“ပုဏ္ဏက တိုက်တဲ့အိမ်”(စ/ဆုံး)

“ပုဏ္ဏက တိုက်တဲ့အိမ်”(စ/ဆုံး)

—————————————–

အချိန်ကား မှောင်ရီပျိုးစ ညနေနေဝင်ရီတရော အချိန် ..

ဒေါ်မြရီ တစ်ယောက် ထမင်းစားသောက်ပြီးနောက် အကြွေးစာရင်းများ တွက်ချက်နေစဉ်တွင်ဖြစ်သည် ။

” ဝုန်း…ဒုန်း…ဒုန်း……”

အိမ်၏ အပေါ်တည့်တည့် အိမ်မိုးသွပ်ပြားတွေပေါ်သို့ ရုတ်တရက်ကျလာ သော ခဲများအသံကြောင့် ဒေါ်မြရီတစ်ယောက် လန့်သွားမိကာ…ဟဲ့သောက်ပလုပ်တုတ် ” ဟု ရေရွတ်မိလိုက်သည် ။

ပြီးနောက် အကြွေးစာရင်းများ တွက်ချက်နေရာမှ…ထလိုက်ပြီး…” ဟဲ့ ဘယ်ကသေနာတွေလဲ…မိမဆုံးမ ဖမဆုံးမသားသမီးတွေ…အတော် လက်သရမ်းခြေသရမ်းနေကြပါလား ” ။ဒေါ်မြရီတစ်ယောက် မကျေမနပ်ရေရွှတ်လိုက်၍ နံရံတွင်ချိတ်ထားသော လေးဂွ နှင့် လောက်စလုံးအိတ်ကိုလှမ်း ယူလိုက်ကာ ခြံထဲသို့ ဆင်းလိုက်သည် ။

ဒေါ်မြရီ ခြံအတွင်း ရာသီပေါ် သီးနှံများနှင့် စိမ်းစိုနေလေသည် ။ သရက် ပိန္ဒဲ မရမ်း ဇီးပင် များနှင့် ဟင်းသီးဟင်ရွက်ပင်များ အတော်ပင်စုံလှသည် ။

ရပ်ကွက်အတွင်းရှိ့ ကလေးသူငယ် များ ဒေါ်မြရီခြံအတွင်းရှိ့ သီးပင်စားပင်များကို လစ်ရင်လစ်သလို အပင်ပေါ်တတ်၍ ခူးသည် ။ ခဲဖြင့် ပစ်ချတတ်ကြသည် ။

ထို့ကြောင့် ဒေါ်မြရီတစ်ယောက် အယုတ္တ အနတ္တစကားများ မြည်တွန်းရင်း ခြံအတွင်းသို့ လှည့်ပတ်ကြည့်ရှု့လိုက်သည် ။

ဒေါမြရီ အတွေးဝယ် ရပ်ကွက်ထဲမှ
ကလေးသူငယ်တွေ ဆီးသီး…မရမ်းသီး ပစ်ချတယ်လို့ပင် ထင်နေခဲ့သည် ။ ဟိုကပစ်သလို ဒီကပစ်သလို တစ်လုံးစ နှစ်လုံးစပင် ခဲလုံးကြလာခဲ့သည် ။

နောင်ရက်တွေမှာ ခဲလုံး ၄လုံး ၅လုံးထိကြလာခဲ့သည်။ထိုနောက်မှာ တစ်နေ့ထက်တစ်နေ့ ခဲလုံးအရေအတွက်တွေက ပိုပြီးများသည် ။

ထူခြားတာက ခဲတွေကြသောအချိန်ပင်ဖြစ်သည် ။
နေ့စဉ်နေ့တိုင်း ညနေ နေဝင်ရီတရော အချိန်မှာပင်ဲ ဖြစ်နေသည် ။ အခြားအချိန်တွေမှာ ခဲမကြပေ ။
ပြီးတော့ ခဲလုံးတွေက အရှေ့…အနောက်…တောင်…မြောက် ဆိုသည်ဲ့ အရပ်လေးမျက်နှာက လာတာမဟုတ်ပါ ။

အိမ်၏ အပေါ်တည့်တည့်ကနေ အိမ်မိုးသွပ်ပြားတွေပေါ်သို့ တဝုန်းဝုန်း…တဒုန်းဒုနါး ကျနေခြင်းဖြစ်သည် ။

ပို၍ထူးခြားတာက ကျလာသည့် ခဲလုံးမှန်သမျှ ခြံနီးခြင်းအိမ်ခြံတွေထဲသို့ တစ်လုံးတစ်လေမှ မကြရောက်သည့်အချက်ပါ ။

အစပိုင်း ၂ ရက်လောက်မှာ ကလေးသူငယ်တွေ လက်သရမ်းတယ်လို့ တွေးမိပေမဲ့ တစ်ရက်ပြီးတစ်ရက် ကြာလာခ်ျန်မှာတော့ ထိုအတွေးက မဖြစ်နိုင်တာ ထငိးရှားလာသည် ။

” ဒေါ်မြရီ အိမ်ပေါ်ကို အလိုအလျောက်ခဲတွေ ကြလာလို့တဲ့ ”

ဤသတင်းက တောမီးလာင်သလို ချက်ချင်ပင် ပျံနှံသွားသည် ။
အထူးအဆန်းကြည့်ချင်သူ…ယုံကြည်သူ မယုံသူ လေ့လာလိုသူတွေသည် ညနေစောင်းသည်နှင့် ဒေါ် မြရီ အိမ်အနီးက လမ်းတွေပေါ်မှာ အုတ်အော်သောင်းတင် ရောက်လာကြသည် ။

တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေပေးပြီး ခဲလုံးတွေ အလိုအလျောက်ကြလာသည်ကို တအံ့တသြကြည့်ကြသည် ။

ရပ်ကွက်ထဲက လူတစ်ချို့ကတော့ ဤဖြစ်ရပ်နှင့် ပတ်သက်၍ ကျိတ်ပြီးဝမါးသာနေကြသည် ။

သူတို့က ဒေါ်မြရီ၏ ထီးတည်းနေထိုင်တတ်မူ့ကို ရပ်ကွက်နှင့်လိုက်လျောညီထွေမူ့ မရှိ့သူ …မာန်မာနထောင်လွှားသူတို့ ထင်မြင်နေကြသူတွေဖြစ်သည် ။

ဒေါ်မြရီက သူစတိုင်လို့ပင်ပြောရမလား မသိပေ ။ ရပ်ကွက်ထဲက သူတွေနှင့် ရင်နှိးခင်မင်စွာ မနေတတ်သလို
သာရေး နာရေးရှိ့လဲ မသွားပေ ။ ရပ်ရေးရွာရေး အလှူငွေ ထည့်စရာရှိ့လျင်လည်း တင်းတင်းမာမာ စစ်ဆေးမေးမြန်းပြီးမှ ထည့်ဝင်လေ့ရှိ့သည် ။

သူပုံစံက မည်သူ့ကိုမှ ဂရုမစိုက်သော ပုံစံ…ရပ်နှင့်ရွာနှင့် သဟဇာတ မဖြစ်သည်မှာ ထင်ရှားပေါ်လွင် လွန်းလှသည် ။

ထို့ကြောင့်လဲ ဒေါ်မြရီ အိမ်တွင် ဤကဲ့သို့ အဖြစ်မျိုး ကြုံတော့ ကျိတ်ဝမ်းသာနေကြခြင်းပင်ဖြစ်သည် ။

ထိုဖြစ်စဉ်ဖြစ်ရပ်မှာ တနေ့ထက်တစ်နေ့ ပိုဆိုးရွားလာသည်ကြောင့် လူတွေကိုပါ ထိခိုက်နှောက်ရှက်လာမှာ စိုရိမ်နေကြသည် ။

အောက်လမ်းပညာ တစ်ခုခုနှင့် နှောင့်ယှက်တိုက်ခိုက်နေတာ သေချာပေမဲ့ …စုန်းတိုက် နတ်တိုက် အစိမ်းသရဲတိုက် ပုဏ္ဏကတိုက်တာဆိုတာ မသိသေးချေ ။

သို့ဖြင့်၍ ပယောဂဘက်မှာနားလည်တတ်ကျွမ်းတဲ့ ဆရာခေါ်ပြီး အတိုက်အခိုက်စက်တွေ ဖြတ်ဖို့ကြိုးစားသည် ။

ပယောဂ ဘက်မှာကျွမ်းကျင်တယ်ဆိုသည့် ဆရာတွေ ခေါ်ပြီးလုပ်ပေမယ့်လည်း…မအောင်မြင်ချေ ။

ခဲတွေကတော့ ညနေ နေဝင်ရီတရော အချိန်ရောက်တာနှင့် ကျနေတုန်းပင် ။

ဆရာတစ်ယောက်ကတော့ ခဲတွေကြသည့် အချိန်မှာ ကန့်တော်ပွဲတွေ ထိုးကာ ပြန်တိုက်ဖို့ စီစဉ်သည် ။

သူလုပ်မှ ခဲတွေက အရင်ကထက် နှစ်ဆ ပိုကျလာသည် ။သူလဲ ကမူးရှုးထိုး ထွက်ပြေးရတာပါပဲ ။ ဘယ်ဆရာနှင့် မှ ဖြေရှင်းလို့ မရသည့်အဆုံးမှာ ဒေါ်မြရီက ကိုးကွယ်သည့်ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားသည်။

ဆရာတော်၏ ဆုံးမသြဝါဒကို ခံယူပြီး အိမ်မှာ အလှူဒါနပြုလုပ်သည် ။
အမျှအတန်းပေးဝေသည် ။ အန္တာရယ်ကင်း ပရိတ်တရားတော်တွေကို ရွတ်ဆိုသည် ။ မကောင်းဆိုးရွားနှင်သည့် ကမ္မဝါဖတ်တာတွေ ပြုလုပ်သည် ။

မည်သို့ပင်ဲ လုပ်လုပ် ခဲလုံးတွေကြတာကတော့ ရပ်မသွားပေ။

သူအချိန်ရောက်တာနှင့် ခဲလုံးတွေက မိုးရွာသလို တဝုန်းဝုန်း တဒိုင်းဒိုင်းကြနေတာပါပဲ ။

သို့ပေမဲ့ ဆရာတော်ကြီးက ဒီကိစွမျိုးနှင့် ပတ်သက်ပြီူ အတွေ့အကြုံရှိ့သည် ။

ဤီဖြစ်ရပ်ဖြစ်စဉ်တွေဟာ အောက်လမါးပညာရပ်တစ်ခုဖြစ်သည့် ပုဏ္ဏကအင်းနှင့် တိုက်ခိုက်နေတာကို ရိပ်စားမိသည် ။

ပုဏ္ဏက အင်းချပြီး ဘီးလူးကိုခိုင်းသည့် ပညာရပ်ပါ ။ ခဲတွေ အလိုအလျှောက်ကြတာ …နေအိမါမှာ ရုတ်တရက် မီးထတောက်လောင်တာမျိုး…နေအိမ်ထဲက ပစွည်းတွေ ဟိုရောက်ဒီရောက်ဖြစ်နေတာ တွေဟာ စုနါးတိုက် နတ်တိုက် ပုဏ္ဏကတိုက် အစိမ်းသရဲတိုက်တွေပင်ဲ ဖြစ်သည်

သို့သော် အခ်ျန်နာရီ တိတိကျကျဖြစ်တာက ပုဏ္ဏကတိုက်တစ်ခုပင် ရှိ့သည် ။ ။ထို့ကြောင့် ပုဏ္ဏကတိုကိတာဟုပင် ရိပ်စားမိလိုက်သည် ။

ခတ်နေတာက လောကီနည်း ဓမ္မနည်းတွေနှင့် အမျိုးမျိုးဖြေရှင်းပေမယ့် ခဲတွေကြတာ ရပ်မသွားပေ ။

ဆရာတော်ကြီးက စဉ်းစားရင်းနှင့် အကြံတစ်ခုရလိုက်၍

ဒေါ်မြရီ နေအိမ်သို့ ကြွပြီး ခဲတွေကို သွားကြည့်သည် ။

ခဲတွေအာလုံးက အုတ်နီခဲ အကျိုးတွေချည်ူ ဖြစ်နေသည် ။ ထို အုတ်ခဲကျိုးတွေ က လမ်းခင်းသောနေရာမှာ သုံးကြသည်။

ဆရာတော် ကပတ်ဝန်းကျင်က လူအများကို ဒီလိုအုတ်ကျိုးတွေရှိ့သော နေရာကို လိုက်ရှာခိုင်းသည် ။

ကံအားလျော်စွာ အိမ်နှင့်တစ်လမ်းကျော်မှာ အလားတူ အုတါခဲကျိုးတွေ ပုံထားတာ သွားတွေ့သည် ။

လမ်းပေါ်က ချိုင့်ဗွက်ကြီး တစ်ခုကို ဖို့ဘို့ လမ်းဘေးမှာ ပုံထားတယ် ။ တခြားနေရာတွေ မှာ ဒီလိုအုတ်ကျိုးပုံ မတွေ့ရပေ ။

ဆရာတော်က ဒေါ်မြရီကို ပရိတ်ချည် ပရိတ်ရေ နှင့် ပရိတါသဲတွေ ပေးသည် ။

ပြီးနောက်အုတ်ခဲကျိုးပုံကို နှံစပ်အောင် ပတ်ဖျန်းစေသည်။ ပရိတ်ချည်နှင့် ပတ်ဝိုင်းစေသည်။

ရောဂါနှင့် ဆေးက ဤအချိနါမှ တည့်သွားသည် ။

ထိုနေ့မှစပြီး ခဲတွေအလိုလျောက် ကျသည့်အဖြစ် ရပ်တန်းသွားခဲ့သည် ။

တကယ်တော့ အောက်လမ်းပညာသည်က ဒေါ်မြရီကို မုန်းလို့လုပ်တာပါ ။

ပုဏ္ဏကအင်းကို လမ်းဘေးအုတ်ခဲကျိုးပုံမှာ မြှပ်ပြီး ပြင်ပကနေ တိုကိခိုက်နှောင့်ယှက်နေခြင်း ဖြစ်သည်။

ပယောဂ ဆရာတွေက အိမ်ခြံဝင်းအတွင်ူမှာ ရှိ့သည့် မကောင်းဆိုးရွား နာနာဘာဝကိုပင် နှိပ်ကွက်နေသည့်အတွက် ပြသာနာ တခြား အဖြေတခြား ဖြစ်နေခဲ့ခြင်းဖြစ်သည် ။

ဤကဲ့သို့ပင်ထုးခြားဆန်းကြယ်သည့် အဖြစ်အပျတ်တွေဟာ မမြင်နိုင်သော ပရလောက သားတွေနှင့် ပတ်သက် ဆက်နွယ်နေတတ်ပါသည်။

လူဘုံလူလောက ဆိုတာကလည်း လောဘ ဒေါသ မောဟတွေ မစ္ဆရိယတရားတွေ ထူပြောဖုံးလွှမ်းနေပြီး မနာလိုဝနါတိုမူ့ မီးလျံတွေ လျောင်မြိုက်ခံရတော့ လူစစ်စစ်ကနေ
ဘီးလူး သရဲစိတ်တွေ ဝင်လာပြီး သူတစ်ပါး ကို ယုတ်ညံ့သော အတတ်ပညာတွေနှင့် မကောင်းကြံကြပါသည် ။

သို့ဖြင့် မယုံနိုင်လောက်အောင် ဆန်းကြယ်ထူးခြားသော အဖြစ်အပျတ်တွေ ပေါ်ပေါက်လာရပါတော့ သတည်း ။

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )