“ပညာသည်”(စ/ဆုံး)
—————————-
“ကဝေဆိုတဲ့အကြောင်းကို သိချင်ရင် ဦးစွာ “စုန်း”ဆိုတာ ဘာလဲ သိဖို့ စုန်းရဲ့အဓိပ္ပာယ်ကပညာစက်ဖြင့်တောက်ပမြူးထူးတတ်
လိုတယ် – သားတို့။ သောသူလို့ အဓိပ္ပာယ်ရတယ်။
နတ်တွေကို အမှီပြုပြီး လူကို ဖမ်းစားနှိပ်စက်ပြုတတ်တယ်။ ဘယ်လို နတ်မျိုးကို အမှီပြုလဲဆိုရင် ဥရူနတ်(အိမ်တွင်း)၊ ဇော်ဂနီနတ်၊ ဂန္ဓဗ္ဗနတ်တို့ ကိုအမှီပြုတယ်။
ကဝေကျတော့ သူက စုန်းထက် အဆင့်အတန်းမြင့်တယ်။ ပညာစုံ တတ်ကျွမ်းတဲ့ပညာရှင်ဖြစ်လို့ပညာရှင် (သို့) ကဝေလို့ခေါ်ကြတာ။ တစ်ခုတော့ မှတ်ထားနော်။ ဆေးကုသမှု ကျွမ်းကျင်ပေါက်မြောက် ထက်မြက်တဲ့ ဆေးဆရာကိုတော့ ဆေးပညာရှင်လို့မှတ်။ ပညာရှင်ကဝေ လို့တော့ မမှတ်နဲ့ – ဟုတ်လား။
စုန်းမှာ ကဝေသာရကျမ်းအလိုနှင့် ရှေးရှေးဆရာကြီးများ ရည်ညွှန်းခဲ့ တာက မြေချဉ်စားစုန်း၊ မြေစပ်စားစုန်း၊ မြေပုပ်စားစုန်း၊ မြေဖန်စားစုန်း၊ မြေ ချိုစားစုန်း၊ မြေခါးစားစုန်းရယ်လို့ရှိတယ်။ သူတို့ကိုစဗျည်းတိုင်စုန်း၊ အမောက် မရှိစုန်းလို့ ခေါ်တယ်။
တစ်ခါ ကမ္မဇိဒ္ဓိရှိတဲ့စုန်းဆိုတာ ရှိတယ်။ သူတို့က စုန်းနဝင်း၊ စုန်းဥတစ် လုံး၊ စုန်းကျောက်ခဲ၊ စုန်းလေပွေ၊ စုန်းဘီလူး၊ စုန်းနဂါးတဲ့။ အမောက်သုံးဆင့် ရှိပြီး တန်ခိုးကြီးတဲ့စုန်းမျိုးကွယ့်…။
နောက်တစ်မျိုးက နာနာရုပ်သုံးဆယ်မျှ ဖန်ဆင်းနိုင်တဲ့စုန်းပဲ။ စုန်းသူ ကောင်း စုန်းသူကြွယ်၊ စုန်းဖုတ်၊ စုန်းမာတြာ၊ စုန်းကြက်တက်၊ စုန်းဖွတွတ် သိုး၊ စုန်းသိုးစုတ်၊ စုန်းညီနောင်၊ စုန်းအောင်း၊ စုန်းပန်ဝါပြောက်၊ စုန်း သမယ၊ စုန်းကဝေရယ်လို့ (၁၂)မျိုး ရှိတယ်။ သူတို့ဟာ သူတို့အလိုရှိသလို ကျီး၊ လင်းတ၊ မြွေ၊ အစားအစာ၊ လူပုံပန်းအတု စသည့် ရုပ်မျိုးသုံးဆယ် ဖန်ဆင်းနိုင်လို့ ကြောက်စရာ၊ အံ့ဩစရာ ကောင်းတယ်။
စုန်းအကြောင်းပြောရင် အများကြီးပဲ။ စက်ဝန်းပိုင်စုန်းဆိုတာ ရှိသေး တယ်။ပြီး – မှော်စုန်း၊ ကဝေပျံတန်ခိုးရှင်စုန်း၊ သားစားစုန်း၊ သွေးစုန်း၊လေစုန်း၊
ဆေးစုန်း၊ မိရိုးဖလာစုန်း၊ ခြေစုန်း၊ ကိုယ်စုန်း၊ လက်စုန်း၊ ခေါင်းစုန်း၊ မောက် လုံး၊ မောက်ပြား၊ အိမ့်တလိမ့်စုန်း လို့ စုန်းမျိုး များစွာရှိကြတယ်။ ပညာသည် တွေပေါ့..။
ခြေစုန်းဆိုတာလူတစ်ယောက်ရဲ့ခြေဖဝါးရာခြေရာကိုကြည့်ပြီးပယောဂ
သွင်းလို့ရတယ်။
လက်စုန်းက လက်ကို ကိုင်မိတာနဲ့ လက်အကိုင်ခံရတဲ့လက်ကနေ ပြု စားပြီးပြီဗျာ…”
“ဆရာကြီး ခင်ဗျား…” “ပြော-မောင်မှိုင်း”
“ကျွန်တော်တို့လူအချင်းချင်းလက်ဆွဲနှုတ်ဆက်ရင်အပြုစားခံရနိုင်ပါ
သလား ခင်ဗျ။ ကျွန်တော်က သိချင်လို့ပါ…”
“ခုချိန်ကာလမှာတော့ ခြေစုန်း၊ လက်စုန်း ပညာသည်တွေ မြို့ပေါ်မှာ မရှိသလောက် ရှားကုန်ပါပြီကွယ်။ သို့သော် ခြေစုန်း၊ လက်စုန်း ပညာတတ် ထားရင်တော့ လက်ဆွဲနှုတ်ဆက် လက်ကိုင်မိ၊ လက္ခဏာကြည့်မိရုံမျှနဲ့ ပယောဂသွင်းလို့ရတယ်။ အရေးကြီးဆုံးကကိုယ်က ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၊ သရဏဂုံသုံးပါးတည်နေရင်ဘယ်လိုစုန်း၊ ကဝေ၊ပညာသည်မှ ပြုစားလို့မရဘူး – မှတ်ထား”
တစ်နေ့သောအခါ ကျွန်တော်နဲ့ အဖေဆရာကြီးတို့နှစ်ဦး ဟိုးအရှေ့ ရွာတစ်ရွာက ပင့်လို့ သွားကြတယ်။
အဲဒီရွာမှာ ယောက်ျား၊ မိန်းမ အချို့လန့်၊ ငို၊ ရယ်၊ ကြောက်လန့်ပြေး လွှား၊ အစာ မစား စသည့် ရောဂါဝေဒနာတွေကို ခံစားနေရလို့ ဆေးကု ကြည့်ရှု ဖြေရှင်းပေးပါလို့ လာပင့်ကြတာ…။
“မင်းတို့ – ဆေးခန်းမပြကြဘူးလားဟဲ့”
“ဆေးမှူးနဲ့ ပြပါတယ် – အဘ။ အချို့ရောဂါပျောက်ပြီး အချို့ရောဂါက ပိုဆိုးလာသလို ရှိလို့ပါ – အဘ”
“အေး – လိုက်ခဲ့ရတာပေါ့”
အဲဒီရွာလည်းရောက်ရော …. မိန်းမဝဝ၊ ဖြူဖြူဖွေး၊ သနပ်ခါးပိန်းကျားနဲ့ ချောချောမိန်းမကြီးက ခရီးဦးကြိုပြုပါရေ…
“အဖေကြီး – သမီးတော်ကြီးအိမ်ကို အလျင်ကြွပါရှင်” “သမီးတော်ကြီးနာမည်က ဘယ်လိုခေါ်သတုံးဗျာ…”
“မကြီးစိန်ပါတဲ့ရှင်”
“အဖေကြီးလာမှာကို သိနေလို့လား”
“ဟဲ-ဟဲ-ဟဲ-ဟဲ-ရွာထဲကလူတွေ ပြောနေကြဥစ္စာ …။ အဖေကြီး
လာရင် ထမင်းတစ်နပ် ကျွေးမယ်လို့ ရည်မှန်းထားလို့ပါ – အဖေကြီးရဲ့” “ဒါဆိုလည်းလိုက်စားရသေးပေါ့ကွယ်…”
ဒေါ်ကြီးစိန်ဆိုသူအလွန့်ကိုဝမ်းသာသွားပြီးရှေ့ကနေသုတ်သုတ်သုတ်
သုတ်နဲ့ သွားတော့တာပဲ….။
အိမ်ပေါ်ရောက်တော့ အဖေကြီးက ဘုရားကျောင်းဆောင်ကိုကြည့် ပြီးကန်တော့မလို့လုပ်တော့ ….။
ဘုရားကျောင်းဆောင်ပေါ်မှာ ဘုရားပုံတော်ကားချပ်သေးသေးလေးပဲ ရှိပြီးရှေ့တစ်ပြင်မှာတော့ …။
မင်းညီနောင်နတ်ရုပ်၊ ကိုးမြို့ရှင်နတ်ရုပ်၊ ဦးညိုကြီး တင်းဘုတ်ထမ်း နတ်ရုပ်၊ မနှဲလေး၊ မင်းမဟာဂီရိ၊ နတ်ဘီလူး၊ ကိုကြီးကျော် စသည့် နတ်ရုပ် ပေါင်းစုံတို့ကိုပန်းတွေဝေဆာနဲ့ တွေ့ရပါရောဗျာ…။
ထမင်းပွဲကြီး အသင့်ပြင်လို့…။
ရွာထဲက တပည့်တပန်းများကလည်း ဆရာကြီး ရွာထဲမလာသေးလို့ ဒေါ်ကြီးစိန်အိမ်ထဲ မဝံ့မရဲနဲ့ ဝင်လာကြတယ်။
“ဟေ့- သားတို့ – အိမ်ပေါ်တက်လေ”
“ဟို-ဟို”
“ဟဲ့ -သောင်းကြိုင်တို့၊ မြင့်ဆွေတို့ ဘာ အောက်မှာ ရပ်နေတာတုံး။ ငါ့အိမ်ပေါ်တက်တော့ နင်တို့ ခြေဖဝါး နူသွားမှာစိုးလို့လား။ ခု – တက်ခဲ့ကြ ရွာအခေါ်နတ်ကတော် ဒေါ်ကြီးစိန်ရဲ့ မျက်စောင်းခဲပြီး ပြောလိုက်သံ ကြောင့် ရွာသားလေးငါးယောက်အိမ်ပေါ်ကိုမဝံ့မရဲတက်လာခဲ့ကြတယ်။ “ကိုင်း – ဆရာကြီးတို့ ဆရာတပည့်- ထမင်းသုံးဆောင်ဖို့ကြွကြပါရှင်။ ဟဲ့- သမီးတို့နင့်အဘကိုလက်ဆေးဇလုံပေး။ဟိုသူငယ်ရော-စားကြနော်။ အားမနာနဲ့ – ဟင်း – ဟင်း-ဟင်း-ဟင်း”
“ဆရာကြီးတို့ လာမယ်ဆိုလို့ ဝမ်းသာနေကြတာ။ ဟော – ဒါ – သမီး တော်ကြီးနဲ့ ဟောဒီ့သမီးများလက်ရာပါပဲရှင်။ အားရပါးရ သုံးဆောင်နော်” အဖေကြီးရော ကျွန်တော်ရော သူတစိမ်းအိမ် ထမင်းစားရင် ထမင်းပုံ ထဲလက်ညှိုးစိုက်ပြီး သရဏဂုံကိုရွတ်လေ့ရှိတယ်။
ဒီလို နှုတ်က အသံမထွက်ရွတ်တော့ အိမ်ရှင်နတ်ကတော် ဒေါ်ကြီးစိန် နဲ့ သူ့သမီးများက အံကြိတ်ပြီး မျက်စောင်းတခဲခဲလုပ်လို့ ….။ မကြိုက်ဘူးနဲ့ တူပါရဲ့ဗျာ ….။
လှည့်ကြည့်ရင်တော့ အမြန်ပြုံးပြ၊ ရယ်ပြပြီး ဘေးကနေ ယပ်ခတ်ပေး
နေကြလေရဲ့…။
ဒီနေရာမှာကျွန်တော်ကအဖေဆရာကြီးရဲ့အထာနဲ့လှုပ်ရှားမှုကိုကြည့်
နေရတယ်။
အဖေကြီးပြောတဲ့စကားတစ်ခွန်း ရှိတယ်။
“သား-မောင်မှိုင်း – ဘယ်ရွာ – ဘယ်ဒေသကိုရောက်ရောက် သဒ္ဓါလို့ ထမင်းကျွေးကြသည့်တိုင် ငါ ခပ်တဲ့ဟင်းကိုပဲ မင်းနှိုက်၊ ခပ်စား၊ ငါ မနှိုက်တဲ့ ဟင်းကို မင်းမနှိုက်နဲ့ ..”
“ဘာဖြစ်လို့လဲ – အဖေကြီး” “အကြောင်းရှိလို့ပြောတာပေါ့ကွာ…”
ဒီစကားကို ပြန်သတိရပြီး အဖေ ဆရာကြီးခပ်တဲ့ဟင်းပဲ ကျွန်တော်
ခပ်စားတယ်။
အဖေ ဆရာကြီးပဲပြုတ်ကို ခပ်စားတယ်။
ကျွန်တော်လည်းပဲပြုတ်ကိုပဲ ခပ်စားတယ်။
ဟင်းချိုသောက်တယ်။ ကျွန်တော်လည်းသောက်တယ်။
အဖေကြီးက ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးဆုပ်ချဉ်ရည်နဲ့ ပုစွန်
တုပ်ဟင်းကို လုံးဝခပ်မစားဘူး။
စားချင်စရာပါဗျာ…။ ပုစွန်တုပ်ကြီးတွေနှယ်၊ အနှစ်နဲ့ ချက်ထားလို့ မွှေး
နေတာပဲ …။
ဝက်သားတစ်တုံး တစ်တုံး
ရေနွေးကြမ်းပန်းကန်လုံးလောက် ရှိတယ်။
တရုတ်ချက် ပဲငံပြာရည်နဲ့ ချက်ထားတာ၊ အိနေတာပဲ။ “ဆရာကြီး – ဟောဒါ ပုစွန်တုပ်- ရော့”
“နေနေ – သမီးတော်ကြီး။ အဘ – မကြိုက်လို့ပါ” “ဝက်သားရော- ဆရာကြီး” “သွားမကောင်းလို့ မဝါးနိုင်ပါဘူး– သမီးရယ်” ဒါနဲ့ ဒေါ်ကြီးစိန် ဟင်းတွေပြန်ချထားရတယ်။ “ဒီ – ငါး-ငါးဆုပ်ရော-အဘ ဆရာကြီး” “နေနေ – ရတယ်။ လိုမှ စားမယ်ကွယ့်”
အဖေကြီးကဟင်းကောင်းများကိုရှောင်တော့ကျွန်တော်လည်းရှောင်
ရတာပေါ့။
မိန်းမပျိုလေးများ ထည့်ပေးမယ်လုပ်ရင် ကျွန်တော်က လက်ကာပြ
တော့ သူတို့က သိပ်မကြည်ကြဘူး။
စားပါ”
ဒီမှာလည်း အဖေကြီး ပုစွန်တုပ်ကြီးတစ်ဇွန်းနဲ့ ခပ်ရင်းက – “ရော့ – ငါ့သမီးတော်ကြီးပါးစပ်ဟ – စားစမ်း”
“အို-အဖေကြီးရဲ့။ မစားပါရစေနဲ့ရှင်။ ဒါကအဖေဆရာကြီးအတွက်ပါ။
“ပါးစပ် ဟ.စမ်းပါကွယ် …”
“မစားပါရစေနဲ့ ရှင်။ ကျေးဇူးပါပဲရှင် – ဟင်း – ဟင်း – ဟင်း” တစ်ခါ ငါးဆုပ်လုံးတစ်လုံးကို ခပ်ပြီး–
“ဟဲ-ယပ်ခပ်နေတဲ့သမီးငယ်လေး”
“ရှင်- အဘ”
“ရော့ – ငါးဆုပ်လေးကွယ်။ မဆလာနဲ့ သင်းပြီး မွှေးနေတာပဲ – သမီး
လေး။ ပါးစပ်ဟ.စမ်း”
“အဟင်း – အို – အဘကလည်း သမီးကငါးဆုပ်မကြိုက်ဘူး” “ဒါဆို ဝက်သားစားစမ်း။ ပါးစပ်ဟ,ဟဲ့- သမီးရဲ့”
“မလုပ်ပါနဲ့ – အဘရယ်။ ဒါက အဘစားဖို့ပါ။ သမီးတို့ ငရဲ – ငရဲကြီးပါ့ မယ်ရှင်။ ကျန်မှ စားပါမယ်ရှင့်”
“ဟား-ဟား-ဟား-ဟား-ဟား”
“ဟား-ဟား- ဟား-ဟား- ဟား”
“ကောင်းတယ်ဟေ့။ ကိုင်း – ထမင်းဝိုင်း သိမ်းလိုက်တော့။ ဟေ့-မောင်
မြင့်ဆွေရေ …”
“ခင်ဗျာ – အဘ ဆရာကြီး”
“မင်းတို့ရွာမှာ ရှိရှိသမျှ ခေါင်းမူး၊ အိပ်မပျော်၊ လန့်၊ ငို၊ ရယ်၊ မြွေတွေ၊ ကင်းတွေ ပျို့အန်လူနာ လူမမာမှန်သမျှ ဟောဒီက နတ်ကတော် မကြီးစိန် အိမ်ကိုလာခဲ့ကြလို့ သွားပြောဟေ့..”
“ဗျာ – ဆရာကြီး။ ရွာထဲကအိမ်မှာစု…”
“သွားသာခေါ်ခဲ့ကြပါ။ ဒီအိမ်ရောက်ရင် ပျောက်မှာပါ”
ကျွန်တော်တို့အားလုံး ဆရာကြီး ဘယ်လုပ်မလို့ပါလိမ့်။ နတ်ကတော် ဒေါ်ကြီးစိန်တို့သားအမိလေးယောက်လည်းမျက်စိမျက်နှာပျက်စ.ပြုနေပြီ။
မကြာပါဘူးဗျာ။
ရွာထဲကလူမမာလူနာမျိုးစုံအယောက်(၃၀)ခန့်အဘဆရာကြီးအမိန့် ကြောင့် နတ်ကတော်ကြီးအိမ်ပေါ်ကိုမရဲတရဲတက်လာကြပါရောဗျာ…။ “ဟုတ်ပြီ-ထိုင်ကြ။ ကိုင်း – အိမ်ရှင် ငါ့သမီးကြီး နတ်ကတော် ဒေါ်ကြီး စိန်ရော – အဖေကြီးအနားက ထိုင်ဗျာ…”
ဒေါ်ကြီးစိန်ကလည်းပရိသတ်ကိုမျက်စောင်းထိုးကြည့်ပြီး အဖေဆရာ
ကြီးအနီးမှာ လာထိုင်တယ်။
“ကိုင်း – သားတို့၊ သမီးတို့ထံမှာ ဆေးမှူးနဲ့ကုလို့ မပျောက်တဲ့ ထူးဆန်း သောရောဂါများကိုအဖေကြီးမကုပါဘူး”
“ရှင် …
ဗျာ.
“ဟား- ဟား- ဟား- ဟား – ဟား- အဖေကြီးကိုယ်စား ဟောဒီ အိမ် ကြီးရှင် နတ်ကတော် မကြီးစိန်က ခုချက်ချင်း ပျောက်အောင် ကုပေးပါလိမ့် မယ်ဗျာ….” “ဟင်…”
“ဘုရားရေ …” “ဒေါ်ကြီးစိန်ကကုမှာ…”
“ကိုင်း – သမီးတော်ကြီး မကြီးစိန် – သူတို့ တစ်ဦးချင်းဖြစ်နေခံစားနေ ရတဲ့ ရောဂါဝေဒနာတွေကို သမီးကိုယ်တိုင်ထုတ်ပေးလိုက်စမ်း” လူမမာရောဂါကုခံမည့်သူအားလုံးကြားရသည့်စကားကြောင့်အလွန့်
ကိုအံ့အားသင့်နေကြတယ်။
ဒီအရပ်မှာ တစ်ခုခုဖြစ်လို့ နတ်ကတော်ကြီးကိုမေးရင် – “ကွင်းပိုင်ကိုင်တာ၊ မင်းကြီးမင်းလေးကိုင်တာ၊ ရွာသူလုပ်တာ၊ ရွာဦးက ရွာတော်ရှင် နတ်ကွန်းမှာ ဘာလုပ်ပေးလိုက်၊ ပျောက်ရေ…” သို့ကလို ဟောပြောပြီးရင် နတ်ရေစင်ဖိုး နင့်နေအောင်တောင်းလို့ ရွံ လည်းရွံ၊ ကြောက်လည်းကြောက်နေရတာ။
ခုတော့ ။
ဆရာကြီးက သင်းကို ကုခိုင်းဆိုတော့…။ ဒီမှာနတ်တော်ဒေါ်ကြီးစိန်က ပျာပျာသလဲရပ်ပြီး –
“အဘ ဆရာကြီးရှင့်” “ဘာတုံး – သမီးတော်ကြီး”
“ဒီလူနာများက ဆရာကြီးကုရမည့်လူနာများပါ။ ဆရာကြီးကိုအားကိုး ပြီး လာကြတာပါ။ သမီးတော်ကြီး မကုတတ်ပါဘူး – ဆရာကြီးရှင့်။ ဆရာ ကြီးပဲကုပါရှင် …”
“ညည်းကုရမယ်။ ညည်းကုမှ အမြန်ပျောက်မှာ…”
“ဆရာကြီး – ကျွန် – ကျွန်မ ဆေးမကုတတ်ပါဘူးရှင်။ ဒီမှာပဲ ဆရာကြီး
က ဒေါ်ကြီးစိန်အနားကို တိုးကပ်ပြီး နားနားကပ်လို့ တိုးတိုးလေး ပြောလိုက် ရော ။
နတ်ကတော်ဒေါ်ကြီးစိန်မျက်လုံးပြူးပြီး လန့်သွားတယ်။ ဆရာကြီးက လည်း သူမမျက်နှာကိုပဲ ပမာမခန့်ပြုံးပြီး စိုက်ကြည့်လိုက်ပြီး-
“ညည်း- ရောဂါပျောက်အောင် ကုပေးမှာလား။ ဒါမှမဟုတ် ညည်း ရွာ ထဲကနေပြောင်းသွားမှာလား-ပြော”
“ကျွန်-မ” “ကုပေးမှာလား”
“ဟုတ် – ဟုတ်ကဲ့ပါရှင့်”
“ကိုင်း-ရေစင်ခွက်ကိုင်ပြီး သမီးတော်ကြီး ရောဂါ အပျောက်ကုပေး
စေဗျား…”
နောက်ဆုံးနတ်ကတော်ဒေါ်ကြီးစိန်ကသူမကိုယ်တိုင်စီရင်တဲ့ရေမန်း ခွက်နဲ့ လူမမာတစ်ယောက်ပြီးတစ်ယောက်ကိုခြေဆင်းလုပ်ခိုင်းပြီး..၊
ရေမန်းတိုက်လိုက်…။
သပ်ချလိုက်၊ ဗိုက်ကို ဖိပေး၊ အထက်သပ်လှန်ပေးလုပ်လိုက်ရော…။ ကြည့်စမ်းဗျာ …။
အချို့လူမမာပါးစပ်ထဲက ဘဲဥအပုပ် အလုံးလိုက် ပြန်အန်ကျလာ တယ်။ အံ့ဩစရာကောင်းလိုက်တာ။
အချို့လူမမာပါးစပ်ထဲက ဆံပင်ခြည်ထွေး၊ ပိုက်ဆံမတ်စေ့၊ ကျောက် စရစ်ခဲ စသည်တို့ အန်ချကြတာ ….။ အားလုံးမျက်လုံးမျက်ဆန် ပြူးကုန်ကြပြီ။
အဲဒါကို ကြည့်ပြီး ဆရာကြီးက သဘောကျလို့…။
“တော်လိုက်တဲ့- ငါ့သမီးတော်ကြီးကွယ်။ လုံးဝမကျန်စေနဲ့။ ချန်မထား
နဲ့ …။ အဖေကြီး – မြင်နေတယ်နော်”
“ထုတ် – ထုတ် – အကုန်အစင်ထုတ်”
“အား- အား – ဝေါ့”
“ဟုတ်ပြီ- ဟဲ့-ဟိုကလေးမ – ညည်း ဘာအန်တုံး”
“ကြက်ဦးခေါင်းအစိမ်းကြီး – အဘ”
“အဲဒါ- ပညာသည်ကဝေ ပြုစားလိုက်တာ- သိလား”
“ဟုတ် – ဟုတ်”
“အခုရော- အောင့်သေးလား”
“မအောင့်တော့ပါဘူး- အဘ”
“အဲဒါ- ဟောဒီ သမီးကြီး ကုတာနော်။ ငါကုတာမဟုတ်ဘူး” “ဟင်း-ဟင်း-ဟင်း-ဟင်း – အဘ ဆရာကြီးကတော့လေ” ဒီလိုနဲ့လူနာ(၃၀)ကျော်ကိုဒေါ်ကြီးစိန်တစ်ယောက်တည်းရေမန်းတစ်
ခွက်နဲ့ ကုပေးလိုက်တာ ပျောက်ကုန်ရော …။ ရောဂါဆိုတာ ယူပစ်လိုက် သလိုပဲ။
လူမမာများကလည်း ငွေကြေး၊ သစ်သီးဝလံများနဲ့ တုံ့ပြန်ကုသိုလ်ပြု
ကြတယ်။ ကျေးဇူးတွေ တင်ကြလွန်းလို့….။
ဒီလိုနဲ့ အိမ်ပေါ်မှာ လူရှင်းသွားတော့မှ –
“သမီးတော်ကြီး…
“ရှင်…”
“တော်လှချည်လားကွယ် – ဟင်”
“ဟင်း-ဟင်း-ဟင်း – အဖေကြီးကြောင့်”
“ကိုယ့်အကြောင်းရော ကိုယ်သိရဲ့လား”
“ပြောလေ-သိရဲ့လား။ အဘ – ထုတ်ပြောရမှာလား”
“သိပါတယ် ရှင်”
“သမီး–ဒီရွာမှာ ဆက်ပီးနေချင်သလား။ အခြားအရပ်ဒေသကိုပြောင်း
ရွေ့သွားချင်လား”
“ဒီအရပ်မှာပဲ နေချင်ပါတယ် – အဘ”
“ဒီအရပ်မှာ နေချင်ရင် ဒီအရပ်က လူတွေကို ညည်း ဒုက္ခမပေးရဘူး။
ကြားလား”
“ညည်း- ဘာလဲ-ငါသိတယ်”
“ညည်း – ပညာအားလုံးကိုငါသိမ်းလိုက်ရမလား”
”
“ညည်းတို့မိသားစုအားလုံး သစ္စာဆိုကြ..”
ဆရာကြီးရဲ့ပညာအစွမ်းကို သူတို့မိသားစု သိသွားကြပြီ။ ဒါနဲ့ ဆရာကြီး ရှေ့မှာလက်အုပ်ချီကြတယ်။ လန့်လည်းလန့်သွားကြတယ်။
မယ်တော်ကြီးက သစ္စာရေခွက်ကို ကိုင်ထားတယ်။
“လိုက်ဆို – ကျွန်မတို့သည်”
“ကျွန်မတို့သည် …”
“ရွာသူရွာသားများအပေါ်ကျူးလွန်ခဲ့သည်။ အမှားများကို ဝန်ချပါ၏” “ရွာသူရွာသားများအပေါ်ကျူးလွန်ခဲ့သည်။ အမှားများကိုဝန်ချပါ၏” “ယနေ့ – ယခုအချိန်မှစ၍”
“ယနေ့ – ယခုအချိန်မှစ၍”
“ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကိုလေးစားပါမည်” “ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကိုလေးစားပါမည်” “ရပ်သူရွာသားတို့အား ….”
“ရပ်သူရွာသားတို့အား …”
“ကျွန်မတို့ ရရှိတတ်ကျွမ်းသည့် ပညာနှင့် မနှိပ်စက်တော့ပါ..” “ကျွန်မတို့ ရရှိတတ်ကျွမ်းသည့် ပညာနှင့် မနှိပ်စက်တော့ပါ…” “နှိပ်စက်ကျူးလွန်ခြင်း၊ ပြစ်မှားစော်ကားခြင်း..”
“နှိပ်စက်ကျူးလွန်ခြင်း၊ ပြစ်မှားစော်ကားခြင်း…”
“ပြုမိခဲ့ပါတယ် ..”
“ပြုမိခဲ့ပါတယ်…”
“ဒဏ်ပြန်အထိ ဖြစ်ရပါစေသား …”
“ဒဏ်ပြန်အထိ ဖြစ်ရပါစေသား ..”
“တစ်နေ့နေ့တစ်ချိန်ချိန်မှာ
“တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါစေသား…” နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါစေသား…”
“သာဓု – သာဓု – သာဓု-ရတနာမြတ်သုံးပါးကို ယုံကြည်ကိုးကွယ်သူ များဖြစ်ပါစေ။ ဒီနေ့ကစပြီး ငရဲသွားမည့်လမ်းစဉ်အလုပ်များကို ချုပ်ငြိမ်း စွန့်ပယ်လို့ … နိဗ္ဗာန်ကို မျက်မှောက်ပြုသော လမ်းကောင်း၊ လမ်းမြတ်ကို ရွေးချယ်လျှောက်လှမ်းနိုင်ပါစေ…”
ကျွန်တော်နဲ့အဖေဆရာကြီးတို့ဒေါ်ကြီးစိန်တို့အိမ်ကနေပြန်ထွက်လာ တော့ … ရွာသူရွာသား တပည့်များက မြေပဲ၊ ကြက်ဥ၊ ဘဲဥ၊ အသီးအနှံများ ကိုပေးပြီး၊ နွားလှည်းပေါ်အရောက်တင်ပေးကြပြီး …။
မြေပြင်မှာ ထိုင်ပြီး ကန်တော့လို့ လက်ပြကျန်ရစ်ခဲ့ကြတယ်။
ဒီလို ရွာကနေ နှစ်နာရီကြာစီးပြီး ကားဂိတ်အနီးက လက်ဖက်ရည်ဆိုင် မှာ ဆရာတပည့် ထိုင်လို့ လက်ဖက်ရည်သောက်ကြတုံး..။
“အဖေကြီး…”
“ဘာတုံး – မောင်မှိုင်း”
“ကျွန်တော် မေးစရာရှိလို့ပါ – အဖေကြီး”
“GU:…”
“ဒေါ်ကြီးစိန်တို့အိမ်က ထမင်းကျွေးတုန်းက အဖေကြီးက ဘာကြောင့် ဝက်သား၊ ငါးဆုပ်၊ ပုစွန်တုပ်ဟင်းတို့ကိုမစားရတာလဲဟင်”
“ငါ့သားကြီးက စားချင်လို့ပေါ့…”
“အမှန်အတိုင်းပြောရရင် စားချင်နေတာပဲ – အဖေကြီးရ။ အဖေကြီးက ငါခပ်တဲ့ဟင်းပဲ ခပ်စားပြောတော့ … မခပ်ရဲဘူးပေါ့”
“ငါ့သားကြီး မြင်လိုက်လား”
“ဘာကိုလဲ- အဘ”
“အဖေကြီး – သူတို့သားအမိကို ငါးဆုပ်လုံးနဲ့ ပုစွန်တုပ် အတင်းကျွေး တာ – သူတို့ မစားကြဘူး”
“ဟုတ်တယ်ဗျ။ ဘာလို့ သူတို့သားအမိက မစားတာတုံး ဟင် – အဖေ
“ဘယ်စားမှာတုံး။ ဟင်းအစစ်မှမဟုတ်ပဲ။ မစင်တုံးတွေဥစ္စာ…” “ဗျာ – မစင်တုံးတွေ – ဟုတ်လား – အဖေကြီး”
“သိပ်ဟုတ်သပေါ့ကွာ။ သူတို့က မစင်တုံးကို ကဝေပညာနဲ့ စီရင်ပြီး ငါးဆုပ်၊ ဝက်သား၊ ပုစွန်တုပ်ဖြစ်အောင် လုပ်ပြီး ငါတို့ကို ကျွေးတာ။ ငါက အောက်လမ်းဂိုဏ်းမှမဟုတ်တာ။ ဟင်းပန်းကန်ကြည့်တာနဲ့ ဘယ်ဟာဟင်း အစစ်၊ ဘယ်ဟာ မစင်တုံး သိတာပေါ့။ သိလို့ သူတို့ဟင်း သူတို့ ပြန်ကျွေး ရော။ ဘယ်သူမှ မစားကြဘူး။ သိလိုက်ပြီ-ငါလိုလူကိုတောင် ဒီလိုလုပ် ရဲရင် ရွာသူရွာသားအချို့ကို သင်း ပြုစားတာပဲလို့ သိပြီ။ ဒီကောင်မပေါ့။ သေးသေးအဆင့်မဟုတ်ဘူး။ ဒါကြောင့် သင်းဇာတိရုပ် ပေါ်အောင် လူနာ တွေ သင်းအိမ်ပေါ်ခေါ်ပြီး သင်းကို ပြန်ကုခိုင်းတာလေ …။ ဒါတောင် သင်းက ငြင်းချင်တယ်။မကုချင်ရင်နင်ရွာထဲမှာနေချင်လား၊အခြားကိုထွက်သွားချင်
လား။ ခပ်တင်းတင်းပြောမှသင်းက သူလုပ်ထားပြုစားထားတဲ့လူနာတွေကို သူ့ဘာသာကု၊ ပညာပြန်နုတ်တာပဲကွ။ မြင်တယ်မဟုတ်လား။ လူနာတွေ ပါးစပ်ထဲက ဘာတွေထွက်လာတုံး….”
“အစာအပင်းတွေ မျိုးစုံပဲ – ဆရာကြီး”
“ဒါကြောင့် သင်းတို့ကို သစ္စာရေတိုက်ပြီး မလှုပ်ရဲအောင် ထိန်းလိုက်
ရတာ..
“အဘ ဆရာကြီး”
“ဘာတုံး – မောင်မှိုင်း”
“အဲဒီနတ်ကတော်ဒေါ်ကြီးစိန်က ဘာမို့လို့တုံး – ဆရာကြီး ဟင်” “မှတ်ထား- သူက ပေါ့သေးသေးမဟုတ်ဘူး။ ပညာသည်ကဝေ” “ဗျာ-ပညာသည်ကဝေ”
ဘုရား – ဘုရား – တော်ပါသေးရဲ့ဗျာ။ သူတို့ကျွေးတာ ကိုယ်များ အစား ငမ်းပြီး စားမိရင် အပင်း ဗိုက်ထဲကို ရောက်ရော …။
အဘဆရာကြီးပါလို့သာပေါ့…။
ခုမှပဲ ပညာသည်ကဝေဆိုတာကို နဖူးတွေ့၊ ဒူးတွေ့၊ ကိုယ်တွေ့ကြုံခဲ့ရ တယ်။
ကြည့်စမ်း – ကဝေမကြီးရဲ့သမီးသုံးယောက်ကလည်း ချောလိုက်၊ လှ လိုက်တာဗျာ။ အမယ်လေး…။
သူတို့လည်း ပညာသည်ပေါက်စတွေတဲ့ဗျို့..။
ဘုရားစူး – ရွံ့ပါရဲ့ခင်ဗျ …။
>> မောင်ညိုမှိုင်း (သန်လျင်)