Unicode Version
ပဌာန်းမရွတ်နဲ့ (စ/ဆုံး)
————————-
“အဆောင်လေးကတော့ သန့်တယ်နော် …အဆင်ပြေမဲ့ပုံလေးပါပဲ…”
“ပြေပါတယ်…နွယ်နီရယ်..ဒီအချိန် ပြည်မှာဒီဈေးနဲ့ရတဲ့အခန်းကို ထမင်းထုပ်ရွက်ရှာတောင်မတွေ့ဘူး…”
သူငယ်ချင်းနှစ်ယောက်သား နေရမဲ့အခန်းလေးကိုကြည့်ကာသဘောကျနေကြသည်..။ တကယ်တော့ နွယ်နီနှင့် ပပ က ကွန်ပျူတာတက္ကသိုလ်တက်ကြမည့်ကျောင်းသူတွေဖြစ်သည်..။ ပြီးတော့ ဒီနေရာလေးကကျောင်းနဲ့လဲနီးကာ အခန်းထဲမှာ ထမင်းဟင်းလဲ ချက်စားလို့ရသည်မို့ ပိုပြီးကျေနပ်နေကြသည်..။ နှစ်ယောက်ခန်းဖြစ်ကာ အခန်းထဲမှာ ကုတင်နှစ်လုံးနှင့်စာကြည့်စားပွဲတစ်လုံးရှိသည်..။ အနောက်ဘက်တစ်ဆက်ထဲအခန်းမှာက ထမင်းဟင်းချက်လို့ရကာ ရေချိူးတာကတော့အပြင်မှာပဲ အဆောင်သူအားလုံးရေချိူးရတာဖြစ်သည်…။
ရောက်ကာစနေ့လဲဖြစ်ကာ ခရီးလဲပန်းလာကြသည်မို့ပစ္စည်းတွေနေရာချပြီးသည်နှင့်ကုတင်ပေါ်ခဏလှဲကာ တစ်ချိုးထဲအိပ်ပျော်သွားကြတာ ညမှောင်စပျိူးမှနိုးလာကြသည့်အဖြစ်…။ သူမတို့အခန်းပြတင်းပေါက်မှနေပြီး ညနေဆည်းဆာအရောင်လေးပင် ခပ်ဖျော့ဖျော့ဝင်တော့သည့်အချိန်…။
“အမလေး…တို့နှစ်ယောက်ကလဲအိပ်လိုက်တာ….မိုးချုပ်မှကိုနိုးကြတယ်…ထ ထ ရေချိုးကြမယ်…”
အမြဲတမ်းသွက်သွက်လက်လက်ရှိသည့် ပပ ကခပ်သွက်သွက်ပင်လောကာ ရေချိုးမည့်နေရာသို့ထွက်ခဲ့ကြသည်…။ ရေကန်က အိမ်အနောက်ဘက်မှာဖြစ်ကာ ခြံစည်းရိုးနှင့်ကပ်လျက်က အိမ်သာ ငါးလုံးယှဉ်လျက်ရှိကာ ရှေ့မှာက ရေချိူးကန်အကြီးနှစ်လုံးတွဲလျက်..။
ပပ ကသူ့ထုံးစံအတိုင်းခပ်သွက်သွက်ချိုးပေမဲ့ နွယ်နီကတော့ ရေမချိူးခင် ၂၄ ပစ္စည်းအကျဉ်းကိုရွတ်ကာ မျက်နှာသစ်ပြီးမှချိုးသည်..။ဒါက နွယ်နီ့ရဲ့ပုံမှန်အကျင့်..။ ဘာလုပ်လုပ် မလုပ်ခင်၂၄ ပစ္စည်းအကျဉ်းရွတ်ကာ အိပ်ယာဝင်ကာနီးဆို ပဌာန်းအကျယ်ကိုအမြဲရွတ်လေ့ရှိသည်..။
“ဟေတုပစ္စယော…အာရမ္မဏပစ္စယော…”
“ဝုန်း…ဒုန်း…”
ပဌာန်းအကျဉ်းစရွတ်ချိန်မှာပင် အိမ်သာတံခါးတစ်ခုက လူတစ်ယောက်ထွက်သွားသလိုဝုန်းခနဲပွင့်ကာသွားတော့ နှစ်ယောက်သားပြိုင်တူပင်ကြည့်ကြပေမဲ့ ဘာမှမတွေ့…။ ခပ်သာသာလေးတိုက်ခတ်နေသောလေတိုက်တာဖြစ်မည်ဟုယူဆက ရေသွက်သွက်ချိုးပြီးအပေါ်တက်ခဲ့လိုက်သည်…။
ကပျာကယာပင်ထမင်းချက်ကြကာ ညစာကိုဖြစ်သလိုစားလိုက်ရင်းကျောင်းတင်ရမည့်အကြောင်းကိုဆွေးနွေးမိကြသည်…။ကျောင်းတက်ကြမဲ့အကြောင်းပြောရင်းကနေ အချိန်ကုန်မှနးမသိကုန်ကာ နာရီကြည့်မိချိန်မှာ ညကိုးနာရီထိုးနေပေပြီ..။
“အိပ်တော့မယ်နွယ်နီရေ….တို့တွေမနက်ကျ လိုတာတွေဝယ်ဖို့ မြို့ထဲလဲသွားရအုံးမှာ…”
“အေးပါ…ငါလဲ ဘုရားရှိခိုးပြီးတာနဲ့အိပ်တော့မှာ…”
ထုံးစံအတိုင်းဝတ်မပျက်ဘုရားရှိခိုး ပဌာန်းရွတ်သူက နွယ်နီ…။ အခန်းလေးထဲမှာက ခပ်တိုးတိုးဘုရားရှိခိုးသံလေးသာလွှမ်းခြုံနေကာ ပတ်ဝန်းကျင်ကတော့တိတ်ဆိတ်ငြိမ်သက်နေလျက်…။
“ဒုန်း…ဒုန်း…”
“ဝေါ…ဖရော…ဖရော….”
“ရှပ်…ရှပ်…ဘုတ်…ဘုတ်…”
ပဌာန်းစရွတ်ချိန်မှာပင်အခန်းအပြင်မှဒရောသောပါးပြေးထွက်သွားသလိုအသံမျိုးကြားလိုက်ရကာ ကြက်သီးတွေလဲဖြန်းခနဲထသွားရသည်…။ ပြင်ပမှာက ပုရစ်အော်သံစူးစူးမှလွဲ၍ဘာမှမကြားရ…။ရုတ်တရက်စိမ့်တက်သွားသောအအေးဓာတ်နှင့်အတူ ကြောက်စရာကောင်းအောင်တိတ်ဆိတ်သွားသည့်ပတ်ဝန်းကျင်…။
ဘာမှတော့ထွေထွေထူးထူးမစဉ်းစားတော့ပဲ အိပ်ယာဝင်လိုက်မိတော့သည်…။
“ငါပြောစရာရှိတယ်…”
တရွတ်တိုက်ဆွဲလာသောခန္ဓာကိုယ်က ပိန်လှီသေးကွေးနေကာ…ကြိုးတို့ကျဲတဲ ဆံပင်ဖြူတွေက မျက်နှာပေါ်မှာပါဖုံးနေလျက်..။ ညှီစို့စို့အနံ့ကြီးက တစ်ခန်းလုံးဖုံးနေကာ ကြမ်းပြင်မှာ တရွတ်ဆွဲကြောင်းကြီးက နီညိုညိုသွေးပုပ်တွေထင်းနေသည်…။ မြင်ရတာကိုက အော်ဂလီဆန်စရာကောင်းလွန်းကာ… တုံ့ပြန်စကားပြောဖို့ နှုတ်ခမ်းတွေကဖွင့်ဟမရ..။
“နင် ပဌာန်းမရွတ်ပါနဲ့..ငါတို့တွေပဌာန်းရွတ်သံကြားရင်ချက်ချင်းထွက်ပြေးရတယ်…”
“အေး…သတိပေးထားရဲ့သားနဲ့ ရွတ်လို့ကတော့ ငါ့အကြောင်းသိမယ်…နင့်ကိုထိလို့ရတဲ့အချိန်မှာနင့်ကိုထိခိုက်အောင်လုပ်မယ်…”
“ဒီမှာနေတဲ့အချိန်အတွင်း ပဌာန်းမရွတ်ပါနဲ့…”
ပြောနေတာကိုကြားနေရပေမဲ့ ပြန်ပြောနိုင်စွမ်းမရှိ..။နှုတ်ခမ်းတွေကစေးကပ်နေကာ ဖွင့်ဟလို့မရ…။ထိုအချိန်မှာပင်..ထိုတရွတ်တိုက်နေသော အဘွားကြီးနောက်မှာပေါ်လာသူများက ကျိုးပဲ့နေသော ခေါင်းတွေရွဲ့စောင်းနေကာ သွေးရဲရဲသံရဲရဲနှင့် မကောင်းဆိုးဝါးတစ်စု…။ပုပ်ဟောင်နံစော်နေသောအနံ့အသက်များ..ပျက်စီးနေသောမျက်နှာများကြောင့် လန့်ထိတ်ကာ အသံကုန်အော်လိုက်မိတော့သည်…။
“အမလေး….”
“နွယ်နီ…နွယ်နီ….ဘာဖြစ်တာလဲ…”
တစ်ယောက်ယောက်ရဲ့လှုပ်နှိုးမှုမှာ ဆတ်ခနဲထထိုင်လိုက်မိတော့ သူမတစ်ကိုယ်လုံးချွေးတွေရွှဲနစ်နေလျက်..။ အခန်းထဲမှာတော့ ညှီစို့စို့အနံ့ကြီးရနေလျက်…။
“ပပ…. ပပ…နင်အနံ့ရလားဟင်…အခန်းထဲမှာလေ…ငါ…ငါအိပ်မက်မက်တာ…ဒီအခန်းထဲမှာသရဲရှိတယ်…”
“ဟယ်…မဟုတ်ပါဘူး….နွယ်နီရယ်…နင်အိပ်ယာပြောင်းလို့အိပ်မက်ဆိုးတွေမက်တာပါ…လာ…လာ…ရေသောက်လိုက်…”
ပပ ခပ်ပေးသော ရေခွက်နှင့်ရေကိုသောက်လိုက်မိပေမဲ့…ရင်ထဲမှကြောက်စိတ်ကလျော့ပါးမသွားပဲ..အခန်းကြီးကိုမသတီနေလျက်…။စိတ်ထဲမှာတွေးမိတာကတော့ သူ့ဦးလေးဆီသွားမှဖြစ်တော့မှာဆိုတာပင်..။
သူ့ဦးလေးက နာမည်ကြီးပယောဂဆရာကြီးဖြစ်သူ ဆရာကြိုင်ပင်..။ သရဲတစ္ဆေ အမှောင့်ပယောဂအကုန်နိုင်သည်ဟုနာမည်ကြီးသော ပယောဂဆရာကြီး ဆရာကြိုင်..။
သူမတို့နေနေကျအခန်းက ခုတော့အမွှေးတိုင်တွေ ဖယောင်းတိုင်တွေနှင့် အနံ့တွေမွှန်ထူနေလျက်…။ အဆောင်အပြင်ဘက်မှာကတော့ မိုးတဖျောက်ဖျောက်ရွာကာ…ပုရစ်အော်သံ တစ်ကျစ်ကျစ်နှင့်…။
“နွယ်နီ…ဒါကဘာတွေလဲ…”
အခုမှပြန်ရောက်လာသည့်ပပ က အံ့ဩတကြီးနှင့်မေးကာ အခန်းတွင်းကိုကြည့်ရင်းမျက်လုံးပြူးနေရှာသည်…။ကြည့်ပါအုံး…စာကြည့်စားပွဲပေါ်မှာ ဖယောင်းတိုင် အဝါရောင်တစ်ချောင်းနှင့်အမွှေးတိုင်ဝါဝါများ…။ နောက်ဖက် မီးဖိုခန်းထဲမှာလဲထိုနည်းတူစွာပင်…။
“ငါ…လေးလေးကြိုင်ကိုပြောပြလိုက်တော့ လေးလေးက ဒီလိုလုပ်ထားဆိုလို့…ငါလုပ်ထားတာ…ငါကျန်တာမကြောက်ပေမဲ့…သရဲတစ္ဆတော့ငါကြောက်တယ်…”
“ဪ…နွယ်နီရယ်… နင့်လောက်ဘုရားတရားလုပ်တာလဲနင်ပဲ….တအားကြောက်နေတာလဲနင်ပဲ…”
“ဘာဖြစ်ဖြစ်ငါနည်းနည်းစိတ်သက်သာတာပေါ့ဟယ်…”
တိုက်ဆိုင်တာလား..ဘာလားတော့မသိ…။ သာမန်ကြားနေကြ ခြေသံတရှပ်ရှပ်တောင်မကြားတော့ပဲ ထိုညမှစ၍အေးအေးဆေးဆေးနေရတာတော့အမှန်ပင်…။ဒါပေမဲ့ ပရလောကသားတွေဆိုတာကတော့….။
ထိုဖြစ်ရပ်များဖြစ်ပြီး…တစ်လအကြာ…
“နွယ်နီ…ခုညနေဆေးခန်းသွားပြရအောင်…ရောဂါတိုးအောင်မနေနဲ့တော့…”
“အေးပါ…ငါခုညမသက်သာရင်မနက်ကျသွားကြမယ်…”
ပြောင်းလဲနေသော နွယ်နီ့ကိုသိပ်မပြောချင်တော့…။အရင်ကဆို ဘုရားမှတပါးယုံကြည်မှုမရှိသောနွယ်နီဟာ..ဆေးဖယောင်းတိုင်နှင့် ဦးလေးဖြစ်သူပယောဂဆရာကြီးဦးကြိုင်အား..ယုံကြည်မှုပိုသွားသောအခါ..ပဌာန်းရွတ်သည့်ဝတ်ကိုတောင် ပျက်တစ်လှည့်လုပ်တစ်လှည့်ဖြစ်လာသည့်အဖြစ်…။ခုတော့ ကိုယ်ငွေ့ငွေ့နွေးကာ..ဖျားနေသည်..။
ဆေးတိုက်ကာ…နွယ်နီနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှ ပပလဲအိပ်လိုက်သည်…။ အမြဲတမ်းမခွဲမခွာအတူနေလာသူမို့..သူငယ်ချင်းကိုတော့စိတ်ပူမိတာအမှန်ပါ….။
“အင်း….ဟင်း….ဟင်း….”
ညီးညူသံရှည်ကြီးကြောင့် အိပ်နေရာမှလန့်နိုးသွားသူက နွယ်နီ..။ နံဘေးကိုကြည့်မိတော့..ပပက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျက်…။
“အီး…ဟီး…ဟီး…”
“ဖေရာ…ဖေရာ…”
ကြမ်းပြင်ကိုတရွတ်တိုက်ဆွဲလာသည့်အသံနှင့်အတူ ပုပ်ဟောင်နေသော အနံ့ဆိုးကြီးကြောင့် ကိုက်ခဲနေသော ခေါင်းကိုထောင်ကာကြည့်မိတော့…
“အမလေး….သရဲ…သရဲမကြီး…”
အိပ်မက်ထဲမှာတွေ့ခဲ့သော သရဲမကြီး…။ တရွတ်တိုက်ဆွဲလာနေတာက သူမကုတင်ရှိရာသို့ဖြစ်ကာ နေရာမှကုန်းထဖို့လုပ်ပေမဲ့..ခြေတွေလက်တွေလုံးဝလှုပ်မရတော့..။ ပါးစပ်ကလဲ အာစေးမိနေသလို့စေးကပ်နေကာ ဟလို့တောင်မရ…။
“ဟင့်အင်း…မလာနဲ့..သွား…သွား….”
“ဟီး…နင့်ကိုငါနိုင်တဲ့အချိန်ရောက်ပြီ…ပဌာန်းရွတ်ပြီးငါနဲ့ငါ့မိသားစုမနေနိုင်အောင်လုပ်တယ်…ဒါတင်မကဘူး ပယောဂဆရာနဲ့ငါ့ကိုနှင်တယ်…နင့်ကိုငါနိုင်မဲ့အချိန်ရောက်ပြီ…ဟီး….ဟီး…”
ကွဲရှရှအက်ကွဲကွဲအသံကြီးက သွေးတွေယိုစီးကာ ပုပ်ဟောင်နံစော်နေသော ပါးစပ်ကြီးအတွင်းမှထွက်လာလျက်…။တဖြေးဖြေးတိုးလာကာ ကုတင်ပေါ်ကို မည်းညစ်နေသော လက်ချောင်းကြီးများတင်ချိန်အထိ..သူမရုန်းကန်လို့မရသလို..အသံလဲထွက်မလာခဲ့..။
“အား….မလာနဲ့.. ငါ့ဆီမလာနဲ့….သွား… သရဲမကြီး…သွား…”
အတင်းအော်ဟစ်နေပေမဲ့လဲလှုပ်မရပဲဖြစ်နေကာ….သရဲမကြီးကတော့ သူမအပေါ်ကိုတရွေ့ရွေ့တက်လာလျက်…။ ပုပ်ဟောင်နေသော အရည်များသူမအပေါ်ကို တတောက်တောက်ကျလာသလို ရင်ဘတ်ပေါ်မှာခွစီးထားသော သရဲမကြီး…။ လက်တွေက သူမလည်ပင်းပေါ်ရောက်လာကာ…တဖြည်းဖြည်းအသက်ရှုကြပ်လာရင်း…အတင်းရုန်းနေပေမဲ့ အရာမထင်ပဲ…မြင်ကွင်းတွေကဝေဝါးသွားတော့သည်…။
“အား….လာကြပါအုံး…”
မနက်စောစော အကျည်းတန်စွာထွက်ပေါ်လာသောအသံကြောင့် အဆောင်မှလူများစုရုံးရောက်ရှိလာတာက နွယ်နီတိုအခန်းကိုဖြစ်ကာ…မြင်ရသည့်မြင်ကွင်းကမလှပ…။
ကုတင်ပေါ်မှာက အဆမတန်ပြူးထွက်နေသည့်မျက်လုံးများ…အပြင်သို့ထွက်နေသောလျှာဖြင့် လည်ပင်းအညိုအမဲစွဲလျက်သေနေသူက နွယ်နီ…။ ကုတင်ဘေးမှာရပ်လျက် ကြောင်နေသူက ပပ ဖြစ်ကာ မျက်ရည်တွေကျနေလျက်…။
“ဟယ်…ဘာဖြစ်ကြတာလဲ…”
“အမလေး…”
“အမလေး… ကြောက်စရာကြီးတော့…”
အကုန်လုံးကြောက်လန့်တကြားဖြစ်သွားကြကာ…မျက်နှာတွေလွှဲလိုက်ကြသည့်အဖြစ်…။ နွယ်နီ့အဖြစ်က မမြင်ရက်စရာအဖြစ်တစ်ခုမဟုတ်လား…။
“ဒီနေရာက အရမ်းမြေကြမ်းတယ်လို့အန်တီမဝယ်ခင်ထဲက အရင်ပိုင်ရှင်ကသတိပေးခဲ့ပါတယ်…ဒီနေရာမှာနေရင်ပဌာန်းမရွတ်ရဘူး…အရမ်းပြင်းတဲ့ ပရိတ်တွေမရွတ်ရဘူး…ဒီနေရာမှာရှိတဲ့ မကျွတ်မလွတ်တဲ့သူတွေရှိတာသိပေမဲ့ အန်တီတော့တစ်ခါမှအခြောက်မခံရဘူး…ဒါပေမဲ့…နွယ်နီလေးကိုသတိမပေးမိတာအန်တီ့အမှားပါ…သူတို့သတိပေးခဲ့ပေမဲ့..နွယ်နီက ပယောဂဆရာနဲ့ပါလုပ်လိုက်တော့ နွယ်နီ ကံနိမ့်တဲ့အချိန်မှာဒီလိုဖြစ်သွားတာပေါ့…စိတ်မကောင်းဖြစ်ရပေမဲ့ အန်တီတို့နွယ်နီ ကောင်းရာမွန်ရာရောက်ဖို့ပဲလုပ်ပေးနိုင်တာပေါ့ကွယ်…”
အဆောင်ရှင်အန်တီကြီးစကားမှာ အကုန်လုံးနားလည်သွားကြကာ…ထိုဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းမှာ ထိုအဆောင်မှာလူနည်းသွားတာတော့အမှန်ပင်ဖြစ်တော့သည်..။
**ပြီးပါပြီ**
Zawgyi Version
ပဌာန္းမ႐ြတ္နဲ႔ (စ/ဆုံး)
————————-
“အေဆာင္ေလးကေတာ့ သန္႔တယ္ေနာ္ …အဆင္ေျပမဲ့ပုံေလးပါပဲ…”
“ေျပပါတယ္…ႏြယ္နီရယ္..ဒီအခ်ိန္ ျပည္မွာဒီေဈးနဲ႔ရတဲ့အခန္းကို ထမင္းထုပ္႐ြက္ရွာေတာင္မေတြ႕ဘူး…”
သူငယ္ခ်င္းႏွစ္ေယာက္သား ေနရမဲ့အခန္းေလးကိုၾကည့္ကာသေဘာက်ေနၾကသည္..။ တကယ္ေတာ့ ႏြယ္နီႏွင့္ ပပ က ကြန္ပ်ဴတာတကၠသိုလ္တက္ၾကမည့္ေက်ာင္းသူေတြျဖစ္သည္..။ ၿပီးေတာ့ ဒီေနရာေလးကေက်ာင္းနဲ႔လဲနီးကာ အခန္းထဲမွာ ထမင္းဟင္းလဲ ခ်က္စားလို႔ရသည္မို႔ ပိုၿပီးေက်နပ္ေနၾကသည္..။ ႏွစ္ေယာက္ခန္းျဖစ္ကာ အခန္းထဲမွာ ကုတင္ႏွစ္လုံးႏွင့္စာၾကည့္စားပြဲတစ္လုံးရွိသည္..။ အေနာက္ဘက္တစ္ဆက္ထဲအခန္းမွာက ထမင္းဟင္းခ်က္လို႔ရကာ ေရခ်ိဴးတာကေတာ့အျပင္မွာပဲ အေဆာင္သူအားလုံးေရခ်ိဴးရတာျဖစ္သည္…။
ေရာက္ကာစေန႔လဲျဖစ္ကာ ခရီးလဲပန္းလာၾကသည္မို႔ပစၥည္းေတြေနရာခ်ၿပီးသည္ႏွင့္ကုတင္ေပၚခဏလွဲကာ တစ္ခ်ိဳးထဲအိပ္ေပ်ာ္သြားၾကတာ ညေမွာင္စပ်ိဴးမွႏိုးလာၾကသည့္အျဖစ္…။ သူမတို႔အခန္းျပတင္းေပါက္မွေနၿပီး ညေနဆည္းဆာအေရာင္ေလးပင္ ခပ္ေဖ်ာ့ေဖ်ာ့ဝင္ေတာ့သည့္အခ်ိန္…။
“အမေလး…တို႔ႏွစ္ေယာက္ကလဲအိပ္လိုက္တာ….မိုးခ်ဳပ္မွကိုႏိုးၾကတယ္…ထ ထ ေရခ်ိဳးၾကမယ္…”
အၿမဲတမ္းသြက္သြက္လက္လက္ရွိသည့္ ပပ ကခပ္သြက္သြက္ပင္ေလာကာ ေရခ်ိဳးမည့္ေနရာသို႔ထြက္ခဲ့ၾကသည္…။ ေရကန္က အိမ္အေနာက္ဘက္မွာျဖစ္ကာ ၿခံစည္း႐ိုးႏွင့္ကပ္လ်က္က အိမ္သာ ငါးလုံးယွဥ္လ်က္ရွိကာ ေရွ႕မွာက ေရခ်ိဴးကန္အႀကီးႏွစ္လုံးတြဲလ်က္..။
ပပ ကသူ႔ထုံးစံအတိုင္းခပ္သြက္သြက္ခ်ိဳးေပမဲ့ ႏြယ္နီကေတာ့ ေရမခ်ိဴးခင္ ၂၄ ပစၥည္းအက်ဥ္းကို႐ြတ္ကာ မ်က္ႏွာသစ္ၿပီးမွခ်ိဳးသည္..။ဒါက ႏြယ္နီ႔ရဲ႕ပုံမွန္အက်င့္..။ ဘာလုပ္လုပ္ မလုပ္ခင္၂၄ ပစၥည္းအက်ဥ္း႐ြတ္ကာ အိပ္ယာဝင္ကာနီးဆို ပဌာန္းအက်ယ္ကိုအၿမဲ႐ြတ္ေလ့ရွိသည္..။
“ေဟတုပစၥေယာ…အာရမၼဏပစၥေယာ…”
“ဝုန္း…ဒုန္း…”
ပဌာန္းအက်ဥ္းစ႐ြတ္ခ်ိန္မွာပင္ အိမ္သာတံခါးတစ္ခုက လူတစ္ေယာက္ထြက္သြားသလိုဝုန္းခနဲပြင့္ကာသြားေတာ့ ႏွစ္ေယာက္သားၿပိဳင္တူပင္ၾကည့္ၾကေပမဲ့ ဘာမွမေတြ႕…။ ခပ္သာသာေလးတိုက္ခတ္ေနေသာေလတိုက္တာျဖစ္မည္ဟုယူဆက ေရသြက္သြက္ခ်ိဳးၿပီးအေပၚတက္ခဲ့လိုက္သည္…။
ကပ်ာကယာပင္ထမင္းခ်က္ၾကကာ ညစာကိုျဖစ္သလိုစားလိုက္ရင္းေက်ာင္းတင္ရမည့္အေၾကာင္းကိုေဆြးေႏြးမိၾကသည္…။ေက်ာင္းတက္ၾကမဲ့အေၾကာင္းေျပာရင္းကေန အခ်ိန္ကုန္မွနးမသိကုန္ကာ နာရီၾကည့္မိခ်ိန္မွာ ညကိုးနာရီထိုးေနေပၿပီ..။
“အိပ္ေတာ့မယ္ႏြယ္နီေရ….တို႔ေတြမနက္က် လိုတာေတြဝယ္ဖို႔ ၿမိဳ႕ထဲလဲသြားရအုံးမွာ…”
“ေအးပါ…ငါလဲ ဘုရားရွိခိုးၿပီးတာနဲ႔အိပ္ေတာ့မွာ…”
ထုံးစံအတိုင္းဝတ္မပ်က္ဘုရားရွိခိုး ပဌာန္း႐ြတ္သူက ႏြယ္နီ…။ အခန္းေလးထဲမွာက ခပ္တိုးတိုးဘုရားရွိခိုးသံေလးသာလႊမ္းၿခဳံေနကာ ပတ္ဝန္းက်င္ကေတာ့တိတ္ဆိတ္ၿငိမ္သက္ေနလ်က္…။
“ဒုန္း…ဒုန္း…”
“ေဝါ…ဖေရာ…ဖေရာ….”
“ရွပ္…ရွပ္…ဘုတ္…ဘုတ္…”
ပဌာန္းစ႐ြတ္ခ်ိန္မွာပင္အခန္းအျပင္မွဒေရာေသာပါးေျပးထြက္သြားသလိုအသံမ်ိဳးၾကားလိုက္ရကာ ၾကက္သီးေတြလဲျဖန္းခနဲထသြားရသည္…။ ျပင္ပမွာက ပုရစ္ေအာ္သံစူးစူးမွလြဲ၍ဘာမွမၾကားရ…။႐ုတ္တရက္စိမ့္တက္သြားေသာအေအးဓာတ္ႏွင့္အတူ ေၾကာက္စရာေကာင္းေအာင္တိတ္ဆိတ္သြားသည့္ပတ္ဝန္းက်င္…။
ဘာမွေတာ့ေထြေထြထူးထူးမစဥ္းစားေတာ့ပဲ အိပ္ယာဝင္လိုက္မိေတာ့သည္…။
“ငါေျပာစရာရွိတယ္…”
တ႐ြတ္တိုက္ဆြဲလာေသာခႏၶာကိုယ္က ပိန္လွီေသးေကြးေနကာ…ႀကိဳးတို႔က်ဲတဲ ဆံပင္ျဖဴေတြက မ်က္ႏွာေပၚမွာပါဖုံးေနလ်က္..။ ညႇီစို႔စို႔အနံ႔ႀကီးက တစ္ခန္းလုံးဖုံးေနကာ ၾကမ္းျပင္မွာ တ႐ြတ္ဆြဲေၾကာင္းႀကီးက နီညိဳညိဳေသြးပုပ္ေတြထင္းေနသည္…။ ျမင္ရတာကိုက ေအာ္ဂလီဆန္စရာေကာင္းလြန္းကာ… တုံ႔ျပန္စကားေျပာဖို႔ ႏႈတ္ခမ္းေတြကဖြင့္ဟမရ..။
“နင္ ပဌာန္းမ႐ြတ္ပါနဲ႔..ငါတို႔ေတြပဌာန္း႐ြတ္သံၾကားရင္ခ်က္ခ်င္းထြက္ေျပးရတယ္…”
“ေအး…သတိေပးထားရဲ႕သားနဲ႔ ႐ြတ္လို႔ကေတာ့ ငါ့အေၾကာင္းသိမယ္…နင့္ကိုထိလို႔ရတဲ့အခ်ိန္မွာနင့္ကိုထိခိုက္ေအာင္လုပ္မယ္…”
“ဒီမွာေနတဲ့အခ်ိန္အတြင္း ပဌာန္းမ႐ြတ္ပါနဲ႔…”
ေျပာေနတာကိုၾကားေနရေပမဲ့ ျပန္ေျပာႏိုင္စြမ္းမရွိ..။ႏႈတ္ခမ္းေတြကေစးကပ္ေနကာ ဖြင့္ဟလို႔မရ…။ထိုအခ်ိန္မွာပင္..ထိုတ႐ြတ္တိုက္ေနေသာ အဘြားႀကီးေနာက္မွာေပၚလာသူမ်ားက က်ိဳးပဲ့ေနေသာ ေခါင္းေတြ႐ြဲ႕ေစာင္းေနကာ ေသြးရဲရဲသံရဲရဲႏွင့္ မေကာင္းဆိုးဝါးတစ္စု…။ပုပ္ေဟာင္နံေစာ္ေနေသာအနံ႔အသက္မ်ား..ပ်က္စီးေနေသာမ်က္ႏွာမ်ားေၾကာင့္ လန္႔ထိတ္ကာ အသံကုန္ေအာ္လိုက္မိေတာ့သည္…။
“အမေလး….”
“ႏြယ္နီ…ႏြယ္နီ….ဘာျဖစ္တာလဲ…”
တစ္ေယာက္ေယာက္ရဲ႕လႈပ္ႏႈိးမႈမွာ ဆတ္ခနဲထထိုင္လိုက္မိေတာ့ သူမတစ္ကိုယ္လုံးေခြၽးေတြ႐ႊဲနစ္ေနလ်က္..။ အခန္းထဲမွာေတာ့ ညႇီစို႔စို႔အနံ႔ႀကီးရေနလ်က္…။
“ပပ…. ပပ…နင္အနံ႔ရလားဟင္…အခန္းထဲမွာေလ…ငါ…ငါအိပ္မက္မက္တာ…ဒီအခန္းထဲမွာသရဲရွိတယ္…”
“ဟယ္…မဟုတ္ပါဘူး….ႏြယ္နီရယ္…နင္အိပ္ယာေျပာင္းလို႔အိပ္မက္ဆိုးေတြမက္တာပါ…လာ…လာ…ေရေသာက္လိုက္…”
ပပ ခပ္ေပးေသာ ေရခြက္ႏွင့္ေရကိုေသာက္လိုက္မိေပမဲ့…ရင္ထဲမွေၾကာက္စိတ္ကေလ်ာ့ပါးမသြားပဲ..အခန္းႀကီးကိုမသတီေနလ်က္…။စိတ္ထဲမွာေတြးမိတာကေတာ့ သူ႔ဦးေလးဆီသြားမွျဖစ္ေတာ့မွာဆိုတာပင္..။
သူ႔ဦးေလးက နာမည္ႀကီးပေယာဂဆရာႀကီးျဖစ္သူ ဆရာႀကိဳင္ပင္..။ သရဲတေစၦ အေမွာင့္ပေယာဂအကုန္ႏိုင္သည္ဟုနာမည္ႀကီးေသာ ပေယာဂဆရာႀကီး ဆရာႀကိဳင္..။
သူမတို႔ေနေနက်အခန္းက ခုေတာ့အေမႊးတိုင္ေတြ ဖေယာင္းတိုင္ေတြႏွင့္ အနံ႔ေတြမႊန္ထူေနလ်က္…။ အေဆာင္အျပင္ဘက္မွာကေတာ့ မိုးတေဖ်ာက္ေဖ်ာက္႐ြာကာ…ပုရစ္ေအာ္သံ တစ္က်စ္က်စ္ႏွင့္…။
“ႏြယ္နီ…ဒါကဘာေတြလဲ…”
အခုမွျပန္ေရာက္လာသည့္ပပ က အံ့ဩတႀကီးႏွင့္ေမးကာ အခန္းတြင္းကိုၾကည့္ရင္းမ်က္လုံးျပဴးေနရွာသည္…။ၾကည့္ပါအုံး…စာၾကည့္စားပြဲေပၚမွာ ဖေယာင္းတိုင္ အဝါေရာင္တစ္ေခ်ာင္းႏွင့္အေမႊးတိုင္ဝါဝါမ်ား…။ ေနာက္ဖက္ မီးဖိုခန္းထဲမွာလဲထိုနည္းတူစြာပင္…။
“ငါ…ေလးေလးႀကိဳင္ကိုေျပာျပလိုက္ေတာ့ ေလးေလးက ဒီလိုလုပ္ထားဆိုလို႔…ငါလုပ္ထားတာ…ငါက်န္တာမေၾကာက္ေပမဲ့…သရဲတစၦေတာ့ငါေၾကာက္တယ္…”
“ဪ…ႏြယ္နီရယ္… နင့္ေလာက္ဘုရားတရားလုပ္တာလဲနင္ပဲ….တအားေၾကာက္ေနတာလဲနင္ပဲ…”
“ဘာျဖစ္ျဖစ္ငါနည္းနည္းစိတ္သက္သာတာေပါ့ဟယ္…”
တိုက္ဆိုင္တာလား..ဘာလားေတာ့မသိ…။ သာမန္ၾကားေနၾက ေျခသံတရွပ္ရွပ္ေတာင္မၾကားေတာ့ပဲ ထိုညမွစ၍ေအးေအးေဆးေဆးေနရတာေတာ့အမွန္ပင္…။ဒါေပမဲ့ ပရေလာကသားေတြဆိုတာကေတာ့….။
ထိုျဖစ္ရပ္မ်ားျဖစ္ၿပီး…တစ္လအၾကာ…
“ႏြယ္နီ…ခုညေနေဆးခန္းသြားျပရေအာင္…ေရာဂါတိုးေအာင္မေနနဲ႔ေတာ့…”
“ေအးပါ…ငါခုညမသက္သာရင္မနက္က်သြားၾကမယ္…”
ေျပာင္းလဲေနေသာ ႏြယ္နီ႔ကိုသိပ္မေျပာခ်င္ေတာ့…။အရင္ကဆို ဘုရားမွတပါးယုံၾကည္မႈမရွိေသာႏြယ္နီဟာ..ေဆးဖေယာင္းတိုင္ႏွင့္ ဦးေလးျဖစ္သူပေယာဂဆရာႀကီးဦးႀကိဳင္အား..ယုံၾကည္မႈပိုသြားေသာအခါ..ပဌာန္း႐ြတ္သည့္ဝတ္ကိုေတာင္ ပ်က္တစ္လွည့္လုပ္တစ္လွည့္ျဖစ္လာသည့္အျဖစ္…။ခုေတာ့ ကိုယ္ေငြ႕ေငြ႕ေႏြးကာ..ဖ်ားေနသည္..။
ေဆးတိုက္ကာ…ႏြယ္နီႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္မွ ပပလဲအိပ္လိုက္သည္…။ အၿမဲတမ္းမခြဲမခြာအတူေနလာသူမို႔..သူငယ္ခ်င္းကိုေတာ့စိတ္ပူမိတာအမွန္ပါ….။
“အင္း….ဟင္း….ဟင္း….”
ညီးညဴသံရွည္ႀကီးေၾကာင့္ အိပ္ေနရာမွလန္႔ႏိုးသြားသူက ႏြယ္နီ..။ နံေဘးကိုၾကည့္မိေတာ့..ပပက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနလ်က္…။
“အီး…ဟီး…ဟီး…”
“ေဖရာ…ေဖရာ…”
ၾကမ္းျပင္ကိုတ႐ြတ္တိုက္ဆြဲလာသည့္အသံႏွင့္အတူ ပုပ္ေဟာင္ေနေသာ အနံ႔ဆိုးႀကီးေၾကာင့္ ကိုက္ခဲေနေသာ ေခါင္းကိုေထာင္ကာၾကည့္မိေတာ့…
“အမေလး….သရဲ…သရဲမႀကီး…”
အိပ္မက္ထဲမွာေတြ႕ခဲ့ေသာ သရဲမႀကီး…။ တ႐ြတ္တိုက္ဆြဲလာေနတာက သူမကုတင္ရွိရာသို႔ျဖစ္ကာ ေနရာမွကုန္းထဖို႔လုပ္ေပမဲ့..ေျခေတြလက္ေတြလုံးဝလႈပ္မရေတာ့..။ ပါးစပ္ကလဲ အာေစးမိေနသလို႔ေစးကပ္ေနကာ ဟလို႔ေတာင္မရ…။
“ဟင့္အင္း…မလာနဲ႔..သြား…သြား….”
“ဟီး…နင့္ကိုငါႏိုင္တဲ့အခ်ိန္ေရာက္ၿပီ…ပဌာန္း႐ြတ္ၿပီးငါနဲ႔ငါ့မိသားစုမေနႏိုင္ေအာင္လုပ္တယ္…ဒါတင္မကဘူး ပေယာဂဆရာနဲ႔ငါ့ကိုႏွင္တယ္…နင့္ကိုငါႏိုင္မဲ့အခ်ိန္ေရာက္ၿပီ…ဟီး….ဟီး…”
ကြဲရွရွအက္ကြဲကြဲအသံႀကီးက ေသြးေတြယိုစီးကာ ပုပ္ေဟာင္နံေစာ္ေနေသာ ပါးစပ္ႀကီးအတြင္းမွထြက္လာလ်က္…။တေျဖးေျဖးတိုးလာကာ ကုတင္ေပၚကို မည္းညစ္ေနေသာ လက္ေခ်ာင္းႀကီးမ်ားတင္ခ်ိန္အထိ..သူမ႐ုန္းကန္လို႔မရသလို..အသံလဲထြက္မလာခဲ့..။
“အား….မလာနဲ႔.. ငါ့ဆီမလာနဲ႔….သြား… သရဲမႀကီး…သြား…”
အတင္းေအာ္ဟစ္ေနေပမဲ့လဲလႈပ္မရပဲျဖစ္ေနကာ….သရဲမႀကီးကေတာ့ သူမအေပၚကိုတေ႐ြ႕ေ႐ြ႕တက္လာလ်က္…။ ပုပ္ေဟာင္ေနေသာ အရည္မ်ားသူမအေပၚကို တေတာက္ေတာက္က်လာသလို ရင္ဘတ္ေပၚမွာခြစီးထားေသာ သရဲမႀကီး…။ လက္ေတြက သူမလည္ပင္းေပၚေရာက္လာကာ…တျဖည္းျဖည္းအသက္ရႈၾကပ္လာရင္း…အတင္း႐ုန္းေနေပမဲ့ အရာမထင္ပဲ…ျမင္ကြင္းေတြကေဝဝါးသြားေတာ့သည္…။
“အား….လာၾကပါအုံး…”
မနက္ေစာေစာ အက်ည္းတန္စြာထြက္ေပၚလာေသာအသံေၾကာင့္ အေဆာင္မွလူမ်ားစု႐ုံးေရာက္ရွိလာတာက ႏြယ္နီတိုအခန္းကိုျဖစ္ကာ…ျမင္ရသည့္ျမင္ကြင္းကမလွပ…။
ကုတင္ေပၚမွာက အဆမတန္ျပဴးထြက္ေနသည့္မ်က္လုံးမ်ား…အျပင္သို႔ထြက္ေနေသာလွ်ာျဖင့္ လည္ပင္းအညိဳအမဲစြဲလ်က္ေသေနသူက ႏြယ္နီ…။ ကုတင္ေဘးမွာရပ္လ်က္ ေၾကာင္ေနသူက ပပ ျဖစ္ကာ မ်က္ရည္ေတြက်ေနလ်က္…။
“ဟယ္…ဘာျဖစ္ၾကတာလဲ…”
“အမေလး…”
“အမေလး… ေၾကာက္စရာႀကီးေတာ့…”
အကုန္လုံးေၾကာက္လန္႔တၾကားျဖစ္သြားၾကကာ…မ်က္ႏွာေတြလႊဲလိုက္ၾကသည့္အျဖစ္…။ ႏြယ္နီ႔အျဖစ္က မျမင္ရက္စရာအျဖစ္တစ္ခုမဟုတ္လား…။
“ဒီေနရာက အရမ္းေျမၾကမ္းတယ္လို႔အန္တီမဝယ္ခင္ထဲက အရင္ပိုင္ရွင္ကသတိေပးခဲ့ပါတယ္…ဒီေနရာမွာေနရင္ပဌာန္းမ႐ြတ္ရဘူး…အရမ္းျပင္းတဲ့ ပရိတ္ေတြမ႐ြတ္ရဘူး…ဒီေနရာမွာရွိတဲ့ မကြၽတ္မလြတ္တဲ့သူေတြရွိတာသိေပမဲ့ အန္တီေတာ့တစ္ခါမွအေျခာက္မခံရဘူး…ဒါေပမဲ့…ႏြယ္နီေလးကိုသတိမေပးမိတာအန္တီ့အမွားပါ…သူတို႔သတိေပးခဲ့ေပမဲ့..ႏြယ္နီက ပေယာဂဆရာနဲ႔ပါလုပ္လိုက္ေတာ့ ႏြယ္နီ ကံနိမ့္တဲ့အခ်ိန္မွာဒီလိုျဖစ္သြားတာေပါ့…စိတ္မေကာင္းျဖစ္ရေပမဲ့ အန္တီတို႔ႏြယ္နီ ေကာင္းရာမြန္ရာေရာက္ဖို႔ပဲလုပ္ေပးႏိုင္တာေပါ့ကြယ္…”
အေဆာင္ရွင္အန္တီႀကီးစကားမွာ အကုန္လုံးနားလည္သြားၾကကာ…ထိုျဖစ္ရပ္ျဖစ္ၿပီးေနာက္ပိုင္းမွာ ထိုအေဆာင္မွာလူနည္းသြားတာေတာ့အမွန္ပင္ျဖစ္ေတာ့သည္..။
**ၿပီးပါၿပီ**