နှစ်ဘဝခရီးသည်

***ရေတံခွန်စမ်းနဲ့ နှစ်ဘ၀ခရီးသည်***(စ/ဆုံး)

———————-@@@@@————————–

( ဖြစ်ရပ်မှန် အခြေပြု)

 

 

တောင်သာရေတံခွန်စမ်းတဲ့။

 

အပန်းဖြေစခန်းအဖြစ် ကိုယ်ထူကိုယ်ထ အမည်နာမတပ်ပြီး ဖွင့်လှစ်လိုက်တာရယ်တော့ သိပ်မကြာသေးပါဘူး။ ဒီကြားထဲ လူသူပြတ်လပ်တဲ့ ခရီးလမ်းကြောင့် အခါကြီးရက်ကြီးတွေလောက်သာ လူစည်ကားတတ်တဲ့နေရာ။

 

တောင်သာမြို့နဲ့ တောလမ်းခရီး ငါးမိုင်သာသာလောက်ဝေးတယ်။ တစ်ချိန်ကတော့ ဒီနေရာက တကယ့်ကို တောကြီးမျက်မည်းရယ်လေ။ ဒေသခံတွေ တောသွား၊ ဝါးခုတ်၊ မျှစ်ချိုးတာလောက်သာ သွားတတ်ကြတဲ့နေရာပေါ့။

 

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ အဲ့ဒီ့နေရာနဲ့ ပက်သက်ပြီး အလွန်နာမည်ကြီးသွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။

 

မတူညီတဲ့ လူနှစ်ယောက်နဲ့ နေရာတစ်ခုဆီက တူညီနေတဲ့ အကြောင်းအရာ။ ခိုင်လုံနေတဲ့ သက်သေတချို့နဲ့ပေါ့။

 

အဖြစ်အပျက်ကို ပြန်ပြီး ပြောပြရရင်တော့…။

 

* * * * * *

 

၂၀၁၂ ခုနှစ်ရဲ့ နွေရာသီအစ ခါနွေတပေါင်းမှာ ဆယ်တန်းစာမေးပွဲတွေပြီးခဲ့တယ်။

 

စာမေးပွဲပြီးပြီးချင်းဆိုတော့ အခကြေးငွေနဲ့ ဖွင့်လှစ်တဲ့ ဘော်ဒါဆောင်တချို့က တစ်နှစ်တာလုံး ပင်ပန်းခဲ့ကြတဲ့ ကျောင်းသားတွေကို အပန်းဖြေခရီးတွေ လိုက်ပို့ဖြစ်ကြကော။

 

ဒီလို လိုက်ပို့တဲ့အထဲမှာ ‘စွမ်းရည်’ ဘော်ဒါဆောင်လည်း ပါ၀င်ခဲ့တယ်။ ဒါပေမယ့် သူတို့ ခရီးစဉ်က နယ်ဝေးခရီးစဉ်တော့ မဟုတ်ဘူး။ သူတို့မြို့နဲ့ သိပ်မဝေးတဲ့ တောင်သာ ရေတံခွန်စမ်းဆီကို ညအိပ် အလည်အပတ်ခရီးမျှသာ။

 

ဘာပဲဖြစ်ဖြစ် ကျောင်းသား၊ ကျောင်းသူတို့ကတော့ မရောက်ဖူးတဲ့ ခရီးစဉ်မို့ သူ့အဖွဲ့နဲ့သူ ပျော်ရွှင်နေကြတာ အမှန်ပဲ။ အားလုံးထဲမှာ အဆိုးဆုံးကတော့ ၀င်းနိုင်စိုးတို့ ကျောင်းသားတစ်သိုက်ရယ်။ သူတို့အလွန်ကို ပျော်နေကြတာ။

 

သူတို့အဖွဲ့မှာက လေးယောက်ရှိတယ်။ အားလုံးကို ၀င်းနိုင်စိုးက ဦးဆောင်ပြီး ကျန်သူတွေကတော့ ထွန်း၀င်း၊ တင်မောင်ကျော်နဲ့ ဇာနည်တို့ရယ်လေ။

 

အခု ရေတံခွန်စမ်းခရီးစဉ်မှာတော့ သူတို့လေးယောက်က ထိန်းမနိုက်သိမ်းမရပါပဲ။ ဆရာ၊ ဆရာမတွေပါပေမယ့်လည်း စာမေးပွဲမှာ ပင်ပန်းထားခဲ့ကြတဲ့ တပည့်တွေကို သိပ်ပြီးချုပ်ချယ်တာမျိုးမလုပ်ကြဘူး။

 

ဒါကပဲ ၀င်းနိုင်စိုးတို့အတွက် အကြိုက်ဖြစ်ရတယ်။ မြို့ပြမှာ ဘော်ဒါရဲ့စည်းကမ်းနဲ့ နေခဲ့ကြရတဲ့သူတို့အတွက် အခုရောက်နေတဲ့ တောခေါင်ခေါင်က ရေတံခွန်စမ်းနေရာက မြင်ကွင်းကို ဆန်းသစ်စေတယ်။

 

စမ်းလန်းတဲ့ တောတောင်၊ ကျောက်တုံးကျောက်စိုင်တွေနဲ့ ရေတံခွန်ချောင်းငယ်က သူတို့ကို တကယ်ပျော်မွေ့စေရတယ်။ ပြီးတော့…ရေတံခွန်နေရာက ပွုအခါရက်မဟုတ်ရင် လူသူလှမ်းတယ်။ အနီးဆုံးကျေးရွာဆို တစ်မိုင်မရှိတရှိဆီက ကရင်ချောင်းရွာရယ်သာ ရှိတာ။

 

ဘာပဲဖြစ်ဖြစ် ၀င်းနိုင်စိုးတို့ ကျောင်းသားတစ်သိုက်ကတော့ အခုလို တောတွင်းအပန်းဖြေခရီးစဉ်ဟာ သူတို့အတွက် နတ်စီတဲ့ အိပ်မက်တွေဆီ အမှန်တကယ်ရောက်ရှိနေရသလိုပါပဲ။

 

* * * * * *

 

” ဟေ့ကောင်…၀င်းနိုင်စိုး…”

 

ကျောက်တုံးတွေအကြားဆီက နေရာလပ်ဆီမှာ ရေဆော့နေကြရင်း တင်မောင်ကျော်က ခေါ်လာတာမို့ ၀င်းနိုင်စိုးက ရေကြည်ကြည်ထဲမှာ ငုပ်လိုက်၊ ပြုလိုက်လုပ်နေရင်းက ကြည့်လာပြီး

 

” အေးပြော…သားကြီး…”

 

တင်မောင်ကျော်က ဘေးဘီတဝီုက်ကို မလုံမလဲကြည့်ရင်း ၀င်းနိုင်စိုးရှိရာဆီကို လှမ်းလာလိုက်ကာ

 

” ဒီရေတံခွန်လေးရဲ့ အထက်မှာ ရေတံခွန်အကြီးကြီးရှိတယ်တဲ့ကွ…”

 

” ဟေ…ဟုတ်လား”

 

” အေး…ဟုတ်တယ်။ မနက်က ဒီဘက်ကို ဟင်းရွက်ခူးလာတဲ့ လူတစ်ယောက် ငါ့ကို ပြောသွားတာ။ သူက ဒီအောက်ဘက်ရွာကတဲ့…”

 

” ဟုတ်လား…ဒါဆို အသေအခါပဲပေါ့။ ဒါနဲ့…နေပါဦး။ ငါတို့ဆရာတွေက အဲ့ဒီ့ဆီကို ဘာလို့လိုက်မပို့ကြတာလဲ…”

 

၀င်းနိုင်စိုးက မကျေမချမ်းပုံစံနဲ့ တွေးဆပြီး ပြောတာ။ တင်မောင်ကျော်က…

 

” ဒါတော့ ငါလည်းမပြောတတ်ဘူးလေ။ သူတို့ ရေတံခွန်ထပ်ရှိတာ မသိလို့ဖြစ်မှာပေါ့…”

 

” အင်း…ဘာပဲဖြစ်ဖြစ်ကွာ။ မင်းပြောတာနဲ့ ငါတော့ အဲ့ဒီ့ကိုသွားချင်လာပြီ။ ဒါနဲ့ ဟိုနှစ်ကောင်ကော…”

 

ဇာနည်နဲ့ ထွန်း၀င်းတို့ကို ရည်ညွှန်းပြီး ပြောတာ။ တင်မောင်ကျော်က

 

” ချောငိးအောက်ဘက်က မိန်းကလေးတွေနေရာဆီရောက်ပြီး ထက်ထက်တို့ ကေသီတို့အနား ရစ်သီနေလောက်ရောပေါ့။ မနက်ကတော့ သူတို့နှစ်ယောက် ထက်ထက်တို့က ပန်းကြိုက်တတ်တယ်ဆိုလို့ ပေးဖို့ဆိုပြီး တောပန်းတွေလိုက်ခူးနေတာတွေ့မိတယ်…”

 

၀င်းနိုင်စိုး ခဏစဉ်းစားသွားတယ်။ပြီးတော့…

 

” ဒါဆိုလည်း သွားခေါ်ကွာ။ ငါတို့အပေါ်တက်ပြီး သွားကြည့်ကြရအောင်…”

 

” အေးအေး…”

 

တင်မောင်ကျော်က ခပ်သုတ်သုတ်လှည့်ထွက်သွားတယ်။ ၀င်းနိုင်စိုးကတော့ ရေတံခွန်အပေါ်ကို မော့ကြည့်ရင်း အထက်မှာရှိနေမယ့် ရေတံခွန်ကြီးကို စိတ်ကူးယဉ်မှန်းဆနေလေရဲ့။

 

* * * * * * *

 

” အားပါး…မိုက်တယ်ကွာ။ တကယ့်ရှယ်ကြီးပဲ…”

 

အောက်က ရေတံခွန်ငယ်ထက် နှစ်ဆမျှ ကြီးမားနေတဲ့ ရေတံခွန်ကြီးကို ကြည့်ပြီး ၀င်းနိုင်စိုးတို့တစ်သိုက် ရင်သပ်ရှုမောနေကြတာ။

 

ရေတံခွန်ကြီးဆီကို ရောက်ဖို့ အောက်ကနေ ကွေ့ပတ်ပြီး အတော်သွားခဲ့ကြရတယ်။ မောလောက်ပြီဆိုမှ ရေတံခွန်ကြီးကို တွေ့ရတော့ သူတို့အမောပြေပြီး ၀မ်းသာအယ်လဲဖြစ်ကြရကုန်ပြန်တယ်။

 

” လာဟေ့…အချိန်ဆိုင်းမနေဘဲ ရေထဲဆင်းကြစို့…”

 

ရေတံခွန်ကြီးကျရာ အောက်ခြေဆီက ရေပြင်ကျယ်ဆီကို ရေကူးကြဖို့ သူတို့ပြင်ကြတယ်။

 

” ငါတော့ ဆင်းပြီဟေ့…”

 

အားလုံးထဲမှာ အသွက်ဆုံးဖြစ်တဲ့ ၀င်းနိုင်စိုးက ပြောပြောဆိုဆို ရေထဲကို ဝုန်းခနဲ ခုန်ဆင်းသွားလေပြီ။

 

ရှေးမနှောင်းမှာပဲ ဇာနည်နဲ့ တင်မောင်ကျော်တို့လည်း လိုက်ဆင်းကြကုန်တယိ။ ထွန်း၀င်းကတော့ ရေမကူးတတ်သူမို့ ကျောက်တုံးကြီးတစ်တုံးထက်ဆီကနေ ထိုင်ပြီးကြည့်နေလို့။

 

၀င်းနိုင်စိုးတို့ သုံးယောက် ရေထဲမှာ လှည့်ပတ်ကူးခတ်ကစားရင်း ပျော်မြူးနေကြတာ ဆူညံနေတာပဲ။ တစ်ခါတစ်ခါ ကျောက်တုံးပေါ်ထိုင်နေတဲ့ ထွန်း၀င်းကိုလည်း ရေနဲ့လှမ်းပက်ပြီး စနောက်ကြသေးတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီး ကစားကြလို့ ပျော်မြူးနေကြတယ်။

 

အချိန်က တဖြည်းဖြည်း နေမွန်းတည့်ချိန်ရောက်လာတော့…။

 

” ၀င်းနိုင်စိုးရေ…ဆယ့်နှစ်နာရီထိုးတော့မယ်။ ပြန်ကြစို့…”

 

ကျောက်တုံးပေါ်ကနေ နာရီကြည့်ပြီး ထွန်း၀င်းက အဆိုပြုတော့ တင်မောင်ကျော်က

 

” အေး…ဟုတ်တယ်။ ထမင်းစားချိန်လည်း ရောက်နေပြီဆိုတော့ ဆရာတို့စောင့်နေကြလိမ့်မယ်…”

 

” ဟုတ်တယ်။ ရေကူးရတာလည်းချမ်းလှပြီ။ ပြန်ကြမယ်…”

 

တင်မောင်ကျော့်စကားကို ဇာနည်က ထောက်ခံပြီး ရေထဲက နှစ်ယောက်သားတက်လာကြတယ်။ ၀င်းနိုင်စိုးကတော့ ရေထဲကျန်နေရင်းက

 

” ငါတော့ မပြန်ချင်သေးဘူး။ ဒီမှာ နေချင်သေးတယ်…”

 

“ပြန်ကြမယ် သားကြီးရ။ ငါတို့ ဒီအပေါ်တက်လာတာ ဘယ်သူမှမသိကြဘူး။ စိတ်ပူနေကြတော့မယ်။ ပြန်ကြမယ်ကွာ…”

 

တင်မောင်ကျော်တို့ သုံးယောက်က ထပ်ပြီးတွန်းအားပေးပြန်တယ်။ ၀င်းနိုင်စိုးကတော့ ရေထဲက တက်ချင်ဟန်မပြသေးဘဲ…

 

” အေးကွာ…ဒါဖြင့်လည်း ခဏပဲစောင့်…”

 

တင်မောင်ကျော်တို့ အ၀တ်အစားတွေ ပြန်၀တ်ပြီး စောင့်နေကြတယ်။ ၀င်းနိုင်စိုးကတော့ ရေထဲမှာ ငါးတစ်ကောင်အလား ကူးခတ်နေတုန်းပဲ။

 

” သားကြီး…တော်တော့ဟ။ ပြန်ကြမယ်…”

 

ထွန်း၀င်းက ထပ်သတိပေးတယ်။ ၀င်းနိုင်စိုးက လျှာထုတ်ပြီးပြောင်းပြရင်း ရေထဲငုပ်သွားတယ်။ ဒီတော့ ကျန်သုံးယောက်က စိတ်မရှည်တော့ဘူး။

 

” မင်းတက်မလာရင် ငါတို့ခဲနဲ့ထုတော့မှာနော်…”

 

တင်မောင်ကျော်က ထပ်ပြောတာ။ ၀င်းနိုင်စိုးက ပြောင်ပြရင်း

 

” ထိအောင် ထုနိုင်ရင် ထုပေါ့ကွာ…”

 

စိန်ခေါ်ပြီး ရေထဲကို ငုပ်တယ်။ ဒါနဲ့ပဲ ကျန်သုံးယောက်က ခဲအသေးလေးတွေနဲ့ လှမ်းပစ်ကြကော။ ထိအောင်တော့ မပစ်ကြဘူးရယ်။ စနောက်ပြီး ဘေးကိုပဲ ပစ်ကြတာ။ ဘယ်လိုပဲ ပစ်ပစ်၀င်းနိုင်စိုးက ရေထဲငုပ်တယ်။ ကူးတယ်။

 

တစ်ကြိမ်ကြတော့ ၀င်းနိုင်စိုး ရေငုပ်သွားတာ အတော်ကြာသွားတယ်။ တင်မောင်ကျော်တို့ သုံးယောက်က ခဲတွေကို အသင့်ပြင်ကြရင်း ၀င်းနိုင်စိုးရေထဲက ပြန်အပေါ်ကိုစောင့်နေကြတယ်။ ဝုန်းခနဲ ရေထဲကနေလည်းပြန်ပေါ်လာရော သုံးယောက်စလုံး ခဲတွေနဲ့ ဝိုင်းထုကြတာ။

 

” နေ…နေကြဦး။ ငါ့ကို ဆွဲနေလို့…”

 

ရေထဲက ၀င်းနိုင်စိုးက ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပြောပေမယ့် တင်မောင်ကျော်တို့က မယုံကြဘူး။ စနောက်တယ်ပဲ ထင်ကြပြီး ခဲနဲ့ထပ်ပစ်ကြတယ်။

 

အဲ့ဒီ့အချိန်မှာပဲ ၀င်းနိုင်စိုးကို ရေထဲက တစ်စုံတစ်ခုက ဆွဲချတဲ့အလား ဗြုန်းခနဲနစ်သွားပြန်တယ်။ ပြီးတော့ ရုန်းရင်းဆန်ခတ်နဲ့ ပြန်ပေါ်လာပြီး…

 

” ကယ်…ကယ်ကြ…”

 

စကားတောင် မဆုံးသေးဘူး။ ရေထဲကို ပြန်နစ်သွားရော။ တင်မောင်ကျော်တို့လည်း အဖြစ်အပျက်က မျက်ဝါးထင်ထင်ဆိုတော့ တကယ်ဖြစ်နေတယ်ဆိုတာ သိကြရပြီး ရေထဲခုန်ဆင်းလို့ သူငယ်ချင်းကို ကယ်ကြတယ်။

 

ဒါပေမယ့် မရခဲ့ပါဘူး။ သူတို့ ရေထဲကို အရောက်၊ သူတို့သူငယ်ချင်းဟာလည်း ရေအောက်ဆီကို နစ်မြုပ်လို့ အစအနမကျန်အောင်ပျောက်သွားခဲ့ပြီ။

 

နောက်တော့ သူတို့သုံးယောက် ဘာလုပ်ရမှနိးမသိတော့ဘဲ အော်ဟစ်ငိုကြွေးလို့ ဆရာတွေကို အပြေးခေါ်ကြရတယ်။

 

ဆရာတွေ ရောက်သွားချိန် ရေပြင်ကြီးက ဘာမှမဖြစ်တဲ့အလား တည်ငြိမ်လို့။

 

အလောင်းကို ရှာဖို့ကျတော့ ဘယ်သူမှမဆင်းရဲကြတာမို့ နောက်ဆုံးမှာ ရွာဆီကို ဆင်းပြီးအကူအညီတောင်းကြရတော့တယ်။

 

မကြာဘူး…။

 

ကမ်းနားဆီမှာ ရွာက လူတွေ အုံခဲလို့ ရောက်လာကြကုန်ပြီး ယောက်ျားတချို့က ရေထဲဆင်း ဝိုင်းရှာကြတယ်။ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ယောက်ျားကြီး တချို့ကတော့ ကုန်းပေါ်ကနေ ကြည့်နေကြတယ်။ ဘော်ဒါဆောင်က အဖွဲ့တွေဟာလည်း ငိုသူငို၊ အော်သူအော်နဲ့ပေါ့။

 

ရွာခံတွေရဲ့ အကူအညီနဲ့ရှာတော့ မကြာဘူး အလောင်းကိုပြန်ရတယ်။ အလောင်း ကုန်ပေါ်ကို ရောက်ချိန်ကြတော့ ဇာတ်လမ်းက စခဲ့ပြီ။

 

” ညိမ်း…ညိမ်းမောင်…သား…ဖြစ်မှဖြစ်ရလေသားရယ်…အီး… ဟီး…ဟီး…”

 

ကြည့်နေကြတဲ့ လူအုပ်ထဲက အမေအိုတစ်ယောက်က တိုးထွက်လာပြီး ၀င်းနိုင်စိုးအလောင်းကို ငိုသံပါကြီးနဲ့ ပြောပြောဆိုဆို ဆွဲဖက်လို့ ခေါ်တာ။

 

ရုတ်တရက်ဆိုတော့ အားလုံးကြောင်ကုန်ကြတယ်။ နောက်တော့…

 

” ဟာ…အမေအုန်းပြောမှပဲ သတိထားမိတော့တယ်။ ဒီကလေးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က တို့ရွာကနေ ဒီနေရာမှာ ရေနစ်သေခဲ့တဲ့ ညိမ်းမောင်နဲ့ တစ်ထေရာထဲပဲ…”

 

ထပ်မံ ထွက်ပေါ်လာတဲ့ ရွာသားတစ်ယောက်ရဲ့ ထောက်ခံစကားကြောင့် ကျနိတဲ့သူတွေလည်း အသေအချာ လာကြည့်ကုန်ကြတယ်။

 

” ဟုတ်ပါ့…ညိမ်းမောင်မှ ညိမ်းမောင်ပါပဲ…”

 

” အေးဟ…တစ်ထေရာထဲပဲ…”

 

” ရုပ်ရည်ကော အသက်အရွယ်ကော တစ်ပုံစံထဲ တူနေတာပါလား…”

 

ညိမ်းမောင်ကို သိမှီလိုက်သူတို့ထံက တစ်ပုံစံထဲပါဆိုတဲ့ စကားသံတွေ များစွာ ထွက်ပေါ်လာပြန်တယ်။ ပိုပြီးတော့ ထူးဆန်းတာက သူတို့ပြောသလိုပဲ ညိမ်းမောင် သေဆုံးခဲ့တဲ့ အရွယ်ဟာ ၁၆ နှစ်သား၊ ၀င်းနိုင်စိုးနဲ့ သက်တူရွယ်တူဖြစ်နေတာပါ။

 

” စွမ်းရည်” ဘော်ဒါဆောင်က အဖွဲ့တွေလည်း အစကတော့ အမေအိုရဲ့ စိတ္တဇလို့ထင်ပေမယ့် ကျန်သူတွေကပါ ပြောလာတော့ ညိမ်းမောင်ကို မြင်ဖူးချင်လာတယ်။

 

ဒါနဲ့ အမေအိုဆီကနေ ညိမ်းမောင်ရဲ့ ပုံကိုတောင်းကြည့်တော့ ညိမ်းမောင်နဲ့ ၀င်းနိုင်စိုး၊ ၀င်းနိုင်စိုးနဲ့ ညိမ်းမောင်ဟာ ခွဲမရအောင်ကို တထေရာထဲ တူနေတော့တာပါပဲ။

 

ဒီအဖြစ်အပျက်အတွက် လူတွေဆီကနေဆီကနေ မှတ်ချက်တွေ အမျိုးမျိုး ထွက်ပေါ်လာပါတယ်။

 

ဒါပေမယ့် အများဆုံး ထွက်ပေါ်လာတဲ့ မှတ်ချက်ကတော့…။

 

အတိတ်က သေဆုံးခဲ့တဲ့ ညိမ်းမောင်ဟာ ၀င်းနိုင်စိုးအဖြစ် လူပြန်လည်၀င်စားခဲ့ပြီး အဖို့ပါခဲ့တာကြောင့် တိုက်တိုက်ဆိုင်ဆိုင်ပဲ အရင်ဘ၀ကနေရာမှာ အရင်ဘ၀က သေဆုံးပုံအတိုင်း သေဆုံးခဲ့တယ်လို့ ထင်မြင်ယူဆ၊ မှတ်ချက်ပြုခဲ့ကြပါတယ်။

 

ပြီးပါပြီ။

 

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက အဖြစ်အပျက်ကို ပြန်လည် ပြောပြပေးပါသော ကိုထွန်း၀င်းကို ကျေးဇူးတင်ရှိစွာဖြင့်…။

 

နောင်ရိုး (ဆေးတပ်)

***ေရတံခြန္စမ္းနဲ႔ ႏွစ္ဘ၀ခရီးသည္***(စ/ဆုံး)
———————-@@@@@————————–
( ျဖစ္ရပ္မွန္ အေျချပဳ)

ေတာင္သာေရတံခြန္စမ္းတဲ့။

အပန္းေျဖစခန္းအျဖစ္ ကိုယ္ထူကိုယ္ထ အမည္နာမတပ္ၿပီး ဖြင့္လွစ္လိုက္တာရယ္ေတာ့ သိပ္မၾကာေသးပါဘူး။ ဒီၾကားထဲ လူသူျပတ္လပ္တဲ့ ခရီးလမ္းေၾကာင့္ အခါႀကီးရက္ႀကီးေတြေလာက္သာ လူစည္ကားတတ္တဲ့ေနရာ။

ေတာင္သာၿမိဳ႕နဲ႔ ေတာလမ္းခရီး ငါးမိုင္သာသာေလာက္ေဝးတယ္။ တစ္ခ်ိန္ကေတာ့ ဒီေနရာက တကယ့္ကို ေတာႀကီးမ်က္မည္းရယ္ေလ။ ေဒသခံေတြ ေတာသြား၊ ဝါးခုတ္၊ မွ်စ္ခ်ိဳးတာေလာက္သာ သြားတတ္ၾကတဲ့ေနရာေပါ့။

လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကေတာ့ အဲ့ဒီ့ေနရာနဲ႔ ပက္သက္ၿပီး အလြန္နာမည္ႀကီးသြားခဲ့တဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့တယ္။

မတူညီတဲ့ လူႏွစ္ေယာက္နဲ႔ ေနရာတစ္ခုဆီက တူညီေနတဲ့ အေၾကာင္းအရာ။ ခိုင္လုံေနတဲ့ သက္ေသတခ်ိဳ႕နဲ႔ေပါ့။

အျဖစ္အပ်က္ကို ျပန္ၿပီး ေျပာျပရရင္ေတာ့…။

* * * * * *

၂၀၁၂ ခုႏွစ္ရဲ႕ ေႏြရာသီအစ ခါေႏြတေပါင္းမွာ ဆယ္တန္းစာေမးပြဲေတြၿပီးခဲ့တယ္။

စာေမးပြဲၿပီးၿပီးခ်င္းဆိုေတာ့ အခေၾကးေငြနဲ႔ ဖြင့္လွစ္တဲ့ ေဘာ္ဒါေဆာင္တခ်ိဳ႕က တစ္ႏွစ္တာလုံး ပင္ပန္းခဲ့ၾကတဲ့ ေက်ာင္းသားေတြကို အပန္းေျဖခရီးေတြ လိုက္ပို႔ျဖစ္ၾကေကာ။

ဒီလို လိုက္ပို႔တဲ့အထဲမွာ ‘စြမ္းရည္’ ေဘာ္ဒါေဆာင္လည္း ပါ၀င္ခဲ့တယ္။ ဒါေပမယ့္ သူတို႔ ခရီးစဥ္က နယ္ေဝးခရီးစဥ္ေတာ့ မဟုတ္ဘူး။ သူတို႔ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ေတာင္သာ ေရတံခြန္စမ္းဆီကို ညအိပ္ အလည္အပတ္ခရီးမွ်သာ။

ဘာပဲျဖစ္ျဖစ္ ေက်ာင္းသား၊ ေက်ာင္းသူတို႔ကေတာ့ မေရာက္ဖူးတဲ့ ခရီးစဥ္မို႔ သူ႔အဖြဲ႕နဲ႔သူ ေပ်ာ္႐ႊင္ေနၾကတာ အမွန္ပဲ။ အားလုံးထဲမွာ အဆိုးဆုံးကေတာ့ ၀င္းႏိုင္စိုးတို႔ ေက်ာင္းသားတစ္သိုက္ရယ္။ သူတို႔အလြန္ကို ေပ်ာ္ေနၾကတာ။

သူတို႔အဖြဲ႕မွာက ေလးေယာက္ရွိတယ္။ အားလုံးကို ၀င္းႏိုင္စိုးက ဦးေဆာင္ၿပီး က်န္သူေတြကေတာ့ ထြန္း၀င္း၊ တင္ေမာင္ေက်ာ္နဲ႔ ဇာနည္တို႔ရယ္ေလ။

အခု ေရတံခြန္စမ္းခရီးစဥ္မွာေတာ့ သူတို႔ေလးေယာက္က ထိန္းမႏိုက္သိမ္းမရပါပဲ။ ဆရာ၊ ဆရာမေတြပါေပမယ့္လည္း စာေမးပြဲမွာ ပင္ပန္းထားခဲ့ၾကတဲ့ တပည့္ေတြကို သိပ္ၿပီးခ်ဳပ္ခ်ယ္တာမ်ိဳးမလုပ္ၾကဘူး။

ဒါကပဲ ၀င္းႏိုင္စိုးတို႔အတြက္ အႀကိဳက္ျဖစ္ရတယ္။ ၿမိဳ႕ျပမွာ ေဘာ္ဒါရဲ႕စည္းကမ္းနဲ႔ ေနခဲ့ၾကရတဲ့သူတို႔အတြက္ အခုေရာက္ေနတဲ့ ေတာေခါင္ေခါင္က ေရတံခြန္စမ္းေနရာက ျမင္ကြင္းကို ဆန္းသစ္ေစတယ္။

စမ္းလန္းတဲ့ ေတာေတာင္၊ ေက်ာက္တုံးေက်ာက္စိုင္ေတြနဲ႔ ေရတံခြန္ေခ်ာင္းငယ္က သူတို႔ကို တကယ္ေပ်ာ္ေမြ႕ေစရတယ္။ ၿပီးေတာ့…ေရတံခြန္ေနရာက ပြဳအခါရက္မဟုတ္ရင္ လူသူလွမ္းတယ္။ အနီးဆုံးေက်း႐ြာဆို တစ္မိုင္မရွိတရွိဆီက ကရင္ေခ်ာင္း႐ြာရယ္သာ ရွိတာ။

ဘာပဲျဖစ္ျဖစ္ ၀င္းႏိုင္စိုးတို႔ ေက်ာင္းသားတစ္သိုက္ကေတာ့ အခုလို ေတာတြင္းအပန္းေျဖခရီးစဥ္ဟာ သူတို႔အတြက္ နတ္စီတဲ့ အိပ္မက္ေတြဆီ အမွန္တကယ္ေရာက္ရွိေနရသလိုပါပဲ။

* * * * * *

” ေဟ့ေကာင္…၀င္းႏိုင္စိုး…”

ေက်ာက္တုံးေတြအၾကားဆီက ေနရာလပ္ဆီမွာ ေရေဆာ့ေနၾကရင္း တင္ေမာင္ေက်ာ္က ေခၚလာတာမို႔ ၀င္းႏိုင္စိုးက ေရၾကည္ၾကည္ထဲမွာ ငုပ္လိုက္၊ ျပဳလိုက္လုပ္ေနရင္းက ၾကည့္လာၿပီး

” ေအးေျပာ…သားႀကီး…”

တင္ေမာင္ေက်ာ္က ေဘးဘီတဝီုက္ကို မလုံမလဲၾကည့္ရင္း ၀င္းႏိုင္စိုးရွိရာဆီကို လွမ္းလာလိုက္ကာ

” ဒီေရတံခြန္ေလးရဲ႕ အထက္မွာ ေရတံခြန္အႀကီးႀကီးရွိတယ္တဲ့ကြ…”

” ေဟ…ဟုတ္လား”

” ေအး…ဟုတ္တယ္။ မနက္က ဒီဘက္ကို ဟင္း႐ြက္ခူးလာတဲ့ လူတစ္ေယာက္ ငါ့ကို ေျပာသြားတာ။ သူက ဒီေအာက္ဘက္႐ြာကတဲ့…”

” ဟုတ္လား…ဒါဆို အေသအခါပဲေပါ့။ ဒါနဲ႔…ေနပါဦး။ ငါတို႔ဆရာေတြက အဲ့ဒီ့ဆီကို ဘာလို႔လိုက္မပို႔ၾကတာလဲ…”

၀င္းႏိုင္စိုးက မေက်မခ်မ္းပုံစံနဲ႔ ေတြးဆၿပီး ေျပာတာ။ တင္ေမာင္ေက်ာ္က…

” ဒါေတာ့ ငါလည္းမေျပာတတ္ဘူးေလ။ သူတို႔ ေရတံခြန္ထပ္ရွိတာ မသိလို႔ျဖစ္မွာေပါ့…”

” အင္း…ဘာပဲျဖစ္ျဖစ္ကြာ။ မင္းေျပာတာနဲ႔ ငါေတာ့ အဲ့ဒီ့ကိုသြားခ်င္လာၿပီ။ ဒါနဲ႔ ဟိုႏွစ္ေကာင္ေကာ…”

ဇာနည္နဲ႔ ထြန္း၀င္းတို႔ကို ရည္ၫႊန္းၿပီး ေျပာတာ။ တင္ေမာင္ေက်ာ္က

” ေခ်ာငိးေအာက္ဘက္က မိန္းကေလးေတြေနရာဆီေရာက္ၿပီး ထက္ထက္တို႔ ေကသီတို႔အနား ရစ္သီေနေလာက္ေရာေပါ့။ မနက္ကေတာ့ သူတို႔ႏွစ္ေယာက္ ထက္ထက္တို႔က ပန္းႀကိဳက္တတ္တယ္ဆိုလို႔ ေပးဖို႔ဆိုၿပီး ေတာပန္းေတြလိုက္ခူးေနတာေတြ႕မိတယ္…”

၀င္းႏိုင္စိုး ခဏစဥ္းစားသြားတယ္။ၿပီးေတာ့…

” ဒါဆိုလည္း သြားေခၚကြာ။ ငါတို႔အေပၚတက္ၿပီး သြားၾကည့္ၾကရေအာင္…”

” ေအးေအး…”

တင္ေမာင္ေက်ာ္က ခပ္သုတ္သုတ္လွည့္ထြက္သြားတယ္။ ၀င္းႏိုင္စိုးကေတာ့ ေရတံခြန္အေပၚကို ေမာ့ၾကည့္ရင္း အထက္မွာရွိေနမယ့္ ေရတံခြန္ႀကီးကို စိတ္ကူးယဥ္မွန္းဆေနေလရဲ႕။

* * * * * * *

” အားပါး…မိုက္တယ္ကြာ။ တကယ့္ရွယ္ႀကီးပဲ…”

ေအာက္က ေရတံခြန္ငယ္ထက္ ႏွစ္ဆမွ် ႀကီးမားေနတဲ့ ေရတံခြန္ႀကီးကို ၾကည့္ၿပီး ၀င္းႏိုင္စိုးတို႔တစ္သိုက္ ရင္သပ္ရႈေမာေနၾကတာ။

ေရတံခြန္ႀကီးဆီကို ေရာက္ဖို႔ ေအာက္ကေန ေကြ႕ပတ္ၿပီး အေတာ္သြားခဲ့ၾကရတယ္။ ေမာေလာက္ၿပီဆိုမွ ေရတံခြန္ႀကီးကို ေတြ႕ရေတာ့ သူတို႔အေမာေျပၿပီး ၀မ္းသာအယ္လဲျဖစ္ၾကရကုန္ျပန္တယ္။

” လာေဟ့…အခ်ိန္ဆိုင္းမေနဘဲ ေရထဲဆင္းၾကစို႔…”

ေရတံခြန္ႀကီးက်ရာ ေအာက္ေျခဆီက ေရျပင္က်ယ္ဆီကို ေရကူးၾကဖို႔ သူတို႔ျပင္ၾကတယ္။

” ငါေတာ့ ဆင္းၿပီေဟ့…”

အားလုံးထဲမွာ အသြက္ဆုံးျဖစ္တဲ့ ၀င္းႏိုင္စိုးက ေျပာေျပာဆိုဆို ေရထဲကို ဝုန္းခနဲ ခုန္ဆင္းသြားေလၿပီ။

ေရွးမေႏွာင္းမွာပဲ ဇာနည္နဲ႔ တင္ေမာင္ေက်ာ္တို႔လည္း လိုက္ဆင္းၾကကုန္တယိ။ ထြန္း၀င္းကေတာ့ ေရမကူးတတ္သူမို႔ ေက်ာက္တုံးႀကီးတစ္တုံးထက္ဆီကေန ထိုင္ၿပီးၾကည့္ေနလို႔။

၀င္းႏိုင္စိုးတို႔ သုံးေယာက္ ေရထဲမွာ လွည့္ပတ္ကူးခတ္ကစားရင္း ေပ်ာ္ျမဴးေနၾကတာ ဆူညံေနတာပဲ။ တစ္ခါတစ္ခါ ေက်ာက္တုံးေပၚထိုင္ေနတဲ့ ထြန္း၀င္းကိုလည္း ေရနဲ႔လွမ္းပက္ၿပီး စေနာက္ၾကေသးတယ္။ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စေနာက္ၿပီး ကစားၾကလို႔ ေပ်ာ္ျမဴးေနၾကတယ္။

အခ်ိန္က တျဖည္းျဖည္း ေနမြန္းတည့္ခ်ိန္ေရာက္လာေတာ့…။

” ၀င္းႏိုင္စိုးေရ…ဆယ့္ႏွစ္နာရီထိုးေတာ့မယ္။ ျပန္ၾကစို႔…”

ေက်ာက္တုံးေပၚကေန နာရီၾကည့္ၿပီး ထြန္း၀င္းက အဆိုျပဳေတာ့ တင္ေမာင္ေက်ာ္က

” ေအး…ဟုတ္တယ္။ ထမင္းစားခ်ိန္လည္း ေရာက္ေနၿပီဆိုေတာ့ ဆရာတို႔ေစာင့္ေနၾကလိမ့္မယ္…”

” ဟုတ္တယ္။ ေရကူးရတာလည္းခ်မ္းလွၿပီ။ ျပန္ၾကမယ္…”

တင္ေမာင္ေက်ာ့္စကားကို ဇာနည္က ေထာက္ခံၿပီး ေရထဲက ႏွစ္ေယာက္သားတက္လာၾကတယ္။ ၀င္းႏိုင္စိုးကေတာ့ ေရထဲက်န္ေနရင္းက

” ငါေတာ့ မျပန္ခ်င္ေသးဘူး။ ဒီမွာ ေနခ်င္ေသးတယ္…”

“ျပန္ၾကမယ္ သားႀကီးရ။ ငါတို႔ ဒီအေပၚတက္လာတာ ဘယ္သူမွမသိၾကဘူး။ စိတ္ပူေနၾကေတာ့မယ္။ ျပန္ၾကမယ္ကြာ…”

တင္ေမာင္ေက်ာ္တို႔ သုံးေယာက္က ထပ္ၿပီးတြန္းအားေပးျပန္တယ္။ ၀င္းႏိုင္စိုးကေတာ့ ေရထဲက တက္ခ်င္ဟန္မျပေသးဘဲ…

” ေအးကြာ…ဒါျဖင့္လည္း ခဏပဲေစာင့္…”

တင္ေမာင္ေက်ာ္တို႔ အ၀တ္အစားေတြ ျပန္၀တ္ၿပီး ေစာင့္ေနၾကတယ္။ ၀င္းႏိုင္စိုးကေတာ့ ေရထဲမွာ ငါးတစ္ေကာင္အလား ကူးခတ္ေနတုန္းပဲ။

” သားႀကီး…ေတာ္ေတာ့ဟ။ ျပန္ၾကမယ္…”

ထြန္း၀င္းက ထပ္သတိေပးတယ္။ ၀င္းႏိုင္စိုးက လွ်ာထုတ္ၿပီးေျပာင္းျပရင္း ေရထဲငုပ္သြားတယ္။ ဒီေတာ့ က်န္သုံးေယာက္က စိတ္မရွည္ေတာ့ဘူး။

” မင္းတက္မလာရင္ ငါတို႔ခဲနဲ႔ထုေတာ့မွာေနာ္…”

တင္ေမာင္ေက်ာ္က ထပ္ေျပာတာ။ ၀င္းႏိုင္စိုးက ေျပာင္ျပရင္း

” ထိေအာင္ ထုႏိုင္ရင္ ထုေပါ့ကြာ…”

စိန္ေခၚၿပီး ေရထဲကို ငုပ္တယ္။ ဒါနဲ႔ပဲ က်န္သုံးေယာက္က ခဲအေသးေလးေတြနဲ႔ လွမ္းပစ္ၾကေကာ။ ထိေအာင္ေတာ့ မပစ္ၾကဘူးရယ္။ စေနာက္ၿပီး ေဘးကိုပဲ ပစ္ၾကတာ။ ဘယ္လိုပဲ ပစ္ပစ္၀င္းႏိုင္စိုးက ေရထဲငုပ္တယ္။ ကူးတယ္။

တစ္ႀကိမ္ၾကေတာ့ ၀င္းႏိုင္စိုး ေရငုပ္သြားတာ အေတာ္ၾကာသြားတယ္။ တင္ေမာင္ေက်ာ္တို႔ သုံးေယာက္က ခဲေတြကို အသင့္ျပင္ၾကရင္း ၀င္းႏိုင္စိုးေရထဲက ျပန္အေပၚကိုေစာင့္ေနၾကတယ္။ ဝုန္းခနဲ ေရထဲကေနလည္းျပန္ေပၚလာေရာ သုံးေယာက္စလုံး ခဲေတြနဲ႔ ဝိုင္းထုၾကတာ။

” ေန…ေနၾကဦး။ ငါ့ကို ဆြဲေနလို႔…”

ေရထဲက ၀င္းႏိုင္စိုးက ႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း ေျပာေပမယ့္ တင္ေမာင္ေက်ာ္တို႔က မယုံၾကဘူး။ စေနာက္တယ္ပဲ ထင္ၾကၿပီး ခဲနဲ႔ထပ္ပစ္ၾကတယ္။

အဲ့ဒီ့အခ်ိန္မွာပဲ ၀င္းႏိုင္စိုးကို ေရထဲက တစ္စုံတစ္ခုက ဆြဲခ်တဲ့အလား ျဗဳန္းခနဲနစ္သြားျပန္တယ္။ ၿပီးေတာ့ ႐ုန္းရင္းဆန္ခတ္နဲ႔ ျပန္ေပၚလာၿပီး…

” ကယ္…ကယ္ၾက…”

စကားေတာင္ မဆုံးေသးဘူး။ ေရထဲကို ျပန္နစ္သြားေရာ။ တင္ေမာင္ေက်ာ္တို႔လည္း အျဖစ္အပ်က္က မ်က္ဝါးထင္ထင္ဆိုေတာ့ တကယ္ျဖစ္ေနတယ္ဆိုတာ သိၾကရၿပီး ေရထဲခုန္ဆင္းလို႔ သူငယ္ခ်င္းကို ကယ္ၾကတယ္။

ဒါေပမယ့္ မရခဲ့ပါဘူး။ သူတို႔ ေရထဲကို အေရာက္၊ သူတို႔သူငယ္ခ်င္းဟာလည္း ေရေအာက္ဆီကို နစ္ျမဳပ္လို႔ အစအနမက်န္ေအာင္ေပ်ာက္သြားခဲ့ၿပီ။

ေနာက္ေတာ့ သူတို႔သုံးေယာက္ ဘာလုပ္ရမွနိးမသိေတာ့ဘဲ ေအာ္ဟစ္ငိုေႂကြးလို႔ ဆရာေတြကို အေျပးေခၚၾကရတယ္။

ဆရာေတြ ေရာက္သြားခ်ိန္ ေရျပင္ႀကီးက ဘာမွမျဖစ္တဲ့အလား တည္ၿငိမ္လို႔။

အေလာင္းကို ရွာဖို႔က်ေတာ့ ဘယ္သူမွမဆင္းရဲၾကတာမို႔ ေနာက္ဆုံးမွာ ႐ြာဆီကို ဆင္းၿပီးအကူအညီေတာင္းၾကရေတာ့တယ္။

မၾကာဘူး…။

ကမ္းနားဆီမွာ ႐ြာက လူေတြ အုံခဲလို႔ ေရာက္လာၾကကုန္ၿပီး ေယာက္်ားတခ်ိဳ႕က ေရထဲဆင္း ဝိုင္းရွာၾကတယ္။ အမ်ိဳးသမီးေတြ၊ ကေလးေတြနဲ႔ ေယာက္်ားႀကီး တခ်ိဳ႕ကေတာ့ ကုန္းေပၚကေန ၾကည့္ေနၾကတယ္။ ေဘာ္ဒါေဆာင္က အဖြဲ႕ေတြဟာလည္း ငိုသူငို၊ ေအာ္သူေအာ္နဲ႔ေပါ့။

႐ြာခံေတြရဲ႕ အကူအညီနဲ႔ရွာေတာ့ မၾကာဘူး အေလာင္းကိုျပန္ရတယ္။ အေလာင္း ကုန္ေပၚကို ေရာက္ခ်ိန္ၾကေတာ့ ဇာတ္လမ္းက စခဲ့ၿပီ။

” ညိမ္း…ညိမ္းေမာင္…သား…ျဖစ္မွျဖစ္ရေလသားရယ္…အီး… ဟီး…ဟီး…”

ၾကည့္ေနၾကတဲ့ လူအုပ္ထဲက အေမအိုတစ္ေယာက္က တိုးထြက္လာၿပီး ၀င္းႏိုင္စိုးအေလာင္းကို ငိုသံပါႀကီးနဲ႔ ေျပာေျပာဆိုဆို ဆြဲဖက္လို႔ ေခၚတာ။

႐ုတ္တရက္ဆိုေတာ့ အားလုံးေၾကာင္ကုန္ၾကတယ္။ ေနာက္ေတာ့…

” ဟာ…အေမအုန္းေျပာမွပဲ သတိထားမိေတာ့တယ္။ ဒီကေလးက လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္ေလာက္က တို႔႐ြာကေန ဒီေနရာမွာ ေရနစ္ေသခဲ့တဲ့ ညိမ္းေမာင္နဲ႔ တစ္ေထရာထဲပဲ…”

ထပ္မံ ထြက္ေပၚလာတဲ့ ႐ြာသားတစ္ေယာက္ရဲ႕ ေထာက္ခံစကားေၾကာင့္ က်နိတဲ့သူေတြလည္း အေသအခ်ာ လာၾကည့္ကုန္ၾကတယ္။

” ဟုတ္ပါ့…ညိမ္းေမာင္မွ ညိမ္းေမာင္ပါပဲ…”

” ေအးဟ…တစ္ေထရာထဲပဲ…”

” ႐ုပ္ရည္ေကာ အသက္အ႐ြယ္ေကာ တစ္ပုံစံထဲ တူေနတာပါလား…”

ညိမ္းေမာင္ကို သိမွီလိုက္သူတို႔ထံက တစ္ပုံစံထဲပါဆိုတဲ့ စကားသံေတြ မ်ားစြာ ထြက္ေပၚလာျပန္တယ္။ ပိုၿပီးေတာ့ ထူးဆန္းတာက သူတို႔ေျပာသလိုပဲ ညိမ္းေမာင္ ေသဆုံးခဲ့တဲ့ အ႐ြယ္ဟာ ၁၆ ႏွစ္သား၊ ၀င္းႏိုင္စိုးနဲ႔ သက္တူ႐ြယ္တူျဖစ္ေနတာပါ။

” စြမ္းရည္” ေဘာ္ဒါေဆာင္က အဖြဲ႕ေတြလည္း အစကေတာ့ အေမအိုရဲ႕ စိတၱဇလို႔ထင္ေပမယ့္ က်န္သူေတြကပါ ေျပာလာေတာ့ ညိမ္းေမာင္ကို ျမင္ဖူးခ်င္လာတယ္။

ဒါနဲ႔ အေမအိုဆီကေန ညိမ္းေမာင္ရဲ႕ ပုံကိုေတာင္းၾကည့္ေတာ့ ညိမ္းေမာင္နဲ႔ ၀င္းႏိုင္စိုး၊ ၀င္းႏိုင္စိုးနဲ႔ ညိမ္းေမာင္ဟာ ခြဲမရေအာင္ကို တေထရာထဲ တူေနေတာ့တာပါပဲ။

ဒီအျဖစ္အပ်က္အတြက္ လူေတြဆီကေနဆီကေန မွတ္ခ်က္ေတြ အမ်ိဳးမ်ိဳး ထြက္ေပၚလာပါတယ္။

ဒါေပမယ့္ အမ်ားဆုံး ထြက္ေပၚလာတဲ့ မွတ္ခ်က္ကေတာ့…။

အတိတ္က ေသဆုံးခဲ့တဲ့ ညိမ္းေမာင္ဟာ ၀င္းႏိုင္စိုးအျဖစ္ လူျပန္လည္၀င္စားခဲ့ၿပီး အဖို႔ပါခဲ့တာေၾကာင့္ တိုက္တိုက္ဆိုင္ဆိုင္ပဲ အရင္ဘ၀ကေနရာမွာ အရင္ဘ၀က ေသဆုံးပုံအတိုင္း ေသဆုံးခဲ့တယ္လို႔ ထင္ျမင္ယူဆ၊ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

ၿပီးပါၿပီ။

လြန္ခဲ့ေသာ ဆယ္ႏွစ္ေက်ာ္ကာလက အျဖစ္အပ်က္ကို ျပန္လည္ ေျပာျပေပးပါေသာ ကိုထြန္း၀င္းကို ေက်းဇူးတင္ရွိစြာျဖင့္…။

ေနာင္႐ိုး (ေဆးတပ္)