ဘွားမယ်စိန်နဲ့ ကံကြမ္မာဆိုးဖြင့်သေခဲ့ရသူ(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နဲ့ ကံကြမ္မာဆိုးဖြင့်သေခဲ့ရသူ(စ/ဆုံး)
———————————————————–
“ကိုစံမောင်…ဗျို့…ကိုစံမောင်…”
“ဟေ..ဟိတ်ကောင်ငါ ဒီမှာလေ…”
သင်္ချိုင်းထဲသို့အပြေးရောက်လာပြီး
အော်ဟစ်နေသောငပုကို စံမောင် ပြောလိုက်သည်။
“ကိုစံမောင်…”

“အေး…ဘာတုန်း ပြောလေ…”
“သ..သတင်းထူးလို့ဗျ”
“ဘာသတင်းများထူးတာတုန်းငပုရ…”
“ရွာထဲမှာ…ရွာထဲမှာအလှူလှည့်တော့မယ်ဗျ”
“အောင်မလေးဘာများလဲလို့ကွာ…

အလှူလှည့်တာများဆန်းသလားလို့”
“မ…မဟုတ်ဘူးလေဗျာ…”
“ဟ..ငပု…ဒီကောင် စကားတွေတောင်ထစ်လို့ပါလား…
နေစမ်းပါဦး…အဲ့သည်အလှူကဘာတွေများဖြစ်လို့တုန်း”

ငပုဆိုသည့်အတိုင်း လေးပေသာသာအရပ်လေးရှိရှာသည်။
အလောတကြီးပြောလိုတိုင်းစကားထစ်သော
ငပုအကြောင်းကို စံမောင်သိ၏။

ထို့ကြောင့်မေးလေတော့…
“မ…မ…မြလေး လည်း အလှူမှာ
ကွမ်းတောင်ကိုင်ပါတယ်လေဗျာ”
မမြလေးဆိုသောနာမည်ကြားတော့

စံမောင် ဝမ်းသာသွားသည်။
မမြလေးဆိုတာ စံမောင်၏ရည်းစားဖြစ်သည်။
သို့သော် ရွာ၌ စံမောင်နဲ့မမြလေးတို့က ရည်းစားဆိုတာ

ငပုတစ်ယောက်သာသိထား၏။
ရုပ်ရည်ချောသော်လည်း သင်္ချိုင်း၌မသာကျင်းတူးမှ
ထမင်းစားရသော စံမောင်လိုလူကိုမည်သူကမှ
သားမက်မတော်ချင်ကြဘူးဆိုတာစံမောင်သိသည်။

သို့သော်လည်း မမြလေးကိုတော့စံမောင်အလွန်ချစ်၏။
စံမောင်ချစ်တာကိုသိသော မမြလေးကလည်း
စံမောင်၏အချစ်ကိုလက်ခံရှာသည်။
“ကိုစံမောင်…ကျုပ်ပြောတာကြားရဲ့လားဗျ”

“ဟေ…အေး…အေး…ကြားပါတယ်ကွ”
မမြလေးနဲ့သူ၏အကြောင်းအားပြန်တွေးရင်း
ငပုပြောသည်ကိုပင် သတိမထားမိလိုက်။

ငပုက အော်ခေါ်လေမှ စံမောင်သတိပြန်ဝင်လာခဲ့တော့သည်။
“ဒါဆိုရင်…လာလေ…ငါတို့သွားကြည့်ရအောင်”
“ဖြစ်ပါ့မလားဗျ…”

ငပုစကားကြောင့် စံမောင်စဉ်းစားလိုက်သည်။
ရွာထဲကလူများကသူရွာထဲဝင်လျှင်မကြိုက်ချင်ကြ။
သူတို့ကသာအသုဘရှိမှသင်္ချိုင်းသို့လာချင်လာကြမည်။
စံမောင် ရွာထဲသို့ဝင်လျှင်မကြိုက်ကြ။

မသာကျင်းတူးတဲ့ သုဘရာဇာသား
ရွာထဲဝင်လျှင် ရွာ၌လူသေတတ်သည်ဟူသော
စကားများနှင့်သူ့အား ရစရာမရှိပြောဆိုတတ်ကြ၏။
မမြလေးနှင့်တွေ့ဖို့ရန်လည်း သူ့ခမျာ လူအိပ်ချိန်မှ

ရွာထဲခိုးဝင်ကာတွေ့ရပေသည်။

ယခုလည်း အလှူလှည့်ရာ၌ မမြလေးပါမည်ဆို၍

စံမောင်ကြည့်ချင်မိသည်။

ဖြစ်ချင်ရာဖြစ်ပါစေကွာ ဆိုသည့်သဘောဖြင့်…

“ဖြစ်ပါတယ်ကွာ…လာသွားကြမယ်…”

ဟု….ပြော၍ တူးလက်စ မသာကျင်းကိုထားခဲ့ပြီး

ရွာထဲသို့ဝင်လာကြသည်။

ငပုကလည်းမိဘမဲ့တစ်ကောင်ကြွက်ပင်။

သူကလည်း စံမောင်နဲ့မခြားနား…ရွာ၏အပယ်ခံဖြစ်၏။

ယခုသူတို့နှစ်ယောက်ရွာထဲကို

ပုန်းလျှိုးကွယ်လျှိုးဝင်လာခဲ့ကြပြီးနောက်

ရွာလမ်းမတစ်နေရာရှိ မန်ကျည်းပင်ကြီးအနောက်၌

ပင်စည်နှင့်ကွယ်ကာထိုင်နေခဲ့ကြသည်။

အလှူလှည့်ကလည်းမလာသေးသည်မို့

ဟိုသည်ကြည့်ကာထိုင်နေရင်း…

“ဟိတ်ကောင်တွေ…မင်းတို့အဲ့သည်မှာ

ဘာခိုးဖို့ချောင်းနေကြတာလဲ”

ဟုသော…အသံကြား၍

စံမောင်ကြည့်လိုက်တော့ တင်စိုး နဲ့ မျိုးဦးတို့ဖြစ်နေသည်။

တင်စိုးနဲ့မျိုးဦးက ရွာ၌ လူချမ်းသာမိဘများက

မွေးဖွားလာကြသည်မို့စကားပြောက

အလွန်မောက်မာကြသည်။

ယခုလည်း စံမောင်တို့အား ရန်စသလိုပြောလိုက်လေတော့

ဒေါသထွက်လွယ်သော ငပုကိုစံမောင် လက်ဆွဲထားရသည်။

“ဘာမှမဟုတ်ပါဘူးကွာ…တို့နှစ်ယောက်

ရွာကအလှူလှည့်တာ ကြည့်မလို့

ဒီအနားကနေစောင့်နေကြတာပါ”

“ဟား…ဟား……ဟား…..မင်းလိုသုဘရာဇာသားက

အလှူလှည့်တာကိုကြည့်မလို့ ဟုတ်လား…

အမယ်လေးကွာ…နားရှိလို့သာကြားရတယ်…

ယုံကိုမယုံဘူးဟေ့”

“ဟုတ်ပါ့တင်စိုးရာ…ငါ့အထင်တော့

ဒီကောင်တွေတစ်ခုခုခိုးဖို့ချောင်းတဲ့ပုံရတယ်ကွ”

မျိုးဦး၏စကားကြောင့် စံမောင် ဒေါသက

ထိန်းမရတော့ပေ။

“ဟ…ငါတို့အလှူလှည့်ကြည့်မလို့ လို့

မင်းတို့ကိုပြောပြီးပြီလေ…

ဘာလဲ သုဘရာဇာသား မျက်နှာမွဲက

အလှူလှည့်ကြည့်မရဘူးလို့ မင်းတို့ပထွေးကပြောထားလို့လား”

“ဘာကွ…မိုက်ရိုင်းလှချည့်လား”

“အေး…ငါမိုက်ရိုင်းချင်မိုက်ရိုင်းမယ်…

မင်းတို့လို လူတစ်ဖက်သားကို

နှိမ်ချင်…ပြောချင်တဲ့ အောက်တန်းစားစိတ်တော့

ငါ့မှာမရှိတာအသေချာပဲ”

“အောင်မာ…သုဘရာဇာသားကများ…”

“သုဘရာဇာသားဖြစ်တော့…ဘာဖြစ်လဲကွာ…”

“ဒါဖြစ်တယ်ကွာ…”

“ခွပ်…”

“အေး…မင်းကငါ့ကိုထိုးတယ်…

ရော့ငါကလည်းပြန်ထိုးတယ်ကွာ…”

“ခွပ်…”

စံမောင်နဲ့မျိုးဦးကသူတပြန်ငါတပြန်ထိုးကြသည်။

ငပုနဲ့တင်စိုးကလည်း နဘမ်းလုံးနေကြ၏။

သူတို့လေးဦး၏ရန်ပွဲသည်ရွာလမ်းမ၌ ဖုန်းများပင်တထောင်းထောင်း ထနေခဲ့သည်။

“ဟ…ရန်ဖြစ်နေကြတာဟေ့…ဆွဲကြပါဦးကွ”

“ဟဲ့…ဆွဲကြပါဦး…”

အလှူလှည့်လာသော ရွာသားများက ရန်ဖြစ်နေကြသော

စံမောင်တို့ကိုဝိုင်းဆွဲကြသည်။

ရန်ပွဲကိုလည်းကြည့်သူကပိုများလာ၏။

နောက်ဆုံးစံမောင်တို့လည်း

သူကြီးအိမ်ကိုရောက်သွားကြတော့သည်။

 

“ကိုစံမောင်…တော်ဒီလိုပဲနေတော်မှာလား”

“ကိုကဒီလိုမနေတော့ ဘယ်လိုနေရမှာလဲ မြလေးရဲ့”

စံမောင် ညဘက်၌ မမြလေး၏အိမ်နောက်ဖေး၌

တိတ်တဆိတ်လာချိန်းတွေ့နေခြင်းပင်။

“သြော်…တော့်ကို ဒီ မသာကျင်းတူးတဲ့အလုပ်ကြီးပဲ

လုပ်နေတော့မှာလားလို့ …ကျုပ်နဲ့အတူနေဖို့ဆိုရင်

ဒီထက်ကောင်းတဲ့အလုပ်အကိုင်ရှိမှအဆင်ပြေမယ်ဆိုတာ

တော်လည်းသိသိကြီးနဲ့တော်…”

“ကိုသိပါတယ်မြလေးရယ်…

အခု အဖေကလည်း သိတဲ့အတိုင်း

အရက်သောက်တာကလွဲပြီးဘာမှမလုပ်တော့ဘူးလေ…

ဒါကြောင့်ကိုယ်ကပဲမသာကျင်းတူးနေရတာပေါ့”

“ဒီလိုကြီးဆက်သွားနေရင်အိမ်ကမိဘတွေသဘောတူဖို့

မဖြစ်နိုင်ဘူးဆိုတာလည်းတော် သိရဲ့သားနဲ့”

“အင်းလေ…ကိုလည်း ငပုနဲ့အတူတူ

ကုန်ရောင်းကုန်ဝယ်စလုပ်ကြည့်မလို့

စဉ်းစားထားပါတယ်မြလေးရယ်…

နောက်ပြီးတစ်ဖက်ရွာက ကိုယ့်ရဲ့အသိကလည်း

ဒီအလုပ်နဲ့ပတ်သတ်ရင်သူကူညီမယ်လို့တော့ပြောပါတယ်”

“ဒါဆိုရင်ကောင်းတာပေါ့…ကိုစံမောင်ရယ်…”

စံမောင်လည်း မမြလေးကိုနှစ်သိမ့်ပေးရင်း

သူ၏ဘဝကိုကြိုးစားချင်နေ၏။

ထိုသို့ဖြင့် ငပုနဲ့အတူကုန်ရောင်းကုန်ဝယ်

စတင်လုပ်ကိုင်ခဲ့ကြသည်။

ပထမ၌အဆင်မပြေကြသော်လည်း

မိတ်ဆွေ၏ကူညီပေးမှုကြောင့်

တဖြေးဖြေးအလုပ်၏သဘောကို

နားလည်လာခဲ့ကြသည်။

ငွေကြေးများလည်းအတန်သင့်အဆင်ပြေလာကြတော့

ရွာထဲ၌ ခေါ်ချင်ပြောချင်သူကများလာ၏။

မမြလေးမိဘများကလည်း စံမောင့်အပေါ်သဘောထားများ

ပြောင်းလဲ၍လာခဲ့ကြသည်။

“ဒီကောင်လေးကလူတော်လေးပါလို့

ငါမပြောဘူးလားမိန်းမရဲ့”

“ဟုတ်ပါ့တော်…”

မိဘများ၏ပြောင်းလဲလာမှုကြောင့် မမြလေးမှာ

အလွန်ပျော်ရွှင်နေရှာသည်။

စံမောင့်ကိုလည်း…

“ကိုစံမောင်…”

“ပြောလေမြလေး”

“အိမ်ကအဖေနဲ့အမေကလေ…တော့်ကို

လူတော်လေးဆိုပြီး ချီးကျူးနေကြတယ်တော့်”

“ထင်တော့ထင်သားပဲ…မနေ့က ရွာလယ်ပိုင်းမှာဆုံတော့

မြလေးအဖေကိုယ့်ကိုကြည့်တဲ့အကြည့်တွေ

အရင်နဲ့မတူပါဘူးလို့”

“ကျုပ်အရမ်းပျော်တာပဲသိလား”

“ဘာလို့လဲမြလေးရဲ့”

“ဘာလို့ကမှာလဲတော်…

တော့်အပေါ်မိဘတွေအမြင်ပြောင်းလဲလာယုံမကဘူး…

အခုဆိုရင် တော်ကလည်း

ကုန်သည်လေးစံမောင်ဖြစ်လာပြီလေ…

ဒီတော့ကျုပ်တို့ပေါင်းဖက်ဖို့အရေးကဘာပူစရာရှိလို့လဲ

ကိုစံမောင်ရယ်…”

“ဒါတွေက မြလေးကြောင့်

ကိုယ်ကြိုးစားခဲ့တာပါမြလေးရယ်”

စံမောင်နဲ့မြလေးတို့ တစ်ဦးနဲ့အတူမေတ္တာများ

ပို၍တိုးပွားလာခဲ့ကြသည်။

ထိုအဖြစ်ကိုကြည့်၍ မနာလိုနေကြသူများကရှိနေပြန်သည်။

ထိုသူတို့ကအခြားသူမဟုတ်…စံမောင်ကိုယခင်ကတည်းက

အမြင်မကြည်ကြသော မျိုးဦးနဲ့တင်စိုးတို့ပင်ဖြစ်သည်။

“တောက်…သုဘရာဇာသားက ငွေလေးနည်းနည်းရှာနိုင်တော့

ရွာထဲမှာအိမ်ဝယ်ပြီး ကြီးကြီးကျယ်ကျယ်တွေလုပ်ပြ

နေလိုက်တာကွာ…”

“ဟုတ်ပါ့ကွာ…ဒီကောင် ချမ်းသာလာတာက

ရိုးကောရိုးရဲ့လားမသိဘူး…

မဟုတ်မှလွှဲရော…တခြားရွာတွေမှာဓားပြတွေ

သောင်းကျန်းနေတယ်လို့သတင်းထွက်နေတာဆိုတော့

ငါကတော့ ဒီကောင်နှစ်ကောင်ကို မသင်္ကါဘူးကွာ”

“အေး…ငါ့အတွေးကလည်း မင်းလိုပဲ…

တို့တွေဒီကောင့်ကိုပိုစောင့်ကြည့်ကြရမှာပေါ့ကွာ…”

စံမောင့်အပေါ် မလိုမုန်းတီးစိတ်များကြောင့်

အငြိုးထားနေကြသည်။

“ဟဲ့…သတင်းကြားပြီးကြပြီလား…”

“ဘာသတင်းလဲအရီးရဲ့”

“ဘာသတင်းကမှာတုန်း…စံမောင်က

မြလေးကိုတောင်းရမ်းလိုက်ပြီဆိုတာလေအေ”

“ဟယ်…ဘယ်တုန်းကလဲ…”

“ဒီမနက်ပဲတဲ့…လူကြီးတွေနဲ့လာတောင်းတယ်ဆိုပဲဟဲ့”

“ဒါဆို မမြလေးမိဘများကကော သဘောတူကြရဲ့လား”

“အမယ်လေးကောင်မရယ်…မြလေး အဖေဆိုပြုံးနေတာ

သွားကြီးကိုဖြီးလို့တဲ့ဟေ့…သူတို့သဘောတူမှာပေါ့အေ…

စံမောင်ကအရင်စံမောင်မှမဟုတ်တော့တာ…

အခုဆိုရင် ငွေရှိ…ရွှေရှိတဲ့သူဌေးလေးဖြစ်နေပြီလေအေ”

“ဒါပေါ့တော်…ရုပ်ကလေးကလည်းရှိ….

ဟော…အခုလိုငွေလေးကလည်းရှိလာတော့

မြလေးမိဘတွေကတော့ သဘောအတွေ့ပဲပေါ့တော်…”

စံမောင်နဲ့မြလေးတို့၏သတင်းကရွာထဲ၌လွှင့်ပျံ့နေခဲ့သည်။

ဝမ်းသာပေးကြသူများရှိသကဲ့သို့…

ဝမ်းမသာနိုင်ကြသူများကလည်းရှိနေခဲ့လေသည်။

 

ရာသီဥတုက အတော်ပူအိုက်လှသည်။

ခြံထဲသရက်ပင်အောက်၌ ခဏထိုင်ပြီးနောက်

ကွပ်ပျစ်ရှိရာသို့ ဘွားမယ်စိန်လျှောက်လာခဲ့သည်။

ထိုအချိန်…

“အမေ…ဒီမှာ မျှစ်သုပ်လေး…”

“အေး…အေး…ရေနွေးကြမ်းလေးနဲ့သောက်ရတာပေါ့အေ”

ဘွားမယ်စိန်ကွပ်ပျစ်ပေါ်ထိုင်လိုက်သည်နှင့်

ဒေါ်ဝင်းကမျှစ်သုပ်ပန်းကန်အား ချပေး၏။

အကြမ်းရေအိုးကိုယူ၍ ရေနွေးခွက်ထဲသို့ငှဲ့ပေးလိုက်ပြီး

ဘွားမယ်စိန်အရှေ့သို့ချပေးလိုက်ပြန်သည်။

ဘွားမယ်စိန်က မျှစ်သုပ်ပန်းကန်ကိုယူ၍

မြည်းနေတော့၏။

မျှစ်သုပ်လေးစား…အကြမ်းရည်လေးသောက်ဖြင့်နေရင်း…

“ညည်းသမီးကောဘယ်သွားလဲ မိဝင်း”

“အမေ့မြေးက ထုံးစံအတိုင်းပေါ့အမေရယ်…

အဖော်တွေဆီကိုသွားလည်နေလေရဲ့…”

“အေး…မြေးမလေးလည်း တဖြေးဖြေးနဲ့

အရွယ်လေးရလာပြီပဲမိဝင်းရဲ့”

“ဟုတ်ပါ့အမေရယ်…သမီးလေးက ရောက်စ ကနဲ့

အခုဆိုရင် အတော်လေး ကွာခြားသွားပါပြီ…

ကျုပ်ဖြင့် ဒီကလေးလေးကို စောင့်ရှောက်ပေးရတာလေ…

သူ့ပုံစံလေးကိုကြည့်ပြီး

အတော်ဝမ်းသာနေရပါတယ်အမေရယ်”

ဒေါ်ဝင်း၏ မျက်နှာအထက်၌

ပီတိစိတ်များကပေါ်လွင်နေခဲ့သည်။

ဘွားမယ်စိန်ကသမီးဖြစ်သူကိုကြည့်၍

ခေါင်းကိုတဆတ်ဆတ် ညိတ်လိုက်ပြီး…

“အင်းလေ…ဒါအမေတို့နဲ့ဒီကလေးရဲ့ရေစက်ပေါ့သမီးရယ်…

ကောင်းသောရေစက်လေးမို့… အမေလည်း…

သမီးအတွက် ဝမ်းသာပါတယ်အေ”

ဒေါ်ဝင်းကဘွားမယ်စိန်ကိုကြည့်၍ပြုံးသည်။

“အမေ…အမေ…ဟော…

ဘာတွေလုပ်နေကြတာလဲအမေတို့သားအမိက…”

ဟူသောအော်သံနှင့်ဝိုင်းထဲဝင်လာသည်က

ဘွားမယ်စိန်၏သားအလတ်ကောင်ပင်ဖြစ်သည်။

ပုဆိုးကိုခပ်တိုတိုဝတ်ထားသော အလတ်ကောင်သည်

ဘွားမယ်စိန်နှင့်မတူဘဲဖခင်ဖြစ်သူနှင့်တူ၍

အရပ်မှာ ပုကွကွနိုင်လှ၏။

ဝါးခမောက်ကြီးကိုချွတ်၍ ကွပ်ပျစ်၌ဝင်ထိုင်လေတော့…

“အလတ်ကောင်…အိမ်ကို မလာစဖူး အလာထူးနေပါလား…

ပြောစမ်းပါဦး…နင်ဘာများအရေးကြီးစရာရှိနေလို့လဲ”

“ဟာ…မမတို့ကတော့လုပ်ပြီ…ကျုပ်ကအမေ့အိမ်ကို

လာစရာရှိမှလာတဲ့လူလားဗျ”

“အမယ်လေး…နင့်အကြောင်းငါမသိဘူးထင်သလား”

“ဟာဗျာ…”

“ကဲပါမိဝင်းရယ်…မောင်ဖြစ်သူ့ကိုစနောက်မနေပါနဲ့အေ…

ဟိုအလတ်ကောင် ပြော…အမေ့ကိုဘာကိစ္စရှိလို့လဲ”

“အမေကမှကျုပ်အကြောင်းကိုသိတာ…

ဒီလိုအမေရဲ့…ကျုပ် နွားဝယ်ချင်တာအဲ့တာ

ငွေလိုနေလို့ အမေ့ဆီနည်းနည်းလောက်လာတောင်းတာပါ”

“အမယ်…အမယ်…အမေ့သားပြောပုံကိုကြည့်ပါဦး…

ချေးတာမဟုတ်ဘဲ…လာတောင်းတာတဲ့အမေရယ်”

“ဟာဗျာ…မမကလည်း ကျုပ်ကအမေ့ရဲ့သားပါဗျ…

ဒီလောက်လေးတောင်ပြောလို့မရဘူးလား…

နောက်ပြီး ကျုပ်နှမ်းရောင်းပြီးတာနဲ့အဲ့သည်ငွေကို

ပြန်ပေးမှာပါ”

“ပြန်ပေးမှာဆိုရင်လည်းပြီးတာပဲ…”

ဘွားမယ်စိန်ကတော့သားသမီးနှစ်ယောက်ကိုကြည့်၍

ပြုံးနေလေသည်။

“အလတ်ကောင်…နင်လိုတဲ့ငွေကိုနင့်အစ်မဆီကယူသွားလိုက်…

ပြန်ပေးမယ်ဆိုတဲ့အချိန်နဲ့ ကတိကိုတော့တည်ပါစေနော်…”

“စိတ်ချပါအမေရာ…သြော်ဒါနဲ့…အမေ…

ကျုပ်သတင်းတစ်ခုကြားထားသေးတယ်”

“ဟဲ့ဘာသတင်းများတုန်း”

“မမကလည်း ကျုပ်ပြောမှာပေါ့ဗျာ…

ဒီလိုအမေရဲ့…တစ်နေ့က ကျုပ်နွားလိုက်ရှာတာ…

တစ်ဖက်ရွာက နွားသမား ကိုဗလဆိုတဲ့သူနဲ့ဆုံခဲ့တယ်…

အဲ့လူကကျုပ်အမေက ဘွားမယ်စိန်ဆိုတာလည်းသိရောဗျာ…

ကျုပ်ကိုအတင်းသူကြားထားတဲ့အကြောင်းတစ်ခုကိုပြောပြတော့တာပဲ”

အလတ်ကောင်ကပြောနေတုန်းဒေါ်ဝင်းမှ…

“အလတ်ကောင်ရယ်…

နင်ပြောစရာရှိတာကိုပြောပါတော့လား…

ဘာတွေကိုဝေ့နေတာတုန်းဟဲ့”

“ပြောမှာပေါ့မမရာ…အဲ့သည် ကိုဗလဆိုတဲ့လူက

အုတ်တွင်းရွာမှာအခု

သရဲအရမ်းခြောက်နေတယ်ပြောတယ်ဗျ…

ခြောက်တာကလည်းလမ်းလေးခွကြီးတဲ့အမေရာ…

ညရေးညတာများအရေးကြီးကိစ္စရှိရင်

သွားလာလို့ကို မရဘူးဆိုပဲ…

သရဲက သည်းကြီးမည်းကြီးကိုခြောက်တာတဲ့ဗျ”

“ဟယ်…ဒါဆိုရင် အဲ့သည်ရွာကလူတွေ

အတော်ကြောက်နေကြမှာပဲနော်…”

“ဒါပေါ့ဗျ…အဲ့တာနဲ့ကိုဗလကပြောတယ်…

သူအဲ့သည်ရွာဘက်ကိုရောက်ရင်

အဲ့သည်ရွာကလူတွေကို

အမေ့အကြောင်းပြောပြလိုက်မယ်တဲ့…

ဒါမှသူတို့လည်း လာပြီးပင့်ကြလိမ့်မယ်လို့ပြောသေးတယ်ဗျ”

ဘွားမယ်စိန်က သူ၏သားအလတ်ကောင်ပြောသည်များကို

နားထောင်နေခဲ့သည်။

စကားပြောပြီးခဏမျှကြာလေတော့

အလတ်ကောင်လည်းအိမ်ပြန်သွားတော့၏။

“အမေ…ဘာတွေစဉ်းစားနေတာတုန်း”

ဒေါ်ဝင်းက ဘွားမယ်စိန်ကိုမေးလေတော့…

“ဒီလိုပါပဲအေ…ညည်းမောင်ပြောသွားတာတွေ

နားထောင်ပြီးအတွေးများနေတာပါ…”

“ဒါဆိုရင် ကျုပ်ရွာလယ်ပိုင်းခဏသွားလိုက်ဦးမယ်”

“အေး…သွားလေအေ”

“အမေ ဘာမှာချင်သေးလဲ”

“မှာစရာဆိုလို့…သြော်…အေး…မိညွှန့်ဆီကဖီးကြမ်းငှက်ပျောသီး တစ်ဖီးလောက်ယူခဲ့လိုက်ဦး…

ဧည့်သည်လာလို့ရှိရင် ချကျွေးလို့ရတာပေါ့”

“ဟုတ်…ဟုတ်အမေ…ဒါဆိုကျုပ်ယူခဲ့လိုက်မယ်”

ဟု…ပြော၍ ဒေါ်ဝင်းသည်

ဝါးခမောက်ကြီးကိုဆောင်းကာ

ခြံဝိုင်းထဲမှထွက်သွားတော့သည်။

ဘွားမယ်စိန်တော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို

ဖွာကာရှိုက်လို့ ကွပ်ပျစ်ပေါ်၌ ကျန်ရစ်ခဲ့လေသည်။

*******************************************************

နောက်တစ်နေ့၌…

“ဗျို့အိမ်ရှင်တို့…အိမ်ရှင်တို့ရှိကြလားဗျ”

ဟူသောအော်ခေါ်သံကြောင့် ဒေါ်ဝင်းတစ်ယောက်

မီးဖိုထဲတွင် ထမင်းအိုးမွှေနေရင်းမှ ထ၍ထွက်လာရသောအခါ

လက်အတွင်း၌သစ်သားယောင်းမကြီးလည်းပါလာခဲ့ပေသည်။

“ဘယ်သူတွေလဲ”

ဝိုင်းအပြင်၌ရပ်နေကြသေည လူစိမ်းနှစ်ယောက်ကိုတွေ့၍

ဒေါ်ဝင်းမေးလိုက်လေတော့…

“ဒါကဘွားမယ်စိန်ရဲ့အိမ်လားဗျ”

“ဟုတ်ပါတယ်”

“ဒါဆိုရင်…အစ်မက ဘွားမယ်စိန်ပေါ့လေ”

“မဟုတ်ပါဘူးဟယ်…ဘွားမယ်စိန်ဆိုတာ ငါ့အမေပါ…

ဒါနဲ့…နေစမ်းပါဦး…နင်တို့ကဘယ်သူတွေလဲ…”

“သြော်…ကျုပ်တို့က အုတ်တွင်းရွာကပါဗျ…

အုတ်တွင်းရွာကသူကြီးကဘွားမယ်စိန်ဆီကိုလွှတ်လိုက်လို့

ကျုပ်တို့နှစ်ယောက်မေးမြန်းပြီး ဒီကိုရောက်လာကြတာပါ”

“အေး…ဒါဆိုရင်ဝင်ခဲ့ကြလေ…”

ဒေါ်ဝင်းခြံတံခါးကိုဖွင့်ပေးလိုက်သည်။

“ကွပ်ပျစ်မှာထိုင်ကြပါဦး”

ကွပ်ပျစ်ခင်း၌ အုတ်တွင်းရွာသားနှစ်ယောက်ကို

ထိုင်ခိုင်းလိုက်သည်။

ထိုအချိန် ထင်းစည်းကိုထမ်း၍

ခြံဝိုင်းထဲသို့မောင်တိုးတစ်ယောက်

ဝင်လာခဲ့သည်။

ဖိနပ်ကမပါ…ပုဆိုးကိုစလွယ်သိုင်း၍

ထင်းစည်းကြီးကိုမောင်တိုး ထမ်းလာခဲ့သည်။

သူထမ်းလာသော ထင်းစည်းကို ခြံထဲ၌ ပစ်ချလိုက်ပြီးနောက်

မျက်နှာနှင့်လည်ပင်း၌ ရွဲစိုနေသော

ချွေးများကိုပုဆိုးစဖြင့်သုတ်ဖယ်ရင်း…

“အရီး…ဧည့်သည်တွေရောက်နေတာလား”

ဟု…မေးလေတော့…

“အုတ်တွင်းရွာသားတွေတဲ့လေ…

နင့်အဘွားဆီကိုလာကြတာ”

“သြော်…ကျုပ်ကထင်းလာပို့တာအရီးရဲ့…

ဒါနဲ့ဘွားကဘယ်ကိုသွားတာလဲ

အိမ်မှာလည်းမမြင်ပါလားဗျ”

“အေးဟယ်…ရွာအနောက်ပိုင်းကိုခဏဆိုပြီးသွားတာပဲ…

အခုအရီးလိုက်ခေါ်လိုက်ဦးမယ်…။

နင်လည်းမပြန်ပါနဲ့ဦး…ဧည့်သည်တွေနဲ့ခဏနေခဲ့ပေးဦး”

“ဟုတ်ကဲ့အရီး…”

“အယ်…မေ့နေလိုက်တာ

မီးဖိုထဲကထမင်းအိုးလေးလည်းခဏချပေးထားပါဦး

မောင်တိုးရယ်…ရော့…ဒီမှာယောင်းမ…”

“ဟုတ်ကဲ့…ကျုပ်ကြည့်လိုက်ပါ့မယ်အရီးရဲ့”

ဒေါ်ဝင်းထွက်သွားလေတော့ မောင်တိုးသည်

ကွပ်ပျစ်ပေါ်မှရေနွေးကြမ်းအိုးကိုယူ၍

မီးဖိုထဲသို့ဝင်သွားတော့သည်။

ထမင်းအိုးကိုကြည့်ရင်း ရေနွေးထပ်ဖြည့်၍

ဧည့်သည်တို့ဆီရေနွေးကြမ်းအိုးလေးချပေးလေသည်။

မီးဖိုထဲရှိ ထန်းလျက်နှင့်ငှက်ပျောဖီးကိုလည်း

ပန်းကန်လေးနဲ့သပ်သပ်ရပ်ရပ်ထည့်ပေးပြီး

ဧည့်ခံပေးရှာ၏။

“ဒီက အစ်ကိုတို့အကြမ်းရည်လေးသောက်ရင်း

ခဏစောင့်ကြပါဦး…ကျုပ်ထမင်းအိုးလေး

သွားငှဲ့လိုက်ပါဦးမယ်ဗျာ”

“ရတယ်…ငါ့ညီ…အေးအေးဆေးဆေးလုပ်ပါ…”

“ဟုတ်ကဲ့”

မောင်တိုးလည်းမီးဖိုထဲပြန်ဝင်ကာပွက်ပွက်ဆူနေသော ထမင်းအိုးကိုငှဲ့လေသည်။

ပြီးနောက်မီးအပူပြန်ပေးပြီး

ထမင်းအိုးကိုနေရာချလိုက်တော့၏။

ထမင်းအိုးကိစ္စပြီးလေမှ ဘွားမယ်စိန်နဲ့ဒေါ်ဝင်းတို့လည်း

အိမ်သို့ရောက်လာခဲ့ကြသည်။

“အမေ…အဲ့တာ အုတ်တွင်းက ဧည့်သည်တွေပဲ”

“အေး…အေး…ကဲမောင်ရင်တို့ ဘွားမယ်စိန်ဆိုတာ

ကျုပ်ပဲ…ပြောပါဦး လာရင်းကိစ္စကို”

ဘွားမယ်စိန်သည်ကွပ်ပျစ်ခင်းအပေါ်သို့ဝင်ထိုင်လိုက်ပြီး

အုတ်တွင်းသားနှစ်ယောက်ကိုမေးလိုက်သည်။

မောင်တိုးလည်းမီးဖိုထဲမှထွက်လာပြီး…

“အရီးကျုပ်ထမင်းအိုးလည်းငှဲ့ပြီးပြီ…

ဧည့်သည်တွေလည်း ဧည့်ခံထားပေးတယ်နော်”

“အေးပါဟယ်…လာ…လာ ဒီမှာထိုင်ပါဦး”

မောင်တိုးနဲ့ဒေါ်ဝင်းက ထန်းလက်ခုံတစ်ခုံဆီမှာ

ဝင်ထိုင်နေကြသည်။

အုတ်တွင်းသားတွေကလည်း ဘွားမယ်စိန်ကို…

“ကျုပ်တို့ရွာမှာ သရဲအတော်ကြမ်းနေလို့ပါဗျာ…

အဲ့သည်ကိစ္စနဲ့ပဲ ကျုပ်တို့ကို ရွာသူကြီးက ဘွားဆီကို

အကူအညီတောင်းဖို့ဆိုပြီးလွှတ်လိုက်တာပါ”

“တစ်နေ့ကပဲ…အုတ်တွင်းရွာအကြောင်းကို

ဘွားကြားမိပါသေးတယ်…

ဒါနဲ့ မောင်ရင်တို့ရွာမှာကြမ်းနေတဲ့သရဲက

အထီးလား…အမလားကွဲ့”

“အမဗျ…အမ…တော်တော်ကြမ်းတမ်းတဲ့သရဲမ ပါဗျာ”

“အဲ့သည်သရဲမက မောင်ရင်တို့ရွာဆီကို

ဘယ်လိုရောက်လာတာလဲ”

“သရဲမက အခြားက မဟုတ်ဘူးဗျ…

ကျုပ်တို့ရွာကပါပဲ”

“ဟေ…ဒါဆိုရင်ဒီသရဲမက ဘာကြောင့်

ဒီလောက်လူတွေကို ဒုက္ခပေးနေရတာလဲ”

“အကြောင်းက ဒီလိုရှိတယ်ဗျ…

လွန်ခဲ့တဲ့သုံးလလောက်ကပဲ…

ကျုပ်တို့ရွာက ရွာသူတစ်ယောက် ရွာပြင်မှာ

အစော်ကားခံရပြီး ဓားဒဏ်ရာတွေနဲ့ဆုံးသွားရှာတာ…။

သူ့ချစ်သူဆိုရင်အခုထိအရူးတပိုင်းပါပဲဗျာ…”

“ဟေ…ဒါဆိုရင်တရားခံကကော မိကြပြီလား”

“မမိပါဘူးဗျာ…ဘယ်သူဘယ်ဝါမှန်းကို

လူတွေမသိလိုက်တာပါ”

“အလိုလေး…တယ်ပြီးရက်စက်လိုက်တဲ့အဖြစ်ပါလား”

“ဟုတ်ပါတယ်ဗျာ…ကျုပ်တို့ဆိုအခုချိန်ထိ

ရင်နာလို့မဆုံးပါဘူး…

တရားခံတွေကိုသာမိရင် အသေသတ်ပစ်ဖို့ထိ

ဆုံးဖြတ်ထားကြတာပါ”

“အင်း…ကလေးမလေးအဖြစ်ကလည်း

တော်တော်လေးဆိုးဝါးတာပဲ”

“အခုလည်းကျုပ်တို့ရွာမှာ အခြောက်ကြမ်းနေတဲ့သရဲဆိုတာ

အခြားသူမဟုတ်ပါဘူး…အဲ့သည်ရွာသူပါပဲ…။

သူဆုံးခဲ့တဲ့ လမ်းလေးဂွက အပင်မှာနေပြီး…

ညဘက်ဆိုရင်အဲ့သည်လမ်းကနေ

သွားလာတဲ့လူမှန်သမျှကိုခြောက်လန့်လွှတ်နေတော့တာပါ…”

အုတ်တွင်းရွာသား၏စကားအဆုံးမှာ

ဘွားမယ်စိန်ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“ဒါဆိုရင်မောင်ရင်တို့ရွာသူကြီးက…

ဘွားကိုဒီသရဲကိစ္စရှင်းပေးဖို့ခေါ်ခိုင်းလိုက်တာပေါ့”

“အမှန်ပါပဲဗျာ…”

“အေးလေ…အုတ်တွင်းရွာဆိုတာကလည်းမဝေးပါဘူး…

ဘွားတို့တွေ မနက်ဖြန်လာခဲ့ပါ့မယ်လို့

မောင်ရင်တို့သူကြီးကိုပြောထားလိုက်ပါ…”

“ကျေးဇူးတင်ပါတယ်ဗျာ…

ကျုပ်တို့သူကြီးလည်း ဘွားလာမယ်ဆိုတာသိရင်

ဝမ်းသာနေမှာပါ”

ထိုသို့ဖြင့် အုတ်တွင်းရွာသားတို့ပြန်သွားကြတော့သည်။

ထန်းလက်ခုံ၌ထိုင်နေသောမောင်တိုးကို…

“မောင်တိုးရေ…မောင်ရင်ကြားတယ်နော်…”

“ဟုတ်…ကျုပ်ကြားပါတယ်ဘွားရဲ့…”

“မနက်ဖြန်မနက်အစောလောက်

ဘွားတို့အုတ်တွင်းရွာကိုသွားကြရမယ်…

မောင်အုန်းကိုလည်းကြိုပြောထားလိုက်ပါဦး”

“ကျုပ်…ဒီကပြန်တာနဲ့ဝင်ပြောမှာပါ”

“အေး…အေး…အေး……”

“ရော့…မောင်တိုး…နင်တို့သားအမိစားဖို့

ငါးခြောက်ချက်…”

“ဟာ…အရီးကတော့လုပ်ပြီ…”

“ဘာလဲမယူချင်ဘူးလားဟဲ့…”

“ဟီး…မယူစရာလားဗျ…

ကျုပ်ကအရီးချက်တာဆိုကြိုက်ပြီးသားပဲဟာ”

“အေးပါဟယ်…နင်ကစားကောင်းသောက်ကောင်းအောင်

ပြောတတ်တော့လည်း…ငါချက်သမျှစားနေရတာပေါ့”

ဒေါ်ဝင်းကမောင်တိုးကို

ငါးခြောက်ချက်ပန်းကန်လေးပေးလိုက်သည်။

တူဝရီးနှစ်ယောက်စနောက်နေကြတာကိုမြင်တော့

ဘွားမယ်စိန်ကပြုံးနေလေသည်။

ထိုသို့ဖြင့်ထင်းလာပို့သောမောင်တိုးတစ်ယောက်လည်း

ငါးခြောက်ပန်းကန်လေးကိုင်၍ အိမ်သို့ပြန်သွားတော့သည်။

 

နောက်တစ်နေ့နံနက်အစော၌

ဘွားမယ်စိန်နဲ့မောင်တိုး၊မောင်အုန်းတို့သုံးယောက်

လှည်းတစ်စီးဖြင့် အုတ်တွင်းရွာသို့သွားကြသည်။

အုတ်တွင်းရွာရောက်တော့

သူကြီးအိမ်ကိုထပ်မံကာမေးမြန်းကြရပြန်သည်။

“လာကြပါခင်ဗျ…လာကြပါ…

သောင်ထွန်းရွာကဧည့်သည်တွေထင်ပါရဲ့ဗျာ”

ဘွားမယ်စိန်တို့လှည်းလေး သူကြီးအိမ်ရှေ့သို့

ရောက်သည်နှင့်ယောကျ်ားကြီးတစ်ယောက်က

ဝမ်းသာအားရထွက်လာပြီးပြောလေသည်။

ဘွားမယ်စိန်လည်းနွားလှည်းအထက်မှဆင်းလိုက်ပြီး…

“ဟုတ်ပါတယ်…ဘွားတို့ကသောင်ထွန်းရွာကပါကွယ်”

“ဟုတ်ကဲ့…ကျုပ်ကဒီအုတ်တွင်းရွာသူကြီး ဦးမောင်ခိုင်ပါ…

ဒီကဘွားက…ဘွားမယ်စိန်ထင်ပါရဲ့”

“ဟုတ်ပါတယ်ကွယ်…”

“လူကိုအခုမှပဲမြင်ဖူးတယ်ဗျာ…ကြွပါ…

ကျုပ်ကမိုးလင်းကတည်းက

ဘွားတို့လာမယ်ဆိုလို့မျှော်နေတာဗျ…”

သူကြီးဦးမောင်ခိုင်က

သူ၏အိမ်အတွင်းဧည့်ခန်းသို့ခေါ်သွားသည်။

သူကြီးဦးမောင်ခိုင်၏ဇနီးနှင့်သမီးများကလည်း မုန့်များဖွယ်ဖွယ်ရာရာပြင်ဆင်ဧည့်ခန်းကြပြန်သည်။

ဘွားမယ်စိန်တို့လည်းမနက်အစောထွက်ခဲ့ကြသည်မို့

ပြင်ဆင်ကျွေးမွေးသောမုန့်များကိုအရင်ဦးဆုံး

စားကြလေသည်။

စားသောက်ပြီးလေမှ…

“ဘွားဒီကိုလာတယ်ဆိုတာ မောင်ရင်တို့ရွာမှာသရဲအခြောက်ကြမ်းနေတယ်ဆိုတာကြောင့်ပါကွယ်”

“ဟုတ်ကဲ့…ကျုပ်ပင့်သာပင့်ခိုင်းရတယ်ဗျာ…

မလိုက်လာမှာတော့ဆိုးမိပါတယ်”

“အဲ့သည်လိုမရှိပါဘူးကွယ်…ဘွားဘက်ကမအားလပ်တဲ့

ရက်နဲ့ကြုံရင်တောင်အဆင်ပြေမယ့်ရက်ကိုပြောင်းပြီး

မရ ရအောင်လာခဲ့မှာပါ…”

“ဘွားရဲ့စေတနာကို ကျုပ်လေးစားမိပါတယ်ဗျာ…”

ထိုနေ့တစ်နေကုန်သူကြီးဦးမောင်ခိုင်၏နေအိမ်၌သာ

ဘွားမယ်စိန်တို့နေခဲ့ကြသည်။

ညရောက်လေမှ သရဲအခြောက်ကြမ်းသော ရွာအပြင်

လမ်းမဆီကိုသွားကြမည်ဖြစ်သည်။

ညသို့ရောက်လေတော့

ဘွားမယ်စိန်…မောင်တိုးတို့သုံးယောက်နဲ့အတူ

အုတ်တွင်းရွာသူကြီးက ရွာသားသုံးယောက်ကို

အဖော်ထည့်ပေးရှာသည်။

ထိုသုံးယောက်ထဲကနှစ်ယောက်မှာ သောင်ထွန်းရွာကို

လာဖူးသော နှစ်ယောက်ပါရှိ၏။

“ဘွား…ဂရုတော့စိုက်ပါဗျာ”

“စိတ်ချပါ မောင်ရင်…ဘွားတို့သေချာစီစဉ်မှာပါ”

ဟုပြော၍ သူကြီးတို့မိသားစုကိုနှုတ်ဆက်၍

ဘွားမယ်စိန်တို့ရွာပြင်ကိုထွက်လာခဲ့ကြသည်။

ရွာသားနှစ်ဦးကရှေ့ဆီမှမီးတုတ်များကိုင်၍

သွားကြလေတော့အလင်းကြောင့်သွားရတာ

အဆင်ပြေခဲ့ကြသည်။

ရွာအပြင်ဆီသို့ရောက်တော့ မီးတုတ်ကိုင်ထားသော

ရွာသားနှစ်ဦးသည် ခြေလှမ်းကိုရပ်လိုက်ပြီး…

“ဘွား…ရှေ့မှာမြင်နေရတဲ့အပင်ပဲဗျ”

ဟုပြောလေတော့ဘွားမယ်စိန်သည်ပတ်ဝန်းကျင်ကို

သေချာကြည့်၏။

ညနက်၍မှောင်သည်ကတစ်ကြောင်း…

ရွာလေးရွာကူးသန်းသော လမ်းမနှင့်

ဘေးဘက်၌ ခြုံနွယ်များရှုပ်ထွေးနေသော

နေရာများကိုကြည့်၍ဘွားမယ်စိန်

သက်ပြင်းချလိုက်လေသည်။

ပြီးနောက်…

“မောင်ရင်တို့အားလုံးဒီကနေပဲစောင့်ကြပါ”

ဟုပြောလေတော့ အုတ်တွင်းရွာသားတွေက…

“ဖြစ်…ဖြစ်ပါ့မလားဘွားရယ်…

ဒီသရဲမကအတော်အခြောက်ကြမ်းတာဗျ…

ကျုပ်တို့မြင်ဖူးတာတော့…

အပင်ပေါ်ကနေ ပြေးဆင်းလာလိုက်…

အပင်ပေါ်ကိုဆောက်ထိုးကြီးတက်ပြလိုက်နဲ့…

အတော်လေး ကြောက်ဖို့ကောင်းတာ…”

“ဖြစ်ပါတယ်ကွယ်…ဒီနားမှာပဲနေခဲ့ကြပါ”

ဘွားမယ်စိန်ကပြောလေတော့

အုတ်တွင်းရွာသားတွေကစိုးရိမ်နေကြသည်။

ထိုအခါမောင်တိုးက…

“ဒီကအစ်ကိုတို့က ဘွားကိုစိတ်ပူနေကြတာထင်တယ်…

အဲ့သည်အတွက်စိတ်မပူပါနဲ့ဗျာ…ကျုပ်တို့ရဲ့ဘွားက

ဒီထက်ကြမ်းတဲ့သရဲတွေကိုတောင် အနိုင်ယူခဲ့တာပါဗျ”

ဟုပြောမှ ခေါင်းညိတ်လက်ခံကြတော့၏။

ဘွားမယ်စိန်လည်း ရွာသားတွေနဲ့မောင်တိုးတို့ကိုထားခဲ့ပြီး

သူ၏တောင်ဝှေးကြီးကိုထောက်၍

လမ်းလေးခွ၌ သရဲအခြောက်ကြမ်းသည်ဆိုသော

သစ်ပင်ဆီကိုလျှောက်လာခဲ့သည်။

သစ်ပင်ဆီသို့မရောက်ခင် ဘွားမယ်စိန်နားအတွင်း၌

ရှိုက်ငင်တကြီးငိုကြွေးနေသော ငိုသံတစ်ခုကို

ကြားလိုက်ရသည်။

ငိုသံရှည်ကြီးသည် သစ်ပင်အနီးမှထွက်ပေါ်လာခြင်းဖြစ်၏။

ထိုငိုသံကိုကြားပါသော်လည်း ဘွားမယ်စိန်သည်

ရပ်တန့်ခြင်းမရှိဘဲအပင်ဆီသို့ဆက်လျှောက်လာခဲ့၏။

သစ်ပင်၏အောက်သို့ရောက်တော့ အမှောင်ရိပ်ကျနေ၍

ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရပါသော်လည်း

ဘွားမယ်စိန်၏မျက်ဝန်းအတွင်း၌ အဖြူရောင်သဏ္ဌာန်တစ်ခုကို သေချာစွာမြင်နေရသည်။

“ဘယ်သူလဲ”

ဘွားမယ်စိန်၏နှုတ်မှထွက်လာသောအမေးစကားသည်

တိတ်ဆိတ်မှုကိုဖြိုခွင်းသွားခဲ့သည်။

ငိုသံသည်လည်းပျောက်ကွယ်သွားသလို…

အဖြူရောင်ပုံပန်းသဏ္ဌာန်သည် တဖြေးဖြေးပီပြင်လာခဲ့၏။

ထိုပုံပန်းသဏ္ဌာန်မှာ ဆံပင်ရှည်ကြီးနဲ့အမျိုးသမီးတစ်ယောက်

ဖြစ်ပြီး ထိုအမျိုးသမီး၏မျက်နှာသည်

ပုံပျက်ပန်းပျက်ဖြစ်နေယုံမကသေး

အမျိုးသမီး၏ရင်ဘက်၌ သွေးများကရွဲရွဲစိုကာ

စိမ့်ထွက်နေခဲ့သည်။

ဘွားမယ်စိန်သည် အမျိုးသမီးကိုစေ့စေ့ကြည့်ရင်း…

“နင်ဘယ်သူလဲ”

ဟု…ထပ်မံမေးလေတော့…

“ကျွန်မ မမြလေးပါ…”

“မမြလေး…အေး…နင်ဘာကြောင့်လူတွေကို

ခြောက်လန့်နေရတာလဲ…”

“ကျွန်မဒီနေ့ကိုစောင့်နေတာပါ”

“ဘယ်လို…ဒီနေ့ကိုစောင့်နေတာဟုတ်လား”

“ဟုတ်ပါတယ်…ကျွန်မဒီနေ့ကိုစောင့်နေတာပါ”

“ညည်းက…လူတွေကိုခြောက်လန့်ပြီးတော့…

ဒီနေ့ကိုစောင့်နေခဲ့တယ်ဆိုတာက ဘာအကြောင်းရှိလို့လဲအေ့…

ပြောစမ်းပါဦး…”

“ကျုပ်…ဘွားမယ်စိန်ကိုအကူအညီတောင်းချင်လို့ပါ”

“အလိုလေး…ငါ့ကို”

မမြလေးဆိုသောသရဲမ၏စကားကြောင့်

ဘွားမယ်စိန်အံ့သြ သွားသည်။

“ကျုပ်ပြောပြမယ့်အကြောင်းလေးကိုအရင်နားထောင်ပေးပါ…

ဒါဆိုရင် ဘွားရှင်းရှင်းလင်းလင်းသိလာမှာပါ”

“အေးလေ…ဒါဆိုရင်ပြောပါ…”

ဘွားမယ်စိန်ကခွင့်ပြုလိုက်၍

သရဲမသည် ဆွေးဆွေးမြေ့မြေ့ပုံစံလေးဖြင့်…

“ကျုပ်အသက်ရှိစဉ်ကပေါ့………….”

 

“မြလေး…ဟေ့…မြလေး…”

အိမ်၌ မိဘများမရှိသည့်အချိန် မမြလေးတစ်ယောက်ထဲ

ခြံထဲ၌စိုက်ပျိုးထားသော ချဉ်ပေါင်ရွက်များကိုခူးယူနေခဲ့သည်။

ထိုအချိန် ဝိုင်းအပြင်မှခေါ်သံကြောင့်

မမြလေးကြည့်လိုက်တော့

တစ်ရွာထဲနေသော မျိုးဦးဖြစ်နေပေသည်။

“ကိုမျိုးဦး…ဘာလဲတော့်”

ဟုပြောရင်း မမြလေးဝိုင်းအပြင်ကိုထွက်ကာမေးလေတော့…

“စံမောင်ကညကျရင်

ရွာပြင်ကိုလာခဲ့ပါလို့ပြောခိုင်းလိုက်လို့ပါ ဟ”

“ဟင်…ကိုစံမောင်က ကုန်ဝယ်သွားတာလေ…

ပြန်မရောက်လောက်သေးပါဘူးတော်…”

မမြလေး…မျိုးဦးကိုမယုံသလိုပြောလေတော့…

“ဟာ…နင်ကလည်းငါကသူပြောခိုင်းလို့ပြောတာပါ…

အခုဟာကလည်း တစ်ဖက်ရွာကဇာတ်ပွဲကို

အတူတူသွားကြည့်ဖို့ခေါ်တာတဲ့ဟ”

“ဟင်…သူက ကျုပ်ကို မိဘတွေဆီမှာလည်း

လာတောင်းထားတာပဲလေ…

နောက်လဆိုရင်ကျုပ်တို့ကလက်ထပ်ရတော့မှာပဲဟာကို…

ဒီလိုခိုးကြောင်ခိုးဝှက်တွေ့ဖို့လိုလို့လားတော့်”

“နင်အတော်လျာရှည်တာပဲ မြလေးရာ…

နေတော့ နင်မလာနိုင်ဘူးဆိုတာငါစံမောင်ကို

သွားပြောလိုက်ဦးမယ်”

မျိုးဦးကစိတ်မရှည်သလိုပြောလေတော့

မြလေးတစ်ယောက်…

“သြော်…ခဏနေပါဦး ကိုမျိုးဦးရယ်…

အင်းလေ…သူကအရင်တုန်းကလိုမျိုးမိဘတွေ

အလစ်မှာသွားကြ…လာကြတာကိုသတိရလို့

ထင်ပါတယ်တော်…

ကျုပ်ညကျလာခဲ့ပါ့မယ်လို့ပြောပေးပါနော်…”

“အေး…ဒါဆိုလည်းပြီးတာပဲ…ငါသွားပြီနော်…”

မျိုးဦးတစ်ယောက် ပြန်သွားတော့သည်။

မမြလေးကလည်း ညကျရင်မိဘတွေအလစ်၌

စံမောင်နှင့်တွေ့ဖို့ရန်ပြင်ဆင်နေတော့သည်။

 

“အဲ့သည်ညက ရွာအပြင်ကို

ကျုပ်တစ်ယောက်ထဲထွက်လာမိတာ…

အဲ့လိုနဲ့…အီး………………”

သရဲမသည် ပြောနေရင်းမှဝမ်းနည်းလာပုံရပြီး

ရှိုက်ငင်တကြီးငိုကြွေးပြန်သည်။

ဘွားမယ်စိန်ကလည်းစိတ်မကောင်းဖြစ်နေရှာပြီး

အသာငြိမ်နေခဲ့၏။

“အဲ့..အဲ့လိုနဲ့…ကျုပ်သွားတော့ ကိုစံမောင်ကမရှိဘူးတော့်…

အီး……….ဟို…ဟိုမသာတွေကျုပ်ကိုညာတယ်…

ရွာပြင်မှာကျုပ်ကိုဆွဲကြရမ်းကြပြီး…

ကျုပ်ကို…ကျုပ်ကိုစော်ကားကြတယ်…

အီး…….ဟီး…..…ပြီးတော့ ပြီးတော့ ကျုပ်ကို

စံမောင်နဲ့ယူချင်တဲ့မိန်းမယုတ်လို့ပြောပြီး

ဓားနဲ့အဆက်မပြတ်ထိုးသတ်ကြတယ်ဘွားရယ်…

အီး…….ဟီး…….ဟီး……ဟီး……..”

“အင်း…ညည်းလေးအဖြစ်ကိုကြားရတော့

ဘွားတကယ်စိတ်မကောင်းဖြစ်ရပါတယ်အေ”

“ကျုပ်ဘယ်မှလည်းသွားလို့မရဘူး…

ဒီအနားမှာပဲကျုပ်ဝိညာဉ်ကဝဲနေတာ…

ကျုပ်ကိုသတ်တဲ့အကောင်တွေကို

ကျုပ်ပြန်သတ်ချင်တယ်…

ဒါပေမယ့်ကျုပ်မစွမ်းသာခဲ့ဘူး…

ဒီနေရာကနေထွက်သွားလို့မရ…

ဘယ်သူ့ကိုမှလည်းကျုပ်အဖြစ်ကိုပြောလို့မရတဲ့အဆုံး…

ကျုပ်ထက်ဝါရင့်တဲ့သရဲတစ်ကောင်က

သောင်ထွန်းရွာကဘွားမယ်စိန်ကို ဒီအရောက်လာအောင်

လုပ်ဆိုလို့…သွားလာသမျှလူတွေကို

ခြောက်လန့်နေရတာပါတော်…”

သရဲမ၏စကားဆုံးတော့ဘွားမယ်စိန်နားလည်သွားတော့သည်။

“ညည်းအခုလိုဘဝရောက်အောင်လုပ်တဲ့ငမိုက်သားတွေက

ဘယ်သူတွေလဲ…သူတို့ကိုမှတ်မိလား”

“ကျုပ်သိတာပေါ့…ဒင်းတို့ကို ကျုပ်သိပ်သိတာပေါ့တော်…”

“ဒါဆိုရင်…သူတို့ကဘယ်သူတွေလဲ…”

“သူတို့က…သူတို့က…အယုတ်တမာကောင်တွေ..

မျိုးဦးနဲ့တင်စိုးဆိုတဲ့ အယုတ်တမာကောင်တွေ…

အီး……….ဟီး……..”

“မျိုးဦးနဲ့တင်စိုး…ဟုတ်ပြီ…

ကလေးမ ညည်းစိတ်သာချလိုက်တော့…

ဒင်းတို့ကို အများသိအောင်ဖမ်းပြီး အပြစ်ခံယူစေရမယ်အေ…

ခံယူစေရမယ်…”

“ကျုပ်ကသတ်ချင်တာ…ကျုပ်နဲ့ကျုပ်ချစ်တဲ့သူရဲ့ဘဝကို

ပျက်စီးစေခဲ့တဲ့ဒင်းတို့ကိုသတ်ပစ်ချင်တာ…”

“စိတ်ကိုလျော့ပါအေ…ညည်းအခုရောက်နေတဲ့ဘဝက

အတော်လေးနိမ့်ကျပါတယ်…ဒီဘဝကိုရောက်နေတာတောင်

လူသတ်ဖို့ထိလုပ်လိုက်ရင်…

ညည်းဘဝကပိုပြီး ဆိုးလာဖို့ပဲရှိတော့တယ်..

ဒီအကောင်တွေကိုဘွား အပြစ်ပေးခိုင်းလိုက်ပါ့မယ်အေ…

ညည်းသာဒီဘဝကလွှတ်မြှောက်ဖို့စဉ်းစားထားပေးပါ”

ဘွားမယ်စိန်သည် ပြောလိုသည်များပြောအပြီးနေရာမှ

ကျောပေး၍ထွက်လာခဲ့တော့သည်။

နောက်ကျောဆီမှ ငိုသံကိုကြားရပါသော်လည်း

လှည့်၍ပင်မကြည့်တော့…။

မောင်တိုးတို့လူစုရှိရာဆီကိုရောက်လာခဲ့သည်။

“ကဲ…သွားကြတာပေါ့”

ဟုပြော၍ရှေ့မှထွက်သွားသောဘွားမယ်စိန်ကြောင့်

မောင်တိုးတို့မှာသိချင်တာကိုပင်အောင့်အီး၍

လိုက်လာခဲ့ကြရသည်။

သူကြီးအိမ်ဆီသို့ရောက်လေတော့ ဘွားမယ်စိန်သည်အကြောင်းစုံကိုပြောပြလိုက်လေတော့

သူကြီးတို့မှာမမြလေးကိုသနားသလို…ခံပြင်းစိတ်များကြောင့်

ညတွင်းချင်းပင် မျိုးဦးနဲ့တင်စိုးတို့ကိုဝိုင်းဖမ်းကြတော့၏။

တစ်ရွာလုံးလည်းမမြလေးသတင်းကိုသိသွားလေတော့

တရားခံနှစ်ကောင်ကို ဝိုင်းရိုက်ကြလေရာ

သူကြီးတို့ပင်ထိန်းလို့မရဖြစ်ပြီး…

ခြေလွန်လက်လွန်ဖြစ်ကုန်ကာ

မျိုးဦးနဲ့တင်စိုးတို့လည်း ရွာသူ၊ရွာသားတို့လက်ချက်ဖြင့်

နေရာ၌ ပွဲချင်းပြီးကုန်ကြတော့သည်။

မမြလေး၏ဆန္ဒလည်းပြည့်ဝသွားသည်မို့

ဘွားမယ်စိန်တို့လည်း

နောက်နေ့မနက်၌ရွာကိုပြန်သွားကြသည်။

ဘွားမယ်စိန်မသိလိုက်သည်က

မမြလေး၏ချစ်သူ စံမောင်တစ်ယောက်ပိုင်ဆိုင်သမျှကို

မမြလေးနာမည်ဖြင့်လှူဒါန်းလိုက်ပြီး

သာသနဘောင်သို့အပြီးတိုင်ဝင်ရောက်သွားလေခြင်းပင်။

မမြလေး၏ခြောက်လန့်ခံရမှုလည်းမရှိတော့သလို…

အုတ်တွင်းရွာ၏ရင်နာစရာအဖြစ်အပျက်လေးသည်လည်း

ပြီးဆုံးသွားခဲ့ပါသည်။

ပြီးပါပြီ။

ယဉ်မင်း (ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္နဲ႔ ကံၾကမၼာဆိုးျဖင့္ေသခဲ့ရသူ(စ/ဆုံး)
———————————————————–
“ကိုစံေမာင္…ဗ်ိဳ႕…ကိုစံေမာင္…”
“ေဟ..ဟိတ္ေကာင္ငါ ဒီမွာေလ…”
သခ်ႋဳင္းထဲသို႔အေျပးေရာက္လာၿပီး
ေအာ္ဟစ္ေနေသာငပုကို စံေမာင္ ေျပာလိုက္သည္။
“ကိုစံေမာင္…”

“ေအး…ဘာတုန္း ေျပာေလ…”
“သ..သတင္းထူးလို႔ဗ်”
“ဘာသတင္းမ်ားထူးတာတုန္းငပုရ…”
“႐ြာထဲမွာ…႐ြာထဲမွာအလႉလွည့္ေတာ့မယ္ဗ်”
“ေအာင္မေလးဘာမ်ားလဲလို႔ကြာ…

အလႉလွည့္တာမ်ားဆန္းသလားလို႔”
“မ…မဟုတ္ဘူးေလဗ်ာ…”
“ဟ..ငပု…ဒီေကာင္ စကားေတြေတာင္ထစ္လို႔ပါလား…
ေနစမ္းပါဦး…အဲ့သည္အလႉကဘာေတြမ်ားျဖစ္လို႔တုန္း”

ငပုဆိုသည့္အတိုင္း ေလးေပသာသာအရပ္ေလးရွိရွာသည္။
အေလာတႀကီးေျပာလိုတိုင္းစကားထစ္ေသာ
ငပုအေၾကာင္းကို စံေမာင္သိ၏။

ထို႔ေၾကာင့္ေမးေလေတာ့…
“မ…မ…ျမေလး လည္း အလႉမွာ
ကြမ္းေတာင္ကိုင္ပါတယ္ေလဗ်ာ”
မျမေလးဆိုေသာနာမည္ၾကားေတာ့

စံေမာင္ ဝမ္းသာသြားသည္။
မျမေလးဆိုတာ စံေမာင္၏ရည္းစားျဖစ္သည္။
သို႔ေသာ္ ႐ြာ၌ စံေမာင္နဲ႔မျမေလးတို႔က ရည္းစားဆိုတာ

ငပုတစ္ေယာက္သာသိထား၏။
႐ုပ္ရည္ေခ်ာေသာ္လည္း သခ်ႋဳင္း၌မသာက်င္းတူးမွ
ထမင္းစားရေသာ စံေမာင္လိုလူကိုမည္သူကမွ
သားမက္မေတာ္ခ်င္ၾကဘူးဆိုတာစံေမာင္သိသည္။

သို႔ေသာ္လည္း မျမေလးကိုေတာ့စံေမာင္အလြန္ခ်စ္၏။
စံေမာင္ခ်စ္တာကိုသိေသာ မျမေလးကလည္း
စံေမာင္၏အခ်စ္ကိုလက္ခံရွာသည္။
“ကိုစံေမာင္…က်ဳပ္ေျပာတာၾကားရဲ႕လားဗ်”

“ေဟ…ေအး…ေအး…ၾကားပါတယ္ကြ”
မျမေလးနဲ႔သူ၏အေၾကာင္းအားျပန္ေတြးရင္း
ငပုေျပာသည္ကိုပင္ သတိမထားမိလိုက္။

ငပုက ေအာ္ေခၚေလမွ စံေမာင္သတိျပန္ဝင္လာခဲ့ေတာ့သည္။
“ဒါဆိုရင္…လာေလ…ငါတို႔သြားၾကည့္ရေအာင္”
“ျဖစ္ပါ့မလားဗ်…”

ငပုစကားေၾကာင့္ စံေမာင္စဥ္းစားလိုက္သည္။
႐ြာထဲကလူမ်ားကသူ႐ြာထဲဝင္လွ်င္မႀကိဳက္ခ်င္ၾက။
သူတို႔ကသာအသုဘရွိမွသခ်ႋဳင္းသို႔လာခ်င္လာၾကမည္။
စံေမာင္ ႐ြာထဲသို႔ဝင္လွ်င္မႀကိဳက္ၾက။

မသာက်င္းတူးတဲ့ သုဘရာဇာသား
႐ြာထဲဝင္လွ်င္ ႐ြာ၌လူေသတတ္သည္ဟူေသာ
စကားမ်ားႏွင့္သူ႔အား ရစရာမရွိေျပာဆိုတတ္ၾက၏။
မျမေလးႏွင့္ေတြ႕ဖို႔ရန္လည္း သူ႔ခမ်ာ လူအိပ္ခ်ိန္မွ

႐ြာထဲခိုးဝင္ကာေတြ႕ရေပသည္။

ယခုလည္း အလႉလွည့္ရာ၌ မျမေလးပါမည္ဆို၍

စံေမာင္ၾကည့္ခ်င္မိသည္။

ျဖစ္ခ်င္ရာျဖစ္ပါေစကြာ ဆိုသည့္သေဘာျဖင့္…

“ျဖစ္ပါတယ္ကြာ…လာသြားၾကမယ္…”

ဟု….ေျပာ၍ တူးလက္စ မသာက်င္းကိုထားခဲ့ၿပီး

႐ြာထဲသို႔ဝင္လာၾကသည္။

ငပုကလည္းမိဘမဲ့တစ္ေကာင္ႂကြက္ပင္။

သူကလည္း စံေမာင္နဲ႔မျခားနား…႐ြာ၏အပယ္ခံျဖစ္၏။

ယခုသူတို႔ႏွစ္ေယာက္႐ြာထဲကို

ပုန္းလွ်ိဳးကြယ္လွ်ိဳးဝင္လာခဲ့ၾကၿပီးေနာက္

႐ြာလမ္းမတစ္ေနရာရွိ မန္က်ည္းပင္ႀကီးအေနာက္၌

ပင္စည္ႏွင့္ကြယ္ကာထိုင္ေနခဲ့ၾကသည္။

အလႉလွည့္ကလည္းမလာေသးသည္မို႔

ဟိုသည္ၾကည့္ကာထိုင္ေနရင္း…

“ဟိတ္ေကာင္ေတြ…မင္းတို႔အဲ့သည္မွာ

ဘာခိုးဖို႔ေခ်ာင္းေနၾကတာလဲ”

ဟုေသာ…အသံၾကား၍

စံေမာင္ၾကည့္လိုက္ေတာ့ တင္စိုး နဲ႔ မ်ိဳးဦးတို႔ျဖစ္ေနသည္။

တင္စိုးနဲ႔မ်ိဳးဦးက ႐ြာ၌ လူခ်မ္းသာမိဘမ်ားက

ေမြးဖြားလာၾကသည္မို႔စကားေျပာက

အလြန္ေမာက္မာၾကသည္။

ယခုလည္း စံေမာင္တို႔အား ရန္စသလိုေျပာလိုက္ေလေတာ့

ေဒါသထြက္လြယ္ေသာ ငပုကိုစံေမာင္ လက္ဆြဲထားရသည္။

“ဘာမွမဟုတ္ပါဘူးကြာ…တို႔ႏွစ္ေယာက္

႐ြာကအလႉလွည့္တာ ၾကည့္မလို႔

ဒီအနားကေနေစာင့္ေနၾကတာပါ”

“ဟား…ဟား……ဟား…..မင္းလိုသုဘရာဇာသားက

အလႉလွည့္တာကိုၾကည့္မလို႔ ဟုတ္လား…

အမယ္ေလးကြာ…နားရွိလို႔သာၾကားရတယ္…

ယုံကိုမယုံဘူးေဟ့”

“ဟုတ္ပါ့တင္စိုးရာ…ငါ့အထင္ေတာ့

ဒီေကာင္ေတြတစ္ခုခုခိုးဖို႔ေခ်ာင္းတဲ့ပုံရတယ္ကြ”

မ်ိဳးဦး၏စကားေၾကာင့္ စံေမာင္ ေဒါသက

ထိန္းမရေတာ့ေပ။

“ဟ…ငါတို႔အလႉလွည့္ၾကည့္မလို႔ လို႔

မင္းတို႔ကိုေျပာၿပီးၿပီေလ…

ဘာလဲ သုဘရာဇာသား မ်က္ႏွာမြဲက

အလႉလွည့္ၾကည့္မရဘူးလို႔ မင္းတို႔ပေထြးကေျပာထားလို႔လား”

“ဘာကြ…မိုက္႐ိုင္းလွခ်ည့္လား”

“ေအး…ငါမိုက္႐ိုင္းခ်င္မိုက္႐ိုင္းမယ္…

မင္းတို႔လို လူတစ္ဖက္သားကို

ႏွိမ္ခ်င္…ေျပာခ်င္တဲ့ ေအာက္တန္းစားစိတ္ေတာ့

ငါ့မွာမရွိတာအေသခ်ာပဲ”

“ေအာင္မာ…သုဘရာဇာသားကမ်ား…”

“သုဘရာဇာသားျဖစ္ေတာ့…ဘာျဖစ္လဲကြာ…”

“ဒါျဖစ္တယ္ကြာ…”

“ခြပ္…”

“ေအး…မင္းကငါ့ကိုထိုးတယ္…

ေရာ့ငါကလည္းျပန္ထိုးတယ္ကြာ…”

“ခြပ္…”

စံေမာင္နဲ႔မ်ိဳးဦးကသူတျပန္ငါတျပန္ထိုးၾကသည္။

ငပုနဲ႔တင္စိုးကလည္း နဘမ္းလုံးေနၾက၏။

သူတို႔ေလးဦး၏ရန္ပြဲသည္႐ြာလမ္းမ၌ ဖုန္းမ်ားပင္တေထာင္းေထာင္း ထေနခဲ့သည္။

“ဟ…ရန္ျဖစ္ေနၾကတာေဟ့…ဆြဲၾကပါဦးကြ”

“ဟဲ့…ဆြဲၾကပါဦး…”

အလႉလွည့္လာေသာ ႐ြာသားမ်ားက ရန္ျဖစ္ေနၾကေသာ

စံေမာင္တို႔ကိုဝိုင္းဆြဲၾကသည္။

ရန္ပြဲကိုလည္းၾကည့္သူကပိုမ်ားလာ၏။

ေနာက္ဆုံးစံေမာင္တို႔လည္း

သူႀကီးအိမ္ကိုေရာက္သြားၾကေတာ့သည္။

 

“ကိုစံေမာင္…ေတာ္ဒီလိုပဲေနေတာ္မွာလား”

“ကိုကဒီလိုမေနေတာ့ ဘယ္လိုေနရမွာလဲ ျမေလးရဲ႕”

စံေမာင္ ညဘက္၌ မျမေလး၏အိမ္ေနာက္ေဖး၌

တိတ္တဆိတ္လာခ်ိန္းေတြ႕ေနျခင္းပင္။

“ေၾသာ္…ေတာ့္ကို ဒီ မသာက်င္းတူးတဲ့အလုပ္ႀကီးပဲ

လုပ္ေနေတာ့မွာလားလို႔ …က်ဳပ္နဲ႔အတူေနဖို႔ဆိုရင္

ဒီထက္ေကာင္းတဲ့အလုပ္အကိုင္ရွိမွအဆင္ေျပမယ္ဆိုတာ

ေတာ္လည္းသိသိႀကီးနဲ႔ေတာ္…”

“ကိုသိပါတယ္ျမေလးရယ္…

အခု အေဖကလည္း သိတဲ့အတိုင္း

အရက္ေသာက္တာကလြဲၿပီးဘာမွမလုပ္ေတာ့ဘူးေလ…

ဒါေၾကာင့္ကိုယ္ကပဲမသာက်င္းတူးေနရတာေပါ့”

“ဒီလိုႀကီးဆက္သြားေနရင္အိမ္ကမိဘေတြသေဘာတူဖို႔

မျဖစ္ႏိုင္ဘူးဆိုတာလည္းေတာ္ သိရဲ႕သားနဲ႔”

“အင္းေလ…ကိုလည္း ငပုနဲ႔အတူတူ

ကုန္ေရာင္းကုန္ဝယ္စလုပ္ၾကည့္မလို႔

စဥ္းစားထားပါတယ္ျမေလးရယ္…

ေနာက္ၿပီးတစ္ဖက္႐ြာက ကိုယ့္ရဲ႕အသိကလည္း

ဒီအလုပ္နဲ႔ပတ္သတ္ရင္သူကူညီမယ္လို႔ေတာ့ေျပာပါတယ္”

“ဒါဆိုရင္ေကာင္းတာေပါ့…ကိုစံေမာင္ရယ္…”

စံေမာင္လည္း မျမေလးကိုႏွစ္သိမ့္ေပးရင္း

သူ၏ဘဝကိုႀကိဳးစားခ်င္ေန၏။

ထိုသို႔ျဖင့္ ငပုနဲ႔အတူကုန္ေရာင္းကုန္ဝယ္

စတင္လုပ္ကိုင္ခဲ့ၾကသည္။

ပထမ၌အဆင္မေျပၾကေသာ္လည္း

မိတ္ေဆြ၏ကူညီေပးမႈေၾကာင့္

တေျဖးေျဖးအလုပ္၏သေဘာကို

နားလည္လာခဲ့ၾကသည္။

ေငြေၾကးမ်ားလည္းအတန္သင့္အဆင္ေျပလာၾကေတာ့

႐ြာထဲ၌ ေခၚခ်င္ေျပာခ်င္သူကမ်ားလာ၏။

မျမေလးမိဘမ်ားကလည္း စံေမာင့္အေပၚသေဘာထားမ်ား

ေျပာင္းလဲ၍လာခဲ့ၾကသည္။

“ဒီေကာင္ေလးကလူေတာ္ေလးပါလို႔

ငါမေျပာဘူးလားမိန္းမရဲ႕”

“ဟုတ္ပါ့ေတာ္…”

မိဘမ်ား၏ေျပာင္းလဲလာမႈေၾကာင့္ မျမေလးမွာ

အလြန္ေပ်ာ္႐ႊင္ေနရွာသည္။

စံေမာင့္ကိုလည္း…

“ကိုစံေမာင္…”

“ေျပာေလျမေလး”

“အိမ္ကအေဖနဲ႔အေမကေလ…ေတာ့္ကို

လူေတာ္ေလးဆိုၿပီး ခ်ီးက်ဴးေနၾကတယ္ေတာ့္”

“ထင္ေတာ့ထင္သားပဲ…မေန႔က ႐ြာလယ္ပိုင္းမွာဆုံေတာ့

ျမေလးအေဖကိုယ့္ကိုၾကည့္တဲ့အၾကည့္ေတြ

အရင္နဲ႔မတူပါဘူးလို႔”

“က်ဳပ္အရမ္းေပ်ာ္တာပဲသိလား”

“ဘာလို႔လဲျမေလးရဲ႕”

“ဘာလို႔ကမွာလဲေတာ္…

ေတာ့္အေပၚမိဘေတြအျမင္ေျပာင္းလဲလာယုံမကဘူး…

အခုဆိုရင္ ေတာ္ကလည္း

ကုန္သည္ေလးစံေမာင္ျဖစ္လာၿပီေလ…

ဒီေတာ့က်ဳပ္တို႔ေပါင္းဖက္ဖို႔အေရးကဘာပူစရာရွိလို႔လဲ

ကိုစံေမာင္ရယ္…”

“ဒါေတြက ျမေလးေၾကာင့္

ကိုယ္ႀကိဳးစားခဲ့တာပါျမေလးရယ္”

စံေမာင္နဲ႔ျမေလးတို႔ တစ္ဦးနဲ႔အတူေမတၱာမ်ား

ပို၍တိုးပြားလာခဲ့ၾကသည္။

ထိုအျဖစ္ကိုၾကည့္၍ မနာလိုေနၾကသူမ်ားကရွိေနျပန္သည္။

ထိုသူတို႔ကအျခားသူမဟုတ္…စံေမာင္ကိုယခင္ကတည္းက

အျမင္မၾကည္ၾကေသာ မ်ိဳးဦးနဲ႔တင္စိုးတို႔ပင္ျဖစ္သည္။

“ေတာက္…သုဘရာဇာသားက ေငြေလးနည္းနည္းရွာႏိုင္ေတာ့

႐ြာထဲမွာအိမ္ဝယ္ၿပီး ႀကီးႀကီးက်ယ္က်ယ္ေတြလုပ္ျပ

ေနလိုက္တာကြာ…”

“ဟုတ္ပါ့ကြာ…ဒီေကာင္ ခ်မ္းသာလာတာက

႐ိုးေကာ႐ိုးရဲ႕လားမသိဘူး…

မဟုတ္မွလႊဲေရာ…တျခား႐ြာေတြမွာဓားျပေတြ

ေသာင္းက်န္းေနတယ္လို႔သတင္းထြက္ေနတာဆိုေတာ့

ငါကေတာ့ ဒီေကာင္ႏွစ္ေကာင္ကို မသကၤါဘူးကြာ”

“ေအး…ငါ့အေတြးကလည္း မင္းလိုပဲ…

တို႔ေတြဒီေကာင့္ကိုပိုေစာင့္ၾကည့္ၾကရမွာေပါ့ကြာ…”

စံေမာင့္အေပၚ မလိုမုန္းတီးစိတ္မ်ားေၾကာင့္

အၿငိဳးထားေနၾကသည္။

“ဟဲ့…သတင္းၾကားၿပီးၾကၿပီလား…”

“ဘာသတင္းလဲအရီးရဲ႕”

“ဘာသတင္းကမွာတုန္း…စံေမာင္က

ျမေလးကိုေတာင္းရမ္းလိုက္ၿပီဆိုတာေလေအ”

“ဟယ္…ဘယ္တုန္းကလဲ…”

“ဒီမနက္ပဲတဲ့…လူႀကီးေတြနဲ႔လာေတာင္းတယ္ဆိုပဲဟဲ့”

“ဒါဆို မျမေလးမိဘမ်ားကေကာ သေဘာတူၾကရဲ႕လား”

“အမယ္ေလးေကာင္မရယ္…ျမေလး အေဖဆိုၿပဳံးေနတာ

သြားႀကီးကိုၿဖီးလို႔တဲ့ေဟ့…သူတို႔သေဘာတူမွာေပါ့ေအ…

စံေမာင္ကအရင္စံေမာင္မွမဟုတ္ေတာ့တာ…

အခုဆိုရင္ ေငြရွိ…ေ႐ႊရွိတဲ့သူေဌးေလးျဖစ္ေနၿပီေလေအ”

“ဒါေပါ့ေတာ္…႐ုပ္ကေလးကလည္းရွိ….

ေဟာ…အခုလိုေငြေလးကလည္းရွိလာေတာ့

ျမေလးမိဘေတြကေတာ့ သေဘာအေတြ႕ပဲေပါ့ေတာ္…”

စံေမာင္နဲ႔ျမေလးတို႔၏သတင္းက႐ြာထဲ၌လႊင့္ပ်ံ႕ေနခဲ့သည္။

ဝမ္းသာေပးၾကသူမ်ားရွိသကဲ့သို႔…

ဝမ္းမသာႏိုင္ၾကသူမ်ားကလည္းရွိေနခဲ့ေလသည္။

 

ရာသီဥတုက အေတာ္ပူအိုက္လွသည္။

ၿခံထဲသရက္ပင္ေအာက္၌ ခဏထိုင္ၿပီးေနာက္

ကြပ္ပ်စ္ရွိရာသို႔ ဘြားမယ္စိန္ေလွ်ာက္လာခဲ့သည္။

ထိုအခ်ိန္…

“အေမ…ဒီမွာ မွ်စ္သုပ္ေလး…”

“ေအး…ေအး…ေရေႏြးၾကမ္းေလးနဲ႔ေသာက္ရတာေပါ့ေအ”

ဘြားမယ္စိန္ကြပ္ပ်စ္ေပၚထိုင္လိုက္သည္ႏွင့္

ေဒၚဝင္းကမွ်စ္သုပ္ပန္းကန္အား ခ်ေပး၏။

အၾကမ္းေရအိုးကိုယူ၍ ေရေႏြးခြက္ထဲသို႔ငွဲ႔ေပးလိုက္ၿပီး

ဘြားမယ္စိန္အေရွ႕သို႔ခ်ေပးလိုက္ျပန္သည္။

ဘြားမယ္စိန္က မွ်စ္သုပ္ပန္းကန္ကိုယူ၍

ျမည္းေနေတာ့၏။

မွ်စ္သုပ္ေလးစား…အၾကမ္းရည္ေလးေသာက္ျဖင့္ေနရင္း…

“ညည္းသမီးေကာဘယ္သြားလဲ မိဝင္း”

“အေမ့ေျမးက ထုံးစံအတိုင္းေပါ့အေမရယ္…

အေဖာ္ေတြဆီကိုသြားလည္ေနေလရဲ႕…”

“ေအး…ေျမးမေလးလည္း တေျဖးေျဖးနဲ႔

အ႐ြယ္ေလးရလာၿပီပဲမိဝင္းရဲ႕”

“ဟုတ္ပါ့အေမရယ္…သမီးေလးက ေရာက္စ ကနဲ႔

အခုဆိုရင္ အေတာ္ေလး ကြာျခားသြားပါၿပီ…

က်ဳပ္ျဖင့္ ဒီကေလးေလးကို ေစာင့္ေရွာက္ေပးရတာေလ…

သူ႔ပုံစံေလးကိုၾကည့္ၿပီး

အေတာ္ဝမ္းသာေနရပါတယ္အေမရယ္”

ေဒၚဝင္း၏ မ်က္ႏွာအထက္၌

ပီတိစိတ္မ်ားကေပၚလြင္ေနခဲ့သည္။

ဘြားမယ္စိန္ကသမီးျဖစ္သူကိုၾကည့္၍

ေခါင္းကိုတဆတ္ဆတ္ ညိတ္လိုက္ၿပီး…

“အင္းေလ…ဒါအေမတို႔နဲ႔ဒီကေလးရဲ႕ေရစက္ေပါ့သမီးရယ္…

ေကာင္းေသာေရစက္ေလးမို႔… အေမလည္း…

သမီးအတြက္ ဝမ္းသာပါတယ္ေအ”

ေဒၚဝင္းကဘြားမယ္စိန္ကိုၾကည့္၍ၿပဳံးသည္။

“အေမ…အေမ…ေဟာ…

ဘာေတြလုပ္ေနၾကတာလဲအေမတို႔သားအမိက…”

ဟူေသာေအာ္သံႏွင့္ဝိုင္းထဲဝင္လာသည္က

ဘြားမယ္စိန္၏သားအလတ္ေကာင္ပင္ျဖစ္သည္။

ပုဆိုးကိုခပ္တိုတိုဝတ္ထားေသာ အလတ္ေကာင္သည္

ဘြားမယ္စိန္ႏွင့္မတူဘဲဖခင္ျဖစ္သူႏွင့္တူ၍

အရပ္မွာ ပုကြကြႏိုင္လွ၏။

ဝါးခေမာက္ႀကီးကိုခြၽတ္၍ ကြပ္ပ်စ္၌ဝင္ထိုင္ေလေတာ့…

“အလတ္ေကာင္…အိမ္ကို မလာစဖူး အလာထူးေနပါလား…

ေျပာစမ္းပါဦး…နင္ဘာမ်ားအေရးႀကီးစရာရွိေနလို႔လဲ”

“ဟာ…မမတို႔ကေတာ့လုပ္ၿပီ…က်ဳပ္ကအေမ့အိမ္ကို

လာစရာရွိမွလာတဲ့လူလားဗ်”

“အမယ္ေလး…နင့္အေၾကာင္းငါမသိဘူးထင္သလား”

“ဟာဗ်ာ…”

“ကဲပါမိဝင္းရယ္…ေမာင္ျဖစ္သူ႔ကိုစေနာက္မေနပါနဲ႔ေအ…

ဟိုအလတ္ေကာင္ ေျပာ…အေမ့ကိုဘာကိစၥရွိလို႔လဲ”

“အေမကမွက်ဳပ္အေၾကာင္းကိုသိတာ…

ဒီလိုအေမရဲ႕…က်ဳပ္ ႏြားဝယ္ခ်င္တာအဲ့တာ

ေငြလိုေနလို႔ အေမ့ဆီနည္းနည္းေလာက္လာေတာင္းတာပါ”

“အမယ္…အမယ္…အေမ့သားေျပာပုံကိုၾကည့္ပါဦး…

ေခ်းတာမဟုတ္ဘဲ…လာေတာင္းတာတဲ့အေမရယ္”

“ဟာဗ်ာ…မမကလည္း က်ဳပ္ကအေမ့ရဲ႕သားပါဗ်…

ဒီေလာက္ေလးေတာင္ေျပာလို႔မရဘူးလား…

ေနာက္ၿပီး က်ဳပ္ႏွမ္းေရာင္းၿပီးတာနဲ႔အဲ့သည္ေငြကို

ျပန္ေပးမွာပါ”

“ျပန္ေပးမွာဆိုရင္လည္းၿပီးတာပဲ…”

ဘြားမယ္စိန္ကေတာ့သားသမီးႏွစ္ေယာက္ကိုၾကည့္၍

ၿပဳံးေနေလသည္။

“အလတ္ေကာင္…နင္လိုတဲ့ေငြကိုနင့္အစ္မဆီကယူသြားလိုက္…

ျပန္ေပးမယ္ဆိုတဲ့အခ်ိန္နဲ႔ ကတိကိုေတာ့တည္ပါေစေနာ္…”

“စိတ္ခ်ပါအေမရာ…ေၾသာ္ဒါနဲ႔…အေမ…

က်ဳပ္သတင္းတစ္ခုၾကားထားေသးတယ္”

“ဟဲ့ဘာသတင္းမ်ားတုန္း”

“မမကလည္း က်ဳပ္ေျပာမွာေပါ့ဗ်ာ…

ဒီလိုအေမရဲ႕…တစ္ေန႔က က်ဳပ္ႏြားလိုက္ရွာတာ…

တစ္ဖက္႐ြာက ႏြားသမား ကိုဗလဆိုတဲ့သူနဲ႔ဆုံခဲ့တယ္…

အဲ့လူကက်ဳပ္အေမက ဘြားမယ္စိန္ဆိုတာလည္းသိေရာဗ်ာ…

က်ဳပ္ကိုအတင္းသူၾကားထားတဲ့အေၾကာင္းတစ္ခုကိုေျပာျပေတာ့တာပဲ”

အလတ္ေကာင္ကေျပာေနတုန္းေဒၚဝင္းမွ…

“အလတ္ေကာင္ရယ္…

နင္ေျပာစရာရွိတာကိုေျပာပါေတာ့လား…

ဘာေတြကိုေဝ့ေနတာတုန္းဟဲ့”

“ေျပာမွာေပါ့မမရာ…အဲ့သည္ ကိုဗလဆိုတဲ့လူက

အုတ္တြင္း႐ြာမွာအခု

သရဲအရမ္းေျခာက္ေနတယ္ေျပာတယ္ဗ်…

ေျခာက္တာကလည္းလမ္းေလးခြႀကီးတဲ့အေမရာ…

ညေရးညတာမ်ားအေရးႀကီးကိစၥရွိရင္

သြားလာလို႔ကို မရဘူးဆိုပဲ…

သရဲက သည္းႀကီးမည္းႀကီးကိုေျခာက္တာတဲ့ဗ်”

“ဟယ္…ဒါဆိုရင္ အဲ့သည္႐ြာကလူေတြ

အေတာ္ေၾကာက္ေနၾကမွာပဲေနာ္…”

“ဒါေပါ့ဗ်…အဲ့တာနဲ႔ကိုဗလကေျပာတယ္…

သူအဲ့သည္႐ြာဘက္ကိုေရာက္ရင္

အဲ့သည္႐ြာကလူေတြကို

အေမ့အေၾကာင္းေျပာျပလိုက္မယ္တဲ့…

ဒါမွသူတို႔လည္း လာၿပီးပင့္ၾကလိမ့္မယ္လို႔ေျပာေသးတယ္ဗ်”

ဘြားမယ္စိန္က သူ၏သားအလတ္ေကာင္ေျပာသည္မ်ားကို

နားေထာင္ေနခဲ့သည္။

စကားေျပာၿပီးခဏမွ်ၾကာေလေတာ့

အလတ္ေကာင္လည္းအိမ္ျပန္သြားေတာ့၏။

“အေမ…ဘာေတြစဥ္းစားေနတာတုန္း”

ေဒၚဝင္းက ဘြားမယ္စိန္ကိုေမးေလေတာ့…

“ဒီလိုပါပဲေအ…ညည္းေမာင္ေျပာသြားတာေတြ

နားေထာင္ၿပီးအေတြးမ်ားေနတာပါ…”

“ဒါဆိုရင္ က်ဳပ္႐ြာလယ္ပိုင္းခဏသြားလိုက္ဦးမယ္”

“ေအး…သြားေလေအ”

“အေမ ဘာမွာခ်င္ေသးလဲ”

“မွာစရာဆိုလို႔…ေၾသာ္…ေအး…မိၫႊန႔္ဆီကဖီးၾကမ္းငွက္ေပ်ာသီး တစ္ဖီးေလာက္ယူခဲ့လိုက္ဦး…

ဧည့္သည္လာလို႔ရွိရင္ ခ်ေကြၽးလို႔ရတာေပါ့”

“ဟုတ္…ဟုတ္အေမ…ဒါဆိုက်ဳပ္ယူခဲ့လိုက္မယ္”

ဟု…ေျပာ၍ ေဒၚဝင္းသည္

ဝါးခေမာက္ႀကီးကိုေဆာင္းကာ

ၿခံဝိုင္းထဲမွထြက္သြားေတာ့သည္။

ဘြားမယ္စိန္ေတာ့ ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို

ဖြာကာရႈိက္လို႔ ကြပ္ပ်စ္ေပၚ၌ က်န္ရစ္ခဲ့ေလသည္။

*******************************************************

ေနာက္တစ္ေန႔၌…

“ဗ်ိဳ႕အိမ္ရွင္တို႔…အိမ္ရွင္တို႔ရွိၾကလားဗ်”

ဟူေသာေအာ္ေခၚသံေၾကာင့္ ေဒၚဝင္းတစ္ေယာက္

မီးဖိုထဲတြင္ ထမင္းအိုးေမႊေနရင္းမွ ထ၍ထြက္လာရေသာအခါ

လက္အတြင္း၌သစ္သားေယာင္းမႀကီးလည္းပါလာခဲ့ေပသည္။

“ဘယ္သူေတြလဲ”

ဝိုင္းအျပင္၌ရပ္ေနၾကေသည လူစိမ္းႏွစ္ေယာက္ကိုေတြ႕၍

ေဒၚဝင္းေမးလိုက္ေလေတာ့…

“ဒါကဘြားမယ္စိန္ရဲ႕အိမ္လားဗ်”

“ဟုတ္ပါတယ္”

“ဒါဆိုရင္…အစ္မက ဘြားမယ္စိန္ေပါ့ေလ”

“မဟုတ္ပါဘူးဟယ္…ဘြားမယ္စိန္ဆိုတာ ငါ့အေမပါ…

ဒါနဲ႔…ေနစမ္းပါဦး…နင္တို႔ကဘယ္သူေတြလဲ…”

“ေၾသာ္…က်ဳပ္တို႔က အုတ္တြင္း႐ြာကပါဗ်…

အုတ္တြင္း႐ြာကသူႀကီးကဘြားမယ္စိန္ဆီကိုလႊတ္လိုက္လို႔

က်ဳပ္တို႔ႏွစ္ေယာက္ေမးျမန္းၿပီး ဒီကိုေရာက္လာၾကတာပါ”

“ေအး…ဒါဆိုရင္ဝင္ခဲ့ၾကေလ…”

ေဒၚဝင္းၿခံတံခါးကိုဖြင့္ေပးလိုက္သည္။

“ကြပ္ပ်စ္မွာထိုင္ၾကပါဦး”

ကြပ္ပ်စ္ခင္း၌ အုတ္တြင္း႐ြာသားႏွစ္ေယာက္ကို

ထိုင္ခိုင္းလိုက္သည္။

ထိုအခ်ိန္ ထင္းစည္းကိုထမ္း၍

ၿခံဝိုင္းထဲသို႔ေမာင္တိုးတစ္ေယာက္

ဝင္လာခဲ့သည္။

ဖိနပ္ကမပါ…ပုဆိုးကိုစလြယ္သိုင္း၍

ထင္းစည္းႀကီးကိုေမာင္တိုး ထမ္းလာခဲ့သည္။

သူထမ္းလာေသာ ထင္းစည္းကို ၿခံထဲ၌ ပစ္ခ်လိုက္ၿပီးေနာက္

မ်က္ႏွာႏွင့္လည္ပင္း၌ ႐ြဲစိုေနေသာ

ေခြၽးမ်ားကိုပုဆိုးစျဖင့္သုတ္ဖယ္ရင္း…

“အရီး…ဧည့္သည္ေတြေရာက္ေနတာလား”

ဟု…ေမးေလေတာ့…

“အုတ္တြင္း႐ြာသားေတြတဲ့ေလ…

နင့္အဘြားဆီကိုလာၾကတာ”

“ေၾသာ္…က်ဳပ္ကထင္းလာပို႔တာအရီးရဲ႕…

ဒါနဲ႔ဘြားကဘယ္ကိုသြားတာလဲ

အိမ္မွာလည္းမျမင္ပါလားဗ်”

“ေအးဟယ္…႐ြာအေနာက္ပိုင္းကိုခဏဆိုၿပီးသြားတာပဲ…

အခုအရီးလိုက္ေခၚလိုက္ဦးမယ္…။

နင္လည္းမျပန္ပါနဲ႔ဦး…ဧည့္သည္ေတြနဲ႔ခဏေနခဲ့ေပးဦး”

“ဟုတ္ကဲ့အရီး…”

“အယ္…ေမ့ေနလိုက္တာ

မီးဖိုထဲကထမင္းအိုးေလးလည္းခဏခ်ေပးထားပါဦး

ေမာင္တိုးရယ္…ေရာ့…ဒီမွာေယာင္းမ…”

“ဟုတ္ကဲ့…က်ဳပ္ၾကည့္လိုက္ပါ့မယ္အရီးရဲ႕”

ေဒၚဝင္းထြက္သြားေလေတာ့ ေမာင္တိုးသည္

ကြပ္ပ်စ္ေပၚမွေရေႏြးၾကမ္းအိုးကိုယူ၍

မီးဖိုထဲသို႔ဝင္သြားေတာ့သည္။

ထမင္းအိုးကိုၾကည့္ရင္း ေရေႏြးထပ္ျဖည့္၍

ဧည့္သည္တို႔ဆီေရေႏြးၾကမ္းအိုးေလးခ်ေပးေလသည္။

မီးဖိုထဲရွိ ထန္းလ်က္ႏွင့္ငွက္ေပ်ာဖီးကိုလည္း

ပန္းကန္ေလးနဲ႔သပ္သပ္ရပ္ရပ္ထည့္ေပးၿပီး

ဧည့္ခံေပးရွာ၏။

“ဒီက အစ္ကိုတို႔အၾကမ္းရည္ေလးေသာက္ရင္း

ခဏေစာင့္ၾကပါဦး…က်ဳပ္ထမင္းအိုးေလး

သြားငွဲ႔လိုက္ပါဦးမယ္ဗ်ာ”

“ရတယ္…ငါ့ညီ…ေအးေအးေဆးေဆးလုပ္ပါ…”

“ဟုတ္ကဲ့”

ေမာင္တိုးလည္းမီးဖိုထဲျပန္ဝင္ကာပြက္ပြက္ဆူေနေသာ ထမင္းအိုးကိုငွဲ႔ေလသည္။

ၿပီးေနာက္မီးအပူျပန္ေပးၿပီး

ထမင္းအိုးကိုေနရာခ်လိုက္ေတာ့၏။

ထမင္းအိုးကိစၥၿပီးေလမွ ဘြားမယ္စိန္နဲ႔ေဒၚဝင္းတို႔လည္း

အိမ္သို႔ေရာက္လာခဲ့ၾကသည္။

“အေမ…အဲ့တာ အုတ္တြင္းက ဧည့္သည္ေတြပဲ”

“ေအး…ေအး…ကဲေမာင္ရင္တို႔ ဘြားမယ္စိန္ဆိုတာ

က်ဳပ္ပဲ…ေျပာပါဦး လာရင္းကိစၥကို”

ဘြားမယ္စိန္သည္ကြပ္ပ်စ္ခင္းအေပၚသို႔ဝင္ထိုင္လိုက္ၿပီး

အုတ္တြင္းသားႏွစ္ေယာက္ကိုေမးလိုက္သည္။

ေမာင္တိုးလည္းမီးဖိုထဲမွထြက္လာၿပီး…

“အရီးက်ဳပ္ထမင္းအိုးလည္းငွဲ႔ၿပီးၿပီ…

ဧည့္သည္ေတြလည္း ဧည့္ခံထားေပးတယ္ေနာ္”

“ေအးပါဟယ္…လာ…လာ ဒီမွာထိုင္ပါဦး”

ေမာင္တိုးနဲ႔ေဒၚဝင္းက ထန္းလက္ခုံတစ္ခုံဆီမွာ

ဝင္ထိုင္ေနၾကသည္။

အုတ္တြင္းသားေတြကလည္း ဘြားမယ္စိန္ကို…

“က်ဳပ္တို႔႐ြာမွာ သရဲအေတာ္ၾကမ္းေနလို႔ပါဗ်ာ…

အဲ့သည္ကိစၥနဲ႔ပဲ က်ဳပ္တို႔ကို ႐ြာသူႀကီးက ဘြားဆီကို

အကူအညီေတာင္းဖို႔ဆိုၿပီးလႊတ္လိုက္တာပါ”

“တစ္ေန႔ကပဲ…အုတ္တြင္း႐ြာအေၾကာင္းကို

ဘြားၾကားမိပါေသးတယ္…

ဒါနဲ႔ ေမာင္ရင္တို႔႐ြာမွာၾကမ္းေနတဲ့သရဲက

အထီးလား…အမလားကြဲ႕”

“အမဗ်…အမ…ေတာ္ေတာ္ၾကမ္းတမ္းတဲ့သရဲမ ပါဗ်ာ”

“အဲ့သည္သရဲမက ေမာင္ရင္တို႔႐ြာဆီကို

ဘယ္လိုေရာက္လာတာလဲ”

“သရဲမက အျခားက မဟုတ္ဘူးဗ်…

က်ဳပ္တို႔႐ြာကပါပဲ”

“ေဟ…ဒါဆိုရင္ဒီသရဲမက ဘာေၾကာင့္

ဒီေလာက္လူေတြကို ဒုကၡေပးေနရတာလဲ”

“အေၾကာင္းက ဒီလိုရွိတယ္ဗ်…

လြန္ခဲ့တဲ့သုံးလေလာက္ကပဲ…

က်ဳပ္တို႔႐ြာက ႐ြာသူတစ္ေယာက္ ႐ြာျပင္မွာ

အေစာ္ကားခံရၿပီး ဓားဒဏ္ရာေတြနဲ႔ဆုံးသြားရွာတာ…။

သူ႔ခ်စ္သူဆိုရင္အခုထိအ႐ူးတပိုင္းပါပဲဗ်ာ…”

“ေဟ…ဒါဆိုရင္တရားခံကေကာ မိၾကၿပီလား”

“မမိပါဘူးဗ်ာ…ဘယ္သူဘယ္ဝါမွန္းကို

လူေတြမသိလိုက္တာပါ”

“အလိုေလး…တယ္ၿပီးရက္စက္လိုက္တဲ့အျဖစ္ပါလား”

“ဟုတ္ပါတယ္ဗ်ာ…က်ဳပ္တို႔ဆိုအခုခ်ိန္ထိ

ရင္နာလို႔မဆုံးပါဘူး…

တရားခံေတြကိုသာမိရင္ အေသသတ္ပစ္ဖို႔ထိ

ဆုံးျဖတ္ထားၾကတာပါ”

“အင္း…ကေလးမေလးအျဖစ္ကလည္း

ေတာ္ေတာ္ေလးဆိုးဝါးတာပဲ”

“အခုလည္းက်ဳပ္တို႔႐ြာမွာ အေျခာက္ၾကမ္းေနတဲ့သရဲဆိုတာ

အျခားသူမဟုတ္ပါဘူး…အဲ့သည္႐ြာသူပါပဲ…။

သူဆုံးခဲ့တဲ့ လမ္းေလးဂြက အပင္မွာေနၿပီး…

ညဘက္ဆိုရင္အဲ့သည္လမ္းကေန

သြားလာတဲ့လူမွန္သမွ်ကိုေျခာက္လန႔္လႊတ္ေနေတာ့တာပါ…”

အုတ္တြင္း႐ြာသား၏စကားအဆုံးမွာ

ဘြားမယ္စိန္ေခါင္းတစ္ခ်က္ညိတ္လိုက္သည္။

“ဒါဆိုရင္ေမာင္ရင္တို႔႐ြာသူႀကီးက…

ဘြားကိုဒီသရဲကိစၥရွင္းေပးဖို႔ေခၚခိုင္းလိုက္တာေပါ့”

“အမွန္ပါပဲဗ်ာ…”

“ေအးေလ…အုတ္တြင္း႐ြာဆိုတာကလည္းမေဝးပါဘူး…

ဘြားတို႔ေတြ မနက္ျဖန္လာခဲ့ပါ့မယ္လို႔

ေမာင္ရင္တို႔သူႀကီးကိုေျပာထားလိုက္ပါ…”

“ေက်းဇူးတင္ပါတယ္ဗ်ာ…

က်ဳပ္တို႔သူႀကီးလည္း ဘြားလာမယ္ဆိုတာသိရင္

ဝမ္းသာေနမွာပါ”

ထိုသို႔ျဖင့္ အုတ္တြင္း႐ြာသားတို႔ျပန္သြားၾကေတာ့သည္။

ထန္းလက္ခုံ၌ထိုင္ေနေသာေမာင္တိုးကို…

“ေမာင္တိုးေရ…ေမာင္ရင္ၾကားတယ္ေနာ္…”

“ဟုတ္…က်ဳပ္ၾကားပါတယ္ဘြားရဲ႕…”

“မနက္ျဖန္မနက္အေစာေလာက္

ဘြားတို႔အုတ္တြင္း႐ြာကိုသြားၾကရမယ္…

ေမာင္အုန္းကိုလည္းႀကိဳေျပာထားလိုက္ပါဦး”

“က်ဳပ္…ဒီကျပန္တာနဲ႔ဝင္ေျပာမွာပါ”

“ေအး…ေအး…ေအး……”

“ေရာ့…ေမာင္တိုး…နင္တို႔သားအမိစားဖို႔

ငါးေျခာက္ခ်က္…”

“ဟာ…အရီးကေတာ့လုပ္ၿပီ…”

“ဘာလဲမယူခ်င္ဘူးလားဟဲ့…”

“ဟီး…မယူစရာလားဗ်…

က်ဳပ္ကအရီးခ်က္တာဆိုႀကိဳက္ၿပီးသားပဲဟာ”

“ေအးပါဟယ္…နင္ကစားေကာင္းေသာက္ေကာင္းေအာင္

ေျပာတတ္ေတာ့လည္း…ငါခ်က္သမွ်စားေနရတာေပါ့”

ေဒၚဝင္းကေမာင္တိုးကို

ငါးေျခာက္ခ်က္ပန္းကန္ေလးေပးလိုက္သည္။

တူဝရီးႏွစ္ေယာက္စေနာက္ေနၾကတာကိုျမင္ေတာ့

ဘြားမယ္စိန္ကၿပဳံးေနေလသည္။

ထိုသို႔ျဖင့္ထင္းလာပို႔ေသာေမာင္တိုးတစ္ေယာက္လည္း

ငါးေျခာက္ပန္းကန္ေလးကိုင္၍ အိမ္သို႔ျပန္သြားေတာ့သည္။

 

ေနာက္တစ္ေန႔နံနက္အေစာ၌

ဘြားမယ္စိန္နဲ႔ေမာင္တိုး၊ေမာင္အုန္းတို႔သုံးေယာက္

လွည္းတစ္စီးျဖင့္ အုတ္တြင္း႐ြာသို႔သြားၾကသည္။

အုတ္တြင္း႐ြာေရာက္ေတာ့

သူႀကီးအိမ္ကိုထပ္မံကာေမးျမန္းၾကရျပန္သည္။

“လာၾကပါခင္ဗ်…လာၾကပါ…

ေသာင္ထြန္း႐ြာကဧည့္သည္ေတြထင္ပါရဲ႕ဗ်ာ”

ဘြားမယ္စိန္တို႔လွည္းေလး သူႀကီးအိမ္ေရွ႕သို႔

ေရာက္သည္ႏွင့္ေယာက်္ားႀကီးတစ္ေယာက္က

ဝမ္းသာအားရထြက္လာၿပီးေျပာေလသည္။

ဘြားမယ္စိန္လည္းႏြားလွည္းအထက္မွဆင္းလိုက္ၿပီး…

“ဟုတ္ပါတယ္…ဘြားတို႔ကေသာင္ထြန္း႐ြာကပါကြယ္”

“ဟုတ္ကဲ့…က်ဳပ္ကဒီအုတ္တြင္း႐ြာသူႀကီး ဦးေမာင္ခိုင္ပါ…

ဒီကဘြားက…ဘြားမယ္စိန္ထင္ပါရဲ႕”

“ဟုတ္ပါတယ္ကြယ္…”

“လူကိုအခုမွပဲျမင္ဖူးတယ္ဗ်ာ…ႂကြပါ…

က်ဳပ္ကမိုးလင္းကတည္းက

ဘြားတို႔လာမယ္ဆိုလို႔ေမွ်ာ္ေနတာဗ်…”

သူႀကီးဦးေမာင္ခိုင္က

သူ၏အိမ္အတြင္းဧည့္ခန္းသို႔ေခၚသြားသည္။

သူႀကီးဦးေမာင္ခိုင္၏ဇနီးႏွင့္သမီးမ်ားကလည္း မုန႔္မ်ားဖြယ္ဖြယ္ရာရာျပင္ဆင္ဧည့္ခန္းၾကျပန္သည္။

ဘြားမယ္စိန္တို႔လည္းမနက္အေစာထြက္ခဲ့ၾကသည္မို႔

ျပင္ဆင္ေကြၽးေမြးေသာမုန႔္မ်ားကိုအရင္ဦးဆုံး

စားၾကေလသည္။

စားေသာက္ၿပီးေလမွ…

“ဘြားဒီကိုလာတယ္ဆိုတာ ေမာင္ရင္တို႔႐ြာမွာသရဲအေျခာက္ၾကမ္းေနတယ္ဆိုတာေၾကာင့္ပါကြယ္”

“ဟုတ္ကဲ့…က်ဳပ္ပင့္သာပင့္ခိုင္းရတယ္ဗ်ာ…

မလိုက္လာမွာေတာ့ဆိုးမိပါတယ္”

“အဲ့သည္လိုမရွိပါဘူးကြယ္…ဘြားဘက္ကမအားလပ္တဲ့

ရက္နဲ႔ႀကဳံရင္ေတာင္အဆင္ေျပမယ့္ရက္ကိုေျပာင္းၿပီး

မရ ရေအာင္လာခဲ့မွာပါ…”

“ဘြားရဲ႕ေစတနာကို က်ဳပ္ေလးစားမိပါတယ္ဗ်ာ…”

ထိုေန႔တစ္ေနကုန္သူႀကီးဦးေမာင္ခိုင္၏ေနအိမ္၌သာ

ဘြားမယ္စိန္တို႔ေနခဲ့ၾကသည္။

ညေရာက္ေလမွ သရဲအေျခာက္ၾကမ္းေသာ ႐ြာအျပင္

လမ္းမဆီကိုသြားၾကမည္ျဖစ္သည္။

ညသို႔ေရာက္ေလေတာ့

ဘြားမယ္စိန္…ေမာင္တိုးတို႔သုံးေယာက္နဲ႔အတူ

အုတ္တြင္း႐ြာသူႀကီးက ႐ြာသားသုံးေယာက္ကို

အေဖာ္ထည့္ေပးရွာသည္။

ထိုသုံးေယာက္ထဲကႏွစ္ေယာက္မွာ ေသာင္ထြန္း႐ြာကို

လာဖူးေသာ ႏွစ္ေယာက္ပါရွိ၏။

“ဘြား…ဂ႐ုေတာ့စိုက္ပါဗ်ာ”

“စိတ္ခ်ပါ ေမာင္ရင္…ဘြားတို႔ေသခ်ာစီစဥ္မွာပါ”

ဟုေျပာ၍ သူႀကီးတို႔မိသားစုကိုႏႈတ္ဆက္၍

ဘြားမယ္စိန္တို႔႐ြာျပင္ကိုထြက္လာခဲ့ၾကသည္။

႐ြာသားႏွစ္ဦးကေရွ႕ဆီမွမီးတုတ္မ်ားကိုင္၍

သြားၾကေလေတာ့အလင္းေၾကာင့္သြားရတာ

အဆင္ေျပခဲ့ၾကသည္။

႐ြာအျပင္ဆီသို႔ေရာက္ေတာ့ မီးတုတ္ကိုင္ထားေသာ

႐ြာသားႏွစ္ဦးသည္ ေျခလွမ္းကိုရပ္လိုက္ၿပီး…

“ဘြား…ေရွ႕မွာျမင္ေနရတဲ့အပင္ပဲဗ်”

ဟုေျပာေလေတာ့ဘြားမယ္စိန္သည္ပတ္ဝန္းက်င္ကို

ေသခ်ာၾကည့္၏။

ညနက္၍ေမွာင္သည္ကတစ္ေၾကာင္း…

႐ြာေလး႐ြာကူးသန္းေသာ လမ္းမႏွင့္

ေဘးဘက္၌ ၿခဳံႏြယ္မ်ားရႈပ္ေထြးေနေသာ

ေနရာမ်ားကိုၾကည့္၍ဘြားမယ္စိန္

သက္ျပင္းခ်လိုက္ေလသည္။

ၿပီးေနာက္…

“ေမာင္ရင္တို႔အားလုံးဒီကေနပဲေစာင့္ၾကပါ”

ဟုေျပာေလေတာ့ အုတ္တြင္း႐ြာသားေတြက…

“ျဖစ္…ျဖစ္ပါ့မလားဘြားရယ္…

ဒီသရဲမကအေတာ္အေျခာက္ၾကမ္းတာဗ်…

က်ဳပ္တို႔ျမင္ဖူးတာေတာ့…

အပင္ေပၚကေန ေျပးဆင္းလာလိုက္…

အပင္ေပၚကိုေဆာက္ထိုးႀကီးတက္ျပလိုက္နဲ႔…

အေတာ္ေလး ေၾကာက္ဖို႔ေကာင္းတာ…”

“ျဖစ္ပါတယ္ကြယ္…ဒီနားမွာပဲေနခဲ့ၾကပါ”

ဘြားမယ္စိန္ကေျပာေလေတာ့

အုတ္တြင္း႐ြာသားေတြကစိုးရိမ္ေနၾကသည္။

ထိုအခါေမာင္တိုးက…

“ဒီကအစ္ကိုတို႔က ဘြားကိုစိတ္ပူေနၾကတာထင္တယ္…

အဲ့သည္အတြက္စိတ္မပူပါနဲ႔ဗ်ာ…က်ဳပ္တို႔ရဲ႕ဘြားက

ဒီထက္ၾကမ္းတဲ့သရဲေတြကိုေတာင္ အႏိုင္ယူခဲ့တာပါဗ်”

ဟုေျပာမွ ေခါင္းညိတ္လက္ခံၾကေတာ့၏။

ဘြားမယ္စိန္လည္း ႐ြာသားေတြနဲ႔ေမာင္တိုးတို႔ကိုထားခဲ့ၿပီး

သူ၏ေတာင္ေဝွးႀကီးကိုေထာက္၍

လမ္းေလးခြ၌ သရဲအေျခာက္ၾကမ္းသည္ဆိုေသာ

သစ္ပင္ဆီကိုေလွ်ာက္လာခဲ့သည္။

သစ္ပင္ဆီသို႔မေရာက္ခင္ ဘြားမယ္စိန္နားအတြင္း၌

ရႈိက္ငင္တႀကီးငိုေႂကြးေနေသာ ငိုသံတစ္ခုကို

ၾကားလိုက္ရသည္။

ငိုသံရွည္ႀကီးသည္ သစ္ပင္အနီးမွထြက္ေပၚလာျခင္းျဖစ္၏။

ထိုငိုသံကိုၾကားပါေသာ္လည္း ဘြားမယ္စိန္သည္

ရပ္တန႔္ျခင္းမရွိဘဲအပင္ဆီသို႔ဆက္ေလွ်ာက္လာခဲ့၏။

သစ္ပင္၏ေအာက္သို႔ေရာက္ေတာ့ အေမွာင္ရိပ္က်ေန၍

ပတ္ဝန္းက်င္ကိုသဲသဲကြဲကြဲမျမင္ရပါေသာ္လည္း

ဘြားမယ္စိန္၏မ်က္ဝန္းအတြင္း၌ အျဖဴေရာင္သဏၭာန္တစ္ခုကို ေသခ်ာစြာျမင္ေနရသည္။

“ဘယ္သူလဲ”

ဘြားမယ္စိန္၏ႏႈတ္မွထြက္လာေသာအေမးစကားသည္

တိတ္ဆိတ္မႈကိုၿဖိဳခြင္းသြားခဲ့သည္။

ငိုသံသည္လည္းေပ်ာက္ကြယ္သြားသလို…

အျဖဴေရာင္ပုံပန္းသဏၭာန္သည္ တေျဖးေျဖးပီျပင္လာခဲ့၏။

ထိုပုံပန္းသဏၭာန္မွာ ဆံပင္ရွည္ႀကီးနဲ႔အမ်ိဳးသမီးတစ္ေယာက္

ျဖစ္ၿပီး ထိုအမ်ိဳးသမီး၏မ်က္ႏွာသည္

ပုံပ်က္ပန္းပ်က္ျဖစ္ေနယုံမကေသး

အမ်ိဳးသမီး၏ရင္ဘက္၌ ေသြးမ်ားက႐ြဲ႐ြဲစိုကာ

စိမ့္ထြက္ေနခဲ့သည္။

ဘြားမယ္စိန္သည္ အမ်ိဳးသမီးကိုေစ့ေစ့ၾကည့္ရင္း…

“နင္ဘယ္သူလဲ”

ဟု…ထပ္မံေမးေလေတာ့…

“ကြၽန္မ မျမေလးပါ…”

“မျမေလး…ေအး…နင္ဘာေၾကာင့္လူေတြကို

ေျခာက္လန႔္ေနရတာလဲ…”

“ကြၽန္မဒီေန႔ကိုေစာင့္ေနတာပါ”

“ဘယ္လို…ဒီေန႔ကိုေစာင့္ေနတာဟုတ္လား”

“ဟုတ္ပါတယ္…ကြၽန္မဒီေန႔ကိုေစာင့္ေနတာပါ”

“ညည္းက…လူေတြကိုေျခာက္လန႔္ၿပီးေတာ့…

ဒီေန႔ကိုေစာင့္ေနခဲ့တယ္ဆိုတာက ဘာအေၾကာင္းရွိလို႔လဲေအ့…

ေျပာစမ္းပါဦး…”

“က်ဳပ္…ဘြားမယ္စိန္ကိုအကူအညီေတာင္းခ်င္လို႔ပါ”

“အလိုေလး…ငါ့ကို”

မျမေလးဆိုေသာသရဲမ၏စကားေၾကာင့္

ဘြားမယ္စိန္အံ့ၾသ သြားသည္။

“က်ဳပ္ေျပာျပမယ့္အေၾကာင္းေလးကိုအရင္နားေထာင္ေပးပါ…

ဒါဆိုရင္ ဘြားရွင္းရွင္းလင္းလင္းသိလာမွာပါ”

“ေအးေလ…ဒါဆိုရင္ေျပာပါ…”

ဘြားမယ္စိန္ကခြင့္ျပဳလိုက္၍

သရဲမသည္ ေဆြးေဆြးေျမ့ေျမ့ပုံစံေလးျဖင့္…

“က်ဳပ္အသက္ရွိစဥ္ကေပါ့………….”

 

“ျမေလး…ေဟ့…ျမေလး…”

အိမ္၌ မိဘမ်ားမရွိသည့္အခ်ိန္ မျမေလးတစ္ေယာက္ထဲ

ၿခံထဲ၌စိုက္ပ်ိဳးထားေသာ ခ်ဥ္ေပါင္႐ြက္မ်ားကိုခူးယူေနခဲ့သည္။

ထိုအခ်ိန္ ဝိုင္းအျပင္မွေခၚသံေၾကာင့္

မျမေလးၾကည့္လိုက္ေတာ့

တစ္႐ြာထဲေနေသာ မ်ိဳးဦးျဖစ္ေနေပသည္။

“ကိုမ်ိဳးဦး…ဘာလဲေတာ့္”

ဟုေျပာရင္း မျမေလးဝိုင္းအျပင္ကိုထြက္ကာေမးေလေတာ့…

“စံေမာင္ကညက်ရင္

႐ြာျပင္ကိုလာခဲ့ပါလို႔ေျပာခိုင္းလိုက္လို႔ပါ ဟ”

“ဟင္…ကိုစံေမာင္က ကုန္ဝယ္သြားတာေလ…

ျပန္မေရာက္ေလာက္ေသးပါဘူးေတာ္…”

မျမေလး…မ်ိဳးဦးကိုမယုံသလိုေျပာေလေတာ့…

“ဟာ…နင္ကလည္းငါကသူေျပာခိုင္းလို႔ေျပာတာပါ…

အခုဟာကလည္း တစ္ဖက္႐ြာကဇာတ္ပြဲကို

အတူတူသြားၾကည့္ဖို႔ေခၚတာတဲ့ဟ”

“ဟင္…သူက က်ဳပ္ကို မိဘေတြဆီမွာလည္း

လာေတာင္းထားတာပဲေလ…

ေနာက္လဆိုရင္က်ဳပ္တို႔ကလက္ထပ္ရေတာ့မွာပဲဟာကို…

ဒီလိုခိုးေၾကာင္ခိုးဝွက္ေတြ႕ဖို႔လိုလို႔လားေတာ့္”

“နင္အေတာ္လ်ာရွည္တာပဲ ျမေလးရာ…

ေနေတာ့ နင္မလာႏိုင္ဘူးဆိုတာငါစံေမာင္ကို

သြားေျပာလိုက္ဦးမယ္”

မ်ိဳးဦးကစိတ္မရွည္သလိုေျပာေလေတာ့

ျမေလးတစ္ေယာက္…

“ေၾသာ္…ခဏေနပါဦး ကိုမ်ိဳးဦးရယ္…

အင္းေလ…သူကအရင္တုန္းကလိုမ်ိဳးမိဘေတြ

အလစ္မွာသြားၾက…လာၾကတာကိုသတိရလို႔

ထင္ပါတယ္ေတာ္…

က်ဳပ္ညက်လာခဲ့ပါ့မယ္လို႔ေျပာေပးပါေနာ္…”

“ေအး…ဒါဆိုလည္းၿပီးတာပဲ…ငါသြားၿပီေနာ္…”

မ်ိဳးဦးတစ္ေယာက္ ျပန္သြားေတာ့သည္။

မျမေလးကလည္း ညက်ရင္မိဘေတြအလစ္၌

စံေမာင္ႏွင့္ေတြ႕ဖို႔ရန္ျပင္ဆင္ေနေတာ့သည္။

 

“အဲ့သည္ညက ႐ြာအျပင္ကို

က်ဳပ္တစ္ေယာက္ထဲထြက္လာမိတာ…

အဲ့လိုနဲ႔…အီး………………”

သရဲမသည္ ေျပာေနရင္းမွဝမ္းနည္းလာပုံရၿပီး

ရႈိက္ငင္တႀကီးငိုေႂကြးျပန္သည္။

ဘြားမယ္စိန္ကလည္းစိတ္မေကာင္းျဖစ္ေနရွာၿပီး

အသာၿငိမ္ေနခဲ့၏။

“အဲ့..အဲ့လိုနဲ႔…က်ဳပ္သြားေတာ့ ကိုစံေမာင္ကမရွိဘူးေတာ့္…

အီး……….ဟို…ဟိုမသာေတြက်ဳပ္ကိုညာတယ္…

႐ြာျပင္မွာက်ဳပ္ကိုဆြဲၾကရမ္းၾကၿပီး…

က်ဳပ္ကို…က်ဳပ္ကိုေစာ္ကားၾကတယ္…

အီး…….ဟီး…..…ၿပီးေတာ့ ၿပီးေတာ့ က်ဳပ္ကို

စံေမာင္နဲ႔ယူခ်င္တဲ့မိန္းမယုတ္လို႔ေျပာၿပီး

ဓားနဲ႔အဆက္မျပတ္ထိုးသတ္ၾကတယ္ဘြားရယ္…

အီး…….ဟီး…….ဟီး……ဟီး……..”

“အင္း…ညည္းေလးအျဖစ္ကိုၾကားရေတာ့

ဘြားတကယ္စိတ္မေကာင္းျဖစ္ရပါတယ္ေအ”

“က်ဳပ္ဘယ္မွလည္းသြားလို႔မရဘူး…

ဒီအနားမွာပဲက်ဳပ္ဝိညာဥ္ကဝဲေနတာ…

က်ဳပ္ကိုသတ္တဲ့အေကာင္ေတြကို

က်ဳပ္ျပန္သတ္ခ်င္တယ္…

ဒါေပမယ့္က်ဳပ္မစြမ္းသာခဲ့ဘူး…

ဒီေနရာကေနထြက္သြားလို႔မရ…

ဘယ္သူ႔ကိုမွလည္းက်ဳပ္အျဖစ္ကိုေျပာလို႔မရတဲ့အဆုံး…

က်ဳပ္ထက္ဝါရင့္တဲ့သရဲတစ္ေကာင္က

ေသာင္ထြန္း႐ြာကဘြားမယ္စိန္ကို ဒီအေရာက္လာေအာင္

လုပ္ဆိုလို႔…သြားလာသမွ်လူေတြကို

ေျခာက္လန႔္ေနရတာပါေတာ္…”

သရဲမ၏စကားဆုံးေတာ့ဘြားမယ္စိန္နားလည္သြားေတာ့သည္။

“ညည္းအခုလိုဘဝေရာက္ေအာင္လုပ္တဲ့ငမိုက္သားေတြက

ဘယ္သူေတြလဲ…သူတို႔ကိုမွတ္မိလား”

“က်ဳပ္သိတာေပါ့…ဒင္းတို႔ကို က်ဳပ္သိပ္သိတာေပါ့ေတာ္…”

“ဒါဆိုရင္…သူတို႔ကဘယ္သူေတြလဲ…”

“သူတို႔က…သူတို႔က…အယုတ္တမာေကာင္ေတြ..

မ်ိဳးဦးနဲ႔တင္စိုးဆိုတဲ့ အယုတ္တမာေကာင္ေတြ…

အီး……….ဟီး……..”

“မ်ိဳးဦးနဲ႔တင္စိုး…ဟုတ္ၿပီ…

ကေလးမ ညည္းစိတ္သာခ်လိုက္ေတာ့…

ဒင္းတို႔ကို အမ်ားသိေအာင္ဖမ္းၿပီး အျပစ္ခံယူေစရမယ္ေအ…

ခံယူေစရမယ္…”

“က်ဳပ္ကသတ္ခ်င္တာ…က်ဳပ္နဲ႔က်ဳပ္ခ်စ္တဲ့သူရဲ႕ဘဝကို

ပ်က္စီးေစခဲ့တဲ့ဒင္းတို႔ကိုသတ္ပစ္ခ်င္တာ…”

“စိတ္ကိုေလ်ာ့ပါေအ…ညည္းအခုေရာက္ေနတဲ့ဘဝက

အေတာ္ေလးနိမ့္က်ပါတယ္…ဒီဘဝကိုေရာက္ေနတာေတာင္

လူသတ္ဖို႔ထိလုပ္လိုက္ရင္…

ညည္းဘဝကပိုၿပီး ဆိုးလာဖို႔ပဲရွိေတာ့တယ္..

ဒီအေကာင္ေတြကိုဘြား အျပစ္ေပးခိုင္းလိုက္ပါ့မယ္ေအ…

ညည္းသာဒီဘဝကလႊတ္ေျမႇာက္ဖို႔စဥ္းစားထားေပးပါ”

ဘြားမယ္စိန္သည္ ေျပာလိုသည္မ်ားေျပာအၿပီးေနရာမွ

ေက်ာေပး၍ထြက္လာခဲ့ေတာ့သည္။

ေနာက္ေက်ာဆီမွ ငိုသံကိုၾကားရပါေသာ္လည္း

လွည့္၍ပင္မၾကည့္ေတာ့…။

ေမာင္တိုးတို႔လူစုရွိရာဆီကိုေရာက္လာခဲ့သည္။

“ကဲ…သြားၾကတာေပါ့”

ဟုေျပာ၍ေရွ႕မွထြက္သြားေသာဘြားမယ္စိန္ေၾကာင့္

ေမာင္တိုးတို႔မွာသိခ်င္တာကိုပင္ေအာင့္အီး၍

လိုက္လာခဲ့ၾကရသည္။

သူႀကီးအိမ္ဆီသို႔ေရာက္ေလေတာ့ ဘြားမယ္စိန္သည္အေၾကာင္းစုံကိုေျပာျပလိုက္ေလေတာ့

သူႀကီးတို႔မွာမျမေလးကိုသနားသလို…ခံျပင္းစိတ္မ်ားေၾကာင့္

ညတြင္းခ်င္းပင္ မ်ိဳးဦးနဲ႔တင္စိုးတို႔ကိုဝိုင္းဖမ္းၾကေတာ့၏။

တစ္႐ြာလုံးလည္းမျမေလးသတင္းကိုသိသြားေလေတာ့

တရားခံႏွစ္ေကာင္ကို ဝိုင္း႐ိုက္ၾကေလရာ

သူႀကီးတို႔ပင္ထိန္းလို႔မရျဖစ္ၿပီး…

ေျခလြန္လက္လြန္ျဖစ္ကုန္ကာ

မ်ိဳးဦးနဲ႔တင္စိုးတို႔လည္း ႐ြာသူ၊႐ြာသားတို႔လက္ခ်က္ျဖင့္

ေနရာ၌ ပြဲခ်င္းၿပီးကုန္ၾကေတာ့သည္။

မျမေလး၏ဆႏၵလည္းျပည့္ဝသြားသည္မို႔

ဘြားမယ္စိန္တို႔လည္း

ေနာက္ေန႔မနက္၌႐ြာကိုျပန္သြားၾကသည္။

ဘြားမယ္စိန္မသိလိုက္သည္က

မျမေလး၏ခ်စ္သူ စံေမာင္တစ္ေယာက္ပိုင္ဆိုင္သမွ်ကို

မျမေလးနာမည္ျဖင့္လႉဒါန္းလိုက္ၿပီး

သာသနေဘာင္သို႔အၿပီးတိုင္ဝင္ေရာက္သြားေလျခင္းပင္။

မျမေလး၏ေျခာက္လန႔္ခံရမႈလည္းမရွိေတာ့သလို…

အုတ္တြင္း႐ြာ၏ရင္နာစရာအျဖစ္အပ်က္ေလးသည္လည္း

ၿပီးဆုံးသြားခဲ့ပါသည္။

ၿပီးပါၿပီ။

ယဥ္မင္း (ကန႔္ဘလူ)