ဖခင်နှင့်သားသုံးယောက်

*ဖခင်နှင့်သား၃ယောက်*📖📖📖

******************************
(စ/ဆုံး)

=============

တစ်ခါကရွာတစ်ရွာမှာ
ချမ်းသာတဲ့သူဌေးကြီးဦးလှိုင်ဘွား
ရှိလေသည်။

သူဌေးကြီးဦးလှိုင်ဘွားမှာ
သာကျော်၊သာမော်၊သာဇော်ဆိုတဲ့
သားသုံးယောက်လည်းရှိသည်။

သားကြီးသာကျော်က
အပြောချိုပြီးလောင်းကစားအလွန်
ခုံမင်သူဖြစ်သည်။

သားလတ်သာမော်က
စကားနည်းသူဖြစ်ပေမယ့်
မိန်းမကိစ္စနှင့်အရက်ကိုခုံမင်သူ
ဖြစ်သည်။

သားအငယ်ဆုံးသာဇော်က
ပြောပေါက်ကအင်မတန်ဆိုးသည်။
အသောက်အစားလည်းမလုပ်တတ်၊
လောင်းကစားလည်းမပြုလုပ်ပေ။

တစ်နေ့တော့သူဌေးကြီး
ဦးလှိုင်ဘွားကသားသုံးယောက်ကို
ခေါ်ပြီးစကားတစ်ခွန်းပြောသည်။

“ငါ့သားတို့ အေဖဟာ
အသက်လည်းကြီးပြီ၊မကြာခင်
အဖေလူ့လောကထဲကထွက်သွား
ခဲ့ရင်အဖေ့ရဲ့စည်းစိမ်ဥစ္စာတွေဟာ
ငါ့သားသုံးယောက်အတွက်ကျန်နေ
ခဲ့လိမ့်မယ်”

“ဒါကြောင့်အဖေက
မင်းတို့ကိုအဖေမသေခင်မှာ
အမွေခွဲပေးခဲ့ချင်တယ်သားတို့
အေဖသားတို့ဆီကေနစကားသံ
လေးကြားချင်တယ်”

“အဖေကောင်းသလိုသာ
စီစဉ်ပါ သားကတော့အဖေကလွဲပြီး
ဘာမှမမက်မောပါဘူး”

သားကြီးဖြစ်သူ သာကျော်
ပြောလိုက်သည့်စကားကြောင့်
သူဌေးကြီးဦးလှိုင်ဘွား
အတော်ကလေးသဘောကျသွားသည်။

“သားလတ်ကရော”

“အဖေ့သဘောပါပဲ
သားကလည်းအဖေကလွဲရင်
ဘာပစ္စည်းဥစ္စာမှမမက်ပါဘူး”

သူဌေးကြီးဦးလှိုင်ဘွားလည်း
သားလတ်ပြောလိုက်သည့်
စကားကြောင့်ထပ်မံ၍ပီတိဖြစ်
သွားရလေသည်။

“ကဲဒါဖြင့် သားအငယ်ဆုံးကရော
ဘာပြောချင်လဲ”

“သားကတော့ဘာမှမပြောချင်ဘူး
အဖေ အဖေပေးချင်ပေး
မပေးချင်နေပါ၊သားကတော့
အဖေ့ပစ္စည်းတွေစိတ်မဝင်ဘူး
သေရင်ကိုယ့်နောက်ပါမယ့်
အရာတွေမှမဟုတ်တာ…”

အငယ်ဆုံးသားပြောလိုက်သည့်
စကားအားသူဌေးကြီးဦးလှိုင်ဘွား
စိတ်ဆိုးသွားသည်။

“သာဇော်မင်းက ကိုယ့်အဖေ
ပီတိဖြစ်မယ့်စကားလေးတစ်ခွန်း
တောင်မပြောပဲ ငါ့ကိုသေခြင်း
တရားတွေဟောနေပါလားကွ။
တော်ပြီငါပိုင်ဆိုင်တဲ့စည်းစိမ်တွေကို
ငါ့သားကြီးနှစ်ယောက်ကိုပိုပြီးပေးမယ်
မင်းကိုတော့ထိုက်သင့်သလောက်ပဲ
ငါခွဲပေးမယ်…”

“ရပါတယ်အဖေ ကိစ္စမရှိပါဘူး”

သာကျော်နှင့်သာမော်တို့အား
သူဌေးကြီးဦးလှိုင်ဘွားကသူပိုင်ဆိုင်
သည့်အမွေများကိုသာဇော်ထက်
ပို၍ခွဲဝေပေးလိုက်တော့သည်။

အမွေရသွားသည့်သားဖြစ်သူ
သာကျော်နှင့်သာမော်တို့လည်း
ဖခင်ဆီမှရလာသည့်အမွေတို့ဖြင့်
သောက်စားပျော်ပါးကာထင်တိုင်း
သုံးဖြုန်းကြတော့သည်။

သားငယ်သာဇော်ကတော့
ဖခင်ပေးသည့်အမွေအနည်းငယ်ဖြင့်
မြေကွက်တစ်ကွက်ကိုဝယ်ယူပြီး
အိမ်ခွဲနေခဲ့သည်။

ပိုလျှံသည့်ငွေများကို
စီးပွားရေးလုပ်ငန်းများထဲသို့
ထည့်ထားလေသည်။

အမွေခွဲဝေပေးလိုက်သည့်
သူဌေးကြီးဦးလှိုင်ဘွားလည်း
သားကြီးသာကျော်အိမ်၌
နေထိုင်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ
သားကြီးဖြစ်သူသာကျော်ရရှိထားသည့်
ပစ္စည်းဥစ္စာများလည်းကုန်ဆုံးခဲ့သည်။

ထို့ကြောင့်ဖခင်ဖြစ်သူအား
အိမ်ပေါ်တင်ပြီးကျွေးမထားနိုင်ဟု
ဆိုကာဖခင်အားအိမ်ပေါ်မှ
မောင်းချလိုက်လေသည်။

သူဌေးကြီးဦးလှိုင်ဘွားလည်း
သားလတ်ဖြစ်သူသာမော်အိမ်သို့
ရောက်လာပြီးအတူနေထိုင်ခဲ့သည်။

သားလတ်ဖြစ်သူလည်းထို့အတူပင်
အမွေရထားသည့်ပစ္စည်းများအား
မိန်းမပျက်များကိုပေးကမ်းပြီး
သုံးဖြုန်းကာရှိသည့်ပစ္စည်းများ
ကုန်သွားပြန်သည်။

သုံးဖြုန်းစရာငွေမရှိတော့
ဖခင်ဖြစ်သူအားပက်ရမ်းသဖြင့်
သူဌေးကြီးဦးလှိုင်ဘွားလည်း
သားဖြစ်သူနှင့်စကားများကာ
အိမ်ပေါ်မှဆင်းသွားတော့သည်။

သူဌေးကြီးဦးလှိုင်ဘွားလည်း
ကြံရာမရတော့သည့်အဆုံး
သားအငယ်ဆုံးသာဇော်အိမ်သို့
ရောက်လာတော့သည်။

သာဇော်မှာဖခင်ပေးသည့်
အမွေအနည်းငယ်လေးဖြင့်
အရင်နှင့်မတူပဲ ကြီးပွားတိုးတက်
နေလေသည်။

သူဌေးကြီးဦးလှိုင်ဘွားလည်း
သားငယ်သာဇော်အားအဖြစ်
အပျက်အလုံးစုံကိုပြောပြလိုက်
သည်။

“အဲ့ဒါကြောင့်အဖေ့ကို
သားပြောခဲ့တာပေါ့ အဖေ့သား
၂ယောက်ကအဖေ့အကြိုက်
လိုက်ပြီးတီတီတာတာစကားတွေနဲ့
အဖေ့ပစ္စည်းတွေကိုရအောင်
ပျားရည်သကာလောင်းပြီး
ပြောနေကြတာ။
တကယ့်တကယ်အဖေ့ကို
ချစ်ခြင်းမေတ္တာအစစ်နဲ့ ချစ်ကြတာမှ
မဟုတ်တာ”

“အဖေနားလည်ပါပြီသားငယ်
အဖေဟာအပလီစကားတွေကို
အဟုတ်ထင်ပြီး အဖေ့သားငယ်လေးအပေါ်
ရက္သက္သလိုလုပၡဲ့မိလို့
အဖေတောင်းပန်ပါတယ်သားရယ်”

“မလိုပါဘူးအဖေ
သားအိမ်မှာအဖေကြိုက်သလိုနေ
ဒါအဖေ့အိမ်ပါပဲ။
ဒါအဖေ့ပစ္စည်းတွေပါပဲ
အဖေလှူချင်တာလှူလို့ရတယ်
စားချင်တာစားလို့ရတယ်”

“သာဓု သာဓု သာဓုပါသားရယ်”

သူဌေးကြီးဦးလှိုင်ဘွားလည်း
သား၃ယောက်ထဲမှသားပီသ
သည့်သူအားရှာဖွေတွေ့ရှိသွား
တော့သည်။

ပြီးပါပြီ။  အများသိအောင်Shareသွားပေး

အောင်ဓူဝံ