Unicode Version
ဘဝဇာတ်ဆရာ အလိုကျ(စ/ဆုံး)
—————————————-
“ကဲ ဝင်းရီ နင် ငိုနေလို့ပြီးမှာလားအေ။ ငိုမနေနဲ့တော့ နင့်အမေ ငါတစ်ယောက်လုံးရှိပါသေးတယ်အေ။ ခြေကောင်း၊လက်ကောင်းနေသရွေ့ ထမင်း မငတ်ပါဘူးအေ”
တရှုံ့ရှုံ့နဲ့ ငိုကြွေးနေသော သမီးဖြစ်သူကို အားပေးစကားပြောရင်း ဒေါ်အုန်းရင် တစ်ယောက် ရှေ့ဆက်ရမယ့် အနာဂါတ်အတွက် တွေးနေ မိသည်။
“မငိုလို့ရမလား အမေရယ်။ သည်ကလေးသုံးယောက်နဲ့ ကျွန်မ ဘယ်လို ရှေ့ဆက်မလဲ။ အမေလည်း ဒုက္ခရောက်မှာပေါ့အမေရာ။ ခွေး တိရစ္ဆာန်ကောင် လုပ်ရက်တယ်”
“ဟဲ့ နင်တို့ကို မခင်တွယ်လို့ နောက်မိန်းမယူသွားတာ။နင်က လွမ်းနေတာလား ဝင်းရီ။ မာနရှိစမ်းပါအေ။ ဘာလည်း ညည်းက မျက်ရည်ခံထိုးပြီး ညည်းလင်ကို ပြန်ပေါင်းမို့လား။ ငါတယ်လေ မပြောလိုက်ချင်ဘူး”
“ဟာ အမေက လည်း ကျူပ်တို့က ချစ်လို့ ယူထားကြတာလေ။ ကလေး သုံးယောက်တောင် ရနေပြီ။ခုလို သူလုပ် သွားတော့ ခံစားရတာပေါ့လို့”
“တော်စမ်းပါအေ။ ညည်းနဲ့ငါ နှစ်ယောက်ပေါင်း အလုပ်လုပ်နေရင် ။ငါ့မြေးသုံးယောက် ထမင်းငတ်စရာလား။ ပြန်ပေါင်းဖို့တော့ မစဉ်းစားနဲ့နော်။ အဲ့ဒီ့ကောင် မျက်ခွက် ငါမမြင်ချင်ဘူး။ ငါ့မြေးတွေ မျက်နှာမထောက် ခွေးလိုကောင်”
“ဟာ အမေကလည်း ။ကိုမောင်က အနေအေးပါတယ်။ ကောင်မတွေကိုယ်တိုင်က အနေထိုင်မတတ်လို့ ဖြစ်ရတာ”
“အမလေးအေ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ညည်းလင် မပါပဲ သည်လိုဖြစ်လာစရာလား။ အလကား ကုတ်ကမြင်းကောင်”
“ဟာ အမေလလည်း သမီခေါင်းတွေရှုပ်လို့ ဘာမှ မကြားချင်တော့ဘူး”
“ကောင်မ လင်ထိရင် ဆတ်ဆတ်ခါနာနေ။တော်တော် မက်မောစရာကောင်းတာကိုး ဟွန်း”
လင်ဖြစ်သူကို အပြစ်တင်နေ၍ အမေ့ကို ကျောခိုင်းလို့ ဝင်းရီတစ်ယောက် အိပ်ခန်းထဲ ဝင်သွားတော့သည်။ ဒေါအုန်းရင် တစ်ယောက် မြည်တွန်ပြောဆိုရင်း ကျန်ရစ်ခဲ့သည်။
(၂)
ဆန်ရွေးနေရင်း ဒေါ်အုန်းရင်တစ်ယောက် သက်ပြင်းချမိသည်။ ဖတဆိုးလေးမို့ အလိုလိုက်ထားခဲ့တာ။ခုတော့ ဝင်းရီကို အများက ပြောနေကြပြီ။လင်ပစ်မတဲ့။ အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ကျသည်။ ပညာရေးလည်း မထွန်းပေါက်။ ရှစ်တန်း နှစ်ခါကျ။ ခုတော့ ကလေးသုံးယောက်ရပြီးနေမှ လင်ဖြစ်သူက နောက်မိန်းမယူသွား၍ ဒုက္ခရောက်မှ အမေ့အိမ်လာတဲ့ကောင်မ။ မြေးအကြီးဆုံးမလေးတောင် ဆယ့်သုံးနှစ်ထဲရောက်ပြီ။ အလတ်ကောင်က ဆယ်နှစ် ။အငယ်လေးက ငါးနှစ်မို့ သနားစရာကောင်းလှသည်။
အသက် ဆယ့်ခွန်လောက်နဲ့ အိမ်ထောင်ကျခဲ့တော့ ။သမီးဝင်းရီအသက်က ခုမှ သုံးဆယ်။ ကလေး သုံးယောက် အမေပေမယ့် လှတုန်းပတုန်းမို့ အချောင်ရချင်သူတွေက အများသား။ အနေအထိုင် ဆင်ခြင်ဖို့လည်း အမြဲဆုံးမသည်။ ပတ်ဝန်းကျင် ပြောစရာဖြစ်အောင်မနေဖို့ အမြဲပြောရသည်။ ခု အမေ့အိမ်ရောက်လာတာ ငါးလပြည့်တော့မည်။ လင်ဖြစ်သူကို တမ်းတနေ၍ ကြည့်မတော့။ ဂျင်းစိမ်းနဲ့မိတ်သလင် သူကျင်မှ ကိုယ်ကျင်ပေါ့။ ခုတော့ လင်လွမ်းနာကျနေတာနဲ့ အိမ်မှာ ဘာမှအားမကိုးရ။ လမ်းထိပ်လေးမှာ မနက် (၅)နာရီကနေ ညနေ(၃)နာရီထိ အကြော်ရောင်းလာတာ ဝင်းရီတစ်သက်ရှိပြီ။ ဖောက်သည်လည်း အတော်ရနေပြီမို့ မပြည့်စုံတောင် မိသားစု စားဝတ်နေရေးပြည့်လည်သည်။ အကြော်ရောင်း မြေးမလေး ကူနေလို့အဆင်ပြေသည်။ အလတ်ကောင်လေးကလည်း အားကိုးရသည်။ အသုံးမကျတဲ့ သမီးဖြစ်သူကိုသာ စိတ်တိုမိသည်။
ခုလည်း တခြားရပ်ကွက်က ကုန်သည်ယောင်ယောင်၊ပွဲစားယောင်ယောင် ကောင်နဲ့ ဘာလိုလို သတင်းထွက်နေ၍ ဆုံးမနေရသည်။ ပေါ့ပေါ့နေ ပေါ့ပေါ့စား နေတတ်တဲ့ သမီးဖြစ်သူကို ကြည့်၍ စိတ်တိုင်းမကျ။
“ဟဲ့ ဝင်းရီ နင် အနေအထိုင်ဆင်ခြင်နော်။ ငါ့ကို ပြောသမားများနေပြီ။ နင့်မှာ သမီးပျိုလေးလည်းရှိတယ်။ အများပြောစရာ ဖြစ်အောင် မနေပါနဲ့အေ”
“ဟာ အမေကလည်း သူများပြောတိုင်းယုံနေ။ သမီးက ရိုးရိုးသားသားခင်တာပါ။”
“ဟဲ့ ရိုးလည်း နင်နေတတ်ဖို့လိုတာလေ။လင်ကို လွမ်းနာကျတုန်းကလည် ဘာမှအားမကိုးရ။ ခုတော့လည်း အပြင်ပဲထွက်နေတာ ။နင် ဘာ အားကိုးရလည်း။ငါ့မြေးတွေ ကျောင်းက အပြန်။သွားမသွားခင် ကူကြလို့ တော်သေး။ နင်လိုကောင်မ ဆန်ကုန်မြေလေးပဲ။ အလကားကောင်မ”
“ဟာ ဒါကြောင့် အိမ်မှာ မနေချင်တာ။ သိပ်စိတ်ပျက်တာပဲ။ဝင်းရီ အကြော်မရောင်းချင်ပါဘူး။ ”
“ဟဲ့ အကြော်သည်မ သမီး အကြော်ရောင်းတာ ဘာဆန်းလည်း။ နင်ခုလို အလေလိုက်နေတာက ဆန်းတာဟဲ့ ။ကောင်မရဲ့”
အမြဲတမ်းပြောဆို ဆုံးမပေမယ့် နာမခံတဲ့ သမီးကြောင့် ဒေါ်အုန်းရင် မောပြီးကျန်ခဲ့တာပဲ အဖတ်တင်သည်။ သမီးဖြစ်သူကတော့ နေမြဲအတိုင်းနေတော့သည်။
(၃)
“ကြည့်စမ်း ကောင်မ ။ကလေးတွေ မသနားအေ။ လုပ်ရက်လိုက်ကြတာ”
မျက်ရည်တွေကြားက ဝမ်းနည်းလွန်း၍ မြေးသုံးယောက်ကို ဖက်၍ ဒေါ်အုန်းရင် သမီးဖြစ်သူကို ကျိန်ဆဲနေမိသည်။ ကလေးသုံးယောက်ကို အမေ အိုကြီးနား ထားခဲ့ကာ ယော်ကျားနောက် ကောက်ကောက်ပါအောင် လိုက်သွားလေပြီ။ အသက်ခြောက်ဆယ်ကျော် အမေအိုကြီးနဲ့ လူမမယ် ကလေး သုံးယောက်ကို မသနား။ လင်ရော။မယားရော လူစိတ်မရှိကြတာ။ရင်နာစရာကောင်းလှသည်။ မြေးသုံးယောက်ကို ကြည့်၍ သနားလွန်း၍ မျက်ရည်တွေက တားဆီးမရနိုင်တော့ပေ။
ငိုနေလို့မပြီး။ ရှေ့ဆက်ရုန်းကန်ရအုံးမှာမို့ သည် အရွယ်အိုမကြီး အားလျှော့လို့ မဖြစ်ပေ။ ကြုံလာတဲ့ လောကဓံကို အရှုံးမပေးပဲ ပြေးတွေ့ရင်ဆိုင်ရမယ်လို့ ဆုံးဖြတ်လိုက်မိသည်။
“ငိုမနေနဲ့ ငါ့မြေးတွေ။ မြေးတိုရှေ့မှာ အဖွားရှိတယ်။ ဘာမှ အားမငယ်နဲ့။ အဖွား မသေသေးသရွေ့ ငါ့မြေးတွေ မငတ်စေရဘူး။ဒုက္ခမရောက်စေရဘူး။အဖွားကို ယုံ ကြားလား”
ဝမ်းနည်းမှုတွေကို မေ့ပျောက်လို့ မြေးလေးတွေရှေ့မှာ မားမားရပ် ရင်ကို ကော့လို့ လောကကြီးကို ရင်ဆိုင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ကံကြမ္မာ ဖန်လာပြီမို့ အပြစ်တင်နေလို့ ဘာမှ မထူး။ မြေးသုံးယောက် အနာဂါတ်အတွက် ပဲ အကောင်းဆုံး လုပ်ပေးရမယ်လို့ တွေးရင်း အပူမီးကို ဖြေဖျောက်လိုက်သည်။
“အဖွား မြေးကျောင်းထွက်လိုက်တော့မယ်။ဒါမှ အဖွားကို ကူနိုင်မှာလေ။ သမီး ရှစ်တန်းဆိုတော်ပါပြီ။ မောင်လေး နှစ်ယောက်ကို ပဲ ပညာတတ်ကြီးဖြစ်အောင် ထားပေးမယ်နော် အဖွား”
“မလုပ်ပါနဲ့ မြေးရယ်။ ပညာလေးတော့ ဆုံးခန်းတိုင်အောင်နေပါကွယ်။ အဖွားလုပ်နိုင်ပါတယ်။ ကျောင်းကအပြန် မြေးတို့ ကူနေတာပဲ။ နွေ ကျောင်းပိတ်ဆိုလည်း ငါ့မြေးတွေ မနားရပါဘူးကွယ်”
“အဖွား ပင်ပန်းလို့ပါ အဖွားရယ်”
မြေးကြီး စကားကြောင့် ဒေါ်အုန်းရင် ပြုံးလိုက်မိသည်။ အမေဖြစ်သူနဲ့ စိတ်ဓါတ်ခြင်း လုံးဝ ကွာခြားလှတဲ့ မြေးသုံးယောက်မို့ စိတ်ချမ်းသာမိသည်။ အဖေနဲ အမေရဲ့ အကျင့်စရိုက်တွေ မပါလာ။ငယ်တုန်းမို့လားမသိပေမယ့် ခုမြင်နေရတာစိတ်ချမ်းသာသည်။ အမောပြေသည်။
“အဖွား မပင်ပန်းပါဘူး။မြေးမရယ်။မြေးလေးတို့သာ စာကြိုးစားကြ။ ဒါဆို အဖွားကျေနပ်ပြီ။ဟုတ်ပြီလား”
ချော့မော့ပြောဆိုပြီး ကျောင်းတက်ခိုင်းရသည်။ သူမရှိတော့တဲ့ အချိန် မြေးသုံးယောက်ကို လောကအလယ်မှာ ဝင့်ကြွားစွာ နေစေချင်သည်။ ပညာတတ်ကြီးအဖြစ် ဂုဏ်တင့်စေချင်သည်။ ဒါ ဒေါ်အုန်းရင်ရဲ့ ဆန္ဒဖြစ်သည်။
(၄)
ရာသီတွေပြောင်းခဲ့လို့ မြေးမလေးတောင် ဆယ်တန်းဖြေပြီးပြီ။ အလတ်ကောင်က ကိုးတန်းတက်ရမည်။ အငယ်ဆုံးကောင်လေးက ခြောက်တန်းရောက်ပြီ ။ အရွယ်ကျ အဖွားကြီးပေမယ့် အားမလျှော့ချင်သေး။ မြေးမကြီးနဲ့ အတူ အကြော်ဆက်၍ ရောင်းသည်။ သားသမီးသုံးယောက်ကို သံယောဇဉ် ဖြတ်သွားကြတဲ့ သမီးနဲ့ သမက်တို့ရဲ့ သတင်း ဘာမှ ကြရချေ။ နေနိုင်ရက်ကြသူများမို့ အစက စိတ်ထဲ အပြစ်တင်နေပေမယ့် ခုတော့ မေ့မေ့ပျောက်ပျောက်ပင်။ သားသမီးတွေ ကိုယ်တိုင် မမေးကြ၍ နေတတ်ကြပါလားလို့ တွေးရင်း ဒေါ်အုန်းရင် စိတ်မကောင်းဖြစ်မိသည်။ အရွယ်ငယ်သေးတဲ့ အငယ်ဆုံး မြေးလေးကို ပိုသနားမိသည်။
ကံဆိုးခြင်းက စလာခဲ့လေပြီ။ အကြော်ရောင်းတဲ့နေရာလေးက စည်ပင်နယ်မြေမလွတ်၍ ဖယ်ပေးရသည်။ အလုပ်လက်မဲ့ ဖြစ်သွားသည့်အတွက် အခြေကျဖို့ အတွက် မြေးအဖွားနှစ်ယောက် ဒုက္ခများရတော့သည်။ ကလေး သုံးယောက် ကျောင်းစားရိတ်နဲ့ စားဝတ်နေရေးအတွက်
ရုန်းကန်ခဲ့ရ၍ ငွေပိုငွေလျှံမရှိခဲ့ပေ။ ခုလို နေရာပျောက်သွားတော့ ပိုဒုက္ခရောက်ရလေပြီ။
မြေးမလေးက ရပ်ကွက်ထဲက ကလေးမတွေနဲ့အတူ ဖယောင်းထုတ်တဲ့ အလုပ်လေးရ၍ အသက်ရှုချောင်ခဲ့သည်။ မြေးအလတ်လေးက ကျောင်းထွက်မယ်ပြောပေမယ့် လက်မခံခဲ့ပေ။ ဒေါ်အုန်းရင် အိမ်မှာ အကြော်ကြော်ပြီး ရပ်ကွက်တကာလှည့်ပြီး လည်ရောင်းတော့သည်။ မြေးငယ်နှစ်ယောက်လည်း ကျောင်းအားရက် ကူရောင်းပေးချိန် ဒေါ်အုန်းရင် နားရသည်။ အစပိုင်း အဆင်မပြေပေမယ့် လည်ရောင်းရင်း အရောင်းသွက်လာသည်။ မုန့်အော်ဒါလေးများ အမှာ များလာ၍ မြေးအဖွားတွေ ပျော်နေကြတော့သည်။ မြေးမလေးဆို အလုပ်က ပြန်လာလျှင်မနားရပေ။ အိမ်မှုကိစ္စ။အကြော်အတွက် လိုအပ်တာတွေ အကုန်လုပ်ပေးရသည်မို့ပင်ပန်းလှသည်။
ပထမတစ်နှစ် ဆယ်တန်းကျ၍ ဒုတိယတစ်နှစ် အပြင်ဖြေရင်း အောင်ခဲ့တော့ အားလုံး ဝမ်းသာရသည်။ အလတ်ကောင်လေးလည်း ဆယ်တန်းမို့ အလုပ်လုပ်ကူတာ လျှော့စေ၍ စာကို ဦးစားပေးစေခဲ့သည်။ အများလို ကျူရှင်မယူ
နိုင်သူများမို့ အားတဲ့ အချိန် စာနဲ့ မျက်နှာ မခွါခဲ့ပေ။
မြေးမလေးကလည်း အားတဲ့ အချိန် သူ့မောင် နှစ်ယောက်ကို စာပြပေး၍ အဆင်ပြေခဲ့သည်။
“စိတ်ချ သား နှစ်ချင်းပေါက်စေရမယ်။ စာအားလုံးရပြီ”
ရည်မှန်းချက် ကြီးမားလှတဲ့ မြေးလတ်လေးရဲ့ စိတ်ဓါတ်လေးကြောင့် ပင်ပန်းတာတွေ ပျောက်ခဲ့သည်။
အမောပြေစေခဲ့တာဖြစ်သည်။
အဝေးသင်တက်ရင်း အလုပ်လည်း မနား။ အကြော်လည်း ကူကြော်ပေးရတဲ့ မြေးမလေး။အတန်းကြီးလာတာတောင်မှ မရှက်ပဲ ရပ်ကွက်တကာ အကြော်လှည့်ရောင်းတဲ့ မြေထီးလေးနှစ်ယောက်နဲ့ အတူ
လှပတဲ့ အနာဂါတ်ကို ဖန်တီးနေတဲ့ ဒေါ်အုန်းရင်တို့ မြေးအဖွားသုံးယောက်ကတော့ ဘဝဇာတ်ဆရာ အလိုကျ အခက်အခဲတွေကြုံရပေမယ့် အရှူံးမပေး အားတင်းရှေ့ဆက်နေကြပေပြီ။
(၅)
ခုတော့ ဒေါ်အုန်းရင်လည်း အသက် (၈၀)နီးပြီ။ မြေးမကြီးက အလယ်တန်းပြဆရာမဖြစ်လို့နေပြီ။
အလတ်ကောင်က ကုမ္မဏီဝန်ထမ်း။အငယ်ဆုံးကောင်လေးက ပုဂ္ဂလိက ဘဏ်ဝန်ထမ်း။ မြေးသုံးယောက်လုံး ရာထူးကိုယ်စီနဲ့မို့ ဒေါ်အုန်းရင် အငြိမ်းစားရနေပြီဖြစ်သည်။ တဲအိမ်လေးက နှစ်ထပ်ပျည်ထောင်၊အောက် အုတ်ခံလေးနဲ့ ခိုင်ခိုင်မာမာဖြစ်နေပြီ။ အကြီးဆုံးမြေးမကြီးကတော့ အပျိုကြီးဘဝနဲ့ အဖွားနဲ့ အတူတူနေမယ်ဆိုပြီး အိမ်ထောင်ရေးကို မစဉ်းစားသူ။ အလတ်ကောင်နဲ့ အငယ်ဆုံးလေးကတော့ ရည်မှန်းရာကိုယ်စီနဲ အဆင်ပြေတဲ့ တနေ့ ဘဝတစ်ခု ထူထောင်ကြမယ့်သူများမို့ အားလုံးအတွက် စိတ်အေးနေပြီဖြစ်သည်။
အားလုံးက လခစားဝန်ထမ်းများမို့ သူတို့ဘဝအတွက် အသက်ကြီးတဲ့အထိ ရိုးသားကြိုးစားကြလျှင် ဒုက္ခဆိုတဲ့ အရာကြီးကို တွေ့ကြုံဖို့ ခဲယဉ်းပေမည်။ စစ်စစ်စီစီနဲ့ စုဆောင်းတတ်ကြသူများမို့
အားလုံးကို စိတ်ချ ယုံကြည်မိသည်။
မိဘတွေရဲ့ ပစ်ခွါမှုကို ခံခဲ့ရပေမယ့် ဘေးရောက်မသွား ပဲ သူ့ကျေးဇူးကြောင့် လမ်းကြောင်းတွေသင့်ခဲ့သည်။ သူတို့လေးတွေကိုယ်တိုင်လည်း ဘဝနာသိတတ်သူများမို့ ဆိုဝါးလှတဲ့ ကံကြမ္မာတွေကနေ လှပတဲ့ အနာဂါတ်တွေကို ဖန်တီးနိုင်ကြပြီမို့ကိုယ့်ကံကြမ္မာ ကိုယ့်အနာဂါတ်ကို ရရှိတဲ့ အဆိုးအကောင်းကြားမှာ အကောင်းဆုံးဖန်တီးနိုင်ဖို့က ကိုယ်သာလျှင် အဓိကမို့ မီးမှောင်ထိုးပြခဲ့တာက
ဒေါ်အုန်းရင်တို့ မြေးအဖွားပင် ဖြစ်ပေတော့သည်။
ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)
၁၂.၅.၂၀၁၉
Photo.Crd
(မဖတ်ရသေးသူများ အတွက်ပါဗျ။အလုပ်သမားနေ့ဆိုတော့ အားမာန်အပြည့်နဲ့ ချီတက်တိုက်ပွဲဝင်ခဲ့ကြတဲ့ မြေးအဖွားတွေ အကြောင်းပါဗျ)
Zawgyi Version
ဘဝဇာတ္ဆရာ အလိုက်(စ/ဆံုး)
—————————————-
“ကဲ ဝင္းရီ နင္ ငိုေနလို႔ၿပီးမွာလားေအ။ ငိုမေနနဲ႔ေတာ့ နင့္အေမ ငါတစ္ေယာက္လုံးရွိပါေသးတယ္ေအ။ ေျခေကာင္း၊လက္ေကာင္းေနသေ႐ြ႕ ထမင္း မငတ္ပါဘူးေအ”
တရႈံ႕ရႈံ႕နဲ႔ ငိုေႂကြးေနေသာ သမီးျဖစ္သူကို အားေပးစကားေျပာရင္း ေဒၚအုန္းရင္ တစ္ေယာက္ ေရွ႕ဆက္ရမယ့္ အနာဂါတ္အတြက္ ေတြးေန မိသည္။
“မငိုလို႔ရမလား အေမရယ္။ သည္ကေလးသုံးေယာက္နဲ႔ ကြၽန္မ ဘယ္လို ေရွ႕ဆက္မလဲ။ အေမလည္း ဒုကၡေရာက္မွာေပါ့အေမရာ။ ေခြး တိရစာၦန္ေကာင္ လုပ္ရက္တယ္”
“ဟဲ့ နင္တို႔ကို မခင္တြယ္လို႔ ေနာက္မိန္းမယူသြားတာ။နင္က လြမ္းေနတာလား ဝင္းရီ။ မာနရွိစမ္းပါေအ။ ဘာလည္း ညည္းက မ်က္ရည္ခံထိုးၿပီး ညည္းလင္ကို ျပန္ေပါင္းမို႔လား။ ငါတယ္ေလ မေျပာလိုက္ခ်င္ဘူး”
“ဟာ အေမက လည္း က်ဴပ္တို႔က ခ်စ္လို႔ ယူထားၾကတာေလ။ ကေလး သုံးေယာက္ေတာင္ ရေနၿပီ။ခုလို သူလုပ္ သြားေတာ့ ခံစားရတာေပါ့လို႔”
“ေတာ္စမ္းပါေအ။ ညည္းနဲ႔ငါ ႏွစ္ေယာက္ေပါင္း အလုပ္လုပ္ေနရင္ ။ငါ့ေျမးသုံးေယာက္ ထမင္းငတ္စရာလား။ ျပန္ေပါင္းဖို႔ေတာ့ မစဥ္းစားနဲ႔ေနာ္။ အဲ့ဒီ့ေကာင္ မ်က္ခြက္ ငါမျမင္ခ်င္ဘူး။ ငါ့ေျမးေတြ မ်က္ႏွာမေထာက္ ေခြးလိုေကာင္”
“ဟာ အေမကလည္း ။ကိုေမာင္က အေနေအးပါတယ္။ ေကာင္မေတြကိုယ္တိုင္က အေနထိုင္မတတ္လို႔ ျဖစ္ရတာ”
“အမေလးေအ လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွ ျမည္တာပါ။ညည္းလင္ မပါပဲ သည္လိုျဖစ္လာစရာလား။ အလကား ကုတ္ကျမင္းေကာင္”
“ဟာ အေမလလည္း သမီေခါင္းေတြရႈပ္လို႔ ဘာမွ မၾကားခ်င္ေတာ့ဘူး”
“ေကာင္မ လင္ထိရင္ ဆတ္ဆတ္ခါနာေန။ေတာ္ေတာ္ မက္ေမာစရာေကာင္းတာကိုး ဟြန္း”
လင္ျဖစ္သူကို အျပစ္တင္ေန၍ အေမ့ကို ေက်ာခိုင္းလို႔ ဝင္းရီတစ္ေယာက္ အိပ္ခန္းထဲ ဝင္သြားေတာ့သည္။ ေဒါအုန္းရင္ တစ္ေယာက္ ျမည္တြန္ေျပာဆိုရင္း က်န္ရစ္ခဲ့သည္။
(၂)
ဆန္ေ႐ြးေနရင္း ေဒၚအုန္းရင္တစ္ေယာက္ သက္ျပင္းခ်မိသည္။ ဖတဆိုးေလးမို႔ အလိုလိုက္ထားခဲ့တာ။ခုေတာ့ ဝင္းရီကို အမ်ားက ေျပာေနၾကၿပီ။လင္ပစ္မတဲ့။ အ႐ြယ္ငယ္ငယ္နဲ႔ အိမ္ေထာင္က်သည္။ ပညာေရးလည္း မထြန္းေပါက္။ ရွစ္တန္း ႏွစ္ခါက်။ ခုေတာ့ ကေလးသုံးေယာက္ရၿပီးေနမွ လင္ျဖစ္သူက ေနာက္မိန္းမယူသြား၍ ဒုကၡေရာက္မွ အေမ့အိမ္လာတဲ့ေကာင္မ။ ေျမးအႀကီးဆုံးမေလးေတာင္ ဆယ့္သုံးႏွစ္ထဲေရာက္ၿပီ။ အလတ္ေကာင္က ဆယ္ႏွစ္ ။အငယ္ေလးက ငါးႏွစ္မို႔ သနားစရာေကာင္းလွသည္။
အသက္ ဆယ့္ခြန္ေလာက္နဲ႔ အိမ္ေထာင္က်ခဲ့ေတာ့ ။သမီးဝင္းရီအသက္က ခုမွ သုံးဆယ္။ ကေလး သုံးေယာက္ အေမေပမယ့္ လွတုန္းပတုန္းမို႔ အေခ်ာင္ရခ်င္သူေတြက အမ်ားသား။ အေနအထိုင္ ဆင္ျခင္ဖို႔လည္း အၿမဲဆုံးမသည္။ ပတ္ဝန္းက်င္ ေျပာစရာျဖစ္ေအာင္မေနဖို႔ အၿမဲေျပာရသည္။ ခု အေမ့အိမ္ေရာက္လာတာ ငါးလျပည့္ေတာ့မည္။ လင္ျဖစ္သူကို တမ္းတေန၍ ၾကည့္မေတာ့။ ဂ်င္းစိမ္းနဲ႔မိတ္သလင္ သူက်င္မွ ကိုယ္က်င္ေပါ့။ ခုေတာ့ လင္လြမ္းနာက်ေနတာနဲ႔ အိမ္မွာ ဘာမွအားမကိုးရ။ လမ္းထိပ္ေလးမွာ မနက္ (၅)နာရီကေန ညေန(၃)နာရီထိ အေၾကာ္ေရာင္းလာတာ ဝင္းရီတစ္သက္ရွိၿပီ။ ေဖာက္သည္လည္း အေတာ္ရေနၿပီမို႔ မျပည့္စုံေတာင္ မိသားစု စားဝတ္ေနေရးျပည့္လည္သည္။ အေၾကာ္ေရာင္း ေျမးမေလး ကူေနလို႔အဆင္ေျပသည္။ အလတ္ေကာင္ေလးကလည္း အားကိုးရသည္။ အသုံးမက်တဲ့ သမီးျဖစ္သူကိုသာ စိတ္တိုမိသည္။
ခုလည္း တျခားရပ္ကြက္က ကုန္သည္ေယာင္ေယာင္၊ပြဲစားေယာင္ေယာင္ ေကာင္နဲ႔ ဘာလိုလို သတင္းထြက္ေန၍ ဆုံးမေနရသည္။ ေပါ့ေပါ့ေန ေပါ့ေပါ့စား ေနတတ္တဲ့ သမီးျဖစ္သူကို ၾကည့္၍ စိတ္တိုင္းမက်။
“ဟဲ့ ဝင္းရီ နင္ အေနအထိုင္ဆင္ျခင္ေနာ္။ ငါ့ကို ေျပာသမားမ်ားေနၿပီ။ နင့္မွာ သမီးပ်ိဳေလးလည္းရွိတယ္။ အမ်ားေျပာစရာ ျဖစ္ေအာင္ မေနပါနဲ႔ေအ”
“ဟာ အေမကလည္း သူမ်ားေျပာတိုင္းယုံေန။ သမီးက ႐ိုး႐ိုးသားသားခင္တာပါ။”
“ဟဲ့ ႐ိုးလည္း နင္ေနတတ္ဖို႔လိုတာေလ။လင္ကို လြမ္းနာက်တုန္းကလည္ ဘာမွအားမကိုးရ။ ခုေတာ့လည္း အျပင္ပဲထြက္ေနတာ ။နင္ ဘာ အားကိုးရလည္း။ငါ့ေျမးေတြ ေက်ာင္းက အျပန္။သြားမသြားခင္ ကူၾကလို႔ ေတာ္ေသး။ နင္လိုေကာင္မ ဆန္ကုန္ေျမေလးပဲ။ အလကားေကာင္မ”
“ဟာ ဒါေၾကာင့္ အိမ္မွာ မေနခ်င္တာ။ သိပ္စိတ္ပ်က္တာပဲ။ဝင္းရီ အေၾကာ္မေရာင္းခ်င္ပါဘူး။ ”
“ဟဲ့ အေၾကာ္သည္မ သမီး အေၾကာ္ေရာင္းတာ ဘာဆန္းလည္း။ နင္ခုလို အေလလိုက္ေနတာက ဆန္းတာဟဲ့ ။ေကာင္မရဲ႕”
အၿမဲတမ္းေျပာဆို ဆုံးမေပမယ့္ နာမခံတဲ့ သမီးေၾကာင့္ ေဒၚအုန္းရင္ ေမာၿပီးက်န္ခဲ့တာပဲ အဖတ္တင္သည္။ သမီးျဖစ္သူကေတာ့ ေနၿမဲအတိုင္းေနေတာ့သည္။
(၃)
“ၾကည့္စမ္း ေကာင္မ ။ကေလးေတြ မသနားေအ။ လုပ္ရက္လိုက္ၾကတာ”
မ်က္ရည္ေတြၾကားက ဝမ္းနည္းလြန္း၍ ေျမးသုံးေယာက္ကို ဖက္၍ ေဒၚအုန္းရင္ သမီးျဖစ္သူကို က်ိန္ဆဲေနမိသည္။ ကေလးသုံးေယာက္ကို အေမ အိုႀကီးနား ထားခဲ့ကာ ေယာ္က်ားေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားေလၿပီ။ အသက္ေျခာက္ဆယ္ေက်ာ္ အေမအိုႀကီးနဲ႔ လူမမယ္ ကေလး သုံးေယာက္ကို မသနား။ လင္ေရာ။မယားေရာ လူစိတ္မရွိၾကတာ။ရင္နာစရာေကာင္းလွသည္။ ေျမးသုံးေယာက္ကို ၾကည့္၍ သနားလြန္း၍ မ်က္ရည္ေတြက တားဆီးမရႏိုင္ေတာ့ေပ။
ငိုေနလို႔မၿပီး။ ေရွ႕ဆက္႐ုန္းကန္ရအုံးမွာမို႔ သည္ အ႐ြယ္အိုမႀကီး အားေလွ်ာ့လို႔ မျဖစ္ေပ။ ႀကဳံလာတဲ့ ေလာကဓံကို အရႈံးမေပးပဲ ေျပးေတြ႕ရင္ဆိုင္ရမယ္လို႔ ဆုံးျဖတ္လိုက္မိသည္။
“ငိုမေနနဲ႔ ငါ့ေျမးေတြ။ ေျမးတိုေရွ႕မွာ အဖြားရွိတယ္။ ဘာမွ အားမငယ္နဲ႔။ အဖြား မေသေသးသေ႐ြ႕ ငါ့ေျမးေတြ မငတ္ေစရဘူး။ဒုကၡမေရာက္ေစရဘူး။အဖြားကို ယုံ ၾကားလား”
ဝမ္းနည္းမႈေတြကို ေမ့ေပ်ာက္လို႔ ေျမးေလးေတြေရွ႕မွာ မားမားရပ္ ရင္ကို ေကာ့လို႔ ေလာကႀကီးကို ရင္ဆိုင္ရမည္ဟု ဆုံးျဖတ္လိုက္သည္။ ကံၾကမၼာ ဖန္လာၿပီမို႔ အျပစ္တင္ေနလို႔ ဘာမွ မထူး။ ေျမးသုံးေယာက္ အနာဂါတ္အတြက္ ပဲ အေကာင္းဆုံး လုပ္ေပးရမယ္လို႔ ေတြးရင္း အပူမီးကို ေျဖေဖ်ာက္လိုက္သည္။
“အဖြား ေျမးေက်ာင္းထြက္လိုက္ေတာ့မယ္။ဒါမွ အဖြားကို ကူႏိုင္မွာေလ။ သမီး ရွစ္တန္းဆိုေတာ္ပါၿပီ။ ေမာင္ေလး ႏွစ္ေယာက္ကို ပဲ ပညာတတ္ႀကီးျဖစ္ေအာင္ ထားေပးမယ္ေနာ္ အဖြား”
“မလုပ္ပါနဲ႔ ေျမးရယ္။ ပညာေလးေတာ့ ဆုံးခန္းတိုင္ေအာင္ေနပါကြယ္။ အဖြားလုပ္ႏိုင္ပါတယ္။ ေက်ာင္းကအျပန္ ေျမးတို႔ ကူေနတာပဲ။ ေႏြ ေက်ာင္းပိတ္ဆိုလည္း ငါ့ေျမးေတြ မနားရပါဘူးကြယ္”
“အဖြား ပင္ပန္းလို႔ပါ အဖြားရယ္”
ေျမးႀကီး စကားေၾကာင့္ ေဒၚအုန္းရင္ ၿပဳံးလိုက္မိသည္။ အေမျဖစ္သူနဲ႔ စိတ္ဓါတ္ျခင္း လုံးဝ ကြာျခားလွတဲ့ ေျမးသုံးေယာက္မို႔ စိတ္ခ်မ္းသာမိသည္။ အေဖနဲ အေမရဲ႕ အက်င့္စ႐ိုက္ေတြ မပါလာ။ငယ္တုန္းမို႔လားမသိေပမယ့္ ခုျမင္ေနရတာစိတ္ခ်မ္းသာသည္။ အေမာေျပသည္။
“အဖြား မပင္ပန္းပါဘူး။ေျမးမရယ္။ေျမးေလးတို႔သာ စာႀကိဳးစားၾက။ ဒါဆို အဖြားေက်နပ္ၿပီ။ဟုတ္ၿပီလား”
ေခ်ာ့ေမာ့ေျပာဆိုၿပီး ေက်ာင္းတက္ခိုင္းရသည္။ သူမရွိေတာ့တဲ့ အခ်ိန္ ေျမးသုံးေယာက္ကို ေလာကအလယ္မွာ ဝင့္ႂကြားစြာ ေနေစခ်င္သည္။ ပညာတတ္ႀကီးအျဖစ္ ဂုဏ္တင့္ေစခ်င္သည္။ ဒါ ေဒၚအုန္းရင္ရဲ႕ ဆႏၵျဖစ္သည္။
(၄)
ရာသီေတြေျပာင္းခဲ့လို႔ ေျမးမေလးေတာင္ ဆယ္တန္းေျဖၿပီးၿပီ။ အလတ္ေကာင္က ကိုးတန္းတက္ရမည္။ အငယ္ဆုံးေကာင္ေလးက ေျခာက္တန္းေရာက္ၿပီ ။ အ႐ြယ္က် အဖြားႀကီးေပမယ့္ အားမေလွ်ာ့ခ်င္ေသး။ ေျမးမႀကီးနဲ႔ အတူ အေၾကာ္ဆက္၍ ေရာင္းသည္။ သားသမီးသုံးေယာက္ကို သံေယာဇဥ္ ျဖတ္သြားၾကတဲ့ သမီးနဲ႔ သမက္တို႔ရဲ႕ သတင္း ဘာမွ ၾကရေခ်။ ေနႏိုင္ရက္ၾကသူမ်ားမို႔ အစက စိတ္ထဲ အျပစ္တင္ေနေပမယ့္ ခုေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ပင္။ သားသမီးေတြ ကိုယ္တိုင္ မေမးၾက၍ ေနတတ္ၾကပါလားလို႔ ေတြးရင္း ေဒၚအုန္းရင္ စိတ္မေကာင္းျဖစ္မိသည္။ အ႐ြယ္ငယ္ေသးတဲ့ အငယ္ဆုံး ေျမးေလးကို ပိုသနားမိသည္။
ကံဆိုးျခင္းက စလာခဲ့ေလၿပီ။ အေၾကာ္ေရာင္းတဲ့ေနရာေလးက စည္ပင္နယ္ေျမမလြတ္၍ ဖယ္ေပးရသည္။ အလုပ္လက္မဲ့ ျဖစ္သြားသည့္အတြက္ အေျခက်ဖို႔ အတြက္ ေျမးအဖြားႏွစ္ေယာက္ ဒုကၡမ်ားရေတာ့သည္။ ကေလး သုံးေယာက္ ေက်ာင္းစားရိတ္နဲ႔ စားဝတ္ေနေရးအတြက္
႐ုန္းကန္ခဲ့ရ၍ ေငြပိုေငြလွ်ံမရွိခဲ့ေပ။ ခုလို ေနရာေပ်ာက္သြားေတာ့ ပိုဒုကၡေရာက္ရေလၿပီ။
ေျမးမေလးက ရပ္ကြက္ထဲက ကေလးမေတြနဲ႔အတူ ဖေယာင္းထုတ္တဲ့ အလုပ္ေလးရ၍ အသက္ရႈေခ်ာင္ခဲ့သည္။ ေျမးအလတ္ေလးက ေက်ာင္းထြက္မယ္ေျပာေပမယ့္ လက္မခံခဲ့ေပ။ ေဒၚအုန္းရင္ အိမ္မွာ အေၾကာ္ေၾကာ္ၿပီး ရပ္ကြက္တကာလွည့္ၿပီး လည္ေရာင္းေတာ့သည္။ ေျမးငယ္ႏွစ္ေယာက္လည္း ေက်ာင္းအားရက္ ကူေရာင္းေပးခ်ိန္ ေဒၚအုန္းရင္ နားရသည္။ အစပိုင္း အဆင္မေျပေပမယ့္ လည္ေရာင္းရင္း အေရာင္းသြက္လာသည္။ မုန႔္ေအာ္ဒါေလးမ်ား အမွာ မ်ားလာ၍ ေျမးအဖြားေတြ ေပ်ာ္ေနၾကေတာ့သည္။ ေျမးမေလးဆို အလုပ္က ျပန္လာလွ်င္မနားရေပ။ အိမ္မႈကိစၥ။အေၾကာ္အတြက္ လိုအပ္တာေတြ အကုန္လုပ္ေပးရသည္မို႔ပင္ပန္းလွသည္။
ပထမတစ္ႏွစ္ ဆယ္တန္းက်၍ ဒုတိယတစ္ႏွစ္ အျပင္ေျဖရင္း ေအာင္ခဲ့ေတာ့ အားလုံး ဝမ္းသာရသည္။ အလတ္ေကာင္ေလးလည္း ဆယ္တန္းမို႔ အလုပ္လုပ္ကူတာ ေလွ်ာ့ေစ၍ စာကို ဦးစားေပးေစခဲ့သည္။ အမ်ားလို က်ဴရွင္မယူ
ႏိုင္သူမ်ားမို႔ အားတဲ့ အခ်ိန္ စာနဲ႔ မ်က္ႏွာ မခြါခဲ့ေပ။
ေျမးမေလးကလည္း အားတဲ့ အခ်ိန္ သူ႔ေမာင္ ႏွစ္ေယာက္ကို စာျပေပး၍ အဆင္ေျပခဲ့သည္။
“စိတ္ခ် သား ႏွစ္ခ်င္းေပါက္ေစရမယ္။ စာအားလုံးရၿပီ”
ရည္မွန္းခ်က္ ႀကီးမားလွတဲ့ ေျမးလတ္ေလးရဲ႕ စိတ္ဓါတ္ေလးေၾကာင့္ ပင္ပန္းတာေတြ ေပ်ာက္ခဲ့သည္။
အေမာေျပေစခဲ့တာျဖစ္သည္။
အေဝးသင္တက္ရင္း အလုပ္လည္း မနား။ အေၾကာ္လည္း ကူေၾကာ္ေပးရတဲ့ ေျမးမေလး။အတန္းႀကီးလာတာေတာင္မွ မရွက္ပဲ ရပ္ကြက္တကာ အေၾကာ္လွည့္ေရာင္းတဲ့ ေျမထီးေလးႏွစ္ေယာက္နဲ႔ အတူ
လွပတဲ့ အနာဂါတ္ကို ဖန္တီးေနတဲ့ ေဒၚအုန္းရင္တို႔ ေျမးအဖြားသုံးေယာက္ကေတာ့ ဘဝဇာတ္ဆရာ အလိုက် အခက္အခဲေတြႀကဳံရေပမယ့္ အရႉံးမေပး အားတင္းေရွ႕ဆက္ေနၾကေပၿပီ။
(၅)
ခုေတာ့ ေဒၚအုန္းရင္လည္း အသက္ (၈၀)နီးၿပီ။ ေျမးမႀကီးက အလယ္တန္းျပဆရာမျဖစ္လို႔ေနၿပီ။
အလတ္ေကာင္က ကုမၼဏီဝန္ထမ္း။အငယ္ဆုံးေကာင္ေလးက ပုဂၢလိက ဘဏ္ဝန္ထမ္း။ ေျမးသုံးေယာက္လုံး ရာထူးကိုယ္စီနဲ႔မို႔ ေဒၚအုန္းရင္ အၿငိမ္းစားရေနၿပီျဖစ္သည္။ တဲအိမ္ေလးက ႏွစ္ထပ္ပ်ည္ေထာင္၊ေအာက္ အုတ္ခံေလးနဲ႔ ခိုင္ခိုင္မာမာျဖစ္ေနၿပီ။ အႀကီးဆုံးေျမးမႀကီးကေတာ့ အပ်ိဳႀကီးဘဝနဲ႔ အဖြားနဲ႔ အတူတူေနမယ္ဆိုၿပီး အိမ္ေထာင္ေရးကို မစဥ္းစားသူ။ အလတ္ေကာင္နဲ႔ အငယ္ဆုံးေလးကေတာ့ ရည္မွန္းရာကိုယ္စီနဲ အဆင္ေျပတဲ့ တေန႔ ဘဝတစ္ခု ထူေထာင္ၾကမယ့္သူမ်ားမို႔ အားလုံးအတြက္ စိတ္ေအးေနၿပီျဖစ္သည္။
အားလုံးက လခစားဝန္ထမ္းမ်ားမို႔ သူတို႔ဘဝအတြက္ အသက္ႀကီးတဲ့အထိ ႐ိုးသားႀကိဳးစားၾကလွ်င္ ဒုကၡဆိုတဲ့ အရာႀကီးကို ေတြ႕ႀကဳံဖို႔ ခဲယဥ္းေပမည္။ စစ္စစ္စီစီနဲ႔ စုေဆာင္းတတ္ၾကသူမ်ားမို႔
အားလုံးကို စိတ္ခ် ယုံၾကည္မိသည္။
မိဘေတြရဲ႕ ပစ္ခြါမႈကို ခံခဲ့ရေပမယ့္ ေဘးေရာက္မသြား ပဲ သူ႔ေက်းဇူးေၾကာင့္ လမ္းေၾကာင္းေတြသင့္ခဲ့သည္။ သူတို႔ေလးေတြကိုယ္တိုင္လည္း ဘဝနာသိတတ္သူမ်ားမို႔ ဆိုဝါးလွတဲ့ ကံၾကမၼာေတြကေန လွပတဲ့ အနာဂါတ္ေတြကို ဖန္တီးႏိုင္ၾကၿပီမို႔ကိုယ့္ကံၾကမၼာ ကိုယ့္အနာဂါတ္ကို ရရွိတဲ့ အဆိုးအေကာင္းၾကားမွာ အေကာင္းဆုံးဖန္တီးႏိုင္ဖို႔က ကိုယ္သာလွ်င္ အဓိကမို႔ မီးေမွာင္ထိုးျပခဲ့တာက
ေဒၚအုန္းရင္တို႔ ေျမးအဖြားပင္ ျဖစ္ေပေတာ့သည္။
ၿပီး
ေဆာင္းမာန္ဝင့္ေအာင္
(ေတာင္ႀကီး)
၁၂.၅.၂၀၁၉
Photo.Crd
(မဖတ္ရေသးသူမ်ား အတြက္ပါဗ်။အလုပ္သမားေန႔ဆိုေတာ့ အားမာန္အျပည့္နဲ႔ ခ်ီတက္တိုက္ပြဲဝင္ခဲ့ၾကတဲ့ ေျမးအဖြားေတြ အေၾကာင္းပါဗ်)