Unicode Version
နှုတ်မစောင့်က ပျက်စီးရ(စ/ဆုံး)
—————————————
တစ်ခါတုန်းက မြို့တစ်မြို့မှာ သူတစ် ပါး မကောင်းကြောင်း အတင်းအဖျင်းတွေ လိုက်ဖွတတ်တဲ့ ဒေါ်ဘုမဆိုတဲ့အမျိုးသမီးတစ်ယောက် ရှိသတဲ့ကွယ်။ သူဟာ သူတစ်ပါးရဲ့ အားနည်းချက်၊ မကောင်းကွက်တွေ ကို ရှာဖွေစပ်စုပြီး ပုံကြီးချဲ့ ပြောဆိုတတ်သလို အလွန် ခင်မင်ကြတဲ့ မိတ်ဆွေတွေကြား ကုန်းချောကုန်းတိုက် တတ်သူဖြစ်လို့ ခဏခဏ ရုံးရောက်ဂါတ်ရောက်တဲ့ထိ ဖြစ်ရသတဲ့ကွယ်။
ဘယ်လောက်ပဲ အမှုပြဿနာတွေကြုံရ ကြုံရ ဒေါ်ဘုမဟာ အတင်းအဖျင်းပြော ကဲ့ရဲ့တတ်တဲ့ ဝါသနာကို မစွန့်လွှတ်နိုင်ဘူးတဲ့ကွယ်။ သူ့အကြောင်းကို သိကြတဲ့ သူ့ပတ်ဝန်းကျင် က လူတွေဟာ သူ့ကို အပေါင်း အသင်းတောင် မလုပ်ကြပေမဲ့လည်းသူဟာနောင်တမရဘဲအရင်လိုပဲ ပြဿနာတွေရှာနေတာပေါ့ကွယ်။ အဲဒီမြို့ ရဲ့ တရားသူကြီးဟာ ဒေါ်ဘုမကြောင့် ဖြေရှင်းရတဲ့အမှု ပြဿနာတွေများလွန်းလို့ စိတ်ညစ်နေရသတဲ့ကွယ်။
နောက်ဆုံးတော့ တရားသူကြီးဟာ ဆုံးမလို့ လည်းမရ၊ ဥပဒေနဲ့ သတိပေးလို့လည်းမရတဲ့ ဒေါ်ဘုမ ကို မြို့ စားမင်းထံ တိုင်ကြားလိုက်တော့တယ်။
မြို့စားမင်းလည်း ဒေါ်ဘုမကို-
“အတင်းမပြောရ၊ ကုန်းချောစကားမပြော ရ။ ပြောလျှင် နယ်နှင်ဒဏ်ပေးမည်”လို့ အမိန့်ချလိုက်ရ တော့သတဲ့ကွယ်။ ဒီတော့ အတင်းအဖျင်းမပြောဘဲ မနေနိုင်တဲ့ ဒေါ်ဘုမဟာ နေမထိ ထိုင်မသာနဲ့ စိတ် မချမ်းမသာဖြစ်နေတာပေါ့။ ဒါနဲ့ သူဟာ သူ့ အကျင့်ကို မဖျောက်နိုင်တဲ့အတွက် ဈေးကနေ ကြက်တူရွေး တစ်ကောင်ဝယ်ပြီး သူပြောချင်တဲ့ အတင်းအဖျင်းစကား တွေကို ကြက်တူရွေးဆီ ပြောပြသတဲ့။
သူပြောတဲ့အကြောင်း တွေထဲမှာ နယ်နှင်ဒဏ်ပေးမည်လို့ အမိန့်ထုတ်ထားတဲ့ မြို့စားမင်းအပေါ် မကျေနပ်ချက်တွေလည်း ပါနေတာပေါ့ ကွယ်။ သူ့ဝါသနာအတိုင်း သူပြောချင်တဲ့ စကားတွေကို ကြက်တူရွေးဆီပြောရင်း အချိန်တွေကြာလာတာကိုဒေါ်ဘုမ က သတိမထားမိဘူးတဲ့ကွယ်။ ဒီလိုနဲ့ တစ်နေ့မှာ မြို့စားမင်း ဟာ မြို့ထဲလှည့်လည်ရင်း အတင်းအဖျင်းပြောရတာဝါသနာ ပါတဲ့ ဒေါ်ဘုမနေထိုင်ရာရပ်ကွက်ထဲ ရောက်လာခဲ့တယ်။
အဲဒီအခါဒေါ်ဘုမရဲ့ ကြက်တူရွေးဟာ လှောင်အိမ်ထဲကနေ-
“အသုံးမကျတဲ့ မြို့စားမင်း။ အသုံးမကျတဲ့မြို့စား မင်း…” လို့ ထအော်လေသတဲ့ကွယ်။ မြို့စားမင်းလည်း ကြက်တူရွေးရဲ့စကားကို ကြားတဲ့အခါ အလွန်တရာအမျက် ထွက်ပြီး အမှုထမ်းများကို စုံစမ်းခိုင်းတာပေါ့။ မြို့စားမင်းဟာ အကြောင်းစုံသိသွားပြီး ဝါသနာကို မစွန့်လွှတ်နိုင်တဲ့ ဒေါ်ဘုမ ကို မြို့ကနေ အပြီးတိုင် နှင်ထုတ်လိုက်တော့သတဲ့ကွယ်။
အဲဒီအချိန်ကစပြီး မြို့စားမင်းရဲ့မြို့မှာ အတင်းအဖျင်းပြောတဲ့ သူ တစ်ယောက်မှ မရှိတော့ဘူးတဲ့ကွယ်။ မြို့ကလူတွေဟာ တစ်ယောက်ရဲ့ အားနည်းချက်၊ လျှို့ဝှက်ချက်၊ မကောင်းကွက် တွေကို အပြစ်မဆိုဘဲ အချင်းချင်း ကူညီရိုင်းပင်းစိတ်နဲ့နေထိုင် ကြတဲ့အတွက် မြို့သူမြို့သားအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်သွားကြသတဲ့ကွယ်။
Zawgyi Version
ႏႈတ္မေစာင့္က ပ်က္စီးရ(စ/ဆုံး)
—————————————
တစ္ခါတုန္းက ၿမိဳ႕တစ္ၿမိဳ႕မွာ သူတစ္ ပါး မေကာင္းေၾကာင္း အတင္းအဖ်င္းေတြ လိုက္ဖြတတ္တဲ့ ေဒၚဘုမဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္ ရွိသတဲ့ကြယ္။ သူဟာ သူတစ္ပါးရဲ႕ အားနည္းခ်က္၊ မေကာင္းကြက္ေတြ ကို ရွာေဖြစပ္စုၿပီး ပုံႀကီးခ်ဲ႕ ေျပာဆိုတတ္သလို အလြန္ ခင္မင္ၾကတဲ့ မိတ္ေဆြေတြၾကား ကုန္းေခ်ာကုန္းတိုက္ တတ္သူျဖစ္လို႔ ခဏခဏ ႐ုံးေရာက္ဂါတ္ေရာက္တဲ့ထိ ျဖစ္ရသတဲ့ကြယ္။
ဘယ္ေလာက္ပဲ အမႈျပႆနာေတြႀကဳံရ ႀကဳံရ ေဒၚဘုမဟာ အတင္းအဖ်င္းေျပာ ကဲ့ရဲ႕တတ္တဲ့ ဝါသနာကို မစြန႔္လႊတ္ႏိုင္ဘူးတဲ့ကြယ္။ သူ႔အေၾကာင္းကို သိၾကတဲ့ သူ႔ပတ္ဝန္းက်င္ က လူေတြဟာ သူ႔ကို အေပါင္း အသင္းေတာင္ မလုပ္ၾကေပမဲ့လည္းသူဟာေနာင္တမရဘဲအရင္လိုပဲ ျပႆနာေတြရွာေနတာေပါ့ကြယ္။ အဲဒီၿမိဳ႕ ရဲ႕ တရားသူႀကီးဟာ ေဒၚဘုမေၾကာင့္ ေျဖရွင္းရတဲ့အမႈ ျပႆနာေတြမ်ားလြန္းလို႔ စိတ္ညစ္ေနရသတဲ့ကြယ္။
ေနာက္ဆုံးေတာ့ တရားသူႀကီးဟာ ဆုံးမလို႔ လည္းမရ၊ ဥပေဒနဲ႔ သတိေပးလို႔လည္းမရတဲ့ ေဒၚဘုမ ကို ၿမိဳ႕ စားမင္းထံ တိုင္ၾကားလိုက္ေတာ့တယ္။
ၿမိဳ႕စားမင္းလည္း ေဒၚဘုမကို-
“အတင္းမေျပာရ၊ ကုန္းေခ်ာစကားမေျပာ ရ။ ေျပာလွ်င္ နယ္ႏွင္ဒဏ္ေပးမည္”လို႔ အမိန႔္ခ်လိုက္ရ ေတာ့သတဲ့ကြယ္။ ဒီေတာ့ အတင္းအဖ်င္းမေျပာဘဲ မေနႏိုင္တဲ့ ေဒၚဘုမဟာ ေနမထိ ထိုင္မသာနဲ႔ စိတ္ မခ်မ္းမသာျဖစ္ေနတာေပါ့။ ဒါနဲ႔ သူဟာ သူ႔ အက်င့္ကို မေဖ်ာက္ႏိုင္တဲ့အတြက္ ေဈးကေန ၾကက္တူေ႐ြး တစ္ေကာင္ဝယ္ၿပီး သူေျပာခ်င္တဲ့ အတင္းအဖ်င္းစကား ေတြကို ၾကက္တူေ႐ြးဆီ ေျပာျပသတဲ့။
သူေျပာတဲ့အေၾကာင္း ေတြထဲမွာ နယ္ႏွင္ဒဏ္ေပးမည္လို႔ အမိန႔္ထုတ္ထားတဲ့ ၿမိဳ႕စားမင္းအေပၚ မေက်နပ္ခ်က္ေတြလည္း ပါေနတာေပါ့ ကြယ္။ သူ႔ဝါသနာအတိုင္း သူေျပာခ်င္တဲ့ စကားေတြကို ၾကက္တူေ႐ြးဆီေျပာရင္း အခ်ိန္ေတြၾကာလာတာကိုေဒၚဘုမ က သတိမထားမိဘူးတဲ့ကြယ္။ ဒီလိုနဲ႔ တစ္ေန႔မွာ ၿမိဳ႕စားမင္း ဟာ ၿမိဳ႕ထဲလွည့္လည္ရင္း အတင္းအဖ်င္းေျပာရတာဝါသနာ ပါတဲ့ ေဒၚဘုမေနထိုင္ရာရပ္ကြက္ထဲ ေရာက္လာခဲ့တယ္။
အဲဒီအခါေဒၚဘုမရဲ႕ ၾကက္တူေ႐ြးဟာ ေလွာင္အိမ္ထဲကေန-
“အသုံးမက်တဲ့ ၿမိဳ႕စားမင္း။ အသုံးမက်တဲ့ၿမိဳ႕စား မင္း…” လို႔ ထေအာ္ေလသတဲ့ကြယ္။ ၿမိဳ႕စားမင္းလည္း ၾကက္တူေ႐ြးရဲ႕စကားကို ၾကားတဲ့အခါ အလြန္တရာအမ်က္ ထြက္ၿပီး အမႈထမ္းမ်ားကို စုံစမ္းခိုင္းတာေပါ့။ ၿမိဳ႕စားမင္းဟာ အေၾကာင္းစုံသိသြားၿပီး ဝါသနာကို မစြန႔္လႊတ္ႏိုင္တဲ့ ေဒၚဘုမ ကို ၿမိဳ႕ကေန အၿပီးတိုင္ ႏွင္ထုတ္လိုက္ေတာ့သတဲ့ကြယ္။
အဲဒီအခ်ိန္ကစၿပီး ၿမိဳ႕စားမင္းရဲ႕ၿမိဳ႕မွာ အတင္းအဖ်င္းေျပာတဲ့ သူ တစ္ေယာက္မွ မရွိေတာ့ဘူးတဲ့ကြယ္။ ၿမိဳ႕ကလူေတြဟာ တစ္ေယာက္ရဲ႕ အားနည္းခ်က္၊ လွ်ိဳ႕ဝွက္ခ်က္၊ မေကာင္းကြက္ ေတြကို အျပစ္မဆိုဘဲ အခ်င္းခ်င္း ကူညီ႐ိုင္းပင္းစိတ္နဲ႔ေနထိုင္ ၾကတဲ့အတြက္ ၿမိဳ႕သူၿမိဳ႕သားအားလုံး စိတ္ေအးခ်မ္းသာစြာ ေနထိုင္သြားၾကသတဲ့ကြယ္။