ဘုးရားပျက်နှင့်ဥစ္စာစောင့်သိုက်

*ချောင်းဆုံမှ ဘုရားပျက်နှင့် ဥစ္စာစောင့်သိုက်*📖📖(စ-ဆုံး)

***********************************************

ကျွန်မတို့နေတဲ့မြို့လေးဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ မြို့သေးသေးလေးတစ်ခုပါ…။ မြို့လေးသေးပေမဲ့ ဘုရားစေတီပေါများသလို အလှူအတန်းလဲရက်ရောကြပါတယ်။

ခုကျွန်မပြောပြမဲ့ အကြောင်းလေးက ကျွန်မတို့မြို့မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အရာပါ ။ခုထိလဲရှိနေဆဲပါပဲ ။ ကျွန်မတို့မြို့မှာ ဂမုန်းချောင်းလို့ခေါ်တဲ့ ချောင်းတစ်ခုရှိပါတယ်..။

ဟိုအရင် ဂမုန်းဆည်ဆိုပြီး မလုပ်သေးခင်ကတော့ အစိုးရကသစ်မျှောတာတွေလုပ်သလို အဲ့ချောင်းမှာ ဂတက်ချောင်းလို့ခေါ်တဲ့ချောင်းလက်တက်တစ်ခုရှိပါတယ်..။ အဲ့နေရာမှာ ဘယ်အချိန်ထဲကတည်ထားမှန်းမသိတဲ့ ဘုရားပျက်ရှိပါတယ်..။

ဘုရားပျက်က အုတ်ခဲတွေက ယောကျာ်းလက်တစိတောင်လောက်ရှိပြီး လက်သုံးလုံးလောက်ထူပါတယ်..။ရေဘယ်လောက်တက်တက် မျောမသွားတဲ့ အုတ်ခဲကျိုးတွေပါ..။

ဂမုန်းချောင်းဘေးနားမှာက ရွာလဲရှိသလို မြို့ပေါ်ရပ်ကွက်တွေလဲရှိပါတယ်..။မြို့ရပ်ကွက်နဲ့ ရွာနဲ့က ဂမုန်းချောင်းပေါ်က ဖြတ်ဆောက်ထားတဲ့တံတားတစ်ခုခြားတာပါ။

တစ်နေ့တော့ (…)ရပ်ကွက်က ဦးသာဒွန်းဆိုတဲ့လူက ဘုရားပျက်ကအုတ်ခဲကျိုးတွေကိုလှည်းနဲ့လာတိုက်ပါလေရော..။

“ဦးသာဒွန်းကြီး…ဘာတွေလုပ်နေတာတုန်းဗျ…”

“အေးကွ..ဒီအုတ်ခဲကျိုးတွေလာသယ်နေတာ..ငါ့အိမ်မှာအဝင်လမ်းခင်းဖို့ကွာ..ခဲကျိုးလိုနေလို့..”

“ဟာ..မလုပ်ပါနဲ့ဗျာ..ဘုရားအုတ်ခဲတွေဗျ…”

“အမယ်ကွာ…ထားစမ်းပါ..ဒီခဲတွေက ဘယ်သူမှလဲမသုံးပါဘူး..ရေထဲမျောသွားမဲ့ဟာတွေပဲ..”

ချောင်းဘေးမှာနေကြသည့်လူတစ်ချို့တားပေမဲ့ မရ..။လှည်းနဲ့တိုက်သွားတာ အတော်များသည်..။

“ဒီလူကြီးက တကယ့်ဂွစာကြီးပါကွာ..”

“အေး..ဘာကြားရအုံးမလဲမသိပါဘူး..ဒီက သိုက်အကြောင်းလဲသိရက်နဲ့များ..ယူတာအံ့သြပါရဲ့ကွာ”

တားသည့်လူတွေကသာတီးတိုးပြောနေပေမဲ့ ဦးသာဒွန်းက သီချင်းတအေးအေးနှင့်ပြန်သွားတာ အိမ်ပင်ရောက်နေပြီ..။အိပ်ရောက်တာနှင့် လှည်းဖြုတ်ကာ လူလဲရေမိုးချိုးပြီး တစ်ခွက်တစ်ဖလားမော့နေခိုကိ..မိန်းမဖြစ်သူ မတင်အေးမှ

“ကိုသာဒွန်း..တော်..ချောင်းဆုံက ခဲကျိုးတွေယူလာတာလား…”

“အေးလေ..မနက်မှငါထုမယ်..လမ်းလေးအဆင်ပြေတာပေါ့ကွာ..”

“အမလေး တော်က သတ္တိတွေသိပ်ရှိနေတာ..ချောင်းဆုံကကြမ်းပါဘိသနဲ့တော်…”

“ထားလိုက်စမ်းပါကွာ..လူကြမ်းရင်နတ်ကြမ်းမခံနိုင်ပါဘူးဟ..”

ပြောသူသာမောမည်..။ဦးသာဒွန်းက ပဲလှော်ဝါးလိုက် အရက်ဖြူမော့လိုက်နှင့်စည်းစိမ်ခံနေလိုက်တာများ ဘာမှလုပ်မထားသလိုမျိုးး..။

ညလဲကျရော..တစ်ကိုယ်လုံးဘုတွေပေါက်ကာ ယားယံလာပါရော..။ဆေးလိမ်းလဲမရ..ဆေးခန်းပြတော့လဲ ယားနာပျောက်ဆေးပေးပေမဲ့ အရာမထင်..။တစာစာအော်နေရသည့်အဖြစ်..။

ဘုတွေပိန့်တွေက ယားလွန်းလိူ့ ကုတ်ရင်းဖဲ့ရင်း သွေးပင်ထွက်လာရတော့ မိန်းမခမျာ မနေသာတော့..။

ရပ်ကွက်ထဲမှ မိန်းမဖော်များနဲ့ အချင်းချင်းတိုင်ပင်ရင်း နတ်မေးရတော့သည်..။(…) ၃ လမ်းမှ နတ်ကတော်က တော်တော်နာမည်ကြီးသည့်အချိန်..။ခေါ်မေးတာနှင့် တန်းပြောတာက သိုက်က စိတ်ဆိုးနေကြောင်းနှင့် ယူလာသော အုတ်ခဲကျိုးများပြန်ထားဖို့..။

လှည်းလိုက်ပြန်ယူကာ ထားပေးပြီး ကန်တော့ပွဲနဲ့တောင်းပန်မှ ဦးသာဒွန်းရဲ့ယားနာတွေပျောက်သွားရသည်..။

နောက်တစ်ခါကြုံတာက ချောင်းဘေးရွာမှ ဦးစိုကြီး..။ သူတို့မိသားစုမှာက တစ်ဧကလောက်ကျယ်သည့် ကိုင်းကွက်တစ်ကွက်ရှိသည်..။ ကိုင်းကွက်ရဲ့ အရှေ့မြောက်ထောင့်မှာဝါးရုံ ရှိကာ ဝါးနက်ဝါးရုံဖြစ့သလို ဝါးပင်များပုံက တိုးမပေါက်သည်အထိ..။

ကိုင်းကွက်ရဲ့ အနောက်ဘက်တည့်တည့်မှာကျ တောင်ပို့ တစ်ခုရှိကာ အမြဲရှင်းထားသလို လပြည့်လကွယ်တိုင်းဖယောင်းတိုင် အမွှေးတိုငိပူဇော်နေကြ…။ ဦးစိုကြီးမှာ သားနှစ်ယောကိ သမီးတစ်ယောကိရှိကာ သားတွေက အိမ်ထောင်ကွဲတွေ..ဖြစ်ပေမဲ့ တစ်ခြံထဲ အိမ်ခွဲနေကြသည်..။သားကြီးမှာက ငါးနှစ်အရွယ်သားတစ်ယောက်ရှိသည်..။ကိုင်းကွက်နဲ့ အိမ်နဲ့က ဘေးချင်းကပ်လျက်.. ။

တစ်ခုသော လပြည့်ည..
ဦးစိုကြီး သမီး အပျိုကြီး ဒေါ်မြဝင်းတစ်ယောက် တောင်ပို့ကိုသွားကာ ဖယောင်းတိုင်အမွှေးတိုင်ပူဇော်ပြီး ပြန်လာတော့ တူလေးက အိမ်ဝမှာစောင့်နေသည်..။ တူဖြစ်သူကိူထမင်းကျွေးကာ ဝရံတာမှာထိုင်နေကြစဥ် ခွေးအူသံတွေမှ ညံနေတာမို့..

“ခွေးတွေအူလိုက်တာ..တံခါးတွေပိတ်ထားမှထင်တာ်..”

“တီလေး…ဟိုးမှာ ကြယ်တွေ နိမ့်နိမ့်လေးပျံနေတယ်..”

တူဖြစ်သူစကားကြောင့်ကိုင်းကွက် ဘက်ကိုလှည့်ကြည့်မိတော့ ကြက်သီးတဖြန်းဖြနိးထကာ..ထအော်မိမတတ်ပင်..။

နီရဲနေသော မီးလုံးကြီးသုံးလုံးက ဝါးရုံပင်ဆီမှဝဲပျံလာလိုက်..တောင်ပို့စီ ဆင်းသွားလိုက်နှင့်အတန်ကြာသည်..။

“အ..အဖေ..ဟို. ဟိုမှာ မီးလုံးတွေ..”

ထစ်ထစ်ငေါ့ငေါ့နှင့် ဦးစိုကြီးကိုပြောတော့ ချက်ချင်းထွက်ကြည့်ကာ

“အေး..ကလေးကိုအထဲခေါ်ထား..ဘုရားစာရွတ်နေ..”

ဘာမှတော့ မဖြစ်ပေမဲ့ လပြည့်ညတိုင်းအချိန်မှန်မဟုတ်ပေမဲ့ အမြဲတွေ့နေကျ..။နောက်ပိုင်း ကားလမ်းနှင့်မြို့ထဲကိုဆက်သည့်လမ်းကို..ဖောက်တော့ ချောင်းဆုံနားမှာ လူတွေစည်လာတော့ မီးလုံးတွေမမြင်ရတော့..။

ဒါပေမဲ့ ဦးစိုကြီး သားအကြီးက ကလေးသုံးယောက်ရကာ သားအလတ်က ကလေးတစ်ယောက်ရချိန်မှာ တစ်ခါထူးဆန်းတာဖြစ်ပြန်သည်..။အဲ့ချိန်မှာ စီးပွားရေး အတန်အသင့်ပြေလည်နေလို့ တောင်ပို့နောက်ကလယ်ကွက်တွေတောင်ဝယ်ထားနိုင်နေပြီ..။

အလုပ်သမား က လွယ်လွယ်ငှားမရတော့ ဟိုးအနောက်ဘက်မှ နေ့စားအလုပ်သမားငှားရသည့်အဖြစ်..။တစ်နေ့တော့ နေ့စားဆင်းသည့် မချိုတစ်ယောက် မအောင့်နိုင်တော့၍ တောင်ပို့နားမှာ တောင်းပန်စကားပြောပြီး အပေါ့သွားလိုက်မိသည်..။အိမ်ပြန်ရောက်တာနှင့် ညထဲက ဝမ်းသွားတာခဏခဏ..။လူကဖြူဖျော့ကာ နှုတ်ခမ်းပင်ပြာလာတော့..နေမရတော့..။ဆေးရုံပြေးကာ ဓာတ်ဆားရည်ချိတ်ပေမဲ့..ဝမ်းကသွားဆဲ…။

အိမ်မှာကျန်ခဲ့သည့် မိသားစုက အနောက်ဘက်တကြောမှာ နာမည်ကြီးသည့် နတ်ကတော် ဒေါ်ရွှေတင်ကို မေးတော့ တောင်ပို့မှ အစောင့်အရှောက်ကလုပ်လိုက်တာဖြစ်ကြောင်းနှင့် အစောင့်အရှောက်က ခြံပိုင့ရှင် မိသားစုပဲလက်ခံကြောင်းနှင့် ကန်တော့ပွဲပေးတောင်းပန်မှ ဝမ်းသွားရပ်သည့် အဖြစ်။

အဲ့တောင်ပို့မှာချောင်းဆုံက ဘုရားပျက်နှင့်အဆက်အစပ်ရှိသည့်အစောင့်အရှောက်ရှိကြောင်းနှင့် ဘုရားပျက်မှ အုတ်ခဲကျိုးများကို ခုချိန်ထိ ထိလို့မရ..။

အခုလူနေထူထပ်လာချိန်မှာသိပ်မကြားရတော့ပေမဲ့ ဘုရားပျက်နှင့်အနီးကလူတွေကတော့ အဲ့အကြောင်းတွေခုထိသိတုန်းပါပဲ။

#ခုမှပထမဆုံးရေးဖူးတဲ့စာလေးပါရှင့်
ဖြစ်ရပ်မှန်တွေပါ..ကျွန်မက ဦးစိုကြီးရဲ့ သားအကြီးကမွေးတဲ့ ​မြေးပါ..
၊ဘဘ ဆုံးသွားတာတော့ငါးနှစ်ကျော်ပါပြီ
ဝမ်းသွားတဲ့ အဒေါ်ကတော့ ကျွန်မကိုယ်တွေ့ပါ
ကျွန်မ အသက် ၁၅ နှစ်လောက်ကဖြစ်တာပါ
မီးလူံးတွေ့တာက ကျွန်မ အကိုပါ. ..

စာဖတ်သူအားလုံးကိုလေးစားလျှက်ပါရှင့်

                              Writer- လရိပ်ညို