Unicode Version
မယားကိုစွဲလမ်း၍မကျွတ်လွတ်သူ(စ/ဆုံး)
—————————————————–
ကံဇာတ်ဆရာ၏အလိုကျရာသီသည်
နွေမှ…မိုး၊မိုးမှဆောင်းသို့ပြောင်းလဲနေရင်း ယခုနွေရာသီသို့တရွေ့ရွေ့ပြောင်းလဲနေသည်။
” မိချို…မိချိုရေ…”
တဲပြင်မှခေါ်သံကြောင့် မိချို တစ်ယောက်မီးဖိုချောင်ထဲမှချက်လက်စဟင်းအိုးကို
အသာချရင်း…
“ဗျို့…ဘယ်သူတုန်း.. လာပြီတော်ရေ…လာပြီ”
တဲအပြင်သို့ထွက်ဖို့ပြင်ဆင်ရင်းမှပင် မိချိုသည်သူ၏ ထဘီအားခပ်တင်းတင်းပြင်ဝတ်လိုက်ပြန်၏။
“ဟော…ဘယ်သူများလဲလို့ ငအောင်ကို…”
မိချို တဲအပြင်မှလူကို မေးလိုက်လေတော့ ထိုလူကအလောတကြီးဟန်ဖြင့်…
“နင့်ယောကျာ်းမောင်ခင်လေ…မောင်ခင် ထန်းပင်ပေါ်ကပြုတ်ကျလို့ဟ”
“ဟင်…ငါ့ယောကျာ်း…ငါ့ယာကျာ်း ထန်းပင်ပေါ်ကပြုတ်ကျတယ် ဟုတ်လား”
“ဟုတ်တယ်…ထန်းတောထဲ ထန်းတက်နေရင်း ခြေချော်ပြုတ်ကျတာဟ…
ဟိုမှာလူတွေလည်းအုံပြီးပြုစုပေးနေကြတယ်…
ငါကနင်သိအောင်လာပြောတာ”
“အမလေး…လေး….ကျုပ်ယောကျာ်း ဘာမှမဖြစ်ပါစေနဲ့”
“ဟဲ့…မိချို…ဟဲ့”
မိချိုတစ်ယောက် ထန်းတောဆီသို့အပြေးထွက်သွားတော့သည်။
မိချိုထန်းတောသို့ရောက်တော့ လူများဝိုင်းအုံနေသည့်နေရာအားတွေ့သွား၏။
မိချို ထိုလူများကို တိုးဝှေ့ကာဖြင့်…
“ဟင်…ကိုမောင်ခင်…ကိုမောင်ခင်…ယောကျာ်း…
အမလေးလေး…ကျုပ်ယောကျာ်းကိုမကယ်နိုင်ကြတော့ဘူးလား…..အီးးးး….ဟီးးးး….ဟီးးးး….ဟီးးး….”
” မိချို…ညည်းယောကျာ်းအမြင့်က
ကျပြီးဆုံးသွားရှာပြီအေ့…
ငါတို့လည်းဘာမှမတတ်နိုင်ပါဘူးမိချိုရယ်…”
“စိတ်မကောင်းလိုက်တာကွာ…မောင်ခင်ရာ မင်းလည်းအဖြစ်ဆိုးပါ့ကွာ”
အနီးရှိကြည့်ရှုနေကြသူများသည် အဖြစ်ဆိုးရှာသော သေဆုံးသွားသူမောင်ခင်နှင့်လောလောလတ်လတ်
မုဆိုးမဖြစ်ရှာသောမိချိုတို့အား သနားဂရုဏာသက်နေကြလေသည်။
ထိုသို့ဖြင့်လင်ယောကျာ်းသေဆုံးသွားသည့်မိချိုသည် ယောကျာ်းအားဆုံးရှုံးစိတ်ကြောင့် မစားနိုင်မအိပ်နိုင်ဖြင့် ဒုက္ခပင်လယ်ဝေနေရပြန်၏။
မိချို၏မိဘများက သမီးဖြစ်သူအား မောင်ခင်နှင့်ယခင်အတူတူနေထိုင်ခဲ့သော အိမ်၌မနေစေကြတော့။
သူတို့နှင့်ပင်အတူခေါ်ယူထား၏။
******
မိချို မိဘများချော့မော့ကျွေးသောထမင်းကိုစားရင်း အခန်းအတွင်း၌သာလှဲနေခဲ့သည်။
အချိန်သည်လည်း ညအချိန်သို့ရောက်ရှိနေပြီ။
အခန်းအတွင်းရှိအပူများနှင့်မိချိုသည်ကား အိပ်မပျော်သေး။
” မိချို…မိချို…မိချိုရေ…ငါပါဟ…မိချို…
နင့်ယောကျ်ားမောင်ခင်ပါဟ”
“ဟင်…ကိုမောင်ခင် ”
မိချိုနားအတွင်းမတိုးမကျယ်ခေါ်သံတစ်ခု…။
နီးလာလိုက်ဝေးသွားလိုက်ဖြင့် ကြားနေရ၏။
သို့သော် စိတ်အတွင်းကစွဲလမ်းစိတ်ကြောင့်များလားဟုတွေးလိုက်မိပြန်သည်။
” မိချို…ငါပါ…ငါပါဟ…မိချို…မိချို….”
“ကိုမောင်ခင်… ကိုမောင်ခင်…ကိုမောင်ခင်……”
မိချို အသံကုန်ဟစ်ခေါ်၍ ချက်ချင်း အိမ်အောက်သို့ပြေးဆင်းသွားတော့သည်။
မိချိုအသံကြောင့်မိဘများသည်လည်းနိုးလာခဲ့၏။
“ကိုမောင်ခင်…ရှင်ဘယ်မှာလဲ…
ရှင်ဘယ်မှာလဲကိုမောင်ခင်”
“သမီးမိချို…ဘာတွေဖြစ်တာလဲ”
” မိချို…”
အိမ်ဝိုင်းအတွင်းအော်ဟစ်ရှာဖွေနေသော မိချိုအားမိဘများက ဆွဲထိန်းနေကြရ၏။
သို့သော် မိဘများလက်မှရုန်းကန်ရင်း…
“အမေ…အမေ…ကိုမောင်ခင်လာတယ်….
ကိုမောင်ခင်ကျုပ်ကိုခေါ်နေတာ အမေ…။ကျုပ်ယောကျာ်းကိုမောင်ခင်ကြီးလာတယ်အမေရဲ့…
အီးး…ဟီးးး…ဟီးးး…
ကျုပ်ယောကျာ်းကိုလွမ်းလိုက်တာတော်…အမေရဲ့…
အီးးးဟီးးးဟီးးးးဟီးးးးးးး”
မိချို မြေပေါ်သို့ခြေစုံပစ်ထိုင်ချကာငိုကြွေးရှာသည်။
မိခင်ဖြစ်သူက မိချို၏ ကျောလေးအားလက်ဖြင့်ပုတ်ပေးရင်း မျက်ရည်ကျသည်။
ဖခင်ဖြစ်သူက တစ်ဖက်သို့လှည့်၍ သက်ပြင်းချ၏။
*****
နောက်ရက်များ၌လည်း
မိချိုတစ်ယောက် ညသန်းခေါင်ကျော်သည်နှင့် မောင်ခင်၏ခေါ်သံအားကြားနေရသည်။
မိချို ခြံဝိုင်းအတွင်းဆင်းသည်နှင့်
ထိုအသံသည်တိတ်ဆိတ်သွားပြန်၏။
“မဖြစ်တော့ဘူးနော် ကိုသာကျော်…တော့်သမီးအခြေအနေကကျုပ်အားမရဘူး။
သူပြောသလိုမောင်ခင်တစ်ယောက်
မကျွတ်ရှာဘူးနဲ့တူတယ်”
“အဲ့တော့ ငါတို့ဘာလုပ်ပေးကြမလဲ…။သူ့အတွက်ရည်စူးပြီးလည်း
အလှူအတန်းတွေလုပ်ပေးနေကြတာပဲကွာ…”
“အခုကသူကတော့်သမီးကိုစွဲပြီးမကျွတ်တာတော်ရေ…
ဆရာလေးသမားလေးရှာပြီးလုပ်သင့်တာလုပ်ရမှာပေါ့”
“အေးကွာ…ဒါဆိုငါလည်းဆရာရှာကြည့်ပါဦးမယ်”
မိချိုမိဘများတိုင်ပင်နေကြခြင်းပင်။
သမီးဖြစ်သူမိချိုနှင့် သမက်ဖြစ်သူမောင်ခင်တို့အတွက်စိတ်မကောင်းကြ
သော်လည်းကျန်ရစ်သူသမီးအတွက်အကောင်းဆုံးလုပ်ပေးရန်သာဆုံးဖြတ်ကြလေသည်။
******
“အီးးး…ဟီးးး…ဟီးးး….ဟီးးးးး….ဟီးးးးး……”
အချိန်သည်ကားညသန်းခေါင်ယံ။
အသံသည်က လောလောလတ်လတ်လင်သေထားသည့် မိချို၏အိပ်ခန်းအတွင်းမှ….။
သည်းသည်းထန်ထန်ရှိုက်ငင်တကြီးငိုကြွေးနေသူသည်က မိချိုပင်ဖြစ်သည် ။
ထိုအသံကြောင့်
မိချိုမိဘများသည်လည်းနိုးလာခဲ့ကြသည်။
မိချိုအခန်းအတွင်းဆီသို့မိဘနှစ်ဦး ဝင်လာခဲ့လေရာ မိချိုသည် အခန်းကြမ်းပြင်အထက်၌ ဝမ်းလျားမောက်အနေအထားဖြင့် ရှိ၏။
ထိုသို့အသွင်နှင့်မိချိုသည် ကြမ်းပြင်အားသူ၏လက်ဖဝါးဖြင့် တဖြန်းဖြန်းရိုက်ရင်းပင်ငိုကြွေးနေခဲ့သည်။
“အီးးးး….ဟီးးးး…ဟီးးး….ဟီးးးးး….ဟီးးးးးး……”
“သမီး…သမီးမိချို….”
“သမီးလေး…ဘာတွေဖြစ်တာလဲသမီး…”
မိဘများ၏ခေါ်သံအားမိချိုမထူးခဲ့။ ငိုမြဲအတိုင်းသာငိုနေလေသည်။
” မိချို…ညည်းဘာဖြစ်တာလဲအေ…
ဒီအဖေဒီအမေကိုတော့သနားပါဦးအေ့…”
မိချို၏မိခင်ကဝမ်းနည်းစွာပြောလိုက်သည်။
ထိုအခါ…
“ကျုပ်တို့ကိုမခွဲပါနဲ့….ကျုပ်တို့ကိုမခွဲပါနဲ့ဗျာ…….”
“ဟင်…”
“အမလေး…ဘုရား…ဘုရား…ဘုရား…”
မိချို၏နှုတ်မှအသံသြသြကြီးထွက်လာသည်။
ထိုအသံကြီးကြောင့် မိချိုမိဘများထိတ်လန့်သွားကြရ၏။
“မင်း…မင်း…မောင်ခင်လား….”
“ကျုပ်တို့ကိုမခွဲပါနဲ့အဖေနဲ့အမေရယ်…
ကျုပ်မိန်းမနဲ့မခွဲနိုင်လို့ပါ…အီးးး…ဟီးးး…ဟီးးးးးးးးးး”
ပြောနေရင်း ရှိုက်ကာရှိုက်ကာငိုပြန်သည်။
“အေး…အေးပါကွာ…မခွဲပါဘူး။ငါ့…ငါ့သမီးလေးကိုတော့အကောင်းတိုင်းထားပေးပါ မောင်ခင်ရာ…ငါတို့တောင်းပန်ပါတယ်ကွာ…”
“ကျုပ်တို့ကိုမခွဲတာသေချာလား….”
” သေချာ…သေချာပါတယ်ကွာ…”
“ကျုပ်မိန်းမအနားမှာကျုပ်အမြဲရှိတယ်…
ဒါကျုပ်သတိပေးတာပဲ”
“ဘုန်း………”
“သမီး….သမီး မိချို…”
“ရေမန်းယူ…ရေမန်းနဲ့ဖြန်းပေးကွာ…ဒါမှသတိလည်မှာ…လုပ်…လုပ် ဘုရားစင်ပေါ်မှာရေမန်းဘူးသွားယူခဲ့လိုက်”
မောင်ခင်၏ဝိညာဉ်သည် မိချို၏ကိုယ်အတွင်းသို့ဝင်ရောက် ပူးကပ်ကာ မိချို၏မိဘများအားသတိပေးသွားလေသည်။
ထိုအကြောင်းအားမိချိုတစ်ယောက်မသိရှာ။
မသိဆို မိဘများသည်မိချိုအား ပြောမပြကြခြင်းပင်ဖြစ်သည်။
*****
“ဘွားရေ ဧည့်သည်ဗျို့…”
မောင်အုန်း ဘွားမယ်စိန်၏အိမ်ဝိုင်းအပြင်မှအော်ရင်း ဝိုင်းအတွင်းသို့ဝင်လာခဲ့သည်။
မောင်အုန်း၏နောက်ပါး၌ အသက်သုံးဆယ်ကျော်လူရွယ်တစ်ယောက်ပါလာခဲ့၏။
ဘွားမယ်စိန်သည်က သူ၏ကွပ်ပျစ်၌သာ ထိုင်နေခဲ့သည်။
အသင့်တွေ့ရသောဘွားမယ်စိန်အားမောင်အုန်းမှ…
” ဒီမှာဘွားရဲ့…ဒါ ဟိုဘက် ရွာသစ်ကကျုပ်သူငယ်ချင်းအောင်ဘော်တဲ့ဗျာ”
“ဘာအကြောင်းတွေရှိလို့လဲမောင်ရင်…
တစ်ဖက်ရွာကနေတကူးတကဘွားဆီလာခဲ့တာဆိုတော့ ပြောစရာရှိတာသာပြောကွယ်”
ကွပ်ပျစ်၌ဝင်ထိုင်ရင်းပင်ဘွားမယ်စိန်မေးလေတော့ လူရွယ်က…
“ကျုပ်အကူအညီလာတောင်းတာပါဘွား…။ဒါကလည်း ကျုပ်အစ်မဝမ်းကွဲအတွက်ပါ…”
“အင်း…ဆိုစမ်းပါဦးကွယ်”
“ဒီလိုပါဘွား…ကျုပ်ရဲ့အစ်မ မိချိုဆိုတာ ရှိပါတယ်။ကျုပ်အဘရဲ့အစ်ကိုကမွေးတာပေါ့…။အစ်မ မိချိုဘဝကသနားစရာကောင်းပါတယ် သူယောကျာ်းကိုမောင်ခင်နဲ့ယူထားတာ
နှစ်နှစ်လောက်သာရှိသေးတယ်…သူတို့မှာသားသမီးလည်းမရှိကြသေးပါဘူးဘွားရယ်…အဲ့တာပြီးခဲ့တဲ့ လပိုင်းက ကိုမောင်ခင်ထန်းတက်ရင်းထန်းပင်ပေါ်က
ပြုတ်ကျဆုံးရှာတယ်။ကိစ္စက အဲ့မှာမပြီးဘူးဘွား….
ကိုမောင်ခင်ရဲ့ဝိညာဉ်ကမကျွတ်လွတ်ဘူးဗျ…
တစ်ခါတစ်ခါအစ်မ မိချိုကိုပူးပြီး သူတို့ကိုမခွဲဖို့ပြောသေးတယ်…ကျုပ်တို့လည်း မခွဲချင်ပေမယ့် အသက်ရှိသေးတဲ့
ကျုပ်အစ်မကလည်းယောကျာ်းစိတ်နဲ့မစားနိုင်မသောက်နိုင်မအိပ်နိုင်ကိုဖြစ်နေတာဗျာ…အဲ့တာ…..”
“ဘွားသိပြီ….မောင်ခင်ရဲ့ဝိညာဉ်က မကျွတ်နိုင်ဘဲ မိချိုအနားမှာနေနေတာ…ဟုတ်တယ်နော်”
“ဟုတ်ပါတယ်ဘွား…။ကျုပ်တို့ဆရာရှာရင်လည်း မထိရောက်မှာကိုဆိုးနေခဲ့တာ..
ဘွားအကြောင်းကိုတော့ကျုပ်တို့ရွာကလူတွေသိတယ်ဗျ…
အဲ့တာနဲ့ကျုပ်လည်း ကျုပ်သူငယ်ချင်းမောင်အုန်းကိုအပူကပ်ရတာပဲ”
“အေးကွယ်…အေး…….အေး…….အေး…….”
ဘွားမယ်စိန်သည်လေသံလေးဖြင့်ဆွဲငင်ကာပြောလိုက်
တော့၏။
*********
” မိချိုကိုခေါ်ခဲ့လိုက်တော့…”
ဘွားမယ်စိန်သည် မိချိုတို့၏ဘုရားခန်းအရှေ့၌တင်ပုလ္လင်ခွေကာထိုင်နေ၏။
မိချိုအားခေါ်ခိုင်းလေရာ မိချိုရောက်ရှိလာသည်။
သို့သော် မိချိုမျက်နှာသည်မရွင်ပြပေ။
“ကဲ…သမီးမိချို ညည်းလည်းသိမှာပေါ့…
မောင်ခင်တစ်ယောက်မကျွတ်လွတ်သေးတာကို”
“ကျုပ်…သိပါတယ်ဘွား”
မိချို လေသံအေးအေးဖြင့်ဖြေသည်။
“သိရင်…ညည်းလိုက်သွားဖို့ပြင်နေတာလားမိချို”
ဘေးတွင်မိချို၏မိဘများနှင့်ဆွေမျိုးများရှိ၏။
“ကျုပ်…ကိုမောင်ခင်နဲ့လိုက်သွားချင်တယ်…ကိုမောင်ခင်နဲ့ဆိုဘယ်ပဲ သွားရ သွားရ သွားချင်တယ်”
မိချိုအဖြေကြောင့်ဘွားမယ်စိန်ခေါင်းတငြိမ့်ငြိမ့်ဖြင့်။
“အင်း…သေသွားရင်ညည်းယောကျာ်းနဲ့အတူနေနိုင်မယ်လို့ညည်းထင်သလား မိချို…။တစ်ချိန်ထဲအတူသေတဲ့သူတွေတောင် ကုသိုလ်ကံခြင်းမတူလို့ ဘုံတွေကွဲပြားသွားသေးတာအေ…
ညည်းသူ့နောက်လိုက်တော့ရော သူနဲ့ဆုံမယ်ထင်သလား…အဲ့တာကပိုဆိုးသွားမှာအေ့…”
“ရှင်…”
“အခုအချိန်မှာ သူ့ကိုကျွတ်လွတ်ဖို့ဖြောင်းဖျနိုင်ရင်
သူ့ဘက်ကစိတ်ချအောင်နေပေးရင် သူလည်းဒီလိုဘဝမျိုးမှာမနေရတော့ပဲ ကောင်းမွန်တဲ့ဘဝကိုရောက်မှာပေါ့မိချိုရယ်…
ငါ့သမီးလည်းစဉ်းစားပေါ့ ညည်းယောကျာ်းကိုဒီလိုဘဝဆိုးကြီးနဲ့
ဆက်နေခိုင်းစေချင်သေးတာလား”
ဘွားမယ်စိန်ပြောသောစကားများအားမိချို
ခေါင်းငုံ့ရင်းနားထောင်ရှာသည်။
မိချို၏မျက်ရည်များသည်က ကြမ်းပြင်အထက်သို့တလှိမ့်လှိမ့်ကျဆင်းလို့နေရှာသည်။
“ကျုပ်…ကျုပ် ဘာလုပ်ပေးရမလဲဘွားရယ်…
ကျုပ်ယောက်ျားကိုကျွတ်လွတ်အောင်
ကျုပ်ဘာလုပ်ပေးရမလဲ”
“ကျွတ်လွတ်စေချင်တယ်မလားသူ့ကို…
ဒါဆိုဘွားဆက်လုပ်ပေးမယ် ညည်းသေချာထိုင်နေ”
ဘွားမယ်စိန်စကားကြောင့်မိချိုမျက်ရည်များကို
လက်ဖြင့်သုတ်လိုက်ပြီး တင်ပုလ္လင်ခွေ အနေအထားထိုင်လေသည်။
“ကဲ…မောင်ခင် ဝင်ခဲ့…ဒါဘွားအမိန့်ပဲ”
မိချိုကိုယ်အတွင်းသို့ မောင်ခင်အားဝင်လာခိုင်းသည်။
မိချိုခန္ဓာကိုယ်သည် တုန်ရီလာ၏။
တုန်ရီယုံမကသေး တစတစအရှေ့မှအနောက်သို့လှုပ်ခါနေလေသည်။
“မောင်ခင်…မင်းမိန်းမကတော့ မင်းကိုဒီဘဝကြီးကနေကျွတ်လွတ်စေချင်ပြီဆိုတာ
မင်းကြားမှာပေါ့”
“ကျုပ်…ကျုပ်တို့ကိုမခွဲပါနဲ့…
ကျုပ်မိချိုနားကမခွာဘူး…
ကျုပ်မိချိုနားမှာပဲနေမှာ ဘယ်မှမသွားနိုင်ဘူး”
မောင်ခင်၏အသံသြသြကြီးသည်ပီပီသသထွက်
လာခဲ့သည်။
“အင်း…ဒါဆို ဘွားဘက်ကမင်းကိုအမိန့်ပေးပြီးနှင်ရမှာပေါ့…”
“ကျုပ်မကြောက်ဘူး…ကျုပ်ကြောက်တာကျုပ်မိန်းမနဲ့ခွဲရမှာကိုပဲကျုပ်ကြောက်တာ…”
“ခက်လိုက်တာမောင်ခင်ရယ်…ဒါဆိုလည်းရော့ ဒီဆေးပုလင်းကိုသောက် မင်းမိန်းမတစ်ခါထဲမင်းနောက်လိုက်လာလိမ့်မယ်”
“ဟင်…”
ဘေးရှိလူများထံမှအံ့သြသံများထွက်လာခဲ့သည်။
အဖြစ်က ဘွားမယ်စိန်သည်.မောင်ခင်ရှိရာဆီသို့ ဆေးရည်ပုလင်းလေးပေးလိုက်သောကြောင့်ပင်။
ထိုဆေးပုလင်းလေးအားမောင်ခင်လှမ်းယူလိုက်၏။
လက်တစ်ထွာသာသာဆေးရည်ဖြူများထည့်ထားသည့်
ဖန်ပုလင်းလေးသည်
မောင်ခင်လက်အတွင်း၌ကျစ်ကျစ်ပါလျှက်။
(မိချိုကိုယ်အတွင်းမောင်ခင်ပူးကပ်နေခြင်းဖြစ်သည်။)
“သောက်လိုက်…ဒါဆို မင်းမိန်းမလည်းမင်းနောက်လိုက်လာရမယ်…
မင်းလိုပဲသူလည်းမကျွတ်မလွတ်တဲ့ဘဝနဲ့နေရလိမ့်မယ်…အေး…မင်းကိုယ်တိုင်ကသူ့ကိုလူ့ဘဝမှာစိတ်ချလက်ချမှမထားခဲ့နိုင်တာ…ခေါ်သာသွားမောင်ခင်…
နှစ်ယောက်လုံး အဲ့ဘုံမှာပဲပျော်ကြပေါ့…ပျော်ရလား မပျော်ရလားတော့မင်းကပိုသိမှာပေါ့ကွယ်”
ဘွားမယ်စိန်စကားကြောင့်မောင်ခင်ပုလင်းအားကျစ်ကျစ်ပါအောင်ကိုင်ထားဆဲ။
“တစ်ခုတော့ရှိတာပေါ့…ဘေးမှာကြည့်လိုက် မင်းမိန်းမကိုချစ်တဲ့သူ့ရဲ့မိဘတွေဆွေမျိုးတွေ…သူတို့က မင်းမရှိတော့ မင်းမိန်းမကို
စောင့်ရှောက်ကြတယ်ဖေးမကြတယ်။
အဲ့တော့…
လူ့ဘဝမှာပဲမင်းမိန်းမကိုရှိစေချင်သလား…
မင်းနဲ့အတူတူ ခေါ်သွားချင်သလား…
ရွေးတော့မောင်ခင်ရေ”
မောင်ခင်မည်သည့်စကားမျှမဆို….။
အားလုံးကိုငေးကြည့်နေရှာ၏။
ခဏမျှငြိမ်နေရင်း…
“ကျုပ်မရှိရင် ကျုပ်မိန်းမကိုစောင့်ရှောက်ပေးကြပါဗျာ…။ကျုပ်ခင်ဗျားတို့ကိုစိတ်ချပါတယ်…။ကျုပ်လိုဘဝမျိုးထဲတော့ကျုပ်မခေါ်သွားရက်ပါဘူးဗျာ…”
“ဆုံးဖြတ်တာမှန်တယ်မောင်ခင်…မင်းမိန်းမအတွက်ဒါဟာအကောင်းဆုံးပဲ…။သူလည်းမင်းကိုချစ်ရှာပါတယ်ကွယ်…
မင်းဒီလိုဘဝမျိုးရောက်နေတာကိုလည်း
သူမကြည့်ရက်ရှာပါဘူး”
“ကျုပ်ကိုအမျှဝေပေးပါ ကျုပ်သာဓုခေါ်ပါ့မယ်…အရင်ကကျုပ်မိန်းမနဲ့ခွဲရမှာဆိုးလို့ ကျုပ်သာဓုမခေါ်တာပါ…
ကျုပ်ဒီတစ်ခါသာဓုခေါ်ပါတော့မယ်ဗျာ”
“ကောင်းတယ်မောင်ခင်…ကောင်းပေတယ်”
မောင်ခင်သည်သူပြောလိုသမျှပြောပြီးသည်နှင့် မိချို၏ကိုယ်တွင်းမှထွက်ခွာသွားလေတော့သည်။
မိချိုအား ရေမန်းပတ်ဖြန်းပေးပြီး
သတိလည်လာချိန်၌
ဖြစ်သမျှအားပြောပြကြသည်။
“မောင်ခင်ကိုပေးတာဘာပုလင်းလဲဘွား…
ဟို…အဆိပ်များလား”
“ဘယ်ကသာ မောင်အောင်ဘော်ရယ်…မောင်ခင်သူ့မိန်းမကိုမခေါ်ရက်တာဘွားသိလို့အိမ်ကနေကြိုယူလာခဲ့တာ…။အထဲကအဆိပ်လည်းမဟုတ်ဘူး…ရေတွေကွဲ့…ရေတွေ”
“ဗျာ…ကျုပ်တို့ကအဆိပ်ထင်ပြီးလန့်သွားတာဗျ ဘွားရဲ့”
“ကဲ.. မလန့်ကြနဲ့တော့
မောင်ခင်လည်းကျွတ်လွတ်ချိန်ရောက်ပြီး…မိချိုကလည်းဆွဲမထားတော့ဘဲစိတ်ကိုဖြေလျော့တော့ တတ်နိုင်သမျှကုသိုလ်ပြုပေးကြ…
ဘွားကတော့ဒါပဲမှာမယ်”
“စိတ်ချပါဘွား…။သမီးယောကျာ်းအတွက်
သမီးစိတ်ကိုအကောင်းဆုံး ပြင်မှာပါ”
“အေးကွယ်… သာဓု….သာဓု…သာဓုပါသမီးရယ်”
ဘွားမယ်စိန်ကိုမိချိုဦးချကန်တော့ရှာသည်။
နောက်တစ်ရက်၌…မိချိုတို့မိသားစုသည်
မောင်ခင်ကျွတ်လွတ်ဖို့အလှူအတန်းများ
ပြုလုပ်ပေးကြတော့လေသည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
စာရေးသူရေးသားထားသည့်ဘွားမယ်စိန်စာမူသည်လိုအပ်ချက်တွေများပါတယ်။
စာရေးသူရဲ့ဗဟုသုတမပြည့်စုံသည်ရှိသော်
ခွငွ့်လွှတ်ပေးကြပါရှင်။
Zawgyi Version
မယားကိုစြဲလမ္း၍မကြၽတ္လြတ္သူ(စ/ဆုံး)
—————————————————–
ကံဇာတ္ဆရာ၏အလိုက်ရာသီသည္
ေႏြမွ…မိုး၊မိုးမွေဆာင္းသို႔ေျပာင္းလဲေနရင္း ယခုေႏြရာသီသို႔တေ႐ြ႕ေ႐ြ႕ေျပာင္းလဲေနသည္။
” မိခ်ိဳ…မိခ်ိဳေရ…”
တဲျပင္မွေခၚသံေၾကာင့္ မိခ်ိဳ တစ္ေယာက္မီးဖိုေခ်ာင္ထဲမွခ်က္လက္စဟင္းအိုးကို
အသာခ်ရင္း…
“ဗ်ိဳ႕…ဘယ္သူတုန္း.. လာၿပီေတာ္ေရ…လာၿပီ”
တဲအျပင္သို႔ထြက္ဖို႔ျပင္ဆင္ရင္းမွပင္ မိခ်ိဳသည္သူ၏ ထဘီအားခပ္တင္းတင္းျပင္ဝတ္လိုက္ျပန္၏။
“ေဟာ…ဘယ္သူမ်ားလဲလို႔ ငေအာင္ကို…”
မိခ်ိဳ တဲအျပင္မွလူကို ေမးလိုက္ေလေတာ့ ထိုလူကအေလာတႀကီးဟန္ျဖင့္…
“နင့္ေယာက်ာ္းေမာင္ခင္ေလ…ေမာင္ခင္ ထန္းပင္ေပၚကျပဳတ္က်လို႔ဟ”
“ဟင္…ငါ့ေယာက်ာ္း…ငါ့ယာက်ာ္း ထန္းပင္ေပၚကျပဳတ္က်တယ္ ဟုတ္လား”
“ဟုတ္တယ္…ထန္းေတာထဲ ထန္းတက္ေနရင္း ေျခေခ်ာ္ျပဳတ္က်တာဟ…
ဟိုမွာလူေတြလည္းအုံၿပီးျပဳစုေပးေနၾကတယ္…
ငါကနင္သိေအာင္လာေျပာတာ”
“အမေလး…ေလး….က်ဳပ္ေယာက်ာ္း ဘာမွမျဖစ္ပါေစနဲ႔”
“ဟဲ့…မိခ်ိဳ…ဟဲ့”
မိခ်ိဳတစ္ေယာက္ ထန္းေတာဆီသို႔အေျပးထြက္သြားေတာ့သည္။
မိခ်ိဳထန္းေတာသို႔ေရာက္ေတာ့ လူမ်ားဝိုင္းအုံေနသည့္ေနရာအားေတြ႕သြား၏။
မိခ်ိဳ ထိုလူမ်ားကို တိုးေဝွ႔ကာျဖင့္…
“ဟင္…ကိုေမာင္ခင္…ကိုေမာင္ခင္…ေယာက်ာ္း…
အမေလးေလး…က်ဳပ္ေယာက်ာ္းကိုမကယ္ႏိုင္ၾကေတာ့ဘူးလား…..အီးးးး….ဟီးးးး….ဟီးးးး….ဟီးးး….”
” မိခ်ိဳ…ညည္းေယာက်ာ္းအျမင့္က
က်ၿပီးဆုံးသြားရွာၿပီေအ့…
ငါတို႔လည္းဘာမွမတတ္ႏိုင္ပါဘူးမိခ်ိဳရယ္…”
“စိတ္မေကာင္းလိုက္တာကြာ…ေမာင္ခင္ရာ မင္းလည္းအျဖစ္ဆိုးပါ့ကြာ”
အနီးရွိၾကည့္ရႈေနၾကသူမ်ားသည္ အျဖစ္ဆိုးရွာေသာ ေသဆုံးသြားသူေမာင္ခင္ႏွင့္ေလာေလာလတ္လတ္
မုဆိုးမျဖစ္ရွာေသာမိခ်ိဳတို႔အား သနားဂ႐ုဏာသက္ေနၾကေလသည္။
ထိုသို႔ျဖင့္လင္ေယာက်ာ္းေသဆုံးသြားသည့္မိခ်ိဳသည္ ေယာက်ာ္းအားဆုံးရႈံးစိတ္ေၾကာင့္ မစားႏိုင္မအိပ္ႏိုင္ျဖင့္ ဒုကၡပင္လယ္ေဝေနရျပန္၏။
မိခ်ိဳ၏မိဘမ်ားက သမီးျဖစ္သူအား ေမာင္ခင္ႏွင့္ယခင္အတူတူေနထိုင္ခဲ့ေသာ အိမ္၌မေနေစၾကေတာ့။
သူတို႔ႏွင့္ပင္အတူေခၚယူထား၏။
******
မိခ်ိဳ မိဘမ်ားေခ်ာ့ေမာ့ေကြၽးေသာထမင္းကိုစားရင္း အခန္းအတြင္း၌သာလွဲေနခဲ့သည္။
အခ်ိန္သည္လည္း ညအခ်ိန္သို႔ေရာက္ရွိေနၿပီ။
အခန္းအတြင္းရွိအပူမ်ားႏွင့္မိခ်ိဳသည္ကား အိပ္မေပ်ာ္ေသး။
” မိခ်ိဳ…မိခ်ိဳ…မိခ်ိဳေရ…ငါပါဟ…မိခ်ိဳ…
နင့္ေယာက်္ားေမာင္ခင္ပါဟ”
“ဟင္…ကိုေမာင္ခင္ ”
မိခ်ိဳနားအတြင္းမတိုးမက်ယ္ေခၚသံတစ္ခု…။
နီးလာလိုက္ေဝးသြားလိုက္ျဖင့္ ၾကားေနရ၏။
သို႔ေသာ္ စိတ္အတြင္းကစြဲလမ္းစိတ္ေၾကာင့္မ်ားလားဟုေတြးလိုက္မိျပန္သည္။
” မိခ်ိဳ…ငါပါ…ငါပါဟ…မိခ်ိဳ…မိခ်ိဳ….”
“ကိုေမာင္ခင္… ကိုေမာင္ခင္…ကိုေမာင္ခင္……”
မိခ်ိဳ အသံကုန္ဟစ္ေခၚ၍ ခ်က္ခ်င္း အိမ္ေအာက္သို႔ေျပးဆင္းသြားေတာ့သည္။
မိခ်ိဳအသံေၾကာင့္မိဘမ်ားသည္လည္းႏိုးလာခဲ့၏။
“ကိုေမာင္ခင္…ရွင္ဘယ္မွာလဲ…
ရွင္ဘယ္မွာလဲကိုေမာင္ခင္”
“သမီးမိခ်ိဳ…ဘာေတြျဖစ္တာလဲ”
” မိခ်ိဳ…”
အိမ္ဝိုင္းအတြင္းေအာ္ဟစ္ရွာေဖြေနေသာ မိခ်ိဳအားမိဘမ်ားက ဆြဲထိန္းေနၾကရ၏။
သို႔ေသာ္ မိဘမ်ားလက္မွ႐ုန္းကန္ရင္း…
“အေမ…အေမ…ကိုေမာင္ခင္လာတယ္….
ကိုေမာင္ခင္က်ဳပ္ကိုေခၚေနတာ အေမ…။က်ဳပ္ေယာက်ာ္းကိုေမာင္ခင္ႀကီးလာတယ္အေမရဲ႕…
အီးး…ဟီးးး…ဟီးးး…
က်ဳပ္ေယာက်ာ္းကိုလြမ္းလိုက္တာေတာ္…အေမရဲ႕…
အီးးးဟီးးးဟီးးးးဟီးးးးးးး”
မိခ်ိဳ ေျမေပၚသို႔ေျခစုံပစ္ထိုင္ခ်ကာငိုေႂကြးရွာသည္။
မိခင္ျဖစ္သူက မိခ်ိဳ၏ ေက်ာေလးအားလက္ျဖင့္ပုတ္ေပးရင္း မ်က္ရည္က်သည္။
ဖခင္ျဖစ္သူက တစ္ဖက္သို႔လွည့္၍ သက္ျပင္းခ်၏။
*****
ေနာက္ရက္မ်ား၌လည္း
မိခ်ိဳတစ္ေယာက္ ညသန္းေခါင္ေက်ာ္သည္ႏွင့္ ေမာင္ခင္၏ေခၚသံအားၾကားေနရသည္။
မိခ်ိဳ ၿခံဝိုင္းအတြင္းဆင္းသည္ႏွင့္
ထိုအသံသည္တိတ္ဆိတ္သြားျပန္၏။
“မျဖစ္ေတာ့ဘူးေနာ္ ကိုသာေက်ာ္…ေတာ့္သမီးအေျခအေနကက်ဳပ္အားမရဘူး။
သူေျပာသလိုေမာင္ခင္တစ္ေယာက္
မကြၽတ္ရွာဘူးနဲ႔တူတယ္”
“အဲ့ေတာ့ ငါတို႔ဘာလုပ္ေပးၾကမလဲ…။သူ႔အတြက္ရည္စူးၿပီးလည္း
အလႉအတန္းေတြလုပ္ေပးေနၾကတာပဲကြာ…”
“အခုကသူကေတာ့္သမီးကိုစြဲၿပီးမကြၽတ္တာေတာ္ေရ…
ဆရာေလးသမားေလးရွာၿပီးလုပ္သင့္တာလုပ္ရမွာေပါ့”
“ေအးကြာ…ဒါဆိုငါလည္းဆရာရွာၾကည့္ပါဦးမယ္”
မိခ်ိဳမိဘမ်ားတိုင္ပင္ေနၾကျခင္းပင္။
သမီးျဖစ္သူမိခ်ိဳႏွင့္ သမက္ျဖစ္သူေမာင္ခင္တို႔အတြက္စိတ္မေကာင္းၾက
ေသာ္လည္းက်န္ရစ္သူသမီးအတြက္အေကာင္းဆုံးလုပ္ေပးရန္သာဆုံးျဖတ္ၾကေလသည္။
******
“အီးးး…ဟီးးး…ဟီးးး….ဟီးးးးး….ဟီးးးးး……”
အခ်ိန္သည္ကားညသန္းေခါင္ယံ။
အသံသည္က ေလာေလာလတ္လတ္လင္ေသထားသည့္ မိခ်ိဳ၏အိပ္ခန္းအတြင္းမွ….။
သည္းသည္းထန္ထန္ရႈိက္ငင္တႀကီးငိုေႂကြးေနသူသည္က မိခ်ိဳပင္ျဖစ္သည္ ။
ထိုအသံေၾကာင့္
မိခ်ိဳမိဘမ်ားသည္လည္းႏိုးလာခဲ့ၾကသည္။
မိခ်ိဳအခန္းအတြင္းဆီသို႔မိဘႏွစ္ဦး ဝင္လာခဲ့ေလရာ မိခ်ိဳသည္ အခန္းၾကမ္းျပင္အထက္၌ ဝမ္းလ်ားေမာက္အေနအထားျဖင့္ ရွိ၏။
ထိုသို႔အသြင္ႏွင့္မိခ်ိဳသည္ ၾကမ္းျပင္အားသူ၏လက္ဖဝါးျဖင့္ တျဖန္းျဖန္း႐ိုက္ရင္းပင္ငိုေႂကြးေနခဲ့သည္။
“အီးးးး….ဟီးးးး…ဟီးးး….ဟီးးးးး….ဟီးးးးးး……”
“သမီး…သမီးမိခ်ိဳ….”
“သမီးေလး…ဘာေတြျဖစ္တာလဲသမီး…”
မိဘမ်ား၏ေခၚသံအားမိခ်ိဳမထူးခဲ့။ ငိုၿမဲအတိုင္းသာငိုေနေလသည္။
” မိခ်ိဳ…ညည္းဘာျဖစ္တာလဲေအ…
ဒီအေဖဒီအေမကိုေတာ့သနားပါဦးေအ့…”
မိခ်ိဳ၏မိခင္ကဝမ္းနည္းစြာေျပာလိုက္သည္။
ထိုအခါ…
“က်ဳပ္တို႔ကိုမခြဲပါနဲ႔….က်ဳပ္တို႔ကိုမခြဲပါနဲ႔ဗ်ာ…….”
“ဟင္…”
“အမေလး…ဘုရား…ဘုရား…ဘုရား…”
မိခ်ိဳ၏ႏႈတ္မွအသံၾသၾသႀကီးထြက္လာသည္။
ထိုအသံႀကီးေၾကာင့္ မိခ်ိဳမိဘမ်ားထိတ္လန႔္သြားၾကရ၏။
“မင္း…မင္း…ေမာင္ခင္လား….”
“က်ဳပ္တို႔ကိုမခြဲပါနဲ႔အေဖနဲ႔အေမရယ္…
က်ဳပ္မိန္းမနဲ႔မခြဲႏိုင္လို႔ပါ…အီးးး…ဟီးးး…ဟီးးးးးးးးးး”
ေျပာေနရင္း ရႈိက္ကာရႈိက္ကာငိုျပန္သည္။
“ေအး…ေအးပါကြာ…မခြဲပါဘူး။ငါ့…ငါ့သမီးေလးကိုေတာ့အေကာင္းတိုင္းထားေပးပါ ေမာင္ခင္ရာ…ငါတို႔ေတာင္းပန္ပါတယ္ကြာ…”
“က်ဳပ္တို႔ကိုမခြဲတာေသခ်ာလား….”
” ေသခ်ာ…ေသခ်ာပါတယ္ကြာ…”
“က်ဳပ္မိန္းမအနားမွာက်ဳပ္အၿမဲရွိတယ္…
ဒါက်ဳပ္သတိေပးတာပဲ”
“ဘုန္း………”
“သမီး….သမီး မိခ်ိဳ…”
“ေရမန္းယူ…ေရမန္းနဲ႔ျဖန္းေပးကြာ…ဒါမွသတိလည္မွာ…လုပ္…လုပ္ ဘုရားစင္ေပၚမွာေရမန္းဘူးသြားယူခဲ့လိုက္”
ေမာင္ခင္၏ဝိညာဥ္သည္ မိခ်ိဳ၏ကိုယ္အတြင္းသို႔ဝင္ေရာက္ ပူးကပ္ကာ မိခ်ိဳ၏မိဘမ်ားအားသတိေပးသြားေလသည္။
ထိုအေၾကာင္းအားမိခ်ိဳတစ္ေယာက္မသိရွာ။
မသိဆို မိဘမ်ားသည္မိခ်ိဳအား ေျပာမျပၾကျခင္းပင္ျဖစ္သည္။
*****
“ဘြားေရ ဧည့္သည္ဗ်ိဳ႕…”
ေမာင္အုန္း ဘြားမယ္စိန္၏အိမ္ဝိုင္းအျပင္မွေအာ္ရင္း ဝိုင္းအတြင္းသို႔ဝင္လာခဲ့သည္။
ေမာင္အုန္း၏ေနာက္ပါး၌ အသက္သုံးဆယ္ေက်ာ္လူ႐ြယ္တစ္ေယာက္ပါလာခဲ့၏။
ဘြားမယ္စိန္သည္က သူ၏ကြပ္ပ်စ္၌သာ ထိုင္ေနခဲ့သည္။
အသင့္ေတြ႕ရေသာဘြားမယ္စိန္အားေမာင္အုန္းမွ…
” ဒီမွာဘြားရဲ႕…ဒါ ဟိုဘက္ ႐ြာသစ္ကက်ဳပ္သူငယ္ခ်င္းေအာင္ေဘာ္တဲ့ဗ်ာ”
“ဘာအေၾကာင္းေတြရွိလို႔လဲေမာင္ရင္…
တစ္ဖက္႐ြာကေနတကူးတကဘြားဆီလာခဲ့တာဆိုေတာ့ ေျပာစရာရွိတာသာေျပာကြယ္”
ကြပ္ပ်စ္၌ဝင္ထိုင္ရင္းပင္ဘြားမယ္စိန္ေမးေလေတာ့ လူ႐ြယ္က…
“က်ဳပ္အကူအညီလာေတာင္းတာပါဘြား…။ဒါကလည္း က်ဳပ္အစ္မဝမ္းကြဲအတြက္ပါ…”
“အင္း…ဆိုစမ္းပါဦးကြယ္”
“ဒီလိုပါဘြား…က်ဳပ္ရဲ႕အစ္မ မိခ်ိဳဆိုတာ ရွိပါတယ္။က်ဳပ္အဘရဲ႕အစ္ကိုကေမြးတာေပါ့…။အစ္မ မိခ်ိဳဘဝကသနားစရာေကာင္းပါတယ္ သူေယာက်ာ္းကိုေမာင္ခင္နဲ႔ယူထားတာ
ႏွစ္ႏွစ္ေလာက္သာရွိေသးတယ္…သူတို႔မွာသားသမီးလည္းမရွိၾကေသးပါဘူးဘြားရယ္…အဲ့တာၿပီးခဲ့တဲ့ လပိုင္းက ကိုေမာင္ခင္ထန္းတက္ရင္းထန္းပင္ေပၚက
ျပဳတ္က်ဆုံးရွာတယ္။ကိစၥက အဲ့မွာမၿပီးဘူးဘြား….
ကိုေမာင္ခင္ရဲ႕ဝိညာဥ္ကမကြၽတ္လြတ္ဘူးဗ်…
တစ္ခါတစ္ခါအစ္မ မိခ်ိဳကိုပူးၿပီး သူတို႔ကိုမခြဲဖို႔ေျပာေသးတယ္…က်ဳပ္တို႔လည္း မခြဲခ်င္ေပမယ့္ အသက္ရွိေသးတဲ့
က်ဳပ္အစ္မကလည္းေယာက်ာ္းစိတ္နဲ႔မစားႏိုင္မေသာက္ႏိုင္မအိပ္ႏိုင္ကိုျဖစ္ေနတာဗ်ာ…အဲ့တာ…..”
“ဘြားသိၿပီ….ေမာင္ခင္ရဲ႕ဝိညာဥ္က မကြၽတ္ႏိုင္ဘဲ မိခ်ိဳအနားမွာေနေနတာ…ဟုတ္တယ္ေနာ္”
“ဟုတ္ပါတယ္ဘြား…။က်ဳပ္တို႔ဆရာရွာရင္လည္း မထိေရာက္မွာကိုဆိုးေနခဲ့တာ..
ဘြားအေၾကာင္းကိုေတာ့က်ဳပ္တို႔႐ြာကလူေတြသိတယ္ဗ်…
အဲ့တာနဲ႔က်ဳပ္လည္း က်ဳပ္သူငယ္ခ်င္းေမာင္အုန္းကိုအပူကပ္ရတာပဲ”
“ေအးကြယ္…ေအး…….ေအး…….ေအး…….”
ဘြားမယ္စိန္သည္ေလသံေလးျဖင့္ဆြဲငင္ကာေျပာလိုက္
ေတာ့၏။
*********
” မိခ်ိဳကိုေခၚခဲ့လိုက္ေတာ့…”
ဘြားမယ္စိန္သည္ မိခ်ိဳတို႔၏ဘုရားခန္းအေရွ႕၌တင္ပုလႅင္ေခြကာထိုင္ေန၏။
မိခ်ိဳအားေခၚခိုင္းေလရာ မိခ်ိဳေရာက္ရွိလာသည္။
သို႔ေသာ္ မိခ်ိဳမ်က္ႏွာသည္မ႐ြင္ျပေပ။
“ကဲ…သမီးမိခ်ိဳ ညည္းလည္းသိမွာေပါ့…
ေမာင္ခင္တစ္ေယာက္မကြၽတ္လြတ္ေသးတာကို”
“က်ဳပ္…သိပါတယ္ဘြား”
မိခ်ိဳ ေလသံေအးေအးျဖင့္ေျဖသည္။
“သိရင္…ညည္းလိုက္သြားဖို႔ျပင္ေနတာလားမိခ်ိဳ”
ေဘးတြင္မိခ်ိဳ၏မိဘမ်ားႏွင့္ေဆြမ်ိဳးမ်ားရွိ၏။
“က်ဳပ္…ကိုေမာင္ခင္နဲ႔လိုက္သြားခ်င္တယ္…ကိုေမာင္ခင္နဲ႔ဆိုဘယ္ပဲ သြားရ သြားရ သြားခ်င္တယ္”
မိခ်ိဳအေျဖေၾကာင့္ဘြားမယ္စိန္ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္။
“အင္း…ေသသြားရင္ညည္းေယာက်ာ္းနဲ႔အတူေနႏိုင္မယ္လို႔ညည္းထင္သလား မိခ်ိဳ…။တစ္ခ်ိန္ထဲအတူေသတဲ့သူေတြေတာင္ ကုသိုလ္ကံျခင္းမတူလို႔ ဘုံေတြကြဲျပားသြားေသးတာေအ…
ညည္းသူ႔ေနာက္လိုက္ေတာ့ေရာ သူနဲ႔ဆုံမယ္ထင္သလား…အဲ့တာကပိုဆိုးသြားမွာေအ့…”
“ရွင္…”
“အခုအခ်ိန္မွာ သူ႔ကိုကြၽတ္လြတ္ဖို႔ေျဖာင္းဖ်ႏိုင္ရင္
သူ႔ဘက္ကစိတ္ခ်ေအာင္ေနေပးရင္ သူလည္းဒီလိုဘဝမ်ိဳးမွာမေနရေတာ့ပဲ ေကာင္းမြန္တဲ့ဘဝကိုေရာက္မွာေပါ့မိခ်ိဳရယ္…
ငါ့သမီးလည္းစဥ္းစားေပါ့ ညည္းေယာက်ာ္းကိုဒီလိုဘဝဆိုးႀကီးနဲ႔
ဆက္ေနခိုင္းေစခ်င္ေသးတာလား”
ဘြားမယ္စိန္ေျပာေသာစကားမ်ားအားမိခ်ိဳ
ေခါင္းငုံ႔ရင္းနားေထာင္ရွာသည္။
မိခ်ိဳ၏မ်က္ရည္မ်ားသည္က ၾကမ္းျပင္အထက္သို႔တလွိမ့္လွိမ့္က်ဆင္းလို႔ေနရွာသည္။
“က်ဳပ္…က်ဳပ္ ဘာလုပ္ေပးရမလဲဘြားရယ္…
က်ဳပ္ေယာက္်ားကိုကြၽတ္လြတ္ေအာင္
က်ဳပ္ဘာလုပ္ေပးရမလဲ”
“ကြၽတ္လြတ္ေစခ်င္တယ္မလားသူ႔ကို…
ဒါဆိုဘြားဆက္လုပ္ေပးမယ္ ညည္းေသခ်ာထိုင္ေန”
ဘြားမယ္စိန္စကားေၾကာင့္မိခ်ိဳမ်က္ရည္မ်ားကို
လက္ျဖင့္သုတ္လိုက္ၿပီး တင္ပုလႅင္ေခြ အေနအထားထိုင္ေလသည္။
“ကဲ…ေမာင္ခင္ ဝင္ခဲ့…ဒါဘြားအမိန႔္ပဲ”
မိခ်ိဳကိုယ္အတြင္းသို႔ ေမာင္ခင္အားဝင္လာခိုင္းသည္။
မိခ်ိဳခႏၶာကိုယ္သည္ တုန္ရီလာ၏။
တုန္ရီယုံမကေသး တစတစအေရွ႕မွအေနာက္သို႔လႈပ္ခါေနေလသည္။
“ေမာင္ခင္…မင္းမိန္းမကေတာ့ မင္းကိုဒီဘဝႀကီးကေနကြၽတ္လြတ္ေစခ်င္ၿပီဆိုတာ
မင္းၾကားမွာေပါ့”
“က်ဳပ္…က်ဳပ္တို႔ကိုမခြဲပါနဲ႔…
က်ဳပ္မိခ်ိဳနားကမခြာဘူး…
က်ဳပ္မိခ်ိဳနားမွာပဲေနမွာ ဘယ္မွမသြားႏိုင္ဘူး”
ေမာင္ခင္၏အသံၾသၾသႀကီးသည္ပီပီသသထြက္
လာခဲ့သည္။
“အင္း…ဒါဆို ဘြားဘက္ကမင္းကိုအမိန႔္ေပးၿပီးႏွင္ရမွာေပါ့…”
“က်ဳပ္မေၾကာက္ဘူး…က်ဳပ္ေၾကာက္တာက်ဳပ္မိန္းမနဲ႔ခြဲရမွာကိုပဲက်ဳပ္ေၾကာက္တာ…”
“ခက္လိုက္တာေမာင္ခင္ရယ္…ဒါဆိုလည္းေရာ့ ဒီေဆးပုလင္းကိုေသာက္ မင္းမိန္းမတစ္ခါထဲမင္းေနာက္လိုက္လာလိမ့္မယ္”
“ဟင္…”
ေဘးရွိလူမ်ားထံမွအံ့ၾသသံမ်ားထြက္လာခဲ့သည္။
အျဖစ္က ဘြားမယ္စိန္သည္.ေမာင္ခင္ရွိရာဆီသို႔ ေဆးရည္ပုလင္းေလးေပးလိုက္ေသာေၾကာင့္ပင္။
ထိုေဆးပုလင္းေလးအားေမာင္ခင္လွမ္းယူလိုက္၏။
လက္တစ္ထြာသာသာေဆးရည္ျဖဴမ်ားထည့္ထားသည့္
ဖန္ပုလင္းေလးသည္
ေမာင္ခင္လက္အတြင္း၌က်စ္က်စ္ပါလွ်က္။
(မိခ်ိဳကိုယ္အတြင္းေမာင္ခင္ပူးကပ္ေနျခင္းျဖစ္သည္။)
“ေသာက္လိုက္…ဒါဆို မင္းမိန္းမလည္းမင္းေနာက္လိုက္လာရမယ္…
မင္းလိုပဲသူလည္းမကြၽတ္မလြတ္တဲ့ဘဝနဲ႔ေနရလိမ့္မယ္…ေအး…မင္းကိုယ္တိုင္ကသူ႔ကိုလူ႔ဘဝမွာစိတ္ခ်လက္ခ်မွမထားခဲ့ႏိုင္တာ…ေခၚသာသြားေမာင္ခင္…
ႏွစ္ေယာက္လုံး အဲ့ဘုံမွာပဲေပ်ာ္ၾကေပါ့…ေပ်ာ္ရလား မေပ်ာ္ရလားေတာ့မင္းကပိုသိမွာေပါ့ကြယ္”
ဘြားမယ္စိန္စကားေၾကာင့္ေမာင္ခင္ပုလင္းအားက်စ္က်စ္ပါေအာင္ကိုင္ထားဆဲ။
“တစ္ခုေတာ့ရွိတာေပါ့…ေဘးမွာၾကည့္လိုက္ မင္းမိန္းမကိုခ်စ္တဲ့သူ႔ရဲ႕မိဘေတြေဆြမ်ိဳးေတြ…သူတို႔က မင္းမရွိေတာ့ မင္းမိန္းမကို
ေစာင့္ေရွာက္ၾကတယ္ေဖးမၾကတယ္။
အဲ့ေတာ့…
လူ႔ဘဝမွာပဲမင္းမိန္းမကိုရွိေစခ်င္သလား…
မင္းနဲ႔အတူတူ ေခၚသြားခ်င္သလား…
ေ႐ြးေတာ့ေမာင္ခင္ေရ”
ေမာင္ခင္မည္သည့္စကားမွ်မဆို….။
အားလုံးကိုေငးၾကည့္ေနရွာ၏။
ခဏမွ်ၿငိမ္ေနရင္း…
“က်ဳပ္မရွိရင္ က်ဳပ္မိန္းမကိုေစာင့္ေရွာက္ေပးၾကပါဗ်ာ…။က်ဳပ္ခင္ဗ်ားတို႔ကိုစိတ္ခ်ပါတယ္…။က်ဳပ္လိုဘဝမ်ိဳးထဲေတာ့က်ဳပ္မေခၚသြားရက္ပါဘူးဗ်ာ…”
“ဆုံးျဖတ္တာမွန္တယ္ေမာင္ခင္…မင္းမိန္းမအတြက္ဒါဟာအေကာင္းဆုံးပဲ…။သူလည္းမင္းကိုခ်စ္ရွာပါတယ္ကြယ္…
မင္းဒီလိုဘဝမ်ိဳးေရာက္ေနတာကိုလည္း
သူမၾကည့္ရက္ရွာပါဘူး”
“က်ဳပ္ကိုအမွ်ေဝေပးပါ က်ဳပ္သာဓုေခၚပါ့မယ္…အရင္ကက်ဳပ္မိန္းမနဲ႔ခြဲရမွာဆိုးလို႔ က်ဳပ္သာဓုမေခၚတာပါ…
က်ဳပ္ဒီတစ္ခါသာဓုေခၚပါေတာ့မယ္ဗ်ာ”
“ေကာင္းတယ္ေမာင္ခင္…ေကာင္းေပတယ္”
ေမာင္ခင္သည္သူေျပာလိုသမွ်ေျပာၿပီးသည္ႏွင့္ မိခ်ိဳ၏ကိုယ္တြင္းမွထြက္ခြာသြားေလေတာ့သည္။
မိခ်ိဳအား ေရမန္းပတ္ျဖန္းေပးၿပီး
သတိလည္လာခ်ိန္၌
ျဖစ္သမွ်အားေျပာျပၾကသည္။
“ေမာင္ခင္ကိုေပးတာဘာပုလင္းလဲဘြား…
ဟို…အဆိပ္မ်ားလား”
“ဘယ္ကသာ ေမာင္ေအာင္ေဘာ္ရယ္…ေမာင္ခင္သူ႔မိန္းမကိုမေခၚရက္တာဘြားသိလို႔အိမ္ကေနႀကိဳယူလာခဲ့တာ…။အထဲကအဆိပ္လည္းမဟုတ္ဘူး…ေရေတြကြဲ႕…ေရေတြ”
“ဗ်ာ…က်ဳပ္တို႔ကအဆိပ္ထင္ၿပီးလန႔္သြားတာဗ် ဘြားရဲ႕”
“ကဲ.. မလန႔္ၾကနဲ႔ေတာ့
ေမာင္ခင္လည္းကြၽတ္လြတ္ခ်ိန္ေရာက္ၿပီး…မိခ်ိဳကလည္းဆြဲမထားေတာ့ဘဲစိတ္ကိုေျဖေလ်ာ့ေတာ့ တတ္ႏိုင္သမွ်ကုသိုလ္ျပဳေပးၾက…
ဘြားကေတာ့ဒါပဲမွာမယ္”
“စိတ္ခ်ပါဘြား…။သမီးေယာက်ာ္းအတြက္
သမီးစိတ္ကိုအေကာင္းဆုံး ျပင္မွာပါ”
“ေအးကြယ္… သာဓု….သာဓု…သာဓုပါသမီးရယ္”
ဘြားမယ္စိန္ကိုမိခ်ိဳဦးခ်ကန္ေတာ့ရွာသည္။
ေနာက္တစ္ရက္၌…မိခ်ိဳတို႔မိသားစုသည္
ေမာင္ခင္ကြၽတ္လြတ္ဖို႔အလႉအတန္းမ်ား
ျပဳလုပ္ေပးၾကေတာ့ေလသည္။
ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)
စာေရးသူေရးသားထားသည့္ဘြားမယ္စိန္စာမူသည္လိုအပ္ခ်က္ေတြမ်ားပါတယ္။
စာေရးသူရဲ႕ဗဟုသုတမျပည့္စုံသည္ရွိေသာ္
ခြငြ႕္လႊတ္ေပးၾကပါရွင္။