ပညာသည်လင်မယား(စ/ဆုံး)

Unicode Version

ပညာသည်လင်မယား(စ/ဆုံး)
——————————
“အဘိုး…စုန်းတို့ ကဝေတို့ဆိုတာ တစ်ကယ်ရှိလား”
ချမ်းအေးလှသည့် ညလေးတစ်ည၌ မီးပုံဖိုကာ မီးလှူံထဲနေကြသည့်သူများအထဲမှ သာလှဟုအမည်တွင်သော ကာလသားတစ်ယောက်က ဘိုးမင်းအောင်အား မေးခွန်းတစ်ခု မေးလိုက်လေ၏။ သာလှနှင့်အတူ ဆိုးပေ၊ ကျောက်ဒိုးနှင့် တခြားရွာသူ၊ ရွာသားများကလည်း
ထိုမီးပုံကြီးအား ဝိုင်းဖွဲ့ကာထိုင်၍ မီးလှူံနေကြသေးသည်။ ထိုအချိန် ဘိုးမင်းအောင်က သောက်လက်စရေနွေးကြမ်းပန်းကန်အား အောက်သို့ချလိုက်ကာ သာလှ၏အမေးကို ပြန်ဖြေတော့လေ၏။
“ရှိတာပေါ့ကွဲ့…မောင်သာလှရဲ့…ရှိတာပေါ့”
“ဒါဆို…အဘိုးကရော အဲ့လိုလူတွေနဲ့ ကြုံခဲ့ဖူးသေးလား”
ဆိုးပေက ဝင်မေးလိုက်ခြင်းဖြစ်လေ၏။
“ဒါပေါ့…ကြုံဖူးတာပေါ့..အခြားမှာမဟုတ်ဘူး…ဒီရွာမှာတင်ဖြစ်သွားခဲ့ဖူးတာလေ”
“ဟာ…ဟုတ်လား….ဒါဆို ကျုပ်တို့ကို ပြောပြပါဦး အဘိုးရဲ့”
“ဟုတ်ပါပြီ…ဟုတ်ပါပြီ…ကျုပ်ပြောပြပါ့မယ်…သေသေချာချာနားထောင်နော်”
“ဟုတ်ကဲ့…အဘိုး”
“ဖြစ်ပုံက ဒီလိုကွယ့်”
ဤသို့ဖြင့် ဘိုးမင်းအောင်က သူ၏ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား စတင်ပြောပြတော့လေ၏။
********
အဲ့ဒီ့တုန်းက ရန်ကုန်မြို့၊ လမ်းမတော်(၁၄)လမ်းမှာနေထိုင်တဲ့ လူမိုက်ကြီး ဖိုးတုတ် ခေတ်စားနေတဲ့အချိန်ပေါ့ကွာ။ အေး…အဲ့ဒီ့အချိန် ကျုပ်တို့ဒီရွာမှာလည်း လူမိုက် ဖိုးတုတ်ဆိုတာရှိတယ်ကွဲ့။ ဒီရွာကဆိုတော့ လမ်းမတော် ဖိုးတုတ်မဟုတ်ပဲ အေးသာယာ ဖိုးတုတ်ပေါ့ကွာ။ သူ့ကိုတစ်ချို့လူတွေက နောက်တစ်မျိုးခေါ်ကြသေးတယ်။ “ဝါးရင်းတုတ် ဖိုးတုတ်” တဲ့။ သူ့ကလည်းနာမည်နဲ့လိုက်အောင် ရန်တွေဘာတွေဖြစ်ပြီဆိုရင် အခြားလက်နက်မသုံးဘူး။ ဝါးရင်းတုတ်နဲ့ပဲဆော်တာ။
တစ်ခါကသူ့ရဲ့ အကြီးအကျယ်ဆုံးရန်ပွဲတစ်ခုဖြစ်သေးတယ်။ ကြက်ဝိုင်းမှာ အခြားရွာကကောင်တွေနဲ့ ကြက်တိုက်ရင်း ရန်ဖြစ်ကြတာ။ ဟိုဘက်ကကောင်တွေက ငှက်ကြီးတောင်ဓားကြီးတွေနဲ့. သုံးယောက်၊ ဖိုးတုတ်ကတော့သူ့အနားမှာရှိတဲ့ ဝါးရင်းတုတ်နဲ့ပြန်ချတာ။
သုံးယောက်တစ်ယောက်ဆိုပေမယ့် ဖိုးတုတ်က ဘာဒဏ်ရာမှမရလိုက်ဘူး။ ဟိုသုံးကောင်ကတော့ ခေါင်းကွဲတဲ့ကောင်ကကွဲ။ လက်ဖျံရိုးကျိုးတဲ့ကောင်က ကျိုးကုန်တာ။ ဖိုးတုတ်ရိုက်လိုက်တဲ့ ဝါးရင်းတုတ်ကလည်း ဝါးဆစ်ပိတ် အစိမ်းကြီးလေ။ အဲ့ဒီ့တော့ ခံလိုက်ရတဲ့ကောင်တွေက မရှူမလှပဲပေါ့။ ဒီလိုနဲ့ ကျုပ်တို့ရွာတင်မကဘူး။ အနီးနားကရွာတွေကပါ “အေးသာယာက ဝါးရင်းတုတ် ဖိုးတုတ်” ဆိုတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြတာဗျို့။
အဲ့ဒီ့အချိန် ကျုပ်တို့ရွာက အရက်သမား၊ ဖဲသမား၊ ကြက်သမားတွေက ဖိုးတုတ်ရဲ့တပည့်အဖြစ် ခံယူလာကြတယ်။ ပြီးတော့
သူတို့ကပါ ‘ဖိုးတုတ်ရဲ့ တပည့်ကွ’ ဆိုပြီး လုပ်ချင်တာလုပ်ကြတော့တာပေါ့။ ဖိုးတုတ်မှာက တပည့်တပန်း အားကြီးပေါတာ။ ကျုပ်တို့ဒီရွာတင်မကဘူး အခြားရွာတွေမှာပါ ဖိုးတုတ်ရဲ့တပည့်တွေရှိတယ်။ ဒီလိုနဲ့ ဖိုးတုတ်က ဒီနယ်တကြောမှာ ဘုရင်တစ်ပါးလိုဖြစ်နေတာပေါ့ကွာ။ ရွာသူကြီးတောင်
သူ့လောက်အာဏာမရှိဘူး။ တစ်ခါတလေ လူပျိုပေါက်အရွယ်ကောင်လေးတွေက ပြောမရမဆိုမရဖြစ်နေရင်
‘ဟဲ့ ငါဖိုးတုတ်နဲ့သွားတိုင်လိုက်ရမလား’ ဆိုတာနဲ့ ချက်ချင်းကို ငြိမ်ကျသွားတာဗျို့။ ဖိုးတုတ်က အဲ့လောက်အထိ သြဇာအာဏာရှိတာဗျ။
တစ်နေ့ ကျုပ်တို့ရွာကို အသက် ငါးဆယ်ဝန်းကျင်လောက်ရှိတဲ့ လင်မယားနှစ်ယောက်ရောက်လာတယ်။ သူတို့က ဆေးသမားတော်တွေဆိုတော့ ကျုပ်တို့သူကြီးကလည်း လွယ်လွယ်ကူကူနဲ့ပဲ လက်ခံထားလိုက်တာပေါ့။ အဲ့ဒီ့လင်မယားနှစ်ယောက်မှာ ယောကျာ်းဖြစ်သူရဲ့နာမည်က ဦးသာလွန်းတဲ့။ ဆံပင်ရှည်ကြီးကို သေချာစည်းထားပြီးကျောပြင်မှာချထားတာ။ နှူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ ဥပဓိကရုပ်ကတော့ ခပ်ကောင်းကောင်း။ သူက အသားကလည်းဖြူသေးတယ်။
သူ့မိန်းမကျပြန်တော့ နာမည်က ဒေါ်မယ်တင်တဲ့။ သူကျအသားက ခပ်မဲမဲဗျ။ မျက်နှာကလည်း မရယ်မပြုံးနဲ့မျက်နှာသေကြီး။ သူ့ရဲ့ထင်ရှားတဲ့အမှတ်အသားကတော့ ဘယ်ဘက်ပါးပြင်မှာမှဲ့အကြီးကြီးပါတာပဲဗျို့။
တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိဘူး။ အဲ့ဒီ့ ဦးသာလွန်းနဲ့ဒေါ်မယ်တင်တို့ ရောက်တဲ့နေ့ကစပြီး ကျုပ်တို့ရွာကလူတွေအားလုံးနီးပါး တစ်နေ့တစ်မျိုးမရိုးရအောင်ကို နာဖျားကြတော့တာ။ အဲ့ဒီ့အချိန်ဆို ဦးသာလွန်းကရောက်လာပြီးကုပေးလိုက်ရင် လုံးဝအရှင်းပျောက်သွားတယ်။ တစ်ခါတလေဆိုရင်တော့ ဒေါ်မယ်တင်က လာကုပေးတယ်။ သူတို့လင်မယားနှစ်ယောက်မှာ ဘယ်သူပဲကုကု ရောဂါကယူပစ်သလို အရှင်းပျောက်သွားတော့တာဗျို့။
ဦးသာလွန်းနဲ့ ဒေါ်မယ်တင်က ဆေးကုပြီးရင် လူနာရှင်ဘက်က ပေးသလောက်ကိုပဲ ယူတာ။ တစ်ခါမှလည်း ပိုမတောင်းဘူး။ တစ်ချို့ ငွေကြေးမတတ်နိုင်တဲ့ သူဆိုရင် အလကားတောင်ကုသပေးတာ။ အဲ့ဒီ့တော့ ကျုပ်တို့ ရွာတင်မကဘူး။ အခြားရွာတွေကပါ ဦးသာလွန်းနဲ့ ဒေါ်မယ်တင်တို့ကို အနာရောဂါနဲ့ပတ်သတ်ပြီး လွှတ်အားကိုးကြတာဗျို့။ သူတို့လင်မယားနှစ်ယောက်က ဘယ်လိုရောဂါဖြစ်နေပါစေ ရအောင်ကုပေးတယ်။ ကုန်ကုန်ပြောရရင် အနာရောဂါနဲ့ပတ်သတ်ပြီး သူတို့မသိတာ မရှိဘူး။ ‘မ’ တစ်လုံးကျေတယ်လို့တောင် ပြောလို့ရတယ်။
တစ်ခါက ကျုပ်တို့ရွာသား သောင်းဖေက အမဲလိုက်ပြီးတောထဲကပြန်လာတဲ့အချိန် တောစပ်နားမှာပိုးထိသွားတာ။ တစ်ကိုယ်လုံးလည်း ပြာနှမ်းနေပြီး အကြောတွေလည်းဆွဲနေတာ။ အဲ့ဒီ့အချိန် သူနဲ့အဖော်ပါလာတဲ့သူ နှစ်ယောက်ထဲကမှ တစ်ယောက်ဖြစ်တဲ့ လှမောင်က ဦးသာလွန်းဆီကို တန်းနေအောင်ပြေးတော့တာပေါ့။ ဟိုရောက်တော့ ဦးသာလွန်းက မေးတယ်။
“ဟဲ့…ဘာဖြစ်လာတာလဲ…အလောတကြီးနဲ့”
“ဆရာကြီး…သောင်းဖေ…သောင်းဖေ… ပိုးထိသွားလို့ပါ…တစ်ကိုယ်လုံးလည်းပြာနှမ်းနေပြီ…အဲ့ဒါကြောင့် ဆရာကြီးကိုအရင် လာခေါ်တာပါ”
“ဟေ…သောင်းဖေက အခုဘယ်နားမှာတုန်း”
“တောစပ်မှာပါ ဆရာ”
“တယ်…ဒီလောက်အဝေးကြီးကို…. ကျုပ်ဟိုရောက်တာနဲ့သောင်းဖေက သေနေလောက်ပြီ”
“..ဗျာ…ဒါဆိုဘယ်လိုလုပ်ကြမလဲ… ဆရာကြီး”
“သောင်းဖေက ဘယ်နေရာကို ပိုးထိခံရတာတုန်း”
“ညာဘက် ခြေမျက်စိနားကိုပါ ဆရာကြီး”
“ဟုတ်လား…လာ လာ မင်းဒီမှာလာထိုင်စမ်း”
“ဗျာ”
“ထိုင်ဆိုထိုင်စမ်းပါဟ…ခြေထောက်ပါ ဆင်းထား”
“ဟုတ်…ဟုတ်…ဆရာကြီး”
ဒီလိုနဲ့ ဆရာကြီးက လှမောင်ရဲ့ ညာဘက်ခြေမျက်စိနားကို သူ့ရဲ့လက်နဲ့အုပ်ပြီး ပါးစပ်ကနေ ဂါထာလိုလို၊ မန္တန်လိုလိုတွေကို ပွစိပွစိနဲ့ အဆက်မပြတ်ရွတ်နေတော့တာ။ ပြီးရင် လက်နဲ့ခြေဖဝါးအထိ သပ်ချလိုက်တာ။ အဲ့လိုမျိုး လက်နဲ့သုံးလေးခါလောက် သပ်ချပြီး
ခဏကြာတော့ ဦးသာလွန်းက ပြောတယ်။
“ရပြီ…သွားတော့…သောင်းဖေ သက်သာသွားပြီ”
“ဗျာ”
အဲ့ဒါနဲ့ လှမောင်ကလည်း တောစပ်ကိုတစ်ကျိုးတည်းပြန်ပြေးတော့တာပေါ့။ ဟိုလည်းရောက်ရော သောင်းဖေက အကြောဆွဲနေရာကနေ ချက်ချင်းသက်သာသွားပြီး လမ်းတွေဘာတွေတောင် ထလျှောက်နေတာ။ ပိုးထိခံရတဲ့ နေရာကနေလည်း အဆိပ်တွေက သူ့အလိုလိုထွက်ကုန်တာ။ ဦးသာလွန်းဆိုတဲ့လူက အဲ့ဒီ့လောက်တောင် စွမ်းတာဗျို့။
ဦးသာလွန်းကစွမ်းသလို ဒေါ်မယ်တင်ကလည်း ခေသူတော့မဟုတ်ဘူး။ တစ်ခါက ကျုပ်တို့ရွာက ဒေါ်သောင်းရီ ဗိုက်အောင့်တယ်ဆိုပြီး မြေပြင်မှာလူးလှိမ့်ပြီးအော်နေတာ။ အဲ့တာကို ဒေါ်မယ်တင်က သူ့လက်ကလေးနဲ့ပဲ သပ်ချပေးလိုက်တာ ဒေါ်သောင်းရီဗိုက်အောင့်တာ ချက်ချင်းပျောက်သွားတယ်။ တစ်ခါတလေ နွားတွေပျောက်တယ်ဆိုရင်လည်း ဒေါ်မယ်တင် နေရာအတိအကျကို ပြောပြလိုက်တာ။ နွားပိုင်ရှင်ကလည်း ဒေါ်မယ်တင်ပြောပြတဲ့နေရာကို သွားကြည့်လိုက်ရင် သူ့နွားတွေက အဲ့ဒီ့နေရာမှာ ရှိနေပြန်ရော။ ဒေါ်မယ်တင်လည်း အဲ့လောက်ထိကို တော်တာဗျို့။
တစ်ခါက ကိုသာအေးဆိုတဲ့လူ ညနေစောင်းအချိန်ကြီး သရက်ပင်ပေါ်တက်ပြီး သရက်သီးတက်ခူးတာ။ အဲ့ဒီ့သရက်ပင်ပေါ်က သရဲမကြီးက သူ့ကိုကန်ချလိုက်တာလေ။ အမြင့်ကနေပြုတ်ကျတာဆိုတော့ ကိုသာအေးတစ်ယောက် လက်ဖျံရိုးကြီးကျိုးသွားပြီး အပြင်ကိုတောင် ငေါထွက်သွားတာ။
အဲ့ဒါနဲ့ ထုံးစံအတိုင်း ဦးသာလွန်းတို့ဆီကို ပြေးကြတာပေါ့။ ဟိုရောက်တော့ ဦးသာလွန်းကမရှိဘူး။ ဒေါ်မယ်တင်ပဲရှိတယ်။ အဲ့တာနဲ့ ဒေါ်မယ်တင်က ကိုသာအေးရဲ့လက်ကျိုးတဲ့နေရာကို ပုလင်းတစ်ခုထဲက ဆေးရည်ကိုယူပြီးလိမ်းပေးလိုက်ပြီးတော့ အဲ့ဒီ့နေရာကို အနက်ရောင်ပုဝါစကလေးနဲ့ဖုံးလိုက်တယ်။ ပုဝါအပေါ်ကနေ သူ့ရဲ့လက်နဲ့ဖြည်းဖြည်းချင်း သပ်ချလိုက်တာ။ ခဏကြာတော့ ကိုသာအေးရဲ့လက်က အကောင်းအတိုင်းပြန်ဖြစ်သွားတယ်ဗျ။ ဒေါ်မယ်တင်က အဲ့ဒီ့လောက်ကို တော်တာဗျို့။
ဒီလိုနဲ့ အချိန်တွေကြာလာတော့ ဦးသာလွန်းတို့လင်မယားနှစ်ယောက်ကလည်း ရွှေတွေငွေတွေနဲ့ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့ အပေါက်ကလည်း ဆိုးလာရောဗျ။ အရင်လိုလည်း သဘောမကောင်းတော့ဘူး။ ပိုက်ဆံပေးရင်ကုပေးတယ်။ ပိုက်ဆံမပေးရင် လုံးဝကုမပေးတော့ဘူး။ ဒါပေမယ့်လည်း ကျုပ်တို့ရွာက တစ်ယောက်မဟုတ် တစ်ယောက်က နေ့တိုင်းအနာရောဂါဖြစ်နေတော့ သူတို့ကိုပဲအားကိုးနေရတာပေါ့။
ဒါပေမယ့် သူတို့လင်မယားကို ကျုပ်တို့တစ်ရွာလုံးက သိပ်တော့မသင်္ကာဘူး။ မပြောရဲလို့သာ ငြိမ်နေကြတာဗျ။ တစ်နေ့တော့ ကျုပ်တို့တိတိတ်ဆိတ်ဆိတ်လေး တိုင်ပင်ပြီး သူတို့လင်မယားနှစ်ယောက်ကို စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့တာနဲ့ပဲ သူတို့လင်မယား နောက်ကို လိုက်စုံစမ်းတော့တာပေါ့ဗျာ။ ဒီလိုနဲ့အချိန်တွေ ကြာလာတော့ သူတို့လင်မယာနှစ်ယောက်လုံးက ကဝေလိုလိုစုန်းလိုလို ဖြစ်နေကြတယ်ဆိုတာကို ကျုပ်တို့သတိထားမိလိုက်ကြတယ်။
မှတ်မှတ်ရရ အဲ့ဒီ့နေက ဦးသာလွန်းက ဂုန်လျှော်ကြိုးတစ်ချောင်းကိုကိုင်ပြီး သူ့အိမ်ထဲကိုဝင်သွားကို ကျုပ်ကလှမ်းမြင်လိုက်တယ်ဗျ။ အဲ့တာနဲ့ ကျုပ်လည်း သူ့အိမ်အနားအထိကိုကပ်သွားပြီး အပေါက်လေးတစ်ပေါက်ကနေ ချောင်းကြည့်လိုက်တာ။ ဦးသာလွန်းက သူ့လက်ထဲကိုင်ထားတဲ့ ဂုန်လျှော်ကြိုးကို ထန်းခေါက်ဖာထဲထည့်လိုက်တယ်။ ပြီးတော့ အပေါ်ကနေအဖုံးအုပ်ပြီး ပွစိပွစိနဲ့ တစ်ခုခုကိုရွတ်ဆိုနေတယ်။ ဘေးနားမှာရှိတဲ့ လူဦးခေါင်းခွံကိုလည်း လူအရိုးတစ်ချောင်းနဲ့ ‘တတောက်တောက်နဲ့ မြည်နေအောင်’ ခေါက်နေသေးတယ်။ ခဏကြာတော့ ထန်းခေါက်ဖာကို ဖွင့်လိုက်တဲ့အချိန်မှာ စောစောကထည့်ထားတဲ့ ဂုန်လျှော်ကြိုးကနေ မြွေအနက်ကြီးတစ်ကောင်ဖြစ်သွားတာဗျို့။ ကျုပ်ဖြင့် ကြက်သီးတွေတောင် ထသွားတယ်။
အဲ့ဒီ့နေ့ချင်းပဲ ကျုပ်တို့ရွာထဲက လူတစ်ယောက် မြွေပေါက်ခံလိုက်ရတယ်။
ပေါက်တဲ့မြွေကိုလည်း သေချာဖမ်းထားပြီး အိမ်အနောက်မှာထားထားလိုက်တယ်။ ဒါကတော့ ကျုပ်အကြံပေါ့ဗျာ။ ကျုပ်ကမသင်္ကာလို့ အခုလိုလုပ်ထားတာ။
ထုံးစံအတိုင်း ဦးသာလွန်းက ရောက်လာပြီး မြွေပေါက်တဲ့နေရာကို လက်နဲ့သပ်ချလိုက်တာ သေမလိုဖြစ်နေတဲ့လူက ချက်ချင်းသက်သာသွားရော။ အဲ့ဒီ့အချိန်မှာပဲ အိမ်အနောက်မှာဖမ်းထားတဲ့ မြွေကနေ ဂုန်လျှော်ကြိုးအဖြစ်ပြန်ပြောင်းသွားတာဗျို့။ ဦးသာလွန်းကတော့ ဆေးကုလို့ရတဲ့ပိုက်ဆံကိုယူပြီး မြောက်ကြွမြောက်ကြွနဲ့ ပြန်သွားတော့တာ။
ဒေါ်မယ်တင်ကျပြန်တော့ အသား၊ ငါး တွေကိုအစိမ်းလိုက်ကြီးစားတာ။ တစ်ခါတစ်ခါဆို ကြက်ရဲ့လည်ပင်းကနေကိုက်ပြီး သွေးစုပ်ပစ်တာ။ အဲ့ဒါကိုတော့ သောင်းဖေကတွေ့ခဲ့တာ။
ဒီလိုနဲ့ တဖြည်းဖြည်းကျုပ်တို့ရွာကလူတွေက အကုန်ရိပ်မိလာကြတော့ အထက်လမ်းဆရာတွေကို လိုက်ရှာကြတာပေါ့။ ဒါပေမယ့်လည်း ဘယ်အထက်လမ်းဆရာမှ ရွာထဲအထိကိုမရောက်လိုက်ဘူး။ ရွာအပြင်မှာတင် သေသွားကြတာချည်းပဲ။
တစ်ခါက အထက်လမ်းဆရာတစ်ယောက်က သူ့ကိုယ်သူ အဆင့်ငါးရှိတဲ့ အထက်လမ်းဆရာကွဆိုပြီး ရွာထဲကိုဝင်လာတယ်။ ဦးသာလွန်းတို့အိမ်ရှေ့အထိကိုသွားပြီး စိန်ခေါ်နေသေးတာ။ အဲ့ဒီ့အချိန် ကျုပ်တို့လည်း အားတက်သွားတာပေါ့။ ဘာလို့ဆို အရင်ကဒီရွာကိုလာတဲ့ အထက်လမ်းဆရာမှန်သမျှက ရွာထဲအထိတောင်မရောက်လိုက်ဘူး ရွာအပြင်မှာတင်သေသွားကြတာလေ။ မသေရင်တောင် ပြန်လှည့်ပြေးရတာချည်းပဲ။
အခုရောက်လာတဲ့ဆရာကျတော့ ရွာထဲဝင်လာရုံတင်မကဘူး။ ဦးသာလွန်းတို့အိမ်အရှေ့အထိသွားပြီး စိန်ခေါ်နေတာဆိုတော့ ကျုပ်တို့လည်းအရမ်းဝမ်းသာသွားတာပေါ့။
အဲ့ဒီ့အချိန် ဦးသာလွန်းတို့က အိမ်အပြင်တောင်ထွက်မလာဘူး။ ငြိမ်နေတာ။ ကျုပ်တို့ကလည်း အထက်လမ်းဆရာကြီးကို ကြောက်လို့ငြိမ်နေတယ်လို့ ထင်တာပေါ့။ ခဏကြာတော့ အဲ့ဒီ့အိမ်ထဲက
‘တတောက်တောက်’ နဲ့ တစ်ခုခုကိုထုရိုက်နေတဲ့အသံကိုကြားလိုက်ရတယ်ဗျ။ ကျုပ်အထင်ကတော့ လူဦးခေါင်းခွံကို ထုရိုက်နေတယ်လို့ထင်တယ်ဗျ။
အဲ့ဒီ့ ဦးခေါင်းခွံကို ထုရိုက်နေတဲ့အသံလည်းထွက်လာရော အထက်လမ်းဆရာကြီးက ဘာမှဆက်မပြောတော့ပဲ ကြောင်တောင်တောင်ကြီးနဲ့ရပ်နေတာ။ ပြီးတော့ ဘေးမှာရှိတဲ့သစ်ပင်တွေကို သူ့ခေါင်းနဲ့ပြေးပြေးဆောင့်နေတာ။ ခဏကြာတော့ သူဝတ်ထားတဲ့ အဝတ်အစားတွေကိုချွတ်ပြီး ကိုယ်လုံးတီးကြီးနဲ့ ရွာထဲပတ်ပြေးနေတော့တာဗျို့။ ပါးစပ်ကနေလည်း ‘အား…ကြောက်တယ်..မလာနဲ့..မြွေ..မြွေတွေ..အများကြီးပဲ..ပြေးကြဟေ့..ပြေးကြ’ ဆိုပြီးအော်နေတာ။ နောက်နှစ်ရက်လောက်ကြာတော့ အဲ့ဒီ့အထက်လမ်းဆရာလည်း ရေတွင်းပျက်ကြီးထဲပြုတ်ကျပြီး သေသွားပါလေရော။
နောက်မှ ကျုပ်တို့အတိအကျသိခဲ့ရတာက ဦးသာလွန်းက အောက်လမ်းဆရာကြီးဖြစ်နေတာဗျို့။
အဲ့ဒီ့အောက်လမ်းပညာကိုလိုက်စားတဲ့သူတွေက အင်မတန်မှ ငရဲကြီးတာ။ သူတို့ပညာရဲ့သဘောက မကောင်းတာကိုဖိလုပ်လေ ပိုပြီးအစွမ်းထက်လေပဲ။ အောက်လမ်းဆေးအစီအရင်တွေသုံးပြီး သူများသား၊ မယားကိုဖျက်ဆီးတယ်။ သူတို့ ပညာနဲ့ သရဲ၊ တစ္ဆေတွေကို ခေါ်ပြီးခိုင်းစားတယ်။ သူတို့ကိုယ်သူတို့လည်း သေရင်အဝီစိငရဲအထိ တန်းကျမှာကိုသိတယ်။ ဒါပေမယ့်လည်း မထူးဇာတ်ကိုကပြီး မိုက်ပြီးရင်းမိုက်မဲနေကြတဲ့သူတွေ။ သူတို့က ဒီတစ်ဘဝပဲ အသက်ရှင်ရတော့မှာဆိုတော့ သက်ဆိုးရှည်နေကြတာလေ။
ဒေါ်မယ်တင်ကျတော့ ပိုဆိုးတယ်။ သူက ကဝေမကြီးတစ်ယောက်ဗျ။ ကဝေတောင်ရိုးရိုးကဝေမဟုတ်ဘူး။ ကဝေမြောက်စွန်းအမျိုးအစားထဲကဖြစ်တယ်။
“ကဝေ ဆိုတာဘယ်လိုမျိုးလဲဟင် အဘိုး”
ဆိုးပေက ထမေးလိုက်ခြင်းဖြစ်၏။ ထိုအချိန် ဘိုးမင်းအောင်က ပြောလက်စ စကားကိုခဏရပ်ထားတာ ရေနွေးကြမ်းကလေးအား မော့သောက်လိုက်လေသည်။ ပြီးမှ စကားဆက်လေ၏။
“ကဝေဆိုတာ ကဝိသဒ္ဒါကဆင်းသက်လာပြီး အကျော်အမော်လို့အဓိပ္ပါယ်ရတယ်ကွဲ့…သာမန်အဆင့်ကနေ (၁၂)ကြိုးကဝေတွေဖြစ်တဲ့ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက်လုံး၊ မောက်ပြား၊ မောက်တို၊ မောက်ရှည် စတဲ့အဆင့်တွေအထိ စက်ကြိုးလို့ခေါ်တဲ့ စုန်းကြိုး၊ ကဝေကြိုးတွေနဲ့ အဆင့်တက်ကြရတယ်…
သူတို့က စက်ကြိုးယန္တရားအတတ်ကို အသုံးပြုပြီးတော့ ကောင်းကင်ပေါ်ကိုပျံတက်နိုင်ကြတယ်…စုန်း၊ ကဝေ အမျိုးအစားပေါင်း (၉၉)မျိုးရှိတဲ့အထဲကမှ
မြောက်စွန်းအမျိုးအစားက အသားစားစုန်းမျိုးဖြစ်တယ်…လူသား၊ လူသွေးနဲ့ လူရိုးတို့ကိုလည်း စားသုံးကြတယ်…
တချို့ကျတော့ ကြက်၊ ဝက်၊ ဘဲ စတဲ့တိရစ္ဆာန်တွေကို အရှင်လတ်လတ်စားသောက်တတ်ကြတယ်…သူတို့က ပြုစားလိုသူရဲ့နာမည်ကိုသိရုံနဲ့ အဲ့ဒီ့လူရဲ့ကိုယ်စောင့်နတ်ကိုတောင် စေခိုင်းပြီး ဖမ်းစားနိုင်တဲ့အစွမ်းတွေရှိတယ်…”
“ဪ…ဟုတ် အဘိုး”
ဒီလိုနဲ့ ဦးသာလွန်းက ပြုစားလိုက်၊ ဒေါ်မယ်တင်က အခကြေးငွေယူပြီး ဆေးကုပေးလိုက်၊ တစ်ဖန် ဒော်မယ်တင်က ပြုစားလိုက် ဦးသာလွန်းက အခကြေးငွေယူပြီး ဆေးကုပေးလိုက်လုပ်ရင်း ပိုက်ဆံလိမ်ယူနေတာကို ကျုပ်တို့ရွာသားတွေအကုန် သိလာကြတယ်။ ဒါပေမယ့်လည်းဗျာ အထက်လမ်းဆရာတွေတောင် သူတို့လင်မယားကို မနိုင်ကြတာ ကျုပ်တို့လို သာမန်လူတွေက ဘာတတ်နိုင်မှာတုန်း။ ဒီအတိုင်းပဲ ငြိမ်ခံနေရပြီး အထက်လမ်းဆရာကြီးတွေကို တိတ်တဆိတ်ရှာဖွေကြရတော့တာပေါ့။
ဒီလိုနဲ့ တစ်နေ့ကျတော့ ဒေါ်သောင်းရီက ဗိုက်အောင့်တယ်ဆိုပြီး ဒေါ်မယ်တင်ဆီကိုပြေးသွားတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန် ဒေါ်သောင်းရီဆီမှာက ပိုက်ဆံပြတ်လပ်နေတဲ့အချိန်ဖြစ်နေတာ။ ဒေါ်မယ်တင်ကလည်း ပိုက်ဆံမရရင်လုံးဝကုမပေးနိုင်ဘူးချည်း ပြောနေတော့တာ။ အဲ့ဒီလိုနဲ့ ဒေါ်သောင်းရီနဲ့ ဒေါ်မယ်တင် စကားများနေရင်းကနေ ဒေါ်သောင်းရီကရုတ်တရက် ခွေခနဲလဲကျသွားတယ်။ အနီးပတ်ဝန်းကျင်ကလူတွေကလည်း ဒေါ်သောင်းရီကို ပြေးပြီးထူကြတာပေါ့။ အဲ့ဒီ့အချိန် ဒေါ်သောင်းရီရဲ့ ဇာတ်ကကျိုးနေပြီ။ အသက်လည်း မရှူတော့ဘူး။ အနီးနားကလူတွေကလည်း ဒါကဒေါ်မယ်တင်လက်ချက်ဆိုတာကို သိနေကြတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်သူမှပါးစပ်မဟရဲကြဘူး။ ဒါနဲ့ပဲ ဒေါ်သောင်းရီကို သူ့အိမ်ပြန်သယ်လာပြီး အသုဘမြေချဖို့စီစဉ်ရတော့တာပေါ့ဗျာ။
ခဏကြာတော့ ပုဆိုးကွက်ပျောက်ကြီးတစ်ထည်ကို ဒူးအပေါ်အထိရောက်အောင်ဝတ်ထားတဲ့ လူတစ်ယောက်က ဦးသာလွန်းတို့အိမ်အရှေ့ကိုရောက်လာတယ်။ အဲ့လူက အင်္ကျီတော့ဝတ်မထားဘူးဗျ။ ကျောကုန်းနဲ့ရင်ဘတ်တွေမှာလည်း ဆေးမှင်ကြောင်တွေအပြည့်ထိုးထားသေးတယ်။ ဆံပင်ကလည်း ကတုံးဆံတောက်နဲ့။ အဲ့ဒီ့လူက အခြားသူမဟုတ်ဘူး။ ဝါးရင်းတုတ် ဖိုးတုတ်ကြီးဗျ။
ပြီးတော့ ဖိုးတုတ်က အော်ဆဲနေတာ။
“ဟေ့…စောက်အဖိုးကြီးနဲ့အဖွားကြီး ထွက်ခဲ့စမ်း…စောက်အောက်လမ်းကောင်ကြီး…စောက်စုန်းမကြီး…ထွက်ခဲ့…ထွက်ခဲ့လေ ဘာလဲအခုမှကြောက်နေတာလား…ဟေ့ ဦးသာလွန်း ခင်ဗျားရဲ့တိုက်မြွေနဲ့ ကျုပ်ကို လာကိုက်ခိုင်းလေ…ဟေ….အခုမှကြောက်နေပြီလား”
ဖိုးတုန်းရဲ့ညာဘက်လက်မှာက ဝါးရင်းတုတ်၊ ဘယ်ဘက်လက်မှာက ရဲဒင်းကြီးကိုင်ပြီး ဦးသာလွန်းနဲ့ ဒေါ်မယ်တင်ကို ဆဲဆိုနေတာလေ။ ဘာလို့လဲဆိုတော့ ဒေါ်မယ်တင်ပြုစားပြီးသတ်လိုက်တဲ့ ဒေါ်သောင်းရီ ဆိုတာ ဖိုးတုတ်ရဲ့အမေလေ။ အဲ့ဒီ့တော့ ဖိုးတုတ်က သောင်းကျန်းပြီပေါ့။
“ကျုပ်အမေသေသလို… ခင်ဗျာတို့လင်မယားနှစ်ယောက်လည်း သေကိုသေစေရမယ်…ထွက်ခဲ့စမ်း”
အဲ့ဒီ့အချိန် ကျုပ်တို့ရွာသားတွေကလည်း ဒီလင်မယားနှစ်ယောက်ကို အခဲမကြေဖြစ်နေကြတာဆိုတော့ ဖိုးတုတ်ဘက်ကနေရပ်တည်ပေးကြတာပေါ့ဗျာ။ ဒီလိုနဲ့ ဦးသာလွန်းနဲ့ ဒေါ်မယ်တင်တို့ အိမ်ရှေ့ကို ကျုပ်တို့တစ်ရွာလုံးနီးပါးက လက်နက်ကိုယ်စီနဲ့ ရောက်လာကြတာဗျ။ အိမ်ခေါင်မိုးကိုလည်း ခဲတွေနဲ့ပစ်လို့ပစ်ပေါ့ဗျာ။
ဒီလိုနဲ့ခဏကြာတော့ မြွေတွန်သံတွေကို တရွှီးရွှီးနဲ့ မြည်နေအောင်ကြားလိုက်ရတယ်ဗျ။ ပြီးတော့ မကြာပါဘူး ဦးသာလွန်းတို့အိမ်ထဲကနေ မြွေအနက်ချည်းပဲ အကောင်နှစ်ဆယ်လောက်ပြေးထွက်လာတာ ဖိုးတုတ်နဲ့အတူ ကျုပ်တို့ရွာသားတွေကလည်း အဲ့ဒီ့မြေတွေကို လိုက်ရိုက်သတ်တာပေါ့။ မြွေတွေက အခြားနေရာတွေကို ခုတ်ဖြတ်ရင် ဘာမှဖြစ်မသွားဘူး။ ခေါင်းကိုဖြတ်ပစ်မှသေသွားတာ။ အဲ့ဒီ့လိုသေသွားရင်လည်း ချက်ချင်း ဂုန်လျှော်ကြိုးတွေဖြစ်ကုန်တာဗျ။ အဲ့ဒီ့မြွေတွေကြောင့် ကျုပ်တို့ရွာသား ငါးယောက်လောက်က နေရာတင် အကြောတွေဆန့်ကုန်ပြီး ပွဲချင်းပြီးသေသွားသေးတယ်။
ဒီလိုနဲ့ ခဏကြာတော့ ဖိုးတုတ်ကဦးဆောင်ပြီး ဦးသာလွန်းတို့အိမ်ထဲကို ပြေးဝင်သွားရော။ ကျုပ်တို့ရွာသားတွေကလည်း သူ့နောက်ကလိုက်ခဲ့ကြတာပေါ့။ ပြီးတော့ ဖိုးတုတ်ကပြောတယ်။
“ဟေ့ရောင်တွေ…ဒီကောင်တွေ အိမ်ထဲမှာမရှိတော့ဘူး အခြားနေရာကိုအမြန်လိုက်ရှာကြ”
ဖိုးတုတ်က အဲ့လိုလည်းပြောပြီးရော ဦးသာလွန်းတို့အိမ်ပေါ်ကို မီးတုတ်ကြီးပစ်တင်လိုက်ပါလေရော။ ဘယ်ကြာလိမ့်မတုန်း အိမ်ကခဏလေးအတွင်းပဲ ပြာကျသွားတယ်။ အဲ့ဒီ့အချိန် ကျုပ်တို့ရွာသားတွေကလည်း ပျော်နေကြတာတော့ဗျာ။ ဒီအောက်လမ်းနဲ့ ကဝေမကြီးရဲ့ ဒဏ်ကိုခံလာခဲ့ရတဲ့အချိန်က နည်းတာမှမဟုတ်တာ။ အဲ့ဒီ့တော့ ပျော်ကြတာပေါ့။
“ဆရာ…ဒီမှာတွေ့ပြီဆရာ”
ဖိုးတုတ်ရဲ့ တပည့်တစ်ယောက်က လှမ်းအော်ပြောလိုက်တာလေ။ အဲ့တာနဲ့ ဖိုးတုတ်ကလည်းသွားကြည့်လိုက်တော့ ဒေါ်မယ်တင်ကြီးဖြစ်နေတာဗျ။
“မင်းတော်တယ်…သွား..ဒီဟာမကြီးကို သစ်ပင်မှာချည်ပြီး မင်းတို့စိတ်ကျေနပ်တဲ့အထိရိုက်ကြ”
“ဟုတ် ဆရာ”
အဲ့ဒီ့လိုနဲ့ ဒေါ်မယ်တင်က သစ်ပင်မှာကြိုးချည်ခံရတော့တာပေါ့။ ပြီးတော့ ဖိုးတုတ်တပည့်တွေတင်မကဘူး။ ကျုပ်တို့ရွာကလူတွေပါ ဒေါ်မယ်တင်ကို တုတ်နဲ့ရိုက်တဲ့သူကရိုက်၊ ခဲနဲ့ပေါက်တဲ့သူကပေါက်၊ ဓားနဲ့ထိုးတဲ့သူကထိုးနဲ့ ဝိုင်းပြီးလုပ်ကြတော့တာပေါ့။ ဒါပေမယ့် ဒေါ်မယ်တင်ကြီးက ဘာမှမဖြစ်ဘူးဗျာ။ တဟားဟားနဲ့တောင်အော်ရယ်နေသေးတာ။ အဲ့ဒီ့အချိန် ခြုံတစ်ခြုံရဲ့အနောက်ဘက်ကနေ ဖိုးတုတ်တပည့်တစ်ယောက်က လှမ်းအော်ပြောတယ်ဗျ။
“ဆရာဖိုးတုတ်…ဒီဘက်မှာအောက်လမ်းကောင်ကြီးကိုတွေ့ပြီ”
“ဟုတ်လား…ခေါ်လာခဲ့စမ်းကွာ…ဒီကို”
“ခေါ်လို့မရဘူးဆရာ..ကျုပ်တို့နှစ်ယောက် ဝိုင်းဆွဲတာတောင် ဒီလူကြီးကနည်းနည်းမှမလှူပ်ဘူး”
အဲ့တာနဲ့ ဖိုးတုတ်ကလည်း သူ့တပည့်အနားကိုသွားလိုက်တဲ့အခါ ဟုတ်ပါ့ဗျာ ဦးသာလွန်းကြီးက တောင့်တောင့်ကြီးရပ်နေတာ လုံးဝကိုမလှူပ်ဘူး။ အဲ့ဒီ့အချိန် ဖိုးတုတ်က ပြောတယ်ဗျ။
“ဟေ့ရောင် ဒီအတိုင်ခေါ်မရရင် ဓားနဲ့ထိုးပြီးခေါ်လာခဲ့”
“မရဘူးဆရာ ဓားကသူ့အသားထဲကိုဝင်မသွားဘူး”
“ဟေ…ပေးစမ်း ငါ့ကိုဓား”
အဲ့တာနဲ့ ဖိုးတုတ်ကလည်း ဦးသာလွန်းကို ဓားနဲ့တရစပ်ထိုးတော့တာပေါ့။ ဦးသာလွန်းကလည်းဘာမှမဖြစ်ဘူးဗျာ။ မသိရင် ရာဘာတုံးကြီးကို ထိုးနေသလိုကြီးဖြစ်နေတာဗျို့။ ကျုပ်တို့လည်း အံ့သြနေကြတာ။ အဲ့တာနဲ့ ဖိုးတုတ်က စိတ်မရှည်တာနဲ့ သူ့လက်ထဲက ဝါးဆစ်ပိတ်တုတ်အစိမ်းကြီးနဲ့ ဦးသာလွန်းရဲ့ ခေါင်းကိုချည်းရိုက်နေတော့တာ။ ကျုပ်အထင် အချက်နှစ်ဆယ်ကျော်လောက်တော့ရှိမယ်ဗျ။ အဲ့ဒီ့တော့မှ ဦးသာလွန်းက နည်းနည်းပျော့ခွေသွားတော့တယ်။ ဒါပေမယ့် သူ့ခေါင်းမှာတော့ ဘာဒဏ်ရာမှ ရှိမနေဘူးဗျ။
ဒီလိုနဲ့ ဦးသာလွန်းကိုပါခေါ်လာပြီး ဒေါ်မယ်တင်အနားမှာကြိုးနဲ့ကပ်ချည်ထားလိုက်တယ်။ ပြီးတော့ ဖိုးတုတ်က ရဲဒင်းကြီးနဲ့ သူတို့လင်မယားနှစ်ယောက်ကို လိုက်ခုတ်တာ ဘာမှဖြစ်မသွားဘူးဗျာ။ ရဲဒင်းကြီးက ပြန်ပြီးကန်ထွက်လာတာ။ ကျုပ်တို့တစ်ရွာလုံးကလူတွေကလည်း အံ့သြနေကြတာဗျို့။ အဲ့ဒီ့အချိန် ဖိုးတုတ်တပည့်တစ်ယောက်က ဝင်ပြောတယ်။
“ဆရာဖိုးတုတ် သူတို့နှစ်ယောက်က တုတ်ပြီး၊ ဓားပြီးနေတယ်ဆရာ…သူတို့ကိုဘယ်လိုမှသတ်လို့ရမယ်မထင်ဘူး”
“ဒီမှာ…ဟေ့ရောင် သူတို့ဘာသာ တုတ်ပြီးပြီး၊ ဓားပြီးပြီး ငါရအောင်သတ်မယ်ကွာ..
.ဒီနှစ်ကောင်ကို ခဲကြီးကြီးနဲ့တွဲချည်ပြီး ရေတွင်းထဲပစ်ချပြီးသတ်မယ်ကွာ..သေကိုသေစေရမယ်…”
“ဟာ….ဟုတ်တယ် ဆရာဖိုးတုတ်…အဲ့လိုဆိုသူတို့ခံနိုင်မှာမဟုတ်ဘူး”
“အေး…ဒါဆိုလည်း သတ်ဖို့ပြင်တော့”
“ဟုတ်…ဆရာ”
ဖိုးတုတ်ရဲ့တပည့်တွေက ဦးသာလွန်းတို့လင်မယားနှစ်ယောက်ကို ခဲကြီးကြီးနဲ့တွဲပြီး ကြိုးချည်နေတဲ့အချိန်မှာ အသက်ခြောက်ဆယ်ကျော်လောက်ရှိပြီလို့ထင်ရတဲ့ အဘကြီးနှစ်ယောက် ရောက်လာတယ်။ တစ်ယောက်က တောင်ဝှေးကိုကိုင်ထားပြီး တစ်ယောက်က စိပ်ပုတီးကြီးကို စိပ်နေရင်းစကားစပြောလိုက်တာဗျ။
“လူလေးတို့…ကျုပ်တို့က အထက်ဂိုဏ်းဆရာတွေပါ။ ရွာစဉ်လှည့်ပြီး စုန်းကဝေ၊ အောက်လမ်းပညာသည်တွေဆီကနေ သူတို့ပညာစက်တွေကို အလှူခံပြီး ဖျက်ဆီးပစ်နေတဲ့သူတွေပါ”
“အခု ဘာကိစ္စနဲ့ကျုပ်တို့ဆီ လာတာတုန်း”
“အသက်နှစ်ချောင်းကို အလှူခံချင်လို့ပါ”
“အလှူခံတွေ အလိုမရှိဘူး ပြန်တော့”
ဖိုးတုတ်က ခပ်ပြတ်ပြတ်ပြောလိုက်တာဗျ။ အဲ့ဒီ့အချိန် အထက်လမ်းဆရာကြီးတစ်ယောက်က ပြောတယ်။
“လူလေးတို့ကို…မမိုက်မှားစေချင်ဘူး…လူလေးတို့အခုသတ်ဖြတ်နေတဲ့ ဒီနှစ်ယောက်ကို ကျုပ်တို့လက်ထဲအပ်လိုက်ပါ။ သူတို့ရဲ့ပညာစက်တွေကို နုတ်ယူပြီးဖျက်ဆီးလိုက်ရင် သူတို့ဟာ သာမန်လူတွေဖြစ်သွားပြီး ဘယ်သူ့ကိုမှလည်းဒုက္ခမပေးနိုင်တော့ပါဘူး”
“ဘာလို့အပ်ရမှာလဲ…မအပ်ဘူး…ဒီနှစ်ကောင်က ကျုပ်အမေကိုသတ်ပစ်တဲ့ကောင်တွေ…ကျုပ်လက်နဲ့ပဲ လက်စားပြန်ချေမယ်”
“ဒေါသကို ရှေ့တန်းမတင်ပါနဲ့ကွယ်…”.
“ဟာဗျာ…ကိုယ့်လမ်းကိုယ်သွားစမ်းပါဗျာ…”
ဖိုးတုတ်ကလည်း အတင်းကိုခေါင်းမာနေတာဗျို့။ အဲ့ဒီ့အချိန် ရွာသူကြီးကဝင်ပြောတယ်ဗျ။
“ဟုတ်ပါတယ်…ဖိုးတုတ်ရာ..ဒီဆရာတွေဆီကို အပ်လိုက်တာ အကောင်းဆုံးပါပဲကွာ..သူတို့ကို.မင်းလည်းသတ်နိုင်တာမှမဟုတ်တာ”
“ဘာလို့မရရမှာလဲ…ကျုပ်ရအောင်သတ်မှာ”
အဲ့ဒီ့အချိန် ဖိုးတုတ်နဲ့ ဘကြီးတော်စပ်တဲ့ ဦးကြီးသောင်းစိန်က ဝင်ပြောတယ်ဗျ။ ဦးကြီးသောင်းစိန်က ဖိုးတုတ်အမေ ဒေါ်သောင်းရီရဲ့ အစ်ကိုလေ။
“ဖိုးတုတ်…ဘကြီးပြောတာကိုနားထောင်…သာလွန်းနဲ့မယ်တင်ကို ဟောဒီက ဆရာကြီးတွေဆီကိုအပ်လိုက်တာက ပိုပြီးနည်းလမ်းကျပါတယ်ကွာ…
သာလွန်းနဲ့မယ်တင်ဆိုတာကလည်း မကြာခင်သူ့စရိတ်နဲ့သူ သွားကြတော့မှာပါ မင်းသတ်စရာတောင်မလိုပါဘူး…ဒီဆရာတွေလက်ထဲအပ်လိုက်ရင် သူတို့နှစ်ယောက်ရဲ့ ပညာစက်တွေကုန်ပြီး ကျားဘဝကနေ ကြောင်ဘဝကိုပြောင်းရတော့မှာပါကွာ…
မင်းကခေါင်းမာပြီး ရေတွင်းထဲပစ်ချပြီးသတ်တာတောင် မသေဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ…အဲ့ဒီ့တော့မှ အခုထပ်အခြေအနေပိုဆိုးကုန်ပါဦးမယ်ကွာ…
ကျုပ်ကပဲ ကြားထဲကတောင်းပန်တယ် ဟုတ်ပြီလား…ဒီလင်မယားနှစ်ယောက်ကို ဆရာကြီးတွေလက်ထဲ အပ်လိုက်ပါတော့”
“ကောင်းပြီလေ…ကျုပ်ဘကြီးကိုယ်တိုင်တောင်းပန်လို့ ဆရာကြီးတွေလက်ထဲကျုပ် အပ်မယ်ဗျာ”
ဒီလိုနဲ့ပဲ အထက်လမ်းလမ်းဆရာကြီးတွေက ရွာလူကြီးတွေအကူအညီနဲ့ ငှက်ပျောပွဲ၊ အုန်းပွဲတွေ ပြင်လိုက်ကြတယ်။ ဖိုးတုတ်နဲ့ သူ့တပည့်တွေကတော့ ဓားတပြင်ပြင် တုတ်တပြင်ပြင်နဲ့ ဘေးနားကနေအကဲခတ်နေကြတာ။
ခဏကြာတော့ အထက်လမ်းဆရာကြီးက ဦးသာလွန်းကဒေါ်မယ်တင်ကို ပညာစက်တွေအပ်ခိုင်းတယ်။ ဒါပေမယ့်သူတို့က မအပ်ချင်ကြဘူး။ အင်တင်တင် ပေစောင်းစောင်းလုပ်နေကြတာ။ အဲ့တာနဲ့ ဆရာကြီးတွေကလည်း အင်းစောင့်တွေ၊ ဆေးစောင့်တွေနဲ့ ဆုံးမခိုင်းတော့တာပေါ့…။
“အား…ပူတယ် ပူတယ်”
.ဒါက ဒေါ်မယ်တင်အော်နေတဲ့ အသံဗျ။ အာခေါင်ခြစ်ပြီးတော့ကို အော်နေတာ။
“တိုက်ဆင်နဲ့နင်း…အစွယ်နဲ့ထိုး…မသေစေနဲ့”
ဆရာကြီးတွေကလည်း သြဇာအာဏာပါလှတဲ့ အသံနဲ့ကို ပြောနေတာဗျ။ အဲ့ဒီ့အချိန်
“အား…ကြောက်ပါပြီ..အပ်ပါတော့မယ်..ပညာစက်တွေအကုန်အပ်ပါ့မယ်…မလုပ်ပါနဲ့တော့…မခံနိုင်တော့လို့ပါ”
အဲ့ဒီ့တော့မှ ဦးသာလွန်းနဲ့ ဒေါ်မယ်တင်က သူတို့ပညာစက်တွေကို အပ်လိုက်တော့တာ။
“အေး…အကုန်အပ်…ဘာတစ်ခုမှမချန်ထားနဲ့”
အထက်လမ်းဆရာကြီးတွေက အဲ့လိုပြောနေတဲ့အချိန် ဒေါ်မယ်တင်ကြီးက ဖိုးတုတ်ကိုမျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတော့တာ။ ပြီးတော့ ပါးစပ်ကနေလည်း ပွစိပွစိနဲ့ ရွတ်နေသေးတာဗျ။ ခဏကြာတော့ ဖိုးတုတ်က သူ့အနားကတစ်ယောက်ကို လက်ထဲက ဝါးရင်းတုတ်နဲ့ ငယ်ထိပ်တည့်တည့်ကနေ အားရပါးရရိုက်ချလိုက်တာ ဟက်တက်ကြီးကွဲသွားတယ်။ အဲ့ဒီ့အချိန် ရိုက်ခံလိုက်ရတဲ့သူရဲ့ အစ်ကိုဖြစ်သူက ဖိုးတုတ်ကိုဓားမြှောင်နဲ့ပြေးထိုးလိုက်ရော။ ဖိုးတုတ်ရဲ့တပည့်တစ်ယောက်ကလည်း သူ့ဆရာကိုဓားမြှောင်နဲ့ထိုးတဲ့သူကို ဓားနဲ့ဝင်ခုတ်ရော။ အဲ့ဒီ့လိုနဲ့ ရွာသားအချင်းချင်း တစ်ယေင်ာနဲ့တစ်ယောက် ဓားတွေတုတ်တွေနဲ့ ခုတ်ကြရိုက်ကြတော့ အနီးကတစ်ချို့လူတွေကတော့ထွက်ပြေးကြတာပေါ့။ အဲ့ဒီလိုဖြစ်အောင် ဒေါ်မယ်တင်ကြီးက တမင်လုပ်လိုက်တာလေ။
ခဏကြာတော့ အထက်လမ်းဆရာကြီးတွေက ပညာစက်ဖြတ်တဲ့အနေနဲ့ ဦးသာလွန်းနဲ့ဒေါ်မယ်တင်တို့ကို
ခေါင်းကနေ ပုတီးတစ်ကုံးစီ စွပ်ချပေးလိုက်တယ်။ အဲ့ဒီ့တော့မှ ခုနကရန်ဖြစ်ပြီးခုတ်ထစ်နေကြတဲ့သူတွေက ငြိမ်သွားတော့တယ်။ ဖိုးတုတ်ကတော့ ဗိုက်မှာဓားတန်းလန်းကြီးနဲ့ ခဏကြာတော့သွေးထွက်လွန်ပြီးသေသွားရော။ အဲ့ဒီ့တုန်းက ငါးယောက်လောက်ကသေပြီး ဆယ်ယောက်လောက်က ဒဏ်ရာရကုန်ကြတာလေ။ ကျန်တဲ့လူတွေကလည်း ဦးသာလွန်းနဲ့ဒေါ်မယ်တင်ကို သတ်မယ်ချည်းတကဲကဲလုပ်နေလို့ အထက်လမ်းဆရာကြီးတွေနဲ့ ရွာလူကြီးတွေက ဝိုင်းပြီးတားထားရသေးတယ်။ နောက်တော့မှ အဲ့ဒီ့လင်မယားနှစ်ယောက်ကို ရွာကနေနှင်ထုတ်လိုက်ကြတာပေါ့ကွာ။
ဘိုးမင်းအောင်က ပြောနေရင်းဖြင့် လက်ထဲရှိပြောင်းဖူးဖတ်ဆေးလိပ်ကလေးကို နှစ်ဖွာသုံးဖွာလောက် ဆက်တိုက်ဖွာနေလေသည်။ ထိုအချိန် ဆိုးပေက ဘိုးမင်းအောင်အားပြောလေ၏။
“ဒါဆို…အဲ့ဒီ့လင်မယားနှစ်ယောက်က သာမန်လူတွေပြန်ဖြစ်သွားတာပေါ့နော် အဘိုး”
“အေးပေါ့ကွ…ဘာပညာမှမရှိတော့ပဲ…သာမန်လူတစ်ယောက်ဖြစ်သွားတော့တာပေါ့…
သူတို့ရဲ့ကံကလည်း အဲ့လောက်ပဲပါတယ်ထင်ပါရဲ့..ကျုပ်တို့ရွာက ထွက်သွားပြီး နောက်နေ့လောက်ကျတော့ လင်မယားနှစ်ယောက်စလုံး ကျုပ်တို့ရွာအပြင်က လယ်ကွင်းထဲမှာဓားတန်းလန်းနဲ့ သေနေကြတာလေ ဘယ်သူသတ်လို့ သတ်သွားမှန်းတောင် မသိလိုက်ကြဘူး”
“ဪ….ဟုတ် အဘိုး”
“ကိုင်း…မိုးလည်းအတော်ချုပ်နေပြီ…အိမ်ပြန်ကြတော့ တော်ကြာအိမ်ကလူကြီးတွေစိတ်ပူနေရော့မယ်”
“ဟုတ်ကဲ့…အဘိုး…နောက်နေ့ကျရင်လည်း အခုလိုထူးဆန်းတာတွေ ပြောပြဦးနော်”
“အေးပါ..ဟုတ်ပါပြီ…ကျုပ်ပြောပြပါ့မယ်”
“ဟုတ်…အဘိုး…ဒါဆိုကျုပ်တို့ပြန်လိုက်ပါဦးမယ်”
“အေး အေး”
ဤသို့ဖြင့် အအေးဒဏ်ကိုခုခံကာကွယ်ရန်အတွက် မီးလှူံနေရင်း ပြောနေကြသည့် ဘိုးမင်းအောင်တို့၏
စကားဝိုင်းကလေးမှာ ထိုမျှလောက်နှင့်သာ ပြီးဆုံးသွားတော့လေတည်း။
•––ပြီးပါပြီ––•
စာဖတ်သူများအား
အစဉ်ချစ်ခင် လေးစားလျှက်…..
–•–စိုင်း(ချယ်ရီမြေ)–•–

Zawgyi Version

ပညာသည္လင္မယား(စ/ဆံုး)
——————————
“အဘိုး…စုန္းတို႔ ကေဝတို႔ဆိုတာ တစ္ကယ္ရွိလား”
ခ်မ္းေအးလွသည့္ ညေလးတစ္ည၌ မီးပုံဖိုကာ မီးလႉံထဲေနၾကသည့္သူမ်ားအထဲမွ သာလွဟုအမည္တြင္ေသာ ကာလသားတစ္ေယာက္က ဘိုးမင္းေအာင္အား ေမးခြန္းတစ္ခု ေမးလိုက္ေလ၏။ သာလွႏွင့္အတူ ဆိုးေပ၊ ေက်ာက္ဒိုးႏွင့္ တျခား႐ြာသူ၊ ႐ြာသားမ်ားကလည္း
ထိုမီးပုံႀကီးအား ဝိုင္းဖြဲ႕ကာထိုင္၍ မီးလႉံေနၾကေသးသည္။ ထိုအခ်ိန္ ဘိုးမင္းေအာင္က ေသာက္လက္စေရေႏြးၾကမ္းပန္းကန္အား ေအာက္သို႔ခ်လိုက္ကာ သာလွ၏အေမးကို ျပန္ေျဖေတာ့ေလ၏။
“ရွိတာေပါ့ကြဲ႕…ေမာင္သာလွရဲ႕…ရွိတာေပါ့”
“ဒါဆို…အဘိုးကေရာ အဲ့လိုလူေတြနဲ႔ ႀကဳံခဲ့ဖူးေသးလား”
ဆိုးေပက ဝင္ေမးလိုက္ျခင္းျဖစ္ေလ၏။
“ဒါေပါ့…ႀကဳံဖူးတာေပါ့..အျခားမွာမဟုတ္ဘူး…ဒီ႐ြာမွာတင္ျဖစ္သြားခဲ့ဖူးတာေလ”
“ဟာ…ဟုတ္လား….ဒါဆို က်ဳပ္တို႔ကို ေျပာျပပါဦး အဘိုးရဲ႕”
“ဟုတ္ပါၿပီ…ဟုတ္ပါၿပီ…က်ဳပ္ေျပာျပပါ့မယ္…ေသေသခ်ာခ်ာနားေထာင္ေနာ္”
“ဟုတ္ကဲ့…အဘိုး”
“ျဖစ္ပုံက ဒီလိုကြယ့္”
ဤသို႔ျဖင့္ ဘိုးမင္းေအာင္က သူ၏ႀကဳံေတြ႕ခဲ့ရသည့္ အျဖစ္အပ်က္မ်ားအား စတင္ေျပာျပေတာ့ေလ၏။
********
အဲ့ဒီ့တုန္းက ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္(၁၄)လမ္းမွာေနထိုင္တဲ့ လူမိုက္ႀကီး ဖိုးတုတ္ ေခတ္စားေနတဲ့အခ်ိန္ေပါ့ကြာ။ ေအး…အဲ့ဒီ့အခ်ိန္ က်ဳပ္တို႔ဒီ႐ြာမွာလည္း လူမိုက္ ဖိုးတုတ္ဆိုတာရွိတယ္ကြဲ႕။ ဒီ႐ြာကဆိုေတာ့ လမ္းမေတာ္ ဖိုးတုတ္မဟုတ္ပဲ ေအးသာယာ ဖိုးတုတ္ေပါ့ကြာ။ သူ႔ကိုတစ္ခ်ိဳ႕လူေတြက ေနာက္တစ္မ်ိဳးေခၚၾကေသးတယ္။ “ဝါးရင္းတုတ္ ဖိုးတုတ္” တဲ့။ သူ႔ကလည္းနာမည္နဲ႔လိုက္ေအာင္ ရန္ေတြဘာေတြျဖစ္ၿပီဆိုရင္ အျခားလက္နက္မသုံးဘူး။ ဝါးရင္းတုတ္နဲ႔ပဲေဆာ္တာ။
တစ္ခါကသူ႔ရဲ႕ အႀကီးအက်ယ္ဆုံးရန္ပြဲတစ္ခုျဖစ္ေသးတယ္။ ၾကက္ဝိုင္းမွာ အျခား႐ြာကေကာင္ေတြနဲ႔ ၾကက္တိုက္ရင္း ရန္ျဖစ္ၾကတာ။ ဟိုဘက္ကေကာင္ေတြက ငွက္ႀကီးေတာင္ဓားႀကီးေတြနဲ႔. သုံးေယာက္၊ ဖိုးတုတ္ကေတာ့သူ႔အနားမွာရွိတဲ့ ဝါးရင္းတုတ္နဲ႔ျပန္ခ်တာ။
သုံးေယာက္တစ္ေယာက္ဆိုေပမယ့္ ဖိုးတုတ္က ဘာဒဏ္ရာမွမရလိုက္ဘူး။ ဟိုသုံးေကာင္ကေတာ့ ေခါင္းကြဲတဲ့ေကာင္ကကြဲ။ လက္ဖ်ံ႐ိုးက်ိဳးတဲ့ေကာင္က က်ိဳးကုန္တာ။ ဖိုးတုတ္႐ိုက္လိုက္တဲ့ ဝါးရင္းတုတ္ကလည္း ဝါးဆစ္ပိတ္ အစိမ္းႀကီးေလ။ အဲ့ဒီ့ေတာ့ ခံလိုက္ရတဲ့ေကာင္ေတြက မရႉမလွပဲေပါ့။ ဒီလိုနဲ႔ က်ဳပ္တို႔႐ြာတင္မကဘူး။ အနီးနားက႐ြာေတြကပါ “ေအးသာယာက ဝါးရင္းတုတ္ ဖိုးတုတ္” ဆိုတာနဲ႔ ဖိန္႔ဖိန္႔တုန္ေအာင္ေၾကာက္ေနၾကတာဗ်ိဳ႕။
အဲ့ဒီ့အခ်ိန္ က်ဳပ္တို႔႐ြာက အရက္သမား၊ ဖဲသမား၊ ၾကက္သမားေတြက ဖိုးတုတ္ရဲ႕တပည့္အျဖစ္ ခံယူလာၾကတယ္။ ၿပီးေတာ့
သူတို႔ကပါ ‘ဖိုးတုတ္ရဲ႕ တပည့္ကြ’ ဆိုၿပီး လုပ္ခ်င္တာလုပ္ၾကေတာ့တာေပါ့။ ဖိုးတုတ္မွာက တပည့္တပန္း အားႀကီးေပါတာ။ က်ဳပ္တို႔ဒီ႐ြာတင္မကဘူး အျခား႐ြာေတြမွာပါ ဖိုးတုတ္ရဲ႕တပည့္ေတြရွိတယ္။ ဒီလိုနဲ႔ ဖိုးတုတ္က ဒီနယ္တေၾကာမွာ ဘုရင္တစ္ပါးလိုျဖစ္ေနတာေပါ့ကြာ။ ႐ြာသူႀကီးေတာင္
သူ႔ေလာက္အာဏာမရွိဘူး။ တစ္ခါတေလ လူပ်ိဳေပါက္အ႐ြယ္ေကာင္ေလးေတြက ေျပာမရမဆိုမရျဖစ္ေနရင္
‘ဟဲ့ ငါဖိုးတုတ္နဲ႔သြားတိုင္လိုက္ရမလား’ ဆိုတာနဲ႔ ခ်က္ခ်င္းကို ၿငိမ္က်သြားတာဗ်ိဳ႕။ ဖိုးတုတ္က အဲ့ေလာက္အထိ ၾသဇာအာဏာရွိတာဗ်။
တစ္ေန႔ က်ဳပ္တို႔႐ြာကို အသက္ ငါးဆယ္ဝန္းက်င္ေလာက္ရွိတဲ့ လင္မယားႏွစ္ေယာက္ေရာက္လာတယ္။ သူတို႔က ေဆးသမားေတာ္ေတြဆိုေတာ့ က်ဳပ္တို႔သူႀကီးကလည္း လြယ္လြယ္ကူကူနဲ႔ပဲ လက္ခံထားလိုက္တာေပါ့။ အဲ့ဒီ့လင္မယားႏွစ္ေယာက္မွာ ေယာက်ာ္းျဖစ္သူရဲ႕နာမည္က ဦးသာလြန္းတဲ့။ ဆံပင္ရွည္ႀကီးကို ေသခ်ာစည္းထားၿပီးေက်ာျပင္မွာခ်ထားတာ။ ႏႉတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊးနဲ႔ ဥပဓိက႐ုပ္ကေတာ့ ခပ္ေကာင္းေကာင္း။ သူက အသားကလည္းျဖဴေသးတယ္။
သူ႔မိန္းမက်ျပန္ေတာ့ နာမည္က ေဒၚမယ္တင္တဲ့။ သူက်အသားက ခပ္မဲမဲဗ်။ မ်က္ႏွာကလည္း မရယ္မၿပဳံးနဲ႔မ်က္ႏွာေသႀကီး။ သူ႔ရဲ႕ထင္ရွားတဲ့အမွတ္အသားကေတာ့ ဘယ္ဘက္ပါးျပင္မွာမွဲ႔အႀကီးႀကီးပါတာပဲဗ်ိဳ႕။
တိုက္ဆိုင္တယ္လို႔ပဲ ေျပာရမလားမသိဘူး။ အဲ့ဒီ့ ဦးသာလြန္းနဲ႔ေဒၚမယ္တင္တို႔ ေရာက္တဲ့ေန႔ကစၿပီး က်ဳပ္တို႔႐ြာကလူေတြအားလုံးနီးပါး တစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ကို နာဖ်ားၾကေတာ့တာ။ အဲ့ဒီ့အခ်ိန္ဆို ဦးသာလြန္းကေရာက္လာၿပီးကုေပးလိုက္ရင္ လုံးဝအရွင္းေပ်ာက္သြားတယ္။ တစ္ခါတေလဆိုရင္ေတာ့ ေဒၚမယ္တင္က လာကုေပးတယ္။ သူတို႔လင္မယားႏွစ္ေယာက္မွာ ဘယ္သူပဲကုကု ေရာဂါကယူပစ္သလို အရွင္းေပ်ာက္သြားေတာ့တာဗ်ိဳ႕။
ဦးသာလြန္းနဲ႔ ေဒၚမယ္တင္က ေဆးကုၿပီးရင္ လူနာရွင္ဘက္က ေပးသေလာက္ကိုပဲ ယူတာ။ တစ္ခါမွလည္း ပိုမေတာင္းဘူး။ တစ္ခ်ိဳ႕ ေငြေၾကးမတတ္ႏိုင္တဲ့ သူဆိုရင္ အလကားေတာင္ကုသေပးတာ။ အဲ့ဒီ့ေတာ့ က်ဳပ္တို႔ ႐ြာတင္မကဘူး။ အျခား႐ြာေတြကပါ ဦးသာလြန္းနဲ႔ ေဒၚမယ္တင္တို႔ကို အနာေရာဂါနဲ႔ပတ္သတ္ၿပီး လႊတ္အားကိုးၾကတာဗ်ိဳ႕။ သူတို႔လင္မယားႏွစ္ေယာက္က ဘယ္လိုေရာဂါျဖစ္ေနပါေစ ရေအာင္ကုေပးတယ္။ ကုန္ကုန္ေျပာရရင္ အနာေရာဂါနဲ႔ပတ္သတ္ၿပီး သူတို႔မသိတာ မရွိဘူး။ ‘မ’ တစ္လုံးေက်တယ္လို႔ေတာင္ ေျပာလို႔ရတယ္။
တစ္ခါက က်ဳပ္တို႔႐ြာသား ေသာင္းေဖက အမဲလိုက္ၿပီးေတာထဲကျပန္လာတဲ့အခ်ိန္ ေတာစပ္နားမွာပိုးထိသြားတာ။ တစ္ကိုယ္လုံးလည္း ျပာႏွမ္းေနၿပီး အေၾကာေတြလည္းဆြဲေနတာ။ အဲ့ဒီ့အခ်ိန္ သူနဲ႔အေဖာ္ပါလာတဲ့သူ ႏွစ္ေယာက္ထဲကမွ တစ္ေယာက္ျဖစ္တဲ့ လွေမာင္က ဦးသာလြန္းဆီကို တန္းေနေအာင္ေျပးေတာ့တာေပါ့။ ဟိုေရာက္ေတာ့ ဦးသာလြန္းက ေမးတယ္။
“ဟဲ့…ဘာျဖစ္လာတာလဲ…အေလာတႀကီးနဲ႔”
“ဆရာႀကီး…ေသာင္းေဖ…ေသာင္းေဖ… ပိုးထိသြားလို႔ပါ…တစ္ကိုယ္လုံးလည္းျပာႏွမ္းေနၿပီ…အဲ့ဒါေၾကာင့္ ဆရာႀကီးကိုအရင္ လာေခၚတာပါ”
“ေဟ…ေသာင္းေဖက အခုဘယ္နားမွာတုန္း”
“ေတာစပ္မွာပါ ဆရာ”
“တယ္…ဒီေလာက္အေဝးႀကီးကို…. က်ဳပ္ဟိုေရာက္တာနဲ႔ေသာင္းေဖက ေသေနေလာက္ၿပီ”
“..ဗ်ာ…ဒါဆိုဘယ္လိုလုပ္ၾကမလဲ… ဆရာႀကီး”
“ေသာင္းေဖက ဘယ္ေနရာကို ပိုးထိခံရတာတုန္း”
“ညာဘက္ ေျခမ်က္စိနားကိုပါ ဆရာႀကီး”
“ဟုတ္လား…လာ လာ မင္းဒီမွာလာထိုင္စမ္း”
“ဗ်ာ”
“ထိုင္ဆိုထိုင္စမ္းပါဟ…ေျခေထာက္ပါ ဆင္းထား”
“ဟုတ္…ဟုတ္…ဆရာႀကီး”
ဒီလိုနဲ႔ ဆရာႀကီးက လွေမာင္ရဲ႕ ညာဘက္ေျခမ်က္စိနားကို သူ႔ရဲ႕လက္နဲ႔အုပ္ၿပီး ပါးစပ္ကေန ဂါထာလိုလို၊ မႏၲန္လိုလိုေတြကို ပြစိပြစိနဲ႔ အဆက္မျပတ္႐ြတ္ေနေတာ့တာ။ ၿပီးရင္ လက္နဲ႔ေျခဖဝါးအထိ သပ္ခ်လိုက္တာ။ အဲ့လိုမ်ိဳး လက္နဲ႔သုံးေလးခါေလာက္ သပ္ခ်ၿပီး
ခဏၾကာေတာ့ ဦးသာလြန္းက ေျပာတယ္။
“ရၿပီ…သြားေတာ့…ေသာင္းေဖ သက္သာသြားၿပီ”
“ဗ်ာ”
အဲ့ဒါနဲ႔ လွေမာင္ကလည္း ေတာစပ္ကိုတစ္က်ိဳးတည္းျပန္ေျပးေတာ့တာေပါ့။ ဟိုလည္းေရာက္ေရာ ေသာင္းေဖက အေၾကာဆြဲေနရာကေန ခ်က္ခ်င္းသက္သာသြားၿပီး လမ္းေတြဘာေတြေတာင္ ထေလွ်ာက္ေနတာ။ ပိုးထိခံရတဲ့ ေနရာကေနလည္း အဆိပ္ေတြက သူ႔အလိုလိုထြက္ကုန္တာ။ ဦးသာလြန္းဆိုတဲ့လူက အဲ့ဒီ့ေလာက္ေတာင္ စြမ္းတာဗ်ိဳ႕။
ဦးသာလြန္းကစြမ္းသလို ေဒၚမယ္တင္ကလည္း ေခသူေတာ့မဟုတ္ဘူး။ တစ္ခါက က်ဳပ္တို႔႐ြာက ေဒၚေသာင္းရီ ဗိုက္ေအာင့္တယ္ဆိုၿပီး ေျမျပင္မွာလူးလွိမ့္ၿပီးေအာ္ေနတာ။ အဲ့တာကို ေဒၚမယ္တင္က သူ႔လက္ကေလးနဲ႔ပဲ သပ္ခ်ေပးလိုက္တာ ေဒၚေသာင္းရီဗိုက္ေအာင့္တာ ခ်က္ခ်င္းေပ်ာက္သြားတယ္။ တစ္ခါတေလ ႏြားေတြေပ်ာက္တယ္ဆိုရင္လည္း ေဒၚမယ္တင္ ေနရာအတိအက်ကို ေျပာျပလိုက္တာ။ ႏြားပိုင္ရွင္ကလည္း ေဒၚမယ္တင္ေျပာျပတဲ့ေနရာကို သြားၾကည့္လိုက္ရင္ သူ႔ႏြားေတြက အဲ့ဒီ့ေနရာမွာ ရွိေနျပန္ေရာ။ ေဒၚမယ္တင္လည္း အဲ့ေလာက္ထိကို ေတာ္တာဗ်ိဳ႕။
တစ္ခါက ကိုသာေအးဆိုတဲ့လူ ညေနေစာင္းအခ်ိန္ႀကီး သရက္ပင္ေပၚတက္ၿပီး သရက္သီးတက္ခူးတာ။ အဲ့ဒီ့သရက္ပင္ေပၚက သရဲမႀကီးက သူ႔ကိုကန္ခ်လိုက္တာေလ။ အျမင့္ကေနျပဳတ္က်တာဆိုေတာ့ ကိုသာေအးတစ္ေယာက္ လက္ဖ်ံ႐ိုးႀကီးက်ိဳးသြားၿပီး အျပင္ကိုေတာင္ ေငါထြက္သြားတာ။
အဲ့ဒါနဲ႔ ထုံးစံအတိုင္း ဦးသာလြန္းတို႔ဆီကို ေျပးၾကတာေပါ့။ ဟိုေရာက္ေတာ့ ဦးသာလြန္းကမရွိဘူး။ ေဒၚမယ္တင္ပဲရွိတယ္။ အဲ့တာနဲ႔ ေဒၚမယ္တင္က ကိုသာေအးရဲ႕လက္က်ိဳးတဲ့ေနရာကို ပုလင္းတစ္ခုထဲက ေဆးရည္ကိုယူၿပီးလိမ္းေပးလိုက္ၿပီးေတာ့ အဲ့ဒီ့ေနရာကို အနက္ေရာင္ပုဝါစကေလးနဲ႔ဖုံးလိုက္တယ္။ ပုဝါအေပၚကေန သူ႔ရဲ႕လက္နဲ႔ျဖည္းျဖည္းခ်င္း သပ္ခ်လိုက္တာ။ ခဏၾကာေတာ့ ကိုသာေအးရဲ႕လက္က အေကာင္းအတိုင္းျပန္ျဖစ္သြားတယ္ဗ်။ ေဒၚမယ္တင္က အဲ့ဒီ့ေလာက္ကို ေတာ္တာဗ်ိဳ႕။
ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာေတာ့ ဦးသာလြန္းတို႔လင္မယားႏွစ္ေယာက္ကလည္း ေ႐ႊေတြေငြေတြနဲ႔ ျဖစ္လာတာေပါ့။ တျဖည္းျဖည္းနဲ႔ အေပါက္ကလည္း ဆိုးလာေရာဗ်။ အရင္လိုလည္း သေဘာမေကာင္းေတာ့ဘူး။ ပိုက္ဆံေပးရင္ကုေပးတယ္။ ပိုက္ဆံမေပးရင္ လုံးဝကုမေပးေတာ့ဘူး။ ဒါေပမယ့္လည္း က်ဳပ္တို႔႐ြာက တစ္ေယာက္မဟုတ္ တစ္ေယာက္က ေန႔တိုင္းအနာေရာဂါျဖစ္ေနေတာ့ သူတို႔ကိုပဲအားကိုးေနရတာေပါ့။
ဒါေပမယ့္ သူတို႔လင္မယားကို က်ဳပ္တို႔တစ္႐ြာလုံးက သိပ္ေတာ့မသကၤာဘူး။ မေျပာရဲလို႔သာ ၿငိမ္ေနၾကတာဗ်။ တစ္ေန႔ေတာ့ က်ဳပ္တို႔တိတ္ိတ္ဆိတ္ဆိတ္ေလး တိုင္ပင္ၿပီး သူတို႔လင္မယားႏွစ္ေယာက္ကို ေစာင့္ၾကည့္ဖို႔ဆုံးျဖတ္လိုက္တယ္။
အဲ့တာနဲ႔ပဲ သူတို႔လင္မယား ေနာက္ကို လိုက္စုံစမ္းေတာ့တာေပါ့ဗ်ာ။ ဒီလိုနဲ႔အခ်ိန္ေတြ ၾကာလာေတာ့ သူတို႔လင္မယာႏွစ္ေယာက္လုံးက ကေဝလိုလိုစုန္းလိုလို ျဖစ္ေနၾကတယ္ဆိုတာကို က်ဳပ္တို႔သတိထားမိလိုက္ၾကတယ္။
မွတ္မွတ္ရရ အဲ့ဒီ့ေနက ဦးသာလြန္းက ဂုန္ေလွ်ာ္ႀကိဳးတစ္ေခ်ာင္းကိုကိုင္ၿပီး သူ႔အိမ္ထဲကိုဝင္သြားကို က်ဳပ္ကလွမ္းျမင္လိုက္တယ္ဗ်။ အဲ့တာနဲ႔ က်ဳပ္လည္း သူ႔အိမ္အနားအထိကိုကပ္သြားၿပီး အေပါက္ေလးတစ္ေပါက္ကေန ေခ်ာင္းၾကည့္လိုက္တာ။ ဦးသာလြန္းက သူ႔လက္ထဲကိုင္ထားတဲ့ ဂုန္ေလွ်ာ္ႀကိဳးကို ထန္းေခါက္ဖာထဲထည့္လိုက္တယ္။ ၿပီးေတာ့ အေပၚကေနအဖုံးအုပ္ၿပီး ပြစိပြစိနဲ႔ တစ္ခုခုကို႐ြတ္ဆိုေနတယ္။ ေဘးနားမွာရွိတဲ့ လူဦးေခါင္းခြံကိုလည္း လူအ႐ိုးတစ္ေခ်ာင္းနဲ႔ ‘တေတာက္ေတာက္နဲ႔ ျမည္ေနေအာင္’ ေခါက္ေနေသးတယ္။ ခဏၾကာေတာ့ ထန္းေခါက္ဖာကို ဖြင့္လိုက္တဲ့အခ်ိန္မွာ ေစာေစာကထည့္ထားတဲ့ ဂုန္ေလွ်ာ္ႀကိဳးကေန ေႁမြအနက္ႀကီးတစ္ေကာင္ျဖစ္သြားတာဗ်ိဳ႕။ က်ဳပ္ျဖင့္ ၾကက္သီးေတြေတာင္ ထသြားတယ္။
အဲ့ဒီ့ေန႔ခ်င္းပဲ က်ဳပ္တို႔႐ြာထဲက လူတစ္ေယာက္ ေႁမြေပါက္ခံလိုက္ရတယ္။
ေပါက္တဲ့ေႁမြကိုလည္း ေသခ်ာဖမ္းထားၿပီး အိမ္အေနာက္မွာထားထားလိုက္တယ္။ ဒါကေတာ့ က်ဳပ္အႀကံေပါ့ဗ်ာ။ က်ဳပ္ကမသကၤာလို႔ အခုလိုလုပ္ထားတာ။
ထုံးစံအတိုင္း ဦးသာလြန္းက ေရာက္လာၿပီး ေႁမြေပါက္တဲ့ေနရာကို လက္နဲ႔သပ္ခ်လိုက္တာ ေသမလိုျဖစ္ေနတဲ့လူက ခ်က္ခ်င္းသက္သာသြားေရာ။ အဲ့ဒီ့အခ်ိန္မွာပဲ အိမ္အေနာက္မွာဖမ္းထားတဲ့ ေႁမြကေန ဂုန္ေလွ်ာ္ႀကိဳးအျဖစ္ျပန္ေျပာင္းသြားတာဗ်ိဳ႕။ ဦးသာလြန္းကေတာ့ ေဆးကုလို႔ရတဲ့ပိုက္ဆံကိုယူၿပီး ေျမာက္ႂကြေျမာက္ႂကြနဲ႔ ျပန္သြားေတာ့တာ။
ေဒၚမယ္တင္က်ျပန္ေတာ့ အသား၊ ငါး ေတြကိုအစိမ္းလိုက္ႀကီးစားတာ။ တစ္ခါတစ္ခါဆို ၾကက္ရဲ႕လည္ပင္းကေနကိုက္ၿပီး ေသြးစုပ္ပစ္တာ။ အဲ့ဒါကိုေတာ့ ေသာင္းေဖကေတြ႕ခဲ့တာ။
ဒီလိုနဲ႔ တျဖည္းျဖည္းက်ဳပ္တို႔႐ြာကလူေတြက အကုန္ရိပ္မိလာၾကေတာ့ အထက္လမ္းဆရာေတြကို လိုက္ရွာၾကတာေပါ့။ ဒါေပမယ့္လည္း ဘယ္အထက္လမ္းဆရာမွ ႐ြာထဲအထိကိုမေရာက္လိုက္ဘူး။ ႐ြာအျပင္မွာတင္ ေသသြားၾကတာခ်ည္းပဲ။
တစ္ခါက အထက္လမ္းဆရာတစ္ေယာက္က သူ႔ကိုယ္သူ အဆင့္ငါးရွိတဲ့ အထက္လမ္းဆရာကြဆိုၿပီး ႐ြာထဲကိုဝင္လာတယ္။ ဦးသာလြန္းတို႔အိမ္ေရွ႕အထိကိုသြားၿပီး စိန္ေခၚေနေသးတာ။ အဲ့ဒီ့အခ်ိန္ က်ဳပ္တို႔လည္း အားတက္သြားတာေပါ့။ ဘာလို႔ဆို အရင္ကဒီ႐ြာကိုလာတဲ့ အထက္လမ္းဆရာမွန္သမွ်က ႐ြာထဲအထိေတာင္မေရာက္လိုက္ဘူး ႐ြာအျပင္မွာတင္ေသသြားၾကတာေလ။ မေသရင္ေတာင္ ျပန္လွည့္ေျပးရတာခ်ည္းပဲ။
အခုေရာက္လာတဲ့ဆရာက်ေတာ့ ႐ြာထဲဝင္လာ႐ုံတင္မကဘူး။ ဦးသာလြန္းတို႔အိမ္အေရွ႕အထိသြားၿပီး စိန္ေခၚေနတာဆိုေတာ့ က်ဳပ္တို႔လည္းအရမ္းဝမ္းသာသြားတာေပါ့။
အဲ့ဒီ့အခ်ိန္ ဦးသာလြန္းတို႔က အိမ္အျပင္ေတာင္ထြက္မလာဘူး။ ၿငိမ္ေနတာ။ က်ဳပ္တို႔ကလည္း အထက္လမ္းဆရာႀကီးကို ေၾကာက္လို႔ၿငိမ္ေနတယ္လို႔ ထင္တာေပါ့။ ခဏၾကာေတာ့ အဲ့ဒီ့အိမ္ထဲက
‘တေတာက္ေတာက္’ နဲ႔ တစ္ခုခုကိုထု႐ိုက္ေနတဲ့အသံကိုၾကားလိုက္ရတယ္ဗ်။ က်ဳပ္အထင္ကေတာ့ လူဦးေခါင္းခြံကို ထု႐ိုက္ေနတယ္လို႔ထင္တယ္ဗ်။
အဲ့ဒီ့ ဦးေခါင္းခြံကို ထု႐ိုက္ေနတဲ့အသံလည္းထြက္လာေရာ အထက္လမ္းဆရာႀကီးက ဘာမွဆက္မေျပာေတာ့ပဲ ေၾကာင္ေတာင္ေတာင္ႀကီးနဲ႔ရပ္ေနတာ။ ၿပီးေတာ့ ေဘးမွာရွိတဲ့သစ္ပင္ေတြကို သူ႔ေခါင္းနဲ႔ေျပးေျပးေဆာင့္ေနတာ။ ခဏၾကာေတာ့ သူဝတ္ထားတဲ့ အဝတ္အစားေတြကိုခြၽတ္ၿပီး ကိုယ္လုံးတီးႀကီးနဲ႔ ႐ြာထဲပတ္ေျပးေနေတာ့တာဗ်ိဳ႕။ ပါးစပ္ကေနလည္း ‘အား…ေၾကာက္တယ္..မလာနဲ႔..ေႁမြ..ေႁမြေတြ..အမ်ားႀကီးပဲ..ေျပးၾကေဟ့..ေျပးၾက’ ဆိုၿပီးေအာ္ေနတာ။ ေနာက္ႏွစ္ရက္ေလာက္ၾကာေတာ့ အဲ့ဒီ့အထက္လမ္းဆရာလည္း ေရတြင္းပ်က္ႀကီးထဲျပဳတ္က်ၿပီး ေသသြားပါေလေရာ။
ေနာက္မွ က်ဳပ္တို႔အတိအက်သိခဲ့ရတာက ဦးသာလြန္းက ေအာက္လမ္းဆရာႀကီးျဖစ္ေနတာဗ်ိဳ႕။
အဲ့ဒီ့ေအာက္လမ္းပညာကိုလိုက္စားတဲ့သူေတြက အင္မတန္မွ ငရဲႀကီးတာ။ သူတို႔ပညာရဲ႕သေဘာက မေကာင္းတာကိုဖိလုပ္ေလ ပိုၿပီးအစြမ္းထက္ေလပဲ။ ေအာက္လမ္းေဆးအစီအရင္ေတြသုံးၿပီး သူမ်ားသား၊ မယားကိုဖ်က္ဆီးတယ္။ သူတို႔ ပညာနဲ႔ သရဲ၊ တေစၦေတြကို ေခၚၿပီးခိုင္းစားတယ္။ သူတို႔ကိုယ္သူတို႔လည္း ေသရင္အဝီစိငရဲအထိ တန္းက်မွာကိုသိတယ္။ ဒါေပမယ့္လည္း မထူးဇာတ္ကိုကၿပီး မိုက္ၿပီးရင္းမိုက္မဲေနၾကတဲ့သူေတြ။ သူတို႔က ဒီတစ္ဘဝပဲ အသက္ရွင္ရေတာ့မွာဆိုေတာ့ သက္ဆိုးရွည္ေနၾကတာေလ။
ေဒၚမယ္တင္က်ေတာ့ ပိုဆိုးတယ္။ သူက ကေဝမႀကီးတစ္ေယာက္ဗ်။ ကေဝေတာင္႐ိုး႐ိုးကေဝမဟုတ္ဘူး။ ကေဝေျမာက္စြန္းအမ်ိဳးအစားထဲကျဖစ္တယ္။
“ကေဝ ဆိုတာဘယ္လိုမ်ိဳးလဲဟင္ အဘိုး”
ဆိုးေပက ထေမးလိုက္ျခင္းျဖစ္၏။ ထိုအခ်ိန္ ဘိုးမင္းေအာင္က ေျပာလက္စ စကားကိုခဏရပ္ထားတာ ေရေႏြးၾကမ္းကေလးအား ေမာ့ေသာက္လိုက္ေလသည္။ ၿပီးမွ စကားဆက္ေလ၏။
“ကေဝဆိုတာ ကဝိသဒၵါကဆင္းသက္လာၿပီး အေက်ာ္အေမာ္လို႔အဓိပၸါယ္ရတယ္ကြဲ႕…သာမန္အဆင့္ကေန (၁၂)ႀကိဳးကေဝေတြျဖစ္တဲ့ ေဇာ္ဂနီ၊ ေဇာ္ဂနက္၊ ေမာက္လုံး၊ ေမာက္ျပား၊ ေမာက္တို၊ ေမာက္ရွည္ စတဲ့အဆင့္ေတြအထိ စက္ႀကိဳးလို႔ေခၚတဲ့ စုန္းႀကိဳး၊ ကေဝႀကိဳးေတြနဲ႔ အဆင့္တက္ၾကရတယ္…
သူတို႔က စက္ႀကိဳးယႏၲရားအတတ္ကို အသုံးျပဳၿပီးေတာ့ ေကာင္းကင္ေပၚကိုပ်ံတက္ႏိုင္ၾကတယ္…စုန္း၊ ကေဝ အမ်ိဳးအစားေပါင္း (၉၉)မ်ိဳးရွိတဲ့အထဲကမွ
ေျမာက္စြန္းအမ်ိဳးအစားက အသားစားစုန္းမ်ိဳးျဖစ္တယ္…လူသား၊ လူေသြးနဲ႔ လူ႐ိုးတို႔ကိုလည္း စားသုံးၾကတယ္…
တခ်ိဳ႕က်ေတာ့ ၾကက္၊ ဝက္၊ ဘဲ စတဲ့တိရစာၦန္ေတြကို အရွင္လတ္လတ္စားေသာက္တတ္ၾကတယ္…သူတို႔က ျပဳစားလိုသူရဲ႕နာမည္ကိုသိ႐ုံနဲ႔ အဲ့ဒီ့လူရဲ႕ကိုယ္ေစာင့္နတ္ကိုေတာင္ ေစခိုင္းၿပီး ဖမ္းစားႏိုင္တဲ့အစြမ္းေတြရွိတယ္…”
“ဪ…ဟုတ္ အဘိုး”
ဒီလိုနဲ႔ ဦးသာလြန္းက ျပဳစားလိုက္၊ ေဒၚမယ္တင္က အခေၾကးေငြယူၿပီး ေဆးကုေပးလိုက္၊ တစ္ဖန္ ေဒာ္မယ္တင္က ျပဳစားလိုက္ ဦးသာလြန္းက အခေၾကးေငြယူၿပီး ေဆးကုေပးလိုက္လုပ္ရင္း ပိုက္ဆံလိမ္ယူေနတာကို က်ဳပ္တို႔႐ြာသားေတြအကုန္ သိလာၾကတယ္။ ဒါေပမယ့္လည္းဗ်ာ အထက္လမ္းဆရာေတြေတာင္ သူတို႔လင္မယားကို မႏိုင္ၾကတာ က်ဳပ္တို႔လို သာမန္လူေတြက ဘာတတ္ႏိုင္မွာတုန္း။ ဒီအတိုင္းပဲ ၿငိမ္ခံေနရၿပီး အထက္လမ္းဆရာႀကီးေတြကို တိတ္တဆိတ္ရွာေဖြၾကရေတာ့တာေပါ့။
ဒီလိုနဲ႔ တစ္ေန႔က်ေတာ့ ေဒၚေသာင္းရီက ဗိုက္ေအာင့္တယ္ဆိုၿပီး ေဒၚမယ္တင္ဆီကိုေျပးသြားတယ္။ ျဖစ္ခ်င္ေတာ့ အဲ့ဒီ့အခ်ိန္ ေဒၚေသာင္းရီဆီမွာက ပိုက္ဆံျပတ္လပ္ေနတဲ့အခ်ိန္ျဖစ္ေနတာ။ ေဒၚမယ္တင္ကလည္း ပိုက္ဆံမရရင္လုံးဝကုမေပးႏိုင္ဘူးခ်ည္း ေျပာေနေတာ့တာ။ အဲ့ဒီလိုနဲ႔ ေဒၚေသာင္းရီနဲ႔ ေဒၚမယ္တင္ စကားမ်ားေနရင္းကေန ေဒၚေသာင္းရီက႐ုတ္တရက္ ေခြခနဲလဲက်သြားတယ္။ အနီးပတ္ဝန္းက်င္ကလူေတြကလည္း ေဒၚေသာင္းရီကို ေျပးၿပီးထူၾကတာေပါ့။ အဲ့ဒီ့အခ်ိန္ ေဒၚေသာင္းရီရဲ႕ ဇာတ္ကက်ိဳးေနၿပီ။ အသက္လည္း မရႉေတာ့ဘူး။ အနီးနားကလူေတြကလည္း ဒါကေဒၚမယ္တင္လက္ခ်က္ဆိုတာကို သိေနၾကတာေပါ့ဗ်ာ။ ဒါေပမယ့္ ဘယ္သူမွပါးစပ္မဟရဲၾကဘူး။ ဒါနဲ႔ပဲ ေဒၚေသာင္းရီကို သူ႔အိမ္ျပန္သယ္လာၿပီး အသုဘေျမခ်ဖို႔စီစဥ္ရေတာ့တာေပါ့ဗ်ာ။
ခဏၾကာေတာ့ ပုဆိုးကြက္ေပ်ာက္ႀကီးတစ္ထည္ကို ဒူးအေပၚအထိေရာက္ေအာင္ဝတ္ထားတဲ့ လူတစ္ေယာက္က ဦးသာလြန္းတို႔အိမ္အေရွ႕ကိုေရာက္လာတယ္။ အဲ့လူက အက်ႌေတာ့ဝတ္မထားဘူးဗ်။ ေက်ာကုန္းနဲ႔ရင္ဘတ္ေတြမွာလည္း ေဆးမွင္ေၾကာင္ေတြအျပည့္ထိုးထားေသးတယ္။ ဆံပင္ကလည္း ကတုံးဆံေတာက္နဲ႔။ အဲ့ဒီ့လူက အျခားသူမဟုတ္ဘူး။ ဝါးရင္းတုတ္ ဖိုးတုတ္ႀကီးဗ်။
ၿပီးေတာ့ ဖိုးတုတ္က ေအာ္ဆဲေနတာ။
“ေဟ့…ေစာက္အဖိုးႀကီးနဲ႔အဖြားႀကီး ထြက္ခဲ့စမ္း…ေစာက္ေအာက္လမ္းေကာင္ႀကီး…ေစာက္စုန္းမႀကီး…ထြက္ခဲ့…ထြက္ခဲ့ေလ ဘာလဲအခုမွေၾကာက္ေနတာလား…ေဟ့ ဦးသာလြန္း ခင္ဗ်ားရဲ႕တိုက္ေႁမြနဲ႔ က်ဳပ္ကို လာကိုက္ခိုင္းေလ…ေဟ….အခုမွေၾကာက္ေနၿပီလား”
ဖိုးတုန္းရဲ႕ညာဘက္လက္မွာက ဝါးရင္းတုတ္၊ ဘယ္ဘက္လက္မွာက ရဲဒင္းႀကီးကိုင္ၿပီး ဦးသာလြန္းနဲ႔ ေဒၚမယ္တင္ကို ဆဲဆိုေနတာေလ။ ဘာလို႔လဲဆိုေတာ့ ေဒၚမယ္တင္ျပဳစားၿပီးသတ္လိုက္တဲ့ ေဒၚေသာင္းရီ ဆိုတာ ဖိုးတုတ္ရဲ႕အေမေလ။ အဲ့ဒီ့ေတာ့ ဖိုးတုတ္က ေသာင္းက်န္းၿပီေပါ့။
“က်ဳပ္အေမေသသလို… ခင္ဗ်ာတို႔လင္မယားႏွစ္ေယာက္လည္း ေသကိုေသေစရမယ္…ထြက္ခဲ့စမ္း”
အဲ့ဒီ့အခ်ိန္ က်ဳပ္တို႔႐ြာသားေတြကလည္း ဒီလင္မယားႏွစ္ေယာက္ကို အခဲမေၾကျဖစ္ေနၾကတာဆိုေတာ့ ဖိုးတုတ္ဘက္ကေနရပ္တည္ေပးၾကတာေပါ့ဗ်ာ။ ဒီလိုနဲ႔ ဦးသာလြန္းနဲ႔ ေဒၚမယ္တင္တို႔ အိမ္ေရွ႕ကို က်ဳပ္တို႔တစ္႐ြာလုံးနီးပါးက လက္နက္ကိုယ္စီနဲ႔ ေရာက္လာၾကတာဗ်။ အိမ္ေခါင္မိုးကိုလည္း ခဲေတြနဲ႔ပစ္လို႔ပစ္ေပါ့ဗ်ာ။
ဒီလိုနဲ႔ခဏၾကာေတာ့ ေႁမြတြန္သံေတြကို တ႐ႊီး႐ႊီးနဲ႔ ျမည္ေနေအာင္ၾကားလိုက္ရတယ္ဗ်။ ၿပီးေတာ့ မၾကာပါဘူး ဦးသာလြန္းတို႔အိမ္ထဲကေန ေႁမြအနက္ခ်ည္းပဲ အေကာင္ႏွစ္ဆယ္ေလာက္ေျပးထြက္လာတာ ဖိုးတုတ္နဲ႔အတူ က်ဳပ္တို႔႐ြာသားေတြကလည္း အဲ့ဒီ့ေျမေတြကို လိုက္႐ိုက္သတ္တာေပါ့။ ေႁမြေတြက အျခားေနရာေတြကို ခုတ္ျဖတ္ရင္ ဘာမွျဖစ္မသြားဘူး။ ေခါင္းကိုျဖတ္ပစ္မွေသသြားတာ။ အဲ့ဒီ့လိုေသသြားရင္လည္း ခ်က္ခ်င္း ဂုန္ေလွ်ာ္ႀကိဳးေတြျဖစ္ကုန္တာဗ်။ အဲ့ဒီ့ေႁမြေတြေၾကာင့္ က်ဳပ္တို႔႐ြာသား ငါးေယာက္ေလာက္က ေနရာတင္ အေၾကာေတြဆန္႔ကုန္ၿပီး ပြဲခ်င္းၿပီးေသသြားေသးတယ္။
ဒီလိုနဲ႔ ခဏၾကာေတာ့ ဖိုးတုတ္ကဦးေဆာင္ၿပီး ဦးသာလြန္းတို႔အိမ္ထဲကို ေျပးဝင္သြားေရာ။ က်ဳပ္တို႔႐ြာသားေတြကလည္း သူ႔ေနာက္ကလိုက္ခဲ့ၾကတာေပါ့။ ၿပီးေတာ့ ဖိုးတုတ္ကေျပာတယ္။
“ေဟ့ေရာင္ေတြ…ဒီေကာင္ေတြ အိမ္ထဲမွာမရွိေတာ့ဘူး အျခားေနရာကိုအျမန္လိုက္ရွာၾက”
ဖိုးတုတ္က အဲ့လိုလည္းေျပာၿပီးေရာ ဦးသာလြန္းတို႔အိမ္ေပၚကို မီးတုတ္ႀကီးပစ္တင္လိုက္ပါေလေရာ။ ဘယ္ၾကာလိမ့္မတုန္း အိမ္ကခဏေလးအတြင္းပဲ ျပာက်သြားတယ္။ အဲ့ဒီ့အခ်ိန္ က်ဳပ္တို႔႐ြာသားေတြကလည္း ေပ်ာ္ေနၾကတာေတာ့ဗ်ာ။ ဒီေအာက္လမ္းနဲ႔ ကေဝမႀကီးရဲ႕ ဒဏ္ကိုခံလာခဲ့ရတဲ့အခ်ိန္က နည္းတာမွမဟုတ္တာ။ အဲ့ဒီ့ေတာ့ ေပ်ာ္ၾကတာေပါ့။
“ဆရာ…ဒီမွာေတြ႕ၿပီဆရာ”
ဖိုးတုတ္ရဲ႕ တပည့္တစ္ေယာက္က လွမ္းေအာ္ေျပာလိုက္တာေလ။ အဲ့တာနဲ႔ ဖိုးတုတ္ကလည္းသြားၾကည့္လိုက္ေတာ့ ေဒၚမယ္တင္ႀကီးျဖစ္ေနတာဗ်။
“မင္းေတာ္တယ္…သြား..ဒီဟာမႀကီးကို သစ္ပင္မွာခ်ည္ၿပီး မင္းတို႔စိတ္ေက်နပ္တဲ့အထိ႐ိုက္ၾက”
“ဟုတ္ ဆရာ”
အဲ့ဒီ့လိုနဲ႔ ေဒၚမယ္တင္က သစ္ပင္မွာႀကိဳးခ်ည္ခံရေတာ့တာေပါ့။ ၿပီးေတာ့ ဖိုးတုတ္တပည့္ေတြတင္မကဘူး။ က်ဳပ္တို႔႐ြာကလူေတြပါ ေဒၚမယ္တင္ကို တုတ္နဲ႔႐ိုက္တဲ့သူက႐ိုက္၊ ခဲနဲ႔ေပါက္တဲ့သူကေပါက္၊ ဓားနဲ႔ထိုးတဲ့သူကထိုးနဲ႔ ဝိုင္းၿပီးလုပ္ၾကေတာ့တာေပါ့။ ဒါေပမယ့္ ေဒၚမယ္တင္ႀကီးက ဘာမွမျဖစ္ဘူးဗ်ာ။ တဟားဟားနဲ႔ေတာင္ေအာ္ရယ္ေနေသးတာ။ အဲ့ဒီ့အခ်ိန္ ၿခဳံတစ္ၿခဳံရဲ႕အေနာက္ဘက္ကေန ဖိုးတုတ္တပည့္တစ္ေယာက္က လွမ္းေအာ္ေျပာတယ္ဗ်။
“ဆရာဖိုးတုတ္…ဒီဘက္မွာေအာက္လမ္းေကာင္ႀကီးကိုေတြ႕ၿပီ”
“ဟုတ္လား…ေခၚလာခဲ့စမ္းကြာ…ဒီကို”
“ေခၚလို႔မရဘူးဆရာ..က်ဳပ္တို႔ႏွစ္ေယာက္ ဝိုင္းဆြဲတာေတာင္ ဒီလူႀကီးကနည္းနည္းမွမလႉပ္ဘူး”
အဲ့တာနဲ႔ ဖိုးတုတ္ကလည္း သူ႔တပည့္အနားကိုသြားလိုက္တဲ့အခါ ဟုတ္ပါ့ဗ်ာ ဦးသာလြန္းႀကီးက ေတာင့္ေတာင့္ႀကီးရပ္ေနတာ လုံးဝကိုမလႉပ္ဘူး။ အဲ့ဒီ့အခ်ိန္ ဖိုးတုတ္က ေျပာတယ္ဗ်။
“ေဟ့ေရာင္ ဒီအတိုင္ေခၚမရရင္ ဓားနဲ႔ထိုးၿပီးေခၚလာခဲ့”
“မရဘူးဆရာ ဓားကသူ႔အသားထဲကိုဝင္မသြားဘူး”
“ေဟ…ေပးစမ္း ငါ့ကိုဓား”
အဲ့တာနဲ႔ ဖိုးတုတ္ကလည္း ဦးသာလြန္းကို ဓားနဲ႔တရစပ္ထိုးေတာ့တာေပါ့။ ဦးသာလြန္းကလည္းဘာမွမျဖစ္ဘူးဗ်ာ။ မသိရင္ ရာဘာတုံးႀကီးကို ထိုးေနသလိုႀကီးျဖစ္ေနတာဗ်ိဳ႕။ က်ဳပ္တို႔လည္း အံ့ၾသေနၾကတာ။ အဲ့တာနဲ႔ ဖိုးတုတ္က စိတ္မရွည္တာနဲ႔ သူ႔လက္ထဲက ဝါးဆစ္ပိတ္တုတ္အစိမ္းႀကီးနဲ႔ ဦးသာလြန္းရဲ႕ ေခါင္းကိုခ်ည္း႐ိုက္ေနေတာ့တာ။ က်ဳပ္အထင္ အခ်က္ႏွစ္ဆယ္ေက်ာ္ေလာက္ေတာ့ရွိမယ္ဗ်။ အဲ့ဒီ့ေတာ့မွ ဦးသာလြန္းက နည္းနည္းေပ်ာ့ေခြသြားေတာ့တယ္။ ဒါေပမယ့္ သူ႔ေခါင္းမွာေတာ့ ဘာဒဏ္ရာမွ ရွိမေနဘူးဗ်။
ဒီလိုနဲ႔ ဦးသာလြန္းကိုပါေခၚလာၿပီး ေဒၚမယ္တင္အနားမွာႀကိဳးနဲ႔ကပ္ခ်ည္ထားလိုက္တယ္။ ၿပီးေတာ့ ဖိုးတုတ္က ရဲဒင္းႀကီးနဲ႔ သူတို႔လင္မယားႏွစ္ေယာက္ကို လိုက္ခုတ္တာ ဘာမွျဖစ္မသြားဘူးဗ်ာ။ ရဲဒင္းႀကီးက ျပန္ၿပီးကန္ထြက္လာတာ။ က်ဳပ္တို႔တစ္႐ြာလုံးကလူေတြကလည္း အံ့ၾသေနၾကတာဗ်ိဳ႕။ အဲ့ဒီ့အခ်ိန္ ဖိုးတုတ္တပည့္တစ္ေယာက္က ဝင္ေျပာတယ္။
“ဆရာဖိုးတုတ္ သူတို႔ႏွစ္ေယာက္က တုတ္ၿပီး၊ ဓားၿပီးေနတယ္ဆရာ…သူတို႔ကိုဘယ္လိုမွသတ္လို႔ရမယ္မထင္ဘူး”
“ဒီမွာ…ေဟ့ေရာင္ သူတို႔ဘာသာ တုတ္ၿပီးၿပီး၊ ဓားၿပီးၿပီး ငါရေအာင္သတ္မယ္ကြာ..
.ဒီႏွစ္ေကာင္ကို ခဲႀကီးႀကီးနဲ႔တြဲခ်ည္ၿပီး ေရတြင္းထဲပစ္ခ်ၿပီးသတ္မယ္ကြာ..ေသကိုေသေစရမယ္…”
“ဟာ….ဟုတ္တယ္ ဆရာဖိုးတုတ္…အဲ့လိုဆိုသူတို႔ခံႏိုင္မွာမဟုတ္ဘူး”
“ေအး…ဒါဆိုလည္း သတ္ဖို႔ျပင္ေတာ့”
“ဟုတ္…ဆရာ”
ဖိုးတုတ္ရဲ႕တပည့္ေတြက ဦးသာလြန္းတို႔လင္မယားႏွစ္ေယာက္ကို ခဲႀကီးႀကီးနဲ႔တြဲၿပီး ႀကိဳးခ်ည္ေနတဲ့အခ်ိန္မွာ အသက္ေျခာက္ဆယ္ေက်ာ္ေလာက္ရွိၿပီလို႔ထင္ရတဲ့ အဘႀကီးႏွစ္ေယာက္ ေရာက္လာတယ္။ တစ္ေယာက္က ေတာင္ေဝွးကိုကိုင္ထားၿပီး တစ္ေယာက္က စိပ္ပုတီးႀကီးကို စိပ္ေနရင္းစကားစေျပာလိုက္တာဗ်။
“လူေလးတို႔…က်ဳပ္တို႔က အထက္ဂိုဏ္းဆရာေတြပါ။ ႐ြာစဥ္လွည့္ၿပီး စုန္းကေဝ၊ ေအာက္လမ္းပညာသည္ေတြဆီကေန သူတို႔ပညာစက္ေတြကို အလႉခံၿပီး ဖ်က္ဆီးပစ္ေနတဲ့သူေတြပါ”
“အခု ဘာကိစၥနဲ႔က်ဳပ္တို႔ဆီ လာတာတုန္း”
“အသက္ႏွစ္ေခ်ာင္းကို အလႉခံခ်င္လို႔ပါ”
“အလႉခံေတြ အလိုမရွိဘူး ျပန္ေတာ့”
ဖိုးတုတ္က ခပ္ျပတ္ျပတ္ေျပာလိုက္တာဗ်။ အဲ့ဒီ့အခ်ိန္ အထက္လမ္းဆရာႀကီးတစ္ေယာက္က ေျပာတယ္။
“လူေလးတို႔ကို…မမိုက္မွားေစခ်င္ဘူး…လူေလးတို႔အခုသတ္ျဖတ္ေနတဲ့ ဒီႏွစ္ေယာက္ကို က်ဳပ္တို႔လက္ထဲအပ္လိုက္ပါ။ သူတို႔ရဲ႕ပညာစက္ေတြကို ႏုတ္ယူၿပီးဖ်က္ဆီးလိုက္ရင္ သူတို႔ဟာ သာမန္လူေတြျဖစ္သြားၿပီး ဘယ္သူ႔ကိုမွလည္းဒုကၡမေပးႏိုင္ေတာ့ပါဘူး”
“ဘာလို႔အပ္ရမွာလဲ…မအပ္ဘူး…ဒီႏွစ္ေကာင္က က်ဳပ္အေမကိုသတ္ပစ္တဲ့ေကာင္ေတြ…က်ဳပ္လက္နဲ႔ပဲ လက္စားျပန္ေခ်မယ္”
“ေဒါသကို ေရွ႕တန္းမတင္ပါနဲ႔ကြယ္…”.
“ဟာဗ်ာ…ကိုယ့္လမ္းကိုယ္သြားစမ္းပါဗ်ာ…”
ဖိုးတုတ္ကလည္း အတင္းကိုေခါင္းမာေနတာဗ်ိဳ႕။ အဲ့ဒီ့အခ်ိန္ ႐ြာသူႀကီးကဝင္ေျပာတယ္ဗ်။
“ဟုတ္ပါတယ္…ဖိုးတုတ္ရာ..ဒီဆရာေတြဆီကို အပ္လိုက္တာ အေကာင္းဆုံးပါပဲကြာ..သူတို႔ကို.မင္းလည္းသတ္ႏိုင္တာမွမဟုတ္တာ”
“ဘာလို႔မရရမွာလဲ…က်ဳပ္ရေအာင္သတ္မွာ”
အဲ့ဒီ့အခ်ိန္ ဖိုးတုတ္နဲ႔ ဘႀကီးေတာ္စပ္တဲ့ ဦးႀကီးေသာင္းစိန္က ဝင္ေျပာတယ္ဗ်။ ဦးႀကီးေသာင္းစိန္က ဖိုးတုတ္အေမ ေဒၚေသာင္းရီရဲ႕ အစ္ကိုေလ။
“ဖိုးတုတ္…ဘႀကီးေျပာတာကိုနားေထာင္…သာလြန္းနဲ႔မယ္တင္ကို ေဟာဒီက ဆရာႀကီးေတြဆီကိုအပ္လိုက္တာက ပိုၿပီးနည္းလမ္းက်ပါတယ္ကြာ…
သာလြန္းနဲ႔မယ္တင္ဆိုတာကလည္း မၾကာခင္သူ႔စရိတ္နဲ႔သူ သြားၾကေတာ့မွာပါ မင္းသတ္စရာေတာင္မလိုပါဘူး…ဒီဆရာေတြလက္ထဲအပ္လိုက္ရင္ သူတို႔ႏွစ္ေယာက္ရဲ႕ ပညာစက္ေတြကုန္ၿပီး က်ားဘဝကေန ေၾကာင္ဘဝကိုေျပာင္းရေတာ့မွာပါကြာ…
မင္းကေခါင္းမာၿပီး ေရတြင္းထဲပစ္ခ်ၿပီးသတ္တာေတာင္ မေသဘူးဆိုရင္ ဘယ္လိုလုပ္ၾကမလဲ…အဲ့ဒီ့ေတာ့မွ အခုထပ္အေျခအေနပိုဆိုးကုန္ပါဦးမယ္ကြာ…
က်ဳပ္ကပဲ ၾကားထဲကေတာင္းပန္တယ္ ဟုတ္ၿပီလား…ဒီလင္မယားႏွစ္ေယာက္ကို ဆရာႀကီးေတြလက္ထဲ အပ္လိုက္ပါေတာ့”
“ေကာင္းၿပီေလ…က်ဳပ္ဘႀကီးကိုယ္တိုင္ေတာင္းပန္လို႔ ဆရာႀကီးေတြလက္ထဲက်ဳပ္ အပ္မယ္ဗ်ာ”
ဒီလိုနဲ႔ပဲ အထက္လမ္းလမ္းဆရာႀကီးေတြက ႐ြာလူႀကီးေတြအကူအညီနဲ႔ ငွက္ေပ်ာပြဲ၊ အုန္းပြဲေတြ ျပင္လိုက္ၾကတယ္။ ဖိုးတုတ္နဲ႔ သူ႔တပည့္ေတြကေတာ့ ဓားတျပင္ျပင္ တုတ္တျပင္ျပင္နဲ႔ ေဘးနားကေနအကဲခတ္ေနၾကတာ။
ခဏၾကာေတာ့ အထက္လမ္းဆရာႀကီးက ဦးသာလြန္းကေဒၚမယ္တင္ကို ပညာစက္ေတြအပ္ခိုင္းတယ္။ ဒါေပမယ့္သူတို႔က မအပ္ခ်င္ၾကဘူး။ အင္တင္တင္ ေပေစာင္းေစာင္းလုပ္ေနၾကတာ။ အဲ့တာနဲ႔ ဆရာႀကီးေတြကလည္း အင္းေစာင့္ေတြ၊ ေဆးေစာင့္ေတြနဲ႔ ဆုံးမခိုင္းေတာ့တာေပါ့…။
“အား…ပူတယ္ ပူတယ္”
.ဒါက ေဒၚမယ္တင္ေအာ္ေနတဲ့ အသံဗ်။ အာေခါင္ျခစ္ၿပီးေတာ့ကို ေအာ္ေနတာ။
“တိုက္ဆင္နဲ႔နင္း…အစြယ္နဲ႔ထိုး…မေသေစနဲ႔”
ဆရာႀကီးေတြကလည္း ၾသဇာအာဏာပါလွတဲ့ အသံနဲ႔ကို ေျပာေနတာဗ်။ အဲ့ဒီ့အခ်ိန္
“အား…ေၾကာက္ပါၿပီ..အပ္ပါေတာ့မယ္..ပညာစက္ေတြအကုန္အပ္ပါ့မယ္…မလုပ္ပါနဲ႔ေတာ့…မခံႏိုင္ေတာ့လို႔ပါ”
အဲ့ဒီ့ေတာ့မွ ဦးသာလြန္းနဲ႔ ေဒၚမယ္တင္က သူတို႔ပညာစက္ေတြကို အပ္လိုက္ေတာ့တာ။
“ေအး…အကုန္အပ္…ဘာတစ္ခုမွမခ်န္ထားနဲ႔”
အထက္လမ္းဆရာႀကီးေတြက အဲ့လိုေျပာေနတဲ့အခ်ိန္ ေဒၚမယ္တင္ႀကီးက ဖိုးတုတ္ကိုမ်က္ေထာင့္နီႀကီးနဲ႔ စိုက္ၾကည့္ေနေတာ့တာ။ ၿပီးေတာ့ ပါးစပ္ကေနလည္း ပြစိပြစိနဲ႔ ႐ြတ္ေနေသးတာဗ်။ ခဏၾကာေတာ့ ဖိုးတုတ္က သူ႔အနားကတစ္ေယာက္ကို လက္ထဲက ဝါးရင္းတုတ္နဲ႔ ငယ္ထိပ္တည့္တည့္ကေန အားရပါးရ႐ိုက္ခ်လိုက္တာ ဟက္တက္ႀကီးကြဲသြားတယ္။ အဲ့ဒီ့အခ်ိန္ ႐ိုက္ခံလိုက္ရတဲ့သူရဲ႕ အစ္ကိုျဖစ္သူက ဖိုးတုတ္ကိုဓားေျမႇာင္နဲ႔ေျပးထိုးလိုက္ေရာ။ ဖိုးတုတ္ရဲ႕တပည့္တစ္ေယာက္ကလည္း သူ႔ဆရာကိုဓားေျမႇာင္နဲ႔ထိုးတဲ့သူကို ဓားနဲ႔ဝင္ခုတ္ေရာ။ အဲ့ဒီ့လိုနဲ႔ ႐ြာသားအခ်င္းခ်င္း တစ္ေယင္ာနဲ႔တစ္ေယာက္ ဓားေတြတုတ္ေတြနဲ႔ ခုတ္ၾက႐ိုက္ၾကေတာ့ အနီးကတစ္ခ်ိဳ႕လူေတြကေတာ့ထြက္ေျပးၾကတာေပါ့။ အဲ့ဒီလိုျဖစ္ေအာင္ ေဒၚမယ္တင္ႀကီးက တမင္လုပ္လိုက္တာေလ။
ခဏၾကာေတာ့ အထက္လမ္းဆရာႀကီးေတြက ပညာစက္ျဖတ္တဲ့အေနနဲ႔ ဦးသာလြန္းနဲ႔ေဒၚမယ္တင္တို႔ကို
ေခါင္းကေန ပုတီးတစ္ကုံးစီ စြပ္ခ်ေပးလိုက္တယ္။ အဲ့ဒီ့ေတာ့မွ ခုနကရန္ျဖစ္ၿပီးခုတ္ထစ္ေနၾကတဲ့သူေတြက ၿငိမ္သြားေတာ့တယ္။ ဖိုးတုတ္ကေတာ့ ဗိုက္မွာဓားတန္းလန္းႀကီးနဲ႔ ခဏၾကာေတာ့ေသြးထြက္လြန္ၿပီးေသသြားေရာ။ အဲ့ဒီ့တုန္းက ငါးေယာက္ေလာက္ကေသၿပီး ဆယ္ေယာက္ေလာက္က ဒဏ္ရာရကုန္ၾကတာေလ။ က်န္တဲ့လူေတြကလည္း ဦးသာလြန္းနဲ႔ေဒၚမယ္တင္ကို သတ္မယ္ခ်ည္းတကဲကဲလုပ္ေနလို႔ အထက္လမ္းဆရာႀကီးေတြနဲ႔ ႐ြာလူႀကီးေတြက ဝိုင္းၿပီးတားထားရေသးတယ္။ ေနာက္ေတာ့မွ အဲ့ဒီ့လင္မယားႏွစ္ေယာက္ကို ႐ြာကေနႏွင္ထုတ္လိုက္ၾကတာေပါ့ကြာ။
ဘိုးမင္းေအာင္က ေျပာေနရင္းျဖင့္ လက္ထဲရွိေျပာင္းဖူးဖတ္ေဆးလိပ္ကေလးကို ႏွစ္ဖြာသုံးဖြာေလာက္ ဆက္တိုက္ဖြာေနေလသည္။ ထိုအခ်ိန္ ဆိုးေပက ဘိုးမင္းေအာင္အားေျပာေလ၏။
“ဒါဆို…အဲ့ဒီ့လင္မယားႏွစ္ေယာက္က သာမန္လူေတြျပန္ျဖစ္သြားတာေပါ့ေနာ္ အဘိုး”
“ေအးေပါ့ကြ…ဘာပညာမွမရွိေတာ့ပဲ…သာမန္လူတစ္ေယာက္ျဖစ္သြားေတာ့တာေပါ့…
သူတို႔ရဲ႕ကံကလည္း အဲ့ေလာက္ပဲပါတယ္ထင္ပါရဲ႕..က်ဳပ္တို႔႐ြာက ထြက္သြားၿပီး ေနာက္ေန႔ေလာက္က်ေတာ့ လင္မယားႏွစ္ေယာက္စလုံး က်ဳပ္တို႔႐ြာအျပင္က လယ္ကြင္းထဲမွာဓားတန္းလန္းနဲ႔ ေသေနၾကတာေလ ဘယ္သူသတ္လို႔ သတ္သြားမွန္းေတာင္ မသိလိုက္ၾကဘူး”
“ဪ….ဟုတ္ အဘိုး”
“ကိုင္း…မိုးလည္းအေတာ္ခ်ဳပ္ေနၿပီ…အိမ္ျပန္ၾကေတာ့ ေတာ္ၾကာအိမ္ကလူႀကီးေတြစိတ္ပူေနေရာ့မယ္”
“ဟုတ္ကဲ့…အဘိုး…ေနာက္ေန႔က်ရင္လည္း အခုလိုထူးဆန္းတာေတြ ေျပာျပဦးေနာ္”
“ေအးပါ..ဟုတ္ပါၿပီ…က်ဳပ္ေျပာျပပါ့မယ္”
“ဟုတ္…အဘိုး…ဒါဆိုက်ဳပ္တို႔ျပန္လိုက္ပါဦးမယ္”
“ေအး ေအး”
ဤသို႔ျဖင့္ အေအးဒဏ္ကိုခုခံကာကြယ္ရန္အတြက္ မီးလႉံေနရင္း ေျပာေနၾကသည့္ ဘိုးမင္းေအာင္တို႔၏
စကားဝိုင္းကေလးမွာ ထိုမွ်ေလာက္ႏွင့္သာ ၿပီးဆုံးသြားေတာ့ေလတည္း။
•––ၿပီးပါၿပီ––•
စာဖတ္သူမ်ားအား
အစဥ္ခ်စ္ခင္ ေလးစားလွ်က္…..
–•–စိုင္း(ခ်ယ္ရီေျမ)–•–