Unicode Version
“ဘုရားတည်သည့် အကုသိုလ်ရှင်”စ-ဆုံး
———————————————–
မိတ်ဆက်
ဒီဇာတ်လမ်းလေး က တော့ ကျွန်တော်
လေးစားရတဲ့ ကျောင်းဒကာ ဘုရားဂေါပက
ဦးမောင်ညွှန့် ပြောပြတဲ့ ဇာတ်လမ်းလေးတစ်ခုပါ
ပရလောက ဇာတ်လမ်းဆိုတာထက် ဗုဒ္ဓဘာသာရဲ့
အကုသိုလ် အကျိုးဆက် ဇာတ်လမ်းလေးပါ
ဖြစ်ရပ်
တစ်ခါပေါ့ ရွာတစ်ရွာမှာ ဦးဇင်းတစ်ပါး ရှိခဲ့ဖူးတယ်
ဘွဲ့တော် က ရှင်ဝေဇရာ လို့ အမည်တွင်တယ်
အဲ့ဒီရွာ ရဲ့ သူကြီးသမီး မြနှင်း ဆိုသူက
ဦးဇင်းအပေါ် စိတ်ယုတ်ဖတ် အကုသိုလ်ပွားကာ
တဏှာစိတ် ထားရှိလေတယ်
တစ်နေ့သ၌ ဦးဇင်း က ဆွမ်းခံကြွလာတယ်
မြနှင်း က ဆွမ်းခံလောင်းလေတယ်
အိမ်တွင်လဲ မည်သူမှ မရှိသည့် အခိုက်အတန့်မို့
“အရှင်ဘုရား နေအရှန်ပူပြင်းလှ သောကြောင့်
အိမ်တွင်း၌ ခေတ္တ နားနေပါဦး ဘုရား”
မြနှင်း က လျှေက်တင်လိုက်တယ်
ဦးဇင်းလဲ သဘောတူလိုက်တယ်
ဤသို့ဖြင့် မြနှင်းတို့အိမ်ထဲသို့ ဦးဇင်း
ကြွလာခဲ့လေတယ် အိမ်ထဲရောက်တော့
မြနှင်း က အိမ်တံခါးကို ပိတ်လိုက်လေတယ်
“ဒကာမကြီး ဘာလုပ်တာတုန်း”
ဦးဇင်း က မေးတော့ မြနှင်း က
ဦးဇင်းနဲ့ ပျော်ပါးလိုကြောင်း သူ၏စိတ်ဆန္ဒ
မထိန်းနိုင်ကြောင်း ပြောတယ်
ဦးဇင်း ကလဲ အရွယ်ရောက်မှ ဘုန်းကြီးစီးခဲ့သည့်
ငယ်ဖြူ သံဃာ ဖြစ်လေတန်ရာ လောကိစိတ်
မကုန်သေးဘူး ထင်ပါရဲ့
နှစ်ဦးသဘောတူ ပျော်ပါး ခဲ့ကြလေတယ်
နောက်ရက်များ မကြာမှီမှာပင်
ဦးဇင်း က လူထွက်ကာ မြနှင်းနဲ့
ပေါင်းဖက် နေထိုင် ခဲ့လေတော့သည်
သူကြီးသမီး ဖြစ်သည် က တစ်ကြောင်း
အဖေ ချစ်သော သမီး ဖြစ်သည် က တစ်ကြောင်း
အကြောင်းကြောင်းကြောင့် မြနှင်းတို့ စုံတွဲ
ပြစ်တင်ဝေဖန်ဝံ့သူ မရှိသလောက်ရှားလေသည်
ဘုန်းကြီးလူထွက် လဲ ယောက္ခမပိုင် လယ်မြေတွေ
ကို ဦးစီးဦးဆောင် ပြီး လုပ်ကိုင်ခဲ့လေတယ်
ဤသို့ဖြင့် ယောက္ခထီးနှင့် ယောက္ခမ နှစ်ဦးစလုံး
ဆုံးပါးသွားချိန်မှာတော့ မြနှင်းတို့လင်မယားနဲ့
ဖိုးတုတ် ဟူသော သားလေးတစ်ယောက်
ထွန်းကားခဲ့ပြီး လေပြီ
မြနှင်း က လေသံမာဖြင့် ပြောလိုက်လျှင်
ဘုန်းကြီးလူထွက် က ဖင်တုန်အောင်
ကြောက်နေရလေသည် မြနှင်း က ပင်
သြဇာညောင်းသော မိသားစုပင်တည်း
ဤသို့ဖြင့် မြနှင်းတို့ မိသားစုလေး မှာ
တောင်သူလယ်သမား ဘဝမှ ရေလုပ်သား ဘဝ
ရေလုပ်သား ဘဝ မှ အင်းသူကြီး ဘဝ
အင်းသူကြီး ဘဝ မှ အင်းသူဌေးဘဝကို
ရောက်သွား ကြလေတော့တယ်
မြနှင်း အနေနဲ့ အလှူအတန်း ရက်ရောလွန်းလှတယ်
သူဌေးဘဝရောက်သွားပြန်တော့ လဲ
ရွာဦးကျောင်းလေးမှာ အဖက်ဖက် မှ
အလှူအတန်း မျိုးစုံ လုပ်လေ့ရှိလေသည်
များမကြာမီမှာပင် မြနှင်းတစ်ယောက်
ဝမ်းတွင်းရောဂါ တစ်ခုစွဲကပ်လာလေသည်
မသေမှီတွင် ကုသိုလ်ကြီးကြီးမားမား တစ်ခု
ပြုလုပ်ခဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့လေတယ်
ရွာဦးကျောင်းလေးမှာ ဘုရားတည်ဖို့
ဆုံးဖြတ်ခဲ့လေတယ် စည်းစိမ်အပြင် ပိုင်ဆိုင်သည့်
လယ်ကွက်နှစ်ကွက် ကိုပင် ရောင်းချ၍
ဘုရားတည်လေသည်
ဘုရားတည် အမျှအတန်းဝေ ရေစက်ချအပြီး
နောက်နေ့တွင်ပဲ မြနှင်းတစ်ယောက်
ရောဂါဖြင့်ပင် ဆုံးပါးသွားခဲ့လေသည်
မြနှင်းမှာ လူ့ဘဝ က ကုသိုလ်များစွာ
ပြုလုပ်ခဲ့သော်လည်း တစ်ဖက်မှာလဲ
အကုသိုလ်ဝဋ်ကျွေး က ရှိလေတန်ရာ
နေ့စံ ညခံ ဝေလ္လင်ကပြိတ္တာ ဘဝကို
ရောက်သွားလေတော့သည်
(ဟူသည် နေ့ဘက်တွင် ကုသိုလ်အကျိုးဆက်အဖြစ်
နတ်သမီးစည်းစိမ် ကို ခံစားရပြီး ညဘက်တွင်
အကုသိုလ်အကျိုးဆက်အဖြစ် ပြိတ္တာဒုက္ခ ကို
ခံစားရလေသော ဘုံဘဝ ပင်ဖြစ်လေသည်)
ဘုန်းကြီးလူထွက်မှာလဲ မိန်းမဆုံးသွားသဖြင့်
ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရလေသည်
လက်ရှိ ရေလုပ်ငန်းကိုပဲ ဆက်လက် လုပ်ကိုင်ပြီး
မိတဆိုးသားလေးနှင့် ရပ်တည်ခဲ့လေသည်
တစ်နေ့သ၌ ဘုန်းကြီး လူထွက် က
ရွာအပြင် ညောင်ပင်ရိပ်သို့သွားကာ
တစ်ကိုယ်ထဲ ဆွေးနေလေသည်
အချိန်ကား ညနေ စောင်း အချိန်ပင်
ထိုစဉ် အနောက်ဘက်မှ ခြေသံကြား၍
လှည့်ကြည့်လိုက်တော့ မြနှင်းပင်
ခန္ဓာကိုယ်တွင် အရောင်အဝါများ
ဝင်းပလျှက် ရွှေငွေ ပတ္တမြား စသော
ရတနာများကို ဆင်မြန်းထားလေသည်
“မြနှင်း မြနှင်းကိုယ့်ဆီကို ပြန်လာတယ်နော်”
ဘုန်းကြီး လူထွက် က ပြောလိုက်သဖြင့်
မြနှင်းက ပြုံး၍ ခေါင်းညိမ့်ပြလေသည်
“ကျွန်မ ရှင်နဲ့သားလေးကို သတိရနေတာ”
မြနှင်းမှ ကြေကွဲစွာပြောလိုက်လေသည်
ဘုန်းကြီးလူထွက် က မြနှင်းကို ပွေ့ဖက်ဖို့
ကြိုးစားလိုက်လေသည် သို့သော်
မြနှင်းရဲ့ အသားကို မထိမိပဲ လေဟာပြင်
ကိုသာ ထိုးဖောက်သွားလေသည်
ဘုန်းကြီးလူထွက် အံသြ သင့်သွားတယ်
“ကျွန်မ အရင်ဘဝ က ကုသိုလ်တွေကြောင့်
နတ်သမီး စည်းစိမ် ကို ခံစားနေရတာပါ
ကျွန်မရဲ့အသားကို လူသားတွေ
ထိတွေ့လို့မရပါဘူး”
မြနှင်း မှ ပြောလိုက်လေသည်
ဘုန်းကြီးလူထွက် မျက်ရည် ဝဲသွားလေတယ်
မိုးချုပ်စမို့ အမှောင် ရိပ် က သန်းလာလေသည်
ညနေ အုန်းမောင်း၇ချက် ခေါက်လျှင်
ရွာတံခါး ပိတ်မည်ဖြစ်သည်
အုန်းမောင်းသံပင် ကြားရချေပြီ
“မြနှင်း အိမ်က ပြန်ရအောင်”
“ကျွန်မ ပြန်လိုက်လို့မရဘူး
လုပ်စရာ တွေ ရှိသေးတယ်
နောက်မှ တွေ့ကျတာပေါ့”
မြနှင်း မှ ပြောပြီး လျှင်မြန်စွာ
ထွက်သွားလေတော့တယ်
ဘုန်းကြီး လူထွက်လဲ နားမလည်မှု
ှုများစွာဖြင့် ပြန်ခဲ့လေတော့သည်
ဤသို့ဖြင့် မြနှင်းနှင့် ဘုန်းကြီးလူထွက်တို့
ညနေတိုင်း တွေ့ဖြစ်ခဲ့ကြလေသည်
တစ်နေ့တော့ မြနှင်းနှင့် ဘုန်းကြီးလူထွက်
တို့ တွေ့ကြရာ အချိန်နှောင်းသွားခဲ့လေသည်
ဘုန်းကြီးလူထွက် ကလဲ မပြန်သေးဘူးဟု
အတင်းငြင်း၏ မြနှင်းအနေနဲ့ အကျပ်ရိုက်
နေလေသည် မတတ်သာသည့်အဆုံးတွင်
ဘုန်းကြီး လူထွက် ကို လိမ်ညာကာ
ချိန်ထားခဲ့လေပြိး အမှောင်ရိပ်ထဲသို့
တိုးဝှေ့သွားလေတော့သည်
ဘုန်းကြီးလူထွက်လဲ မြနှင်းအနောက်မှ
ပြေး၍ လိုက်သွားလေတော့သည်
မြနှင်းလဲ ပြေးရင်းဖြင့်ပင် ခန္ဓာကိုယ်ရှိ
အရေပြားများ ကွာကျ လာနေလေသည်
ဆံပင်များ နှင့် လက်သည်းများ ကျွတ်ကျကုန်ပြီး
ခန္ဓာကိုယ်တစ်ခုလုံး သွေးသံရဲရဲဖြင့်
ခန္ဓာကိုယ်လည်း ပုံမှန်ထက် ကြီးထွားလာပြီး
ပုပုပြဲပြဲ ပုံသဏ္ဏာန် ဖြစ်သွားတော့၏
ဘုန်းကြီးလူထွက်လဲ ပြေးရင်းလွှားရင်းဖြင့်
မြနှင်းကို မတွေ့တော့သဖြင့် ပတ်ဝန်းကျင်ကို
အကဲခတ်နေလေသည် အမှောင်ရိပ်ကလဲ
ကြီးစိုးထားသဖြင့် ကောင်းသွာမမြင်ရပေ
လရောင်လဲ့လဲ့ က ကျရောက်လာသဖြင့်
ဘုန်းကြီး လူထွက် မိမိ၏အရှေ့ရှိ အရာကို
ထင်းခနဲ မြင်တွေ့လိုက်ရလေသည်
လူကောင်းပုပုပြက်ပြက် ခန္ဓာတစ်ခုလုံး
သွေးသံရဲရဲဖြင့် မျက်လုံးပြူးပြူး အစွယ်ဖွေးဖွေး
ကြောက်စရာ သတ္တဝါကြောင့် မူးလဲသွားတော့၏
များမကြာမှီတွင် ဘုန်းကြီးလူထွက်
အိပ်မက် မက်လေသည်
“ယောကျ်ား ကျွန်မ ရှင်နဲ့သားလေး ကို
မခွဲနိုင်လို့ ပြန်လာခဲ့ရတာ တကယ်တော့
ကျွန်မက နေ့ခံညစံ ပြိတ္တာဘုံဘဝ ကို
ခံစားနေရသူပါ ရှင် ဘုန်းကြီး ဘဝနဲ့တုန်းက
အတူပျော်ပါးကို မြူဆွယ် ဖူးတာကြောင့်
ဒီလို ခံစားနေရတာပါ ဒီလိုအကုသိုလ်က
မည်သို့သော ကုသိုလ်မျိုးကိုပဲ လုပ်လုပ်
မကျေပျောက်နိုင်သော ဝဋ်ကြွေတစ်ခုပါပဲ
အကုသိုလ် ကုန်တဲ့ နေ့အထိတော့ ကျွန်မ
ခံစားနေရဦးမှာပဲ”
ဘုန်းကြီး လူထွက် အိပ်ယာမှ နိုးလာတယ်
ဝမ်းနည်းကြေကွဲ နေလေတော့တယ်
သူ့ရဲ့အမှားအတွက်လဲ ဘဝကူးခဲ့လျှင်
မည်သို့သော ဒုက္ခမျိုးကို ခံစားရမည်နည်း
ဟူသော စိုးရိမ်စိတ်ဖြင့် အသက်ဆက်နေရတော့တယ်
—ပြီး
အမှားပါလျှင် ခွင့်လွှတ်ကြပါ.
Zawgyi Version
“ဘုရားတည္သည့္ အကုသိုလ္႐ွင္”စ-ဆံုး
———————————————–
မိတ္ဆက္
ဒီဇာတ္လမ္းေလး က ေတာ့ ကြၽန္ေတာ္
ေလးစားရတဲ့ ေက်ာင္းဒကာ ဘုရားေဂါပက
ဦးေမာင္ၫႊန္ ့ ေျပာျပတဲ့ ဇာတ္လမ္းေလးတစ္ခုပါ
ပရေလာက ဇာတ္လမ္းဆိုတာထက္ ဗုဒၶဘာသာရဲ႕
အကုသိုလ္ အက်ိဳးဆက္ ဇာတ္လမ္းေလးပါ
ျဖစ္ရပ္
တစ္ခါေပါ့ ရြာတစ္ရြာမွာ ဦးဇင္းတစ္ပါး ႐ွိခဲ့ဖူးတယ္
ဘြဲ႔ေတာ္ က ႐ွင္ေဝဇရာ လို႔ အမည္တြင္တယ္
အဲ့ဒီရြာ ရဲ႕ သူႀကီးသမီး ျမႏွင္း ဆိုသူက
ဦးဇင္းအေပၚ စိတ္ယုတ္ဖတ္ အကုသိုလ္ပြားကာ
တဏွာစိတ္ ထား႐ွိေလတယ္
တစ္ေန႔သ၌ ဦးဇင္း က ဆြမ္းခံႂကြလာတယ္
ျမႏွင္း က ဆြမ္းခံေလာင္းေလတယ္
အိမ္တြင္လဲ မည္သူမွ မ႐ွိသည့္ အခိုက္အတန္႔မို႔
“အ႐ွင္ဘုရား ေနအ႐ွန္ပူျပင္းလွ ေသာေၾကာင့္
အိမ္တြင္း၌ ေခတၱ နားေနပါဦး ဘုရား”
ျမႏွင္း က ေလွ်က္တင္လိုက္တယ္
ဦးဇင္းလဲ သေဘာတူလိုက္တယ္
ဤသုိ႔ျဖင့္ ျမႏွင္းတို႔အိမ္ထဲသို႔ ဦးဇင္း
ႂကြလာခဲ့ေလတယ္ အိမ္ထဲေရာက္ေတာ့
ျမႏွင္း က အိမ္တံခါးကို ပိတ္လိုုက္ေလတယ္
“ဒကာမႀကီး ဘာလုပ္တာတုန္း”
ဦးဇင္း က ေမးေတာ့ ျမႏွင္း က
ဦးဇင္းနဲ႔ ေပ်ာ္ပါးလိုေၾကာင္း သူ၏စိတ္ဆႏၵ
မထိန္းႏိုင္ေၾကာင္း ေျပာတယ္
ဦးဇင္း ကလဲ အရြယ္ေရာက္မွ ဘုန္းႀကီးစီးခဲ့သည့္
ငယ္ျဖဴ သံဃာ ျဖစ္ေလတန္ရာ ေလာကိစိတ္
မကုန္ေသးဘူး ထင္ပါရဲ႕
ႏွစ္ဦးသေဘာတူ ေပ်ာ္ပါး ခဲ့ၾကေလတယ္
ေနာက္ရက္မ်ား မၾကာမွီမွာပင္
ဦးဇင္း က လူထြက္ကာ ျမႏွင္းနဲ႔
ေပါင္းဖက္ ေနထိုင္ ခဲ့ေလေတာ့သည္
သူႀကီးသမီး ျဖစ္သည္ က တစ္ေၾကာင္း
အေဖ ခ်စ္ေသာ သမီး ျဖစ္သည္ က တစ္ေၾကာင္း
အေၾကာင္းေၾကာင္းေၾကာင့္ ျမႏွင္းတို႔ စံုတြဲ
ျပစ္တင္ေဝဖန္ဝံ့သူ မ႐ွိသေလာက္႐ွားေလသည္
ဘုန္းႀကီးလူထြက္ လဲ ေယာကၡမပိုင္ လယ္ေျမေတြ
ကို ဦးစီးဦးေဆာင္ ၿပီး လုပ္ကိုင္ခဲ့ေလတယ္
ဤသို႔ျဖင့္ ေယာကၡထီးႏွင့္ ေယာကၡမ ႏွစ္ဦးစလံုး
ဆံုးပါးသြားခ်ိန္မွာေတာ့ ျမႏွင္းတို႔လင္မယားနဲ႔
ဖိုးတုတ္ ဟူေသာ သားေလးတစ္ေယာက္
ထြန္းကားခဲ့ၿပီး ေလၿပီ
ျမႏွင္း က ေလသံမာျဖင့္ ေျပာလိုက္လ်ွင္
ဘုန္းႀကီးလူထြက္ က ဖင္တုန္ေအာင္
ေၾကာက္ေနရေလသည္ ျမႏွင္း က ပင္
ျသဇာေညာင္းေသာ မိသားစုပင္တည္း
ဤသို႔ျဖင့္ ျမႏွင္းတို႔ မိသားစုေလး မွာ
ေတာင္သူလယ္သမား ဘဝမွ ေရလုပ္သား ဘဝ
ေရလုပ္သား ဘဝ မွ အင္းသူႀကီး ဘဝ
အင္းသူႀကီး ဘဝ မွ အင္းသူေဌးဘဝကို
ေရာက္သြား ၾကေလေတာ့တယ္
ျမႏွင္း အေနနဲ႔ အလႉအတန္း ရက္ေရာလြန္းလွတယ္
သူေဌးဘဝေရာက္သြားျပန္ေတာ့ လဲ
ရြာဦးေက်ာင္းေလးမွာ အဖက္ဖက္ မွ
အလႉအတန္း မ်ိဳးစံု လုပ္ေလ့႐ွိေလသည္
မ်ားမၾကာမီမွာပင္ ျမႏွင္းတစ္ေယာက္
ဝမ္းတြင္းေရာဂါ တစ္ခုစြဲကပ္လာေလသည္
မေသမွိီတြင္ ကုသိုလ္ႀကီးႀကီးမားမား တစ္ခု
ျပဳလုပ္ခဲ့ဖို႔ ဆံုးျဖတ္ခ်က္ ခ်ခဲ့ေလတယ္
ရြာဦးေက်ာင္းေလးမွာ ဘုရားတည္ဖို႔
ဆံုးျဖတ္ခဲ့ေလတယ္ စည္းစိမ္အျပင္ ပိုင္ဆို္င္သည့္
လယ္ကြက္ႏွစ္ကြက္ ကိုပင္ ေရာင္းခ်၍
ဘုရားတည္ေလသည္
ဘုရားတည္ အမ်ွအတန္းေဝ ေရစက္ခ်အၿပီး
ေနာက္ေန႔တြင္ပဲ ျမႏွင္းတစ္ေယာက္
ေရာဂါျဖင့္ပင္ ဆံုးပါးသြားခဲ့ေလသည္
ျမႏွင္းမွာ လူ႔ဘဝ က ကုသိုလ္မ်ားစြာ
ျပဳလုပ္ခဲ့ေသာ္လည္း တစ္ဖက္မွာလဲ
အကုသိုလ္ဝဋ္ေကြၽး က ႐ွိေလတန္ရာ
ေန႔စံ ညခံ ေဝလႅင္ကၿပိတၱာ ဘဝကို
ေရာက္သြားေလေတာ့သည္
(ဟူသည္ ေန႔ဘက္တြင္ ကုသိုလ္အက်ိဳးဆက္အျဖစ္
နတ္သမီးစည္းစိမ္ ကို ခံစားရၿပီး ညဘက္တြင္
အကုသိုလ္အက်ိဳးဆက္အျဖစ္ ၿပိတၱာဒုကၡ ကို
ခံစားရေလေသာ ဘံုဘဝ ပင္ျဖစ္ေလသည္)
ဘုန္းႀကီးလူထြက္မွာလဲ မိန္းမဆံုးသြားသျဖင့္
ဝမ္းနည္းပက္လက္ ျဖစ္ခဲ့ရေလသည္
လက္႐ွိ ေရလုပ္ငန္းကိုပဲ ဆက္လက္ လုပ္ကိုင္ၿပီး
မိတဆိုးသားေလးႏွင့္ ရပ္တည္ခဲ့ေလသည္
တစ္ေန႔သ၌ ဘုန္းႀကီး လူထြက္ က
ရြာအျပင္ ေညာင္ပင္ရိပ္သို႔သြားကာ
တစ္ကိုယ္ထဲ ေဆြးေနေလသည္
အခ်ိန္ကား ညေန ေစာင္း အခ်ိန္ပင္
ထိုစဥ္ အေနာက္ဘက္မွ ေျခသံၾကား၍
လွည့္ၾကည့္လိုက္ေတာ့ ျမႏွင္းပင္
ခႏၶာကိုယ္တြင္ အေရာင္အဝါမ်ား
ဝင္းပလ်ွက္ ေရႊေငြ ပတၱျမား စေသာ
ရတနာမ်ားကို ဆင္ျမန္းထားေလသည္
“ျမႏွင္း ျမႏွင္းကိုယ့္ဆီကို ျပန္လာတယ္ေနာ္”
ဘုန္းႀကီး လူထြက္ က ေျပာလိုက္သျဖင့္
ျမႏွင္းက ျပံဳး၍ ေခါင္းညိမ့္ျပေလသည္
“ကြၽန္မ ႐ွင္နဲ႔သားေလးက္ုိ သတိရေနတာ”
ျမႏွင္းမွ ေၾကကြဲစြာေျပာလိုက္ေလသည္
ဘုန္းႀကီးလူထြက္ က ျမႏွင္းကို ေပြ႔ဖက္ဖို႔
ႀကိဳးစားလိုက္ေလသည္ သို႔ေသာ္
ျမႏွင္းရဲ႕ အသားကို မထိမိပဲ ေလဟာျပင္
ကိုသာ ထိုးေဖာက္သြားေလသည္
ဘုန္းႀကီးလူထြက္ အံျသ သင့္သြားတယ္
“ကြၽန္မ အရင္ဘဝ က ကုသိုလ္ေတြေၾကာင့္
နတ္သမီး စည္းစိမ္ ကို ခံစားေနရတာပါ
ကြၽန္မရဲ႕အသားကို လူသားေတြ
ထိေတြ႔လို႔မရပါဘူး”
ျမႏွင္း မွ ေျပာလိုက္ေလသည္
ဘုန္းႀကီးလူထြက္ မ်က္ရည္ ဝဲသြားေလတယ္
မိုးခ်ဳပ္စမို႔ အေမွာင္ ရိပ္ က သန္းလာေလသည္
ညေန အုန္းေမာင္း၇ခ်က္ ေခါက္လွွ်င္
ရြာတံခါး ပိတ္မည္ျဖစ္သည္
အုန္းေမာင္းသံပင္ ၾကားရေခ်ၿပီ
“ျမႏွင္း အိမ္က ျပန္ရေအာင္”
“ကြၽန္မ ျပန္လိုက္လို႔မရဘူး
လုပ္စရာ ေတြ ႐ွိေသးတယ္
ေနာက္မွ ေတြ႕က်တာေပါ့”
ျမႏွင္း မွ ေျပာၿပီး လ်ွင္ျမန္စြာ
ထြက္သြားေလေတာ့တယ္
ဘုန္းႀကီး လူထြက္လဲ နားမလည္မႈ
ႈမ်ားစြာျဖင့္ ျပန္ခဲ့ေလေတာ့သည္
ဤသုိ႔ျဖင့္ ျမႏွင္းႏွင့္ ဘုန္းႀကီးလူထြက္တို႔
ညေနတိုင္း ေတြ႕ျဖစ္ခဲ့ၾကေလသည္
တစ္ေန႔ေတာ့ ျမႏွင္းႏွင့္ ဘုန္းႀကီးလူထြက္
တို႔ ေတြ႔ၾကရာ အခ်ိန္ေႏွာင္းသြားခဲ့ေလသည္
ဘုန္းႀကီးလူထြက္ ကလဲ မျပန္ေသးဘူးဟု
အတင္းျငင္း၏ ျမႏွင္းအေနနဲ႔ အက်ပ္႐ိုက္
ေနေလသည္ မတတ္သာသည့္အဆံုးတြင္
ဘုန္းႀကီး လူထြက္ ကို လိမ္ညာကာ
ခ်ိန္ထားခဲ့ေလၿပိး အေမွာင္ရိပ္ထဲသို႔
တိုးေဝွ့သြားေလေတာ့သည္
ဘုန္းႀကီးလူထြက္လဲ ျမႏွင္းအေနာက္မွ
ေျပး၍ လိုက္သြားေလေတာ့သည္
ျမႏွင္းလဲ ေျပးရင္းျဖင့္ပင္ ခႏၶာကိုယ္႐ွိ
အေရျပားမ်ား ကြာက် လာေနေလသည္
ဆံပင္မ်ား ႏွင့္ လက္သည္းမ်ား ကြၽတ္က်ကုန္ၿပီး
ခႏၶာကိုယ္တစ္ခုလံုး ေသြးသံရဲရဲျဖင့္
ခႏၶာကိုယ္လည္း ပံုမွန္ထက္ ႀကီးထြားလာၿပီး
ပုပုျပဲျပဲ ပံုသဏၰာန္ ျဖစ္သြားေတာ့၏
ဘုန္းႀကီးလူထြက္လဲ ေျပးရင္းလႊားရင္းျဖင့္
ျမႏွင္းကုိ မေတြ႔ေတာ့သျဖင့္ ပတ္ဝန္းက်င္ကုိ
အကဲခတ္ေနေလသည္ အေမွာင္ရိပ္ကလဲ
ႀကီးစုိးထားသျဖင့္ ေကာင္းသြာမျမင္ရေပ
လေရာင္လဲ့လဲ့ က က်ေရာက္လာသျဖင့္
ဘုန္းႀကီး လူထြက္ မိမိ၏အေ႐ွ႕႐ွိ အရာကို
ထင္းခနဲ ျမင္ေတြ႔လိုက္ရေလသည္
လူေကာငး္ပုပုျပက္ျပက္ ခႏၶာတစ္ခုလံုး
ေသြးသံရဲရဲျဖင့္ မ်က္လံုးျပဴးျပဴး အစြယ္ေဖြးေဖြး
ေၾကာက္စရာ သတၱဝါေၾကာင့္ မူးလဲသြားေတာ့၏
မ်ားမၾကာမွီတြင္ ဘုန္းႀကီးလူထြက္
အိပ္မက္ မက္ေလသည္
“ေယာက်္ား ကြၽန္မ ႐ွင္နဲ႔သားေလး ကို
မခြဲႏိုင္လို႔ ျပန္လာခဲ့ရတာ တကယ္ေတာ့
ကြၽန္မက ေန႔ခံညစံ ၿပိတၱာဘံုဘဝ ကို
ခံစားေနရသူပါ ႐ွင္ ဘုန္းႀကီး ဘဝနဲ႔တုန္းက
အတူေပ်ာ္ပါးကုိ ျမဴဆြယ္ ဖူးတာေၾကာင့္
ဒီလို ခံစားေနရတာပါ ဒီလိုအကုသို္လ္က
မည္သို႔ေသာ ကုသိုိလ္မ်ိဳးကိုပဲ လုပ္လုပ္
မေက်ေပ်ာက္ႏိုင္ေသာ ဝဋ္ေႂကြတစ္ခုပါပဲ
အကုသိုလ္ ကုန္တဲ့ ေန႔အထိေတာ့ ကြၽန္မ
ခံစားေနရဦးမွာပဲ”
ဘုန္းႀကီး လူထြက္ အိပ္ယာမွ ႏိုးလာတယ္
ဝမ္းနည္းေၾကကြဲ ေနေလေတာ့တယ္
သူ႔ရဲ႕အမွားအတြက္လဲ ဘဝကူးခဲ့လ်ွင္
မည္သို႔ေသာ ဒုကၡမ်ိဳးကို ခံစားရမည္နည္း
ဟူေသာ စိုးရိမ္စိတ္ျဖင့္ အသက္ဆက္ေနရေတာ့တယ္
—ၿပီး
အမွားပါလ်ွင္ ခြင့္လႊတ္ၾကပါ.