Unicode Version
” နွားသရဲရဲ့ အတိတ်ကလဲ့စား “(စ/ဆုံး)
—————————————–
မန္တလေးတိုင်း အတွင်းရှိ ရွာတစ် ရွာတွင်ဖြစ်သည်။ ထိုရွာသို့ ကိုသာအေးရောက်လာသည်မှာ မကြာသေးပေ။ ကိုသာအေး သည် နွားမွေးရတာ ဝါသနာထုံလေသည်။ နွားများကိုမြင် လျှင် အကောင် ထွားပါက အလွန်သ ဘောကျသည်။ လယ်လုပ် ရင်း သူ့အိမ်တွင် နွား၅ကောင် မွေးထားလေသည်။ နွားတစ်ကောင် ကအမ၊ ကျန်လေးကောင် ကအထီးများဖြစ်သည်။ တစ်နေ့တွင် ကိုသာအေး၏နွားမမှ နွားလေးတစ်ကောင်မွေးလေသည်။
ကိုသာအေးသည် ထိုနွားလေးကို အထူးဂရုစိုက်သည်။ နွားလေးမှာ ချစ်စရာလည်း ကောင်း၍ဖြစ်သည်။ သို့နှင့် မိခင် နွားကြီးနို့ကိုစို့လိုက် ကိုသာအေးရိတ်ကျွေးသော မြတ်နုများကို စားလိုက်နှင့် နွားလေးသည် လမ်းကောင်းကောင်း လျှောက်နိုင်သော အရွယ် ခါးလယ်ခန့်ပင်ရောက် နပေပြီ။
တစ်ရက်တွင် ကိုသာအေးအဖို့ မထင်မှတ်သောဖြစ်ရပ်နှင့် ကြုံရ လေသည်။ နွားလေးကို စားကျက်တွင် ထိန်းကြောင်း နေခိုက် မိမိချစ်ခင်သောနွားလေး၏ တိုးဝှေ့တိုက်ခိုက်ခြင်းကို ခံရ လေသည်။ ပထမအတွင် နွားလေးခြေ ချော်လို့ သူ့ကို၀င် တိုက်ခြင်းဟု လွဲမှားစွာ နားလည်မိခဲ့သည်။ သို့သော် ဦးချိုပင် မပေါက်သေးသော နွားပေါက်စလေး၏ ဦးခေါင်းနှင့် ဆောင့်မိသော အရှိန်သည် မထင် မှတ်အောင် ပြင်းလှသည်ကို သစ်ပင်၂ပင်ကြားသို့ သူကိုယ်ကြီးလွင့်စင် သွားခါမှ သိလိုက် ရသည်။
ထိခိုက်မှုအရှိန်သည် ပြင်းငြားပြင်းအံ့။ မဖြစ်နိုင်သည်လည်း ဖြစ်အံ့။ ကိုသာအေးမှ သူ့နွားလေးကို အပြစ်မမြင်။ နွားလေး ဘာဖြစ်သွားသလဲဆိုသော သူချစ်ခင်သော နွားပေါက်လေးကို ဂရုဏာသက်သောစိတ်ဖြင့် သစ်၂ပင်ကြားရောက်သွားရာမှ လှမ်းကြည့်လိုက်သောအခါ နွားပေါက်လေးသည် နွားအကြီးကြီးဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက် ရ တော့သည်။ ဦးချိုကြီး ကားကားကိုလည်း ကြက်သီးဖြန်းဖြန်းထဖွယ် မြင်လိုက်ရသည်။ ကိုသာအေး မျက်လုံးကိုပွတ်ကြည့်သည်။ ဟုတ်သည်။ ချိုကားကား နွား အကြီးကြီးကို မြင်ရ သည်က နီးလာသည်။
“ဒုန်း” ဘေးက သစ်ပင်၂ပင် ကို ၀င်ဆောင့်မိသည်။ သစ် ၂ ပင်နှင့်အတူ ကိုသာအေးပါ ယိမ်းခါသွားသည်။ ထိုအခါမှ ကိုသာအေး ကြောက် ရ ကောင်းမှန်းသိလာသည်။ လွတ်အောင် ပြေးထွက် ရ တော့မည်ဟု အသိ၀င် လာချိန်မှာတော့ မရ။ ရင်ဘတ်တွင် ပူကနဲ ခံစားလိုက် ရ တော့သည်။ ကိုသာအေးတစ်ယောက် သစ်၂ပင်ကြားမှ ရုန်းထွက်လို့လည်းမရ ဒုတိယအကြိမ် ဆောင့်လိုက်သည်က သစ်၂ပင် ကိုဖြစ်၍ သစ်၂ပင် အယိမ်း၊ သူ့ကိုအညှပ် ဖြစ်နေချိန် ထိုနွားမှ ၃ကြိမ်မြောက် ဆောင့်ခြင်းကို ခံရခြင်းပေတည်း။
“ဟာ သာအေးတော့ နွားဝှေ့ခံနေရပြီကွ လုပ်ကြဦး ” “ဟေ့ နေဦး နေဦး သူ့ဝှေ့နေတဲ့ နွားကြီးက ကြီးထှာကြီးက နည်းနည်းနောနောကောင်ကြီးလား အယ် ဒို့ပုခုံးကျော်လောက်ရှိမယ်ဟ ” ” ဟာ ငါတို့ ရွာနား ဒ လောက်ကြီးတဲ့ နွား မရှိပါဘူးကွာ နောက်ပြီး ဒီနွား သူ့ဆီသွားရင် ဒို့က အရင်မြင် ရမယ့်ဟာ စဉ်းစားကြဦးကွ ” ” ဟုတ်တယ်ဗျ စားကျက်ကို သွားရင် ဒီလမ်းတစ်လမ်းထဲရှိတာကို စောစောက တော့ ကိုသာအေးက သူ့နွားလေးကို ပွတ်သပ်နေတာ ကျုပ်နွားသိမ်း တုန်း သူ့ဘေးကဖြတ်သွားတုန်း တွေ့ ခဲ့သေးတယ် ခု သူ့နွားလေးတောင် မမြင် ဘူးဗျ နွားကြီးက နွားပေါက်လေးကို ကော်ထည့်ပစ်ပြီလားမသိဘူးဗျ ” ” ဟာ နွားပေါက်က အ ရေးမကြီးပါဘူးကွ သာအေးတော့ သေပြီလားမသိဘူးကွ လုပ်ကြပါဦး ဒီကောင့်ကို သစ်၂ပင်ကြားမှာ ပယ်ပယ်နယ်နယ်ကို ဝှေ့နေတာ ၇ခါလောက် ရှိပြီ ကြည့်စမ်း ချိုကြီးကို ကားလို့ ” “အာ ဗျာ ကျုပ်တို့လည်း စိတ်ပူတာပေါ့ဗျ ဒါပေမယ့် နွားကိုလည်းကြည့်ဦး ကျုပ်တော့ လူ့တစ်သက် ဒီလောက်ကြီးတဲ့နွား တစ်ခါ မှ မှ အဲဗျာ ဟာ ဟာ ကိုသာအေးကို ဝှေ့နေတာ သူ့နွားပေါက်လေးဗျ ဘယ်နှယ်ဟာ စောစောက နွားအကြီးကြီး ဖြစ်သွားရတာတုန်း ဘုရား ဘုရား”
ကိုသာအေးမှာ နွားဝှေ့သည့် ဒဏ်ဖြင့် သစ်၂ပင်ကြားတွင် ခေါင်းငိုက်စိုက်ကျ နပေပြီ။ သို့သော် မြေ ပေါ်သို့ ပုံ၍ကားမကျ၊ အ ကြောင်းမှာ သစ်ပင် ညှပ်နေခြင်းကြောင့်တည်း။ လက်တစ်ဖက်ကား သူ့ရင် ဘတ်ကို ကိုင်ထားသည်။ ကျန်လက်တစ်ဖက်က သစ်၂ပင် ကိုတွန်းဖယ်နေသည်။ သတိကောင်းသော ကိုသာအေးပင် ဖြစ်လေသည်။ သို့သော် အသံကား မထွက်တော့ချေ။ ရင် ဘတ်မှလည်း သွေးတို့ စီးကျနေသည်မှာ မြင် ရက်စရာမရှိ။ နွားငယ်လေးသည် ဘာမှမဖြစ်ခဲ့သလို ကိုသာအေးနားလေးတွင် ရပ် နလေသည်။ “သန်းထွန်း သတိနဲ့သွားနော် တော်ကြာ နွားပေါက်က အကြီးကြီးဖြစ်ပြီး ထလိုက်နေလို့ ” “အာဗျာ ဒွေးလေးကလဲ ကြောက်ပါတယ်ဆိုဗျာ” “သတိပေးတာပါကွ ” “ကိုကြီးသာအေး ကိုကြီးသာအေး ” ကိုသာအေးမှ ပြန်မထူးချေ ။
သစ်၂ပင်ကြားမှနေ၍ သူ့နွားပေါက်လေးကို လက်ညှိုးထိုးပြ ပြီးနောက် သတိလစ်သွားလေ တော့သည်။ သူ့နွားပေါက် လေးကို ကြည့်လိုက်တော့ ခေါင်းထိပ်ပိုင်းမှာ ပွန်းနေသည်ကို တွေ့ရသည်။ ထို့နောက် သန်းထွန်းတို့သည် ကိုသာအေးအား သစ်ပင်ကြားမှ ခဲရာခဲဆစ် ထုတ်ယူ၍ မြို့ဆေးရုံသို့ ပို့ကြ လေသည်။ ကိုသာအေးအဖို့တော့ အံ့သြလွန်းလို့ပင် မယုံနိုင် ဖွယ်ဖြစ်သော်လည်း ကိုယ်တိုင်ကြုံခဲ့ရသည်မို့ မယုံလို့မရ။ ကံကောင်း၍ အသက်မ သသော်လည်း နံရိုး၄ချောင်းကျိုးခဲ့ သည်။
ဆေးရုံမှဆင်းသော် ဟိုဖက် ရွာမှ ရှေ့မှီနောက်မှီ ဦးအောင်သောင်းက ပြောပြသည်မှာ “အဲတာ မင်းကို နွားသရဲ ဝှေ့တာကွ။” “ဗျာ ဘကြီးကလည်း လူသရဲပဲ ကြားဖူးပါတယ် ” ” ဟ လူလည်း ရုပ်နာမ်နဲ့ နွားလည်း ရုပ်နာမ်နဲ့လေကွာ နာနာဘာ၀ဆိုတာ ကပ်လျက်က ရုပ်အတိုင်း ဖြစ်တာကွ မယုံဘူးလားငါ့စကား” ” ဟုတ် ဟုတ် ယုံပါတယ်ဘကြီး” ” ဒီကောင်ကြီးက ဒို့၂ရွာကြား မင်းတို့စားကျက်နဲ့ ဝေးတဲ့ တောစပ်မှာ ငါလူပျိုပေါက် နွားကျောင်းရင်း ငါတွေ့ခဲ့ဖူးတယ်။ လူ့တစ် ရပ်စာ လောက် မြင့်တယ်ကွာ ဟုတ်တယ်မလား။” “ဟုတ်တယ်ဘကြီး ” “နောက်ပြီး အဖြူရောင် ဖွေးနေတာပဲ ချောထှာမှ ဒါပေမယ့် ငါကြည့်နေတုန်း ပျောက်သွားတာမောင် ”
“ညကျ ငါအိပ်မက်မက်တယ်ဗျ ဘာတဲ့ နွားတွေကို လိုအပ်တာထက် ပိုမနှိပ်စက်ဖို့ ပြောသွားတယ်ဗျ သူ့တုန်းက သူအား ကောင်းလို့ လုပ်ပေးနိုင် တာထက် သူ့သခင် က ပိုလုပ်ခိုင်းလို့ ဒီရွာနားမှာ အ မောဆို့ သေခဲ့ရတာဆိုပဲ ။”” ကျွတ် ကျွတ် သနားစရာပဲ” “သူအ မော ဆို့တာ ရေတစ်ပေါက်မှ မတိုက်တဲ့အပြင် သူ့ကုန်တွေ မ ရောက်မှာစိုးလို့ ရိုက်နှက်တဲ့သခင် ကို မျက် ရည်လည် ရွှဲ အသနားခံခဲ့တယ် ၊ ဒါပေမယ့် မူလကလည်း မောနေ ရိုက်နှက်တာကလည်း အလွန်ဆိုတော့ သူမထနိုင်တော့တဲ့အချိန်မှာ သူ့ကို သူ့သခင် က သစ်၂ပင်ကြား ညှပ်ပြီး ကျောက်တုံးနဲ့ ထုသတ်ခဲ့တာတဲ့။ ” “ဟာ ရက်စက်လိုက်တာဗျာ” ” အဲဒီလူကို သူ လက်စားချေဖို့ စောင့်နေတာတဲ့ ” ” ဗျာ” ကိုသာအေးနှုတ်မှ ရုတ်တရက်ထွက်သွားသည်။
ကိုသာအေး အတွေးများထဲတွင် သူမကြာခဏ မက်တတ်သော အိပ်မက်ထဲမှ နွားကြီးကို မြင် လာသည်။ နွားကြီးကို သူ့စိတ်မှာ မြင် ဖူးသလိုလိုဟု အိပ်မက်ကနိုးတိုင်း စဉ်းစားမိသည်။ အိပ်မက်ထဲတွင် နွားကြီးသည် နှာမှုတ်ခွာယက်ပြသည်။ သာမာန်နွားများလို ဘွတ်အဲလို့ မ အော်ပဲ ၀ပ်ထရိန်းဟု လည်ဆန့်ပြီး တွန်သည်။ သူ့ကို ရန်လိုသည့်အမူအယာကို အိပ်မက် ထဲတွင် တွေ့ရသည်။ နောက်ဆုံးမက်ခဲ့သည့် အိပ်မက်ထဲတွင်တော့နွားက လူစကားထ ပြောနေသည်။
“စောင့်နေတာကြာပြီ ပညာပေးရုံလောက်ပါ” ဟာ ဒါဆို ဒါဆို သူဟာ ကျောက်တုံးနဲ့ ထုသတ်ခဲ့သူလား ။ ဘကြီးေ အာင်သောင်း ပြောတဲ့ အိပ်မက်ထဲက သစ်၂ပင် ၊ လက်စားချေဖို့ စောင့်နေတာ၊ ဟား ဒါဆို ဒါဆို ဒီနွားသရဲဆိုတာ ငါ့ကို ငါ့ကို … “ဘကြီး အဲဒီလူဟာ ကျုပ်ပဲပေါ့ဗျာ” “သိတာပေါ့မောင် ကျုပ်သိတာပေါ့ ကျုပ်လည်း တားပါသေး ” ” ဟင် ဘကြီး ကဘယ်လိုတားတာလဲဗျ” “အိပ်မက်ထဲမှာ တားတာပေါ့ မရဘူး၊ ဒါပေမယ့် သူက အ သေမသတ်ပါဘူးတဲ့ နှောင်းလူတွေ နွားတွေကို သနားတတ်ကြဖို့တော့ သိအောင်တော့ ပြရမယ်တဲ့” “ဒါဆို ဘကြီးက ကျုပ်ကိုတော့ ကြိုမ ပြောဘူး” “မင်းမှန်းမှ ငါမသိတာ ဒါပေမယ့် မင်းလုပ်လို့ သူခံရတာနဲ့ စာရင် ငါသူ့ကို ကိုယ်ချင်းစာတယ် မင်းသူ့ကို တောင်းပန်သင့် တယ် သူလည်း မင်းကို သတ်ခဲ့တာမှ မဟုတ်ပဲ” နောက်တစ်နေ့နံနက်တွင် ဘကြီးအောင်သောင်းနှင့် ကိုသာအေးတို့ ၂ယောက်ကို တောစပ်ဖက်သို့ ထွက်သွားကြသည်ကို တွေ့ကြရ လေသည်။
မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)
Zawgyi Version
” ႏြားသရဲရဲ႕ အတိတ္ကလဲ့စား “(စ/ဆုံး)
—————————————–
မႏၲေလးတိုင္း အတြင္းရွိ ႐ြာတစ္ ႐ြာတြင္ျဖစ္သည္။ ထို႐ြာသို႔ ကိုသာေအးေရာက္လာသည္မွာ မၾကာေသးေပ။ ကိုသာေအး သည္ ႏြားေမြးရတာ ဝါသနာထုံေလသည္။ ႏြားမ်ားကိုျမင္ လွ်င္ အေကာင္ ထြားပါက အလြန္သ ေဘာက်သည္။ လယ္လုပ္ ရင္း သူ႔အိမ္တြင္ ႏြား၅ေကာင္ ေမြးထားေလသည္။ ႏြားတစ္ေကာင္ ကအမ၊ က်န္ေလးေကာင္ ကအထီးမ်ားျဖစ္သည္။ တစ္ေန႔တြင္ ကိုသာေအး၏ႏြားမမွ ႏြားေလးတစ္ေကာင္ေမြးေလသည္။
ကိုသာေအးသည္ ထိုႏြားေလးကို အထူးဂ႐ုစိုက္သည္။ ႏြားေလးမွာ ခ်စ္စရာလည္း ေကာင္း၍ျဖစ္သည္။ သို႔ႏွင့္ မိခင္ ႏြားႀကီးႏို႔ကိုစို႔လိုက္ ကိုသာေအးရိတ္ေကြၽးေသာ ျမတ္ႏုမ်ားကို စားလိုက္ႏွင့္ ႏြားေလးသည္ လမ္းေကာင္းေကာင္း ေလွ်ာက္ႏိုင္ေသာ အ႐ြယ္ ခါးလယ္ခန္႔ပင္ေရာက္ နေပၿပီ။
တစ္ရက္တြင္ ကိုသာေအးအဖို႔ မထင္မွတ္ေသာျဖစ္ရပ္ႏွင့္ ႀကဳံရ ေလသည္။ ႏြားေလးကို စားက်က္တြင္ ထိန္းေၾကာင္း ေနခိုက္ မိမိခ်စ္ခင္ေသာႏြားေလး၏ တိုးေဝွ႔တိုက္ခိုက္ျခင္းကို ခံရ ေလသည္။ ပထမအတြင္ ႏြားေလးေျခ ေခ်ာ္လို႔ သူ႔ကို၀င္ တိုက္ျခင္းဟု လြဲမွားစြာ နားလည္မိခဲ့သည္။ သို႔ေသာ္ ဦးခ်ိဳပင္ မေပါက္ေသးေသာ ႏြားေပါက္စေလး၏ ဦးေခါင္းႏွင့္ ေဆာင့္မိေသာ အရွိန္သည္ မထင္ မွတ္ေအာင္ ျပင္းလွသည္ကို သစ္ပင္၂ပင္ၾကားသို႔ သူကိုယ္ႀကီးလြင့္စင္ သြားခါမွ သိလိုက္ ရသည္။
ထိခိုက္မႈအရွိန္သည္ ျပင္းျငားျပင္းအံ့။ မျဖစ္ႏိုင္သည္လည္း ျဖစ္အံ့။ ကိုသာေအးမွ သူ႔ႏြားေလးကို အျပစ္မျမင္။ ႏြားေလး ဘာျဖစ္သြားသလဲဆိုေသာ သူခ်စ္ခင္ေသာ ႏြားေပါက္ေလးကို ဂ႐ုဏာသက္ေသာစိတ္ျဖင့္ သစ္၂ပင္ၾကားေရာက္သြားရာမွ လွမ္းၾကည့္လိုက္ေသာအခါ ႏြားေပါက္ေလးသည္ ႏြားအႀကီးႀကီးျဖစ္ေနသည္ကို အံ့ၾသဖြယ္ ေတြ႕လိုက္ ရ ေတာ့သည္။ ဦးခ်ိဳႀကီး ကားကားကိုလည္း ၾကက္သီးျဖန္းျဖန္းထဖြယ္ ျမင္လိုက္ရသည္။ ကိုသာေအး မ်က္လုံးကိုပြတ္ၾကည့္သည္။ ဟုတ္သည္။ ခ်ိဳကားကား ႏြား အႀကီးႀကီးကို ျမင္ရ သည္က နီးလာသည္။
“ဒုန္း” ေဘးက သစ္ပင္၂ပင္ ကို ၀င္ေဆာင့္မိသည္။ သစ္ ၂ ပင္ႏွင့္အတူ ကိုသာေအးပါ ယိမ္းခါသြားသည္။ ထိုအခါမွ ကိုသာေအး ေၾကာက္ ရ ေကာင္းမွန္းသိလာသည္။ လြတ္ေအာင္ ေျပးထြက္ ရ ေတာ့မည္ဟု အသိ၀င္ လာခ်ိန္မွာေတာ့ မရ။ ရင္ဘတ္တြင္ ပူကနဲ ခံစားလိုက္ ရ ေတာ့သည္။ ကိုသာေအးတစ္ေယာက္ သစ္၂ပင္ၾကားမွ ႐ုန္းထြက္လို႔လည္းမရ ဒုတိယအႀကိမ္ ေဆာင့္လိုက္သည္က သစ္၂ပင္ ကိုျဖစ္၍ သစ္၂ပင္ အယိမ္း၊ သူ႔ကိုအညႇပ္ ျဖစ္ေနခ်ိန္ ထိုႏြားမွ ၃ႀကိမ္ေျမာက္ ေဆာင့္ျခင္းကို ခံရျခင္းေပတည္း။
“ဟာ သာေအးေတာ့ ႏြားေဝွ႔ခံေနရၿပီကြ လုပ္ၾကဦး ” “ေဟ့ ေနဦး ေနဦး သူ႔ေဝွ႔ေနတဲ့ ႏြားႀကီးက ႀကီးထွာႀကီးက နည္းနည္းေနာေနာေကာင္ႀကီးလား အယ္ ဒို႔ပုခုံးေက်ာ္ေလာက္ရွိမယ္ဟ ” ” ဟာ ငါတို႔ ႐ြာနား ဒ ေလာက္ႀကီးတဲ့ ႏြား မရွိပါဘူးကြာ ေနာက္ၿပီး ဒီႏြား သူ႔ဆီသြားရင္ ဒို႔က အရင္ျမင္ ရမယ့္ဟာ စဥ္းစားၾကဦးကြ ” ” ဟုတ္တယ္ဗ် စားက်က္ကို သြားရင္ ဒီလမ္းတစ္လမ္းထဲရွိတာကို ေစာေစာက ေတာ့ ကိုသာေအးက သူ႔ႏြားေလးကို ပြတ္သပ္ေနတာ က်ဳပ္ႏြားသိမ္း တုန္း သူ႔ေဘးကျဖတ္သြားတုန္း ေတြ႕ ခဲ့ေသးတယ္ ခု သူ႔ႏြားေလးေတာင္ မျမင္ ဘူးဗ် ႏြားႀကီးက ႏြားေပါက္ေလးကို ေကာ္ထည့္ပစ္ၿပီလားမသိဘူးဗ် ” ” ဟာ ႏြားေပါက္က အ ေရးမႀကီးပါဘူးကြ သာေအးေတာ့ ေသၿပီလားမသိဘူးကြ လုပ္ၾကပါဦး ဒီေကာင့္ကို သစ္၂ပင္ၾကားမွာ ပယ္ပယ္နယ္နယ္ကို ေဝွ႔ေနတာ ၇ခါေလာက္ ရွိၿပီ ၾကည့္စမ္း ခ်ိဳႀကီးကို ကားလို႔ ” “အာ ဗ်ာ က်ဳပ္တို႔လည္း စိတ္ပူတာေပါ့ဗ် ဒါေပမယ့္ ႏြားကိုလည္းၾကည့္ဦး က်ဳပ္ေတာ့ လူ႔တစ္သက္ ဒီေလာက္ႀကီးတဲ့ႏြား တစ္ခါ မွ မွ အဲဗ်ာ ဟာ ဟာ ကိုသာေအးကို ေဝွ႔ေနတာ သူ႔ႏြားေပါက္ေလးဗ် ဘယ္ႏွယ္ဟာ ေစာေစာက ႏြားအႀကီးႀကီး ျဖစ္သြားရတာတုန္း ဘုရား ဘုရား”
ကိုသာေအးမွာ ႏြားေဝွ႔သည့္ ဒဏ္ျဖင့္ သစ္၂ပင္ၾကားတြင္ ေခါင္းငိုက္စိုက္က် နေပၿပီ။ သို႔ေသာ္ ေျမ ေပၚသို႔ ပုံ၍ကားမက်၊ အ ေၾကာင္းမွာ သစ္ပင္ ညႇပ္ေနျခင္းေၾကာင့္တည္း။ လက္တစ္ဖက္ကား သူ႔ရင္ ဘတ္ကို ကိုင္ထားသည္။ က်န္လက္တစ္ဖက္က သစ္၂ပင္ ကိုတြန္းဖယ္ေနသည္။ သတိေကာင္းေသာ ကိုသာေအးပင္ ျဖစ္ေလသည္။ သို႔ေသာ္ အသံကား မထြက္ေတာ့ေခ်။ ရင္ ဘတ္မွလည္း ေသြးတို႔ စီးက်ေနသည္မွာ ျမင္ ရက္စရာမရွိ။ ႏြားငယ္ေလးသည္ ဘာမွမျဖစ္ခဲ့သလို ကိုသာေအးနားေလးတြင္ ရပ္ နေလသည္။ “သန္းထြန္း သတိနဲ႔သြားေနာ္ ေတာ္ၾကာ ႏြားေပါက္က အႀကီးႀကီးျဖစ္ၿပီး ထလိုက္ေနလို႔ ” “အာဗ်ာ ေဒြးေလးကလဲ ေၾကာက္ပါတယ္ဆိုဗ်ာ” “သတိေပးတာပါကြ ” “ကိုႀကီးသာေအး ကိုႀကီးသာေအး ” ကိုသာေအးမွ ျပန္မထူးေခ် ။
သစ္၂ပင္ၾကားမွေန၍ သူ႔ႏြားေပါက္ေလးကို လက္ညႇိဳးထိုးျပ ၿပီးေနာက္ သတိလစ္သြားေလ ေတာ့သည္။ သူ႔ႏြားေပါက္ ေလးကို ၾကည့္လိုက္ေတာ့ ေခါင္းထိပ္ပိုင္းမွာ ပြန္းေနသည္ကို ေတြ႕ရသည္။ ထို႔ေနာက္ သန္းထြန္းတို႔သည္ ကိုသာေအးအား သစ္ပင္ၾကားမွ ခဲရာခဲဆစ္ ထုတ္ယူ၍ ၿမိဳ႕ေဆး႐ုံသို႔ ပို႔ၾက ေလသည္။ ကိုသာေအးအဖို႔ေတာ့ အံ့ၾသလြန္းလို႔ပင္ မယုံႏိုင္ ဖြယ္ျဖစ္ေသာ္လည္း ကိုယ္တိုင္ႀကဳံခဲ့ရသည္မို႔ မယုံလို႔မရ။ ကံေကာင္း၍ အသက္မ သေသာ္လည္း နံ႐ိုး၄ေခ်ာင္းက်ိဳးခဲ့ သည္။
ေဆး႐ုံမွဆင္းေသာ္ ဟိုဖက္ ႐ြာမွ ေရွ႕မွီေနာက္မွီ ဦးေအာင္ေသာင္းက ေျပာျပသည္မွာ “အဲတာ မင္းကို ႏြားသရဲ ေဝွ႔တာကြ။” “ဗ်ာ ဘႀကီးကလည္း လူသရဲပဲ ၾကားဖူးပါတယ္ ” ” ဟ လူလည္း ႐ုပ္နာမ္နဲ႔ ႏြားလည္း ႐ုပ္နာမ္နဲ႔ေလကြာ နာနာဘာ၀ဆိုတာ ကပ္လ်က္က ႐ုပ္အတိုင္း ျဖစ္တာကြ မယုံဘူးလားငါ့စကား” ” ဟုတ္ ဟုတ္ ယုံပါတယ္ဘႀကီး” ” ဒီေကာင္ႀကီးက ဒို႔၂႐ြာၾကား မင္းတို႔စားက်က္နဲ႔ ေဝးတဲ့ ေတာစပ္မွာ ငါလူပ်ိဳေပါက္ ႏြားေက်ာင္းရင္း ငါေတြ႕ခဲ့ဖူးတယ္။ လူ႔တစ္ ရပ္စာ ေလာက္ ျမင့္တယ္ကြာ ဟုတ္တယ္မလား။” “ဟုတ္တယ္ဘႀကီး ” “ေနာက္ၿပီး အျဖဴေရာင္ ေဖြးေနတာပဲ ေခ်ာထွာမွ ဒါေပမယ့္ ငါၾကည့္ေနတုန္း ေပ်ာက္သြားတာေမာင္ ”
“ညက် ငါအိပ္မက္မက္တယ္ဗ် ဘာတဲ့ ႏြားေတြကို လိုအပ္တာထက္ ပိုမႏွိပ္စက္ဖို႔ ေျပာသြားတယ္ဗ် သူ႔တုန္းက သူအား ေကာင္းလို႔ လုပ္ေပးႏိုင္ တာထက္ သူ႔သခင္ က ပိုလုပ္ခိုင္းလို႔ ဒီ႐ြာနားမွာ အ ေမာဆို႔ ေသခဲ့ရတာဆိုပဲ ။”” ကြၽတ္ ကြၽတ္ သနားစရာပဲ” “သူအ ေမာ ဆို႔တာ ေရတစ္ေပါက္မွ မတိုက္တဲ့အျပင္ သူ႔ကုန္ေတြ မ ေရာက္မွာစိုးလို႔ ႐ိုက္ႏွက္တဲ့သခင္ ကို မ်က္ ရည္လည္ ႐ႊဲ အသနားခံခဲ့တယ္ ၊ ဒါေပမယ့္ မူလကလည္း ေမာေန ႐ိုက္ႏွက္တာကလည္း အလြန္ဆိုေတာ့ သူမထႏိုင္ေတာ့တဲ့အခ်ိန္မွာ သူ႔ကို သူ႔သခင္ က သစ္၂ပင္ၾကား ညႇပ္ၿပီး ေက်ာက္တုံးနဲ႔ ထုသတ္ခဲ့တာတဲ့။ ” “ဟာ ရက္စက္လိုက္တာဗ်ာ” ” အဲဒီလူကို သူ လက္စားေခ်ဖို႔ ေစာင့္ေနတာတဲ့ ” ” ဗ်ာ” ကိုသာေအးႏႈတ္မွ ႐ုတ္တရက္ထြက္သြားသည္။
ကိုသာေအး အေတြးမ်ားထဲတြင္ သူမၾကာခဏ မက္တတ္ေသာ အိပ္မက္ထဲမွ ႏြားႀကီးကို ျမင္ လာသည္။ ႏြားႀကီးကို သူ႔စိတ္မွာ ျမင္ ဖူးသလိုလိုဟု အိပ္မက္ကႏိုးတိုင္း စဥ္းစားမိသည္။ အိပ္မက္ထဲတြင္ ႏြားႀကီးသည္ ႏွာမႈတ္ခြာယက္ျပသည္။ သာမာန္ႏြားမ်ားလို ဘြတ္အဲလို႔ မ ေအာ္ပဲ ၀ပ္ထရိန္းဟု လည္ဆန္႔ၿပီး တြန္သည္။ သူ႔ကို ရန္လိုသည့္အမူအယာကို အိပ္မက္ ထဲတြင္ ေတြ႕ရသည္။ ေနာက္ဆုံးမက္ခဲ့သည့္ အိပ္မက္ထဲတြင္ေတာ့ႏြားက လူစကားထ ေျပာေနသည္။
“ေစာင့္ေနတာၾကာၿပီ ပညာေပး႐ုံေလာက္ပါ” ဟာ ဒါဆို ဒါဆို သူဟာ ေက်ာက္တုံးနဲ႔ ထုသတ္ခဲ့သူလား ။ ဘႀကီးေ အာင္ေသာင္း ေျပာတဲ့ အိပ္မက္ထဲက သစ္၂ပင္ ၊ လက္စားေခ်ဖို႔ ေစာင့္ေနတာ၊ ဟား ဒါဆို ဒါဆို ဒီႏြားသရဲဆိုတာ ငါ့ကို ငါ့ကို … “ဘႀကီး အဲဒီလူဟာ က်ဳပ္ပဲေပါ့ဗ်ာ” “သိတာေပါ့ေမာင္ က်ဳပ္သိတာေပါ့ က်ဳပ္လည္း တားပါေသး ” ” ဟင္ ဘႀကီး ကဘယ္လိုတားတာလဲဗ်” “အိပ္မက္ထဲမွာ တားတာေပါ့ မရဘူး၊ ဒါေပမယ့္ သူက အ ေသမသတ္ပါဘူးတဲ့ ေႏွာင္းလူေတြ ႏြားေတြကို သနားတတ္ၾကဖို႔ေတာ့ သိေအာင္ေတာ့ ျပရမယ္တဲ့” “ဒါဆို ဘႀကီးက က်ဳပ္ကိုေတာ့ ႀကိဳမ ေျပာဘူး” “မင္းမွန္းမွ ငါမသိတာ ဒါေပမယ့္ မင္းလုပ္လို႔ သူခံရတာနဲ႔ စာရင္ ငါသူ႔ကို ကိုယ္ခ်င္းစာတယ္ မင္းသူ႔ကို ေတာင္းပန္သင့္ တယ္ သူလည္း မင္းကို သတ္ခဲ့တာမွ မဟုတ္ပဲ” ေနာက္တစ္ေန႔နံနက္တြင္ ဘႀကီးေအာင္ေသာင္းႏွင့္ ကိုသာေအးတို႔ ၂ေယာက္ကို ေတာစပ္ဖက္သို႔ ထြက္သြားၾကသည္ကို ေတြ႕ၾကရ ေလသည္။
မူရင္းေရးသားသူ (ေလးစားမႈျဖင့္ ခရက္ဒစ္)