မင်းအောင် နှင့် မာယာရှင်အစွဲ(စ/ဆုံး)

Unicode Version

မင်းအောင် နှင့် မာယာရှင်အစွဲ(စ/ဆုံး)
——————————-
” ရတနာ…. ညည်းယက်နေတဲ့ အထည်တွေပြီးပြီလားအေ့ ”
” အွန်း.. ပြီးတော့မယ် အမရွှေရည်ရေ ”
လွန်းထားမေ ယက်ကန်းရုံ၌ ” တဂျက် တဂျောက် ” အသံများနှင့်အတူ မိန်းမပျိုလေးများသည်လည်း ပျော်ရွှင်စွာဖြင့် ယက်ကန်းခတ်ခြင်းလုပ်ငန်းအား လုပ်ကိုင်နေလေသည်။ရတနာတစ်ယောက် အာ ရုံ စိုက်ပြီးယက်ကန်းခတ်နေစဉ်အချိန်၌ ခေါ်သံကြောင့်လှည့်ကြည့်လိုက်ရာ
” ညီမ ”
” ရှင် ”
သူစိမ်းအမျိုးသားတစ်ယောက်ဖြစ်နေ၏။ ထိုအမျိုးသားက
” ညီမယက်ကန်းခတ်နေတဲ့ ပုံလေးတစ်ပုံလောက် ရိုက်ကူးခွင့်ပေးပါလား ….ဒီလိုပါညီမ… အကိုကဓါတ်ပုံဆရာတစ်ယောက်ပါ…ဓါတ်ပုံပြိုင်ပွဲတစ်ခုမှာ ယက်ကန်းခတ်နေတဲ့ပုံလေးတွေနဲ့ ဝင်ပြိုင်မလို့ပါ …အဲဒါကြောင့် ညီမယက်ကန်းခတ်နေတဲ့ပုံလေးကို ရိုက်ကူးခွင့်ပြုပါလား ”
ဟုခွင့်တောင်းလာ၏။
” သြော် ..ဟုတ်ကဲ့ပါအစ်ကို… ဒါနဲ့အစ်ကိုကဘယ်သူလည်းဟင် ”
ရတနာလည်း ထိုလူငယ်လေးအား ဘယ်သူဘယ်ဝါဖြစ်သည်ကို သိလိုသဖြင့်မေးလိုက်လေရာ…
” အစ်ကိုနာမည်က အောင်ကောင်းစံပါ… ဒီရွာမှာနေတဲ့ ဒေါ်နန်းမူရဲ့တူပါ… နေတာကတော့ ရန်ကုန်မှာနေတယ်ညီမ… အခုနန်ဆန်ရွာကိုလာရတဲ့အကြောင်းရင်းကတော့ နန်ဆန်ရွာရဲ့သဘာဝအလှတရားတွေကို ရိုက်ကူးချင်လို့ပါ..ဒါနဲ့ ဒီကညီမအမည်က ဘယ်လိုခေါ်လည်းဗျ ”
” ညီမနာမည်က ရတနာပါရှင့်…ဒီနန်ဆန်ရွာသူပဲ.. အစ်ကိုက အရီးနန်းမူရဲ့တူအရင်းလား ”
” ဟုတ်တယ်ညီမ … အစ်ကို့ကို ညီမယက်ကန်းခတ်နေတဲ့ပုံလေးတွေ ရိုက်ကူးခွင့်ပြုပါလား ”
အောင်ကောင်းစံလည်း ရတနာအား ဓါတ်ပုံရိုက်ကူးခွင့် ထပ်မံတောင်းဆိုလိုက်လေသည်။
” ဟုတ်ကဲ့အစ်ကို ညီမခွင့်ပြုပါတယ်… အစ်ကိုက တခြားသူမှမဟုတ်တာ အရီးနန်းမူရဲ့တူပဲ ညီမယုံပါတယ် ”
” ကျေးဇူးပါညီမ အခုလို ကို့ကိုယုံကြည်ပြီး ဓါတ်ပုံရိုက်ကူးခွင့်ပြုတဲ့အတွက် ”
” ဟုတ် ရပါတယ် ”
အောင်ကောင်းစံတစ်ယောက်လည်း ရတနာထံမှ ခွင့်ပြုချက်ရသဖြင့် ဓါတ်ပုံများအားမိမိစိတ်ကြိုက် ရိုက်ကူးလေသည်။ ဓာတ်ပုံများရိုက်ကူးပြီးသောအခါ
” ညီမ…အခုလို ဓါတ်ပုံရိုက်ကူးခွင့်ပေးတဲ့အတွက် ကျေးဇူးပဲနော် ”
” ဟုတ်အစ်ကို ရပါတယ်…ညီမအတွက်အပန်းကြီးတာမှ မဟုတ်တာ ”
” အွန်းညီမ… ဒါဆိုအစ်ကိုပြန်လိုက်အုံးမယ်နော် ”
ဟုပြောကာ အောင်ကောင်းစံတစ်ယောက်လည်း ရတနာအားနှုတ်ဆက်၍ ပြန်သွားလေသည်။
” ရတနာရေ … ညည်းလူကြီးက လူချောကြီးပဲအေ့.. ချောချက်က ဓါတ်ရှင်မင်းသားကြီး ကြနေတာပဲ ”
” အမယ်လေး ဝတ်ရည်တို့ကတော့လုပ်ပြီ.. ဘာကို ညည်းလူကြီးလဲ ”
” ဒီလိုလေ ရတနာရဲ့ …တို့ယက်ကန်းရုံမှာ မိန်းကလေးတွေ အများကြီးရှိတယ်လေ…
အများကြီးထဲကမှ နင့်တစ်ယောက်ထဲကိုပဲရွေးပြီး ဓါတ်ပုံရိုက်ရတယ်လို့ ဟား ဟား ဟား ”
ရတနာအား သူငယ်ချင်းဖြစ်သူဝတ်ရည်မှ အရွှန်းဖောက်၍ နောက်လိုက်သဖြင့် ယက်ကန်းရုံရှိ မိန်းမငယ်လေးများပါ ရယ်မောကြကုန်၏။ လွန်းထားမေ ယက်ကန်းရုံလေး၌ ရယ်သံလေးများဖြင့် ဆူညံသွားလေသည်။ ထို ယက်ကန်းရုံလေး၌ မရယ်နိုင်သူမှာ ရတနာအမတစ်ဝမ်းကွဲတော်စပ်သူ ရွှေရည်ပင် ဖြစ်လေသည်။
အောင်ကောင်းစံ တစ်ယောက်သည်လည်း မိမိတည်းခိုရာ အဒေါ်ဖြစ်သူဒေါ်နန်းမူရဲ့ အိမ်သို့ရောက်သောအခါ အိမ်ပေါ်သို့ပင်မတက်နိုင်ပေ။ အိမ်ရှေ့ကွပ်ပျစ်ပေါ်၌သာ ဝမ်းလျားထိုးမှောက်လိုက်ပြီး မိမိကင်မရာမျက်နှာပြင်လေးအတွင်းရှိ အစောပိုင်းကရိုက်ကူးလာသော မိန်းကလေး၏ဓာတ်ပုံလေးအားကြည့်ရင်း ပြုံးနေမိ၏။ ထိုအချိန်၌
” မောင်အောင် အိမ်ပေါ်မတက်ပဲ ကွပ်ပျစ်ပေါ်မှာ ဘာတွေကြည့်ပြီးပြုံးနေတာတုံး ”
” ဟို…အယ်…ဒီလိုပါဒေါ်လေး ဓါတ်ပုံပြိုင်ပွဲအတွက် ရိုက်ကူးထားတဲ့ ပုံလေးတွေကြည့်နေတာပါ ”
” ငါ့တူလေးက ဓါတ်ပုံတွေကြည့်ရင်း ပြုံးနေတယ်ဆိုတော့က … မဟုတ်မှလွဲရော မိန်းကလေးပုံတွေမဟုတ်လား ”
” ဟဲ…ဟဲ ..ဟုတ်တယ်ဒေါ်လေးရေ ဒေါ်လေးပြောတဲ့မိန်းကလေးပုံပဲဗျ….မိန်းကလေးမှ တခြားမိန်းကလေးမဟုတ်ဘူး ဒေါ်လေးတို့ရွာသူပဲဗျို့.. ”
” ဟေ ဟုတ်လား … အဒေါ့်ကိုပြပါအုံး ”
ဟုပြောကာ ဒေါ်နန်းမူတစ်ယောက်လည်း တူဖြစ်သူ အောင်ကောင်းစံထံမှ ကင်မရာအားယူ၍ ကြည့်လိုက်ပြီးနောက်
” ဘယ်ဆိုးလို့လည်း ငါ့တူကရွေးတတ်သားပဲ… ရွာရဲ့ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ကိုမှရွေးထားတာနော် ”
” ဟာ… ဒေါ်လေးကလည်း ကျွန်တော်ကဓါတ်ပုံပြိုင်ပွဲအတွက် ရွေးထားတာပါဗျ ”
” အေးလေကွယ်… ဒေါ်လေးကဘာပြောနေလို့လည်း ဓါတ်ပုံပြိုင်ပွဲအတွက် ရွေးထားတယ်လို့ပဲပြောမလို့ပါ… ငါ့တူဖာသာ အိုးမလုံအုံပွင့်နေတာ… ”
ဟု ဒေါ်နန်းမူမှ အောင်ကောင်းစံအား ရွှတ်နောက်နောက်ဟန်ဖြင့် ပြောလိုက်ရာ သူက
” မဟုတ်ပါဘူးဒေါ်လေးရယ် ကျွန်တော်တို့က ရိုးရိုးသားသားပါဗျာ ”
” အေးပေါ့လေ… အခုတော့ရိုးရိုး နောက်တော့တစ်မျိုးတိုး ဆိုသလိုပေါ့လေ ”
” ဟာ… ဒေါ်လေးကလည်းဗျာ ” ဟုဆိုကာ အောင်ကောင်းစံတစ်ယောက်လည်း ရှက်သွား၏။ ဤသို့ဖြင့် အောင်ကောင်းစံလည်း အားရင်အားသလို ရတနာယက်ကန်းခတ်နေသော လွန်းထားမေယက်ကန်းရုံလေးသို့ သွားဖြစ်လေသည်။
ရတနာသည်လည်း ဖော်ရွေပျူငှာတတ်သော အောင်ကောင်းစံအား ခင်မိလေသည်။ ဤသို့ဖြင့် တစ်နေ့၌
” ရတနာ ”
” ရှင်..အစ်ကို ”
” အစ်ကိုတို့ အေးအေးဆေးဆေးတစ်ရက်လောက် အပြင်မှာစကားပြောချင်တယ်ကွာ…နောက်ပြီးရတနာကိုလည်း အရေးကြီးကိစ္စပြောစရာရှိတယ် ”
” အွန်း…အဲဒါကလေ ”
” အဲဒါကလေ လုပ်မနေပါနဲ့ကွာ… မနက်ဖြန်ယက်ကန်းရုံသိမ်းချိန်ကြရင် ရွာထိပ်ကဘုရားမှာ ရတနာအလာကို အစ်ကိုစောင့်နေမယ်…ရတနာမလာမချင်း အစ်ကိုစောင့်နေမှာနော် ”
ဟုပြောကာ အောင်ကောင်းစံတစ်ယောက်လည်း လွန်းထားမေယက်ကန်းရုံလေးမှ ထွက်ခွာသွားလေသည်။ ထိုအခါ ရတနာလည်းထွက်ခွာသွားသော အောင်ကောင်းစံ၏ ကျောပြင်လေးအား ငေးမောကြည့်နေရင်း မျက်စောင်းလေးတစ်ချက်ထိုးလိုက်ကာ
” ဟွန့်…ပြောချင်ရာပြောပြီး ထွက်သွားပြန်ပြီ ” ဟု ညုတုတုအသံလေးဖြင့် တီးတိုးစွာပြောလိုက်လေသည်။
” ရတနာရေ မနက်ဖြန်ကြရင် ညည်းလူကြီးနဲ့သွားတွေ့မယ်ပေါ့လေ ”
” ဝတ်မှုံနော်… ဘာကိုညည်းလူကြီးလည်း အခုမှသူငယ်ချင်းအဆင့်ပဲရှိသေးတာ ”
” အခုမှသူငယ်ချင်းအဆင့်ပဲ ရှိသေးတာဆိုတော့ … နောက်ဆိုရင်ချစ်သူအဆင့်ဖြစ်မှာလို့ ပြောချင်တာလား မိရတနာ… ”
ဝတ်မှုံမှစနောက်လိုက်သောကြောင့် ရတနာ၏ပါးပြင်လေးနှစ်ဖက်မှာ နီမြန်းလာကာ ရှက်သွေးများဖြာလာလေသည်။
” တော်ပြီဟာ… ငါနင်တို့နဲ့စကားမပြောအားတော့ဘူး ငါ့အထည်တွေပြီးအောင် ယက်ကန်းခတ်ရအုံးမယ် ”
ဟုပြောကာ ရတနာတစ်ယောက်သည်လည်း မိမိအလုပ်ဖြစ်သော ယက်ကန်းခတ်ခြင်းအား စတင်လုပ်ဆောင်လိုက်လေသည်။
+++++++++++++++++++++++++
တောင်စွယ်မှာနေကွယ်ခါနီးသော ညနေဆည်းဆာအချိန်လေး၌ နန်ဆန်ရွာထိပ်တွင်တည်ရှိသော နဂါးကြီးနှစ်ကောင်ဘုရားရှေ့ရှိ ပိတောက်ပင်ကြီးအောက်၌ အောင်ကောင်းစံတစ်ယောက်သည် ရတနာ အလာကို စောင့်နေလေ၏။ အောင်ကောင်းစံ၏ရင်ထဲ၌လည်း မိမိစောင့်မျှော်နေသော ရတနာသည် မိမိထံသို့ရောက်လာပါ့မလား။ ရတနာရောက်လာမည်ဆိုပါမူ မိမိဘက်ကအဘယ်သို့ စကားစရမည်နည်း။ အောင်ကောင်းစံ၏အတွေးထဲ၌ ရောက်ယက်ခက်နေကာ ရင်တွင်း၌လည်း နှလုံးခုန်သံများ မြန်လာလေသည်။ ဤသို့ဖြင့် အောင်ကောင်းစံ၏မြင်ကွင်းထဲသို့ အစိမ်းနုရောင်ဝမ်းဆက်လေးအား ဝတ်ဆင်လာပြီး ပါးပြင်မို့မို့လေးတွင် ပါးကွက်ကြားလေးကွက်ထားသော မိန်းမပျိုလေးတစ်ဦး ဝင်ရောက်လာလေသည်။ ထိုမိန်းကလေးက
” အစ်ကို စောင့်နေတာကြပြီလား ”
” မကြာသေးပါဘူး ရတနာရယ်…အကိုကတွေ့ချင်သူဆိုတော့လည်း စောင့်ရတာပေါ့ ”
” အွန်းပါ… အစ်ကိုရတနာကို ပြောစရာရှိတယ်ဆို ”
” ဟုတ်တယ်ရတနာ အစ်ကိုသိပ်အရေးကြီးတဲ့ စကားတစ်ခွန်းပြောချင်လို့ ”
” ဒါဆိုလည်း ပြောလေအစ်ကို ”
” အစ်ကိုလေ.. ရတနာ..ရတနာကို… သိပ်ချစ်မိနေပြီကွယ် ”
” အို..အစ်ကိုကလည်း တွေ့တာမှမကြာသေးဘူး…ချစ်စကားကြိုက်စကား ပြောနေပြီ ”
” ရတနာရယ် တွေ့တာမကြာသေးဘူးဆိုပေမဲ့ အစ်ကို့မေတ္တာက စစ်မှန်ပါတယ်ကွာ… ရတနာကိုစတွေ့ထဲက မြင်မြင်ခြင်းစွဲလမ်းမိတာပါကွာ ”
” ဟွန့် ..မယုံရဲပါဘူးနော်… အကို့လိုမြို့ကြီးသားကို ”
ဟုပြောကာ ရတနာလည်း ချစ်မျက်စောင်းလေးအား သဲ့သဲ့လေးထိုးလိုက်လေသည်။
” ရတနာရယ် မြို့ကြီးသားမို့ မချစ်ရဘူးတဲ့လား… မြို့ကြီးသားတွေလည်း ချစ်တတ်တဲ့နှလုံးသားလေး ရှိပါတယ်ကွာ…”
” အစ်ကိုကပြောတာပဲ မြို့မှာချစ်သူတွေကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ… အဲဒီကြမှရတနာက တစ်ယောက်ထဲ မလွမ်းပိုလေးဖြစ်နေရမှာရှင့်.. ”
ရတနာတစ်ယောက်လည်း မခူးဆွတ်ခင်ကအကိုင်းညွှတ်ချင်နေသော အသီးပမာ ရေလာမြောင်းပေးလိုက်လေသည်။
” အဲဒါတော့ စိတ်ချရတနာ…အစ်ကို့မှာဘာချစ်သူမှမရှိပါဘူးကွာ…အစ်ကိုကရတနာကိုလေ မိုးမြေမကတဲ့ မေတ္တာမျိုးနဲ့ ရိုးမြေကြသည်ထိ ချစ်နေမှာပါ ”
” ဟွန့်… အစ်ကိုကစကားတတ်တယ်နော် … အဲလို စကားတတ်လို့လည်း အစ်ကို့ကိုမယုံရဲတာ ”
” စကားတတ်တာ မဟုတ်ပါဘူးကွာ..အစ်ကိုကချစ်တတ်တာပါနော် ”
” အွန်းပါ… ရတနာစဉ်းစားပေးမယ်လေ ”
” ရတနာ ….”
” ရှင့်… ”
” အစ်ကို့ကို … မချစ်ဘူးလားဟင် ”
” ချစ်တာပေါ့လို့ ”
” ရတနာတကယ်ပြောတာနော် ”
” ဟာ…အစ်ကိုလူလည်လုပ်တယ်ကွာ…ရတနာက နောက်မှအဖြေပေးမလို့ကို….သွားလူလည်ကြီး ”
ဟုပြောကာ ရတနာတစ်ယောက်လည်း မိမိရဲ့သေးငယ်သော လက်သီးဆုပ်လေးဖြင့် အောင်ကောင်းစံ၏ရင်ဘတ်အား ခပ်ဖွဖွလေးထုလိုက်လေသည်။ အောင်ကောင်းစံလည်း မိမိရင်ဘတ်အား လာထုသော ရတနာလက်ကလေးအား လှမ်းဖမ်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရတနာကိုယ်လေးအား စွေ့ကနဲနေအောင် သိမ်းဖက်လိုက်လေသည်။
” အစ်ကို ဖြေးဖြေးဖက်ကွာ… အသက်ရှုကြပ်လာပြီ… လူတွေမြင်ကုန်ရင် မကောင်းဘူးနော် ”
” ရတနာရယ် အစ်ကိုသိပ်ပျော်သွားလို့ပါကွာ ”
” အစ်ကို …တစ်ခုပြောမယ်နော်…ရတနာကအဖြေကို လွယ်လွယ်ပေးလိုက်လို့ အညှာလွယ်တဲ့မိန်းကလေးလို့ မသတ်မှတ်လိုက်ပါနဲ့နော် ”
အောင်ကောင်းစံ၏ ရင်ခွင်အတွင်းရောက်နေသောရတနာမှ အားငယ်သောအသံလေးဖြင့် ပြောလိုက်ခြင်းပင်ဖြစ်လေသည်။
” ရတနာလေးရယ် ပေါက်တီးပေါက်ရှာကွာ…အစ်ကိုက ရတနာလေးကို တန်ဖိုးထားပြီး မြတ်နိုးရသူပါ… ရတနာလေးကို အကိုဘယ်လောက်ချစ်လည်းဆိုရင် *ကို့ရဲ့အချစ်တွေကို ကမ္ဘာမြေပြင်မှာ ဖြန့်ကျက်ထားမယ်ဆိုရင် * ကြယ်ကြွေစရာနေရာတောင် ရှိမှာမဟုတ်ပါဘူးကွာ ”
” တော်ပါ အဲဒီအပြောတွေနဲ့ … ဒီကလူကိုအရည်ပျော်အောင်လုပ်နေတာ ”
” ဘယ်နားတွေ အရည်ပျော်ကုန်တာလည်း ရတနာ… ”
” အကိုနော်… မညစ်ပတ်နဲ့ကွာ.. ဟီး…ဟီး… ”
အောင်ကောင်းစံတို့ ချစ်သူနှစ်ဦးကြည်နူးနေခိုက် မလှမ်းမကမ်း၌ အမျိုးသမီးတစ်ဦးရောက်ရှိနေ၏။ ထိုအမျိုးသမီးမှ
” ကောင်မ နန့်ကိုနန့်တယ် … တကယ်ဆို အစ်ကိုအောင်က ငါ့အတွက်ဖြစ်ရမှာ ”
ဟုတစ်ယောက်ထဲတီးတိုးပြောကာ မနာလိုဟန်ပါသောအမူရာဖြင့် ခြေထောက်အားဆောင့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ထိုအမျိုးသမီးသည် မည်သူနည်း….။
ဤသို့ဖြင့်ရက်အနည်းငယ်ကြာသော်…
” ရတနာ ညည်းနဲ့ညည်းလူကြီးက ချစ်သူတွေဖြစ်သွားပြီမဟုတ်လား ”
ဝတ်မှုံရဲ့အမေးကြောင့် ရတနာတစ်ယောက်လည်း သူခိုးလူမိသလို ဖြစ်သွားလေ၏။
” အယ်… ဟိုလေ ငါနဲ့အစ်ကိုက ချစ်သူတွေဖြစ်သွားပြီဟ ”
” အဲမယ်.. မိန်းမ. . ဒါမျိုးကြတော့ လက်သွက်တယ်နော်.. ကျမတို့တောင်အခုမှ သိရတယ် ”
” အဲလိုလည်းမဟုတ်ပါဘူးဟာ…ငါလည်းနင်တို့ကိုပြောပြမလို့ပါပဲ ”
” ထားပါတော့ မိရတနာရယ်…ဒါနဲ့ညည်းလူကြီးအခြေနေ ဘယ်လိုရှိလဲ ”
” အစ်ကိုက ငါ့ကိုသိပ်ချစ်တယ်ဟ …ပြီးတော့ငါ့ကိုလည်း ဂရုစိုက်တယ် ”
” အဲဒါမျိုးကြားရတော့ ဝမ်းသာတယ်မိရတနာရေ…ညည်းလူကြီးနဲ့ယူပြီးသွားလို့ မြို့ကိုလိုက်သွားရရင်တော့ ကျုပ်တို့တော့လွမ်းရအုံးမယ် ”
ရတနာလည်း သူငယ်ချင်းဖြစ်သူဝတ်မှုံရဲ့စကားကြောင့် အနည်းငယ်ဝမ်းနည်းသွား၏။
” ဝတ်မှုံရယ်… ငါ အစ်ကိုနဲ့ယူပြီးလည်း ဒီရွာလေးမှာပဲနေမှာပါဟာ ”
” ဒါဆိုရင်ကောင်းတာပေါ့ ..ညည်းတို့ယူပြီးလို့ သားလေးမွေးရင် ယောက္ခမတော်မယ်လေ ဟား ဟား ”
လွန်းထားမေယက်ကန်းရုံလေးမှာ ရီမောသံလေးများဖြင့် စိုပြေသွားလေသည်။ ၎င်း ယက်ကန်းရုံလေးမှာ မရီမောနိုင်သူတစ်ဦးရှိလေ၏။ ဤသိုဖြင့် ကာလအနည်းငယ်ကြာသောအခါ ရတနာနှင့်အောင်ကောင်းစံတို့ မေတ္တာမျှနေကြောင်းအား နှစ်ဖက်မိဘများသိသွားကြကုန်၏။ နှစ်ဖက်မိဘများလည်း ၎င်းတို့ချစ်သူနှစ်ဦးအား သဘောတူကြလေသည်။ သို့ဖြစ်ပါသောကြောင့် ရတနာတို့ချစ်သူနှစ်ဦးမှာလည်း အပျော်ကြီးပျော်နေ၏။အဘယ်ကြောင့်ဆိုသော် မိမိချစ်ရပါသော ချစ်သူလေးနှင့်အတူ ပေါင်းဖက်ခွင့်ရခြင်းမှာ မိမိအတွက် လောကနိဗ္ဗာန်ပင်။ အောင်ကောင်းစံနှင့်ရတနာတို့သည်ကား သစ္စာတိုင်ကဗျာလေးထဲကလို
* ဒီတောင်ရိုး ကဒီတောင်ရိုး ကျားဆိုးပေါရဲ့…မောင့်အချစ် မျှစ်ချိုးလိုက်ခဲ့ *
ဆိုသလို ချစ်သူနှစ်ဦးတို့သည် လောကဓံတရားကြီးရှစ်ပါးကို အံတုကာ စစ်မှန်သောချစ်ခြင်းများဖြင့် ချစ်ကြလေသည်။ ထိုချစ်သူနှစ်ဦးထံသို့ မမျှော်လင့်သောအကြောင်းအရာတစ်ခု ပေါ်ပေါက်လာ၏။
” ရတနာရေ နင့်ကိုငါပြောစရာတစ်ခုရှိတယ် ”
” ဟုတ်အမရွှေရည် ပြောလေအစ်မ ”
” နင်..အရီးနန်းမူတူ အောင်ကောင်းစံနဲ့ ယူတော့မှာဆို ”
” ဟုတ်တယ်လေ အစ်မရွှေရည်ရဲ့.. အဲဒီကိစ္စဖေဖေမေမေတို့လည်း သဘောတူထားတယ်လေ ”
” အဲဒီကိစ္စကိုပဲပြောမလို့ ရွှေရည်ရေ…ငါပြောသင့်မပြောသင့် စဉ်းစားနေတာ ”
” အစ်မရွှေရည်ရယ် ပြောမှာသာပြောစမ်းပါ…ညီအစ်မတွေပဲဟာကို ”
” အေး ဒါဆိုငါပြောမယ်…နင့်ချစ်သူအောင်ကောင်းစံကလေ မြို့မှာသူရဲ့တိတ်တိတ်ပုန်း မယားရှိတယ်တဲ့ဟ ”
” ရှင်… ”
အမဝမ်းကွဲဖြစ်သူ ရွှေရည်ရဲ့စကားကြောင့် ရတနာတစ်ယောက် ငိုင်သွားလေသည်။ ရတနာ မျက်ဝန်းအိမ်၌လည်း မျက်ရည်စလေးများ ထွက်စပြုလာကာ
” အစ်မရွှေရည်ရယ် ဟုတ်ပါ့မလား…အစ်ကိုက အဲလိုလူစားမျိုးမဟုတ်ပါဘူး ”
” မဟုတ်ပဲနဲ့ပြောပါ့မလား ငါကနင့်အစ်မပါဟာ… နင်နစ်နာမဲ့အလုပ်မျိုး ငါကလုပ်ပါ့မလားရတနာရယ်… ”
” အွန်းပါအစ်မရယ် …ဒါနဲ့အစ်မက ဒီအကြောင်းတွေကို ဘယ်လိုသိတာလဲဟင် ”
” ရန်ကုန်မှာနေတဲ့ ငါ့သူငယ်ချင်းဆီကသိရတာ …နင်နဲ့အောင်ကောင်းစံ စကြိုက်ထဲက ငါအောင်ကောင်းစံကို မသင်္ကာတာနဲ့ သူ့ရဲ့အကြောင်းတွေကို စုံစမ်းထားတာရတနာရဲ့ ”
ရတနာလည်း အစ်မဖြစ်သူရွှေရည်ထံမှ မမျှော်လင့်ထားသော အောင်ကောင်းစံ၏ အကြောင်းအရာများအား ကြားလိုက်ရသဖြင့် ဝမ်းနည်းသွားကာ ဖျော့တော့သောလေသံလေးဖြင့်
” ဒါဆို အစ်မရွှေရည်… ဒီကိစ္စကတကယ်ပေါ့နော် ”
” သြော် ရတနာရယ်… ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကြီးနဲ့ပါလား ဆိုသလိုဖြစ်နေပြန်ရောလား ငါ့ညီမရယ် ”
ရတနာတစ်ယောက်လည်း မိမိချစ်သူမှာနောက်ဇာတ်လမ်းတွေ ရှိနေပြီဟူသော သတင်းကို အမဖြစ်သူထံမှ ကြားသိလိုက်ရသဖြင့် ရင်တွင်း၌နှလုံးသားများ ကြေကွဲကာ ဟန်မဆောင်နိုင်တော့ဘဲ အစ်မဖြစ်သူရွှေရည်ရဲ့ ရင်ခွင်အတွင်းသို့တိုးဝင်ကာ
” ဟီးးးး….ဟီး….ဟီး..အသ်ကိုရက်စက်တယ်… ရတနာအပေါ်လုပ်ရက်တယ်… ဟီး..ဟီး..ဟီး ”
ဖြင့် ငိုကြွေးလေသည်။ ထိုအခါရွှေရည်မှ
” ညီမလေးရယ် ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့… အခုလိုစောစောစီးစီးသိရတာ ညီမလေးကံကောင်းတာပေါ့…ဒီလိုသစ္စာမရှိတဲ့လူအတွက် မငိုပါနဲ့ကွယ်…ငါ့ညီမလေးမျက်ရည်နဲ့မထိုက်တန်ပါဘူး… ”
ရွှေရည်လည်း မိမိရင်ခွင်အတွင်း၌ ငိုကြွေးနေသောညီမဖြစ်သူ ရတနာအားနှစ်သိမ့်လေသည်။
” အစ်မရွှေရည် ညီမလေ အဲဒီလိုသစ္စာမရှိတဲ့သူနဲ့ မပတ်သတ်ချင်တော့ဘူး… ”
” အေးပါ ညီမလေးရယ် ”
ရွှေရည်လည်း ရတနာအားနှစ်သိမ့်ပေးနေရင်း… ကောက်ကျစ်သော အပြုံးတစ်ခုအား ဖန်တီးလိုက်လေသည်။ ထိုအပြုံးအား ရတနာတစ်ယောက် မသိလိုက်ပေ။ ဤသို့ဖြင့် နေ့တစ်နေ့၏ ညနေစောင်းတစ်ခု၌ နန်ဆန်ရွာထိပ်၏ ပိတောက်ပင်ကြီးအောက်၌ လူနှစ်ယောက် စကားအခြေအတင်ပြော၍ စကားများနေလေသည်။ ထိုသူနှစ်ယောက်သည်ကား အောင်ကောင်းစံနှင့်ရတနာတို့ပင်ဖြစ်လေသည်။
” အစ်ကိုနဲ့ရတနာနဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး…ရတနာက သစ္စာမရှိတဲ့လူဆို သိပ်ရွံတာ ”
” ရတနာ မင်းပြောတာတွေ အစ်ကိုနားမလည်ဘူး…အစ်ကိုက ရတနာမကြိုက်တာတွေ ဘာတွေများလုပ်နေမိလို့လည်း ”
” ကို့အကြောင်းကိုသိပေါ့ ဖြစ်ပြီးသားတွေကို ပြန်မပြောချင်တော့ဘူး…ရတနာတို့ရဲ့အချစ်ဇာတ်လမ်းကို ဒီနေရာမှာတင် ကလာကာချခဲ့ပြီ… နောက်နောင်ကို ရတနာနဲ့လာမပတ်သက်ပါနဲ့တော့ ”
” ရတနာ မင်းဘာတွေဖြစ်နေတာလဲ…မင်းပြောတာတွေ တစ်ခုမှနားမလည်တော့ဘူးကွာ …ရူးချင်တာပဲသိတယ် ”
ရတနာတစ်ယောက်လည်း အောင်ကောင်းစံအား စကားဆက်မပြောတော့ပဲ ထိုနေရာလေးမှ လှည့်ထွက်လာခဲ့လိုက်သည်။
ထိုကိစ္စများဖြစ်ပြီးနောက် ရတနာတစ်ယောက်သည်လည်း စိတ်ထောင်းလို့ကိုယ်ကြေဆိုသလို မစားနိုင်မသောက်နိုင်ဖြင့် ပိန်လှီလာလေသည်။
အတိတ်ကပျော်ရွှင်ခဲ့ဖူးသော ပုံရိပ်များအားပြန်လည်တွေးတောရင်း ပြုံးပျော်လာသလို မိမိအပေါ်သစ္စာဖောက်မှူအား ပြန်လည်တွေးတောရင်း ဝမ်းနည်းကာငိုကြွေးမိလာ၏။မချစ်ခဲ့ဖူးသောအချစ်မျိုးဖြင့် ချစ်ခဲ့မိတာမို့ ရူးမတတ်ခံစားရလေသည်။ ရတနာတစ်ယောက် ထိုသို့ခံစားနေရာသည်ကို မကြည့်ရက်နိုင်သူတစ်ဦးရှိလေသည်။ ထိုသူသည် တစ်ခြားမဟုတ် ရတနာသူငယ်ချင်းဝတ်မှုံပင်ဖြစ်လေသည်။
” ရတနာ နင်နဲ့ကိုအောင်ကောင်းစံတို့ ဘယ်ဖြစ်ကြတာလဲ… ငါ့ကိုပြောပြစမ်းပါဟာ ”
” ငါ ပြန်မပြောချင်တော့ဘူး ဝတ်မှုံရယ်…ပြန်တွေးမိတိုင်း ရင်တွေနာတယ်ဟာ… ”
” ရတနာရယ် အဲလိုလည်းမဟုတ်သေးဘူးလေဟာ… နင်ပြောပြမှ ငါတို့ကပြသနာအကြောင်းအရင်းကိုသိရမှာလေ…အဲတာမှငါတို့က နင့်ကိုကူညီလို့ရမှာလေသူငယ်ချင်းရဲ့ ”
ဝတ်မှုံရဲ့အမေးအား ရတနာတစ်ယောက် အချိန်အတန့်ကြာအောင် စဉ်းစားလိုက်ပြီးမှ
” အကို ငါ့အပေါ်သိပ်ရက်စက်ဟာ…”
ဆိုပြီး ရတနာလည်းဖြစ်ပုံ အစအဆုံးကို ဝတ်မှုံအား ရှင်းပြလိုက်လေသည်။
” ရတနာ… နင်ပြောပုံအရဆိုရင် ဒီကိစ္စကမရိုးရှင်းဘူးဟ …ငါစုံစမ်းကြည့်ပါအုံးမယ်ဟာ ”
ဝတ်မှုံလည်းရတနာအား နှစ်သိမ့်ပြီးနောက် မိမိအိမ်သို့ပြန်လာလိုက်လေသည်။ ဤသို့ဖြင့် သုံးရက်လောက်ကြာသောအခါ ဝတ်မှုံတစ်ယောက် ရတနာထံသို့ပြန်လည်ရောက်ရှိလာ၏။
” ရတနာ ငါအကုန်စုံစမ်းပြီးပြီ… နင်သိထားတာတွေအကုန်လုံးက အမှန်တွေမဟုတ်ဘူး
…ဒီကိစ္စတွေအားလုံးက သူတမင်ကြံစည်ထားတာတွေပဲ ”
” ဟင်… လုပ်ရက်လိုက်ကြတာဟာ ”
ရတနာတစ်ယောက် ဝတ်မှုံထံမှ မမျှော်လင့်ထားသော ကိစ္စတစ်ခုအားသိလိုက်ရ၏။
” ရတနာ ဒီကိစ္စကိုဒဲ့ရှင်းကြမယ် ”
” ဟုတ်တယ်ဝတ်မှုံ …ဒီကိစ္စကိုနင်ပြောသလိုဒဲ့ရှင်းရမယ်… ငါ့ကိုလိမ်တာ ငါအမုန်းဆုံးပဲ ”
ဟုဆိုကာ ရတနာလည်းဝတ်မှုံကိုခေါ်ကာ နေရာတစ်ခုဆီသို့ ဦးတည်၍ထွက်လာခဲ့လိုက်သည်။ ထိုနေရာသို့အရောက်
” အမရွှေရည် ဘာလို့အခုလိုလုပ်ရတာလဲ”
” ငါက ဘာလုပ်လို့လဲ ညီမလေး”
” အမရွှေရည်က သိပ်ဟန်ဆောင်ကောင်းတာပဲ…ရတနာနဲ့အောင်ကောင်းစံတို့ကို ကွဲအောင်လို့ အမကုန်းချောတာလေ ”
” ဝတ်မှုံ နင့်စကားကိုဆင်ခြင်ပြီးပြော… ငါက ဘာကိုကုန်းချောလို့လဲ”
” အမက အခုထိဝန်မခံသေးဘူးကို… ကျမ အောင်ကောင်းစံအကြောင်းကို အကုန်စုံစမ်းပြီးပြီ… အောင်ကောင်းစံမြို့မှာ ဘာတိတ်တိတ်ပုန်းမယားမှမရှိဘူး… နောက်ပြီး မြို့မှာလည်း အမရွှေရည်သူငယ်ချင်းဆိုတာ မရှိဘူး….. အမဘာငြင်းမလည်း ”
ဝတ်မှုံလည်း ရတနာအစားဒေါသထွက်ကာ ဝင်ပြောလိုက်ခြင်းဖြစ်လေသည်။
” ဟား ..ဟား ..ဟား …နင်တို့ကသိပြီးပြီဆိုတော့လည်း ဝန်ခံရတာပေါ့… ဟုတ်တယ်ဟာ ငါတမင်လီဆယ်ပြီးပြောတာဟာ ”
” အမရွှေရည်ညီမအပေါ် ဘာလို့အခုလိုတွေလုပ်ရတာလဲ ”
” ဘာလို့လုပ်ရတာလည်း ဟုတ်လား… နင်လည်း အောင်ကောင်းစံကိုချစ်သလို …ငါလည်းအောင်ကောင်းစံကိုချစ်တယ်ဟ… နင်ကတော့ အောင်ကောင်းစံနဲ့အတူပေါင်းဖက်ရပြီး ငါကတော့ အောင်ကောင်းစံနဲ့ဝေးရမှာလား…ငါနဲ့အောင်ကောင်းစံဝေးရသလို နင်နဲ့အောင်ကောင်းစံလည်း မညားစေရဘူးဟဲ့ မိရတနာရဲ့… ”
” သွားပြီ…. အမရွှေရည်ရူးသွားပြီ…အမရွှေရည်ရဲ့အတ္တတွေကြောင့် ညီမသံယောဇဉ်ကိုတောင်မထောက်ဘူး..ညီမအပေါ်လုပ်ရက်တယ်…
အမရွှေရည်ကို ညီမတစ်ခုပြောခဲ့မယ်.. အချစ်ဆိုတာလုပ်ယူလို့ရတဲ့ အရာမဟုတ်ဘူး အဲတာကို အမ မသေမခြင်းမှတ်ထားပါ… နောက်ပြီး ရတနာနဲ့အကိုကြားကို အမရွှေရည်ဘယ်လိုပဲ ဂုန်းချောဂုန်းချော ညီမတို့ရဲ့ချစ်ခြင်းတရားတွေက ဘယ်တော့မှပျက်ပျယ်သွားမှာမဟုတ်ဘူး ”
ရတနာလည်း ဒေါသထွက်ကာထိုသို့ပြောလိုက်၏။
” မကြားချင်ဘူးဟာ… မကြားချင်ဘူး… နင်တို့နှစ်ယောက် ဘယ်တော့မှ မပေါင်းစေရဘူး.. ”
ရွှေရည်တစ်ယောက် အရူးတစ်ပိုင်းဖြစ်သွား၏။ ရတနာနှင့်ဝတ်မှုံလည်း မိမိပြောချင်တာများ ပြောပြီးသွားပြီဖြစ်သဖြင့် ထိုနေရာမှ လှည့်၍ထွက်လာခဲ့လိုက်သည်။ ရတနာတစ်ယောက်လည်း အဖြစ်မှန်များသိသွားပြီးနောက် အောင်ကောင်းစံနှင့် အရင်လိုချစ်သူဘဝသို့ ပြန်လည်ရောက်ရှိသွားလေသည်။ အောင်ကောင်းစံသည်လည်း ရတနာနှင့်ဝေးရမည်စိုးသဖြင့် မင်္ဂလာဆောင်ဖို့အတွက် ရတနာအား နားပူနားဆာလုပ်လေသည်။ ရတနာလည်း အောင်ကောင်းစံနှင့်မခွဲနိုင်တော့သဖြင့် အောင်ကောင်းစံ၏သဘောအတိုင်း လက်ထပ်ဖို့ကိုသဘောတူလိုက်လေသည်။
ဤသို့ဖြင့် မင်္ဂလာဆောင်ခါနီး ၃ရက်အလို၌ ရတနာတစ်ယောက်
” အား…ကျွတ် ..ကျွတ်… ခေါင်းတွေကိုက်လိုက်တာ သေပါပြီ ”
” အမေရေ ကယ်ပါအုံး… သမီးခေါင်းတွေကွဲထွက်တော့မယ် ”
” အမယ်လေး သေပါပြီတော့ ”
ရတနာ၏နာကျင်စွာအော်ဟစ်နေသော အသံကြောင့် ရတနာ၏မိဘများသည်လည်း ပြာပြာသလဲဖြစ်သွားကာ ဆေးဆရာများအားအပြေးအလွှားသွားပင့်လေသည်။ ဆေးဆရာများအား အိမ်သို့ရောက်အောင်ပင့်နိုင်ခဲ့သော်လည်း အချည်းနှီးသာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဆေးဆရာများသည် ရတနာ၏ခေါင်းကိုက်ဝေဒနာအား ပျောက်အောင်မကုနိုင်ကြသောကြောင့်ပင်။မင်းအောင်တို့ဆရာတပည့်နှစ်ယောက်သည်လည်း ရှမ်းပြည်တစ်ခွင်၌ လှည့်လည်သွားလာရာ နောက်ဆုံး၌ နန်ဆန်ရွာလေးသို့ရောက်လာလေသည်။
” ဆရာ … ဒီစေတီတော်လေးက သပ္ပါယ်လိုက်တာနော် ”
ကျွန်တော်လည်း ပြည့်ဖြိုးညွှန်ပြသော စေတီ
တော်လေးအားကြည့်လိုက်ရာ စေတီတော်၏ အဝင်မုခ်ဦး ဘေးတစ်ဖက်တစ်ချက်တွင်ကား ကြီးမားသောနဂါးရုပ်ထုများအား ထုလုပ်ထားသည်ကို တွေ့မြင်လိုက်ရလေသည်။ ထို့နောက် ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ၎င်းမုခ်ဦးလေးမှတဆင့် စေတီတော်ဆီသို့ လျှောက်လာလိုက်ပြီး စေတီတော်အား ဦးသုံးကြိမ်ချ၍ ကန်တော့လိုက်လေသည်။
” ချလွင်…ချလွင် ”
စေတီတော်၏ထီးတော်တွင် ချိတ်ဆွဲထားသော ဆွဲလည်းသံများလည်း လေတိုက်တိုင်းသာယာစွာထွက်ပေါ်လာလေသည်။ ၎င်းဆွဲလည်းသံများ ကြားလိုက်ရသောအခါ ကျွန်တော်တို့ရင်ထဲ၌ အေးချမ်းသွား၏။
” ပြည့်ဖြိုးရေ တို့ဆရာတပည့်တွေ ဒီစေတီတော်လေးမှာပဲ ပုတီးစိပ်ကြရအောင် ”
” ဟုတ်ကဲ့ဆရာ ”
ဆိုပြီး ပြည့်ဖြိုးလည်း လွယ်အိတ်ထဲကပုတီးအား ထုတ်ယူလိုက်ကာ စေတီတော်ရဲ့ ရင်ပြင်ပေါ်၌ ပုတီးစိပ်ရန်နေရာယူလိုက်၏။ ကျွန်တော်လည်းထိုနည်းတူ ပုတီးစိပ်ရန် နေရာယူလိုက်ပြီး ပုတီးစိပ်ခြင်းလုပ်ငန်းအား စတင်လိုက်လေသည်။ ဤသို့ဖြင့် ပုတီးသုံးပတ်လောက်ရောက်သောအခါ ကျွန်တော်နားစည်အတွင်းသို့ အသံတစ်ခုရိုက်ခတ်လာ၏။ထိုအသံသည်ကား
” အမယ်လေး သေပါပြီအမေရယ်… သမီးခေါင်းတွေကွဲထွက်တော့မယ် သမီးကိုကယ်ပါအုံး ”
ဟုဆိုသော မိန်းမငယ်လေးတစ်ယောက်၏ နာကျင်စွာအော်ဟစ်နေသော အသံအား ကြားလိုက်ရလေသည်။ ကျွန်တော်လည်း စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပုတီးအား စိတ်နစ်၍စိပ်လိုက်လေသည်။ ခနအကြာ၌
” ဒေါက်… ဒေါက် ..ဒေါက် ”
အသံနဲ့အတူ တောင်ဝှေးတစ်ချောင်းအားထောက်ကာ ဘုရားရင်ပြင်ပေါ်သို့ အဖိုးအိုတစ်ဦး တက်လာလေသည်။ ၎င်းအဖိုးအိုမှ ကျွန်တော့်အား
” ဆရာလေးတို့ကို အဖိုးအကူညီတစ်ခုလောက် တောင်းပါရစေ ”
” ပြောပါအဖိုး ”
” အဖိုးက ဒီရွာရဲ့ရွာတော်ရှင်ပါ…ဒီဘုရားရှေ့ကပိတောက်ပင်မှာနေတာပါ. .. ဆရာလေးတို့ကို အကူအညီတောင်းချင်တာက ဒီရွာထဲကရတနာဆိုတဲ့ ကလေးမလေးကို ကဝေမတစ်ယောက်က ပြုစားထားတာ.. အခုဆိုရင် အသက်အန္တာရယ်စိုးရိမ်ရတဲ့ အခြေနေကိုရောက်နေပါပြီ… အဲဒါ ဆရာလေးတို့အနေနဲ့ ကူညီကယ်တင်ပေးပါလို့ အဖိုးကမေတ္တာရပ်ခံပါတယ် ”
” ရပါတယ်အဖိုး ကျွန်းတော်တို့ရဲ့တာဝန်က ၇ရက်သားသမီးတွေကို ကယ်တင်ဖို့ပါပဲ … ဒါနဲ့ ကျွန်တော်တို့က အဲဒီလူနာကိုဘယ်လိုဆက်သွက်ရမှာလည်းအဖိုး ”
” အဲဒီကိစ္စအတွက် ဆရာလေးတို့ဘာမှမပူပါနဲ့… အဖိုးအကုန်စီစဉ်ထားပြီးပါပြီ ”
” ကောင်းပါပြီ အဖိုး ”
ကျွန်တော်လည်း ထိုသို့ပြောလိုက်ရော တောင်ဝှေးကိုင်ထားတဲ့အဖိုးအိုကလိုှက်လှဲစွ ာပြုံးလိုက်ပြီး ကျွန်တော့်မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။ ၎င်း အချင်းအရာများသည် ကျွန်တော့်အရုံအတွင်း၌ ဖြစ်ပေါ်သွားသော ကိစ္စများပင်ဖြစ်လေသည်။ ထို့နောက် ကျွန်တော်လည်း ပုတီးစိပ်ခြင်းအား ရပ်နားလိုက်လေသည်။ ပြည့်ဖြိုးကို ကြည့်လိုက်တော့ ပြည့်ဖြိုးလည်းပုတီးဖြုတ်ပြီးနေပြီ ဖြစ်လေသည်။
” ပြည့်ဖြိုးရေ ငါတို့တော့အလုပ်တစ်ခုပေါ်ပြီကွ ”
” ဟုတ်လား ဆရာ ”
” ဟုတ်တယ်ပြည့်ဖြိုး ဒီတစ်ခါကုသရမဲ့လူနာက ကဝေပြုစားခံထားရတာပဲ ”
ကျွန်တော်နှင့်ပြည့်ဖြိုး စကားပြောနေခိုက် စေတီတော်ရင်ပြင်ပေါ်သို့ မိန်းမငယ်တစ်ဦးတတ်လာကာ
” အစ်ကိုတို့က အထက်လမ်းဆရာလေးတွေလားဟင် “.
” ဟုတ်ပါတယ်ညီမ… ဒါနဲ့ညီမက….”
” ဒီလိုပါဆရာလေးတို့ …ညီမကို အိမ်မက်ထဲမှာ ရွာတော်ရှင်အဖိုးက .. သမီးသူငယ်ချင်းခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ပျောက်စေချင်ရင် … ရွာထိပ်ကဘုရားမှာ ရောက်နေတဲ့ ဆရာလေးတွေကို သွားပင့်ချေလို့ပြောလို့ပါ…”
” သြော် အဲသလိုကို … ဒါနဲ့ညီမနာမည်က ”
” ညီမနာမည်က ဝတ်မှုံလို့ခေါ်ပါတယ်. .. နေမကောင်းဖြစ်နေတဲ့သူက ညီမသူငယ်ချင်းရတနာပါ..
ဖြစ်ပုံက……… အဲသလိုပါပဲဆရာလေးရယ် ”
ဝတ်မှုံတစ်ယောက်လည်း မိမိသူငယ်ချင်းရတနာတစ်ယောက် ရောဂါဝေဒနာ ခံစားနေရပုံအကြောင်းကို မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား အသေးစိပ် ရှင်းပြလိုက်လေသည်။
” ညီမပြောပုံအရဆိုရင် လူနာအတွက်အသက်အန္တာရာယ် စိုးရိမ်ရတယ် ”
” ရှင်… ဆရာလေးတို့ ညီမသူငယ်ချင်းကို ကယ်ပေးပါအုံးနော် …ဆရာလေးတို့ ကယ်ပေးပါနော် ”
” စိတ်ချပါညီမ အကိုတို့ညီမသူငယ်ချင်းကို ကယ်ပေးမှာပါ… ညီမ စိတ်အေးအေးထားပါ ”
” ဟုတ်ကဲ့ပါ ဆရာလေးရယ်… ကျေးဇူးတင်ပါတယ်နော် ”
ဝတ်မှုံတစ်ယောက်လည်း သူငယ်ချင်းဖြစ်သူရတနာအား ကုသရန်အတွက် မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ရတနာအိမ်သို့ ပင့်သွားလေသည်။ ရတနာအိမ်သို့ရောက်သောအခါ
” အရီးရေ ..အရီး.. ရတနာအတွက် သမီး ဆရာတွေပင့်လာတယ် ”
” အေး သမီးဝတ်မှုံရေ….
ဒီကဆရာလေးတို့လည်း အိမ်ပေါ်ကိုကြွကြပါ ”
အိမ်ရှင်ဖြစ်ဟန်တူသောအမျိုးသမီးမှ အိမ်ပေါ်သို့တက်ရန် ပြောလိုက်သဖြင့် ကျွန်တော်နှင့်ပြည့်ဖြိုးလည်း အိမ်ပေါ်သို့တက်လိုက်လေသည်။ အိမ်ပေါ်သို့ရောက်သောအခါ အိမ်၏အရှေ့ခန်း၌ လဲလျောင်းနေသော မိန်းမငယ်တစ်ဦးအား တွေ့လိုက်ရ၏။
” ဆရာလေးတို့ ထိုင်ကြပါ ”
ဆိုပြီး အမျိုးသမီးမှ ကျွန်တော်တို့ထိုင်ဖို့ဘုရားခန်း၌ ဖျာများခင်းပေးလေသည်။ ကျွန်တော်တို့လည်း ၎င်းဖျာပေါ်၌ထိုင်လိုက်ပြီး
” ” ဒီကအရီးက လူနာနဲ့ဘယ်လိုပတ်သတ်တာလည်းဗျ ”
” အရီးက လူနာရဲ့အမေပါကွယ် ”
” ဟုတ်ကဲ့ပါအရီး…အရီးသမီးအခုလိုခံစားနေရတာတွေက သွေးရိုးသားရိုးမဟုတ်ဘူးဗျ …ပရောဂါဖြစ်နေတာ ”
” ဟုတ်ကဲ့ပါဆရာလေး… အရီးလည်း အဲသလိုပဲထင်ပါတယ်ကွယ်…ဘာလို့ဆို သမီးလေးကို တိုင်းရင်းဆေးဆရာတွေနဲ့ ပြကြည့်တာ ဆရာတွေစုံနေပြီ သမီးလေးခမျာ မသက်သာရှာပါဘူးကွယ်… ”
ဟုပြောကာ လူနာရှင်အမျိုးသမီးလည်း ဝမ်းနည်းလာကာ မျက်ဝန်းအိမ်ထက်မှ မျက်ရည်စလေးများပင် လျှံထွက်လာလေသည်။ ထိုအခါ ကျွန်တော်လည်း
” ဝမ်းမနည်းပါနဲ့ အရီးရယ်… အရီးသမီးခံစားနေရတဲ့ရောဂါတွေ ဒီနေ့ပျောက်ပြီလို့သာမှတ်လိုက်ပါ… အရီးသမီးခံစားနေရတဲ့ရောဂါတွေ အကုန်ပျောက်ကင်းအောင် ကျွန်တော်တို့ ကုသပေးမှာပါ ”
ကျွန်တော်လည်း အဲဒီလိုပြောလိုက်တော့မှ ထိုအမျိုးသမီးသည်လည်း ဝမ်းသာသောမျက်နှာသွင်ပြင်ဖြင့်
” အားကိုးပါတယ် ဆရာလေးတို့ရယ် …အရီးသမီးကို ဆရာလေးတို့ကိုအပ်ပါတယ် ”
” ကောင်းပါပြီအရီး.. . ဒါနဲ့လူနာအခြေနေကဘယ်လိုရှိလဲဗျ ”
” ဆရာလေးတို့မလာခင်ထိကတော့ ခေါင်းကိုက်တယ်ဆိုပြီးအော်ဟစ်နေရတာ… အခုတော့သက်သာသွားတယ်ထင်တယ် မှိန်းနေတယ် ”
” ဟုတ်ကဲ့ပါအရီး …ဆေးပွဲပြင်ဖို့အတွက် အုန်း၊ငှက်ပျော၊အလင်းတိုင် အဲတာတွေရှာပေးပါလား ”
” ဟုတ်ကဲ့ပါ ဆရာလေး ”
ကျွန်တော်တို့လည်း လူနာရှင်အား ဆေးပွဲပြင်ရန်အတွက် လိုအပ်သည်များအား ရှာခိုင်းလိုက်လေသည်။ ခနအကြာတွင် အိမ်ရှင်အရီးသည် အုန်းသီး၊ငှက်ပျောသီးများအားပိုက်၍ ပြန်လာလေသည်။ ကျွန်တော်တို့လည်း ဆေးကုသရန်အတွက် ပွဲအားပြင်လိုက်ပြီး အထက်ဆရာသခင်များထံ ဆေးပွဲနှင့်အတူ လူနာ၏အသက်နှင့်ခန္တာပါ အပ်နှံလိုက်လေသည်။ ထို့နောက် လူနာဖြစ်သူ ရတနာအမည်ရသော မိန်းမငယ်လေးအား ဆေးပွဲရှေ့၌ ပုဆစ်တုပ်ထိုင်းခိုင်းလိုက်ကာ လက်အုပ်ချီစေပြီး လူနာ၏လက်ယာစည်း လက်ဝဲစည်း အနောက်စည်းများအား မီးစက်များချထားလိုက်လေသည်။ ထို့နောက် ကျွန်တော်လည်း
” အဘဆရာများထံအပ်နှံထားသော ဗုဒ္ဓဟူးသမီးအား မကောင်းသောအတိုက်အခိုက်များဖြင့် ပြုစားနှောက်ယှက်ထားသော ပုဂ္ဂိုလ်သည် ..ပဋ္ဌမံမီးစက်အတွင်းသို့ ချုပ်ပြီးတုပ်ပြီးရောက်ရှိပါစေသား ”
ဟု ဆရာသခင်များထံ တိုင်တည်လိုက်သောအခါ မီးစက်အတွင်းရောက်ရှိနေသော
ရတနာသည် တစ်ကိုယ်လုံးတုန်ရီလာပြီး လက်နှစ်ဖက်အား တစ်ဖျောင်းဖျောင်းခတ်ကာ ဝင်လာလေသည်။ ထိုအခါ ကျွန်တော်လည်း
” နင် ဘာလို့အခုလိုလုပ်ရတာလည်း… ဗုဒ္ဓဟူးသမီးကိုပြုစားထားတဲ့ နင်ပညာတွေကို မင်းပြန်ယူသွားပါ ”
” မယူသွားနိုင်ဘူး ဒီကောင်မကိုအသေ သတ်မှာ ”
” ကျုပ် မေတ္တာရပ်ခံပါတယ်… ခေါင်းမမာပါနဲ့ ကိုယ့်ပညာကိုပြန်ယူသွားပါ…နင်ဘယ်သူလည်းဆိုတာ ကျုပ်သိတယ်နော် ”
ကျွန်တော်လည်း အဲသလိုပြောလိုက်ရော
” နင်တို့ကဘယ်ဆိုးလို့လည်း ငါဘယ်သူလည်းဆိုတာတောင် သိနေပါလား ”
” နင့်ကို ကျုပ်ထပ်ပြီးမေတ္တာရပ်ခံပါတယ်… ဗုဒ္ဓဟူးသမီးကိုပြုစားထားတဲ့ နင့်ရဲ့ခြေရာလက်ရာတွေကို ပြန်ယူသွားပါ ”
” မယူနိုင်ဘူးဟာ လုံးဝမယူနိုင်ဘူး… ဒီကောင်မကို ငါအသေသတ်မှာ ”
” ကဲ ..နင့်ဘက်က ဒီလောက်ခေါင်းမာနေမှတော့ ကျုပ်တို့ဘက်က လုပ်စရာရှိတာလုပ်ရမှာပေါ့…. ပဋ္ဌမံဂိုဏ်းအားစောင့်ကြပ်ပါသော လက်ဝဲလက်ယာဂုမ္ဘာန်ကြီးများ ဗုဒ္ဓဟူးသမီးအား ပြုစားနှောက်ယှက်ထားသော အစွဲအား မာန် မကျ မခြင်း ဦးခေါင်းကိုကြမ်းပြင်နဲ့ထိအောင် နင်းချထားပေးပါ …ဗုဒ္ဓဟူးသမီး၏အသက်နဲ့ခန္ဓာအား ထိခိုက်ခြင်းမရှိစေရ ”
ကျွန်တော်လည်း ထိုသို့ပြောလိုက်ရော အစွဲဝင်ပူးနေသောရတနာ၏ ဦးခေါင်းသည်လည်း ကြမ်းပြင်ပေါ်သို့ ညွှတ်ကျလာလေ၏။ကျွန်တော်လည်း ခနကြာအောင် ဒဏ်ပေးထားလိုက်သည်။ ထို့နောက်
” ကဲ ..နင့်ပညာတွေ…နင်ပြန်ယူသွားမှာလား ပြော ”
ဟုကျွန်တာ်မှမေးလိုက်ရာ
” ပြန်ယူသွားပါ့မယ် ”
” ကဲ ကောင်းပြီ… လက်ဝဲလက်လက်ယာဂုန်မ္မာန်ကြီးများ အဲဒီပုဂ္ဂိုလ်ကို သစ္စာရည်တိုက်လို့ရအောင် ဦးခေါင်းကိုနင်းချထားခြင်းမှ ဖယ်ခွာပေးပါ ”
ထိုသို့ ကျွန်တော်လည်းပြောလိုက်ရော အစွဲဝင်ပူးနေသော ရတနာဦးခေါင်းမှာ အပေါ်သို့ ထောင်မတ်လာလေသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်လည်း သစ္စာချက်အားမန်းလိုက်ပြီး ရတနာအားဝင်ပူးနေသောအစွဲအား တိုက်လိုက်ရာ
” မသောက်ဘူး မသောက်ဘူး ”
ဆိုပြီး ထွေးထုတ်လေသည် ။ အဲဒီအချိန်၌
” ဂီး..ဂီး…ဂီး ..ဖလက်… ဖလက်…စ် ”
” ဝုန်း… ဝုန်း..ဒုန်း..ဒုန်း ”
အသံများနှင့်အတူ ကျီးကန်းများသည် ကျွန်တော်တို့ပရောဂါကုနေသော အိမ်အားဝင်တိုးလေသည်။ ကျွန်တော်လည်း စရဏအားစုစည်း၍ကြည့်လိုက်ရာ ၎င်းကျီးကန်းများသည် ပညာသည်များဖြစ်ကြလေသည်။ ထိုကျီးကန်းများအပြင် ခြံဝန်းအပြင်၌လည်း အရွယ်စုံနာနာဘာဝများကို တွေ့လိုက်ရလေသည်။ထိုအချိန်၌
” ဟား ဟား ဟား နင်တိုက်တဲ့သစ္စာရည် သောက်စရာမလိုတော့ဘူး… ငါ့အပေါင်းအပါတွေရောက်လာပြီ ဟား..ဟား..ဟား ”
အစွဲဝင်ပူးခံနေသော မိန်းမငယ်လေးထံမှ ထွက်ပေါ်လာခြင်းပင်ဖြစ်လေသည်။ ကျွန်တော်မှ ၎င်းအစွဲအား
သစ္စာရည်သောက်ရန်အတွက် ချုပ်ထားခြင်းမှ ဖြေပေးလိုက်တာကို အခွင့်ကောင်းယူပြီး သူရဲ့ပညာစက်ဖြင့် အပေါင်းအပါများအား ခေါ်လိုက်ခြင်းပင်ဖြစ်လေသည်။ ထိုအချိန်၌ ကျွန်တော်လည်းဗျာများသွား၏။ မီးစက်အတွင်းရှိ လူနာအတွက်ကတစ်မျိုး ခြံအတွင်းတွင်ရောက်ရှိနေသောမိစ္ဆာများကတစ်ဖုံ ဖြစ်နေသောကြောင့် စိတ်ပူနေခိုက် ခြံအတွင်းသို့ လက်သုံးလုံးအရွယ်ခန့်ရှိ အင်းချပ်တစ်ချပ်ကြလာပြီး ၎င်းအင်းချပ်မှအင်းစောင့်ပုဂ္ဂိုလ်များထွက်လာကာ ခြံအတွင်းရှိမိစ္ဆာများအား လိုက်လံနှိမ်နင်းလေသည်။ ကျွန်တော်လည်း အင်းချပ်ပိုင်ရှင်အားကြည့်လိုက်ရာ ကျွန်တော်တို့နှင့်မလှမ်းမကမ်း၌ အသက်လတ်ပိုင်း လူရွယ်နှစ်ဦးအား တွေ့လိုက်ရလေသည်။ ကျွန်တော်လည်း အပြင်ရန်ရှင်းသွားပြီဖြစ်သဖြင့် မီးစက်အတွင်းရောက်ရှိနေသောအစွဲအား
” ဒီလောက်တောင် မာယာများတဲ့ကဝေမ တွေ့ကြသေးတာပေါ့.”
ဟုပြောကာ
” လက်ဝဲလက်ယာဂုန်္ဘ္မာန်ကြီးများ ဒီလောက်ခေါင်းမာပြီး မာယာများတဲ့ကဝေမကို သစ္စာရည်မသောက်မခြင်း နှဖူးကိုကျောက်ပြင်နဲ့ဆောင့်ခိုင်းပါ…မီးစက်မီးတောက်ဆရာကြီးများကလည်း မီးစက်မီးတောက်ပြင်းပြင်းနဲ့ ရှို့ပေးပါ …ဗုဒ္ဓဟူးသမီး၏အသက်နှင့်ခန္ဓာအား ထိခိုက်ခြင်းမရှိစေရ ”
ကျွန်တော်လည်း ထိုသို့ပြောပြီး ကျောက်ပျဉ်တစ်ချပ်ယူလိုက်ပြီး အစွဲဝင်ပူးခံနေရသောရတနာ အရှေ့သို့ချပေးလိုက်လေသည်။ ရတနာတစ်ယောက်လည်း.
” တ…ဒုန်း..ဒုန်း ”
ဖြင့် နှဖူးဖြင့်ကျောက်ပျဉ်အား ဆောင့်လေသည်။
” ကဲ ..သစ္စာရေသောက်မှာလား ”
ပြည့်ဖြိုးမှဝင်မေးလိုက်ခြင်း ဖြစ်လေသည်။
” သောက်ပါ့မယ် ဆရာလေးတို့ရယ်…အစကဆရာလေးတို့ရဲ့ပညာကို မသိလို့စမ်းမိတာပါ.. ကျမကို ခွင့်လွှတ်ပါ ”
ဟုပြောပြီး အသနားခံလေသည်။
” ပြည့်ဖြိုးရေ ..သစ္စာရေခွက်ထဲကို ရှိသမျှစမချပ်တွေ အကုန်ထည့်ပြီး မန်းတိုက်လိုက်ကွာ ”
” ဟုတ်ကဲ့ဆရာ ”
ပြည့်ဖြိုးတစ်ယောက်လည်း ဆရာဖြစ်သူမင်းအောင်ခိုင်းသည့်အတိုင်း သစ္စာရေခွက်ထဲသို့ ရှိသမျှစမချပ်များအား အကုန်ထည့်ကာ မန်းပြီး ရတနာထံဝင်ပူးနေသောအစွဲအား တိုက်လိုက်လေသည်။ ဤသို့ဖြင့် ပရောဂါကုခြင်းလုပ်ငန်းအား အဆုံးသတ်လိုက်လေသည်။ ကျွန်တော်တို့ ကုသပြီးသည့် အချိန်မှစ၍ ရတနာအမည်ရသော မိန်းမငယ်လေးသည်လည်း ခေါင်းကိုက်ခြင်းရောဂါဝေဒနာမှာ အရှင်းပျောက်ကင်းသွားလေသည်။ သို့ဖြစ်ပါသောကြောင့် လူနာရှင်များမှ ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အား ငွေအမြောက်အများဖြင့် ကန်တော့လေသည်။ ကျွန်တော်တို့လည်း ထိုငွေများအား ပြန်လည်ပေးလိုက်ပြီးထိုအိမ်လေးမှ ရွာထိပ်ရှိရာဆီသို့ ထွက်ခွာလာခဲ့လိုက်သည်။ ရွာထိပ်သို့ရောက်သောအခါ နဂါးကြီးနှစ်ကောင်ဘုရားရင်ပြင်တော်၌ တရားထိုင်နေသောလူရွယ်နှစ်ယောက်အားတွေ့လိုက်ရလေသည်။ ကျွန်တော်လည်းထိုလူရွယ်များထံသို့သွားလိုက်ပြီး
” ခုဏက ကူညီပေးတဲ့အတွက် နောင်ကြီးတို့ကိုကျေးဇူးတင်ပါတယ် ”
ဟု ကျွန်တော်မှပြောလိုက်ရာ
” ရပါတယ်ဗျာ… ကျွန်တော်တို့ကတစ်အိုးထဲစား တစ်လှေထဲစီးနေတဲ့ သူတွေပဲဟာကို … ဒါနဲ့ဒီက နောင်ကြီးတို့အမည်က ”
” ကျွန်တော်နာမည်ကတော့ မင်းအောင်…ဒါကတော့ကျွန်တော်တပည့် ပြည့်ဖြိုးပါ …နောင်ကြီးတို့နာမည်ကရော ”
” ကျွန်တော်နာမည်ကတော့ ရေခဲပါ..ကျွန်တော်ဘေးကတော့ ကျွန်တော့်တပည့် ထင်ပေါ် လို့ခေါ်ပါတယ် ”
” အခုလို ဆရာရေခဲတို့နဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်ဗျာ … ဆရာရေခဲရဲ့ အင်းကလည်း အတော်စွမ်းတာပဲဗျို့ ”
” ဟား ဟား ကို့ဆရာကလည်း အချင်းချင်းမြှောက်နေပြန်ပြီ…အဲဒီလိုကြေးဆိုရင် ဆရာမင်းအောင်ရဲ့ စမကလည်း ပြိုင်စံရှားပဲလေ ”
” ဟုတ်ပါပြီ ဆရာရေခဲရယ်… ဒါနဲ့ဆရာရေခဲတို့က ဘယ်ကိုခရီးဆက်ကြမှာလည်း ”
” ကျွန်တော်တို့ကတော့ ဇာတိရွာကိုပြန်မလားလို့.. ဒါနဲ့ ဆရာမင်းအောင်တို့ကရော ဘယ်ကိုခရီးဆက်ကြမှာလဲ”
” ကျွန်တော်တို့ကတော့ အောက်ပြည်ကိုပြန်ရမှာဗျ.. .ဟိုမှာအရေးကြီးကိစ္စပေါ်လာလို့လေ ”
” ဟုတ်ကဲ့ ကောင်းပါပြီဗျာ…ဒါဆိုလည်း ခရီးဆက်ကြတာပေါ့ ”
မင်းအောင်နှင့်မောင်ရေခဲတို့လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နှုတ်ဆက်လိုက်ပြီး နန်ဆန်ရွာလေးမှထွက်လာခဲ့လိုက်သည်။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာသော် နန်ဆန်ရွာလေးတွင် သတင်းနှစ်ခုပေါ်ထွက်လာ၏။
ပထမသတင်းမှာ ရတနာနှင့်အောင်ကောင်းစံတို့ မင်္ဂလာဆောင်သွားသော သတင်းဖြစ်လေသည်။ ဒုတိယသတင်းသည်ကား ရွှေရည်တစ်ယောက် အိပ်နေရင်းအသက်ထွက်သွားပြီ ဟူသောသတင်းပင်ဖြစ်လေသည်။ ရတနာတစ်ယောက် မင်္ဂလာဆောင်မယ်ဟူသောသတင်းကို ထပ်မံကြားလိုက်ရသဖြင့် ရွှေရည်တစ်ယောက် မိမိပညာဖြင့်ရတနာအား ထပ်မံလုပ်ဖို့ကြံစည်လေသည်။ သို့ပေမဲ့ မိမိသောက်ထားသော သစ္စာများအားဖောက်မိသဖြင့် အသက်အားဆုံးရှုံးရလေသည်။ ဤသို့ဖြင့်မာယာများသော ကဝေမလေးတစ်ယောက် လူလောကထဲကနေ အပြီးအပိုင်နှုတ်ဆက်သွားလေသည်။
# ပြီး # မင်းအောင်နှင့်မာယာရှင်အစွဲ
ရေးသားသူ = ပိုင်လေး (မအူပင်မြေ )
ဤဇာတ်လမ်းလေးသည် ဖြစ်ရပ်မှန်လေးအား ကျောရိုးခံကာ ကိုးကားရေးသားချယ်မှုန်းထားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေသည်။
စာဖတ်သူများ တစ်စုံတစ်ရာအဆင်မပြေမှုများရှိခဲ့ပါက စာရေးသူ ညံဖျင်းမှုသာ ဖြစ်လေသည်။
စာဖတ်သူများအားလုံး စိတ္တသုခ ကာယသုခ နှစ်ဖြာသောသုခများဖြင့် ပြီးပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်စာရေးသူ ပိုင်လေး (မအူပင်မြေ)မှ မေတ္တာများလည်း ပို့သလိုက်ပါတယ်။

Zawgyi Version

မင္းေအာင္ ႏွင့္ မာယာရွင္အစြဲ(စ/ဆံုး)
——————————-
” ရတနာ…. ညည္းယက္ေနတဲ့ အထည္ေတြၿပီးၿပီလားေအ့ ”
” အြန္း.. ၿပီးေတာ့မယ္ အမေ႐ႊရည္ေရ ”
လြန္းထားေမ ယက္ကန္း႐ုံ၌ ” တဂ်က္ တေဂ်ာက္ ” အသံမ်ားႏွင့္အတူ မိန္းမပ်ိဳေလးမ်ားသည္လည္း ေပ်ာ္႐ႊင္စြာျဖင့္ ယက္ကန္းခတ္ျခင္းလုပ္ငန္းအား လုပ္ကိုင္ေနေလသည္။ရတနာတစ္ေယာက္ အာ ႐ုံ စိုက္ၿပီးယက္ကန္းခတ္ေနစဥ္အခ်ိန္၌ ေခၚသံေၾကာင့္လွည့္ၾကည့္လိုက္ရာ
” ညီမ ”
” ရွင္ ”
သူစိမ္းအမ်ိဳးသားတစ္ေယာက္ျဖစ္ေန၏။ ထိုအမ်ိဳးသားက
” ညီမယက္ကန္းခတ္ေနတဲ့ ပုံေလးတစ္ပုံေလာက္ ႐ိုက္ကူးခြင့္ေပးပါလား ….ဒီလိုပါညီမ… အကိုကဓါတ္ပုံဆရာတစ္ေယာက္ပါ…ဓါတ္ပုံၿပိဳင္ပြဲတစ္ခုမွာ ယက္ကန္းခတ္ေနတဲ့ပုံေလးေတြနဲ႔ ဝင္ၿပိဳင္မလို႔ပါ …အဲဒါေၾကာင့္ ညီမယက္ကန္းခတ္ေနတဲ့ပုံေလးကို ႐ိုက္ကူးခြင့္ျပဳပါလား ”
ဟုခြင့္ေတာင္းလာ၏။
” ေၾသာ္ ..ဟုတ္ကဲ့ပါအစ္ကို… ဒါနဲ႔အစ္ကိုကဘယ္သူလည္းဟင္ ”
ရတနာလည္း ထိုလူငယ္ေလးအား ဘယ္သူဘယ္ဝါျဖစ္သည္ကို သိလိုသျဖင့္ေမးလိုက္ေလရာ…
” အစ္ကိုနာမည္က ေအာင္ေကာင္းစံပါ… ဒီ႐ြာမွာေနတဲ့ ေဒၚနန္းမူရဲ႕တူပါ… ေနတာကေတာ့ ရန္ကုန္မွာေနတယ္ညီမ… အခုနန္ဆန္႐ြာကိုလာရတဲ့အေၾကာင္းရင္းကေတာ့ နန္ဆန္႐ြာရဲ႕သဘာဝအလွတရားေတြကို ႐ိုက္ကူးခ်င္လို႔ပါ..ဒါနဲ႔ ဒီကညီမအမည္က ဘယ္လိုေခၚလည္းဗ် ”
” ညီမနာမည္က ရတနာပါရွင့္…ဒီနန္ဆန္႐ြာသူပဲ.. အစ္ကိုက အရီးနန္းမူရဲ႕တူအရင္းလား ”
” ဟုတ္တယ္ညီမ … အစ္ကို႔ကို ညီမယက္ကန္းခတ္ေနတဲ့ပုံေလးေတြ ႐ိုက္ကူးခြင့္ျပဳပါလား ”
ေအာင္ေကာင္းစံလည္း ရတနာအား ဓါတ္ပုံ႐ိုက္ကူးခြင့္ ထပ္မံေတာင္းဆိုလိုက္ေလသည္။
” ဟုတ္ကဲ့အစ္ကို ညီမခြင့္ျပဳပါတယ္… အစ္ကိုက တျခားသူမွမဟုတ္တာ အရီးနန္းမူရဲ႕တူပဲ ညီမယုံပါတယ္ ”
” ေက်းဇူးပါညီမ အခုလို ကို႔ကိုယုံၾကည္ၿပီး ဓါတ္ပုံ႐ိုက္ကူးခြင့္ျပဳတဲ့အတြက္ ”
” ဟုတ္ ရပါတယ္ ”
ေအာင္ေကာင္းစံတစ္ေယာက္လည္း ရတနာထံမွ ခြင့္ျပဳခ်က္ရသျဖင့္ ဓါတ္ပုံမ်ားအားမိမိစိတ္ႀကိဳက္ ႐ိုက္ကူးေလသည္။ ဓာတ္ပုံမ်ား႐ိုက္ကူးၿပီးေသာအခါ
” ညီမ…အခုလို ဓါတ္ပုံ႐ိုက္ကူးခြင့္ေပးတဲ့အတြက္ ေက်းဇူးပဲေနာ္ ”
” ဟုတ္အစ္ကို ရပါတယ္…ညီမအတြက္အပန္းႀကီးတာမွ မဟုတ္တာ ”
” အြန္းညီမ… ဒါဆိုအစ္ကိုျပန္လိုက္အုံးမယ္ေနာ္ ”
ဟုေျပာကာ ေအာင္ေကာင္းစံတစ္ေယာက္လည္း ရတနာအားႏႈတ္ဆက္၍ ျပန္သြားေလသည္။
” ရတနာေရ … ညည္းလူႀကီးက လူေခ်ာႀကီးပဲေအ့.. ေခ်ာခ်က္က ဓါတ္ရွင္မင္းသားႀကီး ၾကေနတာပဲ ”
” အမယ္ေလး ဝတ္ရည္တို႔ကေတာ့လုပ္ၿပီ.. ဘာကို ညည္းလူႀကီးလဲ ”
” ဒီလိုေလ ရတနာရဲ႕ …တို႔ယက္ကန္း႐ုံမွာ မိန္းကေလးေတြ အမ်ားႀကီးရွိတယ္ေလ…
အမ်ားႀကီးထဲကမွ နင့္တစ္ေယာက္ထဲကိုပဲေ႐ြးၿပီး ဓါတ္ပုံ႐ိုက္ရတယ္လို႔ ဟား ဟား ဟား ”
ရတနာအား သူငယ္ခ်င္းျဖစ္သူဝတ္ရည္မွ အ႐ႊန္းေဖာက္၍ ေနာက္လိုက္သျဖင့္ ယက္ကန္း႐ုံရွိ မိန္းမငယ္ေလးမ်ားပါ ရယ္ေမာၾကကုန္၏။ လြန္းထားေမ ယက္ကန္း႐ုံေလး၌ ရယ္သံေလးမ်ားျဖင့္ ဆူညံသြားေလသည္။ ထို ယက္ကန္း႐ုံေလး၌ မရယ္ႏိုင္သူမွာ ရတနာအမတစ္ဝမ္းကြဲေတာ္စပ္သူ ေ႐ႊရည္ပင္ ျဖစ္ေလသည္။
ေအာင္ေကာင္းစံ တစ္ေယာက္သည္လည္း မိမိတည္းခိုရာ အေဒၚျဖစ္သူေဒၚနန္းမူရဲ႕ အိမ္သို႔ေရာက္ေသာအခါ အိမ္ေပၚသို႔ပင္မတက္ႏိုင္ေပ။ အိမ္ေရွ႕ကြပ္ပ်စ္ေပၚ၌သာ ဝမ္းလ်ားထိုးေမွာက္လိုက္ၿပီး မိမိကင္မရာမ်က္ႏွာျပင္ေလးအတြင္းရွိ အေစာပိုင္းက႐ိုက္ကူးလာေသာ မိန္းကေလး၏ဓာတ္ပုံေလးအားၾကည့္ရင္း ၿပဳံးေနမိ၏။ ထိုအခ်ိန္၌
” ေမာင္ေအာင္ အိမ္ေပၚမတက္ပဲ ကြပ္ပ်စ္ေပၚမွာ ဘာေတြၾကည့္ၿပီးၿပဳံးေနတာတုံး ”
” ဟို…အယ္…ဒီလိုပါေဒၚေလး ဓါတ္ပုံၿပိဳင္ပြဲအတြက္ ႐ိုက္ကူးထားတဲ့ ပုံေလးေတြၾကည့္ေနတာပါ ”
” ငါ့တူေလးက ဓါတ္ပုံေတြၾကည့္ရင္း ၿပဳံးေနတယ္ဆိုေတာ့က … မဟုတ္မွလြဲေရာ မိန္းကေလးပုံေတြမဟုတ္လား ”
” ဟဲ…ဟဲ ..ဟုတ္တယ္ေဒၚေလးေရ ေဒၚေလးေျပာတဲ့မိန္းကေလးပုံပဲဗ်….မိန္းကေလးမွ တျခားမိန္းကေလးမဟုတ္ဘူး ေဒၚေလးတို႔႐ြာသူပဲဗ်ိဳ႕.. ”
” ေဟ ဟုတ္လား … အေဒၚ့ကိုျပပါအုံး ”
ဟုေျပာကာ ေဒၚနန္းမူတစ္ေယာက္လည္း တူျဖစ္သူ ေအာင္ေကာင္းစံထံမွ ကင္မရာအားယူ၍ ၾကည့္လိုက္ၿပီးေနာက္
” ဘယ္ဆိုးလို႔လည္း ငါ့တူကေ႐ြးတတ္သားပဲ… ႐ြာရဲ႕ကြမ္းေတာင္ကိုင္ ပန္းေတာင္ကိုင္ကိုမွေ႐ြးထားတာေနာ္ ”
” ဟာ… ေဒၚေလးကလည္း ကြၽန္ေတာ္ကဓါတ္ပုံၿပိဳင္ပြဲအတြက္ ေ႐ြးထားတာပါဗ် ”
” ေအးေလကြယ္… ေဒၚေလးကဘာေျပာေနလို႔လည္း ဓါတ္ပုံၿပိဳင္ပြဲအတြက္ ေ႐ြးထားတယ္လို႔ပဲေျပာမလို႔ပါ… ငါ့တူဖာသာ အိုးမလုံအုံပြင့္ေနတာ… ”
ဟု ေဒၚနန္းမူမွ ေအာင္ေကာင္းစံအား ႐ႊတ္ေနာက္ေနာက္ဟန္ျဖင့္ ေျပာလိုက္ရာ သူက
” မဟုတ္ပါဘူးေဒၚေလးရယ္ ကြၽန္ေတာ္တို႔က ႐ိုး႐ိုးသားသားပါဗ်ာ ”
” ေအးေပါ့ေလ… အခုေတာ့႐ိုး႐ိုး ေနာက္ေတာ့တစ္မ်ိဳးတိုး ဆိုသလိုေပါ့ေလ ”
” ဟာ… ေဒၚေလးကလည္းဗ်ာ ” ဟုဆိုကာ ေအာင္ေကာင္းစံတစ္ေယာက္လည္း ရွက္သြား၏။ ဤသို႔ျဖင့္ ေအာင္ေကာင္းစံလည္း အားရင္အားသလို ရတနာယက္ကန္းခတ္ေနေသာ လြန္းထားေမယက္ကန္း႐ုံေလးသို႔ သြားျဖစ္ေလသည္။
ရတနာသည္လည္း ေဖာ္ေ႐ြပ်ဴငွာတတ္ေသာ ေအာင္ေကာင္းစံအား ခင္မိေလသည္။ ဤသို႔ျဖင့္ တစ္ေန႔၌
” ရတနာ ”
” ရွင္..အစ္ကို ”
” အစ္ကိုတို႔ ေအးေအးေဆးေဆးတစ္ရက္ေလာက္ အျပင္မွာစကားေျပာခ်င္တယ္ကြာ…ေနာက္ၿပီးရတနာကိုလည္း အေရးႀကီးကိစၥေျပာစရာရွိတယ္ ”
” အြန္း…အဲဒါကေလ ”
” အဲဒါကေလ လုပ္မေနပါနဲ႔ကြာ… မနက္ျဖန္ယက္ကန္း႐ုံသိမ္းခ်ိန္ၾကရင္ ႐ြာထိပ္ကဘုရားမွာ ရတနာအလာကို အစ္ကိုေစာင့္ေနမယ္…ရတနာမလာမခ်င္း အစ္ကိုေစာင့္ေနမွာေနာ္ ”
ဟုေျပာကာ ေအာင္ေကာင္းစံတစ္ေယာက္လည္း လြန္းထားေမယက္ကန္း႐ုံေလးမွ ထြက္ခြာသြားေလသည္။ ထိုအခါ ရတနာလည္းထြက္ခြာသြားေသာ ေအာင္ေကာင္းစံ၏ ေက်ာျပင္ေလးအား ေငးေမာၾကည့္ေနရင္း မ်က္ေစာင္းေလးတစ္ခ်က္ထိုးလိုက္ကာ
” ဟြန႔္…ေျပာခ်င္ရာေျပာၿပီး ထြက္သြားျပန္ၿပီ ” ဟု ညဳတုတုအသံေလးျဖင့္ တီးတိုးစြာေျပာလိုက္ေလသည္။
” ရတနာေရ မနက္ျဖန္ၾကရင္ ညည္းလူႀကီးနဲ႔သြားေတြ႕မယ္ေပါ့ေလ ”
” ဝတ္မႈံေနာ္… ဘာကိုညည္းလူႀကီးလည္း အခုမွသူငယ္ခ်င္းအဆင့္ပဲရွိေသးတာ ”
” အခုမွသူငယ္ခ်င္းအဆင့္ပဲ ရွိေသးတာဆိုေတာ့ … ေနာက္ဆိုရင္ခ်စ္သူအဆင့္ျဖစ္မွာလို႔ ေျပာခ်င္တာလား မိရတနာ… ”
ဝတ္မႈံမွစေနာက္လိုက္ေသာေၾကာင့္ ရတနာ၏ပါးျပင္ေလးႏွစ္ဖက္မွာ နီျမန္းလာကာ ရွက္ေသြးမ်ားျဖာလာေလသည္။
” ေတာ္ၿပီဟာ… ငါနင္တို႔နဲ႔စကားမေျပာအားေတာ့ဘူး ငါ့အထည္ေတြၿပီးေအာင္ ယက္ကန္းခတ္ရအုံးမယ္ ”
ဟုေျပာကာ ရတနာတစ္ေယာက္သည္လည္း မိမိအလုပ္ျဖစ္ေသာ ယက္ကန္းခတ္ျခင္းအား စတင္လုပ္ေဆာင္လိုက္ေလသည္။
+++++++++++++++++++++++++
ေတာင္စြယ္မွာေနကြယ္ခါနီးေသာ ညေနဆည္းဆာအခ်ိန္ေလး၌ နန္ဆန္႐ြာထိပ္တြင္တည္ရွိေသာ နဂါးႀကီးႏွစ္ေကာင္ဘုရားေရွ႕ရွိ ပိေတာက္ပင္ႀကီးေအာက္၌ ေအာင္ေကာင္းစံတစ္ေယာက္သည္ ရတနာ အလာကို ေစာင့္ေနေလ၏။ ေအာင္ေကာင္းစံ၏ရင္ထဲ၌လည္း မိမိေစာင့္ေမွ်ာ္ေနေသာ ရတနာသည္ မိမိထံသို႔ေရာက္လာပါ့မလား။ ရတနာေရာက္လာမည္ဆိုပါမူ မိမိဘက္ကအဘယ္သို႔ စကားစရမည္နည္း။ ေအာင္ေကာင္းစံ၏အေတြးထဲ၌ ေရာက္ယက္ခက္ေနကာ ရင္တြင္း၌လည္း ႏွလုံးခုန္သံမ်ား ျမန္လာေလသည္။ ဤသို႔ျဖင့္ ေအာင္ေကာင္းစံ၏ျမင္ကြင္းထဲသို႔ အစိမ္းႏုေရာင္ဝမ္းဆက္ေလးအား ဝတ္ဆင္လာၿပီး ပါးျပင္မို႔မို႔ေလးတြင္ ပါးကြက္ၾကားေလးကြက္ထားေသာ မိန္းမပ်ိဳေလးတစ္ဦး ဝင္ေရာက္လာေလသည္။ ထိုမိန္းကေလးက
” အစ္ကို ေစာင့္ေနတာၾကၿပီလား ”
” မၾကာေသးပါဘူး ရတနာရယ္…အကိုကေတြ႕ခ်င္သူဆိုေတာ့လည္း ေစာင့္ရတာေပါ့ ”
” အြန္းပါ… အစ္ကိုရတနာကို ေျပာစရာရွိတယ္ဆို ”
” ဟုတ္တယ္ရတနာ အစ္ကိုသိပ္အေရးႀကီးတဲ့ စကားတစ္ခြန္းေျပာခ်င္လို႔ ”
” ဒါဆိုလည္း ေျပာေလအစ္ကို ”
” အစ္ကိုေလ.. ရတနာ..ရတနာကို… သိပ္ခ်စ္မိေနၿပီကြယ္ ”
” အို..အစ္ကိုကလည္း ေတြ႕တာမွမၾကာေသးဘူး…ခ်စ္စကားႀကိဳက္စကား ေျပာေနၿပီ ”
” ရတနာရယ္ ေတြ႕တာမၾကာေသးဘူးဆိုေပမဲ့ အစ္ကို႔ေမတၱာက စစ္မွန္ပါတယ္ကြာ… ရတနာကိုစေတြ႕ထဲက ျမင္ျမင္ျခင္းစြဲလမ္းမိတာပါကြာ ”
” ဟြန႔္ ..မယုံရဲပါဘူးေနာ္… အကို႔လိုၿမိဳ႕ႀကီးသားကို ”
ဟုေျပာကာ ရတနာလည္း ခ်စ္မ်က္ေစာင္းေလးအား သဲ့သဲ့ေလးထိုးလိုက္ေလသည္။
” ရတနာရယ္ ၿမိဳ႕ႀကီးသားမို႔ မခ်စ္ရဘူးတဲ့လား… ၿမိဳ႕ႀကီးသားေတြလည္း ခ်စ္တတ္တဲ့ႏွလုံးသားေလး ရွိပါတယ္ကြာ…”
” အစ္ကိုကေျပာတာပဲ ၿမိဳ႕မွာခ်စ္သူေတြက်န္ခဲ့ရင္ ဘယ္လိုလုပ္မလဲ… အဲဒီၾကမွရတနာက တစ္ေယာက္ထဲ မလြမ္းပိုေလးျဖစ္ေနရမွာရွင့္.. ”
ရတနာတစ္ေယာက္လည္း မခူးဆြတ္ခင္ကအကိုင္းၫႊတ္ခ်င္ေနေသာ အသီးပမာ ေရလာေျမာင္းေပးလိုက္ေလသည္။
” အဲဒါေတာ့ စိတ္ခ်ရတနာ…အစ္ကို႔မွာဘာခ်စ္သူမွမရွိပါဘူးကြာ…အစ္ကိုကရတနာကိုေလ မိုးေျမမကတဲ့ ေမတၱာမ်ိဳးနဲ႔ ႐ိုးေျမၾကသည္ထိ ခ်စ္ေနမွာပါ ”
” ဟြန႔္… အစ္ကိုကစကားတတ္တယ္ေနာ္ … အဲလို စကားတတ္လို႔လည္း အစ္ကို႔ကိုမယုံရဲတာ ”
” စကားတတ္တာ မဟုတ္ပါဘူးကြာ..အစ္ကိုကခ်စ္တတ္တာပါေနာ္ ”
” အြန္းပါ… ရတနာစဥ္းစားေပးမယ္ေလ ”
” ရတနာ ….”
” ရွင့္… ”
” အစ္ကို႔ကို … မခ်စ္ဘူးလားဟင္ ”
” ခ်စ္တာေပါ့လို႔ ”
” ရတနာတကယ္ေျပာတာေနာ္ ”
” ဟာ…အစ္ကိုလူလည္လုပ္တယ္ကြာ…ရတနာက ေနာက္မွအေျဖေပးမလို႔ကို….သြားလူလည္ႀကီး ”
ဟုေျပာကာ ရတနာတစ္ေယာက္လည္း မိမိရဲ႕ေသးငယ္ေသာ လက္သီးဆုပ္ေလးျဖင့္ ေအာင္ေကာင္းစံ၏ရင္ဘတ္အား ခပ္ဖြဖြေလးထုလိုက္ေလသည္။ ေအာင္ေကာင္းစံလည္း မိမိရင္ဘတ္အား လာထုေသာ ရတနာလက္ကေလးအား လွမ္းဖမ္းလိုက္ၿပီး က်န္လက္တစ္ဖက္ျဖင့္ ရတနာကိုယ္ေလးအား ေစြ႕ကနဲေနေအာင္ သိမ္းဖက္လိုက္ေလသည္။
” အစ္ကို ေျဖးေျဖးဖက္ကြာ… အသက္ရႈၾကပ္လာၿပီ… လူေတြျမင္ကုန္ရင္ မေကာင္းဘူးေနာ္ ”
” ရတနာရယ္ အစ္ကိုသိပ္ေပ်ာ္သြားလို႔ပါကြာ ”
” အစ္ကို …တစ္ခုေျပာမယ္ေနာ္…ရတနာကအေျဖကို လြယ္လြယ္ေပးလိုက္လို႔ အညႇာလြယ္တဲ့မိန္းကေလးလို႔ မသတ္မွတ္လိုက္ပါနဲ႔ေနာ္ ”
ေအာင္ေကာင္းစံ၏ ရင္ခြင္အတြင္းေရာက္ေနေသာရတနာမွ အားငယ္ေသာအသံေလးျဖင့္ ေျပာလိုက္ျခင္းပင္ျဖစ္ေလသည္။
” ရတနာေလးရယ္ ေပါက္တီးေပါက္ရွာကြာ…အစ္ကိုက ရတနာေလးကို တန္ဖိုးထားၿပီး ျမတ္ႏိုးရသူပါ… ရတနာေလးကို အကိုဘယ္ေလာက္ခ်စ္လည္းဆိုရင္ *ကို႔ရဲ႕အခ်စ္ေတြကို ကမာၻေျမျပင္မွာ ျဖန႔္က်က္ထားမယ္ဆိုရင္ * ၾကယ္ေႂကြစရာေနရာေတာင္ ရွိမွာမဟုတ္ပါဘူးကြာ ”
” ေတာ္ပါ အဲဒီအေျပာေတြနဲ႔ … ဒီကလူကိုအရည္ေပ်ာ္ေအာင္လုပ္ေနတာ ”
” ဘယ္နားေတြ အရည္ေပ်ာ္ကုန္တာလည္း ရတနာ… ”
” အကိုေနာ္… မညစ္ပတ္နဲ႔ကြာ.. ဟီး…ဟီး… ”
ေအာင္ေကာင္းစံတို႔ ခ်စ္သူႏွစ္ဦးၾကည္ႏူးေနခိုက္ မလွမ္းမကမ္း၌ အမ်ိဳးသမီးတစ္ဦးေရာက္ရွိေန၏။ ထိုအမ်ိဳးသမီးမွ
” ေကာင္မ နန႔္ကိုနန႔္တယ္ … တကယ္ဆို အစ္ကိုေအာင္က ငါ့အတြက္ျဖစ္ရမွာ ”
ဟုတစ္ေယာက္ထဲတီးတိုးေျပာကာ မနာလိုဟန္ပါေသာအမူရာျဖင့္ ေျခေထာက္အားေဆာင့္ကာ ထိုေနရာမွ ထြက္ခြာသြားေလသည္။ ထိုအမ်ိဳးသမီးသည္ မည္သူနည္း….။
ဤသို႔ျဖင့္ရက္အနည္းငယ္ၾကာေသာ္…
” ရတနာ ညည္းနဲ႔ညည္းလူႀကီးက ခ်စ္သူေတြျဖစ္သြားၿပီမဟုတ္လား ”
ဝတ္မႈံရဲ႕အေမးေၾကာင့္ ရတနာတစ္ေယာက္လည္း သူခိုးလူမိသလို ျဖစ္သြားေလ၏။
” အယ္… ဟိုေလ ငါနဲ႔အစ္ကိုက ခ်စ္သူေတြျဖစ္သြားၿပီဟ ”
” အဲမယ္.. မိန္းမ. . ဒါမ်ိဳးၾကေတာ့ လက္သြက္တယ္ေနာ္.. က်မတို႔ေတာင္အခုမွ သိရတယ္ ”
” အဲလိုလည္းမဟုတ္ပါဘူးဟာ…ငါလည္းနင္တို႔ကိုေျပာျပမလို႔ပါပဲ ”
” ထားပါေတာ့ မိရတနာရယ္…ဒါနဲ႔ညည္းလူႀကီးအေျခေန ဘယ္လိုရွိလဲ ”
” အစ္ကိုက ငါ့ကိုသိပ္ခ်စ္တယ္ဟ …ၿပီးေတာ့ငါ့ကိုလည္း ဂ႐ုစိုက္တယ္ ”
” အဲဒါမ်ိဳးၾကားရေတာ့ ဝမ္းသာတယ္မိရတနာေရ…ညည္းလူႀကီးနဲ႔ယူၿပီးသြားလို႔ ၿမိဳ႕ကိုလိုက္သြားရရင္ေတာ့ က်ဳပ္တို႔ေတာ့လြမ္းရအုံးမယ္ ”
ရတနာလည္း သူငယ္ခ်င္းျဖစ္သူဝတ္မႈံရဲ႕စကားေၾကာင့္ အနည္းငယ္ဝမ္းနည္းသြား၏။
” ဝတ္မႈံရယ္… ငါ အစ္ကိုနဲ႔ယူၿပီးလည္း ဒီ႐ြာေလးမွာပဲေနမွာပါဟာ ”
” ဒါဆိုရင္ေကာင္းတာေပါ့ ..ညည္းတို႔ယူၿပီးလို႔ သားေလးေမြးရင္ ေယာကၡမေတာ္မယ္ေလ ဟား ဟား ”
လြန္းထားေမယက္ကန္း႐ုံေလးမွာ ရီေမာသံေလးမ်ားျဖင့္ စိုေျပသြားေလသည္။ ၎ ယက္ကန္း႐ုံေလးမွာ မရီေမာႏိုင္သူတစ္ဦးရွိေလ၏။ ဤသိုျဖင့္ ကာလအနည္းငယ္ၾကာေသာအခါ ရတနာႏွင့္ေအာင္ေကာင္းစံတို႔ ေမတၱာမွ်ေနေၾကာင္းအား ႏွစ္ဖက္မိဘမ်ားသိသြားၾကကုန္၏။ ႏွစ္ဖက္မိဘမ်ားလည္း ၎တို႔ခ်စ္သူႏွစ္ဦးအား သေဘာတူၾကေလသည္။ သို႔ျဖစ္ပါေသာေၾကာင့္ ရတနာတို႔ခ်စ္သူႏွစ္ဦးမွာလည္း အေပ်ာ္ႀကီးေပ်ာ္ေန၏။အဘယ္ေၾကာင့္ဆိုေသာ္ မိမိခ်စ္ရပါေသာ ခ်စ္သူေလးႏွင့္အတူ ေပါင္းဖက္ခြင့္ရျခင္းမွာ မိမိအတြက္ ေလာကနိဗၺာန္ပင္။ ေအာင္ေကာင္းစံႏွင့္ရတနာတို႔သည္ကား သစၥာတိုင္ကဗ်ာေလးထဲကလို
* ဒီေတာင္႐ိုး ကဒီေတာင္႐ိုး က်ားဆိုးေပါရဲ႕…ေမာင့္အခ်စ္ မွ်စ္ခ်ိဳးလိုက္ခဲ့ *
ဆိုသလို ခ်စ္သူႏွစ္ဦးတို႔သည္ ေလာကဓံတရားႀကီးရွစ္ပါးကို အံတုကာ စစ္မွန္ေသာခ်စ္ျခင္းမ်ားျဖင့္ ခ်စ္ၾကေလသည္။ ထိုခ်စ္သူႏွစ္ဦးထံသို႔ မေမွ်ာ္လင့္ေသာအေၾကာင္းအရာတစ္ခု ေပၚေပါက္လာ၏။
” ရတနာေရ နင့္ကိုငါေျပာစရာတစ္ခုရွိတယ္ ”
” ဟုတ္အမေ႐ႊရည္ ေျပာေလအစ္မ ”
” နင္..အရီးနန္းမူတူ ေအာင္ေကာင္းစံနဲ႔ ယူေတာ့မွာဆို ”
” ဟုတ္တယ္ေလ အစ္မေ႐ႊရည္ရဲ႕.. အဲဒီကိစၥေဖေဖေမေမတို႔လည္း သေဘာတူထားတယ္ေလ ”
” အဲဒီကိစၥကိုပဲေျပာမလို႔ ေ႐ႊရည္ေရ…ငါေျပာသင့္မေျပာသင့္ စဥ္းစားေနတာ ”
” အစ္မေ႐ႊရည္ရယ္ ေျပာမွာသာေျပာစမ္းပါ…ညီအစ္မေတြပဲဟာကို ”
” ေအး ဒါဆိုငါေျပာမယ္…နင့္ခ်စ္သူေအာင္ေကာင္းစံကေလ ၿမိဳ႕မွာသူရဲ႕တိတ္တိတ္ပုန္း မယားရွိတယ္တဲ့ဟ ”
” ရွင္… ”
အမဝမ္းကြဲျဖစ္သူ ေ႐ႊရည္ရဲ႕စကားေၾကာင့္ ရတနာတစ္ေယာက္ ငိုင္သြားေလသည္။ ရတနာ မ်က္ဝန္းအိမ္၌လည္း မ်က္ရည္စေလးမ်ား ထြက္စျပဳလာကာ
” အစ္မေ႐ႊရည္ရယ္ ဟုတ္ပါ့မလား…အစ္ကိုက အဲလိုလူစားမ်ိဳးမဟုတ္ပါဘူး ”
” မဟုတ္ပဲနဲ႔ေျပာပါ့မလား ငါကနင့္အစ္မပါဟာ… နင္နစ္နာမဲ့အလုပ္မ်ိဳး ငါကလုပ္ပါ့မလားရတနာရယ္… ”
” အြန္းပါအစ္မရယ္ …ဒါနဲ႔အစ္မက ဒီအေၾကာင္းေတြကို ဘယ္လိုသိတာလဲဟင္ ”
” ရန္ကုန္မွာေနတဲ့ ငါ့သူငယ္ခ်င္းဆီကသိရတာ …နင္နဲ႔ေအာင္ေကာင္းစံ စႀကိဳက္ထဲက ငါေအာင္ေကာင္းစံကို မသကၤာတာနဲ႔ သူ႔ရဲ႕အေၾကာင္းေတြကို စုံစမ္းထားတာရတနာရဲ႕ ”
ရတနာလည္း အစ္မျဖစ္သူေ႐ႊရည္ထံမွ မေမွ်ာ္လင့္ထားေသာ ေအာင္ေကာင္းစံ၏ အေၾကာင္းအရာမ်ားအား ၾကားလိုက္ရသျဖင့္ ဝမ္းနည္းသြားကာ ေဖ်ာ့ေတာ့ေသာေလသံေလးျဖင့္
” ဒါဆို အစ္မေ႐ႊရည္… ဒီကိစၥကတကယ္ေပါ့ေနာ္ ”
” ေၾသာ္ ရတနာရယ္… က်ားကိုက္ပါတယ္ဆိုမွ အေပါက္ႀကီးနဲ႔ပါလား ဆိုသလိုျဖစ္ေနျပန္ေရာလား ငါ့ညီမရယ္ ”
ရတနာတစ္ေယာက္လည္း မိမိခ်စ္သူမွာေနာက္ဇာတ္လမ္းေတြ ရွိေနၿပီဟူေသာ သတင္းကို အမျဖစ္သူထံမွ ၾကားသိလိုက္ရသျဖင့္ ရင္တြင္း၌ႏွလုံးသားမ်ား ေၾကကြဲကာ ဟန္မေဆာင္ႏိုင္ေတာ့ဘဲ အစ္မျဖစ္သူေ႐ႊရည္ရဲ႕ ရင္ခြင္အတြင္းသို႔တိုးဝင္ကာ
” ဟီးးးး….ဟီး….ဟီး..အသ္ကိုရက္စက္တယ္… ရတနာအေပၚလုပ္ရက္တယ္… ဟီး..ဟီး..ဟီး ”
ျဖင့္ ငိုေႂကြးေလသည္။ ထိုအခါေ႐ႊရည္မွ
” ညီမေလးရယ္ ဘာမွစိတ္မေကာင္းမျဖစ္ပါနဲ႔… အခုလိုေစာေစာစီးစီးသိရတာ ညီမေလးကံေကာင္းတာေပါ့…ဒီလိုသစၥာမရွိတဲ့လူအတြက္ မငိုပါနဲ႔ကြယ္…ငါ့ညီမေလးမ်က္ရည္နဲ႔မထိုက္တန္ပါဘူး… ”
ေ႐ႊရည္လည္း မိမိရင္ခြင္အတြင္း၌ ငိုေႂကြးေနေသာညီမျဖစ္သူ ရတနာအားႏွစ္သိမ့္ေလသည္။
” အစ္မေ႐ႊရည္ ညီမေလ အဲဒီလိုသစၥာမရွိတဲ့သူနဲ႔ မပတ္သတ္ခ်င္ေတာ့ဘူး… ”
” ေအးပါ ညီမေလးရယ္ ”
ေ႐ႊရည္လည္း ရတနာအားႏွစ္သိမ့္ေပးေနရင္း… ေကာက္က်စ္ေသာ အၿပဳံးတစ္ခုအား ဖန္တီးလိုက္ေလသည္။ ထိုအၿပဳံးအား ရတနာတစ္ေယာက္ မသိလိုက္ေပ။ ဤသို႔ျဖင့္ ေန႔တစ္ေန႔၏ ညေနေစာင္းတစ္ခု၌ နန္ဆန္႐ြာထိပ္၏ ပိေတာက္ပင္ႀကီးေအာက္၌ လူႏွစ္ေယာက္ စကားအေျခအတင္ေျပာ၍ စကားမ်ားေနေလသည္။ ထိုသူႏွစ္ေယာက္သည္ကား ေအာင္ေကာင္းစံႏွင့္ရတနာတို႔ပင္ျဖစ္ေလသည္။
” အစ္ကိုနဲ႔ရတနာနဲ႔ ေရွ႕ဆက္ဖို႔မျဖစ္ႏိုင္ေတာ့ဘူး…ရတနာက သစၥာမရွိတဲ့လူဆို သိပ္႐ြံတာ ”
” ရတနာ မင္းေျပာတာေတြ အစ္ကိုနားမလည္ဘူး…အစ္ကိုက ရတနာမႀကိဳက္တာေတြ ဘာေတြမ်ားလုပ္ေနမိလို႔လည္း ”
” ကို႔အေၾကာင္းကိုသိေပါ့ ျဖစ္ၿပီးသားေတြကို ျပန္မေျပာခ်င္ေတာ့ဘူး…ရတနာတို႔ရဲ႕အခ်စ္ဇာတ္လမ္းကို ဒီေနရာမွာတင္ ကလာကာခ်ခဲ့ၿပီ… ေနာက္ေနာင္ကို ရတနာနဲ႔လာမပတ္သက္ပါနဲ႔ေတာ့ ”
” ရတနာ မင္းဘာေတြျဖစ္ေနတာလဲ…မင္းေျပာတာေတြ တစ္ခုမွနားမလည္ေတာ့ဘူးကြာ …႐ူးခ်င္တာပဲသိတယ္ ”
ရတနာတစ္ေယာက္လည္း ေအာင္ေကာင္းစံအား စကားဆက္မေျပာေတာ့ပဲ ထိုေနရာေလးမွ လွည့္ထြက္လာခဲ့လိုက္သည္။
ထိုကိစၥမ်ားျဖစ္ၿပီးေနာက္ ရတနာတစ္ေယာက္သည္လည္း စိတ္ေထာင္းလို႔ကိုယ္ေၾကဆိုသလို မစားႏိုင္မေသာက္ႏိုင္ျဖင့္ ပိန္လွီလာေလသည္။
အတိတ္ကေပ်ာ္႐ႊင္ခဲ့ဖူးေသာ ပုံရိပ္မ်ားအားျပန္လည္ေတြးေတာရင္း ၿပဳံးေပ်ာ္လာသလို မိမိအေပၚသစၥာေဖာက္မႉအား ျပန္လည္ေတြးေတာရင္း ဝမ္းနည္းကာငိုေႂကြးမိလာ၏။မခ်စ္ခဲ့ဖူးေသာအခ်စ္မ်ိဳးျဖင့္ ခ်စ္ခဲ့မိတာမို႔ ႐ူးမတတ္ခံစားရေလသည္။ ရတနာတစ္ေယာက္ ထိုသို႔ခံစားေနရာသည္ကို မၾကည့္ရက္ႏိုင္သူတစ္ဦးရွိေလသည္။ ထိုသူသည္ တစ္ျခားမဟုတ္ ရတနာသူငယ္ခ်င္းဝတ္မႈံပင္ျဖစ္ေလသည္။
” ရတနာ နင္နဲ႔ကိုေအာင္ေကာင္းစံတို႔ ဘယ္ျဖစ္ၾကတာလဲ… ငါ့ကိုေျပာျပစမ္းပါဟာ ”
” ငါ ျပန္မေျပာခ်င္ေတာ့ဘူး ဝတ္မႈံရယ္…ျပန္ေတြးမိတိုင္း ရင္ေတြနာတယ္ဟာ… ”
” ရတနာရယ္ အဲလိုလည္းမဟုတ္ေသးဘူးေလဟာ… နင္ေျပာျပမွ ငါတို႔ကျပသနာအေၾကာင္းအရင္းကိုသိရမွာေလ…အဲတာမွငါတို႔က နင့္ကိုကူညီလို႔ရမွာေလသူငယ္ခ်င္းရဲ႕ ”
ဝတ္မႈံရဲ႕အေမးအား ရတနာတစ္ေယာက္ အခ်ိန္အတန႔္ၾကာေအာင္ စဥ္းစားလိုက္ၿပီးမွ
” အကို ငါ့အေပၚသိပ္ရက္စက္ဟာ…”
ဆိုၿပီး ရတနာလည္းျဖစ္ပုံ အစအဆုံးကို ဝတ္မႈံအား ရွင္းျပလိုက္ေလသည္။
” ရတနာ… နင္ေျပာပုံအရဆိုရင္ ဒီကိစၥကမ႐ိုးရွင္းဘူးဟ …ငါစုံစမ္းၾကည့္ပါအုံးမယ္ဟာ ”
ဝတ္မႈံလည္းရတနာအား ႏွစ္သိမ့္ၿပီးေနာက္ မိမိအိမ္သို႔ျပန္လာလိုက္ေလသည္။ ဤသို႔ျဖင့္ သုံးရက္ေလာက္ၾကာေသာအခါ ဝတ္မႈံတစ္ေယာက္ ရတနာထံသို႔ျပန္လည္ေရာက္ရွိလာ၏။
” ရတနာ ငါအကုန္စုံစမ္းၿပီးၿပီ… နင္သိထားတာေတြအကုန္လုံးက အမွန္ေတြမဟုတ္ဘူး
…ဒီကိစၥေတြအားလုံးက သူတမင္ႀကံစည္ထားတာေတြပဲ ”
” ဟင္… လုပ္ရက္လိုက္ၾကတာဟာ ”
ရတနာတစ္ေယာက္ ဝတ္မႈံထံမွ မေမွ်ာ္လင့္ထားေသာ ကိစၥတစ္ခုအားသိလိုက္ရ၏။
” ရတနာ ဒီကိစၥကိုဒဲ့ရွင္းၾကမယ္ ”
” ဟုတ္တယ္ဝတ္မႈံ …ဒီကိစၥကိုနင္ေျပာသလိုဒဲ့ရွင္းရမယ္… ငါ့ကိုလိမ္တာ ငါအမုန္းဆုံးပဲ ”
ဟုဆိုကာ ရတနာလည္းဝတ္မႈံကိုေခၚကာ ေနရာတစ္ခုဆီသို႔ ဦးတည္၍ထြက္လာခဲ့လိုက္သည္။ ထိုေနရာသို႔အေရာက္
” အမေ႐ႊရည္ ဘာလို႔အခုလိုလုပ္ရတာလဲ”
” ငါက ဘာလုပ္လို႔လဲ ညီမေလး”
” အမေ႐ႊရည္က သိပ္ဟန္ေဆာင္ေကာင္းတာပဲ…ရတနာနဲ႔ေအာင္ေကာင္းစံတို႔ကို ကြဲေအာင္လို႔ အမကုန္းေခ်ာတာေလ ”
” ဝတ္မႈံ နင့္စကားကိုဆင္ျခင္ၿပီးေျပာ… ငါက ဘာကိုကုန္းေခ်ာလို႔လဲ”
” အမက အခုထိဝန္မခံေသးဘူးကို… က်မ ေအာင္ေကာင္းစံအေၾကာင္းကို အကုန္စုံစမ္းၿပီးၿပီ… ေအာင္ေကာင္းစံၿမိဳ႕မွာ ဘာတိတ္တိတ္ပုန္းမယားမွမရွိဘူး… ေနာက္ၿပီး ၿမိဳ႕မွာလည္း အမေ႐ႊရည္သူငယ္ခ်င္းဆိုတာ မရွိဘူး….. အမဘာျငင္းမလည္း ”
ဝတ္မႈံလည္း ရတနာအစားေဒါသထြက္ကာ ဝင္ေျပာလိုက္ျခင္းျဖစ္ေလသည္။
” ဟား ..ဟား ..ဟား …နင္တို႔ကသိၿပီးၿပီဆိုေတာ့လည္း ဝန္ခံရတာေပါ့… ဟုတ္တယ္ဟာ ငါတမင္လီဆယ္ၿပီးေျပာတာဟာ ”
” အမေ႐ႊရည္ညီမအေပၚ ဘာလို႔အခုလိုေတြလုပ္ရတာလဲ ”
” ဘာလို႔လုပ္ရတာလည္း ဟုတ္လား… နင္လည္း ေအာင္ေကာင္းစံကိုခ်စ္သလို …ငါလည္းေအာင္ေကာင္းစံကိုခ်စ္တယ္ဟ… နင္ကေတာ့ ေအာင္ေကာင္းစံနဲ႔အတူေပါင္းဖက္ရၿပီး ငါကေတာ့ ေအာင္ေကာင္းစံနဲ႔ေဝးရမွာလား…ငါနဲ႔ေအာင္ေကာင္းစံေဝးရသလို နင္နဲ႔ေအာင္ေကာင္းစံလည္း မညားေစရဘူးဟဲ့ မိရတနာရဲ႕… ”
” သြားၿပီ…. အမေ႐ႊရည္႐ူးသြားၿပီ…အမေ႐ႊရည္ရဲ႕အတၱေတြေၾကာင့္ ညီမသံေယာဇဥ္ကိုေတာင္မေထာက္ဘူး..ညီမအေပၚလုပ္ရက္တယ္…
အမေ႐ႊရည္ကို ညီမတစ္ခုေျပာခဲ့မယ္.. အခ်စ္ဆိုတာလုပ္ယူလို႔ရတဲ့ အရာမဟုတ္ဘူး အဲတာကို အမ မေသမျခင္းမွတ္ထားပါ… ေနာက္ၿပီး ရတနာနဲ႔အကိုၾကားကို အမေ႐ႊရည္ဘယ္လိုပဲ ဂုန္းေခ်ာဂုန္းေခ်ာ ညီမတို႔ရဲ႕ခ်စ္ျခင္းတရားေတြက ဘယ္ေတာ့မွပ်က္ပ်ယ္သြားမွာမဟုတ္ဘူး ”
ရတနာလည္း ေဒါသထြက္ကာထိုသို႔ေျပာလိုက္၏။
” မၾကားခ်င္ဘူးဟာ… မၾကားခ်င္ဘူး… နင္တို႔ႏွစ္ေယာက္ ဘယ္ေတာ့မွ မေပါင္းေစရဘူး.. ”
ေ႐ႊရည္တစ္ေယာက္ အ႐ူးတစ္ပိုင္းျဖစ္သြား၏။ ရတနာႏွင့္ဝတ္မႈံလည္း မိမိေျပာခ်င္တာမ်ား ေျပာၿပီးသြားၿပီျဖစ္သျဖင့္ ထိုေနရာမွ လွည့္၍ထြက္လာခဲ့လိုက္သည္။ ရတနာတစ္ေယာက္လည္း အျဖစ္မွန္မ်ားသိသြားၿပီးေနာက္ ေအာင္ေကာင္းစံႏွင့္ အရင္လိုခ်စ္သူဘဝသို႔ ျပန္လည္ေရာက္ရွိသြားေလသည္။ ေအာင္ေကာင္းစံသည္လည္း ရတနာႏွင့္ေဝးရမည္စိုးသျဖင့္ မဂၤလာေဆာင္ဖို႔အတြက္ ရတနာအား နားပူနားဆာလုပ္ေလသည္။ ရတနာလည္း ေအာင္ေကာင္းစံႏွင့္မခြဲႏိုင္ေတာ့သျဖင့္ ေအာင္ေကာင္းစံ၏သေဘာအတိုင္း လက္ထပ္ဖို႔ကိုသေဘာတူလိုက္ေလသည္။
ဤသို႔ျဖင့္ မဂၤလာေဆာင္ခါနီး ၃ရက္အလို၌ ရတနာတစ္ေယာက္
” အား…ကြၽတ္ ..ကြၽတ္… ေခါင္းေတြကိုက္လိုက္တာ ေသပါၿပီ ”
” အေမေရ ကယ္ပါအုံး… သမီးေခါင္းေတြကြဲထြက္ေတာ့မယ္ ”
” အမယ္ေလး ေသပါၿပီေတာ့ ”
ရတနာ၏နာက်င္စြာေအာ္ဟစ္ေနေသာ အသံေၾကာင့္ ရတနာ၏မိဘမ်ားသည္လည္း ျပာျပာသလဲျဖစ္သြားကာ ေဆးဆရာမ်ားအားအေျပးအလႊားသြားပင့္ေလသည္။ ေဆးဆရာမ်ားအား အိမ္သို႔ေရာက္ေအာင္ပင့္ႏိုင္ခဲ့ေသာ္လည္း အခ်ည္းႏွီးသာျဖစ္ေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ၎ေဆးဆရာမ်ားသည္ ရတနာ၏ေခါင္းကိုက္ေဝဒနာအား ေပ်ာက္ေအာင္မကုႏိုင္ၾကေသာေၾကာင့္ပင္။မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္သည္လည္း ရွမ္းျပည္တစ္ခြင္၌ လွည့္လည္သြားလာရာ ေနာက္ဆုံး၌ နန္ဆန္႐ြာေလးသို႔ေရာက္လာေလသည္။
” ဆရာ … ဒီေစတီေတာ္ေလးက သပၸါယ္လိုက္တာေနာ္ ”
ကြၽန္ေတာ္လည္း ျပည့္ၿဖိဳးၫႊန္ျပေသာ ေစတီ
ေတာ္ေလးအားၾကည့္လိုက္ရာ ေစတီေတာ္၏ အဝင္မုခ္ဦး ေဘးတစ္ဖက္တစ္ခ်က္တြင္ကား ႀကီးမားေသာနဂါး႐ုပ္ထုမ်ားအား ထုလုပ္ထားသည္ကို ေတြ႕ျမင္လိုက္ရေလသည္။ ထို႔ေနာက္ ကြၽန္ေတာ္နဲ႔ျပည့္ၿဖိဳးလည္း ၎မုခ္ဦးေလးမွတဆင့္ ေစတီေတာ္ဆီသို႔ ေလွ်ာက္လာလိုက္ၿပီး ေစတီေတာ္အား ဦးသုံးႀကိမ္ခ်၍ ကန္ေတာ့လိုက္ေလသည္။
” ခ်လြင္…ခ်လြင္ ”
ေစတီေတာ္၏ထီးေတာ္တြင္ ခ်ိတ္ဆြဲထားေသာ ဆြဲလည္းသံမ်ားလည္း ေလတိုက္တိုင္းသာယာစြာထြက္ေပၚလာေလသည္။ ၎ဆြဲလည္းသံမ်ား ၾကားလိုက္ရေသာအခါ ကြၽန္ေတာ္တို႔ရင္ထဲ၌ ေအးခ်မ္းသြား၏။
” ျပည့္ၿဖိဳးေရ တို႔ဆရာတပည့္ေတြ ဒီေစတီေတာ္ေလးမွာပဲ ပုတီးစိပ္ၾကရေအာင္ ”
” ဟုတ္ကဲ့ဆရာ ”
ဆိုၿပီး ျပည့္ၿဖိဳးလည္း လြယ္အိတ္ထဲကပုတီးအား ထုတ္ယူလိုက္ကာ ေစတီေတာ္ရဲ႕ ရင္ျပင္ေပၚ၌ ပုတီးစိပ္ရန္ေနရာယူလိုက္၏။ ကြၽန္ေတာ္လည္းထိုနည္းတူ ပုတီးစိပ္ရန္ ေနရာယူလိုက္ၿပီး ပုတီးစိပ္ျခင္းလုပ္ငန္းအား စတင္လိုက္ေလသည္။ ဤသို႔ျဖင့္ ပုတီးသုံးပတ္ေလာက္ေရာက္ေသာအခါ ကြၽန္ေတာ္နားစည္အတြင္းသို႔ အသံတစ္ခု႐ိုက္ခတ္လာ၏။ထိုအသံသည္ကား
” အမယ္ေလး ေသပါၿပီအေမရယ္… သမီးေခါင္းေတြကြဲထြက္ေတာ့မယ္ သမီးကိုကယ္ပါအုံး ”
ဟုဆိုေသာ မိန္းမငယ္ေလးတစ္ေယာက္၏ နာက်င္စြာေအာ္ဟစ္ေနေသာ အသံအား ၾကားလိုက္ရေလသည္။ ကြၽန္ေတာ္လည္း စိတ္ကိုတည္ၿငိမ္ေအာင္လုပ္ၿပီး ပုတီးအား စိတ္နစ္၍စိပ္လိုက္ေလသည္။ ခနအၾကာ၌
” ေဒါက္… ေဒါက္ ..ေဒါက္ ”
အသံနဲ႔အတူ ေတာင္ေဝွးတစ္ေခ်ာင္းအားေထာက္ကာ ဘုရားရင္ျပင္ေပၚသို႔ အဖိုးအိုတစ္ဦး တက္လာေလသည္။ ၎အဖိုးအိုမွ ကြၽန္ေတာ့္အား
” ဆရာေလးတို႔ကို အဖိုးအကူညီတစ္ခုေလာက္ ေတာင္းပါရေစ ”
” ေျပာပါအဖိုး ”
” အဖိုးက ဒီ႐ြာရဲ႕႐ြာေတာ္ရွင္ပါ…ဒီဘုရားေရွ႕ကပိေတာက္ပင္မွာေနတာပါ. .. ဆရာေလးတို႔ကို အကူအညီေတာင္းခ်င္တာက ဒီ႐ြာထဲကရတနာဆိုတဲ့ ကေလးမေလးကို ကေဝမတစ္ေယာက္က ျပဳစားထားတာ.. အခုဆိုရင္ အသက္အႏၲာရယ္စိုးရိမ္ရတဲ့ အေျခေနကိုေရာက္ေနပါၿပီ… အဲဒါ ဆရာေလးတို႔အေနနဲ႔ ကူညီကယ္တင္ေပးပါလို႔ အဖိုးကေမတၱာရပ္ခံပါတယ္ ”
” ရပါတယ္အဖိုး ကြၽန္းေတာ္တို႔ရဲ႕တာဝန္က ၇ရက္သားသမီးေတြကို ကယ္တင္ဖို႔ပါပဲ … ဒါနဲ႔ ကြၽန္ေတာ္တို႔က အဲဒီလူနာကိုဘယ္လိုဆက္သြက္ရမွာလည္းအဖိုး ”
” အဲဒီကိစၥအတြက္ ဆရာေလးတို႔ဘာမွမပူပါနဲ႔… အဖိုးအကုန္စီစဥ္ထားၿပီးပါၿပီ ”
” ေကာင္းပါၿပီ အဖိုး ”
ကြၽန္ေတာ္လည္း ထိုသို႔ေျပာလိုက္ေရာ ေတာင္ေဝွးကိုင္ထားတဲ့အဖိုးအိုကလိုွက္လွဲစြ ာၿပဳံးလိုက္ၿပီး ကြၽန္ေတာ့္ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားေလသည္။ ၎ အခ်င္းအရာမ်ားသည္ ကြၽန္ေတာ့္အ႐ုံအတြင္း၌ ျဖစ္ေပၚသြားေသာ ကိစၥမ်ားပင္ျဖစ္ေလသည္။ ထို႔ေနာက္ ကြၽန္ေတာ္လည္း ပုတီးစိပ္ျခင္းအား ရပ္နားလိုက္ေလသည္။ ျပည့္ၿဖိဳးကို ၾကည့္လိုက္ေတာ့ ျပည့္ၿဖိဳးလည္းပုတီးျဖဳတ္ၿပီးေနၿပီ ျဖစ္ေလသည္။
” ျပည့္ၿဖိဳးေရ ငါတို႔ေတာ့အလုပ္တစ္ခုေပၚၿပီကြ ”
” ဟုတ္လား ဆရာ ”
” ဟုတ္တယ္ျပည့္ၿဖိဳး ဒီတစ္ခါကုသရမဲ့လူနာက ကေဝျပဳစားခံထားရတာပဲ ”
ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳး စကားေျပာေနခိုက္ ေစတီေတာ္ရင္ျပင္ေပၚသို႔ မိန္းမငယ္တစ္ဦးတတ္လာကာ
” အစ္ကိုတို႔က အထက္လမ္းဆရာေလးေတြလားဟင္ “.
” ဟုတ္ပါတယ္ညီမ… ဒါနဲ႔ညီမက….”
” ဒီလိုပါဆရာေလးတို႔ …ညီမကို အိမ္မက္ထဲမွာ ႐ြာေတာ္ရွင္အဖိုးက .. သမီးသူငယ္ခ်င္းခံစားေနရတဲ့ ေရာဂါေဝဒနာေတြကို ေပ်ာက္ေစခ်င္ရင္ … ႐ြာထိပ္ကဘုရားမွာ ေရာက္ေနတဲ့ ဆရာေလးေတြကို သြားပင့္ေခ်လို႔ေျပာလို႔ပါ…”
” ေၾသာ္ အဲသလိုကို … ဒါနဲ႔ညီမနာမည္က ”
” ညီမနာမည္က ဝတ္မႈံလို႔ေခၚပါတယ္. .. ေနမေကာင္းျဖစ္ေနတဲ့သူက ညီမသူငယ္ခ်င္းရတနာပါ..
ျဖစ္ပုံက……… အဲသလိုပါပဲဆရာေလးရယ္ ”
ဝတ္မႈံတစ္ေယာက္လည္း မိမိသူငယ္ခ်င္းရတနာတစ္ေယာက္ ေရာဂါေဝဒနာ ခံစားေနရပုံအေၾကာင္းကို မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္အား အေသးစိပ္ ရွင္းျပလိုက္ေလသည္။
” ညီမေျပာပုံအရဆိုရင္ လူနာအတြက္အသက္အႏၲာရာယ္ စိုးရိမ္ရတယ္ ”
” ရွင္… ဆရာေလးတို႔ ညီမသူငယ္ခ်င္းကို ကယ္ေပးပါအုံးေနာ္ …ဆရာေလးတို႔ ကယ္ေပးပါေနာ္ ”
” စိတ္ခ်ပါညီမ အကိုတို႔ညီမသူငယ္ခ်င္းကို ကယ္ေပးမွာပါ… ညီမ စိတ္ေအးေအးထားပါ ”
” ဟုတ္ကဲ့ပါ ဆရာေလးရယ္… ေက်းဇူးတင္ပါတယ္ေနာ္ ”
ဝတ္မႈံတစ္ေယာက္လည္း သူငယ္ခ်င္းျဖစ္သူရတနာအား ကုသရန္အတြက္ မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္အား ရတနာအိမ္သို႔ ပင့္သြားေလသည္။ ရတနာအိမ္သို႔ေရာက္ေသာအခါ
” အရီးေရ ..အရီး.. ရတနာအတြက္ သမီး ဆရာေတြပင့္လာတယ္ ”
” ေအး သမီးဝတ္မႈံေရ….
ဒီကဆရာေလးတို႔လည္း အိမ္ေပၚကိုႂကြၾကပါ ”
အိမ္ရွင္ျဖစ္ဟန္တူေသာအမ်ိဳးသမီးမွ အိမ္ေပၚသို႔တက္ရန္ ေျပာလိုက္သျဖင့္ ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳးလည္း အိမ္ေပၚသို႔တက္လိုက္ေလသည္။ အိမ္ေပၚသို႔ေရာက္ေသာအခါ အိမ္၏အေရွ႕ခန္း၌ လဲေလ်ာင္းေနေသာ မိန္းမငယ္တစ္ဦးအား ေတြ႕လိုက္ရ၏။
” ဆရာေလးတို႔ ထိုင္ၾကပါ ”
ဆိုၿပီး အမ်ိဳးသမီးမွ ကြၽန္ေတာ္တို႔ထိုင္ဖို႔ဘုရားခန္း၌ ဖ်ာမ်ားခင္းေပးေလသည္။ ကြၽန္ေတာ္တို႔လည္း ၎ဖ်ာေပၚ၌ထိုင္လိုက္ၿပီး
” ” ဒီကအရီးက လူနာနဲ႔ဘယ္လိုပတ္သတ္တာလည္းဗ် ”
” အရီးက လူနာရဲ႕အေမပါကြယ္ ”
” ဟုတ္ကဲ့ပါအရီး…အရီးသမီးအခုလိုခံစားေနရတာေတြက ေသြး႐ိုးသား႐ိုးမဟုတ္ဘူးဗ် …ပေရာဂါျဖစ္ေနတာ ”
” ဟုတ္ကဲ့ပါဆရာေလး… အရီးလည္း အဲသလိုပဲထင္ပါတယ္ကြယ္…ဘာလို႔ဆို သမီးေလးကို တိုင္းရင္းေဆးဆရာေတြနဲ႔ ျပၾကည့္တာ ဆရာေတြစုံေနၿပီ သမီးေလးခမ်ာ မသက္သာရွာပါဘူးကြယ္… ”
ဟုေျပာကာ လူနာရွင္အမ်ိဳးသမီးလည္း ဝမ္းနည္းလာကာ မ်က္ဝန္းအိမ္ထက္မွ မ်က္ရည္စေလးမ်ားပင္ လွ်ံထြက္လာေလသည္။ ထိုအခါ ကြၽန္ေတာ္လည္း
” ဝမ္းမနည္းပါနဲ႔ အရီးရယ္… အရီးသမီးခံစားေနရတဲ့ေရာဂါေတြ ဒီေန႔ေပ်ာက္ၿပီလို႔သာမွတ္လိုက္ပါ… အရီးသမီးခံစားေနရတဲ့ေရာဂါေတြ အကုန္ေပ်ာက္ကင္းေအာင္ ကြၽန္ေတာ္တို႔ ကုသေပးမွာပါ ”
ကြၽန္ေတာ္လည္း အဲဒီလိုေျပာလိုက္ေတာ့မွ ထိုအမ်ိဳးသမီးသည္လည္း ဝမ္းသာေသာမ်က္ႏွာသြင္ျပင္ျဖင့္
” အားကိုးပါတယ္ ဆရာေလးတို႔ရယ္ …အရီးသမီးကို ဆရာေလးတို႔ကိုအပ္ပါတယ္ ”
” ေကာင္းပါၿပီအရီး.. . ဒါနဲ႔လူနာအေျခေနကဘယ္လိုရွိလဲဗ် ”
” ဆရာေလးတို႔မလာခင္ထိကေတာ့ ေခါင္းကိုက္တယ္ဆိုၿပီးေအာ္ဟစ္ေနရတာ… အခုေတာ့သက္သာသြားတယ္ထင္တယ္ မွိန္းေနတယ္ ”
” ဟုတ္ကဲ့ပါအရီး …ေဆးပြဲျပင္ဖို႔အတြက္ အုန္း၊ငွက္ေပ်ာ၊အလင္းတိုင္ အဲတာေတြရွာေပးပါလား ”
” ဟုတ္ကဲ့ပါ ဆရာေလး ”
ကြၽန္ေတာ္တို႔လည္း လူနာရွင္အား ေဆးပြဲျပင္ရန္အတြက္ လိုအပ္သည္မ်ားအား ရွာခိုင္းလိုက္ေလသည္။ ခနအၾကာတြင္ အိမ္ရွင္အရီးသည္ အုန္းသီး၊ငွက္ေပ်ာသီးမ်ားအားပိုက္၍ ျပန္လာေလသည္။ ကြၽန္ေတာ္တို႔လည္း ေဆးကုသရန္အတြက္ ပြဲအားျပင္လိုက္ၿပီး အထက္ဆရာသခင္မ်ားထံ ေဆးပြဲႏွင့္အတူ လူနာ၏အသက္ႏွင့္ခႏၲာပါ အပ္ႏွံလိုက္ေလသည္။ ထို႔ေနာက္ လူနာျဖစ္သူ ရတနာအမည္ရေသာ မိန္းမငယ္ေလးအား ေဆးပြဲေရွ႕၌ ပုဆစ္တုပ္ထိုင္းခိုင္းလိုက္ကာ လက္အုပ္ခ်ီေစၿပီး လူနာ၏လက္ယာစည္း လက္ဝဲစည္း အေနာက္စည္းမ်ားအား မီးစက္မ်ားခ်ထားလိုက္ေလသည္။ ထို႔ေနာက္ ကြၽန္ေတာ္လည္း
” အဘဆရာမ်ားထံအပ္ႏွံထားေသာ ဗုဒၶဟူးသမီးအား မေကာင္းေသာအတိုက္အခိုက္မ်ားျဖင့္ ျပဳစားေႏွာက္ယွက္ထားေသာ ပုဂၢိဳလ္သည္ ..ပ႒မံမီးစက္အတြင္းသို႔ ခ်ဳပ္ၿပီးတုပ္ၿပီးေရာက္ရွိပါေစသား ”
ဟု ဆရာသခင္မ်ားထံ တိုင္တည္လိုက္ေသာအခါ မီးစက္အတြင္းေရာက္ရွိေနေသာ
ရတနာသည္ တစ္ကိုယ္လုံးတုန္ရီလာၿပီး လက္ႏွစ္ဖက္အား တစ္ေဖ်ာင္းေဖ်ာင္းခတ္ကာ ဝင္လာေလသည္။ ထိုအခါ ကြၽန္ေတာ္လည္း
” နင္ ဘာလို႔အခုလိုလုပ္ရတာလည္း… ဗုဒၶဟူးသမီးကိုျပဳစားထားတဲ့ နင္ပညာေတြကို မင္းျပန္ယူသြားပါ ”
” မယူသြားႏိုင္ဘူး ဒီေကာင္မကိုအေသ သတ္မွာ ”
” က်ဳပ္ ေမတၱာရပ္ခံပါတယ္… ေခါင္းမမာပါနဲ႔ ကိုယ့္ပညာကိုျပန္ယူသြားပါ…နင္ဘယ္သူလည္းဆိုတာ က်ဳပ္သိတယ္ေနာ္ ”
ကြၽန္ေတာ္လည္း အဲသလိုေျပာလိုက္ေရာ
” နင္တို႔ကဘယ္ဆိုးလို႔လည္း ငါဘယ္သူလည္းဆိုတာေတာင္ သိေနပါလား ”
” နင့္ကို က်ဳပ္ထပ္ၿပီးေမတၱာရပ္ခံပါတယ္… ဗုဒၶဟူးသမီးကိုျပဳစားထားတဲ့ နင့္ရဲ႕ေျခရာလက္ရာေတြကို ျပန္ယူသြားပါ ”
” မယူႏိုင္ဘူးဟာ လုံးဝမယူႏိုင္ဘူး… ဒီေကာင္မကို ငါအေသသတ္မွာ ”
” ကဲ ..နင့္ဘက္က ဒီေလာက္ေခါင္းမာေနမွေတာ့ က်ဳပ္တို႔ဘက္က လုပ္စရာရွိတာလုပ္ရမွာေပါ့…. ပ႒မံဂိုဏ္းအားေစာင့္ၾကပ္ပါေသာ လက္ဝဲလက္ယာဂုမာၻန္ႀကီးမ်ား ဗုဒၶဟူးသမီးအား ျပဳစားေႏွာက္ယွက္ထားေသာ အစြဲအား မာန္ မက် မျခင္း ဦးေခါင္းကိုၾကမ္းျပင္နဲ႔ထိေအာင္ နင္းခ်ထားေပးပါ …ဗုဒၶဟူးသမီး၏အသက္နဲ႔ခႏၶာအား ထိခိုက္ျခင္းမရွိေစရ ”
ကြၽန္ေတာ္လည္း ထိုသို႔ေျပာလိုက္ေရာ အစြဲဝင္ပူးေနေသာရတနာ၏ ဦးေခါင္းသည္လည္း ၾကမ္းျပင္ေပၚသို႔ ၫႊတ္က်လာေလ၏။ကြၽန္ေတာ္လည္း ခနၾကာေအာင္ ဒဏ္ေပးထားလိုက္သည္။ ထို႔ေနာက္
” ကဲ ..နင့္ပညာေတြ…နင္ျပန္ယူသြားမွာလား ေျပာ ”
ဟုကြၽန္တာ္မွေမးလိုက္ရာ
” ျပန္ယူသြားပါ့မယ္ ”
” ကဲ ေကာင္းၿပီ… လက္ဝဲလက္လက္ယာဂုန္မၼာန္ႀကီးမ်ား အဲဒီပုဂၢိဳလ္ကို သစၥာရည္တိုက္လို႔ရေအာင္ ဦးေခါင္းကိုနင္းခ်ထားျခင္းမွ ဖယ္ခြာေပးပါ ”
ထိုသို႔ ကြၽန္ေတာ္လည္းေျပာလိုက္ေရာ အစြဲဝင္ပူးေနေသာ ရတနာဦးေခါင္းမွာ အေပၚသို႔ ေထာင္မတ္လာေလသည္။ သို႔ျဖစ္ပါေသာေၾကာင့္ ကြၽန္ေတာ္လည္း သစၥာခ်က္အားမန္းလိုက္ၿပီး ရတနာအားဝင္ပူးေနေသာအစြဲအား တိုက္လိုက္ရာ
” မေသာက္ဘူး မေသာက္ဘူး ”
ဆိုၿပီး ေထြးထုတ္ေလသည္ ။ အဲဒီအခ်ိန္၌
” ဂီး..ဂီး…ဂီး ..ဖလက္… ဖလက္…စ္ ”
” ဝုန္း… ဝုန္း..ဒုန္း..ဒုန္း ”
အသံမ်ားႏွင့္အတူ က်ီးကန္းမ်ားသည္ ကြၽန္ေတာ္တို႔ပေရာဂါကုေနေသာ အိမ္အားဝင္တိုးေလသည္။ ကြၽန္ေတာ္လည္း စရဏအားစုစည္း၍ၾကည့္လိုက္ရာ ၎က်ီးကန္းမ်ားသည္ ပညာသည္မ်ားျဖစ္ၾကေလသည္။ ထိုက်ီးကန္းမ်ားအျပင္ ၿခံဝန္းအျပင္၌လည္း အ႐ြယ္စုံနာနာဘာဝမ်ားကို ေတြ႕လိုက္ရေလသည္။ထိုအခ်ိန္၌
” ဟား ဟား ဟား နင္တိုက္တဲ့သစၥာရည္ ေသာက္စရာမလိုေတာ့ဘူး… ငါ့အေပါင္းအပါေတြေရာက္လာၿပီ ဟား..ဟား..ဟား ”
အစြဲဝင္ပူးခံေနေသာ မိန္းမငယ္ေလးထံမွ ထြက္ေပၚလာျခင္းပင္ျဖစ္ေလသည္။ ကြၽန္ေတာ္မွ ၎အစြဲအား
သစၥာရည္ေသာက္ရန္အတြက္ ခ်ဳပ္ထားျခင္းမွ ေျဖေပးလိုက္တာကို အခြင့္ေကာင္းယူၿပီး သူရဲ႕ပညာစက္ျဖင့္ အေပါင္းအပါမ်ားအား ေခၚလိုက္ျခင္းပင္ျဖစ္ေလသည္။ ထိုအခ်ိန္၌ ကြၽန္ေတာ္လည္းဗ်ာမ်ားသြား၏။ မီးစက္အတြင္းရွိ လူနာအတြက္ကတစ္မ်ိဳး ၿခံအတြင္းတြင္ေရာက္ရွိေနေသာမိစာၦမ်ားကတစ္ဖုံ ျဖစ္ေနေသာေၾကာင့္ စိတ္ပူေနခိုက္ ၿခံအတြင္းသို႔ လက္သုံးလုံးအ႐ြယ္ခန႔္ရွိ အင္းခ်ပ္တစ္ခ်ပ္ၾကလာၿပီး ၎အင္းခ်ပ္မွအင္းေစာင့္ပုဂၢိဳလ္မ်ားထြက္လာကာ ၿခံအတြင္းရွိမိစာၦမ်ားအား လိုက္လံႏွိမ္နင္းေလသည္။ ကြၽန္ေတာ္လည္း အင္းခ်ပ္ပိုင္ရွင္အားၾကည့္လိုက္ရာ ကြၽန္ေတာ္တို႔ႏွင့္မလွမ္းမကမ္း၌ အသက္လတ္ပိုင္း လူ႐ြယ္ႏွစ္ဦးအား ေတြ႕လိုက္ရေလသည္။ ကြၽန္ေတာ္လည္း အျပင္ရန္ရွင္းသြားၿပီျဖစ္သျဖင့္ မီးစက္အတြင္းေရာက္ရွိေနေသာအစြဲအား
” ဒီေလာက္ေတာင္ မာယာမ်ားတဲ့ကေဝမ ေတြ႕ၾကေသးတာေပါ့.”
ဟုေျပာကာ
” လက္ဝဲလက္ယာဂုႏ္ၻၼာန္ႀကီးမ်ား ဒီေလာက္ေခါင္းမာၿပီး မာယာမ်ားတဲ့ကေဝမကို သစၥာရည္မေသာက္မျခင္း ႏွဖူးကိုေက်ာက္ျပင္နဲ႔ေဆာင့္ခိုင္းပါ…မီးစက္မီးေတာက္ဆရာႀကီးမ်ားကလည္း မီးစက္မီးေတာက္ျပင္းျပင္းနဲ႔ ရႈိ႕ေပးပါ …ဗုဒၶဟူးသမီး၏အသက္ႏွင့္ခႏၶာအား ထိခိုက္ျခင္းမရွိေစရ ”
ကြၽန္ေတာ္လည္း ထိုသို႔ေျပာၿပီး ေက်ာက္ပ်ဥ္တစ္ခ်ပ္ယူလိုက္ၿပီး အစြဲဝင္ပူးခံေနရေသာရတနာ အေရွ႕သို႔ခ်ေပးလိုက္ေလသည္။ ရတနာတစ္ေယာက္လည္း.
” တ…ဒုန္း..ဒုန္း ”
ျဖင့္ ႏွဖူးျဖင့္ေက်ာက္ပ်ဥ္အား ေဆာင့္ေလသည္။
” ကဲ ..သစၥာေရေသာက္မွာလား ”
ျပည့္ၿဖိဳးမွဝင္ေမးလိုက္ျခင္း ျဖစ္ေလသည္။
” ေသာက္ပါ့မယ္ ဆရာေလးတို႔ရယ္…အစကဆရာေလးတို႔ရဲ႕ပညာကို မသိလို႔စမ္းမိတာပါ.. က်မကို ခြင့္လႊတ္ပါ ”
ဟုေျပာၿပီး အသနားခံေလသည္။
” ျပည့္ၿဖိဳးေရ ..သစၥာေရခြက္ထဲကို ရွိသမွ်စမခ်ပ္ေတြ အကုန္ထည့္ၿပီး မန္းတိုက္လိုက္ကြာ ”
” ဟုတ္ကဲ့ဆရာ ”
ျပည့္ၿဖိဳးတစ္ေယာက္လည္း ဆရာျဖစ္သူမင္းေအာင္ခိုင္းသည့္အတိုင္း သစၥာေရခြက္ထဲသို႔ ရွိသမွ်စမခ်ပ္မ်ားအား အကုန္ထည့္ကာ မန္းၿပီး ရတနာထံဝင္ပူးေနေသာအစြဲအား တိုက္လိုက္ေလသည္။ ဤသို႔ျဖင့္ ပေရာဂါကုျခင္းလုပ္ငန္းအား အဆုံးသတ္လိုက္ေလသည္။ ကြၽန္ေတာ္တို႔ ကုသၿပီးသည့္ အခ်ိန္မွစ၍ ရတနာအမည္ရေသာ မိန္းမငယ္ေလးသည္လည္း ေခါင္းကိုက္ျခင္းေရာဂါေဝဒနာမွာ အရွင္းေပ်ာက္ကင္းသြားေလသည္။ သို႔ျဖစ္ပါေသာေၾကာင့္ လူနာရွင္မ်ားမွ ကြၽန္ေတာ္တို႔ဆရာတပည့္ႏွစ္ေယာက္အား ေငြအေျမာက္အမ်ားျဖင့္ ကန္ေတာ့ေလသည္။ ကြၽန္ေတာ္တို႔လည္း ထိုေငြမ်ားအား ျပန္လည္ေပးလိုက္ၿပီးထိုအိမ္ေလးမွ ႐ြာထိပ္ရွိရာဆီသို႔ ထြက္ခြာလာခဲ့လိုက္သည္။ ႐ြာထိပ္သို႔ေရာက္ေသာအခါ နဂါးႀကီးႏွစ္ေကာင္ဘုရားရင္ျပင္ေတာ္၌ တရားထိုင္ေနေသာလူ႐ြယ္ႏွစ္ေယာက္အားေတြ႕လိုက္ရေလသည္။ ကြၽန္ေတာ္လည္းထိုလူ႐ြယ္မ်ားထံသို႔သြားလိုက္ၿပီး
” ခုဏက ကူညီေပးတဲ့အတြက္ ေနာင္ႀကီးတို႔ကိုေက်းဇူးတင္ပါတယ္ ”
ဟု ကြၽန္ေတာ္မွေျပာလိုက္ရာ
” ရပါတယ္ဗ်ာ… ကြၽန္ေတာ္တို႔ကတစ္အိုးထဲစား တစ္ေလွထဲစီးေနတဲ့ သူေတြပဲဟာကို … ဒါနဲ႔ဒီက ေနာင္ႀကီးတို႔အမည္က ”
” ကြၽန္ေတာ္နာမည္ကေတာ့ မင္းေအာင္…ဒါကေတာ့ကြၽန္ေတာ္တပည့္ ျပည့္ၿဖိဳးပါ …ေနာင္ႀကီးတို႔နာမည္ကေရာ ”
” ကြၽန္ေတာ္နာမည္ကေတာ့ ေရခဲပါ..ကြၽန္ေတာ္ေဘးကေတာ့ ကြၽန္ေတာ့္တပည့္ ထင္ေပၚ လို႔ေခၚပါတယ္ ”
” အခုလို ဆရာေရခဲတို႔နဲ႔ ေတြ႕ဆုံရတာ ဝမ္းသာပါတယ္ဗ်ာ … ဆရာေရခဲရဲ႕ အင္းကလည္း အေတာ္စြမ္းတာပဲဗ်ိဳ႕ ”
” ဟား ဟား ကို႔ဆရာကလည္း အခ်င္းခ်င္းေျမႇာက္ေနျပန္ၿပီ…အဲဒီလိုေၾကးဆိုရင္ ဆရာမင္းေအာင္ရဲ႕ စမကလည္း ၿပိဳင္စံရွားပဲေလ ”
” ဟုတ္ပါၿပီ ဆရာေရခဲရယ္… ဒါနဲ႔ဆရာေရခဲတို႔က ဘယ္ကိုခရီးဆက္ၾကမွာလည္း ”
” ကြၽန္ေတာ္တို႔ကေတာ့ ဇာတိ႐ြာကိုျပန္မလားလို႔.. ဒါနဲ႔ ဆရာမင္းေအာင္တို႔ကေရာ ဘယ္ကိုခရီးဆက္ၾကမွာလဲ”
” ကြၽန္ေတာ္တို႔ကေတာ့ ေအာက္ျပည္ကိုျပန္ရမွာဗ်.. .ဟိုမွာအေရးႀကီးကိစၥေပၚလာလို႔ေလ ”
” ဟုတ္ကဲ့ ေကာင္းပါၿပီဗ်ာ…ဒါဆိုလည္း ခရီးဆက္ၾကတာေပါ့ ”
မင္းေအာင္ႏွင့္ေမာင္ေရခဲတို႔လည္း တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္ႏႈတ္ဆက္လိုက္ၿပီး နန္ဆန္႐ြာေလးမွထြက္လာခဲ့လိုက္သည္။
ဤသို႔ျဖင့္ ရက္အနည္းငယ္ၾကာေသာ္ နန္ဆန္႐ြာေလးတြင္ သတင္းႏွစ္ခုေပၚထြက္လာ၏။
ပထမသတင္းမွာ ရတနာႏွင့္ေအာင္ေကာင္းစံတို႔ မဂၤလာေဆာင္သြားေသာ သတင္းျဖစ္ေလသည္။ ဒုတိယသတင္းသည္ကား ေ႐ႊရည္တစ္ေယာက္ အိပ္ေနရင္းအသက္ထြက္သြားၿပီ ဟူေသာသတင္းပင္ျဖစ္ေလသည္။ ရတနာတစ္ေယာက္ မဂၤလာေဆာင္မယ္ဟူေသာသတင္းကို ထပ္မံၾကားလိုက္ရသျဖင့္ ေ႐ႊရည္တစ္ေယာက္ မိမိပညာျဖင့္ရတနာအား ထပ္မံလုပ္ဖို႔ႀကံစည္ေလသည္။ သို႔ေပမဲ့ မိမိေသာက္ထားေသာ သစၥာမ်ားအားေဖာက္မိသျဖင့္ အသက္အားဆုံးရႈံးရေလသည္။ ဤသို႔ျဖင့္မာယာမ်ားေသာ ကေဝမေလးတစ္ေယာက္ လူေလာကထဲကေန အၿပီးအပိုင္ႏႈတ္ဆက္သြားေလသည္။
# ၿပီး # မင္းေအာင္ႏွင့္မာယာရွင္အစြဲ
ေရးသားသူ = ပိုင္ေလး (မအူပင္ေျမ )
ဤဇာတ္လမ္းေလးသည္ ျဖစ္ရပ္မွန္ေလးအား ေက်ာ႐ိုးခံကာ ကိုးကားေရးသားခ်ယ္မႈန္းထားေသာ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ေလသည္။
စာဖတ္သူမ်ား တစ္စုံတစ္ရာအဆင္မေျပမႈမ်ားရွိခဲ့ပါက စာေရးသူ ညံဖ်င္းမႈသာ ျဖစ္ေလသည္။
စာဖတ္သူမ်ားအားလုံး စိတၱသုခ ကာယသုခ ႏွစ္ျဖာေသာသုခမ်ားျဖင့္ ၿပီးျပည့္စုံႏိုင္ၾကပါေစလို႔ ကြၽန္ေတာ္စာေရးသူ ပိုင္ေလး (မအူပင္ေျမ)မွ ေမတၱာမ်ားလည္း ပို႔သလိုက္ပါတယ္။