Unicode Version
နောင်မှရသောနောင်တ(စ/ဆုံး)
————————————–
မောင်ပေါ်လွင်မှာအသက်(၂၅)နှစ်ခန့်သာရှိသေး၍မျက်နှာ၌ကျောက် ပေါက်မာသက်သက်ရှိလျက်မျက်စိတစ်ဖက်ပျက်နေသည်မှတစ်ပါးရုပ်ရည် သနားကမားရှိပြီးလျှင်အလွန်ဖျတ်လတ်၍သွက်လက်သောအမူအရာလည်း
ရှိလေသည်။
ထောင်သားဟောင်းများသည် ထောင်တွင်းသို့ ရောက်လာသူမှန်သမျှ ထောင်သားသစ်များအား ထုံးစံအတိုင်း နာမည်အမျိုးမျိုး ပေးတတ်ကြ၏။ ဥပမာ- အလွန်ဝသောသူတစ်ယောက်အား“ဝက်ကြီး” ဟူ၍လည်း ကောင်း၊ အလွန်ပိန်သူတစ်ယောက်အား“ပိန်သေး”သို့မဟုတ်“ငါးဖောင်ရိုး” ဟူ၍လည်းကောင်း၊ ခြေဆာသူတစ်ယောက်အား “ဖယ်လိမ်”ဟူ၍လည်း ကောင်း၊ မျက်စိစောင်းသူတစ်ယောက်အား“ငစွေ” ဟူ၍လည်းကောင်း ပေးတတ်ကြရာ မောင်ပေါ်လွင်ကိုမူ မျက်စိတစ်ဖက်ပျက်နေခြင်းကြောင့် “ကာဏာရဋ်”ဟူ၍အမည်ပေးခဲ့လေသည်။
မောင်ပေါ်လွင်မှာ ခိုးရာတွင် အလွန်ကျင်လည်ရုံမျှမက ခါးပိုက်နှိုက်ရာ ၌လည်း နာမည်ရခဲ့သူတစ်ယောက်ဖြစ်၏။ သို့ဖြစ်၍ ကျွန်ုပ်လည်း သူ ခိုးပုံ၊ နှိုက်ပုံတို့ကိုတတ်နိုင်သမျှ မေးမြန်းစုံစမ်းလျက်ရှိလေ၏။
မောင်ပေါ်လွင်မှာ သူခိုးတစ်ယောက်၊ ခါးပိုက်နှိုက်တစ်ယောက်ပင် ဖြစ် လင့်ကစား လူကြီးများအား ရိုသေခြင်း၊ ပွင့်ပွင့်လင်းလင်းရှိခြင်း၊ စကားကို ချိုသာစွာ ပြောတတ်ခြင်း များရှိသဖြင့် ကျွန်ုပ်မှာ မောင်ပေါ်လွင်အပေါ်တွင် တူတစ်ယောက်ကဲ့သို့လည်းကောင်း၊ ညီတစ်ယောက်ကဲ့သို့လည်းကောင်း
သဘောထားခဲ့၏။
မောင်ပေါ်လွင်ကလည်းကျွန်ုပ်အပေါ်တွင်ဦးကြီးအရင်း၊ အစ်ကိုအရင်း
ကဲ့သို့ ချစ်ခင်လေးစားလေသည်။
တစ်နေ့သော တနင်္ဂနွေနေ့ ည၌ ကျွန်ုပ်တို့ နှစ်ယောက်သည် ညစာကို အမဲသားဟင်းနှင့် မြိန်ယှက်စွာ စားပြီးနောက် ထိုညဉ့်အဖို့သောက်ရန် သီး သန့်ထားသောဆေးပြင်းလိပ်တိုကလေးနှစ်ခုကိုအစောင့်များမမြင်အောင်
မီးခတ်ဖြင့်လျှို့ဝှက်စွာမီးညှိပြီးလျှင်မီးရောင်ကိုလက်ဝါးဖြင့်အုပ်ကာသောက်
လျက်ရှိကြ၏။
တစ်ဖွာ နှစ်ဖွာလောက် ဖွာလိုက်ရလျှင်ပင် နတ်ပြည်သို့ ရောက်သွား သကဲ့သို့ ထင်မိ၏။ ကျွန်ုပ်မှာ ထောင်ဥပဒေများကို ရိုသေသူတစ်ယောက် ဖြစ်ကြောင်းနှင့် ထောင်အရာရှိအားလုံးပင် သိပြီးဖြစ်သော်လည်း ဆေးလိပ် သောက်ခြင်း၊ ဆေးငုံခြင်းများကိုမူ မစွန့်လွှတ်နိုင်သေးဘဲ တိတ်တဆိတ် ဖောက်ဖျက်ခြင်းရှိလေသည်။
ကျွန်ုပ်ကမောင်ပေါ်လွင်အား-
“ဘယ့်နှယ်လဲ – မောင်ပေါ်လွင်ရဲ့၊ ခိုးမှုနဲ့မောင်ပေါ်လွင်ကျတယ်ဆိုတာ ဦးလေးဖြင့် ယုံတောင်မယုံပါဘူး”
“ဘာဖြစ်လို့လဲ – ဦးလေး”
“မင့်ရုပ်ရည်ကြည့်ရတာ သူခိုးရုပ်မှ မပေါက်ဘဲကွယ်”
“ကျွန်တော်အမှန်လည်း ခိုးမိတယ်-ဦးလေးရယ်။ ပြီးတော့ – ခိုးကြောင်း လည်း တရားသူကြီးရှေ့မှာ ဖြောင့် ချက်ပေးတယ်။ ဒီတော့ – အမှန်ပေါ့ ဦးလေးရဲ့”
“ဒါကိုပြောတာ မဟုတ်ပါဘူးကွယ်။ မင်းဟာ ဘယ်နည်းနဲ့မှ သူခိုး တစ်ယောက်တော့ မဟုတ်နိုင်ပါဘူး”
“မျိုးရိုးတော့မဟုတ်ဘူးပေါ့- ဦးလေးရယ်။ဒါပေမဲ့- ကျွန်တော်အသက် (၁၄)နှစ်လောက် ရှင်လူထွက်ချိန်မှာ ဆေးကောင်း၊ ဝါးကောင်းရပြီး ဒီဘက် ကိုလိုက်စားမိခဲ့တယ် ခင်ဗျာ”
“အခုဖြစ်ရတာက ဘယ်လိုဖြစ်ရတာလဲကွယ့်၊ ပြောစမ်းပါဦး” “ဒီမြို့မှာ ကျွန်တော်ရဲ့ ဦးလေးတစ်ယောက်ရှိတယ်-ဦးလေးရဲ့။ သူက လူကုံထံတစ်ယောက်ပဲ။ နို့ပေမဲ့ – ပိုက်ဆံကို အင်မတန်စစ်စီတဲ့ လူတစ် ယောက်။ မလှူရက်၊ မစားရက်၊ မသောက်ရက် ဆိုပါတော့။ တိုတိုပြောရရင် နောက်ဆုံး သူ့အိမ်ဝင်ခိုးတာ ဖမ်းမိတာပါပဲ- ဦးလေးရယ်။ ဒါပေမဲ့ – မိပုံက တော့ အတော်ဆန်းတယ်-ဦးလေးရဲ့”
“ပြောစမ်းပါဦး”
“ကျွန်တော် သူခိုးဆိုပေမယ့် သူများလို သာမန်သူခိုးမျိုးမဟုတ်ဘူး။ တွေ့ကရာလည်းမခိုးဘူး။ တွေ့ကရာလည်းမယူဘူး။ငွေလောက်ပဲယူတယ်။ အထည်တို့၊ လက်ဝတ်လက်စားတို့ဆိုရင် ရွှေကလွဲပြီး ကိုင်တောင်မကြည့် ဘူး။ သူများလို“အောက်စောင့်” တို့ ဘာတို့လည်းမထားဘူး။ တစ်ယောက် တည်းကြဲတာပဲ။ ဒီတော့ – ဘယ်တော့မှမမိဘူးပေါ့- ဦးလေးရယ်” “အင်း-ပြောပါဦး – မောင်ပေါ်လွင်”
“ပြီးတော့-ငွေဘယ်လောက်ခန့်မှန်းခြေရှိတယ်၊ ရနိုင်တယ်၊ မရနိုင်ဘူး
ဆိုတာသေချာမှခိုးတယ်- ဦးလေးရဲ့”
“သေချာပေါက်မှ ကိုင်တယ်ဆိုပါတော့”
“ဒါပေါ့- ဦးလေးရယ်။ ပြီးတော့ – အိမ်တစ်အိမ်ဝင်မယ်ဆိုရင် သူခိုးဆို တာ အရမ်းမဝင်ရဘူး – ဦးလေးရဲ့။ ငွေရှိတယ်ဆိုတာ သေချာပြီးတဲ့နောက် စဉ်းစားစရာအချက်တွေလည်း အများကြီးရှိသေးတယ်”
“ဆိုစမ်းပါဦး”
“ငွေကို ဘယ်မှာထားတယ်၊ အိမ်သားတွေထဲမှာ ယောက်ျား ဘယ် နှယောက်ရှိတယ်၊ ဘယ်သူဟာ ခုခံနိုင်တယ်၊ အဲဒီလူက ဘယ်အနားအိပ် တယ်၊ ဘာလက်နက်ရှိတယ်ဆိုတာ ပထမ စုံစမ်းရသေးတယ်။ ဒီနောက် ဒီကိစ္စတွေစုံစမ်းပြီးတဲ့အခါဘယ်အပေါက်ကထွက်ရမယ်ဆိုတာအရေးကြီး
တယ်။
ဘာဖြစ်လို့လဲဆိုတော့ – ဘယ်လောက်ပဲ ပစ္စည်းကို ယူလို့ရရ ထွက် ပေါက်က ကျပ်နေရင် ဖမ်းမိမယ်မဟုတ်လား။ ဒီတော့ – လက်လျှော့တန် လျှော့လိုက်ရတယ်။ ဒီ့ပြင် – တံခါးဖွင့်တာတို့၊ သော့တူလုပ်တာတို့ဆိုတာ တော့ ဉာဏ်ထုတ်ရတဲ့အလုပ်တွေပါပဲ- ဦးလေးရယ်။ သိပ်ပြီး မခဲယဉ်းလှပါ ဘူး။ အခု – ကျွန်တော်ပြောတာတွေဟာ သူခိုးရဲ့ကျင့်ရိုးကျင့်စဉ်တွေပေါ့”
“ဖမ်းမိပုံ ဆန်းတယ်ဆိုတာပြောစမ်းပါဦးကွယ့်”
“ဒီလို -ဦးလေးရဲ့။ သူ့ဆီကို ပထမ ကျွန်တော်ကသွားပြီး ငွေတစ်ရာ ချေးတယ်။ သူကကျွန်တော့်ကိုအဖက်လုပ်ပြီးစကားတောင်မပြောဘူး။ ဒါနဲ့ သည့်လောက်မပေးချင်လှတဲ့ပစ္စည်း ငါခိုးယူမယ်ဆိုပြီး ကလဲ့စားချေတဲ့ သဘောနဲ့ ခိုးတာပါပဲ – ဦးလေးရယ်။ ငွေကို သူဘယ်မှာထားတတ်သလဲဆို တော့ သူစာရေးတဲ့စားပွဲကလက်ယာဘက်အံဆွဲထဲမှာထားတတ်တယ်။
သူ့မိန်းမနဲ့ သမီးများရဲ့ လက်ဝတ်လက်စားတွေကတော့ အခန်းထဲမှာ ထားတယ်။ ဒီတော့ – လက်ဝတ်လက်စားကို အယူရကျပ်တယ်။ အခန်းထဲ ရောက်အောင်ဝင်ပြီး ယူနိုင်တောင် အိပ်ရာသုံးလေးခုကွေ့ပြီး ပြေးရမယ်။ ဒီတော့- ကျွန်တော်လည်းစိတ်ကူးမထည့်မိဘူး။ ကျွန်တော်ကြံစည်တာက အိမ်ရှေ့ခန်း သူစာရေးတဲ့ စားပွဲလက်ယာအံဆွဲပဲ။ ဒါနဲ့ – သူတို့အိမ်အနေ အထားသိပြီးတဲ့နောက် အိမ်ရှေ့တံခါးကဝင်ဖို့ စိတ်ကို ဆုံးဖြတ်လိုက်တယ် ဦးလေးရဲ့။
ဘာဖြစ်လို့လဲဆိုတော့ – ဒီတံခါးဟာ အလွယ်ဆုံးလည်း ဖွင့်နိုင်မယ်။ လူအိပ်တဲ့နေရာနဲ့အဝေးဆုံးဖြစ်တယ်။ ပြေးပေါက်ကလည်းအကောင်းဆုံး ဖြစ်တယ်။ ဒါနဲ့ – သူလခထုတ်လာတယ်ဆိုတာ သတင်းရတဲ့ညမှာပဲကြံစည် တော့တာပဲ။ တံခါးကလည်း အတွင်းကထိုးတာဖြစ်ပေမယ့် အပြင်ကနေပြီး အမေရိကန်လွန်ပူနဲ့ နှစ်ချက်လောက်လှည့်လိုက်ရင် သုံးလက်မပတ်လည် အပေါက်တစ်ပေါက်တော့လွယ်လွယ်ကလေးပေါက်သွားနိုင်တာပေါ့”
“အင်း- ပြောပါဦး”
“ဒါပေမဲ့-တံခါးကိုလွန်ပူနဲ့အပြင်ကဖောက်တဲ့အခါတည့်တည့်ဖောက် မိဖို့လိုတယ်။ဒါကတော့- အတွင်းကကန့်လန့်ထိုးတဲ့နေရာကိုမှန်းနိုင်အောင် အပြင်ကတံခါးမှာ အိမ်အလည်သွားတုန်းက ထုံးကလေးတို့ခဲ့ရတယ်။ ဒါနဲ့ လွန်ပူနဲ့ဖောက်ပြီး လက်ဝင်သာတဲ့အခါအထဲက ကန့်လန့်ကို အသံမကြား
အောင်ဆွဲနုတ်တာပေါ့-ဦးလေးရယ်။ သည့်နောက်တော့လက်နှိပ်ဓာတ်မီး ကလေးကိုလက်ဝါးနဲ့အသာအုပ်၊ စားပွဲအံဆွဲကို ဖွင့်တာပါပဲ။
ကျွန်တော့်မှာပါတဲ့ သော့တွဲနဲ့ စမ်းလိုက်ရင် တစ်ချောင်းမတန် တစ် ချောင်းတော့ တန်တာပဲ။ ဒါပေမဲ့-မိချင်တော့ ဘယ်လိုဖြစ်လာသလဲဆိုရင် ကျွန်တော်က အင်မတန်သေချာတဲ့ လူတစ်ယောက်ဖြစ်လေတော့ ငွေကို ယူပြီးအံဆွဲကိုပြန်ပိတ်တာကို-ဦးလေးရဲ့။ အဲဒီလိုပြန်လည်းပိတ်ရောအဘိုး
ကြီးလည်းအိပ်ရာကနိုးပြီးအိမ်ရှေ့ဧည့်ခန်းဓာတ်မီးဟာပွင့်လာပါလေရော။
ဒီတော့ – တစ်ခါတည်း တံခါးပေါက်ရှိရာ ကျွန်တော်ပြေးတော့တာပါပဲ ဦးလေးရယ်။ နို့ပေမဲ့ – ကျွန်တော် မပြေးနိုင်တော့ဘူး ခင်ဗျ။ တစ်ယောက် ယောက်ကကျွန်တော့်ကိုနောက်ကဆောင့်ဆွဲလိုက်သလိုစားပွဲနားမှာကျွန် တော်တစ်ခါတည်း ဗိုင်းခနဲလဲကျသွားတယ်” “နောက်ကနေပြီး ရိုက်လိုက်လို့လား”
“ဘယ်ဟုတ်မလဲ – ဦးလေးရယ်။ အံဆွဲပြန်ပိတ်လိုက်တဲ့အခါမှာ ကျွန် တော့်လုံချည်စဟာအမှတ်တမဲ့အထဲညပ်ပါသွားတာကိုးဗျ။ ဖြစ်ရပုံများရယ် စရာတောင် ကောင်းသေးတယ်”
“ဒီတော့ – ကျွန်တော်လည်း ခါးထဲက ဓားမြှောင်ကို တစ်ခါတည်း ဆွဲ ထုတ်လိုက်မိတယ်။ ဒါပေမဲ့- မရတော့ပါဘူး၊ နောက်ကျသွားပြီ။ အိပ်ခန်းထဲ ကလူနှစ်ယောက်ထွက်လာပြီးကျွန်တော့်ကိုဝိုင်းဖိထားရုံမကဘူးအဘိုးကြီး ကပါကျွန်တော့်လက်ကိုတအားနင်းထားလေတော့နောက်ဆုံးအမိခံလိုက်
ရတာပါပဲ- ဦးလေးရယ်”
“အင်း – ခိုးတဲ့အလုပ်ဆိုတော့ တစ်နေ့မမိ၊ တစ်နေ့မိဆိုတာလိုပေါ့ကွယ်” “ဒါပေမဲ့ – ကျွန်တော်အံ့ဩတာက ကျွန်တော်ဟာ အင်မတန်သတိ ကောင်းပါလျက်နဲ့ အခုလိုဖြစ်ရတာဟာတစ်ခုခုအကြောင်းရှိရမယ်လို့ကျွန် တော်တွေးမိတယ် – ဦးလေး”
“မောင်ပေါ်လွင်က ဘယ်လိုထင်လို့လဲ”
“အမှန်တော့ – ကျွန်တော်တို့ဦးလေးဟာ ကျွန်တော်တို့ မိဘများ အပေါ်မှာ ကျေးဇူးရှိတယ် ခင်ဗျ။ ဒီတော့ – ကျွန်တော်က ကျေးဇူးရှင်တစ် ယောက်ကို ပြစ်မှားမိလို့လားမပြောတတ်ဘူး”
“ဒါတော့ – မှန်ချင်မှန်မှာပေါ့ – မောင်ပေါ်လွင်။ ကျေးဇူးရှင်ကိုပြစ်မှားရင်
ဒုက္ခတော့ ရောက်တတ်တာမျိုးပဲ”
ထို့နောက် မောင်ပေါ်လွင်လည်း
ရန်ကုန်ခါးပိုက်နှိုက်များအကြောင်း၊
မည်သို့မည်ပုံနှိုက်ယူ၍မည်ကဲ့သို့ဝေစုခွဲရကြောင်း၊ ခါးပိုက်နှိုက်ခြင်းအတတ် မှာ သူခိုးအလုပ်ထက်ပင် စွန့်စားရကြောင်း၊ မျက်စိလျှင်ရုံမျှမက၊ လက်က လည်းလည်၍သွက်လက်ဖျတ်လတ်ရန်လိုကြောင်းများကိုပြောပြလျက်ရှိရာ ကျွန်ုပ်တို့လည်းအတော်ညဉ့်နက်မှ အိပ်ပျော်သွားကြ၏။
ဤသည်တို့ကား မောင်ပေါ်လွင်ကပြောပြသမျှ ကျွန်ုပ်သိရသော အကြောင်းအရာများ ဖြစ်လေသည်။
နောက်(၁၀)လခန့်ကြာသောအခါမောင်ပေါ်လွင်သည်ထောင်မှထွက်
သွား၍ကျွန်ုပ်လည်း သူထွက်သွားပြီးနောက်(၆) လခန့်ကြာမှထွက်ခဲ့ရ၏။ အချိန်သည် တဖြည်းဖြည်း ကုန်လွန်၍သွားလေရာ ကျွန်ုပ်မှာ လူဆိုးသူဆိုး များထောင်သားများကိုတွေ့ရဖန်များသဖြင့်မောင်ပေါ်လွင်၏အကြောင်းကို
သတိမေ့လျှော့သွားခဲ့လေ၏။
နောက် (၅)နှစ်ခန့်ကြာ၍ ကျွန်ုပ်လည်း ရန်ကုန်ထောင်အတွင်း၌ ရှိနေစဉ်တစ်နေရာ၌လူသတ်မှုနှင့်တရားခံတစ်ယောက်သည် ထောင်တွင်း သို့ ရောက်လာ၍ သွားရောက်ကြည့်ရှုရာ ၎င်းမှာ အခြားသူမဟုတ်။ ပေါ်လွင်
ခေါ်ကာဏာရိဋ်”ဖြစ်ကြောင်းတွေ့ရလေသည်။ပထမ၌ကျွန်ုပ်မှာ၎င်းအား
မမှတ်မိသကဲ့သို့ရှိနေသော်လည်း အကျဉ်းသားသည် ကျွန်ုပ်အား လေးစား သော အမူအရာဖြင့် –
လေ”
“ဦးလေး – ကျွန်တော့်ကိုမမှတ်မိတော့ဘူးလား။ကျွန်တော်ကာဏာရိဋ်
ဟု နှုတ်ဆက်လိုက်သောအခါမှ ကျွန်ုပ်မှာ လွန်ခဲ့သော (၅)နှစ်ခန့်က (……) ထောင်တွင် တွေ့ခဲ့သော အဖြစ်အပျက်များကို သွား၍သတိရမိ တော့၏။
“ကာဏာရိဋ်” ၏လူသတ်မှုမှာ စစ်ဆေးရာတွင် ရက်ပေါင်း (၂၀)ခန့်မျှ သာကြာ၍စီရင်ချက်ချမှတ်လိုက်သောနေ့ညတွင်ကျွန်ုပ်သည်သူနှင့်စကား ပြောရန်အချိန်မှာနာရီဝက်ခန့်ရရှိခဲ့သည့်အတိုင်းသူ၏အမှုဖြစ်ပျက်ပုံဇာတ်
လမ်းကိုအောက်ပါအတိုင်းပြောပြလေသည်။
ရန်ကုန်မြို့၊ လမ်း(၄၀) အထက်လမ်းတွင် တိုက်ရှေ့မှ တစ်ဆစ်ချိုးလှေ ကားဖြင့် တက်သွားရသော တိုက်တစ်လုံးရှိရာ ထိုတိုက်၏ အပေါ်ဆုံးထပ် အခန်းတစ်ခန်းတွင်အသက်(၇၁)နှစ်ခန့်ရှိကောင်းစွာကျန်းမာဟန်မရှိသော မိန်းမကြီးတစ်ယောက်သည် အသက်(၂၅)နှစ်ခန့်ရှိ ရုပ်ရည်သားနားသော လူရွယ်တစ်ယောက်နှင့် စကားစမြည်ပြောဆိုလျက်ရှိ၏။ မိန်းမကြီးမှာ တစ် ယောက်အိပ်ခုတင်တစ်လုံးပေါ်တွင် လျောင်းကာ ထိုလူရွယ်အား ညှိုးငယ် သောမျက်လုံးများဖြင့် ကြည့်လျက်ရှိ၏။
ဝတ်ကောင်းစားလှဖြင့် ရှိနေသောလူရွယ်သည် ခုတင်အနီးရှိ ကုလား ထိုင်ဟောင်းတစ်လုံးပေါ်တွင် ထိုင်ကာ ဟောင်းနွမ်းသော အိမ်ထောင်ပရိ ဘောဂများကိုကြည့်ရင်းတစ်စုံတစ်ရာကိုစဉ်းစားလျက်ရှိလေသည်။ ထိုလူ ရွယ်၏အမည်မှာ မောင်တင်ဟန်ဖြစ်၍ ဆရာဝန်စာမေးပွဲကိုဝင်ရန် ပြင်ဆင် လျက်ရှိသော ဆေးကျောင်းသားတစ်ယောက်ဖြစ်၏။
ထိုအခါက ဆရာဝန်ကြီးသည် ဆေးကျောင်းသားများအား လက်တွေ့ သင်ခန်းစာရစေရန် ကျောင်းသားတစ်ဦးလျှင် လူနာတစ်ယောက်စီ ခွဲဝေ၍ ကြည့်ရှုစေ၏။ သို့ဖြင့်လည်း မောင်တင်ဟန်မှာ လမ်း(၄ဝ)မှ ပန်းနာရောဂါ စွဲကပ်လျက်ရှိသော ဒေါ်သိုင်းချုံထံ လာရောက်ပြီးလျှင် လူနာမည် မည်သို့ရှိ နေသည်ကိုနေ့စဉ်ဒိုင်ယာရီရေးမှတ်၍ ဆရာဝန်ကြီးထံ ပို့ရ၏။ ဆရာဝန်ကြီးအမိန့်အတိုင်း ဆေးများတိုက်ရ၏။ မောင်တင်ဟန်သည် နေ့စဉ်လာရောက်ရန် ဝတ္တရားရှိသည့်အတိုင်း ဒေါ်သိုင်းခြုံထံသို့ ထိုနေ့က လာရောက်ခဲ့ခြင်းဖြစ်လေသည်။
မိန်းမကြီး၏ ရုပ်လက္ခဏာကိုလည်းကောင်း၊ ဟောင်းနွမ်းသော်လည်း
အမျိုးအစားကောင်းသော အိမ်ထောင်ပရိဘောဂ အနည်းငယ်နှင့် အဝတ် အစားများကိုလည်းကောင်း ကြည့်ရှုခြင်းအားဖြင့် ဒေါ်သိုင်းချုံမှာ အလွန် ဆင်းရဲရှာသော်လည်းဆင်းရဲသောအမျိုးအစားထဲကမဟုတ်ဘဲတစ်ကြိမ်က ချမ်းသာခဲ့ဖူး၍ မျိုးကောင်းဆွေကောင်းထဲမှဖြစ်ရမည်ဟု မောင်တင်ဟန် ယုံကြည်မိ၏။
စကားပြောသောအခါများ၌လည်းဒေါ်သိုင်းချုံသည်မောင်တင်ဟန်အား “လူကလေး” ဟု ခေါ်လေ့ရှိသည်။ ဒေါ်သိုင်းချုံသည် မောင်တင်ဟန်ရောက် လာတိုင်း တတ်နိုင်သမျှ အစားအသောက်ကလေးများနှင့် ဧည့်ခံရှာလေရာ ဆင်းရဲသော်လည်း စေတနာ သဒ္ဓါတရားထက်သန်သူဖြစ်ကြောင်း သိရ၏။ “လူကလေး- နေပူမယ်၊ စောစောပြန်လေ”
“ကိစ္စမရှိပါဘူး – အမေ။ ဒီကနေ့ တော်တော်သက်သာရဲ့မဟုတ်လား” “သက်သာပါတယ် – သားရယ်”
“အမေဟာ ကျွန်တော့်အပေါ်မှာ တကယ့်သားတစ်ယောက်လိုပဲနော်။ ကျွန်တော့်စိတ်ထင်ဖြင့် အမေ့မှာ အရင်က သားရှိဖူးတယ်ထင်တယ်” “ရှိတာပေါ့ကွယ်။ လူကလေးတွေးတာမလွဲပါဘူး” “ဒါဖြင့် – အခု သူဘယ်မှာလဲ-အမေ”
“မရှိတော့ဘူးကွယ့်”
“သေသွားပြီလား”
“အေး-သေပြီပြောပါတော့ကွယ်။ အမေ့အတွက်တော့သေပါပြီ။ငယ် ငယ်ကတော့ သားတစ်ယောက်ဆိုပြီး ဆိုသလောက် ချစ်ခဲ့မိတယ်။ အဖေ ရော၊ အမေရော၊ ဆွေမျိုးညာတိတွေကရော ဝိုင်းပြီးချစ်ကြတာပေါ့။ သော် သား – သား – အမေ့မျက်စိထဲမှာတော့ငယ်ငယ်တုန်းကရုပ်ကိုပဲမြင်နေတယ်။ ဟိုကတ္တီပါအနက်အုပ်ထားတဲ့ ရုပ်ပုံပေါ့- လူကလေးရယ်”
ဒေါ်သိုင်းချုံသည်စင်ပေါ်တွင်တင်ထားသောကတ္တီပါအနက်ဖြင့် ဖုံးထား သည့် အရုပ်ကားပေါင်တစ်ခုကို လက်ညှိုးထိုး၍ ပြလေ၏။ မောင်တင်ဟန် သည် ထိုအခါမှ ကတ္တီပါအနက်ဖြင့် အုပ်ထားသော ပန်းချီကားကို သတိပြုမိ လေသည်။
“အမေ့မှာ သားတစ်ယောက်ရှိတယ်ဆိုတာ ကျွန်တော်ဖြင့် အခုမှ သိရ တယ်-အမေ။ပြီးတော့-ဒီပန်းချီကားကိုလည်းကျွန်တော်ဟာဆေးကျောင်း သားဆိုပေမယ့် ပန်းချီဘက်ကို ပိုပြီးဝါသနာထုံတယ် – အမေရဲ့၊ ကိုယ်တိုင် လည်းပန်းချီကားတွေကို ဆွဲတယ်။ ဒီတော့ – တစ်ဆိတ်ကျွန်တော်မကြည့် ရဘူးလား – အမေ”
ဒေါ်သိုင်းခြုံ၏အဖြေမှာအလွန်လေးကန်၍စိတ်ပါဝင်စားဟန်လက္ခဏာ
မရှိချေ။
“အမေတော့ – ဒီရုပ်ပုံကိုကြည့်တောင် မကြည့်ချင်တော့ပါဘူး- လူကလေးရယ်။ နို့ပေမဲ့ – လူကလေးကတော့အမေ့ကိုဆေးဝါးကုသပြီးပြုစု စောင့်ရှောက်တဲ့ကျေးဇူးရှိတဲ့အတွက် ကြည့်ဖို့ခွင့်ပြုပါတယ်”
မောင်တင်ဟန်သည်စင်ပေါ်တွင်တင်ထားသောကားပေါင်ကိုဆွဲယူပြီး
လျှင် အပေါ်မှဖုံးထားသော ကတ္တီပါအဝတ်ကို တဖြည်းဖြည်းလှပ်လေရာ အတွင်း၌ ရွှေပေါင်ဖြင့်ကျက်ထားသည့် ရွက်ဖျင်ပေါ်တွင် ဆီဆေးဖြင့် ခြယ်
လှယ်ရေးဆွဲထားသောပုံတစ်ပုံကိုမြင်ရလေ၏။ရုပ်ပုံမှာ(၇)နှစ်သားအရွယ်ရှိ ကလေးတစ်ယောက်သည် မာလကာပင်တစ်ပင် နောက်မှ ထွက်လာကာ လက်တစ်ဖက်ဖြင့်မာလကာသီးတစ်လုံးကိုကိုက်စားရင်း ခိုးကြောင်ခိုးဝှက် မျက်လုံးများဖြင့် ကြည့်နေပုံဖြစ်လေသည်။ အရုပ်ကား၏အောက်တွင် အောက်ပါအတိုင်း ကမ္ပည်းထိုးထား၏။
“ဘအုံး-မာလကာသီး သူခိုး၊ အသက်(၇)နှစ်”
အခန်းတွင်း၌ကားတစ်ခဏမျှငြိမ်သက်လျက်ရှိ၏။ဆေးကျောင်းသား
မောင်တင်ဟန်သည်ပန်းချီကား၏အနုပညာကိုအကဲခတ်ကာရုပ်ပုံ၏အချိုး
အစားကျခြင်း၊ အရောင်သွင်းပုံ၏ သဘာဝကျခြင်း၊ လက်ရာကောင်းခြင်း စသည်တို့ကို အံ့သြ၍မဆုံးနိုင်အောင်ရှိလေ၏။ လူမမာမိန်းမကြီးမှာမူ ရှေး ဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းစဉ်းစားဟန်ဖြင့် တွေဝေလျက်ရှိလေ
သည်။
“သိပ်ကောင်းတာပဲ- အမေရယ်။ သိပ်ပြီးသဘာဝကျတဲ့ကားပါပဲအမေ ရယ်။ သည့်လောက်ကောင်းတဲ့လက်ရာကိုကျွန်တော်ဖြင့်တစ်ခါမှမြင်ဖူးဘူး၊
ရုပ်ပုံ
တကယ့်အဖိုးတန်ကားဆိုတာအမေမသိဘူးလားဟင်။ ၂ဝဝိ၊ ၃ဝဝိ အနည်း ဆုံးတန်တယ် – အမေ။ ၅ဝဝိတန် – အမေ” မိန်းမကြီးသည် ပြုံး၍သာနေလေသည်။ “အင်း-လူကလေးကဒီလိုပြောတော့အမေတို့ငယ်ငယ်တုန်းက အခါ ကောင်းအချိန်ကောင်းတွေတွေ့ခဲ့ရတာသွားပြီးအမှတ်ရတယ်ကွယ်။ ထဲကကလေးသာမဟုတ်ဘူး၊ဒီရုပ်ပုံကိုရေးတဲ့လူကိုပါသွားပြီးအမေသတိရ မိတယ်။တခြားသူဟုတ်ပါရိုးလား – မောင်ရယ်။ ရေးတဲ့ပန်းချီဆရာကအမေ့ ရဲ့ခင်ပွန်းပေါ့။ ဒီဟာ – သူ့ရဲ့နောက်ဆုံးလက်ရာပဲ။ ကောင်းတယ်ဆိုတာက တော့ငွေရဲ့တန်ဖိုးနဲ့ဆွဲတာမဟုတ်ဘဲမေတ္တာကိုတန်ဖိုးထားပြီးဆွဲတဲ့ကားကိုး မောင်ရဲ့။ ဒီတော့ – အမေတစ်သက်လုံးချမ်းသာလောက်အောင်ငွေကိုပုံပေး ပေမယ့် အမေမရောင်းနိုင်ဘူး”
ထိုစကားသည်မောင်တင်ဟန်၏မျှော်လင့်ချက်များကိုဟန့်တားလိုက်
သကဲ့သို့ ရှိလေသည်။
“ဝယ်မလို့မေးတာမဟုတ်ပါဘူး – အမေရဲ့။ ကျွန်တော်ကဒီကားကိုကူး ယူချင်တယ်။ ကျွန်တော်-အခုဆွဲနေတဲ့ ဆွဲလက်စအရုပ်ကားကို ဒီပန်းချီ ကြည့်ပြီးအသက်သွင်းပေးချင်တယ်။ ကျွန်တော်ကိုကူးခွင့်ပြုမယ်ဟုတ်လား
အမေ”
“နောက်တော့ – လူအများမြင်အောင် ပြပွဲကိုတင်ဖို့ဆိုပါတော့”
“ဟုတ်တယ် – အမေ။ ပြပွဲကိုတော့ တင်မှာအမှန်ပဲ။ ဒါပေမဲ့ – ပုံစံက တခြားပါ။ တကယ်လို့ ကလေးမျက်နှာကို ကြည့်တဲ့လူတွေက မှတ်မိတယ်
ထားဦး၊ အမေရဲ့ဂုဏ်သိက္ခာကို မထိခိုက်ပါဘူး။ ဒီ့ပြင်လည်း ဒီကားကိုငှား တဲ့အတွက်အမေလိုချင်သလောက်တောင်းပါ- အမေ။ ကျွန်တော်မငြင်းပါ ဘူး၊ ပေးပါ့မယ်။ ပြီးတော့ – ကျွန်တော့်လက်ထဲမှာရှိနေသမျှ ကျွန်တော့် အသက်နဲ့လဲပြီးစောင့်ရှောက်ထားပါမယ်”
သို့သော် မောင်တင်ဟန်သည် သူ့စကားမဆုံးမီ မိန်းမကြီး၏ မျက်နှာ ထားကို မြင်ရသဖြင့် မည်ကဲ့သို့ဖြေဆိုမည်ကို သိနှင့်လေပြီ။ “ဒီဟာတော့ အမေ မလိုက်လျောနိုင်ဘူး-လူကလေးရယ်။ ဒီပန်းချီ ကားကိုအမေ့မျက်စိအောက်က အပျောက်မခံနိုင်ဘူး” “စဉ်းစားပါဦး – အမေ။ ကိစ္စကလည်း ငွေရမယ်…” စကားမဆုံးမီ –
“ငွေ-ငွေ-ဘာငွေလဲ။ငွေဆိုတာရှိလည်းရှိဖူးပါပြီ။နောက်ထပ်လည်း မလိုချင်တော့ပါဘူး။ ငွေဟာ တခြားလူ အပေါ်မှာသာ တန်ခိုးရှိမယ်၊ အမေ့ အပေါ်မှာတော့ ဘာမှတန်ခိုးမရှိဘူး – မောင်ရဲ့”
“ဒါဖြင့်လည်း အမေ့မျက်စိအောက်မှာပဲ ပုံကြမ်းကူးယူပါရစေခင်ဗျာ” “ဒီလိုကူးဖို့လည်း အခွင့်မပြုနိုင်ဘူး – လူကလေးရယ်။ အခု – မင်းကိုပြ တာတောင် အမေလွန်လှပြီ။ ဒီကတ္တီပါကြီး ဖုံးထားတဲ့အောက်မှာ ဘာမှ မရှိသလိုပဲအောက်မေ့လိုက်ပေတော့”
သို့ပြောဆိုပြီးနောက် မိန်းမကြီးသည် ပန်းချီကားကို ကတ္တီပါအဖုံးနှင့် အုပ်လိုက်လေ၏။
“ကျွန်တော်ဟာ ဆေးအတတ်ကိုဝါသနာပါလှလို့ သင်နေတာမဟုတ် ပါဘူး – အမေ။ကျွန်တော်ကပန်းချီပညာမှာသာဝါသနာထုံတာပါ။ကျွန်တော် ရဲ့အသက်ဟာ အနုပညာထဲမှာသာ နေပါတယ်။ ဒီကားကိုကြည့်ပြီးဆွဲရရင် ကျွန်တော်ရဲ့ ဘဝခရီးအောင်မြင်မှုဟာ အထွတ်အထိပ်ရောက်တာနဲ့ အတူ တူပါပဲ။ ပြီးတော့ – အမေကိုယ်တိုင် ပန်းချီဆရာတစ်ယောက်ရဲ့မိန်းမဖြစ်လို့ ကျွန်တော်ရဲ့ဆန္ဒကို ကျွန်တော်ရဲ့အသည်းနှလုံးထိအောင် အမေ မြင်နိုင်ပါ လိမ့်မယ်။ ဒီလောက်တောင် တောင်းပန်တာ ခွင့်ပြုပါတော့-အမေ”
မိန်းမကြီးသည်များစွာတုန်လှုပ်သွားဟန်ဖြင့်မျက်ရည်များစို့၍လာလေ
၏။ သို့သော် ပြောပြီးစကားများကို မပြင်တော့ချေ။ သို့နှင့် နောက်ဆုံးတွင် မောင်တင်ဟန်လည်း လက်လျှော့ကာ ပြန်သွားရလေ၏။ သို့သော် အိမ်ရှေ့ လှေကားမှ ဆင်းသောအခါ၌ကား မောင်တင်ဟန်သည် – “ဘာပဲဖြစ်ဖြစ် – ဒီကားကိုတော့ ငါရအောင်ယူမယ်” ဟုတီးတိုးရွတ်ဆိုသွားလေသည်။
နောက်တစ်နေ့၌လည်းသူ၏တောင်းဆိုချက်များမှာအချည်းနှီးဖြစ်ခဲ့၏။ သို့နှင့်အချိန်ကုန်ခဲ့ရာနောက်တစ်နေ့တွင်မောင်တင်ဟန်သည်သူငယ်ချင်း တစ်ယောက်နှင့်အတူလွစ္စလမ်း(ယခုဆိပ်ကမ်းသာလမ်း)ထိပ်၊ဖရေဇာလမ်း
(ယခု အနော်ရထာလမ်း) ဘက်ရှိ ဟိုတယ်ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာ စားလျက်ရှိရာ ဖရေဇာလမ်းပေါ်တွင် ခါးပိုက်နှိုက်တစ်ယောက်ကိုပုလိပ်များ ဖမ်းမိသွားသဖြင့် ထိုအကြောင်းမှစ၍ စကားစပ်မိလျက် သူငယ်ချင်းဖြစ်သူ
က-
“ဒါထက် – စကားမစပ် ဒီဟိုတယ်မှာ ဘဏ္ဍာစိုးလုပ်တဲ့ သောင်းကြိုင် ဆိုတဲ့အကောင်ဟာ အရင်က သူခိုးဗျ၊ ကျုပ်သိတယ်။ ဒါပေမဲ့ – အခုတော့ မလုပ်တော့ပါဘူး။ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားနေပါပြီ”
“ဟုတ်လား- ဘယ်သူလဲ”
“ကျုပ်တို့စားပွဲကိုလာပြီး ဘာစားကြမလဲလို့မေးတဲ့ ခေါင်းတုံးဆံ တောက်နဲ့လူပေါ့။ သူက ဒီဟိုတယ်မှာ ဘဏ္ဍာစိုးလုပ်နေတယ်။ ခါးပိုက်နှိုက် တဲ့နေရာများတော့ တကယ်လျင်တဲ့ လူတစ်ယောက်ဗျာ။ ကျုပ် ဓာတ်သိဗျ။ အခုတော့ မလုပ်တော့ပါဘူး။ ဒါပေမဲ့ – အပျော်လုပ်ပြစမ်းပါဆိုပြီး ဘရန်ဒီ တစ်ခွက်လောက်တိုက်လိုက်ရင်ဘယ်သူ့အိတ်ထဲကပိုက်ဆံအိတ်ကိုနှိုက်ပြ ရမလဲပြမယ်။ ဘယ်သူ့အိတ်မှာထိုးထားတဲ့ဖောင်တိန်ကိုလိုချင်သလဲယူပြ မယ်။ အဲဒီလောက်လျင်တဲ့အကောင်ဗျာ”
“ဒါဖြင့် – ကျုပ်နဲ့ မိတ်ဖွဲ့ပေးစမ်းဗျို့ “ကောင်းပြီ-ကျုပ်ခေါ်လိုက်မယ်”
ထို့နောက်မောင်တင်ဟန်၏သူငယ်ချင်းသည်သောင်းကြိုင်နှင့်မောင်
တင်ဟန်တို့အား မိတ်ဆွေဖွဲ့ပေးပြီးနောက် ဟိုတယ်မှ ရှေးဦးစွာ ထွက်သွား လေ၏။ မောင်တင်ဟန်သည် သောင်းကြိုင်အတွက် ဘရန်ဒီတစ်ခွက် မှာ ပြီးလျှင် ဘိစတိတ် အကြော်စုံတို့နှင့် မြည်းစေလျက်-
“ဒါဖြင့် – ကိုသောင်းကြိုင်ဟာ မြို့ပေါ်က သူခိုးတွေ ခါးပိုက်နှိုက်တွေကို ကောင်းကောင်းသိမှာပေါ့”
“သိပါတယ် – ဆရာက ဘာကိုလိုချင်လို့လဲ”
“ကျုပ်ဖွင့်ပြောတော့မယ် – ကိုသောင်းကြိုင်။ ကျုပ်မှာ ကိစ္စကလေး တစ်ခု ရှိနေတယ်ဗျ။ ဒါကြောင့် – သင့်တော်မယ့်လူတစ်ယောက်ကို ခင်ဗျား ကညွှန်စေချင်တယ်ဗျာ” “ဓားပြတိုက်ရမယ့်ကိစ္စလား – ဆရာရဲ့”
“ဟာ – မဟုတ်တာပဲ။ ကျုပ်လိုချင်တာကခိုးရမယ့်အလုပ်ကိုနိုင်နိုင်နင်း နင်းလုပ်မယ့်လူတစ်ယောက်လိုချင်တာဗျ။ကိုင်းလေ – ခင်ဗျားကိုတော့ကျုပ် ဖွင့်ပြောတော့မယ်။ ဒီလိုဗျာ- ကျုပ် မိတ်ဆွေတစ်ယောက်မှာ အင်မတန် ကောင်းတဲ့ ပန်းချီကားတစ်ချပ်ရှိနေတယ်ဗျ။ အဲဒါကို ကျုပ်က ကူးယူချင် တယ်။ဒီမိန်းမကြီးကရောင်းလည်းမရောင်းဘူး။ငှားလည်းမငှားဘူး။ဒီတော့
ကျုပ်ကိုတနင်္ဂနွေတစ်ပတ်လောက်ဖြစ်စေ၊ နှစ်ပတ်လောက်ဖြစ်စေဒီပန်းချီ ကားကို ခိုးပေးစေချင်တယ်။ နောက်တော့ – ကျုပ်ပြန်ထားမှာပဲ”
“ဒါဖြင့်လည်းကောင်းသားပဲ။ ဒီကားကိုတော့ ဆရာ တစ်ခါတည်းလစ် မသွားဘူးမဟုတ်လား။ ကျွန်တော်တို့ကအသင်းနဲ့ – ဆရာရဲ့။ ကျွန်တော်တို့ အသင်းက သစ္စာရှိတယ်။ မဟုတ်တာလည်းမလုပ်ဘူး။ ကျွန်တော့်အတွက် ဆိုရင်တော့ ဆရာ ငွေဘယ်လောက်ပဲပေးပေး မလုပ်တော့ဘူး။ ပြီးတော့ တစ်ခုရှိသေးတယ်။ မကောင်းတဲ့ရည်ရွယ်ချက်နဲ့သာ ဆရာလာမယ်ဆိုရင်
ကျွန်တော့်ကို မိတ်ဖွဲ့တာ ဆရာမှားပြီ။ ဆရာ့ကို ဘယ်သူ့ဆီကိုမှ မညွှန်ပြ
နိုင်ဘူး”
“ဒီအတွက်တော့ မစိုးရိမ်ပါနဲ့ဗျာ။ ဥစ္စာရှင်ကိုယ်တိုင်က သည်လောက် တန်ဖိုးထားတဲ့ပစ္စည်းကိုကျုပ်ကလည်းအပိုင်မယူချင်ပါဘူး။ ကျုပ်ကလက် ရာကို ကူးယူရုံပဲ ယူချင်ပါတယ်။ ဒီပြင်တော့ ဘာမှမလုပ်ဘူး။ ဒါကြောင့် ဒီအလုပ်ကို သစ္စာရှိရှိ ကတိတည်တည်နဲ့ ရိုးသားစွာလုပ်ပေးနိုင်တဲ့ လူတစ် ယောက်ကိုကျုပ်လိုချင်တာပါ”
“ဒီလိုဆိုရင်တော့ ရှိပါတယ် -ဆရာ။ ကာဏာရိဋ်ဆိုတဲ့အကောင်ဟာ ဒီအလုပ်မျိုးမှာ ဂျင်ပေါ့။ ပြီးတော့ – ဆရာပြောတဲ့အတိုင်း အလုပ်က လွယ်ရဲ့ နော်။ ဘာမှဒုက္ခတော့ မရောက်တန်ရာပါဘူး”
“ဘာအနှောင့်အယှက်မှမရှိပါဘူးဗျာ။ စိတ်ချပါ။ လုပ်ရမယ့် အလုပ်က လည်းလွယ်လိုက်တာလွန်ပါရော။ အခန်းမှာမိန်းမကြီးတစ်ယောက်တည်း နေတာဗျ။ ပြီးတော့ – ကောင်းကောင်းလည်း မမာဘူး။ တံခါးကလည်း မလုံ့ တလုံနဲ့ လက်တစ်ဖက်နဲ့ တွန်းဖွင့်ပြီးတောင် ဝင်နိုင်ပါတယ်”
“ကိုင်း – ဒါဖြင့်ဒီနေ့ညနေ(၅)နာရီတိတိမှာပန်းဆိုးတန်းဒီဘက်ထောင့် က ဆရာစောင့်ပေတော့။ ကျွန်တော် ဆက်ဆက်လာခဲ့မယ်”
ထိုနေ့ ညနေ၌ သောင်းကြိုင်သည် ဆေးကျောင်းသားမောင်တင်ဟန် အား ကျောက်မြောင်းရပ်ရှိ အလွန်ချောင်ကျသော နေရာတစ်ခုသို့ ခေါ်သွား ပြီးလျှင်လူတစ်ယောက်နှင့်တွေ့ဆုံမိတ်ဖွဲ့ပေးလေရာထိုသူမှာ“ကာဏာရိဋ်”
ဆိုသူပင်ဖြစ်လေသည်။ သောင်းကြိုင်ပြန်သွားသောအခါမောင်တင်ဟန်က
လက်ဖက်ရည်ဖိုးဟုဆိုကာငွေစက္ကူ(၁၀)တန်သုံးချပ်သောင်းကြိုင်၏အိတ်
ထဲသို့ ထည့်လိုက်သေး၏။
မောင်တင်ဟန်သည်ကာဏာရဋ်၏မျက်နှာကိုတစ်ချက်မျှလှမ်း၍ကြည့်
လိုက်ပြီးနောက်-
“ငါ – ဒီမျက်နှာမျိုးကို မြင်ဖူးပါတယ်။ ဘယ်မှာမြင်ဖူးပါလိမ့်မလဲ”
ဟုအတန်ကြာစဉ်းစားလျက်ရှိ၏။ သို့သော်စဉ်းစား၍မရသဖြင့်နောက်
ဆုံးလက်လျှော့လိုက်ရလေသည်။မောင်တင်ဟန်ကကာဏာရိဋ်အားမိတ်ဖွဲ့ စကားပြောကြားပြီးနောက် မည်သည့်လမ်း၊ မည်သည့်နေရာ၊ မည်သည့် လှေကားမှတက်ရမည့်အကြောင်း၊ အခန်းရှင်မှာကောင်းစွာမကျန်းမာသော မိန်းမကြီးတစ်ယောက်ဖြစ်၍ ပန်းချီကားကို သူ၏အိပ်ရာခေါင်းရင်းရှိ စင် ပေါ်တွင် ကတ္တီပါဖုံးအုပ်ထားကြောင်း၊ ထိုကားကိုယူပြီးလျှင် ထိုနေရာတွင် ကန့်သတ်သည့် ရက်အတွင်း၌ ဆက်ဆက်ပြန်ပေးပါမည်ဆိုသော စာတစ် စောင်ကို ထားခဲ့ရမည်ဖြစ်ကြောင်း၊ တံခါးမှာ ပျက်နေသဖြင့် ကန့်လန့်ကို အပြင်မှ လွယ်လင့်တကူ နုတ်ယူနိုင်ကြောင်းဖြင့် စိတ်ရှည်လက်ရှည် ပြော ပြလျက်ရှိလေ၏။ ကာဏာရိဋ်က မောင်တင်ဟန် စကားကို နားထောင်ပြီး နောက်-
“ဥစ္စာရှင်က မိန်းမကြီး၊ ဟုတ်စ”
“ဟုတ်ပါတယ်- ပြီးတော့လည်းကောင်းကောင်းမမာရှာပါဘူး”
“ငှားရင် မရဘူးလား – ဆရာ။ မိန်းမကြီးလည်း ဖြစ်ပြန်၊ ဆင်းလည်း ဆင်းရဲပြန်တော့ ငွေပေးရင် ငှားမှာပေါ့ – ဆရာရဲ့။ ခက်တာက တကယ်လို့ မိန်းမကြီးက အော်မယ်၊ ခုခံမယ်ဆိုရင် ကျွန်တော်က စိတ်မြန်မြန်နဲ့ ထင်မိ ထင်ရာ လုပ်မိမှာစိုးတယ် – ဆရာ”
“ဒီလိုဗျာ – ခင်ဗျာ့ဆီကို ကျုပ်လာတာဟာ နောက်ဆုံး မတတ်နိုင်တဲ့ အဆုံးကျမှ လာတာပဲ။ ငှားဖို့ဆိုတာတော့ – ဒီပန်းချီကားကို ဘယ်နည်းနဲ့မှ မငှားဘူး။ ငှားဖို့နေနေသာသာ သူ့မျက်စိအောက်မှာတောင် ကူးဖို့အခွင့် မပြုဘူးဗျ။ဒါပေမဲ့-ကျုပ်ကအကြမ်းပတမ်းလုပ်တာတော့ သဘောမတူနိုင် ဘူးဗျို့။ ဘယ်နည်းနဲ့မှ နာအောင် ကျင်အောင်တော့ မလုပ်ပါနဲ့ဗျာ။ ဒီတော့ ခင်ဗျားစိတ်ခင်ဗျားနိုင်မနိုင်ကို မလုပ်ခင် စဉ်းစားစမ်းပါဦး” တစ်ခဏမျှ စဉ်းစားပြီးနောက်-
“ကိုင်းဗျာ – လုပ်မယ်၊ ခင်ဗျား ဘယ်လောက်ပေးမလဲ”
“သုံးရာဗျာ – တော်လောက်ပြီမဟုတ်လား”
“တော်ပါပြီ – ခင်ဗျားလိပ်စာရယ်၊ အရုပ်ကားနေရာမှာ ထားပစ်ရမယ့် စာရယ်သာ ကျုပ်ကို ပေးပေတော့။ ဒီကနေ့ (၂)နာရီထိုးမှာ အရုပ်ကားကို ခင်ဗျားလက်ထဲအပ်မယ်။ ခင်ဗျားအိမ်ကနေပြီးငွေနဲ့သာအဆင်သင့်စောင့် နေပေတော့”
“စိတ်ချပါဗျာ၊ ကျုပ်စောင့်နေပါ့မယ်။ ရော့ – စရန်တစ်ရာယူသွား”
အထက်ပါ ပုံဝတ္ထုကလေးကဲ့သို့ အကြောင်းများကို ပြောပြပြီးနောက် ကာဏာရဋ်က ဆက်လက်၍-
“ဒါနဲ့ – ကျွန်တော်လည်း ဒီမိန်းမကြီး အခန်းရောက်အောင် ဘယ်က တက်ရတယ်၊လှေကားဟာ ဘယ်နှချိုးရှိတယ်၊ အလယ်ထပ်မှာ ဘယ်သူနေ တယ်၊အောက်ဆုံးထပ်မှာဘယ်သူရှိတယ်၊ခိုဖို့မှောင်ရိပ်က ဘယ်မှာရှိတယ် ဆိုတဲ့အကြောင်းတွေကိုခရေစေ့တွင်းကျသူ့ဆီကမေးပြီးည(၁၁)နာရီကျော် ကျော်မှာ လမ်း(၄၀)ထဲကိုဝင်ပြီး အသွားအပြန် ဒီတိုက်ကို လျှောက်ကြည့်
တယ်။
ကြည့်ပြီး(၁၂)နာရီလည်းထိုးလို့လူခြေလည်းတိတ်ရောဒီတိုက်နဲ့မျက် နှာချင်းဆိုင်ပြင်နေတဲ့တိုက်ပျက်တစ်လုံးအောက်ကိုဝင်ပြီးကပ်တယ်။ တစ် နာရီလည်းထိုးရော သူပြောတဲ့လှေကားအတိုင်း တိုက်ပေါ်ကို တက်ပါလေ ရော – ဦးလေးရယ်။ ဒီလိုရှင်းရှင်းလင်းလင်းတက်ရတဲ့လှေကားမပြောနဲ့အင် မတန်ရှုပ်တဲ့ (၅)ထပ်တိုက်လှေကားကြီးတွေတောင် တက်လာသေးတာ ဒီလှေကားလောက် ဘာအရေးကြီးသလဲ”
“ဒါနဲ့ – အပေါ်ဆုံးထပ်ရောက်တော့မိန်းမကြီးအခန်းကဘာသံမှမကြား ရဘူးခင်ဗျ။ ဒါနဲ့ – ကျွန်တော်လည်းမှောင်ရိပ်ခိုပြီးတံခါးဆီကိုတဖြည်းဖြည်း ကပ်သွားတော့ – လား-လား- တံခါးဟာ အထဲက ကန့်လန့်မထိုးဘူး ခင်ဗျ။ ဘောက်ချိတ်ကလေးနဲ့အတွင်းကချိတ်ရုံပဲချိတ်ထားတာတွေ့ရတယ်။တံခါး
ကချောင်ပြီးတစ်လက်မလောက်ဟ.နေတော့အထူးဖွင့်နေစရာမလိုတော့
ပါဘူး ခင်ဗျ။ လက်ညှိုးကလေးနဲ့ အပြင်ဘက်ကနေပြီး အသာမ,လိုက်ရုံနဲ့ ပွင့်သွားတော့တာပါပဲ။ နောက်- ကျွန်တော်လည်း တံခါးနားကပ်ပြီး သူခိုး ထုံးစံအတိုင်း အိမ်ထဲကလူ အိပ်,မအိပ် နားထောင်တာကိုး ခင်ဗျ။ အသက် မှန်မှန်ပြင်းပြင်းရှူပြီး နေသံကြားရတော့ အခန်းထဲမှာ လူအိပ်မောကျနေပြီ ဆိုတာ သိရတာပါပဲ”
“ဒါနဲ့ – ကျွန်တော်လည်း အခန်းထဲ ခြေဖျားထောက် ဝင်တာကိုးခင်ဗျ။ ခုတင်ပေါ်မှာမိန်းမကြီးတစ်ယောက်ဟိုဘက်လှည့်ပြီး အိပ်နေတာရယ်။ သူ့ ခေါင်းရင်းက စင်ပေါ်မှာ အဝတ်နက်တစ်ခုနဲ့အုပ်ထားတဲ့ အရုပ်ကားဆိုတာ ရယ် မြင်ရတာပါပဲ ခင်ဗျာ”
“မြင်ရတယ်ဆိုတာက ဒီလို – ဦးလေးရယ်။ လကလေးကလည်း သန်း ခေါင်လောက်ထွက်အလာတိုက်နံဘေးပြတင်းပေါက်ပေါ်ကလေဝင်ပေါက် မှန်ကဝင်ပြီးလာတဲ့မလင်းတလင်းအရောင်ကလေးနဲ့မြင်ရတာပေါ့ဦးလေး
ရယ်။ ပြီးတော့ – ကျွန်တော့်မျက်စိကလည်း မှောင်ထဲမှာ သူများထက် ပိုမြင် နိုင်တယ်။ ဒီအကြောင်းလည်း ဦးလေးကို ပြောရဦးမှာပေါ့။ နောက်-ကျွန် တော်လည်း အရုပ်ကားရှိတဲ့နေရာရောက်အောင် ခြေဖျားထောက်သွား၊ အရုပ်ကားယူ၊ ကျွန်တော့်အိတ်ထဲကစာကလေးနှိုက်ပြီး အရုပ်ကားထားတဲ့ နေရာ ချထားခဲ့တာပေါ့- ဦးလေးရယ်”
“အင်း – အသက်တဖျားလုပ်ရတဲ့အလုပ်ပဲဟေ့။ ဦးလေးဖြင့် သုံးရာမက သုံးထောင်ပဲရရ မလုပ်ဝံ့ပါဘူးကွယ်။ လူတွေအိပ်နေတဲ့ အိပ်ခန်းထဲ ဝင်ရုံနဲ့ ဦးလေးဖြင့် ရင်တုန်လှပြီ”
“ကျွန်တော်ကတော့ အစရှိနေပြီကိုး – ဦးလေးရဲ့။ နည်းနည်းကလေးမှ မကြောက်တော့ဘူး။မိန်းမတစ်ယောက်အိပ်နေတာမပြောနဲ့၊ယောက်ျားကြီး (၁၀)ယောက်အိပ်နေပါစေ- ကျွန်တော်ဝင်ဝံ့ပါတယ်”
“ကိုင်း – ဆက်စမ်းပါဦး”
“ဒါနဲ့ – စင်ပေါ်မှာ စာရွက်ခေါက်ကလေး ချထားခဲ့ပြီးနောက်ကိုလည်း တစ်လှမ်းပြန်ဆုတ်လိုက်ရောမိန်းမကြီးဟာ အိပ်ရာကတစ်ခါတည်းလန့်နိုး
ပြီးအိပ်ရာပေါ်မှာငုတ်တုတ်ထိုင်နေရက်သားဖြစ်နေပြီကိုးခင်ဗျ။
ကျွန်တော်
လည်း အခန်းအလယ်လောက်ရောက်လာရော မိန်းမကြီးဟာ ကျွန်တော့် အပေါ်ခုန်အုပ်လိုက်ပြီးအရုပ်ကားကိုတစ်ခါတည်းလုတာပါပဲခင်ဗျာ။ ပါးစပ်
ကလည်း-
“ငါ့ပန်းချီကားပေး- သူခိုး – သူခိုး”
ဆိုပြီးအော်တော့တာပါပဲ ခင်ဗျာ။ ဒီတော့ ကျွန်တော်က- “လွှတ်-လွတ်-အမယ်ကြီး- ဓားထိုးခံချင်လား – လွှတ်စမ်း”
ဆိုပြီး ရုန်း၊ သူကလည်း အော်ပေါ့ခင်ဗျာ။ ဒီတော့ – ကျွန်တော်လည်း စိတ်ထွက်လာပြီး ကိုင်း – သေပေတော့ဆိုပြီး ခါးထဲက ဓားမြှောင်ဆွဲနုတ်ပြီး တစ်ချက်တည်းရင်ဝကိုစိုက်လိုက်တာမိန်းမကြီးလည်းကြမ်းပြင်ပေါ်လဲကျ
သွားတာပါပဲ။ အဲဒီလိုလဲလို့ ကားပေါင်ပေါ်အုပ်ထားတဲ့အဝတ်ပြုတ်ကျသွား တော့ ကျွန်တော်လည်း အိတ်ထဲပါလာတဲ့ လက်နှိပ်ဓာတ်မီးအငယ်စား ကလေးနှင့် အရုပ်ကားကို ထိုးကြည့်လိုက်တဲ့အခါ ပန်းချီကားကိုလည်း မြင် ရရောတစ်မိနစ်အတွင်းကျွန်တော့်ဘဝဟာစိတ်ထဲမှာအလိုလိုပြောင်းသွား ပြီးဟိုငယ်ငယ်ကအဖြစ်တွေဟာမျက်စိထဲတစ်ခါတည်းပေါ်လာတော့တာပါပဲ
ဦးလေးရယ်။ ကားအောက်က ရေးထားတဲ့ စာကို မြင်လိုက်ပြန်တော့ – “အင်း – ဘအုံး – ဘအုံး – ခွေးထက်မိုက်တဲ့ – ဘအုံး – နင်တော့ အမှား
ကြီးမှားပြီ”
ဆိုပြီးမေမေ့ကိုတစ်ခါတည်း ပွေ့ယူလိုက်မိတယ်။
“ဪ- ဒီမိန်းမကြီးက မင်းအမေလား”
“ကျွန်တော့်အမေပေါ့- ဦးလေးရယ်။ ရုပ်ပုံကားကအဖေဟာကျွန်တော် (၇)နှစ်သားအရွယ်ကကျွန်တော့်ကိုပုံတူဆွဲထားတဲ့ကားပဲ။ ဘအုံးဆိုတာက ကျွန်တော့်ငယ်နာမည်ပေါ့ – ဦးလေးရဲ့”
“ဖြစ်မှဖြစ်ရ- မောင်ပေါ်လွင်ရယ်။ တိုက်ဆိုင်မှ တိုက်ဆိုင်တတ်လွန်း လှတယ်ကွယ်”
“ကျေးဇူးရှင်အစစ်ကို ပြစ်မှားမိလို့လည်း သန်ဘက်ခါ မနက်ကို ကြိုး စင်တက်ရတော့မှာပဲ – ဦးလေးရဲ့။
တစ်ခါကလည်းကျွန်တော့်ဦးလေးအရင်း
အိမ်ဝင်ခိုးမိလို့မမိတန်ဘဲနဲ့မိရပြီးထောင်တစ်နှစ်ကျခဲ့တာဦးလေးသိပြီးသား
ပဲ။ အဲဒါနဲ့ – အမေ့ကိုပွေ့ထားတဲ့အချိန်မှာပဲအောက်ထပ်ကတက်လာတဲ့လူ
သံတွေရော၊ ကြတာပါပဲ-ဦးလေးရယ်။ ကျွန်တော်လည်းစကားရှည်မှာစိုးတာနဲ့တစ်ခွန်း မှပြန်မပြောဘူး။ ပစ္စည်းခိုးရအောင်လာရင်းလူနိုးတာနဲ့ဓားနဲ့ထိုးသတ်မိတဲ့ အကြောင်း တည့်တည့်ကြီး ဝန်ခံလိုက်တယ်။ ကျွန်တော့်အမေလည်း ကျွန် တော့်လက်ပေါ်မှာပဲ အသက်ပျောက်သွားရှာတယ်။ သေတဲ့မိန်းမကြီးဟာ သူခိုးတစ်ယောက်ရဲ့အမေပါကလားဆိုပြီးကျွန်တော့်အတွက်နဲ့သေတဲ့လူရဲ့ ဂုဏ်ကိုထိခိုက်မှာစိုးတာနဲ့ကျွန်တော့်အမေပါရယ်လို့ကျွန်တော်အစစ်မခံခဲ့
ခြေသံတွေရောကြားရပြီးချက်ချင်းလိုပဲကျွန်တော့်ကိုဝိုင်းဖမ်း
ဘူး ခင်ဗျ”
“အင်း – မောင်ပေါ်လွင့်အမှုကစဉ်းစားကြည့်လေ၊တကယ်ကြေကွဲစရာ ကောင်းလေပါကလား- မောင်ပေါ်လွင်ရယ်”
“ကိုယ့်အမေရင်းကိုကိုယ်မသိလို့ဓားနဲ့ထိုးသတ်မိတယ်-ထားဦးလေ။
သေပြီးတဲ့နောက် အမေရယ်လို့တောင် ဖွင့်ပြီးမင်ဝံ့တဲ့ဘဝမျိုးပဲ- ဦးလေးရဲ့။ ဒီအပူကို ကျွန်တော် ကျိတ်မှိတ်ပြီးခံခဲ့တာ သန်ဘက်ခါ မနက်ကျရင်တော့ ဝဋ်ကျွတ်ပါပြီ – ဦးလေးရယ်”
“အင်း- တရားနဲ့သာ ဖြေပါတော့ – မောင်ပေါ်လွင်။ လွန်မိတဲ့ကိစ္စကို နောင်တရနေလို့ ကိုယ့်မှာသာ အကုသိုလ်ပွားတော့မှာပဲ”
“ပြီးတော့ – အခုလိုကြိုးပေးခံရပြီးကြိုးနဲ့သေရတာဟာ ကျွန်တော့်စိတ် ထဲမှာတော့တစ်မျိုးဝမ်းသာတယ်- ဦးလေးရေ၊ ကြိုးစင်ပေါ်တက်ရမှာနည်း
နည်းကလေးမှ ကျွန်တော်ဖြင့်မကြောက်ဘူး”
“ဘာဖြစ်လို့လဲ”
“လည်ပင်းမှာကြိုးတပ်ပြီးသေရတာဟာအသေဆိုးသေရတဲ့အထဲမှာ အသက်သာဆုံးသေခြင်းပေါ့ – ဦးလေးရဲ့။ ကျွန်တော်ကြီးရင် အသေဆိုးနဲ့ သေရလိမ့်မယ်လို့ ဗေဒင်က ဟောဖူးတယ်။ ဒါကြောင့် – ဓားနဲ့သေရမှာ၊ သေနတ်နဲ့ သေရမှာ၊ အဆိပ်သောက်သေရမှာများ ကျွန်တော်ဖြင့် သိပ် ကြောက်တာပဲ”
“အတူတူပဲနေပါလိမ့်မယ်ထင်ပါရဲ့ကွယ်”
“မဟုတ်ဘူး-ဦးလေး။ ဝေဒနာခံစားရတဲ့နေရာမှာ ဒါဟာ အသက်သာ ဆုံးနဲ့ အမြန်ဆုံးနည်းပဲ။ အလွန်ဆုံးခံရလှရင် နှစ်မိနစ်ပေါ့ – ဦးလေးရယ်။ ဒါထက်- ကျွန်တော် ဘာကြောင့် သူခိုးဖြစ်လာတဲ့အကြောင်း စကားဆက် ရဦးမယ်။ အချိန်ရှိပါသေးရဲ့နော်”
“အင်း- ငါးမိနစ်လောက်တော့ ကျန်ပါသေးတယ်။ ထောင်ပြာတာ မလာသေးပါဘူး”
“ကျွန်တော့်ကို ဘာဖြစ်လို့ ကာဏာရဋ်လို့ခေါ်ကြသလဲ-ဦးလေး” “မင်းကလဲကွယ် – အသိသားနဲ့မေးနေရသေးသလား။ မင်းမျက်စိတစ် ဖက်လပ်နေလို့ပေါ့ကွယ့်”
မောင်ပေါ်လွင်သည် သူ၏မျက်နှာကို လမ်းကြားတွင် ထွန်းထားသော မီးအိမ်အလင်းရောင်ဘက်သို့လှည့်ပြီးလျှင်လက်ဝဲဘက်မျက်လုံးကို လက် နှစ်ဖက်ဖြင့် ဖြဲပြီးနောက် –
“ဟောဒီဘက်မျက်လုံးကိုဦးလေးသေသေချာချာကြည့်စမ်း – ဘာမြင်
ရသလဲ”
ကျွန်ုပ်လည်း သေချာစွာကြည့်ရှုရာ အပေါ်မှ မျက်ခွံမှာ စေ့လုမတတ် ပိတ်၍နေသော်လည်းအောက်၌မူအနက်လုံးကလေးတစ်လုံးကိုတွေ့မြင်ရ လေ၏။ ၎င်းမှာ လူ၏မျက်လုံးလောက် မကြီးသော်လည်း နက်ပြောင်၍ အရောင်တောက်ပြီးလျှင် မျက်ဆံကဲ့သို့ အဖြူကြောင်းကလေးတစ်ခုသည် အထက်နှင့်အောက်ထောင်လျက်ရှိလေသည်။
“ဘာမြင်ရသလဲ – ဦးလေး”
“မင့်ဥစ္စာ မျက်စိမှမပျက်ဘဲ၊ မျက်လုံးကလေးက အကောင်းလိုမြင်ရ တယ်”
မဟုတ်ဘူး”
“အကောင်းတော့အကောင်းပေါ့- ဦးလေးရဲ့။ နို့ပေမဲ့- လူမျက်လုံးတော့
“မင်းပြောတာ
ငါကောင်းကောင်းနားမလည်သေးပါဘူးကွယ်”
“လူမျက်လုံးမဟုတ်ဘူး- ဦးလေးရဲ့၊ ကြောင်မျက်လုံး တပ်ထားတာ”
“ဘာကွယ့်”
“ကျောက်ပေါက်ပြီး ကျွန်တော့်မျက်လုံး ပျက်သွားတုန်းက ကျွန်တော့် ကိုဆေးကုတဲ့ ဆရာကြီးက ကြောင်တစ်ကောင်ရဲ့ မျက်လုံးကို တပ်ပေးခဲ့
တယ်”
“မဟုတ်နိုင်တာကွယ်”
“ဟုတ်တာပေါ့ – ဦးလေးရယ်။ ကျွန်တော်ကျောက်ပေါက်တုန်းက လားရှိုးနားကရွာတစ်ရွာမှာကျွန်တော်ရောက်နေတယ်။ကျွန်တော့်ကိုဆေး ကုတာကရှမ်းဆရာကြီးနဲ့တူပါတယ်။ ဒါနဲ့ – ကျွန်တော့်မျက်လုံးထဲကျောက်
ဝင်ပေါက်ပြီးမျက်လုံးပျက်သွားတဲ့နောက်တစ်နေ့မှာပဲ.. “မင်းကိုငါမျက်လုံးအသစ် ငါထည့်ပေးမယ်”
ဆိုပြီး ကျွန်တော့်ကို ရွာကအတော်ဝေးတဲ့ တောစပ်တစ်ခုခေါ်သွား ဦးလေးရဲ့။ အဲဒီတောထဲရောက်တော့နဘူးချုံတစ်ချုံအောက်မှာသူကလက် ညှိုးထိုးပြလို့ကြည့်လိုက်တော့ကြောင်သေတစ်ကောင်မြင်ရတယ်။ ကြောင် ကသေတာကြာပြီနဲ့တူပါတယ်-ဦးလေးရယ်။ခေါင်းခွံနဲ့အရိုးလောက်ပဲကျန်
ပါတော့တယ်။ ဒါနဲ့ – ဆရာကြီးကကြောင်သေကောင်ကိုတောင်ဝှေးနဲ့ချိတ် ဆွဲပြီး အပြင်ထုတ်လိုက်တော့ ခေါင်းခွံက မျက်လုံးအိမ်ထဲမှာ မျက်လုံးတစ် ဖက် အကောင်းအတိုင်း မျက်တောင်ခတ်နေတာကျွန်တော်မြင်ရတယ်။
ဒီတော့ – ဆရာကြီးလည်း သူ့အိတ်ထဲမှာပါတဲ့ဆေးပုလင်းထဲက ဆေး ရည်ကို အဲဒီကြောင်မျက်လုံးအိမ်ထဲ လောင်းထည့်လိုက်ပြီး တစ်ခါတည်း မျက်လုံးကိုဓားနဲ့ ကော်ထုတ်ယူတာပါပဲ။ ဒီနောက် – အိမ်ကျတော့ဒီကြောင် မျက်လုံးကို ဆေးရည်စိမ်ပြီး ကျွန်တော့်မျက်လုံး ပေါက်သွားတဲ့နေရာမှာ အစားသွင်းပေးလိုက်တာကိုး- ဦလေးရဲ့”
“တယ်လည်းထူးဆန်းပါကလား- မောင်ပေါ်လွင်”
“ဟုတ်ကဲ့ -ကျွန်တော်တော့ကိုယ်တွေ့ပဲ-ဦးလေးရေ” “အဲဒီလို အစားသွင်းလို့ ဖြစ်ကဲ့လားကွယ့်။ အနေရ မခက်ဘူးလား”
“ပထမတော့ အောင့်သက်သက်နဲ့ အတော်အနေရ ကျပ်တာပေါ့ ဦးလေးရယ်။ ဒါပေမဲ့ – သူဆေးထည့်ပေးပြီးကျွန်တော့်မျက်လုံးတစ်ဖက်ကို အဝတ်နဲ့ (ရ)ရက်စည်းပေးတာ။ နောက်တော့ – ဘာမှမဖြစ်တော့ပါဘူး” “အင်း- ဒါလည်းကြောင်ဦးခေါင်းမှာရှိတဲ့အမြုတေပေါ့ကွယ်။ အမြုတေ ဆိုတာဆင်မှာရှိတယ်၊ဝက်မှာရှိတယ်၊ နဂါးမှာရှိတယ်၊ လူမှာရှိတယ်၊ ချိုးမှာ ရှိတယ်၊ကြောင်မှာရှိတယ်-အမျိုးမျိုးပေါ့။နေပါဦး-ဒါက ဘယ်လိုစွမ်းသလဲ
မောင်ပေါ်လွင်ရဲ့
“ဆရာကြီး ပြောလိုက်တာကတော့ ဒီကြောင်မျက်လုံးရှိနေသမျှ မင်း တော့ ထမင်းမငတ်နိုင်ပါဘူးကွယ်။ မင်းလိမ္မာသလိုသာ ကြည့်သုံးပေရော့ လို့ ပြောခဲ့တာပဲ။ ဒီအခါတုန်းက ကျွန်တော်က အသက် (၁၄)နှစ်ပဲရှိသေး တယ်။ ဒါနဲ့ – ကျွန်တော်လည်း ဘာမှနားမလည်ဘူး။ အမှတ်တမဲ့ နေခဲ့တာ နောက်တစ်လလောက်ကြာတော့ ထူးခြားတာတစ်ခုက ည (၁၂)နာရီ လောက်ဆိုရင် ကျွန်တော်ဟာ မအိပ်ချင်ဘူး – ဦးလေးရေ၊ လျှောက်လည် ချင်တာပဲ။
ဒါနဲ့ – ကျွန်တော်နေတဲ့ ဘုန်းကြီးကျောင်းက တိတ်တိတ်ခိုးထွက်၊ ဝင်းထရံကျော်တက်၊ရွာထဲလျှောက်လည်၊ဝင်ချင်တဲ့အိမ်ဝင်၊မီးဖိုဆောင်ဝင်၊ ထမင်းခိုးစား၊ ဟင်းခိုးစားပေါ့ – ဦးလေးရယ်။ ဥယျာဉ်တို့၊ ခြံတို့ဆိုတာလည်း ဝင်ချင်တဲ့ခြံဝင်ပြီး သစ်သီးမျိုးစုံ ခိုးစားတာပဲ။ ပြီးတော့ – ဘယ်လို အတား အဆီးမျိုးမှလည်းမကြောက်ဘူး။ ဝင်းထရံလည်းတက်တာပဲ၊ သစ်ပင်လည်း တက်တာပဲ၊ အိမ်လည်းတက်တာပဲ။ ဒီလိုနဲ့တေပေလာခဲ့တာဒီကစပြီးကျွန် တော်လည်း သူခိုးဖြစ်မှန်းမသိ ဖြစ်လာတော့တာပါပဲ ခင်ဗျာ။ ခက်တာက ညကျရင် ဒီလိုမလုပ်ဘဲ မနေနိုင်သလိုပဲ – ဦးလေးရဲ့။ အဲဒါ – ထူးခြားတာပဲ” “ဒီမျက်လုံးက မြင်ကော မြင်ရဲ့လား”
“နေ့ခင်းတော့ ကောင်းကောင်း မမြင်ရပါဘူး- ဦးလေးရယ်။ ဒါပေမဲ့ ညဉ့်မှောင်ထဲကျရင် ဘာပဲဖြစ်ဖြစ်မှုန်မှုန်တော့မြင်ရတယ်-ဦးလေးရဲ့”
“ကိုင်း- မောင်ပေါ်လွင်-ဦးလေးကို နောက်ဆုံး ဘာများမှာခဲ့ချင်သေး သလဲ။ ဦးလေးမင့်အတွက် ဘာဆောင်ရွက်ပေးရမလဲ”
“တစ်ခုတော့လုပ်ပေးစေချင်တယ် – ဦးလေးရယ်။ ကျွန်တော်တို့ သူခိုး၊ ခါးပိုက်နှိုက်ဂိုဏ်းမှာ အရင်က လူကြီးလုပ်ဖူးတဲ့ ကိုသောင်းကြိုင်ဆိုတာ ရှိတယ်။ အခုတော့ – ဒီအလုပ်ကိုသူမလုပ်တော့ဘူး။ ဖရေဇာလမ်းဘက်က လွစ္စလမ်းထိပ်ဟိုတယ်မှာ ဘဏ္ဍာစိုးလုပ်နေတယ်။ ခေါင်းတုံးဆံတောက်နဲ့ လူဝဝ၊ အဲဒီလူက ကျွန်တော့် လက်ဝဲဘက်မျက်လုံးအိမ်ထဲမှာ ကြောင်အမြု တေရှိတယ်ဆိုတာ သိတယ်။
တော်တော့လူဆိုရင် ကျွန်တော့်ကိုသတ်ပြီး မျက်လုံးဖောက်ယူတာ ကြာလှပြီ။ သူက ဒီပစ္စည်းကို လိုချင်နေတယ် – ဦးလေးရဲ့။ ဒီတော့ – သူက ကျွန်တော့်ဆရာလည်းဖြစ်ပြန်၊ သူ့ကျေးဇူးလည်းကျွန်တော့်အပေါ်မှာရှိပြန် ဆိုတော့ မပေးရင် မကောင်းဘူး။ သေပြီးတဲ့နောက်မှ နှမြောနေရင် ရိုင်းရာ ကျမယ်။ ဒီပစ္စည်းကိုလည်း သူ့လက်ထဲ မရောက်စေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလူလက်ထဲ ဒီပစ္စည်းရောက်သွားရင် ကျွန်တော့်လိုပဲ မကောင်းမှု တွေလျှောက်ပြီး သူလုပ်နေဦးမယ်”
“ကျွန်တော်တော့နောင်တရပြီ-ဦးလေး။ကျွန်တော်တစ်ယောက်သာ
အမိုက်ခံမယ်။ တခြားလူတစ်ယောက်ဟာကျွန်တော့်ပယောဂနဲ့ကျွန်တော့် လိုမဖြစ်စေချင်ဘူး”
“ဒီလိုဆိုရင် – ဦးလေးလည်း သဘောကျတာပေါ့ကွယ်။ သူ့ကို မောင် ပေါ်လွင်ကစကားဘယ်လိုလွန်နေလို့လဲ”
“ကျွန်တော့်ကိုစီရင်ချက်ချပြီးအယူခံဦးမလားလို့မေးတော့ကျွန်တော်
ကမခံတော့ဘူးလို့ပြောလိုက်တယ်- ဦးလေးရဲ့”
“ခံပါဦးလားကွယ်။ တကယ်လို့ အထက်အစိုးရက သနားရင်…”
(စကားမဆုံးမီ) -“မထူးတော့ပါဘူး-ဦးလေးရယ်။ ကျွန်တော်ဟာ လောကကြီးမှာနေဖို့လည်းမတော်ဘူး။နေလည်းနေချင်စိတ်မရှိတော့ဘူး။
သေဖို့စိတ်နှလုံးကိုတုံးတုံးချပြီးပါပြီ။ ဒီတော့ – ကျွန်တော်အယူမခံတော့ဆို တဲ့အကြောင်းလည်း သူသိရောအလောင်းကိုသူသင်္ဂြိုဟ်ပါရစေလို့တောင်း ပန်တော့ ကျွန်တော်က သဘောတူလိုက်ရတယ်။ “ဒီယုန်မြင်လို့ ဒီချုံထွင်”
တာပေါ့ ဦးလေးရယ်”
“ဒီတော့-ဦးလေးကို ဘယ်လိုလုပ်စေချင်သလဲ” “ကျွန်တော့်စကားကလည်းသူ့အပေါ်လွန်နေပြီကိုး-ဦးလေးရဲ့။ ဒီတော့ ကျွန်တော့်အလောင်းကိုသူရတောင်ဒီကြောင်မျက်လုံးသူ့လက်ထဲမရောက်
အောင် ဦးလေးက ဆောင်ရွက်ပေးစေချင်ပါတယ်- ဦးလေးရယ်” “မင့်အလောင်း သူ့လက်ထဲမအပ်ခင် အမြုတေကို ဦးလေးက ထုတ် ယူထားလိုက်စေချင်တယ် ဆိုပါတော့”
“ဟုတ်ပါတယ် ဦးလေးရယ် – ဒီအတိုင်းပါပဲ။ ဟော – ဦးလေးကို ခေါ်ရ အောင် ထောင်ပြာတာ လာနေပြီ။ ပြီးတော့ – မှာခဲ့ပါရစေလို့ – ဦးလေးရယ်။ ဦးလေးထောင်က လွတ်သွားတဲ့အခါမှာလည်း ကျွန်တော့်အတွက် သပိတ် သွတ်ပြီး အမျှအတန်းဝေပါနော်”
“စိတ်ချပါ – မောင်ပေါ်လွင်။ ဒီအတွက်တော့ ဦးလေးတာဝန်ထားပါ။ ကိုင်း-စိတ်ချပေတော့။ ဒီအမြုတေ သူ့လက်ထဲ မရောက်အောင် ဦးလေး ကြည့်ပြီး စီမံလိုက်မယ်”
ထိုအချိန်၌ကျွန်ုပ်တို့အနီးသို့ထောင်ပြာတာရောက်လာပြီဖြစ်၍ကျွန်ုပ် လည်းမောင်ပေါ်လွင်အားနှုတ်ဆက်ပြီးနောက်လူချင်းခွဲကြလေ၏။
နောက်တစ်ရက်မျှ ကြာသောအခါ မောင်ပေါ်လွင်သည် ကြိုးစင်သို့
ရဲဝံ့စွာတက်၍အသေခံသွားလေ၏။
မောင်ပေါ်လွင်ကားသေခါနီးတွင်နောင်တတရားကောင်းစွာရသွား၏။
သူ၏ဆရာ သောင်းကြိုင်ဆိုသူသည် သူမှာထားခဲ့သည့်အတိုင်း မောင်ပေါ် လွင်၏အလောင်းကိုလာရောက်တောင်းဆိုတော့၏။ သို့သော်ကျွန်ုပ်အကြံ
ကဦးခဲ့လေပြီ။
မောင်ပေါ်လွင်အား ကြိုးမပေးမီညက ကျွန်ုပ်သည် နှစ်ကြီးသမား “ဖိုးကြုတ်” ဆိုသူနှင့်မောင်ပေါ်လွင်၏လက်ဝဲဘက်မျက်လုံးကိုရအောင်လျှို့ ဝှက်စွာကြိုတင်၍ကြံစည်ရတော့၏။ ကြိုးပေးပြီးအလောင်းများကို ကြိုးစင် ၏အောက် လိုဏ်ခေါင်းကလေးအတွင်းသို့ဝင်၍ လက်တွန်းလှည်းကလေး ဖြင့် ထုံးစံအတိုင်းကောက်ယူရ၏။ ဖိုးကြုတ်မှာထိုအလုပ်ကိုလုပ်ရသူဖြစ်၍ ကျွန်ုပ်လည်း ဖိုးကြုတ်အား ငွေ (၁ဝိ)ပေးရလေသည်။ ဖိုးကြုတ်ကား အမြုတေ၏တန်ဖိုးကို နားလည်သူမဟုတ်ပေ။
လူသေကောင်ကို ထုတ်ယူလာပြီးနောက် ဆရာဝန်က သေကြောင်း စမ်းသပ်ပြီးသောအခါ အလောင်းကို ခေါင်းထဲသို့ထည့်ရန် ထောင်သားများ အားလွှဲအပ်လိုက်၏။ထိုအခါဖိုးကြုတ်သည်အခြားထောင်သားတစ်ယောက် ၏ အကူအညီဖြင့် အလောင်းကို ခေါင်းထဲသို့ထည့်ရလေရာ သူသည် စည် ပတ်သံချောင်းကိုလုပ်ထားသော လက်လေးသစ်ခန့်ရှိ ဓားငယ်ကလေးဖြင့် မောင်ပေါ်လွင်၏အလောင်းမှ လက်ဝဲဘက်မျက်လုံးကို ကော်ထုတ်ပြီးလျှင် ခါးပိုက်ထောင်ထဲတွင်ထည့်၍ယူခဲ့၏။ထို့နောက်မှရေဖြင့်ဆေးကြောပြီးလျှင်
ကျွန်ုပ်အား ပေးအပ်လေသည်။
အမြုတေကလေးမှာ ဇီးစေ့ခန့်ရှိ၍ အလယ်၌ အရည်ကြည်ရှိပြီးလျှင် ကန့်လန့်ဖြတ်အဖြူစင်းကလေးတစ်ခုလည်းရှိလေသည်။ကျွန်ုပ်မှာသေခါနီး မှာကြားသော လူတစ်ယောက်၏အလိုဆန္ဒကို ဖြည့်ဆည်းလိုက်ရသဖြင့်
ကောင်းစွာကျေနပ်လျက်ရှိတော့၏။
ဤအမြုတေသာ တခြားသူတစ်ယောက်၏လက်ထဲသို့ ရောက်သွား ကထိုသူသည် မိမိကဲ့သို့ မကောင်းမှုဒုစရိုက်များကို ပြုလုပ်တော့မည် ဖြစ်၍
မိမိပါပယောဂ မကင်းရှိပေတော့မည်ဟူသော မောင်ပေါ်လွင်၏ နောက်ဆုံး စကားများကား အဖိုးတန်လှပေ၏။ ထိုစကားများကို ကျွန်ုပ်သည် ယခုတိုင် ကြားယောင်လျက်ရှိသေး၏။
ကြိုးပေးခံရသူပေါင်းများစွာတွေ့ခဲ့ဖူးသည့်အနက်မောင်ပေါ်လွင်ကဲ့သို့
သေခါနီးတွင် နောင်တတရားရသွားသူများ ရှားပါးလှ၏။ မောင်ပေါ်လွင်မှာ နဂိုဇာတိအားဖြင့် လူကောင်းတစ်ယောက်ဖြစ်ပါလျက် အမှတ်မထင်
“ကြောင်အမြုတေ”ကိုရခဲ့သောကြောင့် ခိုးချင်ဝှက်ချင်စိတ်များပေါ်ပေါက်ခဲ့ ၏။ ဤအထဲတွင်လူဆိုးဂိုဏ်းနှင့်ပေါင်းမိသောအခါ နှစ်ပေါင်းများစွာကွဲကွာ ၍နေသော မိခင်အရင်းကိုပင် သတ်မိသည်အထိ မှားယွင်းခဲ့လေသည်။ သို့ သော်သေခါနီးတွင်နောင်တတရားရခဲ့သည့်ပြင် သူပြောခဲ့သောစကားများ သည်လည်း အဖိုးတန်လှ၍ကျွန်ုပ်ချီးကျူးမိ၏။
သို့နှင့်ကျွန်ုပ်လည်းတစ်ညတွင်ထောင်အတွင်းလုံခြုံသောနေရာတစ် ခု၌ တွင်းတစ်တွင်း ခပ်နက်နက်တူးပြီးလျှင် မောင်ပေါ်လွင်၏ လက်ဝဲဘက် မျက်လုံးဖြစ်သော ကြောင်အမြုတေကလေးကို အစတုံး မြှုပ်နှံလိုက်လေ သတည်း။
Zawgyi Version
ေနာင္မွရေသာေနာင္တ(စ/ဆုံး)
————————————–
ေမာင္ေပၚလြင္မွာအသက္(၂၅)ႏွစ္ခန႔္သာရွိေသး၍မ်က္ႏွာ၌ေက်ာက္ ေပါက္မာသက္သက္ရွိလ်က္မ်က္စိတစ္ဖက္ပ်က္ေနသည္မွတစ္ပါး႐ုပ္ရည္ သနားကမားရွိၿပီးလွ်င္အလြန္ဖ်တ္လတ္၍သြက္လက္ေသာအမူအရာလည္း
ရွိေလသည္။
ေထာင္သားေဟာင္းမ်ားသည္ ေထာင္တြင္းသို႔ ေရာက္လာသူမွန္သမွ် ေထာင္သားသစ္မ်ားအား ထုံးစံအတိုင္း နာမည္အမ်ိဳးမ်ိဳး ေပးတတ္ၾက၏။ ဥပမာ- အလြန္ဝေသာသူတစ္ေယာက္အား“ဝက္ႀကီး” ဟူ၍လည္း ေကာင္း၊ အလြန္ပိန္သူတစ္ေယာက္အား“ပိန္ေသး”သို႔မဟုတ္“ငါးေဖာင္႐ိုး” ဟူ၍လည္းေကာင္း၊ ေျခဆာသူတစ္ေယာက္အား “ဖယ္လိမ္”ဟူ၍လည္း ေကာင္း၊ မ်က္စိေစာင္းသူတစ္ေယာက္အား“ငေစြ” ဟူ၍လည္းေကာင္း ေပးတတ္ၾကရာ ေမာင္ေပၚလြင္ကိုမူ မ်က္စိတစ္ဖက္ပ်က္ေနျခင္းေၾကာင့္ “ကာဏာရဋ္”ဟူ၍အမည္ေပးခဲ့ေလသည္။
ေမာင္ေပၚလြင္မွာ ခိုးရာတြင္ အလြန္က်င္လည္႐ုံမွ်မက ခါးပိုက္ႏႈိက္ရာ ၌လည္း နာမည္ရခဲ့သူတစ္ေယာက္ျဖစ္၏။ သို႔ျဖစ္၍ ကြၽႏ္ုပ္လည္း သူ ခိုးပုံ၊ ႏႈိက္ပုံတို႔ကိုတတ္ႏိုင္သမွ် ေမးျမန္းစုံစမ္းလ်က္ရွိေလ၏။
ေမာင္ေပၚလြင္မွာ သူခိုးတစ္ေယာက္၊ ခါးပိုက္ႏႈိက္တစ္ေယာက္ပင္ ျဖစ္ လင့္ကစား လူႀကီးမ်ားအား ႐ိုေသျခင္း၊ ပြင့္ပြင့္လင္းလင္းရွိျခင္း၊ စကားကို ခ်ိဳသာစြာ ေျပာတတ္ျခင္း မ်ားရွိသျဖင့္ ကြၽႏ္ုပ္မွာ ေမာင္ေပၚလြင္အေပၚတြင္ တူတစ္ေယာက္ကဲ့သို႔လည္းေကာင္း၊ ညီတစ္ေယာက္ကဲ့သို႔လည္းေကာင္း
သေဘာထားခဲ့၏။
ေမာင္ေပၚလြင္ကလည္းကြၽႏ္ုပ္အေပၚတြင္ဦးႀကီးအရင္း၊ အစ္ကိုအရင္း
ကဲ့သို႔ ခ်စ္ခင္ေလးစားေလသည္။
တစ္ေန႔ေသာ တနဂၤေႏြေန႔ ည၌ ကြၽႏ္ုပ္တို႔ ႏွစ္ေယာက္သည္ ညစာကို အမဲသားဟင္းႏွင့္ ၿမိန္ယွက္စြာ စားၿပီးေနာက္ ထိုညဥ့္အဖို႔ေသာက္ရန္ သီး သန႔္ထားေသာေဆးျပင္းလိပ္တိုကေလးႏွစ္ခုကိုအေစာင့္မ်ားမျမင္ေအာင္
မီးခတ္ျဖင့္လွ်ိဳ႕ဝွက္စြာမီးညႇိၿပီးလွ်င္မီးေရာင္ကိုလက္ဝါးျဖင့္အုပ္ကာေသာက္
လ်က္ရွိၾက၏။
တစ္ဖြာ ႏွစ္ဖြာေလာက္ ဖြာလိုက္ရလွ်င္ပင္ နတ္ျပည္သို႔ ေရာက္သြား သကဲ့သို႔ ထင္မိ၏။ ကြၽႏ္ုပ္မွာ ေထာင္ဥပေဒမ်ားကို ႐ိုေသသူတစ္ေယာက္ ျဖစ္ေၾကာင္းႏွင့္ ေထာင္အရာရွိအားလုံးပင္ သိၿပီးျဖစ္ေသာ္လည္း ေဆးလိပ္ ေသာက္ျခင္း၊ ေဆးငုံျခင္းမ်ားကိုမူ မစြန႔္လႊတ္ႏိုင္ေသးဘဲ တိတ္တဆိတ္ ေဖာက္ဖ်က္ျခင္းရွိေလသည္။
ကြၽႏ္ုပ္ကေမာင္ေပၚလြင္အား-
“ဘယ့္ႏွယ္လဲ – ေမာင္ေပၚလြင္ရဲ႕၊ ခိုးမႈနဲ႔ေမာင္ေပၚလြင္က်တယ္ဆိုတာ ဦးေလးျဖင့္ ယုံေတာင္မယုံပါဘူး”
“ဘာျဖစ္လို႔လဲ – ဦးေလး”
“မင့္႐ုပ္ရည္ၾကည့္ရတာ သူခိုး႐ုပ္မွ မေပါက္ဘဲကြယ္”
“ကြၽန္ေတာ္အမွန္လည္း ခိုးမိတယ္-ဦးေလးရယ္။ ၿပီးေတာ့ – ခိုးေၾကာင္း လည္း တရားသူႀကီးေရွ႕မွာ ေျဖာင့္ ခ်က္ေပးတယ္။ ဒီေတာ့ – အမွန္ေပါ့ ဦးေလးရဲ႕”
“ဒါကိုေျပာတာ မဟုတ္ပါဘူးကြယ္။ မင္းဟာ ဘယ္နည္းနဲ႔မွ သူခိုး တစ္ေယာက္ေတာ့ မဟုတ္ႏိုင္ပါဘူး”
“မ်ိဳး႐ိုးေတာ့မဟုတ္ဘူးေပါ့- ဦးေလးရယ္။ဒါေပမဲ့- ကြၽန္ေတာ္အသက္ (၁၄)ႏွစ္ေလာက္ ရွင္လူထြက္ခ်ိန္မွာ ေဆးေကာင္း၊ ဝါးေကာင္းရၿပီး ဒီဘက္ ကိုလိုက္စားမိခဲ့တယ္ ခင္ဗ်ာ”
“အခုျဖစ္ရတာက ဘယ္လိုျဖစ္ရတာလဲကြယ့္၊ ေျပာစမ္းပါဦး” “ဒီၿမိဳ႕မွာ ကြၽန္ေတာ္ရဲ႕ ဦးေလးတစ္ေယာက္ရွိတယ္-ဦးေလးရဲ႕။ သူက လူကုံထံတစ္ေယာက္ပဲ။ ႏို႔ေပမဲ့ – ပိုက္ဆံကို အင္မတန္စစ္စီတဲ့ လူတစ္ ေယာက္။ မလႉရက္၊ မစားရက္၊ မေသာက္ရက္ ဆိုပါေတာ့။ တိုတိုေျပာရရင္ ေနာက္ဆုံး သူ႔အိမ္ဝင္ခိုးတာ ဖမ္းမိတာပါပဲ- ဦးေလးရယ္။ ဒါေပမဲ့ – မိပုံက ေတာ့ အေတာ္ဆန္းတယ္-ဦးေလးရဲ႕”
“ေျပာစမ္းပါဦး”
“ကြၽန္ေတာ္ သူခိုးဆိုေပမယ့္ သူမ်ားလို သာမန္သူခိုးမ်ိဳးမဟုတ္ဘူး။ ေတြ႕ကရာလည္းမခိုးဘူး။ ေတြ႕ကရာလည္းမယူဘူး။ေငြေလာက္ပဲယူတယ္။ အထည္တို႔၊ လက္ဝတ္လက္စားတို႔ဆိုရင္ ေ႐ႊကလြဲၿပီး ကိုင္ေတာင္မၾကည့္ ဘူး။ သူမ်ားလို“ေအာက္ေစာင့္” တို႔ ဘာတို႔လည္းမထားဘူး။ တစ္ေယာက္ တည္းႀကဲတာပဲ။ ဒီေတာ့ – ဘယ္ေတာ့မွမမိဘူးေပါ့- ဦးေလးရယ္” “အင္း-ေျပာပါဦး – ေမာင္ေပၚလြင္”
“ၿပီးေတာ့-ေငြဘယ္ေလာက္ခန႔္မွန္းေျခရွိတယ္၊ ရႏိုင္တယ္၊ မရႏိုင္ဘူး
ဆိုတာေသခ်ာမွခိုးတယ္- ဦးေလးရဲ႕”
“ေသခ်ာေပါက္မွ ကိုင္တယ္ဆိုပါေတာ့”
“ဒါေပါ့- ဦးေလးရယ္။ ၿပီးေတာ့ – အိမ္တစ္အိမ္ဝင္မယ္ဆိုရင္ သူခိုးဆို တာ အရမ္းမဝင္ရဘူး – ဦးေလးရဲ႕။ ေငြရွိတယ္ဆိုတာ ေသခ်ာၿပီးတဲ့ေနာက္ စဥ္းစားစရာအခ်က္ေတြလည္း အမ်ားႀကီးရွိေသးတယ္”
“ဆိုစမ္းပါဦး”
“ေငြကို ဘယ္မွာထားတယ္၊ အိမ္သားေတြထဲမွာ ေယာက္်ား ဘယ္ ႏွေယာက္ရွိတယ္၊ ဘယ္သူဟာ ခုခံႏိုင္တယ္၊ အဲဒီလူက ဘယ္အနားအိပ္ တယ္၊ ဘာလက္နက္ရွိတယ္ဆိုတာ ပထမ စုံစမ္းရေသးတယ္။ ဒီေနာက္ ဒီကိစၥေတြစုံစမ္းၿပီးတဲ့အခါဘယ္အေပါက္ကထြက္ရမယ္ဆိုတာအေရးႀကီး
တယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ – ဘယ္ေလာက္ပဲ ပစၥည္းကို ယူလို႔ရရ ထြက္ ေပါက္က က်ပ္ေနရင္ ဖမ္းမိမယ္မဟုတ္လား။ ဒီေတာ့ – လက္ေလွ်ာ့တန္ ေလွ်ာ့လိုက္ရတယ္။ ဒီ့ျပင္ – တံခါးဖြင့္တာတို႔၊ ေသာ့တူလုပ္တာတို႔ဆိုတာ ေတာ့ ဉာဏ္ထုတ္ရတဲ့အလုပ္ေတြပါပဲ- ဦးေလးရယ္။ သိပ္ၿပီး မခဲယဥ္းလွပါ ဘူး။ အခု – ကြၽန္ေတာ္ေျပာတာေတြဟာ သူခိုးရဲ႕က်င့္႐ိုးက်င့္စဥ္ေတြေပါ့”
“ဖမ္းမိပုံ ဆန္းတယ္ဆိုတာေျပာစမ္းပါဦးကြယ့္”
“ဒီလို -ဦးေလးရဲ႕။ သူ႔ဆီကို ပထမ ကြၽန္ေတာ္ကသြားၿပီး ေငြတစ္ရာ ေခ်းတယ္။ သူကကြၽန္ေတာ့္ကိုအဖက္လုပ္ၿပီးစကားေတာင္မေျပာဘူး။ ဒါနဲ႔ သည့္ေလာက္မေပးခ်င္လွတဲ့ပစၥည္း ငါခိုးယူမယ္ဆိုၿပီး ကလဲ့စားေခ်တဲ့ သေဘာနဲ႔ ခိုးတာပါပဲ – ဦးေလးရယ္။ ေငြကို သူဘယ္မွာထားတတ္သလဲဆို ေတာ့ သူစာေရးတဲ့စားပြဲကလက္ယာဘက္အံဆြဲထဲမွာထားတတ္တယ္။
သူ႔မိန္းမနဲ႔ သမီးမ်ားရဲ႕ လက္ဝတ္လက္စားေတြကေတာ့ အခန္းထဲမွာ ထားတယ္။ ဒီေတာ့ – လက္ဝတ္လက္စားကို အယူရက်ပ္တယ္။ အခန္းထဲ ေရာက္ေအာင္ဝင္ၿပီး ယူႏိုင္ေတာင္ အိပ္ရာသုံးေလးခုေကြ႕ၿပီး ေျပးရမယ္။ ဒီေတာ့- ကြၽန္ေတာ္လည္းစိတ္ကူးမထည့္မိဘူး။ ကြၽန္ေတာ္ႀကံစည္တာက အိမ္ေရွ႕ခန္း သူစာေရးတဲ့ စားပြဲလက္ယာအံဆြဲပဲ။ ဒါနဲ႔ – သူတို႔အိမ္အေန အထားသိၿပီးတဲ့ေနာက္ အိမ္ေရွ႕တံခါးကဝင္ဖို႔ စိတ္ကို ဆုံးျဖတ္လိုက္တယ္ ဦးေလးရဲ႕။
ဘာျဖစ္လို႔လဲဆိုေတာ့ – ဒီတံခါးဟာ အလြယ္ဆုံးလည္း ဖြင့္ႏိုင္မယ္။ လူအိပ္တဲ့ေနရာနဲ႔အေဝးဆုံးျဖစ္တယ္။ ေျပးေပါက္ကလည္းအေကာင္းဆုံး ျဖစ္တယ္။ ဒါနဲ႔ – သူလခထုတ္လာတယ္ဆိုတာ သတင္းရတဲ့ညမွာပဲႀကံစည္ ေတာ့တာပဲ။ တံခါးကလည္း အတြင္းကထိုးတာျဖစ္ေပမယ့္ အျပင္ကေနၿပီး အေမရိကန္လြန္ပူနဲ႔ ႏွစ္ခ်က္ေလာက္လွည့္လိုက္ရင္ သုံးလက္မပတ္လည္ အေပါက္တစ္ေပါက္ေတာ့လြယ္လြယ္ကေလးေပါက္သြားႏိုင္တာေပါ့”
“အင္း- ေျပာပါဦး”
“ဒါေပမဲ့-တံခါးကိုလြန္ပူနဲ႔အျပင္ကေဖာက္တဲ့အခါတည့္တည့္ေဖာက္ မိဖို႔လိုတယ္။ဒါကေတာ့- အတြင္းကကန႔္လန႔္ထိုးတဲ့ေနရာကိုမွန္းႏိုင္ေအာင္ အျပင္ကတံခါးမွာ အိမ္အလည္သြားတုန္းက ထုံးကေလးတို႔ခဲ့ရတယ္။ ဒါနဲ႔ လြန္ပူနဲ႔ေဖာက္ၿပီး လက္ဝင္သာတဲ့အခါအထဲက ကန႔္လန႔္ကို အသံမၾကား
ေအာင္ဆြဲႏုတ္တာေပါ့-ဦးေလးရယ္။ သည့္ေနာက္ေတာ့လက္ႏွိပ္ဓာတ္မီး ကေလးကိုလက္ဝါးနဲ႔အသာအုပ္၊ စားပြဲအံဆြဲကို ဖြင့္တာပါပဲ။
ကြၽန္ေတာ့္မွာပါတဲ့ ေသာ့တြဲနဲ႔ စမ္းလိုက္ရင္ တစ္ေခ်ာင္းမတန္ တစ္ ေခ်ာင္းေတာ့ တန္တာပဲ။ ဒါေပမဲ့-မိခ်င္ေတာ့ ဘယ္လိုျဖစ္လာသလဲဆိုရင္ ကြၽန္ေတာ္က အင္မတန္ေသခ်ာတဲ့ လူတစ္ေယာက္ျဖစ္ေလေတာ့ ေငြကို ယူၿပီးအံဆြဲကိုျပန္ပိတ္တာကို-ဦးေလးရဲ႕။ အဲဒီလိုျပန္လည္းပိတ္ေရာအဘိုး
ႀကီးလည္းအိပ္ရာကႏိုးၿပီးအိမ္ေရွ႕ဧည့္ခန္းဓာတ္မီးဟာပြင့္လာပါေလေရာ။
ဒီေတာ့ – တစ္ခါတည္း တံခါးေပါက္ရွိရာ ကြၽန္ေတာ္ေျပးေတာ့တာပါပဲ ဦးေလးရယ္။ ႏို႔ေပမဲ့ – ကြၽန္ေတာ္ မေျပးႏိုင္ေတာ့ဘူး ခင္ဗ်။ တစ္ေယာက္ ေယာက္ကကြၽန္ေတာ့္ကိုေနာက္ကေဆာင့္ဆြဲလိုက္သလိုစားပြဲနားမွာကြၽန္ ေတာ္တစ္ခါတည္း ဗိုင္းခနဲလဲက်သြားတယ္” “ေနာက္ကေနၿပီး ႐ိုက္လိုက္လို႔လား”
“ဘယ္ဟုတ္မလဲ – ဦးေလးရယ္။ အံဆြဲျပန္ပိတ္လိုက္တဲ့အခါမွာ ကြၽန္ ေတာ့္လုံခ်ည္စဟာအမွတ္တမဲ့အထဲညပ္ပါသြားတာကိုးဗ်။ ျဖစ္ရပုံမ်ားရယ္ စရာေတာင္ ေကာင္းေသးတယ္”
“ဒီေတာ့ – ကြၽန္ေတာ္လည္း ခါးထဲက ဓားေျမႇာင္ကို တစ္ခါတည္း ဆြဲ ထုတ္လိုက္မိတယ္။ ဒါေပမဲ့- မရေတာ့ပါဘူး၊ ေနာက္က်သြားၿပီ။ အိပ္ခန္းထဲ ကလူႏွစ္ေယာက္ထြက္လာၿပီးကြၽန္ေတာ့္ကိုဝိုင္းဖိထား႐ုံမကဘူးအဘိုးႀကီး ကပါကြၽန္ေတာ့္လက္ကိုတအားနင္းထားေလေတာ့ေနာက္ဆုံးအမိခံလိုက္
ရတာပါပဲ- ဦးေလးရယ္”
“အင္း – ခိုးတဲ့အလုပ္ဆိုေတာ့ တစ္ေန႔မမိ၊ တစ္ေန႔မိဆိုတာလိုေပါ့ကြယ္” “ဒါေပမဲ့ – ကြၽန္ေတာ္အံ့ဩတာက ကြၽန္ေတာ္ဟာ အင္မတန္သတိ ေကာင္းပါလ်က္နဲ႔ အခုလိုျဖစ္ရတာဟာတစ္ခုခုအေၾကာင္းရွိရမယ္လို႔ကြၽန္ ေတာ္ေတြးမိတယ္ – ဦးေလး”
“ေမာင္ေပၚလြင္က ဘယ္လိုထင္လို႔လဲ”
“အမွန္ေတာ့ – ကြၽန္ေတာ္တို႔ဦးေလးဟာ ကြၽန္ေတာ္တို႔ မိဘမ်ား အေပၚမွာ ေက်းဇူးရွိတယ္ ခင္ဗ်။ ဒီေတာ့ – ကြၽန္ေတာ္က ေက်းဇူးရွင္တစ္ ေယာက္ကို ျပစ္မွားမိလို႔လားမေျပာတတ္ဘူး”
“ဒါေတာ့ – မွန္ခ်င္မွန္မွာေပါ့ – ေမာင္ေပၚလြင္။ ေက်းဇူးရွင္ကိုျပစ္မွားရင္
ဒုကၡေတာ့ ေရာက္တတ္တာမ်ိဳးပဲ”
ထို႔ေနာက္ ေမာင္ေပၚလြင္လည္း
ရန္ကုန္ခါးပိုက္ႏႈိက္မ်ားအေၾကာင္း၊
မည္သို႔မည္ပုံႏႈိက္ယူ၍မည္ကဲ့သို႔ေဝစုခြဲရေၾကာင္း၊ ခါးပိုက္ႏႈိက္ျခင္းအတတ္ မွာ သူခိုးအလုပ္ထက္ပင္ စြန႔္စားရေၾကာင္း၊ မ်က္စိလွ်င္႐ုံမွ်မက၊ လက္က လည္းလည္၍သြက္လက္ဖ်တ္လတ္ရန္လိုေၾကာင္းမ်ားကိုေျပာျပလ်က္ရွိရာ ကြၽႏ္ုပ္တို႔လည္းအေတာ္ညဥ့္နက္မွ အိပ္ေပ်ာ္သြားၾက၏။
ဤသည္တို႔ကား ေမာင္ေပၚလြင္ကေျပာျပသမွ် ကြၽႏ္ုပ္သိရေသာ အေၾကာင္းအရာမ်ား ျဖစ္ေလသည္။
ေနာက္(၁၀)လခန႔္ၾကာေသာအခါေမာင္ေပၚလြင္သည္ေထာင္မွထြက္
သြား၍ကြၽႏ္ုပ္လည္း သူထြက္သြားၿပီးေနာက္(၆) လခန႔္ၾကာမွထြက္ခဲ့ရ၏။ အခ်ိန္သည္ တျဖည္းျဖည္း ကုန္လြန္၍သြားေလရာ ကြၽႏ္ုပ္မွာ လူဆိုးသူဆိုး မ်ားေထာင္သားမ်ားကိုေတြ႕ရဖန္မ်ားသျဖင့္ေမာင္ေပၚလြင္၏အေၾကာင္းကို
သတိေမ့ေလွ်ာ့သြားခဲ့ေလ၏။
ေနာက္ (၅)ႏွစ္ခန႔္ၾကာ၍ ကြၽႏ္ုပ္လည္း ရန္ကုန္ေထာင္အတြင္း၌ ရွိေနစဥ္တစ္ေနရာ၌လူသတ္မႈႏွင့္တရားခံတစ္ေယာက္သည္ ေထာင္တြင္း သို႔ ေရာက္လာ၍ သြားေရာက္ၾကည့္ရႈရာ ၎မွာ အျခားသူမဟုတ္။ ေပၚလြင္
ေခၚကာဏာရိဋ္”ျဖစ္ေၾကာင္းေတြ႕ရေလသည္။ပထမ၌ကြၽႏ္ုပ္မွာ၎အား
မမွတ္မိသကဲ့သို႔ရွိေနေသာ္လည္း အက်ဥ္းသားသည္ ကြၽႏ္ုပ္အား ေလးစား ေသာ အမူအရာျဖင့္ –
ေလ”
“ဦးေလး – ကြၽန္ေတာ့္ကိုမမွတ္မိေတာ့ဘူးလား။ကြၽန္ေတာ္ကာဏာရိဋ္
ဟု ႏႈတ္ဆက္လိုက္ေသာအခါမွ ကြၽႏ္ုပ္မွာ လြန္ခဲ့ေသာ (၅)ႏွစ္ခန႔္က (……) ေထာင္တြင္ ေတြ႕ခဲ့ေသာ အျဖစ္အပ်က္မ်ားကို သြား၍သတိရမိ ေတာ့၏။
“ကာဏာရိဋ္” ၏လူသတ္မႈမွာ စစ္ေဆးရာတြင္ ရက္ေပါင္း (၂၀)ခန႔္မွ် သာၾကာ၍စီရင္ခ်က္ခ်မွတ္လိုက္ေသာေန႔ညတြင္ကြၽႏ္ုပ္သည္သူႏွင့္စကား ေျပာရန္အခ်ိန္မွာနာရီဝက္ခန႔္ရရွိခဲ့သည့္အတိုင္းသူ၏အမႈျဖစ္ပ်က္ပုံဇာတ္
လမ္းကိုေအာက္ပါအတိုင္းေျပာျပေလသည္။
ရန္ကုန္ၿမိဳ႕၊ လမ္း(၄၀) အထက္လမ္းတြင္ တိုက္ေရွ႕မွ တစ္ဆစ္ခ်ိဳးေလွ ကားျဖင့္ တက္သြားရေသာ တိုက္တစ္လုံးရွိရာ ထိုတိုက္၏ အေပၚဆုံးထပ္ အခန္းတစ္ခန္းတြင္အသက္(၇၁)ႏွစ္ခန႔္ရွိေကာင္းစြာက်န္းမာဟန္မရွိေသာ မိန္းမႀကီးတစ္ေယာက္သည္ အသက္(၂၅)ႏွစ္ခန႔္ရွိ ႐ုပ္ရည္သားနားေသာ လူ႐ြယ္တစ္ေယာက္ႏွင့္ စကားစျမည္ေျပာဆိုလ်က္ရွိ၏။ မိန္းမႀကီးမွာ တစ္ ေယာက္အိပ္ခုတင္တစ္လုံးေပၚတြင္ ေလ်ာင္းကာ ထိုလူ႐ြယ္အား ညႇိဳးငယ္ ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လ်က္ရွိ၏။
ဝတ္ေကာင္းစားလွျဖင့္ ရွိေနေသာလူ႐ြယ္သည္ ခုတင္အနီးရွိ ကုလား ထိုင္ေဟာင္းတစ္လုံးေပၚတြင္ ထိုင္ကာ ေဟာင္းႏြမ္းေသာ အိမ္ေထာင္ပရိ ေဘာဂမ်ားကိုၾကည့္ရင္းတစ္စုံတစ္ရာကိုစဥ္းစားလ်က္ရွိေလသည္။ ထိုလူ ႐ြယ္၏အမည္မွာ ေမာင္တင္ဟန္ျဖစ္၍ ဆရာဝန္စာေမးပြဲကိုဝင္ရန္ ျပင္ဆင္ လ်က္ရွိေသာ ေဆးေက်ာင္းသားတစ္ေယာက္ျဖစ္၏။
ထိုအခါက ဆရာဝန္ႀကီးသည္ ေဆးေက်ာင္းသားမ်ားအား လက္ေတြ႕ သင္ခန္းစာရေစရန္ ေက်ာင္းသားတစ္ဦးလွ်င္ လူနာတစ္ေယာက္စီ ခြဲေဝ၍ ၾကည့္ရႈေစ၏။ သို႔ျဖင့္လည္း ေမာင္တင္ဟန္မွာ လမ္း(၄ဝ)မွ ပန္းနာေရာဂါ စြဲကပ္လ်က္ရွိေသာ ေဒၚသိုင္းခ်ဳံထံ လာေရာက္ၿပီးလွ်င္ လူနာမည္ မည္သို႔ရွိ ေနသည္ကိုေန႔စဥ္ဒိုင္ယာရီေရးမွတ္၍ ဆရာဝန္ႀကီးထံ ပို႔ရ၏။ ဆရာဝန္ႀကီးအမိန႔္အတိုင္း ေဆးမ်ားတိုက္ရ၏။ ေမာင္တင္ဟန္သည္ ေန႔စဥ္လာေရာက္ရန္ ဝတၱရားရွိသည့္အတိုင္း ေဒၚသိုင္းၿခဳံထံသို႔ ထိုေန႔က လာေရာက္ခဲ့ျခင္းျဖစ္ေလသည္။
မိန္းမႀကီး၏ ႐ုပ္လကၡဏာကိုလည္းေကာင္း၊ ေဟာင္းႏြမ္းေသာ္လည္း
အမ်ိဳးအစားေကာင္းေသာ အိမ္ေထာင္ပရိေဘာဂ အနည္းငယ္ႏွင့္ အဝတ္ အစားမ်ားကိုလည္းေကာင္း ၾကည့္ရႈျခင္းအားျဖင့္ ေဒၚသိုင္းခ်ဳံမွာ အလြန္ ဆင္းရဲရွာေသာ္လည္းဆင္းရဲေသာအမ်ိဳးအစားထဲကမဟုတ္ဘဲတစ္ႀကိမ္က ခ်မ္းသာခဲ့ဖူး၍ မ်ိဳးေကာင္းေဆြေကာင္းထဲမွျဖစ္ရမည္ဟု ေမာင္တင္ဟန္ ယုံၾကည္မိ၏။
စကားေျပာေသာအခါမ်ား၌လည္းေဒၚသိုင္းခ်ဳံသည္ေမာင္တင္ဟန္အား “လူကေလး” ဟု ေခၚေလ့ရွိသည္။ ေဒၚသိုင္းခ်ဳံသည္ ေမာင္တင္ဟန္ေရာက္ လာတိုင္း တတ္ႏိုင္သမွ် အစားအေသာက္ကေလးမ်ားႏွင့္ ဧည့္ခံရွာေလရာ ဆင္းရဲေသာ္လည္း ေစတနာ သဒၶါတရားထက္သန္သူျဖစ္ေၾကာင္း သိရ၏။ “လူကေလး- ေနပူမယ္၊ ေစာေစာျပန္ေလ”
“ကိစၥမရွိပါဘူး – အေမ။ ဒီကေန႔ ေတာ္ေတာ္သက္သာရဲ႕မဟုတ္လား” “သက္သာပါတယ္ – သားရယ္”
“အေမဟာ ကြၽန္ေတာ့္အေပၚမွာ တကယ့္သားတစ္ေယာက္လိုပဲေနာ္။ ကြၽန္ေတာ့္စိတ္ထင္ျဖင့္ အေမ့မွာ အရင္က သားရွိဖူးတယ္ထင္တယ္” “ရွိတာေပါ့ကြယ္။ လူကေလးေတြးတာမလြဲပါဘူး” “ဒါျဖင့္ – အခု သူဘယ္မွာလဲ-အေမ”
“မရွိေတာ့ဘူးကြယ့္”
“ေသသြားၿပီလား”
“ေအး-ေသၿပီေျပာပါေတာ့ကြယ္။ အေမ့အတြက္ေတာ့ေသပါၿပီ။ငယ္ ငယ္ကေတာ့ သားတစ္ေယာက္ဆိုၿပီး ဆိုသေလာက္ ခ်စ္ခဲ့မိတယ္။ အေဖ ေရာ၊ အေမေရာ၊ ေဆြမ်ိဳးညာတိေတြကေရာ ဝိုင္းၿပီးခ်စ္ၾကတာေပါ့။ ေသာ္ သား – သား – အေမ့မ်က္စိထဲမွာေတာ့ငယ္ငယ္တုန္းက႐ုပ္ကိုပဲျမင္ေနတယ္။ ဟိုကတၱီပါအနက္အုပ္ထားတဲ့ ႐ုပ္ပုံေပါ့- လူကေလးရယ္”
ေဒၚသိုင္းခ်ဳံသည္စင္ေပၚတြင္တင္ထားေသာကတၱီပါအနက္ျဖင့္ ဖုံးထား သည့္ အ႐ုပ္ကားေပါင္တစ္ခုကို လက္ညႇိဳးထိုး၍ ျပေလ၏။ ေမာင္တင္ဟန္ သည္ ထိုအခါမွ ကတၱီပါအနက္ျဖင့္ အုပ္ထားေသာ ပန္းခ်ီကားကို သတိျပဳမိ ေလသည္။
“အေမ့မွာ သားတစ္ေယာက္ရွိတယ္ဆိုတာ ကြၽန္ေတာ္ျဖင့္ အခုမွ သိရ တယ္-အေမ။ၿပီးေတာ့-ဒီပန္းခ်ီကားကိုလည္းကြၽန္ေတာ္ဟာေဆးေက်ာင္း သားဆိုေပမယ့္ ပန္းခ်ီဘက္ကို ပိုၿပီးဝါသနာထုံတယ္ – အေမရဲ႕၊ ကိုယ္တိုင္ လည္းပန္းခ်ီကားေတြကို ဆြဲတယ္။ ဒီေတာ့ – တစ္ဆိတ္ကြၽန္ေတာ္မၾကည့္ ရဘူးလား – အေမ”
ေဒၚသိုင္းၿခဳံ၏အေျဖမွာအလြန္ေလးကန္၍စိတ္ပါဝင္စားဟန္လကၡဏာ
မရွိေခ်။
“အေမေတာ့ – ဒီ႐ုပ္ပုံကိုၾကည့္ေတာင္ မၾကည့္ခ်င္ေတာ့ပါဘူး- လူကေလးရယ္။ ႏို႔ေပမဲ့ – လူကေလးကေတာ့အေမ့ကိုေဆးဝါးကုသၿပီးျပဳစု ေစာင့္ေရွာက္တဲ့ေက်းဇူးရွိတဲ့အတြက္ ၾကည့္ဖို႔ခြင့္ျပဳပါတယ္”
ေမာင္တင္ဟန္သည္စင္ေပၚတြင္တင္ထားေသာကားေပါင္ကိုဆြဲယူၿပီး
လွ်င္ အေပၚမွဖုံးထားေသာ ကတၱီပါအဝတ္ကို တျဖည္းျဖည္းလွပ္ေလရာ အတြင္း၌ ေ႐ႊေပါင္ျဖင့္က်က္ထားသည့္ ႐ြက္ဖ်င္ေပၚတြင္ ဆီေဆးျဖင့္ ျခယ္
လွယ္ေရးဆြဲထားေသာပုံတစ္ပုံကိုျမင္ရေလ၏။႐ုပ္ပုံမွာ(၇)ႏွစ္သားအ႐ြယ္ရွိ ကေလးတစ္ေယာက္သည္ မာလကာပင္တစ္ပင္ ေနာက္မွ ထြက္လာကာ လက္တစ္ဖက္ျဖင့္မာလကာသီးတစ္လုံးကိုကိုက္စားရင္း ခိုးေၾကာင္ခိုးဝွက္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနပုံျဖစ္ေလသည္။ အ႐ုပ္ကား၏ေအာက္တြင္ ေအာက္ပါအတိုင္း ကမၸည္းထိုးထား၏။
“ဘအုံး-မာလကာသီး သူခိုး၊ အသက္(၇)ႏွစ္”
အခန္းတြင္း၌ကားတစ္ခဏမွ်ၿငိမ္သက္လ်က္ရွိ၏။ေဆးေက်ာင္းသား
ေမာင္တင္ဟန္သည္ပန္းခ်ီကား၏အႏုပညာကိုအကဲခတ္ကာ႐ုပ္ပုံ၏အခ်ိဳး
အစားက်ျခင္း၊ အေရာင္သြင္းပုံ၏ သဘာဝက်ျခင္း၊ လက္ရာေကာင္းျခင္း စသည္တို႔ကို အံ့ၾသ၍မဆုံးႏိုင္ေအာင္ရွိေလ၏။ လူမမာမိန္းမႀကီးမွာမူ ေရွး ေဟာင္းေႏွာင္းျဖစ္မ်ားကို ျပန္ေျပာင္းစဥ္းစားဟန္ျဖင့္ ေတြေဝလ်က္ရွိေလ
သည္။
“သိပ္ေကာင္းတာပဲ- အေမရယ္။ သိပ္ၿပီးသဘာဝက်တဲ့ကားပါပဲအေမ ရယ္။ သည့္ေလာက္ေကာင္းတဲ့လက္ရာကိုကြၽန္ေတာ္ျဖင့္တစ္ခါမွျမင္ဖူးဘူး၊
႐ုပ္ပုံ
တကယ့္အဖိုးတန္ကားဆိုတာအေမမသိဘူးလားဟင္။ ၂ဝဝိ၊ ၃ဝဝိ အနည္း ဆုံးတန္တယ္ – အေမ။ ၅ဝဝိတန္ – အေမ” မိန္းမႀကီးသည္ ၿပဳံး၍သာေနေလသည္။ “အင္း-လူကေလးကဒီလိုေျပာေတာ့အေမတို႔ငယ္ငယ္တုန္းက အခါ ေကာင္းအခ်ိန္ေကာင္းေတြေတြ႕ခဲ့ရတာသြားၿပီးအမွတ္ရတယ္ကြယ္။ ထဲကကေလးသာမဟုတ္ဘူး၊ဒီ႐ုပ္ပုံကိုေရးတဲ့လူကိုပါသြားၿပီးအေမသတိရ မိတယ္။တျခားသူဟုတ္ပါ႐ိုးလား – ေမာင္ရယ္။ ေရးတဲ့ပန္းခ်ီဆရာကအေမ့ ရဲ႕ခင္ပြန္းေပါ့။ ဒီဟာ – သူ႔ရဲ႕ေနာက္ဆုံးလက္ရာပဲ။ ေကာင္းတယ္ဆိုတာက ေတာ့ေငြရဲ႕တန္ဖိုးနဲ႔ဆြဲတာမဟုတ္ဘဲေမတၱာကိုတန္ဖိုးထားၿပီးဆြဲတဲ့ကားကိုး ေမာင္ရဲ႕။ ဒီေတာ့ – အေမတစ္သက္လုံးခ်မ္းသာေလာက္ေအာင္ေငြကိုပုံေပး ေပမယ့္ အေမမေရာင္းႏိုင္ဘူး”
ထိုစကားသည္ေမာင္တင္ဟန္၏ေမွ်ာ္လင့္ခ်က္မ်ားကိုဟန႔္တားလိုက္
သကဲ့သို႔ ရွိေလသည္။
“ဝယ္မလို႔ေမးတာမဟုတ္ပါဘူး – အေမရဲ႕။ ကြၽန္ေတာ္ကဒီကားကိုကူး ယူခ်င္တယ္။ ကြၽန္ေတာ္-အခုဆြဲေနတဲ့ ဆြဲလက္စအ႐ုပ္ကားကို ဒီပန္းခ်ီ ၾကည့္ၿပီးအသက္သြင္းေပးခ်င္တယ္။ ကြၽန္ေတာ္ကိုကူးခြင့္ျပဳမယ္ဟုတ္လား
အေမ”
“ေနာက္ေတာ့ – လူအမ်ားျမင္ေအာင္ ျပပြဲကိုတင္ဖို႔ဆိုပါေတာ့”
“ဟုတ္တယ္ – အေမ။ ျပပြဲကိုေတာ့ တင္မွာအမွန္ပဲ။ ဒါေပမဲ့ – ပုံစံက တျခားပါ။ တကယ္လို႔ ကေလးမ်က္ႏွာကို ၾကည့္တဲ့လူေတြက မွတ္မိတယ္
ထားဦး၊ အေမရဲ႕ဂုဏ္သိကၡာကို မထိခိုက္ပါဘူး။ ဒီ့ျပင္လည္း ဒီကားကိုငွား တဲ့အတြက္အေမလိုခ်င္သေလာက္ေတာင္းပါ- အေမ။ ကြၽန္ေတာ္မျငင္းပါ ဘူး၊ ေပးပါ့မယ္။ ၿပီးေတာ့ – ကြၽန္ေတာ့္လက္ထဲမွာရွိေနသမွ် ကြၽန္ေတာ့္ အသက္နဲ႔လဲၿပီးေစာင့္ေရွာက္ထားပါမယ္”
သို႔ေသာ္ ေမာင္တင္ဟန္သည္ သူ႔စကားမဆုံးမီ မိန္းမႀကီး၏ မ်က္ႏွာ ထားကို ျမင္ရသျဖင့္ မည္ကဲ့သို႔ေျဖဆိုမည္ကို သိႏွင့္ေလၿပီ။ “ဒီဟာေတာ့ အေမ မလိုက္ေလ်ာႏိုင္ဘူး-လူကေလးရယ္။ ဒီပန္းခ်ီ ကားကိုအေမ့မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ဘူး” “စဥ္းစားပါဦး – အေမ။ ကိစၥကလည္း ေငြရမယ္…” စကားမဆုံးမီ –
“ေငြ-ေငြ-ဘာေငြလဲ။ေငြဆိုတာရွိလည္းရွိဖူးပါၿပီ။ေနာက္ထပ္လည္း မလိုခ်င္ေတာ့ပါဘူး။ ေငြဟာ တျခားလူ အေပၚမွာသာ တန္ခိုးရွိမယ္၊ အေမ့ အေပၚမွာေတာ့ ဘာမွတန္ခိုးမရွိဘူး – ေမာင္ရဲ႕”
“ဒါျဖင့္လည္း အေမ့မ်က္စိေအာက္မွာပဲ ပုံၾကမ္းကူးယူပါရေစခင္ဗ်ာ” “ဒီလိုကူးဖို႔လည္း အခြင့္မျပဳႏိုင္ဘူး – လူကေလးရယ္။ အခု – မင္းကိုျပ တာေတာင္ အေမလြန္လွၿပီ။ ဒီကတၱီပါႀကီး ဖုံးထားတဲ့ေအာက္မွာ ဘာမွ မရွိသလိုပဲေအာက္ေမ့လိုက္ေပေတာ့”
သို႔ေျပာဆိုၿပီးေနာက္ မိန္းမႀကီးသည္ ပန္းခ်ီကားကို ကတၱီပါအဖုံးႏွင့္ အုပ္လိုက္ေလ၏။
“ကြၽန္ေတာ္ဟာ ေဆးအတတ္ကိုဝါသနာပါလွလို႔ သင္ေနတာမဟုတ္ ပါဘူး – အေမ။ကြၽန္ေတာ္ကပန္းခ်ီပညာမွာသာဝါသနာထုံတာပါ။ကြၽန္ေတာ္ ရဲ႕အသက္ဟာ အႏုပညာထဲမွာသာ ေနပါတယ္။ ဒီကားကိုၾကည့္ၿပီးဆြဲရရင္ ကြၽန္ေတာ္ရဲ႕ ဘဝခရီးေအာင္ျမင္မႈဟာ အထြတ္အထိပ္ေရာက္တာနဲ႔ အတူ တူပါပဲ။ ၿပီးေတာ့ – အေမကိုယ္တိုင္ ပန္းခ်ီဆရာတစ္ေယာက္ရဲ႕မိန္းမျဖစ္လို႔ ကြၽန္ေတာ္ရဲ႕ဆႏၵကို ကြၽန္ေတာ္ရဲ႕အသည္းႏွလုံးထိေအာင္ အေမ ျမင္ႏိုင္ပါ လိမ့္မယ္။ ဒီေလာက္ေတာင္ ေတာင္းပန္တာ ခြင့္ျပဳပါေတာ့-အေမ”
မိန္းမႀကီးသည္မ်ားစြာတုန္လႈပ္သြားဟန္ျဖင့္မ်က္ရည္မ်ားစို႔၍လာေလ
၏။ သို႔ေသာ္ ေျပာၿပီးစကားမ်ားကို မျပင္ေတာ့ေခ်။ သို႔ႏွင့္ ေနာက္ဆုံးတြင္ ေမာင္တင္ဟန္လည္း လက္ေလွ်ာ့ကာ ျပန္သြားရေလ၏။ သို႔ေသာ္ အိမ္ေရွ႕ ေလွကားမွ ဆင္းေသာအခါ၌ကား ေမာင္တင္ဟန္သည္ – “ဘာပဲျဖစ္ျဖစ္ – ဒီကားကိုေတာ့ ငါရေအာင္ယူမယ္” ဟုတီးတိုး႐ြတ္ဆိုသြားေလသည္။
ေနာက္တစ္ေန႔၌လည္းသူ၏ေတာင္းဆိုခ်က္မ်ားမွာအခ်ည္းႏွီးျဖစ္ခဲ့၏။ သို႔ႏွင့္အခ်ိန္ကုန္ခဲ့ရာေနာက္တစ္ေန႔တြင္ေမာင္တင္ဟန္သည္သူငယ္ခ်င္း တစ္ေယာက္ႏွင့္အတူလြစၥလမ္း(ယခုဆိပ္ကမ္းသာလမ္း)ထိပ္၊ဖေရဇာလမ္း
(ယခု အေနာ္ရထာလမ္း) ဘက္ရွိ ဟိုတယ္ဆိုင္တစ္ဆိုင္တြင္ ေန႔လယ္စာ စားလ်က္ရွိရာ ဖေရဇာလမ္းေပၚတြင္ ခါးပိုက္ႏႈိက္တစ္ေယာက္ကိုပုလိပ္မ်ား ဖမ္းမိသြားသျဖင့္ ထိုအေၾကာင္းမွစ၍ စကားစပ္မိလ်က္ သူငယ္ခ်င္းျဖစ္သူ
က-
“ဒါထက္ – စကားမစပ္ ဒီဟိုတယ္မွာ ဘ႑ာစိုးလုပ္တဲ့ ေသာင္းႀကိဳင္ ဆိုတဲ့အေကာင္ဟာ အရင္က သူခိုးဗ်၊ က်ဳပ္သိတယ္။ ဒါေပမဲ့ – အခုေတာ့ မလုပ္ေတာ့ပါဘူး။ ေကာင္းေကာင္းမြန္မြန္ လုပ္ကိုင္စားေနပါၿပီ”
“ဟုတ္လား- ဘယ္သူလဲ”
“က်ဳပ္တို႔စားပြဲကိုလာၿပီး ဘာစားၾကမလဲလို႔ေမးတဲ့ ေခါင္းတုံးဆံ ေတာက္နဲ႔လူေပါ့။ သူက ဒီဟိုတယ္မွာ ဘ႑ာစိုးလုပ္ေနတယ္။ ခါးပိုက္ႏႈိက္ တဲ့ေနရာမ်ားေတာ့ တကယ္လ်င္တဲ့ လူတစ္ေယာက္ဗ်ာ။ က်ဳပ္ ဓာတ္သိဗ်။ အခုေတာ့ မလုပ္ေတာ့ပါဘူး။ ဒါေပမဲ့ – အေပ်ာ္လုပ္ျပစမ္းပါဆိုၿပီး ဘရန္ဒီ တစ္ခြက္ေလာက္တိုက္လိုက္ရင္ဘယ္သူ႔အိတ္ထဲကပိုက္ဆံအိတ္ကိုႏႈိက္ျပ ရမလဲျပမယ္။ ဘယ္သူ႔အိတ္မွာထိုးထားတဲ့ေဖာင္တိန္ကိုလိုခ်င္သလဲယူျပ မယ္။ အဲဒီေလာက္လ်င္တဲ့အေကာင္ဗ်ာ”
“ဒါျဖင့္ – က်ဳပ္နဲ႔ မိတ္ဖြဲ႕ေပးစမ္းဗ်ိဳ႕ “ေကာင္းၿပီ-က်ဳပ္ေခၚလိုက္မယ္”
ထို႔ေနာက္ေမာင္တင္ဟန္၏သူငယ္ခ်င္းသည္ေသာင္းႀကိဳင္ႏွင့္ေမာင္
တင္ဟန္တို႔အား မိတ္ေဆြဖြဲ႕ေပးၿပီးေနာက္ ဟိုတယ္မွ ေရွးဦးစြာ ထြက္သြား ေလ၏။ ေမာင္တင္ဟန္သည္ ေသာင္းႀကိဳင္အတြက္ ဘရန္ဒီတစ္ခြက္ မွာ ၿပီးလွ်င္ ဘိစတိတ္ အေၾကာ္စုံတို႔ႏွင့္ ျမည္းေစလ်က္-
“ဒါျဖင့္ – ကိုေသာင္းႀကိဳင္ဟာ ၿမိဳ႕ေပၚက သူခိုးေတြ ခါးပိုက္ႏႈိက္ေတြကို ေကာင္းေကာင္းသိမွာေပါ့”
“သိပါတယ္ – ဆရာက ဘာကိုလိုခ်င္လို႔လဲ”
“က်ဳပ္ဖြင့္ေျပာေတာ့မယ္ – ကိုေသာင္းႀကိဳင္။ က်ဳပ္မွာ ကိစၥကေလး တစ္ခု ရွိေနတယ္ဗ်။ ဒါေၾကာင့္ – သင့္ေတာ္မယ့္လူတစ္ေယာက္ကို ခင္ဗ်ား ကၫႊန္ေစခ်င္တယ္ဗ်ာ” “ဓားျပတိုက္ရမယ့္ကိစၥလား – ဆရာရဲ႕”
“ဟာ – မဟုတ္တာပဲ။ က်ဳပ္လိုခ်င္တာကခိုးရမယ့္အလုပ္ကိုႏိုင္ႏိုင္နင္း နင္းလုပ္မယ့္လူတစ္ေယာက္လိုခ်င္တာဗ်။ကိုင္းေလ – ခင္ဗ်ားကိုေတာ့က်ဳပ္ ဖြင့္ေျပာေတာ့မယ္။ ဒီလိုဗ်ာ- က်ဳပ္ မိတ္ေဆြတစ္ေယာက္မွာ အင္မတန္ ေကာင္းတဲ့ ပန္းခ်ီကားတစ္ခ်ပ္ရွိေနတယ္ဗ်။ အဲဒါကို က်ဳပ္က ကူးယူခ်င္ တယ္။ဒီမိန္းမႀကီးကေရာင္းလည္းမေရာင္းဘူး။ငွားလည္းမငွားဘူး။ဒီေတာ့
က်ဳပ္ကိုတနဂၤေႏြတစ္ပတ္ေလာက္ျဖစ္ေစ၊ ႏွစ္ပတ္ေလာက္ျဖစ္ေစဒီပန္းခ်ီ ကားကို ခိုးေပးေစခ်င္တယ္။ ေနာက္ေတာ့ – က်ဳပ္ျပန္ထားမွာပဲ”
“ဒါျဖင့္လည္းေကာင္းသားပဲ။ ဒီကားကိုေတာ့ ဆရာ တစ္ခါတည္းလစ္ မသြားဘူးမဟုတ္လား။ ကြၽန္ေတာ္တို႔ကအသင္းနဲ႔ – ဆရာရဲ႕။ ကြၽန္ေတာ္တို႔ အသင္းက သစၥာရွိတယ္။ မဟုတ္တာလည္းမလုပ္ဘူး။ ကြၽန္ေတာ့္အတြက္ ဆိုရင္ေတာ့ ဆရာ ေငြဘယ္ေလာက္ပဲေပးေပး မလုပ္ေတာ့ဘူး။ ၿပီးေတာ့ တစ္ခုရွိေသးတယ္။ မေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႔သာ ဆရာလာမယ္ဆိုရင္
ကြၽန္ေတာ့္ကို မိတ္ဖြဲ႕တာ ဆရာမွားၿပီ။ ဆရာ့ကို ဘယ္သူ႔ဆီကိုမွ မၫႊန္ျပ
ႏိုင္ဘူး”
“ဒီအတြက္ေတာ့ မစိုးရိမ္ပါနဲ႔ဗ်ာ။ ဥစၥာရွင္ကိုယ္တိုင္က သည္ေလာက္ တန္ဖိုးထားတဲ့ပစၥည္းကိုက်ဳပ္ကလည္းအပိုင္မယူခ်င္ပါဘူး။ က်ဳပ္ကလက္ ရာကို ကူးယူ႐ုံပဲ ယူခ်င္ပါတယ္။ ဒီျပင္ေတာ့ ဘာမွမလုပ္ဘူး။ ဒါေၾကာင့္ ဒီအလုပ္ကို သစၥာရွိရွိ ကတိတည္တည္နဲ႔ ႐ိုးသားစြာလုပ္ေပးႏိုင္တဲ့ လူတစ္ ေယာက္ကိုက်ဳပ္လိုခ်င္တာပါ”
“ဒီလိုဆိုရင္ေတာ့ ရွိပါတယ္ -ဆရာ။ ကာဏာရိဋ္ဆိုတဲ့အေကာင္ဟာ ဒီအလုပ္မ်ိဳးမွာ ဂ်င္ေပါ့။ ၿပီးေတာ့ – ဆရာေျပာတဲ့အတိုင္း အလုပ္က လြယ္ရဲ႕ ေနာ္။ ဘာမွဒုကၡေတာ့ မေရာက္တန္ရာပါဘူး”
“ဘာအေႏွာင့္အယွက္မွမရွိပါဘူးဗ်ာ။ စိတ္ခ်ပါ။ လုပ္ရမယ့္ အလုပ္က လည္းလြယ္လိုက္တာလြန္ပါေရာ။ အခန္းမွာမိန္းမႀကီးတစ္ေယာက္တည္း ေနတာဗ်။ ၿပီးေတာ့ – ေကာင္းေကာင္းလည္း မမာဘူး။ တံခါးကလည္း မလုံ႔ တလုံနဲ႔ လက္တစ္ဖက္နဲ႔ တြန္းဖြင့္ၿပီးေတာင္ ဝင္ႏိုင္ပါတယ္”
“ကိုင္း – ဒါျဖင့္ဒီေန႔ညေန(၅)နာရီတိတိမွာပန္းဆိုးတန္းဒီဘက္ေထာင့္ က ဆရာေစာင့္ေပေတာ့။ ကြၽန္ေတာ္ ဆက္ဆက္လာခဲ့မယ္”
ထိုေန႔ ညေန၌ ေသာင္းႀကိဳင္သည္ ေဆးေက်ာင္းသားေမာင္တင္ဟန္ အား ေက်ာက္ေျမာင္းရပ္ရွိ အလြန္ေခ်ာင္က်ေသာ ေနရာတစ္ခုသို႔ ေခၚသြား ၿပီးလွ်င္လူတစ္ေယာက္ႏွင့္ေတြ႕ဆုံမိတ္ဖြဲ႕ေပးေလရာထိုသူမွာ“ကာဏာရိဋ္”
ဆိုသူပင္ျဖစ္ေလသည္။ ေသာင္းႀကိဳင္ျပန္သြားေသာအခါေမာင္တင္ဟန္က
လက္ဖက္ရည္ဖိုးဟုဆိုကာေငြစကၠဴ(၁၀)တန္သုံးခ်ပ္ေသာင္းႀကိဳင္၏အိတ္
ထဲသို႔ ထည့္လိုက္ေသး၏။
ေမာင္တင္ဟန္သည္ကာဏာရဋ္၏မ်က္ႏွာကိုတစ္ခ်က္မွ်လွမ္း၍ၾကည့္
လိုက္ၿပီးေနာက္-
“ငါ – ဒီမ်က္ႏွာမ်ိဳးကို ျမင္ဖူးပါတယ္။ ဘယ္မွာျမင္ဖူးပါလိမ့္မလဲ”
ဟုအတန္ၾကာစဥ္းစားလ်က္ရွိ၏။ သို႔ေသာ္စဥ္းစား၍မရသျဖင့္ေနာက္
ဆုံးလက္ေလွ်ာ့လိုက္ရေလသည္။ေမာင္တင္ဟန္ကကာဏာရိဋ္အားမိတ္ဖြဲ႕ စကားေျပာၾကားၿပီးေနာက္ မည္သည့္လမ္း၊ မည္သည့္ေနရာ၊ မည္သည့္ ေလွကားမွတက္ရမည့္အေၾကာင္း၊ အခန္းရွင္မွာေကာင္းစြာမက်န္းမာေသာ မိန္းမႀကီးတစ္ေယာက္ျဖစ္၍ ပန္းခ်ီကားကို သူ၏အိပ္ရာေခါင္းရင္းရွိ စင္ ေပၚတြင္ ကတၱီပါဖုံးအုပ္ထားေၾကာင္း၊ ထိုကားကိုယူၿပီးလွ်င္ ထိုေနရာတြင္ ကန႔္သတ္သည့္ ရက္အတြင္း၌ ဆက္ဆက္ျပန္ေပးပါမည္ဆိုေသာ စာတစ္ ေစာင္ကို ထားခဲ့ရမည္ျဖစ္ေၾကာင္း၊ တံခါးမွာ ပ်က္ေနသျဖင့္ ကန႔္လန႔္ကို အျပင္မွ လြယ္လင့္တကူ ႏုတ္ယူႏိုင္ေၾကာင္းျဖင့္ စိတ္ရွည္လက္ရွည္ ေျပာ ျပလ်က္ရွိေလ၏။ ကာဏာရိဋ္က ေမာင္တင္ဟန္ စကားကို နားေထာင္ၿပီး ေနာက္-
“ဥစၥာရွင္က မိန္းမႀကီး၊ ဟုတ္စ”
“ဟုတ္ပါတယ္- ၿပီးေတာ့လည္းေကာင္းေကာင္းမမာရွာပါဘူး”
“ငွားရင္ မရဘူးလား – ဆရာ။ မိန္းမႀကီးလည္း ျဖစ္ျပန္၊ ဆင္းလည္း ဆင္းရဲျပန္ေတာ့ ေငြေပးရင္ ငွားမွာေပါ့ – ဆရာရဲ႕။ ခက္တာက တကယ္လို႔ မိန္းမႀကီးက ေအာ္မယ္၊ ခုခံမယ္ဆိုရင္ ကြၽန္ေတာ္က စိတ္ျမန္ျမန္နဲ႔ ထင္မိ ထင္ရာ လုပ္မိမွာစိုးတယ္ – ဆရာ”
“ဒီလိုဗ်ာ – ခင္ဗ်ာ့ဆီကို က်ဳပ္လာတာဟာ ေနာက္ဆုံး မတတ္ႏိုင္တဲ့ အဆုံးက်မွ လာတာပဲ။ ငွားဖို႔ဆိုတာေတာ့ – ဒီပန္းခ်ီကားကို ဘယ္နည္းနဲ႔မွ မငွားဘူး။ ငွားဖို႔ေနေနသာသာ သူ႔မ်က္စိေအာက္မွာေတာင္ ကူးဖို႔အခြင့္ မျပဳဘူးဗ်။ဒါေပမဲ့-က်ဳပ္ကအၾကမ္းပတမ္းလုပ္တာေတာ့ သေဘာမတူႏိုင္ ဘူးဗ်ိဳ႕။ ဘယ္နည္းနဲ႔မွ နာေအာင္ က်င္ေအာင္ေတာ့ မလုပ္ပါနဲ႔ဗ်ာ။ ဒီေတာ့ ခင္ဗ်ားစိတ္ခင္ဗ်ားႏိုင္မႏိုင္ကို မလုပ္ခင္ စဥ္းစားစမ္းပါဦး” တစ္ခဏမွ် စဥ္းစားၿပီးေနာက္-
“ကိုင္းဗ်ာ – လုပ္မယ္၊ ခင္ဗ်ား ဘယ္ေလာက္ေပးမလဲ”
“သုံးရာဗ်ာ – ေတာ္ေလာက္ၿပီမဟုတ္လား”
“ေတာ္ပါၿပီ – ခင္ဗ်ားလိပ္စာရယ္၊ အ႐ုပ္ကားေနရာမွာ ထားပစ္ရမယ့္ စာရယ္သာ က်ဳပ္ကို ေပးေပေတာ့။ ဒီကေန႔ (၂)နာရီထိုးမွာ အ႐ုပ္ကားကို ခင္ဗ်ားလက္ထဲအပ္မယ္။ ခင္ဗ်ားအိမ္ကေနၿပီးေငြနဲ႔သာအဆင္သင့္ေစာင့္ ေနေပေတာ့”
“စိတ္ခ်ပါဗ်ာ၊ က်ဳပ္ေစာင့္ေနပါ့မယ္။ ေရာ့ – စရန္တစ္ရာယူသြား”
အထက္ပါ ပုံဝတၳဳကေလးကဲ့သို႔ အေၾကာင္းမ်ားကို ေျပာျပၿပီးေနာက္ ကာဏာရဋ္က ဆက္လက္၍-
“ဒါနဲ႔ – ကြၽန္ေတာ္လည္း ဒီမိန္းမႀကီး အခန္းေရာက္ေအာင္ ဘယ္က တက္ရတယ္၊ေလွကားဟာ ဘယ္ႏွခ်ိဳးရွိတယ္၊ အလယ္ထပ္မွာ ဘယ္သူေန တယ္၊ေအာက္ဆုံးထပ္မွာဘယ္သူရွိတယ္၊ခိုဖို႔ေမွာင္ရိပ္က ဘယ္မွာရွိတယ္ ဆိုတဲ့အေၾကာင္းေတြကိုခေရေစ့တြင္းက်သူ႔ဆီကေမးၿပီးည(၁၁)နာရီေက်ာ္ ေက်ာ္မွာ လမ္း(၄၀)ထဲကိုဝင္ၿပီး အသြားအျပန္ ဒီတိုက္ကို ေလွ်ာက္ၾကည့္
တယ္။
ၾကည့္ၿပီး(၁၂)နာရီလည္းထိုးလို႔လူေျခလည္းတိတ္ေရာဒီတိုက္နဲ႔မ်က္ ႏွာခ်င္းဆိုင္ျပင္ေနတဲ့တိုက္ပ်က္တစ္လုံးေအာက္ကိုဝင္ၿပီးကပ္တယ္။ တစ္ နာရီလည္းထိုးေရာ သူေျပာတဲ့ေလွကားအတိုင္း တိုက္ေပၚကို တက္ပါေလ ေရာ – ဦးေလးရယ္။ ဒီလိုရွင္းရွင္းလင္းလင္းတက္ရတဲ့ေလွကားမေျပာနဲ႔အင္ မတန္ရႈပ္တဲ့ (၅)ထပ္တိုက္ေလွကားႀကီးေတြေတာင္ တက္လာေသးတာ ဒီေလွကားေလာက္ ဘာအေရးႀကီးသလဲ”
“ဒါနဲ႔ – အေပၚဆုံးထပ္ေရာက္ေတာ့မိန္းမႀကီးအခန္းကဘာသံမွမၾကား ရဘူးခင္ဗ်။ ဒါနဲ႔ – ကြၽန္ေတာ္လည္းေမွာင္ရိပ္ခိုၿပီးတံခါးဆီကိုတျဖည္းျဖည္း ကပ္သြားေတာ့ – လား-လား- တံခါးဟာ အထဲက ကန႔္လန႔္မထိုးဘူး ခင္ဗ်။ ေဘာက္ခ်ိတ္ကေလးနဲ႔အတြင္းကခ်ိတ္႐ုံပဲခ်ိတ္ထားတာေတြ႕ရတယ္။တံခါး
ကေခ်ာင္ၿပီးတစ္လက္မေလာက္ဟ.ေနေတာ့အထူးဖြင့္ေနစရာမလိုေတာ့
ပါဘူး ခင္ဗ်။ လက္ညႇိဳးကေလးနဲ႔ အျပင္ဘက္ကေနၿပီး အသာမ,လိုက္႐ုံနဲ႔ ပြင့္သြားေတာ့တာပါပဲ။ ေနာက္- ကြၽန္ေတာ္လည္း တံခါးနားကပ္ၿပီး သူခိုး ထုံးစံအတိုင္း အိမ္ထဲကလူ အိပ္,မအိပ္ နားေထာင္တာကိုး ခင္ဗ်။ အသက္ မွန္မွန္ျပင္းျပင္းရႉၿပီး ေနသံၾကားရေတာ့ အခန္းထဲမွာ လူအိပ္ေမာက်ေနၿပီ ဆိုတာ သိရတာပါပဲ”
“ဒါနဲ႔ – ကြၽန္ေတာ္လည္း အခန္းထဲ ေျခဖ်ားေထာက္ ဝင္တာကိုးခင္ဗ်။ ခုတင္ေပၚမွာမိန္းမႀကီးတစ္ေယာက္ဟိုဘက္လွည့္ၿပီး အိပ္ေနတာရယ္။ သူ႔ ေခါင္းရင္းက စင္ေပၚမွာ အဝတ္နက္တစ္ခုနဲ႔အုပ္ထားတဲ့ အ႐ုပ္ကားဆိုတာ ရယ္ ျမင္ရတာပါပဲ ခင္ဗ်ာ”
“ျမင္ရတယ္ဆိုတာက ဒီလို – ဦးေလးရယ္။ လကေလးကလည္း သန္း ေခါင္ေလာက္ထြက္အလာတိုက္နံေဘးျပတင္းေပါက္ေပၚကေလဝင္ေပါက္ မွန္ကဝင္ၿပီးလာတဲ့မလင္းတလင္းအေရာင္ကေလးနဲ႔ျမင္ရတာေပါ့ဦးေလး
ရယ္။ ၿပီးေတာ့ – ကြၽန္ေတာ့္မ်က္စိကလည္း ေမွာင္ထဲမွာ သူမ်ားထက္ ပိုျမင္ ႏိုင္တယ္။ ဒီအေၾကာင္းလည္း ဦးေလးကို ေျပာရဦးမွာေပါ့။ ေနာက္-ကြၽန္ ေတာ္လည္း အ႐ုပ္ကားရွိတဲ့ေနရာေရာက္ေအာင္ ေျခဖ်ားေထာက္သြား၊ အ႐ုပ္ကားယူ၊ ကြၽန္ေတာ့္အိတ္ထဲကစာကေလးႏႈိက္ၿပီး အ႐ုပ္ကားထားတဲ့ ေနရာ ခ်ထားခဲ့တာေပါ့- ဦးေလးရယ္”
“အင္း – အသက္တဖ်ားလုပ္ရတဲ့အလုပ္ပဲေဟ့။ ဦးေလးျဖင့္ သုံးရာမက သုံးေထာင္ပဲရရ မလုပ္ဝံ့ပါဘူးကြယ္။ လူေတြအိပ္ေနတဲ့ အိပ္ခန္းထဲ ဝင္႐ုံနဲ႔ ဦးေလးျဖင့္ ရင္တုန္လွၿပီ”
“ကြၽန္ေတာ္ကေတာ့ အစရွိေနၿပီကိုး – ဦးေလးရဲ႕။ နည္းနည္းကေလးမွ မေၾကာက္ေတာ့ဘူး။မိန္းမတစ္ေယာက္အိပ္ေနတာမေျပာနဲ႔၊ေယာက္်ားႀကီး (၁၀)ေယာက္အိပ္ေနပါေစ- ကြၽန္ေတာ္ဝင္ဝံ့ပါတယ္”
“ကိုင္း – ဆက္စမ္းပါဦး”
“ဒါနဲ႔ – စင္ေပၚမွာ စာ႐ြက္ေခါက္ကေလး ခ်ထားခဲ့ၿပီးေနာက္ကိုလည္း တစ္လွမ္းျပန္ဆုတ္လိုက္ေရာမိန္းမႀကီးဟာ အိပ္ရာကတစ္ခါတည္းလန႔္ႏိုး
ၿပီးအိပ္ရာေပၚမွာငုတ္တုတ္ထိုင္ေနရက္သားျဖစ္ေနၿပီကိုးခင္ဗ်။
ကြၽန္ေတာ္
လည္း အခန္းအလယ္ေလာက္ေရာက္လာေရာ မိန္းမႀကီးဟာ ကြၽန္ေတာ့္ အေပၚခုန္အုပ္လိုက္ၿပီးအ႐ုပ္ကားကိုတစ္ခါတည္းလုတာပါပဲခင္ဗ်ာ။ ပါးစပ္
ကလည္း-
“ငါ့ပန္းခ်ီကားေပး- သူခိုး – သူခိုး”
ဆိုၿပီးေအာ္ေတာ့တာပါပဲ ခင္ဗ်ာ။ ဒီေတာ့ ကြၽန္ေတာ္က- “လႊတ္-လြတ္-အမယ္ႀကီး- ဓားထိုးခံခ်င္လား – လႊတ္စမ္း”
ဆိုၿပီး ႐ုန္း၊ သူကလည္း ေအာ္ေပါ့ခင္ဗ်ာ။ ဒီေတာ့ – ကြၽန္ေတာ္လည္း စိတ္ထြက္လာၿပီး ကိုင္း – ေသေပေတာ့ဆိုၿပီး ခါးထဲက ဓားေျမႇာင္ဆြဲႏုတ္ၿပီး တစ္ခ်က္တည္းရင္ဝကိုစိုက္လိုက္တာမိန္းမႀကီးလည္းၾကမ္းျပင္ေပၚလဲက်
သြားတာပါပဲ။ အဲဒီလိုလဲလို႔ ကားေပါင္ေပၚအုပ္ထားတဲ့အဝတ္ျပဳတ္က်သြား ေတာ့ ကြၽန္ေတာ္လည္း အိတ္ထဲပါလာတဲ့ လက္ႏွိပ္ဓာတ္မီးအငယ္စား ကေလးႏွင့္ အ႐ုပ္ကားကို ထိုးၾကည့္လိုက္တဲ့အခါ ပန္းခ်ီကားကိုလည္း ျမင္ ရေရာတစ္မိနစ္အတြင္းကြၽန္ေတာ့္ဘဝဟာစိတ္ထဲမွာအလိုလိုေျပာင္းသြား ၿပီးဟိုငယ္ငယ္ကအျဖစ္ေတြဟာမ်က္စိထဲတစ္ခါတည္းေပၚလာေတာ့တာပါပဲ
ဦးေလးရယ္။ ကားေအာက္က ေရးထားတဲ့ စာကို ျမင္လိုက္ျပန္ေတာ့ – “အင္း – ဘအုံး – ဘအုံး – ေခြးထက္မိုက္တဲ့ – ဘအုံး – နင္ေတာ့ အမွား
ႀကီးမွားၿပီ”
ဆိုၿပီးေမေမ့ကိုတစ္ခါတည္း ေပြ႕ယူလိုက္မိတယ္။
“ဪ- ဒီမိန္းမႀကီးက မင္းအေမလား”
“ကြၽန္ေတာ့္အေမေပါ့- ဦးေလးရယ္။ ႐ုပ္ပုံကားကအေဖဟာကြၽန္ေတာ္ (၇)ႏွစ္သားအ႐ြယ္ကကြၽန္ေတာ့္ကိုပုံတူဆြဲထားတဲ့ကားပဲ။ ဘအုံးဆိုတာက ကြၽန္ေတာ့္ငယ္နာမည္ေပါ့ – ဦးေလးရဲ႕”
“ျဖစ္မွျဖစ္ရ- ေမာင္ေပၚလြင္ရယ္။ တိုက္ဆိုင္မွ တိုက္ဆိုင္တတ္လြန္း လွတယ္ကြယ္”
“ေက်းဇူးရွင္အစစ္ကို ျပစ္မွားမိလို႔လည္း သန္ဘက္ခါ မနက္ကို ႀကိဳး စင္တက္ရေတာ့မွာပဲ – ဦးေလးရဲ႕။
တစ္ခါကလည္းကြၽန္ေတာ့္ဦးေလးအရင္း
အိမ္ဝင္ခိုးမိလို႔မမိတန္ဘဲနဲ႔မိရၿပီးေထာင္တစ္ႏွစ္က်ခဲ့တာဦးေလးသိၿပီးသား
ပဲ။ အဲဒါနဲ႔ – အေမ့ကိုေပြ႕ထားတဲ့အခ်ိန္မွာပဲေအာက္ထပ္ကတက္လာတဲ့လူ
သံေတြေရာ၊ ၾကတာပါပဲ-ဦးေလးရယ္။ ကြၽန္ေတာ္လည္းစကားရွည္မွာစိုးတာနဲ႔တစ္ခြန္း မွျပန္မေျပာဘူး။ ပစၥည္းခိုးရေအာင္လာရင္းလူႏိုးတာနဲ႔ဓားနဲ႔ထိုးသတ္မိတဲ့ အေၾကာင္း တည့္တည့္ႀကီး ဝန္ခံလိုက္တယ္။ ကြၽန္ေတာ့္အေမလည္း ကြၽန္ ေတာ့္လက္ေပၚမွာပဲ အသက္ေပ်ာက္သြားရွာတယ္။ ေသတဲ့မိန္းမႀကီးဟာ သူခိုးတစ္ေယာက္ရဲ႕အေမပါကလားဆိုၿပီးကြၽန္ေတာ့္အတြက္နဲ႔ေသတဲ့လူရဲ႕ ဂုဏ္ကိုထိခိုက္မွာစိုးတာနဲ႔ကြၽန္ေတာ့္အေမပါရယ္လို႔ကြၽန္ေတာ္အစစ္မခံခဲ့
ေျခသံေတြေရာၾကားရၿပီးခ်က္ခ်င္းလိုပဲကြၽန္ေတာ့္ကိုဝိုင္းဖမ္း
ဘူး ခင္ဗ်”
“အင္း – ေမာင္ေပၚလြင့္အမႈကစဥ္းစားၾကည့္ေလ၊တကယ္ေၾကကြဲစရာ ေကာင္းေလပါကလား- ေမာင္ေပၚလြင္ရယ္”
“ကိုယ့္အေမရင္းကိုကိုယ္မသိလို႔ဓားနဲ႔ထိုးသတ္မိတယ္-ထားဦးေလ။
ေသၿပီးတဲ့ေနာက္ အေမရယ္လို႔ေတာင္ ဖြင့္ၿပီးမင္ဝံ့တဲ့ဘဝမ်ိဳးပဲ- ဦးေလးရဲ႕။ ဒီအပူကို ကြၽန္ေတာ္ က်ိတ္မွိတ္ၿပီးခံခဲ့တာ သန္ဘက္ခါ မနက္က်ရင္ေတာ့ ဝဋ္ကြၽတ္ပါၿပီ – ဦးေလးရယ္”
“အင္း- တရားနဲ႔သာ ေျဖပါေတာ့ – ေမာင္ေပၚလြင္။ လြန္မိတဲ့ကိစၥကို ေနာင္တရေနလို႔ ကိုယ့္မွာသာ အကုသိုလ္ပြားေတာ့မွာပဲ”
“ၿပီးေတာ့ – အခုလိုႀကိဳးေပးခံရၿပီးႀကိဳးနဲ႔ေသရတာဟာ ကြၽန္ေတာ့္စိတ္ ထဲမွာေတာ့တစ္မ်ိဳးဝမ္းသာတယ္- ဦးေလးေရ၊ ႀကိဳးစင္ေပၚတက္ရမွာနည္း
နည္းကေလးမွ ကြၽန္ေတာ္ျဖင့္မေၾကာက္ဘူး”
“ဘာျဖစ္လို႔လဲ”
“လည္ပင္းမွာႀကိဳးတပ္ၿပီးေသရတာဟာအေသဆိုးေသရတဲ့အထဲမွာ အသက္သာဆုံးေသျခင္းေပါ့ – ဦးေလးရဲ႕။ ကြၽန္ေတာ္ႀကီးရင္ အေသဆိုးနဲ႔ ေသရလိမ့္မယ္လို႔ ေဗဒင္က ေဟာဖူးတယ္။ ဒါေၾကာင့္ – ဓားနဲ႔ေသရမွာ၊ ေသနတ္နဲ႔ ေသရမွာ၊ အဆိပ္ေသာက္ေသရမွာမ်ား ကြၽန္ေတာ္ျဖင့္ သိပ္ ေၾကာက္တာပဲ”
“အတူတူပဲေနပါလိမ့္မယ္ထင္ပါရဲ႕ကြယ္”
“မဟုတ္ဘူး-ဦးေလး။ ေဝဒနာခံစားရတဲ့ေနရာမွာ ဒါဟာ အသက္သာ ဆုံးနဲ႔ အျမန္ဆုံးနည္းပဲ။ အလြန္ဆုံးခံရလွရင္ ႏွစ္မိနစ္ေပါ့ – ဦးေလးရယ္။ ဒါထက္- ကြၽန္ေတာ္ ဘာေၾကာင့္ သူခိုးျဖစ္လာတဲ့အေၾကာင္း စကားဆက္ ရဦးမယ္။ အခ်ိန္ရွိပါေသးရဲ႕ေနာ္”
“အင္း- ငါးမိနစ္ေလာက္ေတာ့ က်န္ပါေသးတယ္။ ေထာင္ျပာတာ မလာေသးပါဘူး”
“ကြၽန္ေတာ့္ကို ဘာျဖစ္လို႔ ကာဏာရဋ္လို႔ေခၚၾကသလဲ-ဦးေလး” “မင္းကလဲကြယ္ – အသိသားနဲ႔ေမးေနရေသးသလား။ မင္းမ်က္စိတစ္ ဖက္လပ္ေနလို႔ေပါ့ကြယ့္”
ေမာင္ေပၚလြင္သည္ သူ၏မ်က္ႏွာကို လမ္းၾကားတြင္ ထြန္းထားေသာ မီးအိမ္အလင္းေရာင္ဘက္သို႔လွည့္ၿပီးလွ်င္လက္ဝဲဘက္မ်က္လုံးကို လက္ ႏွစ္ဖက္ျဖင့္ ၿဖဲၿပီးေနာက္ –
“ေဟာဒီဘက္မ်က္လုံးကိုဦးေလးေသေသခ်ာခ်ာၾကည့္စမ္း – ဘာျမင္
ရသလဲ”
ကြၽႏ္ုပ္လည္း ေသခ်ာစြာၾကည့္ရႈရာ အေပၚမွ မ်က္ခြံမွာ ေစ့လုမတတ္ ပိတ္၍ေနေသာ္လည္းေအာက္၌မူအနက္လုံးကေလးတစ္လုံးကိုေတြ႕ျမင္ရ ေလ၏။ ၎မွာ လူ၏မ်က္လုံးေလာက္ မႀကီးေသာ္လည္း နက္ေျပာင္၍ အေရာင္ေတာက္ၿပီးလွ်င္ မ်က္ဆံကဲ့သို႔ အျဖဴေၾကာင္းကေလးတစ္ခုသည္ အထက္ႏွင့္ေအာက္ေထာင္လ်က္ရွိေလသည္။
“ဘာျမင္ရသလဲ – ဦးေလး”
“မင့္ဥစၥာ မ်က္စိမွမပ်က္ဘဲ၊ မ်က္လုံးကေလးက အေကာင္းလိုျမင္ရ တယ္”
မဟုတ္ဘူး”
“အေကာင္းေတာ့အေကာင္းေပါ့- ဦးေလးရဲ႕။ ႏို႔ေပမဲ့- လူမ်က္လုံးေတာ့
“မင္းေျပာတာ
ငါေကာင္းေကာင္းနားမလည္ေသးပါဘူးကြယ္”
“လူမ်က္လုံးမဟုတ္ဘူး- ဦးေလးရဲ႕၊ ေၾကာင္မ်က္လုံး တပ္ထားတာ”
“ဘာကြယ့္”
“ေက်ာက္ေပါက္ၿပီး ကြၽန္ေတာ့္မ်က္လုံး ပ်က္သြားတုန္းက ကြၽန္ေတာ့္ ကိုေဆးကုတဲ့ ဆရာႀကီးက ေၾကာင္တစ္ေကာင္ရဲ႕ မ်က္လုံးကို တပ္ေပးခဲ့
တယ္”
“မဟုတ္ႏိုင္တာကြယ္”
“ဟုတ္တာေပါ့ – ဦးေလးရယ္။ ကြၽန္ေတာ္ေက်ာက္ေပါက္တုန္းက လားရႈိးနားက႐ြာတစ္႐ြာမွာကြၽန္ေတာ္ေရာက္ေနတယ္။ကြၽန္ေတာ့္ကိုေဆး ကုတာကရွမ္းဆရာႀကီးနဲ႔တူပါတယ္။ ဒါနဲ႔ – ကြၽန္ေတာ့္မ်က္လုံးထဲေက်ာက္
ဝင္ေပါက္ၿပီးမ်က္လုံးပ်က္သြားတဲ့ေနာက္တစ္ေန႔မွာပဲ.. “မင္းကိုငါမ်က္လုံးအသစ္ ငါထည့္ေပးမယ္”
ဆိုၿပီး ကြၽန္ေတာ့္ကို ႐ြာကအေတာ္ေဝးတဲ့ ေတာစပ္တစ္ခုေခၚသြား ဦးေလးရဲ႕။ အဲဒီေတာထဲေရာက္ေတာ့နဘူးခ်ဳံတစ္ခ်ဳံေအာက္မွာသူကလက္ ညႇိဳးထိုးျပလို႔ၾကည့္လိုက္ေတာ့ေၾကာင္ေသတစ္ေကာင္ျမင္ရတယ္။ ေၾကာင္ ကေသတာၾကာၿပီနဲ႔တူပါတယ္-ဦးေလးရယ္။ေခါင္းခြံနဲ႔အ႐ိုးေလာက္ပဲက်န္
ပါေတာ့တယ္။ ဒါနဲ႔ – ဆရာႀကီးကေၾကာင္ေသေကာင္ကိုေတာင္ေဝွးနဲ႔ခ်ိတ္ ဆြဲၿပီး အျပင္ထုတ္လိုက္ေတာ့ ေခါင္းခြံက မ်က္လုံးအိမ္ထဲမွာ မ်က္လုံးတစ္ ဖက္ အေကာင္းအတိုင္း မ်က္ေတာင္ခတ္ေနတာကြၽန္ေတာ္ျမင္ရတယ္။
ဒီေတာ့ – ဆရာႀကီးလည္း သူ႔အိတ္ထဲမွာပါတဲ့ေဆးပုလင္းထဲက ေဆး ရည္ကို အဲဒီေၾကာင္မ်က္လုံးအိမ္ထဲ ေလာင္းထည့္လိုက္ၿပီး တစ္ခါတည္း မ်က္လုံးကိုဓားနဲ႔ ေကာ္ထုတ္ယူတာပါပဲ။ ဒီေနာက္ – အိမ္က်ေတာ့ဒီေၾကာင္ မ်က္လုံးကို ေဆးရည္စိမ္ၿပီး ကြၽန္ေတာ့္မ်က္လုံး ေပါက္သြားတဲ့ေနရာမွာ အစားသြင္းေပးလိုက္တာကိုး- ဦေလးရဲ႕”
“တယ္လည္းထူးဆန္းပါကလား- ေမာင္ေပၚလြင္”
“ဟုတ္ကဲ့ -ကြၽန္ေတာ္ေတာ့ကိုယ္ေတြ႕ပဲ-ဦးေလးေရ” “အဲဒီလို အစားသြင္းလို႔ ျဖစ္ကဲ့လားကြယ့္။ အေနရ မခက္ဘူးလား”
“ပထမေတာ့ ေအာင့္သက္သက္နဲ႔ အေတာ္အေနရ က်ပ္တာေပါ့ ဦးေလးရယ္။ ဒါေပမဲ့ – သူေဆးထည့္ေပးၿပီးကြၽန္ေတာ့္မ်က္လုံးတစ္ဖက္ကို အဝတ္နဲ႔ (ရ)ရက္စည္းေပးတာ။ ေနာက္ေတာ့ – ဘာမွမျဖစ္ေတာ့ပါဘူး” “အင္း- ဒါလည္းေၾကာင္ဦးေခါင္းမွာရွိတဲ့အျမဳေတေပါ့ကြယ္။ အျမဳေတ ဆိုတာဆင္မွာရွိတယ္၊ဝက္မွာရွိတယ္၊ နဂါးမွာရွိတယ္၊ လူမွာရွိတယ္၊ ခ်ိဳးမွာ ရွိတယ္၊ေၾကာင္မွာရွိတယ္-အမ်ိဳးမ်ိဳးေပါ့။ေနပါဦး-ဒါက ဘယ္လိုစြမ္းသလဲ
ေမာင္ေပၚလြင္ရဲ႕
“ဆရာႀကီး ေျပာလိုက္တာကေတာ့ ဒီေၾကာင္မ်က္လုံးရွိေနသမွ် မင္း ေတာ့ ထမင္းမငတ္ႏိုင္ပါဘူးကြယ္။ မင္းလိမၼာသလိုသာ ၾကည့္သုံးေပေရာ့ လို႔ ေျပာခဲ့တာပဲ။ ဒီအခါတုန္းက ကြၽန္ေတာ္က အသက္ (၁၄)ႏွစ္ပဲရွိေသး တယ္။ ဒါနဲ႔ – ကြၽန္ေတာ္လည္း ဘာမွနားမလည္ဘူး။ အမွတ္တမဲ့ ေနခဲ့တာ ေနာက္တစ္လေလာက္ၾကာေတာ့ ထူးျခားတာတစ္ခုက ည (၁၂)နာရီ ေလာက္ဆိုရင္ ကြၽန္ေတာ္ဟာ မအိပ္ခ်င္ဘူး – ဦးေလးေရ၊ ေလွ်ာက္လည္ ခ်င္တာပဲ။
ဒါနဲ႔ – ကြၽန္ေတာ္ေနတဲ့ ဘုန္းႀကီးေက်ာင္းက တိတ္တိတ္ခိုးထြက္၊ ဝင္းထရံေက်ာ္တက္၊႐ြာထဲေလွ်ာက္လည္၊ဝင္ခ်င္တဲ့အိမ္ဝင္၊မီးဖိုေဆာင္ဝင္၊ ထမင္းခိုးစား၊ ဟင္းခိုးစားေပါ့ – ဦးေလးရယ္။ ဥယ်ာဥ္တို႔၊ ၿခံတို႔ဆိုတာလည္း ဝင္ခ်င္တဲ့ၿခံဝင္ၿပီး သစ္သီးမ်ိဳးစုံ ခိုးစားတာပဲ။ ၿပီးေတာ့ – ဘယ္လို အတား အဆီးမ်ိဳးမွလည္းမေၾကာက္ဘူး။ ဝင္းထရံလည္းတက္တာပဲ၊ သစ္ပင္လည္း တက္တာပဲ၊ အိမ္လည္းတက္တာပဲ။ ဒီလိုနဲ႔ေတေပလာခဲ့တာဒီကစၿပီးကြၽန္ ေတာ္လည္း သူခိုးျဖစ္မွန္းမသိ ျဖစ္လာေတာ့တာပါပဲ ခင္ဗ်ာ။ ခက္တာက ညက်ရင္ ဒီလိုမလုပ္ဘဲ မေနႏိုင္သလိုပဲ – ဦးေလးရဲ႕။ အဲဒါ – ထူးျခားတာပဲ” “ဒီမ်က္လုံးက ျမင္ေကာ ျမင္ရဲ႕လား”
“ေန႔ခင္းေတာ့ ေကာင္းေကာင္း မျမင္ရပါဘူး- ဦးေလးရယ္။ ဒါေပမဲ့ ညဥ့္ေမွာင္ထဲက်ရင္ ဘာပဲျဖစ္ျဖစ္မႈန္မႈန္ေတာ့ျမင္ရတယ္-ဦးေလးရဲ႕”
“ကိုင္း- ေမာင္ေပၚလြင္-ဦးေလးကို ေနာက္ဆုံး ဘာမ်ားမွာခဲ့ခ်င္ေသး သလဲ။ ဦးေလးမင့္အတြက္ ဘာေဆာင္႐ြက္ေပးရမလဲ”
“တစ္ခုေတာ့လုပ္ေပးေစခ်င္တယ္ – ဦးေလးရယ္။ ကြၽန္ေတာ္တို႔ သူခိုး၊ ခါးပိုက္ႏႈိက္ဂိုဏ္းမွာ အရင္က လူႀကီးလုပ္ဖူးတဲ့ ကိုေသာင္းႀကိဳင္ဆိုတာ ရွိတယ္။ အခုေတာ့ – ဒီအလုပ္ကိုသူမလုပ္ေတာ့ဘူး။ ဖေရဇာလမ္းဘက္က လြစၥလမ္းထိပ္ဟိုတယ္မွာ ဘ႑ာစိုးလုပ္ေနတယ္။ ေခါင္းတုံးဆံေတာက္နဲ႔ လူဝဝ၊ အဲဒီလူက ကြၽန္ေတာ့္ လက္ဝဲဘက္မ်က္လုံးအိမ္ထဲမွာ ေၾကာင္အျမဳ ေတရွိတယ္ဆိုတာ သိတယ္။
ေတာ္ေတာ့လူဆိုရင္ ကြၽန္ေတာ့္ကိုသတ္ၿပီး မ်က္လုံးေဖာက္ယူတာ ၾကာလွၿပီ။ သူက ဒီပစၥည္းကို လိုခ်င္ေနတယ္ – ဦးေလးရဲ႕။ ဒီေတာ့ – သူက ကြၽန္ေတာ့္ဆရာလည္းျဖစ္ျပန္၊ သူ႔ေက်းဇူးလည္းကြၽန္ေတာ့္အေပၚမွာရွိျပန္ ဆိုေတာ့ မေပးရင္ မေကာင္းဘူး။ ေသၿပီးတဲ့ေနာက္မွ ႏွေျမာေနရင္ ႐ိုင္းရာ က်မယ္။ ဒီပစၥည္းကိုလည္း သူ႔လက္ထဲ မေရာက္ေစခ်င္ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီလူလက္ထဲ ဒီပစၥည္းေရာက္သြားရင္ ကြၽန္ေတာ့္လိုပဲ မေကာင္းမႈ ေတြေလွ်ာက္ၿပီး သူလုပ္ေနဦးမယ္”
“ကြၽန္ေတာ္ေတာ့ေနာင္တရၿပီ-ဦးေလး။ကြၽန္ေတာ္တစ္ေယာက္သာ
အမိုက္ခံမယ္။ တျခားလူတစ္ေယာက္ဟာကြၽန္ေတာ့္ပေယာဂနဲ႔ကြၽန္ေတာ့္ လိုမျဖစ္ေစခ်င္ဘူး”
“ဒီလိုဆိုရင္ – ဦးေလးလည္း သေဘာက်တာေပါ့ကြယ္။ သူ႔ကို ေမာင္ ေပၚလြင္ကစကားဘယ္လိုလြန္ေနလို႔လဲ”
“ကြၽန္ေတာ့္ကိုစီရင္ခ်က္ခ်ၿပီးအယူခံဦးမလားလို႔ေမးေတာ့ကြၽန္ေတာ္
ကမခံေတာ့ဘူးလို႔ေျပာလိုက္တယ္- ဦးေလးရဲ႕”
“ခံပါဦးလားကြယ္။ တကယ္လို႔ အထက္အစိုးရက သနားရင္…”
(စကားမဆုံးမီ) -“မထူးေတာ့ပါဘူး-ဦးေလးရယ္။ ကြၽန္ေတာ္ဟာ ေလာကႀကီးမွာေနဖို႔လည္းမေတာ္ဘူး။ေနလည္းေနခ်င္စိတ္မရွိေတာ့ဘူး။
ေသဖို႔စိတ္ႏွလုံးကိုတုံးတုံးခ်ၿပီးပါၿပီ။ ဒီေတာ့ – ကြၽန္ေတာ္အယူမခံေတာ့ဆို တဲ့အေၾကာင္းလည္း သူသိေရာအေလာင္းကိုသူသၿဂႋဳဟ္ပါရေစလို႔ေတာင္း ပန္ေတာ့ ကြၽန္ေတာ္က သေဘာတူလိုက္ရတယ္။ “ဒီယုန္ျမင္လို႔ ဒီခ်ဳံထြင္”
တာေပါ့ ဦးေလးရယ္”
“ဒီေတာ့-ဦးေလးကို ဘယ္လိုလုပ္ေစခ်င္သလဲ” “ကြၽန္ေတာ့္စကားကလည္းသူ႔အေပၚလြန္ေနၿပီကိုး-ဦးေလးရဲ႕။ ဒီေတာ့ ကြၽန္ေတာ့္အေလာင္းကိုသူရေတာင္ဒီေၾကာင္မ်က္လုံးသူ႔လက္ထဲမေရာက္
ေအာင္ ဦးေလးက ေဆာင္႐ြက္ေပးေစခ်င္ပါတယ္- ဦးေလးရယ္” “မင့္အေလာင္း သူ႔လက္ထဲမအပ္ခင္ အျမဳေတကို ဦးေလးက ထုတ္ ယူထားလိုက္ေစခ်င္တယ္ ဆိုပါေတာ့”
“ဟုတ္ပါတယ္ ဦးေလးရယ္ – ဒီအတိုင္းပါပဲ။ ေဟာ – ဦးေလးကို ေခၚရ ေအာင္ ေထာင္ျပာတာ လာေနၿပီ။ ၿပီးေတာ့ – မွာခဲ့ပါရေစလို႔ – ဦးေလးရယ္။ ဦးေလးေထာင္က လြတ္သြားတဲ့အခါမွာလည္း ကြၽန္ေတာ့္အတြက္ သပိတ္ သြတ္ၿပီး အမွ်အတန္းေဝပါေနာ္”
“စိတ္ခ်ပါ – ေမာင္ေပၚလြင္။ ဒီအတြက္ေတာ့ ဦးေလးတာဝန္ထားပါ။ ကိုင္း-စိတ္ခ်ေပေတာ့။ ဒီအျမဳေတ သူ႔လက္ထဲ မေရာက္ေအာင္ ဦးေလး ၾကည့္ၿပီး စီမံလိုက္မယ္”
ထိုအခ်ိန္၌ကြၽႏ္ုပ္တို႔အနီးသို႔ေထာင္ျပာတာေရာက္လာၿပီျဖစ္၍ကြၽႏ္ုပ္ လည္းေမာင္ေပၚလြင္အားႏႈတ္ဆက္ၿပီးေနာက္လူခ်င္းခြဲၾကေလ၏။
ေနာက္တစ္ရက္မွ် ၾကာေသာအခါ ေမာင္ေပၚလြင္သည္ ႀကိဳးစင္သို႔
ရဲဝံ့စြာတက္၍အေသခံသြားေလ၏။
ေမာင္ေပၚလြင္ကားေသခါနီးတြင္ေနာင္တတရားေကာင္းစြာရသြား၏။
သူ၏ဆရာ ေသာင္းႀကိဳင္ဆိုသူသည္ သူမွာထားခဲ့သည့္အတိုင္း ေမာင္ေပၚ လြင္၏အေလာင္းကိုလာေရာက္ေတာင္းဆိုေတာ့၏။ သို႔ေသာ္ကြၽႏ္ုပ္အႀကံ
ကဦးခဲ့ေလၿပီ။
ေမာင္ေပၚလြင္အား ႀကိဳးမေပးမီညက ကြၽႏ္ုပ္သည္ ႏွစ္ႀကီးသမား “ဖိုးၾကဳတ္” ဆိုသူႏွင့္ေမာင္ေပၚလြင္၏လက္ဝဲဘက္မ်က္လုံးကိုရေအာင္လွ်ိဳ႕ ဝွက္စြာႀကိဳတင္၍ႀကံစည္ရေတာ့၏။ ႀကိဳးေပးၿပီးအေလာင္းမ်ားကို ႀကိဳးစင္ ၏ေအာက္ လိုဏ္ေခါင္းကေလးအတြင္းသို႔ဝင္၍ လက္တြန္းလွည္းကေလး ျဖင့္ ထုံးစံအတိုင္းေကာက္ယူရ၏။ ဖိုးၾကဳတ္မွာထိုအလုပ္ကိုလုပ္ရသူျဖစ္၍ ကြၽႏ္ုပ္လည္း ဖိုးၾကဳတ္အား ေငြ (၁ဝိ)ေပးရေလသည္။ ဖိုးၾကဳတ္ကား အျမဳေတ၏တန္ဖိုးကို နားလည္သူမဟုတ္ေပ။
လူေသေကာင္ကို ထုတ္ယူလာၿပီးေနာက္ ဆရာဝန္က ေသေၾကာင္း စမ္းသပ္ၿပီးေသာအခါ အေလာင္းကို ေခါင္းထဲသို႔ထည့္ရန္ ေထာင္သားမ်ား အားလႊဲအပ္လိုက္၏။ထိုအခါဖိုးၾကဳတ္သည္အျခားေထာင္သားတစ္ေယာက္ ၏ အကူအညီျဖင့္ အေလာင္းကို ေခါင္းထဲသို႔ထည့္ရေလရာ သူသည္ စည္ ပတ္သံေခ်ာင္းကိုလုပ္ထားေသာ လက္ေလးသစ္ခန႔္ရွိ ဓားငယ္ကေလးျဖင့္ ေမာင္ေပၚလြင္၏အေလာင္းမွ လက္ဝဲဘက္မ်က္လုံးကို ေကာ္ထုတ္ၿပီးလွ်င္ ခါးပိုက္ေထာင္ထဲတြင္ထည့္၍ယူခဲ့၏။ထို႔ေနာက္မွေရျဖင့္ေဆးေၾကာၿပီးလွ်င္
ကြၽႏ္ုပ္အား ေပးအပ္ေလသည္။
အျမဳေတကေလးမွာ ဇီးေစ့ခန႔္ရွိ၍ အလယ္၌ အရည္ၾကည္ရွိၿပီးလွ်င္ ကန႔္လန႔္ျဖတ္အျဖဴစင္းကေလးတစ္ခုလည္းရွိေလသည္။ကြၽႏ္ုပ္မွာေသခါနီး မွာၾကားေသာ လူတစ္ေယာက္၏အလိုဆႏၵကို ျဖည့္ဆည္းလိုက္ရသျဖင့္
ေကာင္းစြာေက်နပ္လ်က္ရွိေတာ့၏။
ဤအျမဳေတသာ တျခားသူတစ္ေယာက္၏လက္ထဲသို႔ ေရာက္သြား ကထိုသူသည္ မိမိကဲ့သို႔ မေကာင္းမႈဒုစ႐ိုက္မ်ားကို ျပဳလုပ္ေတာ့မည္ ျဖစ္၍
မိမိပါပေယာဂ မကင္းရွိေပေတာ့မည္ဟူေသာ ေမာင္ေပၚလြင္၏ ေနာက္ဆုံး စကားမ်ားကား အဖိုးတန္လွေပ၏။ ထိုစကားမ်ားကို ကြၽႏ္ုပ္သည္ ယခုတိုင္ ၾကားေယာင္လ်က္ရွိေသး၏။
ႀကိဳးေပးခံရသူေပါင္းမ်ားစြာေတြ႕ခဲ့ဖူးသည့္အနက္ေမာင္ေပၚလြင္ကဲ့သို႔
ေသခါနီးတြင္ ေနာင္တတရားရသြားသူမ်ား ရွားပါးလွ၏။ ေမာင္ေပၚလြင္မွာ နဂိုဇာတိအားျဖင့္ လူေကာင္းတစ္ေယာက္ျဖစ္ပါလ်က္ အမွတ္မထင္
“ေၾကာင္အျမဳေတ”ကိုရခဲ့ေသာေၾကာင့္ ခိုးခ်င္ဝွက္ခ်င္စိတ္မ်ားေပၚေပါက္ခဲ့ ၏။ ဤအထဲတြင္လူဆိုးဂိုဏ္းႏွင့္ေပါင္းမိေသာအခါ ႏွစ္ေပါင္းမ်ားစြာကြဲကြာ ၍ေနေသာ မိခင္အရင္းကိုပင္ သတ္မိသည္အထိ မွားယြင္းခဲ့ေလသည္။ သို႔ ေသာ္ေသခါနီးတြင္ေနာင္တတရားရခဲ့သည့္ျပင္ သူေျပာခဲ့ေသာစကားမ်ား သည္လည္း အဖိုးတန္လွ၍ကြၽႏ္ုပ္ခ်ီးက်ဴးမိ၏။
သို႔ႏွင့္ကြၽႏ္ုပ္လည္းတစ္ညတြင္ေထာင္အတြင္းလုံၿခဳံေသာေနရာတစ္ ခု၌ တြင္းတစ္တြင္း ခပ္နက္နက္တူးၿပီးလွ်င္ ေမာင္ေပၚလြင္၏ လက္ဝဲဘက္ မ်က္လုံးျဖစ္ေသာ ေၾကာင္အျမဳေတကေလးကို အစတုံး ျမႇဳပ္ႏွံလိုက္ေလ သတည္း။