမိဳင္ေၾကာင့္ ၿပဳံး႐ုံသာ ၿပဳံးမိသည္။ ကိုယ္လည္း သူ႔ထက္မပိုလွ်င္ပင္ မေလ်ာ့ေသာဘဝမ်ိဳး မဟုတ္လား။
” ေနာက္က်ေနၿပီ ကြၽန္မသြားလိုက္ဦးမယ္ မၿမိဳင္ အျပန္ကေလးေတြကို မွာတဲ့ဟာေတြ ပို႔ခိုင္းလိုက္ပါ့မယ္”
”ေအာ္ ေအး ေအး”
မၿမိဳင္ႏွင့္စကားေၾကာရွည္ေန၍ မျဖစ္။ အိမ္မွာ ထမင္းတစ္အိုးသာ တည္ထားခဲ့ သည္။ ကေလးေတြေက်ာင္းခ်ိန္အမီ ခ်က္ျပဳတ္ ရမည္။ ထို႔ေၾကာင့္ ေစ်းသို႔အျမန္သြားမွ ျဖစ္မည္။
xxxxxx
အခန္း (၂)
”ေယာက္်ား”
”အင္း ေျပာ”
အဝတ္မ်ားကို မီးပူတိုက္ေနရာမွ ခုံတစ္ လုံးတြင္ ဂ်ာနယ္ဖတ္ၿပီးအနားယူေနေသာ ခင္ပြန္းျဖစ္သူကို ေခၚမိသည္။
”မနက္ျဖန္ က်ဳပ္ကို ေစ်းဖိုးေလး ပိုေပးပါ လား ေတာ္”
”ဘာၾက”
ေဒါသတႀကီးျဖစ္သြားေသာ ခင္ပြန္း ေၾကာင့္ကိုယ့္စကားမ်ား မွားသြားသည္လားဟု စိုးထိတ္မိ၏။ သို႔ေသာ္လည္း ကိုယ္ေျပာခဲ့ ေသာ စကားသည္အမွန္တရားျဖစ္သည္။
”ဆားနဲ႔ အခ်ိဳမႈန္႔လည္း ကုန္ေနၿပီ။ ၿပီးေတာ့ ၾကက္သြန္ျဖဴလည္း ဝယ္ရမယ္။ ကေလးေတြေက်ာင္းကလည္း စာအုပ္ဖိုး ဆိုလား အရပ္ေၾကးကလည္း ႏွစ္ေထာင္ဆုံရ မွာ မနက္ျဖန္ေနာက္ဆုံးတဲ့”
”အဲ့ေတာ့ ငါကမင္းကို ေစ်းဖိုးပိုေပးရမယ္ ေပါ့။ ေနစမ္းပါဦး ငါေမးစမ္းပါဦးမယ္။
မင္းကပါးစပ္ေလးနဲ႔အိမ္ကေန ေယာက္်ား ေစ်းဖိုးပိုေပးဆိုၿပီး ေတာင္းရေအာင္က ေငြရွာ ရတာ လြယ္တယ္မ်ားထင္ေနတာလား”
”မဟုတ္ပါဘူး ဒါေပမယ့္”
”ဘာမွ ဒါေပမမယ့္နဲ႔ ေဟာဒီတစ္အိမ္လုံး ရဲ႕ စားဝတ္ေနေရးကို ဒီပခုံးေပၚထမ္းထားရတဲ့ ဝန္ကိုလည္း နည္းနည္းပါးပါးစာနာဦး။ မင္းက ပိုက္ဆံကိုသုံးေကာင္းတိုင္း သုံးေနတာ ရွာရတဲ့ ငါ ပင္ပန္းလို႔ ေသေတာ့မယ္ကြ”
ထိုသို႔ ေဒါႀကီးေမာႀကီးႏွင့္ ေျပာေနေသာ ခင္ပြန္းျဖစ္သူကို မယုံႏိုင္ျခင္းမ်ားစြာျဖင့္သာ ေငးေမာမိသည္။သူေျပာေသာ အရာေတြသည္ မမွားပါ။ သို႔ေသာ္ ကိုယ္လည္း မမွား။ သူေျပာ ေသာ စကားမ်ားကို လက္ခံသည္။ နားလည္း နားလည္ပါ၏။ နားမလည္ႏိုင္ေသာသူက ခင္ပြန္းျဖစ္သည္။ သူသာ ကိုယ့္အေပၚ နည္းနည္းေလးမ်ား နားလည္ေပးခဲ့ပါလွ်င္။ ခုေတာ့ ေယာက္်ားရယ္ဟုသာ တီးတိုးညည္းမိ ၏။
xxxxxx
အခန္း (၃)
”ဟဲ့ မညိဳ မညိဳ ရွိလား”
”ရွင္ မၿမိဳင္ ဝင္ခဲ့ေလ က်ဳပ္ရွိတယ္”
”ေအာ္ ေအးေအး ငါဝင္လာၿပီေနာ္”
”ဟုတ္ကဲ့ မၿမိဳင္ ဝင္ခဲ့ဝင္ခဲ့”
အိမ္ေရွ႕မွ မၿမိဳင္ေအာ္ေခၚသံကို ျပန္ထူး ၿပီး မၿမိဳင္ကို အိမ္အတြင္းသို႔ဝင္ခိုင္းလိုက္ သည္။ ကိုယ္လည္း မီးဖိုခန္းမွ ခဏထြက္လာ ခဲ့လိုက္၏။ ဘူးသီး အခ်ဥ္ရည္ခ်က္ေနသည္မို႔ ထည့္ထားသည့္ေရမ်ားပြက္မလာခင္အထိ ေအးေအးေဆးေဆးေန၍ရသည္။ သို႔ေသာ္ လက္အတြင္း၌ ကန္စြန္း႐ြက္မ်ားထည့္ထား ေသာ ဆန္ခါတစ္လုံးကို အိမ္ေရွ႕ခန္းသို႔ ယူလာျဖစ္၏။
”ဘာေတြခ်က္လဲ ေအ့”
”မနက္က ၾကက္ဥဝယ္ခဲ့တယ္ေလ။ အဲ့ဒါ ၾကက္ဥေၾကာ္ၿပီး ၿခံထဲက ဘူးသီးခူးၿပီး ခ်ဥ္ရည္ ခ်က္ထားတယ္။ အငယ္ေလးက ကန္စြန္း႐ြက္ ႀကိဳက္ေတာ့ ကန္စြန္း႐ြက္ေလး ေၾကာ္ေပးမလို႔ မၿမိဳင္”
”ေအာ္ မညိဳ မညိဳ ညည္းလည္း မရွိရွိ တာေလးနဲ႔ မိသားစုအတြက္ ေထာင့္ေစ့ေအာင္ လုပ္တတ္လိုက္တာေနာ္”
”အဟင္း မလုပ္တတ္လို႔မရဘူးေလ မၿမိဳင္ရဲ႕ မိသားစုမွာက အိမ္ကလူဆိုတာ ရွာေဖြေပးတဲ့အပိုင္းကို တာဝန္ယူထားၿပီေလ။ ဒီေတာ့ က်ဳပ္ကအိမ္တြင္းေရးအပိုင္းကို ႏိုင္သေလာက္ တာဝန္ေက်ရတာေပါ့ေတာ္”
”ဒါေပါ့ေအ ဒါေပါ့ ေမာင္တစ္ထမ္း မယ္တစ္႐ြက္လို႔ အဆိုရွိထားေလမွ ငါတို႔ မိန္းမေတြဆိုတာ ႏိုင္သေလာက္ဘက္ကေန သူတို႔ကို ကူရမွာေပါ့”
မၿမိဳင္စကားကို ၿပဳံး၍သာ နားေထာင္ေန ျဖစ္သည္။ မေန႔ညက ကိုယ့္ခင္ပြန္းေျပာသည့္ စကားမ်ားကိုသာ မၿမိဳင္ၾကားရလွ်င္ မည္သို႔ ေျပာမည္နည္း။
”ဒါနဲ႔ မၿမိဳင္ အိမ္ကိုလာတာက”
”ေအာ္ ဟုတ္သားပဲ လာရင္းကိစၥေမ့ေတာ့ မလို႔ မနက္ျဖန္က်ရင္ ဦးစိန္ေမာင္ရဲ႕ ေ႐ႊတြင္း မွာ ေ႐ႊေျမစာပုံးသယ္ဖို႔လူလိုတယ္တဲ့။ အဲဒါ ငါသြားမလို႔ ညည္းေရာ လိုက္ခ်င္လား။ လူက ႏွစ္ေယာက္လိုတာလို႔ေျပာတယ္။ အဲဒါနဲ႔ ငါလည္း ညည္းကို သတိရလိုက္တာနဲ႔ ညည္း လုပ္ခ်င္မလားလို႔ လာေမးတာ”
”ဟုတ္လား မၿမိဳင္လည္းလုပ္မွာဆိုရင္ က်ဳပ္လိုက္မယ္။ ဒါနဲ႔ဘယ္ေလာက္တဲ့လဲ”
”ပိုက္ဆံႏွစ္ေထာင့္ငါးရာနဲ႔ ေ႐ႊေျမစာ သုံးပုံးေပးမယ္တဲ့”
မၿမိဳင္ေျပာလာေသာ ေန႔တြက္က မဆိုး လွ။ ေငြသားခ်ည္းပဲ ႏွစ္ေထာင့္ငါးရာ။ ၿပီးေတာ့ ေ႐ႊေျမစာက သုံးပုံး။ ထိုေ႐ႊေျမစာသုံးပုံးက ကိုယ္ကံေကာင္းလွ်င္ ထိုေန႔တြက္တစ္ရက္ အတြက္ ငါးေထာင္၊ ေျခာက္ေထာင္က အသာေလးပင္။ ထို႔ေၾကာင့္ မၿမိဳင္လာေခၚ ေသာ အလုပ္ကို လိုက္လုပ္ဖို႔ဆုံးျဖတ္ခဲ့သည္။အတန္အသင့္ေတာ့ ေစ်းဖိုးအတြက္ ဦးေႏွာက္ ေျခာက္ေနရသည့္ ဘဝက လြတ္ေျမာက္ႏိုင္ မည္။
xxxxxx
အခန္း (၄)
”ေအမ့”
”ေဝ့ သမီးေလး ေျပာေလ”
ၾကက္သြန္နီ အခြံႏႊာေနရာမွ သမီးေခၚသံ ေၾကာင့္ ထူးျဖစ္သည္။ ကိုယ္ထမင္းဟင္း ခ်က္လွ်င္ သမီးငယ္က အနားမွာလာလာ ထိုင္တတ္၏။ သားႀကီးကေတာ့ ဘယ္ဆီ ဘယ္ဝယ္မွန္းပင္ မသိ။ ဖမ္း၍မမိ။
”ဆရာမက မနက္ျဖန္က်ရင္ မီးနင္း စာအုပ္ ဝယ္ရမယ္တဲ့ အဲ့ဒါသမီးကို မုန္႔ဖိုး အမ်ားႀကီးေပးေနာ္”
”ဟုတ္လား ေပးမွာေပါ့ အေမ့ခ်စ္တုံးေလး ကို အမ်ားႀကီးေပးမယ္ေနာ္”
”ဟုတ္ ကိုကိုထက္ပိုၿပီး ေပးေနာ္”
”ဒါေပါ့ သမီးရဲ႕ ေပးမွာေပါ့”
သမီးငယ္၏ ေခါင္းေလးကို ဖြဖြငုံ႔နမ္း လိုက္သည္။ ၾကက္သြန္ခိုးေတြ မႊန္ေနသည့္ မိခင္၏အနားမွာ ဒုကၡခံၿပီးလာထိုင္ေနေသာ သမီးေလး။ မည္သို႔ပင္ ႏွင္လႊတ္ေနပါေစ။ ထ၍မသြားေသာ သမီးေလး။ မိခင္၏ ဒုကၡ ေတြကို မွ်ေဝခံစားေပးသူဆို၍ ဤသမီး ငယ္ေလးသာ ရွိသည္ေလ။
”အညိဳ အညိဳ”
”ေဟာ သမီးအေဖ ျပန္လာၿပီနဲ႔ တူတယ္။ လာ လာ သမီး အေဖ့ကိုသြားႀကိဳရ ေအာင္” သမီးငယ္၏လက္ကိုဆြဲကာ မီးဖိုခန္း ထဲမွ သားအမိႏွစ္ဦး ထြက္လာခဲ့သည္။ အလုပ္ ကျပန္လာေသာ ခင္ပြန္း အိမ္ေရွ႕ခန္းမွ ခုံတစ္လုံးတြင္ထိုင္ေန၏။ ေသာက္ေရအိုးက ေရတစ္ခြက္ခပ္ကာ ခင္ပြန္းထံ ယူလာေပးလိုက္ သည္။
”ေယာက္်ား ေရေသာက္ဦး”
ကမ္းေပးလိုက္ေသာ ေရခြက္ကိုယူ၍ သူ ေရေသာက္သည္။ ၿပီးလွ်င္ ကိုယ့္ကို စူးစမ္း သလို ၾကည့္ေန၏။
”မင္း ငါေမးတာကို မွန္မွန္ေျဖစမ္း အညိဳ မင္း ဦးစိန္ေမာင္ရဲ႕ ေ႐ႊတြင္းမွာ ပုံးသယ္ ေန႔စားသြားဆင္းတယ္ဆို”
”ဟင္”
”ဟင္မေနနဲ႔ ငါေမးတာကိုေျဖ ငါ့ဟာငါ ဘယ္ကသိသိ ျပန္မေမးနဲ႔ေျဖ ဟုတ္လား၊ မဟုတ္ဘူးလား”
”ဟုတ္ ဟုတ္ပါတယ္ က်ဳပ္”
”ေတာ္ က်န္တာဆက္မေျပာနဲ႔ ေနစမ္းပါ ဦး မင္းက အဲဒီအလုပ္ေတြ သြားလုပ္တာက ငါ့ကိုအာခံတာလား ဟမ္ မင္းတို႔ကိုလုပ္ေကြၽး ေနတဲ့ငါ့ကို ပုန္ကန္တာလား”
”မဟုတ္ဘူး မဟုတ္ပါဘူး ေယာက္်ားရယ္”
”ဘာမဟုတ္လဲ မင္း အဲအလုပ္သြားလုပ္ တာ မင္းမွာအားကိုးစရာ လင္မရွိလို႔လား။ မင္းလင္ေသသြားလို႔လား မင္းဒီအလုပ္ကို သြားလုပ္တာ မင္းမွာတျခားလုပ္စရာ အိမ္ အလုပ္ေတြ မရွိေတာ့ဘူးလား မင္းကြာ”
ေဒါသတႀကီးေအာ္ဟစ္ေနေသာ ခင္ပြန္း ေၾကာင့္ ကိုယ့္ေဘးမွာ ရပ္ေနေသာ သမီးငယ္ ေအာ္ငိုေလသည္။ ဖခင္ျဖစ္သူက မိခင္ကို ေအာ္ေငါက္ေနေတာ့ သူလည္း ေၾကာက္မွာ ေပါ့။
သမီးငယ္၏ ငိုသံေၾကာင့္ ခင္ပြန္း သူ႔ေဒါသေတြကို တရႉးရႉးႏွင့္ ျပန္ထိန္းေန၏။ သူေဒါသထြက္လွ်င္လည္း ထြက္စရာေပ။ ကိုယ္လည္း အမွားမကင္း။ အလုပ္လုပ္ဖို႔ သူ႔ကိုမတိုင္ပင္မိ။ တကယ္ဆို သူခြင့္ျပဳမွသာ လုပ္သင့္တာေလ။ ေငြရခ်င္ေဇာႏွင့္ သူ႔ကို မတိုင္ပင္ဘဲ အလုပ္လိုက္သြားမိသည္။ ခုေတာ့ ကိုယ့္လင္မယားခ်င္း စကားမ်ားရ၏။
”က်ဳပ္ မွားသြားတယ္ ေတာင္းပန္ပါတယ္ ေယာက္်ား”
ထိုစကားေလးတစ္ခြန္းသာ ျပန္လည္ ေျပာ၍ သူ႔အနားမွ သားအမိႏွစ္ဦးလုံး ထြက္လာခဲ့လိုက္သည္။ ေျခလွမ္းမ်ားက မၿမိဳင္ အိမ္သို႔။ မနက္က် အလုပ္လိုက္ျဖစ္မွာ မဟုတ္ ဘူးေလ။
xxxxxx
အခန္း (၅)
”ဟင္”
မနက္ခင္း၏ ေလျပည္ညင္းႏွင့္အတူ ေရာေထြးလြင့္ပါးသြားသည့္ သက္ျပင္း တစ္ရႈိက္။ လူမသိသူမသိ အပူမီးအခ်ိဳ႕က ရင္တြင္းမွာလႈိက္စား႐ုံမက အေပၚယံ အေရျပား တစ္ေထာက္စာထိ ထင္ထင္ရွားရွား ျမင္ေနရသည္။
”ေရာ့ ေစ်းဖိုး”
ထိုသို႔ေျပာၿပီး ပစ္ခ်ေပးသြားသည္ႏွင့္ ကိုယ္ထိုင္ေနေသာ ၾကမ္းျပင္နားသို႔ လြင့္က် လာသည့္ ငါးေထာင္တန္တစ္႐ြက္။ ထိုအရာ သည္ ဤေန႔တစ္ရက္စာ ေစ်းဖိုးအတြက္ အသုံးစရိတ္ျဖစ္သည္။ ထိုငါးေထာင္ တန္မွ ခြဲျခမ္းစိတ္ျဖာၿပီး ထြက္ခြာသြားမည့္ ေငြမ်ားမွာ ေနာက္ထပ္ပင္ အိတ္ကပ္အတြင္းမွ စိုက္ထုတ္ရမလို။ ဆန္ႏွစ္ျပည္ႏွင့္ပင္ ႏွစ္ေထာင့္ေလးရာက်ပ္။ ဆီက တစ္ဆယ္သား သုံးရာ။
ခရမ္းခ်ဥ္သီးက အစိတ္သား ႏွစ္ရာ။ ၾကက္သားဆီျပန္ဟင္း တစ္ခြက္အတြက္ ၾကက္သားက ဆယ့္ငါးက်ပ္သား တစ္ေထာင္။ မေန႔က ငါးပိလည္းကုန္ေနသည္။ ထို႔ေၾကာင့္ ငါးပိက တစ္ရာ။ ညေနစာအတြက္ ငါးေလး ခ်ဥ္သုပ္မည္မို႔ ငါးေလးခ်ဥ္က တစ္ဆယ္သား ငါးရာ။ ဟင္းခ်ိဳတစ္ခြက္အတြက္ မုန္ညင္း ႐ြက္က သုံးရာ။ င႐ုတ္သီးေထာင္းေလးတစ္ခြက္ အတြက္ င႐ုတ္သီးက ႏွစ္ရာ။ ထိုအရာမ်ား ႏွင့္ပင္ ငါးေထာင္တန္တစ္႐ြက္ ျပတ္ၿပီ။ ကေလး မုန္႔ဖိုးႏွင့္ လူမႈေရး၊ သာေရး၊ နာေရး၊ ရပ္ေရး၊ ႐ြာေရး ဘာဘာညာညာက ရံဖန္ရံခါ ဆိုသလို ထြက္တတ္ေသးသည္။ ထိုရက္မ်ိဳးဆိုလွ်င္ ပို၍ ဦးေႏွာက္ေျခာက္ရသူက ကိုယ္။ ရွာေဖြ ေကြၽးေမြးေနရသည္ဟု အၿမဲေ<ြကြးေၾကာ္ေန ေသာ ခင္ပြန္းပင္ ကိုယ့္အခက္အခဲကို မစာနာ ေပးႏိုင္။ သို႔ေသာ္ ကိုယ္ႏွင့္ဘဝတူေသာ အိမ္ရွင္မ အမ်ားစုကေတာ့ ကိုယ့္အျဖစ္ကို စာနာေပးႏိုင္လိမ့္မည္။
”အေမ့ သားကို မုန္႔ဖိုးေပးဦး”
”အေမ့ သမီးကိုလည္း ေပး”
”မညိဳေရ အရပ္က ကထိန္ေၾကးလာ သြားတယ္ မနက္ျဖန္ေနာက္ဆုံးတဲ့”
”ဟင္း”
ၾကားရေသာစကားလုံးမ်ားအတြက္ လက္ထဲ ကိုင္ထားေသာ ေငြငါးေထာင္ကို ၾကည့္၍ သက္ျပင္းတစ္ခုသာ ခ်ႏိုင္ခဲ့ေလ၏။ ။