ပုပ္ပါးတောင်ခြေမှဘုန်းကြီးသဘက်

ပုပ္ပါးတောင်ခြေမှဘုန်းကြီးသဘက်(စ/ဆုံး)
————————————

နွေရာသီအားလပ်ရက်တစ်ရက်တွင်စာရေးသူနှင့်အလွန်ခင်သောအန်တီတစ်ယောက်ကပုပ္ပါးတောင်ခြေကဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ရှိသောဘုရားကို
ထီးတင်ပွဲအလှုူပြုလုပ်မှာဖြစ်တာကြောင့်စာရေးသူအားလာခေါ်ရာခရီးသွားဝါသနာပါသောကိုယ်ကရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပင်မငြင်းပဲလိုက်သွားခဲ့လေသည် ။
ကိုယ်ကခြေထောက်မှဗွေပါတာလား-အိမ်တွင်းနတ်ကမနှစ်သက်တာလားတော့မသိမကြာခဏဆိုသလိုခရီးထွက်လေ့ရှိသည်။
ထိုသို့ခရီးသွားရာတွင်လည်းရောက်ဖူးသည်ဖြစ်စေ-မရောက်ဖူးသည်ဖြစ်စေဘယ်နှစ်ကြိမ်သွားရသွားရအခါခါသွားရလည်းခရီးသွားနေရရင်ပြီးရောဆိုသူဖြစ်၏။
ဘယ်လောက်ကြာကြာအိမ်လွမ်းတာတွေသတိရတာတွေမရှိပါ။ရောက်တဲ့အရပ်မှာပျော်သူဖြစ်၍ဆေးစက်ကျရာအရုပ်ထင်သူဟုမိသားစုဝင်များကပြောကြ၏။
ခရီးသွားရတာကစိတ်ထွက်ပေါက်တစ်ခုဖြစ်သည်ဟုအကြောင်းပြကာမြန်မာပြည်တစ်ဝှမ်းသာမကနိုင်ငံခြားပါမကျန်ခရီးသွားတာအိမ်ကပ်သည်ဟူ၍သိပ်မရှိပါ။
အဖော်ကောင်းပါကနတ်ပြည်နှင့်ငရြဲပည်ပါမကျန်အလည်လိုက်ရန်အသင့်ဖြစ်နေသူပင်
ဘယ်ကိုပဲသွားရသွားရစိတ်ပေါ့ပါးလန်းဆန်းသွားသလိုမွန်းကျပ်နေသောမြို့ပြမှထွက်လိုက်သည်နှင့်သဘာဝအငွေ့အသက်တွေအများကြီးရှိနေသည့်တောတောင်ရေမြေများကဆီးလို့ကြိုနေသယောင်ခံစားရ၏
ဤသိုဖြင့်ပုပ္ပါးသို့ခရီးထွက်လာရာလမ်းတလျှောက်ရှိသမျှဘုရားမှန်သမျှကိုဟိုဝင်ဒီထွက်ဖူးလာလိုက်တာလမ်းမှာတင်နှစ်ညအိပ်ပြီးမှပုပ္ပါးကဘုန်းကြီးကျောင်းသို့ရောက်လာတော့တယ်။
ကိုယ်တို့ရောက်တော့ဘုန်းကြီးကျောင်းမှာအလှုူရှိတာကြောင့်အခြားဧည့်သည်များလည်းရောက်နေရာတည်းခိုစရာနေရာထိုင်ခင်းများပင်ပြည့်နေလေသည် ။
ဘုန်းကြီးကျောင်းဝင်းသည်အတော်အတန်ကျယ်ဝန်းပြီးကျောင်းဝင်းထဲတွင်ကျောင်းဆောင်များစွာရှိတယ်
ထိုကျောင်းဆောင်တိုင်းလိုလိုလူပြည့်နေသောကြောင့်ကျောင်းထိုင်ဘုန်းကြီးကနောက်ကျနေသောကိုယ်တို့အဖွဲ့အားနေရာအခက်အခဲကြောင့်အားနာနေလေသည်
အလှုူရှင်ကလဲဖြစ်ပြန်မျက်နှာနာစရာဖြစ်နေသောကြောင့်အကြံအိုက်နေစဉ်ဦးဇင်းတစ်ပါးကဝင်လျှောက်လိုက်သည် ။
”’အရှင်ဘုရားဟိုကျောင်းဝင်းအလယ်ကကျောင်းဆောင်မှာနေရာချပေးလိုက်ပါလား-ဒကာမကြီးတို့အဖွဲ့ကလူများသားပဲ–ဘာမှမဖြစ်လောက်ပါဘူး”
‘ ””ဖြစ်ပါမလားကွတော်ကြာတစ်ခုခုဖြစ်နေမှဖြင့်မိန်းကလေးတွေလည်းပါတော့အဆင်မပြေမှာစိုးတယ်”
”’အဲနေရာကလွဲလို့အခြားနေရာမရှိတော့ဘူးဘုရား””’
ဘုန်းကြီးနှစ်ပါးအပြန်အလှန်ပြောနေတာကြားတော့ခရီးပန်းပြီးနားချင်နေသောကိုယ်တို့အဖွဲ့ဲကဘာမသိညာမသိအန်တီကြီးကဝင်ပြောလိုက်သည် ။
””’ရပါတယ်ဘုရားရတဲ့နေရာသာပေးပါတပည့်တော်တို့အဆင်ပြေသလိုတည်းလိုက်ပါ့မယ်””’
”””အော်ဒါဆိုလည်းဒကာမကြီးတို့အဖွဲ့လိုက်ကြည့်လိုက်ပါဦး-အဆင်ပြေမှတည်းပါ”’
ကျောင်းထိုင်ဘုန်းကြီးပြောသောကျောင်းသည်ကျောင်းဝင်းအလယ်တွင်ရှိ၍နှစ်ထပ်ပျဉ်ထောင်အဝိုင်းပုံစံမျိုးဖြစ်ကာတရုတ်ဘုံကျောင်းနှင့်ခပ်ဆင်ဆင်တူလှပေသည်။
ကျောင်းတစ်ခုလုံးရောင်ပြေးမှန်တံခါးများတပ်ထားသည့်အတွက်မှန်စီတရုတ်ဘုံကျောင်းလိုပင်လှပနေသည်။
ဘုန်းကြီးကျောင်းမှာလူမနေတာကြာပြီဖြစ်၍ဖုန်းအနည်းတက်နေတာကလွဲပြီးအဆင်ပြေလောက်သည်ထင်ကြ၏
အထဲသို့ဝင်ကြည့်သောအခါအောက်ထပ်ကအခန်းများကသစ်ပင်အရိပ်များကြောင့်အနည်းငယ်မှောင်သလိုရှိတာကလွဲ၍အတော်ကောင်းမွန်ကာအပေါ်ထပ်ကအခန်းများကတော့အလင်းရောင်အပြည့်အဝရှိတယ်။
ကိုယ်တို့အဖွဲ့လည်းကျောင်းကိုသဘောကျသွားပြီအံ့သြစွာတွေးနေကြတာက
‘ဒီလောက်ကောင်းတဲ့ကျောင်းမှာလူတွေဘာကြောင့်မတည်းကြတာလဲလို့စဉ်းစားမရဒီလောက်မကျယ်သည့်ကျောင်းများတွင်လူတွေပြည့်နေတာထူးဆန်းနေပြီးဘာလို့ဒီကျောင်းကကျန်နေသလဲမသိပေ။
ဒါနဲ့ကားပေါ်ကပစ္စည်းများချကာကျောင်း၏အပေါ်ထပ်တွင်နေရာယူလိုက်ကြသည် ။
အပေါ်ထပ်တွင်အခန်းနှစ်ခန်းရှိကာတစ်ခန်းကဘုရားခန်းကျယ်ကြီးဖြစ်၍
ကျန်တစ်ခန်းကလှေကားနှင့်ကပ်ရက်အခန်းရှည်လေးဖြစ်သည် ။
ကိုယ်တို့အဖွဲ့ကလှေကားနှင့်ကပ်ရက်အခန်းကိုယူကာနေရာချပြီးဘုရားခန်းတွင်ရှိသော
တံပျက်စည်းယူ၍အပေါ်ထပ်တစ်ခုလုံးဖုန်များအားလှည်းကျင်းကြနေစဉ်အတွင်းစိတ်ထဲမှာမသိုးမသန့်နှင့်တစ်မျိူ းကြီးဖြစ်နေပြီးနောက်ကျောမလုံသလိုခံစားရလေသည်
ကြက်သီးများလည်းတဖြန်းဖြန်းထနေကာတစ်စုံတစ်ယောက်ကစောင့်ကြည့်နေသလိုမျိုးခံစားနေကြသည်။
အားလုံးကထိုသို့ခံစားနေရပေမဲ့စိတ်ထင်လို့နေမှာပါဟုတွေးကာခရီးပန်းလာတာနဲ့စောစောအိပ်ယာဝင်ကြတာပေါ့။
မအိပ်ခင်အန်တီကြီးကအပေါ့အပါးသွားမည်ဆို၍လိုက်ပို့ရာအပြင်ဘက်တွင်မှောင်နေပြီဖြစ်၍ကျောင်းပေါ်မှာထွန်းထားသောမလင်းတလင်းမီးရောင်ကိုအားကိုးကာသွားရ၏
ရေအိမ်ကကျောင်းနောက်ခပ်လှမ်းလှမ်းတွင်ရှိရာကိုယ်ကရေအိမ်ကိုကျောခိုင်းကာစောင့်ပေးနေရင်းကျောင်းဘက်မျက်နှာချင်းဆိုင်ရပ်၍ကျောင်းပေါ်ဖြတ်ကနဲကြည့်လိုက်မိရာ
ရုတ်တစ်ရက်ကိုယ်တို့တည်းသောကျာင်းအပေါ်ထပ်ပြတင်းပေါက်တွင်ရပ်နေသောဘုန်းကြီးတစ်ပါးအားတွေ့လိုက်ရသည်။
ဘုန်းကြီးကိုဘေးတစောင်းသာမြင်ရပြီးအကွာအဝေးကလှမ်းနေ၍မျက်နှာသိပ်မသဲကွဲပေစိတ်ထဲတော့တစ်မျိုးဖြစ်သွားကာ
ဒီအချိန်ကြီးဘယ်ကဘုန်းကြီးများလဲလို့တွေးမိသွားကာဒီကျောင်းတွင်ဘယ်ဘုန်းကြီးမှမနေဟုသိထား၍ကျောင်းထိုင်ဘုန်းကြီးကများဧည့်သည်တွေအဆင်ပြေသလားလို့ကြည့်တာဖြစ်မည်ဟုတွေးမိလိုက်တယ်
အန်တီကြီးရေအိမ်ကထွက်လာတော့အန်တီကိုကျောင်းပေါ်မှာဘုန်းကြီးတစ်ပါးရောက်နေတယ်ဟုပြောကာပြမလို့ကြည့်လိုက်တော့မတွေ့ရတော့ပေ
ဒါနဲ့ကျောင်းပေါ်ရောက်တော့မေးကြည့်ရာဘယ်ဘုန်းကြီးမှမလာဟုသိလိုက်ရ၍ဇဝေဇဝါဖြစ်သွားတယ်
သို့ပေမဲ့ခရီးကပန်းကာလူကအိပ်ချင်နေသည့်အတွက်တောင်တောင်အီအီမစဉ်းအားပဲအိပ်ရာဝင်လိုက်သည်။
ပါလာသူများလည်စောစောစီးစီးအိပ်နေကြပေပြီအဖွဲ့သားအားလုံးတန်းစီအိပ်ကြတာဖြစ်ပြီးတံခါးပေါက်နားတွင်ကားမောင်းသောအကိုကြီးကစောင့်အိပ်၏
သူ့ဘေးတွင်အန်တီကြီးကအိပ်ကာကျန်မိန်ကလေးများကအတွင်းဘက်တွင်အိပ်ကြ၏ဆောင်းတွင်းဆိုပေမဲ့အခန်းကလုံနေ၍မချမ်းပါ
အခန်း၏ထိပ်လှေကားတွင်တံခါးရှိတစ်ချပ်ရှိကာလှေကားအောက်ချေတွင်လည်းတံခါးတစ်ချပ်ရှိ၏
တံခါးနှစ်ထပ်လုံးကျွန်းတံခါးများဖြစ်ကာအတော်လေးခိုင်ခံ့ပေသည်။
ခရီးပန်းလာတော့ခေါင်းချလိုက်တာနဲ့အားလုံးအိပ်ပျော်သွားကြလေသည်။
ဘယ်လောက်အိပ်ပျော်သွားသည်မသိဆူဆူညံညံအသံများကြား၍လန့်နိုးသွားတယ်ထိုအချိန်မှာပဲလှေကားကတံခါးဖွင့်သံကြားရကာလှေကားပေါ်တက်လာသောခြေသံကြားလိုက်ရသည်။
ကိုယ်တို့မိန်းကလေးများကထိုအသံကြောင့်လန့်နိုးသွားကြပေမဲ့မျက်လုံးမဖွင့်ပဲလှေကားထိပ်မှာအိပ်သောကားမောင်းတဲ့အကိုကြီးအပေါ့ထသွားတယ်ထင်ကာဆက်အိပ်ကြသည် ။
အိပ်၍ပျော်မည်ကြံကာရှိသေးဝုန်းကနဲတံခါးဖွင့်သံကြားရပြီးလှေကားကဆင်းသွားပြန်သည့်အသံကြားရပြန်သည် ။
ဒီလိုနဲ့တစ်ညလုံးတက်လိုက်ဆင်းလိုက်အသံကြားနေရတာကြောင့်ကောင်းကောင်းမအိပ်ရပေ။
နောက်ဆုံးခြေသံမကြားရတော့ပေမဲ့တံခါးကလေတိုက်၍ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသလိုတဒိုင်းဒိုင်းမြည်နေသောကြောင့်
ကားမောင်းတဲ့အကိုကြီးတံခါးကိုသေချာပြန်မပိတ်ဘူးထင်ပြီးဒေါသထွက်နေကြတာမပြောပါနဲ့တော့ ။
မနက်၄နာရီထိုးတော့အန်တီကဘုန်းကြီးများအာရုံဆွမ်းကပ်ရန်ဝိုင်းကူဖို့နိုးတော့အကုန်နိုးသွားကြပေမဲ့အိပ်ရေးမဝသောကြောင့်ခေါင်းကကြည်ကြည်လင်လင်မရှိကြပါ
မျက်နှာသစ်ရန်အောက်ဆင်းဖို့တံခါးကိုကြည့်တော့နှစ်ချပ်စလုံးမင်းတုန်းချကာအသေအချာပိတ်ထားတာတွေ့ရသည့်အတွက်အားလုံးတအံ့တသြဖြစ်သွားတာပေါ့
တစ်ညလုံးတဝုန်းဝုန်းတဒိုင်းဒိုင်းဖြင့်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသောတံခါးများသည်အားယူကာမနဲဖွင့်ယူရပေသည်။
တစ်ခုခုတော့လွဲနေသလိုခံစားရတာကြောင့်ဘာဖြစ်မှန်းတော့သေချာမသိကြပါထိုအချိန်မှာကားမောင်းသူအကိုကြီးူလည်းနိုးလာပြီးမကျေမနပ်ဖြင့်မိန်းကလေးများအား
””ဟဲ့ကောင်မလေးတွေနင်တု့ိညကဆင်းလိုက်တက်လိုက်လုပ်နေသလား’ငါကောင်းကောင်းမအိပ်လိုက်ရဘူး”
”’ဘယ်သူမှမဆင်းဘူးအကိုကြီးဆင်းတာမဟုတ်ဘူးလား”’
”’ငါကဘာလို့ဆင်းရမှာလဲ”
””’ဒါဆိုတစ်ယောက်မှမဆင်းပဲဒီတံခါးကဘာလို့ဖွင့်လိုက်ပိတ်လိုက်ဖြစ်ပြီးအသံမြည်နေတာလဲ””’
ခြေသံကကောဘယ်သူ့ခြေသံလဲဆိုတာစဉ်းစားမရ၍အလွန်ထိတ်လန့်သွားကြသည်။
ဒီကျောင်းမှာတည်းတာဆိုလို့မိမိတို့တစ်ဖွဲ့ထဲရှိသည်မဟုတ်လား ဒါဆိုညကအသံတွေကဘာတွေလဲဆိုတာ
ကြာကြာမစဉ်းစားအားဘုန်းကြီးများဆွမ်းကပ်ရမှာမို့နှစ်ယောက်တစ်တွဲဆင်းကာမျက်နှာသစ်ကြတယ်။
ကိုယ်တို့အလှည့်မှာတော့မျက်နှာသစ်နေရင်းအနောက်မှာတစ်ယောက်ယောက်ရပ်နေသလိုခံစားရကာ
လှည့်ကြည့်တော့ဘာမှမရှိကြက်သီးတွေထပြီးကျောချမ်းနေတာမို့အမြန်သစ်လိုက်ရသည် ။
နောက်နှစ်ယောက်ဆင်းလာတော့သူတို့လဲနောက်မှာတစ်ယောက်ယောက်ရပ်နေသလိုခံစားရကာ
လှည့်ကြည့်လိုက်တော့ဘုန်းကြီးတစ်ပါးရပ်နေတာမြင်လိုက်ရ၏ရုတ်တရက်ဆိုတော့ကြောင်အမ်းအမ်းဖြစ်သွားပြီးကြည့်နေတုန်းမှာပင်ဘုန်းကြီးကအရပ်ရှည်သွားလိုက်တာထန်းပင်လောက်ရှိသွားတော့တယ်။
်ထိုအခါမှသရဲခြောက်နေတာကိုသိသွား၍သူတို့နှစ်ယောက်ငယ်သံပါအောင်အော်ရင်းကြောက်လန့်တကြားကျောင်းပေါ်ပြေးတက်လာတာ
”””’ဘုန်းကြီးသရဲ—–ဘုန်းကြီး-သဘက်””’
လက်ထဲကရေခွက်တွေဆပ်ပြာခွက်တွေလွှတ်ပြစ်ခဲ့တာပွက်လောရိုက်သွားတော့သည်။
ကိုယ်တို့အဖွဲ့ရဲ့ဆူဆူညံညံအသံဗလံတွေကြောင့်ဘုန်းကြီးများရောက်လာပြီးမေးကြကုန်၏။
ထိုအခါမှ့ဖြစ်ကြောင်းကုန်စင်ပြောပြရာကျောင်းထိုင်ဆရာတော်ကြီးဆီခေါ်သွားကြသည် ။
ဆရာတော်ကြီးကပြောသည်မှာအရင်ဒီကျောင်းမှာဘုန်းကြီးလာဝတ်သော
တရုတ်လူမျိုးစပ်သောဘုန်းကြီးတစ်ပါးရှိတယ်လူမထွက်တော့ဘူးဆို၍သူ၏အမျိုးများကတရုတ်ဘုံကျောင်းပုံစံကျောင်းကိုဆောက်၍လှုူတန်းပေးထား၏။
နှစ်အနည်းငယ်အကြာတွင်ထိုဘုန်းကြီးသည်ရုတ်တရက်လေသင်တုန်းဖြတ်ကာပျံလွန်တော်မူသွားပြီးသူ့ကျောင်းကိုစိတ်စွဲကာမကျွတ်ဖြစ်နေသတဲ့
လာသမျှလူများကိုလည်းခြောက်လှန့်သောကြောင့်သ့ူ့ကျောင်းတွင်မည်သူမျှမတည်းရဲကြပေ
အခုတော့ကိုယ်တို့အဖွဲ့အတွက်နေရာမရှိတော့၍ပေးတည်းခြင်းဖြစ်သတဲ့
ဘုန်းကြီးတွေကအမျှပေးပေမဲ့သာဓုမခေါ်ပဲဘုန်းကြီးသဘက်ဖြစ်လာတာသူ့ကိုဘုရားစာဝိုင်းရွှတ်တဲ့အခါဘုန်းကြီးသဘက်ကဘုန်းကြီးတွေရှေ့ကကျော်ကျော်ဆိုနေတော့လက်ရှေ့ာထားလိုက်သည်ဟုသိရသည်။
နောက်ညတွင်တော့ကိုယ်တို့အဖွဲ့လည်းထိုကျောင်းမှာဆက်မတည်းရဲတော့အခြားကျောင်းပြောင်းကာတည်းလိုက်ရပေသည် ။
ကြာပြီဖြစ်၍ယခုတော့ရှိတော့မည်မထင်ပါ

—————-
တိမ်လွှာမိုး