Unicode Version
နှစ်ဘဝချစ်သူ(စ/ဆုံး)
———————–
“အစ်မ ကျွန်တော်အစ်မကိုချစ်နေတုန်းပဲ”
ဗြုန်းကနဲ ဝင်လာတဲ့ မက်ဆင်ဂျာက စာတစ်စောင်ကြောင့်ဘယ်သူများလဲလို့ ပိုပို ကြည့်လိုက်တော့ ဟို ကလေးမလေးဆီက ဖြစ်နေပါတယ်။ ဒီကလေးမလေးကို ပိုပို ဘယ်လိုလုပ်ရမလဲ တကယ် မသိတော့ပါဘူး။
ပြစ်ပြစ်ခါခါပြောလိုက်ရဖို့ဆိုတာလည်း မပြောရက်။ ပိုပိုကိုယ်တိုင်လည်း သံယော ဇဉ်ကမပြတ်၊ ဖြစ်နိုင်သလားဆိုတော့လဲ ပတ်ဝန်းကျင်ကို အရင်ဆုံးစဉ်းစားလိုက်တာနဲ့ ပိုပိုတို့ဇာတ် လမ်းက မစခင်က ဆုံးနှင့်နေပြီလေ..။
ဒီလိုပါပဲ…ပိုပိုက အချစ်ရေးမှာကံမကောင်းခဲ့သူပဲ ဖြစ်ခဲ့ပါတယ်။ ချစ်ဦးသူနဲ့ သေကွဲကွဲ ခဲ့ရတဲ့ပိုပိုပါ။
ချစ်ဦးသူကို မိန်းကလေးအဖြစ်ပြန်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ ပါဘူး။ အခုတော့ ပိုပို့အဖြစ်က ငိုပဲငိုနေရမှာလား။ ပျော်ပဲပျော်နေရမှာလည်း ဘယ်လိုခံ စားမှု ခံစားချက်ကြီးမှန်းမသိနဲ့ ဘာဆက်လုပ်ရမလဲ လမ်းတွေ ပျောက်လွန်းလှပါတော့ တယ်။
အခန်း(၁)
တကယ်တော့ ဒီဇာတ်လမ်းမှာ ပိုပိုက အစကတည်းကကို မပါသင့်တာလို့ပဲ ကံကိုပုံချ လိုက်ပါတော့တယ်။ ပိုပိုဆယ်တန်းရောက်တဲ့နှစ်မှာ ကိုခန့်နဲ့ စတွေ့တာပါ။ ရည်းစား မထားရသေးဘူး၊ စာကိုပဲ ဦးစားပေးရမယ်ဆိုတဲ့အရွယ်မှာ စာကို ဦးစားမပေးနိုင် လောက်အောင်ကို ပိုပိုနဲ့ ကိုခန့်ကအချစ်ကြီးချစ်ခဲ့ကြသူတွေပါ။
ငယ်ရွယ်နုနယ်တဲ့ နှလုံးသားမှာ ပထမဆုံးအချစ်ဆိုတဲ့ အရာကြီးကို မြည်းစမ်းဖူးကြ တာဖြစ်လို့ နှစ်ယောက်သားအပျောက်မခံနိုင်လောက်အောင် ချစ်ခဲ့ကြပါတယ်။
နှစ်ဦးစလုံးက အသိုင်းအဝိုင်းကြီးတွေက ဖြစ်ပေမယ့် ကိုခန့်တို့က ပိုပြီးပြည့်စုံပါတယ်။ ဒီလိုနယ်မြို့လေးမှာတော့ ဘယ်သူနဲ့ ဘယ်သူနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းက ဘယ်လိုမှ ဖုံးကွယ်လို့ရလေ့လည်းမရှိပါဘူး။
ဒါပေမယ့် မိဘတွေကလည်း တအားတားမြစ်ထားတာမျိုးမရှိပေမယ့် ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေလမ်းမပျောက်အောင်တော့ ထိန်းကျောင်းပေးမှုတွေကြားမှာ သူတို့ ကလည်း စည်းဘောင် တွေ စောင့်ထိန်းခဲ့ကြပါတယ်။
သူတို့ရဲ့ အနှောင့်အယှက်မရှိ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပြိုကျပျက်စီးစေမယ့် နေ့ဆိုတာ ဘယ်တော့မှမရှိဘူးရယ်လို့လည်း ထင်မှတ်ခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် နဲ့ပဲ ဖြတ်သန်းမယ်လို့ ထင်ထားပေမယ့် သူတို့ဆီကို ကံကြမ္မာဆိုးကြီးက အလည် ရောက်လို့ လာခဲ့ပါတော့တယ်။
“ပိုပိုရေ..သမီး ခြံရှေ့မှာ ဟိုကောင်လေး ယောင်လည်လည်ရောက်နေတယ်။ ဘာပြော စရာရှိလို့လဲ မသိဘူးသမီး..မေးကြည့်ပြီးရင် မြန်မြန်တက်လာခဲ့..နောက်ကို ခဏခဏ မလာဖို့ သမီးပြောလိုက်ဦး”
မေမေ့စကားသံဆုံးတာနဲ့ ပိုပိုတစ်ယောက်ခြံရှေ့ကိုပြေးဆင်းလာလိုက်ပါတယ်။
“အမေဆူနေပြီ..ဘာလာလုပ်တာလဲ”
“အော်..ငါညနေဘုရားပွဲသွားမလို့ သူငယ်ချင်းတွေနဲ့ အဲဒါလာပြောတာ.ညနေငါ့ကို မ တွေ့ရင် နင်စိတ်ကောက်နေမှာဆိုးလို့”
“အေး သွားတာကသွားလေ..စာလည်းကျက်ဦးနော်..စာမေးပွဲနီးနေပြီ။ ပြီးတော့သိပ် သောက်စားတာမျိုးတွေ မလုပ်နဲ့နော်..သွားသွား..ပြန်တော့။ တော်ကြာနေ အမေငါ့ကို ကြာလို့ ဆူနေလိမ့်မယ်”
ပိုပို သူ့ကိုမှာပြီးပြီးချင်း အိမ်ထဲကိုပြန်ဝင်လိုက်ပါတယ်။ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မေမေ့ကို ကြည့်လိုက်တော့ မေမေက မျက်စောင်းလှမ်းထိုးလိုက်ပါတယ်။ ပိုပိုလည်း ကျောင်းပိတ်ရက်မို့ တစ်နေကုန်စာကြည့်၊ ဂိုက်ဆရာမလာတော့ စာကြည့်ပြီး နေလိုက် တာ မိုးပါချုပ်သွားပါရောလား။
ခါတိုင်းဆို ကျူရှင်ရှိတော့ တူတူသွားကြတာမျိုးတွေလည်းရှိတတ်ပေမယ့် ဒီလိုနေ့မျိုး ဆိုရင်တော့ ပိုပိုရော သူရော အိမ်မှာပဲ စာလုပ်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် ကဆိုတော့ အခုလိုမျိုးဖုန်းတွေကလည်း မပေါ်သေးဘူးလေ။ သူဘယ်သွားမယ်၊ ဘာ လုပ်မယ်ဆိုတာကို လူကြုံနဲ့ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လာပြောနေကြတာမျိုးဆိုတော့ ဒီညမှာ တော့ သူဘုရားပွဲမှာ ရှိနေတာပဲ ဆိုပြီး ပိုပို စိတ်ချလက်ချရှိနေပါတယ်။
ညကိုးနာရီလောက်မှာ ပိုပိုဘုရားရှိခိုးပါတယ်။ ထူးခြားတာက ဘုရားမကန်တော့ခင် ပိုပို ရဲ့ စိတ်တွေ တအားလေးလံလွန်းလာတာပါ။ မေမေ့ကိုတောင် ပြောပြလိုက်မိတဲ့အထိပါ ပဲ။
“မေမေ ခွေးတွေက ဘာလို့ တအားအူနေတာလဲ မသိဘူးမေမေရယ်။ ပိုပိုစိတ်ထဲမှာ လေး လေးကြီးနဲ့ ငိုချင်သလိုလိုကြီးဖြစ်နေတယ်”
“အေး..မေမေရော နေရတာ မကောင်းဘူး၊ လေးလံထိုင်းမှိုင်းနေတာပဲ၊ သမီးဘုရား ကန်တော့တာ မေမေစောင့်ပေးမယ်လေ။ ပြီးမှ တူတူ အိပ်ယာဝင်ကြတာပေါ့”
မေမေ့အပြောကြောင့် ပိုပို အားရှိသွားပြီးုဘုရားကန်တော့လိုက်ပါတယ်။ နောက်ဖေးဖက် ကို ခြေလက်ဆေးဖို့ သွားတော့ ပိုပို့နှာခေါင်းထဲမှာ သွေးညှီနံ့တော်တော်လေးရလာ ပါတယ်။ သွေးတွေ အများကြီးထွက်ထားတဲ့ အနံ့လိုမျိုးက တော်တော်မသတီစရာ ကောင်းလွန်းတာမို့ မေမေ့ကိုပြောမိပြန်ပါရော။
“အေး တို့ သားအမိဒီနေ့ဘာများဖြစ်တယ်မသိဘူး။ မေမေလည်းနှာခေါင်းထဲမှာ သွေးညှီ နံ့ကြီးရလိုက်တာလို့..လာလာ အိမ်ပေါ်တက်သမီး”
မေမေနဲ့ ပိုပို အိမ်ပေါ်တက်ပြီး အိပ်ယာဝင်လိုက်ပေမယ့် မျက်လုံးက လုံးဝကြောင်နေ ပါတယ်။ ခဏကြာတော့ အိမ်ရှေ့မှာ ခွေးတစ်ကောင်က စူးစူးဝါးဝါးကိုလာအူနေပြန်ပါ တယ်။ ပြီးတော့ ပိုပို့နားထဲမှာ ပိုပို့နာမည်ခေါ်သံကိုကြားလိုက်ပြန်ပါတယ်။
ထူးခြားတာတစ်ခုက ပိုပိုတို့ နယ်တွေဟာ ညရှစ်နာရီခွဲလောက်ဆိုတာနဲ့ လူတိုင်းအိပ် ယာထဲဝင်လေ့ရှိပြီး စောစောစီးစီးအိပ်ကြလေ့ရှိပါတယ်။ အခုဒီနေ့မှ လူတွေက မအိပ် သေးသလို ဆိုင်ကယ်တွေကလည်း ခဏခဏ ဖြတ်သွားဖြတ်လာ လုပ်နေသလိုဖြစ် နေပါတယ်။
မေမေကတောင် ဘာများဖြစ်လို့ တို့ မြို့လေး ဒီည ဂဏှာ မငြိမ်ဖြစ်နေပါလိမ့်လို့ ပြော ပါ တယ်။ မေမေနဲ့ တူတူအိပ်နေပေမယ့် ပိုပို အိပ်မပျော်ပါဘူး။ အိပ်မပျော်လို့ ဘေးတစ် ခြမ်း စောင်းအိပ်လိုက်တာနဲ့ ကုတင်ဘေးမှာ လူတစ်ယောက်မတ်တပ်ရပ်နေတာကို တွေ့ လိုက်ရပါတော့တယ်။
“မေမေ မေမေထဦး။ အိပ်ယာဘေးမှာ လူတစ်ယောက်ရောက်နေတယ်”
မေမေ့ကို လေသံတိုးတိုးလေးနဲ့ နှိုးလိုက်တာနဲ့ မေမေကလည်းနိုးလာပါတယ်။ သားအမိ နှစ်ယောက်တည်း ရှိနေတဲ့ အချိန်မို့ လန့်သွားပြီး ထိတ်ထိတ်ပြာပြာနဲ့ ခြင်ထောင်ကို မ ပြီး အပြင်ထွက်လိုက်ပါတယ်။
အပြင်ရောက်တော့ အဲဒီလူပုံသဏ္ဍန်က ပျောက်သွားပြီး သွေးညှီနံ့တွေသာ ဖုံးလွှမ်းပြီး နံစော်လို့ နေပါတယ်။
“သမီးရေ ဒါတစ်ခုခုပဲ..ဘာတွေများဖြစ်နေလဲ မသိဘူး။ အခုမှ ဆယ့်တစ်နာရီပဲရှိသေး တယ်။ ခြံထဲ ဆင်းပြီး စနည်းနာကြစို့”
ပိုပိုနဲ့မေမေ ခြံထဲဆင်းပြီး တံခါးနားကနေ ကြည့်နေတုန်း ပိုပိုတို့ ကျောင်းကဂိုက်ဆရာ က ဆိုင်ကယ်နဲ့ ဖြတ်သွားရင်းက ပိုပိုတို့ကိုမြင်သွားပါတယ်။ ဆိုင်ကယ်ကိုခြံရှေ့မှာ ရပ်လိုက်ရင်းကနေ ပိုပိုတို့ဆီကိုလျှောက်လာပါတယ်။
“အန်တီသတင်းကြားပြီးပြီလား..”
“မကြားသေးပါဘူးကွယ်…။ဘာများဖြစ်လို့ပါလိမ့်။ ဘယ်သူတွေဘာ များဖြစ်ကြ လို့ပါလိမ့်”
“ခန့်ညီတို့ ဖြစ်တာပါ..ဆိုင်ကယ်နဲ့ကျောက်တင်တဲ့ကားတိုက်မိတာပါ..ခန့်ညီကတော့ ဖြစ်ဖြစ်ချင်း ပွဲချင်းပြီးပဲဆုံးသွားပါတယ်။ တစ်ယောက်ကတော့ ခုဏကလေးတင် ဆေးရုံရောက်ပြီး မှ ဆုံးတာပါ။ တစ်ယောက်ကလည်းတော်တော်စိုးရိမ်ရပါတယ်”
“ အမလေး ဘုရားဘုရား..မေမေရေ ကယ်ပါဦး..ဘာတွေဖြစ်ကုန်တာလဲ..သမီးတို့ခုဏ တုန်းက ဖြစ်တာတွေက ခန့်ညီများလာတာလား”
ပိုပိုတစ်ယောက်ကြူကြူပါအောင်ငိုကြွေးပါတော့တယ်။
“သမီးရေ နောက်နေ့မှ သတင်းမေးသွားကြတာပေါ့။ စိတ်ထိန်းထားပါဦးသမီးရယ်။ ဖြစ် မှဖြစ်ရလေ..လိမ်မာပြီးစိတ်ထားကောင်းတဲ့ကလေးကိုမှကွယ်”
အရင်းစစ်လိုက်တော့ မီးတစ်ဖက် ပျက်နေတဲ့ ကျောက်တင်ကားကြီးကို ဆိုင်ကယ်မှတ် ပြီး ခန့်ညီတို့က အရှိန်နဲ့ ကျော်တက်လိုက်တဲ့အခါမှာ ကျောက်ကားကြီးနဲ့ ထိပ်တိုက် တိုးပြီး ကံဆိုးမိုးမှောင်ကျခဲ့တာပဲဖြစ်ပါတယ်။
ခန့်ညီရဲ့ နာရေးဟာ ကြက်ပျံမကျစည်ကားခဲ့ပါတယ်။ ပိုပိုတစ်ယောက်လည်း နာရေးအိမ်မှာ ကူလိုက် အိမ်ပြန်ရောက်တဲ့အခါ ငိုကြွေးလိုက်နဲ့ တကယ့်ကိုအရူးမီးဝိုင်း ဖြစ်နေပါတော့တယ်။
ဒါပေမယ့်လည်း မေမေရှိနေသေးတဲ့အတွက်မေမေရဲ့ လမ်းညွှန်မှုနဲ့ ဆယ်တန်းစာမေးပွဲ ကြီးကို အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်။ ခန့်ညီဟာ လုံးဝကျွတ်လွတ်သွားပုံမရပဲ ပိုပို့နားမှာ တဝဲလည်လည်နေပါတယ်။ လူလုံးမပြပေမယ့် သွေးညှီနံ့ တွေနဲ့ နေ့စဉ်ရက် ဆက်ဆိုသလိုပေးနေပါတယ်။ ညနေစောင်းအချိန်တွေနဲ့ ညအချိန်တွေတိုင်းမှာ တော်တော်လေးကို သွေးညှီနံ့တွေရတတ်ပါတယ်။
အဲဒီလိုရတိုင်းလည်း ပိုပိုတစ်ယောက်သူ့အတွက်ရည်စူးပြီးလုပ်တဲ့ ကုသိုလ်တွေကို အမျှပေးဝေလေ့ရှိတာပါပဲ။ ပြီးတော့ ပိုပိုက ခန့်ညီရဲ့ အုတ်ဂူလေးဆီကိုလည်း သူကွယ် လွန်တဲ့ ရက်ရောက်တိုင်း တစ်လတစ်ခါဆိုသလို သန့်ရှင်းရေးတွေလုပ်လိုက် ကောင်းမှု ကုသိုလ်တွေကို အမျှဝေလိုက်လုပ်ခဲ့ပါတယ်။
ခန့်ညီဟာ အနံ့ ပေးတာမျိုးကလွဲလို့ လူအကောင်လိုက်ပြပြီးခြောက်လှန့်ခြင်းမျိုးတော့ မရှိခဲ့ပါဘူး။ ခန့်ညီရဲ့ မိဘနှစ်ပါးကဆိုရင်လည်း သူတို့သားလေးစိတ်ကြောင့် ကျန်းမာ ရေးတွေ ထိခိုက်တာမျိုးအထိဖြစ်ခဲ့ရပါတယ်။ ကောင်းမှုကုသိုလ်တွေကိုလည်း အမြဲလုပ် ပေးပါတယ်။
ဒီလိုအခြေအနေမျိုးကြောင့်ပဲလားမသိ…ခန့်ညီဟာ တစ်နှစ်ကျော်လောက်ကြာတဲ့အချိန် မှာတော့ ဘယ်လိုခြောက်လှန့်မှုမျိုးမှ မရှိတော့ပါဘူး။ သေသောသူကြာရင်မေ့ဆိုတဲ့ အတိုင်းပဲ တကယ်တမ်းကြတော့ အကြောင်းအရာ တိုက်ဆိုင်မှုတွေရှိတော့မှ သတိရ တတ်ကြသလိုပဲ ခန့်ညီကိုလည်း တဖြေးဖြေးမေ့လျော့လာကြပါတော့တယ်။
အခန်း(၂)
ဒီလိုတွေဖြစ်ပြီးကတည်းက ပိုပို ဘယ်ကိုမှမသွားတော့ပဲ အိမ်ထဲမှာပဲ အိမ်တွင်းအောင်း နေခဲ့တာပါ။ ခန့်ညီသေဆုံးပြီး သုံးနှစ်နီးပါးရှိတဲ့အချိန်မှ ပိုပိုလည်း အနည်ထိုင်လာပါ တော့တယ်။
ပိုပိုပထမဆုံးအပြင်ထွက်ပြီး လူကြားသူကြားထဲသွားရမယ့် ပွဲက ကထိန်အလှူတစ်ခု ဖြစ်ပါတယ်။ ကထိန်အလှူလည်း တကယ်တော့မသွားချင်ပါဘူး။ မေမေက အတင်းခေါ် လို့ သွားရဖို့ ဖြစ်လာတာပါ။
“မေမေ ပို မလိုက်လို့ မရဘူးလား”
“လိုက်ခဲ့ပါသမီး..နှစ်တွေလည်းအတော်ကြာပြီလေ..။ အခုက ကုသိုလ်ရေးမို့ မေမေခေါ်တာပါ”
မေမေပြောတာလည်းဟုတ်ပါတယ်။ လူတွေရဲ့ ခန့်ညီကောင်မလေးသနားပါတယ်ဆိုတဲ့ အကြည့်တွေ၊ ဘယ်လိုဖြစ်တာလဲ ဆိုတဲ့ ရင်နာစရာ အတိတ်ကို အလိုက်မသိ ပြန်မေးမှု တွေကြောင့် ပိုပို တတ်နိုင်သမျှ လူတွေနဲ့ အဝေးဆုံးမှာ နေဖြစ်ခဲ့တာပါ။
ဆယ်တန်းအောင်ပြီး အဝေးသင်တက်တဲ့ ပိုပိုက တစ်ဖက်မှာလည်း ဒီဇိုင်နာသင်တန်းကို တက်ပြီး အိမ်မှာပဲ တစ်ချိန်လုံး တကုပ်ကုပ်နဲ့ အဝတ်အထည်တွေချုပ်ပြီးနေခဲ့တာလေ။ အခုတော့ မေမေကလည်း အတင်းခေါ်နေ၊ ကိုယ့်အပ်ထည်ဖောက်သည်တွေကလည်း အတင်းဖိတ်နေကြတာမို့ ကထိန်အလှူပွဲကို ပိုပိုလိုက်ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းလည်းရောက်ရော ပိုပို့စိတ်တွေ တုန်လှုပ်စေမယ့် လူတွေကို တွေ့လိုက်ရပါတော့တယ်။
“ဟင်…ဟိုမှာ ခန့်ညီကောင်မလေးပါလား..သမီးလေး ပိုပို မဟုတ်လား”
“ဟုတ်ပါတယ်အန်တီ..အန်တီနေကောင်းရဲ့လား”
“အန်တီအစပိုင်းတွေတုန်းက တော်တော်လေးကို ခံစားရခဲ့တာပေါ့ သမီးရယ်.. အခု တော့အနည်ထိုင်ပါပြီ။ ခန့်ညီကလည်း အန်တီ့ဆီကို ပြန်ရောက်လာခဲ့ပြီလေ”
“ရှင်”
“ဘယ်သူ့ကိုမှ တော့မပြောပြပါနဲ့ ဦးနော်သမီး။ သမီးသိရင် သမီးရဲ့ ဝမ်းထဲမှာပဲ ထား ပါနော်”
“ဘာကိုလဲ အန်တီ”
“ခန့်ညီ လူပြန်ဝင်စားခဲ့ပြီလေ”
“ရှင် တကယ်လား… ဝမ်းသာလိုက်တာ.. သမီးတွေ့ချင်လိုက်တာ”
“မြသက်ချယ် ကလေးကို ခေါ်လာခဲ့”
ခန့်ညီရဲ့ အမေက သူ့သမီးကြီးဖြစ်သူကို ပြောလိုက်ပါတယ်။ ဂါဝန်လေးပေးဝတ်ထား တဲ့ တစ်နှစ်ကျော်ကလေးမလေးဟာ သူ့အမေလက်ထဲကနေ ပိုပို့မျက်နှာကိုစိုက်ကြည့် ပြီး မျက်ရည်တွေလည်လာရင် ဝမ်းပန်းတနည်း ငိုချလိုက်ပါတယ်။
ပြီးတော့ ပိုပို့နောက်ကို လိုက်မယ်ဆိုပြီး ထိုးဆင်းချလိုက်ပါတယ်။ ကိုယ့်ရင်ခွင်ထဲကို ငိုပြီး ဝင်လာတဲ့ကလေးကို ပိုပိုက ချီထားလိုက်ပါတယ်။ ချီထားလိုက်ရင်းလည်း စိတ် ထဲက နွေးထွေးတဲ့ ခံစားချက်ကိုရပါတယ်။
ကလေး က တစ်နှစ်ကျော်အရွယ်လောက်ဖြစ်နေပြီး စကားစပြောတတ်ကာစအရွယ် ဖြစ်ပါတယ်။ ပိုပိုကလေးကို ချော့တယ်။ ခန့်ညီအမေက သူ့မြေးအဖြစ်ပြန်ဝင်စား တယ်လို့ ယုံနေတဲ့ ကလေးကို ပြောလိုက်ပါတယ်။
“ကိုကို သားသား သူ့နာမည်ဘယ်သူလဲ”
“ပိုပို..သူက ပိုပို”
ကလေးက ပိုပိုနဲ့ တကယ့်ကို တစ်ခါမှ မတွေ့ဘူးတာပါ။
ကလေးက ပိုပို့ကိုမှတ်မိနေတော့ ဘေးနားကကြည့်နေတဲ့ပိုပို့ မိခင်တောင် အံ့သြသွား ပါတော့တယ်။ ပိုပိုလည်းအံ့သြတယ်။ အော်လူဖြစ်ဖို့ နီးစပ်လိုက်လေခြင်းလို့ လည်း စိတ်ထဲ မှာ မှတ်ထင်လိုက်ပါတယ်။
ဒီကလေးလေးကို ကိုယ်ဝန်မဆောင်ခင်က ခန့်ညီက သူအစ်မဆီကို အမြန်ဆုံးပြန်လာ မှာ ဆိုတဲ့ အကြောင်းသူ့အမေကိုလည်း အရမ်းလွမ်းနေပြီဆိုတဲ့အကြောင်းတွေကို အိပ် မက်တွေလာလာပေးခဲ့ပေမယ့် သူဆုံးပြီး တစ်နှစ်ကြော်ကြာတဲ့အချိန်မှသာ တကယ် ဝင်စားဖြစ်တာလို့လည်း ပြောပြခဲ့ပါတယ်။ ဒါကြောင့်ကလေးဟာ ခန့်ညီဆုံးပြီး သုံးနှစ် ကြာမှာ အသက်တစ်နှစ်ကျော်လေးပဲ ရှိသေးတာဖြစ်ပါတယ်။
ကလေးလေး ကြီးလာလို့ စကားတွေ အများကြီးပြောတတ်မယ့် အချိန်ကိုလည်း သူ့မိ ဘတွေကစောင့်နေတယ်လို့ ပြောလာပါတယ်။ ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးဟာ ပိုပို့ ကို တအားကပ်ပြီး နေပါတယ်။ ကလေးလေးက မိန်းကလေးဖြစ်ပေမယ့် ယောက်ျား ဆန်ဆန်လေးနဲ့ ခန့်ညီငယ်ငယ်တုန်းကနဲ့ ချွတ်စွပ် တူပါတယ်။
ခန့်ညီမိဘတွေဟာ ခန့်ညီဆုံးပြီးနောက်မှာ သူတို့ ဒီနယ်မှာ ရှိတဲ့ အိုးပိုင်အိမ်ပိုင်ကို တံ ခါးတွေပိတ်ပြီး ခန့်ညီအစ်မရှိတဲ့ မနီးမဝေးမြို့ကလေးမှာ သွားပြီးနေကြပါတယ်။ တစ်ခါ တစ်လေမှ ပြန်လာတာလည်း ဖြစ်ပါတယ်။ အခုလို တစ်မြို့လုံးကျင်းပတဲ့ကထိန်ပွဲလို မျိုးဆိုရင်တော့ ပြန်လာလေ့ရှိပါတယ်။
အခုတော့ သူ့မိဘတွေက အဲဒီမြို့လေးနဲ့ သူတို့နေရပ်မြို့လေးကို သွားလိုက်လာလိုက် တွေ ခဏခဏ ပြုလုပ်နေပါတယ်။ မေမေက ပိုပို့ကို ခန့်ညီလည်းမရှိတော့တာမို့ ခန့် ညီတို့ အိမ်က အခေါ်လွှတ်တိုင်း မသွားစေချင်ပါဘူး။ ပိုပိုကလည်းနောက်ပိုင်းမှာ နာမည်ရဒီဇိုင်နာတစ်ယောက်ဖြစ်လာတာမို့ လက်ရှိဘဝမှာပဲ အခြေတကျနေထိုင်နေခဲ့ ပါတယ်။ဒီလိုနဲ့ နှစ်တွေကြာလာလိုက်တာ ခန့်ညီဝင်စားတဲ့ ကလေးမလေး(ကိုကို) တောင် ဆယ်နှစ်နီးပါးလောက်ရောက်လာပါတယ်။
တစ်နေ့တော့ ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးမလေး အမေက ပိုပိုတို့ အိမ်ကိုလာ လည်ပြီး ပြောပြပါတယ်။
“ခန့်ညီကလေ သေပြီးပြီးချင်းနောက်ပိုင်းမှာ ပိုပိုဆီပဲ စိတ်ရောက်နေလို့ ခဏခဏ သွား ခဲ့တယ်လို့ ပြောပြပါတယ်။ ပိုပို့ကိုလာကြည့်ပြီးရင် ဘုရားနားလေးကနေ လူတွေဖြတ် သွားဖြတ်လာတာကို တစ်နေကုန် ထိုင်ကြည့်နေရတယ်လို့လဲ ပြောပြခဲ့တယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေ ဆိုင်ကယ်နဲ့ ဘုရားလာဖူးတာမြင်ရင် သူ့ကိုမြင်သွားမှာ စိုးလို့ သူသရဲ ဖြစ်နေတာကို ရှက်လို့ ဆိုပြီး ဘုရားနောက်နားလေးမှာ ဝင်ပုန်းနေတာတဲ့”
“ဟုတ်လား..ကိုကိုလေးက ပြန်ပြောပြတာလား”
“ဟုတ်ပပိုပိုရယ်… အစွဲအလန်းများ သိပ်ကြောက်စရာကောင်းလွန်းတယ်..သိလား။ အိမ်ပြန်တော့မယ် ငါ့ရည်းစားအိမ်ရှေ့နားက ဖြတ်ပြန်ရမယ်။ ပိုပိုနိုးနေရင် မုန့် ဝင်ပေး ဦးမယ်ဆိုပြီး နောက်ဆုံးတွေးလာတဲ့ စိတ်ကြောင့် သူသေပြီးပြီးချင်းသမီးဆီတန်းရောက် ခဲ့တာပဲ”
နောက်ပိုင်းမှာတော့ ခန့်ညီဟာ သူ့အစ်မသူတို့မြို့ကလေးကိုလာတိုင်း သူ့အစ်မနောက် ကနေလိုက်ပြီး သူဝင်စားဖို့ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ ခန့်ညီအစ်မရေသောက် တဲ့ခွက်ထဲကနေ သူဝင်စားခဲ့တယ်လို့လည်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးကို ဒီဖက်ဘဝမှာ မိန်းကလေးနာမည်လှလှလေး ပေး ထားပေမယ့်လည်း တစ်အိမ်လုံးက ကိုကိုလို့ ခေါ်ကြပါတယ်။ ကလေးမလေးကလည်း ယောက်ျားလေးဆန်ဆန်ပဲ နေပါတယ်။ ခန့်ညီဘဝတုန်းက ကြိုက်တဲ့ အရာတွေ အား လုံးကို ကြိုက်ပါတယ်။ အခု ဘဝသူ့အမေရင်းကို အစ်မလို့ ခေါ်ပြီး သူ့ အဖွားနဲ့ အဖိုး ကို မေမေဖေဖေ ပဲ ခေါ်ပါတယ်။
နောက်ပိုင်းမှာတော့ ကိုကိုလေးရဲ့ အဖိုးအဖွားတွေကျန်းမာရေးကြောင့် ပိုပိုတို့ မြို့ လေးကို အချိန်တော်ကြာစွန့်ခွာ သွားပါတော့တယ်။ ခန့်ညီတို့ အိမ်ကြီးကတော့ လမ်းမတန်းမှာ သော့ခတ်ထားတုန်းတန်းလန်းနဲ့ အထီးကျန်နေပါတော့တယ်။
အခန်း(၃)
အခုဆိုရင် ပိုပို့အသက်က သုံးဆယ်နားကပ်နေပါပြီ။ ကိုယ့်ကိုနားလည်ပေးတဲ့ ချစ်သူ တစ် ယောက်လဲ ပိုပို့မှာ ရှိနေပါပြီ။ အိမ် ကလည်း သဘောတူတာမို့ ပိုပိုတစ်ယောက် သူ့ဘဝရှေ့ရေးသာယာဖြောင့်ဖြူးနေပြီလို့ အထင်ရောက်နေခဲ့ပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့ဖေ့ဘွတ် အကောင့် ကိုလာအပ် ခဲ့ပါတယ်။ ဒါကြောင့် ပိုပိုဟာဗြုန်းကနဲ မမှတ်မိပဲ လက်ခံ လိုက်မိပါတယ်။
လက်ခံပြီးမှ ဒီကလေးမလေးဟာ ကိုကို ဆိုတာကို သိလိုက်ရပါတယ်။
ဒါပေမယ့်လည်း ကိုယ့်ညီမလေး အရွယ်ကလေးတစ်ယောက်ပဲမို့ လက်ခံလိုက်ပါတယ်။
“ပိုပို..အစ်မကိုတွေ့တိုင်း ကျွန်တော့်စိတ်တွေ ဘာဖြစ်မှန်းမသိဘူး။ ကျွန်တော် အသက် မြန်မြန်ကြီးပါစေလို့ ဆုတောင်းနေပါတယ်။ အစ်မဆီကို အမြဲ လာကြည့်ချင်တယ်”
“အင်းညီမလေးက ဘယ်နှစ်တန်းရောက်နေပြီလဲ”
“ကိုကို့ကို ညီမလေးလို့ မခေါ်ပါနဲ့ ကျွန်တော်ကိုးတန်းတက်တော့မှာ”
“အင်း..စာကြိုးစားနော်”
“စာတွေ ကြိုးစားဆိုတာထက် ကျွန်တော် တစ်နှစ်တစ်တန်းအောင်ပြီး အသက်မြန်မြန် ကြီးချင်တာ.. အစ်မနားမှာ လာနေချင်တာ။ ကျွန်တော်တို့ မခွဲပဲ တူတူနေကြမယ်။ အစ်လည်းအိမ်ထောင်မပြုနဲ့ ကျွန်တော်လည်း အိမ်ထောင်မပြုဘူးလေ။ အဲဒီလို နေချင်တာ”
ပိုပို စာတွေဖတ်ရင်း စိတ်ညစ်လာပါတယ်။ ပစ်ပစ်ခါခါလည်းမပြောရက်ပါဘူး။ သူ့ ကံကြမ္မာကိုလဲ သူ သိပ်အံ့သြမိပါတယ်။ သေကွဲကွဲမယ်ဆိုရင်လည်း ကံကြမ္မာရယ် သူ့ကိုဘာလို့ပြန်ပို့နေဦးမှာလဲ။ နဂိုကတည်းက ဆုံစေချင်ရင် သေမင်းရယ် မခေါ်ပါနဲ့ လားလို့ သူထပ်ခါထပ်ခါအပြစ်တင်နေရပါတယ်။
ဒီဖက်က နားလည်မှု အပြည့်ရှိတဲ့ချစ်သူကလည်း ကလေးအရွယ်မို့ ဒီလိုတွေ ပို့နေ တာပါ။ နောက်ပိုင်းမှာတော့ ကိုကိုလေးက နားလည်လာမှာပါလို့ အားပေးနေပါတယ်။ ဒါပေမယ့် ပိုပိုစိတ်ထဲမှာ သိနေတာကတော့ ဒီပြဿနာဟာ အေးဦးမှာ မဟုတ်ဘူး ဆိုတာပါပဲ။
နောက်ပိုင်းမှာတော့ကိုကိုက ဖုန်းတွေဆက်၊ စာတွေပို့ ဆက်တိုက်ဆိုသလိုတွေ လုပ် နေပါတယ်။ နားလည်မှု ပေးပါတယ်ဆိုတဲ့ ပိုပို့ချစ်သူဆီက ငြိုငြင်တဲ့အသံတွေ ဆက် တိုက်ဆိုသလို ကြားလာရတဲ့ အခါမှာတော့ ပိုပို က ဒီဇာတ်လမ်းကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။
လက်ရှိချစ်သူနဲ့ အမြန်ဆုံးလက်ထပ်လိုက်ပါတော့တယ်။ ကိုကိုက ဒီသတင်းကိုကြား တဲ့ အခါ မူးမေ့သွားတယ်ဆိုတဲ့အတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ ပိုပိုရဲ့ မင်္ဂလာဦး အချိန်တွေကို ဖြတ်သန်းရပါတယ်။
ပိုပို ဟာ အကြိမ်ကြိမ်အခါခါစဉ်းစားပါတယ်…။ သူမှားလား သူမှန်လားကိုလည်း မဝေခွဲ တတ်ပါဘူး…တစ်ခါခါမှာ အခုလက်ရှိ အိမ်ထောင်ဖက်ကို အားနာမိသလို တစ်ခါခါမှာ ကိုကိုဆိုတဲ့ ကောင်မလေးကို လွမ်းဆွတ်ရင်း ဘဝခရီးလမ်းကို ဆက်လက်ဖြတ်သန်း နေပါတော့တယ်။
စာဖတ်သူတွေသာ ပိုပိုနေရာမှာ ဆိုရင်ရော ဘယ်လိုလုပ်မိကြမှာ ပါလိမ့်နော်..။
Zawgyi Version
ႏွစ္ဘဝခ်စ္သူ(စ/ဆုံး)
———————–
“အစ္မ ကြၽန္ေတာ္အစ္မကိုခ်စ္ေနတုန္းပဲ”
ျဗဳန္းကနဲ ဝင္လာတဲ့ မက္ဆင္ဂ်ာက စာတစ္ေစာင္ေၾကာင့္ဘယ္သူမ်ားလဲလို႔ ပိုပို ၾကည့္လိုက္ေတာ့ ဟို ကေလးမေလးဆီက ျဖစ္ေနပါတယ္။ ဒီကေလးမေလးကို ပိုပို ဘယ္လိုလုပ္ရမလဲ တကယ္ မသိေတာ့ပါဘူး။
ျပစ္ျပစ္ခါခါေျပာလိုက္ရဖို႔ဆိုတာလည္း မေျပာရက္။ ပိုပိုကိုယ္တိုင္လည္း သံေယာ ဇဥ္ကမျပတ္၊ ျဖစ္ႏိုင္သလားဆိုေတာ့လဲ ပတ္ဝန္းက်င္ကို အရင္ဆုံးစဥ္းစားလိုက္တာနဲ႔ ပိုပိုတို႔ဇာတ္ လမ္းက မစခင္က ဆုံးႏွင့္ေနၿပီေလ..။
ဒီလိုပါပဲ…ပိုပိုက အခ်စ္ေရးမွာကံမေကာင္းခဲ့သူပဲ ျဖစ္ခဲ့ပါတယ္။ ခ်စ္ဦးသူနဲ႔ ေသကြဲကြဲ ခဲ့ရတဲ့ပိုပိုပါ။
ခ်စ္ဦးသူကို မိန္းကေလးအျဖစ္ျပန္ေတြ႕ရလိမ့္မယ္လို႔ ဘယ္တုန္းကမွ ထင္မွတ္မထားခဲ့ ပါဘူး။ အခုေတာ့ ပိုပို႔အျဖစ္က ငိုပဲငိုေနရမွာလား။ ေပ်ာ္ပဲေပ်ာ္ေနရမွာလည္း ဘယ္လိုခံ စားမႈ ခံစားခ်က္ႀကီးမွန္းမသိနဲ႔ ဘာဆက္လုပ္ရမလဲ လမ္းေတြ ေပ်ာက္လြန္းလွပါေတာ့ တယ္။
အခန္း(၁)
တကယ္ေတာ့ ဒီဇာတ္လမ္းမွာ ပိုပိုက အစကတည္းကကို မပါသင့္တာလို႔ပဲ ကံကိုပုံခ် လိုက္ပါေတာ့တယ္။ ပိုပိုဆယ္တန္းေရာက္တဲ့ႏွစ္မွာ ကိုခန႔္နဲ႔ စေတြ႕တာပါ။ ရည္းစား မထားရေသးဘူး၊ စာကိုပဲ ဦးစားေပးရမယ္ဆိုတဲ့အ႐ြယ္မွာ စာကို ဦးစားမေပးႏိုင္ ေလာက္ေအာင္ကို ပိုပိုနဲ႔ ကိုခန႔္ကအခ်စ္ႀကီးခ်စ္ခဲ့ၾကသူေတြပါ။
ငယ္႐ြယ္ႏုနယ္တဲ့ ႏွလုံးသားမွာ ပထမဆုံးအခ်စ္ဆိုတဲ့ အရာႀကီးကို ျမည္းစမ္းဖူးၾက တာျဖစ္လို႔ ႏွစ္ေယာက္သားအေပ်ာက္မခံႏိုင္ေလာက္ေအာင္ ခ်စ္ခဲ့ၾကပါတယ္။
ႏွစ္ဦးစလုံးက အသိုင္းအဝိုင္းႀကီးေတြက ျဖစ္ေပမယ့္ ကိုခန႔္တို႔က ပိုၿပီးျပည့္စုံပါတယ္။ ဒီလိုနယ္ၿမိဳ႕ေလးမွာေတာ့ ဘယ္သူနဲ႔ ဘယ္သူနဲ႔ ခ်စ္ႀကိဳက္ေနတယ္ဆိုတဲ့သတင္းက ဘယ္လိုမွ ဖုံးကြယ္လို႔ရေလ့လည္းမရွိပါဘူး။
ဒါေပမယ့္ မိဘေတြကလည္း တအားတားျမစ္ထားတာမ်ိဳးမရွိေပမယ့္ ရည္႐ြယ္ခ်က္ေတြ၊ ရည္မွန္းခ်က္ေတြလမ္းမေပ်ာက္ေအာင္ေတာ့ ထိန္းေက်ာင္းေပးမႈေတြၾကားမွာ သူတို႔ ကလည္း စည္းေဘာင္ ေတြ ေစာင့္ထိန္းခဲ့ၾကပါတယ္။
သူတို႔ရဲ႕ အေႏွာင့္အယွက္မရွိ ေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို ၿပိဳက်ပ်က္စီးေစမယ့္ ေန႔ဆိုတာ ဘယ္ေတာ့မွမရွိဘူးရယ္လို႔လည္း ထင္မွတ္ခဲ့ၾကပါတယ္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ နဲ႔ပဲ ျဖတ္သန္းမယ္လို႔ ထင္ထားေပမယ့္ သူတို႔ဆီကို ကံၾကမၼာဆိုးႀကီးက အလည္ ေရာက္လို႔ လာခဲ့ပါေတာ့တယ္။
“ပိုပိုေရ..သမီး ၿခံေရွ႕မွာ ဟိုေကာင္ေလး ေယာင္လည္လည္ေရာက္ေနတယ္။ ဘာေျပာ စရာရွိလို႔လဲ မသိဘူးသမီး..ေမးၾကည့္ၿပီးရင္ ျမန္ျမန္တက္လာခဲ့..ေနာက္ကို ခဏခဏ မလာဖို႔ သမီးေျပာလိုက္ဦး”
ေမေမ့စကားသံဆုံးတာနဲ႔ ပိုပိုတစ္ေယာက္ၿခံေရွ႕ကိုေျပးဆင္းလာလိုက္ပါတယ္။
“အေမဆူေနၿပီ..ဘာလာလုပ္တာလဲ”
“ေအာ္..ငါညေနဘုရားပြဲသြားမလို႔ သူငယ္ခ်င္းေတြနဲ႔ အဲဒါလာေျပာတာ.ညေနငါ့ကို မ ေတြ႕ရင္ နင္စိတ္ေကာက္ေနမွာဆိုးလို႔”
“ေအး သြားတာကသြားေလ..စာလည္းက်က္ဦးေနာ္..စာေမးပြဲနီးေနၿပီ။ ၿပီးေတာ့သိပ္ ေသာက္စားတာမ်ိဳးေတြ မလုပ္နဲ႔ေနာ္..သြားသြား..ျပန္ေတာ့။ ေတာ္ၾကာေန အေမငါ့ကို ၾကာလို႔ ဆူေနလိမ့္မယ္”
ပိုပို သူ႔ကိုမွာၿပီးၿပီးခ်င္း အိမ္ထဲကိုျပန္ဝင္လိုက္ပါတယ္။ ဧည့္ခန္းထဲမွာ ထိုင္ေနတဲ့ ေမေမ့ကို ၾကည့္လိုက္ေတာ့ ေမေမက မ်က္ေစာင္းလွမ္းထိုးလိုက္ပါတယ္။ ပိုပိုလည္း ေက်ာင္းပိတ္ရက္မို႔ တစ္ေနကုန္စာၾကည့္၊ ဂိုက္ဆရာမလာေတာ့ စာၾကည့္ၿပီး ေနလိုက္ တာ မိုးပါခ်ဳပ္သြားပါေရာလား။
ခါတိုင္းဆို က်ဴရွင္ရွိေတာ့ တူတူသြားၾကတာမ်ိဳးေတြလည္းရွိတတ္ေပမယ့္ ဒီလိုေန႔မ်ိဳး ဆိုရင္ေတာ့ ပိုပိုေရာ သူေရာ အိမ္မွာပဲ စာလုပ္ၾကတာပါ။ လြန္ခဲ့တဲ့ ဆယ့္ငါးႏွစ္ေလာက္ ကဆိုေတာ့ အခုလိုမ်ိဳးဖုန္းေတြကလည္း မေပၚေသးဘူးေလ။ သူဘယ္သြားမယ္၊ ဘာ လုပ္မယ္ဆိုတာကို လူႀကဳံနဲ႔ ျဖစ္ေစ၊ ကိုယ္တိုင္ျဖစ္ေစ လာေျပာေနၾကတာမ်ိဳးဆိုေတာ့ ဒီညမွာ ေတာ့ သူဘုရားပြဲမွာ ရွိေနတာပဲ ဆိုၿပီး ပိုပို စိတ္ခ်လက္ခ်ရွိေနပါတယ္။
ညကိုးနာရီေလာက္မွာ ပိုပိုဘုရားရွိခိုးပါတယ္။ ထူးျခားတာက ဘုရားမကန္ေတာ့ခင္ ပိုပို ရဲ႕ စိတ္ေတြ တအားေလးလံလြန္းလာတာပါ။ ေမေမ့ကိုေတာင္ ေျပာျပလိုက္မိတဲ့အထိပါ ပဲ။
“ေမေမ ေခြးေတြက ဘာလို႔ တအားအူေနတာလဲ မသိဘူးေမေမရယ္။ ပိုပိုစိတ္ထဲမွာ ေလး ေလးႀကီးနဲ႔ ငိုခ်င္သလိုလိုႀကီးျဖစ္ေနတယ္”
“ေအး..ေမေမေရာ ေနရတာ မေကာင္းဘူး၊ ေလးလံထိုင္းမႈိင္းေနတာပဲ၊ သမီးဘုရား ကန္ေတာ့တာ ေမေမေစာင့္ေပးမယ္ေလ။ ၿပီးမွ တူတူ အိပ္ယာဝင္ၾကတာေပါ့”
ေမေမ့အေျပာေၾကာင့္ ပိုပို အားရွိသြားၿပီးုဘုရားကန္ေတာ့လိုက္ပါတယ္။ ေနာက္ေဖးဖက္ ကို ေျခလက္ေဆးဖို႔ သြားေတာ့ ပိုပို႔ႏွာေခါင္းထဲမွာ ေသြးညႇီနံ႔ေတာ္ေတာ္ေလးရလာ ပါတယ္။ ေသြးေတြ အမ်ားႀကီးထြက္ထားတဲ့ အနံ႔လိုမ်ိဳးက ေတာ္ေတာ္မသတီစရာ ေကာင္းလြန္းတာမို႔ ေမေမ့ကိုေျပာမိျပန္ပါေရာ။
“ေအး တို႔ သားအမိဒီေန႔ဘာမ်ားျဖစ္တယ္မသိဘူး။ ေမေမလည္းႏွာေခါင္းထဲမွာ ေသြးညႇီ နံ႔ႀကီးရလိုက္တာလို႔..လာလာ အိမ္ေပၚတက္သမီး”
ေမေမနဲ႔ ပိုပို အိမ္ေပၚတက္ၿပီး အိပ္ယာဝင္လိုက္ေပမယ့္ မ်က္လုံးက လုံးဝေၾကာင္ေန ပါတယ္။ ခဏၾကာေတာ့ အိမ္ေရွ႕မွာ ေခြးတစ္ေကာင္က စူးစူးဝါးဝါးကိုလာအူေနျပန္ပါ တယ္။ ၿပီးေတာ့ ပိုပို႔နားထဲမွာ ပိုပို႔နာမည္ေခၚသံကိုၾကားလိုက္ျပန္ပါတယ္။
ထူးျခားတာတစ္ခုက ပိုပိုတို႔ နယ္ေတြဟာ ညရွစ္နာရီခြဲေလာက္ဆိုတာနဲ႔ လူတိုင္းအိပ္ ယာထဲဝင္ေလ့ရွိၿပီး ေစာေစာစီးစီးအိပ္ၾကေလ့ရွိပါတယ္။ အခုဒီေန႔မွ လူေတြက မအိပ္ ေသးသလို ဆိုင္ကယ္ေတြကလည္း ခဏခဏ ျဖတ္သြားျဖတ္လာ လုပ္ေနသလိုျဖစ္ ေနပါတယ္။
ေမေမကေတာင္ ဘာမ်ားျဖစ္လို႔ တို႔ ၿမိဳ႕ေလး ဒီည ဂဏွာ မၿငိမ္ျဖစ္ေနပါလိမ့္လို႔ ေျပာ ပါ တယ္။ ေမေမနဲ႔ တူတူအိပ္ေနေပမယ့္ ပိုပို အိပ္မေပ်ာ္ပါဘူး။ အိပ္မေပ်ာ္လို႔ ေဘးတစ္ ျခမ္း ေစာင္းအိပ္လိုက္တာနဲ႔ ကုတင္ေဘးမွာ လူတစ္ေယာက္မတ္တပ္ရပ္ေနတာကို ေတြ႕ လိုက္ရပါေတာ့တယ္။
“ေမေမ ေမေမထဦး။ အိပ္ယာေဘးမွာ လူတစ္ေယာက္ေရာက္ေနတယ္”
ေမေမ့ကို ေလသံတိုးတိုးေလးနဲ႔ ႏႈိးလိုက္တာနဲ႔ ေမေမကလည္းႏိုးလာပါတယ္။ သားအမိ ႏွစ္ေယာက္တည္း ရွိေနတဲ့ အခ်ိန္မို႔ လန႔္သြားၿပီး ထိတ္ထိတ္ျပာျပာနဲ႔ ျခင္ေထာင္ကို မ ၿပီး အျပင္ထြက္လိုက္ပါတယ္။
အျပင္ေရာက္ေတာ့ အဲဒီလူပုံသ႑န္က ေပ်ာက္သြားၿပီး ေသြးညႇီနံ႔ေတြသာ ဖုံးလႊမ္းၿပီး နံေစာ္လို႔ ေနပါတယ္။
“သမီးေရ ဒါတစ္ခုခုပဲ..ဘာေတြမ်ားျဖစ္ေနလဲ မသိဘူး။ အခုမွ ဆယ့္တစ္နာရီပဲရွိေသး တယ္။ ၿခံထဲ ဆင္းၿပီး စနည္းနာၾကစို႔”
ပိုပိုနဲ႔ေမေမ ၿခံထဲဆင္းၿပီး တံခါးနားကေန ၾကည့္ေနတုန္း ပိုပိုတို႔ ေက်ာင္းကဂိုက္ဆရာ က ဆိုင္ကယ္နဲ႔ ျဖတ္သြားရင္းက ပိုပိုတို႔ကိုျမင္သြားပါတယ္။ ဆိုင္ကယ္ကိုၿခံေရွ႕မွာ ရပ္လိုက္ရင္းကေန ပိုပိုတို႔ဆီကိုေလွ်ာက္လာပါတယ္။
“အန္တီသတင္းၾကားၿပီးၿပီလား..”
“မၾကားေသးပါဘူးကြယ္…။ဘာမ်ားျဖစ္လို႔ပါလိမ့္။ ဘယ္သူေတြဘာ မ်ားျဖစ္ၾက လို႔ပါလိမ့္”
“ခန႔္ညီတို႔ ျဖစ္တာပါ..ဆိုင္ကယ္နဲ႔ေက်ာက္တင္တဲ့ကားတိုက္မိတာပါ..ခန႔္ညီကေတာ့ ျဖစ္ျဖစ္ခ်င္း ပြဲခ်င္းၿပီးပဲဆုံးသြားပါတယ္။ တစ္ေယာက္ကေတာ့ ခုဏကေလးတင္ ေဆး႐ုံေရာက္ၿပီး မွ ဆုံးတာပါ။ တစ္ေယာက္ကလည္းေတာ္ေတာ္စိုးရိမ္ရပါတယ္”
“ အမေလး ဘုရားဘုရား..ေမေမေရ ကယ္ပါဦး..ဘာေတြျဖစ္ကုန္တာလဲ..သမီးတို႔ခုဏ တုန္းက ျဖစ္တာေတြက ခန႔္ညီမ်ားလာတာလား”
ပိုပိုတစ္ေယာက္ၾကဴၾကဴပါေအာင္ငိုေႂကြးပါေတာ့တယ္။
“သမီးေရ ေနာက္ေန႔မွ သတင္းေမးသြားၾကတာေပါ့။ စိတ္ထိန္းထားပါဦးသမီးရယ္။ ျဖစ္ မွျဖစ္ရေလ..လိမ္မာၿပီးစိတ္ထားေကာင္းတဲ့ကေလးကိုမွကြယ္”
အရင္းစစ္လိုက္ေတာ့ မီးတစ္ဖက္ ပ်က္ေနတဲ့ ေက်ာက္တင္ကားႀကီးကို ဆိုင္ကယ္မွတ္ ၿပီး ခန႔္ညီတို႔က အရွိန္နဲ႔ ေက်ာ္တက္လိုက္တဲ့အခါမွာ ေက်ာက္ကားႀကီးနဲ႔ ထိပ္တိုက္ တိုးၿပီး ကံဆိုးမိုးေမွာင္က်ခဲ့တာပဲျဖစ္ပါတယ္။
ခန႔္ညီရဲ႕ နာေရးဟာ ၾကက္ပ်ံမက်စည္ကားခဲ့ပါတယ္။ ပိုပိုတစ္ေယာက္လည္း နာေရးအိမ္မွာ ကူလိုက္ အိမ္ျပန္ေရာက္တဲ့အခါ ငိုေႂကြးလိုက္နဲ႔ တကယ့္ကိုအ႐ူးမီးဝိုင္း ျဖစ္ေနပါေတာ့တယ္။
ဒါေပမယ့္လည္း ေမေမရွိေနေသးတဲ့အတြက္ေမေမရဲ႕ လမ္းၫႊန္မႈနဲ႔ ဆယ္တန္းစာေမးပြဲ ႀကီးကို ေအာင္ျမင္ေအာင္ေျဖဆိုႏိုင္ခဲ့ပါတယ္။ ခန႔္ညီဟာ လုံးဝကြၽတ္လြတ္သြားပုံမရပဲ ပိုပို႔နားမွာ တဝဲလည္လည္ေနပါတယ္။ လူလုံးမျပေပမယ့္ ေသြးညႇီနံ႔ ေတြနဲ႔ ေန႔စဥ္ရက္ ဆက္ဆိုသလိုေပးေနပါတယ္။ ညေနေစာင္းအခ်ိန္ေတြနဲ႔ ညအခ်ိန္ေတြတိုင္းမွာ ေတာ္ေတာ္ေလးကို ေသြးညႇီနံ႔ေတြရတတ္ပါတယ္။
အဲဒီလိုရတိုင္းလည္း ပိုပိုတစ္ေယာက္သူ႔အတြက္ရည္စူးၿပီးလုပ္တဲ့ ကုသိုလ္ေတြကို အမွ်ေပးေဝေလ့ရွိတာပါပဲ။ ၿပီးေတာ့ ပိုပိုက ခန႔္ညီရဲ႕ အုတ္ဂူေလးဆီကိုလည္း သူကြယ္ လြန္တဲ့ ရက္ေရာက္တိုင္း တစ္လတစ္ခါဆိုသလို သန႔္ရွင္းေရးေတြလုပ္လိုက္ ေကာင္းမႈ ကုသိုလ္ေတြကို အမွ်ေဝလိုက္လုပ္ခဲ့ပါတယ္။
ခန႔္ညီဟာ အနံ႔ ေပးတာမ်ိဳးကလြဲလို႔ လူအေကာင္လိုက္ျပၿပီးေျခာက္လွန႔္ျခင္းမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ခန႔္ညီရဲ႕ မိဘႏွစ္ပါးကဆိုရင္လည္း သူတို႔သားေလးစိတ္ေၾကာင့္ က်န္းမာ ေရးေတြ ထိခိုက္တာမ်ိဳးအထိျဖစ္ခဲ့ရပါတယ္။ ေကာင္းမႈကုသိုလ္ေတြကိုလည္း အၿမဲလုပ္ ေပးပါတယ္။
ဒီလိုအေျခအေနမ်ိဳးေၾကာင့္ပဲလားမသိ…ခန႔္ညီဟာ တစ္ႏွစ္ေက်ာ္ေလာက္ၾကာတဲ့အခ်ိန္ မွာေတာ့ ဘယ္လိုေျခာက္လွန႔္မႈမ်ိဳးမွ မရွိေတာ့ပါဘူး။ ေသေသာသူၾကာရင္ေမ့ဆိုတဲ့ အတိုင္းပဲ တကယ္တမ္းၾကေတာ့ အေၾကာင္းအရာ တိုက္ဆိုင္မႈေတြရွိေတာ့မွ သတိရ တတ္ၾကသလိုပဲ ခန႔္ညီကိုလည္း တေျဖးေျဖးေမ့ေလ်ာ့လာၾကပါေတာ့တယ္။
အခန္း(၂)
ဒီလိုေတြျဖစ္ၿပီးကတည္းက ပိုပို ဘယ္ကိုမွမသြားေတာ့ပဲ အိမ္ထဲမွာပဲ အိမ္တြင္းေအာင္း ေနခဲ့တာပါ။ ခန႔္ညီေသဆုံးၿပီး သုံးႏွစ္နီးပါးရွိတဲ့အခ်ိန္မွ ပိုပိုလည္း အနည္ထိုင္လာပါ ေတာ့တယ္။
ပိုပိုပထမဆုံးအျပင္ထြက္ၿပီး လူၾကားသူၾကားထဲသြားရမယ့္ ပြဲက ကထိန္အလႉတစ္ခု ျဖစ္ပါတယ္။ ကထိန္အလႉလည္း တကယ္ေတာ့မသြားခ်င္ပါဘူး။ ေမေမက အတင္းေခၚ လို႔ သြားရဖို႔ ျဖစ္လာတာပါ။
“ေမေမ ပို မလိုက္လို႔ မရဘူးလား”
“လိုက္ခဲ့ပါသမီး..ႏွစ္ေတြလည္းအေတာ္ၾကာၿပီေလ..။ အခုက ကုသိုလ္ေရးမို႔ ေမေမေခၚတာပါ”
ေမေမေျပာတာလည္းဟုတ္ပါတယ္။ လူေတြရဲ႕ ခန႔္ညီေကာင္မေလးသနားပါတယ္ဆိုတဲ့ အၾကည့္ေတြ၊ ဘယ္လိုျဖစ္တာလဲ ဆိုတဲ့ ရင္နာစရာ အတိတ္ကို အလိုက္မသိ ျပန္ေမးမႈ ေတြေၾကာင့္ ပိုပို တတ္ႏိုင္သမွ် လူေတြနဲ႔ အေဝးဆုံးမွာ ေနျဖစ္ခဲ့တာပါ။
ဆယ္တန္းေအာင္ၿပီး အေဝးသင္တက္တဲ့ ပိုပိုက တစ္ဖက္မွာလည္း ဒီဇိုင္နာသင္တန္းကို တက္ၿပီး အိမ္မွာပဲ တစ္ခ်ိန္လုံး တကုပ္ကုပ္နဲ႔ အဝတ္အထည္ေတြခ်ဳပ္ၿပီးေနခဲ့တာေလ။ အခုေတာ့ ေမေမကလည္း အတင္းေခၚေန၊ ကိုယ့္အပ္ထည္ေဖာက္သည္ေတြကလည္း အတင္းဖိတ္ေနၾကတာမို႔ ကထိန္အလႉပြဲကို ပိုပိုလိုက္ခဲ့ပါတယ္။
ဘုန္းႀကီးေက်ာင္းလည္းေရာက္ေရာ ပိုပို႔စိတ္ေတြ တုန္လႈပ္ေစမယ့္ လူေတြကို ေတြ႕လိုက္ရပါေတာ့တယ္။
“ဟင္…ဟိုမွာ ခန႔္ညီေကာင္မေလးပါလား..သမီးေလး ပိုပို မဟုတ္လား”
“ဟုတ္ပါတယ္အန္တီ..အန္တီေနေကာင္းရဲ႕လား”
“အန္တီအစပိုင္းေတြတုန္းက ေတာ္ေတာ္ေလးကို ခံစားရခဲ့တာေပါ့ သမီးရယ္.. အခု ေတာ့အနည္ထိုင္ပါၿပီ။ ခန႔္ညီကလည္း အန္တီ့ဆီကို ျပန္ေရာက္လာခဲ့ၿပီေလ”
“ရွင္”
“ဘယ္သူ႔ကိုမွ ေတာ့မေျပာျပပါနဲ႔ ဦးေနာ္သမီး။ သမီးသိရင္ သမီးရဲ႕ ဝမ္းထဲမွာပဲ ထား ပါေနာ္”
“ဘာကိုလဲ အန္တီ”
“ခန႔္ညီ လူျပန္ဝင္စားခဲ့ၿပီေလ”
“ရွင္ တကယ္လား… ဝမ္းသာလိုက္တာ.. သမီးေတြ႕ခ်င္လိုက္တာ”
“ျမသက္ခ်ယ္ ကေလးကို ေခၚလာခဲ့”
ခန႔္ညီရဲ႕ အေမက သူ႔သမီးႀကီးျဖစ္သူကို ေျပာလိုက္ပါတယ္။ ဂါဝန္ေလးေပးဝတ္ထား တဲ့ တစ္ႏွစ္ေက်ာ္ကေလးမေလးဟာ သူ႔အေမလက္ထဲကေန ပိုပို႔မ်က္ႏွာကိုစိုက္ၾကည့္ ၿပီး မ်က္ရည္ေတြလည္လာရင္ ဝမ္းပန္းတနည္း ငိုခ်လိုက္ပါတယ္။
ၿပီးေတာ့ ပိုပို႔ေနာက္ကို လိုက္မယ္ဆိုၿပီး ထိုးဆင္းခ်လိုက္ပါတယ္။ ကိုယ့္ရင္ခြင္ထဲကို ငိုၿပီး ဝင္လာတဲ့ကေလးကို ပိုပိုက ခ်ီထားလိုက္ပါတယ္။ ခ်ီထားလိုက္ရင္းလည္း စိတ္ ထဲက ေႏြးေထြးတဲ့ ခံစားခ်က္ကိုရပါတယ္။
ကေလး က တစ္ႏွစ္ေက်ာ္အ႐ြယ္ေလာက္ျဖစ္ေနၿပီး စကားစေျပာတတ္ကာစအ႐ြယ္ ျဖစ္ပါတယ္။ ပိုပိုကေလးကို ေခ်ာ့တယ္။ ခန႔္ညီအေမက သူ႔ေျမးအျဖစ္ျပန္ဝင္စား တယ္လို႔ ယုံေနတဲ့ ကေလးကို ေျပာလိုက္ပါတယ္။
“ကိုကို သားသား သူ႔နာမည္ဘယ္သူလဲ”
“ပိုပို..သူက ပိုပို”
ကေလးက ပိုပိုနဲ႔ တကယ့္ကို တစ္ခါမွ မေတြ႕ဘူးတာပါ။
ကေလးက ပိုပို႔ကိုမွတ္မိေနေတာ့ ေဘးနားကၾကည့္ေနတဲ့ပိုပို႔ မိခင္ေတာင္ အံ့ၾသသြား ပါေတာ့တယ္။ ပိုပိုလည္းအံ့ၾသတယ္။ ေအာ္လူျဖစ္ဖို႔ နီးစပ္လိုက္ေလျခင္းလို႔ လည္း စိတ္ထဲ မွာ မွတ္ထင္လိုက္ပါတယ္။
ဒီကေလးေလးကို ကိုယ္ဝန္မေဆာင္ခင္က ခန႔္ညီက သူအစ္မဆီကို အျမန္ဆုံးျပန္လာ မွာ ဆိုတဲ့ အေၾကာင္းသူ႔အေမကိုလည္း အရမ္းလြမ္းေနၿပီဆိုတဲ့အေၾကာင္းေတြကို အိပ္ မက္ေတြလာလာေပးခဲ့ေပမယ့္ သူဆုံးၿပီး တစ္ႏွစ္ေၾကာ္ၾကာတဲ့အခ်ိန္မွသာ တကယ္ ဝင္စားျဖစ္တာလို႔လည္း ေျပာျပခဲ့ပါတယ္။ ဒါေၾကာင့္ကေလးဟာ ခန႔္ညီဆုံးၿပီး သုံးႏွစ္ ၾကာမွာ အသက္တစ္ႏွစ္ေက်ာ္ေလးပဲ ရွိေသးတာျဖစ္ပါတယ္။
ကေလးေလး ႀကီးလာလို႔ စကားေတြ အမ်ားႀကီးေျပာတတ္မယ့္ အခ်ိန္ကိုလည္း သူ႔မိ ဘေတြကေစာင့္ေနတယ္လို႔ ေျပာလာပါတယ္။ ခန႔္ညီဝင္စားတယ္ဆိုတဲ့ကေလးဟာ ပိုပို႔ ကို တအားကပ္ၿပီး ေနပါတယ္။ ကေလးေလးက မိန္းကေလးျဖစ္ေပမယ့္ ေယာက္်ား ဆန္ဆန္ေလးနဲ႔ ခန႔္ညီငယ္ငယ္တုန္းကနဲ႔ ခြၽတ္စြပ္ တူပါတယ္။
ခန႔္ညီမိဘေတြဟာ ခန႔္ညီဆုံးၿပီးေနာက္မွာ သူတို႔ ဒီနယ္မွာ ရွိတဲ့ အိုးပိုင္အိမ္ပိုင္ကို တံ ခါးေတြပိတ္ၿပီး ခန႔္ညီအစ္မရွိတဲ့ မနီးမေဝးၿမိဳ႕ကေလးမွာ သြားၿပီးေနၾကပါတယ္။ တစ္ခါ တစ္ေလမွ ျပန္လာတာလည္း ျဖစ္ပါတယ္။ အခုလို တစ္ၿမိဳ႕လုံးက်င္းပတဲ့ကထိန္ပြဲလို မ်ိဳးဆိုရင္ေတာ့ ျပန္လာေလ့ရွိပါတယ္။
အခုေတာ့ သူ႔မိဘေတြက အဲဒီၿမိဳ႕ေလးနဲ႔ သူတို႔ေနရပ္ၿမိဳ႕ေလးကို သြားလိုက္လာလိုက္ ေတြ ခဏခဏ ျပဳလုပ္ေနပါတယ္။ ေမေမက ပိုပို႔ကို ခန႔္ညီလည္းမရွိေတာ့တာမို႔ ခန႔္ ညီတို႔ အိမ္က အေခၚလႊတ္တိုင္း မသြားေစခ်င္ပါဘူး။ ပိုပိုကလည္းေနာက္ပိုင္းမွာ နာမည္ရဒီဇိုင္နာတစ္ေယာက္ျဖစ္လာတာမို႔ လက္ရွိဘဝမွာပဲ အေျခတက်ေနထိုင္ေနခဲ့ ပါတယ္။ဒီလိုနဲ႔ ႏွစ္ေတြၾကာလာလိုက္တာ ခန႔္ညီဝင္စားတဲ့ ကေလးမေလး(ကိုကို) ေတာင္ ဆယ္ႏွစ္နီးပါးေလာက္ေရာက္လာပါတယ္။
တစ္ေန႔ေတာ့ ခန႔္ညီဝင္စားတယ္ဆိုတဲ့ကေလးမေလး အေမက ပိုပိုတို႔ အိမ္ကိုလာ လည္ၿပီး ေျပာျပပါတယ္။
“ခန႔္ညီကေလ ေသၿပီးၿပီးခ်င္းေနာက္ပိုင္းမွာ ပိုပိုဆီပဲ စိတ္ေရာက္ေနလို႔ ခဏခဏ သြား ခဲ့တယ္လို႔ ေျပာျပပါတယ္။ ပိုပို႔ကိုလာၾကည့္ၿပီးရင္ ဘုရားနားေလးကေန လူေတြျဖတ္ သြားျဖတ္လာတာကို တစ္ေနကုန္ ထိုင္ၾကည့္ေနရတယ္လို႔လဲ ေျပာျပခဲ့တယ္။ ၿပီးေတာ့ သူ႔သူငယ္ခ်င္းေတြ ဆိုင္ကယ္နဲ႔ ဘုရားလာဖူးတာျမင္ရင္ သူ႔ကိုျမင္သြားမွာ စိုးလို႔ သူသရဲ ျဖစ္ေနတာကို ရွက္လို႔ ဆိုၿပီး ဘုရားေနာက္နားေလးမွာ ဝင္ပုန္းေနတာတဲ့”
“ဟုတ္လား..ကိုကိုေလးက ျပန္ေျပာျပတာလား”
“ဟုတ္ပပိုပိုရယ္… အစြဲအလန္းမ်ား သိပ္ေၾကာက္စရာေကာင္းလြန္းတယ္..သိလား။ အိမ္ျပန္ေတာ့မယ္ ငါ့ရည္းစားအိမ္ေရွ႕နားက ျဖတ္ျပန္ရမယ္။ ပိုပိုႏိုးေနရင္ မုန႔္ ဝင္ေပး ဦးမယ္ဆိုၿပီး ေနာက္ဆုံးေတြးလာတဲ့ စိတ္ေၾကာင့္ သူေသၿပီးၿပီးခ်င္းသမီးဆီတန္းေရာက္ ခဲ့တာပဲ”
ေနာက္ပိုင္းမွာေတာ့ ခန႔္ညီဟာ သူ႔အစ္မသူတို႔ၿမိဳ႕ကေလးကိုလာတိုင္း သူ႔အစ္မေနာက္ ကေနလိုက္ၿပီး သူဝင္စားဖို႔ႀကိဳးစားခဲ့ရတယ္လို႔ သိရပါတယ္။ ခန႔္ညီအစ္မေရေသာက္ တဲ့ခြက္ထဲကေန သူဝင္စားခဲ့တယ္လို႔လည္းေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။
ခန႔္ညီဝင္စားတယ္ဆိုတဲ့ကေလးကို ဒီဖက္ဘဝမွာ မိန္းကေလးနာမည္လွလွေလး ေပး ထားေပမယ့္လည္း တစ္အိမ္လုံးက ကိုကိုလို႔ ေခၚၾကပါတယ္။ ကေလးမေလးကလည္း ေယာက္်ားေလးဆန္ဆန္ပဲ ေနပါတယ္။ ခန႔္ညီဘဝတုန္းက ႀကိဳက္တဲ့ အရာေတြ အား လုံးကို ႀကိဳက္ပါတယ္။ အခု ဘဝသူ႔အေမရင္းကို အစ္မလို႔ ေခၚၿပီး သူ႔ အဖြားနဲ႔ အဖိုး ကို ေမေမေဖေဖ ပဲ ေခၚပါတယ္။
ေနာက္ပိုင္းမွာေတာ့ ကိုကိုေလးရဲ႕ အဖိုးအဖြားေတြက်န္းမာေရးေၾကာင့္ ပိုပိုတို႔ ၿမိဳ႕ ေလးကို အခ်ိန္ေတာ္ၾကာစြန႔္ခြာ သြားပါေတာ့တယ္။ ခန႔္ညီတို႔ အိမ္ႀကီးကေတာ့ လမ္းမတန္းမွာ ေသာ့ခတ္ထားတုန္းတန္းလန္းနဲ႔ အထီးက်န္ေနပါေတာ့တယ္။
အခန္း(၃)
အခုဆိုရင္ ပိုပို႔အသက္က သုံးဆယ္နားကပ္ေနပါၿပီ။ ကိုယ့္ကိုနားလည္ေပးတဲ့ ခ်စ္သူ တစ္ ေယာက္လဲ ပိုပို႔မွာ ရွိေနပါၿပီ။ အိမ္ ကလည္း သေဘာတူတာမို႔ ပိုပိုတစ္ေယာက္ သူ႔ဘဝေရွ႕ေရးသာယာေျဖာင့္ျဖဴးေနၿပီလို႔ အထင္ေရာက္ေနခဲ့ပါတယ္။
ဒါေပမယ့္ တစ္ေန႔မွာေတာ့ ကေလးမေလးတစ္ေယာက္က သူ႔ေဖ့ဘြတ္ အေကာင့္ ကိုလာအပ္ ခဲ့ပါတယ္။ ဒါေၾကာင့္ ပိုပိုဟာျဗဳန္းကနဲ မမွတ္မိပဲ လက္ခံ လိုက္မိပါတယ္။
လက္ခံၿပီးမွ ဒီကေလးမေလးဟာ ကိုကို ဆိုတာကို သိလိုက္ရပါတယ္။
ဒါေပမယ့္လည္း ကိုယ့္ညီမေလး အ႐ြယ္ကေလးတစ္ေယာက္ပဲမို႔ လက္ခံလိုက္ပါတယ္။
“ပိုပို..အစ္မကိုေတြ႕တိုင္း ကြၽန္ေတာ့္စိတ္ေတြ ဘာျဖစ္မွန္းမသိဘူး။ ကြၽန္ေတာ္ အသက္ ျမန္ျမန္ႀကီးပါေစလို႔ ဆုေတာင္းေနပါတယ္။ အစ္မဆီကို အၿမဲ လာၾကည့္ခ်င္တယ္”
“အင္းညီမေလးက ဘယ္ႏွစ္တန္းေရာက္ေနၿပီလဲ”
“ကိုကို႔ကို ညီမေလးလို႔ မေခၚပါနဲ႔ ကြၽန္ေတာ္ကိုးတန္းတက္ေတာ့မွာ”
“အင္း..စာႀကိဳးစားေနာ္”
“စာေတြ ႀကိဳးစားဆိုတာထက္ ကြၽန္ေတာ္ တစ္ႏွစ္တစ္တန္းေအာင္ၿပီး အသက္ျမန္ျမန္ ႀကီးခ်င္တာ.. အစ္မနားမွာ လာေနခ်င္တာ။ ကြၽန္ေတာ္တို႔ မခြဲပဲ တူတူေနၾကမယ္။ အစ္လည္းအိမ္ေထာင္မျပဳနဲ႔ ကြၽန္ေတာ္လည္း အိမ္ေထာင္မျပဳဘူးေလ။ အဲဒီလို ေနခ်င္တာ”
ပိုပို စာေတြဖတ္ရင္း စိတ္ညစ္လာပါတယ္။ ပစ္ပစ္ခါခါလည္းမေျပာရက္ပါဘူး။ သူ႔ ကံၾကမၼာကိုလဲ သူ သိပ္အံ့ၾသမိပါတယ္။ ေသကြဲကြဲမယ္ဆိုရင္လည္း ကံၾကမၼာရယ္ သူ႔ကိုဘာလို႔ျပန္ပို႔ေနဦးမွာလဲ။ နဂိုကတည္းက ဆုံေစခ်င္ရင္ ေသမင္းရယ္ မေခၚပါနဲ႔ လားလို႔ သူထပ္ခါထပ္ခါအျပစ္တင္ေနရပါတယ္။
ဒီဖက္က နားလည္မႈ အျပည့္ရွိတဲ့ခ်စ္သူကလည္း ကေလးအ႐ြယ္မို႔ ဒီလိုေတြ ပို႔ေန တာပါ။ ေနာက္ပိုင္းမွာေတာ့ ကိုကိုေလးက နားလည္လာမွာပါလို႔ အားေပးေနပါတယ္။ ဒါေပမယ့္ ပိုပိုစိတ္ထဲမွာ သိေနတာကေတာ့ ဒီျပႆနာဟာ ေအးဦးမွာ မဟုတ္ဘူး ဆိုတာပါပဲ။
ေနာက္ပိုင္းမွာေတာ့ကိုကိုက ဖုန္းေတြဆက္၊ စာေတြပို႔ ဆက္တိုက္ဆိုသလိုေတြ လုပ္ ေနပါတယ္။ နားလည္မႈ ေပးပါတယ္ဆိုတဲ့ ပိုပို႔ခ်စ္သူဆီက ၿငိဳျငင္တဲ့အသံေတြ ဆက္ တိုက္ဆိုသလို ၾကားလာရတဲ့ အခါမွာေတာ့ ပိုပို က ဒီဇာတ္လမ္းကို အဆုံးသတ္ဖို႔ ႀကိဳးစားပါေတာ့တယ္။
လက္ရွိခ်စ္သူနဲ႔ အျမန္ဆုံးလက္ထပ္လိုက္ပါေတာ့တယ္။ ကိုကိုက ဒီသတင္းကိုၾကား တဲ့ အခါ မူးေမ့သြားတယ္ဆိုတဲ့အတြက္ စိတ္မေကာင္းျခင္းႀကီးစြာနဲ႔ ပိုပိုရဲ႕ မဂၤလာဦး အခ်ိန္ေတြကို ျဖတ္သန္းရပါတယ္။
ပိုပို ဟာ အႀကိမ္ႀကိမ္အခါခါစဥ္းစားပါတယ္…။ သူမွားလား သူမွန္လားကိုလည္း မေဝခြဲ တတ္ပါဘူး…တစ္ခါခါမွာ အခုလက္ရွိ အိမ္ေထာင္ဖက္ကို အားနာမိသလို တစ္ခါခါမွာ ကိုကိုဆိုတဲ့ ေကာင္မေလးကို လြမ္းဆြတ္ရင္း ဘဝခရီးလမ္းကို ဆက္လက္ျဖတ္သန္း ေနပါေတာ့တယ္။
စာဖတ္သူေတြသာ ပိုပိုေနရာမွာ ဆိုရင္ေရာ ဘယ္လိုလုပ္မိၾကမွာ ပါလိမ့္ေနာ္..။