နွားပွဲစား ဘသာ(စ/ဆုံး)

Unicode Version

နွားပွဲစား ဘသာ(စ/ဆုံး)
—————————–
ကျောင်းဆရာ ကိုချစ်ဖေ တစ်ယောက် အုန်းမောင်အိမ် ညဘက် အလည်သွားလို့ အုန်းမောင်မယား တစ္ဆေမ မယ်ဆုံက ခြောက်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းက တရွာလုံး ဟိုးဟိုးကြော်သွားတယ်။

ကျောင်းဆရာခမျာ ၃ရက်လောက် ဖျားသွားတယ်ဆိုပဲ။ နောင်ဆို အုန်းမောင်ကို လမ်းမှာတွေ့ရင်တောင် ကျောင်းဆရာတစ်ယောက် မနုတ်ဆက်ရဲတော့ဘဲ၊ မျက်နှာလွှဲသွားရသတဲ့။ အုန်းမောင်အိမ်ဘက်လည်း ကိစ္စရှိတောင် မသွားရဲတော့ဘူးပေါ့။

အုန်းမောင်ကတော့ ပုံမှန်ပါပဲ။ လယ်ထဲ ဆင်းချိန်ဆင်း၊ ဈေးဝယ်စရာရှိရင် ရွာထဲက ဒေါ်ဂျက် ကုန်စုံဆိုင်လာဝယ်၊ လမ်းမှာ တွေ့သမျှကို ခါတိုင်းလို ပြုံးပြုံးရယ်ရယ် နုတ်ဆက်ပေါ့။

ဒါပေမဲ့ အုန်းမောင်အိမ်မှာ တစ္ဆေမ မယ်ဆုံ ရှိနေတာကို သိကြတဲ့ ရွာသူရွာသားတွေက အုန်းမောင်နဲ့ မဆက်ဆံချင်ကြဘူး။ အုန်းမောင်လာတာ မြင်တာနဲ့ မျက်နှာလွှဲတာတို့ ၊ လုပ်စရာ တစ်ခုခုရှိလို့ အိမ်ထဲဝင်သွားတာတို့ စသဖြင့် ခပ်ရှောင်ရှောင် လုပ်လာကြတယ်။

တစ်ခါကနေ နှစ်ခါတော့ အုန်းမောင်က သူ့ကို ရှောင်ကြတယ်ဆိုတာကို သတိမထားမိပါဘူး။ နောက် အကြိမ်ကြိမ်ဆိုလာတော့ အုန်းမောင် ရိပ်စားမိလာတယ်။သူ့စိတ်ထဲ လူတွေ ဘာဖြစ်လို့ ငါ့ကို ရှောင်ကြတာလဲပေါ့။

တစ်နေ့ ညနေ နေဝင်ရီတရော်အချိန်မှာ သူ ဈေးဝယ်စရာရှိလို့ ဒေါ်ဂျက်ကုန်စုံဆိုင်ကို အသွား၊ ရွာလယ်လမ်းမှာ ကိုဘသာဆိုသူနဲ့ မျက်နှာချင်းဆိုင် တိုးသတဲ့။

ဘသာဆိုတာက နွားအိပ်စပတ်။ နွားသဘာဝ၊ နွားအကြောင်း သိပ်နားလည်တဲ့သူ။ ရွာထဲက လူတွေ သူတို့နွား မအီမသာ တစ်ခုခုဖြစ်ရင် ဘသာကိုပဲ ခေါ်ပြီးပြကြတယ်။ ဘသာက ဘာကျွေးလိုက်ပါ၊ ဘာနဲ့ဘာနဲ့ စပ်တိုက်လိုက်ပါလို့ ပြောရင်၊ သူပြောတဲ့အတိုင်းသာလုပ်၊ အဲ့ဒီနွားက ပြန်ကောင်းလာတာပဲ။

ဘသာက အုန်းမောင်ကို စမြင်တော့ ကွက်ခနဲ မျက်နှာပျက်သွားတယ်။ အုန်းမောင်ကို ရှောင်ချင်တာနဲ့ ဘသာက နီးရာ လမ်းသွယ်ထဲ ကွေ့ဝင်မယ်အလုပ်မှာ အုန်းမောင်က…

” ဗျို့ ကိုကြီးဘသာ နေပါအုံးဗျ ၊ ကျုပ် မေးစရာလေးရှိလို့ပါ ”

အုန်းမောင်က လှမ်းခေါ်နေပြီဆိုတော့ ဘသာခမျာ ရှောင်လွဲလို့ မရတော့ဘူးလေ။ သူ့ခမျာ မအီမလည်နဲ့ ရောက်တဲ့နေရာက မရွေ့ဘဲ ရပ်စောင့်နေရတော့တာပေါ့။

” အေး ဘာမေးချင်လို့လဲ အုန်းမောင် ၊ ငါ ဒွေးလေးရဲ့ နွားတစ်ကောင် သွားကြည့်မလို့ကွ ”

ဘသာက သူ မအားဘူးဆိုတဲ့အကြောင်း အရိပ်အမြွက် ထည့်ပြောလိုက်တယ်။ အုန်းမောင်က …

” ဟောဗျာ! တိုက်တိုက်ဆိုင်ဆိုင်… ကျုပ်ကလဲ ကျုပ်အိမ်က တိုင်းကျော်နဲ့ နီမ အခုတလော အစာ သိပ်မစားကြလို့ ဘာလုပ်ရမလဲလို့ ကိုကြီးဘသာကို မေးမလို့ဗျ ။ တဆိတ်ဗျာ ကိုကြီးဘသာ အားမယ့်အချိန် ကျုပ်အိမ်ဘက် တစ်ချက်လှည့်ခဲ့ပါလား။ နွားနှစ်ကောင် ညဘက်သန်းခေါင်ဆိုလဲ ခွါရှပ်ပြီး နှာမှုတ်သဗျ ၊ အကောင်တစ်ကောင်များ လာကပ်သလားမသိပါဘူး။အဲ့ဒါဗျာ ကျုပ် နွားတွေကို ကိုကြီးဘသာ လက်တွေ့လိုက်ကြည့်တော့ ဘာဖြစ်တယ် သိရတာပေါ့ ”

အုန်းမောင်စကားကြောင့် ဘသာ မျက်လုံးပြူးသွားတယ်။ သူက ထစ်ထစ်ငေါ့ငေါ့နဲ့ …

” ဟေ! မင်းအိမ်ကို လာရမယ်လား၊ မ … မ … ဖြစ်ဘူး ထင်တယ် ”

အုန်းမောင်ကတော့ ဘသာ ဘာဖြစ်တယ်ဆိုတာ ရိပ်စားမိပုံမရဘဲ သူပြောချင်တာကိုသာ ဆက်ပြောလိုက်တယ် …

” အေးလေ ဒီကနေ့တော့ ဒွေးလေးတို့ နွား သွားကြည့်ရအုံးမယ်ဆိုတော့ ဘယ်အားမှာလဲ ၊ မနက်ဖြန်တော့ အားပြီမို့လား ၊ လာဖြစ်အောင်သာ လာခဲ့ဗျာ ၊ ကျုပ် မယား မယ်ဆုံကို ခင်ဗျားအကြိုက် လယ်ကြွက်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်ခိုင်းထားလိုက်မယ် ။ ဇေလေး(ဇေအရက်)နဲ့ဆို လိုက်မှလိုက်ပဲ ”

‘ကျုပ်မယားမယ်ဆုံ’ဆိုတာ ကြားတာနဲ့ ဘသာတစ် ကိုယ်လုံး ကြက်သီးဖျန်းဖျန်းထသွားတာပေါ့ ။ ချက်ချင်းပဲ ဘသာက …

” ဟို … ဟို … ငါ မနက်ဖြန်လဲ မအားဘူး အုန်းမောင်။ ဟိုဘက်ရွာကို ထွန်းလှတို့နဲ့ နွားသွားဝယ်မလို့ ”

ဘသာက အုန်းမောင်အိမ် မသွားချင်တာနဲ့ အကြောင်းပြရှာတယ်။ တစ်ရွာလုံးက မယ်ဆုံ တစ္ဆေမအဖြစ်နဲ့ အုန်းမောင်အိမ်မှာ ရှိတယ်ဆိုတာ ပြောနေကြတယ်မဟုတ်လား။ ဘသာလည်း ဘာကောင်မို့လို့လဲ။ သူလည်း မသွားရဲတာတော့ အမှန်။

အုန်းမောင် မျက်နှာက ကွက်ခနဲ ပျက်သွားတယ်။ ဒီလူတော့ ငါ ရိုးရိုးတန်းတန်း ခေါ်တာ မလိုက်ဘူး။ အတင်း ခေါ်မှ ဖြစ်တော့မယ်လို့များ တွေးမိလေသလားမသိ။

” ဒါဆိုလဲ ကျုပ်က ခင်များနှမ မယ်ဆုံကိုပဲ အခေါ်လွှတ်လိုက်တော့မယ်။ မယ်ဆုံက ခုဆိုမှ ခု။ ခင်များလဲ မယ်ဆုံအကြောင်းအသိသား ။ မယ်ဆုံ ကိုယ်တိုင် လာခေါ်ပါရဲ့နဲ့ ခင်များ လိုက်မလာလို့ကတော့ … ဟင်းဟင်း”

‘ မြတ်စွာဘုရား ‘ လို့ ဘသာ ရင်ထဲကနေ တီးတိုးရေရွတ်လိုက်မိတယ်။ မယ်ဆုံကိုယ်တိုင် လာခေါ်မတဲ့။ ရပ်နေတဲ့ ခြေထောက်တွေတောင် ကြောက်စိတ်ကြောင့် ခပ်ချောင်ချောင် ဖြစ်ကုန်သလားမသိ။ ယိုင်နဲ့နဲ့ ဖြစ်သွားရှာတယ်။

ဘသာ အကူအညီရလို့ရငြား ဘေးဘီဝန်းကျင်ကို ကြည့်ပါသေးတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း အုန်းမောင်ဆို ဝေးဝေးက ရှောင်ချင်ကြတဲ့သူတွေဆိုတော့ တစ်ကောင်တစ်မြီးမှ မတွေ့ရဘူး။ စောစောကတည်းက အိမ်ထဲ အလျိုလျို ဝင်ကုန်ကြပြီလေ။

” ကဲပါဗျာ … ကိုကြီးဘသာကလဲ ဈေးကိုင်မနေပါနဲ့။ အချင်းချင်းတွေပဲဟာ။ လာပါ ။ ဒွေးလေးရဲ့ နွားကို မနက်ဖြန်မှ ကြည့်ပေးလဲ ဖြစ်တာပဲဟာ။ ကျုပ်နွားကိုသာ အရင်လိုက်ကြည့်ပေးစမ်းပါ ။ ဒေါ်ဂျက်ဆိုင်က ဇေ ၂လုံးနဲ့ လ္ဘက်၊ ပဲလှော် ဝယ်ခဲ့ပါ့မယ်။ အိမ်ရောက်တော့ ခင်များနှမကို ကျုပ်နေ့လယ်က ရထားတဲ့ လယ်ကြွက်ကို ဆီရွှဲရွှဲနဲ့ ကြော်ခိုင်းပေးအုံးမယ်ဗျာ။ ကျုပ်တို့ ညီအစ်ကိုတွေ မဆုံတာလဲ ကြာပြီမို့လား ”

အဲ့သလို မရမက ပြောလည်းပြော ၊ အုန်းမောင်က ဘသာရဲ့ လက်တစ်ဖက်ကို အတင်းဆွဲနေလေတော့ ၊ ဘသာခမျာ ယက်ကန်ယက်ကန်နဲ့ အုန်းမောင်ခေါ်ရာကို ပါသွားလေတော့တယ်။သေချာတယ်။ ဘသာ ရင်တွေ တဒိန်းဒိန်း ခုန်နေရှာမှာပဲ။

__________

၆။

အုန်းမောင်က သူ့ခြံရှေ့ ရောက်တာနဲ့ …

” မယ်ဆုံရေ … ကိုကြီးဘသာ ပါလာတယ်ဟေ့ ။ တိုင်းကျော်နဲ့ နီမ နေမကောင်းတာ ကြည့်ပေးမလို့တဲ့ဟ”

တစ်လမ်းလုံး မြဲမြဲကိုင်လာတဲ့ ဘသာလက်ကို လွှတ်လိုက်ပြီး အုန်းမောင်က ခြံဝိုင်းထဲ အရင် ဝင်ချသွားတယ်။ ခြံဝမှာ ဘသာခမျာ ခြံထဲပဲ ဝင်ရနိုးနိုး၊ ပြန်ပဲပြေးရနိုးနိုး နဲ့ တုံဏိဘာဝေ ဖြစ်ကျန်ခဲ့တယ်။

အုန်းမောင်က တစ်ချက်လည်ပြန်ကြည့်ပြီး …

” ဟ … ကိုကြီးဘသာ ဘာလုပ်နေတာလဲ ၊ လာလေဗျာ ။ ဘာလဲ ခင်များ နှမက ထွက်မကြိုလို့လား ”

ဘသာ တွန့်ခနဲ ဖြစ်သွားတယ်။ ချက်ချင်းပဲ ခေါင်းတခါခါ လည်တခါခါနဲ့ …

“ဟင်! အဲ မဟုတ်ပါဘူး ၊ ထွက်မကြိုပါနဲ့ ၊ ရပါတယ် လာပါပြီကွာ ”

တဲရှေ့က ကွပ်ပြစ်ပေါ်မှာ စားပွဲဝိုင်းက အဆင်သင့်။ အံမယ် … ပန်းကန်တွေရော ခွက်တွေပါ အသင့်တည်ထားတာပါလား။

” လာဗျာ ကိုကြီးဘသာ၊ နွားကို နောက်မှကြည့်တော့၊ အရင်ဦးဆုံး ကျုပ်တို့ တစ်ခွက်စီလောက် ကစ်လိုက်ကြရအောင် ”

အုန်းမောင်က ဝယ်လာတဲ့ လ္ဘက်နဲ့အကြော်စုံကို ပန်းကန်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဇေ အရက်တစ်လုံးရဲ့ အဖုံးကို သွားနဲ့ကိုက် ဖွင့်ပစ်လိုက်တယ်။

ဘသာက ဘေးဝန်းကျင်ကို အကဲခတ်နေတယ်။ အုန်းမောင်တဲ ဝန်းကျင်မှာ တခြား လူနေတဲ မရှိဘူး။

ပြောရမယ်ဆိုရင် အုန်းမောင်ရဲ့တဲက ရွာအစွန်မှာ၊ အနီးဆုံးတဲတောင် ကိုက်၃၀၀လောက် ဝေးတယ်။ အုန်းမောင်ရဲ့ ခြံနံဘေးမှာ ဆူးခြုံတွေ ၊ ပဒိုင်းပင်တွေ တောထနေတာကလွဲရင် ဘာမှ မရှိဘူး။

အုန်းမောင်ရဲ့ ခြံထဲမှာ ဗူးစင် တစ်စင်နဲ့ ခရမ်းပင်တွေ စိုက်ထားတယ်။ ခရမ်းပင်တွေက ခြောက်နေသလို၊ ဗူးပင်အနွယ်တွေကလည်း ဝါဖန့်နေတာမြင်တော့ အုန်းမောင် အပင်တွေကို ရေမလောင်းဘူးလို့ ခန့်မှန်းလိုက်မိတယ်။

တဲအနောက်မှာက ရေတိုင်နဲ့ နွားတဲ ရှိတယ်။ အဲ့ဒီတော့ နွားတွေကို အခုထိုင်တဲ့ ကွပ်ပြစ်ကနေဆို မမြင်နိုင်ဘူး။ နွားတွေရဲ့ လှုပ်ရှားသံလည်း မကြားရဘူး။

ငှဲ့ထားတဲ့ အရက်ခွက်တစ်ခွက်ကို အုန်းမောင်က ဘသာဘက်ကို တိုးပေးလိုက်ပြီး …

” အဟီး လ္ဘက်ကို ဆီဆမ်းဖို့ မေ့နေတာ၊ မယ်ဆုံရေ … လ္ဘက်ထဲ ဆီဆမ်းဖို့ ဆီပုလင်းလေး ယူခဲ့ပါကွာ ”

မယ်ဆုံဆိုတဲ့အသံကြားတိုင်း ဘသာခမျာ မျက်နှာလေး ကြုံ့ဝင်သွားလိုက်တာ ဇီးရွက်လောက်ရှိတော့သလား အောက်မေ့ရတယ်။

မယ်ဆုံကိုများ ဆီပုလင်းနဲ့ ထွက်လာမှာ မြင်ရရင် သူ လိပ်ပြာလွင့်သွားလိမ့်မယ်ထင်တယ်။

ဒါပေမဲ့ မယ်ဆုံက ထွက်မလာပါဘူး။ အဲ … တဲအတွင်းက ပုလင်းချင်းထိခတ်သံလိုလို ဘာလိုလိုတော့ ဘသာ နားနဲ့ ဆက်ဆက်ကြားလိုက်ရတယ်။

” မယ်ဆုံက သိပ်နေမကောင်းချင်ဘူး။ ညတိုင်း ကျုပ်က နင်းနှိပ်ပေးနေရတယ်။ ကဲပါလေ ဆီပုလင်းကို ကျုပ်ပဲ သွားယူလိုက်ပါ့မယ် ”

အုန်းမောင် တဲထဲဝင်သွားတယ်။ တဲထဲက တီးတိုးစကားသံအချို့ ကြားလိုက်ရပြန်တယ်။ ဘသာ ကြားရတာတော့ အုန်းမောင်ရဲ့ အသံတစ်ခုတည်းပဲ။ ဒါပေမဲ့ အုန်းမောင်အသံက မယ်ဆုံနဲ့ ပြောနေသလိုပဲပေါ့။

ခဏကြာတော့ ဆီပုလင်းကို အုန်းမောင် လက်ကကိုင်ပြီး ပြန်ထွက်လာတယ်။ သူ့မျက်နှာက ပြုံးလို့ရွှင်လို့။

” ခင်များနှမက အလိုက်သိပါတယ်ဗျ ။ ခင်များ ပါလာတယ်ဆိုလို့ ကျုပ်နေ့ခင်းက ထိုးလာတဲ့ လယ်ကြွက်ကို ကြော်ပေးနေတာ ”

ကြောက်နေတဲ့ ဘသာက ကိုင်ထားတဲ့ အရက်ခွက်ကို တဘရိတ်တည်း ကောက်မော့ပစ်လိုက်တယ်။ အုန်းမောင် ပြောသလိုပဲ၊ တဲထဲက မီးဖိုက တရှဲရှဲနဲ့ ကြော်လှော်နေတဲ့ အသံကို သူ ကြားလိုက်ရတာကိုး။

အဲ့ဒီတော့ သူလည်း ကြောက်ကြောက်နဲ့ အရက်ခွက်ကို မော့ချပစ်လိုက်ပုံပဲ။

အဟုတ်ကို တဲထဲက ငရုတ်သီးနဲ့ကြွက်ကြော်နေတဲ့ ရနံ့မွှေးမွှေးက တဲရှေ့ကွပ်ပြစ်တိုင်အောင် လွင့်ပျံလာတယ်။ ဘသာ ကတုန်ကရင်နဲ့

” ထည့်ကွာ နောက်တစ်ခွက် ၊ ငါ သောက်မှ ဖြစ်မယ် ”

အုန်းမောင်က အရက်ချည်း ရေမခံဘဲ သောက်သွားတဲ့ ဘသာကို မျက်လုံးပြူး ကြည့်ရင်း နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်တယ်။

” ရေမရောတော့ဘူးလား ကိုကြီးရ။ ပြီးတော့ လ္ဘက်မြည်းအုံးလေဗျာ”

ဘသာက သူ့ခွက်ထဲ အရက် ထပ်ဖြည့်ပြီးတာနဲ့ ခုဏကလိုပဲ တဘရိတ်တည်း ထပ်မော့လိုက်ပြန်တယ်။ ပြီးတော့ လူက ထူပူသွားသလိုနဲ့ ရှေ့က လ္ဘက်ပန်းကန်ထဲက လ္ဘက်အနည်းငယ်ကို ကောက်ဝါးလိုက်တယ်။ အရက်သာ နှစ်ခွက် ဝင်သွားတာ ဘသာရဲ့ ကြောက်စိတ်ကို အရက်က မနိုင်သေးဘူး။ အဲ့ဒီတော့ ဘသာခမျာ ဝမ်းထဲသာ အရက်ကြောင့် ပူသွားတာ၊လူက မမူးသေးဘူး။လူက ကြောင်စီစီဖြစ်နေတယ်။

အုန်းမောင်က တစ်ခွက် မကုန်သေးဘူး။ ဘသာက နှစ်ခွက်သောက်ပြီးသွားပြီ။

သူတို့ အရက်သောက်နေကြဆဲမှာပဲ တဲထဲက ကြော်တဲ့လှော်တဲ့ အသံတွေ ငြိမ်သွားပြီ။ ဇွန်းသံ၊ပန်းကန်သံတွေ ထပ်ကြားရပြန်တယ်။

အရက် ဝင်ထားတဲ့ ဘသာက နည်းနည်းတော့ ရဲကိုးသွားဟန်တူတယ်။ဘသာက …

” ကြွက်ကြော် ရပြီနဲ့တူတယ် ”

အုန်းမောင်က ခွက်ထဲက လက်ကျန်အရက်ကို စွပ်ခနဲ မော့လိုက်ပြီး …

” အင်း ရလောက်ပြီ ၊ မယ်ဆုံရေ ကြွက်ကြော်ရရင် လာချပါဟ ”

တဲထဲက ကြမ်းနင်းသံ တကျွီကျွီ ထွက်လာတယ်။ လူတစ်ယောက် ကြမ်းဝါးကို နင်းလာတဲ့အသံပဲ။ ဒါပေမဲ့ အသံသာကြားရတာ မယ်ဆုံကတော့ ထွက်မလာပါဘူး။

” ဂွပ် … ဖရော … ”

သံပန်းကန်ပြားတစ်ချပ်က လျောခနဲ တဲဝ ဝါးကြမ်းခင်းကို ရောက်လာတယ်။ လူတစ်ယောက်က ပစ်ပေးလိုက်သလိုပေါ့။

အုန်းမောင်က အပြုံးမပျက် သံပန်းကန်ပြားကို လှမ်းယူလိုက်တယ်။

သံပန်းကန်ပြားထဲမှာ ငရုတ်သီးရဲရဲနဲ့ ခပ်မွမွလေး ကြော်ထားတဲ့ လယ်ကြွက်ကြော် ပူပူလေးပါလာတယ်။ ကြွက်ကြော်အပေါ် ဖြူးထားတဲ့ ဂျင်းနဲ့ကြက်သွန်ဖြူကြော်ရနံ့က သင်းသင်းလေး မွှေးနေတယ်။

တဲထဲက မှောင်နေတော့ မယ်ဆုံဆိုတာကို ဘသာ မမြင်ရဘူး။ ဒါပေမဲ့ သူက အသေအချာ ကြည့်နေတော့ ရိပ်ခနဲ လှုပ်ရှားသွားတာကိုတော့ တွေ့လိုက်ရတယ်။ မယ်ဆုံလို့တော့ အတတ်မပြောနိုင်ဘူးပေါ့။

အုန်းမောင်က သူ့ခွက်ထဲရော ဘသာရဲ့ ခွက်ထဲပါ အရက်တွေ ဆတူ လောင်းထည့်ပေးလိုက်ပြီး …

” ချ ကိုကြီးဘသာ ၊ ဒါ ဒီကနေ့ နေ့လယ်ကမှ ရလာတဲ့ လယ်ကြွက်ဗျ။ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူး။ ဗိုက်အဆီပြင်သာ ကြည့်တော့ဗျို့ ”

ဘသာက အုန်းမောင်မျက်နှာကို သေချာ အကဲခတ်တယ်။ သူ တစ်ခုခု ပြောချင်နေသလိုပဲ။ သူ့ကြည့်ရတာ ပြောသင့်လား မပြောသင့်ဘူးလားလို့ တွေဝေနေတဲ့ဟန်လည်း ရှိတယ်။

ဘသာ ခွက်ထဲက အရက်ကို တဝက်လောက် မော့ချလိုက်ပြန်တယ်။ ပြီးတော့ အာပူသွားဟန်တူတယ်။

လယ်ကြွက်ကြော် အသားတစ်ဖက်ကို ဆတ်ခနဲ ကောက်ယူဝါးလိုက်တယ်။ အာသာပြေသွားတော့ ခုဏက အုန်းမောင်ပြောထားတဲ့ စကားကိုနင်းပြီး …

” အုန်းမောင် … မင်းမိန်းမ နေမကောင်းဘူးဆိုတော့ ဘာဖြစ်တာလဲ”

အုန်းမောင်က …

” မပြောတတ်ပါဘူး ကိုကြီးရာ၊ ညဘက် ညဘက်ဆို တစ်ကိုယ်လုံး ကိုက်ခဲနေသတဲ့ ၊ နေ့တိုင်း ကျုပ်ပဲ နင်းနှိပ်ပေးနေရတယ်။ ကျုပ်က ဆေးဆရာ ပြရအောင်ဆိုတော့ သူက ‘ဘာလဲ တော်က ကျုပ်ကို နင်းနိပ်ပေးနေရတာ မကြည်ဖြူတော့ဘူးပေါ့’တဲ့။ ကဲ … မခက်လား ကိုကြီးရ ”

ဘသာ စဉ်းစားလိုက်တယ်။ ဒါ မယ်ဆုံဆိုတဲ့ နာနာဘာဝက တမင်သက်သက် အုန်းမောင်ကို လှည့်ဖြားနေတာဖြစ်လိမ့်မယ်လို့ တွေးမိလေတော့ …။

” ဒီလိုလုပ်ပါ့လား အုန်းမောင်။ တို့ ရွာတောင်ဖျားက ဆရာကြီးဦးအံ့ဆီမှာ ဆေးကောင်းဝါးကောင်း ရှိသမို့လား။ မင်း ဆရာကြီးဆီ သွားပြီး မင်းမိန်းမဖြစ်ပုံကို အကျိုးအကြောင်းပြောပြီး ဆေးတောင်းကြည့်ပါ့လား ”

ဘသာရဲ့စကားအဆုံး …

” ဒုန်း ! ”

တဲထဲက ခြေဆောင့်သံကြီး ထွက်လာတယ်။ အုန်းမောင်ရော ဘသာပါ လန့်သွားကြတယ်။ အသံက တော်တော် ကျယ်တာကိုး။

ဘသာ ပြောတဲ့ ဆရာကြီးဦးအံ့ဆိုတာက ဗိန္ဓောဆေးသမားတော်သာမက လောကီဆရာ(အထက်လမ်းဆရာ) တစ်ဦးလို့လည်း နာမည်ကျော်တယ်။ ဒါကို တဲထဲက တစ္ဆေမ မယ်ဆုံက ကြားတော့ မနှစ်မြို့ပြီး ဒေါသထွက်ဟန်တူပါတယ်။အိမ်ကြမ်းခင်းကို ခြေနဲ့ ဆောင့်လိုက်တာ တဲတောင် တုန်သွားသလားပဲ။

အုန်းမောင်လည်း ချက်ချင်း မျက်နှာပျက်သွားတယ်။ ခုဏက ဖေါ်ရွှေတဲ့ အပြုံးတွေ ပျောက်သွားပြီး မျက်နှာက ရှုသိုးသိုး ဖြစ်သွားတာကို ဘသာ မြင်လိုက်တယ်။ ဘသာစကားကို အုန်းမောင်ကလည်း ကြိုက်ဟန်မတူဘူး။

အုန်းမောင်က သူ့သောက်လက်စ ဖန်ခွက်ထဲက အရက်လက်ကျန်ကို မော့ချလိုက်ပြီး လေသံတင်းတင်းနဲ့ …

” ကဲ … ခင်များလဲ သောက်စရာရှိတာ သောက်ဗျာ၊ ပြီးရင် နွားသွားကြည့်ကြရအောင်”

ဘသာခမျာ ဆက်ပဲသောက်ရနိုးနိုး ၊ နွားပဲ ထကြည့်ရနိုးနိုး ဖြစ်သွားရှာတယ်။

ဒါနဲ့ သူလည်း အရက်ကို မော့ချလိုက်ပြီး ၊

” အေး ဒါဆိုလဲ ငါတို့ နွားသွားကြည့်ကြတာပေါ့ ” ဟုဆိုကာ မတ်တတ်ထကာ ပုဆိုးကို ပြင်ဝတ်လိုက်တယ်။

ဘသာစိတ်ထဲ မြန်မြန်ကြည့် မြန်မြန်ပြန်တာ သူ့အတွက် ပိုအန္တရာယ်ကင်းမယ်မဟုတ်လား။

အုန်းမောင်က တဲရဲ့ညာဘက်ကနေ ပတ်ပြီး နွားတဲရှိရာကို ခေါ်သွားတယ်။ ညာဘက်ဆိုတာက အိမ်ရဲ့ ခေါင်းရင်း။ အဲ့ဒီတော့ ပွင့်နေတဲ့ တဲပြတင်းကနေ တဲထဲကို ခပ်ရေးရေး မြင်နိုင်တယ်။

ဘသာက စပ်စပ်စုစုနဲ့ တဲထဲကို လှမ်းကြည့်လိုက်တယ်။ အသံမထွက်ဘဲ၊ ‘ အောင်မယ်လေး ! မြတ်စွာဘုရားကြီး ကယ်ပါ ‘လို့ စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။

သူ မြင်လိုက်ရတာက အမှောင်ထဲမှာ ကျောပေးထိုင်နေတဲ့ မိန်းမတစ်ယောက်။ ဆံပင်တွေ ဖါးလျားချထားတယ်။ ကောက်ကြောင်းကြည့်ရတာတော့ သေသွားတဲ့ မယ်ဆုံခန္ဓာကိုယ်လိုပဲ။

အုန်းမောင် ပြောသလို မယ်ဆုံ တကယ်ပဲ မသေတာလားလို့တောင် သူ သံသယဖြစ်မိသွားတယ်။

သူ ကြည့်နေတာများ မယ်ဆုံက သိသွားသလား မသိဘူး။ ရုတ်တရက် မတ်တတ်ထရပ်ပြီး ပိုပြီး အမှောင်ကျတဲ့ တဲအတွင်းဘက်ကို ရွေ့သွားတယ်။

အဲ့ဒီမှာ ဘသာ ကြက်သီးမွေးညင်းတွေ ဖျန်းဖျန်းထသွားတယ်။ ဘာလို့လဲဆို မယ်ဆုံက လမ်းလျှောက်သွားတာနဲ့ မတူဘူး။ လေတိုက်လို့ လွင့်သွားတဲ့ အဝတ်စလို ရွေ့သွားတာမို့လို့ပဲပေါ့။

” လာလေဗျာ … ဘာရပ်လုပ်နေတာတုန်း ”

အုန်းမောင်က လှမ်းခေါ်တော့မှ ဘသာ သတိ ဝင်လာပြီး တဲအနောက်က နွားတဲဆီကို ခပ်သုတ်သုတ် လှမ်းလာခဲ့လိုက်တော့တယ်။

ဘသာစိတ်ထဲမှာ ‘ တဲထဲမှာ ဘာလို့ မီးအိမ်မထွန်းတာပါလိမ့်’လို့ စနိုးစနှောင့် ဖြစ်သွားတယ်။

နွားတဲမှာ မီးအိမ်တခု ထွန်းထားတယ်။ ဘသာ နွားတဲထဲ ခြေချလိုက်တော့ နွားနှစ်ကောင်ရဲ့ အခြေအနေကို မြင်တွေ့သွားတယ်။

” ဟင်! မင်းနွားတွေ အစာမကျွေးဘူးလား အုန်းမောင် ”

နွားတွေက ပိန်လှီပြီး အရိုးပေါ်အရေတင် ဖြစ်နေကြတယ်။ အစာလည်း စားကြဟန်မတူဘူး။ နွားစားခွက်ထဲမှာတော့ အစာတွေ ထည့်ထားတာတွေ့တယ်။

” ဟာ မကျွေးဘဲလား ၊ ကျွေးတယ်၊ သူတို့က မစားတာ ၊ အဲ့သလို အစာမစားလို့ ခင်များကို ခေါ်ပြတာပေါ့၊ ဘာဖြစ်သလဲ ကြည့်ပေးပါအုံး ”

နွားတွေက ပိန်ချုံးနေကြတယ်။ မျက်လုံးတွေတောင် အရောင်မွဲနေကြပြီ။ သူတို့ကြည့်ရတာ တစ်ခုခုကို ကြောက်ရွံနေကြသလိုပဲ။ အုန်းမောင်ကိုတော့ သူတို့သခင်မှန်း သိကြဟန်တူတယ်။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ကြဘူး။ လိုအပ်တာထက် ပိုငြိမ်နေကြတာတခုပဲ။

နွားနှစ်ကောင်ကို ဘသာက သေချာ စစ်ဆေးတယ်။ အုန်းမောင်က မီးအိမ်နဲ့ ဘေးကနေ လိုက် ပြပေးတယ်။

နွားပေါင်ခြံကို ဘသာက ငုံ့ကြည့်ပြီး ….

” ဝေါ့ … ထွီ ”

ဘသာ အံချတော့မလိုတောင် ဖြစ်သွားတယ်။ နွားရဲ့ အတွင်းဘက်ပေါင်မှာ အနာကြီးဖြစ်နေတယ်။ အနာက ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး။ပုပ်စော်တွေနံနေတဲ့အပြင် အနာက လောက်တောင်ကျနေပြီ။ ထူးခြားတာက နွားနှစ်ကောင်လုံး အနာက တစ်ပုံစံတည်းပဲ။

” ဒါ ဆေးအုံမှ ရမှာကွ၊ ပြီးတော့ မင်းနွားတွေ ဆေးကျွေးရမယ်။ အနာကြောင့် သူတို့ အစာမစားတာ ”

ဘသာက ဆေးတွေ နာမည်ပြောပြတယ်။ ဒါမှမသက်သာရင် တစ်ပါတ်တစ်ခါ သူတို့ ရွာကို လာတတ်တဲ့ တိမွေးကု ဆရာဝန်ကို ပြကြည့်ဖို့ အကြံပေးတယ်။

အဲ့ဒီအချိန် တဲထဲက အိုးခွက်ပန်းကန်တွေ ကျကွဲသံကို သူတို့ ကြားလိုက်ရတယ်။

ဘသာက လူနေတဲဘက်ကို လှမ်းကြည့်လိုက်တော့ အုန်းမောင်က မျက်စိမျက်နှာပျက်နဲ့ …

” ဘာမှမဟုတ်ဘူး ၊ ကြောင်တိုးတာနေလိမ့်မယ်၊ နေပစေ ဂရုစိုက်မနေနဲ့ ၊ ကဲ ဒါဆိုလဲ ခင်များပြောသလို လုပ်ကြည့်မယ်ဗျာ။ မသက်သာတော့ ဆရာပြကြည့်တာပေါ့ ၊ လာ ပြန်ကြစို့ ”

အုန်းမောင်က ရှေ့က လျှောက်သွားတယ်။ ခုဏ လာစဉ်ကလိုပဲ တဲရဲ့ခေါင်းရင်းဘက်က ပြန်လာတော့ ဘသာ တစ်ခု သတိထားမိလိုက်တယ်။ ခုဏက ပွင့်လျက်သား ရှိတဲ့ တဲရဲ့ ပြတင်းတံခါးက အခု စေ့နေအောင် ပိတ်ထားလိုက်ပြီ။အဲ့ဒီတော့ အထဲကို မမြင်နိုင်တော့ဘူး။

ဘသာရဲ့ စိတ်ထဲ တံခါးပိတ်လိုက်တာလည်း ခပ်ကောင်းကောင်းလို့ တွေးလိုက်မိတယ်။ မတော် သူကတဲထဲကို လှမ်းအကြည့်နဲ့ တစ္ဆေမမယ်ဆုံကို ထင်ထင်ရှားရှားကြီး မြင်လိုက်ရရင် နေရာတင် အသက်ထွက်သွားနိုင်တယ်မဟုတ်လား။

အုန်းမောင်က ခြံတံခါးဝအထိ လိုက်ပို့ပေးပြီး …

” ကဲ ကိုကြီးဘသာ … ကျုပ် လိုက်မပို့တော့ဘူး။ တဲထဲမှာလဲ မယ်ဆုံတစ်ယောက်တည်း။ သိပ်လဲ နေကောင်းတာမဟုတ်ဘူး ”

” အေးပါ … ဒါဆိုလဲ ငါပြန်မယ် အုန်းမောင် ”

ဘသာက အုန်းမောင်ကို နုတ်ဆက်ပြီး ပြန်တယ်။အုန်းမောင်ရဲ့ ခြံက ထွက်တာနဲ့ ဘသာစိတ်ထဲ အတော် လွတ်လပ်ပေါ့ပါးသွားသလို ခံစားရတယ်။

ရွာထဲလမ်းမှာ လူခြေတိတ်နေပြီ။ လမ်းပေါ် ဘသာတစ်ယောက်ပဲ ရှိတယ်။ အုန်းမောင်တို့ ခြံနဲ့ ခပ်လှမ်းလှမ်း ရောက်တာနဲ့ ဘသာ စိတ်ထဲ တစ်မျိုးကြီး ခံစားလာရတယ်။

အဲ့ဒါကတော့ သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်လာတယ်လို့ ခံစားမိနေတာပဲ။တဖပ်ဖပ်နဲ့ ခြေသံ ခပ်သေးသေးတခု သူကြားနေရတယ်။ သူ့ဖိနပ်သံလားလို့ ဇဝေဇဝါ ဖြစ်သွားသေးတယ်။ ဒါနဲ့ သူ ခြေသံကို မကြားရအောင် ခပ်ဖွဖွ လျှောက်တယ်။ဒါပေမဲ့ သူ့နောက်က တဖပ်ဖပ်နဲ့ ခြေသံက ရပ်မသွားဘူး။ ဆက်ပါလာတယ်။နောက်ကနေ လိုက်လာနေတဲ့သဘော။

သရက်ပင်ကြီးတပင် အနီးရောက်တော့ ဘသာ အသက်ကို ဝဝရှုသွင်းလိုက်ပြီး စိတ်အားကို တင်းလိုက်တယ်။ သူကသာ ခြေသံမထွက်အောင် လျှောက်နေပေမယ့်၊ နောက်က ခြေသံက ရပ်မသွားတော့ … ဘသာ မရဲတရဲနဲ့ နောက်ကို လှည့်ကြည့်လိုက်တယ်။

” ဟင် ! ဘာမှလဲ မရှိပါလား ”

သရက်ပင်ကြီး အရိပ်က ကောင်းတော့ အခြေက ခပ်ရေးရေး မြင်သာရုံလေး မှောင်နေတယ်။ ဖိနပ်သံတော့ မကြားရတော့ဘူး။ ဒါနဲ့ သူ ရှေ့ဆက်လျှောက်ဖို့ ခြေလှမ်း စလှမ်းလိုက်တယ်။

” ဝုတ်! ဝုတ်! ဝုတ်! ”

” ဂဲ … ဝုတ် ဝုတ် ဝုတ် ”

လမ်းနံဘေး လူနေခြံထဲက ခွေးတစ်ကောင်က ဘာကို မြင်တယ်မသိပါဘူး။ အတင်းထိုးဟောင်တယ်။ ဘသာ ခွေးကိုကြည့်တော့ သူ့ကို ဟောင်တာမဟုတ်ဘဲ သူ့နောက်ကို လှမ်းဟောင်နေတာ တွေ့လိုက်ရတယ်။ သူ နောက်ကို လှည့်ကြည့်တယ်။ ဘာကိုမှ မတွေ့ရဘူး။ ခွေးကတော့ ဟောင်နေတုန်းပဲ။

ဘသာ ကြက်သီးတွေ ထလာတယ်။ ခွေးဆိုတဲ့သတ္တဝါက နာနာဘာဝကို တွေ့ရင် အဲ့သလို ဟောင်လေ့ရှိတယ်လို့ ကြားဖူးထားတယ်လေ။

အဲ့ဒီအချိန် သရက်ပင်ပေါ်က ငှက်ဆိုးထိုးသံကြီးကလည်း သူ့ကျောမတစ်လျှောက်လုံး အေးစိမ့်သွားစေသလို ၊ ခေါင်းမွှေးတွေပါ ထောင်ထသွားစေတယ်။

” ဟင်! ဟိုဟာ ဘာကြီးတုန်း ”

ဘသာက သရက်ပင် အောက်က လှုပ်လှုပ် လှုပ်လှုပ်နဲ့ ထွက်လာတဲ့ အရိပ်တစ်ခုကို မြင်လိုက်ရပြီး အံဩမှင်သက်သွားပြန်တယ်။

တဖြည်းဖြည်းနဲ့ အရိပ်မည်းကြီးက သရက်ပင်ကြီး အရိပ်လွတ်ရာကို ရွေ့လာတယ်။ အဲ့ဒီကျမှ ဘသာ တစ်ကိုယ်လုံး တုန်သွားရှာတယ်။

“ဟင်! မယ်ဆုံ … မယ်ဆုံ ”

ဟုတ်တယ် … မယ်ဆုံ။ မယ်ဆုံဆိုပေမယ့် လူ မယ်ဆုံမဟုတ်ဘူး။ တစ္ဆေမ မယ်ဆုံ။ ဆံပင်က ဖါးလျားကြီး ၊ မျက်နှာက ဖွေးစုပ်စုပ်နဲ့ ကြောက်စရာကြီး။

ဘသာ နောင်တ ရသွားတယ်။ သူ အုန်းမောင်ကို ဆရာကြီးဦးအံ့ဆီ သွားဖို့ ပြောမိတယ်မဟုတ်လား။ ဒါကို မယ်ဆုံက မကျေနပ်လို့ သူ့နောက်ကို လိုက်လာတာ ဖြစ်လိမ့်မယ်လို့ တွေးလိုက်မိတယ်။

” ဣတိပိတော … ဣတိပိတော … ဘဂဝါ … … ”

ဘသာ ဘုရားစာ ရွတ်တယ်။ဒါပေမဲ့ ဘဂဝါကနေ ရှေ့မဆက်နိုင်ဘူး။ အကြောက်လွန်ပြီး ဘုရားဂုဏ်တော်တောင် မေ့ကုန်တယ်။

နောက်ဆုံး ဘသာ ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဖိနပ်ကိုချွတ်၊ လက်ကကိုင်ပြီး အတင်းပြေးတယ်။

သူက ပြေး၊ နောက်ကလည်း တဖပ်ဖပ်နဲ့ လိုက်လာတဲ့ ခြေသံကို ဆက်တိုက်ကြားရတယ်။

ဘသာ အိမ်ရောက်ခါနီးမှာ ဘုန်းခနဲ သူ့နောက်ကျောကို ရိုက်သံကြားလိုက်ရပြီး ကျောတပြင်လုံး ကျိန်းစပ်သွားတယ်။ ဒါတင်မကဘူး ရိုက်တဲ့အရှိန်က ပြင်းတော့ လမ်းပေါ် လဲကျသွားပါတော့တယ်။

ဘသာ ချက်ချင်း မထနိုင်ဘူး။ အဲ့ဒီအချိန် ဘသာတို့ အိမ်ထဲက ခွေးက ပြေးထွက်လာပြီး လမ်းမပေါ် အတင်းထိုးဟောင်တယ်။

ခွေးဟောင်သံတွေက အဆက်မပြတ်ဆိုတော့ ဘသာတို့အိမ်ထဲက လက်နှိပ်ဓာတ်မီးရောင် ထွက်ပေါ်လာတယ်။ ဘသာရဲ့ အဖေ ဦးစီ လက်နှိပ်ဓာတ်မီးနဲ့ ထိုးလိုက်တာပဲ။ ဦးစီက သူ့သား ဘသာ လမ်းပေါ်လဲနေတာ မြင်တော့ အိမ်သားတွေပါ နှိုးလိုက်ပြီး အတင်းပြေးလာရှာတယ်။

အဲ့တော့မှ ဘသာ ဟင်းချနိုင်တယ်။ နို့မို့ဆို တစ္ဆေမ မယ်ဆုံက သူ့ကို ဘယ့်နှယ်ဆက်လုပ်နေဦးမလဲ မသိနိုင်ဘူးလေ။ ဦးစီက သူ့သားကို ထူမပေးရင်း …

” ဘာဖြစ်လာပြန်ပြီလဲ ဘသာ၊ မင်းမလဲ ဒီအရက်ကြောင့် ခက်တယ် ”

ဦးစီက သူ့သား ဘသာ အရက်မူးလွန်လာပြီး လဲတယ်ထင်နေတာ။ ဘသာက …

” မသိဘူး အဖေရ၊ ဒီနားရောက်မှ ကျုပ်ကို နောက်ကနေ ရိုက်လိုက်သလို လဲကျသွားတာပဲ ။ အံမယ်လေး ကျောကုန်းက နာလိုက်တာ ကျွတ် ကျွတ် ကျွတ် ”

ဦးစီက ဘသာရဲ့ အင်္ကျီကိုလှန်ပြီးကျောမကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။

” အောင်မယ်လေး ဘုရားရေ ၊ ကျောမမှာ လက်ငါးချောင်းရာကြီးပါလား ”

ဘသာရဲ့ ကျောမမှာ ညိုမည်းနေတဲ့ လက်ငါးချောင်းရာကြီးက ထင်ထင်ရှားရှား ပေါ်နေတယ်။

” ဟင်! ဒါ… ဒါ ဆို ခုဏက ကျုပ်ကို တစ္ဆေ ရိုက်လိုက်တာပေါ့ ”

ဘသာက ထထိုင်ရင်း သူ လာခဲ့သော လမ်းဘက်ကို ငေးကြည့်လိုက်ချိန် … တိုက်တိုက်ဆိုင်ဆိုင် အနီးက ခွေးနီမက အဲ့ဒီဘက်ကို ကြည့်တဲ့ပြီး စွဲစွဲငင်ငင်ကြီး အူလိုက်တော့တာပေါ့။

” ဝူ အူး အူး ”

” ဝူ အူး အူး ”

တဆက်တည်း ရွာထဲရှိတဲ့ ခွေးတွေကပါ လိုက်အူကြတော့ ကြားရတဲ့သူတွေအဖို့ ရင်တဖိုဖို အသဲတလျပ်လျပ် ဖြစ်ကုန်ကြတယ်ဆိုပဲ။

(ပြီးပါပြီ)

ပီပီ၊မန္တလေး၊

Zawgyi Version

ႏြားပြဲစား ဘသာ(စ/ဆုံး)
—————————–
ေက်ာင္းဆရာ ကိုခ်စ္ေဖ တစ္ေယာက္ အုန္းေမာင္အိမ္ ညဘက္ အလည္သြားလို႔ အုန္းေမာင္မယား တေစၦမ မယ္ဆုံက ေျခာက္လႊတ္လိုက္တယ္ဆိုတဲ့ သတင္းက တ႐ြာလုံး ဟိုးဟိုးေၾကာ္သြားတယ္။

ေက်ာင္းဆရာခမ်ာ ၃ရက္ေလာက္ ဖ်ားသြားတယ္ဆိုပဲ။ ေနာင္ဆို အုန္းေမာင္ကို လမ္းမွာေတြ႕ရင္ေတာင္ ေက်ာင္းဆရာတစ္ေယာက္ မႏုတ္ဆက္ရဲေတာ့ဘဲ၊ မ်က္ႏွာလႊဲသြားရသတဲ့။ အုန္းေမာင္အိမ္ဘက္လည္း ကိစၥရွိေတာင္ မသြားရဲေတာ့ဘူးေပါ့။

အုန္းေမာင္ကေတာ့ ပုံမွန္ပါပဲ။ လယ္ထဲ ဆင္းခ်ိန္ဆင္း၊ ေဈးဝယ္စရာရွိရင္ ႐ြာထဲက ေဒၚဂ်က္ ကုန္စုံဆိုင္လာဝယ္၊ လမ္းမွာ ေတြ႕သမွ်ကို ခါတိုင္းလို ၿပဳံးၿပဳံးရယ္ရယ္ ႏုတ္ဆက္ေပါ့။

ဒါေပမဲ့ အုန္းေမာင္အိမ္မွာ တေစၦမ မယ္ဆုံ ရွိေနတာကို သိၾကတဲ့ ႐ြာသူ႐ြာသားေတြက အုန္းေမာင္နဲ႔ မဆက္ဆံခ်င္ၾကဘူး။ အုန္းေမာင္လာတာ ျမင္တာနဲ႔ မ်က္ႏွာလႊဲတာတို႔ ၊ လုပ္စရာ တစ္ခုခုရွိလို႔ အိမ္ထဲဝင္သြားတာတို႔ စသျဖင့္ ခပ္ေရွာင္ေရွာင္ လုပ္လာၾကတယ္။

တစ္ခါကေန ႏွစ္ခါေတာ့ အုန္းေမာင္က သူ႔ကို ေရွာင္ၾကတယ္ဆိုတာကို သတိမထားမိပါဘူး။ ေနာက္ အႀကိမ္ႀကိမ္ဆိုလာေတာ့ အုန္းေမာင္ ရိပ္စားမိလာတယ္။သူ႔စိတ္ထဲ လူေတြ ဘာျဖစ္လို႔ ငါ့ကို ေရွာင္ၾကတာလဲေပါ့။

တစ္ေန႔ ညေန ေနဝင္ရီတေရာ္အခ်ိန္မွာ သူ ေဈးဝယ္စရာရွိလို႔ ေဒၚဂ်က္ကုန္စုံဆိုင္ကို အသြား၊ ႐ြာလယ္လမ္းမွာ ကိုဘသာဆိုသူနဲ႔ မ်က္ႏွာခ်င္းဆိုင္ တိုးသတဲ့။

ဘသာဆိုတာက ႏြားအိပ္စပတ္။ ႏြားသဘာဝ၊ ႏြားအေၾကာင္း သိပ္နားလည္တဲ့သူ။ ႐ြာထဲက လူေတြ သူတို႔ႏြား မအီမသာ တစ္ခုခုျဖစ္ရင္ ဘသာကိုပဲ ေခၚၿပီးျပၾကတယ္။ ဘသာက ဘာေကြၽးလိုက္ပါ၊ ဘာနဲ႔ဘာနဲ႔ စပ္တိုက္လိုက္ပါလို႔ ေျပာရင္၊ သူေျပာတဲ့အတိုင္းသာလုပ္၊ အဲ့ဒီႏြားက ျပန္ေကာင္းလာတာပဲ။

ဘသာက အုန္းေမာင္ကို စျမင္ေတာ့ ကြက္ခနဲ မ်က္ႏွာပ်က္သြားတယ္။ အုန္းေမာင္ကို ေရွာင္ခ်င္တာနဲ႔ ဘသာက နီးရာ လမ္းသြယ္ထဲ ေကြ႕ဝင္မယ္အလုပ္မွာ အုန္းေမာင္က…

” ဗ်ိဳ႕ ကိုႀကီးဘသာ ေနပါအုံးဗ် ၊ က်ဳပ္ ေမးစရာေလးရွိလို႔ပါ ”

အုန္းေမာင္က လွမ္းေခၚေနၿပီဆိုေတာ့ ဘသာခမ်ာ ေရွာင္လြဲလို႔ မရေတာ့ဘူးေလ။ သူ႔ခမ်ာ မအီမလည္နဲ႔ ေရာက္တဲ့ေနရာက မေ႐ြ႕ဘဲ ရပ္ေစာင့္ေနရေတာ့တာေပါ့။

” ေအး ဘာေမးခ်င္လို႔လဲ အုန္းေမာင္ ၊ ငါ ေဒြးေလးရဲ႕ ႏြားတစ္ေကာင္ သြားၾကည့္မလို႔ကြ ”

ဘသာက သူ မအားဘူးဆိုတဲ့အေၾကာင္း အရိပ္အႁမြက္ ထည့္ေျပာလိုက္တယ္။ အုန္းေမာင္က …

” ေဟာဗ်ာ! တိုက္တိုက္ဆိုင္ဆိုင္… က်ဳပ္ကလဲ က်ဳပ္အိမ္က တိုင္းေက်ာ္နဲ႔ နီမ အခုတေလာ အစာ သိပ္မစားၾကလို႔ ဘာလုပ္ရမလဲလို႔ ကိုႀကီးဘသာကို ေမးမလို႔ဗ် ။ တဆိတ္ဗ်ာ ကိုႀကီးဘသာ အားမယ့္အခ်ိန္ က်ဳပ္အိမ္ဘက္ တစ္ခ်က္လွည့္ခဲ့ပါလား။ ႏြားႏွစ္ေကာင္ ညဘက္သန္းေခါင္ဆိုလဲ ခြါရွပ္ၿပီး ႏွာမႈတ္သဗ် ၊ အေကာင္တစ္ေကာင္မ်ား လာကပ္သလားမသိပါဘူး။အဲ့ဒါဗ်ာ က်ဳပ္ ႏြားေတြကို ကိုႀကီးဘသာ လက္ေတြ႕လိုက္ၾကည့္ေတာ့ ဘာျဖစ္တယ္ သိရတာေပါ့ ”

အုန္းေမာင္စကားေၾကာင့္ ဘသာ မ်က္လုံးျပဴးသြားတယ္။ သူက ထစ္ထစ္ေငါ့ေငါ့နဲ႔ …

” ေဟ! မင္းအိမ္ကို လာရမယ္လား၊ မ … မ … ျဖစ္ဘူး ထင္တယ္ ”

အုန္းေမာင္ကေတာ့ ဘသာ ဘာျဖစ္တယ္ဆိုတာ ရိပ္စားမိပုံမရဘဲ သူေျပာခ်င္တာကိုသာ ဆက္ေျပာလိုက္တယ္ …

” ေအးေလ ဒီကေန႔ေတာ့ ေဒြးေလးတို႔ ႏြား သြားၾကည့္ရအုံးမယ္ဆိုေတာ့ ဘယ္အားမွာလဲ ၊ မနက္ျဖန္ေတာ့ အားၿပီမို႔လား ၊ လာျဖစ္ေအာင္သာ လာခဲ့ဗ်ာ ၊ က်ဳပ္ မယား မယ္ဆုံကို ခင္ဗ်ားအႀကိဳက္ လယ္ႂကြက္ကို င႐ုတ္သီးစပ္စပ္နဲ႔ ေၾကာ္ခိုင္းထားလိုက္မယ္ ။ ေဇေလး(ေဇအရက္)နဲ႔ဆို လိုက္မွလိုက္ပဲ ”

‘က်ဳပ္မယားမယ္ဆုံ’ဆိုတာ ၾကားတာနဲ႔ ဘသာတစ္ ကိုယ္လုံး ၾကက္သီးဖ်န္းဖ်န္းထသြားတာေပါ့ ။ ခ်က္ခ်င္းပဲ ဘသာက …

” ဟို … ဟို … ငါ မနက္ျဖန္လဲ မအားဘူး အုန္းေမာင္။ ဟိုဘက္႐ြာကို ထြန္းလွတို႔နဲ႔ ႏြားသြားဝယ္မလို႔ ”

ဘသာက အုန္းေမာင္အိမ္ မသြားခ်င္တာနဲ႔ အေၾကာင္းျပရွာတယ္။ တစ္႐ြာလုံးက မယ္ဆုံ တေစၦမအျဖစ္နဲ႔ အုန္းေမာင္အိမ္မွာ ရွိတယ္ဆိုတာ ေျပာေနၾကတယ္မဟုတ္လား။ ဘသာလည္း ဘာေကာင္မို႔လို႔လဲ။ သူလည္း မသြားရဲတာေတာ့ အမွန္။

အုန္းေမာင္ မ်က္ႏွာက ကြက္ခနဲ ပ်က္သြားတယ္။ ဒီလူေတာ့ ငါ ႐ိုး႐ိုးတန္းတန္း ေခၚတာ မလိုက္ဘူး။ အတင္း ေခၚမွ ျဖစ္ေတာ့မယ္လို႔မ်ား ေတြးမိေလသလားမသိ။

” ဒါဆိုလဲ က်ဳပ္က ခင္မ်ားႏွမ မယ္ဆုံကိုပဲ အေခၚလႊတ္လိုက္ေတာ့မယ္။ မယ္ဆုံက ခုဆိုမွ ခု။ ခင္မ်ားလဲ မယ္ဆုံအေၾကာင္းအသိသား ။ မယ္ဆုံ ကိုယ္တိုင္ လာေခၚပါရဲ႕နဲ႔ ခင္မ်ား လိုက္မလာလို႔ကေတာ့ … ဟင္းဟင္း”

‘ ျမတ္စြာဘုရား ‘ လို႔ ဘသာ ရင္ထဲကေန တီးတိုးေရ႐ြတ္လိုက္မိတယ္။ မယ္ဆုံကိုယ္တိုင္ လာေခၚမတဲ့။ ရပ္ေနတဲ့ ေျခေထာက္ေတြေတာင္ ေၾကာက္စိတ္ေၾကာင့္ ခပ္ေခ်ာင္ေခ်ာင္ ျဖစ္ကုန္သလားမသိ။ ယိုင္နဲ႔နဲ႔ ျဖစ္သြားရွာတယ္။

ဘသာ အကူအညီရလို႔ရျငား ေဘးဘီဝန္းက်င္ကို ၾကည့္ပါေသးတယ္။ ဒါေပမဲ့ သိတဲ့အတိုင္း အုန္းေမာင္ဆို ေဝးေဝးက ေရွာင္ခ်င္ၾကတဲ့သူေတြဆိုေတာ့ တစ္ေကာင္တစ္ၿမီးမွ မေတြ႕ရဘူး။ ေစာေစာကတည္းက အိမ္ထဲ အလ်ိဳလ်ိဳ ဝင္ကုန္ၾကၿပီေလ။

” ကဲပါဗ်ာ … ကိုႀကီးဘသာကလဲ ေဈးကိုင္မေနပါနဲ႔။ အခ်င္းခ်င္းေတြပဲဟာ။ လာပါ ။ ေဒြးေလးရဲ႕ ႏြားကို မနက္ျဖန္မွ ၾကည့္ေပးလဲ ျဖစ္တာပဲဟာ။ က်ဳပ္ႏြားကိုသာ အရင္လိုက္ၾကည့္ေပးစမ္းပါ ။ ေဒၚဂ်က္ဆိုင္က ေဇ ၂လုံးနဲ႔ လၻက္၊ ပဲေလွာ္ ဝယ္ခဲ့ပါ့မယ္။ အိမ္ေရာက္ေတာ့ ခင္မ်ားႏွမကို က်ဳပ္ေန႔လယ္က ရထားတဲ့ လယ္ႂကြက္ကို ဆီ႐ႊဲ႐ႊဲနဲ႔ ေၾကာ္ခိုင္းေပးအုံးမယ္ဗ်ာ။ က်ဳပ္တို႔ ညီအစ္ကိုေတြ မဆုံတာလဲ ၾကာၿပီမို႔လား ”

အဲ့သလို မရမက ေျပာလည္းေျပာ ၊ အုန္းေမာင္က ဘသာရဲ႕ လက္တစ္ဖက္ကို အတင္းဆြဲေနေလေတာ့ ၊ ဘသာခမ်ာ ယက္ကန္ယက္ကန္နဲ႔ အုန္းေမာင္ေခၚရာကို ပါသြားေလေတာ့တယ္။ေသခ်ာတယ္။ ဘသာ ရင္ေတြ တဒိန္းဒိန္း ခုန္ေနရွာမွာပဲ။

__________

၆။

အုန္းေမာင္က သူ႔ၿခံေရွ႕ ေရာက္တာနဲ႔ …

” မယ္ဆုံေရ … ကိုႀကီးဘသာ ပါလာတယ္ေဟ့ ။ တိုင္းေက်ာ္နဲ႔ နီမ ေနမေကာင္းတာ ၾကည့္ေပးမလို႔တဲ့ဟ”

တစ္လမ္းလုံး ၿမဲၿမဲကိုင္လာတဲ့ ဘသာလက္ကို လႊတ္လိုက္ၿပီး အုန္းေမာင္က ၿခံဝိုင္းထဲ အရင္ ဝင္ခ်သြားတယ္။ ၿခံဝမွာ ဘသာခမ်ာ ၿခံထဲပဲ ဝင္ရႏိုးႏိုး၊ ျပန္ပဲေျပးရႏိုးႏိုး နဲ႔ တုံဏိဘာေဝ ျဖစ္က်န္ခဲ့တယ္။

အုန္းေမာင္က တစ္ခ်က္လည္ျပန္ၾကည့္ၿပီး …

” ဟ … ကိုႀကီးဘသာ ဘာလုပ္ေနတာလဲ ၊ လာေလဗ်ာ ။ ဘာလဲ ခင္မ်ား ႏွမက ထြက္မႀကိဳလို႔လား ”

ဘသာ တြန႔္ခနဲ ျဖစ္သြားတယ္။ ခ်က္ခ်င္းပဲ ေခါင္းတခါခါ လည္တခါခါနဲ႔ …

“ဟင္! အဲ မဟုတ္ပါဘူး ၊ ထြက္မႀကိဳပါနဲ႔ ၊ ရပါတယ္ လာပါၿပီကြာ ”

တဲေရွ႕က ကြပ္ျပစ္ေပၚမွာ စားပြဲဝိုင္းက အဆင္သင့္။ အံမယ္ … ပန္းကန္ေတြေရာ ခြက္ေတြပါ အသင့္တည္ထားတာပါလား။

” လာဗ်ာ ကိုႀကီးဘသာ၊ ႏြားကို ေနာက္မွၾကည့္ေတာ့၊ အရင္ဦးဆုံး က်ဳပ္တို႔ တစ္ခြက္စီေလာက္ ကစ္လိုက္ၾကရေအာင္ ”

အုန္းေမာင္က ဝယ္လာတဲ့ လၻက္နဲ႔အေၾကာ္စုံကို ပန္းကန္ထဲ ထည့္လိုက္တယ္။ ၿပီးေတာ့ ေဇ အရက္တစ္လုံးရဲ႕ အဖုံးကို သြားနဲ႔ကိုက္ ဖြင့္ပစ္လိုက္တယ္။

ဘသာက ေဘးဝန္းက်င္ကို အကဲခတ္ေနတယ္။ အုန္းေမာင္တဲ ဝန္းက်င္မွာ တျခား လူေနတဲ မရွိဘူး။

ေျပာရမယ္ဆိုရင္ အုန္းေမာင္ရဲ႕တဲက ႐ြာအစြန္မွာ၊ အနီးဆုံးတဲေတာင္ ကိုက္၃၀၀ေလာက္ ေဝးတယ္။ အုန္းေမာင္ရဲ႕ ၿခံနံေဘးမွာ ဆူးၿခဳံေတြ ၊ ပဒိုင္းပင္ေတြ ေတာထေနတာကလြဲရင္ ဘာမွ မရွိဘူး။

အုန္းေမာင္ရဲ႕ ၿခံထဲမွာ ဗူးစင္ တစ္စင္နဲ႔ ခရမ္းပင္ေတြ စိုက္ထားတယ္။ ခရမ္းပင္ေတြက ေျခာက္ေနသလို၊ ဗူးပင္အႏြယ္ေတြကလည္း ဝါဖန႔္ေနတာျမင္ေတာ့ အုန္းေမာင္ အပင္ေတြကို ေရမေလာင္းဘူးလို႔ ခန႔္မွန္းလိုက္မိတယ္။

တဲအေနာက္မွာက ေရတိုင္နဲ႔ ႏြားတဲ ရွိတယ္။ အဲ့ဒီေတာ့ ႏြားေတြကို အခုထိုင္တဲ့ ကြပ္ျပစ္ကေနဆို မျမင္ႏိုင္ဘူး။ ႏြားေတြရဲ႕ လႈပ္ရွားသံလည္း မၾကားရဘူး။

ငွဲ႔ထားတဲ့ အရက္ခြက္တစ္ခြက္ကို အုန္းေမာင္က ဘသာဘက္ကို တိုးေပးလိုက္ၿပီး …

” အဟီး လၻက္ကို ဆီဆမ္းဖို႔ ေမ့ေနတာ၊ မယ္ဆုံေရ … လၻက္ထဲ ဆီဆမ္းဖို႔ ဆီပုလင္းေလး ယူခဲ့ပါကြာ ”

မယ္ဆုံဆိုတဲ့အသံၾကားတိုင္း ဘသာခမ်ာ မ်က္ႏွာေလး ႀကဳံ႕ဝင္သြားလိုက္တာ ဇီး႐ြက္ေလာက္ရွိေတာ့သလား ေအာက္ေမ့ရတယ္။

မယ္ဆုံကိုမ်ား ဆီပုလင္းနဲ႔ ထြက္လာမွာ ျမင္ရရင္ သူ လိပ္ျပာလြင့္သြားလိမ့္မယ္ထင္တယ္။

ဒါေပမဲ့ မယ္ဆုံက ထြက္မလာပါဘူး။ အဲ … တဲအတြင္းက ပုလင္းခ်င္းထိခတ္သံလိုလို ဘာလိုလိုေတာ့ ဘသာ နားနဲ႔ ဆက္ဆက္ၾကားလိုက္ရတယ္။

” မယ္ဆုံက သိပ္ေနမေကာင္းခ်င္ဘူး။ ညတိုင္း က်ဳပ္က နင္းႏွိပ္ေပးေနရတယ္။ ကဲပါေလ ဆီပုလင္းကို က်ဳပ္ပဲ သြားယူလိုက္ပါ့မယ္ ”

အုန္းေမာင္ တဲထဲဝင္သြားတယ္။ တဲထဲက တီးတိုးစကားသံအခ်ိဳ႕ ၾကားလိုက္ရျပန္တယ္။ ဘသာ ၾကားရတာေတာ့ အုန္းေမာင္ရဲ႕ အသံတစ္ခုတည္းပဲ။ ဒါေပမဲ့ အုန္းေမာင္အသံက မယ္ဆုံနဲ႔ ေျပာေနသလိုပဲေပါ့။

ခဏၾကာေတာ့ ဆီပုလင္းကို အုန္းေမာင္ လက္ကကိုင္ၿပီး ျပန္ထြက္လာတယ္။ သူ႔မ်က္ႏွာက ၿပဳံးလို႔႐ႊင္လို႔။

” ခင္မ်ားႏွမက အလိုက္သိပါတယ္ဗ် ။ ခင္မ်ား ပါလာတယ္ဆိုလို႔ က်ဳပ္ေန႔ခင္းက ထိုးလာတဲ့ လယ္ႂကြက္ကို ေၾကာ္ေပးေနတာ ”

ေၾကာက္ေနတဲ့ ဘသာက ကိုင္ထားတဲ့ အရက္ခြက္ကို တဘရိတ္တည္း ေကာက္ေမာ့ပစ္လိုက္တယ္။ အုန္းေမာင္ ေျပာသလိုပဲ၊ တဲထဲက မီးဖိုက တရွဲရွဲနဲ႔ ေၾကာ္ေလွာ္ေနတဲ့ အသံကို သူ ၾကားလိုက္ရတာကိုး။

အဲ့ဒီေတာ့ သူလည္း ေၾကာက္ေၾကာက္နဲ႔ အရက္ခြက္ကို ေမာ့ခ်ပစ္လိုက္ပုံပဲ။

အဟုတ္ကို တဲထဲက င႐ုတ္သီးနဲ႔ႂကြက္ေၾကာ္ေနတဲ့ ရနံ႔ေမႊးေမႊးက တဲေရွ႕ကြပ္ျပစ္တိုင္ေအာင္ လြင့္ပ်ံလာတယ္။ ဘသာ ကတုန္ကရင္နဲ႔

” ထည့္ကြာ ေနာက္တစ္ခြက္ ၊ ငါ ေသာက္မွ ျဖစ္မယ္ ”

အုန္းေမာင္က အရက္ခ်ည္း ေရမခံဘဲ ေသာက္သြားတဲ့ ဘသာကို မ်က္လုံးျပဴး ၾကည့္ရင္း ေနာက္တစ္ခြက္ ထပ္ငွဲ႔ေပးလိုက္တယ္။

” ေရမေရာေတာ့ဘူးလား ကိုႀကီးရ။ ၿပီးေတာ့ လၻက္ျမည္းအုံးေလဗ်ာ”

ဘသာက သူ႔ခြက္ထဲ အရက္ ထပ္ျဖည့္ၿပီးတာနဲ႔ ခုဏကလိုပဲ တဘရိတ္တည္း ထပ္ေမာ့လိုက္ျပန္တယ္။ ၿပီးေတာ့ လူက ထူပူသြားသလိုနဲ႔ ေရွ႕က လၻက္ပန္းကန္ထဲက လၻက္အနည္းငယ္ကို ေကာက္ဝါးလိုက္တယ္။ အရက္သာ ႏွစ္ခြက္ ဝင္သြားတာ ဘသာရဲ႕ ေၾကာက္စိတ္ကို အရက္က မႏိုင္ေသးဘူး။ အဲ့ဒီေတာ့ ဘသာခမ်ာ ဝမ္းထဲသာ အရက္ေၾကာင့္ ပူသြားတာ၊လူက မမူးေသးဘူး။လူက ေၾကာင္စီစီျဖစ္ေနတယ္။

အုန္းေမာင္က တစ္ခြက္ မကုန္ေသးဘူး။ ဘသာက ႏွစ္ခြက္ေသာက္ၿပီးသြားၿပီ။

သူတို႔ အရက္ေသာက္ေနၾကဆဲမွာပဲ တဲထဲက ေၾကာ္တဲ့ေလွာ္တဲ့ အသံေတြ ၿငိမ္သြားၿပီ။ ဇြန္းသံ၊ပန္းကန္သံေတြ ထပ္ၾကားရျပန္တယ္။

အရက္ ဝင္ထားတဲ့ ဘသာက နည္းနည္းေတာ့ ရဲကိုးသြားဟန္တူတယ္။ဘသာက …

” ႂကြက္ေၾကာ္ ရၿပီနဲ႔တူတယ္ ”

အုန္းေမာင္က ခြက္ထဲက လက္က်န္အရက္ကို စြပ္ခနဲ ေမာ့လိုက္ၿပီး …

” အင္း ရေလာက္ၿပီ ၊ မယ္ဆုံေရ ႂကြက္ေၾကာ္ရရင္ လာခ်ပါဟ ”

တဲထဲက ၾကမ္းနင္းသံ တကြၽီကြၽီ ထြက္လာတယ္။ လူတစ္ေယာက္ ၾကမ္းဝါးကို နင္းလာတဲ့အသံပဲ။ ဒါေပမဲ့ အသံသာၾကားရတာ မယ္ဆုံကေတာ့ ထြက္မလာပါဘူး။

” ဂြပ္ … ဖေရာ … ”

သံပန္းကန္ျပားတစ္ခ်ပ္က ေလ်ာခနဲ တဲဝ ဝါးၾကမ္းခင္းကို ေရာက္လာတယ္။ လူတစ္ေယာက္က ပစ္ေပးလိုက္သလိုေပါ့။

အုန္းေမာင္က အၿပဳံးမပ်က္ သံပန္းကန္ျပားကို လွမ္းယူလိုက္တယ္။

သံပန္းကန္ျပားထဲမွာ င႐ုတ္သီးရဲရဲနဲ႔ ခပ္မြမြေလး ေၾကာ္ထားတဲ့ လယ္ႂကြက္ေၾကာ္ ပူပူေလးပါလာတယ္။ ႂကြက္ေၾကာ္အေပၚ ျဖဴးထားတဲ့ ဂ်င္းနဲ႔ၾကက္သြန္ျဖဴေၾကာ္ရနံ႔က သင္းသင္းေလး ေမႊးေနတယ္။

တဲထဲက ေမွာင္ေနေတာ့ မယ္ဆုံဆိုတာကို ဘသာ မျမင္ရဘူး။ ဒါေပမဲ့ သူက အေသအခ်ာ ၾကည့္ေနေတာ့ ရိပ္ခနဲ လႈပ္ရွားသြားတာကိုေတာ့ ေတြ႕လိုက္ရတယ္။ မယ္ဆုံလို႔ေတာ့ အတတ္မေျပာႏိုင္ဘူးေပါ့။

အုန္းေမာင္က သူ႔ခြက္ထဲေရာ ဘသာရဲ႕ ခြက္ထဲပါ အရက္ေတြ ဆတူ ေလာင္းထည့္ေပးလိုက္ၿပီး …

” ခ် ကိုႀကီးဘသာ ၊ ဒါ ဒီကေန႔ ေန႔လယ္ကမွ ရလာတဲ့ လယ္ႂကြက္ဗ်။ နည္းတဲ့အေကာင္ႀကီးေတြမဟုတ္ဘူး။ ဗိုက္အဆီျပင္သာ ၾကည့္ေတာ့ဗ်ိဳ႕ ”

ဘသာက အုန္းေမာင္မ်က္ႏွာကို ေသခ်ာ အကဲခတ္တယ္။ သူ တစ္ခုခု ေျပာခ်င္ေနသလိုပဲ။ သူ႔ၾကည့္ရတာ ေျပာသင့္လား မေျပာသင့္ဘူးလားလို႔ ေတြေဝေနတဲ့ဟန္လည္း ရွိတယ္။

ဘသာ ခြက္ထဲက အရက္ကို တဝက္ေလာက္ ေမာ့ခ်လိုက္ျပန္တယ္။ ၿပီးေတာ့ အာပူသြားဟန္တူတယ္။

လယ္ႂကြက္ေၾကာ္ အသားတစ္ဖက္ကို ဆတ္ခနဲ ေကာက္ယူဝါးလိုက္တယ္။ အာသာေျပသြားေတာ့ ခုဏက အုန္းေမာင္ေျပာထားတဲ့ စကားကိုနင္းၿပီး …

” အုန္းေမာင္ … မင္းမိန္းမ ေနမေကာင္းဘူးဆိုေတာ့ ဘာျဖစ္တာလဲ”

အုန္းေမာင္က …

” မေျပာတတ္ပါဘူး ကိုႀကီးရာ၊ ညဘက္ ညဘက္ဆို တစ္ကိုယ္လုံး ကိုက္ခဲေနသတဲ့ ၊ ေန႔တိုင္း က်ဳပ္ပဲ နင္းႏွိပ္ေပးေနရတယ္။ က်ဳပ္က ေဆးဆရာ ျပရေအာင္ဆိုေတာ့ သူက ‘ဘာလဲ ေတာ္က က်ဳပ္ကို နင္းနိပ္ေပးေနရတာ မၾကည္ျဖဴေတာ့ဘူးေပါ့’တဲ့။ ကဲ … မခက္လား ကိုႀကီးရ ”

ဘသာ စဥ္းစားလိုက္တယ္။ ဒါ မယ္ဆုံဆိုတဲ့ နာနာဘာဝက တမင္သက္သက္ အုန္းေမာင္ကို လွည့္ျဖားေနတာျဖစ္လိမ့္မယ္လို႔ ေတြးမိေလေတာ့ …။

” ဒီလိုလုပ္ပါ့လား အုန္းေမာင္။ တို႔ ႐ြာေတာင္ဖ်ားက ဆရာႀကီးဦးအံ့ဆီမွာ ေဆးေကာင္းဝါးေကာင္း ရွိသမို႔လား။ မင္း ဆရာႀကီးဆီ သြားၿပီး မင္းမိန္းမျဖစ္ပုံကို အက်ိဳးအေၾကာင္းေျပာၿပီး ေဆးေတာင္းၾကည့္ပါ့လား ”

ဘသာရဲ႕စကားအဆုံး …

” ဒုန္း ! ”

တဲထဲက ေျခေဆာင့္သံႀကီး ထြက္လာတယ္။ အုန္းေမာင္ေရာ ဘသာပါ လန႔္သြားၾကတယ္။ အသံက ေတာ္ေတာ္ က်ယ္တာကိုး။

ဘသာ ေျပာတဲ့ ဆရာႀကီးဦးအံ့ဆိုတာက ဗိေႏၶာေဆးသမားေတာ္သာမက ေလာကီဆရာ(အထက္လမ္းဆရာ) တစ္ဦးလို႔လည္း နာမည္ေက်ာ္တယ္။ ဒါကို တဲထဲက တေစၦမ မယ္ဆုံက ၾကားေတာ့ မႏွစ္ၿမိဳ႕ၿပီး ေဒါသထြက္ဟန္တူပါတယ္။အိမ္ၾကမ္းခင္းကို ေျခနဲ႔ ေဆာင့္လိုက္တာ တဲေတာင္ တုန္သြားသလားပဲ။

အုန္းေမာင္လည္း ခ်က္ခ်င္း မ်က္ႏွာပ်က္သြားတယ္။ ခုဏက ေဖၚေ႐ႊတဲ့ အၿပဳံးေတြ ေပ်ာက္သြားၿပီး မ်က္ႏွာက ရႈသိုးသိုး ျဖစ္သြားတာကို ဘသာ ျမင္လိုက္တယ္။ ဘသာစကားကို အုန္းေမာင္ကလည္း ႀကိဳက္ဟန္မတူဘူး။

အုန္းေမာင္က သူ႔ေသာက္လက္စ ဖန္ခြက္ထဲက အရက္လက္က်န္ကို ေမာ့ခ်လိုက္ၿပီး ေလသံတင္းတင္းနဲ႔ …

” ကဲ … ခင္မ်ားလဲ ေသာက္စရာရွိတာ ေသာက္ဗ်ာ၊ ၿပီးရင္ ႏြားသြားၾကည့္ၾကရေအာင္”

ဘသာခမ်ာ ဆက္ပဲေသာက္ရႏိုးႏိုး ၊ ႏြားပဲ ထၾကည့္ရႏိုးႏိုး ျဖစ္သြားရွာတယ္။

ဒါနဲ႔ သူလည္း အရက္ကို ေမာ့ခ်လိုက္ၿပီး ၊

” ေအး ဒါဆိုလဲ ငါတို႔ ႏြားသြားၾကည့္ၾကတာေပါ့ ” ဟုဆိုကာ မတ္တတ္ထကာ ပုဆိုးကို ျပင္ဝတ္လိုက္တယ္။

ဘသာစိတ္ထဲ ျမန္ျမန္ၾကည့္ ျမန္ျမန္ျပန္တာ သူ႔အတြက္ ပိုအႏၲရာယ္ကင္းမယ္မဟုတ္လား။

အုန္းေမာင္က တဲရဲ႕ညာဘက္ကေန ပတ္ၿပီး ႏြားတဲရွိရာကို ေခၚသြားတယ္။ ညာဘက္ဆိုတာက အိမ္ရဲ႕ ေခါင္းရင္း။ အဲ့ဒီေတာ့ ပြင့္ေနတဲ့ တဲျပတင္းကေန တဲထဲကို ခပ္ေရးေရး ျမင္ႏိုင္တယ္။

ဘသာက စပ္စပ္စုစုနဲ႔ တဲထဲကို လွမ္းၾကည့္လိုက္တယ္။ အသံမထြက္ဘဲ၊ ‘ ေအာင္မယ္ေလး ! ျမတ္စြာဘုရားႀကီး ကယ္ပါ ‘လို႔ စိတ္ထဲကေန ေရ႐ြတ္လိုက္မိတယ္။

သူ ျမင္လိုက္ရတာက အေမွာင္ထဲမွာ ေက်ာေပးထိုင္ေနတဲ့ မိန္းမတစ္ေယာက္။ ဆံပင္ေတြ ဖါးလ်ားခ်ထားတယ္။ ေကာက္ေၾကာင္းၾကည့္ရတာေတာ့ ေသသြားတဲ့ မယ္ဆုံခႏၶာကိုယ္လိုပဲ။

အုန္းေမာင္ ေျပာသလို မယ္ဆုံ တကယ္ပဲ မေသတာလားလို႔ေတာင္ သူ သံသယျဖစ္မိသြားတယ္။

သူ ၾကည့္ေနတာမ်ား မယ္ဆုံက သိသြားသလား မသိဘူး။ ႐ုတ္တရက္ မတ္တတ္ထရပ္ၿပီး ပိုၿပီး အေမွာင္က်တဲ့ တဲအတြင္းဘက္ကို ေ႐ြ႕သြားတယ္။

အဲ့ဒီမွာ ဘသာ ၾကက္သီးေမြးညင္းေတြ ဖ်န္းဖ်န္းထသြားတယ္။ ဘာလို႔လဲဆို မယ္ဆုံက လမ္းေလွ်ာက္သြားတာနဲ႔ မတူဘူး။ ေလတိုက္လို႔ လြင့္သြားတဲ့ အဝတ္စလို ေ႐ြ႕သြားတာမို႔လို႔ပဲေပါ့။

” လာေလဗ်ာ … ဘာရပ္လုပ္ေနတာတုန္း ”

အုန္းေမာင္က လွမ္းေခၚေတာ့မွ ဘသာ သတိ ဝင္လာၿပီး တဲအေနာက္က ႏြားတဲဆီကို ခပ္သုတ္သုတ္ လွမ္းလာခဲ့လိုက္ေတာ့တယ္။

ဘသာစိတ္ထဲမွာ ‘ တဲထဲမွာ ဘာလို႔ မီးအိမ္မထြန္းတာပါလိမ့္’လို႔ စႏိုးစေႏွာင့္ ျဖစ္သြားတယ္။

ႏြားတဲမွာ မီးအိမ္တခု ထြန္းထားတယ္။ ဘသာ ႏြားတဲထဲ ေျခခ်လိုက္ေတာ့ ႏြားႏွစ္ေကာင္ရဲ႕ အေျခအေနကို ျမင္ေတြ႕သြားတယ္။

” ဟင္! မင္းႏြားေတြ အစာမေကြၽးဘူးလား အုန္းေမာင္ ”

ႏြားေတြက ပိန္လွီၿပီး အ႐ိုးေပၚအေရတင္ ျဖစ္ေနၾကတယ္။ အစာလည္း စားၾကဟန္မတူဘူး။ ႏြားစားခြက္ထဲမွာေတာ့ အစာေတြ ထည့္ထားတာေတြ႕တယ္။

” ဟာ မေကြၽးဘဲလား ၊ ေကြၽးတယ္၊ သူတို႔က မစားတာ ၊ အဲ့သလို အစာမစားလို႔ ခင္မ်ားကို ေခၚျပတာေပါ့၊ ဘာျဖစ္သလဲ ၾကည့္ေပးပါအုံး ”

ႏြားေတြက ပိန္ခ်ဳံးေနၾကတယ္။ မ်က္လုံးေတြေတာင္ အေရာင္မြဲေနၾကၿပီ။ သူတို႔ၾကည့္ရတာ တစ္ခုခုကို ေၾကာက္႐ြံေနၾကသလိုပဲ။ အုန္းေမာင္ကိုေတာ့ သူတို႔သခင္မွန္း သိၾကဟန္တူတယ္။ လႈပ္လႈပ္ရွားရွား သိပ္မလုပ္ၾကဘူး။ လိုအပ္တာထက္ ပိုၿငိမ္ေနၾကတာတခုပဲ။

ႏြားႏွစ္ေကာင္ကို ဘသာက ေသခ်ာ စစ္ေဆးတယ္။ အုန္းေမာင္က မီးအိမ္နဲ႔ ေဘးကေန လိုက္ ျပေပးတယ္။

ႏြားေပါင္ၿခံကို ဘသာက ငုံ႔ၾကည့္ၿပီး ….

” ေဝါ့ … ထြီ ”

ဘသာ အံခ်ေတာ့မလိုေတာင္ ျဖစ္သြားတယ္။ ႏြားရဲ႕ အတြင္းဘက္ေပါင္မွာ အနာႀကီးျဖစ္ေနတယ္။ အနာက ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲမသိဘူး။ပုပ္ေစာ္ေတြနံေနတဲ့အျပင္ အနာက ေလာက္ေတာင္က်ေနၿပီ။ ထူးျခားတာက ႏြားႏွစ္ေကာင္လုံး အနာက တစ္ပုံစံတည္းပဲ။

” ဒါ ေဆးအုံမွ ရမွာကြ၊ ၿပီးေတာ့ မင္းႏြားေတြ ေဆးေကြၽးရမယ္။ အနာေၾကာင့္ သူတို႔ အစာမစားတာ ”

ဘသာက ေဆးေတြ နာမည္ေျပာျပတယ္။ ဒါမွမသက္သာရင္ တစ္ပါတ္တစ္ခါ သူတို႔ ႐ြာကို လာတတ္တဲ့ တိေမြးကု ဆရာဝန္ကို ျပၾကည့္ဖို႔ အႀကံေပးတယ္။

အဲ့ဒီအခ်ိန္ တဲထဲက အိုးခြက္ပန္းကန္ေတြ က်ကြဲသံကို သူတို႔ ၾကားလိုက္ရတယ္။

ဘသာက လူေနတဲဘက္ကို လွမ္းၾကည့္လိုက္ေတာ့ အုန္းေမာင္က မ်က္စိမ်က္ႏွာပ်က္နဲ႔ …

” ဘာမွမဟုတ္ဘူး ၊ ေၾကာင္တိုးတာေနလိမ့္မယ္၊ ေနပေစ ဂ႐ုစိုက္မေနနဲ႔ ၊ ကဲ ဒါဆိုလဲ ခင္မ်ားေျပာသလို လုပ္ၾကည့္မယ္ဗ်ာ။ မသက္သာေတာ့ ဆရာျပၾကည့္တာေပါ့ ၊ လာ ျပန္ၾကစို႔ ”

အုန္းေမာင္က ေရွ႕က ေလွ်ာက္သြားတယ္။ ခုဏ လာစဥ္ကလိုပဲ တဲရဲ႕ေခါင္းရင္းဘက္က ျပန္လာေတာ့ ဘသာ တစ္ခု သတိထားမိလိုက္တယ္။ ခုဏက ပြင့္လ်က္သား ရွိတဲ့ တဲရဲ႕ ျပတင္းတံခါးက အခု ေစ့ေနေအာင္ ပိတ္ထားလိုက္ၿပီ။အဲ့ဒီေတာ့ အထဲကို မျမင္ႏိုင္ေတာ့ဘူး။

ဘသာရဲ႕ စိတ္ထဲ တံခါးပိတ္လိုက္တာလည္း ခပ္ေကာင္းေကာင္းလို႔ ေတြးလိုက္မိတယ္။ မေတာ္ သူကတဲထဲကို လွမ္းအၾကည့္နဲ႔ တေစၦမမယ္ဆုံကို ထင္ထင္ရွားရွားႀကီး ျမင္လိုက္ရရင္ ေနရာတင္ အသက္ထြက္သြားႏိုင္တယ္မဟုတ္လား။

အုန္းေမာင္က ၿခံတံခါးဝအထိ လိုက္ပို႔ေပးၿပီး …

” ကဲ ကိုႀကီးဘသာ … က်ဳပ္ လိုက္မပို႔ေတာ့ဘူး။ တဲထဲမွာလဲ မယ္ဆုံတစ္ေယာက္တည္း။ သိပ္လဲ ေနေကာင္းတာမဟုတ္ဘူး ”

” ေအးပါ … ဒါဆိုလဲ ငါျပန္မယ္ အုန္းေမာင္ ”

ဘသာက အုန္းေမာင္ကို ႏုတ္ဆက္ၿပီး ျပန္တယ္။အုန္းေမာင္ရဲ႕ ၿခံက ထြက္တာနဲ႔ ဘသာစိတ္ထဲ အေတာ္ လြတ္လပ္ေပါ့ပါးသြားသလို ခံစားရတယ္။

႐ြာထဲလမ္းမွာ လူေျခတိတ္ေနၿပီ။ လမ္းေပၚ ဘသာတစ္ေယာက္ပဲ ရွိတယ္။ အုန္းေမာင္တို႔ ၿခံနဲ႔ ခပ္လွမ္းလွမ္း ေရာက္တာနဲ႔ ဘသာ စိတ္ထဲ တစ္မ်ိဳးႀကီး ခံစားလာရတယ္။

အဲ့ဒါကေတာ့ သူ႔ေနာက္ကေန တစ္ေယာက္ေယာက္ လိုက္လာတယ္လို႔ ခံစားမိေနတာပဲ။တဖပ္ဖပ္နဲ႔ ေျခသံ ခပ္ေသးေသးတခု သူၾကားေနရတယ္။ သူ႔ဖိနပ္သံလားလို႔ ဇေဝဇဝါ ျဖစ္သြားေသးတယ္။ ဒါနဲ႔ သူ ေျခသံကို မၾကားရေအာင္ ခပ္ဖြဖြ ေလွ်ာက္တယ္။ဒါေပမဲ့ သူ႔ေနာက္က တဖပ္ဖပ္နဲ႔ ေျခသံက ရပ္မသြားဘူး။ ဆက္ပါလာတယ္။ေနာက္ကေန လိုက္လာေနတဲ့သေဘာ။

သရက္ပင္ႀကီးတပင္ အနီးေရာက္ေတာ့ ဘသာ အသက္ကို ဝဝရႈသြင္းလိုက္ၿပီး စိတ္အားကို တင္းလိုက္တယ္။ သူကသာ ေျခသံမထြက္ေအာင္ ေလွ်ာက္ေနေပမယ့္၊ ေနာက္က ေျခသံက ရပ္မသြားေတာ့ … ဘသာ မရဲတရဲနဲ႔ ေနာက္ကို လွည့္ၾကည့္လိုက္တယ္။

” ဟင္ ! ဘာမွလဲ မရွိပါလား ”

သရက္ပင္ႀကီး အရိပ္က ေကာင္းေတာ့ အေျခက ခပ္ေရးေရး ျမင္သာ႐ုံေလး ေမွာင္ေနတယ္။ ဖိနပ္သံေတာ့ မၾကားရေတာ့ဘူး။ ဒါနဲ႔ သူ ေရွ႕ဆက္ေလွ်ာက္ဖို႔ ေျခလွမ္း စလွမ္းလိုက္တယ္။

” ဝုတ္! ဝုတ္! ဝုတ္! ”

” ဂဲ … ဝုတ္ ဝုတ္ ဝုတ္ ”

လမ္းနံေဘး လူေနၿခံထဲက ေခြးတစ္ေကာင္က ဘာကို ျမင္တယ္မသိပါဘူး။ အတင္းထိုးေဟာင္တယ္။ ဘသာ ေခြးကိုၾကည့္ေတာ့ သူ႔ကို ေဟာင္တာမဟုတ္ဘဲ သူ႔ေနာက္ကို လွမ္းေဟာင္ေနတာ ေတြ႕လိုက္ရတယ္။ သူ ေနာက္ကို လွည့္ၾကည့္တယ္။ ဘာကိုမွ မေတြ႕ရဘူး။ ေခြးကေတာ့ ေဟာင္ေနတုန္းပဲ။

ဘသာ ၾကက္သီးေတြ ထလာတယ္။ ေခြးဆိုတဲ့သတၱဝါက နာနာဘာဝကို ေတြ႕ရင္ အဲ့သလို ေဟာင္ေလ့ရွိတယ္လို႔ ၾကားဖူးထားတယ္ေလ။

အဲ့ဒီအခ်ိန္ သရက္ပင္ေပၚက ငွက္ဆိုးထိုးသံႀကီးကလည္း သူ႔ေက်ာမတစ္ေလွ်ာက္လုံး ေအးစိမ့္သြားေစသလို ၊ ေခါင္းေမႊးေတြပါ ေထာင္ထသြားေစတယ္။

” ဟင္! ဟိုဟာ ဘာႀကီးတုန္း ”

ဘသာက သရက္ပင္ ေအာက္က လႈပ္လႈပ္ လႈပ္လႈပ္နဲ႔ ထြက္လာတဲ့ အရိပ္တစ္ခုကို ျမင္လိုက္ရၿပီး အံဩမွင္သက္သြားျပန္တယ္။

တျဖည္းျဖည္းနဲ႔ အရိပ္မည္းႀကီးက သရက္ပင္ႀကီး အရိပ္လြတ္ရာကို ေ႐ြ႕လာတယ္။ အဲ့ဒီက်မွ ဘသာ တစ္ကိုယ္လုံး တုန္သြားရွာတယ္။

“ဟင္! မယ္ဆုံ … မယ္ဆုံ ”

ဟုတ္တယ္ … မယ္ဆုံ။ မယ္ဆုံဆိုေပမယ့္ လူ မယ္ဆုံမဟုတ္ဘူး။ တေစၦမ မယ္ဆုံ။ ဆံပင္က ဖါးလ်ားႀကီး ၊ မ်က္ႏွာက ေဖြးစုပ္စုပ္နဲ႔ ေၾကာက္စရာႀကီး။

ဘသာ ေနာင္တ ရသြားတယ္။ သူ အုန္းေမာင္ကို ဆရာႀကီးဦးအံ့ဆီ သြားဖို႔ ေျပာမိတယ္မဟုတ္လား။ ဒါကို မယ္ဆုံက မေက်နပ္လို႔ သူ႔ေနာက္ကို လိုက္လာတာ ျဖစ္လိမ့္မယ္လို႔ ေတြးလိုက္မိတယ္။

” ဣတိပိေတာ … ဣတိပိေတာ … ဘဂဝါ … … ”

ဘသာ ဘုရားစာ ႐ြတ္တယ္။ဒါေပမဲ့ ဘဂဝါကေန ေရွ႕မဆက္ႏိုင္ဘူး။ အေၾကာက္လြန္ၿပီး ဘုရားဂုဏ္ေတာ္ေတာင္ ေမ့ကုန္တယ္။

ေနာက္ဆုံး ဘသာ ေျပးဖို႔ ဆုံးျဖတ္လိုက္တယ္။ ဖိနပ္ကိုခြၽတ္၊ လက္ကကိုင္ၿပီး အတင္းေျပးတယ္။

သူက ေျပး၊ ေနာက္ကလည္း တဖပ္ဖပ္နဲ႔ လိုက္လာတဲ့ ေျခသံကို ဆက္တိုက္ၾကားရတယ္။

ဘသာ အိမ္ေရာက္ခါနီးမွာ ဘုန္းခနဲ သူ႔ေနာက္ေက်ာကို ႐ိုက္သံၾကားလိုက္ရၿပီး ေက်ာတျပင္လုံး က်ိန္းစပ္သြားတယ္။ ဒါတင္မကဘူး ႐ိုက္တဲ့အရွိန္က ျပင္းေတာ့ လမ္းေပၚ လဲက်သြားပါေတာ့တယ္။

ဘသာ ခ်က္ခ်င္း မထႏိုင္ဘူး။ အဲ့ဒီအခ်ိန္ ဘသာတို႔ အိမ္ထဲက ေခြးက ေျပးထြက္လာၿပီး လမ္းမေပၚ အတင္းထိုးေဟာင္တယ္။

ေခြးေဟာင္သံေတြက အဆက္မျပတ္ဆိုေတာ့ ဘသာတို႔အိမ္ထဲက လက္ႏွိပ္ဓာတ္မီးေရာင္ ထြက္ေပၚလာတယ္။ ဘသာရဲ႕ အေဖ ဦးစီ လက္ႏွိပ္ဓာတ္မီးနဲ႔ ထိုးလိုက္တာပဲ။ ဦးစီက သူ႔သား ဘသာ လမ္းေပၚလဲေနတာ ျမင္ေတာ့ အိမ္သားေတြပါ ႏႈိးလိုက္ၿပီး အတင္းေျပးလာရွာတယ္။

အဲ့ေတာ့မွ ဘသာ ဟင္းခ်ႏိုင္တယ္။ ႏို႔မို႔ဆို တေစၦမ မယ္ဆုံက သူ႔ကို ဘယ့္ႏွယ္ဆက္လုပ္ေနဦးမလဲ မသိႏိုင္ဘူးေလ။ ဦးစီက သူ႔သားကို ထူမေပးရင္း …

” ဘာျဖစ္လာျပန္ၿပီလဲ ဘသာ၊ မင္းမလဲ ဒီအရက္ေၾကာင့္ ခက္တယ္ ”

ဦးစီက သူ႔သား ဘသာ အရက္မူးလြန္လာၿပီး လဲတယ္ထင္ေနတာ။ ဘသာက …

” မသိဘူး အေဖရ၊ ဒီနားေရာက္မွ က်ဳပ္ကို ေနာက္ကေန ႐ိုက္လိုက္သလို လဲက်သြားတာပဲ ။ အံမယ္ေလး ေက်ာကုန္းက နာလိုက္တာ ကြၽတ္ ကြၽတ္ ကြၽတ္ ”

ဦးစီက ဘသာရဲ႕ အက်ႌကိုလွန္ၿပီးေက်ာမကို ဓာတ္မီးနဲ႔ ထိုးၾကည့္လိုက္တယ္။

” ေအာင္မယ္ေလး ဘုရားေရ ၊ ေက်ာမမွာ လက္ငါးေခ်ာင္းရာႀကီးပါလား ”

ဘသာရဲ႕ ေက်ာမမွာ ညိဳမည္းေနတဲ့ လက္ငါးေခ်ာင္းရာႀကီးက ထင္ထင္ရွားရွား ေပၚေနတယ္။

” ဟင္! ဒါ… ဒါ ဆို ခုဏက က်ဳပ္ကို တေစၦ ႐ိုက္လိုက္တာေပါ့ ”

ဘသာက ထထိုင္ရင္း သူ လာခဲ့ေသာ လမ္းဘက္ကို ေငးၾကည့္လိုက္ခ်ိန္ … တိုက္တိုက္ဆိုင္ဆိုင္ အနီးက ေခြးနီမက အဲ့ဒီဘက္ကို ၾကည့္တဲ့ၿပီး စြဲစြဲငင္ငင္ႀကီး အူလိုက္ေတာ့တာေပါ့။

” ဝူ အူး အူး ”

” ဝူ အူး အူး ”

တဆက္တည္း ႐ြာထဲရွိတဲ့ ေခြးေတြကပါ လိုက္အူၾကေတာ့ ၾကားရတဲ့သူေတြအဖို႔ ရင္တဖိုဖို အသဲတလ်ပ္လ်ပ္ ျဖစ္ကုန္ၾကတယ္ဆိုပဲ။

(ၿပီးပါၿပီ)

ပီပီ၊မႏၲေလး၊