Unicode Version
မိခင်ကိုစားသောဝမ်းဗိုက်ထဲကဘီလူးလေး(စ/ဆုံး)
——————————————–
ပဲခူးတိုင်း သနပ်ပင်မြို့နယ် ( )ရွာ၌ ကိုကုလားနှင့် မနီဆိုသည့် လင်မယားနှစ်ယောက်ရှိ့ကြသည် ။ နှစ်ယောက်စလုံးစရိုက်ကြမ်းကြပြီး ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်စားသောက်ကြသည် ။ ကိုကု လားက အရက်ကိုစွဲစွဲမြဲမြဲ သောက်သူဖြစ်ပြီး နွားသတ်သမားတစ်ဦးလည်းဖြစ်သည် ။ သူသည် ထိုနယ်တစ်နယ်လုံးမှာ နွားသတ်အကျွမ်းကျင်ဆုံးနှင့် နွားသတ်သမားလောကတွင် ဘွဲ့ထူးအစုံ ရထားသူလဲဖြစ်သည် ။ သူတို့အရပ်တွင် နွားသတ်သမားများ၏ ကဏ္ဌကလည်း အရေးပါလှသည် ။
နွားသတ်သမားဆိုရုံနှင့်လည်း တော်ရုံနှင့်တော့ မပြီးပေ ။သူအဆင့်နှင့်သူ ဘွဲ့ထူးဂုဏ်ထူးများလည်း ရှိ့ကြသည် ။ ထိုကဲ့သို့ဘွဲ့ထူးဂုဏ်ထူး တစ်ခုခုရထားမှလည်း နွားသတ်သမားကောင်းဟု အသိအမှတ်ပြုကြသည် ။ အကောင်းဆုံးနွားသတ်သမားတစ်ဦးထံမှာလည်း တပည်ခံချင်ကြသူတွေလည်း များသည် ။ ထိုအထဲမှာမှ အတော်ဆုံးတပည့်တစ်ယောက်နှစ်ယောက်ကို နွားသတ်ဆရာ၏ လက်ထောက်အဖြစ်ထားရှိ့တယ် ။ ထိုကဲ့သို့ လက်ထောက်အဖြစ်နဲ့ နှစ်များစွာကြာအောင်လုပ်ခဲ့ပြီး နွားအကောင်ရေများစွာ သတ်ဖြတ်ခဲ့ပြီးမှ နွားသတ်ဆရာ အဖြစ်သို့ရောက်ရှိ့ကြသည် ။
ထိုအလုပ်မှာ အရင်းမစိုက်ရသော အလုပ်ဟု ယူဆထားကြသော်လည်း အကုသိုလ်များလှပြီး ဘေးအန္တာရယ်လဲ သိပ်များသည် ။ နွားသတ်သောနေရာသို့ ရောက်လာသော တစ္ဆေ သရဲ ဖုတ် ပြိတ္တာ ဘီလူးတို့အန္တာရယ်ကလည်း ကြောက်စရာအလွန်ကောင်းလှသည် ။ သို့ကြောင့် နွားသတ်သမားများမှာ နွားသတ်ပေးရုံနှင့်မပြီး ။ အမှောင့် ပယောဂ အနှောင့်အရှက်များကိုလည်း အနည်းအပါး ဖယ်ရှားပေးနိုင်ကြသည် ။
တစ်နေ့တော့ ကိုကုလားမှာ အနှောင့်အရှက်ဝင်လာသည် ။ ညအချိန်သူတစ်ယောက်ထဲ အိပ်နေစဉ် အိမ်ထရံကို တဗုန်းဗုန်းနှင့် လာပုတ်သဖြင့် နိုးလာသည် ။
” ဘယ်သူတွေလဲကွ ” အိပ်ချင်မူးတူးအသံဖြင့် မေးလိုက်သည် ။
” ဗုန်း…ဗုန်း…ဗုန်း…”
” ဘာကိစွရှိ့လို့ ဒီလောက်လာထုနေတာလဲ နွားသတ်စရာရှိ့ရင် မနက်လင်းမှသတ်ပေးမယ် ။ ဒီအချိန်မကောင်းဘူး ”
သူစိတ်ထဲမှာ နွားသတ်ပေးရန် လာနိုးနေသည်ထင်သဖြင့် ပြောလိုက်ပြီး ပြန်အိပ်ရန်ပြင်သော်လည်း မရပြန်ပေ ။ ဒီတစ်ကြိမ်တော့ အိမ်ထရံကို ပုတ်ရုံသာမကပဲ အိမ်ပြိုမတတ် အိမ်ကိုဆွဲလူပ်နေပြန်သည် ။
” ဝုန်း…ဝုန်း…ဝုန်း…”
” ဘယ်ကလူတွေလာပြီး နှောင့်ရှက်နေတာလဲကွ ”
သို့ကလိုပြောရင်း ခေါင်းရင်းမှာဆောင်ထားသော လှံကိုဆွဲယူပြီး နေရာမှထကြည့်လိုက်သည် ။ အိမ်ပေါက်ဝမှာ ရပ်နေသူက လူမဟုတ်ပေ ။ ဘီးလူးမျက်နှာမျိုးနှင့် ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်ပင်ဖြစ်၏ ။ လူနှစ်ရပ်ခန့်မြင့်ပြီး တစ်ကိုယ်လုံး အမွေးရှည်များက ဖုံးထားသည် ။ မျက်လုံးနှစ်လုံးက နီရဲနေပြီး ကျယ်လှသောပါးစပ်ထဲမှ အစွယ်များငေါထွက်နေသည် ။ ကိုကုလားမှာ သရဲသဘက်များနှင့် အမြဲတွေ့မြင်နေသူ ဖြစ်သဖြင့် ကြောက်လှန့်တတ်သူတော့ မဟုတ်ပေ ။
” မင်း ဘာကောင်လဲ ”
” …………………… ”
အသံသြသြကြီးဖြင့် ပြန်ပြောသည် ။
” မြေဖုတ်ဘီလူးက ငါ့ဆီဘာလာလုပ်တာလဲ ”
” ………………………… ”
“ငါတို့ဆီမှာနေချင်လို့ ဟုတ်လား ”
” ……………………… ”
” ဘာ ငါတို့ဆီမှာမနေရရင် ငါ့ကိုစားမယ် ဟုတ်လား ။ ငါ့ကိုတော့ စားလို့မရဘူး ။ လှံစာပဲ ကျွေးလိုက်မယ် ။
သို့ကလိုပြောပြီး လက်ထဲမှ လှံဖြင့်ထိုးလိုက်သည် ။ သို့သော် ဖွဲအိတ်ကြီးထိုးရသကဲ့သို့ ကျွံ့ဝင်သွားသည် ။စိတ်မကျေနပ်သဖြင့် ဓားဖြင့်ထွတ်ခုတ်တော့လဲ အရာမရောက်ပေ ။ နောက်ဆုံးဘယ်လိုမှနှင်ထုတ်၍ မရတော့သဖြင့် လာနေချင်လဲ လာနေ ဟု ပြောလိုက်တော့မှ ထွက်သွားလေတော့သည် ။
ထိုသို့ဖြစ်ပွားပြီး များမကြာမီ မနီမှာပထမဦးဆုံး ကိုယ်ဝန်ကိုလွယ်ထားရလေပြီ ။ ထိုအချိန်မှစ၍ မနီအစားအသောက်ကြမ်းလာတယ် ။ သားစိမ်းငါးစားများသာ စားသောက်လိုသော ချင်ခြင်းရှိ့လာသည် ။ အမဲသားဟင်းများချက်လျှင် တစ်ပွက်နှစ်ပွက် ဆူရုံမျှနှင့် စားသောက်တတ်သည် ။ အမဲသားဟင်းများမှာ မကျက်ပဲနှင့် အစိမ်းအတိုင်းရှိ့နေရာ တစ်ချက်ကိုက်လိုက်တာနှင့် သွေးစသွေးနများပင် ထွက်လာ၏ ။ မနီကထိုသို့စားရသည်ကို များစွာသဘောကြသည် ။ ကိုကုလားကလည်း “စားချင်တာသာစား ဗိုက်ထဲက ကလေးအားရှိ့တာပေါ့”ဟုပဲပြောသည် ။ သို့သော်လည်း ကိုယ်ဝန်ရင့်မာလာချိန်တွင် မနီ ဘယ်လောက်ပဲစားစား အသားမဖြစ်တော့ပဲ တစ်နေ့တစ်ခြား အရိုးပေါ်အရေတင်သာ ပိန်းချုံးကြလာသည် ။ထိုကဲ့သို့ လူရုပ်မပေါ်တော့ပဲ ကမ္မဋ္ဌာန်းရုပ်ကဲ့သို့ ပိန်ချုံးကြလာသောလည်း အစားအသောက်ကတော့ မလျှော့ပေ ။ တွေ့သမျှသားစိမ်းငါးစိမ်းများကို အကုန်စား၏ ။ထိုအခါယောကျာင်္ဖြစ်သူက ပြောလိုက်သည် ။
” နင့်ဟာ ဖုတ်များဝင်နေရော့သလား ။ ခါတိုင်းထက်လည်းစားနေသေးတယ် ။ လူကလဲ အရိုးပေါ် အရေတင်နေပြီ ”
သို့ကလိုပြောလိုက်သောအခါ ဘာမှပြန်မပြောပေ ။
နောက်တစ်ရက်မှာတော့ မနီတစ်ယောက် ရုတ်တရက်သေဆုံးသွားခဲ့သည် ။
ထိုအခါ ဝမ်းဆွဲသည်များက လူကြီးသေပြီးသော်လည်း ဗိုက်ထဲမှာရှိ့သော ကလေးက မသေပဲရှိ့နေနိုင်ကြောင်း ပြောသဖြင့် ဝမ်းဗိုက်ခွဲကြည့်ကြတယ် ။ ဗိုက်ထဲတွင် ဗိုက်ဖောင်းနေပြီး သွားနှင့်အစွယ်များ ထွက်နေသော ဘီလူးလေးကို တွေ့ကြရတယ် ။ ထိုဘီလူးလေးက မျက်စိမှိတ်ကာ သေချင်ဟန်ဆောင်နေလေသည် ။ ဘီလူးလေးကို တွေ့ရတော့ မနီဘာကြောင့် သေရသည်ကို သိကြရလေတော့သည် ။ မိခင်ဖြစ်သူမနီ၏ ဝမ်းဗိုက်ထဲမှာရှိ့သော ကလီစာအချို့နှင့် အသွေးအသားတို့မှာ ဘာမှမရှိ့တော့ပေ ။ အသွေးအသားများ ခမ်းခြောက်နေပြီး အရိုးနှင့်အရေသာ ကျန်တော့သည် ။ ဗိုက်ထဲမှာရှိ့သော ဘီလူးလေးကတော့ စိုပြည်ကြီးထွားပြီး ဝမ်းဗိုက်မှာလည်းဖောင်းကားနေလေသည် ။ ဘီလူးလေးလည်း သေနေပြီထင်သောကြောင့် လူကြီးရောကလေးပါ သုသာန်သို့သွားကာ မြှပ်နှံ့လိုက်ကြလေသည် ။
ထိုသတင်းက တစ်ယောက်စကားတစ်ယောက်ကြားဖြင့် တောမီးလောင်သကဲ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားတယ် ။ အဲ့ဒီနောက် နှစ်ရက်သုံးရက်ကြာသောအခါ အခြားရွာမှာ ပယောဂ ဆရာတစ်ယောက်ရောက်လာရင်းမေးမြန်းတယ် ။
” မင်းတို့ဘီလူးလေးကို ဘယ်လိုမြှုပ်လိုက်ကြသလဲ ”
” ဒီအတိုင်းပဲ မြေကျင်းတူးပြီး မြှပ်ထားခဲ့တာပဲ ”
” ဒီလိုမြှပ်ခဲ့လို့ မပြီးဘူး။ တကယ်လို့ ဘီလူးမှန်ရင် ခုနှစ်ရက်ပြည့်တာနဲ့ ပြန်ထလာလိမ့်မယ် ။ အဲ့ဒီလိုပြန်ထလာပြီးရင် တစ်ရွာလုံး ဘီလူးစားလို့ သေကုန်ကြလိမ့်မယ် ”
” ဒီတော့ ဘယ်လိုလုပ်ရမလဲ”
” အလောင်းကို ပြန်ဖော်ပြီးတော့ သုံးပိုင်းပိုင်းပစ်ရမယ် ။ အဲ့ဒီလို ပိုင်းပြီး တစ်ပိုင်းစီကို တစ်နေရာစီခွဲမြှပ်မှသေမှာ ” ဟုပြောသဖြင့် သုသာန်သို့ တစ်ခေါက်ပြန်သွားကာ မြှပ်ထားသော အလောင်းကို ပြန်ဖော်ကြည့်ကြသည် ။ သူတို့မြှပ်ထားခဲ့စဉ်က အလောင်းမ ပက်လက်အနေအထားဖြစ်သော်လည်း ယခုပြန်တူးကြည့်တော့ ဘေးစောင်းအနေအထား ဖြစ်နေပြီး တစ်ကိုယ်လုံးလည်း အမွှေးများထွက်စပြုနေလေသည် ။ သို့ဖြင့် သုံးပိုင်းပိုင်းရန် ပေါက်တူးဖြင့် အပေါ်သို့ဆွဲတင်လိုက်သောအခါ မျက်လုံးတစ်ချက် ဖွင့်ကြည့်လေသည် ။ မျက်လုံးမှာနီရဲနေသောကြောင့် နံဘေးမှာရှိ့နေသူများပင် လန့်ဖျပ်ပြီး နောက်သို့ဆုတ်သွားကြသည် ။ အရက်မူးနေသော ကိုကုလားကတော့ ထွေထွေထူးထူးတွေးမနေတော့ပဲ ဓားဖြင့်သုံးပိုင်းပိုင်းဖြတ်လိုက်သည် ။ကိုယ်မှထွက်လာသော သွေးများမှာ သွေးစိမ်းရှင်ရှင်များဖြစ်ပြီး ကလေးဝမ်းဗိုက်ထဲမှ မိခင်၏ အူ အသည်း နှလုံးများကို စားသောက်ထားသော အပိုင်းအစအချို့ကိုလည်း တွေ့ကြရသည် ။ သုံးပိုင်းခွဲပြီးမြေမြှပ်ပါက ပြန်ဆက်ပြီးထလာမည်ကို စိုးကြသဖြင့် မီးရှို့ဖျတ်ဆီးပစ်လိုက်ကြသည် ။ ညဘက်ရောက်တော့ ကိုကုလားမှာ အရက်မူးမူးနှင့် အိပ်ပျော်နေစဉ် အိမ်မက်မက်လေသည် ။ အိမ်မက်ထဲမှာ ဘီးလူးတစ်ကောင်က ရောက်လာပြီး ကြိမ်းမောင်းပြောဆိုလေသည် ။ ‘ နင်တို့ကံကောင်းလို့သာ ငါ့လက်က လွှတ်သွားကြတယ် မှတိပါ ။ ငါလာတုန်းက တစ်ရွာလုံးကို စားမလို့ လာခဲ့တာ” ဟုပြောဆိုကြိမ်းမောင်းပြီး ပျောက်ကွယ်သွားလေတော့တယ် ။
ဆုံကြအုံးမယ်ကွယ်
ထွဋ်ခေါင်( အိမ်မဲ )
Zawgyi Version
မိခင္ကိုစားေသာဝမ္းဗိုက္ထဲကဘီလူးေလး(စ/ဆုံး)
——————————————–
ပဲခူးတိုင္း သနပ္ပင္ၿမိဳ႕နယ္ ( )႐ြာ၌ ကိုကုလားႏွင့္ မနီဆိုသည့္ လင္မယားႏွစ္ေယာက္ရွိ႕ၾကသည္ ။ ႏွစ္ေယာက္စလုံးစ႐ိုက္ၾကမ္းၾကၿပီး ႀကဳံရာက်ပန္းအလုပ္မ်ား လုပ္ကိုင္စားေသာက္ၾကသည္ ။ ကိုကု လားက အရက္ကိုစြဲစြဲၿမဲၿမဲ ေသာက္သူျဖစ္ၿပီး ႏြားသတ္သမားတစ္ဦးလည္းျဖစ္သည္ ။ သူသည္ ထိုနယ္တစ္နယ္လုံးမွာ ႏြားသတ္အကြၽမ္းက်င္ဆုံးႏွင့္ ႏြားသတ္သမားေလာကတြင္ ဘြဲ႕ထူးအစုံ ရထားသူလဲျဖစ္သည္ ။ သူတို႔အရပ္တြင္ ႏြားသတ္သမားမ်ား၏ ကဏၭကလည္း အေရးပါလွသည္ ။
ႏြားသတ္သမားဆို႐ုံႏွင့္လည္း ေတာ္႐ုံႏွင့္ေတာ့ မၿပီးေပ ။သူအဆင့္ႏွင့္သူ ဘြဲ႕ထူးဂုဏ္ထူးမ်ားလည္း ရွိ႕ၾကသည္ ။ ထိုကဲ့သို႔ဘြဲ႕ထူးဂုဏ္ထူး တစ္ခုခုရထားမွလည္း ႏြားသတ္သမားေကာင္းဟု အသိအမွတ္ျပဳၾကသည္ ။ အေကာင္းဆုံးႏြားသတ္သမားတစ္ဦးထံမွာလည္း တပည္ခံခ်င္ၾကသူေတြလည္း မ်ားသည္ ။ ထိုအထဲမွာမွ အေတာ္ဆုံးတပည့္တစ္ေယာက္ႏွစ္ေယာက္ကို ႏြားသတ္ဆရာ၏ လက္ေထာက္အျဖစ္ထားရွိ႕တယ္ ။ ထိုကဲ့သို႔ လက္ေထာက္အျဖစ္နဲ႔ ႏွစ္မ်ားစြာၾကာေအာင္လုပ္ခဲ့ၿပီး ႏြားအေကာင္ေရမ်ားစြာ သတ္ျဖတ္ခဲ့ၿပီးမွ ႏြားသတ္ဆရာ အျဖစ္သို႔ေရာက္ရွိ႕ၾကသည္ ။
ထိုအလုပ္မွာ အရင္းမစိုက္ရေသာ အလုပ္ဟု ယူဆထားၾကေသာ္လည္း အကုသိုလ္မ်ားလွၿပီး ေဘးအႏၲာရယ္လဲ သိပ္မ်ားသည္ ။ ႏြားသတ္ေသာေနရာသို႔ ေရာက္လာေသာ တေစၦ သရဲ ဖုတ္ ၿပိတၱာ ဘီလူးတို႔အႏၲာရယ္ကလည္း ေၾကာက္စရာအလြန္ေကာင္းလွသည္ ။ သို႔ေၾကာင့္ ႏြားသတ္သမားမ်ားမွာ ႏြားသတ္ေပး႐ုံႏွင့္မၿပီး ။ အေမွာင့္ ပေယာဂ အေႏွာင့္အရွက္မ်ားကိုလည္း အနည္းအပါး ဖယ္ရွားေပးႏိုင္ၾကသည္ ။
တစ္ေန႔ေတာ့ ကိုကုလားမွာ အေႏွာင့္အရွက္ဝင္လာသည္ ။ ညအခ်ိန္သူတစ္ေယာက္ထဲ အိပ္ေနစဥ္ အိမ္ထရံကို တဗုန္းဗုန္းႏွင့္ လာပုတ္သျဖင့္ ႏိုးလာသည္ ။
” ဘယ္သူေတြလဲကြ ” အိပ္ခ်င္မူးတူးအသံျဖင့္ ေမးလိုက္သည္ ။
” ဗုန္း…ဗုန္း…ဗုန္း…”
” ဘာကိစြရွိ႕လို႔ ဒီေလာက္လာထုေနတာလဲ ႏြားသတ္စရာရွိ႕ရင္ မနက္လင္းမွသတ္ေပးမယ္ ။ ဒီအခ်ိန္မေကာင္းဘူး ”
သူစိတ္ထဲမွာ ႏြားသတ္ေပးရန္ လာႏိုးေနသည္ထင္သျဖင့္ ေျပာလိုက္ၿပီး ျပန္အိပ္ရန္ျပင္ေသာ္လည္း မရျပန္ေပ ။ ဒီတစ္ႀကိမ္ေတာ့ အိမ္ထရံကို ပုတ္႐ုံသာမကပဲ အိမ္ၿပိဳမတတ္ အိမ္ကိုဆြဲလူပ္ေနျပန္သည္ ။
” ဝုန္း…ဝုန္း…ဝုန္း…”
” ဘယ္ကလူေတြလာၿပီး ေႏွာင့္ရွက္ေနတာလဲကြ ”
သို႔ကလိုေျပာရင္း ေခါင္းရင္းမွာေဆာင္ထားေသာ လွံကိုဆြဲယူၿပီး ေနရာမွထၾကည့္လိုက္သည္ ။ အိမ္ေပါက္ဝမွာ ရပ္ေနသူက လူမဟုတ္ေပ ။ ဘီးလူးမ်က္ႏွာမ်ိဳးႏွင့္ ေၾကာက္စရာေကာင္းေသာ မေကာင္းဆိုးဝါး တစ္ေကာင္ပင္ျဖစ္၏ ။ လူႏွစ္ရပ္ခန႔္ျမင့္ၿပီး တစ္ကိုယ္လုံး အေမြးရွည္မ်ားက ဖုံးထားသည္ ။ မ်က္လုံးႏွစ္လုံးက နီရဲေနၿပီး က်ယ္လွေသာပါးစပ္ထဲမွ အစြယ္မ်ားေငါထြက္ေနသည္ ။ ကိုကုလားမွာ သရဲသဘက္မ်ားႏွင့္ အၿမဲေတြ႕ျမင္ေနသူ ျဖစ္သျဖင့္ ေၾကာက္လွန႔္တတ္သူေတာ့ မဟုတ္ေပ ။
” မင္း ဘာေကာင္လဲ ”
” …………………… ”
အသံၾသၾသႀကီးျဖင့္ ျပန္ေျပာသည္ ။
” ေျမဖုတ္ဘီလူးက ငါ့ဆီဘာလာလုပ္တာလဲ ”
” ………………………… ”
“ငါတို႔ဆီမွာေနခ်င္လို႔ ဟုတ္လား ”
” ……………………… ”
” ဘာ ငါတို႔ဆီမွာမေနရရင္ ငါ့ကိုစားမယ္ ဟုတ္လား ။ ငါ့ကိုေတာ့ စားလို႔မရဘူး ။ လွံစာပဲ ေကြၽးလိုက္မယ္ ။
သို႔ကလိုေျပာၿပီး လက္ထဲမွ လွံျဖင့္ထိုးလိုက္သည္ ။ သို႔ေသာ္ ဖြဲအိတ္ႀကီးထိုးရသကဲ့သို႔ ကြၽံ႕ဝင္သြားသည္ ။စိတ္မေက်နပ္သျဖင့္ ဓားျဖင့္ထြတ္ခုတ္ေတာ့လဲ အရာမေရာက္ေပ ။ ေနာက္ဆုံးဘယ္လိုမွႏွင္ထုတ္၍ မရေတာ့သျဖင့္ လာေနခ်င္လဲ လာေန ဟု ေျပာလိုက္ေတာ့မွ ထြက္သြားေလေတာ့သည္ ။
ထိုသို႔ျဖစ္ပြားၿပီး မ်ားမၾကာမီ မနီမွာပထမဦးဆုံး ကိုယ္ဝန္ကိုလြယ္ထားရေလၿပီ ။ ထိုအခ်ိန္မွစ၍ မနီအစားအေသာက္ၾကမ္းလာတယ္ ။ သားစိမ္းငါးစားမ်ားသာ စားေသာက္လိုေသာ ခ်င္ျခင္းရွိ႕လာသည္ ။ အမဲသားဟင္းမ်ားခ်က္လွ်င္ တစ္ပြက္ႏွစ္ပြက္ ဆူ႐ုံမွ်ႏွင့္ စားေသာက္တတ္သည္ ။ အမဲသားဟင္းမ်ားမွာ မက်က္ပဲႏွင့္ အစိမ္းအတိုင္းရွိ႕ေနရာ တစ္ခ်က္ကိုက္လိုက္တာႏွင့္ ေသြးစေသြးနမ်ားပင္ ထြက္လာ၏ ။ မနီကထိုသို႔စားရသည္ကို မ်ားစြာသေဘာၾကသည္ ။ ကိုကုလားကလည္း “စားခ်င္တာသာစား ဗိုက္ထဲက ကေလးအားရွိ႕တာေပါ့”ဟုပဲေျပာသည္ ။ သို႔ေသာ္လည္း ကိုယ္ဝန္ရင့္မာလာခ်ိန္တြင္ မနီ ဘယ္ေလာက္ပဲစားစား အသားမျဖစ္ေတာ့ပဲ တစ္ေန႔တစ္ျခား အ႐ိုးေပၚအေရတင္သာ ပိန္းခ်ဳံးၾကလာသည္ ။ထိုကဲ့သို႔ လူ႐ုပ္မေပၚေတာ့ပဲ ကမၼ႒ာန္း႐ုပ္ကဲ့သို႔ ပိန္ခ်ဳံးၾကလာေသာလည္း အစားအေသာက္ကေတာ့ မေလွ်ာ့ေပ ။ ေတြ႕သမွ်သားစိမ္းငါးစိမ္းမ်ားကို အကုန္စား၏ ။ထိုအခါေယာက်ာျဖၤစ္သူက ေျပာလိုက္သည္ ။
” နင့္ဟာ ဖုတ္မ်ားဝင္ေနေရာ့သလား ။ ခါတိုင္းထက္လည္းစားေနေသးတယ္ ။ လူကလဲ အ႐ိုးေပၚ အေရတင္ေနၿပီ ”
သို႔ကလိုေျပာလိုက္ေသာအခါ ဘာမွျပန္မေျပာေပ ။
ေနာက္တစ္ရက္မွာေတာ့ မနီတစ္ေယာက္ ႐ုတ္တရက္ေသဆုံးသြားခဲ့သည္ ။
ထိုအခါ ဝမ္းဆြဲသည္မ်ားက လူႀကီးေသၿပီးေသာ္လည္း ဗိုက္ထဲမွာရွိ႕ေသာ ကေလးက မေသပဲရွိ႕ေနႏိုင္ေၾကာင္း ေျပာသျဖင့္ ဝမ္းဗိုက္ခြဲၾကည့္ၾကတယ္ ။ ဗိုက္ထဲတြင္ ဗိုက္ေဖာင္းေနၿပီး သြားႏွင့္အစြယ္မ်ား ထြက္ေနေသာ ဘီလူးေလးကို ေတြ႕ၾကရတယ္ ။ ထိုဘီလူးေလးက မ်က္စိမွိတ္ကာ ေသခ်င္ဟန္ေဆာင္ေနေလသည္ ။ ဘီလူးေလးကို ေတြ႕ရေတာ့ မနီဘာေၾကာင့္ ေသရသည္ကို သိၾကရေလေတာ့သည္ ။ မိခင္ျဖစ္သူမနီ၏ ဝမ္းဗိုက္ထဲမွာရွိ႕ေသာ ကလီစာအခ်ိဳ႕ႏွင့္ အေသြးအသားတို႔မွာ ဘာမွမရွိ႕ေတာ့ေပ ။ အေသြးအသားမ်ား ခမ္းေျခာက္ေနၿပီး အ႐ိုးႏွင့္အေရသာ က်န္ေတာ့သည္ ။ ဗိုက္ထဲမွာရွိ႕ေသာ ဘီလူးေလးကေတာ့ စိုျပည္ႀကီးထြားၿပီး ဝမ္းဗိုက္မွာလည္းေဖာင္းကားေနေလသည္ ။ ဘီလူးေလးလည္း ေသေနၿပီထင္ေသာေၾကာင့္ လူႀကီးေရာကေလးပါ သုသာန္သို႔သြားကာ ျမႇပ္ႏွံ႔လိုက္ၾကေလသည္ ။
ထိုသတင္းက တစ္ေယာက္စကားတစ္ေယာက္ၾကားျဖင့္ ေတာမီးေလာင္သကဲ့သို႔ ခ်က္ခ်င္းပင္ ပ်ံ႕ႏွံ႔သြားတယ္ ။ အဲ့ဒီေနာက္ ႏွစ္ရက္သုံးရက္ၾကာေသာအခါ အျခား႐ြာမွာ ပေယာဂ ဆရာတစ္ေယာက္ေရာက္လာရင္းေမးျမန္းတယ္ ။
” မင္းတို႔ဘီလူးေလးကို ဘယ္လိုျမႇဳပ္လိုက္ၾကသလဲ ”
” ဒီအတိုင္းပဲ ေျမက်င္းတူးၿပီး ျမႇပ္ထားခဲ့တာပဲ ”
” ဒီလိုျမႇပ္ခဲ့လို႔ မၿပီးဘူး။ တကယ္လို႔ ဘီလူးမွန္ရင္ ခုႏွစ္ရက္ျပည့္တာနဲ႔ ျပန္ထလာလိမ့္မယ္ ။ အဲ့ဒီလိုျပန္ထလာၿပီးရင္ တစ္႐ြာလုံး ဘီလူးစားလို႔ ေသကုန္ၾကလိမ့္မယ္ ”
” ဒီေတာ့ ဘယ္လိုလုပ္ရမလဲ”
” အေလာင္းကို ျပန္ေဖာ္ၿပီးေတာ့ သုံးပိုင္းပိုင္းပစ္ရမယ္ ။ အဲ့ဒီလို ပိုင္းၿပီး တစ္ပိုင္းစီကို တစ္ေနရာစီခြဲျမႇပ္မွေသမွာ ” ဟုေျပာသျဖင့္ သုသာန္သို႔ တစ္ေခါက္ျပန္သြားကာ ျမႇပ္ထားေသာ အေလာင္းကို ျပန္ေဖာ္ၾကည့္ၾကသည္ ။ သူတို႔ျမႇပ္ထားခဲ့စဥ္က အေလာင္းမ ပက္လက္အေနအထားျဖစ္ေသာ္လည္း ယခုျပန္တူးၾကည့္ေတာ့ ေဘးေစာင္းအေနအထား ျဖစ္ေနၿပီး တစ္ကိုယ္လုံးလည္း အေမႊးမ်ားထြက္စျပဳေနေလသည္ ။ သို႔ျဖင့္ သုံးပိုင္းပိုင္းရန္ ေပါက္တူးျဖင့္ အေပၚသို႔ဆြဲတင္လိုက္ေသာအခါ မ်က္လုံးတစ္ခ်က္ ဖြင့္ၾကည့္ေလသည္ ။ မ်က္လုံးမွာနီရဲေနေသာေၾကာင့္ နံေဘးမွာရွိ႕ေနသူမ်ားပင္ လန႔္ဖ်ပ္ၿပီး ေနာက္သို႔ဆုတ္သြားၾကသည္ ။ အရက္မူးေနေသာ ကိုကုလားကေတာ့ ေထြေထြထူးထူးေတြးမေနေတာ့ပဲ ဓားျဖင့္သုံးပိုင္းပိုင္းျဖတ္လိုက္သည္ ။ကိုယ္မွထြက္လာေသာ ေသြးမ်ားမွာ ေသြးစိမ္းရွင္ရွင္မ်ားျဖစ္ၿပီး ကေလးဝမ္းဗိုက္ထဲမွ မိခင္၏ အူ အသည္း ႏွလုံးမ်ားကို စားေသာက္ထားေသာ အပိုင္းအစအခ်ိဳ႕ကိုလည္း ေတြ႕ၾကရသည္ ။ သုံးပိုင္းခြဲၿပီးေျမျမႇပ္ပါက ျပန္ဆက္ၿပီးထလာမည္ကို စိုးၾကသျဖင့္ မီးရႈိ႕ဖ်တ္ဆီးပစ္လိုက္ၾကသည္ ။ ညဘက္ေရာက္ေတာ့ ကိုကုလားမွာ အရက္မူးမူးႏွင့္ အိပ္ေပ်ာ္ေနစဥ္ အိမ္မက္မက္ေလသည္ ။ အိမ္မက္ထဲမွာ ဘီးလူးတစ္ေကာင္က ေရာက္လာၿပီး ႀကိမ္းေမာင္းေျပာဆိုေလသည္ ။ ‘ နင္တို႔ကံေကာင္းလို႔သာ ငါ့လက္က လႊတ္သြားၾကတယ္ မွတိပါ ။ ငါလာတုန္းက တစ္႐ြာလုံးကို စားမလို႔ လာခဲ့တာ” ဟုေျပာဆိုႀကိမ္းေမာင္းၿပီး ေပ်ာက္ကြယ္သြားေလေတာ့တယ္ ။
ဆုံၾကအုံးမယ္ကြယ္
ထြဋ္ေခါင္( အိမ္မဲ )