Unicode Version
ဖောက်ပြန်သူ၏စိတ်ရိုင်း(စ/ဆုံး)
—————————————–
ဆရာကြီး ဦးထိပ်ခေါင်သည် ပင်လယ်ကမ်းခြေအနီး မထင်ရှား သော တောရွာ လေးတစ်ရွာတွင် သိုင်းပညာကိုသင်ကြားပြီးကျွမ်းကျင်စွာတစ်ဖက်ကမ်းခတ်တတ် မြောက်လာခဲ့ရာမှ သူ သင်ကြားပေးခဲ့သောတပည့်များများစွာပေါ်ထွန်းခဲ့သည်။ ဦးထိပ်ခေါင်သည်တပည့်များနှင့်အတူအမြို့မြို့၊အနယ်နယ်၊အရပ်ရပ်သို့လှည့် လည်၍ သိုင်းစွမ်းရည်နှင့် သိုင်းအလှပြပွဲကြီးကို ပြသခဲ့ကြသည်။ နာမည်သည် ကြီး သည်ထက် ပို၍ပို၍ ကြီးလာသည်။ နာမည်ကြီး ဆရာအဖြစ် ဟိုးလေးတကျော် ဖြစ် လာခဲ့သည်။
ယခုပြပွဲတွင်တပည့်များမှအကောင်းဆုံးအတော်ဆုံးတပည့်(၂၅)ယောက်ကို လက်ရွေးစင် ရွေးထုတ်ပြီး ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ နွှဲခဲ့သည့်ပွဲတိုင်း ပွဲတိုင်း တွင်လူပေါင်း(ပရိသတ်)ထောင်ကျော်၊ သောင်းကျော်အထိအားပေးခဲ့ကြသည်။ သည်ပွဲသည်ယခင်ပွဲတွေလောက်လူမရှိ။
မများသော်လည်းသည်ပွဲကိုဆရာကြီး ဦးထိပ်ခေါင်သည်အားထား၏။ သဘော
ကျ၏။အားရကျေနပ်မှုရှိ၏။အကြောင်းမှာဤပွဲသည်အထက်လူကြီးမင်းများ၊အရာ ရှိကြီးများ၊ အထူးဧည့်သည်များတက်ရောက်အားပေးချီးမြှောက်ကြသောပွဲကြီးဖြစ်
ခြင်းကြောင့်ဖြစ်သည်။လူကြီးမင်းများ သဘောကျလျှင်ဆုလာဘ်များကိုထိုက်ထိုက် တန်တန် ရရှိနိုင်သည် မဟုတ်ပါလော။
သက်ဆိုင်ရာမြို့နယ်၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့လူကြီးမင်းများသည် နာမည်ကြီး နေသောသိုင်းဆရာကြီးဦးထိပ်ခေါင်၏ “သိုင်းအလှပြကွက်နှင့်သိုင်းစွမ်းရည်”များကို ကြည့်ရှုချင်၍ ဆင့်ခေါ်လိုက်ခြင်းကြောင့် ဦးထိပ်ခေါင် လာရောက်ပြသရခြင်း ဖြစ် သည်။
ပထမအစီအစဉ်အဖြစ်သိုင်းစွမ်းရည်ပြပွဲ”ကိုစတင်ပြသပေးသည်။ဆရာကြီး ဦးထိပ်ခေါင်သည်တစ်ယောက်တည်းတစ်ဖက်မှနှစ်ယောက်၊ပြီးတော့သုံးယောက်၊ နောက်တော့ လေးယောက်၊ ငါးယောက်၊ခြောက်ယောက်၊ ခုနစ်ယောက်အထိ၊
တုတ်၊ တုတ်ချင်းစွမ်းရည်၊ ဓား၊ ဓားချင်းစွမ်းရည်၊ လှံ၊ လှံချင်းစွမ်းရည်တို့ကို အချက်ကျကျပြသသွားသည်။
တစ်ဖက်က တစ်ယောက်တည်း။ အများနှင့် တိုက်ရသောတိုက်ကွက်သည် ကြောက်ခမန်းလိလိဖြစ်သည်။ ကြည့်၍ အလွန်ကောင်း၏။
လူပေါင်း (၂၅)ယောက် ဝိုင်းရံထားသည့်ကြားမှ တစ်ယောက်တည်း ဖောက် ထွက်ရသည့်ပြကွက်၊ တိုက်ကွက်သည် ပို၍ပင် ကြည့်ကောင်းပါဘိတော့။ ကြိုးတုပ်ထားရာမှတုပ်ထားသောကြိုးကိုဖြေပြီးဝိုင်းထားသောလူသုံးယောက် ကိုခုခံပြီးထွက်သွားသည်။ပြခန်းပြကွက်သည်တစ်မျိုးတစ်ဘာသာကြည့်၍ကောင်း
လိုက်ပါဘိ၊
သိုင်းအကွက်ပေါင်းများစွာအချက်ပေါင်းများစွာဖြင့်တုတ်သံ၊ ဓားသံ၊ လှံသံတို့
ဖြင့် ကြီးမားကျယ်ဝန်းသော ခန်းမတစ်ခုလုံးတွင် ဆူညံနေပြီး ကြည့်ရှုကြသူ လူကြီး မင်းများအတွက် သည်းထိတ်ရင်ဖိုရှိလှပါဘိတော့။
အချိန်သည် တစ်နာရီနီးပါးမျှ ကြာသွားသည်။ ဆယ့်ငါးမိနစ်မျှ အနားယူပြီး ဒုတိယအစီအစဉ်ကို ဆက်လက်ပြသသွားပါသည်။
သေးသွယ်ပြီးလက်ညှိုးလောက်ရှိသည့် တုတ်၊ တစ်လံသာသာရှိသောတုတ်၊ ထို-တုတ်ရှည်ကို အပေါ်သို့ မြှောက်တင်ပြီး ကိုယ်ကို တစ်ပတ်လှည့်၍ ဖမ်းပြခြင်း၊ နောက်ပြန်ဖမ်းပြခြင်း၊ ခါးကိုကုန်း၊ မျက်နှာကို အောက်ငုံ့ပြီး ဖမ်းပြခြင်း၊ ထိုင်ပြီး ညာ ခြေတစ်ဖက်တည်းနှင့် ခြေမနှင့် ခြေညှိုးညှပ်၍ ဖမ်းပြခြင်း၊ ခြေနှစ်ဖက်ဖြင့် ခြေဖဝါး နှစ်ခုညှပ်၍ဖမ်းပြခြင်း၊ ပက်လက်လှန်ပြီး ခြေနှစ်ဖက်ဖြင့်ဖမ်းပြခြင်း၊ စသည်စသည် ပြကွက်များကိုမနားတမ်းပြသ သွားခဲ့သည်။
ထို့နည်းတူစွာ လှံကို သည်းထိတ်၊ ရင်ဖိုဖွယ်ရာဖြစ်အောင် ကြည့်ရှုကြသူများ အံ့မခန်းဖြစ်လောက်အောင်ပြသသွားနိုင်ခဲ့သည်။
လူကြီးမင်းများ၏ လက်ခုပ်ဩဘာပေးသံများသည် ခန်းမကြီးတစ်ခုလုံး ဆူညံ သွားပါတော့သည်။
နောက်ဆုံးပြကွက်သည် ပထမ ပြသသွားသည့် ပြခန်းပြကွက်များထက် အဆ များစွာအံ့ဩစရာကောင်း၏။ သည်းထိတ်ရင်ဖိုဖွယ်ရာလည်းဖြစ်၏။လွန်စွာမှလည်း ဆန်းကြယ်လွန်းသည်။
၎င်းပြခန်းပြကွက်သည်ကား…
လှံကိုအပေါ်သို့ပစ်တင်ပြီးပါးစပ်ဖြင့်ဖမ်း၍၊ သွားဖြင့်ကိုက်၍ ဖမ်းပြသောပြကွက်
ဆန်းပင်ဖြစ်သည်။
တအံ့တသြဖြင့်ကြည့်ရှုအားပေးနေကြသောလူကြီးမင်းများသည်ရင်သပ်ရှုမော သည်းထိတ်ရင်ဖိုစွာဖြင့် အံ့မခန်းလိလိဖြစ်သော ပြကွင်းပြကွက်ကို ကြည့်နေကြ ရသည်မှာမျက်တောင်ခတ်ချိန်မရနိုင်လောက်အောင်ပင် ဖြစ်တော့သည်။
ဤသို့ သည်းထိတ်ရင်ဖိုဖွယ်ရာဖြစ်သော ပြကွက်ဆန်းကို သုံးကြိမ်သုံးခါတိုင် တိုင် ပြသသွားခဲ့ပါသည်။ ပြကွက်များ ပြီးဆုံးပြီဖြစ်၍ ပြပွဲအခမ်းအနားကို ရုတ်သိမ်း လိုက်ပါတော့သည်။
လူကြီးမင်းများမှ ဦးထိပ်ခေါင်အဖွဲ့ပြသသွားခဲ့သော ပြခန်းပြကွက်အားလုံးကို သဘောကျ နှစ်သက်သည်။ ပို၍ ကြိုက်သော အနှစ်သက်ဆုံးသော ပြကွက်သည် နောက်ဆုံးပြသသွားသည့် လှံကို အပေါ်သို့ပစ်တင်ပြီး ပါးစပ်ဟ၍ သွားဖြင့် မိမိရရ ကိုက်၍ ဖမ်းပြသောပြကွက်ဆန်းပင် ဖြစ်တော့သည်။
သည့်ကြောင့်လူကြီးမင်းများမှ ဆရာကြီး ဦးထိပ်ခေါင်အဖွဲ့ကို အသီးသီး ဆုငွေ များနှင့် ထိုက်ထိုက်တန်တန် ဆုချလိုက်ပါသည်။ ဦးထိပ်ခေါင်တို့အဖွဲ့ ဆုငွေအဖြစ် သိန်း(၂၅) ရရှိသွားပါသည်။
ဧည့်ခံကျွေးမွေးရေးအဖွဲ့မှ လူကြီးမင်းများနှင့် ဦးထိပ်ခေါင်တို့ သိုင်းအဖွဲ့အား ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးရန်ပြင်ဆင်၍နေကြလေပြီ။
သည်အချိန်တွင် …။
“ဦးထိပ်ခေါင် – ကျွန်တော်တို့မြို့နယ်ကလူကြီးတွေအားလုံးစီစဉ်ထားကြပြီးပြီး
အထက်ကိုလည်းတင်ပြထားပြီးပါပြီ။အဲဒါဘာလဲဆိုတော့ကျွန်တော်တို့မြို့မှာသိုင်း သင်တန်းကျောင်းကြီးဖွင့်တော့မယ်။အဲဒီသိုင်းသင်တန်းကျောင်းကြီးမှာဦးထိပ်ခေါင်
ကိုအခုလိုတတ်ကျွမ်းအောင် သင်ကြားပြသပေးတဲ့ဆရာကိုခေါ်ချင်တယ်။ကျောင်း အုပ်ကြီးခန့်ဖို့ပေါ့ဗျာ။ ဦးထိပ်ခေါင်ကတော့လက်ထောက်နည်းပြဆရာပေါ့။အဲဒီတော့ ဦးထိပ်ခေါင်ရဲ့ ဆရာကို ခေါ်ပေးပါ။ လူကြီးတွေက တွေ့ချင်တယ်။ နာမည်ကကော ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ။ကဲပါလေ…။
စားရင်းသောက်ရင်းစဉ်းစားပေါ့။ပြီးမှအဖြေပေးပါ။ကျွန်တော်တို့ကထိုက်ထိုက်
တန်တန်ကိုလစာပေးမှာပါဟုမြို့နယ်အုပ်ချုပ်ရေးမှူးမှ သိုင်းဆရာကြီး ဦးထိပ်ခေါင် ကို ရှည်ရှည်ဝေးဝေးပြောပြနေခြင်းဖြစ်သည်။
လွန်စွာမှဝေးလံသောပင်လယ်ကမ်းခြေအနီးရှိမထင်မရှားရှိနေသောရွာလေး တစ်ရွာတွင် သိုင်းဆရာကြီး အကျော်အမော်တစ်ဦးရှိသည်။ ထိုဆရာကြီး၏အမည် သည်ဦးမင်းနောင်ဖြစ်သည်။ အသက်သည် ငါးဆယ်ဝန်းကျင်မျှသာ ရှိဦးမည်။
သဘောမနောကောင်းသည်။ အိမ်ထောင်မရှိ၊ တစ်ဦးတည်း တဲတစ်လုံးဖြင့် နေထိုင်သည်။ ဦးမင်းနောင် နေထိုင်သော တဲသည် ရွာထဲ၌ မဟုတ်။ ရွာပြင်ရှိ လယ် ကွင်းစပ်တွင် ဖြစ်သည်။
ဦးမင်းနောင်သည် ဆံဖျားမှသည် ခြေဖျားထိ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေ သော ခရုသင်းများ စွဲကပ်နေသောရောဂါသည်ကြီးဖြစ်သည်။ ကြည့်ရ အလွန်ဆိုး သည်။
ထို- ဆရာကြီး ဦးမင်းနောင်သည် လူငယ်အတော်များများကို သိုင်းပညာ သင် ကြားပေးရာ ထူးထူးချွန်ချွန် တတ်မြောက်ကုန်ကြသည်။ အနီးအနားရှိ ရွာများမှ
လူငယ်များ ပညာကုန်တတ်မြောက်ကုန်ကြသည်။ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် မြို့ပေါ်မှလူငယ်များသည် ဆရာကြီး ဦးမင်းနောင်ဆီ လာရောက်ပညာသင်ကြ၏။ တပည့်ပေါင်းတစ်ထောင်ကျော်ကျော် ရှိလိမ့်မည်ထင်၏။
ထိုတပည့်များသည်ဆရာကြီးမှစေတနာမေတ္တာဖြင့်အခကြေးငွေမယူဘဲသင်
ကြားပေးထားခြင်းဖြစ်သည်။
တပည့်များကလည်း တော်ရှာပါသည်။ ဆရာကြီး အဆင်သင့် စားသောက်နိုင် ရန်အတွက်ဆန်အိတ်ကိုဝယ်ပြီးတဲအရောက်ပို့ပေးထား၏။ ဆီဆိုလျှင်ပုံးနှင့်၊အဆင် သင့်၊ မပုပ်မသိုးနိုင်သော ဟင်းချက်စရာများအစုံအလင်၊ လက်ဖက်ရည်၊ လက်ဖက် ခြောက်အပြည့်အစုံ ဝယ်ခြမ်းပေးထားကြလေ၏။
ဆရာကြီးအတွက် အမှန်လိုအပ်နေသော ဆေးဝါးအစုံနှင့် မုန့်များ၊ အအေးဘူး များ၊ စုံစုံလင်လင်ရှိနေပါသောကြောင့်ဆရာကြီးအတွက်ပူပင်စရာမလိုအောင်ပြည့်စုံ နေပေသည်။
နောက်မှပညာသင်ကြားရန်ရောက်လာသောတပည့်သည် ဦးထိပ်ခေါင်ဖြစ်၏။ အမှန်ဆိုရသော်ဦးထိပ်ခေါင်၏နာမည်ရင်းသည် ဦးလှဝင်းဖြစ်သည်။ ဦးလှဝင်းသည်
အခြားအခြားသောတပည့်များထက်ဆရာကြီးအပေါ်၌အလိုက်သိ၏။လိမ္မာပါးနပ်၏။ သည့်ကြောင့် ဆရာကြီးမှ ဦးလှဝင်းကို ချစ်သည်။ အလိုက်သိသောတပည့်အလိမ္မာ မို့ပို၍ချစ်သည်။တစ်စမကျန် ပညာကုန်သင်ပေးသည်။
“ကဲ- ငါ့တပည့် – မင်းက တပည့်တွေထဲမှာ အတော်ဆုံး။ ဒါ့ကြောင့် – ငါ ပညာ ကုန်သင်ပေးထားပြီးပြီ။မင်းလည်းကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်နေပြီပဲ။သိုင်း လောကဝင်တဲ့နေ့ကစပြီးငါကဦးမင်းနောင်ဆိုတော့ငါ့တပည့်ကခေါင်ကအမြဲတမ်း
နေရမယ်။ထိပ်ဆုံးကနေရာယူရအောင် ထိပ်ခေါင်”လို့ဆရာနာမည်ပေးလိုက်မယ်။ ဒီနေ့ကစပြီး ထိပ်ခေါင်နာမည်နဲ့ သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ ထင်ရှားကျော် ကြားတဲ့သူဖြစ်ပါစေ- ဗျား”
သည်ကစ၍ ဆရာကြီးဦးမင်းနောင်၏ကျေးဇူးကြောင့်ဆရာကြီးဆုပေးခဲ့သည့် အတိုင်း နာမည်တစ်လုံးနှင့် သိုင်းလောကတွင် ထင်ရှားကျော်ကြား၍နေသူသည် ဦးလှဝင်းတစ်ဖြစ်လဲ ဦးထိပ်ခေါင်ပင်ဖြစ်ပါတော့သည်။
ဆရာကြီး ဦးထိပ်ခေါင်သည် ဒံပေါက်ထမင်းကို မြိန်ရေရှက်ရေ စားသောက် နေရင်းမှသူ့ကိုပညာကုန်သင်ပေးခဲ့သောဆရာရင်း ဦးမင်းနောင်နှင့် သူ၏ဖြစ်စဉ်ကို
အတွေးဝင်နေမိခြင်းဖြစ်သည်။
“အင်း- ငါ အမှန်အတိုင်း ပြောလို့ မဖြစ်ဘူး။ ငါ့ဆရာက လူရာမဝင်၊ လူတော မတိုးနိုင်တဲ့ခရုသင်းစွဲနေတဲ့ရောဂါသည်ကြီး။ ဒီရောဂါကအနူဆယ်ပါး၊တစ်ပါးအပါ အဝင်ဖြစ်တဲ့ရောဂါ၊ အကြည့်ရဆိုးပါဘိ။ ဒီလောက်အကြည့်ရဆိုးတဲ့ရောဂါသည် ကြီးကို ငါ့ဆရာပါလို့ ပြောလိုက်ရင် ငါ့အတွက် ရှက်စရာကောင်းတယ်။ သိက္ခာတွေ အများကြီးကျသွားနိုင်တယ်။ ငါ့ရဲ့ဂုဏ်သိက္ခာတောင် ပျက်ဦးမယ်။
ပြီးတော့ ဆရာကြီးကို ခေါ်လိုက်ရင် သူက ကျောင်းအုပ်ဖြစ်ပြီး ကျောင်းအုပ် လစာရမှာ၊ ငါက လက်ထောက်နည်းပြဆရာဆိုတော့ နည်းပြဆရာလစာပဲ ရမှာ၊ ဒီတော့…
တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ဆိုသလို ငါက သိုင်းသင်တန်းကျောင်းအုပ်လုပ်ချင် တာ။ဒါမှကျောင်းအုပ်လစာရမှာ။ ဆရာကို မရှိတော့ဘူး။ သေပြီလို့ပြောလိုက်မယ်။ အဲဒီအစီအစဉ်ကောင်းတယ်၊ကောင်းတယ်၊ ငါလည်း သိက္ခာမကျတော့ဘူး” ဟု စဉ်းစားခန်း ဝင်နေမိပါတော့သည်။ အားလုံးစားသောက်ပြီးသွားပြီဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ စကားစလာ၏။
“ဘယ့်နယ်လဲ- ဦးထိပ်ခေါင်၊စဉ်းစားပြီးပြီလား၊ ခင်ဗျား ဆရာနာမည် ဘယ်သူ လဲ၊ ဘယ်မှာနေလဲ၊ ခေါ်ခဲ့မယ်မဟုတ်လား” ဟု မေးခွန်းထုတ်လိုက်ပါသည်။
“အုပ်ချုပ်ရေးမှူးကြီးခင်ဗျာ။ကျွန်တော့်ဆရာနာမည်က ဦးဝဲကျော်ပါ။ နေတာ ကတော့အလွန်ဝေးလံတဲ့ပင်လယ်ကမ်းခြေအနီးကရွာလေးတစ်ရွာမှာပါ။အခု-သူ
မရှိတော့ပါဘူး”
“ဗျာ- သူ မရှိတော့ဘူး။ ခင်ဗျား ဆရာမရှိတော့ဘူး ဟုတ်လား” မြို့နယ်အုပ်ချုပ်ရေးမှူးကြီးမှတအံ့တဩမေးလိုက်ပါသည်။
“ဟုတ်- ဟုတ်ပါတယ်။ ဆရာမရှိတော့ပါဘူး။လွန်ခဲ့တဲ့ခြောက်လလောက်တုန်း ကပဲရောဂါနဲ့ ဆုံးသွားရှာပါပြီဗျာ”
ဦးထိပ်ခေါင်သည် ပညာကုန် သင်ကြားပေးသော သက်ရှိထင်ရှားရှိနေသည့် ဆရာရင်းကို နာမည်လိမ်ပြီး သေစာရင်းသွင်းကာ ပြောလိုက်ပါတော့သည်။
“အေးပေါ့ဗျာ- သေသွားပြီဆိုတော့လည်း ဘာတတ်နိုင်တော့မှာလဲ။ ဦးထိပ် ခေါင်လည်း အကျော်အမော်ဆရာကြီးတစ်ယောက်ပဲ။ ခင်ဗျားပဲ သိုင်းသင်တန်း ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ်နဲ့ တာဝန်ယူပေးပါ။ လစာကောင်း ကောင်းပေး မှာပါ။
နောက်ပြီး ဦးထိပ်ခေါင်တပည့်တွေထဲကအကောင်းဆုံး အတော်ဆုံးလူကို ရှာ ပေးပါ။ လက်ထောက်သင်တန်းနည်းပြဆရာခန့်မယ်၊ ကဲ- ဖြစ်တယ်မဟုတ်လား”
ဆရာကြီး ဦးထိပ်ခေါင်သည် မြို့နယ်အုပ်ချုပ်ရေးမှူး၏စကားကို ကြားရလေ သောအခါ ငါ့အတွေး မှန်သွားပြီ၊ ငါ့စိတ်ကူးမှန်သွားပြီ။ ငါ့တွက်ကိန်း ရာနှုန်းပြည့် ဝင်သွားပြီဟုတွေးမိပြီးဝမ်းသာသွားမိသည်။
“ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးကြီး ခင်ဗျာ၊ ကျွန်တော် စိတ်ကြိုက် တပည့်တစ် ယောက်ကိုလည်း ခေါ်ပေးပါ့မယ်ခင်ဗျာ”
ဟုအားရဝမ်းသာပြောလိုက်ပါတော့သည်။
“ကဲ- ဒီလိုဆိုရင် အလုပ်ကိစ္စအတွက် လုပ်ရိုးလုပ်စဉ်အတိုင်း စာချုပ် ချုပ်ကြ တာပေါ့။အဲ – မချုပ်ခင်လေးမှာဦးထိပ်ခေါင်နောက်ဆုံးပြသွားတဲ့ပြကွက်ကိုလူကြီး တွေအားလုံးက ကြည့် ချင်နေကြတယ်။ မျှော်လင့်နေကြတယ်။ အဲဒီပြကွက်ကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ ထပ်ပြီးပြပေးပါဦးဗျာ၊ ပြီးမှပဲ စာချုပ် ချုပ်ကြတာ
ပေါ့”
လူကြီးမင်းများ၏ တောင်းဆိုချက်အရ နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် ဦးထိပ်ခေါင်သည် နောက်ဆုံးပြကွက်ဖြစ်သောလှံကိုအပေါ်သို့မြှောက်တင်ပြီးပါးစပ် ဟကာသွားဖြင့်မိမိရရကိုက်ပြီး ဖမ်းပြနိုင်သည့်ပြကွက်သည် မလွယ်ရေးချမလွယ်။ အသက်အန္တရာယ်ရှိ၏။ သည်သို့မလွယ်ကူသော အသက်အန္တရာယ်ရှိသော ဆန်း ကြယ်လွန်းလှသည့်အံ့မခန်းပြကွက်ဆန်းကို နှစ်ကြိမ်တိုင်တိုင်ပြသသွားခဲ့သည်။
လူကြီးမင်းများသည်သဘောကျ၊ နှစ်ခြိုက်လွန်းသောကြောင့်လက်ခုပ်ဩဘာ ပေးကြကုန်၏။ နောက်ဆုံး သုံးကြိမ်၊ သုံးခါမြောက်၊ ထပ်၍ပြသလေသည်။ လှံ၏
အဖျား၊ လှံသွားသည် သန်လျက်သဖွယ်ရှိ၏။ သုံးမြှောင့် သဏ္ဌာန်ဖြစ်၏။ ချွန်သည်။ ထက်သည်။ ဤကဲ့သို့ ချွန်ထက်နေသောလှံအဖျား လှံသွားသည် အပေါ်သို့ တက် သွားပြီး အောက်သို့ ပြန်ကျလာရာ ပါးစပ်ဟ၍ သွားဖြင့် အမိအရကိုက်ပြီးဖမ်းသော် လည်း သွားဖြင့် မကိုက်မိ၊ မဖမ်းမိတော့ဘဲ အာခေါင်တွင်း တည့်တည့်မတ်မတ်ကြီး ဝင်သွားကာ လှံအဖျားသည် လည်တိုင်၊ လည်မျိုထိ စိုက်ဝင်သွားပြီး ငုတ်တုတ်၊ ဖင်ထိုင်ကျသွားလေတော့၏။
ခန္ဓာကိုယ်ကြမ်းပြင်အရောက်အသက်ပါပျောက်သွားလေတော့သည်။ ဦးထိပ်
ခေါင်ပြကွက်ဆန်းပြရင်း သေရှာပြီ။
“ဟာ”၊ “ဟင်”၊“အို” ဟူသော အံ့သြသောအသံများသည် တစ်ခဏချင်း ပေါ် ပေါက်လာကာ ခန်းမကြီးတစ်ခုလုံး အုန်းအုန်းကျွက်ကျွက်၊ ဆူဆူညံညံ ဖြစ်သွား ပါတော့သည်။
ငါးလေးကို အပေါ်သို့ မြှောက်ကာ မြှောက်ကာဖြင့် အောက်ကိုလာသောငါးကို ပါးစပ်ဖြင့်ဖမ်း၊ ဖမ်းပြီးစားနေသောဗျိုင်းလေးကိုကြည့်ကာသဘောကျသောကြောင့် တုတ်ဖြင့် လေ့ကျင့်ယူသည်။ တတ်မြောက်လာသောအခါလူငယ်သည် ဘုရင် ရှေ့ တော်မှောက် ရောက်လာပြီး အခစားဝင်၍ ပြကွက်ဆန်းကို ပြသသည့်အခါ ဘုရင်မှ သဘောကျနှစ်သက်တော်မူ၍ ဆုတော်လာဘ်တော်များ ပေးသနားခဲ့လေ၏။
“သင့်ဆရာ မည်သူနည်း”ဟု မေးမြန်းသောအခါတွင် ဆရာဖြစ်သူသည် တိရစ္ဆာန်၊ ဗျိုင်းဟု ပြောရမည်ကို ရှက်သောကြောင့် “ဆရာမရှိပါ၊ အလိုလို တတ် မြောက်လာခြင်းသာဖြစ်ပါတယ် မင်းကြီး”ဟုလိမ်ညာပြောဆိုပြီး ဆရာကို ပြစ်မှားမိ လေသောကြောင့်၊
လေစ၊
ဆရာ ကာပြန်၊ အာခေါင်လှံတုတ်စူးရသည့်အဖြစ်ကို ဦးထိပ်ခေါင် သိမှ သိပါ
အခုတော့ဖြင့်..။
မချွင်းမချန်၊တစ်စမကျန်၊ ပညာကုန်သင်ပေး။နည်းပေးလမ်းပြ၊ ဆိုဆုံးမသည့် အနန္တဂိုဏ်းဝင်၊ ကျေးဇူးရှင် ဆရာသခင် ခင်ပွန်းကြီးဆယ်ပါးတွင်လည်း တစ်ပါး ပါဝင်နေသောမြတ်သောဆရာ၊
သည်ဆရာသမားကိုမှမူမမှန်၊တစ်ယူသန်ဖောက်ပြန်၍အကြံပက်စက်ယုတ်မာ ချက်ကမ်းကုန်စွာဖြင့် (မနော) “စိတ်ရိုင်း”ဖြင့် ကြံစည်၍ စော်ကားမိခြင်းကတစ်မျိုး၊ “စိတ်”မှကြံစည်သည့်အတိုင်းနှုတ်(ဝစီ)မှပြောထွက်ဝံ့သည့်မှသား၊တမာထက်
ပင် ခါး၏။
ဆရာကြီးဦးထိပ်ခေါင်သည် ဝစီကံ၊နှုတ်ဖြင့်လည်းကောင်း၊မနောကံ“စိတ်၊ စိတ် ရိုင်း”ဖြင့်လည်းကောင်း ကံနစ်ပါးဖြင့်ပင် ကံကြီးထိုက်သွားပြီဖြစ်၏။ ထိုမကောင်းမှု အကုသိုလ်ကံ၏ဓိဋ္ဌဓမ္မအကုသိုလ်အကျိုးပေးခြင်းကို ခံလိုက်ရတော့သည်။
သည် အကုသိုလ်ကံသည် ကံကြီးထိုက်သူအပေါ်တွင် “စီမံ”လိုက်သည်မှာ “သေဒဏ် ဖြစ်၏။ဦးထိပ်ခေါင်ပြသသောပြကွက်ဆန်းသည်လွန်စွာမှလှပပါသည်။
မည်သို့ပင်လှပနေပါသော်လည်းပြသသူ၏“စိတ်ရိုင်း” မလှပ၊အကျည်းတန်၊အရုပ်
ဆိုးလွန်းပါသောကြောင့်။
ဦးထိပ်ခေါင်သည်လည်း ဇာတ်သိမ်းမလှဘဲသေပွဲဝင်ရှာပါတော့သည်တကား။
မောင်လေးအောင် (သန်လျင်)
Zawgyi Version
ေဖာက္ျပန္သူ၏စိတ္႐ိုင္း(စ/ဆုံး)
—————————————–
ဆရာႀကီး ဦးထိပ္ေခါင္သည္ ပင္လယ္ကမ္းေျခအနီး မထင္ရွား ေသာ ေတာ႐ြာ ေလးတစ္႐ြာတြင္ သိုင္းပညာကိုသင္ၾကားၿပီးကြၽမ္းက်င္စြာတစ္ဖက္ကမ္းခတ္တတ္ ေျမာက္လာခဲ့ရာမွ သူ သင္ၾကားေပးခဲ့ေသာတပည့္မ်ားမ်ားစြာေပၚထြန္းခဲ့သည္။ ဦးထိပ္ေခါင္သည္တပည့္မ်ားႏွင့္အတူအၿမိဳ႕ၿမိဳ႕၊အနယ္နယ္၊အရပ္ရပ္သို႔လွည့္ လည္၍ သိုင္းစြမ္းရည္ႏွင့္ သိုင္းအလွျပပြဲႀကီးကို ျပသခဲ့ၾကသည္။ နာမည္သည္ ႀကီး သည္ထက္ ပို၍ပို၍ ႀကီးလာသည္။ နာမည္ႀကီး ဆရာအျဖစ္ ဟိုးေလးတေက်ာ္ ျဖစ္ လာခဲ့သည္။
ယခုျပပြဲတြင္တပည့္မ်ားမွအေကာင္းဆုံးအေတာ္ဆုံးတပည့္(၂၅)ေယာက္ကို လက္ေ႐ြးစင္ ေ႐ြးထုတ္ၿပီး ေခၚေဆာင္လာခဲ့ျခင္းျဖစ္သည္။ ႏႊဲခဲ့သည့္ပြဲတိုင္း ပြဲတိုင္း တြင္လူေပါင္း(ပရိသတ္)ေထာင္ေက်ာ္၊ ေသာင္းေက်ာ္အထိအားေပးခဲ့ၾကသည္။ သည္ပြဲသည္ယခင္ပြဲေတြေလာက္လူမရွိ။
မမ်ားေသာ္လည္းသည္ပြဲကိုဆရာႀကီး ဦးထိပ္ေခါင္သည္အားထား၏။ သေဘာ
က်၏။အားရေက်နပ္မႈရွိ၏။အေၾကာင္းမွာဤပြဲသည္အထက္လူႀကီးမင္းမ်ား၊အရာ ရွိႀကီးမ်ား၊ အထူးဧည့္သည္မ်ားတက္ေရာက္အားေပးခ်ီးေျမႇာက္ၾကေသာပြဲႀကီးျဖစ္
ျခင္းေၾကာင့္ျဖစ္သည္။လူႀကီးမင္းမ်ား သေဘာက်လွ်င္ဆုလာဘ္မ်ားကိုထိုက္ထိုက္ တန္တန္ ရရွိႏိုင္သည္ မဟုတ္ပါေလာ။
သက္ဆိုင္ရာၿမိဳ႕နယ္၊ အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕လူႀကီးမင္းမ်ားသည္ နာမည္ႀကီး ေနေသာသိုင္းဆရာႀကီးဦးထိပ္ေခါင္၏ “သိုင္းအလွျပကြက္ႏွင့္သိုင္းစြမ္းရည္”မ်ားကို ၾကည့္ရႈခ်င္၍ ဆင့္ေခၚလိုက္ျခင္းေၾကာင့္ ဦးထိပ္ေခါင္ လာေရာက္ျပသရျခင္း ျဖစ္ သည္။
ပထမအစီအစဥ္အျဖစ္သိုင္းစြမ္းရည္ျပပြဲ”ကိုစတင္ျပသေပးသည္။ဆရာႀကီး ဦးထိပ္ေခါင္သည္တစ္ေယာက္တည္းတစ္ဖက္မွႏွစ္ေယာက္၊ၿပီးေတာ့သုံးေယာက္၊ ေနာက္ေတာ့ ေလးေယာက္၊ ငါးေယာက္၊ေျခာက္ေယာက္၊ ခုနစ္ေယာက္အထိ၊
တုတ္၊ တုတ္ခ်င္းစြမ္းရည္၊ ဓား၊ ဓားခ်င္းစြမ္းရည္၊ လွံ၊ လွံခ်င္းစြမ္းရည္တို႔ကို အခ်က္က်က်ျပသသြားသည္။
တစ္ဖက္က တစ္ေယာက္တည္း။ အမ်ားႏွင့္ တိုက္ရေသာတိုက္ကြက္သည္ ေၾကာက္ခမန္းလိလိျဖစ္သည္။ ၾကည့္၍ အလြန္ေကာင္း၏။
လူေပါင္း (၂၅)ေယာက္ ဝိုင္းရံထားသည့္ၾကားမွ တစ္ေယာက္တည္း ေဖာက္ ထြက္ရသည့္ျပကြက္၊ တိုက္ကြက္သည္ ပို၍ပင္ ၾကည့္ေကာင္းပါဘိေတာ့။ ႀကိဳးတုပ္ထားရာမွတုပ္ထားေသာႀကိဳးကိုေျဖၿပီးဝိုင္းထားေသာလူသုံးေယာက္ ကိုခုခံၿပီးထြက္သြားသည္။ျပခန္းျပကြက္သည္တစ္မ်ိဳးတစ္ဘာသာၾကည့္၍ေကာင္း
လိုက္ပါဘိ၊
သိုင္းအကြက္ေပါင္းမ်ားစြာအခ်က္ေပါင္းမ်ားစြာျဖင့္တုတ္သံ၊ ဓားသံ၊ လွံသံတို႔
ျဖင့္ ႀကီးမားက်ယ္ဝန္းေသာ ခန္းမတစ္ခုလုံးတြင္ ဆူညံေနၿပီး ၾကည့္ရႈၾကသူ လူႀကီး မင္းမ်ားအတြက္ သည္းထိတ္ရင္ဖိုရွိလွပါဘိေတာ့။
အခ်ိန္သည္ တစ္နာရီနီးပါးမွ် ၾကာသြားသည္။ ဆယ့္ငါးမိနစ္မွ် အနားယူၿပီး ဒုတိယအစီအစဥ္ကို ဆက္လက္ျပသသြားပါသည္။
ေသးသြယ္ၿပီးလက္ညႇိဳးေလာက္ရွိသည့္ တုတ္၊ တစ္လံသာသာရွိေသာတုတ္၊ ထို-တုတ္ရွည္ကို အေပၚသို႔ ေျမႇာက္တင္ၿပီး ကိုယ္ကို တစ္ပတ္လွည့္၍ ဖမ္းျပျခင္း၊ ေနာက္ျပန္ဖမ္းျပျခင္း၊ ခါးကိုကုန္း၊ မ်က္ႏွာကို ေအာက္ငုံ႔ၿပီး ဖမ္းျပျခင္း၊ ထိုင္ၿပီး ညာ ေျခတစ္ဖက္တည္းႏွင့္ ေျခမႏွင့္ ေျခညႇိဳးညႇပ္၍ ဖမ္းျပျခင္း၊ ေျခႏွစ္ဖက္ျဖင့္ ေျခဖဝါး ႏွစ္ခုညႇပ္၍ဖမ္းျပျခင္း၊ ပက္လက္လွန္ၿပီး ေျခႏွစ္ဖက္ျဖင့္ဖမ္းျပျခင္း၊ စသည္စသည္ ျပကြက္မ်ားကိုမနားတမ္းျပသ သြားခဲ့သည္။
ထို႔နည္းတူစြာ လွံကို သည္းထိတ္၊ ရင္ဖိုဖြယ္ရာျဖစ္ေအာင္ ၾကည့္ရႈၾကသူမ်ား အံ့မခန္းျဖစ္ေလာက္ေအာင္ျပသသြားႏိုင္ခဲ့သည္။
လူႀကီးမင္းမ်ား၏ လက္ခုပ္ဩဘာေပးသံမ်ားသည္ ခန္းမႀကီးတစ္ခုလုံး ဆူညံ သြားပါေတာ့သည္။
ေနာက္ဆုံးျပကြက္သည္ ပထမ ျပသသြားသည့္ ျပခန္းျပကြက္မ်ားထက္ အဆ မ်ားစြာအံ့ဩစရာေကာင္း၏။ သည္းထိတ္ရင္ဖိုဖြယ္ရာလည္းျဖစ္၏။လြန္စြာမွလည္း ဆန္းၾကယ္လြန္းသည္။
၎ျပခန္းျပကြက္သည္ကား…
လွံကိုအေပၚသို႔ပစ္တင္ၿပီးပါးစပ္ျဖင့္ဖမ္း၍၊ သြားျဖင့္ကိုက္၍ ဖမ္းျပေသာျပကြက္
ဆန္းပင္ျဖစ္သည္။
တအံ့တၾသျဖင့္ၾကည့္ရႈအားေပးေနၾကေသာလူႀကီးမင္းမ်ားသည္ရင္သပ္ရႈေမာ သည္းထိတ္ရင္ဖိုစြာျဖင့္ အံ့မခန္းလိလိျဖစ္ေသာ ျပကြင္းျပကြက္ကို ၾကည့္ေနၾက ရသည္မွာမ်က္ေတာင္ခတ္ခ်ိန္မရႏိုင္ေလာက္ေအာင္ပင္ ျဖစ္ေတာ့သည္။
ဤသို႔ သည္းထိတ္ရင္ဖိုဖြယ္ရာျဖစ္ေသာ ျပကြက္ဆန္းကို သုံးႀကိမ္သုံးခါတိုင္ တိုင္ ျပသသြားခဲ့ပါသည္။ ျပကြက္မ်ား ၿပီးဆုံးၿပီျဖစ္၍ ျပပြဲအခမ္းအနားကို ႐ုတ္သိမ္း လိုက္ပါေတာ့သည္။
လူႀကီးမင္းမ်ားမွ ဦးထိပ္ေခါင္အဖြဲ႕ျပသသြားခဲ့ေသာ ျပခန္းျပကြက္အားလုံးကို သေဘာက် ႏွစ္သက္သည္။ ပို၍ ႀကိဳက္ေသာ အႏွစ္သက္ဆုံးေသာ ျပကြက္သည္ ေနာက္ဆုံးျပသသြားသည့္ လွံကို အေပၚသို႔ပစ္တင္ၿပီး ပါးစပ္ဟ၍ သြားျဖင့္ မိမိရရ ကိုက္၍ ဖမ္းျပေသာျပကြက္ဆန္းပင္ ျဖစ္ေတာ့သည္။
သည့္ေၾကာင့္လူႀကီးမင္းမ်ားမွ ဆရာႀကီး ဦးထိပ္ေခါင္အဖြဲ႕ကို အသီးသီး ဆုေငြ မ်ားႏွင့္ ထိုက္ထိုက္တန္တန္ ဆုခ်လိုက္ပါသည္။ ဦးထိပ္ေခါင္တို႔အဖြဲ႕ ဆုေငြအျဖစ္ သိန္း(၂၅) ရရွိသြားပါသည္။
ဧည့္ခံေကြၽးေမြးေရးအဖြဲ႕မွ လူႀကီးမင္းမ်ားႏွင့္ ဦးထိပ္ေခါင္တို႔ သိုင္းအဖြဲ႕အား ဒံေပါက္ထမင္းျဖင့္ ဧည့္ခံေကြၽးေမြးရန္ျပင္ဆင္၍ေနၾကေလၿပီ။
သည္အခ်ိန္တြင္ …။
“ဦးထိပ္ေခါင္ – ကြၽန္ေတာ္တို႔ၿမိဳ႕နယ္ကလူႀကီးေတြအားလုံးစီစဥ္ထားၾကၿပီးၿပီး
အထက္ကိုလည္းတင္ျပထားၿပီးပါၿပီ။အဲဒါဘာလဲဆိုေတာ့ကြၽန္ေတာ္တို႔ၿမိဳ႕မွာသိုင္း သင္တန္းေက်ာင္းႀကီးဖြင့္ေတာ့မယ္။အဲဒီသိုင္းသင္တန္းေက်ာင္းႀကီးမွာဦးထိပ္ေခါင္
ကိုအခုလိုတတ္ကြၽမ္းေအာင္ သင္ၾကားျပသေပးတဲ့ဆရာကိုေခၚခ်င္တယ္။ေက်ာင္း အုပ္ႀကီးခန႔္ဖို႔ေပါ့ဗ်ာ။ ဦးထိပ္ေခါင္ကေတာ့လက္ေထာက္နည္းျပဆရာေပါ့။အဲဒီေတာ့ ဦးထိပ္ေခါင္ရဲ႕ ဆရာကို ေခၚေပးပါ။ လူႀကီးေတြက ေတြ႕ခ်င္တယ္။ နာမည္ကေကာ ဘယ္လိုေခၚလဲ။ ဘယ္မွာေနလဲ။ကဲပါေလ…။
စားရင္းေသာက္ရင္းစဥ္းစားေပါ့။ၿပီးမွအေျဖေပးပါ။ကြၽန္ေတာ္တို႔ကထိုက္ထိုက္
တန္တန္ကိုလစာေပးမွာပါဟုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ သိုင္းဆရာႀကီး ဦးထိပ္ေခါင္ ကို ရွည္ရွည္ေဝးေဝးေျပာျပေနျခင္းျဖစ္သည္။
လြန္စြာမွေဝးလံေသာပင္လယ္ကမ္းေျခအနီးရွိမထင္မရွားရွိေနေသာ႐ြာေလး တစ္႐ြာတြင္ သိုင္းဆရာႀကီး အေက်ာ္အေမာ္တစ္ဦးရွိသည္။ ထိုဆရာႀကီး၏အမည္ သည္ဦးမင္းေနာင္ျဖစ္သည္။ အသက္သည္ ငါးဆယ္ဝန္းက်င္မွ်သာ ရွိဦးမည္။
သေဘာမေနာေကာင္းသည္။ အိမ္ေထာင္မရွိ၊ တစ္ဦးတည္း တဲတစ္လုံးျဖင့္ ေနထိုင္သည္။ ဦးမင္းေနာင္ ေနထိုင္ေသာ တဲသည္ ႐ြာထဲ၌ မဟုတ္။ ႐ြာျပင္ရွိ လယ္ ကြင္းစပ္တြင္ ျဖစ္သည္။
ဦးမင္းေနာင္သည္ ဆံဖ်ားမွသည္ ေျခဖ်ားထိ တစ္ကိုယ္လုံး ဆြတ္ဆြတ္ျဖဴေန ေသာ ခ႐ုသင္းမ်ား စြဲကပ္ေနေသာေရာဂါသည္ႀကီးျဖစ္သည္။ ၾကည့္ရ အလြန္ဆိုး သည္။
ထို- ဆရာႀကီး ဦးမင္းေနာင္သည္ လူငယ္အေတာ္မ်ားမ်ားကို သိုင္းပညာ သင္ ၾကားေပးရာ ထူးထူးခြၽန္ခြၽန္ တတ္ေျမာက္ကုန္ၾကသည္။ အနီးအနားရွိ ႐ြာမ်ားမွ
လူငယ္မ်ား ပညာကုန္တတ္ေျမာက္ကုန္ၾကသည္။ တစ္ဆင့္စကားတစ္ဆင့္နားျဖင့္ ၿမိဳ႕ေပၚမွလူငယ္မ်ားသည္ ဆရာႀကီး ဦးမင္းေနာင္ဆီ လာေရာက္ပညာသင္ၾက၏။ တပည့္ေပါင္းတစ္ေထာင္ေက်ာ္ေက်ာ္ ရွိလိမ့္မည္ထင္၏။
ထိုတပည့္မ်ားသည္ဆရာႀကီးမွေစတနာေမတၱာျဖင့္အခေၾကးေငြမယူဘဲသင္
ၾကားေပးထားျခင္းျဖစ္သည္။
တပည့္မ်ားကလည္း ေတာ္ရွာပါသည္။ ဆရာႀကီး အဆင္သင့္ စားေသာက္ႏိုင္ ရန္အတြက္ဆန္အိတ္ကိုဝယ္ၿပီးတဲအေရာက္ပို႔ေပးထား၏။ ဆီဆိုလွ်င္ပုံးႏွင့္၊အဆင္ သင့္၊ မပုပ္မသိုးႏိုင္ေသာ ဟင္းခ်က္စရာမ်ားအစုံအလင္၊ လက္ဖက္ရည္၊ လက္ဖက္ ေျခာက္အျပည့္အစုံ ဝယ္ျခမ္းေပးထားၾကေလ၏။
ဆရာႀကီးအတြက္ အမွန္လိုအပ္ေနေသာ ေဆးဝါးအစုံႏွင့္ မုန႔္မ်ား၊ အေအးဘူး မ်ား၊ စုံစုံလင္လင္ရွိေနပါေသာေၾကာင့္ဆရာႀကီးအတြက္ပူပင္စရာမလိုေအာင္ျပည့္စုံ ေနေပသည္။
ေနာက္မွပညာသင္ၾကားရန္ေရာက္လာေသာတပည့္သည္ ဦးထိပ္ေခါင္ျဖစ္၏။ အမွန္ဆိုရေသာ္ဦးထိပ္ေခါင္၏နာမည္ရင္းသည္ ဦးလွဝင္းျဖစ္သည္။ ဦးလွဝင္းသည္
အျခားအျခားေသာတပည့္မ်ားထက္ဆရာႀကီးအေပၚ၌အလိုက္သိ၏။လိမၼာပါးနပ္၏။ သည့္ေၾကာင့္ ဆရာႀကီးမွ ဦးလွဝင္းကို ခ်စ္သည္။ အလိုက္သိေသာတပည့္အလိမၼာ မို႔ပို၍ခ်စ္သည္။တစ္စမက်န္ ပညာကုန္သင္ေပးသည္။
“ကဲ- ငါ့တပည့္ – မင္းက တပည့္ေတြထဲမွာ အေတာ္ဆုံး။ ဒါ့ေၾကာင့္ – ငါ ပညာ ကုန္သင္ေပးထားၿပီးၿပီ။မင္းလည္းကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္ေနၿပီပဲ။သိုင္း ေလာကဝင္တဲ့ေန႔ကစၿပီးငါကဦးမင္းေနာင္ဆိုေတာ့ငါ့တပည့္ကေခါင္ကအၿမဲတမ္း
ေနရမယ္။ထိပ္ဆုံးကေနရာယူရေအာင္ ထိပ္ေခါင္”လို႔ဆရာနာမည္ေပးလိုက္မယ္။ ဒီေန႔ကစၿပီး ထိပ္ေခါင္နာမည္နဲ႔ သိုင္းေလာကမွာ နာမည္တစ္လုံးနဲ႔ ထင္ရွားေက်ာ္ ၾကားတဲ့သူျဖစ္ပါေစ- ဗ်ား”
သည္ကစ၍ ဆရာႀကီးဦးမင္းေနာင္၏ေက်းဇူးေၾကာင့္ဆရာႀကီးဆုေပးခဲ့သည့္ အတိုင္း နာမည္တစ္လုံးႏွင့္ သိုင္းေလာကတြင္ ထင္ရွားေက်ာ္ၾကား၍ေနသူသည္ ဦးလွဝင္းတစ္ျဖစ္လဲ ဦးထိပ္ေခါင္ပင္ျဖစ္ပါေတာ့သည္။
ဆရာႀကီး ဦးထိပ္ေခါင္သည္ ဒံေပါက္ထမင္းကို ၿမိန္ေရရွက္ေရ စားေသာက္ ေနရင္းမွသူ႔ကိုပညာကုန္သင္ေပးခဲ့ေသာဆရာရင္း ဦးမင္းေနာင္ႏွင့္ သူ၏ျဖစ္စဥ္ကို
အေတြးဝင္ေနမိျခင္းျဖစ္သည္။
“အင္း- ငါ အမွန္အတိုင္း ေျပာလို႔ မျဖစ္ဘူး။ ငါ့ဆရာက လူရာမဝင္၊ လူေတာ မတိုးႏိုင္တဲ့ခ႐ုသင္းစြဲေနတဲ့ေရာဂါသည္ႀကီး။ ဒီေရာဂါကအႏူဆယ္ပါး၊တစ္ပါးအပါ အဝင္ျဖစ္တဲ့ေရာဂါ၊ အၾကည့္ရဆိုးပါဘိ။ ဒီေလာက္အၾကည့္ရဆိုးတဲ့ေရာဂါသည္ ႀကီးကို ငါ့ဆရာပါလို႔ ေျပာလိုက္ရင္ ငါ့အတြက္ ရွက္စရာေကာင္းတယ္။ သိကၡာေတြ အမ်ားႀကီးက်သြားႏိုင္တယ္။ ငါ့ရဲ႕ဂုဏ္သိကၡာေတာင္ ပ်က္ဦးမယ္။
ၿပီးေတာ့ ဆရာႀကီးကို ေခၚလိုက္ရင္ သူက ေက်ာင္းအုပ္ျဖစ္ၿပီး ေက်ာင္းအုပ္ လစာရမွာ၊ ငါက လက္ေထာက္နည္းျပဆရာဆိုေတာ့ နည္းျပဆရာလစာပဲ ရမွာ၊ ဒီေတာ့…
တစ္ခ်က္ခုတ္၊ႏွစ္ခ်က္ျပတ္ဆိုသလို ငါက သိုင္းသင္တန္းေက်ာင္းအုပ္လုပ္ခ်င္ တာ။ဒါမွေက်ာင္းအုပ္လစာရမွာ။ ဆရာကို မရွိေတာ့ဘူး။ ေသၿပီလို႔ေျပာလိုက္မယ္။ အဲဒီအစီအစဥ္ေကာင္းတယ္၊ေကာင္းတယ္၊ ငါလည္း သိကၡာမက်ေတာ့ဘူး” ဟု စဥ္းစားခန္း ဝင္ေနမိပါေတာ့သည္။ အားလုံးစားေသာက္ၿပီးသြားၿပီျဖစ္၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ စကားစလာ၏။
“ဘယ့္နယ္လဲ- ဦးထိပ္ေခါင္၊စဥ္းစားၿပီးၿပီလား၊ ခင္ဗ်ား ဆရာနာမည္ ဘယ္သူ လဲ၊ ဘယ္မွာေနလဲ၊ ေခၚခဲ့မယ္မဟုတ္လား” ဟု ေမးခြန္းထုတ္လိုက္ပါသည္။
“အုပ္ခ်ဳပ္ေရးမႉးႀကီးခင္ဗ်ာ။ကြၽန္ေတာ့္ဆရာနာမည္က ဦးဝဲေက်ာ္ပါ။ ေနတာ ကေတာ့အလြန္ေဝးလံတဲ့ပင္လယ္ကမ္းေျခအနီးက႐ြာေလးတစ္႐ြာမွာပါ။အခု-သူ
မရွိေတာ့ပါဘူး”
“ဗ်ာ- သူ မရွိေတာ့ဘူး။ ခင္ဗ်ား ဆရာမရွိေတာ့ဘူး ဟုတ္လား” ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႀကီးမွတအံ့တဩေမးလိုက္ပါသည္။
“ဟုတ္- ဟုတ္ပါတယ္။ ဆရာမရွိေတာ့ပါဘူး။လြန္ခဲ့တဲ့ေျခာက္လေလာက္တုန္း ကပဲေရာဂါနဲ႔ ဆုံးသြားရွာပါၿပီဗ်ာ”
ဦးထိပ္ေခါင္သည္ ပညာကုန္ သင္ၾကားေပးေသာ သက္ရွိထင္ရွားရွိေနသည့္ ဆရာရင္းကို နာမည္လိမ္ၿပီး ေသစာရင္းသြင္းကာ ေျပာလိုက္ပါေတာ့သည္။
“ေအးေပါ့ဗ်ာ- ေသသြားၿပီဆိုေတာ့လည္း ဘာတတ္ႏိုင္ေတာ့မွာလဲ။ ဦးထိပ္ ေခါင္လည္း အေက်ာ္အေမာ္ဆရာႀကီးတစ္ေယာက္ပဲ။ ခင္ဗ်ားပဲ သိုင္းသင္တန္း ေက်ာင္းမွာ ေက်ာင္းအုပ္ႀကီးအျဖစ္နဲ႔ တာဝန္ယူေပးပါ။ လစာေကာင္း ေကာင္းေပး မွာပါ။
ေနာက္ၿပီး ဦးထိပ္ေခါင္တပည့္ေတြထဲကအေကာင္းဆုံး အေတာ္ဆုံးလူကို ရွာ ေပးပါ။ လက္ေထာက္သင္တန္းနည္းျပဆရာခန႔္မယ္၊ ကဲ- ျဖစ္တယ္မဟုတ္လား”
ဆရာႀကီး ဦးထိပ္ေခါင္သည္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၏စကားကို ၾကားရေလ ေသာအခါ ငါ့အေတြး မွန္သြားၿပီ၊ ငါ့စိတ္ကူးမွန္သြားၿပီ။ ငါ့တြက္ကိန္း ရာႏႈန္းျပည့္ ဝင္သြားၿပီဟုေတြးမိၿပီးဝမ္းသာသြားမိသည္။
“ျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးမႉးႀကီး ခင္ဗ်ာ၊ ကြၽန္ေတာ္ စိတ္ႀကိဳက္ တပည့္တစ္ ေယာက္ကိုလည္း ေခၚေပးပါ့မယ္ခင္ဗ်ာ”
ဟုအားရဝမ္းသာေျပာလိုက္ပါေတာ့သည္။
“ကဲ- ဒီလိုဆိုရင္ အလုပ္ကိစၥအတြက္ လုပ္႐ိုးလုပ္စဥ္အတိုင္း စာခ်ဳပ္ ခ်ဳပ္ၾက တာေပါ့။အဲ – မခ်ဳပ္ခင္ေလးမွာဦးထိပ္ေခါင္ေနာက္ဆုံးျပသြားတဲ့ျပကြက္ကိုလူႀကီး ေတြအားလုံးက ၾကည့္ ခ်င္ေနၾကတယ္။ ေမွ်ာ္လင့္ေနၾကတယ္။ အဲဒီျပကြက္ကို ေနာက္ဆုံးႏႈတ္ဆက္တဲ့ အေနနဲ႔ ထပ္ၿပီးျပေပးပါဦးဗ်ာ၊ ၿပီးမွပဲ စာခ်ဳပ္ ခ်ဳပ္ၾကတာ
ေပါ့”
လူႀကီးမင္းမ်ား၏ ေတာင္းဆိုခ်က္အရ ေနာက္ဆုံးႏႈတ္ဆက္သည့္အေနျဖင့္ ဦးထိပ္ေခါင္သည္ ေနာက္ဆုံးျပကြက္ျဖစ္ေသာလွံကိုအေပၚသို႔ေျမႇာက္တင္ၿပီးပါးစပ္ ဟကာသြားျဖင့္မိမိရရကိုက္ၿပီး ဖမ္းျပႏိုင္သည့္ျပကြက္သည္ မလြယ္ေရးခ်မလြယ္။ အသက္အႏၲရာယ္ရွိ၏။ သည္သို႔မလြယ္ကူေသာ အသက္အႏၲရာယ္ရွိေသာ ဆန္း ၾကယ္လြန္းလွသည့္အံ့မခန္းျပကြက္ဆန္းကို ႏွစ္ႀကိမ္တိုင္တိုင္ျပသသြားခဲ့သည္။
လူႀကီးမင္းမ်ားသည္သေဘာက်၊ ႏွစ္ၿခိဳက္လြန္းေသာေၾကာင့္လက္ခုပ္ဩဘာ ေပးၾကကုန္၏။ ေနာက္ဆုံး သုံးႀကိမ္၊ သုံးခါေျမာက္၊ ထပ္၍ျပသေလသည္။ လွံ၏
အဖ်ား၊ လွံသြားသည္ သန္လ်က္သဖြယ္ရွိ၏။ သုံးေျမႇာင့္ သဏၭာန္ျဖစ္၏။ ခြၽန္သည္။ ထက္သည္။ ဤကဲ့သို႔ ခြၽန္ထက္ေနေသာလွံအဖ်ား လွံသြားသည္ အေပၚသို႔ တက္ သြားၿပီး ေအာက္သို႔ ျပန္က်လာရာ ပါးစပ္ဟ၍ သြားျဖင့္ အမိအရကိုက္ၿပီးဖမ္းေသာ္ လည္း သြားျဖင့္ မကိုက္မိ၊ မဖမ္းမိေတာ့ဘဲ အာေခါင္တြင္း တည့္တည့္မတ္မတ္ႀကီး ဝင္သြားကာ လွံအဖ်ားသည္ လည္တိုင္၊ လည္မ်ိဳထိ စိုက္ဝင္သြားၿပီး ငုတ္တုတ္၊ ဖင္ထိုင္က်သြားေလေတာ့၏။
ခႏၶာကိုယ္ၾကမ္းျပင္အေရာက္အသက္ပါေပ်ာက္သြားေလေတာ့သည္။ ဦးထိပ္
ေခါင္ျပကြက္ဆန္းျပရင္း ေသရွာၿပီ။
“ဟာ”၊ “ဟင္”၊“အို” ဟူေသာ အံ့ၾသေသာအသံမ်ားသည္ တစ္ခဏခ်င္း ေပၚ ေပါက္လာကာ ခန္းမႀကီးတစ္ခုလုံး အုန္းအုန္းကြၽက္ကြၽက္၊ ဆူဆူညံညံ ျဖစ္သြား ပါေတာ့သည္။
ငါးေလးကို အေပၚသို႔ ေျမႇာက္ကာ ေျမႇာက္ကာျဖင့္ ေအာက္ကိုလာေသာငါးကို ပါးစပ္ျဖင့္ဖမ္း၊ ဖမ္းၿပီးစားေနေသာဗ်ိဳင္းေလးကိုၾကည့္ကာသေဘာက်ေသာေၾကာင့္ တုတ္ျဖင့္ ေလ့က်င့္ယူသည္။ တတ္ေျမာက္လာေသာအခါလူငယ္သည္ ဘုရင္ ေရွ႕ ေတာ္ေမွာက္ ေရာက္လာၿပီး အခစားဝင္၍ ျပကြက္ဆန္းကို ျပသသည့္အခါ ဘုရင္မွ သေဘာက်ႏွစ္သက္ေတာ္မူ၍ ဆုေတာ္လာဘ္ေတာ္မ်ား ေပးသနားခဲ့ေလ၏။
“သင့္ဆရာ မည္သူနည္း”ဟု ေမးျမန္းေသာအခါတြင္ ဆရာျဖစ္သူသည္ တိရစာၦန္၊ ဗ်ိဳင္းဟု ေျပာရမည္ကို ရွက္ေသာေၾကာင့္ “ဆရာမရွိပါ၊ အလိုလို တတ္ ေျမာက္လာျခင္းသာျဖစ္ပါတယ္ မင္းႀကီး”ဟုလိမ္ညာေျပာဆိုၿပီး ဆရာကို ျပစ္မွားမိ ေလေသာေၾကာင့္၊
ေလစ၊
ဆရာ ကာျပန္၊ အာေခါင္လွံတုတ္စူးရသည့္အျဖစ္ကို ဦးထိပ္ေခါင္ သိမွ သိပါ
အခုေတာ့ျဖင့္..။
မခြၽင္းမခ်န္၊တစ္စမက်န္၊ ပညာကုန္သင္ေပး။နည္းေပးလမ္းျပ၊ ဆိုဆုံးမသည့္ အနႏၲဂိုဏ္းဝင္၊ ေက်းဇူးရွင္ ဆရာသခင္ ခင္ပြန္းႀကီးဆယ္ပါးတြင္လည္း တစ္ပါး ပါဝင္ေနေသာျမတ္ေသာဆရာ၊
သည္ဆရာသမားကိုမွမူမမွန္၊တစ္ယူသန္ေဖာက္ျပန္၍အႀကံပက္စက္ယုတ္မာ ခ်က္ကမ္းကုန္စြာျဖင့္ (မေနာ) “စိတ္႐ိုင္း”ျဖင့္ ႀကံစည္၍ ေစာ္ကားမိျခင္းကတစ္မ်ိဳး၊ “စိတ္”မွႀကံစည္သည့္အတိုင္းႏႈတ္(ဝစီ)မွေျပာထြက္ဝံ့သည့္မွသား၊တမာထက္
ပင္ ခါး၏။
ဆရာႀကီးဦးထိပ္ေခါင္သည္ ဝစီကံ၊ႏႈတ္ျဖင့္လည္းေကာင္း၊မေနာကံ“စိတ္၊ စိတ္ ႐ိုင္း”ျဖင့္လည္းေကာင္း ကံနစ္ပါးျဖင့္ပင္ ကံႀကီးထိုက္သြားၿပီျဖစ္၏။ ထိုမေကာင္းမႈ အကုသိုလ္ကံ၏ဓိ႒ဓမၼအကုသိုလ္အက်ိဳးေပးျခင္းကို ခံလိုက္ရေတာ့သည္။
သည္ အကုသိုလ္ကံသည္ ကံႀကီးထိုက္သူအေပၚတြင္ “စီမံ”လိုက္သည္မွာ “ေသဒဏ္ ျဖစ္၏။ဦးထိပ္ေခါင္ျပသေသာျပကြက္ဆန္းသည္လြန္စြာမွလွပပါသည္။
မည္သို႔ပင္လွပေနပါေသာ္လည္းျပသသူ၏“စိတ္႐ိုင္း” မလွပ၊အက်ည္းတန္၊အ႐ုပ္
ဆိုးလြန္းပါေသာေၾကာင့္။
ဦးထိပ္ေခါင္သည္လည္း ဇာတ္သိမ္းမလွဘဲေသပြဲဝင္ရွာပါေတာ့သည္တကား။
ေမာင္ေလးေအာင္ (သန္လ်င္)