“ဗားမဲ့မဟာသိဒ္ဓိရှင်” (စ/ဆုံး)

Unicode Version

“ဗားမဲ့မဟာသိဒ္ဓိရှင်” (စ/ဆုံး)
————————————–
တစ်နေ့တွင်စာရေးသူ၏နေအိမ်သို့ ဆွမ်းခံကြွသောဦးပဉ္ဇင်းတစ်ပါးမှ ဆရာ
မျိုး နွေရာသီမှာ ဒုလ္လဘရဟန်းဝတ် မလား”ဟုမေးလေရာ စာရေးသူက..
“ဘယ်မှာ ဝတ်ရမှာလဲ – ဦးပဉ္စင်း
ဘုရား”ဟု မေးမြန်းလိုက်သောအခါ
“ဇင်းကျိုက်တောင် ဗားမဲ့ကုန်းမှာ ဝတ်
ရမှာ”ဟုမိန့်ဆိုသည်။
ကျွန်ုပ်လည်း“ဝတ်မယ်ဘုရား”ဟု ကတိပေးလိုက်သည်။ဤသို့နှင့်သင်္ကြန်

မကျခင် တစ်ရက်ကြိုတင်၍သာကေတ (၁၈၈) တောင်စေတီအနီးရှိ ဘုန်းကြီး
ကျောင်းတစ်ကျောင်းတွင်ဒုလ္လဘရဟန်း
ဝတ်ပြီး ဟီးနိုးကားကြီးတစ်စီးဖြင့် မွန်
ပြည်နယ် အပေါင်မြို့နယ်ရှိ ဇင်းကျိုက်
တောင်သို့ ထွက်လာခဲ့ကြပါသည်။ ဇင်း
ကျိုက်တောင်ခြေသို့ နံနက်အစောကြီး
ရောက်ကြသည်။ တောင်ခြေမှ ဗားမဲ့
ကုန်းသို့ ခြေကျင် လမ်းလျှောက်တက်
ကြရသည်။လှေခါးထစ်ဖြင့်တက်ရသော

လမ်းလည်းရှိသည်။ (ယခုအခါ တောင်
တက်လမ်းကို ကွမ်းမန်းဆရာတော်မှ
ကားလမ်းဖောက်ထားပြီး ဖြစ်ပါသည်)
စာရေးသူတို့ ဒုလ္လဘအဖွဲ့လည်း
သစ်ပင်ကြီးငယ်အသွယ်သွယ်ကျောက်
တုံးကျောက်တောင်ကြားမှအေးချမ်းစွာ
လျှောက်လိုက်နားလိုက်နှင့်ပေ(၂ဝဝဝ)
ကျော်မြင့်သော ဗားမဲ့ကုန်းသို့ရောက်ရှိ
သွားကြပါသည်။ စာရေးသူတို့လည်း
ဆရာတော်အား ဦးချ၊ မိမိနေရမည့်
အခန်းမှာ နေရာချပြီး နားနားနေနေလဲ
လျောင်းနေလိုက်ကြသည်။ ထိုဗားမဲ့
ကုန်းသည် သက်သတ်လွတ်နယ်မြေ
ဖြစ်သည်။ ယခင်က ကျောက်တုံးကြီး
များ၊ ဘုရားငုတ်တို၊ ချုံပင်၊ ချုံနွယ်များနှင့်
ဖုံးလွှမ်းနေသောတောင်ကုန်းကြီးတစ်ခု
ဖြစ်သည်။ ရန်ကုန် ဗဟန်းဘက်မှ ဆရာ
တော်ကြီးတစ်ပါး ဇင်းကျိုက်တောင်နှင့်
ဗားမဲ့ကုန်းကြားတွင်အဓိဋ္ဌာန်ဝင်လာပြီး
အိပ်မက်အရ ဤကုန်းတော်ကို ပြုပြင် မွမ်းမံပြီး ဘုရားတည်ကျောင်းဆောက်
သာသနာပြုနေသည်ဟု ဆိုပါသည်။ ညပိုင်းရောက်သောအခါ ဆရာ တော်ကြီးများ ဒုလ္လဘရဟန်းများအား

ဩဝါဒစကား မိန့်ကြားပြီး (၉) ရက်
အဓိဋ္ဌာန်ကာလအတွင်းတရားထိုင်ခြင်း၊
ပုတီးစိပ်ခြင်း လုပ်ငန်းကို မိမိ အစီအရင်
ဖြင့်ပြုလုပ်နိုင်ကြောင်းဘယ်နေရာသွား သွားဆရာတော်ထံခွင့်တောင်းခွင့်ပန်ပြီး မှ သွားကြရန် မိန့်ဆိုပါသည်။

နောက်တစ်နေ့တွင်ဆရာတော်ထံ
ခွင့်ပန်ပြီး ဇင်းကျိုက်ဆံတော်ရှင်သို့ တက်ရောက်ဖူးမြော်ကြသည်။ ဗားမဲ့
ကုန်းမှ ဇင်းကျိုက်တောင် ပေ (၁ဝဝဝ)
ကျော်သာ ရှိသည်ဟု ဆိုသော်လည်း
တောင်တက်လမ်းမှာ မတ်စောက်၍
လမ်းတွင် လေးငါးဆယ်ကြိမ် နားနားပြီး
တက်ရသည်။ အချို့လည်း တောင်ဝှေး
ကိုအားပြုတက်ရသည်။ ဘယ်လောက်
မောမော မည်မျှပင်ပန်းစေကာမူ ဆံ
တော်ရှင်ရောက်လျှင် အမောပြေသွား
သည်။ ဆံတော်ရှင်ဘုရားအနီးတွင်
ဗားမဲ့ဆရာတော် ရုပ်တုကိုဖူးမြော်ရ သည်။ ဝိဇ္ဇာညီနောင်တွင်လည်း ဂဝံ ကျောက်ဖြင့် ပြုလုပ်ထားသော ဗားမဲ့

ဆရာတော် ထိုင်တော်မူပုံ တွေ့မြင်ရ သည်။ ဗားမဲ့ကုန်းပြန်ရောက်သောအခါ
ဗားမဲ့သိဒ္ဓိရှင် ဓာတ်နန်းဆောင်တွင်
အနားယူလိုက်သည်။ ညဘက်ရောက်
သောအခါဗားမဲ့မဟာသိဒ္ဓိရှင်ဓာတ်နန်း
တွင်ပုတီးစိပ်သည်။ ထိုဓာတ်နန်းဆောင်
တွင် ကြေးဖြင့် ပြုလုပ်ထားသော ဗားမဲ့
ဆရာတော်ထိုင်တော်မူနေပုံကိုအလယ်
တည့်တည့်တွင် ဖူးမြင်ရသည်။ လက်ဝဲ
ဘက်တွင် သျှောင်ထုံး၊ နှုတ်ခမ်းမွေး၊
မုတ်ဆိတ်မွေးနှင့်လက်နှစ်ဖက်ကိုယှက်
ကာမတ်တတ်ရပ်နေသော ရုပ်တုတစ်ခု
တွေ့ရသည်။ လည်ပင်းတွင် ပုတီးကြီး
တစ်ကုံး ချိတ်ဆွဲပေးထားသည်။ အပေါ်
က သင်္ကန်းပုံစံ ဝတ်ထားပြီး အောက်က
ဆာဒူးကဲ့သို့ဒိုတီပိတ်ဖြူဝတ်ထားသည်။
ထိုပုံသည်လည်း ဗားမဲ့မဟာသိဒ္ဓိရှင်
(ဗားမဲ့ဆရာတော်) ပုံဟု သိရသည်။
လက်ယာဘက်တွင် အဘိုးကလေးဝ
ရုပ်တုပုံတော် တွေ့မြင်ရသည်။ ရှေ့တွင်
ကန်တော့ပွဲသုံးပွဲ ကပ်လှူထားသည်။
ကျွန်ုပ်လည်း သရဏဂုံသုံးပါးနှင့် ဂုဏ်
တော်ကိုးပါးစိပ်ပြီး အဆောင်ပြန်နား
လိုက်သည်။

နောက်တစ်နေ့ ညနေပိုင်းတွင် ဗားမဲ့ကုန်းဆုတောင်းပြည့်စေတီအနီးရှိ
သစ်ပင်တစ်ပင်အနီးမှာအေးအေးလူလူ
ထိုင်နေလိုက်သည်။ ထိုသစ်ပင်သည်
ဥနှဲပင်နှင့် တူသည်။ တစ်နှစ်ပတ်လုံး
အမြဲစိမ်းလန်းနေသည်။ ထိုသစ်ပင်
အောက်တွင်ကျောက်ပြားတစ်ချပ်ကြွေ
ပြားခင်းထားသည်။ “အမျိုးသမီးမတက်
ရ” ဟု စာရေးထားသည်။ ဗားမဲ့သိဒ္ဓိရှင်
ပုတီးစိပ်ခဲ့သောနေရာဟု ဆရာတော်မှ
ပြောပြသည်။
ကျွန်ုပ်လည်း ဗားမဲ့ ဆရာတော်
အကြောင်းကိုသာ စဉ်းစားနေမိသည်။
ထိုဆရာတော်ကို မြန်မာနိုင်ငံတွင် ထင်
ရှားကျော်ကြားခဲ့သော ဗားလေးပါးတွင်
တစ်ပါး ပါဝင်သည်။ ဗားမဲ့မဟာသိဒ္ဓိ
ကျမ်း၊ ဗားမဲ့၊ ဗားတမော့ကျမ်း၊ ဗားမဲ့
လောကီ အစီအရင်ကျမ်း စသည်
လောကီပညာကျမ်းအသီးသီးကို ပြုစုခဲ့သည်။
ကျွန်ုပ်လည်း ဗားမဲ့ သိဒ္ဓိရှင်
အကြောင်း စဉ်းစားရင်း နေဝင်သွားပြီး
ညဉ့်ပိုင်းသို့ တဖြည်းဖြည်း ဝင်ရောက်
လာသည်။ နွေရာသီဖြစ်သော်လည်း

တောတောင်သဘာဝ လေတဖြူးဖြူး
တိုက်နေ၍ အေးချမ်းသာယာလျက်
ရှိပေသည်။ ကျွန်ုပ်လည်း အချိန်ရှိခိုက်
လုံ့လစိုက်ဟူသောအဆိုနှင့်အညီ ဗားမဲ့
သိဒ္ဓိရှင် ဂူထဲသို့ဝင်ကာ ဘုရားရှိခိုး၊
မေတ္တာပို့ပြီး ပုတီးစိပ်နေလိုက်သည်။
အရဟံဂုဏ်တော်(၂၇)ပတ်စိပ်ပြီးသော အခါ အိပ်ငိုက်သလို ဖြစ်သွားသည်။
“ကိုယ်တော်လေး ဗားမဲ့သိဒ္ဓိရှင် အကြောင်း သိချင်နေတာလား” အပေါ်အောက်ယောဂီဝတ်ထားပြီး
မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ခပ်ရေးရေး
မြင်ရပြီး သင်္ကန်းကို ခေါင်းမြီးခြုံသလို
ခြုံထားသည့် ပုဂ္ဂိုလ်တစ်ဦး မျက်နှာကို
သဲသဲကွဲကွဲ မမြင်ရပေ။ ဘုန်းကြီးလား၊
ရသေ့လား၊ ဘိုးတော်ကလေးဆိုတာ
တော့ ခွဲခွဲခြားခြား မသိရပေ။
“ဟုတ်ပါတယ် – သိချင်နေတာပါ။ ဗားမဲ့သိဒ္ဓိရှင် ဘဝဇာတ်လမ်း မှတ်တမ်း စိတ်ဝင်စားနေမိပါတယ်”
“ဗားမဲ့သိဒ္ဓိရှင်က ရခိုင်နယ်စပ်
ဗားမဲ့တောင်ခြေရွာမှာ သက္ကရာဇ် – ၉၃၃
မှာဖွားမြင်တော်မူတယ်။ အရွယ်ရောက်
တော့ ဟံသာဝတီပြည်ကြီးမှာ ရှင်သာ

မဏေ ပြုပြီးတော့ စာပေပိဋကတ်တွေ သင်ကြားခဲ့တယ်။ ဘွဲ့တော်ကတော့ ရှင်နန္ဒသာရလို့ ခေါ်တယ်” ယောဂီဝတ်ပုဂ္ဂိုလ်သည် သူ၏
စကားကို ခေတ္တနားပြီး ဆက်ပြောပြ သည်မှာ “ရှင်နန္ဒသာရဟာ စာပေပညာ ထူးချွန်ထက်မြက်တယ်။ အသက်(၁၈)
နှစ် အရွယ်ခန့်မှာ ဟံသာဝတီမြစ် (ပဲခူး မြစ်) ကမ်းနဖူးမှာ သမထ၊ ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းတရား တွေမှာများအားထုတ် ရင်း မမျှော်လင့်သော အကြောင်းအရာ
တစ်ခုကို တွေ့ရတယ်။
ဘယ်လိုအကြောင်းလဲဆိုတော့ သူ ရဲ့အနီးကိုစိတ်မနှံ့သူတစ်ဦးရောက်လာ
တယ်။ စိတ်မနှံ့သူက“သပြေပင်ရင်း၊ ရေ
ကင်းလာပြီး၊ ကြေးနီပုရပိုက်၊ ပေးထိုက်
ပေသည်”လို့ထပ်တလဲလဲအော်ဆိုရင်း
အရှင်နန္ဒအနီးအပါးမှာ ကခုန်မြူးထူးနေတယ်။
အရူးမြူးနေပြီးမကြာမီဟံသာဝတီ
မြစ်ထဲက မမျှော်လင့်ဘဲ မိကျောင်းကြီး
တစ်ကောင် ပေါ်လာတယ်။ စိတ်မနှံ့သူ
က“အောင်ပြီဟေ့ – အောင်ပြီဟေ့သပြေ
ပင်ရင်း၊ ရေကင်းလာပြီ ကြေးနီပုရပိုက်
ပေ၊ ထိုက်ပါပေသည်၊ အောင်ပါစေ”

စသည်ဖြင့် ထပ်ကာဆိုရင်း မြစ်ငယ်သို့ လက်ညှိုးထိုးပြနေတယ်။ မိကျောင်းကြီး
သည် တစ်စုံတစ်ခုကို ကိုက်ချီရင်း မြစ် ကမ်းဘက်ကို ဦးတည်လာနေတယ်” အရှင်နန္ဒသာရက“အို-ဒကာ၊အဲဒီ မိကျောင်းကြီးရဲ့အာခံတွင်းမှာ ကိုက်ချီ
ထားတဲ့ အရာဝတ္ထုကို လုယူပေးပါ”လို့
ပြောဆိုလိုက်တဲ့အခါ သူရူးလည်းလျင်
မြန်စွာ ရေထဲခုန်ဆင်းပြီး လုယူလိုက်တယ်”
ကျွန်ုပ်လည်း ယောဂီကြီး ပြောဆို သံကိုသာ နားထဲကြားပြီး အာရုံစူးစိုက် နားထောင်နေမိသည်။
“သူရူး လုယူလို့ရလားအဘ” သူရူးလုယူလိုက်တဲ့အခါမိကျောင်း ကြီးလည်းရေထဲငုပ်ပျောက်ကွယ်သွားတယ်။ သူရူးလက်မှာလည်း အရာဝတ္ထု တစ်ခုပါလာတယ်”
ထိုအရာဝတ္ထုဆိုတာလွန်စွာတန်ဖိုး ရှိသောကြေးနီပုရပိုက်ဆိုသည်မှာအထူး ပြောဖွယ်မရှိပါကိုယ်တော်။ “မိကျောင်းကြီးပျောက်ကွယ်သွား
သလို စိတ်မနှံ့သူလည်း အရှင်နန္ဒသာရ
နာဟာထူးဆန်းစွာပျောက်ကွယ်သွားပါ တော့တယ်။ ပျောက်ကွယ်တယ်ဆိုတာ

ပြေးထွက်သွားပြီး မမြင်ရတော့တာပါပဲ”
“ကဲ-ကိုယ်တော်လည်းပုတီးဆက်
စိပ်လိုက်ဦး”ကျွန်ုပ်လည်း သတိရ၍ မျက်စိဖွင့်
ကြည့်သောအခါ ယောဂီဝတ်ပုဂ္ဂိုလ်မှာ
ပျောက်ကွယ်သွားလေ၏။ကျွန်ုပ်လည်း
ဆရာတော် စိပ်ခိုင်းသော သရဏဂုံသုံး
ပါး၊ အပြန်အလှန် အနုလုံ ပဋိလုံစိပ်ပြီး
မေတ္တာပို့ကာ အိပ်ရာဝင်လိုက်သည်။
ညဘက်အိပ်ပျော်သွားပြီးမကြာခင်အိပ်
မက်ထဲတွင် ယောဂီဝတ်ပုဂ္ဂိုလ်ပေါ်လာ
သည်။ ဗားမဲ့သိဒ္ဓိရှင်အကြောင်း ဆက်
ပြောပြသည်။နံနက်အိပ်ရာထသောအခါ
မေ့မသွားအောင်မှတ်စုစာအုပ်တွင်ရေး
မှတ်လိုက်သည်။ သို့သော် အကြောင်း
အရာမှ မပြည့်စုံ သေးပေ။ ညဘက်
ရောက်သောအခါ ဗားမဲ့သိဒ္ဓိရှင်ဂူသို့ သွား၍ “ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ပုတီးစိပ်ပြီး
သောအရ“အရဟံသိဒ္ဓိ” (၂၇) ပတ်စိပ် သည်။ယောဂီဝတ်ပုဂ္ဂိုလ်ထပ်မံရောက်
လာသည်။ ယခင်နေ့ညဉ့်နံနက်ပြောပြီး
တာကို ဆက်ပြောတာ နားထောင်ရသည်။

“ရှင်နန္ဒသာရသည် မိကျောင်းကြီး
ချီလာသောကြေးနီးပုရပိုက်ကို သင်္ကန်း
ကိုယ်ရုံမှာ ဝှက်၍ လေးထပ်ကျောင်းသို့
ပြန်လာတယ်။ ကျောင်းရောက်တဲ့အခါ
ကြေးနီပုရပိုက် ရှေးဟောင်းပစ္စည်းတွင်
ပါဝင်တဲ့ စာများ၊ စမများ၊ အင်း၊ ဂါထာ
မန္တန်များ၊လောကီထွက်ရပ်ပညာများကို
အာရုံစူးစိုက်ကြည့်ရှုနေပါတော့တယ်။
အဲဒီနေ့ည အချိန်ယူကာ ကြည့်နေ
သော်လည်းမိမိဉာဏ်နှင့်မမီခက်ခဲသော ပညာရပ်များက ပို၍များနေပါတော့
တယ်။
တစ်ညမှာ ဗားမဲ့သိဒ္ဓိရှင် ဖြစ်လာ
မယ့်ရှင်နန္ဒသာရရဟန်းပျိုဟာလေးထပ် ကျောင်းဝင်းအတွင်းရှိ အင်ကြင်းပင် အောက် ဆောက်လုပ်ထားတဲ့ ဝါး
ကျောင်းငယ်မှာ မိမိ ပုံမှန်အားထုတ်နေ
ကျဖြစ်တဲ့ “ဗုဒ္ဓါနုဿတိ” ကမ္မဋ္ဌာန်းကို
ပွားများအားထုတ်တော်မူ နေတယ်။
“ဘုရားဂုဏ်တော် တစ်ခုပွားများ တာလည်း ဗုဒ္ဓနုဿတိပဲလား – အဘ”
“ဟုတ်ပါတယ် – အရဟံဂုဏ်တော်
တစ်ခုနဲ့ ခရီးရောက်ပေါက်နိုင်ပါတယ်”
“အဲဒီလို တရားပွားများအားထုတ် နေတုန်း ဒကာတစ်ယောက် ဝင်ရောက်

ရှိခိုးလာတယ်။ လူမတွေ့ခင်ကပဲ မွှေး ကြိုင်တဲ့ရနံ့ရတယ်” “ဘယ်သူလဲ”
“တပည့်တော် ဝိဇ္ဇာဓိုရ်ယောက်ျား
ပါ- ဘုရား”
“နာမည် ဘယ်လိုခေါ်လဲ” “မဟာသိဒ္ဓိလို့ခေါ်ပါတယ်” “ဘယ်အကြောင်းနဲ့ ရောက်လာ
တာလဲ”
“တပည့်တော်နေတာကတော့ထူး ဆန်းအံ့ဩဖွယ်ကောင်းအောင် တန်ခိုး သတ္တိရှိတဲ့ ဆေးပင်များပေါက်ရာ သီရိ ရုက္ခမည်သောတောင်မှာ နေပါတယ်။ ထိုတောင်ရဲ့အနီးမှာကြီးမားတဲ့ဂန္ဓမာဒန တောင် ရှိပါတယ်” “ဆက်ပြောပါဦး” “ထိုတောင်မှာရွှေဂူ၊ငွေဂူ၊ သလင်း
ဂူစသည်တို့လည်းရှိတယ်။ အဲဒီအနီးမှာ
အနောတတ်ရေအိုင်ရှိတယ်။ ထိုရေအိုင်
ဟာ ဥတုသုံးပါးစလုံး နေရောင်မထိုးပါ
ဘုရား။ အဲဒီရေအိုင်မှာတန်ခိုးကြီးသော
နဂါး၊ ဂဠုန်မှစ၍ ဝိဇ္ဇာဓိုရ် ယောက်ျားများ နှင့်အချို့နတ်ဒေဝီများ၊ နဂါးမများရေသုံး သပ်ပျော်ပါးကြပါတယ်”

“ဒါနဲ့ဒကာတော်တို့ဘယ်လိုအစား တွေစားကြလဲဆိုတာပြောပြပေးပါဦး”
တပည့်တော်များမှာအစာအာဟာရ
စားလိုသောအခါ ဇမ္ဗူ့သပြေသီးနဲ့ အတ္တန္တရ မည်သော သရက်သီးများကို သာ စားသုံးကြပါတယ်။ ထိုအသီးများ
ဟာ အိုးစရည်းခန့်လောက်ကြီးမားပြီး
အနံ့အရသာများမှာလည်း လွန်စွာ
ကောင်းမွန်လှပါတယ်။ ထိုအသီးများကို
စားရလို့ တပည့်တော်ရဲ့ကိုယ်နံ့များ
လည်း မွှေးကြိုင်ပါတယ်။ အလွန်ပေါ
သော ကိုယ်လည်း ရှိပါတယ်”ဟု
လျှောက်ထားလေ၏။
ဗားမဲ့အရှင်မှ“သူတစ်ပါးအသက် မစားတာကောင်းလှပေတယ်။ သက် သတ်လွတ်စားတာ သုမေဓာ ဘုရားလောင်းကျင့်စဉ်ပါပဲ”
ဆက်လက်၍ ဗားမဲ့အရှင်မှ“ဒါနဲ့ – ဒီအရပ်ကို အဘယ်အကြောင်းကြောင့် ဖြင့်လာဘိသနည်း”ဟုမေးမြန်းတော်မူရာ …
“အရှင်ဘုရားနဲ့ တပည့်တော်ဟာ လွန်ခဲ့တဲ့ ဘဝက ညီအစ်ကိုရင်းဖြစ်ခဲ့ဖူး လို့ရွှေပေလွှာကိုလာလှူတာပါ။ဤစာပါ

ပညာရပ်များကို လိုက်စားတော်မူပါက အလို တော်ရှိသမျှ ပြည့်ဝစုံလင်တော်
မူပါလိမ်မယ်”
ထိုအခါ ဗားမဲ့သိဒ္ဓိရှင်မှ မိကျောင်း
ပါးစပ်မှရသော ကြေးနီပုရပိုက်ကိုပြ၍
မသိသောအရာများကို မေးမြန်းရာ …
“တပည့်တော်မှာ အရှင်ဘုရားအား
သင်ကြားပို့အချိန်မရနိုင်ပါ။ ပုပ္ပါးတောင်
ရဲ့အရှေ့ဘက်တွင် ကျောက်ဂူရှိပါတယ်။
ထိုကျောက်ဂူတွင်နေသောအင်း၊ ဘီလူး
ထံ ကြွသွား၍ အမဲသားအတုံးငယ်
ကလေးတွေယူပြီးရင်အင်းဘီလူး – သင်
အမဲသားစား မလားဟု မေးပါ။ စားမယ်
လို့ပြောပါလိမ့်မယ်။စားချင်ရင် ပါးစပ်ဟ
ဟုဆိုရင် ဟပါလိမ့်မယ်”
“ဘယ်လိုကျွေးရမှာလဲ” “ခပ်လှမ်းလှမ်းမှနေ၍အမဲသားကို
ပစ်၍ပေးပါ။ ဘီလူးပါးစပ်တွင်းသို့ရောက်
လို့စားနေတဲ့အခါအလိုတော်ရှိသမျှမေး
ပါ။ပြောပါလိမ့်မယ်။နောက်ဆုံးအမဲသား
တုံးကြီးကြီးကို ပေးထားခဲ့ပြီးရင် အမြန်
ပြန်ကြွတော်မူပါ”ဟုလျှောက်ထားလေ၏။
ထိုအခါ ရဟန်းတော်က ကျေးဇူး တင်ကြောင်းပြောပြီးလျှင် ဆက်၍ မိန့်

တော်မူပြန်သည်မှာလွန်ခဲ့သောဘဝက
ညီအစ်ကိုတော်သည်ဆိုရာမှာ ကြာမြင့်
လှလေပြီ။ အခုမှ လာရောက်ထောက်ပံ့
သည်မှာမေ့လျော့၍နေဟန်ရှိတယ်”ဟု
မိန့်တော်မူရာဝိဇ္ဇာဓိုရ်ယောက်ျားကပြန်
ကြားလျှောက်ထားသည်မှာ“မေ့လျော့
နေတာမဟုတ်ပါ။ဤလူ့နေရာသို့လာရ
ခြင်းမှာ လွန်စွာဝန်လေးလှပါတယ်။
ဘုန်းကံကြီးမားသော သူများထံသို့ ဖြစ်
စေ၊ သီလသမာဓိ စသော ဂုဏ်ရှိသူများ
ထံသို့ ဖြစ်စေ၊ ဤလို ပုဂ္ဂိုလ်များထံသို့ သာ လာလိုရောက်လိုသော စိတ်ရှိပါ တယ်။ အရှင်ဘုရားမှာယခုကဲ့သို့ သီလ
သိက္ခာစင်ကြယ်စွာနေခြင်းကြောင့်သာ
လာလို ရောက်လိုသော စိတ်အတိုင်း
လာရောက်ရပါတယ်ဘုရား”ဟုအလုံးစုံ ကိုလျှောက်ထားနှုတ်ဆက်၍ဆင်းသက်
ပြန်သွားလေ၏။

အင်းဘီလူးထံသွားခြင်း
ထို့နောက် နန္ဒသာရ ဗားမဲ့သိဒ္ဓိရှင်
၏ တပည့်ရှင်မုန်ယိုဆိုသူ သာမဏေ

တစ်ပါးနှင့် ပုပ္ပါးတောင်သို့ သွားရောက်
ကြ၍ဝိဇ္ဇာဓိုရ်ယောက်ျားပြောကြားသွား
သည့်အတိုင်းဆောင်ရွက်ကြရာမကြာမီ
ပင် လိုအင်ဆန္ဒ ပြည့်ဝစုံလင်တော်မူခဲ့
လေ၏။ ပုပ္ပါးတောင်မှ ဟံသာဝတီမြို့သို့
ပြန်ရောက်ကြပြီးလျှင် ဗားမဲ့ သိဒ္ဓိရှင်
သည်အရပ်ရပ်သောလောကီပညာရပ်
များကို လိုက်စားတော်မူလေ၏။ နေ
ကြောက်အင်း၊ လကြောက်အင်း၊ သံ
ပေါက်အင်းစသည်တို့ကိုလည်းစမ်းသပ်
တော်မူ၏။ ကာယသိဒ္ဓိ၊ ဓနသိဒ္ဓိ စသော
လမ်းများကိုလည်း ကြိုးပမ်းတော်မူ၏။
ရှိမ်းဆာယာအတတ်၊သက်ပြောင်းကိုယ်
ခွာ အတတ်မှစ၍ အရပ်ရပ်သော
လောကီဘက်ဆိုင်ရာ အတတ်များကို
လည်း ထမြောက် အောင်မြင်တော်မူ ကြောင်း အလွန်ကျော်ကြားတော်မူ
သည်။
ဗားမဲ့သိဒ္ဓိရှင်မှ မည်သည့်အစီ အရင်ကို ဆောင်ရွက်သည်ဖြစ်စေ၊ အောက်ပါ ဂါထာကို အနည်းဆုံး ခုနစ် အုပ်မန်း၍စီရင်လေဟုမိန့်ဆိုခဲ့လေ၏။ သု- နက္ခတ္တံ သုမင်္ဂလံ၊
သု – ပဘာတံ သုဟုဋ္ဌိတံ၊
သု-ခာသု – မုဟုတ္တောစ၊
သု – ယိဋ္ဌိ ဗြဟ္မစာရီသု။
ပုဗ္ဗဏှသုတ်အပိုဒ် (၁၇)တွင် ပါ သော ပါဠ်ဖြစ်သည်။ အနက်ကို ရှာဖွေ ဖတ်ပါ။ အင်း၊စမစီရင်သောအခါအထူး အသုံးဝင်သည်။ (စာရေးသူ) ဘာပဲလုပ်လုပ်ကောင်းသောဆန္ဒ၊ ကောင်းသောဝီရိယ၊ ကောင်းသော
အသိဉာဏ်ဆိုတဲ့တရားသုံးပါးနဲ့ ပြည့်စုံ
စေရမယ်။ “သတ္တဝါတွေပေါ်မှာ မေတ္တာ
ဓာတ်စေလွှတ်ပြီးလှုံ့ဆော်ကြရမယ်”ဟု
တပည့်တွေကို မှာကြားလေ့ရှိ၏။ ဗားမဲ့
သိဒ္ဓိရှင် လောကီပညာရပ်များကိုသာ
လိုက်စားတော်မူကြောင်း။ ငါးဆူ
ဒါယကာမင်းတရားကြီး ကြားသိတော်
မူလျှင် ရဟန်းတော်တို့၏ ကျင့်ဝတ်
သိက္ခာနှင့်မညီ”ဟုဆို၍ညောင်ရမ်းမြို့
သို့ ပို့လေ၏။
သက္ကရာဇ် – ၉၅၅ခုနှစ်၌ညောင်ရမ်း မြို့သို့ ရောက်လျှင် မင်းရဲနန္ဒမိတ် အမည် ရှိညောင်ရမ်းမင်းလည်းရဟန်းတော်နန္ဒ
သာရ၏ ထေရုပ္ပတ္တိ နှင့် ပညာများကို စုံစမ်းသိရှိတော်မူလေလျှင် အားရတော်
မူလှ၍“နန္ဒသာရကဝိဓဇ” ဟူသော ဘွဲ့
တံဆိပ်တော်ကို လှူဒါန်း၍ ကျောင်း ဆောက်ကိုးကွယ်တော်မူ၏။ ဗားမဲ့သိဒ္ဓိ ရှင်ဟု ထင်ရှားတော်မူခဲ့လေ၏။ ဗားမဲ့သိဒ္ဓိရှင်သည် ဘုရင့်နောင် (ခေါ်) ဟံသာဝတီ ဆင်ဖြူရှင်မင်းတရား ကြီး၏ သားတော် မောင်သစ္စာအား
လောကီပညာမန္တန် အစီအရင်များကို
သင်ကြားပေးတော်မူသည်။ ထိုဂါထာ မန္တန်များအနက် အောင်ခြင်းရှစ်ပါး အချုပ် နှစ်ဂါထာလည်းပါဝင်သည်။ “မောင်သစ္စာ ဒီနှစ်ဂါထာကို နေ့ည မပြတ်ရွတ်ပေတော့- ယုံယုံကြည်ကြည်
ရွတ်နော်။ တစ်နေ့ကျရင် မင်းအဖြစ် ရောက်ရှိမှာ သေချာတယ်” ထိုဂါထာနှစ်ပုဒ်မှာ …. (၁) မာရီယက္ခဂဇံစောရံ၊ စိဉ္စမာနဉ္စ သစ္စကံ၊ နာဂံဗကံဇိနိဇိနော ဟောတု မေ ဇယျမင်္ဂလံ၊ (၂) မာရံအာဠဝကံဟတ္ထိ၊
အင်္ဂုလိမာလ စိဉ္စမာ ကုန္တနာဂရာဇဉ္စ (ကုဒန်တံ) ဗကံအဇိနိ တေဇသာ။
ညောင်ရမ်းမင်းတရားကြီးအားမင်း
အဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးခဲ့
သော အောင်ခြင်းရှစ်ပါး အချုပ်မန္တန်ဟု
ထင်ရှားပါသည်။
ဗားမဲ့သိဒ္ဓိအရှင်သည် ဂါထာကို
အနက်နှင့်တကွ သင်ကြားပေးလေ၏။
မောင်သစ္စာလည်း ယုံယုံကြည်ကြည်
နေ့စဉ်ရွတ်ဆိုရာ သက္ကရာဇ် – ၉၅၉
ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်ရှိကာ
အင်းဝပြည်ကြီးကိုလည်းအသစ်တစ်ဖန်
ပြန်လည်တည်ထောင်တော်မူနိုင်ခဲ့လေ
၏။ ညောင်ရမ်းမင်းတရားကြီး ဟူသော
အမည်ဖြင့်လည်း မြန်မာနိုင်ငံသမိုင်း၌
ထင်ရှားခဲ့သည်။ ထိုအောင်ခြင်းရှစ်ပါး
ဂါထာကို နေ့စဉ်ရွတ်ဆိုပါက အပြိုင်
အဆိုင် အတိုက်အခံ အောင်မြင်စေပြီး ကြံစည်သမျှအောင်မြင်စေပါသည်။ ဗားမဲ့သိဒ္ဓိအရှင်သည် ဟံသာဝတီ ခေတ်၊ အင်းဝခေတ်၊ ပုဂံခေတ် စသည် ခေတ်အဆက်ဆက်အသွင်အမျိုးမျိုးဖြင့် အမျိုးဘာသာ သာသနာကို စောင့်
ရှောက်တော်မူခဲ့ရပါသည်။
ကျွန်ုပ်သည် ဇင်းကျိုက်တောင်နှင့်
ဗားမဲ့ကုန်းတွင် အဓိဋ္ဌာန်ဝင်ပုတီးစိပ်ရင်း
ယောဂီဝတ်ပုဂ္ဂိုလ် လာရောက်ပြောဆို သော ဗားမဲ့သိဒ္ဓိရှင်အကြောင်းကို နား
ထောင်ရင်း ပတ်ဝန်းကျင်ကို သတိလစ်
သွားပါသည်။ ကျွန်ုပ်ကိုယ်တိုင် တော
တောင်ကြီးတစ်ခုသို့ ရောက်ရှိသွားပြီး
လူတစ်ယောက်ဝင်စာ လိုဏ်ဂူအတွင်း
ရောက်ရှိသွားခဲ့ပါ သည်။ သတိရ၍
ကြည့်လိုက်သောအခါ ဗားမဲ့ကုန်းတော်
ပေါ်ရှိဗားမဲ့သိဒ္ဓိရှင်ဂူထဲမှာပင်တရားထိုင်
နေသည့် ပုံစံဖြစ်ပြီး ပုတီးမှာ လည်ပင်း
တွင် စွပ်လျက် တည်ရှိနေပါသည်။
ထို့နောက် ဗားမဲ့သိဒ္ဓိရှင်နှင့် အဘိုး
ကလေးဝတော်အား ဖူးမြော်ကန်တော့
ပြီးမိမိနားနေရာအဆောင်သို့ပြန်လာပါ
သည်။ ခေတ္တအနားယူပြီး မိမိမှတ်စု စာ
အုပ်တွင် နေ့စွဲနှင့်တကွ ဗားမဲ့သိဒ္ဓိရှင်
အကြောင်း ရေးမှတ်လိုက်ပါသည်။ ည
နေဘက်တွင် ကျောင်းထိုင်ဆရာတော်
ဘုရားကြီးအား ဗားမဲ့သိဒ္ဓိရှင်နှင့် ပတ်
သက်၍မေးမြန်းလျှောက်ထားသည်။
ဆရာတော်မှဗားမဲ့ဗားတမော့သိဒ္ဓိကျမ်း
များ၊ မဟာသိဒ္ဓိကျမ်းပိုင်းကြီးစသည်တို့ ကို လေ့လာရန် ညွှန်ကြားပေးပါသည်။ ထို့နောက် “ဣစ္ဆာသယ ပုဏ္ဏကအင်း” တစ်ခုပေးလိုက်သည်။
အင်းဆံဂါထာကား“ပုဏ္ဏကောဟံ
ယက္ခရာဇာ” အလယ်မှာ လိုသူ၊ ဆောင်
သူ၏မွေးနံထည့်။ တနင်္ဂနွေသား သမီး
ဆိုပါက“၁ရေး၊ တနင်္လာဆိုပါက ၂ရေး
စသည်ဖြင့်ရေးပါ။ အဟံ – ငါသည်၊ပုဏ္ဏ
ကော- ပုဏ္ဏကမည်သော ယက္ခရာဇာ
ဘီလူးမင်းတည်း။
ဤအင်းကို ရွှေပြား၊ ငွေပြား၊ ကြေး ပြားတွင်ရေး၍ အင်းဆံဂါထာ တစ် ထောင်စုပ်၍ဆောင်၊ ရန်ဟူသမျှ ပြေ ပျောက်၏။ အဟန့်အတားကောင်းလှ
၏။ အပြိုင်အဆိုင် အနိုင်အရှုံးဟူသမျှ၌
ရေကောင်းရေသန့်တွင် စိမ်ပြီးလျှင်
အထက်အင်းဆံဂါထာနှင့် (၇)အုပ်စုပ်။
၎င်းရေကို မျက်နှာလိမ်း၍ သောက်ပြီး လျှင် စိတ်ကို တင်းတင်းထားရမည်။
အလုံးစုံပြီးစီး၏။ ပီယကိုလိုသော်အမွှေး
နံ့သာရေနှင့် ၎င်းအတိုင်း စီရင်ကြလေ။
စက္ကူချောတွင်ရေးပြီး ပလတ်စတစ်
လောင်းဆောင်ထားပါ။ အမွှေးနံ့သာ
ဆွတ်ပြီးအိတ်ထဲထည့်ဆောင်ပါ။ စီးပွား
ရေးနှင့် စပ်လျဉ်းသော အပြိုင်အဆိုင်၊
အနိုင်အရှုံးများ အထူးကောင်းသည်။
တရုတ်စကားအသားကို အသားတင်
အကြောပြတ်အောင် အင်းချဆောင်ပါ။
အကြံအစည်ဟူသမျှ အောင်မြင်သည်။
ကျွန်ုပ်သည် အခက်အခဲ၊ အပြိုင်
အဆိုင် ကြံတိုင်း အင်းဆံဂါထာ (၇)
ခေါက်ရွတ်ဆိုပြီးဆောင်သွားရာအဆင် ပြေအောင်မြင်သွားပါသည်။ ဗားမဲ့သိဒ္ဓိ
ရှင် ကျေးဇူးကား ဂမ္ဘီရလောကတွင်
အထူးကောင်းကျိုးပြုလျက်ရှိနေပါတော့
သည်။
ဂမ္ဘီရဆရာလှမျိုး (B.Sc)

Zawgyi Version

“ဗားမဲ့မဟာသိဒၶိရွင္” (စ/ဆုံး)
————————————–
တစ္ေန႔တြင္စာေရးသူ၏ေနအိမ္သို႔ ဆြမ္းခံႂကြေသာဦးပၪၨင္းတစ္ပါးမွ ဆရာ
မ်ိဳး ေႏြရာသီမွာ ဒုလႅဘရဟန္းဝတ္ မလား”ဟုေမးေလရာ စာေရးသူက..
“ဘယ္မွာ ဝတ္ရမွာလဲ – ဦးပၪၥင္း
ဘုရား”ဟု ေမးျမန္းလိုက္ေသာအခါ
“ဇင္းက်ိဳက္ေတာင္ ဗားမဲ့ကုန္းမွာ ဝတ္
ရမွာ”ဟုမိန႔္ဆိုသည္။
ကြၽႏ္ုပ္လည္း“ဝတ္မယ္ဘုရား”ဟု ကတိေပးလိုက္သည္။ဤသို႔ႏွင့္သၾကၤန္

မက်ခင္ တစ္ရက္ႀကိဳတင္၍သာေကတ (၁၈၈) ေတာင္ေစတီအနီးရွိ ဘုန္းႀကီး
ေက်ာင္းတစ္ေက်ာင္းတြင္ဒုလႅဘရဟန္း
ဝတ္ၿပီး ဟီးႏိုးကားႀကီးတစ္စီးျဖင့္ မြန္
ျပည္နယ္ အေပါင္ၿမိဳ႕နယ္ရွိ ဇင္းက်ိဳက္
ေတာင္သို႔ ထြက္လာခဲ့ၾကပါသည္။ ဇင္း
က်ိဳက္ေတာင္ေျခသို႔ နံနက္အေစာႀကီး
ေရာက္ၾကသည္။ ေတာင္ေျခမွ ဗားမဲ့
ကုန္းသို႔ ေျခက်င္ လမ္းေလွ်ာက္တက္
ၾကရသည္။ေလွခါးထစ္ျဖင့္တက္ရေသာ

လမ္းလည္းရွိသည္။ (ယခုအခါ ေတာင္
တက္လမ္းကို ကြမ္းမန္းဆရာေတာ္မွ
ကားလမ္းေဖာက္ထားၿပီး ျဖစ္ပါသည္)
စာေရးသူတို႔ ဒုလႅဘအဖြဲ႕လည္း
သစ္ပင္ႀကီးငယ္အသြယ္သြယ္ေက်ာက္
တုံးေက်ာက္ေတာင္ၾကားမွေအးခ်မ္းစြာ
ေလွ်ာက္လိုက္နားလိုက္ႏွင့္ေပ(၂ဝဝဝ)
ေက်ာ္ျမင့္ေသာ ဗားမဲ့ကုန္းသို႔ေရာက္ရွိ
သြားၾကပါသည္။ စာေရးသူတို႔လည္း
ဆရာေတာ္အား ဦးခ်၊ မိမိေနရမည့္
အခန္းမွာ ေနရာခ်ၿပီး နားနားေနေနလဲ
ေလ်ာင္းေနလိုက္ၾကသည္။ ထိုဗားမဲ့
ကုန္းသည္ သက္သတ္လြတ္နယ္ေျမ
ျဖစ္သည္။ ယခင္က ေက်ာက္တုံးႀကီး
မ်ား၊ ဘုရားငုတ္တို၊ ခ်ဳံပင္၊ ခ်ဳံႏြယ္မ်ားႏွင့္
ဖုံးလႊမ္းေနေသာေတာင္ကုန္းႀကီးတစ္ခု
ျဖစ္သည္။ ရန္ကုန္ ဗဟန္းဘက္မွ ဆရာ
ေတာ္ႀကီးတစ္ပါး ဇင္းက်ိဳက္ေတာင္ႏွင့္
ဗားမဲ့ကုန္းၾကားတြင္အဓိ႒ာန္ဝင္လာၿပီး
အိပ္မက္အရ ဤကုန္းေတာ္ကို ျပဳျပင္ မြမ္းမံၿပီး ဘုရားတည္ေက်ာင္းေဆာက္
သာသနာျပဳေနသည္ဟု ဆိုပါသည္။ ညပိုင္းေရာက္ေသာအခါ ဆရာ ေတာ္ႀကီးမ်ား ဒုလႅဘရဟန္းမ်ားအား

ဩဝါဒစကား မိန႔္ၾကားၿပီး (၉) ရက္
အဓိ႒ာန္ကာလအတြင္းတရားထိုင္ျခင္း၊
ပုတီးစိပ္ျခင္း လုပ္ငန္းကို မိမိ အစီအရင္
ျဖင့္ျပဳလုပ္ႏိုင္ေၾကာင္းဘယ္ေနရာသြား သြားဆရာေတာ္ထံခြင့္ေတာင္းခြင့္ပန္ၿပီး မွ သြားၾကရန္ မိန႔္ဆိုပါသည္။

ေနာက္တစ္ေန႔တြင္ဆရာေတာ္ထံ
ခြင့္ပန္ၿပီး ဇင္းက်ိဳက္ဆံေတာ္ရွင္သို႔ တက္ေရာက္ဖူးေျမာ္ၾကသည္။ ဗားမဲ့
ကုန္းမွ ဇင္းက်ိဳက္ေတာင္ ေပ (၁ဝဝဝ)
ေက်ာ္သာ ရွိသည္ဟု ဆိုေသာ္လည္း
ေတာင္တက္လမ္းမွာ မတ္ေစာက္၍
လမ္းတြင္ ေလးငါးဆယ္ႀကိမ္ နားနားၿပီး
တက္ရသည္။ အခ်ိဳ႕လည္း ေတာင္ေဝွး
ကိုအားျပဳတက္ရသည္။ ဘယ္ေလာက္
ေမာေမာ မည္မွ်ပင္ပန္းေစကာမူ ဆံ
ေတာ္ရွင္ေရာက္လွ်င္ အေမာေျပသြား
သည္။ ဆံေတာ္ရွင္ဘုရားအနီးတြင္
ဗားမဲ့ဆရာေတာ္ ႐ုပ္တုကိုဖူးေျမာ္ရ သည္။ ဝိဇၨာညီေနာင္တြင္လည္း ဂဝံ ေက်ာက္ျဖင့္ ျပဳလုပ္ထားေသာ ဗားမဲ့

ဆရာေတာ္ ထိုင္ေတာ္မူပုံ ေတြ႕ျမင္ရ သည္။ ဗားမဲ့ကုန္းျပန္ေရာက္ေသာအခါ
ဗားမဲ့သိဒၶိရွင္ ဓာတ္နန္းေဆာင္တြင္
အနားယူလိုက္သည္။ ညဘက္ေရာက္
ေသာအခါဗားမဲ့မဟာသိဒၶိရွင္ဓာတ္နန္း
တြင္ပုတီးစိပ္သည္။ ထိုဓာတ္နန္းေဆာင္
တြင္ ေၾကးျဖင့္ ျပဳလုပ္ထားေသာ ဗားမဲ့
ဆရာေတာ္ထိုင္ေတာ္မူေနပုံကိုအလယ္
တည့္တည့္တြင္ ဖူးျမင္ရသည္။ လက္ဝဲ
ဘက္တြင္ ေသွ်ာင္ထုံး၊ ႏႈတ္ခမ္းေမြး၊
မုတ္ဆိတ္ေမြးႏွင့္လက္ႏွစ္ဖက္ကိုယွက္
ကာမတ္တတ္ရပ္ေနေသာ ႐ုပ္တုတစ္ခု
ေတြ႕ရသည္။ လည္ပင္းတြင္ ပုတီးႀကီး
တစ္ကုံး ခ်ိတ္ဆြဲေပးထားသည္။ အေပၚ
က သကၤန္းပုံစံ ဝတ္ထားၿပီး ေအာက္က
ဆာဒူးကဲ့သို႔ဒိုတီပိတ္ျဖဴဝတ္ထားသည္။
ထိုပုံသည္လည္း ဗားမဲ့မဟာသိဒၶိရွင္
(ဗားမဲ့ဆရာေတာ္) ပုံဟု သိရသည္။
လက္ယာဘက္တြင္ အဘိုးကေလးဝ
႐ုပ္တုပုံေတာ္ ေတြ႕ျမင္ရသည္။ ေရွ႕တြင္
ကန္ေတာ့ပြဲသုံးပြဲ ကပ္လႉထားသည္။
ကြၽႏ္ုပ္လည္း သရဏဂုံသုံးပါးႏွင့္ ဂုဏ္
ေတာ္ကိုးပါးစိပ္ၿပီး အေဆာင္ျပန္နား
လိုက္သည္။

ေနာက္တစ္ေန႔ ညေနပိုင္းတြင္ ဗားမဲ့ကုန္းဆုေတာင္းျပည့္ေစတီအနီးရွိ
သစ္ပင္တစ္ပင္အနီးမွာေအးေအးလူလူ
ထိုင္ေနလိုက္သည္။ ထိုသစ္ပင္သည္
ဥႏွဲပင္ႏွင့္ တူသည္။ တစ္ႏွစ္ပတ္လုံး
အၿမဲစိမ္းလန္းေနသည္။ ထိုသစ္ပင္
ေအာက္တြင္ေက်ာက္ျပားတစ္ခ်ပ္ေႂကြ
ျပားခင္းထားသည္။ “အမ်ိဳးသမီးမတက္
ရ” ဟု စာေရးထားသည္။ ဗားမဲ့သိဒၶိရွင္
ပုတီးစိပ္ခဲ့ေသာေနရာဟု ဆရာေတာ္မွ
ေျပာျပသည္။
ကြၽႏ္ုပ္လည္း ဗားမဲ့ ဆရာေတာ္
အေၾကာင္းကိုသာ စဥ္းစားေနမိသည္။
ထိုဆရာေတာ္ကို ျမန္မာႏိုင္ငံတြင္ ထင္
ရွားေက်ာ္ၾကားခဲ့ေသာ ဗားေလးပါးတြင္
တစ္ပါး ပါဝင္သည္။ ဗားမဲ့မဟာသိဒၶိ
က်မ္း၊ ဗားမဲ့၊ ဗားတေမာ့က်မ္း၊ ဗားမဲ့
ေလာကီ အစီအရင္က်မ္း စသည္
ေလာကီပညာက်မ္းအသီးသီးကို ျပဳစုခဲ့သည္။
ကြၽႏ္ုပ္လည္း ဗားမဲ့ သိဒၶိရွင္
အေၾကာင္း စဥ္းစားရင္း ေနဝင္သြားၿပီး
ညဥ့္ပိုင္းသို႔ တျဖည္းျဖည္း ဝင္ေရာက္
လာသည္။ ေႏြရာသီျဖစ္ေသာ္လည္း

ေတာေတာင္သဘာဝ ေလတျဖဴးျဖဴး
တိုက္ေန၍ ေအးခ်မ္းသာယာလ်က္
ရွိေပသည္။ ကြၽႏ္ုပ္လည္း အခ်ိန္ရွိခိုက္
လုံ႔လစိုက္ဟူေသာအဆိုႏွင့္အညီ ဗားမဲ့
သိဒၶိရွင္ ဂူထဲသို႔ဝင္ကာ ဘုရားရွိခိုး၊
ေမတၱာပို႔ၿပီး ပုတီးစိပ္ေနလိုက္သည္။
အရဟံဂုဏ္ေတာ္(၂၇)ပတ္စိပ္ၿပီးေသာ အခါ အိပ္ငိုက္သလို ျဖစ္သြားသည္။
“ကိုယ္ေတာ္ေလး ဗားမဲ့သိဒၶိရွင္ အေၾကာင္း သိခ်င္ေနတာလား” အေပၚေအာက္ေယာဂီဝတ္ထားၿပီး
မုတ္ဆိတ္ေမြး ႏႈတ္ခမ္းေမြး ခပ္ေရးေရး
ျမင္ရၿပီး သကၤန္းကို ေခါင္းၿမီးၿခဳံသလို
ၿခဳံထားသည့္ ပုဂၢိဳလ္တစ္ဦး မ်က္ႏွာကို
သဲသဲကြဲကြဲ မျမင္ရေပ။ ဘုန္းႀကီးလား၊
ရေသ့လား၊ ဘိုးေတာ္ကေလးဆိုတာ
ေတာ့ ခြဲခြဲျခားျခား မသိရေပ။
“ဟုတ္ပါတယ္ – သိခ်င္ေနတာပါ။ ဗားမဲ့သိဒၶိရွင္ ဘဝဇာတ္လမ္း မွတ္တမ္း စိတ္ဝင္စားေနမိပါတယ္”
“ဗားမဲ့သိဒၶိရွင္က ရခိုင္နယ္စပ္
ဗားမဲ့ေတာင္ေျခ႐ြာမွာ သကၠရာဇ္ – ၉၃၃
မွာဖြားျမင္ေတာ္မူတယ္။ အ႐ြယ္ေရာက္
ေတာ့ ဟံသာဝတီျပည္ႀကီးမွာ ရွင္သာ

မေဏ ျပဳၿပီးေတာ့ စာေပပိဋကတ္ေတြ သင္ၾကားခဲ့တယ္။ ဘြဲ႕ေတာ္ကေတာ့ ရွင္နႏၵသာရလို႔ ေခၚတယ္” ေယာဂီဝတ္ပုဂၢိဳလ္သည္ သူ၏
စကားကို ေခတၱနားၿပီး ဆက္ေျပာျပ သည္မွာ “ရွင္နႏၵသာရဟာ စာေပပညာ ထူးခြၽန္ထက္ျမက္တယ္။ အသက္(၁၈)
ႏွစ္ အ႐ြယ္ခန႔္မွာ ဟံသာဝတီျမစ္ (ပဲခူး ျမစ္) ကမ္းနဖူးမွာ သမထ၊ ဗုဒၶႏုႆတိ ကမၼ႒ာန္းတရား ေတြမွာမ်ားအားထုတ္ ရင္း မေမွ်ာ္လင့္ေသာ အေၾကာင္းအရာ
တစ္ခုကို ေတြ႕ရတယ္။
ဘယ္လိုအေၾကာင္းလဲဆိုေတာ့ သူ ရဲ႕အနီးကိုစိတ္မႏွံ႔သူတစ္ဦးေရာက္လာ
တယ္။ စိတ္မႏွံ႔သူက“သေျပပင္ရင္း၊ ေရ
ကင္းလာၿပီး၊ ေၾကးနီပုရပိုက္၊ ေပးထိုက္
ေပသည္”လို႔ထပ္တလဲလဲေအာ္ဆိုရင္း
အရွင္နႏၵအနီးအပါးမွာ ကခုန္ျမဴးထူးေနတယ္။
အ႐ူးျမဴးေနၿပီးမၾကာမီဟံသာဝတီ
ျမစ္ထဲက မေမွ်ာ္လင့္ဘဲ မိေက်ာင္းႀကီး
တစ္ေကာင္ ေပၚလာတယ္။ စိတ္မႏွံ႔သူ
က“ေအာင္ၿပီေဟ့ – ေအာင္ၿပီေဟ့သေျပ
ပင္ရင္း၊ ေရကင္းလာၿပီ ေၾကးနီပုရပိုက္
ေပ၊ ထိုက္ပါေပသည္၊ ေအာင္ပါေစ”

စသည္ျဖင့္ ထပ္ကာဆိုရင္း ျမစ္ငယ္သို႔ လက္ညႇိဳးထိုးျပေနတယ္။ မိေက်ာင္းႀကီး
သည္ တစ္စုံတစ္ခုကို ကိုက္ခ်ီရင္း ျမစ္ ကမ္းဘက္ကို ဦးတည္လာေနတယ္” အရွင္နႏၵသာရက“အို-ဒကာ၊အဲဒီ မိေက်ာင္းႀကီးရဲ႕အာခံတြင္းမွာ ကိုက္ခ်ီ
ထားတဲ့ အရာဝတၳဳကို လုယူေပးပါ”လို႔
ေျပာဆိုလိုက္တဲ့အခါ သူ႐ူးလည္းလ်င္
ျမန္စြာ ေရထဲခုန္ဆင္းၿပီး လုယူလိုက္တယ္”
ကြၽႏ္ုပ္လည္း ေယာဂီႀကီး ေျပာဆို သံကိုသာ နားထဲၾကားၿပီး အာ႐ုံစူးစိုက္ နားေထာင္ေနမိသည္။
“သူ႐ူး လုယူလို႔ရလားအဘ” သူ႐ူးလုယူလိုက္တဲ့အခါမိေက်ာင္း ႀကီးလည္းေရထဲငုပ္ေပ်ာက္ကြယ္သြားတယ္။ သူ႐ူးလက္မွာလည္း အရာဝတၳဳ တစ္ခုပါလာတယ္”
ထိုအရာဝတၳဳဆိုတာလြန္စြာတန္ဖိုး ရွိေသာေၾကးနီပုရပိုက္ဆိုသည္မွာအထူး ေျပာဖြယ္မရွိပါကိုယ္ေတာ္။ “မိေက်ာင္းႀကီးေပ်ာက္ကြယ္သြား
သလို စိတ္မႏွံ႔သူလည္း အရွင္နႏၵသာရ
နာဟာထူးဆန္းစြာေပ်ာက္ကြယ္သြားပါ ေတာ့တယ္။ ေပ်ာက္ကြယ္တယ္ဆိုတာ

ေျပးထြက္သြားၿပီး မျမင္ရေတာ့တာပါပဲ”
“ကဲ-ကိုယ္ေတာ္လည္းပုတီးဆက္
စိပ္လိုက္ဦး”ကြၽႏ္ုပ္လည္း သတိရ၍ မ်က္စိဖြင့္
ၾကည့္ေသာအခါ ေယာဂီဝတ္ပုဂၢိဳလ္မွာ
ေပ်ာက္ကြယ္သြားေလ၏။ကြၽႏ္ုပ္လည္း
ဆရာေတာ္ စိပ္ခိုင္းေသာ သရဏဂုံသုံး
ပါး၊ အျပန္အလွန္ အႏုလုံ ပဋိလုံစိပ္ၿပီး
ေမတၱာပို႔ကာ အိပ္ရာဝင္လိုက္သည္။
ညဘက္အိပ္ေပ်ာ္သြားၿပီးမၾကာခင္အိပ္
မက္ထဲတြင္ ေယာဂီဝတ္ပုဂၢိဳလ္ေပၚလာ
သည္။ ဗားမဲ့သိဒၶိရွင္အေၾကာင္း ဆက္
ေျပာျပသည္။နံနက္အိပ္ရာထေသာအခါ
ေမ့မသြားေအာင္မွတ္စုစာအုပ္တြင္ေရး
မွတ္လိုက္သည္။ သို႔ေသာ္ အေၾကာင္း
အရာမွ မျပည့္စုံ ေသးေပ။ ညဘက္
ေရာက္ေသာအခါ ဗားမဲ့သိဒၶိရွင္ဂူသို႔ သြား၍ “ဗုဒၶသရဏံ ဂစာၦမိ၊ ဓမၼံသရဏံ ဂစာၦမိ၊ သံဃံသရဏံ ဂစာၦမိ ပုတီးစိပ္ၿပီး
ေသာအရ“အရဟံသိဒၶိ” (၂၇) ပတ္စိပ္ သည္။ေယာဂီဝတ္ပုဂၢိဳလ္ထပ္မံေရာက္
လာသည္။ ယခင္ေန႔ညဥ့္နံနက္ေျပာၿပီး
တာကို ဆက္ေျပာတာ နားေထာင္ရသည္။

“ရွင္နႏၵသာရသည္ မိေက်ာင္းႀကီး
ခ်ီလာေသာေၾကးနီးပုရပိုက္ကို သကၤန္း
ကိုယ္႐ုံမွာ ဝွက္၍ ေလးထပ္ေက်ာင္းသို႔
ျပန္လာတယ္။ ေက်ာင္းေရာက္တဲ့အခါ
ေၾကးနီပုရပိုက္ ေရွးေဟာင္းပစၥည္းတြင္
ပါဝင္တဲ့ စာမ်ား၊ စမမ်ား၊ အင္း၊ ဂါထာ
မႏၲန္မ်ား၊ေလာကီထြက္ရပ္ပညာမ်ားကို
အာ႐ုံစူးစိုက္ၾကည့္ရႈေနပါေတာ့တယ္။
အဲဒီေန႔ည အခ်ိန္ယူကာ ၾကည့္ေန
ေသာ္လည္းမိမိဉာဏ္ႏွင့္မမီခက္ခဲေသာ ပညာရပ္မ်ားက ပို၍မ်ားေနပါေတာ့
တယ္။
တစ္ညမွာ ဗားမဲ့သိဒၶိရွင္ ျဖစ္လာ
မယ့္ရွင္နႏၵသာရရဟန္းပ်ိဳဟာေလးထပ္ ေက်ာင္းဝင္းအတြင္းရွိ အင္ၾကင္းပင္ ေအာက္ ေဆာက္လုပ္ထားတဲ့ ဝါး
ေက်ာင္းငယ္မွာ မိမိ ပုံမွန္အားထုတ္ေန
က်ျဖစ္တဲ့ “ဗုဒၶါႏုႆတိ” ကမၼ႒ာန္းကို
ပြားမ်ားအားထုတ္ေတာ္မူ ေနတယ္။
“ဘုရားဂုဏ္ေတာ္ တစ္ခုပြားမ်ား တာလည္း ဗုဒၶႏုႆတိပဲလား – အဘ”
“ဟုတ္ပါတယ္ – အရဟံဂုဏ္ေတာ္
တစ္ခုနဲ႔ ခရီးေရာက္ေပါက္ႏိုင္ပါတယ္”
“အဲဒီလို တရားပြားမ်ားအားထုတ္ ေနတုန္း ဒကာတစ္ေယာက္ ဝင္ေရာက္

ရွိခိုးလာတယ္။ လူမေတြ႕ခင္ကပဲ ေမႊး ႀကိဳင္တဲ့ရနံ႔ရတယ္” “ဘယ္သူလဲ”
“တပည့္ေတာ္ ဝိဇၨာဓိုရ္ေယာက္်ား
ပါ- ဘုရား”
“နာမည္ ဘယ္လိုေခၚလဲ” “မဟာသိဒၶိလို႔ေခၚပါတယ္” “ဘယ္အေၾကာင္းနဲ႔ ေရာက္လာ
တာလဲ”
“တပည့္ေတာ္ေနတာကေတာ့ထူး ဆန္းအံ့ဩဖြယ္ေကာင္းေအာင္ တန္ခိုး သတၱိရွိတဲ့ ေဆးပင္မ်ားေပါက္ရာ သီရိ ႐ုကၡမည္ေသာေတာင္မွာ ေနပါတယ္။ ထိုေတာင္ရဲ႕အနီးမွာႀကီးမားတဲ့ဂႏၶမာဒန ေတာင္ ရွိပါတယ္” “ဆက္ေျပာပါဦး” “ထိုေတာင္မွာေ႐ႊဂူ၊ေငြဂူ၊ သလင္း
ဂူစသည္တို႔လည္းရွိတယ္။ အဲဒီအနီးမွာ
အေနာတတ္ေရအိုင္ရွိတယ္။ ထိုေရအိုင္
ဟာ ဥတုသုံးပါးစလုံး ေနေရာင္မထိုးပါ
ဘုရား။ အဲဒီေရအိုင္မွာတန္ခိုးႀကီးေသာ
နဂါး၊ ဂဠဳန္မွစ၍ ဝိဇၨာဓိုရ္ ေယာက္်ားမ်ား ႏွင့္အခ်ိဳ႕နတ္ေဒဝီမ်ား၊ နဂါးမမ်ားေရသုံး သပ္ေပ်ာ္ပါးၾကပါတယ္”

“ဒါနဲ႔ဒကာေတာ္တို႔ဘယ္လိုအစား ေတြစားၾကလဲဆိုတာေျပာျပေပးပါဦး”
တပည့္ေတာ္မ်ားမွာအစာအာဟာရ
စားလိုေသာအခါ ဇမၺဴ့သေျပသီးနဲ႔ အတၱႏၲရ မည္ေသာ သရက္သီးမ်ားကို သာ စားသုံးၾကပါတယ္။ ထိုအသီးမ်ား
ဟာ အိုးစရည္းခန႔္ေလာက္ႀကီးမားၿပီး
အနံ႔အရသာမ်ားမွာလည္း လြန္စြာ
ေကာင္းမြန္လွပါတယ္။ ထိုအသီးမ်ားကို
စားရလို႔ တပည့္ေတာ္ရဲ႕ကိုယ္နံ႔မ်ား
လည္း ေမႊးႀကိဳင္ပါတယ္။ အလြန္ေပါ
ေသာ ကိုယ္လည္း ရွိပါတယ္”ဟု
ေလွ်ာက္ထားေလ၏။
ဗားမဲ့အရွင္မွ“သူတစ္ပါးအသက္ မစားတာေကာင္းလွေပတယ္။ သက္ သတ္လြတ္စားတာ သုေမဓာ ဘုရားေလာင္းက်င့္စဥ္ပါပဲ”
ဆက္လက္၍ ဗားမဲ့အရွင္မွ“ဒါနဲ႔ – ဒီအရပ္ကို အဘယ္အေၾကာင္းေၾကာင့္ ျဖင့္လာဘိသနည္း”ဟုေမးျမန္းေတာ္မူရာ …
“အရွင္ဘုရားနဲ႔ တပည့္ေတာ္ဟာ လြန္ခဲ့တဲ့ ဘဝက ညီအစ္ကိုရင္းျဖစ္ခဲ့ဖူး လို႔ေ႐ႊေပလႊာကိုလာလႉတာပါ။ဤစာပါ

ပညာရပ္မ်ားကို လိုက္စားေတာ္မူပါက အလို ေတာ္ရွိသမွ် ျပည့္ဝစုံလင္ေတာ္
မူပါလိမ္မယ္”
ထိုအခါ ဗားမဲ့သိဒၶိရွင္မွ မိေက်ာင္း
ပါးစပ္မွရေသာ ေၾကးနီပုရပိုက္ကိုျပ၍
မသိေသာအရာမ်ားကို ေမးျမန္းရာ …
“တပည့္ေတာ္မွာ အရွင္ဘုရားအား
သင္ၾကားပို႔အခ်ိန္မရႏိုင္ပါ။ ပုပၸါးေတာင္
ရဲ႕အေရွ႕ဘက္တြင္ ေက်ာက္ဂူရွိပါတယ္။
ထိုေက်ာက္ဂူတြင္ေနေသာအင္း၊ ဘီလူး
ထံ ႂကြသြား၍ အမဲသားအတုံးငယ္
ကေလးေတြယူၿပီးရင္အင္းဘီလူး – သင္
အမဲသားစား မလားဟု ေမးပါ။ စားမယ္
လို႔ေျပာပါလိမ့္မယ္။စားခ်င္ရင္ ပါးစပ္ဟ
ဟုဆိုရင္ ဟပါလိမ့္မယ္”
“ဘယ္လိုေကြၽးရမွာလဲ” “ခပ္လွမ္းလွမ္းမွေန၍အမဲသားကို
ပစ္၍ေပးပါ။ ဘီလူးပါးစပ္တြင္းသို႔ေရာက္
လို႔စားေနတဲ့အခါအလိုေတာ္ရွိသမွ်ေမး
ပါ။ေျပာပါလိမ့္မယ္။ေနာက္ဆုံးအမဲသား
တုံးႀကီးႀကီးကို ေပးထားခဲ့ၿပီးရင္ အျမန္
ျပန္ႂကြေတာ္မူပါ”ဟုေလွ်ာက္ထားေလ၏။
ထိုအခါ ရဟန္းေတာ္က ေက်းဇူး တင္ေၾကာင္းေျပာၿပီးလွ်င္ ဆက္၍ မိန႔္

ေတာ္မူျပန္သည္မွာလြန္ခဲ့ေသာဘဝက
ညီအစ္ကိုေတာ္သည္ဆိုရာမွာ ၾကာျမင့္
လွေလၿပီ။ အခုမွ လာေရာက္ေထာက္ပံ့
သည္မွာေမ့ေလ်ာ့၍ေနဟန္ရွိတယ္”ဟု
မိန႔္ေတာ္မူရာဝိဇၨာဓိုရ္ေယာက္်ားကျပန္
ၾကားေလွ်ာက္ထားသည္မွာ“ေမ့ေလ်ာ့
ေနတာမဟုတ္ပါ။ဤလူ႔ေနရာသို႔လာရ
ျခင္းမွာ လြန္စြာဝန္ေလးလွပါတယ္။
ဘုန္းကံႀကီးမားေသာ သူမ်ားထံသို႔ ျဖစ္
ေစ၊ သီလသမာဓိ စေသာ ဂုဏ္ရွိသူမ်ား
ထံသို႔ ျဖစ္ေစ၊ ဤလို ပုဂၢိဳလ္မ်ားထံသို႔ သာ လာလိုေရာက္လိုေသာ စိတ္ရွိပါ တယ္။ အရွင္ဘုရားမွာယခုကဲ့သို႔ သီလ
သိကၡာစင္ၾကယ္စြာေနျခင္းေၾကာင့္သာ
လာလို ေရာက္လိုေသာ စိတ္အတိုင္း
လာေရာက္ရပါတယ္ဘုရား”ဟုအလုံးစုံ ကိုေလွ်ာက္ထားႏႈတ္ဆက္၍ဆင္းသက္
ျပန္သြားေလ၏။

အင္းဘီလူးထံသြားျခင္း
ထို႔ေနာက္ နႏၵသာရ ဗားမဲ့သိဒၶိရွင္
၏ တပည့္ရွင္မုန္ယိုဆိုသူ သာမေဏ

တစ္ပါးႏွင့္ ပုပၸါးေတာင္သို႔ သြားေရာက္
ၾက၍ဝိဇၨာဓိုရ္ေယာက္်ားေျပာၾကားသြား
သည့္အတိုင္းေဆာင္႐ြက္ၾကရာမၾကာမီ
ပင္ လိုအင္ဆႏၵ ျပည့္ဝစုံလင္ေတာ္မူခဲ့
ေလ၏။ ပုပၸါးေတာင္မွ ဟံသာဝတီၿမိဳ႕သို႔
ျပန္ေရာက္ၾကၿပီးလွ်င္ ဗားမဲ့ သိဒၶိရွင္
သည္အရပ္ရပ္ေသာေလာကီပညာရပ္
မ်ားကို လိုက္စားေတာ္မူေလ၏။ ေန
ေၾကာက္အင္း၊ လေၾကာက္အင္း၊ သံ
ေပါက္အင္းစသည္တို႔ကိုလည္းစမ္းသပ္
ေတာ္မူ၏။ ကာယသိဒၶိ၊ ဓနသိဒၶိ စေသာ
လမ္းမ်ားကိုလည္း ႀကိဳးပမ္းေတာ္မူ၏။
ရွိမ္းဆာယာအတတ္၊သက္ေျပာင္းကိုယ္
ခြာ အတတ္မွစ၍ အရပ္ရပ္ေသာ
ေလာကီဘက္ဆိုင္ရာ အတတ္မ်ားကို
လည္း ထေျမာက္ ေအာင္ျမင္ေတာ္မူ ေၾကာင္း အလြန္ေက်ာ္ၾကားေတာ္မူ
သည္။
ဗားမဲ့သိဒၶိရွင္မွ မည္သည့္အစီ အရင္ကို ေဆာင္႐ြက္သည္ျဖစ္ေစ၊ ေအာက္ပါ ဂါထာကို အနည္းဆုံး ခုနစ္ အုပ္မန္း၍စီရင္ေလဟုမိန႔္ဆိုခဲ့ေလ၏။ သု- နကၡတၱံ သုမဂၤလံ၊
သု – ပဘာတံ သုဟု႒ိတံ၊
သု-ခာသု – မုဟုေတၱာစ၊
သု – ယိ႒ိ ျဗဟၼစာရီသု။
ပုဗၺဏွသုတ္အပိုဒ္ (၁၇)တြင္ ပါ ေသာ ပါဠ္ျဖစ္သည္။ အနက္ကို ရွာေဖြ ဖတ္ပါ။ အင္း၊စမစီရင္ေသာအခါအထူး အသုံးဝင္သည္။ (စာေရးသူ) ဘာပဲလုပ္လုပ္ေကာင္းေသာဆႏၵ၊ ေကာင္းေသာဝီရိယ၊ ေကာင္းေသာ
အသိဉာဏ္ဆိုတဲ့တရားသုံးပါးနဲ႔ ျပည့္စုံ
ေစရမယ္။ “သတၱဝါေတြေပၚမွာ ေမတၱာ
ဓာတ္ေစလႊတ္ၿပီးလႈံ႕ေဆာ္ၾကရမယ္”ဟု
တပည့္ေတြကို မွာၾကားေလ့ရွိ၏။ ဗားမဲ့
သိဒၶိရွင္ ေလာကီပညာရပ္မ်ားကိုသာ
လိုက္စားေတာ္မူေၾကာင္း။ ငါးဆူ
ဒါယကာမင္းတရားႀကီး ၾကားသိေတာ္
မူလွ်င္ ရဟန္းေတာ္တို႔၏ က်င့္ဝတ္
သိကၡာႏွင့္မညီ”ဟုဆို၍ေညာင္ရမ္းၿမိဳ႕
သို႔ ပို႔ေလ၏။
သကၠရာဇ္ – ၉၅၅ခုႏွစ္၌ေညာင္ရမ္း ၿမိဳ႕သို႔ ေရာက္လွ်င္ မင္းရဲနႏၵမိတ္ အမည္ ရွိေညာင္ရမ္းမင္းလည္းရဟန္းေတာ္နႏၵ
သာရ၏ ေထ႐ုပၸတၱိ ႏွင့္ ပညာမ်ားကို စုံစမ္းသိရွိေတာ္မူေလလွ်င္ အားရေတာ္
မူလွ၍“နႏၵသာရကဝိဓဇ” ဟူေသာ ဘြဲ႕
တံဆိပ္ေတာ္ကို လႉဒါန္း၍ ေက်ာင္း ေဆာက္ကိုးကြယ္ေတာ္မူ၏။ ဗားမဲ့သိဒၶိ ရွင္ဟု ထင္ရွားေတာ္မူခဲ့ေလ၏။ ဗားမဲ့သိဒၶိရွင္သည္ ဘုရင့္ေနာင္ (ေခၚ) ဟံသာဝတီ ဆင္ျဖဴရွင္မင္းတရား ႀကီး၏ သားေတာ္ ေမာင္သစၥာအား
ေလာကီပညာမႏၲန္ အစီအရင္မ်ားကို
သင္ၾကားေပးေတာ္မူသည္။ ထိုဂါထာ မႏၲန္မ်ားအနက္ ေအာင္ျခင္းရွစ္ပါး အခ်ဳပ္ ႏွစ္ဂါထာလည္းပါဝင္သည္။ “ေမာင္သစၥာ ဒီႏွစ္ဂါထာကို ေန႔ည မျပတ္႐ြတ္ေပေတာ့- ယုံယုံၾကည္ၾကည္
႐ြတ္ေနာ္။ တစ္ေန႔က်ရင္ မင္းအျဖစ္ ေရာက္ရွိမွာ ေသခ်ာတယ္” ထိုဂါထာႏွစ္ပုဒ္မွာ …. (၁) မာရီယကၡဂဇံေစာရံ၊ စိၪၥမာနၪၥ သစၥကံ၊ နာဂံဗကံဇိနိဇိေနာ ေဟာတု ေမ ဇယ်မဂၤလံ၊ (၂) မာရံအာဠဝကံဟတၳိ၊
အဂၤုလိမာလ စိၪၥမာ ကုႏၲနာဂရာဇၪၥ (ကုဒန္တံ) ဗကံအဇိနိ ေတဇသာ။
ေညာင္ရမ္းမင္းတရားႀကီးအားမင္း
အျဖစ္သို႔ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့
ေသာ ေအာင္ျခင္းရွစ္ပါး အခ်ဳပ္မႏၲန္ဟု
ထင္ရွားပါသည္။
ဗားမဲ့သိဒၶိအရွင္သည္ ဂါထာကို
အနက္ႏွင့္တကြ သင္ၾကားေပးေလ၏။
ေမာင္သစၥာလည္း ယုံယုံၾကည္ၾကည္
ေန႔စဥ္႐ြတ္ဆိုရာ သကၠရာဇ္ – ၉၅၉
ခုႏွစ္တြင္ မင္းအျဖစ္သို႔ ေရာက္ရွိကာ
အင္းဝျပည္ႀကီးကိုလည္းအသစ္တစ္ဖန္
ျပန္လည္တည္ေထာင္ေတာ္မူႏိုင္ခဲ့ေလ
၏။ ေညာင္ရမ္းမင္းတရားႀကီး ဟူေသာ
အမည္ျဖင့္လည္း ျမန္မာႏိုင္ငံသမိုင္း၌
ထင္ရွားခဲ့သည္။ ထိုေအာင္ျခင္းရွစ္ပါး
ဂါထာကို ေန႔စဥ္႐ြတ္ဆိုပါက အၿပိဳင္
အဆိုင္ အတိုက္အခံ ေအာင္ျမင္ေစၿပီး ႀကံစည္သမွ်ေအာင္ျမင္ေစပါသည္။ ဗားမဲ့သိဒၶိအရွင္သည္ ဟံသာဝတီ ေခတ္၊ အင္းဝေခတ္၊ ပုဂံေခတ္ စသည္ ေခတ္အဆက္ဆက္အသြင္အမ်ိဳးမ်ိဳးျဖင့္ အမ်ိဳးဘာသာ သာသနာကို ေစာင့္
ေရွာက္ေတာ္မူခဲ့ရပါသည္။
ကြၽႏ္ုပ္သည္ ဇင္းက်ိဳက္ေတာင္ႏွင့္
ဗားမဲ့ကုန္းတြင္ အဓိ႒ာန္ဝင္ပုတီးစိပ္ရင္း
ေယာဂီဝတ္ပုဂၢိဳလ္ လာေရာက္ေျပာဆို ေသာ ဗားမဲ့သိဒၶိရွင္အေၾကာင္းကို နား
ေထာင္ရင္း ပတ္ဝန္းက်င္ကို သတိလစ္
သြားပါသည္။ ကြၽႏ္ုပ္ကိုယ္တိုင္ ေတာ
ေတာင္ႀကီးတစ္ခုသို႔ ေရာက္ရွိသြားၿပီး
လူတစ္ေယာက္ဝင္စာ လိုဏ္ဂူအတြင္း
ေရာက္ရွိသြားခဲ့ပါ သည္။ သတိရ၍
ၾကည့္လိုက္ေသာအခါ ဗားမဲ့ကုန္းေတာ္
ေပၚရွိဗားမဲ့သိဒၶိရွင္ဂူထဲမွာပင္တရားထိုင္
ေနသည့္ ပုံစံျဖစ္ၿပီး ပုတီးမွာ လည္ပင္း
တြင္ စြပ္လ်က္ တည္ရွိေနပါသည္။
ထို႔ေနာက္ ဗားမဲ့သိဒၶိရွင္ႏွင့္ အဘိုး
ကေလးဝေတာ္အား ဖူးေျမာ္ကန္ေတာ့
ၿပီးမိမိနားေနရာအေဆာင္သို႔ျပန္လာပါ
သည္။ ေခတၱအနားယူၿပီး မိမိမွတ္စု စာ
အုပ္တြင္ ေန႔စြဲႏွင့္တကြ ဗားမဲ့သိဒၶိရွင္
အေၾကာင္း ေရးမွတ္လိုက္ပါသည္။ ည
ေနဘက္တြင္ ေက်ာင္းထိုင္ဆရာေတာ္
ဘုရားႀကီးအား ဗားမဲ့သိဒၶိရွင္ႏွင့္ ပတ္
သက္၍ေမးျမန္းေလွ်ာက္ထားသည္။
ဆရာေတာ္မွဗားမဲ့ဗားတေမာ့သိဒၶိက်မ္း
မ်ား၊ မဟာသိဒၶိက်မ္းပိုင္းႀကီးစသည္တို႔ ကို ေလ့လာရန္ ၫႊန္ၾကားေပးပါသည္။ ထို႔ေနာက္ “ဣစာၦသယ ပုဏၰကအင္း” တစ္ခုေပးလိုက္သည္။
အင္းဆံဂါထာကား“ပုဏၰေကာဟံ
ယကၡရာဇာ” အလယ္မွာ လိုသူ၊ ေဆာင္
သူ၏ေမြးနံထည့္။ တနဂၤေႏြသား သမီး
ဆိုပါက“၁ေရး၊ တနလၤာဆိုပါက ၂ေရး
စသည္ျဖင့္ေရးပါ။ အဟံ – ငါသည္၊ပုဏၰ
ေကာ- ပုဏၰကမည္ေသာ ယကၡရာဇာ
ဘီလူးမင္းတည္း။
ဤအင္းကို ေ႐ႊျပား၊ ေငြျပား၊ ေၾကး ျပားတြင္ေရး၍ အင္းဆံဂါထာ တစ္ ေထာင္စုပ္၍ေဆာင္၊ ရန္ဟူသမွ် ေျပ ေပ်ာက္၏။ အဟန႔္အတားေကာင္းလွ
၏။ အၿပိဳင္အဆိုင္ အႏိုင္အရႈံးဟူသမွ်၌
ေရေကာင္းေရသန႔္တြင္ စိမ္ၿပီးလွ်င္
အထက္အင္းဆံဂါထာႏွင့္ (၇)အုပ္စုပ္။
၎ေရကို မ်က္ႏွာလိမ္း၍ ေသာက္ၿပီး လွ်င္ စိတ္ကို တင္းတင္းထားရမည္။
အလုံးစုံၿပီးစီး၏။ ပီယကိုလိုေသာ္အေမႊး
နံ႔သာေရႏွင့္ ၎အတိုင္း စီရင္ၾကေလ။
စကၠဴေခ်ာတြင္ေရးၿပီး ပလတ္စတစ္
ေလာင္းေဆာင္ထားပါ။ အေမႊးနံ႔သာ
ဆြတ္ၿပီးအိတ္ထဲထည့္ေဆာင္ပါ။ စီးပြား
ေရးႏွင့္ စပ္လ်ဥ္းေသာ အၿပိဳင္အဆိုင္၊
အႏိုင္အရႈံးမ်ား အထူးေကာင္းသည္။
တ႐ုတ္စကားအသားကို အသားတင္
အေၾကာျပတ္ေအာင္ အင္းခ်ေဆာင္ပါ။
အႀကံအစည္ဟူသမွ် ေအာင္ျမင္သည္။
ကြၽႏ္ုပ္သည္ အခက္အခဲ၊ အၿပိဳင္
အဆိုင္ ႀကံတိုင္း အင္းဆံဂါထာ (၇)
ေခါက္႐ြတ္ဆိုၿပီးေဆာင္သြားရာအဆင္ ေျပေအာင္ျမင္သြားပါသည္။ ဗားမဲ့သိဒၶိ
ရွင္ ေက်းဇူးကား ဂမၻီရေလာကတြင္
အထူးေကာင္းက်ိဳးျပဳလ်က္ရွိေနပါေတာ့
သည္။
ဂမၻီရဆရာလွမ်ိဳး (B.Sc)