Unicode Version
“ဘွားမယ်စိန်နှင့်လူသားစားသူ”(စ/ဆုံး)
————————————————-
ယနေ့ ဘွားမယ်စိန်၏အိမ်ဝိုင်းအတွင်း
ရွာမှလူများ ဝိုင်းဖွဲ့နေကြသည်။
ခြံဝိုင်းအတွင်း ဖျာကြမ်းများခင်းကျင်းထားပြီး
စားပွဲဝိုင်းအပုလေးများကိုထားရှိထား၏။
ထိုစားပွဲဝိုင်းများ၌ ထိုင်နေကြသော ရွာသူ၊ရွာသားများအား ကာလသားအဖွဲ့များက ကြာဆံဟင်းခါးများ
ပြင်ဆင်ကာချပေးနေကြလေသည်။
အမှန်မှာ ဘွားမယ်စိန်၏သမီးဒေါ်ဝင်းမှ
ကြာဆံဟင်းခါးချက်၍ အလှူပြုနေခြင်းပင်။
ဘွားမယ်စိန်မှာတော့ ကွပ်ပျစ်၌ သောင်ထွန်းရွာသူကြီးတို့ဖြင့်
စကားကျနေခဲ့လေသည်။
စားသူကလည်းမြိန်ရှက်စွာစားနေသကဲ့သို့
ဒေါ်ဝင်းတို့ နန်းကြိုင်လေးတို့သည်လည်း တပြုံးပြုံးဖြင့်ကျေနပ်နေကြရှာသည်။
စားသောက်ပြီး၍
အားလုံးပြန်သွားကြချိန်၌
သောင်ထွန်းရွာသူကြီးဦးနောင်ချို…ဦးဘစီ…မောင်တိုး…
မောင်အုန်းတို့ သာကျန်ရစ်ခဲ့ကြလေသည်။
ထိုအချိန်၌…
“ဘွားရေ… ကျုပ်ပြောမယ် ပြောမယ်နဲ့
မပြောဖြစ်ဘူးဖြစ်နေတယ်ဗျ”
ဟု…သူကြီးဦးနောင်ချိုက အစပျိုးကာပြောလိုက်လေသည်။
“ဘာများတုန်း သူကြီးရဲ့…”
“ဒီလိုဗျ…ကျုပ်ကြားမိနေတဲ့သတင်းတစ်ခု….”
သူကြီးဦးနောင်ချို၏သတင်းဆိုတာကိုအားလုံး
စိတ်ဝင်စားကုန်ကြသည်။
“သာယာကုန်းဆိုတာ ကျုပ်တို့ နဲ့တော့လှမ်းသားဗျ…
အခုပြောချင်တာ အဲ့ရွာမှာလူတွေမကြာခဏပျောက်ပျောက်သွားတယ်ဆိုပဲ…ဒီသတင်းကြောင့် ကျုပ်တို့ရွာသူကြီးတွေကို
မြို့က အစည်းအဝေးခေါ်သတိပေးသဗျာ…”
“နေပါဦးကွယ့်…လူတွေက ဘယ့်နဲ့ပျောက်သွားတာလဲ…”
“ပြောရအခက်သားဗျာ…သာယာကုန်းရွာက အတော်စည်တဲ့ရွာကြီးဗျ…။အခု လူတွေပျောက်တာကလည်း
ရုတ်ချည်းပျောက်သွားကြတာ…
ရှာတာလည်းမတွေ့ သတင်းလည်းမကြားဆိုတော့
လူပျောက်မှုပေါ့ဗျာ…”
“အင်း…လူဘယ်နယောက်လောက်ရှိပြီတုန်း…
ပျောက်နေတာက”
“အစည်းအဝေးတုန်းကတော့
လူဆယ်ယောက်ထက်မနည်းတဲ့ဗျာ…
ဒါကလည်းတစ်ပတ်အတွင်းတဲ့နော်ဘွား”
“ဟင်…”
“ဟာ…”
“အမလေး…ဘယ့်နဲ့လူပျောက်မှုကြီးတုန်း”
ဘွားမယ်စိန် နှင့်သူကြီးဦးနောင်ချိုတို့၏စကားဝိုင်း၌
ကျန်လူများက ဝင်မပြောကြပေ။
သူကြီးဦးနောင်ချိုပြောလိုက်သောစကားကြောင့်သာ
ဘွားမယ်စိန်မှလွဲ၍ကျန်လူများ အံ့သြသင့်ကုန်ကြတော့သည်။
“သာယာကုန်း…သာယာကုန်းဆိုတော့
ကျုပ်အဘရဲ့ညီရှိတယ်ဗျ …အဲ့ရွာမှာ……….”
မောင်အုန်းကဝင်ပြောလိုက်လေသည်။
“ခက်တော့ခက်သားပါလား…
လူတွေရုတ်တရက်ပျောက်တယ်ဆိုတော့…
ဒီရွာက ကျန်တဲ့လူတွေလည်း စိတ်အေးအေးနဲ့
နေကြရမယ်မထင်ပါဘူးကွယ်…
အင်း…
ဘုရားကိုးကွယ်…တရားကိုးကွယ်…
သံဃာကိုးကွယ်ပါသည်
လူတွေ ဘေးရန်ကင်းကြပါစေ….”
ဘွားမယ်စိန်က စိတ်မကောင်းစွာပြောလိုက်သောအခါ
သူကြီးတို့တတွေခေါင်းလေးတွေညိတ့်ကာ
သက်ပြင်းချနေကြတော့၏။
ခဏမျှငြိမ်သွားကြပြီး……
“ဘွား…သာယာကုန်းရွာကိုသွားချင်တယ်ဆိုရင်
မောင်ရင်တို့လိုက်ပို့ပေးနိုင်မလား”
“ဗျာ….”
“ဟင်…”
တိတ်ဆိတ်နေမှုကိုဖြိုခွင်းကာ မေးလိုက်သော
ဘွားမယ်စိန်၏အမေးကြောင့် အားလုံး အံ့သြသွားကြရသည်။
သို့သော် မဖြေကြသေးဘဲ ဘွားမယ်စိန်ကိုသာကြည့်နေခဲ့ကြ၏။
တည်ငြိမ်သောမျက်နှာထားပိုင်ရှင်ဘွားမယ်စိန်သည်…
“သာယာကုန်းရွာလို့ဘွားတွေးလိုက်မိရင်
ဘွားစိတ်ထဲမှာ မသိုးမသန့်အရာတစ်ခုခုကိုခံစားမိတယ်…
ဒီရွာကိုလည်းဘွားစိတ်က
သွားကိုသွားရမယ်ဆိုတာမျိုးကြီးက
ကြီးစိုးလာပြန်တယ်ကွယ်…
ဒီတော့ ဟောသည်က
သူကြီးတို့တတွေ ဘယ်လိုလုပ်ပေးနိုင်ကြမလဲသာ
ဘွားကိုပြောကြပေတော့”
“ကျုပ်ကတော့ ဘွားသဘောထားအတိုင်းပါပဲ….
ဘွားက ဒါလုပ်ချင်တယ်ဆို ကျုပ်တို့လုပ်ပေးဖို့အသင့်ပါပဲဗျာ…
တစ်ခုပဲဗျ…ဘွားထိခိုက်မှာကိုတော့ ကျုပ်တို့စိုးရိမ်တယ်…”
“သူကြီးပြောတာဟုတ်တယ်ဗျ…
ကျုပ်တို့ကဘွားအတွက်ပဲစိတ်ပူမိတာ…”
“ကျုပ်နဲ့မောင်တိုးကတော့
ဘွားနောက်ကအသင့်လိုက်ပါနေမှာပဲဗျာ…။
ကျုပ်တို့ကိုမမေးလေနဲ့…ဘွားသွားရင်လိုက်မှာပဲဗျို့…”
အားလုံး၏အဖြေကိုဘွားမယ်စိန်ကျေနပ်သွားပြီး
မျက်နှာထက်အပြုံးများဝေနေခဲ့သည်။
ထိုသို့ဖြင့် ဆက်လက်တိုင်ပင်၍ သာယာကုန်းရွာသို့
ခရီးစတင်ကြပေတော့မည်။
ထိုခရီး၌ မောင်အုန်း…မောင်တိုးတို့သာ လိုက်ပါကြမည်ဖြစ်သည်။
သူကြီးဦးနောင်ချိုတို့ကိုတော့ ရွာ၌သာချန်ထားရစ်ခဲ့၏။
ခရီးစဉ်သည်က မနက်ဖြန်သာဖြစ်ပေသည်။
စိတ်မြန်လှသော ဘွားမယ်စိန်သည်
တစ်ရက်၊နှစ်ရက်ပင်အချိန်မဆွဲချင်ခဲ့ပေ။
ထို့ကြောင့်
ခရီးကိုအလျင်စလိုပင်ထွက်လာခဲ့ကြရသည်။
လှည်းဖြင့်မနက်ဝေလီဝေလင်းအချိန်၌
ရွာမှထွက်လာခဲ့ကြသည်။
မောင်တိုးသည် နွားလှည်းကိုမောင်းနှင်ပြီး
ဘွားမယ်စိန်သည်
လှည်းအလယ်၌ထိုင်၍လှည်းလက်ရန်းကို
ကိုင်ထားလေသည်။
မောင်အုန်းမှာတော့လှည်းနောက်ပိုင်းတွင်ထိုင်နေခဲ့လေသည်။
အတော်လေးကြာသောအခါ
လှည်းမောင်းနှင်နေရင်းမှမောင်တိုးသည်…
“ဘွား…ဘွားကိုလေ ကျုပ်သိချင်တာမေးလို့ရမလား”
ဟု…ပြောသောအခါ ဘွားမယ်စိန်မှ…
“ဘာများတုန်းမောင်ရင်ရဲ့…မေးလေကွယ်…”
ဘွားမယ်စိန်ထံမှမေးခွင့်ရသောအခါ
မောင်တိုး မျက်နှာထားပြုံးပြုံးဖြင့်…
“ဟိုလေ…ဟို…ကျုပ်က…ကျုပ်က…
ဘွားရဲ့တောင်ဝှေးကြီးအကြောင်းကိုသိချင်တာဗျ”
“ဟေ…တောင်ဝှေးအကြောင်းဟုတ်သလား…”
“ဟုတ်…ကျုပ်သိချင်လို့ပါ…
ဘွား ပြောလို့မရရင်တော့ဖြင့်
ကျုပ်မသိချင်တော့ပါဘူး ဘွားရယ်”
“ဘွား ပြောပြမှာပါ…တကယ်တော့
မောင်ရင်မေးလိုက်တော့ ဘွားစိတ်ထဲ
အဲ့သည်အကြောင်းကိုသတိရမိသွားတယ်ကွယ်”
“ဘာအကြောင်းများလဲဗျ…
ဟဲ့…နွား လမ်းအတိုင်းသွားလေ…
တယ် ငါတွယ်လိုက်ရ….တောက်…..”
မောင်တိုး နွားကို ဟန့်လိုက်သည်။
ဘွားမယ်စိန်ကလည်း မောင်တိုးသိချင်နေ၍
“အင်း…အဲ့သည်တုန်းက…ဘွားရဲ့ဆရာဖြစ်တဲ့
ဘွားသစ်သေပြီးစပေါ့လေ…ဆရာဖြစ်တဲ့သူက
ဘွားရှေ့မှာ မချိမဆန့်ခံစားပြီးသေသွားတော့
ဘွားအရမ်းကြောက်မိသွားတာ
ကြောက်လို့ပြေးမိပြေးရာထွက်ပြေးလာရင်း
စေတီတစ်ဆူဆီဘွားရောက်သွားတာပေါ့ကွယ်…
အဲ့သည်မှာ…………”
*******************
မယ်စိန်ဘုရားရှေ့၌ ဒူးထောက်ရင်း
မျက်နှာကိုလက်ဖြင့်အုပ်ကာ ရှိုက်ငယ်တကြီး ငိုနေခဲ့သည်။
“အရှင်ဘုရား…တပည့်တော်ရဲ့ပညာတွေကို တပည့်တော်
ကြောက်လှပါရဲ့ဘုရား….အဟင့်…..”
ဆရာဖြစ်သူသေဆုံးသောပုံစံမြင်ကွင်းသည် မယ်စိန်မျက်လုံးအတွင်းမှမထွက်ခဲ့ပေ။
ထိုကြောင့် မယ်စိန်မိမိတတ်မြောက်ထားသောအောက်လမ်းပညာအတတ်အား အသုံးချဖို့ရန်ထိတ်လန့်နေခဲ့လေသည်။
ထိုအချိန်၌…
“ချစ်သမီး…”
“ဟင်…အဘ…အဘက ဘယ်သူလဲ”
နောက်ပါးဆီမှခေါ်သံကြောင့် မယ်စိန်ငိုနေရင်းဖြင့်
နောက်သို့လှည့်ကာကြည့်လိုက်လေသည်။
မယ်စိန်မြင်လိုက်ရသည်က ဝတ်ဖြူစင်ကြယ်ဖြင့်
အဘိုးအိုတစ်ဦးဖြစ်နေခဲ့သည်။
ထိုအဘိုးအို၏ အသားအရည်များမှာ
အသက်အရွယ်နှင့်မတူညီစွာ ဝင်းစိုသန်မာနေသည်။
နှုတ်ခမ်းမွေးဖြူကြီးများ…
ဆံပင်အဖြူများအား သောင်ထုံးဖြင့်သေသပ်စွာ ထုံးဖွဲ့ထားပြီး
တည်ကြည်အေးချမ်းသော မျက်နှာထား…
နှုတ်မှထွက်သော အသံသည်ကအစ
အေးချမ်းမှုပေးနေသကဲ့သို့ရှိသော
ထိုပုဂ္ဂိုလ်အား မယ်စိန်ငေးကြည့်နေမိပြန်သည်။
ထိုအခါထပ်မံ၍…
“ချစ်သမီး……..”
“ရှင်….အဘ…….”
“ပူလောင်နေပြီလား….”
“ရှင်……”
“ချစ်သမီးရဲ့ဘဝကအလွန်မွန်မြတ်လိမ့်မယ်ကွဲ့”
“ရှင်…ဘယ်လို မွန်မြတ်တာလဲ…ပြီးတော့
အဘက ဘယ်သူလဲကျွန်မကိုသိလို့လား……..”
“အဘက အထက်လမ်းဆရာတစ်ယောက်ပါ…ချစ်သမီးကို
ဟောသည် တောင်ဝှေးလေးလက်ဆောင်ပေးချင်လို့…
ချစ်သမီးလက်ခံပေးပါ”
“အို…ကျွန်မ….ကျွန်မက………….”
“လက်ခံပေးပါ ချစ်သမီး…။ဒီတောင်ဝှေးက
ချစ်သမီးဘဝတစ်လျောက်လုံး လူတွေကိုကူညီတဲ့နေရာမှာ
အသုံးဝင်လာလိမ့်မယ်…ချစ်သမီးရဲ့ ဘဝဆိုးကို မေ့ပစ်ပြီး
ဘုရား…တရား…သံဃာကို ကိုးကွယ်ဆည်းကပ်ပေတော့…
ဒါဆိုရင်ဖြင့် ချစ်သမီးရဲ့ဘဝအေးချမ်းပြီ ချစ်သမီး…”
“အေးချမ်းမယ်….ကျွန်မအေးချမ်းမယ် ဟုတ်လား အဘ…”
“ဒါပေါ့ကွယ်…ဒါပေါ့…ချစ်သမီးဘဝအေးချမ်းတော့မှာပါ…
ချစ်သမီးစိတ်ထားအရမ်းလှတယ် ချစ်သမီး….ဒီတော့ အဘပြောသလိုပဲ…ချစ်သမီးတတ်မြောက်မှုတွေကို ကောင်းတဲ့ဘက်ကိုသွား…ဒါဆို ချစ်သမီးရဲ့
ပညာတွေပိုထက်လာပေလိမ့်မယ်…”
“ကျွန်မ…ကျွန်မ အေးချမ်းချင်တယ် အဘ…ကျွန်မ အဘပြောသလိုနေထိုင်ချင်ပါတယ်…ကျွန်မဘဝကြီးကိုဘွားသစ်လို အဆုံးမသတ်ပါရစေနဲ့….”
“ဒါပေါ့ကွယ်…ကဲ…ရော့…. ရော့…
ဟောသည်တောင်ဝှေးကိုယူထားလိုက်ပေတော့…
အဘလည်းအချိန်မရှိပေဘူး…ဒီတော့
ဘုရားကို ဦးသုံးကြိမ်ချချစ်သမီး…ချစ်သမီးရဲ့
ပညာတွေကိုလူတွေကောင်းကျိူးအတွက်သုံးပါတော့မယ်လို့တိုင်တယ်ပြီးတော့ ပြောကြားလိုက်ပေဦး…”
“ဟုတ်ကဲ့အဘ…….”
မယ်စိန်တောင်ဝှေးကိုလက်ကမ်းယူလိုက်လေသည်။
ပြီးနောက် ဘုရား၌ဦးသုံးကြိမ်ချ၍
ထိုပုဂ္ဂိုလ်ပြောကြားသကဲ့သို့….
“တပည့်တော်ရဲ့ပညာတွေကိုလူတွေကောင်းကျိုးအတွက်
သုံးပါတော့မယ်ဘုရား….
တပည့်တော်ကိုယ်တိုင်သစ္စာပြုပါတယ်…။ဘုရား…တရား…သံဃာအပေါ် တပည့်တော်ရိုသေကိုင်းရှိုင်းပြီး
လူ့ဘဝမှာအေးချမ်းအောင်နေထိုင်ပါတော့မယ်ဘုရား”
ဟု…ပြောရင်း ဦးသုံးကြိမ်ချလိုက်တော့သည်။
ဘုရားကိုဝတ်ပြုပြီးနောက်
အစောကပုဂ္ဂိုလ်ရှိရာသို့ပြန်လှည့်ကြည့်လိုက်သောအခါ…
“အဘ…….ဟင်….ဘယ်ရောက်သွားတာလဲ”
အဘကိုမတွေ့တော့ပေ။
ထိုအခါမယ်စိန်သည် သူပေးခဲ့သော တောင်ဝှေးကြီးကိုယူပြီး
လိုက်လံရှာဖွေလေသည်။
သို့သော် အဘဟု သူခေါ်ခဲ့သော
ထိုပုဂ္ဂိုလ်၏အရိပ်အယောင်ကိုမျှ မယ်စိန်မမြင်ရတော့ပေ။
*************************
“ဟင်…ဒါဆို ဘွားက အဲ့သည်အဘကို
လုံးဝရှာမတွေ့တော့တာပေါ့လေ…”
စိတ်ဝင်တစားနားထောင်နေသော
မောင်အုန်းကမေးလေသည်။
ဘွားမယ်စိန်သည်ခေါင်းညိတ်ပြီး…
“ဟုတ်တယ်မောင်ရင်…ဘွားရဲ့ကျေးဇူးရှင်ကြီးပေါ့လေ…
ကျေးဇူးရှင်ကြီးကြောင့်သာ ဘွားဘဝအေးချမ်းခဲ့တာ…
ဒါကြောင့်လည်းအခုလို လူတွေကိုကူညီနိုင်ခဲ့တာပေါ့ကွယ်….”
ဘွားမယ်စိန်သည်တွေးတွေးစစဖြင့်ပြောလိုက်လေသည်။
မောင်တိုးနှင့်မောင်အုန်းသည်လည်း
ခေါင်းလေးတညိတ်ညိတ်ဖြင့်
လှည်းလမ်းကြောင်းကိုငေးမောနေခဲ့ကြတော့သည်။
ဘွားမယ်စိန်တို့လိုက်ပါလာသော
နွားလှည်းလေးသည်လှည်းလမ်းကြောင်းအတိုင်း
တရိပ်ရိပ်သွားလာနေခဲ့၏။
“ဘွားရေ…ကျုပ်တို့အရှေ့ကရွာရောက်ရင် ခဏလှည်းနားရအောင်ဗျာ…မနက်ကတည်းကတောက်လျောက်မောင်းလာ
ရတာဆိုတော့နွားတွေခဏအနားပေးရအောင်လို့လေ”
မောင်တိုးသည် ဘွားမယ်စိန်အားပြောလိုက်လေသည်။
နေမြင့်ပြီမို့ ဝါးခမောက်များကိုအပူဒဏ်သက်သာစေဖို့
ဘွားမယ်စိန်တို့သုံးယောက် ခေါင်း၌
ကိုယ်စီဆောင်းထားခဲ့ကြသည်။
မောင်တိုး၏စကားကို ဘွားမယ်စိန်က….
“အေးကွယ်…နားကြတာပေါ့…
ဒါနဲ့ ဘွားတို့နားစရာအိမ်ရှိလို့လားမောင်တိုးရဲ့…
မောင်ရင့်အသိမိတ်ဆွေရှိသလား အဲ့သည်ရွာမှာ…”
“ရှိတယ်ဗျ…ကျုပ်သူငယ်ချင်းတစ်ယောက်အိမ်ရှိတယ်
ဘွားရဲ့…ဒါမို့ နားဖို့ကျုပ်ပြောတာပေါ့”
“အေး…အေး…။ဒါဖြင့်နားကြတာပေါ့ကွယ်………”
ဘွားမယ်စိန်သဘောတူလိုက်၍
မောင်တိုးသည် သူ၏သူငယ်ချင်းဖြစ်သူအိမ်ထံသို့
လှည်းအားမောင်းနှင်လာခဲ့တော့သည်။
“ဟဲ့နွား….စည်းရိုးနဲ့တိုက်တော့မယ် ဘယ့်နဲ့သွားနေတာလဲ”
မောင်တိုးသည် နွားကိုငေါက်လိုက်သည်။
ခဏအကြာသူ၏သူငယ်ချင်းဖြစ်သူအိမ်သို့
နွားလှည်းဝင်လာခဲ့တော့၏။
ဝိုင်းထဲဝင်လာသော မောင်တိုးတို့၏နွားလှည်းကြောင့်
အိမ်ထဲမှယောကျာ်းသားတစ်ဦးထွက်လာခဲ့လေသည်။
လှည်းထက်ကမောင်တိုးကိုမြင်သောအခါထိုလူသည်
ဝမ်းသာအားရဖြင့်…
“ဟာ…ငတိုး…ငါကဘယ်သူများလဲလို့ …
မင်းဖြစ်နေတာကိုး….။
မလာစဖူးအလာထူးလို့ပါလားဟေ့”
“အေးဟုတ်တယ်ဟ…တို့သာယာကုန်းရွာကိုသွားမလို့
မင်းအိမ်မှာ ခဏဝင်နားတာဟေ့”
“သြော်…သြော်…မင်းက ငါ့ဆီလာတာမှမဟုတ်ပဲ…
လမ်းကြုံဝင်နားတာပေါ့လေဟုတ်လား…”
“ကဲပါ…လှမောင်ရာ မင်းနဲ့စနောက်ဖို့အချိန်မရှိသေးဘူး…
ဒီမှာ တို့ရွာက ဘွားလည်းပါလာတယ်…
ငါလှည်းချွတ်လိုက်ဦးမယ်…
မင်းက ဘွားတို့ကိုထိုင်ဖို့ပြင်ပေးဦးလေကွာ…”
“အေးပါကွာ…ဒီကဘွားတို့ အိမ်ထဲကိုကြွပါဗျ…
ကျုပ်အမေနဲ့ နှမလည်းရှိပါတယ်…
ကျုပ်က မောင်တိုး နဲ့တွေ့ရင် စတတ်နောက်တတ်တာမို့
စိတ်မရှိပါနဲ့ဗျာ………..”
လှမောင်သည် ဘွားမယ်စိန်တို့အား သူ၏အိမ်အတွင်းသို့
ဖိတ်ခေါ်လေသည်။
ဓနိမိုးဝါးထရံကာ တစ်ထပ်အိမ်လေးသည် အတော်ကျယ်ဝန်း၏။
ချက်ဖို့ပြင်သော မီးဖိုအတွက် အနောက်၌ ထန်းလက်တဲတစ်ခုထိုးထားသေးသည်။
ဘွားမယ်စိန်တို့အား အိမ်အတွင်း သစ်သားကုလားထိုင်ခုံ၊သစ်သားစားပွဲတို့၌နေရာပေးလေသည်။
ထိုင်သောနေရာ၌ ပြတင်းတံခါးတစ်ခုကိုပြုလုပ်ထားသည်မို့
အပြင်ကလေအေးများကြောင့် အမောပြေကြရ၏။
“အမေရေ…ဒီမှာ ဧည့်သည်တွေရှိတယ်ဗျ…
အမေ့သမီးကိုအရေးလုပ်မနေစမ်းပါနဲ့ဗျာ…”
“ဒီမှာ မင်းနှမကိုထမင်းကျွေးနေလို့ပါကွယ်…
ပြီးပါပြီ…အမေလာခဲ့မယ်…
အကြမ်းအိုးလေးသာဖြည့်ထားလိုက်ဦး”
လူနေအခန်းများကန့်ထားသေးသည်မို့ အခန်းအတွင်းမှစကားပြန်ပြောသံကြောင့်
လှမောင်အမေဆိုတာဘွားမယ်စိန်
တို့သိလိုက်ကြသည်။
ခဏကြာတော့ မောင်တိုးလည်း
နွားများကိုရေတိုက်၊ ကောက်ရိုးချကျွေးခဲ့ပြီဖြစ်၍ဘွားမယ်စိန်တို့ထံရောက်လာတော့သည်။
လှမောင်သည် ဘွားမယ်တို့ကို အကြမ်းအိုး…လက်ဖက်ပွဲတို့ဖြင့် တည်ခင်းဧည့်ခံပေး၏။
လှမောင်အမေလည်း အခန်းထဲမှ ထွက်လာပြီး ဘွားမယ်စိန်တို့
ဝိုင်း၌ လာထိုင်လေသည်။
“အမေ…ဒါကျုပ်သူငယ်ချင်း ငတိုးလေ…”
“အမေသိတာပေါ့…မောင်တိုးတို့များ
ရွာကိုအလည်ရောက်မလာတာအတော်ကြာလှပေါ့”
“ဒီလိုပဲအရီးရေ…ကျုပ်လည်းအလုပ်ကအများသားလေ…
ဟဲ…ဟဲ………….။သြော်…ကျုပ်မိတ်ဆက်ပေးရဦးမယ်…
ဟောသည်က ဘွားက ဘွားမယ်စိန်တို့ခေါ်သဗျားးး…..။
ဒီဘက်ကတော့ ကျုပ်တို့ရွာကာလသားခေါင်းဆောင်ကြီး
ကိုမောင်အုန်းပေါ့….”
“ဟာ…ဒါဆို ဘွားမယ်စိန်ပေါ့ ဒီကဘွားက…..”
လှမောင်က ဝမ်းသာအားရစကားဆိုလိုက်သောအခါ
ဘွားမယ်စိန်သည်မျက်နှာလေးပြုံး၍ခေါင်းကိုညိတ်ပြလေသည်။
“အို…ဘွားရယ်…ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာ…….. ”
လှမောင်က ဝမ်းသာနေသည်။
လှမောင်၏မိခင်သည်ကတော့
မချိပြုံးလေးပြုံးနေသယောင်ဖြစ်နေ၏။
“ဘာအကြောင်းများရှိလို့တုန်း မောင်လှမောင်….”
ဘွားမယ်စိန်သည် ဟန်မဆောင်တတ်သူပင်။
ထို့ကြောင့်မေးစရာရှိတာမေးလိုက်တော့၏။
လှမောင်သည်…
“ဒီလိုဗျ….ကျုပ်က ဘွားနာမည်ကိုကြားဖူးသိဖူးတာကြာနေပါပြီ။ ကျုပ်လည်း ဘွားဆီလာဖို့ပြင်နေတာ…
အမေက မသွားပါနဲ့ဦးဆိုလို့ ကျုပ်ငြိမ်နေခဲ့တာဗျ……..”
လှမောင်စကားကို ဘွားမယ်စိန်တို့နားမလည်ကြသေး။
ထို့ကြောင့်…
“မင်းက ဘာဖြစ်လို့ ဘွားကိုတွေ့ချင်ရတာလဲ လှမောင်…”
မောင်တိုးက ဝင်မေးလိုက်သည်။
လှမောင်သည် သူ၏မိခင်ကိုကြည့်၏။
ပြီးနောက် သက်ပြင်းသဲ့သဲ့ချကာ…
“ဟင်းး……..ပြောရမယ်ဆိုရင်တော့ကွာ….
ငါ့နှမလေးအကြောင်းပေါ့…….”
“ဟ…မင်းနှမ…စံပယ်က ဘာဖြစ်လို့တုန်း”
မောင်တိုးက ပြာပြာသလဲမေးလိုက်သည်။
“ဒီလိုဟေ့…လတော့အတန်ကြာပြီ…ဒီကလေးမ သူ့အပေါင်းအဖော်တွေနဲ့ရွာနောက်ပိုင်း ကမ်းပါးကိုသွားကြတာဟေ့…ကမ်းပါးနားကတောမှာ အရွက်ရှာဘာရှာပေါ့ကွာ…
အယ်…အဲ့ကနေပြန်ရောက်လာတော့ လူကထော့နဲ့ထော့နဲ့ဖြစ်လာတာပဲကွာ…………”
***********************
စံပယ်အိမ်သို့ပြန်ရောက်လာတော့ လမ်းလျှောက်တာမူမမှန်၍
လှမောင် နွားစာစင်းနေရင်းမှ..
“ဟဲ့…စံပယ် နင်ဘာဖြစ်နေတာလဲ…
လမ်းလျောက်တာယိုင်ထိုးနေပါလားဟ”
“ကျုပ် ချော်လဲလာလို့ပါတော်…”
“ဟေ…နင်မလည်း…အသက်နှစ်ဆယ်ကျော်ပြီ ချော်လဲကောင်းနေတုန်းလား…သွား…သွား…ဆေးလေးဘာလေးလူးဦး”
“ဟုတ်ကဲ့”
လှမောင်အပြောကြောင့် စံပယ် ပေစောင်းစောင်းအသွင်ဖြင့်
အိမ်ထဲသို့ဝင်သွားတော့သည်။
နောက်တစ်ရက် လှမောင် သိလိုက်သည်က…
“ကိုကြီးလှမောင်… စံပယ် သက်သာရဲ့လားတော့”
“ဟဲ့…သက်မာ…ငါ့နှမဘာဖြစ်လို့သက်သာရမှာလဲ….
သြော်…နင်ပြောတာ
တနေ့ကချော်လဲခဲ့တာကိုပြောတာထင်တယ်…”
“ဟင်…ဘယ်တုန်းကထပ်ချော်လဲတာလဲ…ကျုပ်တို့နဲ့ကမ်းပါးဘက်သွားတုန်း…တော့်ညီမ ကမ်းပါးကနေ ပြုတ်ကျတာလေ…
ကျုပ်တို့ဖြင့် ရင်တုန်ပန်းတုန်ဖြစ်သွားရတာ…
တော်သေးတယ်သူဘာမှမဖြစ်သွားလို့…
အဲ့တုန်းက မိစံပယ်အတော်လေး
ကံကောင်းသွားတယ်တော်ရေ့”
“ဟေ…….ကမ်းပါးကပြုတ်ကြတယ်…….”
လှမောင်အတော်လေး ခြောက်ခြားသွားသည်။
လူပြုတ်ကျလို့သေဖွယ်ရာရှိသောကမ်းပါးပေါ်မှညီမဖြစ်သူ
ပြုတ်ကျခဲ့သည်။
သူ့၌ အနာတရမရှိသော်လည်း လမ်းသွားလျှင် အခက်တွေ့နေသော ပုံရိပ်ကြောင့် လှမောင် အတွေးတို့ဗြာများနေရလေပြီ။
ထို့ကြောင့် အိမ်သို့ပြန်ရောက်သည်နှင့်…
“စံပယ်…နင်မှန်မှန်ပြောစမ်း…နင်ကမ်းပါးက
ပြုတ်ကျတယ်ဆိုတာ အမှန်ပဲလား”
“ကျုပ်……ကျုပ်……….”
“ငါနင့်ကိုမေးတာမဟုတ်ဘူးနော်စံပယ်…
ငါသေချာသိပြီးပြီ နင်ဘာလို့ မပြောတာလဲ ငါတို့ကို”
“ဟုတ်တယ်…ကျုပ်ပြုတ်ကျတယ်…
အခုဘာမှမဖြစ်ဘူးလေ…
တော်သိပြီမလား”
ထိုနေ့မှစ၍ စံပယ်သည်အခန်းထဲမှမထွက်တော့။
ထမင်းကအစ မိခင်ဖြစ်သူကကျွေးရ၏။
အစားအသောက်အလွန်ကြီးလာသော စံပယ်ကို
လှမောင်မသင်္ကာတော့။
မိခင်ကြီးအား ဆရာသမားများကိုပင့်ဖိတ်ဖို့ပြောပါသော်လည်း
မိခင်ကြီးကလက်မခံပေ။
သူ၏သမီးလေး ကမ်းပါးမှပြုတ်ကျ၍ ထိခိုက်မိခြင်းကြောင့်သာဖြစ်သည်ဟု ငြင်းဆန်တတ်လေသည်။
မိခင်ကြီးခမျာလည်း ထမင်းဟင်းချက်ပြုတ်ရ….
ချက်ပြုတ်ပြီးသော် သမီးဖြစ်သူကို ကျွေးမွေးရဖြင့်
ပင်ပန်းနေခဲ့ရှာသည်။
သို့သော် မည်သည့်ဆရာမှ မပင့်ဖိတ်လို၍
လှမောင်အသာငြိမ်နေခဲ့ရလေသည်။
****************************
ဘွားမယ်စိန်တို့အား လှမောင်အကြောင်းစုံပြောပြပြီးသောအခါ…
“ဒါဆို…ကလေးမကို ဘွားကြည့်လို့ရမလားကွယ်”
“ဟာ…ရ…ရတာပေါ့ ဘွားရယ်…
ကျုပ်နှမလေးကိုကြည့်ပေးပါဗျာ……”
လှမောင်၏စကားအဆုံး၌ ဘွားမယ်စိန်ခေါင်းတညိတ်ညိတ်လုပ်ပြီး သူ၏တောင်ဝှေးကိုထောက်၍ ခုံပေါ်မှဆင်းလိုက်လေသည်။
ဘွားမယ်စိန်နောက်မှမောင်တိုးတို့ကလည်းအသင့်
လိုက်လာခဲ့ကြသည်။
လှမောင်သည် ညီမဖြစ်သူရှိသော အခန်းဆီသို့
ခေါ်လာခဲ့တော့၏။
အခန်းသို့ရောက်တော့ဘွားမယ်စိန်ကအခန်းတွင်းသို့မဝင်ဘဲ
အခန်းဝမှသာ ရပ်ကြည့်နေခဲ့လေသည်။
ထိုသို့ရပ်ကြည့်နေစဉ် ထမင်းနှင့်ဟင်းများကိုအငမ်းမရစားနေသော စံပယ်သည်….
“အမေ…ဘယ်သူတွေတုန်း…
ကျုပ်ကိုဘာလို့လာကြည့်နေကြတာလဲ…
ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့နော်အမေ……..”
ဟုအသံမာမာဖြင့်ပြောသောအခါ လှမောင်၏မိခင်သည် စံပယ်အနီးသို့သွား၍…
“သမီးအစ်ကိုရဲ့မိတ်ဆွေတွေပါသမီးရယ်…
စား…စား…ထမင်းသာစားနော်…….”
ဟုချော့ပြောလေ၏။
ထိုအခါမှ စံပယ်သည် မျက်စောင်းကြီးထိုး၍
ထမင်းများကိုပြန်လည် စားသောက်နေတော့သည်။
“လှမောင်…မောင်ရင့်အမေကို ခဏခေါ်ခဲ့ကွယ်…”
“ဟုတ်ကဲ့ဘွား…….”
ဘွားမယ်စိန်စကားအတိုင်းလှမောင်သည် စံပယ်အနီး၌ရှိသောမိခင်အား လက်ကုပ်ပြီးအပြင်သို့ခေါ်လာခဲ့တော့၏။
အပြင်သို့ရောက်တော့ ဘွားမယ်စိန်က…
“မောင်ရင့်နှမအသက်မရှိတော့ဘူး….အခုပြောနေ၊ဆိုနေ၊စားနေတာက ဖုတ်သရဲဝင်နေတာ….ဒါကို
မောင်ရင်တို့လက်ခံနိုင်ရင်ဘွားကူညီပေးပါ့မယ်….”
“ဗျာ…….. ”
“အိုတော်…မဟုတ်မဟတ်…ကျုပ်သမီးကဘာလို့ဖုတ်ဝင်ရမှာတုန်း…ဟဲ့လှမောင် ဧည့်သည်တွေကိုပြန်ပို့လိုက်တော့”
“ဟာ…အမေ…ဘယ်နဲ့ပြောလိုက်တာတုန်းဗျာ……”
“ရတယ်မောင်ရင်…ဘွားနားလည်ပါတယ်ကွယ်…
သူလည်းသူ့သမီးလေးကိုချစ်ရှာတာကိုကွဲ့….”
ဘွားမယ်စိန်သည် လှမောင်မိခင်၏စကားကိုခွင့်လွှတ်ပေးလေသည်။
ပြီးနောက်လှမောင်မိခင်အား…
“ဘွားနားကိုခဏလာ…ညည်းမျက်လုံးလေးခဏသာမှိတ်ပေး…
ဘွားဖွင့်ဆိုမှဖွင့်နော်…ဒါတော့ ညည်းလုပ်ပေးနိုင်မယ်မလား”
“အင်…ဒါတော့……….”
“အမေရာ…ဒါတော့လုပ်လိုက်စမ်းပါဗျာ…..”
“ဟုတ်ပါတယ်အရီးရယ်…ကျုပ်တို့ဘွားက လူတွေကိုကယ်တဲ့သူတော်ကောင်းမကြီးပါ…
ဒီအတွက်ဘာမှစိတ်မထင့်ပါနဲ့ဗျာ…”
လှမောင်နှင့်မောင်တိုးက တိုက်တွန်းလေမှ လှမောင်၏မိခင်သည်မျက်လုံးမှိတ်ပေးရှာသည်။
မျက်လုံးမှိတ်သွားသည်နှင့်ဘွားမယ်စိန်သည် လှမောင်မိခင်၏မျက်လုံးကို ဘယ်ဘက်လက်ဖြင့်အုပ်၍ခေါင်းကိုညာလက်ဖြင့်ကိုင်တွယ်ဖိကပ်လိုက်ပြီးနောက် နှူတ်မှ ဂါထာအချို့ကိုရွတ်ဆိုလေသည်။
“ဥုံ…&&&&&&&&&………
မြင်စေ…ပွင့်စေ….သိစေ….ဟဲ့……….”
ဟု…အဆုံးသတ်လိုက်ပြီးသောအခါ
“ကဲ…ဖွင့်တော့ …ဖွင့်ပြီးရင် ညည်းသမီးဆီကိုသာ
ညည်းကြည့်ပေတော့အေ….”
ဘွားမယ်စိန်စကားကြောင့်
လှမောင်မိခင်သည်မျက်လုံးပွင့်လာခဲ့၏။
မျက်လုံးပွင့်သောအခါအခန်းဆီသို့သွား၍
သမီးဖြစ်သူကိုကြည့်သောအခါ…
“ဟင်……အ……အ…မလေး……ဘာ…ဘာကြီးတုန်း….
ဘာကြီးရောက်နေတာတုန်း…………”
“အမေ…ကျုပ်လေ…”
“မဟုတ်ဘူး….ဘုရား…ဘုရား…ကယ်ကြပါဦး…
ကျူပ်သမီးမဟုတ်ဘူး….ဘာကြီးလဲ…ဘာကြီးလဲ…….”
လှမောင်မိခင်မြင်ရသည်က စံပယ်မဟုတ်ပေ။
စက်စုပ်ဖွယ်ကောင်းသော အကောင်ကြီးတစ်ကောင်ဖြစ်နေခဲ့သည်။
ထိုအကောင်ကြီး၏ခန္ဓာသည်
အမွှေးအမည်းကြီးများတစ်ကိုယ်လုံးဖုံးလွှမ်းနေပြီး
နီရဲသော မျက်လုံးကြီးများ….ချွန်ထက်လှသော အစွယ်ကြီးများက တငေါငေါဖြစ်နေခဲ့၏။
ထိုအရာကြီးကို မြင်လိုက်သော လှမောင်မိခင်သည်.အခန်းပြင်သို့အပြေးထွက်၍ ဘွားမယ်စိန်၏ခြေရင်း၌ ဒူးထောက်ရင်း
လက်အုပ်ကိုချီကာ…
“ကျုပ်….ကျုပ်ယုံပါပြီဘွားရယ်…ကျုပ်…ကျူပ်သမီးလေးကိုကယ်ပါတော်…ကယ်ပေးပါ… အီး….ဟီးးး….ဟီး……”
“ကယ်လိုတော့မရတော့ပေဘူး….ညည်းသမီးက ကမ်းပါးကပြုတ်ကျကတည်းကိုက အသက်မရှိတော့တာ…
ညည်းတို့နဲ့ရှိနေတာကလည်း ဖုတ်ကောင်ပဲအေ့……….”
“ကျုပ်တို့ဘာလုပ်ရမလဲဘွား….
ကျုပ်အဲ့ကောင်ကိုဓားနဲ့ဝင်ပိုင်းလိုက်လို့ရမလားဗျာ….”
“မလုပ်လေနဲ့မောင်ရင်…ဖုတ်ထုတ်တာတော့ဘွားလုပ်ပေးလို့ရပါတယ်…ဒါပေမယ့်လို့ ဖုတ်ထွက်တာနဲ့မောင်ရင့်နှမ ကိုယ်က သေတာကြာပြီဖြစ်လို့ ပုပ်ပွနေလောက်တယ်…
ဒီအရေးတော့
မောင်ရင်တို့တွေးထားသင့်တယ်နော်….”
“အမေ…ဘယ်လိုလုပ်မလဲ…
အဲ့ဖုတ်ကောင်ကိုဒီတိုင်းထားမလား”
“ဟင်…မ…မထားပါနဲ့….ကြောက်စရာကြီးငါ့သားရဲ့”
“ကဲ…ဒါဖြင့် ကျုပ်တို့နှမကိုယ်ထဲက
ဖုတ်ကိုထုတ်ပေးပါဘွား…
ကျုပ်တို့ဒီနည်းကိုပဲရွေးပါတယ်ဗျာ…”
“အင်း…ကောင်းပြီ….”
ဘွားမယ်စိန်သည်သူ၏တောင်ဝှေးကိုထောက်၍ စံပယ်ရှိသော
အခန်းသို့ဝင်သွားတော့သည်။
စံပယ်ကိုယ်၌ဝင်နေသောဖုတ်သည်လည်း သူ့အန္တရာယ်ကိုသိသည်ထင်၏။
အခန်းဝကိုကျောပေး၍ထိုင်နေခဲ့လေသည်။
“ဟဲ့…ဒီဘက်လှည့်စမ်း…နင်ဘယ်ကလဲ……”
ဖြေသံကထွက်မလာပေ။
“ဒုန်း……..”
“အခု ဒီဘက်ကိုလှည့်…….”
ဘွားမယ်စိန်သည်
တောင်ဝှေးကိုကြမ်းပေါ်သို့ဆောင့်ချလိုက်ပြီး…
အာဏာသံဖြင့်အမိန့်ပေးလိုက်သော အခါ၌
ချက်ချင်းဆိုသလို စံပယ်၏ကိုယ်သည်
လူတစ်ယောက်ကဆွဲလှည့်လိုက်သကဲ့သို့ လှည့်လာခဲ့ရသည်။
“ပြော…ဘယ်သူလဲ…ဒီကလေးမကို ကမ်းပါးကနေတွန်းချပြီး
နင်ဝင်နေလိုက်တယ်ပေါ့လေ…ဟုတ်စ……..”
ဘွားမယ်စိန်မေးတာကိုပြန်ပင်မဖြေ ထိုင်ရက်သားခေါင်းကိုငုံ့နေခဲ့၏။
“အေး…တွေ့ကြသေးတာပေါ့ဟယ်…….”
ဘွားမယ်စိန်သည်သူ၏ ချည်လွယ်အိတ်လေးအတွင်းမှ ရေမန်းပုလင်းလေးကိုထုတ်လိုက်သည်။
ပြီးနောက်
ရေမန်းပုလင်းအဝအားပါးစပ်၌တေ့ပြီး
ဂါထာများရွတ်ဆိုနေပြန်သည်။
ဂါထာရွတ်ပြီးချိန်၌ စံပယ်အား စိုက်ကြည့်ကာ…
“ဟင်….အ…အမလေး….ပူလိုက်တာ….အား……အား….
ကျုပ်ကိုမပတ်ပါနဲ့….ကျုပ်ပူတယ်….အမလေးးးး….ပူတယ်….
ပူတယ်………..”
ရေမန်းများအား စံပယ်၏ကိုယ်ပေါ်သို့ဖြန်းလိုက်သောအခါ
စံပယ်သည် အော်ဟစ်လူးလိမ့်နေရလေသည်။
“ကဲ…ပြော…နင်ဘယ်သူလဲ…ဒီကလေးမကို
နင်လုပ်လိုက်တာလား”
“ကျုပ်…ကျုပ်မလုပ်ပါဘူးဗျာ….သူသေအောင်
ကျုပ်မလုပ်ရပါဘူး……….”
“ဒါဆို သူ့ကိုယ်ထဲနင်ဘာလို့ဝင်နေရတာတုန်း…
မှန်မှန်ဖြေနော် မယ်စိန်က သနားလိမ့်မယ်လို့မထင်လေနဲ့”
စံပယ်သည် ထိတ်လန့်သော အမူအရာဖြင့်
သူ့၏ခန္ဓာကိုယ်အား ဘွားမယ်စိန်ရှေ့၌ ဝမ်းလျားမှောက်၍
“သူ…သူ…ကမ်းပါးကကျတာ ကျုပ်မြင်လိုက်တယ်….ကျုပ်…
ကျုပ်က သူ့ကို မှီပြီးအစာစားချင်လို့ ဝင်နေမိတာပါ…
အစာစားချင်ယုံပါဗျာ………”
“နင်သစ္စာဆိုရဲလား……..”
“ဆို…ဆိုရဲပါတယ်…ဆိုရဲပါတယ်……”
“အေး…ဒါဆို နင်သစ္စာရေသောက်ရမယ်………”
“သောက်ပါ့မယ်….ကျုပ်သောက်ပါ့မယ်ဗျာ……”
ဘွားမယ်စိန်သည် စံပယ်ကိုယ်၌ဝင်ပူးကပ်နေသော
ဖုတ်သရဲအားသစ္စာရေတိုက်လိုက်တော့သည်။
“ကဲ…ဒါနဲ့မပြီးသေးဘူး….စံပယ်ရဲ့ကိုယ်က နင်ထွက်သွားရင်
ပုပ်ပွလာလိမ့်မယ်…အဲ့တော့…စံပယ်ကို သင်္ချိုင်းကုန်းထိလိုက်ပို့ပေဦး…အားလုံးပြီးမှသာ ထွက်သွားတော့ဟဲ့…ကြားသလား…”
“ကျုပ်…ကျုပ်ကြားပါတယ်ဗျာ…”
ဘွားမယ်စိန်သည် လှမောင်တို့အား သင်္ချိုင်း၌ပြင်ဆင်ခိုင်းတော့သည်။
စံပယ်အလောင်းအတွက်အားလုံးပြင်ဆင်ပြီးသောအခါ.ဖုတ်ဝင်နေသော စံပယ်၏ကိုယ်ကြီးနှင့်အတူ သင်္ချိုင်းသို့ထွက်လာတော့၏။
စံပယ်သတင်းကိုကြားရသောရွာသူ၊ရွာသားတို့သည်လည်းလိုက်ပါလာကြ၏။
တချို့ကမယုံကြည်၍သက်သက်လိုက်လာခဲ့ကြလေသည်။
သင်္ချိုင်းအတွင်းသို့ဘွားမယ်စိန်တို့ဝင်လာကြပြီးနောက်
စံပယ်အတွက်အသင့်ပြင်ထားသော
အခေါင်းဆီသို့ရောက်လာခဲ့ကြသည်။
စံပယ်သည်လည်းသူ၏အခေါင်းအတွင်းဝင်လှဲအိပ်လိုက်သည်။
ဝင်လှဲအိပ်ပြီးနောက်….
“ကျုပ်ထွက်တော့မယ်ဘွား…”
“သွားပေတော့…နောက်နောင် ဒီလိုမျိုးထပ်မလုပ်မိစေနဲ့”
ဟုပြောလိုက်သောအခါ စံပယ်သည်ခေါင်းကိုညိတ်ပြပြီး
မျက်လုံးများမှိတ်လိုက်တော့၏။
“အာ…နံလိုက်တာ….”
“အွတ်…အရည်တွေတောင်ကျနေပြီဟ….”
“အဟွတ်…အဟွတ်…….အဟွတ်…..”
“အမလေး…သမီးရဲ့……..”
ဖုတ်ထွက်သွားသည်နှင့် စံပယ်၏အသွင်သည်ပြောင်းလဲသွားခဲ့သည်။ပါးစပ်ကြီးဟပြီး အရည်များပင်ကျနေသော ပုပ်သိုးနေသည့်လူသေကိုယ်ကြီးကိုသာ
အားလုံးတွေ့လိုက်ကြရတော့သည်။
ငိုသူကငို…စိတ်မကောင်းသူကမကောင်း….
အနံ့များအားမခံနိုင်၍
ခပ်ဝေးဝေးသွားသူကသွားဖြင့်
စံပယ်အလောင်းအားမြေချခဲ့ကြရ၏။
စံပယ်၏အဖြစ်သည်လည်း လူတိုင်း၏ပါးစပ်ဖျား၌
ရောက်ရှိနေခဲ့တော့သည်။
စံပယ်အသုဘအတွက် မောင်တိုးတို့ဝိုင်းဝန်းလုပ်ဆောင်ပေးကြရသည်မို့ သာယာကုန်းရွာသို့ခရီးအား
တစ်ရက်နောက်ဆုတ်၍ လှမောင်တို့အိမ်၌သာ ဘွားမယ်စိန်တို့နေပေးခဲ့ကြတော့သည်။
စံပယ်၏အလောင်းအား ချက်ချင်းပင်မြေမြုပ်လိုက်ရသည်။
ဘုန်းကြီးများပင့်တရားများနာယူပြီးသော
နောက်တစ်ရက်၌
ဘွားမယ်စိန်တို့သည်မိမိတို့ ခရီးကို
ဆက်လက်သွားဖို့ရန်အတွက်ပြင်ဆင်ကြရတော့၏။
“ဒီလောက်ဆိုရင်တော့မောင်ရင်တို့ကို
ဘွားတို့ဘက်ကလည်းကူညီပေးသင့်သလောက်
ကူညီပေးပြီးပြီဖြစ်လို့…
သွားရမယ့်ခရီးကိုဆက်သွားရတော့မယ်ကွယ်…”
“ကျုပ်…ပြောခဲ့တာတွေအတွက် ဘွားကို
ကန်တော့တောင်းပန်ပါရစေ”
လှမောင်၏မိခင်သည်.ဘွားမယ်စိန်၏ခြေရင်း၌ထိုင်ချပြီး
လက်အုပ်ချီ၍ကန်တော့လေသည်။
“ဘွားဘက်က အမှားလို့မယူဆပါဘူး…ဒါမိခင်စိတ်ကြောင့်
ပြောမိတာပဲ ခွင့်လွှတ်ပါတယ်ကွယ်……..”
“ကျုပ်တို့အပေါ်ကျေးဇူးကြီးမားလှပါတယ်…
ဘွားကျေးဇူးကြောင့် ကျုပ်သမီး ခန္ဓာကိုယ်ထဲကဖုတ်လည်းထုတ်လိုက်နိုင်ပြီ..။ သမီးလေးအတွက်လည်း
အမျှအတန်းနဲ့အလှူတွေလုပ်ပေးပြီးပြီ…အဲ့အတွက်လည်း
ကျုပ်တကယ်ကျေးဇူးတင်တာပါတော်…။
ဘွားသာကျူပ်ကိုသိအောင်မလုပ်ပေးရင်
ကျုပ်သမီးထင်ပြီးအဲ့သည်ဖုတ်ကို
ကျုပ်တို့နဲ့အတူဆက်ထားနေမိမှာ”
လှမောင်မိခင်၏စကားကြောင့်လှမောင်အပါအဝင်မောင်တိုးတို့သည် သက်ပြင်းလေးကိုမျှင်းချနေကြတော့သည်။
စကားပြောဆိုပြီးသည်နှင့် လှမောင်တို့သားအမိကို
နှုတ်ဆက်၍ လှည်းဖြင့် ခရီးဆက်ထွက်လာခဲ့ကြတော့သည်။
လှည်းကိုလမ်း၌ မနားဘဲမောင်းနှင်လာခဲ့ကြ၏။
မနက်ပိုင်းအချိန်မှထွက်လာခဲ့သော ခရီးသည်
နေ့လယ်ပိုင်းချိန်မှသာ
သာယာကုန်းရွာသို့ရောက်ရှိလာခဲ့ကြလေသည်။
ရွာသည်ကား တိတ်ဆိတ်လွန်း၏။
လူသွားလူလာနည်းပါးသော်လည်း ရွာလမ်းမထက်၌
လူတချို့ကရှိနေသေးသည်။
“ဗျို့…ဒီရွာက ဦးကုလား အိမ်ကိုညွှန်ပေးလို့ရမလား…
ဦးကုလား…ဒေါ်သေးမျှင်တို့အိမ်ဗျာ….”
မောင်အုန်းသည် လမ်း၌ရှိသော ရွာသားတချို့ကိုမေးလိုက်သည်။
ရွာသားတစ်ယောက်က…
“ဒီလမ်းအတိုင်းတည့်တည့်သွား…ပြီးရင်ဘယ်ကိုချိုး…
အဲ့နားရောက်ရင် ခြေတန်ရှည်အိမ်မည်းက
ဦးကုလား ဒေါ်သေးမျှင်အိမ်ပဲ……”
“ကျေးဇူးပဲဗျို့…နောင်ကြီး”
မောင်အုန်းကကျေးဇူးတင်စကားဆိုလိုက်သည်။
မောင်တိုးကတော့ ထိုလူညွှန်သည့်အတိုင်းပင်
နွားလှည်းအားမောင်းနှင်လာခဲ့တော့၏။
ဦးကုလားအိမ်ဟု ယူဆရသောအိမ်ဆီသို့ရောက်သောအခါ
ခြံဝိုင်းတံခါးဖွင့်ထားသည်မို့ လှည်းအား ဝိုင်းထဲထိမောင်းသွင်းလာခဲ့လိုက်၏။
မောင်အုန်း ကတော့လှည်းပေါ်မှအရင်ဆင်းပြီး…
“ဗျို့…လေးလေးကုလား…အိမ်မှာမရှိဘူးလားဗျ…….”
“ဘယ်သူတုန်းကွ……….”
“ကျုပ်ပါ…ခင်ဗျားတူမောင်အုန်းပါဗျ…လေးလေးကုလားရဲ့”
“ဟေ…..”
အိမ်အပေါ်ထက်မှ အသက်ငါးဆယ်ကျော်လူကြီးတစ်ယောက်ဆင်းလာခဲ့၏။
အသားကညိုညို…ခန္ဓာကိုယ်ကဝတုတ်တုတ်။
အပေါ်ပိုင်း၌ အဝတ်အစားမဝတ် သူ၏ပူလွန်းလှသော
ဗိုက်ကြီးအပြင်ခေါင်း၌မှာလည်းဆံပင်ကမရှိ…။
ဂတုံးပြောင်ပြောင်ကြီးပင်ဖြစ်၏။
သို့သော်မျက်နှာချိုပြီး လူအေးကြီးတစ်ယောက်မှန်းသိသာလှပေသည်။
“ဘယ့်နဲ့ရောက်လာတာတုန်း…ငါအလည်ခေါ်ရင်တောင်
မရောက်လာတဲ့ကောင်က…ဟော…
ဧည့်သည်တွေကော ပါလာတာပေါ့လေ”
“ဟုတ်တယ်လေးလေးကုလား…ဘွားရေ လာဗျို့…
ဒါကျုပ်ပြောတဲ့ကျုပ်အဖေရဲ့ညီ ကျုပ်လေးလေးဆိုတာပေါ့”
“အေးကွယ်…တွေ့ရတာဝမ်းသာပါတယ်”
“ဟုတ်ကဲ့…အိမ်ပေါ်တက်ကြပါဗျာ…မောင်ရင်…
မောင်ရင့်နွားကို နွားတဲမှာချည်ခဲ့ကွာ…
အစာတွေထည့်ကျွေးခဲ့ဦး…ဒီကောင်တွေခရီးပန်းလှရောပေါ့”
“ဟုတ်ကဲ့ ဦးကြီး…”
မောင်တိုးက နွားများကိုလှည်းမှဖြုတ်ရင်းကျန်နေခဲ့သည်။
ဘွားမယ်စိန်နှင့်မောင်အုန်းတို့ကတော့ ဦးကုလား၏ အိမ်ပေါ်သို့တက်လာခဲ့ကြတော့၏။
အိမ်ပေါ်ထပ်သို့ရောက်တော့ မောင်အုန်းက မျက်စိဝေ့ကာရှာဖွေရင်း….
“အရီးမျှင်…ဘယ်သွားတုန်း လေးလေးရဲ့………”
ဟု မေးလိုက်သောအခါ ဦးကုလား၏မျက်နှာကြီးသည်
ပြိုတော့မည့်မိုးကဲ့သို့ ဖြစ်သွားပြီး
ထစ်ငေါ့ငေါ့စကားများနှင့်….
“မင်း…မင်း…အရီး…မ..မရှိတော့ဘူး ငါတူရဲ့….
မင်းအရီးမရှိတော့ဘူး…ဒီအိမ်ကြီးမှာငါတစ်ယောက်ထဲနေရတာ
တစပြတရြှိပှီကှ …အီးးးးးးဟီးးးးးးဟီးးးးးးးးးးး”
“အလို…………”
“ဟာ….ဘယ်လိုဖြစ်ရတာလဲလေးလေးရာ…
အရီးကဘယ်လိုဖြစ်သွားတာတုန်း…
ကျုပ်တို့လည်း မသိရပါလား…….”
ဦးကုလားသည် ယောကျာ်းရင့်မာကြီးဖြစ်ပါသော်လည်း
ဝန်းနည်းမှုကိုမထိန်းချုပ်နိုင်ရှာ။
ခဏကြာတော့
တအီးအီးဖြင့်ငိုကြွေးရင်းနေသည်ကိုရပ်တန့်လိုက်ကာ
မျက်ရည်များကို သူ၏ပုဆိုးဖြင့် သုတ်လိုက်ပြီး…
“ဒီရွာမှာ တို့အမျိုးတွေလည်းမနေရဲတော့ဘူးလေ…
ပြောင်းပြေးကုန်ကြပြီ…ရွာကိုချစ်တဲ့သူ…လက်စားချေချင်သူတွေသာ ဒီရွာမှာနေနေကြတာ…………”
“ဘယ်လို…လက်စားချေချင်သူ..ဟုတ်လားလေးလေး…
ဒီရွာအခြေအနေက အရမ်းဆိုးနေပြီလား…ဘယ်လိုတွေဖြစ်နေတာလဲ ဒီရွာက…ကျုပ်ကိုပြောစမ်းပါလေးလေးရာ……”
မောင်အုန်းက သွက်လက်စွာမေး၏။
ထိုအချိန်မောင်တိုးလည်းအိမ်ပေါ်ရောက်လာခဲ့ပြီး
အခြေအနေကိုကြည့်၍ အသာထိုင်နေခဲ့တော့သည်။
ဦးကုလားက မောင်အုန်း၏အမေးကိုမဖြေခင်
သူ၏ အံကိုကြိတ်ရင်း မျက်မှောင်ကျုံ့နေသည်မှာ
နဖူးကျောများပင်တင်းရင်းနေခဲ့၏။
“တို့ရွာမှာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက
လူတွေစပျောက်တော့တာပဲ…ပျောက်တာကလည်း
ညဘက်ကြီးပျောက်တာ…ပထမပျောက်တာက မိသွယ်ဆိုတဲ့ကလေးမလေး…ဒါလည်း ယောကျာ်းနောက်လိုက်တယ်ထင်ပြီး
အထူးအဆန်းမဟုတ်သလိုလိုနဲ့…နောက်တော့ လူကြီးပိုင်းတွေလည်းပျောက်တော့တာပဲ…အဲ့ထဲမှာ
မင်းအရီးပါသွားတယ် ငါ့တူရာ…ငါလည်း ခံရခက်ချက်ပဲ…
ဘယ်လိုကြောင့်ပျောက်တယ်ဆိုတာ ငါစဉ်းစားလို့ကိုမရဘူး…
ခက်တာက ရွာကလူတွေဘယ်လောက်စောင့်အိပ်ပါစေ…
အိပ်ပျော်သွားကြတာပဲကွာ…
မနက်ကျရင်လူကပျောက်စမမြဲပဲ…။ဒါကြောင့်လည်းရွာကိုစွန့်ပြေးသူကပြေး…
ဆက်နေသူကနေနဲ့တို့ရွာကြီး ပျက်စီးကုန်တာ…..”
“ဟာဗျာ…လေးလေးရယ်…ကျုပ်တို့ဒီထက်စောလာခဲ့ရမှာဗျာ…
ဒါဆိုအရီးလည်းအခုလိုတွေမဖြစ်ဘူးပေါ့………..”
“အင်း…လေးလေးလည်း ဒီဘာမှန်းမသိပျောက်သွားတာကြီးကို စိတ်ထဲမခံမရပ်နိုင်ဖြစ်နေရတာ…ဒါနဲ့ ငါ့တူတို့က
လေးလေးဆီအလည်လာကြတာလား………”
“မဟုတ်ဘူးလေးလေး…ဒီရွာမှာအဖြစ်အပျက်တွေကို
ဟောသည်က ဘွားက ကြားပြီး ဒီရွာကိုလာချင်နေတာ…
ကျုပ်ကလည်း
ကျုပ်လေးလေးရှိတော့ ဘွားကိုလိုက်ပို့တာပေါ့…။
ဒါကျုပ်တို့ရွာရဲ့အားကိုးရတဲ့
လေးစားရတဲ့ ဘွားမယ်စိန်လို့ခေါ်တယ်ဗျာ…ဒီကတော့
ကျုပ်ညီလိုသူငယ်ချင်းလိုဖြစ်တဲ့
မောင်တိုးတဲ့………..”
“ကျုပ်ကြားဖူးပါတယ်ဘွားရဲ့အကြောင်းတွေကို
လေးစားရိုသေပါတယ်ဗျာ….။ ဒါနဲ့.ဘွားကကျုပ်တို့ရွာကို
ဘာလို့လာချင်ရတာလည်း အန္တရာယ်များပါဘိနဲ့ဗျာ.. ”
ဦးကုလားအမေးကို ဘွားမယ်စိန်ကပြုံးပြီး…
“ဘွားကလူတွေကိုကယ်ချင်တာ…စောင့်ရှောက်ချင်တာ….
ဒီအတွက်ကြောင့် မောင်ရင်တို့ဆီကိုလာရတာပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား…ကျုပ်ကစိုးရိမ်လို့ပြောတာပါဗျာ….။
မလာစေချင်လို့မဟုတ်ပါဘူး….”
“အေးကွယ်…ဘွားတို့လည်း အခြေအနေကိုစောင့်ကြည့်ပြီး
နေမှာပါ…ဘာမှမပူလေနဲ့……..”
“ဟုတ်…ဒါဖြင့် ကျုပ်ထမင်းဝိုင်းပြင်ဦးမယ်…
ငါ့တူတို့က လေးလေးကိုကူဦးကွာ…ခြံထဲကအရွက်ဘာညာကူခူးပေးကြဦးဟေ့…တစ်ယောက်ထဲဆိုတော့ မယ်မယ်ရရချက်မစားဖြစ်တော့ဘူးလေးလေးက……”
ဦးကုလားစကားကြောင့် မောင်တိုးတို့စိတ်မကောင်းဖြစ်သွားကြသည်။
“ကူမှာပေါ့လေးလေးရာ…ကျုပ်တို့လာမယ်…ဘွားက ခဏထိုင်နေဦး…ရေချိုးချင်လည်းပြော ကျုပ်ရေငင်ပေးထားမယ်…
ကျုပ်အောက်မှာရေတွင်းတွေ့တယ်ဗျ”
“အေးကွယ်…အေး…အေး…ဘွားခဏနားပါဦးမယ်…”
“ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့သွားလိုက်ဦးမယ်….”
မောင်အုန်းသည် ဘွားမယ်စိန်အားနှုတ်ဆက်ပြီး မောင်တိုးကိုခေါ်၍ ဦးကုလားနောက်လိုက်သွားတော့၏။
*****************************
တနေကုန်သောအခါညသို့ရောက်လာခဲ့သည်။
ညစာ စားပြီးသည်နှင့် ဦးကုလားသည် အိမ်အောက်၌ မီးဖိုကြီး နှစ်ဖိုကို ဖိုထားပြီး ခုံများ ချထားလေသည်။
ခုံဘေးတွင်လည်းဓားတစ်ချောင်း၊ လှံတစ်လက်ကို
အသင့်ထားထားခဲ့၏။
အနီးအပါးရှိအိမ်ဝိုင်းများ၌လည်း ထိုသို့ပြုလိုက်ထားပေသည်။
ခြံဝိုင်းတံခါးများကိုသေချာပိတ်၍ လူများသည်က
မီးဖိုများဘေးတွင်နေကြလေသည်။
ဘွားမယ်စိန်တို့လည်း.ဦးကုလား ခင်းပေးထားသော
ခုံများ၌ဝင်ထိုင်နေကြ၏။
စကားများရောက်တတ်ရာရာပြောကြရင်း ညကနက်မှန်းမသိနက်လာခဲ့သည်။
မီးဖိုများကိုလည်း ထင်းများအဆက်မပြတ်ထိုးထားရ၏။
“ဝူးးးးး…..အူးးးးးးးးး…..အူးးးးးးးးးးးးးးးးးးးးးးးးးး”
ခွေးအူသံရှည်ကြီးကိုကြားလိုက်ရသည်။
ခွေးအူသံများ ဆူညံနေပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
အခြေအနေသည်ကဘာမှ မထူးခြားသေး။
ထိုင်နေကြသော မောင်အုန်းတို့ပင်ပျင်းလာပုံရ၏။
ခြံဝိုင်းအတွင်းလမ်းထလျောက်လိုက် ပြန်ထိုင်လိုက်ဖြင့်
“လေးလေးကုလား…ဘယ့်နဲ့လဲဗျ အခြေအနေက…”
မောင်အုန်းက လေသံခပ်အုပ်အုပ်လေးဖြင့်မေးလေသည်။
“အေးကွာ…လေးလေးလည်းသေချာမသိဘူး…စောင့်သာ
စောင့်ရတာ ညတိုင်းဒီကောင်ကိုမမိဘူး…ဘာလို့ဆို လေးလေးတို့အမြဲအိပ်ပျော်သွားတာကိုးကွ……..”
“ဟင်…ဒါဖြင့်… လေးလေးက ဘာကိုဖမ်းဖို့စောင့်တာတုန်း”
“မိလို့မိညားပေါ့ ငါ့တူရာ………”
“ဟား…ခက်ပါကောလားဗျာ…”
ဦးကုလားနှင့်မောင်အုန်းတို့ ပြောနေကြသည်ကို ဘွားမယ်စိန်ကနားထောင်နေသည်။
နားထောင်နေရင်းမှ…
“မောင်ရင့်လေးလေးကိုအပြစ်မဆိုလေနဲ့ မောင်အုန်းရဲ့…
ဒီကောင်က အိပ်ငွေ့ချပြီးမှလာပုံရတယ်…ဒါမို့ လူတွေဘယ်လိုပျောက်တယ်ဆိုတာမသိကြတာပဲကွဲ့”
“ဒါဆို…ကျုပ်တို့ကိုလည်းအိပ်ပျော်အောင်လုပ်မှာပေါ့လေ…
ဟုတ်လားဘွား”
“အဲ့လိုပဲပြောရမှာပေါ့ကွယ်………”
“သြော်…ဒါကြောင့်ကို…………”
ဦးကုလားနှင့်မောင်အုန်းတို့ ဘွားမယ်စိန်ပြောမှနားလည်သွားကြတော့၏။
လူပျောက်မှုကိုသိရအောင်စောင့်စားကြပါသော်လည်း
မိုးလင်းသည်အထိမထူးခြားခဲ့ပေ။
အိပ်ရေးပျက်ထားသောကြောင့် အားလုံးလည်းပင်ပန်းကုန်ကြ၏။
“ဘယ်လိုလဲလေးလေးရဲ့…ဘယ်သူပျောက်တုန်းဒီည”
ရွာထဲသွားသတင်းစုံစမ်းသော
ဦးကုလားပြန်ရောက်လာသည်
ကိုမြင်တော့မောင်အုန်းကမေးလိုက်လေသည်။
ဦးကုလားလည်း ရေနွေးကြမ်းအိုးကို ငှဲ့ယူလိုက်ရင်း…
“ထူးဆန်းတယ်ဟေ့…။မနေ့ညက တို့လူဘယ်သူမှမပျောက်ဘူးတဲ့ကွာ……….ကြုံမကြုံဖူးဘူး….မိုးလင်းရင်လူတစ်ယောက်တော့ပျောက်စမြဲက အခုမပျောက်ဘူးဆိုတော့
ထူးဆန်းသားကွ”
“လေးလေးတို့လူပျောက်တာကလည်း အဆန်းပါလား”
“နေဦးကိုကြီးအုန်းရဲ့ ကျုပ်တို့ဘွားဒီရွာကို
ရောက်လာလို့များလားဗျ…”
မောင်တိုးကကြားဝင်မေးလေသည်။
ကျန်နှစ်ယောက်လည်းမဖြေနိုင်ကြ။
ထိုအချိန် ဘုရားကန်တော့ပြီး၍ ဘွားမယ်စိန်အိမ်အောက်ကိုဆင်းလာခဲ့သည်။
“ဘယ်လိုလဲ မောင်ကုလား…ဘာထူးသတုန်း”
“ထူးတာကတော့ မနေ့ညက တစ်ယောက်မှမပျောက်ဘူးတဲ့ဗျို့ ဘွားရဲ့”
“အင်း….အခြေအနေကဘယ်လိုဖြစ်တာပါလိမ့်……..”
“လေးလေးကုလား…ကျုပ်ဝင်လာမယ်နော်…….”
ဝိုင်းပြင်မှအသံပြုသူ ရွာသားတစ်ဦးဝိုင်းအတွင်းဝင်လာလေသည်။
“ဘမှန်ပါလား…လာလေကွာ…….”
“ဒီမှာ ကျုပ်အမေက လေးလေးအတွက်အကြော်ပေးခိုင်းလိုက်လို့….အိမ်မှာကြော်တာမို့လေ”
“သြော်…အေး…အေး…မင်းအမေခင်မကို ကျေးဇူးတင်တယ်လို့ပြောပေးကွာ…လာထိုင်ဦးလေမင်းက….”
“ကျုပ်မထိုင်တော့ဘူးဗျာ…ပြန်ဦးမယ်……”
“အေး…ဒါဆိုလည်း ပြန်ပါကွာ……”
ဘမှန်ဆိုသောလူရွယ်ကိုဘွားမယ်စိန်ကြည့်နေခဲ့၏။
ထိုလူရွယ်ကလည်း ဘွားမယ်စိန်တို့ကိုတစ်ချကိကြည့်ပြီး
ဝိုင်းထဲမှထွက်သွားတော့သည်။
“မောင်ကုလား…သူကဘယ်သူတုန်း”
ဘွားမယ်စိန်ကဦးကုလားအားမေးလေသည်။
“သြော်…သူလား…သူ့နာမည်က ဘမှန်လို့ခေါ်တယ်ဗျ…
ဘာဖြစ်လို့တုန်းဘွား”
“ဘွား သူ့အကြောင်းသိချင်တယ် မောင်ကုလား…”
“သူ့အကြောင်းကတော့ မထူးဆန်းပါဘူးဘွားရဲ့…
အယ်တကယ်ထူးဆန်းတာက…ကျုပ်တို့ရွာကလူတွေသာပျောက်တာ သူတို့အိမ်ကလူတစ်ယောက်မှ မလျော့ဘူးဗျို့…
ဒါကတော့တယ်ထူးဆန်းတယ်…ဒီကောင်လေးမိသားစုကတော်တော်ကုသိုလ်ကံထူးပုံပဲဗျ”
ဦးကုလားပြောသောအကြောင်းအရာအားဘွားမယ်စိန်ပြုံးလိုက်မိသည်။
ပြီးနောက်…
“မောင်ကုလား…မင်းတယ်ရိုးသကိုးကွဲ့…။
ဘွားပြောမယ်…ဘွားဒီကောင်လေးကိုမရိုးဘူးလို့မြင်မိတယ်…
ဒီတော့ ဒီကောင်လေးနဲ့ရင်းနှီးသူ…လက်ပွန်းတတီးနေသူတစ်ယောက်လောက်မောင်ရင်ခေါ်လာပေး…ခေါ်ရင်လည်း
ဘွားအခုပြောတာတွေတစ်ခုမှမပြောခဲ့လေနဲ့…ဒီတိုင်းအသာခေါ်လာခဲ့ပေး……”
“ဗျာ…….”
“ဟာ…လေးလေးကုလားကလည်း…ဘွားပြောတာသာလုပ်ပေးလိုက်စမ်းပါ…ကျုပ်တို့ဘွားက
အကြောင်းရှိလို့ပြောနေတာဗျ…. ”
“သြော်…အေးပါ…ငါသိပါတယ်မင်းတို့ကလည်းကွာ…။
ငါ သူ့သူငယ်ချင်း ငထော်ကိုခေါ်ပေးပါ့မယ်ကွ….”
ဘွားမယ်စိန်တို့မနက်အစောစာစားဖို့ပြင်ဆင်ပေးပြီးနောက် ဦးကုလား ရွာထဲသို့ထွက်သွားတော့လေသည်။
ထိုသို့ထွက်သွားသည်က ဘွားမယ်စိန်ခိုင်းသော ကိစ္စအား
လုပ်ဆောင်ဖို့ပင်ဖြစ်၏။
ဦးကုလားသည် ဘမှန်၏ သူငယ်ချင်းငထော်အား
သွား၍ခေါ်လာခဲ့သည်။
“ဘွား…ဒီမှာကျုပ်ခေါ်လာခဲ့ပြီ”
ဦးကုလားကိုဘွားမယ်စိန်ကခေါင်းညိတ်ပြလေသည်။
ဘွားမယ်စိန်တို့ထိုင်နေကြသည်က အိမ်အပေါ်ထပ်၌ဖြစ်၏။
ငထော်ဆိုသူက နားမလည်သည့်ပုံစံဖြင့်
ဘွားမယ်စိန်တို့ကိုကြည့်နေခဲ့၏။
ဘွားမယ်စိန်က…
“ကဲ..မောင်ရင်က မောင်ဘမှန်ရဲသူငယ်ချင်းဆိုတော့
သူ့အကြောင်းသိမှာပေါ့…ဘွားကိုမင်းသိထားတာရှိရင်ပြောပြပေးကွယ်…”
“ဗျာ…ကျုပ်ကဘာလို့ပြောရမှာလဲ…ပြီးခင်ဗျားတို့က
ဘယ်သူတွေလဲ…လေးလေးကုလား…ဘာတွေလဲဗျာ….”
ငထော်က ဦးကုလားကိုပြန်မေးလေသည်။
“ငထော်…ဒီကဘွားက တို့ရွာမှာဖြစ်နေတာတွေကို
ကယ်ဖို့လာတာ…ဒါကငါ့တူတွေပဲ…
မင်းကိုဘာမှမဟုတ်တာမလုပ်ပါဘူးကွာ…”
ဦးကုလားကပြောလိုက်လေမှ…
“ဘယ်လို…ဘမှန်ရဲ့အကြောင်းသိချင်တာက ကျုပ်တို့ရွာက
လူတွေပျောက်တာနဲ့ဆိုင်တယ်ပေါ့လေ…
ဟုတ်လားလေးလေးကုလား”
ငထော်ကမယုံသလိုပြောနေ၏။
“မောင်ရင့်သူငယ်ချင်း ဘမှန်ဆိုတာကို ဘွားစိတ်ထဲ မသင်္ကာဘူး…ဒါမို့ သူ့အကြောင်းတွေ ဘွားကသိချင်တာပါကွယ်….”
“ဟာ…မ…မဖြစ်နိုင်တာဗျာ……..”
“မောင်ရင်မပြောရင် ဒီရွာကလူကျန်မယ်လို့မထင်ဘူး…”
“ဟာဗျာ…ကျုပ်ကဘာပြောရမှာလဲ”
“ဟိတ်ကောင်ငထော်…မင်းနှမနဲ့ မင်းအမေ ပျောက်သွားကြပြီမလား…ဒါတောင်မင်းက ဘွားမေးတာကိုမပြောနိုင်ဘူးလားဟ”
ဦးကုလားကဝင်ဟန့်လိုက်၏။
ထိုအခါ ငထော်က…
“ဘမှန်…ဘမှန်က ဒိကိစ္စတွေနဲ့သက်ဆိုင်ပါ့မလား လေးလေးကုလားရာ…ကျုပ်တော့မယုံနိုင်ပါဘူးဗျာ……”
“မင်းဘာသိထားတူန်း ငထော်…
မင်းသိတာရှိရင်ပြောပြလိုက်စမ်းပါကွာ….”
“ဘမှန်နဲ့ ကျုပ်တို့တွေ ဆရာဘုန်းကျော်တို့နဲ့ကျင့်စဉ်တစ်ခုကိုအတူလုပ်ဖူးသေးတယ်…အဲ့ကျင့်စဉ်မှာ ဘမှန်အောင်သွားတယ်ဗျ….ကျုပ်တော့ ဘယ်လိုပြောရပါ့ဗျာ…………”
ငထော်သည် ပြောရင်းဖြင့် သက်ပြင်းချ၏။
ပြီးနောက် ဆက်ပြီး………
**************************************
“ဟိတ်…ရာကျော်…ဘယ်တုန်းကွ”
“ဟော…ကိုဘမှန် ခင်ဗျားတို့ကိုးဗျ…
ကျုပ်ကဘယ်သူတွေများလဲလို့တွေးနေတာ…
ကျုပ်ကဆရာသမားခိုင်းတာလေးသွားလုပ်မလို့ဗျို့”
“အေး…ဒါဆိုလည်းသွားပေါ့…မင်း အားရင်တော့ဖြင့်
ထန်းတောလာခဲ့ဟေ့…မင်းကိုထန်းရည်အဝတိုက်ပါ့မယ်”
“ကိုဘမှန်ကြီး စေတနာကိုကျုပ်သိပါ့ဗျာ…
ကျုပ်အားတာနဲ့လာခဲ့ပါ့မယ်…အခုတော့ သွားဦးမယ်ဗျာ…”
“အေး…အေး…သွား…သွားးး….”
ရာကျော်ဆိုသည့် အရပ်ပုပုမျက်နှာထောင့်ကျကျလူတစ်ယောက်နှင့် ဘမှန်တို့အုပ်စု ရွာပြင်၌ ဆုံကြခြင်းဖြစ်သည်။
ရာကျော်သည် သူသွားလိုရာသို့ နှုတ်ဆက်ထွက်ခွာသွားသဖြင့်
ဘမှန်တို့သည် ထန်းတောသို့ ခြေဦးလှည့်သွားကြတော့၏။
ဘမှန်သည်က အလုပ်မရှိအကိုင်မရှိလူတစ်ယောက်။
သို့သော် ဘမှန်မိဘများက သာယာကုန်းရွာ၌
လူချမ်းသာများပင်။
မိဘအားကိုးဖြင့် ဘမှန်သည် အပေါင်းအသင်းများနှင့်ထန်းတောမှ မထွက်ပေ။
သို့သော်လည်း ဘမှန်သည် မိမိရွာအားအလွန်ချစ်၏။
ရွာ၏သာရေး၊နာရေးပွဲများတွင် ဘမှန်ကူညီပေးတတ်သည်။
ထိုအချက်ကြောင့်လည်း သာယာကုန်းရွာသူ၊ရွာသားတို့က
ဘမှန်အား ချစ်ခင်ကြ၏။
“ဗျို့…ဆရာ ဘုန်းကျော်…”
“ဟေ…ဘယ်သူတုန်းကွ”
အိမ်ဝိုင်းအတွင်းဝင်လာသော လူရွယ်အား
အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်မှလှမ်းမေးလိုက်သည်။
“ကျုပ်ပါဗျ…ဘမှန်…ဘမှန်……..”
“သြော်…ဘမှန် လာလေကွာ…အပေါ်တက်ခဲ့”
ဘမှန်သည် လှေကားထစ်ငါးထစ်ကိုကျော်ဖြတ်၍
အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။
အပေါ်ထပ်သို့ရောက်သောအခါ ဆရာဘုန်းကျော်အား…
“ဒီမှာလေ ဆရာ…ဆရာအတွက်
ကျုပ်အမဲသားတစ်တွဲလာပေးတာ…”
“ဟား…ကျေးဇူးပဲဘမှန်ရာ…”
ဆရာဘုန်းကျော်သည် အမဲသားတွဲအားကြည့်ရင်း ဝမ်းသာ
သွားလေသည်။
“ရပါတယ်ဆရာရယ်…ကျုပ်ကဆရာ့ကိုစားစေချင်လို့ပါ”
ထိုသို့ဖြင့် ဆရာဘုန်းကျော်နှင့် ဘမှန်တို့သည် ပိုမို၍
ခင်မင်လာခဲ့ကြ၏။
ဘမှန်ကလည်း ဆရာဘုန်းကျော်အတွက် အမြဲလိုလို သိတတ်ပေးသည်။
ထိုအခါ ဆရာဘုန်းကျော်သည် ဘမှန်အား သူအားကိုးအားထားပြုဖွယ်လူရင်းတစ်ယောက်ကဲ့သို့
ဆက်ဆံလာတော့၏။
တစ်နေ့သ၌…
“ဘမှန်…မင်း လူစွမ်းကောင်းမဖြစ်ချင်ဘူးလားကွဟေ…”
“ဗျာ…ဆရာ လူစွမ်းကောင်း…ဟုတ်လား…”
“အေးလေကွာ…လူစွမ်းကောင်း…တုတ်ပြီး…ဓားပြီး…သေနတ်ပြီးတဲ့လူဆိုတာမင်းကြားဖူးလား…”
“ကျုပ် ကြားဖူးနားဝတော့ရှိသားဗျ…”
“အေး…မင်း ဆန္ဒရှိရင် ဆရာမင်းကို
စီရင်ပေးလို့ရပါတယ်ကွာ…”
“ဘယ်လို…ဘယ်လို…ဆရာက ကျုပ်ကို
အဲ့လိုအစွမ်းရအောင် လုပ်ပေးမယ်…ဟုတ်လားဆရာ”
“မင်းကိုဆရာကနောက်မလား ဘမှန်ရာ…
မင်းကဆရာ့အပေါ်လည်းသိတတ်တယ်…ဒါမို့ မင်းကိုဆရာက
မှော်သွင်းပြီးစီရင်ပေးမယ်ကွာ…ဘယ့်နဲ့ရှိစ…”
“ကျုပ်ရချင်တာပေါ့ဆရာရယ်…ဒါဖြင့်
ကျုပ်ဘက်ကရောဘာတွေလုပ်ပေးရမလဲဗျ…”
“မင်းဘက်က လုပ်ပေးရမှာကတော့
သဘက်ခါညရောက်ရင် အစိမ်းသေအသားလတ်လတ်ဆတ်ဆတ် ခုနှစ်တစ်လောက်ရအောင်ရှာပေးရမယ်…။အစီအရင်လုပ်ဖို့အကောင်းဆုံးရက်ကလည်းသဘက်ခါပဲလေကွာ…”
“အစိမ်းသေအသား…ခက်တော့ခက်သားလားဗျာ…နို့…ဒါနဲ့ဆရာ…လူသားမှရမှာလားဗျ”
“ဟ…ဘမှန်ရ…တို့လုပ်မယ့်အစီအရင်က လူသားစားမှော်…
တနည်းအခေါ်ရရင် ပေါရိသာရမှော်ကွ…”
“ပေါရိသာရမှော်…အင်းဗျာ..ကျုပ်အားကြီးစိတ်ဝင်စားတယ်…
ရတယ်ဆရာ ကျုပ်ဖြစ်အောင်လုပ်ပေးမယ်…
ဒါနဲ့ကျုပ်တို့အစီအရင်ကဘယ်မှာလုပ်မှာတုန်း”
“သဘက်ခါည ကိုးချက်တီးတာနဲ့
ရွာပြင်သင်္ချိုင်းကိုသာလာခဲ့ပေတော့…။
ဒါပေမယ့်
တစ်ခုတော့ရှိတယ်ဘမှန်
မင်းစိတ်ကိုရဲအောင်ထားနိုင်ရင်တော့ ဒီကိစ္စကိုလက်ခံကွာ…မဟုတ်ရင်မင်းအတွက်လည်းမကောင်း…
ငါ့အတွက်လည်းမကောင်းပေဘူး…”
“စိတ်ချပါဆရာ…ကျုပ် ဘယ်အရာကိုမှမကြောက်ပါဘူး…
ဆရာပြောတဲ့အစီအရင်ကိုလုပ်ဖို့ကျုပ်စိတ်ဝင်စားတယ်ဗျာ…”
“အေး…အေး…ဒါဖြင့် မင်းရှာစရာရှိတာကိုသာ ရအောင်
ရှာပေတော့…။သင်္ချိုင်းကိုလာရင်လည်း အားကိုးရမယ့်အဖော်
နှစ်ယောက်တော့အပါခေါ်ခဲ့ဟေ့…”
“ဟုတ်ကဲ့ဆရာ…။ဒါဖြင့် ကျုပ်ပြန်လိုက်ဦးမယ်…”
“အေး…အေး……”
ထိုသို့ဖြင့် ဘမှန်တစ်ယောက် ဆရာဘုန်းကျော်၏
နေအိမ်မှပြန်လာခဲ့တော့သည်။
အပေါင်းအဖော်များနှင့်ဆုံရာ
ထန်းတောဆီသို့ရောက်သောအခါ
ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက်ဖြစ်သော
ငထော် နှင့်အောင်ကြီးတို့အားအသင့်တွေ့လိုက်ရသည်။
“ဟာ…ဘမှန်…တို့ဖြင့် မင်းအိမ်ကိုတောင်ဝင်ခေါ်နေကြတာ…
မင်းကဘယ်တွေလျောက်သွားနေတာတုန်းဟ”
ဟု…ငထော် ကမေးသောအခါ…
“ဆရာဘုန်းကျော်ဆီရောက်နေလို့ပါကွာ…
အခုလည်း အဲ့ကနေဒီကိုတမ်းထွက်လာခဲ့တာ…”
“အေး…မင်းကတော့ ဆရာဘုန်းကျော်နဲ့
အတွဲကျနေသကိုး…
ဒါမို့တို့တွေကိုမေ့နေတာထင်ပါ့”
အောင်ကြီးက ပြောသောအခါ ဘမှန် ထန်းရေအိုးကို
မော့ချလိုက်ပြီး..
“အသာနေစမ်းပါကွာ…။
ငါမင်းတို့ကိုအရေးတကြီးပြောစရာရှိတယ်”
“ထူးထူးဆန်းဆန်းပါလား…ဘာများလဲ ဘမှန်ရ”
သူငယ်ချင်းနှစ်ယောက်၏အမေးကို ဘမှန် ဘေးဘီကို
တစ်ချက်အကဲခတ်လိုက်ပြီး…
“ငါနဲ့ဆရာဘုန်းကျော်တို့ တိုင်ပင်ထားတာရှိတယ်…
အဲ့တာကဒီလိုကွ……..”
ဘမှန်သည် သူငယ်ချင်းများကို သေချာပြောပြလေသည်။
ပေါဂိသာရမှော်အကြောင်း ဆရာဘုန်းကျော်ရှာခိုင်းသောအစိမ်းသေအသားခုနှစ်တစ်အကြောင်းကောပါ ပြောပြလိုက်ပြီး….
“ငါအဲ့အစိမ်းသေအသားကိုရှာဖို့စဉ်းစားနေတာဟ…
လွယ်ပါ့မလားလို့”
ဘမှန်၏စကားကို အောင်ကြီးကတွေးတွေးစစဖြင့်…
“ဟ…ဘမှန် တနေ့က ရွာလယ်ပိုင်းက အေးမိလေ…အေးမိ မင်းသိတယ်မလား…အဲ့ကလေးမ
လယ်ထဲပိုးထိပြီးဆုံးတာလေကွာ…”
“သြော်… အေး ငါသိတယ်လေကွာ…”
“နေပါဦး…အေးမိ က သဘက်ခါဆိုအသုဘချမှာမလား…”
ငထော်ကပါ ထပ်ကွန့်မေးလိုက်သောအခါ အောင်ကြီးက
လက်ဖျောက်တစ်ချက်တီးလိုက်ပြီး…
“အဲ့တာပြောတာပေါ့…ငထော်ရ…ဘမှန်လိုချင်တဲ့အစိမ်းသေအသားက ဒါပဲလေကွာ…ဒါပဲပေါ့…”
“ဟာ…မင်းဟာက လွယ်ပါ့မလားကွာ…”
ဘမှန် အောင်ကြီးကိုမေးသောအခါ အောင်ကြီးက ခပ်ပြုံးပြုံးမျက်နှာဘေးဖြင့်…
“ဘမှန်…မင်းအရေးငါ့အရေးပေါ့သူငယ်ချင်းရာ…
မင်းအစီအရင်သာ မင်းအောင်မြင်အောင်လုပ်
ကျန်တာ ငါတို့ကူညီမှာပေါ့ကွာ……..”
အောင်ကြီး၏အပြောကြောင့် ဘမှန်ဝမ်းသာသွားလေသည်။
“ဒါပေမယ့်…ငွေတော့ပေးလိုက်ဘမှန်…အေးမိ အစ်ကို ဘိန်းစားတင်မြင့်ကို ငွေနဲ့မြှားပြီးလုပ်ရမယ်မောင်…ဒါမှ
မင်းလိုချင်တာရလိမ့်မယ်…”
“ဒါများကွာ…ရတာပေါ့ ပေးမှာပေါ့ကွာ…။ငါကတော့
ဆရာဘုန်းကျော်ပြောတဲ့ တုတ်ပြီး..ဓားပြီး သေနတ်ပြီး မှော်ကြီးကိုတော့ အရယူချင်နေပြီ…မင်းတို့သာ
ငါ့ကိုပံ့ပိုးပေးကြကွာ…”
“ဒီအတွက် စိတ်သာချ…ဘမှန် တို့တွေသေတူရှင်တူ သူငယ်ချင်းတွေပဲ…ဘာမှမပူလေနဲ့ကွာ…”
***********************
အစီအရင်လုပ်မည့်နေ့သို့ရောက်လာခဲ့လေပြီ။
ဘမှန်တစ်ယောက် စိတ်များလှုပ်ရှားနေခဲ့၏။
သူငယ်ချင်းဖြစ်သူတို့အလာကိုစောင့်မျှောရင်း မှော်အောင်လျှင်ဟူသောအတွေးများဖြင့် ပျော်ရွင်နေခဲ့ရသည်။
“ဘမှန်ရေ…”
“ငါလာပြီ…ဘယ်လိုလဲ အဆင်ပြေခဲ့လား”
“ပြေပါတယ်ကွ…ဒီမှာ… ”
ဘမှန်၏အမေးကို အောင်ကြီးကသူ၏
လက်အတွင်းယူဆောင်လာသော အရာအား ပြလိုက်လေတော့သည်။
ထိုအခါမှ ဘမှန် အပြုံးကြီးပြုံး၍…
“ဒါဖြင့် သွားကြတာပေါ့ကွာ…
ဆရာဘုန်းကျော်မျှော်နေလောက်ပြီ”
ဘမှန်တို့သုံးယောက်သည် ရွာပြင်သင်္ချိုင်းဆီသို့
ထွက်လာခဲ့ကြတော့သည်။
ကိုးချက်တီးခါနီးပြီဖြစ်၍ ရွာရှိလူများ မိမိတို့အိမ်ထဲတွင်သာနေနေကြလေပြီ။
ဘမှန်တို့သုံးယောက် ရွာပြင် သင်္ချိုင်းသို့ရောက်လာခဲ့ကြသည်။
သင်္ချိုင်းအတွင်းရှိ သစ်ပင်အိုကြီးတစ်ပင်အောက်တွင်
မီးခွက် ထွန်းကာထိုင်နေသော ဆရာဘုန်းကျော်ကို ဘမှန်တို့တွေ့သွားခဲ့ကြပြီး
ဆရာဘုန်းကျော်ဆီရောက်လာခဲ့ကြရာ…
“ဒီမှာ…ဆရာမှာတာကျုပ်တို့ယူလာခဲ့ပြီဆရာ”
ဆရာဘုန်းကျော်သည် ဘမှန်လက်အတွင်းမှအရာကို ယူလိုက်ပြီးအသင့်ပြင်ထားသောခေါစာခွက်ထဲသို့ထည့်လိုက်လေသည်။
ပြီးနောက် ဘမှန်တို့အား ထိုင်နေစေပြီး ဆရာဘုန်းကျော်သည်
မန္တာန်ကျူးခြင်း၊ သိဒ္ဓိတင်ခြင်း၊မှော်သွင်းခြင်းများကို စတင်၍စီရင်တော့၏။
ထိုသို့သော် အစီအရင်များပြုလုပ်ချိန်တွင် သင်္ချိုင်းအတွင်းရှိသစ်ပင်များထက်မှ ကျီးများ၊ဆက်ရက်များသည် တဗြုန်းဗြုန်းဖြင့်လန့်ဖျပ်ကာပြေးကြတော့သည်။
ယင်မဲကောင်ကြီးများသည်လည်း ခေါစာခွက်အတွင်းရှိ လူသားများအပေါ်၌ တဝီဝီမြည်၍ ဝိုင်းအုံနေခဲ့ကြသည်မှာ
ရွံရှာဖွယ်ရာပင်။
ညသည်လည်း အတော်ပင်နက်လာခဲ့၏။
အစီအရင်များပြီး၍ထင်သည် ဆရာဘုန်းကျော်သည် ထိုင်နေရာမှထလာခဲ့ပြီး…
“ကဲ…ဘမှန်… မင်းသူငယ်ချင်းတွေနဲ့ လူတစ်ရပ်စာ ကျင်းတစ်ခုတူးပေတော့…တူးဖို့လည်း ဟော…ဟိုမှာ သုဘရာဇာဆီက ဆရာငှားထားတယ်…အမြန်တူးကြပေတော့…”
ဆရာဘုန်းကျော်ပြောသော ကိစ္စအား ဘမှန်တို့မမေးမြန်းတော့ဘဲ…မြေကျင်းတူးကြတော့သည်။
လူတစ်ရပ်စာ ကျင်းလေးတူးပြီးသွားသောအခါ၌
ဆရာဘုန်းကျော်က…
“ဘမှန်…ဆရာတို့လုပ်ရမယ့်အစီအရင်က အရမ်းအရေးကြီးတယ်…မောင်ရင်တို့လည်း သေချာနားထောင်ထားကြပေတော့…
ဘမှန်ကို ဟောသည် ကျင်းထဲမှာခေါင်းလေးပေါ်ရုံမြုပ်ထားရမယ်…ပြီးရင် ဆရာစီရင်ထားတဲ့အစိမ်းသေလက်ဖျံရိုးနဲ့ ဘမှန်ရဲ့ပါးစပ်ကို ထောက်ဟပေးထားရမယ်…ဘမှန်က ဘာအကြောင်းရှိရှိ…ဘယ်လိုကြောက်စရာတွေ့တွေ့ မောင်ရင်ရဲ့ပါးစပ်ကိုမပိတ်လိုက်ဖို့အရမ်းအရေးကြီးတယ်…
ဆရာကလည်း မောင်ရင်တို့ကို စည်းတွေကာပေးထားမှာမို့
မကြောက်ကြလေနဲ့…
ဆရာစီရင်ပေးတဲ့ အသားတစ်ခုနှစ်တစ်ကို
တစ်ကြိမ်ကျ ဘမှန်ရဲ့ပါးစပ်ထဲဆရာပစ်သွင်းပေးမယ်…
ဒါတွေကို ဘမှန်က အသက်အောင့်ပြီးမြိုချရလိမ့်မယ်…
ဒါက မောင်ရင့်သူငယ်ချင်းတွေယူထား…
ဆရာစီရင်တဲ့အစီအရင်ပြီးဆုံးသွားရင်
မောင်ရင့်ကိုယ်ကြီးက သူ့အလိုလိုကျင်းထဲက ထွက်လာလိမ့်မယ်…အဲ့အချိန်ကျရင် မောင်ရင့်သူငယ်ချင်းတွေက မောင်ရင့်ကို မလွတ်အောင်ဖမ်းချုပ်ပြီး ဒီခြေမန်းကွင်းတွေစွပ်ပေးရလိမ့်မယ်…ကဲ…လုပ်နိုင်ကြရဲ့လား…..”
ဆရာဘုန်းကျော်၏စကားများဆုံးသွားသောအခါ.ဘမှန်တို့တစ်ယောက်ကိုတစ်ယောက်ကြည့်ကြလေသည်။
ပြီးနောက်…
“လုပ်နိုင်တယ်ဆရာ…ကျုပ်တို့သွေးမနည်းပါဘူး….
ဖြစ်အောင်လုပ်မှာပါ”
ဆရာဘုန်းကျော်ကျေနပ်သွားတော့သည်။
ထို့နောက် ဘမှန်အား ကျင်းထဲ၌ မြုပ်၍ မြေပေါ်၌ခေါင်းတစ်လုံးပေါ်ရုံသာထားလေသည်။
အောင်ကြီးနှင့်ငထော်တို့ကိုလည်း အနီး၌နေစေပြီး စည်းဝိုင်းဝိုင်းထားတော့လေသည်။
နောက်ဆုံး ဘမှန်၏ပါးစပ်အား အစိမ်းသောလက်ဖျံဖြင့်ထောက်ထားပြီး အစီအရင်များစတင်တော့၏။
ဖယောင်းတိုင်များထွန်းထားပြီး ဂါထာများ အထပ်ထပ်ရွတ်ဆိုတော့သည်။
သင်္ချိုင်းအတွင်း၌ ဂါထာရွတ်သံများက ကြီးဆိုး၍နေ၏။
အောင်ကြီးနှင့်ငထော်သည်
ဂါထာများအဆက်မပြတ်ရွတ်နေသော ဆရာဘုန်းကျော်ကိုလည်းကောင်း ၊ မြေကျင်းထဲ၌ခေါင်းပေါ်ရုံသာနေရသော ဘမှန်ကိုလည်းကောင်း စိတ်ဝင်တစားကြည့်နေခဲ့ကြသည်။
သူတို့ကြည့်နေစဉ် ဆရာဘုန်းကျော်သည် လူသားတတစ်အား
ဘမှန်၏ပါးစပ်အတွင်း ပစ်သွင်းလေရာ ပါးစပ်ဟလျှက်ပင်ထိုအသားစိမ်းအား.ဘမှန်မြိုချလေသည်။
ထိုအရာကိုကြည့်၍ အောင်ကြီးတို့ မျက်နှာများ
ရှုံ့မဲ့သွားကြသည်။
ဆရာဘုန်းကျော်သည်က သူလုပ်စရာရှိတာများကိုသာဆက်လုပ်နေခဲ့၏။
“အီးးးးးးးးးးးးအူးးးးးးးးး”
အဟင့်…အဟင့်……….”
“အားးးးးးးးးး”
သင်္ချိုင်းအတွင်း အသံများဆူညံလာလေပြီ။
သစ်ပင်ကြီးများသည်လည်း မကောင်းဆိုးဝါးသဖွယ် လှုပ်ရှားယိမ်းနွဲ့နေ၏။
အဖြူရောင်အငွေ့များသည်လည်း ထွက်ပေါ်နေ၏။
“သတ်ဟေ့…သတ်….သတ်ကြ……..”
ဟူသောအော်သံကြီးနှင့်အတူ မကောင်းဆိုးဝါးကြီးများသည် ဘမှန်ရှိရာသို့အပြေးလာကြ၏။
ထိုအရာများကိုကြည့်၍ အောင်ကြီးတို့ ဘမှန်ကိုတလှည့်ကြည့်ကြသော်လည်း ဘမှန်က မျက်လုံးဆုံမှိတ်၍
ပဂတိငြိမ်သက်နေခဲ့သည်။
မကောင်းဆိုးဝါးကြီးများသည်လည်း ဘမှန်အနီးသို့အရောက်
ပျောက်ကွယ်သွားတော့၏။
အဖျက်အဆီးများ
များပြားစွာလာရောက်ကြပါသော်လည်း
ဘမှန်သည် ပါးစပ်ကိုမပိတ်…ဆရာဘုန်းကျော်ပစ်သွင်းသော
အသားတစ်များကိုသာ မြိုချနေခဲ့သည်။
အသားတစ် ခုနှစ်တစ်မြိုချပြီးချိန်၌…
“ကဲ…မှော်သွင်းပြီးပြီ…သူထွက်လာရင် မောင်ရင်တို့အရ ဖမ်းချုပ်ကြပေတော့…”
ဟု ဆရာဘုန်းကျော်က ပြောလေသည်ယ
ထိုသို့မကြာမှီ ဘမှန်တစ်ယောက် မြေကျင်းထဲမှ ခုန်ထွက်လာခဲ့သည်။
မြေနှင်အြတော်မြင့်မြင့်ထိ ခုန်တက်သွားပြီး…..
“အောင်ပြီ…အောင်ပြီ….အောင်ပြီဟေ့……….”
ဟု…အသံကျယ်ကြီးဖြင့်အော်လေသည်။
မြေပေါ်သို့ပြန်ကျလာသည်နှင့် ငထော်တို့သည် ဆရာဘုန်းကျော်ပေးထားသော ခြေမန်းကွင်းများကို
ဘမှန်ရုန်းကန်နေသည့်ကြားမှ
ရအောင် ဝတ်ဆင်ပေးကြတော့၏။
အားလုံးပြီးသွားသောအခါ….
“ကဲ…ဘမှန် မင်းတော့ အောင်ပြီဟေ့…ဒါပေမယ့်နောက်အဆင့်တွေတက်ဖို့ရှိသေးတယ်…ခြေမန်းကွင်းတွေသာ မပြုတ်စေနဲ့…
နောက်ရက်ဆရာအိမ်ကိုလာခဲ့ကြားလား………”
အပျော်ကြီးပျော်နေသော ဘမှန်တို့သုံးယောက်သည်
ဆရာဘုန်းကျော်အား…
“ဟုတ်ကဲ့ဆရာ…ကျုပ်လာခဲ့ပါ့မယ်….”
“အေး…အေး…အခုတော့ တို့တွေလုပ်ထားတာတွေပြန်ပြီအရင်တိုင်းလုပ်ရအောင်ကွာ…….”
“ဟုတ်ကဲ့ဆရာ………”
ထိုသို့ဖြင့်ဘမှန်တစ်ယောက် ပေါရိသာရမှော်အောင်သွားတော့သည်။
“ဒါဆို…မောင်ဘမှန်က ဒီလူသားစားမှော်ကို
အောင်မြင်သွားတယ်ပေါ့”
“ဟုတ်တယ်ဗျ…။ဘမှန် ဒီမှော်ကိုအောင်သွားတယ်”
ငထော်ပြောပြ၍ ဘမှန်၏အကြောင်းကို
ဘွားမယ်စိန်တို့သိသွားကြလေသည်။
“ဒါဆို…ဒီမှော်အောင်ပြီး မောင်ရင့်သူငယ်ချင်းနဲ့
ဆုံဖြစ်ကြသေးလား”
ဘွားမယ်စိန်ကမေးသောအခါ ငထော်သည် တွေးတွေးစစဖြင့်…
“အင်း…….ကျုပ်အထင် ဒီကောင်မှော်အောင်ပြီး
နောက်နှစ်ရက်မှာ ကျုပ်တို့ရွာကလူတွေပျောက်တော့တာပဲဗျာ”
“ဒါဖြင့် မောင်ရင်တို့ကို စီရင်ပေးတဲ့ဆရာ…
ဆရာဘုန်းကျော်ဆိုတဲ့လူကော ရှိသေးလား…”
“အာ…ဆရာဘုန်းကျော်က မရှိတော့ဘူးဗျ…
သူလည်းပျောက်တဲ့ထဲပါသွားပြီ”
“သြော်……အင်း….ခက်ကုန်တာပါလား……..”
ဘွားမယ်စိန်သည် သက်ပြင်းလေးချ၏။
ဘွားမယ်စိန်ကို ကြည့်နေကြသော သူများကိုလည်း…
“တကယ်တော့ ဒီမှော်ကိုအောင်သွားတာ မောင်ဘမှန်ရဲ့သတ္တိကောင်းတာကြောင့်လို့ပဲဆိုရမယ်…အယ်…
အခုဖြစ်နေတာတွေကကျ…ပြောရမယ်ဆိုရင်မောင်ဘမှန်မှာဝတ်ဆင်ထားတဲ့ခြေမန်းကွင်းတွေကျွတ်ကုန်လို့ပဲကွဲ့…
အခုကျလွန်ကုန်ပြီ…လွန်ကုန်ပါပြီကွယ်….”
ဘွားမယ်စိန်စကားကြောင့်အားလုံး
စိတ်ဓာတ်ကျကုန်လေသည်။
“ဒါဆို…ကျုပ်တို့ဘာများလုပ်နိုင်သေးလဲဘွား……”
ဦးကုလားကဝင်မေးလေသည်။
မောင်တိုးတို့…ငထော်တို့သည်လည်း
ဘွားမယ်စိန်ပြောမည့်စကားကို
စိတ်ဝင်စားနေကြသည်။
“အင်း…….ဒီကောင်လေးကို မှော်ကဖုံးသွားပြီ….
စိတ်ရိုင်းဝင်လာရင် လူတွေကိုဖမ်းသတ်စားမယ်ဆိုတဲ့အတွေးပဲသူ့မှာရှိတော့တာ… လူကိုတော့ဘွားကယ်နိုင်မယ်မထင်ဘူး…
ကျန်လူတွေကိုတော့ မထိခိုက်ဖို့
ဘွားကယ်ပေးပါ့မယ်…….”
“ဒီအတွက် ကျုပ်တို့ဘာလုပ်ပေးရမလဲဘွား….
ဒီကောင်က တုတ်၊ဓား လက်နက်ပြီးတယ်ဆိုတော့…
ကျုပ်တို့ဘယ်လိုဖြေရှင်းနိုင်မလဲ………”
ဦးကုလားကမေးသောအခါ ဘွားမယ်စိန်သည်တစ်စုံတစ်ခုအား
စဉ်းစားနေသယောင်ရှိ၏။
ခဏကြာလေမှ…
“ဒီည…ရွာမှာကျန်တဲ့လူတွေအကုန်လုံးကိုတစ်နေရာထဲစုထားရလိမ့်မယ်….မောင်ဘမှန်ရဲ့မိဘတွေကိုလည်း ခေါ်မှရမယ်…
မဟုတ်ရင်သူတို့အတွက်လည်းဘေးမကင်းဘူး…
ဒါကိုမောင်ရင်တို့လုပ်နိုင်ကြရဲ့လား…”
“ကျုပ်တို့ဖြစ်အောင်လုပ်ပါ့မယ်…စိတ်ချပါဘွား”
“အေး…ဒါဖြင့် တိတ်တဆိတ်တော့လုပ်ကြကွယ်…
ဒီကောင်လေးသိသွားရင်ဘွားတို့စီမံသမျှအကုန်အလကားဖြစ်ကုန်လိမ့်မယ်………”
“ဟုတ်ကဲ့ဘွား………”
“လုပ်စရာရှိတာလုပ်ကြပေတော့…
ဘွား တရားထိုင်လိုက်ဦးမယ်…….”
ဘွားမယ်စိန်သည် ဦးကုလားတို့အား ပြောပြီးသည်နှင့် ဘုရားခန်း၌ တရားထိုင်တော့လေသည်။
ဦးကုလားတို့လည်း ဘွားမယ်စိန်တရားထိုင်တာကို အနှောက်အယှက်မဖြစ်စေချင်၍ ထွက်ခွာသွားကြတော့သည်။
“ချစ်သမီး……….”
တရားထိုင်နေစဉ်ဘွားမယ်စိန်နားအတွင်း
အသံတစ်ခုကြားနေရသည်။
အသံရှင်ကို ဘွားမယ်စိန် ချက်ချင်းသိလိုက်၏။
သို့သော် ထိုင်မြဲအတိုင်းထိုင်နေခဲ့သည်။
“အဘပြောမယ်…နားကပဲနားထောင်ထားပေတော့…
ချစ်သမီးကိုအဘအမြဲစောင့်ရှောက်ပေးနေတာပါ…
အခုဒီကိစ္စလည်း ချစ်သမီးအတွက် အဘပြောမှဖြစ်မှာမို့
အဘကိုယ်တိုင်လာခဲ့ရတာပဲ…ချစ်သမီး…ဒီမိစ္ဆာဝင်နေတဲ့လူကို သာမာန်ရှင်းထုတ်လို့မရဘူး….ဒီမိစ္ဆာကို တုတ်၊ဓားလက်နက်ပြီးနေတယ်…ဒါပေမယ့် ချွင်းချက်ဆိုတာရှိသမြဲပဲသမီး…
ဒီမိစ္ဆာကို သတ်နိုင်မယ့်နည်းက ကြိုးကွင်းစွပ်သတ်တဲ့နည်းပဲ…
ကြိုးကိုလည်းသမီးကိုယ်တိုင်စီမံထားရလိမ့်မယ်…
ချစ်သမီးမနိုင်ရင် အဘကိုသာ တလိုက်အဘကူညီမယ်……..”
စကားသံသည်ပျောက်ကွယ်သွားလေသည်။
စကားသံပျောက်သွား၍ ဘွားမယ်စိန်မျက်စိပွင့်လာခဲ့သည်။ဘုရားကိုဦးချကန်တော့လိုက်ပြီးနောက်…
“ကျေးဇူးကြီးပါပေတယ်…ဆရာသခင်……”
ဟု…နှုတ်မှခပ်ဖွဖွလေးဆိုလိုက်လေသည်။
ကျေးဇူးရှင်ကြီးဟု ဘွားမယ်စိန်အမြဲမှတ်ယူထားသူ
သူ့အား လမ်းပြပေးခဲ့သူကို ဘွားမယ်စိန် သတိရနေမိသည်။
ယခုလည်း မောင်တိုးတို့အားခေါ်ယူပြီး…
“မောင်ရင်တို့…ဘွားကို ကြိုးတစ်ခုရှာပေးကွယ်…
လူတစ်ယောက်ကိုကောင်းကောင်း သတ်ပစ်လို့ရတဲ့ကြိုးပေါ့….”
“ဗျာ…..”
မောင်တိုးတို့အံ့သြသင့်ကုန်ကြသည်။
“မအံ့သြကြပါနဲ့ဦး…. ဘွားပြောတာသာအရင်ရှာပေးကြကွယ်”
“ဟုတ်ကဲ့…ဘွား…။ကျုပ်တို့ရှာပေးပါ့မယ်…..”
ထို့နောက် ဘွားမယ်စိန်ရှာခိုင်းသောကြိုးအား
ဦးကုလားအကူအညီဖြင့် မောင်တိုးတို့ရခဲ့လေသည်။
ထိုကြိုးရသည်နှင့်ဘွားမယ်စိန်သည်
ဘုရားခန်းမှမထွက်တော့ပေ။
ဦးကုလားတို့သည်လည်းရွာထဲ၌
တိုးတိုးတိတ်တိတ်ဖြင့်လူများကို စည်းရုံးထားကြသည်။
ညရောက်လျှင်အားလုံးကို ကလေးများဆော့ကစားသော ကွင်းပြင်၌သာ နေစေ၏။
ညမှောင်တာနှင့် မီးဖိုကြီးလေးလုံးကို
ဦးကုလားတို့က ထိုကွင်းပြင်၌ ဖိုထားလေသည်။
လူများသည်လည်းစုံသလောက်ရှိနေ၏။
ထိုကွင်းပြင်၏ဘေးတွင်တော့ အရိပ်ရသော ထနောင်းပင်ကြီးတစ်ပင်ရှိ၏။
ထိုအပင်ကြီးသည် ရွာ၌အကြီးဆုံးဟုဆိုရပေမည်။
စုရုံးနေသော လူများအတွင်း
ဘမှန်၏မိဘများလည်းပါရှိလေသည်။
သားဖြစ်သူအတွက် ယူကျုံးမရကြသော်လည်း
သားဖြစ်သူမသိလေအောင် လာရောက်ခဲ့ကြသည်။
ဘွားမယ်စိန်သည်သူ၏တောင်ဝှေးကြီးကိုထောက်ကာ
တစ်လှမ်းခြင်းရောက်လာခဲ့သည်။
သူ၏ ဘေး၌ မောင်တိုး…မောင်အုန်း…ဦးကုလားတို့ပါရှိ၏။
မောင်တိုးလက်အတွင်း၌ ဘွားမယ်စိန်စီရင်ထားသော
ကြိုးခွေကြီးကအသင့်ပါလေသည်။
ဘွားမယ်စိန်ကို အားလုံးကို ကြည့်နေကြသည်။
“ကဲ…ထိုင်ကြဦး…ဒါ ငါပြောတဲ့
ဒီရွာကိုကယ်တင်ပေးမယ့်ဘွားပဲ….”
ဦးကုလားစကားကြောင့် အားလုံးငုပ်တုတ်ထိုင်ကုန်ကြသည်။
ဘွားမယ်စိန်က…
“အားလုံးကိုဘွားဘက်ကမှာချင်တာ…
ဘွားစကားကိုနားထောင်ဖို့ပါပဲ…
တစ်ဦးကစပြီးနားမထောင်ရင်ဘွားတို့အစီအရင်ကြီး
ပျက်ကုန်လိမ့်မယ်…ဒီလိုဆိုရင်တော့ဘွားမှမဟုတ်ဘူး…
ဘယ်သူမှဒီရွာကိုကယ်နိုင်မယ်မထင်ဘူး”
“ကျုပ်တို့နားထောင်ပါ့မယ်ဘွား…….”
“ဟုတ်တယ်…ကျုပ်တို့နားထောင်ပါ့မယ်…
ကျုပ်တို့ရွာကိုကယ်ပေးပါ”
ရွာသူ၊ရွာသားတို့ထံမှ စကားသံများထွက်လာခဲ့သည်။
ထိုသူတို့၏စကားကြောင့် ဘွားမယ်စိန်ခေါင်းလေးကိုညိတ်၍…
“ကောင်းပြီ…….ဒါဆိုရင်…ဘွားပြောမယ်….။တကယ်တော့…
မောင်ရင်တို့ရွာမှာရင်ဆိုင်နေရတာက
လူသားစားသူလို့ခေါ်တဲ့ပေါရိသာရမှော်အောင်သူကြောင့်ပဲ…
ဒါပေမယ့် ဆရာပညာမပြည့်ဝဘဲစီမံတဲ့မှော်ကြောင့်ကော
အဆောင်တွေပျက်စီးတာတွေကြောင့်ပါ…
သူ့မှာ လူစိတ်ကပျောက်ပျောက်သွားခဲ့ရတယ်…
လူစိတ်ပျောက်ပြီးမှော်စိတ်တွေဝင်ပြီး မောင်ရင်တို့ရွာကလူတွေကိုဝင်ဆွဲတာပေါ့…ဒီတော့…ဒီညဖြစ်လာမယ့်အရာတွေကမရိုးရှင်းဘူးခက်ခဲလိမ့်မယ်…ဒါပေမယ့်အားလုံးကတစ်ခုပဲဘွားကိုကူညီရလိမ့်မယ်…..”
“ဘာများလဲ”
“ပြောပါ…ကျုပ်တို့ကူညီပါ့မယ်…..”
ဘွားမယ်စိန်ကိုကူညီပေးဖို့အားလုံးက တက်ကြွနေကြသည်။
“ကူညီရမှာက ဘွားအနေနဲ့အားလုံးကိုစည်းတစ်ခု
ဝိုင်းပေးထားမယ်…ဒါကအားလုံး လုံခြုံအောင်ပေါ့လေ….။
ဒီအတွက်လည်းအားလုံးက
ဒီလူသားစားကောင်ကို
ဘွားဘက်က မရှင်းထုတ်နိုင်သေးသ၍
ဒီစည်းဝိုင်းထဲမှာနေပေးကြဖို့ပဲ။
တစ်ဦးကစည်းဖောက်ရင်အားလုံးဒုက္ခရောက်မှာမို့
ဘွားပြောတာကိုသေချာလေး လိုက်နာပေးကြပါ”
“ဟုတ်ကဲ့…ကျုပ်တို့နားထောင်ပါ့မယ်…”
“စိတ်ချပါ…ကျုပ်တို့ဒါလေးလောက်တော့ဘွားကိုကူညီမှာပါ”
အားလုံး၏အဖြေအားဘွားမယ်စိန်ကျေနပ်သွားတော့သည်။
ညကလည်းနက်တော့မည်မို့ အားလုံးကို သေချာစုရုန်းစေပြီး
စည်းဝိုင်းကျယ်ကြီးတစ်ခုကို သူ၏တောင်ဝှေးဖြင့် ဆွဲပေးတော့လေသည်။
ပြီးနောက်မောင်တိုးဆီမှ ကြိုးခွေအား
သူ၏ကျော၌လွယ်ထားတော့သည်။
မီးဖိုကြီးများကလည်း အလင်းတော်တော်ပေး၏။
စည်းဝိုင်းအတွင်းထိုင်နေကြသူများကလည်း စိတ်လှုပ်ရှားနေကြသည်။
ဘွားမယ်စိန်သည်က
သူ၏တောင်ဝှေးကြီးကိုမြေ၌ထောက်ထားပြီး
စည်းပြင်၌ ထိုင်ခုံတစ်လုံးဖြင့်ထိုင်နေခဲ့လေသည်။
“အူးးးး…….ဝူးးးးးးးးးးးးးးး…………..”
ခွေးအူသံရှည်ကြီးထွက်ပေါ်လာလေသည်။
ခွေးအူသံတိတ်ဆိတ်သွားချိန်၌ ပတ်ဝန်းကျင်သည်လည်းတိတ်ဆိတ်၍သွား၏။
ထိုစဥျ…
“တောက်………..”
တောက်ခေါက်သံကျယ်ကြီးသည် ထွက်ပေါ်လာခဲ့သည်။
ဘွားမယ်စိန်သည်လည်း အသံကြောင့် ထိုင်ခုံမှထလိုက်၏။
စည်းဝိုင်းအတွင်းရှိလူတွေမှာလည်း မျက်လုံးအပြူးသားဖြင့်
ဘေးဘယ်ညာကိုစူးစမ်းနေကြသည်။
“ဟားးးး……ဟားးး……ဟားးးးးးးးး…..
ဟားးး……ဟားးးးးးး….”
လူမမြင်ရဘဲ ထွက်ပေါ်လာသော ရယ်သံကျယ်ကြီးကြောင့်
ဘွားမယ်စိန်မျက်မှောင်ကျုံ့လိုက်သည်။
“ဟဲ့…အကောင်….။လူမမြင်အောင် ပုန်းနေတာဆိုတော့
နင်တော်တော်သတ္တိနည်းတဲ့အကောင်ပဲ………”
ဟု…စကားနာထိုးလိုက်သောအခါ
ရယ်သံသည်ပျောက်ကွယ်သွား၏။
“တောက်………..”
“ဝုန်း……”
“ဘုန်း…….”
ဘွားမယ်စိန်စကားကြောင့်
တောက်ခေါက်သံကျယ်ကြီးထွက်လာပြန်၏။
ပြီးနောက် လူတစ်ယောက်သည် ဘွားမယ်စိန်ရှိရာသို့
အားပြင်းပြင်းခုန်ပျံလာခဲ့လေသည်။
ဘွားမယ်စိန်လည်းမိမိမထိခိုက်မိအောင်
ဘေးသို့ရှောင်လိုက်ရ၏။
“ဟာ…ဘမှန်ပဲ”
“အေး…ဘမှန်ကြီးပဲဟ…….”
မီးအလင်းဖြင့်မြင်လိုက်ရသောသူကိုစည်းဝိုင်းထဲမှလူများ
အံ့သြကုန်ကြသည်။
“ဟား……လူသားစားမယ်…လူသားစားရမယ်…….”
မျက်လုံးကြီးများကနီနေ၏။
စည်းဝိုင်းအတွင်းမှလူများကိုကြည့်ကာ အသံနက်ကြီးဖြင့်အော်ဟစ်လေသည်။
“အမလေးးး…….”
“ကြောက်စရာကြီးပါလား…….”
စည်းဝိုင်းအနီးသို့တိုးကပ်လာသော ဘမှန်ကို ဘွားမယ်စိန်ကသူ၏တောင်ဝှေးဖြင့် ဘမှန်၏ရင်ဘက်အား အသားကုန်ရိုက်ချလိုက်သည်။
“ဘုန်းးးးး……….”
ဘမှန်သည် ဘွားမယ်စိန်၏တောင်ဝှေးကြောင့်
အနောက်သို့ လွှင့်စင်သွားပါသော်လည်း
ပြန်လည်ကုန်းထလာခဲ့၏။
ကုန်းထလာပြီးနောက်
ဘွားမယ်စိန်ကိုကြောက်မက်ဖွယ်အသွင်ဖြင့်
စိုက်ကြည့်ပြီး
ဘွားမယ်စိန်ထံသို့ပြေးဝင်လာတော့၏။
ထိုသို့ပြေးဝင်လာရင်းနှင့်ပင် ဘမှန်ပျောက်ကွယ်သွားသည်။
ဘမှန်ပျောက်ကွယ်သွား၍ ဘွားမယ်စိန်တောင်ဝှေးကိုစုပ်ကိုင်ရင်း မျက်လုံးများဝှေ့ကာရှာရ၏။
ထိုသို့ရှာနေရင်း သူ၏နောက်ပါးမှ လျှပ်တပြတ်မြင်လိုက်ရသည်မို့….
“ဘုန်း………”
“ဝုန်း…..”
ဘမှန်ကိုတောင်ဝှေးဖြင့် ရိုက်ချလိုက်ပြန်ရာ ဘမှန်လွှင့်စင်သွားပြန်သည်။
“အားးးးးးးးးးးးးးးးး………..”
လဲကျနေရမှာကုန်းထရင်း
ဘမှန်ဒေါသတကြီးဖြင့် အော်ဟစ်လေသည်။
ဒီတစ်ခါ၌ ဘွားမယ်စိန်ထံသို့တန်းမှန်စွာလာပြီး
ဝင်ရောက်တိုက်ခိုက်တော့သည်။
အရိုင်းဆန်လှသော ဘမှန်၏တိုက်ခိုက်မှုကို ဘွားမယ်စိန်ပြန်လည်ခုခံရ၏။
ထိုသို့ခုခံရင်း.ဘမှန်၏ခေါင်းအား
တောင်ဝှေးဖြင့် ရိုက်ချလိုက်ရသည်။
တောင်ဝှေးနှင့်ထိမိလျှင်ဘမှန်အတော်အထိနာရ၏။
ယခုလည်းခေါင်းကိုထိခိုက်မိ၍
အတော်ခေါင်းမထောင်နိုင်ဖြစ်နေလေသည်။
ထိုအချိန်ကိုအခွင့်ယူပြီး ဘွားမယ်စိန်သည်…
“ကျေးဇူးရှင်ကြီးကျွန်မကို ကူညီပေးပါ……..”
ဟု ပြောပြီး သူ၏ကြိုးခွေလိပ်အားလက်၌ကိုင်၍
ထနောင်းပင်ကြီးဆီသို့ပြေးသွားလေသည်။
ဘွားမယ်စိန်သည် ပေါ့ပါးသွက်လက်နေခဲ့၏။
ထနောင်းပင်ကြီးကိုခုန်တွယ်တက်ပြီးနောက်
တုတ်ခိုင်လှသော အကိုင်းကြီး၌ ကြိုးခွေဖြည်ချလိုက်ပြီးနောက်
ကြိုးစနှစ်ဖက်ကို အောက်သို့တွဲလဲချထားလေသည်။
ထိုကြိုးစနှစ်ဖက်အနက်တစ်ဖက်ကိုလက်အတွင်း
ယူခဲ့ပြီးနောက်ဘမှန်ထံသို့ပြေးဝင်၍လည်ပင်းကိုကြိုးဖြင့်ဆွဲလိုက်တော့သည်။
ပြီးနောက် ကျန်ကြိုးစတစ်ဖက်ကို ခုန်ဆွဲယူလိုက်သောအခါ
ဘမှန်သည် လည်ပင်း၌
ကြိုးတန်းလန်းကြီးဖြင့်ပါသွားခဲ့လေသည်။
(ကြိုးတစ်ဖက်ကိုဘွားမယ်စိန်ကခုန်ဆွဲထားပြီးတစ်ဖက်ကြိုးကွင်းက ဘမှန်၏လည်ပင်း၌ရှိနေခြင်းဖြစ်၏)
ဘွားမယ်စိန်၏ကြိုးကွင်းကိုဖယ်ဖို့၍
ဘမှန်အတင်းရုန်းကန်နေခဲ့သည်။
“အင်းး…..အားးး……..”
သို့သော် ဘွားမယ်စိန်စီရင်ထားသောကြိုးကွင်းကို
မဖယ်ရှားနိုင်ပေ။
ဘွားမယ်စိန်သည်လည်းကြိုးကို
အားကုန်ဆွဲကာ ထနောင်းပင်၏ပင်စည်၌
ချည်နှောင်လိုက်တော့၏။
နောက်ဆုံး၌
သစ်ပင်ထက်၌ကြိုးတန်းလန်းဖြင့်ဘမှန်တစ်ယောက်
မျက်ဖြူစိုက်နေတော့သည်။
ထိုသို့ရုန်းကန်နေရင်းမှာပင်
ဘမှန်ငြိမ်သက်သွားတော့လေသည်။
ငြိမ်သက်သွားသောဘမှန်၏အလောင်းအား ဘွားမယ်စိန်သည်
ချက်ချင်းပင် မီးတုတ်ကိုသွားယူပြီးနောက်
မီးဖြင့်ရှို့ပစ်လိုက်တော့သည်။
ဘွားမယ်စိန်သည် မီးတောက်လောင်နေသော
ဘမှန်၏ကိုယ်ကြီးအားတောင်ဝှေးကို
ထောက်၍စိုက်ကြည့်နေခဲ့သည်။
စည်းဝိုင်းအတွင်းမှလူများသည်လည်း
ငေးမောကာကြည့်နေခဲ့ကြ၏။
ဘွားမယ်စိန်နှင့်ဘမှန်တို့၏ တိုက်ပွဲ ပြီးချိန်၌
လင်းကြက်ပင်တွန်နေလေပြီဖြစ်သည်။
မီးများတောက်လောင်နေရင်းမှကြိုးစပျက်၍
ပြုတ်ကျလာသော ဘမှန်၏ မီးကျွမ်းခန္ဓာကိုယ်သည်
မြေပေါ်၌ ငြိမ်သက်နေခဲ့လေသည်။
“အမလေး….သားရဲ့….မင်းဘယ်လိုဖြစ်ရတာလဲ….
အီးးးးဟီးးးးးဟီးးးးးးးး”
ဘမှန်၏မိဘများသည် သား၏အလောင်းကိုကြည့်ကာ
ငိုကြွေးနေကြသည်။
သနားကြပါသော်လည်း
ဘမှန်ကြောင့်မိမိတို့မိသားစုများကို
ဆုံးရှုံးထားရသူများဖြစ်၍ မည်သူမှ မနှစ်သိမ့်ပေးကြ။
“ကဲ…အားလုံးစည်းပြင်ထွက်လို့ရပြီ….မောင်ကုလား”
“ဗျာ…ဘွား……”
“ဘမှန်ရဲအလောင်းကို သေချာမြုပ်ပေးလိုက်…နောက်ပြီး
ရွာအနီးအနားကိုရှာကြည့်ပါဦး…ဘမှန်သတ်စားတဲ့လူတွေရဲ့အရိုးတွေကိုတွေ့လို့တွေ့ငြား”
“ဟုတ်ကဲ့ဘွား…ကျုပ်တို့ ရှာပါ့မယ်….”
“အေး…အေး….”
ဦးကုလားတို့အဖွဲ့ ဘမှန်၏မီးကျွမ်းနေသောအလောင်းကိုမြုပ်ဖို့ပြင်သည်။
ပြီးနောက် ဘွားမယ်စိန်ပြောသော အရိုးစုများတွေ့လို့တွေ့ငြားရှာဖွေကြ၏။
ဘွားမယ်စိန်ကတော့ ရွာရှိအိမ်များအား ပရိတ်ရေများ…ပရိတ်သဲများ ဖြန်းပေးကာ ရွာသန့်အောင်လုပ်ပေးရှာသည်။
“ဘွား….ဘွား……..”
“ဟေ…တွေ့ပြီလား……….”
“ဟုတ်တယ်ဘွား….ရွာအနောက်ကချောက်ထဲမှာ
အရိုးတွေတွေ့တယ်…နည်းတာမဟုတ်ဘူးဗျ…….”
ဦးကုလားသည် အမောတကောဖြင့်ပြန်လာပြောလေသည်။
ဦးကုလားပြောသောနေရာဆီသို့ဘွားမယ်စိန်တို့လိုက်သွားလေသည်။
များပြားလှသောအရိုးစုများကြောင့် အားလုံးမှင်သက်နေကြသည်။
သတိရ၍ တစတစဆူညံ၍လာတော့သည်။
“ကဲ…အရိုးစုတွေကဘယ်သူဘယ်ဝါဆိုတာလည်း
မသိတော့ဘူးလေ…ဒါမို့ မီးရှို့ပြီးသာ
သဂြိုလ်ပေးလိုက်တော့ကွယ်”
ဘွားမယ်စိန်ပြောသည့်အတိုင်း ချောက်ထဲရှိ အရိုးစုများကို မီးရှို့လိုက်ကြတော့သည်။
လောင်ကျွမ်းနေသောအရိုးစုများအား ဘွားမယ်စိန်ငေးကြည့်ကာ သက်ပြင်းချနေရှာ၏။
“ကဲ…သံဃာတွေပင့်ပြီး တရားနာဖို့ပြင်…
ဒီရွာမှာမရှိရငိ အခြားရွာကသွားပင့်ကြ…။
ရွာလည်း သန့်သွားအောင် ပရိတ်လေးဘာလေးရွတ်ဖတ်ကြ
တာပေါ့ကွယ်……..”
ဘွားမယ်စိန်သည် ရွာ၏ကိစ္စအဝဝကိုပြီးဆုံးသည်ထိ ကူညီပေးရှာသည်။
တစ်ရွာလုံးကလည်းဘွားမယ်စိန်အပေါ်
အလွန်ကျေးဇူးတင်ကြ၏။
ဘွားမယ်စိန်အတွက်ဆိုကာ စားဖွယ်များကိုလည်း လာရောက်ပေးကြ၍ ဦးကုလား၏အိမ်၌ အစားအစာများလျှံပယ်နေတော့သည်။
ဘမှန်၏မိသားစုသည်ကတော့ရွာမှ
အပြီးတိုင်ပြောင်းရွေ့သွားကြလေသည်။
ထို့သို့ဖြင့် လူသားစားသူအကြောင်းလေးပြီးဆုံး၍သွားပါပြီ။
မှားယွင်းသည်ရှိသော ခွင့်လွှတ်ပေးကြပါ။
စာရေးသူ၏စိတ်ကူးပုံရိပ်သာဖြစ်ပါသည်။
ပြီးပါပြီ။
Zawgyi Version
“ဘြားမယ္စိန္ႏွင့္လူသားစားသူ”(စ/ဆုံး)
————————————————-
ယေန႔ ဘြားမယ္စိန္၏အိမ္ဝိုင္းအတြင္း
႐ြာမွလူမ်ား ဝိုင္းဖြဲ႕ေနၾကသည္။
ၿခံဝိုင္းအတြင္း ဖ်ာၾကမ္းမ်ားခင္းက်င္းထားၿပီး
စားပြဲဝိုင္းအပုေလးမ်ားကိုထားရွိထား၏။
ထိုစားပြဲဝိုင္းမ်ား၌ ထိုင္ေနၾကေသာ ႐ြာသူ၊႐ြာသားမ်ားအား ကာလသားအဖြဲ႕မ်ားက ၾကာဆံဟင္းခါးမ်ား
ျပင္ဆင္ကာခ်ေပးေနၾကေလသည္။
အမွန္မွာ ဘြားမယ္စိန္၏သမီးေဒၚဝင္းမွ
ၾကာဆံဟင္းခါးခ်က္၍ အလႉျပဳေနျခင္းပင္။
ဘြားမယ္စိန္မွာေတာ့ ကြပ္ပ်စ္၌ ေသာင္ထြန္း႐ြာသူႀကီးတို႔ျဖင့္
စကားက်ေနခဲ့ေလသည္။
စားသူကလည္းၿမိန္ရွက္စြာစားေနသကဲ့သို႔
ေဒၚဝင္းတို႔ နန္းႀကိဳင္ေလးတို႔သည္လည္း တၿပဳံးၿပဳံးျဖင့္ေက်နပ္ေနၾကရွာသည္။
စားေသာက္ၿပီး၍
အားလုံးျပန္သြားၾကခ်ိန္၌
ေသာင္ထြန္း႐ြာသူႀကီးဦးေနာင္ခ်ိဳ…ဦးဘစီ…ေမာင္တိုး…
ေမာင္အုန္းတို႔ သာက်န္ရစ္ခဲ့ၾကေလသည္။
ထိုအခ်ိန္၌…
“ဘြားေရ… က်ဳပ္ေျပာမယ္ ေျပာမယ္နဲ႔
မေျပာျဖစ္ဘူးျဖစ္ေနတယ္ဗ်”
ဟု…သူႀကီးဦးေနာင္ခ်ိဳက အစပ်ိဳးကာေျပာလိုက္ေလသည္။
“ဘာမ်ားတုန္း သူႀကီးရဲ႕…”
“ဒီလိုဗ်…က်ဳပ္ၾကားမိေနတဲ့သတင္းတစ္ခု….”
သူႀကီးဦးေနာင္ခ်ိဳ၏သတင္းဆိုတာကိုအားလုံး
စိတ္ဝင္စားကုန္ၾကသည္။
“သာယာကုန္းဆိုတာ က်ဳပ္တို႔ နဲ႔ေတာ့လွမ္းသားဗ်…
အခုေျပာခ်င္တာ အဲ့႐ြာမွာလူေတြမၾကာခဏေပ်ာက္ေပ်ာက္သြားတယ္ဆိုပဲ…ဒီသတင္းေၾကာင့္ က်ဳပ္တို႔႐ြာသူႀကီးေတြကို
ၿမိဳ႕က အစည္းအေဝးေခၚသတိေပးသဗ်ာ…”
“ေနပါဦးကြယ့္…လူေတြက ဘယ့္နဲ႔ေပ်ာက္သြားတာလဲ…”
“ေျပာရအခက္သားဗ်ာ…သာယာကုန္း႐ြာက အေတာ္စည္တဲ့႐ြာႀကီးဗ်…။အခု လူေတြေပ်ာက္တာကလည္း
႐ုတ္ခ်ည္းေပ်ာက္သြားၾကတာ…
ရွာတာလည္းမေတြ႕ သတင္းလည္းမၾကားဆိုေတာ့
လူေပ်ာက္မႈေပါ့ဗ်ာ…”
“အင္း…လူဘယ္နေယာက္ေလာက္ရွိၿပီတုန္း…
ေပ်ာက္ေနတာက”
“အစည္းအေဝးတုန္းကေတာ့
လူဆယ္ေယာက္ထက္မနည္းတဲ့ဗ်ာ…
ဒါကလည္းတစ္ပတ္အတြင္းတဲ့ေနာ္ဘြား”
“ဟင္…”
“ဟာ…”
“အမေလး…ဘယ့္နဲ႔လူေပ်ာက္မႈႀကီးတုန္း”
ဘြားမယ္စိန္ ႏွင့္သူႀကီးဦးေနာင္ခ်ိဳတို႔၏စကားဝိုင္း၌
က်န္လူမ်ားက ဝင္မေျပာၾကေပ။
သူႀကီးဦးေနာင္ခ်ိဳေျပာလိုက္ေသာစကားေၾကာင့္သာ
ဘြားမယ္စိန္မွလြဲ၍က်န္လူမ်ား အံ့ၾသသင့္ကုန္ၾကေတာ့သည္။
“သာယာကုန္း…သာယာကုန္းဆိုေတာ့
က်ဳပ္အဘရဲ႕ညီရွိတယ္ဗ် …အဲ့႐ြာမွာ……….”
ေမာင္အုန္းကဝင္ေျပာလိုက္ေလသည္။
“ခက္ေတာ့ခက္သားပါလား…
လူေတြ႐ုတ္တရက္ေပ်ာက္တယ္ဆိုေတာ့…
ဒီ႐ြာက က်န္တဲ့လူေတြလည္း စိတ္ေအးေအးနဲ႔
ေနၾကရမယ္မထင္ပါဘူးကြယ္…
အင္း…
ဘုရားကိုးကြယ္…တရားကိုးကြယ္…
သံဃာကိုးကြယ္ပါသည္
လူေတြ ေဘးရန္ကင္းၾကပါေစ….”
ဘြားမယ္စိန္က စိတ္မေကာင္းစြာေျပာလိုက္ေသာအခါ
သူႀကီးတို႔တေတြေခါင္းေလးေတြညိတ့္ကာ
သက္ျပင္းခ်ေနၾကေတာ့၏။
ခဏမွ်ၿငိမ္သြားၾကၿပီး……
“ဘြား…သာယာကုန္း႐ြာကိုသြားခ်င္တယ္ဆိုရင္
ေမာင္ရင္တို႔လိုက္ပို႔ေပးႏိုင္မလား”
“ဗ်ာ….”
“ဟင္…”
တိတ္ဆိတ္ေနမႈကိုၿဖိဳခြင္းကာ ေမးလိုက္ေသာ
ဘြားမယ္စိန္၏အေမးေၾကာင့္ အားလုံး အံ့ၾသသြားၾကရသည္။
သို႔ေသာ္ မေျဖၾကေသးဘဲ ဘြားမယ္စိန္ကိုသာၾကည့္ေနခဲ့ၾက၏။
တည္ၿငိမ္ေသာမ်က္ႏွာထားပိုင္ရွင္ဘြားမယ္စိန္သည္…
“သာယာကုန္း႐ြာလို႔ဘြားေတြးလိုက္မိရင္
ဘြားစိတ္ထဲမွာ မသိုးမသန႔္အရာတစ္ခုခုကိုခံစားမိတယ္…
ဒီ႐ြာကိုလည္းဘြားစိတ္က
သြားကိုသြားရမယ္ဆိုတာမ်ိဳးႀကီးက
ႀကီးစိုးလာျပန္တယ္ကြယ္…
ဒီေတာ့ ေဟာသည္က
သူႀကီးတို႔တေတြ ဘယ္လိုလုပ္ေပးႏိုင္ၾကမလဲသာ
ဘြားကိုေျပာၾကေပေတာ့”
“က်ဳပ္ကေတာ့ ဘြားသေဘာထားအတိုင္းပါပဲ….
ဘြားက ဒါလုပ္ခ်င္တယ္ဆို က်ဳပ္တို႔လုပ္ေပးဖို႔အသင့္ပါပဲဗ်ာ…
တစ္ခုပဲဗ်…ဘြားထိခိုက္မွာကိုေတာ့ က်ဳပ္တို႔စိုးရိမ္တယ္…”
“သူႀကီးေျပာတာဟုတ္တယ္ဗ်…
က်ဳပ္တို႔ကဘြားအတြက္ပဲစိတ္ပူမိတာ…”
“က်ဳပ္နဲ႔ေမာင္တိုးကေတာ့
ဘြားေနာက္ကအသင့္လိုက္ပါေနမွာပဲဗ်ာ…။
က်ဳပ္တို႔ကိုမေမးေလနဲ႔…ဘြားသြားရင္လိုက္မွာပဲဗ်ိဳ႕…”
အားလုံး၏အေျဖကိုဘြားမယ္စိန္ေက်နပ္သြားၿပီး
မ်က္ႏွာထက္အၿပဳံးမ်ားေဝေနခဲ့သည္။
ထိုသို႔ျဖင့္ ဆက္လက္တိုင္ပင္၍ သာယာကုန္း႐ြာသို႔
ခရီးစတင္ၾကေပေတာ့မည္။
ထိုခရီး၌ ေမာင္အုန္း…ေမာင္တိုးတို႔သာ လိုက္ပါၾကမည္ျဖစ္သည္။
သူႀကီးဦးေနာင္ခ်ိဳတို႔ကိုေတာ့ ႐ြာ၌သာခ်န္ထားရစ္ခဲ့၏။
ခရီးစဥ္သည္က မနက္ျဖန္သာျဖစ္ေပသည္။
စိတ္ျမန္လွေသာ ဘြားမယ္စိန္သည္
တစ္ရက္၊ႏွစ္ရက္ပင္အခ်ိန္မဆြဲခ်င္ခဲ့ေပ။
ထို႔ေၾကာင့္
ခရီးကိုအလ်င္စလိုပင္ထြက္လာခဲ့ၾကရသည္။
လွည္းျဖင့္မနက္ေဝလီေဝလင္းအခ်ိန္၌
႐ြာမွထြက္လာခဲ့ၾကသည္။
ေမာင္တိုးသည္ ႏြားလွည္းကိုေမာင္းႏွင္ၿပီး
ဘြားမယ္စိန္သည္
လွည္းအလယ္၌ထိုင္၍လွည္းလက္ရန္းကို
ကိုင္ထားေလသည္။
ေမာင္အုန္းမွာေတာ့လွည္းေနာက္ပိုင္းတြင္ထိုင္ေနခဲ့ေလသည္။
အေတာ္ေလးၾကာေသာအခါ
လွည္းေမာင္းႏွင္ေနရင္းမွေမာင္တိုးသည္…
“ဘြား…ဘြားကိုေလ က်ဳပ္သိခ်င္တာေမးလို႔ရမလား”
ဟု…ေျပာေသာအခါ ဘြားမယ္စိန္မွ…
“ဘာမ်ားတုန္းေမာင္ရင္ရဲ႕…ေမးေလကြယ္…”
ဘြားမယ္စိန္ထံမွေမးခြင့္ရေသာအခါ
ေမာင္တိုး မ်က္ႏွာထားၿပဳံးၿပဳံးျဖင့္…
“ဟိုေလ…ဟို…က်ဳပ္က…က်ဳပ္က…
ဘြားရဲ႕ေတာင္ေဝွးႀကီးအေၾကာင္းကိုသိခ်င္တာဗ်”
“ေဟ…ေတာင္ေဝွးအေၾကာင္းဟုတ္သလား…”
“ဟုတ္…က်ဳပ္သိခ်င္လို႔ပါ…
ဘြား ေျပာလို႔မရရင္ေတာ့ျဖင့္
က်ဳပ္မသိခ်င္ေတာ့ပါဘူး ဘြားရယ္”
“ဘြား ေျပာျပမွာပါ…တကယ္ေတာ့
ေမာင္ရင္ေမးလိုက္ေတာ့ ဘြားစိတ္ထဲ
အဲ့သည္အေၾကာင္းကိုသတိရမိသြားတယ္ကြယ္”
“ဘာအေၾကာင္းမ်ားလဲဗ်…
ဟဲ့…ႏြား လမ္းအတိုင္းသြားေလ…
တယ္ ငါတြယ္လိုက္ရ….ေတာက္…..”
ေမာင္တိုး ႏြားကို ဟန႔္လိုက္သည္။
ဘြားမယ္စိန္ကလည္း ေမာင္တိုးသိခ်င္ေန၍
“အင္း…အဲ့သည္တုန္းက…ဘြားရဲ႕ဆရာျဖစ္တဲ့
ဘြားသစ္ေသၿပီးစေပါ့ေလ…ဆရာျဖစ္တဲ့သူက
ဘြားေရွ႕မွာ မခ်ိမဆန႔္ခံစားၿပီးေသသြားေတာ့
ဘြားအရမ္းေၾကာက္မိသြားတာ
ေၾကာက္လို႔ေျပးမိေျပးရာထြက္ေျပးလာရင္း
ေစတီတစ္ဆူဆီဘြားေရာက္သြားတာေပါ့ကြယ္…
အဲ့သည္မွာ…………”
*******************
မယ္စိန္ဘုရားေရွ႕၌ ဒူးေထာက္ရင္း
မ်က္ႏွာကိုလက္ျဖင့္အုပ္ကာ ရႈိက္ငယ္တႀကီး ငိုေနခဲ့သည္။
“အရွင္ဘုရား…တပည့္ေတာ္ရဲ႕ပညာေတြကို တပည့္ေတာ္
ေၾကာက္လွပါရဲ႕ဘုရား….အဟင့္…..”
ဆရာျဖစ္သူေသဆုံးေသာပုံစံျမင္ကြင္းသည္ မယ္စိန္မ်က္လုံးအတြင္းမွမထြက္ခဲ့ေပ။
ထိုေၾကာင့္ မယ္စိန္မိမိတတ္ေျမာက္ထားေသာေအာက္လမ္းပညာအတတ္အား အသုံးခ်ဖို႔ရန္ထိတ္လန႔္ေနခဲ့ေလသည္။
ထိုအခ်ိန္၌…
“ခ်စ္သမီး…”
“ဟင္…အဘ…အဘက ဘယ္သူလဲ”
ေနာက္ပါးဆီမွေခၚသံေၾကာင့္ မယ္စိန္ငိုေနရင္းျဖင့္
ေနာက္သို႔လွည့္ကာၾကည့္လိုက္ေလသည္။
မယ္စိန္ျမင္လိုက္ရသည္က ဝတ္ျဖဴစင္ၾကယ္ျဖင့္
အဘိုးအိုတစ္ဦးျဖစ္ေနခဲ့သည္။
ထိုအဘိုးအို၏ အသားအရည္မ်ားမွာ
အသက္အ႐ြယ္ႏွင့္မတူညီစြာ ဝင္းစိုသန္မာေနသည္။
ႏႈတ္ခမ္းေမြးျဖဴႀကီးမ်ား…
ဆံပင္အျဖဴမ်ားအား ေသာင္ထုံးျဖင့္ေသသပ္စြာ ထုံးဖြဲ႕ထားၿပီး
တည္ၾကည္ေအးခ်မ္းေသာ မ်က္ႏွာထား…
ႏႈတ္မွထြက္ေသာ အသံသည္ကအစ
ေအးခ်မ္းမႈေပးေနသကဲ့သို႔ရွိေသာ
ထိုပုဂၢိဳလ္အား မယ္စိန္ေငးၾကည့္ေနမိျပန္သည္။
ထိုအခါထပ္မံ၍…
“ခ်စ္သမီး……..”
“ရွင္….အဘ…….”
“ပူေလာင္ေနၿပီလား….”
“ရွင္……”
“ခ်စ္သမီးရဲ႕ဘဝကအလြန္မြန္ျမတ္လိမ့္မယ္ကြဲ႕”
“ရွင္…ဘယ္လို မြန္ျမတ္တာလဲ…ၿပီးေတာ့
အဘက ဘယ္သူလဲကြၽန္မကိုသိလို႔လား……..”
“အဘက အထက္လမ္းဆရာတစ္ေယာက္ပါ…ခ်စ္သမီးကို
ေဟာသည္ ေတာင္ေဝွးေလးလက္ေဆာင္ေပးခ်င္လို႔…
ခ်စ္သမီးလက္ခံေပးပါ”
“အို…ကြၽန္မ….ကြၽန္မက………….”
“လက္ခံေပးပါ ခ်စ္သမီး…။ဒီေတာင္ေဝွးက
ခ်စ္သမီးဘဝတစ္ေလ်ာက္လုံး လူေတြကိုကူညီတဲ့ေနရာမွာ
အသုံးဝင္လာလိမ့္မယ္…ခ်စ္သမီးရဲ႕ ဘဝဆိုးကို ေမ့ပစ္ၿပီး
ဘုရား…တရား…သံဃာကို ကိုးကြယ္ဆည္းကပ္ေပေတာ့…
ဒါဆိုရင္ျဖင့္ ခ်စ္သမီးရဲ႕ဘဝေအးခ်မ္းၿပီ ခ်စ္သမီး…”
“ေအးခ်မ္းမယ္….ကြၽန္မေအးခ်မ္းမယ္ ဟုတ္လား အဘ…”
“ဒါေပါ့ကြယ္…ဒါေပါ့…ခ်စ္သမီးဘဝေအးခ်မ္းေတာ့မွာပါ…
ခ်စ္သမီးစိတ္ထားအရမ္းလွတယ္ ခ်စ္သမီး….ဒီေတာ့ အဘေျပာသလိုပဲ…ခ်စ္သမီးတတ္ေျမာက္မႈေတြကို ေကာင္းတဲ့ဘက္ကိုသြား…ဒါဆို ခ်စ္သမီးရဲ႕
ပညာေတြပိုထက္လာေပလိမ့္မယ္…”
“ကြၽန္မ…ကြၽန္မ ေအးခ်မ္းခ်င္တယ္ အဘ…ကြၽန္မ အဘေျပာသလိုေနထိုင္ခ်င္ပါတယ္…ကြၽန္မဘဝႀကီးကိုဘြားသစ္လို အဆုံးမသတ္ပါရေစနဲ႔….”
“ဒါေပါ့ကြယ္…ကဲ…ေရာ့…. ေရာ့…
ေဟာသည္ေတာင္ေဝွးကိုယူထားလိုက္ေပေတာ့…
အဘလည္းအခ်ိန္မရွိေပဘူး…ဒီေတာ့
ဘုရားကို ဦးသုံးႀကိမ္ခ်ခ်စ္သမီး…ခ်စ္သမီးရဲ႕
ပညာေတြကိုလူေတြေကာင္းက်ိဴးအတြက္သုံးပါေတာ့မယ္လို႔တိုင္တယ္ၿပီးေတာ့ ေျပာၾကားလိုက္ေပဦး…”
“ဟုတ္ကဲ့အဘ…….”
မယ္စိန္ေတာင္ေဝွးကိုလက္ကမ္းယူလိုက္ေလသည္။
ၿပီးေနာက္ ဘုရား၌ဦးသုံးႀကိမ္ခ်၍
ထိုပုဂၢိဳလ္ေျပာၾကားသကဲ့သို႔….
“တပည့္ေတာ္ရဲ႕ပညာေတြကိုလူေတြေကာင္းက်ိဳးအတြက္
သုံးပါေတာ့မယ္ဘုရား….
တပည့္ေတာ္ကိုယ္တိုင္သစၥာျပဳပါတယ္…။ဘုရား…တရား…သံဃာအေပၚ တပည့္ေတာ္႐ိုေသကိုင္းရႈိင္းၿပီး
လူ႔ဘဝမွာေအးခ်မ္းေအာင္ေနထိုင္ပါေတာ့မယ္ဘုရား”
ဟု…ေျပာရင္း ဦးသုံးႀကိမ္ခ်လိုက္ေတာ့သည္။
ဘုရားကိုဝတ္ျပဳၿပီးေနာက္
အေစာကပုဂၢိဳလ္ရွိရာသို႔ျပန္လွည့္ၾကည့္လိုက္ေသာအခါ…
“အဘ…….ဟင္….ဘယ္ေရာက္သြားတာလဲ”
အဘကိုမေတြ႕ေတာ့ေပ။
ထိုအခါမယ္စိန္သည္ သူေပးခဲ့ေသာ ေတာင္ေဝွးႀကီးကိုယူၿပီး
လိုက္လံရွာေဖြေလသည္။
သို႔ေသာ္ အဘဟု သူေခၚခဲ့ေသာ
ထိုပုဂၢိဳလ္၏အရိပ္အေယာင္ကိုမွ် မယ္စိန္မျမင္ရေတာ့ေပ။
*************************
“ဟင္…ဒါဆို ဘြားက အဲ့သည္အဘကို
လုံးဝရွာမေတြ႕ေတာ့တာေပါ့ေလ…”
စိတ္ဝင္တစားနားေထာင္ေနေသာ
ေမာင္အုန္းကေမးေလသည္။
ဘြားမယ္စိန္သည္ေခါင္းညိတ္ၿပီး…
“ဟုတ္တယ္ေမာင္ရင္…ဘြားရဲ႕ေက်းဇူးရွင္ႀကီးေပါ့ေလ…
ေက်းဇူးရွင္ႀကီးေၾကာင့္သာ ဘြားဘဝေအးခ်မ္းခဲ့တာ…
ဒါေၾကာင့္လည္းအခုလို လူေတြကိုကူညီႏိုင္ခဲ့တာေပါ့ကြယ္….”
ဘြားမယ္စိန္သည္ေတြးေတြးစစျဖင့္ေျပာလိုက္ေလသည္။
ေမာင္တိုးႏွင့္ေမာင္အုန္းသည္လည္း
ေခါင္းေလးတညိတ္ညိတ္ျဖင့္
လွည္းလမ္းေၾကာင္းကိုေငးေမာေနခဲ့ၾကေတာ့သည္။
ဘြားမယ္စိန္တို႔လိုက္ပါလာေသာ
ႏြားလွည္းေလးသည္လွည္းလမ္းေၾကာင္းအတိုင္း
တရိပ္ရိပ္သြားလာေနခဲ့၏။
“ဘြားေရ…က်ဳပ္တို႔အေရွ႕က႐ြာေရာက္ရင္ ခဏလွည္းနားရေအာင္ဗ်ာ…မနက္ကတည္းကေတာက္ေလ်ာက္ေမာင္းလာ
ရတာဆိုေတာ့ႏြားေတြခဏအနားေပးရေအာင္လို႔ေလ”
ေမာင္တိုးသည္ ဘြားမယ္စိန္အားေျပာလိုက္ေလသည္။
ေနျမင့္ၿပီမို႔ ဝါးခေမာက္မ်ားကိုအပူဒဏ္သက္သာေစဖို႔
ဘြားမယ္စိန္တို႔သုံးေယာက္ ေခါင္း၌
ကိုယ္စီေဆာင္းထားခဲ့ၾကသည္။
ေမာင္တိုး၏စကားကို ဘြားမယ္စိန္က….
“ေအးကြယ္…နားၾကတာေပါ့…
ဒါနဲ႔ ဘြားတို႔နားစရာအိမ္ရွိလို႔လားေမာင္တိုးရဲ႕…
ေမာင္ရင့္အသိမိတ္ေဆြရွိသလား အဲ့သည္႐ြာမွာ…”
“ရွိတယ္ဗ်…က်ဳပ္သူငယ္ခ်င္းတစ္ေယာက္အိမ္ရွိတယ္
ဘြားရဲ႕…ဒါမို႔ နားဖို႔က်ဳပ္ေျပာတာေပါ့”
“ေအး…ေအး…။ဒါျဖင့္နားၾကတာေပါ့ကြယ္………”
ဘြားမယ္စိန္သေဘာတူလိုက္၍
ေမာင္တိုးသည္ သူ၏သူငယ္ခ်င္းျဖစ္သူအိမ္ထံသို႔
လွည္းအားေမာင္းႏွင္လာခဲ့ေတာ့သည္။
“ဟဲ့ႏြား….စည္း႐ိုးနဲ႔တိုက္ေတာ့မယ္ ဘယ့္နဲ႔သြားေနတာလဲ”
ေမာင္တိုးသည္ ႏြားကိုေငါက္လိုက္သည္။
ခဏအၾကာသူ၏သူငယ္ခ်င္းျဖစ္သူအိမ္သို႔
ႏြားလွည္းဝင္လာခဲ့ေတာ့၏။
ဝိုင္းထဲဝင္လာေသာ ေမာင္တိုးတို႔၏ႏြားလွည္းေၾကာင့္
အိမ္ထဲမွေယာက်ာ္းသားတစ္ဦးထြက္လာခဲ့ေလသည္။
လွည္းထက္ကေမာင္တိုးကိုျမင္ေသာအခါထိုလူသည္
ဝမ္းသာအားရျဖင့္…
“ဟာ…ငတိုး…ငါကဘယ္သူမ်ားလဲလို႔ …
မင္းျဖစ္ေနတာကိုး….။
မလာစဖူးအလာထူးလို႔ပါလားေဟ့”
“ေအးဟုတ္တယ္ဟ…တို႔သာယာကုန္း႐ြာကိုသြားမလို႔
မင္းအိမ္မွာ ခဏဝင္နားတာေဟ့”
“ေၾသာ္…ေၾသာ္…မင္းက ငါ့ဆီလာတာမွမဟုတ္ပဲ…
လမ္းႀကဳံဝင္နားတာေပါ့ေလဟုတ္လား…”
“ကဲပါ…လွေမာင္ရာ မင္းနဲ႔စေနာက္ဖို႔အခ်ိန္မရွိေသးဘူး…
ဒီမွာ တို႔႐ြာက ဘြားလည္းပါလာတယ္…
ငါလွည္းခြၽတ္လိုက္ဦးမယ္…
မင္းက ဘြားတို႔ကိုထိုင္ဖို႔ျပင္ေပးဦးေလကြာ…”
“ေအးပါကြာ…ဒီကဘြားတို႔ အိမ္ထဲကိုႂကြပါဗ်…
က်ဳပ္အေမနဲ႔ ႏွမလည္းရွိပါတယ္…
က်ဳပ္က ေမာင္တိုး နဲ႔ေတြ႕ရင္ စတတ္ေနာက္တတ္တာမို႔
စိတ္မရွိပါနဲ႔ဗ်ာ………..”
လွေမာင္သည္ ဘြားမယ္စိန္တို႔အား သူ၏အိမ္အတြင္းသို႔
ဖိတ္ေခၚေလသည္။
ဓနိမိုးဝါးထရံကာ တစ္ထပ္အိမ္ေလးသည္ အေတာ္က်ယ္ဝန္း၏။
ခ်က္ဖို႔ျပင္ေသာ မီးဖိုအတြက္ အေနာက္၌ ထန္းလက္တဲတစ္ခုထိုးထားေသးသည္။
ဘြားမယ္စိန္တို႔အား အိမ္အတြင္း သစ္သားကုလားထိုင္ခုံ၊သစ္သားစားပြဲတို႔၌ေနရာေပးေလသည္။
ထိုင္ေသာေနရာ၌ ျပတင္းတံခါးတစ္ခုကိုျပဳလုပ္ထားသည္မို႔
အျပင္ကေလေအးမ်ားေၾကာင့္ အေမာေျပၾကရ၏။
“အေမေရ…ဒီမွာ ဧည့္သည္ေတြရွိတယ္ဗ်…
အေမ့သမီးကိုအေရးလုပ္မေနစမ္းပါနဲ႔ဗ်ာ…”
“ဒီမွာ မင္းႏွမကိုထမင္းေကြၽးေနလို႔ပါကြယ္…
ၿပီးပါၿပီ…အေမလာခဲ့မယ္…
အၾကမ္းအိုးေလးသာျဖည့္ထားလိုက္ဦး”
လူေနအခန္းမ်ားကန႔္ထားေသးသည္မို႔ အခန္းအတြင္းမွစကားျပန္ေျပာသံေၾကာင့္
လွေမာင္အေမဆိုတာဘြားမယ္စိန္
တို႔သိလိုက္ၾကသည္။
ခဏၾကာေတာ့ ေမာင္တိုးလည္း
ႏြားမ်ားကိုေရတိုက္၊ ေကာက္႐ိုးခ်ေကြၽးခဲ့ၿပီျဖစ္၍ဘြားမယ္စိန္တို႔ထံေရာက္လာေတာ့သည္။
လွေမာင္သည္ ဘြားမယ္တို႔ကို အၾကမ္းအိုး…လက္ဖက္ပြဲတို႔ျဖင့္ တည္ခင္းဧည့္ခံေပး၏။
လွေမာင္အေမလည္း အခန္းထဲမွ ထြက္လာၿပီး ဘြားမယ္စိန္တို႔
ဝိုင္း၌ လာထိုင္ေလသည္။
“အေမ…ဒါက်ဳပ္သူငယ္ခ်င္း ငတိုးေလ…”
“အေမသိတာေပါ့…ေမာင္တိုးတို႔မ်ား
႐ြာကိုအလည္ေရာက္မလာတာအေတာ္ၾကာလွေပါ့”
“ဒီလိုပဲအရီးေရ…က်ဳပ္လည္းအလုပ္ကအမ်ားသားေလ…
ဟဲ…ဟဲ………….။ေၾသာ္…က်ဳပ္မိတ္ဆက္ေပးရဦးမယ္…
ေဟာသည္က ဘြားက ဘြားမယ္စိန္တို႔ေခၚသဗ်ားးး…..။
ဒီဘက္ကေတာ့ က်ဳပ္တို႔႐ြာကာလသားေခါင္းေဆာင္ႀကီး
ကိုေမာင္အုန္းေပါ့….”
“ဟာ…ဒါဆို ဘြားမယ္စိန္ေပါ့ ဒီကဘြားက…..”
လွေမာင္က ဝမ္းသာအားရစကားဆိုလိုက္ေသာအခါ
ဘြားမယ္စိန္သည္မ်က္ႏွာေလးၿပဳံး၍ေခါင္းကိုညိတ္ျပေလသည္။
“အို…ဘြားရယ္…က်ဳပ္ျဖင့္ဝမ္းသာလိုက္တာဗ်ာ…….. ”
လွေမာင္က ဝမ္းသာေနသည္။
လွေမာင္၏မိခင္သည္ကေတာ့
မခ်ိၿပဳံးေလးၿပဳံးေနသေယာင္ျဖစ္ေန၏။
“ဘာအေၾကာင္းမ်ားရွိလို႔တုန္း ေမာင္လွေမာင္….”
ဘြားမယ္စိန္သည္ ဟန္မေဆာင္တတ္သူပင္။
ထို႔ေၾကာင့္ေမးစရာရွိတာေမးလိုက္ေတာ့၏။
လွေမာင္သည္…
“ဒီလိုဗ်….က်ဳပ္က ဘြားနာမည္ကိုၾကားဖူးသိဖူးတာၾကာေနပါၿပီ။ က်ဳပ္လည္း ဘြားဆီလာဖို႔ျပင္ေနတာ…
အေမက မသြားပါနဲ႔ဦးဆိုလို႔ က်ဳပ္ၿငိမ္ေနခဲ့တာဗ်……..”
လွေမာင္စကားကို ဘြားမယ္စိန္တို႔နားမလည္ၾကေသး။
ထို႔ေၾကာင့္…
“မင္းက ဘာျဖစ္လို႔ ဘြားကိုေတြ႕ခ်င္ရတာလဲ လွေမာင္…”
ေမာင္တိုးက ဝင္ေမးလိုက္သည္။
လွေမာင္သည္ သူ၏မိခင္ကိုၾကည့္၏။
ၿပီးေနာက္ သက္ျပင္းသဲ့သဲ့ခ်ကာ…
“ဟင္းး……..ေျပာရမယ္ဆိုရင္ေတာ့ကြာ….
ငါ့ႏွမေလးအေၾကာင္းေပါ့…….”
“ဟ…မင္းႏွမ…စံပယ္က ဘာျဖစ္လို႔တုန္း”
ေမာင္တိုးက ျပာျပာသလဲေမးလိုက္သည္။
“ဒီလိုေဟ့…လေတာ့အတန္ၾကာၿပီ…ဒီကေလးမ သူ႔အေပါင္းအေဖာ္ေတြနဲ႔႐ြာေနာက္ပိုင္း ကမ္းပါးကိုသြားၾကတာေဟ့…ကမ္းပါးနားကေတာမွာ အ႐ြက္ရွာဘာရွာေပါ့ကြာ…
အယ္…အဲ့ကေနျပန္ေရာက္လာေတာ့ လူကေထာ့နဲ႔ေထာ့နဲ႔ျဖစ္လာတာပဲကြာ…………”
***********************
စံပယ္အိမ္သို႔ျပန္ေရာက္လာေတာ့ လမ္းေလွ်ာက္တာမူမမွန္၍
လွေမာင္ ႏြားစာစင္းေနရင္းမွ..
“ဟဲ့…စံပယ္ နင္ဘာျဖစ္ေနတာလဲ…
လမ္းေလ်ာက္တာယိုင္ထိုးေနပါလားဟ”
“က်ဳပ္ ေခ်ာ္လဲလာလို႔ပါေတာ္…”
“ေဟ…နင္မလည္း…အသက္ႏွစ္ဆယ္ေက်ာ္ၿပီ ေခ်ာ္လဲေကာင္းေနတုန္းလား…သြား…သြား…ေဆးေလးဘာေလးလူးဦး”
“ဟုတ္ကဲ့”
လွေမာင္အေျပာေၾကာင့္ စံပယ္ ေပေစာင္းေစာင္းအသြင္ျဖင့္
အိမ္ထဲသို႔ဝင္သြားေတာ့သည္။
ေနာက္တစ္ရက္ လွေမာင္ သိလိုက္သည္က…
“ကိုႀကီးလွေမာင္… စံပယ္ သက္သာရဲ႕လားေတာ့”
“ဟဲ့…သက္မာ…ငါ့ႏွမဘာျဖစ္လို႔သက္သာရမွာလဲ….
ေၾသာ္…နင္ေျပာတာ
တေန႔ကေခ်ာ္လဲခဲ့တာကိုေျပာတာထင္တယ္…”
“ဟင္…ဘယ္တုန္းကထပ္ေခ်ာ္လဲတာလဲ…က်ဳပ္တို႔နဲ႔ကမ္းပါးဘက္သြားတုန္း…ေတာ့္ညီမ ကမ္းပါးကေန ျပဳတ္က်တာေလ…
က်ဳပ္တို႔ျဖင့္ ရင္တုန္ပန္းတုန္ျဖစ္သြားရတာ…
ေတာ္ေသးတယ္သူဘာမွမျဖစ္သြားလို႔…
အဲ့တုန္းက မိစံပယ္အေတာ္ေလး
ကံေကာင္းသြားတယ္ေတာ္ေရ႕”
“ေဟ…….ကမ္းပါးကျပဳတ္ၾကတယ္…….”
လွေမာင္အေတာ္ေလး ေျခာက္ျခားသြားသည္။
လူျပဳတ္က်လို႔ေသဖြယ္ရာရွိေသာကမ္းပါးေပၚမွညီမျဖစ္သူ
ျပဳတ္က်ခဲ့သည္။
သူ႔၌ အနာတရမရွိေသာ္လည္း လမ္းသြားလွ်င္ အခက္ေတြ႕ေနေသာ ပုံရိပ္ေၾကာင့္ လွေမာင္ အေတြးတို႔ျဗာမ်ားေနရေလၿပီ။
ထို႔ေၾကာင့္ အိမ္သို႔ျပန္ေရာက္သည္ႏွင့္…
“စံပယ္…နင္မွန္မွန္ေျပာစမ္း…နင္ကမ္းပါးက
ျပဳတ္က်တယ္ဆိုတာ အမွန္ပဲလား”
“က်ဳပ္……က်ဳပ္……….”
“ငါနင့္ကိုေမးတာမဟုတ္ဘူးေနာ္စံပယ္…
ငါေသခ်ာသိၿပီးၿပီ နင္ဘာလို႔ မေျပာတာလဲ ငါတို႔ကို”
“ဟုတ္တယ္…က်ဳပ္ျပဳတ္က်တယ္…
အခုဘာမွမျဖစ္ဘူးေလ…
ေတာ္သိၿပီမလား”
ထိုေန႔မွစ၍ စံပယ္သည္အခန္းထဲမွမထြက္ေတာ့။
ထမင္းကအစ မိခင္ျဖစ္သူကေကြၽးရ၏။
အစားအေသာက္အလြန္ႀကီးလာေသာ စံပယ္ကို
လွေမာင္မသကၤာေတာ့။
မိခင္ႀကီးအား ဆရာသမားမ်ားကိုပင့္ဖိတ္ဖို႔ေျပာပါေသာ္လည္း
မိခင္ႀကီးကလက္မခံေပ။
သူ၏သမီးေလး ကမ္းပါးမွျပဳတ္က်၍ ထိခိုက္မိျခင္းေၾကာင့္သာျဖစ္သည္ဟု ျငင္းဆန္တတ္ေလသည္။
မိခင္ႀကီးခမ်ာလည္း ထမင္းဟင္းခ်က္ျပဳတ္ရ….
ခ်က္ျပဳတ္ၿပီးေသာ္ သမီးျဖစ္သူကို ေကြၽးေမြးရျဖင့္
ပင္ပန္းေနခဲ့ရွာသည္။
သို႔ေသာ္ မည္သည့္ဆရာမွ မပင့္ဖိတ္လို၍
လွေမာင္အသာၿငိမ္ေနခဲ့ရေလသည္။
****************************
ဘြားမယ္စိန္တို႔အား လွေမာင္အေၾကာင္းစုံေျပာျပၿပီးေသာအခါ…
“ဒါဆို…ကေလးမကို ဘြားၾကည့္လို႔ရမလားကြယ္”
“ဟာ…ရ…ရတာေပါ့ ဘြားရယ္…
က်ဳပ္ႏွမေလးကိုၾကည့္ေပးပါဗ်ာ……”
လွေမာင္၏စကားအဆုံး၌ ဘြားမယ္စိန္ေခါင္းတညိတ္ညိတ္လုပ္ၿပီး သူ၏ေတာင္ေဝွးကိုေထာက္၍ ခုံေပၚမွဆင္းလိုက္ေလသည္။
ဘြားမယ္စိန္ေနာက္မွေမာင္တိုးတို႔ကလည္းအသင့္
လိုက္လာခဲ့ၾကသည္။
လွေမာင္သည္ ညီမျဖစ္သူရွိေသာ အခန္းဆီသို႔
ေခၚလာခဲ့ေတာ့၏။
အခန္းသို႔ေရာက္ေတာ့ဘြားမယ္စိန္ကအခန္းတြင္းသို႔မဝင္ဘဲ
အခန္းဝမွသာ ရပ္ၾကည့္ေနခဲ့ေလသည္။
ထိုသို႔ရပ္ၾကည့္ေနစဥ္ ထမင္းႏွင့္ဟင္းမ်ားကိုအငမ္းမရစားေနေသာ စံပယ္သည္….
“အေမ…ဘယ္သူေတြတုန္း…
က်ဳပ္ကိုဘာလို႔လာၾကည့္ေနၾကတာလဲ…
ရႈပ္ရႈပ္ယွက္ယွက္ေတြမလုပ္နဲ႔ေနာ္အေမ……..”
ဟုအသံမာမာျဖင့္ေျပာေသာအခါ လွေမာင္၏မိခင္သည္ စံပယ္အနီးသို႔သြား၍…
“သမီးအစ္ကိုရဲ႕မိတ္ေဆြေတြပါသမီးရယ္…
စား…စား…ထမင္းသာစားေနာ္…….”
ဟုေခ်ာ့ေျပာေလ၏။
ထိုအခါမွ စံပယ္သည္ မ်က္ေစာင္းႀကီးထိုး၍
ထမင္းမ်ားကိုျပန္လည္ စားေသာက္ေနေတာ့သည္။
“လွေမာင္…ေမာင္ရင့္အေမကို ခဏေခၚခဲ့ကြယ္…”
“ဟုတ္ကဲ့ဘြား…….”
ဘြားမယ္စိန္စကားအတိုင္းလွေမာင္သည္ စံပယ္အနီး၌ရွိေသာမိခင္အား လက္ကုပ္ၿပီးအျပင္သို႔ေခၚလာခဲ့ေတာ့၏။
အျပင္သို႔ေရာက္ေတာ့ ဘြားမယ္စိန္က…
“ေမာင္ရင့္ႏွမအသက္မရွိေတာ့ဘူး….အခုေျပာေန၊ဆိုေန၊စားေနတာက ဖုတ္သရဲဝင္ေနတာ….ဒါကို
ေမာင္ရင္တို႔လက္ခံႏိုင္ရင္ဘြားကူညီေပးပါ့မယ္….”
“ဗ်ာ…….. ”
“အိုေတာ္…မဟုတ္မဟတ္…က်ဳပ္သမီးကဘာလို႔ဖုတ္ဝင္ရမွာတုန္း…ဟဲ့လွေမာင္ ဧည့္သည္ေတြကိုျပန္ပို႔လိုက္ေတာ့”
“ဟာ…အေမ…ဘယ္နဲ႔ေျပာလိုက္တာတုန္းဗ်ာ……”
“ရတယ္ေမာင္ရင္…ဘြားနားလည္ပါတယ္ကြယ္…
သူလည္းသူ႔သမီးေလးကိုခ်စ္ရွာတာကိုကြဲ႕….”
ဘြားမယ္စိန္သည္ လွေမာင္မိခင္၏စကားကိုခြင့္လႊတ္ေပးေလသည္။
ၿပီးေနာက္လွေမာင္မိခင္အား…
“ဘြားနားကိုခဏလာ…ညည္းမ်က္လုံးေလးခဏသာမွိတ္ေပး…
ဘြားဖြင့္ဆိုမွဖြင့္ေနာ္…ဒါေတာ့ ညည္းလုပ္ေပးႏိုင္မယ္မလား”
“အင္…ဒါေတာ့……….”
“အေမရာ…ဒါေတာ့လုပ္လိုက္စမ္းပါဗ်ာ…..”
“ဟုတ္ပါတယ္အရီးရယ္…က်ဳပ္တို႔ဘြားက လူေတြကိုကယ္တဲ့သူေတာ္ေကာင္းမႀကီးပါ…
ဒီအတြက္ဘာမွစိတ္မထင့္ပါနဲ႔ဗ်ာ…”
လွေမာင္ႏွင့္ေမာင္တိုးက တိုက္တြန္းေလမွ လွေမာင္၏မိခင္သည္မ်က္လုံးမွိတ္ေပးရွာသည္။
မ်က္လုံးမွိတ္သြားသည္ႏွင့္ဘြားမယ္စိန္သည္ လွေမာင္မိခင္၏မ်က္လုံးကို ဘယ္ဘက္လက္ျဖင့္အုပ္၍ေခါင္းကိုညာလက္ျဖင့္ကိုင္တြယ္ဖိကပ္လိုက္ၿပီးေနာက္ ႏႉတ္မွ ဂါထာအခ်ိဳ႕ကို႐ြတ္ဆိုေလသည္။
“ဥဳံ…&&&&&&&&&………
ျမင္ေစ…ပြင့္ေစ….သိေစ….ဟဲ့……….”
ဟု…အဆုံးသတ္လိုက္ၿပီးေသာအခါ
“ကဲ…ဖြင့္ေတာ့ …ဖြင့္ၿပီးရင္ ညည္းသမီးဆီကိုသာ
ညည္းၾကည့္ေပေတာ့ေအ….”
ဘြားမယ္စိန္စကားေၾကာင့္
လွေမာင္မိခင္သည္မ်က္လုံးပြင့္လာခဲ့၏။
မ်က္လုံးပြင့္ေသာအခါအခန္းဆီသို႔သြား၍
သမီးျဖစ္သူကိုၾကည့္ေသာအခါ…
“ဟင္……အ……အ…မေလး……ဘာ…ဘာႀကီးတုန္း….
ဘာႀကီးေရာက္ေနတာတုန္း…………”
“အေမ…က်ဳပ္ေလ…”
“မဟုတ္ဘူး….ဘုရား…ဘုရား…ကယ္ၾကပါဦး…
က်ဴပ္သမီးမဟုတ္ဘူး….ဘာႀကီးလဲ…ဘာႀကီးလဲ…….”
လွေမာင္မိခင္ျမင္ရသည္က စံပယ္မဟုတ္ေပ။
စက္စုပ္ဖြယ္ေကာင္းေသာ အေကာင္ႀကီးတစ္ေကာင္ျဖစ္ေနခဲ့သည္။
ထိုအေကာင္ႀကီး၏ခႏၶာသည္
အေမႊးအမည္းႀကီးမ်ားတစ္ကိုယ္လုံးဖုံးလႊမ္းေနၿပီး
နီရဲေသာ မ်က္လုံးႀကီးမ်ား….ခြၽန္ထက္လွေသာ အစြယ္ႀကီးမ်ားက တေငါေငါျဖစ္ေနခဲ့၏။
ထိုအရာႀကီးကို ျမင္လိုက္ေသာ လွေမာင္မိခင္သည္.အခန္းျပင္သို႔အေျပးထြက္၍ ဘြားမယ္စိန္၏ေျခရင္း၌ ဒူးေထာက္ရင္း
လက္အုပ္ကိုခ်ီကာ…
“က်ဳပ္….က်ဳပ္ယုံပါၿပီဘြားရယ္…က်ဳပ္…က်ဴပ္သမီးေလးကိုကယ္ပါေတာ္…ကယ္ေပးပါ… အီး….ဟီးးး….ဟီး……”
“ကယ္လိုေတာ့မရေတာ့ေပဘူး….ညည္းသမီးက ကမ္းပါးကျပဳတ္က်ကတည္းကိုက အသက္မရွိေတာ့တာ…
ညည္းတို႔နဲ႔ရွိေနတာကလည္း ဖုတ္ေကာင္ပဲေအ့……….”
“က်ဳပ္တို႔ဘာလုပ္ရမလဲဘြား….
က်ဳပ္အဲ့ေကာင္ကိုဓားနဲ႔ဝင္ပိုင္းလိုက္လို႔ရမလားဗ်ာ….”
“မလုပ္ေလနဲ႔ေမာင္ရင္…ဖုတ္ထုတ္တာေတာ့ဘြားလုပ္ေပးလို႔ရပါတယ္…ဒါေပမယ့္လို႔ ဖုတ္ထြက္တာနဲ႔ေမာင္ရင့္ႏွမ ကိုယ္က ေသတာၾကာၿပီျဖစ္လို႔ ပုပ္ပြေနေလာက္တယ္…
ဒီအေရးေတာ့
ေမာင္ရင္တို႔ေတြးထားသင့္တယ္ေနာ္….”
“အေမ…ဘယ္လိုလုပ္မလဲ…
အဲ့ဖုတ္ေကာင္ကိုဒီတိုင္းထားမလား”
“ဟင္…မ…မထားပါနဲ႔….ေၾကာက္စရာႀကီးငါ့သားရဲ႕”
“ကဲ…ဒါျဖင့္ က်ဳပ္တို႔ႏွမကိုယ္ထဲက
ဖုတ္ကိုထုတ္ေပးပါဘြား…
က်ဳပ္တို႔ဒီနည္းကိုပဲေ႐ြးပါတယ္ဗ်ာ…”
“အင္း…ေကာင္းၿပီ….”
ဘြားမယ္စိန္သည္သူ၏ေတာင္ေဝွးကိုေထာက္၍ စံပယ္ရွိေသာ
အခန္းသို႔ဝင္သြားေတာ့သည္။
စံပယ္ကိုယ္၌ဝင္ေနေသာဖုတ္သည္လည္း သူ႔အႏၲရာယ္ကိုသိသည္ထင္၏။
အခန္းဝကိုေက်ာေပး၍ထိုင္ေနခဲ့ေလသည္။
“ဟဲ့…ဒီဘက္လွည့္စမ္း…နင္ဘယ္ကလဲ……”
ေျဖသံကထြက္မလာေပ။
“ဒုန္း……..”
“အခု ဒီဘက္ကိုလွည့္…….”
ဘြားမယ္စိန္သည္
ေတာင္ေဝွးကိုၾကမ္းေပၚသို႔ေဆာင့္ခ်လိုက္ၿပီး…
အာဏာသံျဖင့္အမိန႔္ေပးလိုက္ေသာ အခါ၌
ခ်က္ခ်င္းဆိုသလို စံပယ္၏ကိုယ္သည္
လူတစ္ေယာက္ကဆြဲလွည့္လိုက္သကဲ့သို႔ လွည့္လာခဲ့ရသည္။
“ေျပာ…ဘယ္သူလဲ…ဒီကေလးမကို ကမ္းပါးကေနတြန္းခ်ၿပီး
နင္ဝင္ေနလိုက္တယ္ေပါ့ေလ…ဟုတ္စ……..”
ဘြားမယ္စိန္ေမးတာကိုျပန္ပင္မေျဖ ထိုင္ရက္သားေခါင္းကိုငုံ႔ေနခဲ့၏။
“ေအး…ေတြ႕ၾကေသးတာေပါ့ဟယ္…….”
ဘြားမယ္စိန္သည္သူ၏ ခ်ည္လြယ္အိတ္ေလးအတြင္းမွ ေရမန္းပုလင္းေလးကိုထုတ္လိုက္သည္။
ၿပီးေနာက္
ေရမန္းပုလင္းအဝအားပါးစပ္၌ေတ့ၿပီး
ဂါထာမ်ား႐ြတ္ဆိုေနျပန္သည္။
ဂါထာ႐ြတ္ၿပီးခ်ိန္၌ စံပယ္အား စိုက္ၾကည့္ကာ…
“ဟင္….အ…အမေလး….ပူလိုက္တာ….အား……အား….
က်ဳပ္ကိုမပတ္ပါနဲ႔….က်ဳပ္ပူတယ္….အမေလးးးး….ပူတယ္….
ပူတယ္………..”
ေရမန္းမ်ားအား စံပယ္၏ကိုယ္ေပၚသို႔ျဖန္းလိုက္ေသာအခါ
စံပယ္သည္ ေအာ္ဟစ္လူးလိမ့္ေနရေလသည္။
“ကဲ…ေျပာ…နင္ဘယ္သူလဲ…ဒီကေလးမကို
နင္လုပ္လိုက္တာလား”
“က်ဳပ္…က်ဳပ္မလုပ္ပါဘူးဗ်ာ….သူေသေအာင္
က်ဳပ္မလုပ္ရပါဘူး……….”
“ဒါဆို သူ႔ကိုယ္ထဲနင္ဘာလို႔ဝင္ေနရတာတုန္း…
မွန္မွန္ေျဖေနာ္ မယ္စိန္က သနားလိမ့္မယ္လို႔မထင္ေလနဲ႔”
စံပယ္သည္ ထိတ္လန႔္ေသာ အမူအရာျဖင့္
သူ႔၏ခႏၶာကိုယ္အား ဘြားမယ္စိန္ေရွ႕၌ ဝမ္းလ်ားေမွာက္၍
“သူ…သူ…ကမ္းပါးကက်တာ က်ဳပ္ျမင္လိုက္တယ္….က်ဳပ္…
က်ဳပ္က သူ႔ကို မွီၿပီးအစာစားခ်င္လို႔ ဝင္ေနမိတာပါ…
အစာစားခ်င္ယုံပါဗ်ာ………”
“နင္သစၥာဆိုရဲလား……..”
“ဆို…ဆိုရဲပါတယ္…ဆိုရဲပါတယ္……”
“ေအး…ဒါဆို နင္သစၥာေရေသာက္ရမယ္………”
“ေသာက္ပါ့မယ္….က်ဳပ္ေသာက္ပါ့မယ္ဗ်ာ……”
ဘြားမယ္စိန္သည္ စံပယ္ကိုယ္၌ဝင္ပူးကပ္ေနေသာ
ဖုတ္သရဲအားသစၥာေရတိုက္လိုက္ေတာ့သည္။
“ကဲ…ဒါနဲ႔မၿပီးေသးဘူး….စံပယ္ရဲ႕ကိုယ္က နင္ထြက္သြားရင္
ပုပ္ပြလာလိမ့္မယ္…အဲ့ေတာ့…စံပယ္ကို သခ်ႋဳင္းကုန္းထိလိုက္ပို႔ေပဦး…အားလုံးၿပီးမွသာ ထြက္သြားေတာ့ဟဲ့…ၾကားသလား…”
“က်ဳပ္…က်ဳပ္ၾကားပါတယ္ဗ်ာ…”
ဘြားမယ္စိန္သည္ လွေမာင္တို႔အား သခ်ႋဳင္း၌ျပင္ဆင္ခိုင္းေတာ့သည္။
စံပယ္အေလာင္းအတြက္အားလုံးျပင္ဆင္ၿပီးေသာအခါ.ဖုတ္ဝင္ေနေသာ စံပယ္၏ကိုယ္ႀကီးႏွင့္အတူ သခ်ႋဳင္းသို႔ထြက္လာေတာ့၏။
စံပယ္သတင္းကိုၾကားရေသာ႐ြာသူ၊႐ြာသားတို႔သည္လည္းလိုက္ပါလာၾက၏။
တခ်ိဳ႕ကမယုံၾကည္၍သက္သက္လိုက္လာခဲ့ၾကေလသည္။
သခ်ႋဳင္းအတြင္းသို႔ဘြားမယ္စိန္တို႔ဝင္လာၾကၿပီးေနာက္
စံပယ္အတြက္အသင့္ျပင္ထားေသာ
အေခါင္းဆီသို႔ေရာက္လာခဲ့ၾကသည္။
စံပယ္သည္လည္းသူ၏အေခါင္းအတြင္းဝင္လွဲအိပ္လိုက္သည္။
ဝင္လွဲအိပ္ၿပီးေနာက္….
“က်ဳပ္ထြက္ေတာ့မယ္ဘြား…”
“သြားေပေတာ့…ေနာက္ေနာင္ ဒီလိုမ်ိဳးထပ္မလုပ္မိေစနဲ႔”
ဟုေျပာလိုက္ေသာအခါ စံပယ္သည္ေခါင္းကိုညိတ္ျပၿပီး
မ်က္လုံးမ်ားမွိတ္လိုက္ေတာ့၏။
“အာ…နံလိုက္တာ….”
“အြတ္…အရည္ေတြေတာင္က်ေနၿပီဟ….”
“အဟြတ္…အဟြတ္…….အဟြတ္…..”
“အမေလး…သမီးရဲ႕……..”
ဖုတ္ထြက္သြားသည္ႏွင့္ စံပယ္၏အသြင္သည္ေျပာင္းလဲသြားခဲ့သည္။ပါးစပ္ႀကီးဟၿပီး အရည္မ်ားပင္က်ေနေသာ ပုပ္သိုးေနသည့္လူေသကိုယ္ႀကီးကိုသာ
အားလုံးေတြ႕လိုက္ၾကရေတာ့သည္။
ငိုသူကငို…စိတ္မေကာင္းသူကမေကာင္း….
အနံ႔မ်ားအားမခံႏိုင္၍
ခပ္ေဝးေဝးသြားသူကသြားျဖင့္
စံပယ္အေလာင္းအားေျမခ်ခဲ့ၾကရ၏။
စံပယ္၏အျဖစ္သည္လည္း လူတိုင္း၏ပါးစပ္ဖ်ား၌
ေရာက္ရွိေနခဲ့ေတာ့သည္။
စံပယ္အသုဘအတြက္ ေမာင္တိုးတို႔ဝိုင္းဝန္းလုပ္ေဆာင္ေပးၾကရသည္မို႔ သာယာကုန္း႐ြာသို႔ခရီးအား
တစ္ရက္ေနာက္ဆုတ္၍ လွေမာင္တို႔အိမ္၌သာ ဘြားမယ္စိန္တို႔ေနေပးခဲ့ၾကေတာ့သည္။
စံပယ္၏အေလာင္းအား ခ်က္ခ်င္းပင္ေျမျမဳပ္လိုက္ရသည္။
ဘုန္းႀကီးမ်ားပင့္တရားမ်ားနာယူၿပီးေသာ
ေနာက္တစ္ရက္၌
ဘြားမယ္စိန္တို႔သည္မိမိတို႔ ခရီးကို
ဆက္လက္သြားဖို႔ရန္အတြက္ျပင္ဆင္ၾကရေတာ့၏။
“ဒီေလာက္ဆိုရင္ေတာ့ေမာင္ရင္တို႔ကို
ဘြားတို႔ဘက္ကလည္းကူညီေပးသင့္သေလာက္
ကူညီေပးၿပီးၿပီျဖစ္လို႔…
သြားရမယ့္ခရီးကိုဆက္သြားရေတာ့မယ္ကြယ္…”
“က်ဳပ္…ေျပာခဲ့တာေတြအတြက္ ဘြားကို
ကန္ေတာ့ေတာင္းပန္ပါရေစ”
လွေမာင္၏မိခင္သည္.ဘြားမယ္စိန္၏ေျခရင္း၌ထိုင္ခ်ၿပီး
လက္အုပ္ခ်ီ၍ကန္ေတာ့ေလသည္။
“ဘြားဘက္က အမွားလို႔မယူဆပါဘူး…ဒါမိခင္စိတ္ေၾကာင့္
ေျပာမိတာပဲ ခြင့္လႊတ္ပါတယ္ကြယ္……..”
“က်ဳပ္တို႔အေပၚေက်းဇူးႀကီးမားလွပါတယ္…
ဘြားေက်းဇူးေၾကာင့္ က်ဳပ္သမီး ခႏၶာကိုယ္ထဲကဖုတ္လည္းထုတ္လိုက္ႏိုင္ၿပီ..။ သမီးေလးအတြက္လည္း
အမွ်အတန္းနဲ႔အလႉေတြလုပ္ေပးၿပီးၿပီ…အဲ့အတြက္လည္း
က်ဳပ္တကယ္ေက်းဇူးတင္တာပါေတာ္…။
ဘြားသာက်ဴပ္ကိုသိေအာင္မလုပ္ေပးရင္
က်ဳပ္သမီးထင္ၿပီးအဲ့သည္ဖုတ္ကို
က်ဳပ္တို႔နဲ႔အတူဆက္ထားေနမိမွာ”
လွေမာင္မိခင္၏စကားေၾကာင့္လွေမာင္အပါအဝင္ေမာင္တိုးတို႔သည္ သက္ျပင္းေလးကိုမွ်င္းခ်ေနၾကေတာ့သည္။
စကားေျပာဆိုၿပီးသည္ႏွင့္ လွေမာင္တို႔သားအမိကို
ႏႈတ္ဆက္၍ လွည္းျဖင့္ ခရီးဆက္ထြက္လာခဲ့ၾကေတာ့သည္။
လွည္းကိုလမ္း၌ မနားဘဲေမာင္းႏွင္လာခဲ့ၾက၏။
မနက္ပိုင္းအခ်ိန္မွထြက္လာခဲ့ေသာ ခရီးသည္
ေန႔လယ္ပိုင္းခ်ိန္မွသာ
သာယာကုန္း႐ြာသို႔ေရာက္ရွိလာခဲ့ၾကေလသည္။
႐ြာသည္ကား တိတ္ဆိတ္လြန္း၏။
လူသြားလူလာနည္းပါးေသာ္လည္း ႐ြာလမ္းမထက္၌
လူတခ်ိဳ႕ကရွိေနေသးသည္။
“ဗ်ိဳ႕…ဒီ႐ြာက ဦးကုလား အိမ္ကိုၫႊန္ေပးလို႔ရမလား…
ဦးကုလား…ေဒၚေသးမွ်င္တို႔အိမ္ဗ်ာ….”
ေမာင္အုန္းသည္ လမ္း၌ရွိေသာ ႐ြာသားတခ်ိဳ႕ကိုေမးလိုက္သည္။
႐ြာသားတစ္ေယာက္က…
“ဒီလမ္းအတိုင္းတည့္တည့္သြား…ၿပီးရင္ဘယ္ကိုခ်ိဳး…
အဲ့နားေရာက္ရင္ ေျခတန္ရွည္အိမ္မည္းက
ဦးကုလား ေဒၚေသးမွ်င္အိမ္ပဲ……”
“ေက်းဇူးပဲဗ်ိဳ႕…ေနာင္ႀကီး”
ေမာင္အုန္းကေက်းဇူးတင္စကားဆိုလိုက္သည္။
ေမာင္တိုးကေတာ့ ထိုလူၫႊန္သည့္အတိုင္းပင္
ႏြားလွည္းအားေမာင္းႏွင္လာခဲ့ေတာ့၏။
ဦးကုလားအိမ္ဟု ယူဆရေသာအိမ္ဆီသို႔ေရာက္ေသာအခါ
ၿခံဝိုင္းတံခါးဖြင့္ထားသည္မို႔ လွည္းအား ဝိုင္းထဲထိေမာင္းသြင္းလာခဲ့လိုက္၏။
ေမာင္အုန္း ကေတာ့လွည္းေပၚမွအရင္ဆင္းၿပီး…
“ဗ်ိဳ႕…ေလးေလးကုလား…အိမ္မွာမရွိဘူးလားဗ်…….”
“ဘယ္သူတုန္းကြ……….”
“က်ဳပ္ပါ…ခင္ဗ်ားတူေမာင္အုန္းပါဗ်…ေလးေလးကုလားရဲ႕”
“ေဟ…..”
အိမ္အေပၚထက္မွ အသက္ငါးဆယ္ေက်ာ္လူႀကီးတစ္ေယာက္ဆင္းလာခဲ့၏။
အသားကညိဳညိဳ…ခႏၶာကိုယ္ကဝတုတ္တုတ္။
အေပၚပိုင္း၌ အဝတ္အစားမဝတ္ သူ၏ပူလြန္းလွေသာ
ဗိုက္ႀကီးအျပင္ေခါင္း၌မွာလည္းဆံပင္ကမရွိ…။
ဂတုံးေျပာင္ေျပာင္ႀကီးပင္ျဖစ္၏။
သို႔ေသာ္မ်က္ႏွာခ်ိဳၿပီး လူေအးႀကီးတစ္ေယာက္မွန္းသိသာလွေပသည္။
“ဘယ့္နဲ႔ေရာက္လာတာတုန္း…ငါအလည္ေခၚရင္ေတာင္
မေရာက္လာတဲ့ေကာင္က…ေဟာ…
ဧည့္သည္ေတြေကာ ပါလာတာေပါ့ေလ”
“ဟုတ္တယ္ေလးေလးကုလား…ဘြားေရ လာဗ်ိဳ႕…
ဒါက်ဳပ္ေျပာတဲ့က်ဳပ္အေဖရဲ႕ညီ က်ဳပ္ေလးေလးဆိုတာေပါ့”
“ေအးကြယ္…ေတြ႕ရတာဝမ္းသာပါတယ္”
“ဟုတ္ကဲ့…အိမ္ေပၚတက္ၾကပါဗ်ာ…ေမာင္ရင္…
ေမာင္ရင့္ႏြားကို ႏြားတဲမွာခ်ည္ခဲ့ကြာ…
အစာေတြထည့္ေကြၽးခဲ့ဦး…ဒီေကာင္ေတြခရီးပန္းလွေရာေပါ့”
“ဟုတ္ကဲ့ ဦးႀကီး…”
ေမာင္တိုးက ႏြားမ်ားကိုလွည္းမွျဖဳတ္ရင္းက်န္ေနခဲ့သည္။
ဘြားမယ္စိန္ႏွင့္ေမာင္အုန္းတို႔ကေတာ့ ဦးကုလား၏ အိမ္ေပၚသို႔တက္လာခဲ့ၾကေတာ့၏။
အိမ္ေပၚထပ္သို႔ေရာက္ေတာ့ ေမာင္အုန္းက မ်က္စိေဝ့ကာရွာေဖြရင္း….
“အရီးမွ်င္…ဘယ္သြားတုန္း ေလးေလးရဲ႕………”
ဟု ေမးလိုက္ေသာအခါ ဦးကုလား၏မ်က္ႏွာႀကီးသည္
ၿပိဳေတာ့မည့္မိုးကဲ့သို႔ ျဖစ္သြားၿပီး
ထစ္ေငါ့ေငါ့စကားမ်ားႏွင့္….
“မင္း…မင္း…အရီး…မ..မရွိေတာ့ဘူး ငါတူရဲ႕….
မင္းအရီးမရွိေတာ့ဘူး…ဒီအိမ္ႀကီးမွာငါတစ္ေယာက္ထဲေနရတာ
တစျပတျရႇိပွီကွ …အီးးးးးးဟီးးးးးးဟီးးးးးးးးးးး”
“အလို…………”
“ဟာ….ဘယ္လိုျဖစ္ရတာလဲေလးေလးရာ…
အရီးကဘယ္လိုျဖစ္သြားတာတုန္း…
က်ဳပ္တို႔လည္း မသိရပါလား…….”
ဦးကုလားသည္ ေယာက်ာ္းရင့္မာႀကီးျဖစ္ပါေသာ္လည္း
ဝန္းနည္းမႈကိုမထိန္းခ်ဳပ္ႏိုင္ရွာ။
ခဏၾကာေတာ့
တအီးအီးျဖင့္ငိုေႂကြးရင္းေနသည္ကိုရပ္တန႔္လိုက္ကာ
မ်က္ရည္မ်ားကို သူ၏ပုဆိုးျဖင့္ သုတ္လိုက္ၿပီး…
“ဒီ႐ြာမွာ တို႔အမ်ိဳးေတြလည္းမေနရဲေတာ့ဘူးေလ…
ေျပာင္းေျပးကုန္ၾကၿပီ…႐ြာကိုခ်စ္တဲ့သူ…လက္စားေခ်ခ်င္သူေတြသာ ဒီ႐ြာမွာေနေနၾကတာ…………”
“ဘယ္လို…လက္စားေခ်ခ်င္သူ..ဟုတ္လားေလးေလး…
ဒီ႐ြာအေျခအေနက အရမ္းဆိုးေနၿပီလား…ဘယ္လိုေတြျဖစ္ေနတာလဲ ဒီ႐ြာက…က်ဳပ္ကိုေျပာစမ္းပါေလးေလးရာ……”
ေမာင္အုန္းက သြက္လက္စြာေမး၏။
ထိုအခ်ိန္ေမာင္တိုးလည္းအိမ္ေပၚေရာက္လာခဲ့ၿပီး
အေျခအေနကိုၾကည့္၍ အသာထိုင္ေနခဲ့ေတာ့သည္။
ဦးကုလားက ေမာင္အုန္း၏အေမးကိုမေျဖခင္
သူ၏ အံကိုႀကိတ္ရင္း မ်က္ေမွာင္က်ဳံ႕ေနသည္မွာ
နဖူးေက်ာမ်ားပင္တင္းရင္းေနခဲ့၏။
“တို႔႐ြာမွာ လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကတည္းက
လူေတြစေပ်ာက္ေတာ့တာပဲ…ေပ်ာက္တာကလည္း
ညဘက္ႀကီးေပ်ာက္တာ…ပထမေပ်ာက္တာက မိသြယ္ဆိုတဲ့ကေလးမေလး…ဒါလည္း ေယာက်ာ္းေနာက္လိုက္တယ္ထင္ၿပီး
အထူးအဆန္းမဟုတ္သလိုလိုနဲ႔…ေနာက္ေတာ့ လူႀကီးပိုင္းေတြလည္းေပ်ာက္ေတာ့တာပဲ…အဲ့ထဲမွာ
မင္းအရီးပါသြားတယ္ ငါ့တူရာ…ငါလည္း ခံရခက္ခ်က္ပဲ…
ဘယ္လိုေၾကာင့္ေပ်ာက္တယ္ဆိုတာ ငါစဥ္းစားလို႔ကိုမရဘူး…
ခက္တာက ႐ြာကလူေတြဘယ္ေလာက္ေစာင့္အိပ္ပါေစ…
အိပ္ေပ်ာ္သြားၾကတာပဲကြာ…
မနက္က်ရင္လူကေပ်ာက္စမၿမဲပဲ…။ဒါေၾကာင့္လည္း႐ြာကိုစြန႔္ေျပးသူကေျပး…
ဆက္ေနသူကေနနဲ႔တို႔႐ြာႀကီး ပ်က္စီးကုန္တာ…..”
“ဟာဗ်ာ…ေလးေလးရယ္…က်ဳပ္တို႔ဒီထက္ေစာလာခဲ့ရမွာဗ်ာ…
ဒါဆိုအရီးလည္းအခုလိုေတြမျဖစ္ဘူးေပါ့………..”
“အင္း…ေလးေလးလည္း ဒီဘာမွန္းမသိေပ်ာက္သြားတာႀကီးကို စိတ္ထဲမခံမရပ္ႏိုင္ျဖစ္ေနရတာ…ဒါနဲ႔ ငါ့တူတို႔က
ေလးေလးဆီအလည္လာၾကတာလား………”
“မဟုတ္ဘူးေလးေလး…ဒီ႐ြာမွာအျဖစ္အပ်က္ေတြကို
ေဟာသည္က ဘြားက ၾကားၿပီး ဒီ႐ြာကိုလာခ်င္ေနတာ…
က်ဳပ္ကလည္း
က်ဳပ္ေလးေလးရွိေတာ့ ဘြားကိုလိုက္ပို႔တာေပါ့…။
ဒါက်ဳပ္တို႔႐ြာရဲ႕အားကိုးရတဲ့
ေလးစားရတဲ့ ဘြားမယ္စိန္လို႔ေခၚတယ္ဗ်ာ…ဒီကေတာ့
က်ဳပ္ညီလိုသူငယ္ခ်င္းလိုျဖစ္တဲ့
ေမာင္တိုးတဲ့………..”
“က်ဳပ္ၾကားဖူးပါတယ္ဘြားရဲ႕အေၾကာင္းေတြကို
ေလးစား႐ိုေသပါတယ္ဗ်ာ….။ ဒါနဲ႔.ဘြားကက်ဳပ္တို႔႐ြာကို
ဘာလို႔လာခ်င္ရတာလည္း အႏၲရာယ္မ်ားပါဘိနဲ႔ဗ်ာ.. ”
ဦးကုလားအေမးကို ဘြားမယ္စိန္ကၿပဳံးၿပီး…
“ဘြားကလူေတြကိုကယ္ခ်င္တာ…ေစာင့္ေရွာက္ခ်င္တာ….
ဒီအတြက္ေၾကာင့္ ေမာင္ရင္တို႔ဆီကိုလာရတာေပါ့ကြယ္…”
“ဟုတ္ကဲ့ဘြား…က်ဳပ္ကစိုးရိမ္လို႔ေျပာတာပါဗ်ာ….။
မလာေစခ်င္လို႔မဟုတ္ပါဘူး….”
“ေအးကြယ္…ဘြားတို႔လည္း အေျခအေနကိုေစာင့္ၾကည့္ၿပီး
ေနမွာပါ…ဘာမွမပူေလနဲ႔……..”
“ဟုတ္…ဒါျဖင့္ က်ဳပ္ထမင္းဝိုင္းျပင္ဦးမယ္…
ငါ့တူတို႔က ေလးေလးကိုကူဦးကြာ…ၿခံထဲကအ႐ြက္ဘာညာကူခူးေပးၾကဦးေဟ့…တစ္ေယာက္ထဲဆိုေတာ့ မယ္မယ္ရရခ်က္မစားျဖစ္ေတာ့ဘူးေလးေလးက……”
ဦးကုလားစကားေၾကာင့္ ေမာင္တိုးတို႔စိတ္မေကာင္းျဖစ္သြားၾကသည္။
“ကူမွာေပါ့ေလးေလးရာ…က်ဳပ္တို႔လာမယ္…ဘြားက ခဏထိုင္ေနဦး…ေရခ်ိဳးခ်င္လည္းေျပာ က်ဳပ္ေရငင္ေပးထားမယ္…
က်ဳပ္ေအာက္မွာေရတြင္းေတြ႕တယ္ဗ်”
“ေအးကြယ္…ေအး…ေအး…ဘြားခဏနားပါဦးမယ္…”
“ဟုတ္ကဲ့ဘြား…ဒါဆိုက်ဳပ္တို႔သြားလိုက္ဦးမယ္….”
ေမာင္အုန္းသည္ ဘြားမယ္စိန္အားႏႈတ္ဆက္ၿပီး ေမာင္တိုးကိုေခၚ၍ ဦးကုလားေနာက္လိုက္သြားေတာ့၏။
*****************************
တေနကုန္ေသာအခါညသို႔ေရာက္လာခဲ့သည္။
ညစာ စားၿပီးသည္ႏွင့္ ဦးကုလားသည္ အိမ္ေအာက္၌ မီးဖိုႀကီး ႏွစ္ဖိုကို ဖိုထားၿပီး ခုံမ်ား ခ်ထားေလသည္။
ခုံေဘးတြင္လည္းဓားတစ္ေခ်ာင္း၊ လွံတစ္လက္ကို
အသင့္ထားထားခဲ့၏။
အနီးအပါးရွိအိမ္ဝိုင္းမ်ား၌လည္း ထိုသို႔ျပဳလိုက္ထားေပသည္။
ၿခံဝိုင္းတံခါးမ်ားကိုေသခ်ာပိတ္၍ လူမ်ားသည္က
မီးဖိုမ်ားေဘးတြင္ေနၾကေလသည္။
ဘြားမယ္စိန္တို႔လည္း.ဦးကုလား ခင္းေပးထားေသာ
ခုံမ်ား၌ဝင္ထိုင္ေနၾက၏။
စကားမ်ားေရာက္တတ္ရာရာေျပာၾကရင္း ညကနက္မွန္းမသိနက္လာခဲ့သည္။
မီးဖိုမ်ားကိုလည္း ထင္းမ်ားအဆက္မျပတ္ထိုးထားရ၏။
“ဝူးးးးး…..အူးးးးးးးးး…..အူးးးးးးးးးးးးးးးးးးးးးးးးးး”
ေခြးအူသံရွည္ႀကီးကိုၾကားလိုက္ရသည္။
ေခြးအူသံမ်ား ဆူညံေနၿပီးေနာက္ ျပန္လည္တိတ္ဆိတ္သြားျပန္သည္။
အေျခအေနသည္ကဘာမွ မထူးျခားေသး။
ထိုင္ေနၾကေသာ ေမာင္အုန္းတို႔ပင္ပ်င္းလာပုံရ၏။
ၿခံဝိုင္းအတြင္းလမ္းထေလ်ာက္လိုက္ ျပန္ထိုင္လိုက္ျဖင့္
“ေလးေလးကုလား…ဘယ့္နဲ႔လဲဗ် အေျခအေနက…”
ေမာင္အုန္းက ေလသံခပ္အုပ္အုပ္ေလးျဖင့္ေမးေလသည္။
“ေအးကြာ…ေလးေလးလည္းေသခ်ာမသိဘူး…ေစာင့္သာ
ေစာင့္ရတာ ညတိုင္းဒီေကာင္ကိုမမိဘူး…ဘာလို႔ဆို ေလးေလးတို႔အၿမဲအိပ္ေပ်ာ္သြားတာကိုးကြ……..”
“ဟင္…ဒါျဖင့္… ေလးေလးက ဘာကိုဖမ္းဖို႔ေစာင့္တာတုန္း”
“မိလို႔မိညားေပါ့ ငါ့တူရာ………”
“ဟား…ခက္ပါေကာလားဗ်ာ…”
ဦးကုလားႏွင့္ေမာင္အုန္းတို႔ ေျပာေနၾကသည္ကို ဘြားမယ္စိန္ကနားေထာင္ေနသည္။
နားေထာင္ေနရင္းမွ…
“ေမာင္ရင့္ေလးေလးကိုအျပစ္မဆိုေလနဲ႔ ေမာင္အုန္းရဲ႕…
ဒီေကာင္က အိပ္ေငြ႕ခ်ၿပီးမွလာပုံရတယ္…ဒါမို႔ လူေတြဘယ္လိုေပ်ာက္တယ္ဆိုတာမသိၾကတာပဲကြဲ႕”
“ဒါဆို…က်ဳပ္တို႔ကိုလည္းအိပ္ေပ်ာ္ေအာင္လုပ္မွာေပါ့ေလ…
ဟုတ္လားဘြား”
“အဲ့လိုပဲေျပာရမွာေပါ့ကြယ္………”
“ေၾသာ္…ဒါေၾကာင့္ကို…………”
ဦးကုလားႏွင့္ေမာင္အုန္းတို႔ ဘြားမယ္စိန္ေျပာမွနားလည္သြားၾကေတာ့၏။
လူေပ်ာက္မႈကိုသိရေအာင္ေစာင့္စားၾကပါေသာ္လည္း
မိုးလင္းသည္အထိမထူးျခားခဲ့ေပ။
အိပ္ေရးပ်က္ထားေသာေၾကာင့္ အားလုံးလည္းပင္ပန္းကုန္ၾက၏။
“ဘယ္လိုလဲေလးေလးရဲ႕…ဘယ္သူေပ်ာက္တုန္းဒီည”
႐ြာထဲသြားသတင္းစုံစမ္းေသာ
ဦးကုလားျပန္ေရာက္လာသည္
ကိုျမင္ေတာ့ေမာင္အုန္းကေမးလိုက္ေလသည္။
ဦးကုလားလည္း ေရေႏြးၾကမ္းအိုးကို ငွဲ႔ယူလိုက္ရင္း…
“ထူးဆန္းတယ္ေဟ့…။မေန႔ညက တို႔လူဘယ္သူမွမေပ်ာက္ဘူးတဲ့ကြာ……….ႀကဳံမႀကဳံဖူးဘူး….မိုးလင္းရင္လူတစ္ေယာက္ေတာ့ေပ်ာက္စၿမဲက အခုမေပ်ာက္ဘူးဆိုေတာ့
ထူးဆန္းသားကြ”
“ေလးေလးတို႔လူေပ်ာက္တာကလည္း အဆန္းပါလား”
“ေနဦးကိုႀကီးအုန္းရဲ႕ က်ဳပ္တို႔ဘြားဒီ႐ြာကို
ေရာက္လာလို႔မ်ားလားဗ်…”
ေမာင္တိုးကၾကားဝင္ေမးေလသည္။
က်န္ႏွစ္ေယာက္လည္းမေျဖႏိုင္ၾက။
ထိုအခ်ိန္ ဘုရားကန္ေတာ့ၿပီး၍ ဘြားမယ္စိန္အိမ္ေအာက္ကိုဆင္းလာခဲ့သည္။
“ဘယ္လိုလဲ ေမာင္ကုလား…ဘာထူးသတုန္း”
“ထူးတာကေတာ့ မေန႔ညက တစ္ေယာက္မွမေပ်ာက္ဘူးတဲ့ဗ်ိဳ႕ ဘြားရဲ႕”
“အင္း….အေျခအေနကဘယ္လိုျဖစ္တာပါလိမ့္……..”
“ေလးေလးကုလား…က်ဳပ္ဝင္လာမယ္ေနာ္…….”
ဝိုင္းျပင္မွအသံျပဳသူ ႐ြာသားတစ္ဦးဝိုင္းအတြင္းဝင္လာေလသည္။
“ဘမွန္ပါလား…လာေလကြာ…….”
“ဒီမွာ က်ဳပ္အေမက ေလးေလးအတြက္အေၾကာ္ေပးခိုင္းလိုက္လို႔….အိမ္မွာေၾကာ္တာမို႔ေလ”
“ေၾသာ္…ေအး…ေအး…မင္းအေမခင္မကို ေက်းဇူးတင္တယ္လို႔ေျပာေပးကြာ…လာထိုင္ဦးေလမင္းက….”
“က်ဳပ္မထိုင္ေတာ့ဘူးဗ်ာ…ျပန္ဦးမယ္……”
“ေအး…ဒါဆိုလည္း ျပန္ပါကြာ……”
ဘမွန္ဆိုေသာလူ႐ြယ္ကိုဘြားမယ္စိန္ၾကည့္ေနခဲ့၏။
ထိုလူ႐ြယ္ကလည္း ဘြားမယ္စိန္တို႔ကိုတစ္ခ်ကိၾကည့္ၿပီး
ဝိုင္းထဲမွထြက္သြားေတာ့သည္။
“ေမာင္ကုလား…သူကဘယ္သူတုန္း”
ဘြားမယ္စိန္ကဦးကုလားအားေမးေလသည္။
“ေၾသာ္…သူလား…သူ႔နာမည္က ဘမွန္လို႔ေခၚတယ္ဗ်…
ဘာျဖစ္လို႔တုန္းဘြား”
“ဘြား သူ႔အေၾကာင္းသိခ်င္တယ္ ေမာင္ကုလား…”
“သူ႔အေၾကာင္းကေတာ့ မထူးဆန္းပါဘူးဘြားရဲ႕…
အယ္တကယ္ထူးဆန္းတာက…က်ဳပ္တို႔႐ြာကလူေတြသာေပ်ာက္တာ သူတို႔အိမ္ကလူတစ္ေယာက္မွ မေလ်ာ့ဘူးဗ်ိဳ႕…
ဒါကေတာ့တယ္ထူးဆန္းတယ္…ဒီေကာင္ေလးမိသားစုကေတာ္ေတာ္ကုသိုလ္ကံထူးပုံပဲဗ်”
ဦးကုလားေျပာေသာအေၾကာင္းအရာအားဘြားမယ္စိန္ၿပဳံးလိုက္မိသည္။
ၿပီးေနာက္…
“ေမာင္ကုလား…မင္းတယ္႐ိုးသကိုးကြဲ႕…။
ဘြားေျပာမယ္…ဘြားဒီေကာင္ေလးကိုမ႐ိုးဘူးလို႔ျမင္မိတယ္…
ဒီေတာ့ ဒီေကာင္ေလးနဲ႔ရင္းႏွီးသူ…လက္ပြန္းတတီးေနသူတစ္ေယာက္ေလာက္ေမာင္ရင္ေခၚလာေပး…ေခၚရင္လည္း
ဘြားအခုေျပာတာေတြတစ္ခုမွမေျပာခဲ့ေလနဲ႔…ဒီတိုင္းအသာေခၚလာခဲ့ေပး……”
“ဗ်ာ…….”
“ဟာ…ေလးေလးကုလားကလည္း…ဘြားေျပာတာသာလုပ္ေပးလိုက္စမ္းပါ…က်ဳပ္တို႔ဘြားက
အေၾကာင္းရွိလို႔ေျပာေနတာဗ်…. ”
“ေၾသာ္…ေအးပါ…ငါသိပါတယ္မင္းတို႔ကလည္းကြာ…။
ငါ သူ႔သူငယ္ခ်င္း ငေထာ္ကိုေခၚေပးပါ့မယ္ကြ….”
ဘြားမယ္စိန္တို႔မနက္အေစာစာစားဖို႔ျပင္ဆင္ေပးၿပီးေနာက္ ဦးကုလား ႐ြာထဲသို႔ထြက္သြားေတာ့ေလသည္။
ထိုသို႔ထြက္သြားသည္က ဘြားမယ္စိန္ခိုင္းေသာ ကိစၥအား
လုပ္ေဆာင္ဖို႔ပင္ျဖစ္၏။
ဦးကုလားသည္ ဘမွန္၏ သူငယ္ခ်င္းငေထာ္အား
သြား၍ေခၚလာခဲ့သည္။
“ဘြား…ဒီမွာက်ဳပ္ေခၚလာခဲ့ၿပီ”
ဦးကုလားကိုဘြားမယ္စိန္ကေခါင္းညိတ္ျပေလသည္။
ဘြားမယ္စိန္တို႔ထိုင္ေနၾကသည္က အိမ္အေပၚထပ္၌ျဖစ္၏။
ငေထာ္ဆိုသူက နားမလည္သည့္ပုံစံျဖင့္
ဘြားမယ္စိန္တို႔ကိုၾကည့္ေနခဲ့၏။
ဘြားမယ္စိန္က…
“ကဲ..ေမာင္ရင္က ေမာင္ဘမွန္ရဲသူငယ္ခ်င္းဆိုေတာ့
သူ႔အေၾကာင္းသိမွာေပါ့…ဘြားကိုမင္းသိထားတာရွိရင္ေျပာျပေပးကြယ္…”
“ဗ်ာ…က်ဳပ္ကဘာလို႔ေျပာရမွာလဲ…ၿပီးခင္ဗ်ားတို႔က
ဘယ္သူေတြလဲ…ေလးေလးကုလား…ဘာေတြလဲဗ်ာ….”
ငေထာ္က ဦးကုလားကိုျပန္ေမးေလသည္။
“ငေထာ္…ဒီကဘြားက တို႔႐ြာမွာျဖစ္ေနတာေတြကို
ကယ္ဖို႔လာတာ…ဒါကငါ့တူေတြပဲ…
မင္းကိုဘာမွမဟုတ္တာမလုပ္ပါဘူးကြာ…”
ဦးကုလားကေျပာလိုက္ေလမွ…
“ဘယ္လို…ဘမွန္ရဲ႕အေၾကာင္းသိခ်င္တာက က်ဳပ္တို႔႐ြာက
လူေတြေပ်ာက္တာနဲ႔ဆိုင္တယ္ေပါ့ေလ…
ဟုတ္လားေလးေလးကုလား”
ငေထာ္ကမယုံသလိုေျပာေန၏။
“ေမာင္ရင့္သူငယ္ခ်င္း ဘမွန္ဆိုတာကို ဘြားစိတ္ထဲ မသကၤာဘူး…ဒါမို႔ သူ႔အေၾကာင္းေတြ ဘြားကသိခ်င္တာပါကြယ္….”
“ဟာ…မ…မျဖစ္ႏိုင္တာဗ်ာ……..”
“ေမာင္ရင္မေျပာရင္ ဒီ႐ြာကလူက်န္မယ္လို႔မထင္ဘူး…”
“ဟာဗ်ာ…က်ဳပ္ကဘာေျပာရမွာလဲ”
“ဟိတ္ေကာင္ငေထာ္…မင္းႏွမနဲ႔ မင္းအေမ ေပ်ာက္သြားၾကၿပီမလား…ဒါေတာင္မင္းက ဘြားေမးတာကိုမေျပာႏိုင္ဘူးလားဟ”
ဦးကုလားကဝင္ဟန႔္လိုက္၏။
ထိုအခါ ငေထာ္က…
“ဘမွန္…ဘမွန္က ဒိကိစၥေတြနဲ႔သက္ဆိုင္ပါ့မလား ေလးေလးကုလားရာ…က်ဳပ္ေတာ့မယုံႏိုင္ပါဘူးဗ်ာ……”
“မင္းဘာသိထားတူန္း ငေထာ္…
မင္းသိတာရွိရင္ေျပာျပလိုက္စမ္းပါကြာ….”
“ဘမွန္နဲ႔ က်ဳပ္တို႔ေတြ ဆရာဘုန္းေက်ာ္တို႔နဲ႔က်င့္စဥ္တစ္ခုကိုအတူလုပ္ဖူးေသးတယ္…အဲ့က်င့္စဥ္မွာ ဘမွန္ေအာင္သြားတယ္ဗ်….က်ဳပ္ေတာ့ ဘယ္လိုေျပာရပါ့ဗ်ာ…………”
ငေထာ္သည္ ေျပာရင္းျဖင့္ သက္ျပင္းခ်၏။
ၿပီးေနာက္ ဆက္ၿပီး………
**************************************
“ဟိတ္…ရာေက်ာ္…ဘယ္တုန္းကြ”
“ေဟာ…ကိုဘမွန္ ခင္ဗ်ားတို႔ကိုးဗ်…
က်ဳပ္ကဘယ္သူေတြမ်ားလဲလို႔ေတြးေနတာ…
က်ဳပ္ကဆရာသမားခိုင္းတာေလးသြားလုပ္မလို႔ဗ်ိဳ႕”
“ေအး…ဒါဆိုလည္းသြားေပါ့…မင္း အားရင္ေတာ့ျဖင့္
ထန္းေတာလာခဲ့ေဟ့…မင္းကိုထန္းရည္အဝတိုက္ပါ့မယ္”
“ကိုဘမွန္ႀကီး ေစတနာကိုက်ဳပ္သိပါ့ဗ်ာ…
က်ဳပ္အားတာနဲ႔လာခဲ့ပါ့မယ္…အခုေတာ့ သြားဦးမယ္ဗ်ာ…”
“ေအး…ေအး…သြား…သြားးး….”
ရာေက်ာ္ဆိုသည့္ အရပ္ပုပုမ်က္ႏွာေထာင့္က်က်လူတစ္ေယာက္ႏွင့္ ဘမွန္တို႔အုပ္စု ႐ြာျပင္၌ ဆုံၾကျခင္းျဖစ္သည္။
ရာေက်ာ္သည္ သူသြားလိုရာသို႔ ႏႈတ္ဆက္ထြက္ခြာသြားသျဖင့္
ဘမွန္တို႔သည္ ထန္းေတာသို႔ ေျခဦးလွည့္သြားၾကေတာ့၏။
ဘမွန္သည္က အလုပ္မရွိအကိုင္မရွိလူတစ္ေယာက္။
သို႔ေသာ္ ဘမွန္မိဘမ်ားက သာယာကုန္း႐ြာ၌
လူခ်မ္းသာမ်ားပင္။
မိဘအားကိုးျဖင့္ ဘမွန္သည္ အေပါင္းအသင္းမ်ားႏွင့္ထန္းေတာမွ မထြက္ေပ။
သို႔ေသာ္လည္း ဘမွန္သည္ မိမိ႐ြာအားအလြန္ခ်စ္၏။
႐ြာ၏သာေရး၊နာေရးပြဲမ်ားတြင္ ဘမွန္ကူညီေပးတတ္သည္။
ထိုအခ်က္ေၾကာင့္လည္း သာယာကုန္း႐ြာသူ၊႐ြာသားတို႔က
ဘမွန္အား ခ်စ္ခင္ၾက၏။
“ဗ်ိဳ႕…ဆရာ ဘုန္းေက်ာ္…”
“ေဟ…ဘယ္သူတုန္းကြ”
အိမ္ဝိုင္းအတြင္းဝင္လာေသာ လူ႐ြယ္အား
အသက္ငါးဆယ္ေက်ာ္ လူႀကီးတစ္ေယာက္မွလွမ္းေမးလိုက္သည္။
“က်ဳပ္ပါဗ်…ဘမွန္…ဘမွန္……..”
“ေၾသာ္…ဘမွန္ လာေလကြာ…အေပၚတက္ခဲ့”
ဘမွန္သည္ ေလွကားထစ္ငါးထစ္ကိုေက်ာ္ျဖတ္၍
အိမ္အေပၚထပ္သို႔ တက္လာခဲ့သည္။
အေပၚထပ္သို႔ေရာက္ေသာအခါ ဆရာဘုန္းေက်ာ္အား…
“ဒီမွာေလ ဆရာ…ဆရာအတြက္
က်ဳပ္အမဲသားတစ္တြဲလာေပးတာ…”
“ဟား…ေက်းဇူးပဲဘမွန္ရာ…”
ဆရာဘုန္းေက်ာ္သည္ အမဲသားတြဲအားၾကည့္ရင္း ဝမ္းသာ
သြားေလသည္။
“ရပါတယ္ဆရာရယ္…က်ဳပ္ကဆရာ့ကိုစားေစခ်င္လို႔ပါ”
ထိုသို႔ျဖင့္ ဆရာဘုန္းေက်ာ္ႏွင့္ ဘမွန္တို႔သည္ ပိုမို၍
ခင္မင္လာခဲ့ၾက၏။
ဘမွန္ကလည္း ဆရာဘုန္းေက်ာ္အတြက္ အၿမဲလိုလို သိတတ္ေပးသည္။
ထိုအခါ ဆရာဘုန္းေက်ာ္သည္ ဘမွန္အား သူအားကိုးအားထားျပဳဖြယ္လူရင္းတစ္ေယာက္ကဲ့သို႔
ဆက္ဆံလာေတာ့၏။
တစ္ေန႔သ၌…
“ဘမွန္…မင္း လူစြမ္းေကာင္းမျဖစ္ခ်င္ဘူးလားကြေဟ…”
“ဗ်ာ…ဆရာ လူစြမ္းေကာင္း…ဟုတ္လား…”
“ေအးေလကြာ…လူစြမ္းေကာင္း…တုတ္ၿပီး…ဓားၿပီး…ေသနတ္ၿပီးတဲ့လူဆိုတာမင္းၾကားဖူးလား…”
“က်ဳပ္ ၾကားဖူးနားဝေတာ့ရွိသားဗ်…”
“ေအး…မင္း ဆႏၵရွိရင္ ဆရာမင္းကို
စီရင္ေပးလို႔ရပါတယ္ကြာ…”
“ဘယ္လို…ဘယ္လို…ဆရာက က်ဳပ္ကို
အဲ့လိုအစြမ္းရေအာင္ လုပ္ေပးမယ္…ဟုတ္လားဆရာ”
“မင္းကိုဆရာကေနာက္မလား ဘမွန္ရာ…
မင္းကဆရာ့အေပၚလည္းသိတတ္တယ္…ဒါမို႔ မင္းကိုဆရာက
ေမွာ္သြင္းၿပီးစီရင္ေပးမယ္ကြာ…ဘယ့္နဲ႔ရွိစ…”
“က်ဳပ္ရခ်င္တာေပါ့ဆရာရယ္…ဒါျဖင့္
က်ဳပ္ဘက္ကေရာဘာေတြလုပ္ေပးရမလဲဗ်…”
“မင္းဘက္က လုပ္ေပးရမွာကေတာ့
သဘက္ခါညေရာက္ရင္ အစိမ္းေသအသားလတ္လတ္ဆတ္ဆတ္ ခုႏွစ္တစ္ေလာက္ရေအာင္ရွာေပးရမယ္…။အစီအရင္လုပ္ဖို႔အေကာင္းဆုံးရက္ကလည္းသဘက္ခါပဲေလကြာ…”
“အစိမ္းေသအသား…ခက္ေတာ့ခက္သားလားဗ်ာ…ႏို႔…ဒါနဲ႔ဆရာ…လူသားမွရမွာလားဗ်”
“ဟ…ဘမွန္ရ…တို႔လုပ္မယ့္အစီအရင္က လူသားစားေမွာ္…
တနည္းအေခၚရရင္ ေပါရိသာရေမွာ္ကြ…”
“ေပါရိသာရေမွာ္…အင္းဗ်ာ..က်ဳပ္အားႀကီးစိတ္ဝင္စားတယ္…
ရတယ္ဆရာ က်ဳပ္ျဖစ္ေအာင္လုပ္ေပးမယ္…
ဒါနဲ႔က်ဳပ္တို႔အစီအရင္ကဘယ္မွာလုပ္မွာတုန္း”
“သဘက္ခါည ကိုးခ်က္တီးတာနဲ႔
႐ြာျပင္သခ်ႋဳင္းကိုသာလာခဲ့ေပေတာ့…။
ဒါေပမယ့္
တစ္ခုေတာ့ရွိတယ္ဘမွန္
မင္းစိတ္ကိုရဲေအာင္ထားႏိုင္ရင္ေတာ့ ဒီကိစၥကိုလက္ခံကြာ…မဟုတ္ရင္မင္းအတြက္လည္းမေကာင္း…
ငါ့အတြက္လည္းမေကာင္းေပဘူး…”
“စိတ္ခ်ပါဆရာ…က်ဳပ္ ဘယ္အရာကိုမွမေၾကာက္ပါဘူး…
ဆရာေျပာတဲ့အစီအရင္ကိုလုပ္ဖို႔က်ဳပ္စိတ္ဝင္စားတယ္ဗ်ာ…”
“ေအး…ေအး…ဒါျဖင့္ မင္းရွာစရာရွိတာကိုသာ ရေအာင္
ရွာေပေတာ့…။သခ်ႋဳင္းကိုလာရင္လည္း အားကိုးရမယ့္အေဖာ္
ႏွစ္ေယာက္ေတာ့အပါေခၚခဲ့ေဟ့…”
“ဟုတ္ကဲ့ဆရာ…။ဒါျဖင့္ က်ဳပ္ျပန္လိုက္ဦးမယ္…”
“ေအး…ေအး……”
ထိုသို႔ျဖင့္ ဘမွန္တစ္ေယာက္ ဆရာဘုန္းေက်ာ္၏
ေနအိမ္မွျပန္လာခဲ့ေတာ့သည္။
အေပါင္းအေဖာ္မ်ားႏွင့္ဆုံရာ
ထန္းေတာဆီသို႔ေရာက္ေသာအခါ
ငယ္ေပါင္းသူငယ္ခ်င္းႏွစ္ေယာက္ျဖစ္ေသာ
ငေထာ္ ႏွင့္ေအာင္ႀကီးတို႔အားအသင့္ေတြ႕လိုက္ရသည္။
“ဟာ…ဘမွန္…တို႔ျဖင့္ မင္းအိမ္ကိုေတာင္ဝင္ေခၚေနၾကတာ…
မင္းကဘယ္ေတြေလ်ာက္သြားေနတာတုန္းဟ”
ဟု…ငေထာ္ ကေမးေသာအခါ…
“ဆရာဘုန္းေက်ာ္ဆီေရာက္ေနလို႔ပါကြာ…
အခုလည္း အဲ့ကေနဒီကိုတမ္းထြက္လာခဲ့တာ…”
“ေအး…မင္းကေတာ့ ဆရာဘုန္းေက်ာ္နဲ႔
အတြဲက်ေနသကိုး…
ဒါမို႔တို႔ေတြကိုေမ့ေနတာထင္ပါ့”
ေအာင္ႀကီးက ေျပာေသာအခါ ဘမွန္ ထန္းေရအိုးကို
ေမာ့ခ်လိုက္ၿပီး..
“အသာေနစမ္းပါကြာ…။
ငါမင္းတို႔ကိုအေရးတႀကီးေျပာစရာရွိတယ္”
“ထူးထူးဆန္းဆန္းပါလား…ဘာမ်ားလဲ ဘမွန္ရ”
သူငယ္ခ်င္းႏွစ္ေယာက္၏အေမးကို ဘမွန္ ေဘးဘီကို
တစ္ခ်က္အကဲခတ္လိုက္ၿပီး…
“ငါနဲ႔ဆရာဘုန္းေက်ာ္တို႔ တိုင္ပင္ထားတာရွိတယ္…
အဲ့တာကဒီလိုကြ……..”
ဘမွန္သည္ သူငယ္ခ်င္းမ်ားကို ေသခ်ာေျပာျပေလသည္။
ေပါဂိသာရေမွာ္အေၾကာင္း ဆရာဘုန္းေက်ာ္ရွာခိုင္းေသာအစိမ္းေသအသားခုႏွစ္တစ္အေၾကာင္းေကာပါ ေျပာျပလိုက္ၿပီး….
“ငါအဲ့အစိမ္းေသအသားကိုရွာဖို႔စဥ္းစားေနတာဟ…
လြယ္ပါ့မလားလို႔”
ဘမွန္၏စကားကို ေအာင္ႀကီးကေတြးေတြးစစျဖင့္…
“ဟ…ဘမွန္ တေန႔က ႐ြာလယ္ပိုင္းက ေအးမိေလ…ေအးမိ မင္းသိတယ္မလား…အဲ့ကေလးမ
လယ္ထဲပိုးထိၿပီးဆုံးတာေလကြာ…”
“ေၾသာ္… ေအး ငါသိတယ္ေလကြာ…”
“ေနပါဦး…ေအးမိ က သဘက္ခါဆိုအသုဘခ်မွာမလား…”
ငေထာ္ကပါ ထပ္ကြန႔္ေမးလိုက္ေသာအခါ ေအာင္ႀကီးက
လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ၿပီး…
“အဲ့တာေျပာတာေပါ့…ငေထာ္ရ…ဘမွန္လိုခ်င္တဲ့အစိမ္းေသအသားက ဒါပဲေလကြာ…ဒါပဲေပါ့…”
“ဟာ…မင္းဟာက လြယ္ပါ့မလားကြာ…”
ဘမွန္ ေအာင္ႀကီးကိုေမးေသာအခါ ေအာင္ႀကီးက ခပ္ၿပဳံးၿပဳံးမ်က္ႏွာေဘးျဖင့္…
“ဘမွန္…မင္းအေရးငါ့အေရးေပါ့သူငယ္ခ်င္းရာ…
မင္းအစီအရင္သာ မင္းေအာင္ျမင္ေအာင္လုပ္
က်န္တာ ငါတို႔ကူညီမွာေပါ့ကြာ……..”
ေအာင္ႀကီး၏အေျပာေၾကာင့္ ဘမွန္ဝမ္းသာသြားေလသည္။
“ဒါေပမယ့္…ေငြေတာ့ေပးလိုက္ဘမွန္…ေအးမိ အစ္ကို ဘိန္းစားတင္ျမင့္ကို ေငြနဲ႔ျမႇားၿပီးလုပ္ရမယ္ေမာင္…ဒါမွ
မင္းလိုခ်င္တာရလိမ့္မယ္…”
“ဒါမ်ားကြာ…ရတာေပါ့ ေပးမွာေပါ့ကြာ…။ငါကေတာ့
ဆရာဘုန္းေက်ာ္ေျပာတဲ့ တုတ္ၿပီး..ဓားၿပီး ေသနတ္ၿပီး ေမွာ္ႀကီးကိုေတာ့ အရယူခ်င္ေနၿပီ…မင္းတို႔သာ
ငါ့ကိုပံ့ပိုးေပးၾကကြာ…”
“ဒီအတြက္ စိတ္သာခ်…ဘမွန္ တို႔ေတြေသတူရွင္တူ သူငယ္ခ်င္းေတြပဲ…ဘာမွမပူေလနဲ႔ကြာ…”
***********************
အစီအရင္လုပ္မည့္ေန႔သို႔ေရာက္လာခဲ့ေလၿပီ။
ဘမွန္တစ္ေယာက္ စိတ္မ်ားလႈပ္ရွားေနခဲ့၏။
သူငယ္ခ်င္းျဖစ္သူတို႔အလာကိုေစာင့္ေမွ်ာရင္း ေမွာ္ေအာင္လွ်င္ဟူေသာအေတြးမ်ားျဖင့္ ေပ်ာ္႐ြင္ေနခဲ့ရသည္။
“ဘမွန္ေရ…”
“ငါလာၿပီ…ဘယ္လိုလဲ အဆင္ေျပခဲ့လား”
“ေျပပါတယ္ကြ…ဒီမွာ… ”
ဘမွန္၏အေမးကို ေအာင္ႀကီးကသူ၏
လက္အတြင္းယူေဆာင္လာေသာ အရာအား ျပလိုက္ေလေတာ့သည္။
ထိုအခါမွ ဘမွန္ အၿပဳံးႀကီးၿပဳံး၍…
“ဒါျဖင့္ သြားၾကတာေပါ့ကြာ…
ဆရာဘုန္းေက်ာ္ေမွ်ာ္ေနေလာက္ၿပီ”
ဘမွန္တို႔သုံးေယာက္သည္ ႐ြာျပင္သခ်ႋဳင္းဆီသို႔
ထြက္လာခဲ့ၾကေတာ့သည္။
ကိုးခ်က္တီးခါနီးၿပီျဖစ္၍ ႐ြာရွိလူမ်ား မိမိတို႔အိမ္ထဲတြင္သာေနေနၾကေလၿပီ။
ဘမွန္တို႔သုံးေယာက္ ႐ြာျပင္ သခ်ႋဳင္းသို႔ေရာက္လာခဲ့ၾကသည္။
သခ်ႋဳင္းအတြင္းရွိ သစ္ပင္အိုႀကီးတစ္ပင္ေအာက္တြင္
မီးခြက္ ထြန္းကာထိုင္ေနေသာ ဆရာဘုန္းေက်ာ္ကို ဘမွန္တို႔ေတြ႕သြားခဲ့ၾကၿပီး
ဆရာဘုန္းေက်ာ္ဆီေရာက္လာခဲ့ၾကရာ…
“ဒီမွာ…ဆရာမွာတာက်ဳပ္တို႔ယူလာခဲ့ၿပီဆရာ”
ဆရာဘုန္းေက်ာ္သည္ ဘမွန္လက္အတြင္းမွအရာကို ယူလိုက္ၿပီးအသင့္ျပင္ထားေသာေခါစာခြက္ထဲသို႔ထည့္လိုက္ေလသည္။
ၿပီးေနာက္ ဘမွန္တို႔အား ထိုင္ေနေစၿပီး ဆရာဘုန္းေက်ာ္သည္
မႏၲာန္က်ဴးျခင္း၊ သိဒၶိတင္ျခင္း၊ေမွာ္သြင္းျခင္းမ်ားကို စတင္၍စီရင္ေတာ့၏။
ထိုသို႔ေသာ္ အစီအရင္မ်ားျပဳလုပ္ခ်ိန္တြင္ သခ်ႋဳင္းအတြင္းရွိသစ္ပင္မ်ားထက္မွ က်ီးမ်ား၊ဆက္ရက္မ်ားသည္ တျဗဳန္းျဗဳန္းျဖင့္လန႔္ဖ်ပ္ကာေျပးၾကေတာ့သည္။
ယင္မဲေကာင္ႀကီးမ်ားသည္လည္း ေခါစာခြက္အတြင္းရွိ လူသားမ်ားအေပၚ၌ တဝီဝီျမည္၍ ဝိုင္းအုံေနခဲ့ၾကသည္မွာ
႐ြံရွာဖြယ္ရာပင္။
ညသည္လည္း အေတာ္ပင္နက္လာခဲ့၏။
အစီအရင္မ်ားၿပီး၍ထင္သည္ ဆရာဘုန္းေက်ာ္သည္ ထိုင္ေနရာမွထလာခဲ့ၿပီး…
“ကဲ…ဘမွန္… မင္းသူငယ္ခ်င္းေတြနဲ႔ လူတစ္ရပ္စာ က်င္းတစ္ခုတူးေပေတာ့…တူးဖို႔လည္း ေဟာ…ဟိုမွာ သုဘရာဇာဆီက ဆရာငွားထားတယ္…အျမန္တူးၾကေပေတာ့…”
ဆရာဘုန္းေက်ာ္ေျပာေသာ ကိစၥအား ဘမွန္တို႔မေမးျမန္းေတာ့ဘဲ…ေျမက်င္းတူးၾကေတာ့သည္။
လူတစ္ရပ္စာ က်င္းေလးတူးၿပီးသြားေသာအခါ၌
ဆရာဘုန္းေက်ာ္က…
“ဘမွန္…ဆရာတို႔လုပ္ရမယ့္အစီအရင္က အရမ္းအေရးႀကီးတယ္…ေမာင္ရင္တို႔လည္း ေသခ်ာနားေထာင္ထားၾကေပေတာ့…
ဘမွန္ကို ေဟာသည္ က်င္းထဲမွာေခါင္းေလးေပၚ႐ုံျမဳပ္ထားရမယ္…ၿပီးရင္ ဆရာစီရင္ထားတဲ့အစိမ္းေသလက္ဖ်ံ႐ိုးနဲ႔ ဘမွန္ရဲ႕ပါးစပ္ကို ေထာက္ဟေပးထားရမယ္…ဘမွန္က ဘာအေၾကာင္းရွိရွိ…ဘယ္လိုေၾကာက္စရာေတြ႕ေတြ႕ ေမာင္ရင္ရဲ႕ပါးစပ္ကိုမပိတ္လိုက္ဖို႔အရမ္းအေရးႀကီးတယ္…
ဆရာကလည္း ေမာင္ရင္တို႔ကို စည္းေတြကာေပးထားမွာမို႔
မေၾကာက္ၾကေလနဲ႔…
ဆရာစီရင္ေပးတဲ့ အသားတစ္ခုႏွစ္တစ္ကို
တစ္ႀကိမ္က် ဘမွန္ရဲ႕ပါးစပ္ထဲဆရာပစ္သြင္းေပးမယ္…
ဒါေတြကို ဘမွန္က အသက္ေအာင့္ၿပီးၿမိဳခ်ရလိမ့္မယ္…
ဒါက ေမာင္ရင့္သူငယ္ခ်င္းေတြယူထား…
ဆရာစီရင္တဲ့အစီအရင္ၿပီးဆုံးသြားရင္
ေမာင္ရင့္ကိုယ္ႀကီးက သူ႔အလိုလိုက်င္းထဲက ထြက္လာလိမ့္မယ္…အဲ့အခ်ိန္က်ရင္ ေမာင္ရင့္သူငယ္ခ်င္းေတြက ေမာင္ရင့္ကို မလြတ္ေအာင္ဖမ္းခ်ဳပ္ၿပီး ဒီေျခမန္းကြင္းေတြစြပ္ေပးရလိမ့္မယ္…ကဲ…လုပ္ႏိုင္ၾကရဲ႕လား…..”
ဆရာဘုန္းေက်ာ္၏စကားမ်ားဆုံးသြားေသာအခါ.ဘမွန္တို႔တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၾကေလသည္။
ၿပီးေနာက္…
“လုပ္ႏိုင္တယ္ဆရာ…က်ဳပ္တို႔ေသြးမနည္းပါဘူး….
ျဖစ္ေအာင္လုပ္မွာပါ”
ဆရာဘုန္းေက်ာ္ေက်နပ္သြားေတာ့သည္။
ထို႔ေနာက္ ဘမွန္အား က်င္းထဲ၌ ျမဳပ္၍ ေျမေပၚ၌ေခါင္းတစ္လုံးေပၚ႐ုံသာထားေလသည္။
ေအာင္ႀကီးႏွင့္ငေထာ္တို႔ကိုလည္း အနီး၌ေနေစၿပီး စည္းဝိုင္းဝိုင္းထားေတာ့ေလသည္။
ေနာက္ဆုံး ဘမွန္၏ပါးစပ္အား အစိမ္းေသာလက္ဖ်ံျဖင့္ေထာက္ထားၿပီး အစီအရင္မ်ားစတင္ေတာ့၏။
ဖေယာင္းတိုင္မ်ားထြန္းထားၿပီး ဂါထာမ်ား အထပ္ထပ္႐ြတ္ဆိုေတာ့သည္။
သခ်ႋဳင္းအတြင္း၌ ဂါထာ႐ြတ္သံမ်ားက ႀကီးဆိုး၍ေန၏။
ေအာင္ႀကီးႏွင့္ငေထာ္သည္
ဂါထာမ်ားအဆက္မျပတ္႐ြတ္ေနေသာ ဆရာဘုန္းေက်ာ္ကိုလည္းေကာင္း ၊ ေျမက်င္းထဲ၌ေခါင္းေပၚ႐ုံသာေနရေသာ ဘမွန္ကိုလည္းေကာင္း စိတ္ဝင္တစားၾကည့္ေနခဲ့ၾကသည္။
သူတို႔ၾကည့္ေနစဥ္ ဆရာဘုန္းေက်ာ္သည္ လူသားတတစ္အား
ဘမွန္၏ပါးစပ္အတြင္း ပစ္သြင္းေလရာ ပါးစပ္ဟလွ်က္ပင္ထိုအသားစိမ္းအား.ဘမွန္ၿမိဳခ်ေလသည္။
ထိုအရာကိုၾကည့္၍ ေအာင္ႀကီးတို႔ မ်က္ႏွာမ်ား
ရႈံ႕မဲ့သြားၾကသည္။
ဆရာဘုန္းေက်ာ္သည္က သူလုပ္စရာရွိတာမ်ားကိုသာဆက္လုပ္ေနခဲ့၏။
“အီးးးးးးးးးးးးအူးးးးးးးးး”
အဟင့္…အဟင့္……….”
“အားးးးးးးးးး”
သခ်ႋဳင္းအတြင္း အသံမ်ားဆူညံလာေလၿပီ။
သစ္ပင္ႀကီးမ်ားသည္လည္း မေကာင္းဆိုးဝါးသဖြယ္ လႈပ္ရွားယိမ္းႏြဲ႕ေန၏။
အျဖဴေရာင္အေငြ႕မ်ားသည္လည္း ထြက္ေပၚေန၏။
“သတ္ေဟ့…သတ္….သတ္ၾက……..”
ဟူေသာေအာ္သံႀကီးႏွင့္အတူ မေကာင္းဆိုးဝါးႀကီးမ်ားသည္ ဘမွန္ရွိရာသို႔အေျပးလာၾက၏။
ထိုအရာမ်ားကိုၾကည့္၍ ေအာင္ႀကီးတို႔ ဘမွန္ကိုတလွည့္ၾကည့္ၾကေသာ္လည္း ဘမွန္က မ်က္လုံးဆုံမွိတ္၍
ပဂတိၿငိမ္သက္ေနခဲ့သည္။
မေကာင္းဆိုးဝါးႀကီးမ်ားသည္လည္း ဘမွန္အနီးသို႔အေရာက္
ေပ်ာက္ကြယ္သြားေတာ့၏။
အဖ်က္အဆီးမ်ား
မ်ားျပားစြာလာေရာက္ၾကပါေသာ္လည္း
ဘမွန္သည္ ပါးစပ္ကိုမပိတ္…ဆရာဘုန္းေက်ာ္ပစ္သြင္းေသာ
အသားတစ္မ်ားကိုသာ ၿမိဳခ်ေနခဲ့သည္။
အသားတစ္ ခုႏွစ္တစ္ၿမိဳခ်ၿပီးခ်ိန္၌…
“ကဲ…ေမွာ္သြင္းၿပီးၿပီ…သူထြက္လာရင္ ေမာင္ရင္တို႔အရ ဖမ္းခ်ဳပ္ၾကေပေတာ့…”
ဟု ဆရာဘုန္းေက်ာ္က ေျပာေလသည္ယ
ထိုသို႔မၾကာမွီ ဘမွန္တစ္ေယာက္ ေျမက်င္းထဲမွ ခုန္ထြက္လာခဲ့သည္။
ေျမႏွင္ျအေတာ္ျမင့္ျမင့္ထိ ခုန္တက္သြားၿပီး…..
“ေအာင္ၿပီ…ေအာင္ၿပီ….ေအာင္ၿပီေဟ့……….”
ဟု…အသံက်ယ္ႀကီးျဖင့္ေအာ္ေလသည္။
ေျမေပၚသို႔ျပန္က်လာသည္ႏွင့္ ငေထာ္တို႔သည္ ဆရာဘုန္းေက်ာ္ေပးထားေသာ ေျခမန္းကြင္းမ်ားကို
ဘမွန္႐ုန္းကန္ေနသည့္ၾကားမွ
ရေအာင္ ဝတ္ဆင္ေပးၾကေတာ့၏။
အားလုံးၿပီးသြားေသာအခ