ဖဲဝိဇ္ဇာညွန့်တင်(စ/ဆုံး)

Unicode Version

ဖဲဝိဇ္ဇာညွန့်တင်(စ/ဆုံး)
—————————–
ဒေသသို့ ခရီးမဆန့် ဖြစ်ခဲ့သည်မှာ နှစ်ကာလ အတော်ပင် ကြာခဲ့ပေပြီ။ ဤတွင်ကံအားလျော်စွာမိတ်ဆွေ
ကြီး ကိုခင်မောင်ညိုက အညာအရပ် ဒေသရှိ “တောစိမ်း” အမည်ရ သူ၏
ရပ်ရွာ၌ မရှိနွမ်းပါးသူကလေး သူငယ်
ချင်းအား ရှင်ပြုအလှူတော်မင်္ဂလာ
ကျင်းပမည် ဖြစ်သည့်အတွက် အတူ
တကွ လိုက်ခဲ့ပါရန် ဖိတ်ခေါ်သည့်
အတွက် ရေငတ်နေတုန်း ရေသန့်ဘူး
ရောက်လာသည့်ကိန်း ဆိုက်သွားခဲ့
ရ၏။

“လိုက်ခဲ့မယ်ဗျာ၊ အညာဒေသဆီ ခရီးမဆန့် ဖြစ်တာလည်း အတော်လေး ကြာခဲ့ပြီဆိုတော့ သွားချင်နေတာနဲ့ အတော်ပဲ။ ဒါထက် – ကျုပ်ရဲ့မိတ်ဆွေ
ကြီး ဂန္ဓာရီဆရာမြကိုလည်း ခေါ်ခဲ့ချင် တယ်၊ ဖြစ်ပါ့မလား – ကိုခင်မောင်ညို”
“ဟာ-ဒါများ ပြောနေရမှာလား စာရေးဆရာရယ်။ ဂန္ဓာရီဆရာမြဆိုတာ ကျွန်တော် ကြည်ညိုတဲ့ ပုဂ္ဂိုလ်မို့ စာရေး
ဆရာသာအပါခေါ်လာနိုင်ခဲ့ရင်အတိုင်း
ထက် အလွန် တံခွန်နဲ့ ကုက္ကားဆိုသလိုပေါ့ဗျာ”

ကိုခင်မောင်ညိုကား ကျွန်တော်၏ မိတ်ဆွေကြီးဂန္ဓာရီဆရာမြအားစာတွေ့
သာမကမျက်မြင်ပါလေးစားခင်မင်ရင်း
နှီးနေသူဖြစ်၏။ထို့ကြောင့်ပင်ကျွန်တော်
တို့နှစ်ယောက်သားလည်းအညာဒေသ
သို့ ဆိုက်ရောက်ဖြစ်ခဲ့ပါသတည်း။
ဇာတိရပ်ရွာက တောသူဌေးလေး အဖြစ် သတ်မှတ်ထားကြသော ကိုခင် မောင်ညိုကားဧည့်ဝတ်စောင်ဝတ်လွန် စွာမှ ကျေပွန်သူ ဖြစ်ချေ၏။ ကျွန်တော်
နှင့် ဂန္ဓာရီဆရာမြတို့အား လွတ်လပ်စွာ
တည်းခိုနေထိုင်ရန်အတွက်၎င်းပိုင်ဆိုင်
သောဥယျာဉ်ခြံဝင်းကျယ်ကြီး၌ သီးသန့်
ဆောက်လုပ်ထားသည့် လုံးချင်းအိမ်
ကလေးတွင်နေရာချထားပေး၏။ အစား
အသောက်ကိုလည်း ဖွယ်ဖွယ်ရာရာ
ဧည့်ခံကျွေးမွေးသည့်အတွက် အားနာ
စရာပင်ကောင်းလှချေ၏။ထိုသို့အရင်းခံ
စေတနာကောင်းကြသူများမှာကာယကံ ရှင် ကိုခင်မောင်ညို တစ်ဦးတည်းသာ မဟုတ်။ အညာဒေသရှိတောစိမ်ရွာတစ် ရွာလုံးပင် ဖြစ်ချေ၏။ ကျွန်တော်တို့ အညောင်းပြေ ခြေဆန့်လက်ဆန့် လမ်းလျှောက်ထွက်ပြီဆိုလျှင်အိမ်တိုင်းလိုလို
ကပင် ကျွန်ုပ်တို့အား ရေနွေးသောက်
ဖိတ်ခေါ်၏။ သည်တော့လည်းစေတနာ
များနှင့် ကျွန်တော်တို့မှာ အချိန်ကာလ
အရင်းခံကောင်းကြသောရွာသူရွာသား
တဒင်္ဂကလေးမှာပင် ခင်မင်ရင်းနှီးသွား
ကြတော့သည်။
သည်ဒေသ၌ ကျွန်တော့်အဖို့ စိတ် ဘဝင်မကျစရာတစ်ခုရှိသည်။
ဒါကတခြားမဟုတ်။
ရပ်ရွာ၌ စာကြည့်တိုက်မရှိသကဲ့ သို့ ကျွန်တော်တို့ ရေနွေးသောက် ဝင်မိ ကြသည့် အိမ်တိုင်းမှာလည်း မည်သည့်
စာအုပ်စာစောင်ကိုမျှ မတွေ့ရခြင်းပင်။
သည့်အတွက်ကြောင့်လည်းဂမ္ဘီရစာပေ၊
စုံထောက်စာပေဖတ်ရှုကြသူတိုင်းကျွန်
တော်၏ ကလောင်အမည်ကို ကြား
လိုက်သည်နှင့် ..
“ဪ- ဂန္ဓာရီဆရာမြအကြောင်း
ကို ဖတ်လို့ ကောင်းအောင် ရေးတဲ့ စာ ရေးဆရာကိုး”
ဟု အသိအမှတ်ပြုသွားကြသော် လည်း ယခု ကျွန်တော်တို့ရောက်နေ သော ရွာကလေးကမူ ကျွန်တော်၏ ကလောင်ကိုလည်းမသိ။ဂန္ဓာရီဆရာမြ ကိုလည်း မသိကြပေ။ စာရေးဆရာဟူ
သည်အလှူမင်္ဂလာဖိတ်စာ၊မွေးနေ့ဖိတ်
စာ၊နာရေးဖိတ်စာတို့ကိုအစီအစဉ်ကျန
အောင်ရေးသားသည့်“စာစီစာကုံးသမား”
ဟုပင်မှတ်ထင်နေကြရာကျွန်တော့်စိတ်
ထဲ ဘဝင်မကျဖြစ်နေသလောက် မိတ်
ဆွေကြီးဂန္ဓာရီဆရာမြမှာမူလက်စွဲတော် ဆေးပြင်းလိပ်ကြီးကိုခဲလျက်မြိန့်မြိန့်ကြီး
ပြုံးနေပါတော့၏။

“အဲဒါမကောင်းဘူးလားကိုရင်ရယ်။
ကိုရင့်အဖို့စာရေးရတာအချိန်အများကြီး
ရတဲ့အပြင် အနှောင့်အယှက်လည်း မရှိ
တော့ဘူးပေါ့။ ကျုပ်လည်းပဲ အမှုအခင်း
လာတိုင်ပင်တာတွေနဲ့ ဝေးပြီး အကြီး အကျယ် စိတ်ချမ်းသာရပါသကောဗျာ” မိတ်ဆွေကြီး ဂန္ဓာရီ ဆရာမြကား မည်သည့်နေရာသို့ မည်သည့်အခြေ

အနေနှင့်ရောက်ရောက်ကျေနပ်အောင်
နေတတ်သော ပုဂ္ဂိုလ်ရယ်ပါတည်း။
အလှူရက်ကား မကြာခင် ရောက်
လာပေတော့မည်။
သည်အတွက် ရပ်မိရပ်ဖများ၊
ကာလသားခေါင်းများ စုဝေးကာ ကိုခင်
မောင်ညို၏ အိမ်၌ အစည်းအဝေး လုပ်
ကြ၏။ ကျွန်တော်နှင့် ဂန္ဓာရီဆရာမြတို့
ကား ဧည့်သည်ပီပီ နားထောင်ရုံသက်သက်။
“အလှူအတွက် ချက်ဖို့ ပြုတ်ဖို့
အတွက် ချက်ပြုတ်ရေးအဖွဲ့က တာဝန်
ယူထားတယ်ဆိုတော့ ချက်ပြုတ်ဖို့ လို
အပ်တဲ့ ထင်းရရှိရေး၊ ရေလုံလောက်စွာ
သုံးစွဲနိုင်ရေးအတွက် ကျုပ်တို့ တာဝန်ထားဗျို့”
”ဧည့်ခံကျွေးမွေးရေးအတွက်
လည်း မပူပါနဲ့။ ကျုပ်တို့ ကာလသမီး အဖွဲ့က ထောင့်စေ့အောင် ဧည့်ခံမှာပါ
တော်”
“မဏ္ဍပ်ဆောက်လုပ်ရေး၊ ထမင်း ကျွေးရုံဆောက်လုပ်ရေးဒါတွေအတွက်
လည်းကျွန်တော်တို့တာဝန်ထား”
“ရှင်လောင်းလှည့်ဖို့ကိစ္စမှာလည်း
အစစအရာရာ အဆင်ပြေရစေပါမယ်”

“အဲ – ကျွန်တော်တို့ ကျေးရွာက တစ်နှစ်မှာမှတစ်ခါဆိုသလိုသည်လိုမျိုး
ပွဲတော်ကြီးနဲ့ ကြုံရတဲ့အခိုက် ပိုပြီး မြိုင်
ဆိုင်သွားရလေအောင်ဆိုင်းတော့ထည့် ပေးပါ- ဆရာညို”
“ဟုတ်တယ် – ဟုတ်တယ်၊ ဆိုင်း ကောင်းကောင်းထည့်ပေးပါ”
ရွာသူရွာသားအားလုံး၏တစ်ခဲနက် တောင်းဆိုမှုကြောင့် ကိုခင်မောင်ညို မတ်တတ်ရပ်လိုက်သည်။
“သည့်အတွက် ကျွန်တော် စီစဉ်
ထားပြီးသားပါဗျာ။ကျွန်တော်တို့နယ်မှာ
အကြိုက်တွေ့နေကြတဲ့ “ရွာစားကျော်
နတ်မောက်စိန်လင်း” မင်္ဂလာရွှေဆိုင်း
တော်ကို ငှားထားပါတယ်။ ဆိုင်းလူရွှင်
တော်တွေကလည်း နာမည်ကြီးတွေပါ။
မဟာမြိုင် အံပွား၊ ကျိုက်လတ်ပေတုံး၊
ဖက်တီးဝင်းမောင်တို့အပြင် အဆိုတော်
တွေကလည်းတကယ့်နိုင်ငံကျော်တွေ။
အလှူညနဲ့ရှင်မကန်ညတွေအတွက်ငှား
ထားတာမို့ စိတ်ကြိုက် အားပါးတရ
ဧည့်ခံသွားမှာပါ”
“ဟေး-ဒါမှ တို့ ဆရာညိုကွ”
အစည်းအဝေးတက်ရောက်သူ
အပေါင်း၏နှစ်ထောင်းအားရဟစ်ကြွေး

လိုက်သံက တောစိမ်းတစ်ရွာလုံးကိုပင် ပဲ့တင်ထပ်သွားလောက်၏။
အစည်းအဝေးပြီးပြီဆိုတော့ တချို့လည်း ပြန်
သွားကြ၏။ကျန်တချို့လည်းအမဲခြောက်
ဖုတ်ဆီဆမ်းနှင့် ရေနွေးကြမ်းသောက်
ရင်း ကျန်နေရစ်ခဲ့ကြ၏။ ထိုလူစုထဲ၌
ကျွန်တော်နှင့် မျက်မှန်းတမ်းနေမိသူ
မောင်ဘိုကေဆိုသူကား သွက်သွက် လက်လက်၊ ချက်ချက်ချာချာရှိလှ၏။ “ဗျို- ဆရာလေး၊ ကျုပ်တို့ ဒီက အပြန်“တောင်စိမ်း”ကိုသွားမလို့။ လိုက်
ချင်ရင် လိုက်ခဲ့ကြပါလား”
“ဘာတုံး – မောင်ဘိုကေရဲ့တောင်
စိမ်းဆိုတာ”
“ရွာပဲလေ-ကျွန်တော်တို့ရွာက
တောစိမ်း။ ခု သွားမှာက တောင်စိမ်းတဲ့”
“ဘယ်လိုအကြောင်းကိစ္စများရှိပေ
လို့လဲ-မောင်ဘိုကေရယ်”
ကျွန်တော်၏နှုတ်ဖျားမှ စကားလုံး
များကကရားရေသွန်ဖြစ်နေသလောက်
မိတ်ဆွေကြီးဆရာမမှာမူဆေးပြင်းလိပ်
အကျွတ်မခံနိုင်လောက်အောင် ဣန္ဒြေ
ကြီးလွန်းလှပါဘိ။
“ရှိတာပေါ့ – ဆရာလေးရယ်၊
တောင်စိမ်းကို ဝစီပိတ် ဆရာတင်ဆိုတဲ့
ပုဂ္ဂိုလ်ထူးကြီး ရောက်နေတာ တစ်ပတ် လောက်ရှိရော့မယ်။ သူ့သတင်းကရွာနီး ချုပ်စပ်ဟိုးဟိုးကျော်နေတာ ခင်ဗျ”
“ဘယ်လိုမျိုး ကျော်တာတဲ့လဲ။ လုပ်ပါဦး-မောင်ဘိုကေရယ်”
သည်စကားရှင်က မိတ်ဆွေကြီး
ဆရာမြပင် ဖြစ်၏။ စကားဣန္ဒြေကြီးလှ
စွာသော ဆရာမြသည် ၎င်းစိတ်ဝင်စား
သောအကြောင်းကိစ္စ ရပ် ရှိ လျှင်
အပြောင်းအလဲမြန်ဆန်သွားရလေကား
အကြောင်းသိဖြစ်သော ကျွန်တော့်အဖို့
ဘာမျှ မထူးဆန်းပါချေ။ “သည်လို – ဆရာမြရဲ့၊ ဝစီပိတ် ဆရာတင်ဆိုတဲ့ ပိတ်ဖြူဝတ်ပုဂ္ဂိုလ်ကြီး ဟာ စကားမပြောဘဲ ဝစီပိတ်အဖြစ်နဲ့ နယ်လှည့်ပြီး အဓိဋ္ဌာန်ကျင့်နေတာ။ တောင်စိမ်းရွာဟာ နောက်ဆုံးတဲ့ဗျ”
“နေပါဦး – သူက စကားမပြောဘူး
ဆိုတော့ သူနဲ့ ရွာသူရွာသားတွေ
ဘယ်လိုများ ဆက်ဆံကြသတဲ့လဲ” “ဆရာတင်က စကားမပြောပေမဲ့
လက်ဟန်ခြေဟန်ကတော့ လှုပ်ရှားပြ ပါတယ်။ သူ လှုပ်ရှားပြသမျှကို သူနဲ့ ပါ လာတဲ့ တပည့်ဆိုတဲ့ “ကျွဲသိုး” ဆိုတဲ့ သူက စကားအဓိပ္ပာယ် ဖော်ပေးတယ် ဆရာ။ အဲသည် ဆရာရဲ့ စွမ်းချက်

ကတော့ တကယ့်ကို အံ့ဩလောက်ပါ ပေရဲ့ဆရာရယ်”
“ကိုယ်တွေ့ မျက်မြင်ကလေးများ ရှိရင် အဲသည်ဆရာရဲ့ထူးခြားစွမ်းရည် ကလေးတွေ ပြောပါလား – မောင်ဘို

“ဟုတ်ကဲ့ – ကျွန်တော်တစ်မြန်နေ့ က ရောက်တော့ အံ့ဩစရာတွေ တွေ့ ရတယ် ဆရာမြ။ သူ့ရှေ့ရောက်လာတဲ့
ပရိသတ်ရှေ့မှာရှိတဲ့ ဂမုန်းပြောက်ကျား
ရွက်တွေကိုသူ့လက်စွဲတော်တောင်ဝှေး
နဲ့အသာကလေးဝှေ့လိုက်တာ။ အရွက်
တွေက အသက်ဝင်လာသလိုပဲ။ လှုပ်
လှုပ်ရှားရှား ဖြစ်သွားကြတယ် ဆရာမ။ အဲ – ပြီးတော့ သူ့တပည့်ဆက်တဲ့ ကွမ်း ကို ဝါးပြီး ပါးစပ်ကိုဟလိုက်တော့ အာခံ တွင်းထဲကနေ မီးခိုးငွေ့တွေ ထွက်လာ သတဲ့ – ဆရာရယ်။
သည်တော့ဘုရားတည်ဖို့အဓိဋ္ဌာန်
နဲ့ ရောက်လာတဲ့ ဝစီပိတ် ဆရာတင်ကို
တောင်စိမ်းက သာမကဘဲ ရွာနီးချုပ်စပ်
ကပါရောက်လာသူတွေကကြည်ညိုပြီး
လှူလိုက်ကြတာ ငွေတွေ မနည်းဘူး
ရသွားတယ်ဆရာ။
အဲသည်ငွေတွေကိုလည်း ဆရာ
တင်က လက်နဲ့ မထိပါဘူး။ အိမ်ရှင်နဲ့

ရပ်မိ ရပ်ဖတစ်ဦးကို အများရဲ့ရှေ့မှာ အရေအတွက်ကို စာရင်းဇယားနဲ့ မှတ်
ခိုင်းတယ်။ သဘောကတော့ ကိုယ်ကျိုး
မပါဘဲ သာသနာပြုဖို့ သက်သက်
အတွက်ဆိုတဲ့ သဘော။ သည်တော့
အားလုံးဟာကြည်ညိုပြီးတစ်နေ့တစ်နေ့
တောင်စိမ်းကို သွားကြတာ လူတွေ မစဲ
တော့ဘူးတဲ့ – ဆရာမြ”
“အေးပေါ့ – မောင်ဘိုကေရယ်။ တကယ်ထူးခြားနေတော့လည်း ဟုတ် လို့ကျော်တဲ့ သဘောပဲပေါ့”
“အဲဒါကြောင့် ဆရာတို့ကို လိုက်ခဲ့
စေချင်လို့ ခေါ်တာပေါ့။ သည်ကနေ့က
ရှားတောင့်ရှားပါး။ ပေါင်တစ်ရာရေခဲတုံး
ပေါ်မှာ ဘာအခင်းမှမပါဘဲ တစ်နာရီ
တိတိကမ္မဋ္ဌာန်းထိုင်ပြမှာတဲ့။ အဲဒါပြီးရင်
စခန်းသိမ်းဆိုပဲ။ သည့်အတွက် တောင်
စိမ်းကလူတွေပြီးတော့သူ့အပေါ်ကြည်
ညိုသူတွေကိုမစတဲ့အနေနဲ့ရွှေကိုနှစ်ဆ
ပွားအောင် လုပ်ပေးမတဲ့။ ကျွန်တော်
လည်း ငါးမူးသား လက်စွပ်ကလေး
နှစ်ဆ ပွားရအောင် ယူလာခဲ့သေးတယ်”
“တယ်ဟုတ်ပါကလား- မောင်ဘို
ကေရယ်။ ဒါကော စာရင်းဇယားလုပ် သလား၊ တော်ကြာ မှားကုန်မှာ စိုးလို့ပါ”
“ဟာ-လုပ်တာပေါ့ ဆရာမရဲ့။
တစ်ဦးချင်းစီရဲ့ပစ္စည်းကို အမည်၊ အမျိုး
အစား၊ အလေးချိန်မှန်ပြီး စက္ကူအိတ်
ကလေးထဲပိတ်လို့မောင်းထောင်ချိုင့်ထဲ ထည့်ရတာကလား”
“ကိုင်း-ကိုရင်ရေ၊ ကျုပ်တော့
ဟောဒီကမောင်ဘိုကေအညွှန်းကောင်း
တာနဲ့တောင်စိမ်းကိုလိုက်သွားမယ်ဗျို့။
ကိုရင့်အတွက်လည်း တကယ့်စာပေ
ကုန်ကြမ်းရမှာမို့ မလိုက်ဘဲ မနေခဲ့နဲ့နော်”
ဪ – ခဏနေကြဦး။ ကျုပ်တို့
မောင်ဘိုကေနဲ့ ခဏလိုက်သွားမယ့် အကြောင်း ကိုခင်မောင်ညိုကို အကျိုး သင့် အကြောင်းသင့်ပြောဖို့ လိုလိမ့်မယ်”
သို့ဆိုပြီးသကာလသည်ရွာရောက်
ကတည်းက မထုံတက်သေးရှိလှသော ဂန္ဓာရီဆရာမြသည် အံ့ဩဖွယ်ကောင်း
လောက်အောင် မြူးကြွသွက်လက်၍
လုပ်ဆောင်စရာရှိသည်များလုပ်ဆောင်
ကာမောင်ဘိုကခေါ်ဆောင်ရာနောက်
သို့လိုက်ပါသွားခဲ့ကြပါတော့သည်။

တောင်စိမ်းဟူသောရွာကလေးမှာ
ကိုခင်မောင်ညိုတို့ တောစိမ်းနှင့် သိပ်
တော့ ဝေးလှသည်မဟုတ်။ လယ်ကန်
သင်းပေါ်မှမိနစ်အစိတ်ခန့်လျှောက်သွား
လျှင်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော့သည်။
စိုက်ပျိုးရေးကိုအဓိကထားရာဝယ် သီးနှံတွေအထွက်ကောင်း၍လောမသိ။ ရွာနေအိမ်ခြေအတော်များများပင် အိမ် ကြီး ရခိုင်တွေ ဖြစ်ကြ၏။ စီးပွားရေး
သောင်သာသည့် ပြယုဂ်ပင် ဖြစ်ပေလိမ့်
မည်။ အိမ်ဝိုင်းတစ်ဝိုင်းနှင့် တစ်ဝိုင်းမှာ
အကျယ်ကြီးဖြစ်သကဲ့သို့ ခြံအတွင်း၌
ပေါက်နေသော သက်ရင့်မန်ကျည်းပင် ထနောင်းပင်ကြီးများမှာ အုပ်ဆိုင်းဝေ ဆာလျက် ရှိချေ၏။
“နွေ – ထနောင်း၊ ဆောင်း- မန် ကျည်း” ဟူသော စကားနှင့် အညီ
ဆောင်းယွန်းတော့မည့်ကာလမှာပင်
မန်ကျည်းပင်အိုကြီးများ၏ အရိပ်သည် အိမ်ဝိုင်းတစ်ခုလုံးအား နေအရောင်ကို ကာကွယ်ပေးထားရာလွန်စွာမှနေထိုင်
၍ဥတုသပ္ပါယမျှတလှပေ၏။ “ရှေ့က အိမ်ဝိုင်းဟာ ဦးဘိုးလူရဲ့
အိမ်ဝိုင်းပဲ ဆရာလေး။ အဲသည်အိမ်မှာ ဝစီပိတ်ဆရာတင် စတည်းချတာ”

ဟုတ်ပေမည်။ အဆိုပါ အိမ်ဝိုင်း ကလေးအတွင်းသို့ ကျွန်တော်တို့ကဲ့သို့
ပင် ရွာခံလူများ၊ ရွာနီးချုပ်စပ်မှ လူများ
သည်ဝင်လာမစဲတသဲသဲနှင့်။ ဦးဘိုးလူ
၏အိမ်ခေါင်းရင်းမှာတော့ ကနားဖျင်း
တစ်ခု ထိုးထားပြီး ရာဇမတ်ကွက်များ
ကာ ထားပြီး ကနားဖျင်းထဲမှာမူ ဧည့်
ပရိသတ်အတွက်ဖျာကြမ်းများခင်းထား၏။
ဧည့်ပရိသတ်မှာ အပြည့်။
ကျွန်တော်တို့ ရောက်သည့်အချိန်
ဝယ် ပိတ်ဖြူစင်ကြယ် ဝတ်ထားသော
ဝစီပိတ်ဆရာတင်ဆိုသည့်ပုဂ္ဂိုလ်သည် မည်သည့်အခုအခံမျှမပါဘဲရေခဲတုံးကြီး
ထက်ဝယ်တင်ပျဉ်ဖွဲ့ခွေ၍နေလေ၏။
၎င်း၏နောက်ကျောဘက်မှာတော့
ဘိုးတော်ရုပ်တုများ၊ ပန်းအလှစိုက်ပျိုး ထားသော ပန်းအိုးများ၊ အုန်း၊ ငှက်ပျော နှင့် ပွဲထိုးထားသည်များကို တွေ့ရလေ ၏။ကနားဖျင်းအတွင်းဝင်ရောက်လာကြ ကုန်သော ဧည့်ပရိသတ်အပေါင်းသည် ဝစီပိတ် ဆရာတင်၏ရေခဲတုံးကျင့်စဉ် ကို ရင်သပ်ရှုမော အံ့ဩကြကုန်လျက် ပြားပြားဝပ်မျှရှိခိုးနေကြ၏။ ထိုပရိသတ်

ထဲ၌မောင်ဘိုကေလည်းအပါအဝင်ဖြစ်
၏။ ကျွန်တော်နှင့် ဆရာမြကား အခြေ
အနေအရပ်ရပ်ကို မသိလိုက် မသိ ဘာ
သာအကဲခတ်နေမိကြလေသည်။ထိုစဉ်
မှာပင်ဝစီပိတ်ဆရာတင်၏တပည့်ကျော်
ကျွဲသိုးထံမှစကားသံထွက်ပေါ်လာလေ၏။
“သူတော်စင်ပရိသတ်အပေါင်းကို
အဘ ဝစီပိတ်ဆရာတင်က သာဓုခေါ်ပါ သတဲ့။ ပန်းလိုမွှေးပြီး စမ်းလိုအေးပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပါသတဲ့။
သုခိတာဟောန္တု၊ဒုက္ခမုစ္စန္တု၊ သတ္တဝါ အားလုံး ချမ်းသာကြရလေအောင်၊ဒုက္ခ
ဆင်းရဲ အပေါင်းကနေ ကင်းလွတ်ကြ
ရလေအောင်စောင်မကြည့်ရှုပါမယ်တဲ့။
အဓိဋ္ဌာန်ပြီးမြောက်လို့ စိတ်အကြံ ခရီး
ရောက်တဲ့အထိမ်းအမှတ်အနေနဲ့ကိုယ့်
မှာရှိတဲ့ ရွှေထည်တွေ နှစ်ဆတိုးပွား
ရလေအောင်မေတ္တာတုံ့ပြန်စီရင်ပေးမှာ
မို့ ခုပဲလာအပ်ကြပါ။
စာရင်းဇယားမလွဲရအောင်အိမ်ရှင်
ဦးဘိုးလူနဲ့တကွ ရပ်မိရပ်ဖတွေက စာရင်းပြုစုပေးထားပါလိမ့်မယ်။ မောင်း
ထောင်ချိုင့်ထဲ ရောက်သွားတဲ့ သူတော်
စင်တို့ရဲ့ရွှေထည်ပစ္စည်းတွေဆိုတာဟာ
မနက်ဖြန်ဆိုရင် နှစ်ဆတိုးပြီလို့ သတ်
မှတ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ဆရာကြီး
ဟာ သာသနာပြုပုဂ္ဂိုလ်ကြီးမို့ ဘုရား
တည်မယ့်အရေးမှာ ကုသိုလ်ပါဝင်တဲ့
အနေနဲ့ အလှူငွေတွေလည်း ထည့်ဝင်
နိုင်ကြပါတယ်။
ဆရာကြီးက စိတ်မနောနဲ့ အမိန့်ရှိ
ပါတယ်။ ဥပုသ်သီတင်း သီလများ
ဆောက်တည်ကြပါ။တရားဘာဝနာများ
ပွားများကြပါ။ ဘုရား၊ တရား၊ သံဃာ၊
ရတနာသုံးပါးကိုမမေ့မလျော့ဘဲဆည်း
ကပ်ကိုးကွယ်ကြပါ။မိဘဆရာတို့ရဲ့ဂုဏ်
ရည်အထူးကို ရည်စူးအောက်မေ့ကြပါ။ သာဓု – သာဓု – သာဓုပါတဲ့ ခင်ဗျာ” အတွေ့အကြုံ ရင့်ကျက်လာဟန်
တူသည်။ ကျွဲသိုး၏ လေယူလေသိမ်း
အပြောအဆိုတို့မှာ လွန်စွာမှ ဋ္ဌာန်၊
ကရိုဏ်းကျနလှပေ၏။ ရောက်လာကြ
သူဧည့်ပရိသတ်အပေါင်းမှာလည်းသဒ္ဓါ
တရား ထက်သန်စွာဖြင့် သွားရောက် လှူဒါန်းကြလေ၏။ ထိုအချိန်ဝယ် ဆရာ မြသည်ရုတ်ခြည်းဆိုသလိုပင်ပရိသတ် အကြားမှ ပျောက်သွားပါလေ၏။

“တို့တော့ – ပွပြီဟေ့။နောက်နေ့ဆို ရွှေနှစ်ကျပ်သား ထည့်ထားတာ လေး ကျပ်သားရတော့မယ်”
“အေးကွာ – ငါလည်းပဲ စစ်စစ် ပေါက်ပေါက် ငါးမူးသားပဲ ရှိပေလို့။ နို့မဟုတ်ရင် ရှိသမျှ ထည့်လိုက်တယ်” “ဘာပဲပြောပြော၊ဆရာကြီးဝစီပိတ် ဆရာတင်ဟာ တို့တစ်ရွာလုံးကို လာပြီး မ,စတဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်ထူးကြီးပဲ” “ဟုတ်ပါရဲ့ – စွမ်းလိုက်ပုံများ ကတော့ သည်လောက်အေးခဲနေတဲ့ ရေခဲတုံးကြီးပေါ်မှာ ထိုင်နေလိုက်တာ များ၊တို့သာဆိုအအေးပတ်တောင့်တင်း
ပြီး သွေးခဲလို့ သေမှာပဲ။ ဆရာကြီးကျ
တော့ ဘာဆိုဘာမျှတောင် မဖြစ်ဘူးနော်”
“သစ္စာသမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘုန်းတန်ခိုးအာနိသင်ပဲပေါ့ကွာ”
ပတ်ဝန်းကျင်မှ တီးတိုးတီးတိုးနှင့် ဝေဖန်စကားသံများကဝေ့ဝေ့ဝဲ။ ထိုစဉ်မှာပင် မမျှော်လင့်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။
အသံရှင်ကားဘယ်လိုမှထင်မှတ်မထား
သော မိတ်ဆွေကြီး ဂန္ဓာရီ ဆရာမြ၏အသံပေတည်း။
“ရွာသူရွာသားအပေါင်းတို့ခင်ဗျား။
ကျွန်တော်ပြောတာကို အလေးအနက်
နားထောင်ကြပါ။ ခု – ခင်ဗျားတို့ယုံကြည်
ကိုးစားအထင်ကြီးနေကြတဲ့ ပုဂ္ဂိုလ်ဟာ အယောင်ဆောင် လူလိမ်လူညာပါ။
သူဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
မကြာသေးခင်က ထောင်က လွတ်လာ တဲ့ ဖဲဝိဇ္ဇာ ညွန့်တင်ဖြစ်ပြီး သူ့တပည့် ကျွဲသိုးကတော့ရဲဘက်ပြေးဖောက်ထွင်း
ဝိဇ္ဇာကျွဲကြီးပါ”
“ဟေ့လူ – ခင် – – ခင်ဗျား – ခင်ဗျား” “ရွာသူရွာသားအပေါင်းတို့ခင်ဗျား၊
ခု အလိမ်အညာတွေပေါ်လာတော့ ဝစီ လည်း မပိတ်နိုင်တာ အားလုံးမျက်မြင် ကိုယ်တွေ့ပါ”
အခြေအနေက ဝရုန်းသုန်းကား
ဖြစ်တော့မည့်ဆဲဆဲတွင်ကိုခင်မောင်ညို ရောက်လာသည်။ သူနှင့်အတူ ပါလာ သူများကား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ။
ရဲတပ်ဖွဲ့ဝင်များသည်လျင်မြန်ဖျတ် လတ်စွာဖဲဝိဇ္ဇာညွန့်တင်နှင့်ဖောက်ထွင်း ဝိဇ္ဇာကျွဲကြီးကို လက်ထိတ်ခတ်ပြီးသားဖြစ်၏။
“ရွာသူရွာသားများကို ကျွန်တော်
ရှင်းပြပါ့မယ်။ သည်လိုမှ ရှင်းမပြရင်
လည်းအဖြစ်မှန်ကိုကိုခင်မောင်ညိုအိမ်
ရဲ့ အစည်းအဝေးမှာ မောင်ဘိုကေရဲ့
ပြောစကားအရ ဒီရွာမှာ လူလိမ်တွေ
ရောက်နေပြီဆိုတာ တွေးမိလိုက်ပါ
တယ်။ သည်ရောက်တော့ ထင်တဲ့
အတိုင်းပါပဲ။တကယ့်လူလိမ်လူညာတွေ
ဖြစ်နေတာ သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ ဒီရွာကို လာခါနီးမှာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးဖို့ကိုခင်မောင်ညိုကိုမှာခဲ့တာပါ။
တကယ်လို့သာ သည် လူလိမ်လူ ညာနှစ်ယောက်ကို အချိန်မီ မတားဆီး နိုင်ခဲ့ရင် ရွာသူရွာသားတွေ ယုံကြည်စွာ
အပ်နှံထားတဲ့ လက်ဝတ်လက်စား ရွှေ
ထည်ပစ္စည်းတွေဟာ သူတို့ဆီ ပါသွား
မှာပါပဲ။သူတို့ကလည်းမနက်ဖြန်အရုဏ်
မတက်ခင်မှာ လစ်ထွက်သွားဖို့ စီစဉ်ပြီး
သားပါ။ ဒါကို စခန်းရောက်ရင် ဖြောင့်
ချက်ပေးကြပါလိမ့်မယ်”
သည်တော့မှပင် ကနားဖျင်းထဲရှိ
ရွာ သူရွာသားတို့မှာ ဘုရားတ သူတ၊ ရင် ဘတ် လက်နှင့် ဖိသူဖိ ဖြစ်နေကြတော့ သည်။ ထိုစဉ်မှာပင် မောင်ဘိုကေက တစ်စခန်းထလာပြီးပရိသတ်ကြားထဲမှ
ထရပ်ကာ ဆရာမြအား မေးခွန်းထုတ် လာသည်။
“ဆရာမြကို မေးပါရစေ၊ ဝစီပိတ် ဆရာတင်ဟာ သူ့လက်စွဲတော် တောင်
ဝှေးကို ဝှေ့ယမ်းလိုက်တာနဲ့ ဂမုန်းရွက်
တွေလှုပ်လှုပ်ရှားရှားဖြစ်သွားတာ။ကွမ်း
ဝါးလိုက်ပြီး ပါးစပ်ဟတဲ့အခါ ခံတွင်းက
နေမီးခိုးငွေ့တွေထွက်လာတာ။ ပြီးတော့
သည်လောက်အေးခဲနေတဲ့ရေခဲတုံးပေါ်
ဣန္ဒြေမပျက် အချိန်အကြာကြီးထိုင်နိုင်
တာဟာ ဆရာတင်ရဲ့တန်ခိုးသိဒ္ဓမဟုတ်ဘူးလား”
မောင်ဘိုကေ၏ စကားဆုံးတော့
ပရိသတ်အပေါင်းမှာလည်း ခေါင်း တညိတ်ညိတ်။ သဘောကတော့ သူတို့ လည်း မောင်ဘိုကေနှင့် သဘောတစ်
ထပ်တည်းဖြစ်သည့် အနေအထား။
“ကောင်းပါတယ် –
-အဲသလိုအမေး
ရှိလာတော့ အားလုံးရှင်းသွားရအောင် အဖြေမှန်ကိုပေးနိုင်တာပေါ့။
ပထမ တောင်ဝှေးနဲ့ ရမ်းလိုက်တာ ဂမုန်းရွက်တွေလှုပ်လှုပ်ရှားရှားဖြစ်သွား
ရတယ်ဆိုတာက တောင်ဝှေးထိပ်မှာ သံလိုက်တုံးကို တပ်ထားပြီး ဂမုန်းရွက် တွေမှာ ဘယ်သူမှမသိအောင် သံမှို ကလေးတွေကပ်ထားလို့ပါ”

“ဒုတိယ ကွမ်းဝါးပြီးတဲ့နောက် ပါး
စပ်ဟလိုက်တဲ့အခါမီးခိုးတွေထွက်လာ
ရတဲ့အကြောင်းကတော့ ဖော့စ်ဖရပ်လို့
ခေါ်တဲ့ မီးစုန်းဆေးခဲကို ကွမ်းရွက်ထဲ ထည့်ဝါးလို့ပါပဲ” “ဟယ်”
“အဲ – နောက်ဆုံး ရေခဲတုံးပေါ်ကို ဣန္ဒြေမပျက် ထိုင်နိုင်တယ်ဆိုတာ ကတော့ ခြေဖျားတိုင်အောင် ထောပတ်
နဲ့ကန့်တို့ကိုခပ်ထူထူလိမ်းထားတဲ့အပြင်
ပုဆိုးတစ်ထည်လုံးကိုလည်းသုတ်ထားလို့ပါပဲ။
ဒါတွေဟာ မျက်လှည့်ပညာရပ်ကို
လေ့လာတီးခေါက်မိတဲ့သူတိုင်း သိနိုင်
တဲ့ကိစ္စတွေပါပဲ။ တကယ်တော့လူလိမ်
လူညာတွေ မှန်သမျှဟာ ရိုးသားတဲ့
တောသူတောင်သားတွေကို နည်းပရိ
ယာယ်အမျိုးမျိုးသုံးပြီး လိမ်ညာနေကြ
တာပါပဲ။ အထူးသဖြင့် ရွှေထည်တွေကို
နှစ်ဆတိုးအောင် လုပ်ပေးမယ်ဆိုတဲ့
မက်လုံးပေးပြီးလိမ်ညာတဲ့အခါလောဘ
သားတွေအဖို့ အလိမ်အညာခံကြရစမြဲပါ။
သည်တော့ လိမ်ညာခြင်းက ကင်း
ဝေးရအောင် စာပေဗဟုသုတတွေကို
လေ့လာလိုက်စားကြပါ။ မှုခင်းဆိုင်ရာ စာပေတွေကို ဖတ်ရှုကြပါလို့ ပြောချင်
ပါတယ်”
သည်တော့မှရွာသူရွာသားအပေါင်း
တို့ အဖို့ ဂန္ဓာရီ ဆရာမြအပေါ်ကျေးဇူး တင်မဆုံး ဖြစ်နေကြတော့သည်။ သည့်
အတွက်အထူးတလည်မျက်နှာပွင့်ရသူ ကားတောစိမ်းရွာသား ကိုခင်မောင်ညို
ပါတည်း။

ကျွန်တော့်အဖို့မူကားအညာဒေသ
ခရီးထွက်လာရင်းမှမမျှော်လင့်ဘဲဝတ္ထု
တက်ကြွနေသလောက် မိတ်ဆွေကြီး
ရေးဖွဲ့စရာကုန်ကြမ်းတစ်ခုရရှိ၍ရွှင်မြူး
ဂန္ဓာရီ ဆရာမြမှာမူကား သူ၏ ပင်ကို
စရိုက်အတိုင်းပင် ဆေးပြင်းလိပ်ကြီးခဲ လျက်တကယ့်ကို မထုံတတ်သေး။
နန္ဒာမိုးကြယ်

Zawgyi Version

ဖဲဝိဇၨာၫြန႔္တင္(စ/ဆုံး)
—————————–
ေဒသသို႔ ခရီးမဆန႔္ ျဖစ္ခဲ့သည္မွာ ႏွစ္ကာလ အေတာ္ပင္ ၾကာခဲ့ေပၿပီ။ ဤတြင္ကံအားေလ်ာ္စြာမိတ္ေဆြ
ႀကီး ကိုခင္ေမာင္ညိဳက အညာအရပ္ ေဒသရွိ “ေတာစိမ္း” အမည္ရ သူ၏
ရပ္႐ြာ၌ မရွိႏြမ္းပါးသူကေလး သူငယ္
ခ်င္းအား ရွင္ျပဳအလႉေတာ္မဂၤလာ
က်င္းပမည္ ျဖစ္သည့္အတြက္ အတူ
တကြ လိုက္ခဲ့ပါရန္ ဖိတ္ေခၚသည့္
အတြက္ ေရငတ္ေနတုန္း ေရသန႔္ဘူး
ေရာက္လာသည့္ကိန္း ဆိုက္သြားခဲ့
ရ၏။

“လိုက္ခဲ့မယ္ဗ်ာ၊ အညာေဒသဆီ ခရီးမဆန႔္ ျဖစ္တာလည္း အေတာ္ေလး ၾကာခဲ့ၿပီဆိုေတာ့ သြားခ်င္ေနတာနဲ႔ အေတာ္ပဲ။ ဒါထက္ – က်ဳပ္ရဲ႕မိတ္ေဆြ
ႀကီး ဂႏၶာရီဆရာျမကိုလည္း ေခၚခဲ့ခ်င္ တယ္၊ ျဖစ္ပါ့မလား – ကိုခင္ေမာင္ညိဳ”
“ဟာ-ဒါမ်ား ေျပာေနရမွာလား စာေရးဆရာရယ္။ ဂႏၶာရီဆရာျမဆိုတာ ကြၽန္ေတာ္ ၾကည္ညိဳတဲ့ ပုဂၢိဳလ္မို႔ စာေရး
ဆရာသာအပါေခၚလာႏိုင္ခဲ့ရင္အတိုင္း
ထက္ အလြန္ တံခြန္နဲ႔ ကုကၠားဆိုသလိုေပါ့ဗ်ာ”

ကိုခင္ေမာင္ညိဳကား ကြၽန္ေတာ္၏ မိတ္ေဆြႀကီးဂႏၶာရီဆရာျမအားစာေတြ႕
သာမကမ်က္ျမင္ပါေလးစားခင္မင္ရင္း
ႏွီးေနသူျဖစ္၏။ထို႔ေၾကာင့္ပင္ကြၽန္ေတာ္
တို႔ႏွစ္ေယာက္သားလည္းအညာေဒသ
သို႔ ဆိုက္ေရာက္ျဖစ္ခဲ့ပါသတည္း။
ဇာတိရပ္႐ြာက ေတာသူေဌးေလး အျဖစ္ သတ္မွတ္ထားၾကေသာ ကိုခင္ ေမာင္ညိဳကားဧည့္ဝတ္ေစာင္ဝတ္လြန္ စြာမွ ေက်ပြန္သူ ျဖစ္ေခ်၏။ ကြၽန္ေတာ္
ႏွင့္ ဂႏၶာရီဆရာျမတို႔အား လြတ္လပ္စြာ
တည္းခိုေနထိုင္ရန္အတြက္၎ပိုင္ဆိုင္
ေသာဥယ်ာဥ္ၿခံဝင္းက်ယ္ႀကီး၌ သီးသန႔္
ေဆာက္လုပ္ထားသည့္ လုံးခ်င္းအိမ္
ကေလးတြင္ေနရာခ်ထားေပး၏။ အစား
အေသာက္ကိုလည္း ဖြယ္ဖြယ္ရာရာ
ဧည့္ခံေကြၽးေမြးသည့္အတြက္ အားနာ
စရာပင္ေကာင္းလွေခ်၏။ထိုသို႔အရင္းခံ
ေစတနာေကာင္းၾကသူမ်ားမွာကာယကံ ရွင္ ကိုခင္ေမာင္ညိဳ တစ္ဦးတည္းသာ မဟုတ္။ အညာေဒသရွိေတာစိမ္႐ြာတစ္ ႐ြာလုံးပင္ ျဖစ္ေခ်၏။ ကြၽန္ေတာ္တို႔ အေညာင္းေျပ ေျခဆန႔္လက္ဆန႔္ လမ္းေလွ်ာက္ထြက္ၿပီဆိုလွ်င္အိမ္တိုင္းလိုလို
ကပင္ ကြၽႏ္ုပ္တို႔အား ေရေႏြးေသာက္
ဖိတ္ေခၚ၏။ သည္ေတာ့လည္းေစတနာ
မ်ားႏွင့္ ကြၽန္ေတာ္တို႔မွာ အခ်ိန္ကာလ
အရင္းခံေကာင္းၾကေသာ႐ြာသူ႐ြာသား
တဒဂၤကေလးမွာပင္ ခင္မင္ရင္းႏွီးသြား
ၾကေတာ့သည္။
သည္ေဒသ၌ ကြၽန္ေတာ့္အဖို႔ စိတ္ ဘဝင္မက်စရာတစ္ခုရွိသည္။
ဒါကတျခားမဟုတ္။
ရပ္႐ြာ၌ စာၾကည့္တိုက္မရွိသကဲ့ သို႔ ကြၽန္ေတာ္တို႔ ေရေႏြးေသာက္ ဝင္မိ ၾကသည့္ အိမ္တိုင္းမွာလည္း မည္သည့္
စာအုပ္စာေစာင္ကိုမွ် မေတြ႕ရျခင္းပင္။
သည့္အတြက္ေၾကာင့္လည္းဂမၻီရစာေပ၊
စုံေထာက္စာေပဖတ္ရႈၾကသူတိုင္းကြၽန္
ေတာ္၏ ကေလာင္အမည္ကို ၾကား
လိုက္သည္ႏွင့္ ..
“ဪ- ဂႏၶာရီဆရာျမအေၾကာင္း
ကို ဖတ္လို႔ ေကာင္းေအာင္ ေရးတဲ့ စာ ေရးဆရာကိုး”
ဟု အသိအမွတ္ျပဳသြားၾကေသာ္ လည္း ယခု ကြၽန္ေတာ္တို႔ေရာက္ေန ေသာ ႐ြာကေလးကမူ ကြၽန္ေတာ္၏ ကေလာင္ကိုလည္းမသိ။ဂႏၶာရီဆရာျမ ကိုလည္း မသိၾကေပ။ စာေရးဆရာဟူ
သည္အလႉမဂၤလာဖိတ္စာ၊ေမြးေန႔ဖိတ္
စာ၊နာေရးဖိတ္စာတို႔ကိုအစီအစဥ္က်န
ေအာင္ေရးသားသည့္“စာစီစာကုံးသမား”
ဟုပင္မွတ္ထင္ေနၾကရာကြၽန္ေတာ့္စိတ္
ထဲ ဘဝင္မက်ျဖစ္ေနသေလာက္ မိတ္
ေဆြႀကီးဂႏၶာရီဆရာျမမွာမူလက္စြဲေတာ္ ေဆးျပင္းလိပ္ႀကီးကိုခဲလ်က္ၿမိန႔္ၿမိန႔္ႀကီး
ၿပဳံးေနပါေတာ့၏။

“အဲဒါမေကာင္းဘူးလားကိုရင္ရယ္။
ကိုရင့္အဖို႔စာေရးရတာအခ်ိန္အမ်ားႀကီး
ရတဲ့အျပင္ အေႏွာင့္အယွက္လည္း မရွိ
ေတာ့ဘူးေပါ့။ က်ဳပ္လည္းပဲ အမႈအခင္း
လာတိုင္ပင္တာေတြနဲ႔ ေဝးၿပီး အႀကီး အက်ယ္ စိတ္ခ်မ္းသာရပါသေကာဗ်ာ” မိတ္ေဆြႀကီး ဂႏၶာရီ ဆရာျမကား မည္သည့္ေနရာသို႔ မည္သည့္အေျခ

အေနႏွင့္ေရာက္ေရာက္ေက်နပ္ေအာင္
ေနတတ္ေသာ ပုဂၢိဳလ္ရယ္ပါတည္း။
အလႉရက္ကား မၾကာခင္ ေရာက္
လာေပေတာ့မည္။
သည္အတြက္ ရပ္မိရပ္ဖမ်ား၊
ကာလသားေခါင္းမ်ား စုေဝးကာ ကိုခင္
ေမာင္ညိဳ၏ အိမ္၌ အစည္းအေဝး လုပ္
ၾက၏။ ကြၽန္ေတာ္ႏွင့္ ဂႏၶာရီဆရာျမတို႔
ကား ဧည့္သည္ပီပီ နားေထာင္႐ုံသက္သက္။
“အလႉအတြက္ ခ်က္ဖို႔ ျပဳတ္ဖို႔
အတြက္ ခ်က္ျပဳတ္ေရးအဖြဲ႕က တာဝန္
ယူထားတယ္ဆိုေတာ့ ခ်က္ျပဳတ္ဖို႔ လို
အပ္တဲ့ ထင္းရရွိေရး၊ ေရလုံေလာက္စြာ
သုံးစြဲႏိုင္ေရးအတြက္ က်ဳပ္တို႔ တာဝန္ထားဗ်ိဳ႕”
”ဧည့္ခံေကြၽးေမြးေရးအတြက္
လည္း မပူပါနဲ႔။ က်ဳပ္တို႔ ကာလသမီး အဖြဲ႕က ေထာင့္ေစ့ေအာင္ ဧည့္ခံမွာပါ
ေတာ္”
“မ႑ပ္ေဆာက္လုပ္ေရး၊ ထမင္း ေကြၽး႐ုံေဆာက္လုပ္ေရးဒါေတြအတြက္
လည္းကြၽန္ေတာ္တို႔တာဝန္ထား”
“ရွင္ေလာင္းလွည့္ဖို႔ကိစၥမွာလည္း
အစစအရာရာ အဆင္ေျပရေစပါမယ္”

“အဲ – ကြၽန္ေတာ္တို႔ ေက်း႐ြာက တစ္ႏွစ္မွာမွတစ္ခါဆိုသလိုသည္လိုမ်ိဳး
ပြဲေတာ္ႀကီးနဲ႔ ႀကဳံရတဲ့အခိုက္ ပိုၿပီး ၿမိဳင္
ဆိုင္သြားရေလေအာင္ဆိုင္းေတာ့ထည့္ ေပးပါ- ဆရာညိဳ”
“ဟုတ္တယ္ – ဟုတ္တယ္၊ ဆိုင္း ေကာင္းေကာင္းထည့္ေပးပါ”
႐ြာသူ႐ြာသားအားလုံး၏တစ္ခဲနက္ ေတာင္းဆိုမႈေၾကာင့္ ကိုခင္ေမာင္ညိဳ မတ္တတ္ရပ္လိုက္သည္။
“သည့္အတြက္ ကြၽန္ေတာ္ စီစဥ္
ထားၿပီးသားပါဗ်ာ။ကြၽန္ေတာ္တို႔နယ္မွာ
အႀကိဳက္ေတြ႕ေနၾကတဲ့ “႐ြာစားေက်ာ္
နတ္ေမာက္စိန္လင္း” မဂၤလာေ႐ႊဆိုင္း
ေတာ္ကို ငွားထားပါတယ္။ ဆိုင္းလူ႐ႊင္
ေတာ္ေတြကလည္း နာမည္ႀကီးေတြပါ။
မဟာၿမိဳင္ အံပြား၊ က်ိဳက္လတ္ေပတုံး၊
ဖက္တီးဝင္းေမာင္တို႔အျပင္ အဆိုေတာ္
ေတြကလည္းတကယ့္ႏိုင္ငံေက်ာ္ေတြ။
အလႉညနဲ႔ရွင္မကန္ညေတြအတြက္ငွား
ထားတာမို႔ စိတ္ႀကိဳက္ အားပါးတရ
ဧည့္ခံသြားမွာပါ”
“ေဟး-ဒါမွ တို႔ ဆရာညိဳကြ”
အစည္းအေဝးတက္ေရာက္သူ
အေပါင္း၏ႏွစ္ေထာင္းအားရဟစ္ေႂကြး

လိုက္သံက ေတာစိမ္းတစ္႐ြာလုံးကိုပင္ ပဲ့တင္ထပ္သြားေလာက္၏။
အစည္းအေဝးၿပီးၿပီဆိုေတာ့ တခ်ိဳ႕လည္း ျပန္
သြားၾက၏။က်န္တခ်ိဳ႕လည္းအမဲေျခာက္
ဖုတ္ဆီဆမ္းႏွင့္ ေရေႏြးၾကမ္းေသာက္
ရင္း က်န္ေနရစ္ခဲ့ၾက၏။ ထိုလူစုထဲ၌
ကြၽန္ေတာ္ႏွင့္ မ်က္မွန္းတမ္းေနမိသူ
ေမာင္ဘိုေကဆိုသူကား သြက္သြက္ လက္လက္၊ ခ်က္ခ်က္ခ်ာခ်ာရွိလွ၏။ “ဗ်ိဳ- ဆရာေလး၊ က်ဳပ္တို႔ ဒီက အျပန္“ေတာင္စိမ္း”ကိုသြားမလို႔။ လိုက္
ခ်င္ရင္ လိုက္ခဲ့ၾကပါလား”
“ဘာတုံး – ေမာင္ဘိုေကရဲ႕ေတာင္
စိမ္းဆိုတာ”
“႐ြာပဲေလ-ကြၽန္ေတာ္တို႔႐ြာက
ေတာစိမ္း။ ခု သြားမွာက ေတာင္စိမ္းတဲ့”
“ဘယ္လိုအေၾကာင္းကိစၥမ်ားရွိေပ
လို႔လဲ-ေမာင္ဘိုေကရယ္”
ကြၽန္ေတာ္၏ႏႈတ္ဖ်ားမွ စကားလုံး
မ်ားကကရားေရသြန္ျဖစ္ေနသေလာက္
မိတ္ေဆြႀကီးဆရာမမွာမူေဆးျပင္းလိပ္
အကြၽတ္မခံႏိုင္ေလာက္ေအာင္ ဣေျႏၵ
ႀကီးလြန္းလွပါဘိ။
“ရွိတာေပါ့ – ဆရာေလးရယ္၊
ေတာင္စိမ္းကို ဝစီပိတ္ ဆရာတင္ဆိုတဲ့
ပုဂၢိဳလ္ထူးႀကီး ေရာက္ေနတာ တစ္ပတ္ ေလာက္ရွိေရာ့မယ္။ သူ႔သတင္းက႐ြာနီး ခ်ဳပ္စပ္ဟိုးဟိုးေက်ာ္ေနတာ ခင္ဗ်”
“ဘယ္လိုမ်ိဳး ေက်ာ္တာတဲ့လဲ။ လုပ္ပါဦး-ေမာင္ဘိုေကရယ္”
သည္စကားရွင္က မိတ္ေဆြႀကီး
ဆရာျမပင္ ျဖစ္၏။ စကားဣေျႏၵႀကီးလွ
စြာေသာ ဆရာျမသည္ ၎စိတ္ဝင္စား
ေသာအေၾကာင္းကိစၥ ရပ္ ရွိ လွ်င္
အေျပာင္းအလဲျမန္ဆန္သြားရေလကား
အေၾကာင္းသိျဖစ္ေသာ ကြၽန္ေတာ့္အဖို႔
ဘာမွ် မထူးဆန္းပါေခ်။ “သည္လို – ဆရာျမရဲ႕၊ ဝစီပိတ္ ဆရာတင္ဆိုတဲ့ ပိတ္ျဖဴဝတ္ပုဂၢိဳလ္ႀကီး ဟာ စကားမေျပာဘဲ ဝစီပိတ္အျဖစ္နဲ႔ နယ္လွည့္ၿပီး အဓိ႒ာန္က်င့္ေနတာ။ ေတာင္စိမ္း႐ြာဟာ ေနာက္ဆုံးတဲ့ဗ်”
“ေနပါဦး – သူက စကားမေျပာဘူး
ဆိုေတာ့ သူနဲ႔ ႐ြာသူ႐ြာသားေတြ
ဘယ္လိုမ်ား ဆက္ဆံၾကသတဲ့လဲ” “ဆရာတင္က စကားမေျပာေပမဲ့
လက္ဟန္ေျခဟန္ကေတာ့ လႈပ္ရွားျပ ပါတယ္။ သူ လႈပ္ရွားျပသမွ်ကို သူနဲ႔ ပါ လာတဲ့ တပည့္ဆိုတဲ့ “ကြၽဲသိုး” ဆိုတဲ့ သူက စကားအဓိပၸာယ္ ေဖာ္ေပးတယ္ ဆရာ။ အဲသည္ ဆရာရဲ႕ စြမ္းခ်က္

ကေတာ့ တကယ့္ကို အံ့ဩေလာက္ပါ ေပရဲ႕ဆရာရယ္”
“ကိုယ္ေတြ႕ မ်က္ျမင္ကေလးမ်ား ရွိရင္ အဲသည္ဆရာရဲ႕ထူးျခားစြမ္းရည္ ကေလးေတြ ေျပာပါလား – ေမာင္ဘို

“ဟုတ္ကဲ့ – ကြၽန္ေတာ္တစ္ျမန္ေန႔ က ေရာက္ေတာ့ အံ့ဩစရာေတြ ေတြ႕ ရတယ္ ဆရာျမ။ သူ႔ေရွ႕ေရာက္လာတဲ့
ပရိသတ္ေရွ႕မွာရွိတဲ့ ဂမုန္းေျပာက္က်ား
႐ြက္ေတြကိုသူ႔လက္စြဲေတာ္ေတာင္ေဝွး
နဲ႔အသာကေလးေဝွ႔လိုက္တာ။ အ႐ြက္
ေတြက အသက္ဝင္လာသလိုပဲ။ လႈပ္
လႈပ္ရွားရွား ျဖစ္သြားၾကတယ္ ဆရာမ။ အဲ – ၿပီးေတာ့ သူ႔တပည့္ဆက္တဲ့ ကြမ္း ကို ဝါးၿပီး ပါးစပ္ကိုဟလိုက္ေတာ့ အာခံ တြင္းထဲကေန မီးခိုးေငြ႕ေတြ ထြက္လာ သတဲ့ – ဆရာရယ္။
သည္ေတာ့ဘုရားတည္ဖို႔အဓိ႒ာန္
နဲ႔ ေရာက္လာတဲ့ ဝစီပိတ္ ဆရာတင္ကို
ေတာင္စိမ္းက သာမကဘဲ ႐ြာနီးခ်ဳပ္စပ္
ကပါေရာက္လာသူေတြကၾကည္ညိဳၿပီး
လႉလိုက္ၾကတာ ေငြေတြ မနည္းဘူး
ရသြားတယ္ဆရာ။
အဲသည္ေငြေတြကိုလည္း ဆရာ
တင္က လက္နဲ႔ မထိပါဘူး။ အိမ္ရွင္နဲ႔

ရပ္မိ ရပ္ဖတစ္ဦးကို အမ်ားရဲ႕ေရွ႕မွာ အေရအတြက္ကို စာရင္းဇယားနဲ႔ မွတ္
ခိုင္းတယ္။ သေဘာကေတာ့ ကိုယ္က်ိဳး
မပါဘဲ သာသနာျပဳဖို႔ သက္သက္
အတြက္ဆိုတဲ့ သေဘာ။ သည္ေတာ့
အားလုံးဟာၾကည္ညိဳၿပီးတစ္ေန႔တစ္ေန႔
ေတာင္စိမ္းကို သြားၾကတာ လူေတြ မစဲ
ေတာ့ဘူးတဲ့ – ဆရာျမ”
“ေအးေပါ့ – ေမာင္ဘိုေကရယ္။ တကယ္ထူးျခားေနေတာ့လည္း ဟုတ္ လို႔ေက်ာ္တဲ့ သေဘာပဲေပါ့”
“အဲဒါေၾကာင့္ ဆရာတို႔ကို လိုက္ခဲ့
ေစခ်င္လို႔ ေခၚတာေပါ့။ သည္ကေန႔က
ရွားေတာင့္ရွားပါး။ ေပါင္တစ္ရာေရခဲတုံး
ေပၚမွာ ဘာအခင္းမွမပါဘဲ တစ္နာရီ
တိတိကမၼ႒ာန္းထိုင္ျပမွာတဲ့။ အဲဒါၿပီးရင္
စခန္းသိမ္းဆိုပဲ။ သည့္အတြက္ ေတာင္
စိမ္းကလူေတြၿပီးေတာ့သူ႔အေပၚၾကည္
ညိဳသူေတြကိုမစတဲ့အေနနဲ႔ေ႐ႊကိုႏွစ္ဆ
ပြားေအာင္ လုပ္ေပးမတဲ့။ ကြၽန္ေတာ္
လည္း ငါးမူးသား လက္စြပ္ကေလး
ႏွစ္ဆ ပြားရေအာင္ ယူလာခဲ့ေသးတယ္”
“တယ္ဟုတ္ပါကလား- ေမာင္ဘို
ေကရယ္။ ဒါေကာ စာရင္းဇယားလုပ္ သလား၊ ေတာ္ၾကာ မွားကုန္မွာ စိုးလို႔ပါ”
“ဟာ-လုပ္တာေပါ့ ဆရာမရဲ႕။
တစ္ဦးခ်င္းစီရဲ႕ပစၥည္းကို အမည္၊ အမ်ိဳး
အစား၊ အေလးခ်ိန္မွန္ၿပီး စကၠဴအိတ္
ကေလးထဲပိတ္လို႔ေမာင္းေထာင္ခ်ိဳင့္ထဲ ထည့္ရတာကလား”
“ကိုင္း-ကိုရင္ေရ၊ က်ဳပ္ေတာ့
ေဟာဒီကေမာင္ဘိုေကအၫႊန္းေကာင္း
တာနဲ႔ေတာင္စိမ္းကိုလိုက္သြားမယ္ဗ်ိဳ႕။
ကိုရင့္အတြက္လည္း တကယ့္စာေပ
ကုန္ၾကမ္းရမွာမို႔ မလိုက္ဘဲ မေနခဲ့နဲ႔ေနာ္”
ဪ – ခဏေနၾကဦး။ က်ဳပ္တို႔
ေမာင္ဘိုေကနဲ႔ ခဏလိုက္သြားမယ့္ အေၾကာင္း ကိုခင္ေမာင္ညိဳကို အက်ိဳး သင့္ အေၾကာင္းသင့္ေျပာဖို႔ လိုလိမ့္မယ္”
သို႔ဆိုၿပီးသကာလသည္႐ြာေရာက္
ကတည္းက မထုံတက္ေသးရွိလွေသာ ဂႏၶာရီဆရာျမသည္ အံ့ဩဖြယ္ေကာင္း
ေလာက္ေအာင္ ျမဴးႂကြသြက္လက္၍
လုပ္ေဆာင္စရာရွိသည္မ်ားလုပ္ေဆာင္
ကာေမာင္ဘိုကေခၚေဆာင္ရာေနာက္
သို႔လိုက္ပါသြားခဲ့ၾကပါေတာ့သည္။

ေတာင္စိမ္းဟူေသာ႐ြာကေလးမွာ
ကိုခင္ေမာင္ညိဳတို႔ ေတာစိမ္းႏွင့္ သိပ္
ေတာ့ ေဝးလွသည္မဟုတ္။ လယ္ကန္
သင္းေပၚမွမိနစ္အစိတ္ခန႔္ေလွ်ာက္သြား
လွ်င္ပင္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ေတာ့သည္။
စိုက္ပ်ိဳးေရးကိုအဓိကထားရာဝယ္ သီးႏွံေတြအထြက္ေကာင္း၍ေလာမသိ။ ႐ြာေနအိမ္ေျခအေတာ္မ်ားမ်ားပင္ အိမ္ ႀကီး ရခိုင္ေတြ ျဖစ္ၾက၏။ စီးပြားေရး
ေသာင္သာသည့္ ျပယုဂ္ပင္ ျဖစ္ေပလိမ့္
မည္။ အိမ္ဝိုင္းတစ္ဝိုင္းႏွင့္ တစ္ဝိုင္းမွာ
အက်ယ္ႀကီးျဖစ္သကဲ့သို႔ ၿခံအတြင္း၌
ေပါက္ေနေသာ သက္ရင့္မန္က်ည္းပင္ ထေနာင္းပင္ႀကီးမ်ားမွာ အုပ္ဆိုင္းေဝ ဆာလ်က္ ရွိေခ်၏။
“ေႏြ – ထေနာင္း၊ ေဆာင္း- မန္ က်ည္း” ဟူေသာ စကားႏွင့္ အညီ
ေဆာင္းယြန္းေတာ့မည့္ကာလမွာပင္
မန္က်ည္းပင္အိုႀကီးမ်ား၏ အရိပ္သည္ အိမ္ဝိုင္းတစ္ခုလုံးအား ေနအေရာင္ကို ကာကြယ္ေပးထားရာလြန္စြာမွေနထိုင္
၍ဥတုသပၸါယမွ်တလွေပ၏။ “ေရွ႕က အိမ္ဝိုင္းဟာ ဦးဘိုးလူရဲ႕
အိမ္ဝိုင္းပဲ ဆရာေလး။ အဲသည္အိမ္မွာ ဝစီပိတ္ဆရာတင္ စတည္းခ်တာ”

ဟုတ္ေပမည္။ အဆိုပါ အိမ္ဝိုင္း ကေလးအတြင္းသို႔ ကြၽန္ေတာ္တို႔ကဲ့သို႔
ပင္ ႐ြာခံလူမ်ား၊ ႐ြာနီးခ်ဳပ္စပ္မွ လူမ်ား
သည္ဝင္လာမစဲတသဲသဲႏွင့္။ ဦးဘိုးလူ
၏အိမ္ေခါင္းရင္းမွာေတာ့ ကနားဖ်င္း
တစ္ခု ထိုးထားၿပီး ရာဇမတ္ကြက္မ်ား
ကာ ထားၿပီး ကနားဖ်င္းထဲမွာမူ ဧည့္
ပရိသတ္အတြက္ဖ်ာၾကမ္းမ်ားခင္းထား၏။
ဧည့္ပရိသတ္မွာ အျပည့္။
ကြၽန္ေတာ္တို႔ ေရာက္သည့္အခ်ိန္
ဝယ္ ပိတ္ျဖဴစင္ၾကယ္ ဝတ္ထားေသာ
ဝစီပိတ္ဆရာတင္ဆိုသည့္ပုဂၢိဳလ္သည္ မည္သည့္အခုအခံမွ်မပါဘဲေရခဲတုံးႀကီး
ထက္ဝယ္တင္ပ်ဥ္ဖြဲ႕ေခြ၍ေနေလ၏။
၎၏ေနာက္ေက်ာဘက္မွာေတာ့
ဘိုးေတာ္႐ုပ္တုမ်ား၊ ပန္းအလွစိုက္ပ်ိဳး ထားေသာ ပန္းအိုးမ်ား၊ အုန္း၊ ငွက္ေပ်ာ ႏွင့္ ပြဲထိုးထားသည္မ်ားကို ေတြ႕ရေလ ၏။ကနားဖ်င္းအတြင္းဝင္ေရာက္လာၾက ကုန္ေသာ ဧည့္ပရိသတ္အေပါင္းသည္ ဝစီပိတ္ ဆရာတင္၏ေရခဲတုံးက်င့္စဥ္ ကို ရင္သပ္ရႈေမာ အံ့ဩၾကကုန္လ်က္ ျပားျပားဝပ္မွ်ရွိခိုးေနၾက၏။ ထိုပရိသတ္

ထဲ၌ေမာင္ဘိုေကလည္းအပါအဝင္ျဖစ္
၏။ ကြၽန္ေတာ္ႏွင့္ ဆရာျမကား အေျခ
အေနအရပ္ရပ္ကို မသိလိုက္ မသိ ဘာ
သာအကဲခတ္ေနမိၾကေလသည္။ထိုစဥ္
မွာပင္ဝစီပိတ္ဆရာတင္၏တပည့္ေက်ာ္
ကြၽဲသိုးထံမွစကားသံထြက္ေပၚလာေလ၏။
“သူေတာ္စင္ပရိသတ္အေပါင္းကို
အဘ ဝစီပိတ္ဆရာတင္က သာဓုေခၚပါ သတဲ့။ ပန္းလိုေမႊးၿပီး စမ္းလိုေအးပါေစ ေၾကာင္း ဆုမြန္ေကာင္း ေတာင္းပါသတဲ့။
သုခိတာေဟာႏၲဳ၊ဒုကၡမုစၥႏၲဳ၊ သတၱဝါ အားလုံး ခ်မ္းသာၾကရေလေအာင္၊ဒုကၡ
ဆင္းရဲ အေပါင္းကေန ကင္းလြတ္ၾက
ရေလေအာင္ေစာင္မၾကည့္ရႈပါမယ္တဲ့။
အဓိ႒ာန္ၿပီးေျမာက္လို႔ စိတ္အႀကံ ခရီး
ေရာက္တဲ့အထိမ္းအမွတ္အေနနဲ႔ကိုယ့္
မွာရွိတဲ့ ေ႐ႊထည္ေတြ ႏွစ္ဆတိုးပြား
ရေလေအာင္ေမတၱာတုံ႔ျပန္စီရင္ေပးမွာ
မို႔ ခုပဲလာအပ္ၾကပါ။
စာရင္းဇယားမလြဲရေအာင္အိမ္ရွင္
ဦးဘိုးလူနဲ႔တကြ ရပ္မိရပ္ဖေတြက စာရင္းျပဳစုေပးထားပါလိမ့္မယ္။ ေမာင္း
ေထာင္ခ်ိဳင့္ထဲ ေရာက္သြားတဲ့ သူေတာ္
စင္တို႔ရဲ႕ေ႐ႊထည္ပစၥည္းေတြဆိုတာဟာ
မနက္ျဖန္ဆိုရင္ ႏွစ္ဆတိုးၿပီလို႔ သတ္
မွတ္လိုက္ပါ။ ကြၽန္ေတာ္တို႔ရဲ႕ဆရာႀကီး
ဟာ သာသနာျပဳပုဂၢိဳလ္ႀကီးမို႔ ဘုရား
တည္မယ့္အေရးမွာ ကုသိုလ္ပါဝင္တဲ့
အေနနဲ႔ အလႉေငြေတြလည္း ထည့္ဝင္
ႏိုင္ၾကပါတယ္။
ဆရာႀကီးက စိတ္မေနာနဲ႔ အမိန႔္ရွိ
ပါတယ္။ ဥပုသ္သီတင္း သီလမ်ား
ေဆာက္တည္ၾကပါ။တရားဘာဝနာမ်ား
ပြားမ်ားၾကပါ။ ဘုရား၊ တရား၊ သံဃာ၊
ရတနာသုံးပါးကိုမေမ့မေလ်ာ့ဘဲဆည္း
ကပ္ကိုးကြယ္ၾကပါ။မိဘဆရာတို႔ရဲ႕ဂုဏ္
ရည္အထူးကို ရည္စူးေအာက္ေမ့ၾကပါ။ သာဓု – သာဓု – သာဓုပါတဲ့ ခင္ဗ်ာ” အေတြ႕အႀကဳံ ရင့္က်က္လာဟန္
တူသည္။ ကြၽဲသိုး၏ ေလယူေလသိမ္း
အေျပာအဆိုတို႔မွာ လြန္စြာမွ ႒ာန္၊
က႐ိုဏ္းက်နလွေပ၏။ ေရာက္လာၾက
သူဧည့္ပရိသတ္အေပါင္းမွာလည္းသဒၶါ
တရား ထက္သန္စြာျဖင့္ သြားေရာက္ လႉဒါန္းၾကေလ၏။ ထိုအခ်ိန္ဝယ္ ဆရာ ျမသည္႐ုတ္ျခည္းဆိုသလိုပင္ပရိသတ္ အၾကားမွ ေပ်ာက္သြားပါေလ၏။

“တို႔ေတာ့ – ပြၿပီေဟ့။ေနာက္ေန႔ဆို ေ႐ႊႏွစ္က်ပ္သား ထည့္ထားတာ ေလး က်ပ္သားရေတာ့မယ္”
“ေအးကြာ – ငါလည္းပဲ စစ္စစ္ ေပါက္ေပါက္ ငါးမူးသားပဲ ရွိေပလို႔။ ႏို႔မဟုတ္ရင္ ရွိသမွ် ထည့္လိုက္တယ္” “ဘာပဲေျပာေျပာ၊ဆရာႀကီးဝစီပိတ္ ဆရာတင္ဟာ တို႔တစ္႐ြာလုံးကို လာၿပီး မ,စတဲ့ေက်းဇူးရွင္ပုဂၢိဳလ္ထူးႀကီးပဲ” “ဟုတ္ပါရဲ႕ – စြမ္းလိုက္ပုံမ်ား ကေတာ့ သည္ေလာက္ေအးခဲေနတဲ့ ေရခဲတုံးႀကီးေပၚမွာ ထိုင္ေနလိုက္တာ မ်ား၊တို႔သာဆိုအေအးပတ္ေတာင့္တင္း
ၿပီး ေသြးခဲလို႔ ေသမွာပဲ။ ဆရာႀကီးက်
ေတာ့ ဘာဆိုဘာမွ်ေတာင္ မျဖစ္ဘူးေနာ္”
“သစၥာသမာဓိရွိတဲ့ ပုဂၢိဳလ္ေတြရဲ႕ ဘုန္းတန္ခိုးအာနိသင္ပဲေပါ့ကြာ”
ပတ္ဝန္းက်င္မွ တီးတိုးတီးတိုးႏွင့္ ေဝဖန္စကားသံမ်ားကေဝ့ေဝ့ဝဲ။ ထိုစဥ္မွာပင္ မေမွ်ာ္လင့္ေသာ အသံတစ္သံ ထြက္ေပၚလာေလ၏။
အသံရွင္ကားဘယ္လိုမွထင္မွတ္မထား
ေသာ မိတ္ေဆြႀကီး ဂႏၶာရီ ဆရာျမ၏အသံေပတည္း။
“႐ြာသူ႐ြာသားအေပါင္းတို႔ခင္ဗ်ား။
ကြၽန္ေတာ္ေျပာတာကို အေလးအနက္
နားေထာင္ၾကပါ။ ခု – ခင္ဗ်ားတို႔ယုံၾကည္
ကိုးစားအထင္ႀကီးေနၾကတဲ့ ပုဂၢိဳလ္ဟာ အေယာင္ေဆာင္ လူလိမ္လူညာပါ။
သူဟာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔
မၾကာေသးခင္က ေထာင္က လြတ္လာ တဲ့ ဖဲဝိဇၨာ ၫြန႔္တင္ျဖစ္ၿပီး သူ႔တပည့္ ကြၽဲသိုးကေတာ့ရဲဘက္ေျပးေဖာက္ထြင္း
ဝိဇၨာကြၽဲႀကီးပါ”
“ေဟ့လူ – ခင္ – – ခင္ဗ်ား – ခင္ဗ်ား” “႐ြာသူ႐ြာသားအေပါင္းတို႔ခင္ဗ်ား၊
ခု အလိမ္အညာေတြေပၚလာေတာ့ ဝစီ လည္း မပိတ္ႏိုင္တာ အားလုံးမ်က္ျမင္ ကိုယ္ေတြ႕ပါ”
အေျခအေနက ဝ႐ုန္းသုန္းကား
ျဖစ္ေတာ့မည့္ဆဲဆဲတြင္ကိုခင္ေမာင္ညိဳ ေရာက္လာသည္။ သူႏွင့္အတူ ပါလာ သူမ်ားကား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ား။
ရဲတပ္ဖြဲ႕ဝင္မ်ားသည္လ်င္ျမန္ဖ်တ္ လတ္စြာဖဲဝိဇၨာၫြန႔္တင္ႏွင့္ေဖာက္ထြင္း ဝိဇၨာကြၽဲႀကီးကို လက္ထိတ္ခတ္ၿပီးသားျဖစ္၏။
“႐ြာသူ႐ြာသားမ်ားကို ကြၽန္ေတာ္
ရွင္းျပပါ့မယ္။ သည္လိုမွ ရွင္းမျပရင္
လည္းအျဖစ္မွန္ကိုကိုခင္ေမာင္ညိဳအိမ္
ရဲ႕ အစည္းအေဝးမွာ ေမာင္ဘိုေကရဲ႕
ေျပာစကားအရ ဒီ႐ြာမွာ လူလိမ္ေတြ
ေရာက္ေနၿပီဆိုတာ ေတြးမိလိုက္ပါ
တယ္။ သည္ေရာက္ေတာ့ ထင္တဲ့
အတိုင္းပါပဲ။တကယ့္လူလိမ္လူညာေတြ
ျဖစ္ေနတာ သိလိုက္ရပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ြာကို လာခါနီးမွာ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားေပးဖို႔ကိုခင္ေမာင္ညိဳကိုမွာခဲ့တာပါ။
တကယ္လို႔သာ သည္ လူလိမ္လူ ညာႏွစ္ေယာက္ကို အခ်ိန္မီ မတားဆီး ႏိုင္ခဲ့ရင္ ႐ြာသူ႐ြာသားေတြ ယုံၾကည္စြာ
အပ္ႏွံထားတဲ့ လက္ဝတ္လက္စား ေ႐ႊ
ထည္ပစၥည္းေတြဟာ သူတို႔ဆီ ပါသြား
မွာပါပဲ။သူတို႔ကလည္းမနက္ျဖန္အ႐ုဏ္
မတက္ခင္မွာ လစ္ထြက္သြားဖို႔ စီစဥ္ၿပီး
သားပါ။ ဒါကို စခန္းေရာက္ရင္ ေျဖာင့္
ခ်က္ေပးၾကပါလိမ့္မယ္”
သည္ေတာ့မွပင္ ကနားဖ်င္းထဲရွိ
႐ြာ သူ႐ြာသားတို႔မွာ ဘုရားတ သူတ၊ ရင္ ဘတ္ လက္ႏွင့္ ဖိသူဖိ ျဖစ္ေနၾကေတာ့ သည္။ ထိုစဥ္မွာပင္ ေမာင္ဘိုေကက တစ္စခန္းထလာၿပီးပရိသတ္ၾကားထဲမွ
ထရပ္ကာ ဆရာျမအား ေမးခြန္းထုတ္ လာသည္။
“ဆရာျမကို ေမးပါရေစ၊ ဝစီပိတ္ ဆရာတင္ဟာ သူ႔လက္စြဲေတာ္ ေတာင္
ေဝွးကို ေဝွ႔ယမ္းလိုက္တာနဲ႔ ဂမုန္း႐ြက္
ေတြလႈပ္လႈပ္ရွားရွားျဖစ္သြားတာ။ကြမ္း
ဝါးလိုက္ၿပီး ပါးစပ္ဟတဲ့အခါ ခံတြင္းက
ေနမီးခိုးေငြ႕ေတြထြက္လာတာ။ ၿပီးေတာ့
သည္ေလာက္ေအးခဲေနတဲ့ေရခဲတုံးေပၚ
ဣေျႏၵမပ်က္ အခ်ိန္အၾကာႀကီးထိုင္ႏိုင္
တာဟာ ဆရာတင္ရဲ႕တန္ခိုးသိဒၶမဟုတ္ဘူးလား”
ေမာင္ဘိုေက၏ စကားဆုံးေတာ့
ပရိသတ္အေပါင္းမွာလည္း ေခါင္း တညိတ္ညိတ္။ သေဘာကေတာ့ သူတို႔ လည္း ေမာင္ဘိုေကႏွင့္ သေဘာတစ္
ထပ္တည္းျဖစ္သည့္ အေနအထား။
“ေကာင္းပါတယ္ –
-အဲသလိုအေမး
ရွိလာေတာ့ အားလုံးရွင္းသြားရေအာင္ အေျဖမွန္ကိုေပးႏိုင္တာေပါ့။
ပထမ ေတာင္ေဝွးနဲ႔ ရမ္းလိုက္တာ ဂမုန္း႐ြက္ေတြလႈပ္လႈပ္ရွားရွားျဖစ္သြား
ရတယ္ဆိုတာက ေတာင္ေဝွးထိပ္မွာ သံလိုက္တုံးကို တပ္ထားၿပီး ဂမုန္း႐ြက္ ေတြမွာ ဘယ္သူမွမသိေအာင္ သံမႈိ ကေလးေတြကပ္ထားလို႔ပါ”

“ဒုတိယ ကြမ္းဝါးၿပီးတဲ့ေနာက္ ပါး
စပ္ဟလိုက္တဲ့အခါမီးခိုးေတြထြက္လာ
ရတဲ့အေၾကာင္းကေတာ့ ေဖာ့စ္ဖရပ္လို႔
ေခၚတဲ့ မီးစုန္းေဆးခဲကို ကြမ္း႐ြက္ထဲ ထည့္ဝါးလို႔ပါပဲ” “ဟယ္”
“အဲ – ေနာက္ဆုံး ေရခဲတုံးေပၚကို ဣေျႏၵမပ်က္ ထိုင္ႏိုင္တယ္ဆိုတာ ကေတာ့ ေျခဖ်ားတိုင္ေအာင္ ေထာပတ္
နဲ႔ကန႔္တို႔ကိုခပ္ထူထူလိမ္းထားတဲ့အျပင္
ပုဆိုးတစ္ထည္လုံးကိုလည္းသုတ္ထားလို႔ပါပဲ။
ဒါေတြဟာ မ်က္လွည့္ပညာရပ္ကို
ေလ့လာတီးေခါက္မိတဲ့သူတိုင္း သိႏိုင္
တဲ့ကိစၥေတြပါပဲ။ တကယ္ေတာ့လူလိမ္
လူညာေတြ မွန္သမွ်ဟာ ႐ိုးသားတဲ့
ေတာသူေတာင္သားေတြကို နည္းပရိ
ယာယ္အမ်ိဳးမ်ိဳးသုံးၿပီး လိမ္ညာေနၾက
တာပါပဲ။ အထူးသျဖင့္ ေ႐ႊထည္ေတြကို
ႏွစ္ဆတိုးေအာင္ လုပ္ေပးမယ္ဆိုတဲ့
မက္လုံးေပးၿပီးလိမ္ညာတဲ့အခါေလာဘ
သားေတြအဖို႔ အလိမ္အညာခံၾကရစၿမဲပါ။
သည္ေတာ့ လိမ္ညာျခင္းက ကင္း
ေဝးရေအာင္ စာေပဗဟုသုတေတြကို
ေလ့လာလိုက္စားၾကပါ။ မႈခင္းဆိုင္ရာ စာေပေတြကို ဖတ္ရႈၾကပါလို႔ ေျပာခ်င္
ပါတယ္”
သည္ေတာ့မွ႐ြာသူ႐ြာသားအေပါင္း
တို႔ အဖို႔ ဂႏၶာရီ ဆရာျမအေပၚေက်းဇူး တင္မဆုံး ျဖစ္ေနၾကေတာ့သည္။ သည့္
အတြက္အထူးတလည္မ်က္ႏွာပြင့္ရသူ ကားေတာစိမ္း႐ြာသား ကိုခင္ေမာင္ညိဳ
ပါတည္း။

ကြၽန္ေတာ့္အဖို႔မူကားအညာေဒသ
ခရီးထြက္လာရင္းမွမေမွ်ာ္လင့္ဘဲဝတၳဳ
တက္ႂကြေနသေလာက္ မိတ္ေဆြႀကီး
ေရးဖြဲ႕စရာကုန္ၾကမ္းတစ္ခုရရွိ၍႐ႊင္ျမဴး
ဂႏၶာရီ ဆရာျမမွာမူကား သူ၏ ပင္ကို
စ႐ိုက္အတိုင္းပင္ ေဆးျပင္းလိပ္ႀကီးခဲ လ်က္တကယ့္ကို မထုံတတ္ေသး။
နႏၵာမိုးၾကယ္