Unicode Version
“ပြိတ္တာဖြစ်သွားသောကပ္ပိယကြီး”(စ-ဆုံး)
————————————————
သူများပြောပြတဲ့ဖြစ်ရပ်မှန်ပါ
လူတို့သည်ကောင်းမှု့ပြုရာ၌တခါတလေမကောင်းမှု့သည်ရောပြွန်းပါတတ်လေသည်။
လူတယောက်ရဲ့မွေးရာပါဗီဇသည်ဖျောက်နိုင်ခဲလှသည် ။
မကောင်းမှု့ကိုပြုထားသူသည်သေခါနီးစိတ်စွဲလမ်းပါကဖြစ်တတ်သော
သဘောကိုပြထားသောအကြောင်းအရာဖြစ်သည် ။
ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလ့ူ့စရိုက်သည်ပါလာစမြဲ ။
လူတကိုယ်စရိုက်တမျိုးဆိုကြသလိုလူတယောက်တွင်အကျင့်တမျိုးတော့ရှိနေတတ်သည်။
%%%%%%%%%%%%%%%%%
နယ်မြို့လေးတမြို့ရှိစာသင်တိုက်လေးတတိုက်၌အတော်သြဇာညောင်းသော
ကပ္ပိယကြီးဦးသောင်းရှိလေသည် ။
သူသည်ဘုန်းကြီးကျောင်းနှင့်ဘုရားအတွက်လိုလေသေးမရှိ
တာဝန်ကျေပွန်သည်ထက်ပိုလွန်း၍နာမည်ကောင်းရထားသူဖြစ်သည် ။
ကျောင်းတိုက်အတွင်းရှိကိုရင်ကျောင်းသားများမှစ၍ ဦးပဉ္စင်းကြီးငယ်လတ်တို့ပါမကျန်
စိတ်ကျေနပ်မှု့ရှိစေတာကြောင့် တကယ့်ကိုတော်ပါပေတယ်လို့ချီးမွှန်းခံထားရသူဖြစ်သည် ။
ထို့ကြောင့်လဲကပ္ပိယကြီးကကျောင်းမှာသူမရှိလျှင်မဖြစ်ဘူးလို့စိတ်ကြီးဝင်နေသည် ။
ထိုကျောင်းတိုက်သို့အလူလာလုပ်သူများတခြားကိစ္စအကြောင်းရှိ၍ရောက်လာသူများက
ကပ္ပိယကြီးအားဖားကြရသည်။သူမပါလျှင်ပွဲမစည်ဟုသတ်မှတ်ထားလေသည်။
ကပ္ပိယဦးသောင်းသည်အခြားအခြားသောကိစ္စကြီးငယ်တို့၌အပြစ်ပြောစရာမရှိအောင်တော်ပါပေသည် ။
လူတကိုယ်အကျင့်တမျိုးဆိုသည့်အတိုင်းအစားအသောက်နှင့်ပတ်သတ်လာလျှင်ကား
ရသတဏှာ၏စေခိုင်းချက်ကြောင့်မမျှမတကိစ္စလေးများရှိတတ်သည်ကိုစာသင်တိုက်တခုလုံးသိကြသည် ။
သူကြိုက်သောအသီးအနှံများချိုချဉ်ဖန်ခါးမုန့်မျိုးစုံ
ူစသည့်အဆီအဆိမ့်အချိုခဲဖွယ်မုန့်မျိုးဆိုပါက
သူ့အတွက်ဖယ်ထားဖွက်ထားတတ်သည် ။
ဟင်းဆိုရင်လဲသူစားချင်တဲ့ဟင်းအားသိမ်းထားလေသည် ။
အစားအသောက်ကိုခုံမင်သောသူ့အကျင့်သည်မဖျောက်နိုင်သောကြောင့်
ခိုးဖွက်ရသည့်အကျင့်သည်သူ့မှာစွဲနေလေသည် ။
့် သံဃာတော်တို့အတွက်ရည်စူးလူထားသည်ကိုစားဦးစားဖျားယူထားခြင်းသည်
မလုပ်သင့်မလုပ်ထိုက်သောအမှားကြီးပင်ဖြစ်ပေသည် ။
ပညာရှိသတိဖြစ်ခဲဆိုသလိုပင်ဘုန်းကြီးတရားများအမြဲကြားနေရပါသော်ငြား
ငရဲတို့အကုသိုလ်တို့ကိုသူမေ့နေသည်သူ့စိတ်ထင်ရာကိုအမြဲလုပ်သည်။
ကျောင်းမှသံဃာတော်များကသိပါသော်လည်းကျောင်းအတွက်အားကိုးရသောကြောင့်
မသိချင်ယောင်ဆောင်နေကြလေသည် ။
ထိုအကြောင်းကိုသိသောကျောင်းသားကိုရင်ငယ်တို့ကစားချင်ပါကသု့အားချော့မော့ပေါင်းရသည် ။
နင်းနှိပ်ပေးရသည်ဝတ်ကြီးဝတ်ငယ်ပြုစုပေးမှသူဝှက်ထားသောမုန့်များကို
သူသဒ္ဒါရှိသူအားဝေမျှကျွေးမွေးတတ်လေသည် ။
မနက်ဖန်ဘာဖြစ်မယ်ဆိုတာကိုဘယ်သူမှမသိသည့်အလျှောက်ကျမ်းမာရေးကောင်းသည်ဟု
ယူဆရသောတက်ကြွသွက်လက်နေသောကပ္ပိယကြီးသည်စားသောက်ဖွယ်ရာများဖွက်ရင်း
တနေ့မှာတော့ကပ္ပိယကြီးတယောက်လေသင်ဓုန်းဖြတ်ကာရုတ်တရက်သေဆုံးသွားလေသည်။
သူ့အတွက်ကြိုတင်ပြင်ဆင်မှု့မရှိသောသေခြင်းတရားကလက်ဦးသွားသောကြောင့်
သေမင်းနောက်သို့စောစီးစွာလိုက်သွားရလေသည် ။
သူ့ဝှက်ထားသောမုန့်များကိုစွဲလန်းပြီးသေဟန်တူတာကြောင့်မကျွတ်မလွတ်ဖြစ်လေသည် ။
သူသေပြီးသည့်နောက်တွင်ဘုန်းကြီးကျောင်းတွင်သရဲခြောက်သည်ဟုနံမည်ထွက်လာသည်။
ကပ္ပယကြီးအားသူနေသောအဆောင်တွင်ရိုးတိုးရိပ်တိတ်မြင်ကြရလေသည် ။
မီးဖိုဆောင်တွင်လဲမကြာခဏတွေ့ရသည်ဟုကျောင်းသားများပြောစကားအရ
သူမကျွတ်သည်မှာသေချာနေလေပြီလက်တို့ပြောရင်းအားလုံးသိလာကြသည် ။
ညဘက်မီးဖိုဆောင်မှအိုးသံခွက်သံများကြားကြရလေသည်။
ဟင်းကျန်များပေါင်း၍တည်ထားသောဟင်းပေါင်းအိုးထဲကဟင်းများလဲပျောက်ပျေက်သွားသည်။
ညဘက်တွင်ကျောင်းသားများနှင့်ကိုရင်လေးများအပြင်မထွက်ရဲပေသွားပါကလဲအဖော်နှင့်သွားကြလေသည်။
တညတွင်အပေါ့ထသွားသောကျောင်းသားများ ကပ္ပိယကြီးနေသောအဆောင်ရှေ့မှဖြတ်သွားရာ
မည်းနက်နေသောအဆင်းနှင့့််မဲမဲအကောင်ကြီးအားကပ္ပိယကြီးအဆောင်နားတွင်တွေ့ရလေသည် ။
ထိုအကောင်ကြီး၏လက်ကြီးသည်အလွန်ရှည်လျားကာလက်သဲများသည်
ဓားကောက်ကဲ့သို့ရှည်ပြီးကွေးထက်နေလေသည်ထို့်မဲမဲကောင်ကြီးကိုမြင်ရာကျောင်းသားများက
”””’လာကြပါအုံး—–ဘာကောင်ကြီးလဲမသိဘူး—–””’
ဟုကြောက်လန့်၍အော်ကာပြေးကြလေသည် ။
ကျောင်းတိုက်အတွင်းကဘုန်းကြီးများလဲလန့်၍နိုးကုန်ြလေသည်။
နောက်ညတွင်လဲကိုရင်လေးများအပေါ့စွန်သွားရာထိုမဲမဲကောင်းကြီးကိုမြင်ရာ
””မဲမဲအကောင်ကြီး——-မဲမဲအကောင်ကြီး—-””’
ဟုအော်ပြီးပြေးကြပြန်သည်။
ထိုသို့သူအဆောင်နားတွင်အမျိုးမျိုးခြောက်နေသည်ကိုကျောင်းတိုက်တတိုက်လုံးခံကြရလေသည်။
သူနေထိုင်ခဲ့ရာဇရပ်အနီးဖြတ်သွားဖြတ်လာသူများကိုကိုယ်ယောင်ပြခြောက်လှန့်နေတော့
ဒီသတင်းဟာတိုးတိုးသဖန်းပိုးလက်တို့ပြသပြောဆိုနေတာကြောင့်အားလုံးသိရှိသွားလေသည် ။
တညမှာတော့ဆရာတော်ကြီးကိုယ်တိုင်ကပ္ပိယကြီးကိုမြင်လိုက်ရသည်။
မည်းနက်နေသောကိုယ်မှအသားများကိုသူ့ရဲ့မည်းနက်နေသောဓားကောက်လိုကွေးထက်နေသော
လက်သဲများနှင့်ကုတ်ဖဲ့စားသောက်နေတာတွေ့တော့ ဆရာတော်ကြီးဟာအတော်စိတ်မကောင်းဖြစ်သွားသည်။
်
သံဃာတော်များအတွက်အမွန်အမြတ်ထားကာရည်စူးလုလာသည်ကို
ကဲ့ယူထားခြင်းကြောင့်ခံစားရသောပြိတ္တာဘဝသည်အလွန်ကြောက်မက်ဖွယ်ကောင်းလေစွလို့သံဝေဂရမိလေသည် ။
နောက်ရက်မှာတော့ကပ္ပိယကြီးဦးသောင်းအတွက်ရည်စူးကာကုသိုလ်ကောင်းမှု့များ
လုပ်ပေးပြီးတရားနာရေစက်ချအမျှပေးလိုက်သည် ။
အဲဒီထဲကကပ္ပိယကြီးဦးသောင်းကိုမမြင်ရတော့ပါ
ပြီး
*******D Moe Moe
Zawgyi Version
————————————————
ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလူ့စရိုက်သည်ပါလာစမြဲ ။
%%%%%%%%%%%%%%%%%
မည်းနက်နေသောအဆင်းနှင့်မဲမဲအကောင်ကြီးအားကပ္ပိယကြီးအဆောင်နားတွင်တွေ့ရလေသည် ။
ကျောင်းတိုက်အတွင်းကဘုန်းကြီးများလဲလန့်၍နိုးကုန်လြေသည်။
်
ပြီး
*******D Moe Moe