ပဟေဠိဆန်သော မိန်းမပျို

ပဟေဠိဆန်သော မိန်းမပျို (စ/ဆုံး)
——————————–

တောင်စဉ်တောင်တန်းကြီးများမှာ
ဆောင်းမနက်ခင်းအချိန်ဖြစ်သောကြောင့်
မြူနှင်းများရစ်သိုင်းစွာကျဆင်းလျက်ရှိနေ၏။

မနက်စောစောလေးနာရီခန့်လောက်အချိန်မှာ စောင်ခြုံပြီးကွေးလို့ကောင်းတုန်း၊ဆောင်းအိပ်မက်
များမက်ကောင်းသော အချိန်မျိုးဖြစ်၏ ။

ထိုကဲ့သို့အချိန်မျိုးတွင် မအိပ်လိုပါကလည်း
မီးလင်းဖိုဘေးတွင် အချမ်းဒဏ်အံတုရင်းနေရမည်
ဖြစ်သော်လည်း ဒေါင်ဝန်းတစ်ယောက် သုံးနာရီ
ကတည်းကလိုအပ်သည်များကို ပြင်ဆင်ထုတ်ပိုး
လျက်ရှမ်းရိုးမအအေးဒဏ်ကို အံတု၍ တောတက်လာခဲ့ပြီဖြစ်၏ ။

.ဒေါင်ဝန်းယခုလိုတောတွင်းသို့ စောစီးစွာလာ
ရသောအကြောင်းအရင်းမှာ ပန်း ရှာဖွေရန်
အတွက်ပင်ဖြပါတော့၏ ။

ဆောင်းရာသီကာလမှာသဇင်ပန်းပွင့်ချိန်မို့ သဇင်ပန်းရှာဖွေရန်တောတက်လာခဲ့ခြင်းပင်ဖြစ်၏။

သဇင်ပန်းမှာ စာဆိုတော်ကြီးများဖွဲ့ဆိုသကဲ့သို့သစ်ပင်ကြီးများတွင်တွယ်ကပ်ပေါက်ရောက်တတ်ကြပြီးဆောင်း
ကာလအချိန်မှသာ နှင်းဖြင့် ဖူးဖွင့်တတ်သော
ပန်းမျိုးဖြစ်၏ ။

တခြားရာသီများတွင်အလွယ်တကူရှာဖွေ၍
မတွေ့နိုင်ခြင်းမှာ ပန်းပွင့်ရာအပင်အုံမှာ
တခြားရာသီများမှာ ခြောက်ကပ်စွာရှိနေတတ်
ခြင်းကြောင့်ပင်ဖြစ်၏ ။
ယခုလိုအပွင့်ပွင့်ချိန်ဆောင်းတွင်းကာလတွင် မွေးပြန့်သောရနံ့ ဖြူဖွေးသော ပန်းအရောင်ကြောင့်ရှာဖွေရ မခက်ခဲခြင်းဖြစ်၏ ။

အကယ်၍သဇင်ပန်းများကိုတွေ့ပါက ပန်းတစ်မျိုး
တည်းခူးယူလာခြင်းမျိုးမဟုတ်ပဲ၊
သဇင်ပင်ပေါက်ရောက်နေရာအကိုင်းကိုပါခုတ်ထစ်ယူလာကာရောင်းချပါက နောက်နှစ်များအတွက်
စိုက်ပျိုးထားချင်သူများက သဘောကျနှစ်ခြိုက်
ကြသောကြောင့် စျေးကောင်းရတတ်၏ ။

ထိုသို့နှစ်စဉ် သဇင်ပန်းအုံများကိုပါ အမြစ်ဖြတ်
ယူလာခြင်းကြောင့်သဇင်ပန်းများမှာတဖြည်းဖြည်းရှားပါးလာသလို စျေးအလွန်ကောင်းသောကြောင့်
ရှာဖွေသူများကလည်း တောတောင်များအတွင်း
ခြေရာထပ်မတတ်သူ့ထက်ငါ အလုအယက်ရှာဖွေ
နေကြ၏ ။

နှစ်စဉ်ယခုလိုကာလမျိုးတွင်သဇင်ပန်းများပေါ်ဦး
ပေါ်ဖျားပွင့်တတ်ခြင်းကို ပန်းမုဆိုးအတွေ့အကြုံ
အနည်းငယ်ရနေပြီဖြစ်သော ဒေါင်ဝန်း သိရှိနေ
သောကြောင့်သူများထက်အရင် ဦးဆုံးဖြစ်စေရန်
သဇင်ပန်းအုံရှာဖွေရန် ဒေါင်ဝန်း တောသို့
စောစောတောတက်လာခဲ့ခြင်းဖြစ်ပါတော့၏ ။

လေးနာရီလောက်အချိန်မှတောသို့စဝင်လာသော
ဒေါင်ဝန်းတစ်ယောက်
နေထွက်ချိန်လောက်တွင်ခရီးအတော်ပေါက်ကာ
တောနက်အတွင်းရောက်နေပြီဖြစ်၏ ။

ဆောင်းလေအဝှေ့တွင်ရသောပန်းရနံ့များ
လာရာအရပ်သို့ခြေရာခံ လိုက်၍
အပင်ကြီးများအကိုင်းအခက်များအား ဂရုတစိုက်မော့ ကြည့်ကာ ပန်းအုံရှာဖွေနေရာ
နေမွန်းတည့်ချိန်လောက်ရောက်တော့ ဒေါင်ဝန်းလွယ်ပလိုင်းအတွင်း အပွင့်ထွက်စပန်းခိုင်များဖြင့်သဇင်အုံသေးနှစ်ခုရရှိနေပြီဖြစ်၏ ။
တစ်တောတတောင်လုံးပတ်သွားနေရခြင်းအတွက်
ခြေလည်းညောင်းနေပြီဖြစ်သလို၊ ဝမ်းဗိုက်ကလည်းတကြုတ်ကြုတ်ဆာလောင်နေ
ပြီဖြစ်သောကြောင့်အရိပ်ကောင်းရသော သစ်ပင်ကြီးအောက်တွင်ပါလာသောထမင်းထုပ်ဖြေစားပြီး ခနတဖြုတ်ဆေးပေါ့လိပ်သောက်ကာ နားနေလိုက်၏ ။
ဒီနေ့အတွက်တော့ ရှာလို့ရသောပန်းကရက်တွက်ကိုက်နေပြီဖြစ်သော်လည်းအချိန်အများကြီးကျန်နေသေးတာကြောင့်
ရွာသို့ပြန်ရာတွင်လာရာလမ်းအတိုင်းမပြန်ပဲတခြား
သောလမ်းမှပန်းရှာရင်းပြန်မည်ဟု ဒေါင်ဝန်းတွေး
နမေိ၏ ။

အပင်ကြီးများကိုမော့ကြည့်မော့ကြည့်လျောက်လာရင်းမှတစ်နေရာတွင်တွေ့လိုက်ရသောမြင်ကွင်းကြောင့်မင်းဒေါင်ဝန်းထခုန်မိမတတ်ပျော်ရွင်စိတ်
လူပ်ရှားရတော့၏ ။
တောင်စောင်းတစ်နေရာတွင် ပေါက်ရောက်နေသော သစ်ဆိမ့်ပင်ကြီးတစ်ပင် ပေါ်တွင် အပွင့်အဖူးအခိုင်များဖြင့်ရှိနေသော
ကြီးမားသောသဇင်အုံကြီးအားတွေ့လိုက်ရခြင်း
အတွက်ပျော်သွားမိခြင်းဖြစ်၏ ။

ပန်းခိုင်ကမက်လောက်စရာကြီးသော်လည်း အနည်းငယ်တော့အန္တရယ်များသောအခြေအနေ
အနေမျိုးပင်ဖြစ်၏။ သစ်ဆိမ့်ပင်ကြီးမှာလူတယောက်ဖက်စာမျ ပင်စည်
ကြီးမားတုတ်ခိုင်ကာ ချောက်ကမ်းပါးစောင်းတွင်
ချောက်ဖက်သို့ ခပ်စောင်းစောင်းကိုင်းလျက်ဖြင့်
ရှိနေပြီး။သဇင် ပန်းအုံရှိနေသောအကိုင်းက ချောက်ဖက်သို့ထိုးထွက်နေသောကြောင့်ပင်ဖြစ်၏။

”…မတတ်နိုင်ဘူး…ဒီလောက်တော့ စွန့်စားရတော့မှာပဲ…”

ဒေါင်ဝန်းသူ့ကိုသူအားပေးစကားခပ်တိုးတိုး
ပြောဆိုကာ၊
ပုဆိုးခါးတောင်းကျိုက်လျက် ဓားမတိုကိုခါးထိုးကာ အပင်ပေါ် တက်လာခဲ့တော့၏ ။

ကျွမ်းကျင်မူရှိသောဒေါာင်ဝန်း အတွက်
အပင်ပေါ်တက်ရခြင်းကအခက်အခဲမရှိပေ။
အပင်ကြီးတွင်ကပ်ရပ်ပေါက်ရောက်နေသော
နွယ်ပင်များကိုဆွဲလွဲခိုတက်လာရင်း ပန်းအုံရှိရာ အကိုင်းဖက်သို့ တရွေ့ရွေ့ တိုးလာကာ ပန်းအုံပေါက်နေသောခြေသလုံးအရွယ်အကိုင်း
ဆုံဘေးတွင်ကိုယ်နေဟန်ကိုသေချာချိန်ဆ၍
ပန်းအုံရှိနေရာသစ်ကိုင်းမှ အဖျားပိုင်းကိုအရင်
စတင်ခုတ်ထစ်လိုက်တော့၏ ။
လက်တစ်ဖက်ကတစ်ခြားသော အကိုင်းတစ်ခု
ကိုအားပြုကိုင်ကာ ဓားကိုလက်တဖက်ဖြင့်
သုံးနေရခြင်းစိတ်လွတ်လက်လွတ်အားသုံး
၍ကားမရ၊ကသီကလင်နိုင်လှ၏ ။

အဖျားပိုင်းကို ခုတ်ပြီးသော အရင်းပိုင်းကို
ဆက်လက်ခုတ်ထစ်နေစဉ် ဒေါင်ဝန်း မှာပန်းခိုင်
ကိုဇောကပ်၍သတိမပြုမိသောအခြေအနေတစ်ခု
ရှိနေ၏ ။

ဒေါင်ဝန်းတက်နေသောအကိုင်းကြီးနဲ့ပင်စည်ကြားတွင်သစ်ပိုးများစားထားခြင်းကြောင့်အကိုင်းမှာနာ
နေ၏ ။ ယခုလူတစ်ယောက်အလေးချိန်ဖြင့်တက်၍ခုတ်ထစ်နေခြင်းကြောင့် ခုတ်ထစ်သောအရှိန်ဖြင့်
အကိုင်းကိုအထက်အောက်နှဲ့ချသလိုဖြစ်ကာ
အကိုင်မှာတဖြည်းဖြည်းအိကျနေခြင်းကို ဒေါင်ဝန်း
သတိမထားမိပေ ခုတ်မြဲတိုင်းခုတ်လျက်ဖြင့်
ရှိနေ၏ ။

….ဒုတ်…ဒုတ်…ဒုတ် …..

……ဂျွတ်.. .

………ဂျွတ်..…

…ဂျစ်.. …ဂျစ်…

…ဝေါ…

…ဝုန်း..…

….ဖြောင်း…

……အား……

အကိုင်းကြီးမှာခနကြာသော်ဝိတ်အားကြောင့်အိ၍
ချောက်နက်ကြီးအတွင်းပြုတ်ကျသွားခြင်းနှင့်အတူ အကိုင်းပေါ်တွင်ရှိနေသောဒေါင်ဝန်းလည်း
ချောက်အတွင်းပြုတ်ကျသွားပါတော့သည်၊

……အား……

ကြောက်လန့်တကြားဖြင့်အော်လိုက်သောဒေါင်ဝန်း အော်သံကြီးကတောင်ကမ်းပါးယံတစ်လျောက်ပဲ့တင်ထပ်ရင်းကျန်နေခဲ့သည်။
ကြောက်လန့်တကြားဖြင့်ကိုင်ထားမိသောအကိုင်ကိုတင်းတင်းဆုတ်ရင်းဖြင့် ချောက်ကမ်းပါးနံရံ
များက ဒေါင်ဝန်းဘေး တရိပ်ရိပ် ကျန်နေရစ်ကာ
ချောက်အတွင်းသို့အကိုင်းကြီးက အရှိအဟုန်ဖြင့်
ကျဆင်းနေသည်။
ဒေါင်ဝန်းအသိစိတ်လွတ်သလိုဖြစ်နေကာ နောက်ဆုံးသိလိုက်ရသည်မှာကား သူကျလာသော
သစ်ကိုင်းကြီးနဲ့ တစ်စုံတရာထိမိသံအားကျယ်လောင်စွာကြားလိုက်ရပြီးဒေါင်ဝန်းမှာလည်း လွင့်ထွက်သွားပြီး
ခေါင်းအားသစ်ကိုင်းဖျားခတ်မိကာ လောကကြီး
ဖြင့်အဆက်အသွယ်ပြတ်သွားရတော့၏။

==========================

ဒေါင်ဝန်းတစ်ယောက်အသိစိတ်နဲ့ကိုယ်ခန္ဓာပြန်
လည်တွဲစပ်မိချိန်တွင်၊တစ်ကိုယ်လုံးကိုင်ရိုက်ထား
နာကျင်လျက် ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းကို
အရင်စတင်ခံစားမိတော့၏ ။
အသိအာရုံကနာကျင်ခြင်းမှလွဲ၍ တခြားသော
အကြောင်းအရာကိုတွေးမရသေးပေ။ခနကြာမှ
ခေါင်းကိုက်အနည်းငယ်သက်သာသလိုသူနောက်ဆုံးကြုံရသောအခြေအနေကိုသတိရလာကာ
တင်းတင်းပိတ်ထားမိသောမျက်ခွံကို အားယူ
ဖွင့်လိုက်တော့၏ ။

ဒေါင်ဝန်းမှာပက်လက်အနေအထားဖြင့်ကျောက်သားအမာပေါ်တွင်လဲလျောင်းလျက်ရှိနေသောသူအခြေအနေကို
သိလိုက်ရခြင်းနဲ့အတူ၊ ဘာကိုမှမစဉ်းစားနိူင်သေးပဲ
လူးလှိမ့်ထရင်းပတ်၀န်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်မိ၏။
ယခုမှသတိထားမိသောအချက်က သူရောက်နေသောနေရာမှာကျောက်လိူဏ်ဂူတစ်ခုအတွင်းရောက်ရှိနေခြင်းဖြစ်နေသည်ကိုတွေ့ရှိလိုက်ရ၏။
ကျောက်လိူဏ်ဂူအတွင်း ပတ်လည်တွင် ကညင်ဆီမီးတုတ်များကိုဂူနံရံများတွင်ထွန်းညှိထားသည်ကိုပါတွေ့လိုက်ရတော့သည်။

…ငါဘယ်ရောက်နေတာလဲ ..ငါသေသွားပြီလား…
ဘယ်တွေရောက်ပြီး…ဘာတွေဖြစ်ခဲ့တာလဲ…

နောက်ဆုံးသစ်ကိုင်းနှင့်ချောက်အတွင်းပြုတ်ကျပြီး ကြောက်လန့်ကာ သတိလစ်မေ့မြောသွားသည်ကလွဲ၍ နောက်ဖြစ်တာဘာမှမသိတော့ သောဒေါင်ဝန်းမှာ
သူကိုသူသေလူအဖြစ်သတ်မှတ်ထားပြီးမှ မသေပဲရှိနေခြင်းအခြေအနေကို ယုံမှားသံသယဝင်
နမေိ၏ ။
ထို့အပြင်သူ့ကိုယ်ပေါ်တွင်ထိခိုက်ဒဏ်ရာကြီးကြီး
မားမားတစ်ခုမှရှိမနေခြင်းဖြစ်၏။

သူကိုဘယ်သူကယ်ထားတာလဲ သူသိချင်လာသည်။

!ရှင်.… သတိရလာပြီလား ဘာလို့ထလာတာလဲ
အနားယူပြီးလှဲနေတာ မဟုတ်ဘူး…”

”……ဟင်……”

ချိုမြသောစကားသံလေးနှင့်အတူ မိန်းခလေးတစ်ယောက် ဒေါင်ဝန်းအနီးလျောက်လာနေခြင်းကြောင့်အံ့အြ
စိတ်ဖြင့် မိန်းခလေးကို ပြူးကြောင်စွာ ဒေါင်ဝန်း
ကြည့်နေမိတော့၏ ။

မိန်းကလေးမှာအသံလေးချိုမြနေသလို လူကလည်းချေမောလွန်းလှသူလေးတစ်ယောက်ပင်ဖြစ်တော့၏ ။
အသက်(၂၀)၀န်းကျင်ခန့်အရွယ်မျရွယ်
ပိုးအကျီ အဝါ ထမီအနက်ဖြင့် လှပသောကိုယ်နေဟန်ရှိသောမိန်းမပျိုလေးတစ်
ဖြစ်၏ ။
ဒေါင်ဝန်း သတိမကပ်နိူင်သေးဟုထင်ဟန်မြင်သွား
ဟန်ဖြင့် မိန်းခလေးမှစကားဆက်ပြောလာ၏ ။

”…ရှင်တောင်ပေါ်ကပြုတ်ကျလာတာထင်တယ် ရှင်ကံကောင်းတယ်… နွယ်တွေပိုက်ကွန်လိုဖြစ်နေတဲ့ ခြုံပေါ်ပြုတ်ကျတာ တွေ့လို့…ကျွန်မ
ဒီဂူ ထဲသယ်လာတာ ဒါနဲ့ ဘယ်လိုဖြစ်တာလဲ…”

အံ့အြတကြီးဖြစ်နေရာမှ ခုမှသတိ၀င်လာကာ
သောဒေါင်ဝန်းမှာ မိန်းခလေးကိုငေးကြောင်ကြည့်မိခြင်းအတွက်
ရှက်ရွံသွား၏ ။

”…အစ်ကို့ကို ညီိမကယ်ထားတာကိုး…ကျေးဇူးတင်ပါတယ်…ညီမရယ်…
အစ်ကိုဟာအကိုသေပြီထင်ထားတာ….”

ဒေါင်ဝန်းမှာကျေးဇူးတင်စကားဆိုရင်းနဲ့အတူ
ပန်းလာရှာရင်းချောက်အတွင်းပြုတ်ကျခြင်းကို
မိန်းခလေးကိုပြောပြနေမိ၏။

” ကျေးဇူးတင်ပါတယ် ညီမရယ်…
ညီမပေးတဲ့အသက်ပဲရှိပါတော့တယ် …
အစ်ကိုနာမည် ဒေါင်ဝန်းလို့ခေါ်ပါတယ် …”

”…ဒေဝီလို့ခေါ်အစ်က်ို ဒေါင်ဝန်…
ညီမနာမည် ဒေဝီပါ…”

”…ဒါနဲ့ ဒီမှာညီမတစ်ယောက်တည်းပါလားတခြားသူတွေမတွေ့ပါလား…”

”ညီမက …ကဒီအနီးအနားကရွာမှာနေတာပါ
အပြင်းပြေဒီဖက်ထွက်လာရင်းက အစ်ကို့ကိုတွေ့တာနှင့် ကူညီရင်းဒီမှာခနနေပေးတာပါ …
ဒီကျောက်ဂူ ကဟိုးအရင်ကတည်းကတွေ့ထားတာ
အကိုသတိလစ်နေတော့ ဒီထဲသယ်လာပေးတာ…”

”…ကျေးဇူးတင်ပါတယ်ညီမရယ် အကိုလည်း သက်သာနေပြီ…
ညီမလည်းအကို့အတွက်ကြောင့်ညီမအိမ်ကလူတွေ စိတ်ပူနေတော့မယ်…ပြန်လို့ရပါပြီ
စိတ်မပူပါနဲ့တော့ …”

”…ညီမမှာစိုးရိမ်ရမယ့်သူတွေမရှိတော့ပါဘူး…
ဘာမှတွေးမနေနဲ့တော့အကို …အားရှိအောင်အိပ်လိုက် ညီမမနက်ကျ အစ်ကိုတို့ရွာသွားတဲ့လမ်းလိုက်ပြပေးမယ်…
ဆာနေရောပေါ့စားစရာက ငှက်ပျောသီးပဲရှိတယ်
အဆာပြေစားလိုက်ပါအုံး…ဒါကအကို့ဒဏ်ရာ
တွေကိုလူးဖို့ဆေး…ညီသွားလိုက်အုံးမယ်အစ်ကို…..”

ဒေါင်ဝန်းကိုငှက်ပျောသီးမှည့်တဖီးနဲ့ဆေးတစ်ဗူး
ပေးပြီးမိန်းခလေးကအိပ်စက်ရန်ပြောရင်းသူမကိုယ်တိုင်လည်း ကျေက်ဂူအတွင်းပိုင်းသို့လှမ်း၀င်သွား
ခြင်းကိုတွေ့လိုက်ရ၏ ။

ဒေါင်ဝန်း တစ်ယောက်ဆာလောင်နေခြင်းကြောင့်
ငှက်ပျောသီးလေးငါးလုံးဖြုတ်စားလိုက်ကာ
ကျောက်ဂူထောင့်နားတွင်တွေ့ရသော မြေရေအိုး
ထဲမှရေကိုဝါးဆစ်ပိုင်းရေခွက်ဖြင့် သုံးလေးခွက်
ခပ်သောက်လိုက်၏ ။ဆေးပုလင်းဟုပြောထားသော
လက်ညိူးအရွင်ပုလင်းအသေးအားဖွင့်ကြည့်ရာ
စေးကပ်ကပ်အရည်တမျိုးကိုတွေရ၏ ။
ယခုအချိန်မျိုးတွင်တခြားဆေးမရှိသောကြောင့်
ထိုဘာဆေးမှန်းမသိသောဆေးကိုပင် နာကျင်နေသောနေရာများတွင်ပွတ်လိမ်းလိုက်တော့၏ ။

ဒေါင်ဝန်းမှာ
ဂူထောင့်တွင်လက်ကိုခေါင်းအုံးလှဲလျောင်း၍
သေကံမရောက်သက်မပျောက်သောသူအဖြစ်အပျက်ကိုပြန်တွေ့ကြည့်၍ပင်ကြောက်နေမိ၏ ။
ဒေဝီဆိုသောမိန်းခလေးကြောင့်သာမဟုတ်လျင်
သေနေလောက်ပြီဖြစ်၏ ။
ထူးခြားပြီးပဟေဠိဆန်လှသော မိန်းခလေးတစ်
ယောက်ဟုဒေါင်ဝန်းထင်မိ၏ ။ယခုလိုတောတောင်
ကြီးအတွင်းတစ်ယောက်တည်းလျောက်သွားနေသလိုယခုဂူကြီးမှာလည်းရှေးကလူများနေခဲ့သလိုရှိနေပြန်၏ ။
မိန်းခလေးပုံစံကြည့်ရသည်မှာလည်းတစ်စုံတရာကို
လျို့ဝှက်ထားဟန်ရှိ၏ ။ သို့ရာတွင် သူ့အားကယ်တင်ထားခြင်းအတွက် အန္တရယ်ပြု
မည့်သူမဟုတ်ဟုလည်းတွေးပြန်၏ ။
ယခုလည်းဂူအတွင်းပိုင်းသို့ဝင်သွားပြီးနောက်တကြိမ်ပြန်ထွက်လာသည်ကိုမတွေ့ရသေးပေ။
ဒေါင်ဝန်း မှာဟိုတွေးဒီတွေးဖြင့်အိပ်မပျော်နိူင်ပဲမနက်မိုးလင်းခါနီးမှမှေးခနဲဖြစ်ကာအိပ်ပျော်သွားတော့သည်။

”…အစ်ကို …ထတော့…ထတော့… မိုးလင်းနေပြီ ရွာပြန်ရအုံးမယ်မဟုတ်လား…”

”….အင်း…ညီမ ဘယ်အချိန်ကရောက်နေတာလဲ….”

ဒေါင်ဝန်းမှာ မိန်းခလေးနိူးသံကြား အိပ်ယာမှလူးလဲထလိုက်ချိန်မိုးစင်စင်လင်းနေပြီဖြစ်၏ ။
မိန်းခလေးကားဘယ်ချိန်ကနိုးပြီး၊ဘယ်ကရောက်လာမှန်းမသိတောပန်းပွင့်လေးများ ခေါင်းပေါ်ပန်ဆင်လျက်ဒေါင်ဝန်းအနီးရှိနေ၏ ။

အိပ်ယာမှလူးလှဲထကာအနီးအနားစမ်းချောင်းတွင်မျက်နှာသစ်ပြီးချိန်မိန်းခလေးက ပြန်ရန်လမ်း
ပြမည်ဆိုကရှေ့မှသွားနေသောကြောင့်ဒေါင်ဝန်း
မိန်းခလေးခေါ်ဆောင်ရာနောက်လိုက်လာခဲ့တော့
၏။
ခုမှပတ်ဝန်းကျင်ကိုဒေါင်ဝန်းသေချာကြည့်မိရာသူ
ပြုတ်ကျလာရာတောဘေးဖက်တောင်ပတ်လမ်းမှတောင်ပေါ်တက်နေခြင်းဟုသိရမိတော့၏ ။
မိန်းခလေးမှာ တောင်ကုန်းထိပ်ရောက်သောအခါ
ခြေလှမ်းများရပ်လိုက်၏ ။

”…ကဲ… အစ်ကို ညီမဒီမှာပဲနေခဲ့တော့မယ်နော်
လမ်းမှတ်မိပြီမဟုတ်လား……အော်…ဒါနဲ့ ခနလေးစောင့်အုံး….”

မိန်းခလေးက အနီးရှိခြုံတစ်ခုအတွင်းတိုး၀င်ရင်းပြန်ထွက်လာသောအခါသူမလက်တွင် ဒေါင်ဝန်း ပန်းထည့်သော ပလိုင်းပါလာ၏ ။

”.ရော့ …ဒါအကိုပစ္စည်းမဟုတ်လား ညီမအကိုပြုတ်ကျလာတဲ့နေရာသွားကြည့်ရင်းတွေ့လာတာ….”

ဒေါင်ဝန်းမိန်းခလေးကမ်းပေးသောသူ့
ပလိုင်းအတွင်းကြည့်လိုက်သောခါ
သူရှာဖွေထားသောပန်းခိုင်များအပြင်သူချောက်ထဲပြုတ်ကျစေခဲ့သောပန်းခိုင်ပါသူ့ပလိုင်းအတွင်းရှိနေသည်ကိုတွေ့လိုက်ရသည်။

”…ကျေးဇူးတင်လိုက်တာ ညီမရယ် ဒါနဲ့….ညီမနှင့်နောက်တခါပြန်တွေ့ချင်သေးတယ်
အစ်ကိုဘယ်ကိုလာရမလဲ….”

.”…ညီမက ဒီအနီးအနားမှာပဲ နေတာပါ
တစ်ခုတော့မှာပါရစေ အစ်ကို…..”

”..ဘာများလဲညီမပြောလေ…”

”ညီမကို တစ်ကယ်ကျေးဇူးတင်ရင် ညီမနဲ့
ဆုံခဲ့ရတာဘယ်သူမှမပြောမိပါစေနဲ့…”

”…ညီမမှာ ဘာအကြောင်းရှိမှန်းမသိပေမယ့်
ညီမအကြောင်းအစ်ကို ဘယ်သူမှမပြောဖို့ ကတိပေးပါတယ်…အစ်ကိုသွားပြီနော်ညီမ…”

ဒေါင်ဝန်မှာ ပဟေဠိဆန်သောမိန်းခလေးကို
နူတ်ဆက်၍ရွာသို့ပြန်လာတော့၏ ။
နောက်တချက်လှည့်အကြည့်တွင်သူ့အားငေးစိုက်ကြည့်ရင်းကျန်နေခဲ့သောမိန်းမပျိုလေးအားတွေ့လိုက်ရပါတော့၏။

ဒေါင်ဝန်ရွာပြန်ရောက်ချိန်စိတ်ပူနေသောမိဘများနဲ့
ရွာသားများမှတောထဲတစ်နေ့တစ်ညဘယ်ပျောက်နေတာလဲအမေးကိုတောထဲမျက်စိလည်နေ၍ဟုသာမယုတ်မလွန်ပြန်ဖြေရင်းမိန်းခလေးနှင့် တွေ့ဆုံသည့်ကိစ္စအားဘယ့်သူ့ကိုမှပြန်မပြောမိအောင်သတိထားပြောနေမိ၏ ။

တပတ်ခန့်ဒေါင်ဝန်းအိမ်တွင်းအောင်းလျက်ဖြင့်ရှိနေ၏ကြုံခဲ့ရသောသေဘေးကိုတွေးမိကယခုထိ
ထိတ်လန့်စိတ်ဖြစ်နေမိသေးသောကြောင့်လည်း
ပါ၏ ။
ထူးဆန်းစွာတောတွင်းတွေ့သောကယ်တင်ရှင်
မိန်းခလေးကိုမူ နေ့စဉ်သတိရကာတွေ့ချင်စိတ်
ပေါ်နေမိတော့၏ ။

တပတ်ပြည့်ပြီးနောက်နေ့တွင်မိန်းခလေးကို
တွေ့ချင်စိတ်ကတားဆီးမရဖြစ်လာသောကြောင့်
ပန်းရှာရန်အိမ်အားအကြောင်းပြ၍ မိန်းခလေးနှင့်ဆုံခဲ့သောနေရာအားထွက်လာခဲ့
တော့၏ ။
ချောက်သို့
ပြုတ်ကျခဲ့သောနေရာတောင်ပတ်လမ်းမှဆင်းရင်းကျောက်လိူဏ်ဂူတွင်ကိုရှာဖွေရာမတွေ့ရခြင်း
ကြောင့်ထိုနေရာအနီးပတ်လည်တွင်အတန်ကြာလိုက်ရှာသော်လည်း မိန်းခလေးအားလိုက်ရှာသော်လည်းရှာမတွေ့ပဲ
ရှိနေတော့၏ ။

စိတ်ပျက်လက်ပျက်ရှေ့ဆက်လျောက်လာရင်း
တစ်နေရာအရောက်တွင်သီချင်းညဉ်းသံသဲ့သဲ့
ကိုလေအဝှေ့တွင်တချက်၊တချက်ကြားနေရ
သောကြောင့်ထိုနေရာသို့ ဒေါင်ဝန်းအပြေးအလွား
သွားလိုက်တော့၏ ။

ကြီးမားပြီးပင်စည်နက်ပြောင်ကာအရွက်ကြီးများ ကနေပျောက်မထိုးနိုင်အောင်စိန်းလန်းနေသော သစ်ပင်ကြီး တစ်ပင်အောက်တွင်သစ်ပင်ကြီးအား မှီရပ်ရင်းအဝေးကြီးသို့လှမ်းငေးနေဟန်ဖြင့်ရှိနေသောကယ်တင်ရှင်မလေးဒေဝီကိုတွေ့လိုက်ရခြင်းကြောင့် ဒေါင်ဝန်း မှာထိုနေရာသို့အပြေးကလေး
သွားလိုက်မိတော့၏ ။

…ဒေဝီ..ညီမ.…

…ဟင်..အစ်ကို လာတယ်…

”…အစ်ကို ညီမကိုသတိရလို့ထွက်လာတာ
.တွေ့မှတွေ့ပါ့မလားလို့ …ရှာလိုက်ရတာ
ခုမှပဲတွေ့တော့တယ်…”

”ညီမက ဒီမှာအမြဲတမ်းရှိပါတယ်… ဒါနဲ့ ညီမနဲ့ တွေ့တဲ့အကြောင်းကိုတခြားဘယ်သူတွေကိုပြောပြထားသေးလဲ…”

”ဘယ်သူ့ကိုမှ ပြောပြမထားပါဘူး…စိတ်ချပါ
ညီမရဲ့ …”

”…ဘယ်သူမှမပြောပါနဲ့အစ်ကို… ဒါနဲ့ အစ်ကိုက ပန်းတွေလိုက်ရှာတာဆိုတော့ ညီမအစ်ကိုအတွက် သဇင်ပန်းတွေအများကြီးရှိတဲ့နေရာတွေ့ထားတယ် လာအစ်ကို…”

ဒေဝီက ရှေ့မှဦးဆောင်ကာခေါ်သွားရင်း မှသစ်ပင်ကြီးများထူထပ်စွာပေါက်နေသောနေရာတစ်ခုတွင်ရပ်လိုက်ရင်းအပင်ပေါ်သို့လက်ညိူး
ညွန်ပြနေ၏ ။

”…ဟိုမှာတွေ့လားအစ်ကို သဇင်တွေအများကြီးပဲ ဒီနေရာကလူသူအရောက်အပေါက်နည်းတော့ ဘယ်သူမှ မတွေ့တာလေ…”

ဒေါင်ဝန်း တစ်သက်တွင် ဒီမျသဇင်ပန်းများတစ်နေရာတည်းတွင် စုနေသည်ကိုမတွေ့ဖူးပါချေ သဇင်ပန်းခိုင်များကားတစ်ပင်တည်းတွင်နှစ်ခိုင်သုံးခိုင်ဖြင့်သစ်ပင်တိုင်းလိုလိုတွင်ရှိနေကြ၏ ။

”…ဟာအများကြီးပဲ အစ်ကိုတက်ခူးလိုက်အုံးမယ် …ခနစောင့်နော် …ညီမ…”

ဒေါင်ဝန်းမှာ သစ်ပင်ပေါ်သို့ကျင်လည်စွာတက်၍ သဇင်ခိုင်ပါသစ်ကိုင်းသုံးလေးကိုင်းခုတ်ရင်းပြန်ဆင်းလာခဲ့တော့၏ ။

” တခြားအပင်တွေမခူးတော့ဘူးလား အစ်ကိုရ
အများကြီးကျန်နေသေးတယ်….”

”….ညီမနဲ့လည်းထပ်တွေ့ရအောင်
နောက်နေ့တွေမှလာခူးတော့မယ် ဒီနေ့တော့ ဒီလောက်ပဲသယ်သွားတော့မယ်…ညီမ…”

”…အစ်ကိုဒီနေရာကိုလာရင်အတတ်နိုင်ဆုံးလျို့ဝှက်ပြီးမှလာပါအစ်ကို… တခြားသူတွေဒီမှာညီမနှင့်အစ်ကိုတွေ့နေတာသိသွားရင်နောက်ညီမနဲ့အစ်ကိုတွေ့ဖို့မလွယ်တော့ဘူး…”

”စိတ်ချပါညီမရ ဘယ်သူမှမသိစေရပါဘူး…
ညီမနဲ့တွေ့ဖို့အခွင့်အရေး ဆုံးရူံးရမယ့် အလုပ်
အစ်ကိုမလုပ်ပါဘူး…ဒါနဲ့ ညီမနဲ့ပတ်သက်တဲ့
အကြောင်းတွေအစ်ကို ဘာမှမသိရသေးဘူး
အကိုသိချင်လို့ပြောပြပါလား….”

” စောပါသေးတယ်အစ်ကိုရယ် တစ်ချိန်ကျရင်
အစ်ကိုသိချင်တဲ့အကြောင်းတွေ ညီမအားလုံး
ပြောပြပါမယ် …ခုမသိချင်ပါနဲ့အုံး….”

”…ကောင်းပါပြီ ညီမအဆင်ပြေတဲ့အချိန်မှ
ညီမအကြောင်းပြောပြပေါ့ …အဲကျမှအကို
နားထောင်ပါ့မယ်….”

ဒေါင်ဝန်းတစ်ယောက်ဒေဝီအကြောင်းမေးချိန်တွင်
ဒေဝီတစ်ယောက်မျက်နှာလေးညိူးသွားရှာ၏ ။
တစ်ခုခုကိုဖုံးကွယ်ထားရခြင်းကြောင့်စိတ်မော
နေရဟန်ဖြင့်ရှိနေတော့၏ ။
ဒေါင်ဝန်းလည်းသူ့စကားကြောင့်ဒေဝီမျက်နှာညိူး
သွားခြင်းကိုမြင်တွေ့ရသောကြောင့် အတင်းဆက်မမေးတော့ပဲ ဒေဝီအားနူတ်ဆက်စ
ကားဆို၍ရွာသို့ပြန်လာခဲ့တော့သည်။
ထိုအချိန်တွင်
ဒေါင်ဝန်းနှင့်ဒေဝီတို့လူပ်ရှားမူမှန်သမျကို ခြုံအတွင်းမှမျက်လုံးတစ်စုံက အစအဆုံး၊မျက်တောင်မခတ်တမ်းလိုက်ကြည့်နေသည်ဆိုတာ သူတို့နှစ်ယောက်မသိလိုက်ကြချေ။

”…!မင်းဟာက သေချာရဲ့လား ဖိုးထောင်ရ…”

”သေချာပါတယ် ဆရာစံမောင်ရေ ဒေါင်ဝန်းကောင်မလေးတစ်ယောက်နဲ့
တောထဲမှာ စကားပြောနေတာ ကျနော်သေချာတွေ့ခဲ့ တယ် ကျနော် သဇင်ပန်းလိုက်ရှာရင်း အဲဖက်ရောက်သွားတော့် ဒီမျက်စိနဲ့တပ်အပ်တွေ့တာပါ…”

”ကောင်မလေးက အနီးအနားရွာတွေက
နေမှာပါကွာ သူတို့သမီးရည်းစားချိန်းနေကြ
တာနေမှာပေါ့…”

”…အနီးအနားရွာမှာဒီလောက်လှတဲ့ကောင်မလေးမ
ရှိဘူးဆရာ နောက်ပြီး သူဘယ်မှာနေတာလဲသိချင်လို့နောက်ယောင်ခံလိုက်တော့ထူးဆန်းတဲ့ သစ်ပင်ကြီးတစ်ပင်နားရောက်တော့ ပျောက်သွားတယ် သေချာပါတယ် ဆရာရေ ဒါဥစ္စာစောင့်ပဲဖြစ်မှာပါ…”

…မင်းပြောတာသေချာရင်တဖက်ရွာက သိုက်လိုက်ဆရာကြီးကို မနက်သွားတွေ့ပြီး
အကျိုးအကြောင်း ပြောပြရမယ်
အဲဒီနေရာသွားရအောင် ဒီကိစ္စသာအောင်မြင်ရင် ငါတို့ချမ်းသာပြီကွ မဟုတ်လို့ကတော့မင်းနာမယ်……

..တပည့်စကားကိုတပည့်တာဝန်ခံနိူင်ပါတယ်
မဟုတ်ရင်ဆရာကြိုက်တာလုပ်လို့ရတယ်
တပည့်လည်စင်းပေးမယ် …

…မင်းအပြောကိုတော့ ကြိုက်သွားပြီကွာ
စိတ်ချမင်းပြောသလိုအမှန်ဆိုရင် ငါတို့
ချမ်းသာပြီမှတ်လိုက်တော့…

…ဟားဟား …ဟားဟား… …

…ဟား….ဟား…ဟား….ဟား….

ရွာထဲမှ အလုပ်မယ်မယ်ရရ မလုပ် ကြက်တိုက်အရက်သောက် ဖဲရိုက်လုပ်နေသော ဖိုးထောင်က သဇင်ပန်းများ ရွာသားများရှာဖွေရ ရှိမူကို သူလည်းရလိုရငြားတောသွားရင်းဒေါင်ဝန်းနဲ့ ဒေဝီတို့အားတွေ့လာကာ ဆရာဖြစ်သူ စံမောင်ဖြင့် တိုင်ပင်ကြံစီနေကြခြင်းပင်ဖြစ်၏ ။
ထို့နောက်…နှစ်ဦးသားမစားရဝခမန်းပြောဆိုကြရင်း
သဘောအကျကြီးကျကာရယ်မောနေကြတော့၏ ။

==========================

ဒေါင်ဝန်း တစ်ယောက်ဒေဝီရှိရာသို့နေ့တိုင်းရောက်လာဖြစ်၏။ မနက်အစောကြီးရောက်လာပြီး တနေကုန်ဒေဝီနဲ့စကားပြောလိုက်တောတွင်းလည်
ပတ်လိုက်ဖြင့် အပျော်ကြီးပျော်နေမိ၏ ။

ဒေါင်ဝန်းမှာ ဒေဝီကို ထူးဆန်းသောသစ်ပင်ကြီး
အောက်တွင်အမြဲတွေ့ရပြီး၊သူမနောက်ကြောင်း
ရာဇဝင်ကိုမူယခုထိဘာမှမသိရသေးပေ။
ထူးခြားချက်နေဖြင့် ဒေဝီကိုမကြာခန တွေ့ရသော
သစ်ပင်ကြီးမှာထူးဆန်းသလို ဒေါင်ဝန်း ခံစားရမိ၏။ တောတောင်ထဲတွင် ကျင်လည်နေသည်မှကြာပြီဆိုသော်လည်းထိုအပင်
မျိုးမတွေ့ဖူးမမြင်ဖူးပေ။
လူကြီးနှစ်ယောက်ဖက်မကပင်စည်ကြီးမှသစ်ခေါက်များမဲပြောင်နေလျက် အပင်မှာ အမြင့်သိပ်
မရှိလှပဲညောင်ပင်ကြီးကဲ့သို့ အခက်အလက်များ
ဖြင့်ရှိ၏။
.အရွက်မှာမူ ညောင်ပင်ကဲ့သို့အရွက်မသေးပဲလက်ဖဝါး
အရွယ်ခန့်သစ်ရွက်ကြီးများရှိနေ၏ ။

ဒေါင်ဝန်းထိုသစ်ပင်အောက်ဝင်မိချိန်တိုင်းတစ်စုံ
တစ်ယောက်စောင့်ကြည့်နေသလို နောက်ကျော
မလုံသောခံစားချက်မျိုးရနေတတ်၏ ။

ဒေဝီအားသူမနောက်ကြောင်းရာဇဝင်ကိုမေးချင်
ပါသော်လည်း၊မပြောချင်သောအကြောင်းကိုအတင်းမေးမိပါက
သူ့အနားမှဒေဝီ ရှောင်ပြေးသွားမှာစိုးရိမ်မိ၍
ဒေါင်ဝန်းမှာသိချင်သော်လည်းမမေးမိခြင်းဖြစ်
သည်။

ဒေဝီအား ဒေါင်ဝန်း စိတ်ဝင်စားမိသလို ဒေဝီပုံစံ
ကလည်းဒေါင်ဝန်းကိုသဘောကျနေဟန်ပြနေ၏ ။
တပတ်ခန့်ကြာမြင့်ချိန်တွင် ဒေါင်ဝန်း တစ်ယောက်
ချစ်စိတ်ကိုမထိန်းချုပ်နိူင်ပဲ ဒေဝီအား ချစ်ရေး
ဆိုမိတော့၏ ။

” …ညီမကို အစ်ကိုစတွေ့ကတည်းက စိတ်ဝင်စား
မိတယ် ခုလိုနေခွင့်ရတော့ ညီမကိုချစ်မနေမှန်း
သိလိုက်ရတော့တယ် အစ်ကိုအပေါ် ညီမသော
ထားဘယ်လိုရှိလဲ သိချင်မိတယ် ညီမရယ်…”

” အစ်ကိုရယ်….အစ်ကိုညီမအကြောင်းဘာမှ
မသိပါဘူး …”

” ညီမမှာ ဘယ်လိုအကြောင်းအရင်းအဆင်မပြေ
တာတွေရှိနေပါစေ အကိုညီမကိုချစ်တယ် …
အဲဒါတော့ မပြောင်းလဲပါဘူး…”

” စကားပြောမစောပါနဲ့ အစ်ကို …မနက်ဖြန်
ကျရင်ဒေဝီဘဝအကြောင်း အကုန်ပြောပြပါ့မယ်…
တကယ်လို့ ဒေဝီ အကြောင်းသိသွားလို့အကို
နောက်ဆုတ်မယ်ဆိုရင်လည်း မတားပါဘူး…”

”…တကယ်လို့ အစ်ကိုက ဘာဖြစ်ဖြစ်ဆက်ချစ်နေသေးရင် အစ်ကို
အချစ်ကိုညီမလက်ခံရမယ်နော်…”

” …အစ်ကိုသာ ညီမ အကြောင်းသိပြီးစိတ်မပြောင်းခဲ့ရင် အကို
စိတ်ချမ်းသာစေရပါ့မယ်….”

”…ဟား…ဝမ်းသာလိုက်တာ ညီမ ရယ်
မနက်ဖြန်မြန်မြန်ရောက်ချင်နေပြီ…”

”…ကဲပါ…အဲတာနောက်ထား အစ်ကိုပြန်ဖို့
နောက်ကျနေအုံးမယ်…ညီမလမ်းတဝက်
လိုက်ပို့ပေးမယ်….”

ဒေါင်ဝန်းတစ်ယောက်ဒေဝီထံမှ မနက်ဖြန်သူမဘဝဇတ်ကြောင်းသိရပြီးသူ့အချစ်ကို
လက်ခံမည်ဆိုခြင်းကြောင့် အပျော်ကြီးပျော်ကာ
ပြန်သွားတော့၏ ။မနက်ဖြန်ရောက်လျင်ဒေဝီ
ဘာဖြစ်ဖြစ်ချစ်မည်ဟုဆုံးဖြတ်ချက်က ဒေါင်ဝန်း
စိတ်တွင်ခိုင်မာနေ၏ ။

ဒေါင်ဝန်းလိုက်ပို့ပြီးပြန်လာသောဒေဝီတစ်ယောက် သစ်ပင်ကြီးနားအရောက်အသင့်စောင့်ဆိုင်းနေသောလူသုံးယောက်ကဖမ်းချုပ်ခြင်းကိုခံလိုက်ရတော့၏။

”…ဟင်….ရှင်တို့ဘယ်သူတွေလဲ လွတ်..လွတ်..”

”…ဟေ့ ..စံမောင် ဒီဥစ္စာစောင့်မကိုကြိုးတုတ်လိုက်စမ်းကွာ ..”

နုတ်ခမ်းမွေးကားကားလွယ်အိတ်တလုံးလွယ်ထားသောသိုက်ဆရာဆိုသူကစံမောင်အားပြောလိုက်ခြင်းဖြစ်၏။

…ကဲ နင်စောင့်ရှောက်နေတဲ့ ရတနာပစ္စည်းတွေအသာတကြည်ထုတ်ပေးစမ်း…

…ကျွန်မဥစ္စာစောင့်မဟုတ်ပါဘူး
စောင့်ရှောက်နေတဲ့ပစ္စည်းလည်း မရှိပါဘူးရှင်ကျမက်ို လွတ်ပေးပါ..…

”အော်…
အသာတကြည်တောင်းတာနင်ကအသားနာခံချင်တာပေါ့..ကဲဟာ…ကဲဟာ…”

…ရွမ်း..

….အ…အမလေး….မရိုက်ပါနဲ့တစ်ကယ်
မရှိလို့ပါရှင်…တောင်းပန်ပါတယ် …

သိုက်ဆရာကကြိမ်လုံးဖြင့်ဒေဝီကျောအားရိုက်ချလိုက်ခြင်းဖြစ်သည်။

”…ကဲ…နင်ရတနာပစ္စည်းတွေ ပေးတော့မှာလားပြောစမ်း.……မပေးရင် ဒီထက်ထပ်နာမယ်မှတ်…”

” …လူယုတ်မာ…နင်ကိုမရှိဘူးလို့ ဘယ်နှစ်ခါ
ပြောနေရမလဲ…မရှိဘူးဟေ့…”

…တယ်…ဒီကောင်မ…

ဒေဝီမျက်လုံးများသည်ဒေါသစိတ်ဖြစ်ဟန်ဖြင့်နီရဲခက်ထန်သွားသည်။
သူတို့ကျောပြုထားသောသစ်ပင်ကြီးမှအသက်၀င်လာသည့်အလားယိမ်းထိုးလူပ်ရှားလာလျက် ရှိနေခြင်းကိုမည်သူမျသတိမထားမိပဲရှိနေ၏ ။

…အား..ကယ်ပါအုံး ဆရာစံမောင် …အား…

…အ…အ…ဆရာကြီး…ကယ်ပါအုံး…

သစ်ပင်ကြီးမှ သစ်မြစ်များမှာမြေအောက်မှလူပ်ရှား
သက်ဝင်လာကြကာ သစ်မြစ်များမှာ မြေကြီးမှ
ထိုးခွဲ၍ အပြင်သို့ဖောက်ထွက်လာကြ၏။
ဖိုးထောင်တစ်ယောက် သူ့ခြေလက်များအား သစ်
မြစ်များကရစ်ပတ်လိုက်ရာကြောက်လန့်တကြား
ဆရာဖြစ်သူကိုအားကိုးတကြီးခေါ်နေချိန်တွင် သစ်မြစ်တစ်ချောင်းက ဖိုးထောင်ဗိုက်အားထိုးခွဲသွားခြင်းကြောင့်နာကျင်စွာ
အော်ဟစ်သံကြီးထွက်လာတော့၏ ။

အလားတူပင် စံမောင်မှာလည်း သစ်မြစ် များတကိုယ်လုံးရစ်ပတ်ခံလိုက်ရသောကြောင့်
သိုက်ဆရာကိုအကူအညီလှမ်းတောင်းနေချိန်
လည်ပင်းအား သစ်မြစ်တစ်ခုရစ်ပတ်ခံထားလိုက်ရမူနဲ့အတူ အသက်ရူမဝြဖစ်၍လာကာ ရုန်းကန်တွန့်လိမ်လျက် မျက်ဖြူကြီးလှန်ရင်းလဲကျသွားတော့သည်။

သိုက်ဆရာမှာ ပါးနပ်လွန်းသူတစ်ယောက်မို့..

သူ့တပည့်နှစ်ယောက်အခြေအနေမဟန်သည်နဲ့
ဒေဝီအနီးလျင်မြန်စွာတိုးကပ်ဆွဲယူကာ ဒေဝီလည်ပင်းပေါ်ဓားတင်၍သူရှေ့မှကာဗာလုပ်ထားလိုက်ရာ သစ်ဝင်လူပ်ရှားကာ သိုက်ဆရာ
ထံလာနေသော သစ်မြစ်များမှာ ဒေဝီရှိနေခြင်းကြောင့် အသိညဏ်ရှိသည်အလားရပ်တန့်သွားကြကုန်၏ ။

…တောက် ..သေပေတော့ ကောင်မ. …
…ဒါနင်ပညာအစွမ်းတွေမဟုတ်လား ငါ့လူတွေ
သေသလိုနင်လည်းသေစေရမယ် …ကဲဟာ…

…စွတ်…

…အ…..အ…

.သိုက်ဆရာမှာဓားဖြင့်ဒေဝီဗိုက်အား ထိုးချလိုက်တော့သည်။

……မလုပ်နဲ့. ……

ရွာသို့ပြန်လာသောဒေါင်ဝန်းတစ်ယောက်
လမ်းခုလတ်အရောက် ဒေဝီရှိရာနေရာဖက်ဆီမှ
အော်ဟစ်သံများကြားရ၍ ဒေဝီအတွက်စိတ်ပူပန်ကာ အပြေးအလွှား ပြန်လာချိန် သိုက်ဆရာမှာဒေဝီအားစိတ်မရှည်နိင်
စွာဓားဖြင့်ဝမ်းဗိုက်အားထိုးစိုက်နေခြင်းကို
မြင်ရခြင်းကြောင့်အော်ဟစ်တားဆီး၍ပြေးလာ
သော်လည်းဒေါင်ဝန်းနောက်ကျသွားခဲ့ရပြီဖြစ်၏။

…လူယုတ်မာကြီး.…

….သေပေတော..

……စွပ်.

….အား…

လက်မှဓားမတိုဖြင့် သိုက်ဆရာအားဒေါင်ဝန်း
ထိုးလိုက်ရာရင်ဘတ်တွင်းစိုက်နေသောဓားမတိုကို
ကိုင်၍ သိုက်ဆရာမှာ သွေးရူးသွေးတန်းဗလုံးဗထွေးအော်နေရင်း
နာက်ဆုတ်နောက်ဆုတ်ဖြင့်ခြေလှမ်းများယိုင်၍
ဒူးခွေကျကာအမိုက်ဇတ်သိမ်းသွားတော့၏။

သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော ဒေဝီအား
ထူ၍ဒေါင်ဝန်းမှ သူ့ရင်ခွင်တွင်မှီထိုင်စေ၏ ။
ဒေဝီမှာရင်ဘတ်ဒဏ်ရာမှသွေးများဒလဟော
ထွက်လျက် နောက်ဆုံးအခြေအနေရောက်နေပြီ
ဖြစ်၏ ။

”ဒေဝီ…ဒေဝီ…ညီမ အားတင်းထားနော်…
ညီမ ဘာမှမဖြစ်ရဘူး… မနက်ဖြန်ညီမအကြောင်း
တွေအစ်ကို့ကို ပြောရအုံးမယ်လေနော်…ညီမ…”

…ညီ…ညီ…မ…နူတ်…နူတ်…ဆက်…
…အ…

……..ဖြစ်မှဖြစ်ရလေ… ဒေဝီရေ. ..…

ဒေဝီမှာစကားတခွန်းပြောတိုင်းပါးစပ်မှသွေးတပွက်
ပွက်အန်လျက် ပွေ့ချီထားသော ဒေါင်ဝန်းရင်ခွင်
အတွင်းခေါင်းငိုက်စိုက်ကျကာအသက်ပျောက်သွား
တော့၏ ။

ထူးခြားဆန်းပြားခြင်းအဖြစ်အပျက်အဖြစ်မှာ
ဒေဝီသေဆုံးခြင်းနှင့်အတူ သစ်ပင်ကြီးမှအရွက်များတဖြုတ်ဖြုတ်ကြွေကျကာ
တစ်ပင်လုံးရိုးတံများသာကျန်ရစ်၍
ချက်ခြင်းသစ်အိုပင်ကြီးတစ်ပင်အဖြစ်ပြောင်းလဲသွားခြင်းက ထူးဆန်းသောအခြေအနေတစ်ခု
ပင်ဖြစ်၏ ။

……”ဒေဝီ..ညီမ..ဒေဝီ…ဒေဝီ….

ဒေါင်ဝန်းတယောက်ဒေဝီအလောင်းအားဖက်ရ
င်းကြေကွဲဆို့နင့်စွာအော်လိုက်သောအသံမှာတောင်နံရံများတစ်လျောက်ပဲ့တင်ရိုက်ပျံ့နှံနေလျက်ရှိနေပါတော့၏။
ဒေဝီသေဆုံးခြင်းနဲ့အတူ ပဟေဠိဆန်သော မေးခွန်းများကကျန်နေရစ်ခဲ့ကြတော့၏ ။

……ဒေဝီဟာဘယ်နေရာကလာခဲ့သလဲ……?

…သစ်အိုပင်ကြီးနှင့်ဘယ်လိုပတ်သက်သလဲ…?

…သိုက်ဆရာယူဆခဲ့သလို ဥစ္စာစောင့်လား…?

ထိုမေးခွန်းအားလုံးကိုဒေဝီတစ်ယောက်သာဖြေနိုင်
သောမေးခွန်းပင်ဖြစ်၏ ။

သို့သော်ဒေဝီ သေဆုံးသွားပြီဖြစ်သောကြောင့်
မေးခွန်းအဖြေများကလည်း ပျောက်ဆုံးသွားပြီ
ဖြစ်ပါတော့သတည်း။

==========================

(ပြီးပါပြီ)

လေးစားစွာဖြင့်

မြူခိုးအလင်္ကာ