Unicode Version
ဘုရားစောင့်ဘီလူး(စ/ဆုံး)
———————————
နွေဦးရာသီလေတဖြူးဖြူးတိုက်နေသဖြင့် လက်ပံများတဖြုတ်ဖြုတ်ကြွေကျနေရာ မြေကြီးပေါ်ဝယ် အနီရောင်ကော်ဇောခင်းထားသည့်နှယ် နီရဲလှပနေ၏။ သစ်ပင်ထက်မှရွက်အိုရွက်ဟောင်းများလည်း လေတိုက်တိုင်း ပင်အိုကိုစွန့်ကာကြွေကျမြေခကုန်၏။
နွေဦးရာသီဖြစ်သဖြင့် ကြည့်လေရာလောကတခွင်၌ မှိုင်းညို့ကာလွမ်းဆွတ်ဖွယ်ကောင်းလှသည်ကားအမှန်ပင်။
စိုက်ပျိုးရာသီမဟုတ်သည့်တိုင် မြင်လေရာ၌ရိုးပြတ်များသာတွေ့ရသဖြင့် သာ၍ပျင်းရိဖွယ်ကောင်းလှသည်။ ဤရာသီကား အလွမ်းဓာတ်ခံရှိသူများအတွက် အင်မတန်အလွမ်းပိုစေသောရာသီပင်တည်း။ နေမျိုးတစ်ယောက် ပြင်းရှရှနေပူထဲ၌ နွားများကိုလွှတ်ထားလိုက်ပြီး သူကားသရက်ပင်အောက်၌ အကျအနထိုင်နေ၏။ သရက်ပွင့်များကားတပင်လုံးဖွေးဖွေးလှုပ်နေ၏။
” သား….နေမျိုး….နွားတွေကိုရေသွားချချေဦး…နေပူတယ်ကွဲ့ သူတို့လည်းရေငတ်ရောပေါ့….”
” ဟုတ်အမေ……. ”
နေမျိုး၏အမေ ဒေါ်ခင်ဝင်းက ယာထဲမှကျန်ရှိနေသည့် ပန်းမုန်လာများကိုခုတ်ယူရှင်းလင်းနေသည်။ ပွင့်ကျန်များဖြစ်သဖြင့် ပိုးများပင်ကျနေချေပြီ။ ဈေးလည်းသိပ်မရတော့သဖြင့် ခုတ်ပြီးမြေဩစာလုပ်အပုပ်ချရန်ဖြစ်သည်။
တောသူတောင်သားအဖို့ တစ်ရာသီပြီးတစ်ရာသီ စိုက်ပျိုးသီးနှံများကို အလှည့်ကျစိုက်ပျိုးရ၏။ ဒေါ်ခင်ဝင်းကား ရှမ်းပြည်သူတစ်ယောက်မဟုတ်။ တောင်ပေါ်သားနှင့်အကြောင်းစပ်ကာပေါင်းဖက်ရသူတစ်ယောက်ပင်။ ယခုလည်း လက်ကျန်အလုပ်များကိုအပြီးသိမ်းပြီးသည်နှင့် မိမိ၏ဇာတိအောက်ပြည်မိဘများဆီသို့ ယောကျာ်းသားသမီးများခေါ်ကာ အလည်သွားရန်အားခဲထားကြသည်။ ဤရာသီရောက်တိုင်း အောက်ပြည်ရှိသူမတို့ရွာကလေး၌ ဘုရားပွဲကျင်းပမြဲဖြစ်သည်။ ထိုဘုရားပွဲသို့မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် ယခုတစ်ခေါက်အရောက်သွားရန်အားခဲထားသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသဖြင့် ယခုသူအသက်၃၅နှစ်အရွယ် တွင် သားယောကျာ်းလေး လေးယောက်မွေးပြီးဖြစ်သည်။
” အမေ….အမေ….ဘယ်တော့အဖွားတို့ဆီသွားကြမလဲ…..”
” လက်ကျန်အလုပ်တွေသိမ်းပြီးချိန်ပေါ့အေ….”
” သားဖြင့်သွားချင်လှပြီ အဖွားတို့ရွာက ချောင်းတွေပေါတော့ငါးတွေပုဇွန်တွေဖမ်းလို့ရတယ်…လှေသမ္ဗာန်တွေစီးလို့လဲရတယ်……”
” နွေရာသီကျောင်းပိတ်ပြီဆိုတော့ ညည်းတို့အဖွားအိမ်မှာဘဲနေခဲ့ကြပေါ့….. မိုးရာသီကျောင်းဖွင့်ချိန်ရောက်မှအမေတို့ပြန်လာခေါ်မယ်လေ…..”
” နေချင်ပါဘူးအမေရာ အဖွားကအခိုင်းဆိုးဆိုးနဲ့……”
ထမင်းဝိုင်း၌ သားအမိငါးယောက်အသံဖြင့်ဆူညံနေ၏။ ဖခင်ဖြစ်သူကားစကားနဲသည့်တောင်ပေါ်သားဖြစ်သဖြင့်ဘာစကားမှမဆိုချေ။
” အဖေ… နွားတွေကိုဘကြီးမြဆီအပ်ခဲ့မှာလား….”
” မအပ်ပါဘူး ဟိုကသူ့နွားသူတောင်မနိူင်တဲ့ကိစ္စကို….နင်တို့သားအမိဘဲသွား အဖေကအိမ်စောင့်ရင်းနွားကျောင်းရင်းကျန်ခဲ့မှာ……”
” အဟမ်း…အဟမ်း…..”
ဒေါ်ခင်ဝင်းက ယောကျာ်းဖြစ်သူကိုမျက်စောင်းထိုးပြီးချောင်းဟန့်၏။ သားလေးယောက်ကားပြုံးစိစိဖြင့်မိဘနှစ်ပါးကိုကြည့်နေကြ၏။
” အေးပါ…ဖိုးထောင်ကိုငှားပြီးကျောင်းခိုင်းရမှာပေါ့….”
ကိုမောင်လုံးစကားလမ်းကြောင်းပြောင်းလိုက်၏။
ဤသို့ဖြင့် အောက်ပြည်သို့ခရီးသွားမည့်ရက်ရောက်လာခဲ့သည်။ သားအမိသားအဖ၆ယောက် ကားတစ်စီးအပြတ်ငှားကာ ထွက်လာခဲ့ကြ၏။ ခရီးမထွက်ရသည်မှာကြာပြီဖြစ်သဖြင့် သားလေးယောက်မှာ ပျော်၍မဆုံးနိူင်။ အဆိုးဆုံးကနေမျိုးပင်။ လူပျိုဖော်ဝင်စအသက် ၁၇ နှစ်အရွယ်ရောက်ပြီဖြစ်သဖြင့် မိန်းကလေးများကိုငေးတတ်နေချေပြီ။
နာရီအတော်ကြာသည်အထိခရီးဆက်ကြပြီးနောက် အောက်ပြည်သို့ရောက်လာခဲ့ကြသည်။ ဒေါ်ခင်းဝင်းတို့မိသားစုရောက်လာသည်နှင့် ရွာရှိအမျိုးများကား အိမ်၌ရောက်လာကာစကားဖောင်ဖွဲ့၍မပြီးတော့ချေ။
ရွာရောက်သည်နှင့်နေမျိုးမှာရွာရှိကာလသားများနှင့်အဖွဲ့ကျသွားတော့သည်။ သူတို့က နေမျိုးကိုရှမ်းလေးဟုခေါ်ကာ ရွာအနံ့လျှောက်ပြပြီး ရွာရှိအပျိုများနှင့်လည်းတစ်ယောက်မကျန်မိတ်ဆက်ထားပေးသည်။
” လာမဲ့လာပြည့်နေ့က ဒို့ရွာဘုရားပွဲအေ့….မိခင်ဝင်းညည်းကလေးတွေကိုဘုရားပွဲခေါ်သွားပြီးမှ ရှမ်းပြည်ပြန်ပေါ့….”
” သမီးလည်းအဲဒီလိုဘဲတွေးထားတာအမေရဲ့…သမီးလဲဘုရားပွဲမရောက်ဖြစ်တာကြာပြီလေ….”
” အေးကွယ် ညည်းရဲ့သားကြီးကတော့ အိမ်ကိုပြန်မလာတော့ဘူး တစ်ခါတစ်လေလေးဖွားအေဆီအလည်လာတာကို အိမ်မကပ်တော့စကားပြောဖော်မရပါဘူးအေ….”
” အမေ့မြေးကလူပျိုဖြစ်ပြီကိုးရှင့်….”
သားအမိနှစ်ယောက် ရှေးဟောင်းနောင်းဖြစ်များပြောပြီး ချက်ပြုတ်နေကြ၏။ ကိုမောင်လုံးကပူ၍ဆိုကာအဝတ်ချွတ်လျှက်သားဖြင့် အိမ်ရှေ့မန်ကျည်းပင်အောက်ရှိကွပ်ပျစ်၌အိပ်ပျော်နေချေပြီ။
ဤသို့ဖြင့် တစ်ရွာလုံးမျှော်နေကြသောဘုရားပွဲကြီးကျင်းပရာရက်သို့ရောက်ရှိလာ၏။ ဘုရားပွဲသို့ရပ်နီးရပ်ဝေးမှလာရောက်သူအပေါင်းတို့ဖြင့် စည်ကားသိုက်မြိုက်နေ၏။ ဒေါ်ခင်ဝင်းလည်းသားလေးယောက်ကိုစောစီးစွာနိူးပြီးပြင်ဆင်စေ၏။ အားလုံးပြီးသည်နှင့် သားငယ်သုံးယောက်ကိုခေါ်ပြီး ဘုရားပွဲဆီသို့ချီတက်လာခဲ့ကြ၏။ ဘုရားရောက်သည်နှင့်လူများကိုတိုးဝှေ့ကာ ပန်း၊ရေချမ်းကပ်လှူရန် ဝင်လာခဲ့ကြ၏။ ထိုဘုရား၏လေးဘက်လေးတန်၌ အင်မတန်ကြီးမားသောထိုင်နေဟန်ဘီလူးရုပ်ကြီးလေးရုပ်ကို လေးဖက်လေးတန်၌ တည်ထား၏။
လူကြီးများဘုရားဝတ်ပြုနေကြစဉ် ကလေးသုံးယောက်သည် လူအုပ်ကြားထဲတိုးထွက်လာပြီး ဘုရားပတ်ပတ်လည်၌လျှောက်ကြည့်နေကြ၏။
” ကိုမိုး…. ဟိုးမှာကြည့်စမ်း ဘီလူးရုပ်ကြီးကအကြီးကြီးဘဲ….”
” အေးဟ….ဟိုးဖက်မှာလည်းရှိတယ်….ဟော ဟိုဖက်မှာရောဟ….”
“တို့အနီးကပ်သွားကြည့်ရအောင်…. အငယ်ကောင်လာကိုမိုးလက်ကိုဆွဲထား လူကြားထဲပျောက်သွားမယ်….”
ညီအစ်ကိုသုံးယောက်သား ဘုရား၏ထောင့်သုံးထောင့်ရှိဘီလူးရုပ်များကိုစိတ်ဝင်တစားသွားကြည့်ကြ၏။
ထိုဘီလူးရုပ်သုံးရုပ်နား၌လူများရှုပ်နေသဖြင့် မကိုင်ကြည့်ရချေ။
” လာညီတို့ ငါတို့ဟိုးဘက်မှာကျန်သေးတဲ့ဘီလူးရုပ်ကိုသွားကြည့်ရအောင် အဲ၏ဒီဘက်မှာလူလည်းရှင်းတယ်ဟ….”
” သွားစို့….”
ညီအစ်ကိုသုံးယောက် ဘုရားတောင်ဘက်ရှိ ဘီလူးရုပ်ကြီးဆီသို့ရောက်လာကြ၏။ ထိုနေရာကား လူမရှိသဖြင့် တိတ်ဆိတ်နေ၏။
” ဘီလူးရုပ်ကြီးကအကြီးကြီးဘဲကွာ ငါတို့ရွာဘုရားမှာတော့ ဒီလိုဘီလူးရုပ်မရှိဘူး ခြင်္သေ့ရုပ်ကြီးဘဲရှိတာနော်အစ်ကို….”
” ဘယ်တူမလဲဟ….အမေတို့လည်းဘုရားရှိခိုးလို့မပြီးသေးဘူးဆိုတော့ ငါတို့၏ဒီမှာဘဲဆော့ရင်းစောင့်ရအောင်….”
ညိအစ်ကိုသုံးယောက်လည်း ဘီလူးရုပ်ကြီးအား ရိုက်လိုက်ပုတ်လိုက်မရမကတက်လိုက်ဖြင့် ဆော့နေကြ၏။
” ကိုမိုး…ဒီဘီလူးကြီးကသားတို့လိုအီအီးပါတတ်လား…”
” အရုပ်ကြီးလေကွာ စားလဲမစားတတ်ဘူးအီးလည်းမပါတတ်ဘူး…. ”
” သိဘူးသားကတော့ ၏ဒီဘီလူးကြီးရဲ့ ဖင်ကိုတုတ်နဲ့ထိုးကြည့်မယ်….. ”
ထို့နောက် တုတ်တချောင်းကောက်ကာ ဘီလူးကြီး၏ဖင်အား ရိုက်လိုက်ထိုးလိုက်လုပ်နေကြ၏။
” ဟားဟားဟား…. ဟားဟားဟား…. ”
” ဟီး..ဟီး….ဟားဟား…. ”
ထိုသို့ဆော့နေရသည်မှာသူတို့အတွက်အလွန်ပျော်စရာကောင်းနေ၏။ ဘီလူးကြီးမှာဒူးတစ်ဖက်ထောင်တစ်ဖက်ကိုခုထိုင်လျှင်ထိုင်နေပုံဖြစ်သဖြင့် ကလေးသုံးယောက်မှာ ဆော့၍အလွန်ကောင်းနေဟန်ရှိ၏။
” ဟေ့ကလေးတွေ… ဘာလုပ်နေကြတာလဲ….ဘီလူးရုပ်ကိုတုတ်နဲ့ရိုက်မှတော့သုတ်ထားတဲ့ဆေးတွေပျက်ကုန်တော့မှာပေါ့….မင်းတို့ကဘယ်သူ့ကလေးတွေလဲ…..”
ကလေးများဆော့နေစဉ်ဘုရားလူကြီးကမြင်လိုက်သဖြင့် လာရောက်တားမြစ်လိုက်၏။ ထိုစဉ်ဒေါ်ခင်ဝင်းတို့ရောက်လာပြီး
” ဟယ်ရှာလိုက်ရတာသားတို့ရယ်…..လက်စသတ်တော့ဒီရောက်နေတာကိုး”
” ဪတူမကြီးရဲ့ကလေးတွေလား….”
” ဟုတ်ပါတယ်ရှင့်….ဘာများဖြစ်လို့လဲရှင့်….”
” ဒီကလေးတွေ ဟောဟိုကဘီလူးရုပ်ကြီးကို တုတ်နဲ့ထိုးကြရိုက်ကြလို့ပါတူမကြီး….”
” ဟင်….”
” ကဲကဲ ကလေးတွေဘာမှမသိဘဲလုပ်မိကြတာဆိုတော့ထားလိုက်တော့….. ”
” ကျေးဇူးတင်ပါတယ်ရှင့်….လာသားတို့ပြန်ကြမယ်…”
ဒေါ်ခင်ဝင်းကကလေးသုံးယောက်ကိုဆွဲခေါ်ပြီးအိမ်သို့ပြန်လာခဲ့ကြ၏။ နေမျိုးကတော့ သူငယ်ချင်းများနှင့်အတူလျှောက်လည်နေသဖြင့် ညမှအိမ်ပြန်ရောက်လာ၏။
လပြည့်ညလဝန်းကြီးသည်ကား ဝိုင်းစက်ကာထိန်ထိန်သာနေ၏။ ရွာသူရွာသားတို့ကားနေ့ခင်းအချိန်တွင် ပင်ပန်းခဲ့သမျှညအချိန်၌ အေးချမ်းစွာအိပ်စက်အနားယူကြ၏။
” သား….မောင်မိုး၊မောင်တိုး၊မောင်စိုး….မေမေ့ဆီလာလေ…. ဘယ်လိုက်သွားကြမလို့လဲ အဲမိန်းမကြီးကရောဘယ်သူလဲသားတို့သိကြလို့လား….”
” သား….မေမေခေါ်နေတာကြားလား….သားမောင်မိုး သားညီလေးတွေခေါ်ပြီး ပြန်လာခဲ့….”
မြူမှုန်များအုံ့ဆိုင်းနေသောတောကြီးထဲ၌ရောက်ရှိနေပြီး သူမ၏သားသုံးယောက်သည် မိန်းမကြီးတစ်ယောက်၏လက်ကိုတဖက်တချက်စီဆွဲထားကြ၏။ မျက်နှာစိမ်းအမျိုးသမီးမှာ သူမအားဂရုစိုက်ပုံမပေါ်ဘဲ သူမ၏ကလေးသုံးယောက်ကိုသာ ဆွဲခေါ်ပြီးသူမရှေ့မှတရွေ့ရွေ့ထွက်သွား၏။
” သားပြန်လာခဲ့လို့….ဟဲ့မျက်နှာစိမ်းမ ငါ့သားကိုဘယ်ခေါ်သွားမလို့လဲပြန်ပေးစမ်းငါ့သားတွေကို….”
သူမမှာသားသုံးယောက်ကိုလိုက်ခေါ်ချင်သော်လည်း ခြေထောက်က မ၍မရချေ။
” ဟဲ့ ညည်းမကြားဘူးလား ငါ့သားတွေကိုပြန်ပေးစမ်းဟဲ့….”
” အမလေး!…..”
သူမအော်သံကြောင့်မျက်နှာစိမ်းအမျိုးသမီးမှာသူမအားပြန်၍လှည့်ကြည့်လာစဉ် ထိုမိန်းမကြီး၏မျက်လုံးနှစ်လုံးမှာပြူးပြီးနီရဲနေ၏။ ပါးစပ်မှာလည်း အစွယ်ကြီးနှစ်ချောင်းကပြူးကာငေါထွက်နေ၏။ ထိုမြင်ကွင်းကြောင့် သူမမှာ သွေးလန့်သွား၏။
” သားမောင်မိုး…. အဲဒါသရဲမကြီးဟဲ့….မလိုက်သွားနဲ့မင်းညီတွေခေါ်ပြီးအမေ့ဆီပြန်လာခဲ့….”
သူမ အာပေါက်အောင်အော်ခေါ်နေသော်လည်း ကလေးသုံးယောက်မှာခေါင်းငိုက်စိုက်ဖြင့် မျက်နှာစိမ်းမိန်းမကြီးနောက်တရွေ့ရွေ့လိုက်နေကြဆဲပင်။
” သား….မောင်မိုး….မင်းညီလေးတွေခေါ်ပြီးပြန်လာခဲ့….”
မျက်နှာစိမ်းနဲ့ကလေးသုံးယောက်မှာ သူမနှင့်တဖြည်းဖြည်းဝေး၍ဝေး၍သွား၏။
” မြတ်စွာဘုရားကယ်တော်မူပါ….”
သူမထိုသို့ရွတ်ပြီး ပြေးလိုက်သွားရာခြေထောက်မှမ၍ရသွားပြီး သားငယ်လေးမောင်စိုး၏လက်ကိုဖမ်းဆုပ်မိသွား၏။
” သားအမေနဲ့ပြန်လိုက်ခဲ့…. သူကသားတို့ထင်သလိုလူမဟုတ်ဘူး….”
သားငယ်မှာသူ့လက်၌ကျန်ခဲ့ပြီး ကျန်နှစ်ယောက်မှာ မျက်နှာစိမ်းနှင့်အတူမြင်ကွင်းထဲမှပျောက်ကွယ်သွား၏။
” သားမောင်မိုး၊မောင်တိုး…..သားတု့ိကိုအမေခေါ်နေတယ်လေ….အမေ့ဆီပြန်လာခဲ့သား….သားရေ….”
” မခင်ဝင်း….မခင်ဝင်း…. ဘာတွေအော်နေတာလဲ….ချွေးတွေလဲရွဲှရွဲှစိုနေလို့ပါလား…”
ကိုမောင်လုံးလှုပ်နိူးလိုက်မှ နိူးလာပြီးအိပ်မက်မက်နေမှန်းသိသွား၏။
” သား….ငါ့သားတွေရော….”
” ဟိုးမှာအိပ်နေကြတယ်လေမိန်းမရဲ့….ဘာလဲအိပ်မက်ဆိုးတွေမက်နေတာလား….”
” ဟုတ်တယ်အစ်ကို….. တကယ်ကိုဆိုးတဲ့အိပ်မက်ဆိုးကြီးပါ…ဖွဖွဖွဟဲ့ လွဲပါစေဖယ်ပါစေ….”
” အိပ်မက်မက်တာဘဲမိန်းမရယ် ဘာမှစိတ်ထဲထားမနေနဲ့….ည၂ချက်တီးဘဲရှိသေးတယ်ပြန်အိပ်လိုက်ဦး….”
” အင်းအင်း….”
ပြန်၍အိပ်သော်လည်း သူမအိပ်မပျော်တော့ပါ။ အိပ်မက်ထဲကမျက်နှာစိမ်းမိန်းမကြးီကိုသာပြန်လည်မြင်ယောင်နေသည်။
” အား….နောက်မလုပ်တောပါဘူး….ကြောကပါပြီ….ကြောက်ပါပြီ….”
” မလိုက်ဘူး….မလိုက်ဘူး….မေမေရေကယ်ပါဦး….”
” အီးဟီးဟီးမေမေရေ… သားကြောက်တယ်….”
ထိုစဉ်အိပ်ပျော်နေသောသားသုံးယောက်မှာ ပြိုင်တူထအော်ကြသဖြင့် သူမထလာသလိုကိုမောင်လုံးလည်းနိူးလာ၏။
” သားမောင်မိုး…. ဘာဖြစ်လို့လဲသား….”
” သားငယ်….ဘာဖြစ်တာလဲ… ”
” သားကြောက်တယ်မေမေ….သားကြောက်တယ်….အီးဟီးဟီး…”
” ခင်ဝင်း ညည်းကလေးတွေဘာဖြစ်ကြတာလဲဟေ့….”
” မသိဘူးအမေ …..”
ကလေးငိုသံကြောင့် မခင်ဝင်း၏မိဘများလည်းနိူးလာ၏။ ကလေးသုံးယောက်မှာမျက်လုံးမဖွင့်ဘဲ အလန့်တကြားအော်ငိုနေကြ၏။
” သားကြီး နေမျိုးထစမ်း…..မင်းညီတွေဘာဖြစ်တယ်မသိဘူး….”
ဖခင်အော်သံကြောင့်နေမျိုးလည်း ထလာ၏။
” မောင်လုံး….မင်းတို့သားအဖ ဆေးဆရာမောင်ဖေငယ်ကိုအမြန်သွားပင့်ချေ…..ဒီကေလးတွေတစ်ခုခုလန့်တာနေမယ်….”
” အမလေး…သား….သားတို့…..အိးဟီးဟီး…”
မခင်ဝင်းမှာသူမ၏အိပ်မက်ကိုပြန်တွေးမိပြီး ချုံးပွဲချ ငိုချလိုက်၏။
” အား ကြောက်ပါပြီ….ကြောက်ပါပြီ….နောက်မလုပ်တော့ပါဘူး….”
” မေမေ….မေမေရေ…..သားကိုပြန်ခေါ်ပါဦး….သားမလိုက်ချင်ဘူး သားကြောက်တယ်….”
” မေမေ…သားကြောက်တယ်…..”
“ဘုရားစင်က သောက်တော်ရေယူလိုက်ကိုပြုံး…”
မခင်ဝင်း၏ဖခင်က သောက်တော်ရေထယူကာကလေးသုံးယောက်ကိုတိုက်လိုက်၏။
မောင်တိုးနှင့်မောင်မိုးမှာပါးစပ်အတင်းစိထားသဖြင့်တိုက်၍မရ။ သားငယ်မောင်စိုးကား သောက်တော်ရေကိုအငမ်းမရသောက်နေ၏။
” အား…..သားမလိုက်ဘူး….မလိုက်ဘူး…..”
” အစ်…..ဂစ်….ဂစ်………”
” သား….သား….မောင်မိုး….အမေခေါ်နေတယ်လေ…သား….”
” မြေးလေး….ငမိုးထစမ်း…..ငမိုး….မြေးလေး…..”
မောင်မိုးမှာသူ့ဖွားအေ၏လက်ထဲ၌ပျော့ခွေကျသွားကာ အသက်ထွက်သွား၏။
” အား………”
ထိုစဉ်သားလတ်ပါအားခနဲအော်ပြီး အသက်ထွက်သွားပြန်၏။
” သား…..အမလေးသားတို့ရယ်…..ထပါအုံးကွဲ့…..သား….မောင်မိုးမောင်တိုး…ငါ့သားလေးတို့ရယ်….အီးဟီးဟီးဟီး……”
” မနေ့ကမှအကောင်းကြီးပါငါ့မြေးတို့ရယ်ခုကျဘာဖြစ်ရတာလဲကွာ…..”
ဦးမောင်ပြုံးမှာမြေးလေးအလောင်းကိုချီရင်းယောကျာ်းကြီးတန်မဲ့မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလေ၏။ အဖွားကြီးဒေါ်မြအေးမှာကားအထူးဆိုဖွယ်ရာမရှိတော့ချေ။ မခင်ဝင်းကသားငယ်လေးကိုတင်းကြပ်စွာပွေ့ချီထားလိုက်ပြီး
” မိန်းမယုတ်….ငါ့သားတွေပြန်ပေး….ငါ့သားတွေကိုပြန်ပေး…..အီးဟီးဟီး….”
ခဏ၌မောဟိုက်သံနှင့်အတူ နေမျိုးတို့သားအဖနှင့်လူကြီးတစ်ယောက်ပြန်ရောက်လာ၏။
” အစ်ကို….ကျွန်မတို့ကလေးကိုကြည့်ပါအုံး အသက်မရှိတော့ဘူးရှင့်….အီးဟီးဟီး….”
” ဗျာ!….သား…ငါ့သားတွေ….”
” ညီ….ညီလေးတို့…..”
သားအဖနှစ်ယောက် ပျော့ဖတ်နေသောကလေးအလောင်းကိုပွေ့ယူပြီးလှုပ်နိူးနေ၏။
” ဆရာ….ကျုပ်သားအသက်ကိုမကယ်ပေးနိူင်တော့ဘူးလားဗျာ….”
ဆရာမောင်ဖေငယ်မှာကလေးနှစ်ယောက်၏ထွက်သက်ဝင်သက်ကိုစမ်းကြည့်ပြီး ဖြည်းငြင်းစွာခေါင်းခါလေ၏။
ကိုမောင်လုံးမှာ အသည်းနှလုံးကိုဆွဲနှုတ်ခံလိုက်ရသကဲ့သို့ခံစားနေရ၏။ နေမျိုးကားညီငယ်နှစ်ယောက်ကို ကြည့်ရင်းအရွယ်နဲ့မလိုက်အောင်ခံစားနေရ၏။ အငယ်ဆုံးသားလေးကား မိခင်ဖြစ်သူရင်ခွင်ထက်၌ အိပ်မောကျနေရှာပြီ။
မနေ့တနေ့ကမှ ပျော်စရာအတိဖြစ်ခဲ့သောအိမ်ကြီးသည်ယူခုမူကား တိတ်ဆိတ်လျှက်။ လာလုပ်ကူနေကြသူများလည်း စိတ်မကောင်းရုံမှတပါးဘာမှမတတ်နိုင်တော့ချေ။ အိမ်ရှေ့တွင်ကား သားငယ်နှစ်ယောက်ယှဉ်၍ငြိမ်းချမ်းစွာအနားယူနေကြ၏။ နေမျိုးကား ညီငယ်နှစ်ယောက်၏အခေါင်းကြားဝင်ကာတွေတွေကြီးရပ်ကြည့်နေ၏။ မခင်ဝင်းတို့ကားငိုစရာမျက်ရည်ပင်မရှိတော့။
သားငယ်နှစ်ယောက်၏နာရေးကိစ္စပြီးသည်နှင့် ရှမ်းပြည်သို့ပြန်ရန်ပြင်ဆင်ကြ၏။ အလာတုံးကပျော်စရာကောင်းခဲ့သောဤခရီးကား ယခုမူဝမ်းနည်းစရာတပွေ့တပိုက်ကြီးနှင့်အတူ သားနှစ်ယောက်မှာပြန်မပါလာနိူင်တော့ချေ။ အငယ်ဆုံးသားလေးမှာလည်း အရင်လိုသွက်သွက်လက်လက်မဟုတ်တော့ဘဲ သူ့မျက်ဝန်းထဲ၌အကြောက်တရားကိုတွေ့နေရသည်။
မခင်ဝင်းမှာသားစိတ်ကြောင့် စားမဝင်အိပ်မပျော်ကာ အသိစိတ်လွှတ်နေရှာသည်။
” ဟယ်…သားလေး….အမေကလိုက်ရှာနေတာကွဲ့….ထမင်းစားချိန်ရောက်ပြီ ညီလေးကိုပါခေါ်လာခဲ့အမေခွံ့ကျွေးမယ်နော်….”
အိမ်ရှေ့ရှိသစ်ပင်ကိုစကားပြောလိုက်ထမင်းခွံ့ကျွေးလိုက်လုပ်နေ၏။ နေမျိုးကမိခင်ကိုကြည့်ပြီးသနားလည်းသနားသွား၏။
” အမေ….ညီလေးတို့ကပြန်မလာနိူင်တော့ဘူးလေ….”
” ဟဲ့တော်စမ်း….ညည်းပါးစပ်ကိုပိတ်ထား ဒီမှာငါ့သားနှစ်ယောက်ထမင်းစားနေတယ်….”
ဖခင်မှာလည်းနေ့စဉ်နှင့်အမျှအရက်သာသောက်နေတော့၏။ နေမျိုးကားအရွယ်နဲ့မလိုက်အောင်ဒုက္ခရောက်ရရှာပြီ။ အငယ်လေးမောင်စိုးသည် ဆော့နေရင်း
” ဟာ….သားမလိုက်ဘူး….မလိုက်ဘူး… သားကြောက်ပါပြီ….နောက်မလုပ်တော့ပါဘူး…..”
ဆိုပြီးထအော်၏။ ထိုအခါမှ အသိစိတ်လွှတ်နေသောမခင်ဝင်းမှာသားငယ်ကိုပြေးပွေ့လိုက်ပြီး
” ငါ့သားတွေပြန်ပေးစမ်းမကောင်းဆိုးဝါးမ….ငါ့ကလေးတွေပြန်ပေး….”
ဆိုပြီးအော်ဟစ်နေ၏။ ပတ်ဝန်းကျင်ရှိလူများကလည်း မခင်ဝင်းတို့မိသားစု၏အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြ၏။
တနေ့တွင်ကားနေမျိုးသည် ညီငယ်က လက်ပံခေါင်းစားချင်သည်ဟုဆိုလာသဖြင့် ရွာထိပ်ရှိလက်ပံပင်ကြီးအောက်သို့ရောက်လာခဲ့သည်။ နီစွေးနေသောလက်ပံပွင့်များကိုကောက်ရင်း အရင်ကအတူတူလက်ပံပွင့်များကောက်ရင်းဆော့ကစားခဲ့ကြသည့် ညီငယ်နှစ်ယောက်ကိုပြန်လည်မြင်ယောင်လာ၏။
” ကိုကြီး….. ဒီလက်ပံပွင့်တွေကိုသီပြီးကိုကြီးကောင်မလေးကိုသွားပေးပါလား….”
” ကိုကြီးမှာကောင်မလေးမရှိပါဘူးကွာ….”
ထိုစဉ်မောင်တိုးက
” ဘာမရှိတာလဲ ကိုကြီးက ရွာအရှေ့ပိုင်းကမမြတ်နွဲ့ကိုကြိုက်နေပြီးတော့….”
” ဟားဟားဟား….လျှောက်မပြောနဲ့ကွာ… သူများတွေသိရင်ရှက်စရာကြီး….”
” ပြောမှာဘဲပြောမှာဘဲ….ကိုကြီးကမမြတ်နွဲ့ကိုကြိုက်နေတာတဲ့ဟေး….”
” ဟာဟေ့ကောင်…ဟေ့ကောင်….”
ညီအစ်ကိုသုံးယောက်သား လက်ပံပွင့်များဖြင့် ပစ်ပေါက်ကာဆော့ကစားနေကြ၏။ ထိုစဉ်လေတချက်တိုက်သွားပြီး လက်ပံပင်ပေါ်မှ လက်ကျန် အပွင့်များကြွေကျလာပြီးသူ့အားလာရောက်ထိမှန်၏။ ပျော်စရာပုံရိပ်များလည်းတဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွား၏။ သူ၏မျက်ဝန်း၌ကား မျက်ရည်စတို့ပြည့်လျှံလျှက်။ နေမျိုးမတ်တပ်ထလိုက်ပြီး
” အား…..ညီလေးတို့ရေ ကိုကြီးဆီပြန်လာပါကွာ…….”
ဆိုပြီး နာကျင်စွာအော်ဟစ်လိုက်၏။
ထိုလူငယ်၏အော်ဟစ်သံကြောင့် မောင်ရေခဲတို့လည်း သနားစိတ်ဝင်သွား၏။
” ထင်ပေါ်…ဒီကလေးမှာအရွယ်နဲ့မမျှတဲ့ခံစားချက်တစ်ခုရှိနေတယ်….ပြီးတော့အခက်ခဲတစ်ခုလည်း ရှိနေတယ်….”
ထိုသို့ပြောပြီး လူငယ်အားစောင့်ကြည့်နေ၏။ ခဏ၌လူငယ်သည် လက်ပံပွင့်တချို့ကိုယူရင်း သူတို့ရှေ့သို့ရောက်လာခဲ့သည်။
” ဗျို့ညီငယ်….ဒါလက်ပံကုန်းရွာဟုတ်သလားဗျ….”
ဟုမေးလိုက်သော်လည်း လူငယ်ကခေါင်းငိုက်စိုက်ချထားလျက်ဖြင့်သာ ဆက်၍လမ်းလျှောက်နေ၏။
” ဗျို့ညီလေးရေ….အစ်ကိုတို့ တလောကဆုံးသွားတဲ့ကောင်လေးနှစ်ယောက်ရဲ့အိမ်ကိုသွားချင်လို့ပါ….”
” ဗျာ!…”
မောင်ရေခဲက ၏အသံကြောင့် လူငယ်လေးမှာ တုံ့ခနဲရပ်လိုက်ပြီး တုံ့ပြန်သံပြုလာ၏။
” အစ်ကိုတို့စောစောကဘယ်လိုပြောလိုက်တာ….”
” ဟိုလေတလောက ဒီရွာမှာဆုံးသွားတဲ့ကလေးနှစ်ယောက်ရဲ့အိမ်ကိုသွားချင်တယ်လို့ပြောလိုက်တာပါ….”
” အဲဒါကျွန်တော်ညီလေးတွေဗျ….အစ်ကိုတို့ကဘယ်လိုသိတာလဲ…”
” ဒီလိုပါဘဲကိစ္စကအရမ်းစိတ်ဝင်စားစရာကောင်းနေတော့ လူတွေကနေတဆင့်ကြားမိတာပေါ့….”
” အစ်ကိုတို့ကဘာတွေလဲ…. ”
” သာမန်လူပါဘဲ ဒါပေမဲ့ညီငယ်ရဲ့အခက်ခဲကိုဖြေရှင်းပေးနိူင်တယ်….”
မောင်ရေခဲ၏စကားကြောင့်လူငယ်၏မျက်ဝန်းမှာမျှော်လင့်ချက်ရောက်ခြည်သမ်းလာ၏။
” ဟာဒါဆို ကျွန်တော့အိမ်လိုက်ခဲ့ဗျာ….”
လူငယ်လေးဦဆောင်ပြီး ရွာထဲသို့ဝင်လာခဲ့ကြ၏။ တအောင့်၌ လူငယ်လေး၏အိမ်သို့ရောက်ရှိလာခဲ့၏။
” အဖေ….အမေ….ညီလေး…. ဧည့်သည်ပါလာတယ်ဗျို့….”
ဦးမောင်လုံးမှာအမူးပြေပြီမို့ နောက်တစ်ချီထပ်သောက်ရန်ပြင်နေချိန် သားကြီး၏ဧည့်သည်ပါလာသည်ဆိုသောအသံကြောင့် အရက်ပုလင်းကိုသိမ်းလိုက်၏။
” ဟာ….ဧည့်သည်တွေပါလား လာကြ…အပေါ်ကိုလာကြ…”
ဦးမောင်လုံးကဧည့်သည်ကိုဆီးကြိုလိုက်၏။ မခင်ဝင်းကား အိမ်တိုင်ကိုမှီပြီးငိုလိုက်ရယ်လိုက်လုပ်နေ၏။ မောင်ရေခဲတို့လည်းအိမ်ပေါ်သို့တက်လာကြပြီးဘုရားကိုရှိခိုးကန်တော့လိုက်၏။ ထိုစဉ်အိပ်ယာထဲ၌ ပိန်လှီနေသောကလေးငယ်ထလာပြီး
” ကိုကြီး….သားစားချင်တဲ့လက်ပံခေါင်းကောက်လာပေးပြီလား….သားဒီလက်ပံခေါင်းဟင်းစားပြီးရင်သွားရတော့မှာ….”
” ဟာပေါက်ကရမပြောရဘူးညီလေးရ….ဒီမှာတွေ့လား ကိုကြီးကဆရာတွေခေါ်လာခဲ့ပြီ….”
ကလေးငယ်ကမောင်ရေခဲကိုကြည့်ပြီးပြုံးပြ၏။
” သား…ဒီကိုလာပါအုံး….”
” ညီလေး….ဆရာခေါ်နေတယ်လာခဲ့….”
နေမျိုးက ညီငယ်ဖြစ်သူကိုချီလာခဲ့၏။ မောင်ရေခဲလဲ ကလေးငယ်အားကြည့်လိုက်ရာ ဘီလူးဖမ်းစားခံရခြင်းကိုသိလိုက်ရ၏။
” ဒီကလေးက ဘာနေ့သားလဲညီငယ်”
” အင်္ဂါ…ကျုပ်သားကအင်္ဂါသား….သားလေး….အဲမိန်းမကြီးဆီလိုက်မသွားနဲ့နော်…အမေ့ဆီပြန်လာခဲ့….”
တချိန်လုံးတငိုငိုတရီရီလုပ်နေသော မခင်ဝင်းက ထိုသို့ဖြေကာ ကလေးကိုကောက်ချီပြီးခပ်တင်းတင်းပွေ့ထားလိုက်၏။ မောင်ရေခဲလည်း ထိုသားအမိ၏အဖြစ်ကိုမကြည့်ရက်တော့သဖြင့် အထက်ကိုတိုင်တည်ကာ အမိန့်အာဏာဖြင့် စွဲရင်းကိုခေါ်လိုက်၏။
” အင်္ဂါသားကို ခြောက်လှန့်နှောက်ယှက်နေတဲ့အကောင် ငါ့အရှေ့ကို မကြာချက်ချင်းရောက်လာခဲ့စမ်း….”
” ဟင်းဟင်းဟင်း….ဟင်းဟင်းဟင်း…. ”
ထိုစဉ်တချိန်လုံးငြိမ်နေသောဦးမောင်လုံးမှာ မျက်လုံးများနီရဲကာတဆတ်ဆတ်တုန်ရီနေ၏။
” သင်ဘယ်သူလဲ….ဘာကိစ္စကလေးကိုခြောက်လှန့်ရတာလဲ….”
” ငါကဘုရားစောင့်ဘီလူးဘဲ…သင့်ကိစ္စမဟုတ်ဘဲဝင်မရှုပ်နဲ့ မဟုတ်လို့ကတော့ သင့်ပါစားပစ်မယ်….”
” သင့်ကိုသင်ဘီလူးဆိုပြီး အပြောမကြီးစမ်းပါနဲ့ လူစွမ်းရင်နတ်မခံနိူင်ဘူးဆိုတဲ့စကားသင်ကြားဖူးမှာပါ….ဘာကိစ္စဒီကလေးကိုခြောက်လှန့်နေရတာလဲ….”
” ငါစားမလို့ဟေ့ သုံးယောက်စလုံးကိုစားချင်နေတာ နှစ်ယောက်ကိုတော့စားပြီးပြီ ဒီတစ်ယောက်ကတော့ သူ့အမေကဆွဲဆွဲထားလို့ စားမရသေးတာ….ဟင်းဟင်း”
ဦးမောင်လုံးကဟိုယိုင်သည်ယိုင်ဖြင့် ဒူးတစ်ဖက်ထောင်တဖက်ချကာထိုင်နေ၏။
” ဒီကလေးကိုမင်းစားလို့မရဘူး….ကလေးမှာအပြစ်မရှိဘူး….”
” စားမှာရအောင်စားမှာ….ဒီကောင်ကငါ့တင်ပါးကိုထိုးတယ်ရိုက်တယ် ငါမကျေနပ်ဘူး…. စားမှာလူသားစားချင်နေတာကြာပြီ… ဘုရားကိုစောင့်နေရလို့သာ သည်းခံနေရတာ…”
” ပြောမရတော့လဲ အထက်နတ်မင်းကိုတိုင်ရတာပေါ့ ….”
ဆိုကာမောင်ရေခဲလည်း မြောက်အရပ်ကိုပိုင်စိုးသောဝေဿဝဏ်နတ်မင်းကြီး(ကုဝေရ)ကိုတိုင်တည်လိုက်ရာ ခဏ၌ နတ်ဘီလူးကြီးနှစ်ကောင်ပေါ်လာခဲ့၏။ ထိုအခါဘုရားစောင့်ဘီလူးမှာ ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး
” ဒီကလေးကိုမစားတော့ပါဘူး….ဒါပေမဲ့ ငါ့ကိုနွားတစ်ကောင်ကျွေးပါ….ဒါဆိုငါသွားမယ်… ”
ထိုစကားကြောင့်တမန်တော်နတ်ဘီလူးတို့စိတ်ဆိုးသွားပြီး
” တယ်…ရာရာစစသင့်လို ဘီလူးကလူသားစားပြီးတာတောင်မတင်းတိမ်နိုူင်သေးဘဲအမဲသားကစားချင်သေးတယ်….သင့်အပြစ်ကိုအရှင့်ကိုတင်ပြပြီးရင်တော့ အပြစ်ခံယူဖို့ ပြင်ထားလဟဲ့….”
ဆိုပြီး တင်းပုတ်နဲ့ထုလိုက်ရာဘုရားစောင့်ဘီလူးကြီးမှာလူးလှိမ့်နေအောင်ခံလိုက်ရ၏။
“အား….. မှားပါပြီအရှင်တို့်….ကျွနု်ုပ်မှားပါပြီ….ခွင့်လွတ်ပေးကြပါ….ဒီကလေးကိုလည်းမစားတော့ပါဘူး….”
” ကဲသင်အပြစ်ကို အရှင်ကဆုံးဖြတ်လိုက်မယ် လိုက်ခဲ့စမ်းဟဲ့ငမိုက်သား….”
တမန်တော်ဘီလူးကြီးက ဘုရားစောင့်ဘိလူးကိုခြေထောက်မှဆွဲပြီး ပြန်လည်ပျောက်ကွယ်သွား၏။ ဦးမောင်လုံးလည်းပျော့ခွေကာနံဘေးသိ့ုလဲကျသွား၏။ မောင်ရေခဲလည်းသောက်တော်ရေစင်ကိုယူပြီးတောက်ပေးလိုက်ရာ ခဏ၌အင်းအဲအသံပြုပြီးပြန်သတိရလာ၏။ ကလေးငယ်မောင်စိုးကားမိခင်ရင်ခွင်ထက်၌အိပ်ပျော်နေချေပြီ။
” ဟာ….ကျုပ်…ကျုပ်ဘာဖြစ်သွားတာလဲဗျ…”
ဦးမောင်လုံးတစ်ယောက်ဖြစ်ပျက်သမျှဘာမှမမှတ်မိတော့ချေ။ နေမျိုးက
” ခုကစပြီးဘာမှမဖြစ်တော့ဘူးအဖေ….ညီလေးကိုနှောင့်ယှက်နေတဲ့အကောင်လည်းမရှိတော့ဘူး…အဖေသာအရက်ဖြတ်ရင်ပြီ….ဒါမှသွားလေသူညီလေးနှစ်ယောက်လည်း ကောင်းမွန်တဲ့ဘဝရောက်မှာ….”
” အေးပါငါ့သားရာ အဖေစိတ်တွေမဖြေသာနိူင်လွန်းလို့လုပ်မိလုပ်ရာ လုပ်မိသွားတာပါ…အဖေ့ကိုခွင့်လွှတ်ပါကွာ….
” ကဲအစ်မကြီး….. သွားတဲ့သူကသွားပြီဖြစ်တဲ့အတွက် အစ်မကြီးပူဆွေးနေလည်း ပြန်မလာနိူင်တော့ပါဘူး….ဒီတော့ကျန်နေသေးတဲ့သူကိုဘဲ ဒီလိုအမှုမျိုးထပ်မဖြစ်အောင်သာဂရုစိုက်ပေးပါ….အစ်မကြီးသောကရောက်နေလိ့ုတချက်တချက်အသိလွှတ်နေတာပါ…..အစ်မကြီးအရှိကိုအရှိတိုင်းလက်ခံပြီး တရားကိုနှလုံးသွင်းရင်တော့ အစ်မကြီးရဲ့ဝေဒနာကပြန်ပြီးကောင်းလာမှာပါ…”
မောင်ရေခဲကထိုသို့ပြောပြီး ဟိမဝန္တာအရပ်မှရသော နတ်ရေစင်ကိုတိုက်လိုက်၏။
” ရော့…ဒါလေးက ကလေးနိူးလာရင် လည်ပင်းမှာဆွဲထားပေးလိုက်ပါ…..”
” ကျေးဇူးတင်ပါတယ်အစ်ကို….အစ်ကိုနဲ့သာစောစောတွေ့ခံရင် ကျွန်တော့ညီလေးနှစ်ယောက်ကိုလည်းဆုံးရှုံးရမှာမဟုတ်ဘူးဗျ….”
နေမျိုးကပြောပြောဆိုဆို ငိုချ၏။
” လူတွေကသေချိန်တန်ရင် ဘယ်သူမှမကယ်နိူင်ပါဘူးညီလေး…..သေချင်းတရားကိုဘယ်သက်ရှိမှမလွန်ဆန်နိုင်ဘူး…ငါတို့ရဲ့ဗုဒ္ဓအရှင်မြတ်တောင်မှ ပရိနိဗ္ဗာန်စံသေးတာဘဲ….ဒီတော့သွားလေသူစိတ်ဖြောင့်အောင်ကောင်းတဲ့ဘုံဘဝရောက်အောင် အလှူအတန်းလုပ်ပြီးအမျှဝေပေးပါ….”
” သေချင်းတရားဆိုတာဘယ်မှာပုန်းပုန်းမလုံခြုံဘူး…အစ်ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်…ရှေးတုန်းက အင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ရှိခဲ့တယ်… သူကဘယ်လောက်ဆင်းရဲလဲဆိုရင် တနေ့လုံးနေမှထမင်းတလုတ်စားဖို့မရှိဘူးတဲ့….အဲဒီတော့စိတ်ဆင်းရဲပြီး သေချင်နေရှာတယ်…ဒါပေမဲ့ဘယ်လိုကြိုးစားကြိုးစားမသေဘူးတဲ့…ဒီတော့ ရေထဲခုန်ချပြီးသတ်သေဖို့ကြိုးစားတယ်…အဲဒီမှာဘဲကန်စောင့််နတ်ကသူ့ကိုသနားပြီး ရွှေသေတ္တာပေးလိုက်တယ်…..အဲဒီမှာသူကတစ်မြို့လုံးမှာအဋ္ဌေးဆုံးလူဖြစ်သွားသတဲ့….ဒီလိုနဲ့ကာလကြာရှည်လာတော့သူဋ္ဌေးကြီးလဲ သူဋ္ဌေးဘဝမှာဘဲဆက်ပြီးနေချင်တယ်မသေချင်သေးဘူးတဲ့ ဒါပေမဲ့သေမင်းကသူ့ကိုမရမကလိုက်ရှာတယ်….သူလည်းပုန်းတယ်…ဘယ်နေရာပုန်းပုန်း သေမင်းကတွေ့နေတယ်တဲ့ ဒါနဲ့သူလည်းနောက်ဆုံးကန်စောင့်နတ်မင်းကိုသတိရသွားတယ်….ဒီတော့ကန်စောင့်နတ်ကိုအကျိုးအကြောင်းပြောပြပြီးအကူညီတောင်းတယ် ကန်စောင့်နတ်လည်းသူ့ကိုသေတ္တာထဲထှည့်ပြီး ရေထဲမှာဝှက်ထားပေးလိုက်တယ်….ဒီလိုနဲ့တနေ့တော့သေမင်းကသူ့ရဲ့လက်စွဲတော်ဓားကောက်ကြီးကိုထောက်ပြီးဆင်းလာသတဲ့….အဲဒီချိန်ရေအောက်မှာရှိတဲ့သေတ္တာကြီးကိုထောက်မိပြီးကြည့်လိုက်တော့ သူဋ္ဌေးကြီးဖြစ်နေတယ်….နောက်ဆုံးတော့သူဋ္ဌေးကြီးလဲသေချင်းတရားနောက်ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရတော့တယ်….ဒီပုံပြင်ကိုကြည့်ရင် သက်ရှိတိုင်းသေချန်တန်ရင်သေကြရတာဘဲမလား…”
” ဟုတ်ကဲ့ပါအစ်ကို…ကျွန်တော်နားလည်ပါပြီ…ကျေးဇူးပါဘဲဗျာ…”
ပုံပြင်ကိုကြားပြီးနောက် ဦးမောင်လုံးတို့လင်မယားနှစ်ယောက်လည်း သေချင်းတရားကိုလက်ခံသွားပုံရ၏။
” ကျေးဇူးပါဆရာ…ချက်ချင်းကြီးဆိုတော့မဖြေသာနိူင်လွန်းလို့ပါ….ကျွန်မတို့လက်ခံနိူင်အောင်ကြိုးစားပါ့မယ်ရှင်….”
” ကဲဒါဆို အစ်ကိုတို့ကိုခွင့်ပြုပါဦး…. ”
ဆရာတပည့်နှစ်ယောက်လည်း ကလေးငယ်၏အသက်ကိုဘီလူးလက်မှကယ်တင်ပေးပြီး မိမိ၏ဇာတိရပ်ရွာ သာလွန်းရွာသို့ဆက်လက်ခရီးဆက်ခဲ့ကြတော့သည်။…..။
#ပြီး
Zawgyi Version
ဘုရားေစာင့္ဘီလူး(စ/ဆံုး)
———————————
ေနြဦးရာသီေလတျဖဴးျဖဴးတိုက္ေနသျဖင့္ လက္ပံမ်ားတျဖဳတ္ျဖဳတ္ေႂကြက်ေနရာ ေျမႀကီးေပၚဝယ္ အနီေရာင္ေကာ္ေဇာခင္းထားသည့္ႏွယ္ နီရဲလွပေန၏။ သစ္ပင္ထက္မွရြက္အိုရြက္ေဟာင္းမ်ားလည္း ေလတိုက္တိုင္း ပင္အိုကိုစြန္႔ကာေႂကြက်ေျမခကုန္၏။
ေႏြဦးရာသီျဖစ္သျဖင့္ ၾကည့္ေလရာေလာကတခြင္၌ မွိုင္းညိဳ့ကာလြမ္းဆြတ္ဖြယ္ေကာင္းလွသည္ကားအမွန္ပင္။
စိုက္ပ်ိဳးရာသီမဟုတ္သည့္တိုင္ ျမင္ေလရာ၌ရိုးျပတ္မ်ားသာေတြ႕ရသျဖင့္ သာ၍ပ်င္းရိဖြယ္ေကာင္းလွသည္။ ဤရာသီကား အလြမ္းဓာတ္ခံရွိသူမ်ားအတြက္ အင္မတန္အလြမ္းပိုေစေသာရာသီပင္တည္း။ ေနမ်ိဳးတစ္ေယာက္ ျပင္းရွရွေနပူထဲ၌ ႏြားမ်ားကိုလႊတ္ထားလိုက္ၿပီး သူကားသရက္ပင္ေအာက္၌ အက်အနထိုင္ေန၏။ သရက္ပြင့္မ်ားကားတပင္လုံးေဖြးေဖြးလွုပ္ေန၏။
” သား….ေနမ်ိဳး….ႏြားေတြကိုေရသြားခ်ေခ်ဦး…ေနပူတယ္ကြဲ႕ သူတို့လည္းေရငတ္ေရာေပါ့….”
” ဟုတ္အေမ……. ”
ေနမ်ိဳး၏အေမ ေဒၚခင္ဝင္းက ယာထဲမွက်န္ရွိေနသည့္ ပန္းမုန္လာမ်ားကိုခုတ္ယူရွင္းလင္းေနသည္။ ပြင့္က်န္မ်ားျဖစ္သျဖင့္ ပိုးမ်ားပင္က်ေနေခ်ၿပီ။ ေစ်းလည္းသိပ္မရေတာ့သျဖင့္ ခုတ္ၿပီးေျမဩစာလုပ္အပုပ္ခ်ရန္ျဖစ္သည္။
ေတာသူေတာင္သားအဖို့ တစ္ရာသီၿပီးတစ္ရာသီ စိုက္ပ်ိဳးသီးႏွံမ်ားကို အလွည့္က်စိုက္ပ်ိဳးရ၏။ ေဒၚခင္ဝင္းကား ရွမ္းျပည္သူတစ္ေယာက္မဟုတ္။ ေတာင္ေပၚသားႏွင့္အေၾကာင္းစပ္ကာေပါင္းဖက္ရသူတစ္ေယာက္ပင္။ ယခုလည္း လက္က်န္အလုပ္မ်ားကိုအၿပီးသိမ္းၿပီးသည္ႏွင့္ မိမိ၏ဇာတိေအာက္ျပည္မိဘမ်ားဆီသို့ ေယာက်ာ္းသားသမီးမ်ားေခၚကာ အလည္သြားရန္အားခဲထားၾကသည္။ ဤရာသီေရာက္တိုင္း ေအာက္ျပည္ရွိသူမတို့ရြာကေလး၌ ဘုရားပြဲက်င္းပျမဲျဖစ္သည္။ ထိုဘုရားပြဲသို့မေရာက္ျဖစ္သည္မွာ ၾကာၿပီျဖစ္သျဖင့္ ယခုတစ္ေခါက္အေရာက္သြားရန္အားခဲထားသည္္။
ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်သျဖင့္ ယခုသူအသက္၃၅ႏွစ္အရြယ္ တြင္ သားေယာက်ာ္းေလး ေလးေယာက္ေမြးၿပီးျဖစ္သည္။
” အေမ….အေမ….ဘယ္ေတာ့အဖြားတို့ဆီသြားၾကမလဲ…..”
” လက္က်န္အလုပ္ေတြသိမ္းၿပီးခ်ိန္ေပါ့ေအ….”
” သားျဖင့္သြားခ်င္လွၿပီ အဖြားတို့ရြာက ေခ်ာင္းေတြေပါေတာ့ငါးေတြပုဇြန္ေတြဖမ္းလို့ရတယ္…ေလွသမၺာန္ေတြစီးလို့လဲရတယ္……”
” ေႏြရာသီေက်ာင္းပိတ္ၿပီဆိုေတာ့ ညည္းတို့အဖြားအိမ္မွာဘဲေနခဲ့ၾကေပါ့….. မိုးရာသီေက်ာင္းဖြင့္ခ်ိန္ေရာက္မွအေမတို့ျပန္လာေခၚမယ္ေလ…..”
” ေနခ်င္ပါဘူးအေမရာ အဖြားကအခိုင္းဆိုးဆိုးနဲ႔……”
ထမင္းဝိုင္း၌ သားအမိငါးေယာက္အသံျဖင့္ဆူညံေန၏။ ဖခင္ျဖစ္သူကားစကားနဲသည့္ေတာင္ေပၚသားျဖစ္သျဖင့္ဘာစကားမွမဆိုေခ်။
” အေဖ… ႏြားေတြကိုဘႀကီးျမဆီအပ္ခဲ့မွာလား….”
” မအပ္ပါဘူး ဟိုကသူ႔ႏြားသူေတာင္မနိူင္တဲ့ကိစၥကို….နင္တို့သားအမိဘဲသြား အေဖကအိမ္ေစာင့္ရင္းႏြားေက်ာင္းရင္းက်န္ခဲ့မွာ……”
” အဟမ္း…အဟမ္း…..”
ေဒၚခင္ဝင္းက ေယာက်ာ္းျဖစ္သူကိုမ်က္ေစာင္းထိုးၿပီးေခ်ာင္းဟန႔္၏။ သားေလးေယာက္ကားျပဳံးစိစိျဖင့္မိဘႏွစ္ပါးကိုၾကည့္ေနၾက၏။
” ေအးပါ…ဖိုးေထာင္ကိုငွားၿပီးေက်ာင္းခိုင္းရမွာေပါ့….”
ကိုေမာင္လုံးစကားလမ္းေၾကာင္းေျပာင္းလိုက္၏။
ဤသို့ျဖင့္ ေအာက္ျပည္သို့ခရီးသြားမည့္ရက္ေရာက္လာခဲ့သည္။ သားအမိသားအဖ၆ေယာက္ ကားတစ္စီးအျပတ္ငွားကာ ထြက္လာခဲ့ၾက၏။ ခရီးမထြက္ရသည္မွာၾကာၿပီျဖစ္သျဖင့္ သားေလးေယာက္မွာ ေပ်ာ္၍မဆုံးနိူင္။ အဆိုးဆုံးကေနမ်ိဳးပင္။ လူပ်ိဳေဖာ္ဝင္စအသက္ ၁၇ ႏွစ္အရြယ္ေရာက္ၿပီျဖစ္သျဖင့္ မိန္းကေလးမ်ားကိုေငးတတ္ေနေခ်ၿပီ။
နာရီအေတာ္ၾကာသည္အထိခရီးဆက္ၾကၿပီးေနာက္ ေအာက္ျပည္သို့ေရာက္လာခဲ့ၾကသည္။ ေဒၚခင္းဝင္းတို့မိသားစုေရာက္လာသည္ႏွင့္ ရြာရွိအမ်ိဳးမ်ားကား အိမ္၌ေရာက္လာကာစကားေဖာင္ဖြဲ႕၍မၿပီးေတာ့ေခ်။
ရြာေရာက္သည္ႏွင့္ေနမ်ိဳးမွာရြာရွိကာလသားမ်ားႏွင့္အဖြဲ႕က်သြားေတာ့သည္။ သူတို့က ေနမ်ိဳးကိုရွမ္းေလးဟုေခၚကာ ရြာအနံ့ေလၽွာက္ျပၿပီး ရြာရွိအပ်ိဳမ်ားႏွင့္လည္းတစ္ေယာက္မက်န္မိတ္ဆက္ထားေပးသည္။
” လာမဲ့လာျပည့္ေန႔က ဒို့ရြာဘုရားပြဲေအ့….မိခင္ဝင္းညည္းကေလးေတြကိုဘုရားပြဲေခၚသြားၿပီးမွ ရွမ္းျပည္ျပန္ေပါ့….”
” သမီးလည္းအဲဒီလိုဘဲေတြးထားတာအေမရဲ့…သမီးလဲဘုရားပြဲမေရာက္ျဖစ္တာၾကာၿပီေလ….”
” ေအးကြယ္ ညည္းရဲ့သားႀကီးကေတာ့ အိမ္ကိုျပန္မလာေတာ့ဘူး တစ္ခါတစ္ေလေလးဖြားေအဆီအလည္လာတာကို အိမ္မကပ္ေတာ့စကားေျပာေဖာ္မရပါဘူးေအ….”
” အေမ့ေျမးကလူပ်ိဳျဖစ္ၿပီကိုးရွင့္….”
သားအမိႏွစ္ေယာက္ ေရွးေဟာင္းေနာင္းျဖစ္မ်ားေျပာၿပီး ခ်က္ျပဳတ္ေနၾက၏။ ကိုေမာင္လုံးကပူ၍ဆ္ိုကာအဝတ္ခၽြတ္လၽွက္သားျဖင့္ အိမ္ေရွ႕မန္က်ည္းပင္ေအာက္ရွိကြပ္ပ်စ္၌အိပ္ေပ်ာ္ေနေခ်ၿပီ။
ဤသို့ျဖင့္ တစ္ရြာလုံးေမၽွာ္ေနၾကေသာဘုရားပြဲႀကီးက်င္းပရာရက္သို့ေရာက္ရွိလာ၏။ ဘုရားပြဲသို့ရပ္နီးရပ္ေဝးမွလာေရာက္သူအေပါင္းတို့ျဖင့္ စည္ကားသိုက္ၿမိဳက္ေန၏။ ေဒၚခင္ဝင္းလည္းသားေလးေယာက္ကိုေစာစီးစြာနိူးၿပီးျပင္ဆင္ေစ၏။ အားလုံးၿပီးသည္ႏွင့္ သားငယ္သုံးေယာက္ကိုေခၚၿပီး ဘုရားပြဲဆီသို့ခ်ီတက္လာခဲ့ၾက၏။ ဘုရားေရာက္သည္ႏွင့္လူမ်ားကိုတိုးေဝွ႕ကာ ပန္း၊ေရခ်မ္းကပ္လွူရန္ ဝင္လာခဲ့ၾက၏။ ထိုဘုရား၏ေလးဘက္ေလးတန္၌ အင္မတန္ႀကီးမားေသာထိုင္ေနဟန္ဘီလူး႐ုပ္ႀကီးေလး႐ုပ္ကို ေလးဖက္ေလးတန္၌ တည္ထား၏။
လူႀကီးမ်ားဘုရားဝတ္ျပဳေနၾကစဥ္ ကေလးသုံးေယာက္သည္ လူအုပ္ၾကားထဲတိုးထြက္လာၿပီး ဘုရားပတ္ပတ္လည္၌ေလၽွာက္ၾကည့္ေနၾက၏။
” ကိုမိုး…. ဟိုးမွာၾကည့္စမ္း ဘီလူး႐ုပ္ႀကီးကအႀကီးႀကီးဘဲ….”
” ေအးဟ….ဟိုးဖက္မွာလည္းရွိတယ္….ေဟာ ဟိုဖက္မွာေရာဟ….”
“တို့အနီးကပ္သြားၾကည့္ရေအာင္…. အငယ္ေကာင္လာကိုမိုးလက္ကိုဆြဲထား လူၾကားထဲေပ်ာက္သြားမယ္….”
ညီအစ္ကိုသုံးေယာက္သား ဘုရား၏ေထာင့္သုံးေထာင့္ရွိဘီလူး႐ုပ္မ်ားကိုစိတ္ဝင္တစားသြားၾကည့္ၾက၏။
ထိုဘီလူး႐ုပ္သုံး႐ုပ္နား၌လူမ်ားရွုပ္ေနသျဖင့္ မကိုင္ၾကည့္ရေခ်။
” လာညီတို့ ငါတို့ဟိုးဘက္မွာက်န္ေသးတဲ့ဘီလူး႐ုပ္ကိုသြားၾကည့္ရေအာင္ အဲ၏ဒီဘက္မွာလူလည္းရွင္းတယ္ဟ….”
” သြားစို့….”
ညီအစ္ကိုသုံးေယာက္ ဘုရားေတာင္ဘက္ရွိ ဘီလူး႐ုပ္ႀကီးဆီသို့ေရာက္လာၾက၏။ ထိုေနရာကား လူမရွိသျဖင့္ တိတ္ဆိတ္ေန၏။
” ဘီလူး႐ုပ္ႀကီးကအႀကီးႀကီးဘဲကြာ ငါတို့ရြာဘုရားမွာေတာ့ ဒီလိုဘီလူး႐ုပ္မရွိဘူး ျခေသၤ့႐ုပ္ႀကီးဘဲရွိတာေနာ္အစ္ကို….”
” ဘယ္တူမလဲဟ….အေမတို့လည္းဘုရားရွိိခိုးလို့မၿပီးေသးဘူးဆိုေတာ့ ငါတို့၏ဒီမွာဘဲေဆာ့ရင္းေစာင့္ရေအာင္….”
ညိအစ္ကိုသုံးေယာက္လည္း ဘီလူး႐ုပ္ႀကီးအား ရိုက္လိုက္ပုတ္လိုက္မရမကတက္လိုက္ျဖင့္ ေဆာ့ေနၾက၏။
” ကိုမိုး…ဒီဘီလူးႀကီးကသားတို့လိုအီအီးပါတတ္လား…”
” အ႐ုပ္ႀကီးေလကြာ စားလဲမစားတတ္ဘူးအီးလည္းမပါတတ္ဘူး…. ”
” သိဘူးသားကေတာ့ ၏ဒီဘီလူးႀကီးရဲ့ ဖင္က္ိုတုတ္နဲ႔ထိုးၾကည့္မယ္….. ”
ထို့ေနာက္ တုတ္တေခ်ာင္းေကာက္ကာ ဘီလူးႀကီး၏ဖင္အား ရိုက္လိုက္ထိုးလိုက္လုပ္ေနၾက၏။
” ဟားဟားဟား…. ဟားဟားဟား…. ”
” ဟီး..ဟီး….ဟားဟား…. ”
ထိုသို့ေဆာ့ေနရသည္မွာသူတို့အတြက္အလြန္ေပ်ာ္စရာေကာင္းေန၏။ ဘီလူးႀကီးမွာဒူးတစ္ဖက္ေထာင္တစ္ဖက္ကိုခုထိုင္လၽွင္ထိုင္ေနပုံျဖစ္သျဖင့္ ကေလးသုံးေယာက္မွာ ေဆာ့၍အလြန္ေကာင္းေနဟန္ရွိ၏။
” ေဟ့ကေလးေတြ… ဘာလုပ္ေနၾကတာလဲ….ဘီလူး႐ုပ္ကိုတုတ္နဲ႔ရိုက္မွေတာ့သုတ္ထားတဲ့ေဆးေတြပ်က္ကုန္ေတာ့မွာေပါ့….မင္းတို့ကဘယ္သူ႔ကေလးေတြလဲ…..”
ကေလးမ်ားေဆာ့ေနစဥ္ဘုရားလူႀကီးကျမင္လိုက္သျဖင့္ လာေရာက္တားျမစ္လိုက္၏။ ထိုစဥ္ေဒၚခင္ဝင္းတို့ေရာက္လာၿပီး
” ဟယ္ရွာလိုက္ရတာသားတို့ရယ္…..လက္စသတ္ေတာ့ဒီေရာက္ေနတာကိုး”
” ဪတူမႀကီးရဲ့ကေလးေတြလား….”
” ဟုတ္ပါတယ္ရွင့္….ဘာမ်ားျဖစ္လို့လဲရွင့္….”
” ဒီကေလးေတြ ေဟာဟိုကဘီလူး႐ုပ္ႀကီးကို တုတ္နဲ႔ထိုးၾကရိုက္ၾကလို့ပါတူမႀကီး….”
” ဟင္….”
” ကဲကဲ ကေလးေတြဘာမွမသိဘဲလုပ္မိၾကတာဆိုေတာ့ထားလိုက္ေတာ့….. ”
” ေက်းဇူးတင္ပါတယ္ရွင့္….လာသားတို့ျပန္ၾကမယ္…”
ေဒၚခင္ဝင္းကကေလးသုံးေယာက္ကိုဆြဲေခၚၿပီးအိမ္သို့ျပန္လာခဲ့ၾက၏။ ေနမ်ိဳးကေတာ့ သူငယ္ခ်င္းမ်ားႏွင့္အတူေလၽွာက္လည္ေနသျဖင့္ ညမွအိမ္ျပန္ေရာက္လာ၏။
လျပည့္ညလဝန္းႀကီးသည္ကား ဝိုင္းစက္ကာထိန္ထိန္သာေန၏။ ရြာသူရြာသားတို့ကားေန႔ခင္းအခ်ိန္တြင္ ပင္ပန္းခဲ့သမ်ွညအခ်ိန္၌ ေအးခ်မ္းစြာအိပ္စက္အနားယူၾက၏။
” သား….ေမာင္မိုး၊ေမာင္တိုး၊ေမာင္စိုး….ေမေမ့ဆီလာေလ…. ဘယ္လိုက္သြားၾကမလို႔လဲ အဲမိန္းမႀကီးကေရာဘယ္သူလဲသားတို႔သိၾကလို႔လား….”
” သား….ေမေမေခၚေနတာၾကားလား….သားေမာင္မိုး သားညီေလးေတြေခၚၿပီး ျပန္လာခဲ့….”
ျမဴမႈန္မ်ားအံု႔ဆိုင္းေနေသာေတာႀကီးထဲ၌ေရာက္႐ွိေနၿပီး သူမ၏သားသံုးေယာက္သည္ မိနး္မႀကီးတစ္ေယာက္၏လက္ကိုတဖက္တခ်က္စီဆဲြထားၾက၏။ မ်က္ႏွာစိမ္းအမ်ိဳးသမီးမွာ သူမအားဂ႐ုစိုက္ပံုမေပၚဘဲ သူမ၏ကေလးသံုးေယာက္ကိုသာ ဆဲြေခၚၿပီးသူမေ႐ွ႕မွတေရြ႕ေရြ႕ထြက္သြား၏။
” သားျပန္လာခဲ့လို႔….ဟဲ့မ်က္ႏွာစိမ္းမ ငါ့သားကိုဘယ္ေခၚသြားမလို႔လဲျပန္ေပးစမ္းငါ့သားေတြကို….”
သူမမွာသားသံုးေယာက္ကိုလိုက္ေခၚခ်င္ေသာ္လည္း ေျခေထာက္က မ၍မရေခ်။
” ဟဲ့ ညည္းမၾကားဘူးလား ငါ့သားေတြကိုျပန္ေပးစမ္းဟဲ့….”
” အမေလး!…..”
သူမေအာ္သံေၾကာင့္မ်က္ႏွာစိမ္းအမ်ိဳးသမီးမွာသူမအားျပန္၍လွည့္ၾကည့္လာစဥ္ ထိုမိန္းမႀကီး၏မ်က္လံုးႏွစ္လံုးမွာျပဴးၿပီးနီရဲေန၏။ ပါးစပ္မွာလည္း အစြယ္ႀကီးႏွစ္ေခ်ာင္းကျပဴးကာေငါထြက္ေန၏။ ထိုျမင္ကြင္းေၾကာင့္ သူမမွာ ေသြးလန္႔သြား၏။
” သားေမာင္မိုး…. အဲဒါသရဲမႀကီးဟဲ့….မလိုက္သြားနဲ႔မင္းညီေတြေခၚၿပီးအေမ့ဆီျပန္လာခဲ့….”
သူမ အာေပါက္ေအာင္ေအာ္ေခၚေနေသာ္လည္း ကေလးသံုးေယာက္မွာေခါင္းငိုက္စိုက္ျဖင့္ မ်က္ႏွာစိမ္းမိန္းမႀကီးေနာက္တေရြ႔ေရြ႔လိုက္ေနၾကဆဲပင္။
” သား….ေမာင္မိုး….မင္းညီေလးေတြေခၚၿပီးျပန္လာခဲ့….”
မ်က္ႏွာစိမ္းနဲ႔ကေလးသံုးေယာက္မွာ သူမႏွင့္တျဖည္းျဖည္းေဝး၍ေဝး၍သြား၏။
” ျမတ္စြာဘုရားကယ္ေတာ္မူပါ….”
သူမထိုသို႔ရြတ္ၿပီး ေျပးလိုက္သြားရာေျခေထာက္မွမ၍ရသြားၿပီး သားငယ္ေလးေမာင္စိုး၏လက္ကိုဖမ္းဆုပ္မိသြား၏။
” သားအေမနဲ႔ျပန္လိုက္ခဲ့…. သူကသားတို႔ထင္သလိုလူမဟုတ္ဘူး….”
သားငယ္မွာသူ႔လက္၌က်န္ခဲ့ၿပီး က်န္ႏွစ္ေယာက္မွာ မ်က္ႏွာစိမ္းႏွင့္အတူျမင္ကြင္းထဲမွေပ်ာက္ကြယ္သြား၏။
” သားေမာင္မိုး၊ေမာင္တိုး…..သားတု့ိကိုအေမေခၚေနတယ္ေလ….အေမ့ဆီျပန္လာခဲ့သား….သားေရ….”
” မခင္ဝင္း….မခင္ဝင္း…. ဘာေတြေအာ္ေနတာလဲ….ေခြၽးေတြလဲရဲႊရဲႊစိုေနလို႔ပါလား…”
ကိုေမာင္လံုးလႈပ္ႏိူးလိုက္မွ ႏိူးလာၿပီးအိပ္မက္မက္ေနမွန္းသိသြား၏။
” သား….ငါ့သားေတြေရာ….”
” ဟိုးမွာအိပ္ေနၾကတယ္ေလမိန္းမရဲ႕….ဘာလဲအိပ္မက္ဆိုးေတြမက္ေနတာလား….”
” ဟုတ္တယ္အစ္ကို….. တကယ္ကိုဆိုးတဲ့အိပ္မက္ဆိုးႀကီးပါ…ဖြဖြဖြဟဲ့ လဲြပါေစဖယ္ပါေစ….”
” အိပ္မက္မက္တာဘဲမိန္းမရယ္ ဘာမွစိတ္ထဲထားမေနနဲ႔….ည၂ခ်က္တီးဘဲ႐ွိေသးတယ္ျပန္အိပ္လိုက္ဦး….”
” အင္းအင္း….”
ျပန္၍အိပ္ေသာ္လည္း သူမအိပ္မေပ်ာ္ေတာ့ပါ။ အိပ္မက္ထဲကမ်က္ႏွာစိမ္းမိန္းမႀကးီကိုသာျပန္လည္ျမင္ေယာင္ေနသည္။
” အား….ေနာက္မလုပ္ေတာပါဘူး….ေၾကာကပါၿပီ….ေၾကာက္ပါၿပီ….”
” မလိုက္ဘူး….မလိုက္ဘူး….ေမေမေရကယ္ပါဦး….”
” အီးဟီးဟီးေမေမေရ… သားေၾကာက္တယ္….”
ထိုစဥ္အိပ္ေပ်ာ္ေနေသာသားသံုးေယာက္မွာ ၿပိဳင္တူထေအာ္ၾကသျဖင့္ သူမထလာသလိုကိုေမာင္လံုးလည္းႏိူးလာ၏။
” သားေမာင္မိုး…. ဘာျဖစ္လို႔လဲသား….”
” သားငယ္….ဘာျဖစ္တာလဲ… ”
” သားေၾကာက္တယ္ေမေမ….သားေၾကာက္တယ္….အီးဟီးဟီး…”
” ခင္ဝင္း ညည္းကေလးေတြဘာျဖစ္ၾကတာလဲေဟ့….”
” မသိဘူးအေမ …..”
ကေလးငိုသံေၾကာင့္ မခင္ဝငး္၏မိဘမ်ားလည္းႏိူးလာ၏။ ကေလးသံုးေယာက္မွာမ်က္လံုးမဖြင့္ဘဲ အလန္႔တၾကားေအာ္ငိုေနၾက၏။
” သားႀကီး ေနမ်ိဳးထစမ္း…..မင္းညီေတြဘာျဖစ္တယ္မသိဘူး….”
ဖခင္ေအာ္သံေၾကာင့္ေနမ်ိဳးလည္း ထလာ၏။
” ေမာင္လံုး….မင္းတို႔သားအဖ ေဆးဆရာေမာင္ေဖငယ္ကိုအျမန္သြားပင့္ေခ်…..ဒီေကလးေတြတစ္ခုခုလန္႔တာေနမယ္….”
” အမေလး…သား….သားတို႔…..အိးဟီးဟီး…”
မခင္ဝင္းမွာသူမ၏အိပ္မက္ကိုျပန္ေတြးမိၿပီး ခ်ံဳးပဲြခ် ငိုခ်လိုက္၏။
” အား ေၾကာက္ပါၿပီ….ေၾကာက္ပါၿပီ….ေနာက္မလုပ္ေတာ့ပါဘူး….”
” ေမေမ….ေမေမေရ…..သားကိုျပန္ေခၚပါဦး….သားမလိုက္ခ်င္ဘူး သားေၾကာက္တယ္….”
” ေမေမ…သားေၾကာက္တယ္…..”
“ဘုရားစင္က ေသာက္ေတာ္ေရယူလိုက္ကိုျပံဳး…”
မခင္ဝင္း၏ဖခင္က ေသာက္ေတာ္ေရထယူကာကေလးသံုးေယာက္ကိုတိုက္လိုက္၏။
ေမာင္တိုးႏွင့္ေမာင္မိုးမွာပါးစပ္အတင္းစိထားသျဖင့္တိုက္၍မရ။ သားငယ္ေမာင္စိုးကား ေသာက္ေတာ္ေရကိုအငမ္းမရေသာက္ေန၏။
” အား…..သားမလိုက္ဘူး….မလိုက္ဘူး…..”
” အစ္…..ဂစ္….ဂစ္………”
” သား….သား….ေမာင္မိုး….အေမေခၚေနတယ္ေလ…သား….”
” ေျမးေလး….ငမိုးထစမ္း…..ငမိုး….ေျမးေလး…..”
ေမာင္မိုးမွာသူ႔ဖြားေအ၏လက္ထဲ၌ေပ်ာ့ေခြက်သြားကာ အသက္ထြက္သြား၏။
” အား………”
ထိုစဥ္သားလတ္ပါအားခနဲေအာ္ၿပီး အသက္ထြက္သြားျပန္၏။
” သား…..အမေလးသားတို႔ရယ္…..ထပါအံုးကဲြ႔…..သား….ေမာင္မိုးေမာင္တိုး…ငါ့သားေလးတို႔ရယ္….အီးဟီးဟီးဟီး……”
” မေန႔ကမွအေကာင္းႀကီးပါငါ့ေျမးတို႔ရယ္ခုက်ဘာျဖစ္ရတာလဲကြာ…..”
ဦးေမာင္ျပံဳးမွာေျမးေလးအေလာင္းကိုခ်ီရင္းေယာက်ာ္းႀကီးတန္မဲ့မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေလ၏။ အဖြားႀကီးေဒၚျမေအးမွာကားအထူးဆိုဖြယ္ရာမ႐ွိေတာ့ေခ်။ မခင္ဝင္းကသားငယ္ေလးကိုတင္းၾကပ္စြာေပြ႕ခ်ီထားလိုက္ၿပီး
” မိန္းမယုတ္….ငါ့သားေတြျပန္ေပး….ငါ့သားေတြကိုျပန္ေပး…..အီးဟီးဟီး….”
ခဏ၌ေမာဟိုက္သံႏွင့္အတူ ေနမ်ိဳးတို႔သားအဖႏွင့္လူႀကီးတစ္ေယာက္ျပန္ေရာက္လာ၏။
” အစ္ကို….ကြၽန္မတို႔ကေလးကိုၾကည့္ပါအံုး အသက္မ႐ွိေတာ့ဘူး႐ွင့္….အီးဟီးဟီး….”
” ဗ်ာ!….သား…ငါ့သားေတြ….”
” ညီ….ညီေလးတို႔…..”
သားအဖႏွစ္ေယာက္ ေပ်ာ့ဖတ္ေနေသာကေလးအေလာင္းကိုေပြ႔ယူၿပီးလႈပ္ႏိူးေန၏။
” ဆရာ….က်ဳပ္သားအသက္ကိုမကယ္ေပးႏိူင္ေတာ့ဘူးလားဗ်ာ….”
ဆရာေမာင္ေဖငယ္မွာကေလးႏွစ္ေယာက္၏ထြက္သက္ဝင္သက္ကိုစမ္းၾကည့္ၿပီး ျဖည္းျငင္းစြာေခါင္းခါေလ၏။
ကိုေမာင္လံုးမွာ အသည္းႏွလံုးကိုဆဲြႏႈတ္ခံလိုက္ရသကဲ့သို႔ခံစားေနရ၏။ ေနမ်ိဳးကားညီငယ္ႏွစ္ေယာက္ကို ၾကည့္ရင္းအရြယ္နဲ႔မလိုက္ေအာင္ခံစားေနရ၏။ အငယ္ဆံုးသားေလးကား မိခင္ျဖစ္သူရင္ခြင္ထက္၌ အိပ္ေမာက်ေန႐ွာၿပီ။
မေန႔တေန႔ကမွ ေပ်ာ္စရာအတိျဖစ္ခဲ့ေသာအိမ္ႀကီးသည္ယူခုမူကား တိတ္ဆိတ္လ်ွက္။ လာလုပ္ကူေနၾကသူမ်ားလည္း စိတ္မေကာင္းရံုမွတပါးဘာမွမတတ္ႏိုင္ေတာ့ေခ်။ အိမ္ေ႐ွ႔တြင္ကား သားငယ္ႏွစ္ေယာက္ယွဥ္၍ၿငိမ္းခ်မ္းစြာအနားယူေနၾက၏။ ေနမ်ိဳးကား ညီငယ္ႏွစ္ေယာက္၏အေခါင္းၾကားဝင္ကာေတြေတြႀကီးရပ္ၾကည့္ေန၏။ မခင္ဝင္းတို႔ကားငိုစရာမ်က္ရည္ပင္မ႐ွိေတာ့။
သားငယ္ႏွစ္ေယာက္၏နာေရးကိစၥၿပီးသည္ႏွင့္ ႐ွမ္းျပည္သို႔ုျပန္ရန္ျပင္ဆင္ၾက၏။ အလာတံုးကေပ်ာ္စရာေကာင္းခဲ့ေသာဤခရီးကား ယခုမူဝမ္းနည္းစရာတေပြ႕တပိုက္ႀကီးႏွင့္အတူ သားႏွစ္ေယာက္မွာျပန္မပါလာႏိူင္ေတာ့ေခ်။ အငယ္ဆံုးသားေလးမွာလည္း အရင္လိုသြက္သြက္လက္လက္မဟုတ္ေတာ့ဘဲ သူ႔မ်က္ဝန္းထဲ၌အေၾကာက္တရားကိုေတြ႕ေနရသည္။
မခင္ဝင္းမွာသားစိတ္ေၾကာင့္ စားမဝင္အိပ္မေပ်ာ္ကာ အသိစိတ္လႊတ္ေန႐ွာသည္။
” ဟယ္…သားေလး….အေမကလိုက္႐ွာေနတာကဲြ႔….ထမင္းစားခ်ိန္ေရာက္ၿပီ ညီေလးကိုပါေခၚလာခဲ့အေမခံြ႔ေကြၽးမယ္ေနာ္….”
အိမ္ေ႐ွ႕႐ွိသစ္ပင္ကိုစကားေျပာလိုက္ထမင္းခံြ႕ေကြၽးလိုက္လုပ္ေန၏။ ေနမ်ိဳးကမိခင္ကိုၾကည့္ၿပီးသနားလည္းသနားသြား၏။
” အေမ….ညီေလးတို႔ကျပန္မလာႏိူင္ေတာ့ဘူးေလ….”
” ဟဲ့ေတာ္စမ္း….ညည္းပါးစပ္ကိုပိတ္ထား ဒီမွာငါ့သားႏွစ္ေယာက္ထမင္းစားေနတယ္….”
ဖခင္မွာလည္းေန႔စဥ္ႏွင့္အမ်ွအရက္သာေသာက္ေနေတာ့၏။ ေနမ်ိဳးကားအရြယ္နဲ႔မလိုက္ေအာင္ဒုကၡေရာက္ရ႐ွာၿပီ။ အငယ္ေလးေမာင္စိုးသည္ ေဆာ့ေနရင္း
” ဟာ….သားမလိုက္ဘူး….မလိုက္ဘူး… သားေၾကာက္ပါၿပီ….ေနာက္မလုပ္ေတာ့ပါဘူး…..”
ဆိုၿပီးထေအာ္၏။ ထိုအခါမွ အသိစိတ္လႊတ္ေနေသာမခင္ဝင္းမွာသားငယ္ကိုေျပးေပြ႔လိုက္ၿပီး
” ငါ့သားေတြျပန္ေပးစမ္းမေကာင္းဆိုးဝါးမ….ငါ့ကေလးေတြျပန္ေပး….”
ဆိုၿပီးေအာ္ဟစ္ေန၏။ ပတ္ဝန္းက်င္႐ွိလူမ်ားကလည္း မခင္ဝင္းတို႔မိသားစု၏အျဖစ္ကိုႀကည့္ၿပီး စိတ္မေကာင္းျဖစ္ေနၾက၏။
တေန႔တြင္ကားေနမ်ိဳးသည္ ညီငယ္က လက္ပံေခါင္းစားခ်င္သည္ဟုဆိုလာသျဖင့္ ရြာထိပ္႐ွိလက္ပံပင္ႀကီးေအာက္သို႔ေရာက္လာခဲ့သည္။ နီေစြးေနေသာလက္ပံပြင့္မ်ားကိုေကာက္ရင္း အရင္ကအတူတူလက္ပံပြင့္မ်ားေကာက္ရင္းေဆာ့ကစားခဲ့ၾကသည့္ ညီငယ္ႏွစ္ေယာက္ကိုုျပန္လည္ျမင္ေယာင္လာ၏။
” ကိုႀကီး….. ဒီလက္ပံပြင့္ေတြကိုသီၿပီးကိုႀကီးေကာင္မေလးကိုသြားေပးပါလား….”
” ကိုႀကီးမွာေကာင္မေလးမ႐ွိပါဘူးကြာ….”
ထိုစဥ္ေမာင္တိုးက
” ဘာမ႐ွိတာလဲ ကိုႀကီးက ရြာအေ႐ွ႕ပိုင္းကမျမတ္နဲြ႔ကိုႀကိဳက္ေနၿပီးေတာ့….”
” ဟားဟားဟား….ေလ်ွာက္မေျပာနဲ႔ကြာ… သူမ်ားေတြသိရင္႐ွက္စရာႀကီး….”
” ေျပာမွာဘဲေျပာမွာဘဲ….ကိုႀကီးကမျမတ္ႏဲြ႔ကိုႀကိဳက္ေနတာတဲ့ေဟး….”
” ဟာေဟ့ေကာင္…ေဟ့ေကာင္….”
ညီအစ္ကိုသံုးေယာက္သား လက္ပံပြင့္မ်ားျဖင့္ ပစ္ေပါက္ကာေဆာ့ကစားေနၾက၏။ ထိုစဥ္ေလတခ်က္တိုက္သြားၿပီး လက္ပံပင္ေပၚမွ လက္က်န္ အပြင့္မ်ားေႂကြက်လာၿပီးသူ႔အားလာေရာက္ထိမွန္၏။ ေပ်ာ္စရာပံုရိပ္မ်ားလည္းတျဖည္းျဖည္းေဝဝါးေပ်ာက္ကြယ္သြား၏။ သူ၏မ်က္ဝန္း၌ကား မ်က္ရည္စတို႔ျပည့္လ်ွံလ်ွက္။ ေနမ်ိဳးမတ္တပ္ထလိုက္ၿပီး
” အား…..ညီေလးတို႔ေရ ကိုႀကီးဆီျပန္လာပါကြာ…….”
ဆိုၿပီး နာက်င္စြာေအာ္ဟစ္လိုက္၏။
ထိုလူငယ္၏ေအာ္ဟစ္သံေၾကာင့္ ေမာင္ေရခဲတို႔လည္း သနားစိတ္ဝင္သြား၏။
” ထင္ေပၚ…ဒီကေလးမွာအရြယ္နဲ႔မမ်ွတဲ့ခံစားခ်က္တစ္ခု႐ွိေနတယ္….ၿပီးေတာ့အခက္ခဲတစ္ခုလည္း ႐ွိေနတယ္….”
ထိုသို႔ေျပာၿပီး လူငယ္အားေစာင့္ၾကည့္ေန၏။ ခဏ၌လူငယ္သည္ လက္ပံပြင့္တခ်ိဳ႕ကိုယူရင္း သူတို႔ေ႐ွ႕သို႔ေရာက္လာခဲ့သည္။
” ဗိ်ဳ႕ညီငယ္….ဒါလက္ပံကုန္းရြာဟုတ္သလားဗ်….”
ဟုေမးလိုက္ေသာ္လည္း လူငယ္ကေခါင္းငိုက္စိုက္ခ်ထားလ်က္ျဖင့္သာ ဆက္၍လမ္းေလ်ွာက္ေန၏။
” ဗိ်ဳ႕ညီေလးေရ….အစ္ကိုတို႔ တေလာကဆံုးသြားတဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕အိမ္ကိုသြားခ်င္လို႔ပါ….”
” ဗ်ာ!…”
ေမာင္ေရခဲက ၏အသံေၾကာင့္ လူငယ္ေလးမွာ တံု႔ခနဲရပ္လိုု္က္ၿပီး တံု႔ျပန္သံျပဳလာ၏။
” အစ္ကိုတို႔ေစာေစာကဘယ္လ္ိုေျပာလိုက္တာ….”
” ဟိုေလတေလာက ဒီရြာမွာဆံုးသြားတဲ့ကေလးႏွစ္ေယာက္ရဲ႕အိမ္ကိုသြားခ်င္တယ္လို႔ေျပာလိုက္တာပါ….”
” အဲဒါကြၽန္ေတာ္ညီေလးေတြဗ်….အစ္ကိုတို႔ကဘယ္လိုသိတာလဲ…”
” ဒီလိုပါဘဲကိစၥကအရမ္းစိတ္ဝင္စားစရာေကာင္းေနေတာ့ လူေတြကေနတဆင့္ၾကားမိတာေပါ့….”
” အစ္ကိုတို႔ကဘာေတြလဲ…. ”
” သာမန္လူပါဘဲ ဒါေပမဲ့ညီငယ္ရဲ႕အခက္ခဲကိုေျဖ႐ွင္းေပးႏိူင္တယ္….”
ေမာင္ေရခဲ၏စကားေၾကာင့္လူငယ္၏မ်က္ဝန္းမွာေမ်ွာ္လင့္ခ်က္ေရာက္ျခည္သမ္းလာ၏။
” ဟာဒါဆို ကြၽန္ေတာ့အိမ္လိုက္ခဲ့ဗ်ာ….”
လူငယ္ေလးဦေဆာင္ၿပီး ရြာထဲသို႔ဝင္လာခဲ့ၾက၏။ တေအာင့္၌ လူငယ္ေလး၏အိမ္သို႔ေရာက္႐ွိလာခဲ့၏။
” အေဖ….အေမ….ညီေလး…. ဧည့္သည္ပါလာတယ္ဗိ်ဳ႕….”
ဦးေမာင္လံုးမွာအမူးေျပၿပီမို႔ ေနာက္တစ္ခ်ီထပ္ေသာက္ရန္ျပင္ေနခ်ိန္ သားႀကီး၏ဧည့္သည္ပါလာသည္ဆိုေသာအသံေၾကာင့္ အရက္ပုလင္းကိုသိမ္းလိုက္၏။
” ဟာ….ဧည့္သည္ေတြပါလား လာၾက…အေပၚကိုလာၾက…”
ဦးေမာင္လံုးကဧည့္သည္ကိုဆီးႀကိဳလိုက္၏။ မခင္ဝင္းကား အိမ္တိုင္ကိုမွီၿပီးငိုလိုက္ရယ္လိုက္လုပ္ေန၏။ ေမာင္ေရခဲတို႔လည္းအိမ္ေပၚသို႔တက္လာၾကၿပီးဘုရားကို႐ွိခိုးကန္ေတာ့လိုက္၏။ ထိုစဥ္အိပ္ယာထဲ၌ ပိန္လွီေနေသာကေလးငယ္ထလာၿပီး
” ကိုႀကီး….သားစားခ်င္တဲ့လက္ပံေခါင္းေကာက္လာေပးၿပီလား….သားဒီလက္ပံေခါင္းဟင္းစားၿပီးရင္သြားရေတာ့မွာ….”
” ဟာေပါက္ကရမေျပာရဘူးညီေလးရ….ဒီမွာေတြ႔လား ကိုႀကီးကဆရာေတြေခၚလာခဲ့ၿပီ….”
ကေလးငယ္ကေမာင္ေရခဲကိုၾကည့္ၿပီးျပံဳးျပ၏။
” သား…ဒီကိုလာပါအံုး….”
” ညီေလး….ဆရာေခၚေနတယ္လာခဲ့….”
ေနမ်ိဳးက ညီငယ္ျဖစ္သူကိုခ်ီလာခဲ့၏။ ေမာင္ေရခဲလဲ ကေလးငယ္အားၾကည့္လိုက္ရာ ဘီလူးဖမ္းစားခံရျခင္းကိုသိလိုက္ရ၏။
” ဒီကေလးက ဘာေန႔သားလဲညီငယ္”
” အဂၤါ…က်ဳပ္သားကအဂၤါသား….သားေလး….အဲမိန္းမႀကီးဆီလိုက္မသြားနဲ႔ေနာ္…အေမ့ဆီျပန္လာခဲ့….”
တခ်ိန္လံုးတငိုငိုတရီရီလုပ္ေနေသာ မခင္ဝင္းက ထိုသို႔ေျဖကာ ကေလးကိုေကာက္ခ်ီျပီးခပ္တင္းတင္းေပြ႔ထားလိုက္၏။ ေမာင္ေရခဲလည္း ထိုသားအမိ၏အျဖစ္ကိုမၾကည့္ရက္ေတာ့သျဖင့္ အထက္ကိုတိုင္တည္ကာ အမိန္႔အာဏာျဖင့္ စဲြရင္းကိုေခၚလိုက္၏။
” အဂၤါသားကို ေျခာက္လွန္႔ေႏွာက္ယွက္ေနတဲ့အေကာင္ ငါ့အေ႐ွ႕ကို မၾကာခ်က္ခ်င္းေရာက္လာခဲ့စမ္း….”
” ဟင္းဟင္းဟင္း….ဟင္းဟင္းဟင္း…. ”
ထိုစဥ္တခ်ိန္လံုးၿငိမ္ေနေသာဦးေမာင္လံုးမွာ မ်က္လံုးမ်ားနီရဲကာတဆတ္ဆတ္တုန္ရီေန၏။
” သင္ဘယ္သူလဲ….ဘာကိစၥကေလးကိုေျခာက္လွန္႔ရတာလဲ….”
” ငါကဘုရားေစာင့္ဘီလူးဘဲ…သင့္ကိစၥမဟုတ္ဘဲဝင္မ႐ႈပ္နဲ႔ မဟုတ္လို႔ကေတာ့ သင့္ပါစားပစ္မယ္….”
” သင့္ကိုသင္ဘီလူးဆိုၿပီး အေျပာမႀကီးစမ္းပါနဲ႔ လူစြမ္းရင္နတ္မခံႏူိင္ဘူးဆိုတဲ့စကားသင္ၾကားဖူးမွာပါ….ဘာကိစၥဒီကေလးကိုေျခာက္လွန္႔ေနရတာလဲ….”
” ငါစားမလို႔ေဟ့ သံုးေယာက္စလံုးကိုစားခ်င္ေနတာ ႏွစ္ေယာက္ကိုေတာ့စားၿပီးၿပီ ဒီတစ္ေယာက္ကေတာ့ သူ႔အေမကဆဲြဆဲြထားလို႔ စားမရေသးတာ….ဟင္းဟင္း”
ဦးေမာင္လံုးကဟိုယိုင္သည္ယိုင္ျဖင့္ ဒူးတစ္ဖက္ေထာင္တဖက္ခ်ကာထိုင္ေန၏။
” ဒီကေလးကိုမင္းစားလို႔မရဘူး….ကေလးမွာအျပစ္မ႐ွိဘူး….”
” စားမွာရေအာင္စားမွာ….ဒီေကာင္ကငါ့တင္ပါးကိုထိုးတယ္႐ိုက္တယ္ ငါမေက်နပ္ဘူး…. စားမွာလူသားစားခ်င္ေနတာၾကာၿပီ… ဘုရားကိုေစာင့္ေနရလို႔သာ သည္းခံေနရတာ…”
” ေျပာမရေတာ့လဲ အထက္နတ္မင္းကိုတိုင္ရတာေပါ့ ….”
ဆိုကာေမာင္ေရခဲလည္း ေျမာက္အရပ္ကိုပိုင္စိုးေသာေဝႆဝဏ္နတ္မင္းႀကီး(ကုေဝရ)ကိုတိုင္တည္လိုက္ရာ ခဏ၌ နတ္ဘီလူးႀကီးႏွစ္ေကာင္ေပၚလာခဲ့၏။ ထိုအခါဘုရားေစာင့္ဘီလူးမွာ ထိတ္ထိတ္ျပာျပာျဖစ္သြားၿပီး
” ဒီကေလးကိုမစားေတာ့ပါဘူး….ဒါေပမဲ့ ငါ့ကိုႏြားတစ္ေကာင္ေကြၽးပါ….ဒါဆိုငါသြားမယ္… ”
ထိုစကားေၾကာင့္တမန္ေတာ္နတ္ဘီလူးတို႔စိတ္ဆိုးသြားၿပီး
” တယ္…ရာရာစစသင့္လို ဘီလူးကလူသားစားၿပီးတာေတာင္မတင္းတိမ္ႏုိူင္ေသးဘဲအမဲသားကစားခ်င္ေသးတယ္….သင့္အျပစ္ကိုအ႐ွင့္ကိုတင္ျပၿပီးရင္ေတာ့ အျပစ္ခံယူဖို႔ ျပင္ထားလဟဲ့….”
ဆိုၿပီး တင္းပုတ္နဲ႔ထုလိုက္ရာဘုရားေစာင့္ဘီလူးႀကီးမွာလူးလွိမ့္ေနေအာင္ခံလိုက္ရ၏။
“အား….. မွားပါၿပီအ႐ွင္တို္႔….ကြၽႏု္ုပ္မွားပါၿပီ….ခြင့္လြတ္ေပးၾကပါ….ဒီကေလးကိုလည္းမစားေတာ့ပါဘူး….”
” ကဲသင္္အျပစ္ကို အ႐ွင္ကဆံုးျဖတ္လိုက္မယ္ လိုက္ခဲ့စမ္းဟဲ့ငမိုက္သား….”
တမန္ေတာ္ဘီလူးႀကီးက ဘုရားေစာင့္ဘိလူးကိုေျခေထာက္မွဆဲြၿပီး ျပန္လည္ေပ်ာက္ကြယ္သြား၏။ ဦးေမာင္လံုးလည္းေပ်ာ့ေခြကာနံေဘးသိ့ုလဲက်သြား၏။ ေမာင္ေရခဲလည္းေသာက္ေတာ္ေရစင္ကိုယူၿပီးေတာက္ေပးလိုက္ရာ ခဏ၌အင္းအဲအသံျပဳၿပီးျပန္သတိရလာ၏။ ကေလးငယ္ေမာင္စိုးကားမိခင္ရင္ခြင္ထက္၌အိပ္ေပ်ာ္ေနေခ်ၿပီ။
” ဟာ….က်ဳပ္…က်ဳပ္ဘာျဖစ္သြားတာလဲဗ်…”
ဦးေမာင္လံုးတစ္ေယာက္ျဖစ္ပ်က္သမ်ွဘာမွမမွတ္မိေတာ့ေခ်။ ေနမ်ိဳးက
” ခုကစၿပီးဘာမွမျဖစ္ေတာ့ဘူးအေဖ….ညီေလးကိုေႏွာင့္ယွက္ေနတဲ့အေကာင္လည္းမ႐ွိေတာ့ဘူး…အေဖသာအရက္ျဖတ္ရင္ၿပီ….ဒါမွသြားေလသူညီေလးႏွစ္ေယာက္လည္း ေကာင္းမြန္တဲ့ဘဝေရာက္မွာ….”
” ေအးပါငါ့သားရာ အေဖစိတ္ေတြမေျဖသာႏိူင္လြန္းလို႔လုပ္မိလုပ္ရာ လုပ္မိသြားတာပါ…အေဖ့ကိုခြင့္လႊတ္ပါကြာ….
” ကဲအစ္မႀကီး….. သြားတဲ့သူကသြားၿပီျဖစ္တဲ့အတြက္ အစ္မႀကီးပူေဆြးေနလည္း ျပန္မလာႏိူင္ေတာ့ပါဘူး….ဒီေတာ့က်န္ေနေသးတဲ့သူကိုဘဲ ဒီလိုအမႈမ်ိဳးထပ္မျဖစ္ေအာင္သာဂ႐ုစိုက္ေပးပါ….အစ္မႀကီးေသာကေရာက္ေနလိ့ုတခ်က္တခ်က္အသိလႊတ္ေနတာပါ…..အစ္မႀကီးအ႐ွိကိုအ႐ွိတိုင္းလက္ခံၿပီး တရားကိုႏွလံုးသြင္းရင္ေတာ့ အစ္မႀကီးရဲ႕ေဝဒနာကျပန္ၿပီးေကာင္းလာမွာပါ…”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး ဟိမဝႏၱာအရပ္မွရေသာ နတ္ေရစင္ကိုတိုက္လိုက္၏။
” ေရာ့…ဒါေလးက ကေလးႏိူးလာရင္ လည္ပင္းမွာဆဲြထားေပးလို္က္ပါ…..”
” ေက်းဇူးတင္ပါတယ္အစ္ကို….အစ္ကိုနဲ႔သာေစာေစာေတြ႔ခံရင္ ကြၽန္ေတာ့ညီေလးႏွစ္ေယာက္ကိုလည္းဆံုး႐ွံုးရမွာမဟုတ္ဘူးဗ်….”
ေနမ်ိဳးကေျပာေျပာဆိုဆို ငိုခ်၏။
” လူေတြကေသခ်ိန္တန္ရင္ ဘယ္သူမွမကယ္ႏိူင္ပါဘူးညီေလး…..ေသခ်င္းတရားကိုဘယ္သက္႐ွိမွမလြန္ဆန္ႏိုင္ဘူး…ငါတို႔ရဲ႕ဗုဒၶအ႐ွင္ျမတ္ေတာင္မွ ပရိနိဗၺာန္စံေသးတာဘဲ….ဒီေတာ့သြားေလသူစိတ္ေျဖာင့္ေအာင္ေကာင္းတဲ့ဘံုဘဝေရာက္ေအာင္ အလႉအတန္းလုပ္ၿပီးအမ်ွေဝေပးပါ….”
” ေသခ်င္းတရားဆိုတာဘယ္မွာပုန္းပုန္းမလံုျခံဳဘူး…အစ္ကိုပံုျပင္တစ္ပုဒ္ေျပာျပမယ္…ေ႐ွးတုန္းက အင္မတန္ဆင္းရဲတဲ့လူတစ္ေယာက္႐ွိခဲ့တယ္… သူကဘယ္ေလာက္ဆင္းရဲလဲဆိုရင္ တေန႔လံုးေနမွထမငး္တလုတ္စားဖို႔မ႐ွိဘူးတဲ့….အဲဒီေတာ့စိတ္ဆင္းရဲၿပီး ေသခ်င္ေန႐ွာတယ္…ဒါေပမဲ့ဘယ္လိုႀကိဳးစားႀကိဳးစားမေသဘူးတဲ့…ဒီေတာ့ ေရထဲခုန္ခ်ၿပီးသတ္ေသဖို႔ႀကိဳးစားတယ္…အဲဒီမွာဘဲကန္ေစာင့္္နတ္ကသူ႔ကိုသနားၿပီး ေရႊေသတၱာေပးလိုက္တယ္…..အဲဒီမွာသူကတစ္ၿမိဳ႕လံုးမွာအေ႒းဆံုးလူျဖစ္သြားသတဲ့….ဒီလိုနဲ႔ကာလၾကာ႐ွည္လာေတာ့သူေ႒းႀကီးလဲ သူေ႒းဘဝမွာဘဲဆက္ၿပီးေနခ်င္တယ္မေသခ်င္ေသးဘူးတဲ့ ဒါေပမဲ့ေသမင္းကသူ႔ကိုမရမကလိုက္႐ွာတယ္….သူလည္းပုန္းတယ္…ဘယ္ေနရာပုန္းပုန္း ေသမင္းကေတြ႕ေနတယ္တဲ့ ဒါနဲ႔သူလည္းေနာက္ဆံုးကန္ေစာင့္နတ္မင္းကိုသတိရသြားတယ္….ဒီေတာ့ကန္ေစာင့္နတ္ကိုအက်ိဳးအေၾကာင္းေျပာျပၿပီးအကူညီေတာင္းတယ္ ကန္ေစာင့္နတ္လည္းသူ႔ကိုေသတၱာထဲထွည့္ၿပီး ေရထဲမွာဝွက္ထားေပးလိုက္တယ္….ဒီလိုနဲ႔တေန႔ေတာ့ေသမင္းကသူ႔ရဲ႕လက္စဲြေတာ္ဓားေကာက္ႀကီးကိုေထာက္ၿပီးဆင္းလာသတဲ့….အဲဒီခ်ိန္ေရေအာက္မွာ႐ွိတဲ့ေသတၱာႀကီးကိုေထာက္မိၿပီးၾကည့္လိုက္ေတာ့ သူေ႒းႀကီးျဖစ္ေနတယ္….ေနာက္ဆံုးေတာ့သူေ႒းႀကီးလဲေသခ်င္းတရားေနာက္ေကာက္ေကာက္ပါေအာင္လိုက္သြားခဲ့ရေတာ့တယ္….ဒီပံုျပင္ကုိၾကည့္ရင္ သက္႐ွိတိုင္းေသခ်န္တန္ရင္ေသၾကရတာဘဲမလား…”
” ဟုတ္ကဲ့ပါအစ္ကို…ကြၽန္ေတာ္နားလည္ပါၿပီ…ေက်းဇူးပါဘဲဗ်ာ…”
ပံုျပင္ကိုၾကားၿပီးေနာက္ ဦးေမာင္လံုးတို႔လင္မယားႏွစ္ေယာက္လည္း ေသခ်င္းတရားကိုလက္ခံသြားပံုရ၏။
” ေက်းဇူးပါဆရာ…ခ်က္ခ်င္းႀကီးဆိုေတာ့မေျဖသာႏိူင္လြန္းလို႔ပါ….ကြၽန္မတို႔လက္ခံႏိူင္ေအာင္ႀကိဳးစားပါ့မယ္႐ွင္….”
” ကဲဒါဆို အစ္ကိုတို႔ကိုခြင့္ျပဳပါဦး…. ”
ဆရာတပည့္ႏွစ္ေယာက္လည္း ကေလးငယ္၏အသက္ကုိဘီလူးလက္မွကယ္တင္ေပးၿပီး မိမိ၏ဇာတိရပ္ရြာ သာလြန္းရြာသို႔ဆက္လက္ခရီးဆက္ခဲ့ၾကေတာ့သည္။…..။
#ၿပီး