မိတဆိုးရှင်ပြု(စ/ဆုံး)

Unicode Version

မိတဆိုးရှင်ပြု(စ/ဆုံး)
————————-
လွန်ခဲ့သော ၃ နှစ်လောက်က ရန်ကုန်ပြည် မီးရထားလမ်းရှိ လက်ပံတန်းမြို့သို့ ကျောင်းစစ်ရောက်၏။
‘ ထိုမြို့အမျိုးသားကျောင်း၊ ကျောင်းအုပ်ကြီးမှာ ဦးစံရွှေ ဖြစ်၍ လွန်ခဲ့ သော ၁၂၈၂ ခုနှစ် သပိတ်မှောက်စက ပါရင်းစွဲသပိတ်မှောက် ကျောင်းသားဟောင်းဖြစ်၏။
လက်ပံတန်းမြို့ အမျိုးသားကျောင်းတွင် ၁၇ နှစ်လုံး လူ၊ စိတ်၊ ငွေ အပင်ပန်းအနစ်နာခံ၍ ဆောင်ရွက်ပြီးနောက် ၁၂၉၉ ခုနှစ်ကုန်ခါနီးတွင်မှ မိမိပြုစုပျိုးထောင်ခဲ့သော အမျိုးသားကျောင်းကြီးကို လည်းကောင်း၊
သားမယား အရင်းအချာတို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့ မိတ်ဆွေရင်းချာတို့ကိုလည်းကောင်း စွန့်ပစ်ကာ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်လေသတည်း။ ကောင်းမွန်ရာသို့ ရောက်၍ ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေသော်။
ဆိုခဲ့သော ၃ နှစ်က ကျွန်ုပ်၊ ဦးစံရွှေ၊ ဆရာတစ်ယောက်၊ ကျောင်းသား ၅ ယောက်၊ ပေါင်း ၈ ယောက်လူတစ်စုသည် မြို့အရှေ့ဘက်ဆီ၌ရှိသော
တောင်ခြေသို့လှည်းနှင့် အလည်အပတ်သွားရောက်ကြ၏။ တောင်ခြေရွာ ကလေးတစ်ခုဖြစ်သော ကျွဲခြံရွာသို့ရောက်ရှိ၊ သူကြီးဦးလှဖေ၏အိမ်တွင် စတည်း ချကြ၏။
လည်ပတ်ချက်ပြုတ် စားသောက်နေကြ၍ တစ်ညအိပ်ပြီးနောက် ညနေတွင်မလှမ်းမကမ်းရွာငယ်တစ်ခုမှ ဗြောသံကြားရသဖြင့် မေးမြန်းကြည့်ရာ တစ်ခေါ်သာသာလောက်ဝေးသော
ဖိုးဝိုင်းအစုခေါ် ရွာငယ်ကလေးမှ ကိုထွန်းကျော်၏သား ရှင်ပြုအလှူ ဖြစ်ကြောင်းကြားသိရ၏။
ကျွန်ုပ်သည်ဗြောသံကို နှစ်သက်ကြည်ညိုရင်းရှိသည့်ပြင် တောရွာ ရှင်ပြုသို့ လည်း ရောက်လိုသည်နှင့် ဦးစံရွှေနှင့် တိုင်ပင်ကာ ကျွန်ုပ်တို့ သုံးလေးယောက် လျှောက်လာခဲ့ကြ၏။
ဖိုးဝိုင်းအစုမှာ ကျွဲခြံသူကြီးအပိုင် ကျွဲခြံရွာမှခွဲနေသော ခြောက်အိမ် ခုနစ်အိမ်မျှရှိသည့် အိမ်စုကလေးဖြစ်၏။ ထိုအိမ်စုတွင် အကြီးအမှူးဟု အသိအမှတ်ပြုသော ဆယ်အိမ်ခေါင်း ဦးဝိုင်းကိုအစွဲပြု၍ “ဖိုးဝိုင်းအစု” ဟု ခေါ်ခြင်းဖြစ်သည်။
အလှူအိမ်ဖြစ်သော ကိုထွန်းကျော်၏အိမ်မှာ တဲသာသာမျှရှိသော ဝါးအိမ်ငယ်ဖြစ်၍ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ဝါးခင်းဖြစ်၏။
ဘုံပြာသာဒ်၊ မုခ်တို့ဖြင့် အဆန်းတကြယ် တန်ဆာဆင်အပ်သော မဏ္ဍပ် မလိုချေ။ အိမ်ရှေ့နှင့်အိမ်ဘေးရှိ သစ်ပင်ကြီးတို့သည် ဓမ္မတာအလျောက်ပေါ်ပေါက်၍နေသော မဏ္ဍပ်များဖြစ်ပေ၏။
အိမ်ရှေ့ခေါင်းရင်းဘက် သရက်ပင်အောက်တွင်ချူချာသော သစ်သား ခုတင်ဟောင်းတစ်ခုချထားပြီးလျှင် ခုတင်ပေါ်၌ နှီးကြောဖျာ တစ်ပတ်နွမ်းထောင့်စုတ်ခင်းရ၏။ ဟိုရှေးကထုံးစံအတိုင်း ပရိက္ခရာ တစ်ပွဲ၊ ကွမ်းတောင်တစ်ခု၊ ကန်တော့ပွဲတစ်ခု၊ သပြေရွက်၊ အုန်းရွက်နှင့် တောပန်းတစ်ခက်နှစ်ခက်စိုက်ထားသော ပရိတ်အိုးတစ်ခုတို့ကိုထား၏။
ရှင်လောင်းမှာ ၁၁ နှစ် ၁၂ နှစ်သားလောက်ရှိမည်ထင်သည်။ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးနှင့် သမလျက် ကျွဲကျောင်းသား၊ နွားကျောင်းသား ဖြစ်၍ ကိုယ်လုံး ကိုယ်ဖန်ကောင်း၏။ လုံချည်တိုတိုတစ်ထည်နှင့် ကြီးခဲ့ရသူဖြစ်၍ အသားမည်းညစ်၏။ အင်္ဂလိပ်ကျောင်းသားကဲ့သို့ ဗိုလ်ဆံတောက်ဖြတ်ခြင်း၊
‘ တို့ပတ်ရိုက်ခြင်း၊ ရေမွှေးဆွတ်ခြင်း စသည်တို့ကိုမပြုခဲ့ရ။ ခေါင်းတုံးပြောင်ပြောင်နှင့်ဖြစ်၏။
စွပ်ကျယ်လက်တိုနှင့် ပိတ်လုံချည်အဖြူကို ဝတ်ဆင်ထားသဖြင့် ဖိုးသူတော်အငယ်စားပင်ဖြစ်၏။ ချည်မျှင်စလွယ်တစ်ခုသာ ဖိုးသူတော်ထက်သာလေသည်။
အဆိုပါ “ခုတင်ကြမ်းပေါက်၊ သုံးချောင်းထောက်” အပေါ် နှီးကြောဖျာ ထက်တွင် အကြင်ရှင်လောင်းသည် တင်ပျဉ်ခွေလိုက်၊ ဒူးတုပ်လိုက်၊
ဆောင့်ကြောင့်ထိုင်လိုက်၊ ဟိုကြည့်လိုက်၊ သည်ကြည့်လိုက်နှင့် အချိန်ကုန်လွန်စေ၏။ မိမိမွေးပြီးစ ခုနစ်ရက်လောက်၌ ကင်ပွန်းတပ်သော ပထမ မင်္ဂလာ၊ နောက် ယခုရှင်ပြု မင်္ဂလာကြီးသည် ဤရှင်လောင်းငပုအတွက် ဒုတိယမင်္ဂလာ ဖြစ်၏။ သီးသန့်ထားသော နေရာအမြင့်အမြတ်တွင် မိမိတစ်ဦးတည်း အဝတ်သစ်အစားသစ်နှင့် ထိုင်နေရသည့်အပြင် လူအများ ဝိုင်း၍ကြည့်ရသော လူတစ်ယောက်ဖြစ်လာသည့်အနေဖြင့် ငပုသည် အလွန်နှစ်သက်ဝမ်းမြောက်ပုံလည်းရ၏။ စိတ်ကြွမြောက်နေပုံလည်းရ၏။
ကျွဲနွားကျောင်းဖက်၊ ကျည်းသားရိုက်ဖက်၊ ငှက်ပစ်ဖက်၊ ငါးရှာဖက်လည်းဖြစ်ကြသော ခေါင်းတုံး၊ ရောင်ထုံး၊ ဗိုက်ပူ၊ ရင်ကော့နှင့် အကွက် မပေါ်သော ချည်လုံချည်ထည်ချင်းဖြင့် တန်ဆာဆင်ခြင်းလည်း ရှိထသော၊ နှပ်ကြောင်း၊ ကြေးကြောင်း၊ ကြေးကွက်တို့နှင့် မက်ဖွယ်၊ ချစ်ဖွယ်၊ နှစ်သက်ဖွယ် လည်းဖြစ်ထသော ထိုထိုငယ်ပေါင်း သူငယ်ချင်း ကောင်းများဖြစ်ကြသော ငချစ် ငတေ၊ ငရွှေ၊ ငခွေး၊ ငအေး၊ ထွန်းပေါ်၊ ငကျော်စသောလူတစ်စုသည် ရှင်ပြုမည့်
လူထူးကို အဖူးအမြော်၊ အပျော် အပြက်၊ ဝိုင်းလျက် တသောသော၊ အာလာပ သလ္လာပပြောဟော၍ နေကြလေသတည်း။
မိန်းမသူငယ်ချင်းများလည်း ရှိကြသေးသမို့။ ၎င်းတို့အနက် သွက်လက်သော မိပန်းသည် နားခမ်းပြတ်လုံချည်၊ တစ်ထည်သော ဖျင်အင်္ကျီနှင့် ထိုငချစ်၊ ငတေစသော ယောက်ျားကလေးတို့ကို တိုးဝှေ့ဖယ်ရှား၍ အနားသို့ကပ်ရောက်ကာ …
“ငပုရယ်၊ နင်တော့ ကိုရင်ဖြစ်ရင်၊ ညနေမှာထမင်း သိပ်ဆာမှာပဲနော်”
“အောင်မယ် ၊ မိပန်းရယ်၊ ငါအကျင့်လုပ် ထားပါတယ်ကွယ်။ မဆာပါဘူး။ ဆာရင်လဲလေ၊ ထန်းလျက်တို့ သကြားတို့စားရတယ်တဲ့ခင်ဗျ။”
“အေး … အေး၊ ဆာရင်လည်းအောင့်ထားတာပေါ့ကွယ်။ နင် လူထွက် တော့လေ၊ ငါလာကြိုမယ်နော်။ တို့အိမ်မှာ ထမင်းစားသိလား။ ပြီးတော့ တို့နွားကျောင်းတဲ့ထိန်အင်းထဲကို သွားလည်ရအောင်နော် … နော်။”
“အေးပါကွယ်၊ လည်တာပေါ့။
ထိုအခါ ငခွေးကဝင်၍ “ဟေ့ မိပန်း၊ နင်တို့နှစ်ယောက်တည်းလား။ တို့ကောမလိုက်ရဘူးလား။”
“ဟာ၊ လိုက်ရတာပေါ့ကွဲ့။ အကုန်လုံးသွားရင် သာတောင်ပျော်သေး တာပေါ့။”
ငတေ။ ။ “အမယ် ….. နင်ကတို့ကို လိုက်စေချင်မှာ မဟုတ်ပါဘူး” ဟု ရယ်၍ပြောလေ၏။
မိပန်း။ ။ “ဟေ့ … ငတေဘာပြောတာလဲ။ နင်ပြောင် စရာလား။ ဘာမှတ်လို့လဲ” ဆို၍ ငတေ့အနားသို့ လက်သီးဆုပ်၍ ကပ်သွားလေ၏။
ငတေကားနောက်သို့ယို့သွားပြီး “ကျီစားတာပါကွယ်၊ မိပန်းကလဲ စိတ်ချည်းပဲ။”
“ဒီလိုမကျီစားရဘူး။ နောက်တစ်ခါပြောရင်တော့ နားရွက်ကိုဆွဲပြီး အမွှေ့ခံရမယ်သိရဲ့လား။”
မိပန်းစသော သူငယ်မတို့မှာ ယောက်ျားကလေးများနှင့် အနေအစား အခွင့်တူ၊ တန်းတူဖြစ်ကြ၍ ရဲရင့်သန်မာကြ၏။ အပြေးအလွှား၊ အခုန်အကျော်၊ ထုပ်ဆီးတမ်း၊ ဖန်ခုန်တမ်းတို့မှာလည်းစွမ်းကြ၏။ တစ်ခါ တစ်ခါ ယောက်ျား ကလေးများနှင့် နပန်းပင်လုံးရ၏။ မိပန်းတို့ အောက်မကျပေ။ ထွေခင်းတမ်း ကစားရာ၌ မိပန်း၏အစီးကို ထိုယောက်ျားကလေးများ မခံဖူးသူမရှိချေ။
ကျွန်ုပ်တို့ရောက်လျှင် ညနေ ၅ နာရီလောက်၌ မိဆိုင် ဖဆိုင်နတ်များကို၊ ကန်တော့ရန်ဟု အိမ်ရှေ့ကုက္ကိုပင်ကြီး အောက်တွင် ကျူထရံဖျာ တစ်ချပ်နှင့် ကန်တော့ပွဲတစ်ခုထား၏။ ရှင်လောင်းက ရှေ့ထိုင်၍ ရှိခိုးနေ၏။ အဖလုပ်သူက ဘေးနားက ထိုင်ကာ လက်ယှက်နေ၏။
ရှင်လောင်းအဖ ကိုထွန်းကျော်သည်ကား ၃၅ နှစ်ကျော်လောက် ရှိမည်ထင်သည်။ တောသား၊ လုပ်စားကိုင်စားဖြစ်၍ တုတ်ခိုင်သန်မာ၏။ ပုံကြမ်း၏။ အသားမည်းညို၏။ သားရှင်ပြု အလှူတော်ကြီးတွင် ဝတ်စားရန်ဟု မနေ့ တစ်နေ့ကမှ လက်ပံတန်းဈေးက တစ်ကျပ်မူးတင်းနှင့် ဝယ်ခဲ့သော အနီရောင် ၊ လုံချည် အသစ်စက်စက်ကိုဝတ်ထား၏။ ကော်မကျိုးသေး၍ ပွယောင်းကာ
ထောင့်ဆွဲပြီးလျှင် မညီမညွတ်အချိုး မကျဖြစ်ရ၏။ အင်္ကျီမှာ ငါးပဲတန်အပါးစား ၊ စွပ်ကျယ်ဖြစ်၍ ကြီးမားသောကိုယ်နှင့် မလိုက်၊ တင်းကျပ်ကာ အင်္ကျီလက်မှာ
လက်မောင်းရင်းသို့ကပ်နေ၏။ အင်္ကျီပါးလေသဖြင့်အတွင်းက မည်းညိုသော အသားရောင်ကို လုံးဝပျောက်ကွယ်အောင်ဖုံးအုပ်ခြင်းငှာမစွမ်းချေ။ ခေါင်းတုံး ပြောင်ပြောင်တွင် တစ်ပတ်နွမ်း မျက်နှာသုတ် ပဝါကိုပတ်ပေါင်းထား၏။
ဤသို့နတ်ကန်တော့ရန် ထိုင်နေကြစဉ် အမိကိုမမြင်၍ မေးမြန်းကြည့်ရာ လွန်ခဲ့သောနှစ်က သေဆုံးသွားကြောင်း၊ မိတဆိုးဖြစ်ကြောင်း သိရသောအခါ၊ ကျွန်ုပ်တို့ဝမ်းနည်းကြရကုန်၏။
ကန်တော့ကြမည်ဟု ဦးချသောအခါ အိမ်ခြေရင်းဘက်ကျကျ ၊ ကြို့ပင်အောက်မှ ဗြောဆရာတို့က နတ်ဒိုးတီး၍ ပေးလိုက်ကြလေ၏။ နတ်ဒိုးသံသည် စိတ်ကိုအလွန်ထိခိုက် လှုပ်ရှားသွားစေနိုင်သည်။ ကျွန်ုပ်တို့ ယောက်ျားများပင် ရိုးရိုးရွရွ တုန်လှုပ်လာကာ လွမ်းသလိုလို၊ ကြောက်သလိုလို ကြက်သီးများပင် ၊
ထ၍ စိတ်တို့သည် ချောက်ချားလွင့်မြောက် ရှိကြရကုန်၏။ မိန်းမတို့ကား ဆိုဖွယ်ရာမရှိ၊ လူစိတ်ပျောက် သွားလောက်အောင်နတ်ဝင်ကြသည်ဆိုသည်မှာ ဟုတ်တန်စရာရှိ၏။
ဤသို့ နတ်ဒိုးတီးပေးစဉ် ကန်တော့သောအခါ ကိုထွန်းကျော်သည် မိဘမစုံ မိတဆိုးဖြစ်ရှာသော သားငယ်ရှင်လောင်းကိုကြည့်၍ လည်းကောင်း၊ သွားလေသူ မိမိ၏ဇနီး မသင်၏ နေရာကွက်လပ်ကို ကြည့်၍လည်းကောင်း၊ ဝမ်းနည်းပက်လက် စိတ်လက်မသာ ဖြစ်ရရှာလေ၏။ ထို့ကြောင့်လည်း မျက်နှာ နီလာ၍ မျက်တောင်မြန်မြန်ခတ်ကာ ခေါင်းအောက်စိုက်လိုက်သည်ကို ၊ မြင်လိုက်ရ၏။
ကျွန်ုပ်တို့လည်း ဣန္ဒြေ မဆည်နိုင်ကြကုန်။ လူ၏စိတ်ကို လှုပ်ရှားစေသော နတ်ဒိုးသံကိုလည်းကောင်း၊ မိတဆိုးမျက်နှာငယ် ရှင်လောင်းကိုလည်းကောင်း၊ မျက်ရည်စက်လက်နှင့် ရှင်လောင်း၏ဖခင်ကိုလည်းကောင်း ကျွန်ုပ်တို့ကြားရမြင်ရ၊ တွေ့ရသောအခါ အသို့လျှင်စိတ်ကို ချုပ်တည်းနိုင်ကြ အံ့တော့နည်း။
ဤတွင်မပြီးသေး။ ကန်တော့ခြင်းကိစ္စပြီး၍ မကြာမီပင် ဗြောဆရာတို့က ဗြောဆက်၍ တီးလိုက်ပြန်သောအခါ နတ်ဒိုးထက်ပင် ဆိုး၍သွားလေတော့၏။ ဗြောသံသည် တန်ခိုးကြီးလှ၏။ ကြည်နူးစိတ်၊ ကြည်ညိုစိတ်၊ ယိုဖိတ်စိတ် ဖြစ်ပွားစေသည့်အပြင် လွမ်းစိတ်၊ မျှော်ခေါ်စိတ်၊ လွင့်မြောက်စိတ်တို့ကိုလည်းဖြစ်စေနိုင်၏။
ဤဗြောအတီးတွင်ကား ကိုထွန်းကျော်သည် အိမ်နောက်ဖေးသို့ ထွက်သွားကာ ရှိုက်ကြီးတငင် ပူပင်လှိုက်ဖို၊ ကြိတ်၍ ငိုရှာလေတော့သတည်း။
“မယ်သင်ရယ်၊ သားကိုရှင်ပြု ပြီးအောင်မှမစောင့်ဘူးလားကွယ်” ဟု ကျွန်ုပ်တို့ကြားလိုက်ရ၏။
သားငယ်ငပုသည်လည်း အဖနောက်သို့လိုက်ကာ အဖ၏လက်ကို ကိုင်စွဲမှီတွယ်၍ ဘယ်ဆီဘယ်လမ်း၊ ဘယ်စခန်းမှမျှော်မှန်း၍ မရနိုင်သော အမိကိုတမ်းတလျက် သားအဖနှစ်ယောက် ငိုပွဲဆင်ကြလေသတည်း။
ကျွန်ုပ်တို့လူစုလည်း ထိုသားအဖနှစ်ယောက်အနီးသို့ ရောက်မှန်းမသိ ရောက်သွားကာ မျက်ရည်လည်ရွဲနှင့် ဖြစ်ကြရကုန်၏။
ကိုထွန်းကျော်သည် ကျွန်ုပ်တို့ကိုပြောယောင်ယောင်ဖြင့် “မယ်သင် သာရှိရင်တော့ဗျာ” ဟူ၍ ဤတစ်ခွန်းကိုသာ ပြောတတ်ရှာ၏။ ဤတစ်ခွန်းကိုသာ ပြောနိုင်တော့၏။
သို့ရာတွင် ဤ “မယ်သင်သာရှိရင်တော့ဗျာ” ဆိုသော စကားတစ်ခွန်းသည် အလွန်ကျယ်ဝန်းများပြားလေးနက်သော အဓိပ္ပာယ်ကိုဆောင်တော့၏။
ဤလေးလုံးလေးဖက်ယောက်ျားကြီးသည် ဖွဲ့နွဲ့ချွဲပျစ်၍ အော်ဟစ်ငိုသည်မဟုတ်ဘဲ လှိုင်းထသောရင်အုံဖြင့် အတွင်းကဆူလှိုက်၍ ကြိတ်ကာ ငိုကြွေးနေသည်ကို မြင်ကြရသောအခါ
မည်သူမျှစိတ်မတင်းနိုင်တော့ချေ။ ကျွန်ုပ်တို့ မိတ်ဆွေဦးစံရွှေမှာ မျက်ရည်စမ်းစမ်းနှင့် တစ်ဖက်သို့လှည့်နေ၏။ ကျွဲခြံသူကြီးသည် ခပ်လှမ်းလှမ်းသို့ လျှောက်သွားကာ မကြာမကြာနှပ်ညှစ် ရလေ၏။
ကြည့်နေသော မိန်းမကြီးငယ်တို့လည်း အင်္ကျီလက်၊ တဘက် စသည်ဖြင့် မကြာမကြာမျက်ရည်သုတ်ကြ၏။ အဘိုးကြီးများပင် ဟိုလိုလို သည်လိုလိုလုပ်ကာ ရှောင်ခွာသွားကြရကုန်၏။
ငတေတို့၊ ငခွေးတို့လူစုနှင့် မိပန်းတို့တစ်စုသည်လည်း မိမိတို့၏ ကစားဖက်ကို မကြည့်ရက်ကြသကဲ့သို့ မိပန်းက ခေါင်းဆောင်ကာ ငပုလက်ကို ဆွဲခေါ်၍ ရှင်လောင်းနေရာခုတင်သို့ ဆောင်ယူခဲ့ကြလေသတည်း။
ကျွန်ုပ်တို့သည် ဤမိတဆိုးရှင်ပြုကို အလွန်သနားစေတနာရှိလာကြသည်နှင့် ဦးစံရွှေနှင့်တိုင်ပင်ကာ အလှူအိမ်တွင် ညအိပ်၍ တတ်နိုင်သမျှ ကူညီရန် ဆုံးဖြတ်လိုက်ကြလေသည်။ သို့လျော်စွာ ကျွန်ုပ်တို့၏ဝန်စည်များကို ကျွဲခြံမှပြောင်းယူကာ
အလှူအိမ်ရှေ့ ကုက္ကိုပင်အောက် ခြေရင်းတစ်ဝိုက်တွင် ကြမ်းလေးငါးချပ်နှင့် ကျွန်ုပ်တို့စံရာဘုံဗိမာန်ကို ဖန်ဆင်းလိုက်ကြ၏။ အလှုရှင်သည်လည်း အလွန်အားတက် အားရသွားရှာလေ၏။ နံနက်တွင်အလှူလာသူတို့အား ထမင်းကျွေးရန် ပြီးတန်သရွေ့ကို
ယခုညက ပြင်ဆင်ချက်ပြုတ်ထားကြရမည်ဖြစ်ရာ ကျွန်ုပ်တို့ရှစ်ယောက်သား အပင့်အခေါ် မစောင့်ဘဲ အတင်းဝင်၍ ထင်းခွဲခြင်း၊ ရေခပ်ခြင်း၊
ဆေးကြောခြင်း၊ ကြော်လှော်ခြင်း စသည်တို့ကိုအားတိုက် လုပ်ကိုင်သောအခါ အလှူရှင်နှင့် ရွာသားတို့သည် အားနာသမှုတားဆီးကြ၏။ သို့ရာတွင် ခေါင်းမာသော ကျွန်ုပ်တို့ကို လက်လျှော့ကြရကုန်၏။
ထူးသည်ကား ထိုအခါ၌ ကျွန်ုပ်တို့သည် မြို့အရပ်မှ အင်္ဂလိပ် စာတတ် ပေတတ်ဖြစ်ကြောင်း၊ အင်္ဂလိပ်ကျောင်းသား၊ အင်္ဂလိပ်ကျောင်းဆရာ၊
ကျောင်းအုပ်ကြီး၊ ပညာဝန်များဖြစ်ကြောင်းကို သူကြီးက လောကွတ်ချော်ကာ ပြောထားနှင့်လေသည်နှင့်သိကြလေပြီ။ ထို့ကြောင့်လည်း မြို့သားအင်္ဂလိပ်စာ တတ်တို့ထင်းခွဲခြင်း၊ ရေခပ်ခြင်းစသော လက်အလုပ် အလုပ်ကြမ်းတို့ကို အဟုတ်လုပ်ကိုင်သည်ကို မြင်ရသောအခါ အလွန်အံ့ဩကြကုန်၏။
အကြောင်းသော်ကား အင်္ဂလိပ်စာတတ်သူများ လက်အလုပ်အလုပ်ကြမ်းကို လုပ်လျှင် ငရဲကြီးတတ်သည်ဟု ကြားဖူးသောကြောင့် ဖြစ်ဟန်တူလေသည်။
မနေနိုင်သောရွာသားတစ်ယောက်က “ခင်ဗျားတို့ အင်္ဂလိပ်စာတတ် မြို့သားများ၊ ထင်းခွဲ၊ ရေခပ်၊ ချက်ပြုတ်၊ ကြော်လှော်လုပ်တတ်တယ်ဆိုတာ ဒိဋ္ဌမြင်ရလို့သာယုံရတော့ တာပဲ၊ ကျုပ်ဖြင့်သိပ်အံ့သြတာပဲ” ဟုပြောလေသည်။
ထိုအခါ ကျွန်ုပ်တို့နှစ်ယောက် စိတ်မြောက်သွားကာ ကျွန်ုပ်က “အမယ် ဒါတွင်မကသေးဘူး၊ တံမြက်စည်းလည်း လှည်းတတ်ပါတယ်” ဆို၍ ဟန်ကျ ပန်ကျသွက်လက်စွာလှည်း လိုက်လေသည်။
ဦးစံရွှေကြီးကလည်း အညံ့မခံဘဲ “အမယ်ကျုပ်လည်း ပန်းကန် ခွက်ယောက် ဆေးတတ်ပါသေးတယ်” ဆို၍ ခပ်မြန်မြန်နှင့် စင်စင်ကြယ်ကြယ် ဆေးပြလိုက်လေ၏။
အလှူရှင်နှင့် ရွာသူရွာသားတို့လည်း အားရပါးရ ရယ်မောကြလေသတည်း။
ညဆယ်နာရီလောက်တွင် ညဦးအလုပ်ပြီး၍ အိပ်ရာသို့ဝင်ကြ၏။ မိတဆိုးသားအဖကို တရေးရေးမြင်နေသည်နှင့် ကျွန်ုပ်ကဦးစံရွှေအား ဤသို့ စ၍ပြော၏။
“ဒီမိတဆိုးသားအဖမြင်ရတာ ကျုပ်တော့ သိပ်သနားတာပဲဗျာ”
“ဟုတ်တယ်ဆရာကျားရယ်၊ ကျုပ်လည်းအတော်စိတ်ခိုင်တဲ့လူပဲ။ နို့ပေမယ့် ဒီသန်သန်မာမာ ယောက်ျားကြီး လှိုက်လှိုက်လှဲလှဲနဲ့ ရိုးရိုးကြီးပူဆွေးတာ ၊ မြင်ရ တော့ … ”
“အစစ်ပဲဗျာ၊ ဒီလိုမပြောတတ် မဆိုတတ်နဲ့ ရိုးရိုးကြီး နဂိုအတိုင်း ဆွေးတာဟာ အင်မတန်စိတ်ကို ထိခိုက်စေနိုင်တယ်။ စကားစပ်မိလို့ ပြောရဦးမယ်။ ဟိုဇာတ်သမား၊ ရုပ်ရှင် သမားတွေဟာ အများအားဖြင့် ပီစီပါတာ ဖွဲ့နွဲ့ပြောပြီး ပျာလောင်ခတ် အလွမ်းသယ်တာများ။ အင်း ….. တစ်ခါတလေ ရယ်တောင်ရယ်မိတယ်ဗျာ။”
ထိုအခါ ဦးစံရွှေကပြုံး၍ “ကျုပ်လည်းသတိထားမိတယ်။ အခုရုပ်ရှင်မှာအလွမ်းခန်းပြတော့ နဂိုကျအောင် မလွမ်းတတ်တော့ စာကူပေးရတယ်ဗျာ။”
“ဘယ်လိုစာကူတာလဲဗျ” “ဒီလိုလေ၊ အလွမ်းခန်းမှာ ဖြတ်ဖြတ်ပြီး စာထိုးပြတာ ကောဗျ။”
(မင်းသားငိုနေသည်) (မင်းသမီးပူဆွေး ညှိုးငယ်နေသည်)၊ အဲဒါမျိုးတွေပေါ့ဗျာ။ အမူအရာနဲ့မလွမ်းနိုင်တော့ စာကူပေးရတာပေါ့။”
” သြော် ဒီလိုလား။ ဒါဖြင့်စာမတတ်တဲ့သူတွေ ဘယ်မှာ ကောင်းကောင်း လွမ်းရတော့မလဲ။”
“စာမတတ်တဲ့သူလည်း မလွမ်းဘူး၊ စာတတ်သူလည်း မလွမ်းဘူး။ ကျုပ်တစ်ခု ကြားဖူးတယ်။ ဟိုနာမည်ကျော် မင်းသမီးမထွေးလေး သူ့ယောက်ျားကိုဖိုးကွန်းဟိုအနောက်ချောင်းမှာ
ဆုံးတော့ ဇာတ်ထဲမှာလို
ပြောဆိုဖွဲ့နွဲ့ပြီးငိုဆိုပဲဗျ။ တစ်ခန်းတစ်ခန်းအချမှာ ကွမ်းသီးဖက်ဆေးလိပ်တစ်တောင်လောက်ကို သောက်သောက်ပြီးနားသတဲ့။ ဝတ်ဆင်လိမ်းကျံ ထားလိုက်တာကလည်းကြော့လို့တဲ့။ လူတွေ ဝိုင်းကြည့်ကြတာ ပွဲရှုံးလို့ပဲတဲ့ဗျ။”
“ အဲဒီလူတွေလွမ်းမသွားဘူးလား။”
“ဟာ၊ ဘယ်ကလာပြီးလွမ်းရမှာလဲ၊ အပျော်ကြည့်ရအောင် လာ တာဗျ။”
“ဪ … ခင်ဗျားလင်သေကိစ္စနဲ့စပ်လို့ ကျုပ်ကြားဖူးတာရှိသေးတယ်” “ဘယ်လိုဟာများလဲ၊ ပြောစမ်းပါဦးဗျာ။”
“ဒီလိုဗျ၊ ဥပမာ လင်ယောက်ျားသေတော့ မိန်းမများ ငိုတဲ့နေရာ အသံမထွက်ဘဲဝမ်းထဲမှာကြိတ်ပြီး၊မြုံပြီးတွေတွေစိုက်ကြည့်ကာ မျက်ရည်စမ်းစမ်း သို့မဟုတ် မျက်ရည်ပေါက်ကြီးများ တစ်လုံးပြီးတစ်လုံး မှန်မှန်ကျဆင်းနေရင် အဲဒီ မိန်းမဟာ အရွယ်ရှိဦးတော့မုဆိုးမဘဝနဲ့ပဲ အရိုးထုတ်တတ်တယ်တဲ့ဗျ”
“အသံထွက်ပြီး ကိုယ်လက်လှုပ်ရှား ခပ်များများ ငိုသူကတော့ လင်သေပြီးနောက် ငါးနှစ်ကဆယ်နှစ်အထိ နောက်ထပ် အိမ်ထောင်မပြုဘဲ နေတတ်သတဲ့”
“ခုနစ်အိမ်ကြား၊ ရှပ်အိမ်ကြားအော်ဟစ်ပြီး၊ ရင်ဘတ်စည်တီး လက်ပစ်ခြေပစ်ငိုရင်တစ်နှစ်ကသုံးနှစ်အထိ နောက်ထပ်အိမ်ထောင်မပြုတတ်ဘူးတဲ့”
“ဘယ်သူ့ယုံလို့ပုံခဲ့သလဲ၊ ဘာလဲ၊ ညာလဲနဲ့ ဖွဲ့နွဲ့ အော်ဟစ်ပြီး၊ ရုပ်ပျက်ဆင်းပျက် မြေပေါ်လှဲချလိုက်၊ ထခုန်လိုက်၊ ရင်ထုလိုက်၊ ဆံပင်တွေ
ဆွဲဆောင့်လိုက်၊ တစ်ခါတစ်ခါ မေ့လိုက်၊ တက်လိုက်၊ အဲဒီလိုငိုရင်တော့။ အင်း တစ်လက တစ်နှစ်အတွင်းနောက်ထပ် အိမ်ထောင်ပြုတတ်သတဲ့ဗျာ။”
ထိုအခါ ဦးစံရွှေသည် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောကာ “ဟုတ်ရဲ့လား ဆရာကျားရယ်၊ ခင်ဗျားဟာက …. ”
“ဟုတ်မဟုတ်တော့ အသေအချာ အာမ မခံဝံ့ဘူး။ ကြားဖူးတာ ပြောရတာပဲ။ နောင်တော့ ခင်ဗျားသတိထားကြည့်ပါလား။”
ထိုသို့ပြောဆိုကြ၍ အိပ်ကြလေသတည်း။
နံနက်လင်းအားကြီးအချိန် ကျွန်ုပ်တို့အိပ်မက်
မြင်သလိုလို၊ ဘာလိုလို ရှိစဉ် ဗြောသံဖြင့် နိုးကြလေ၏။
အိပ်ရာ၌ မှေးမှေးရှိစဉ် လောကကြီးသည်လည်း တိတ်ဆိတ်ငြိမ်သက်စွာ ရှိသည့်အခိုက် လင်းရောင်ပျို့ပျို့ အချိန်၌ ဗြောသံစည်သံကို ကြားရသောအခါ ဗြောသံဆိုသည်မှာလည်း ရတနာသုံးပါး အလှူအတန်းနှင့် စပ်လေရကား ကြည်နူးစိတ်၊ ကြည်ညိုစိတ်တို့သည် တဖိတ်ဖိတ်လျှမ်း၍ထွက်ကုန်၏။
တောဗြောပင် ဖြစ်သော်လည်း နှဲမှာအတန်ချော၏။ တီးသည့် တေးသွားကလည်း ဘွဲ့ သံကြိုးသံဖြစ်၍ ဝိုင်းမှအသံ အတန်ကောင်းသော စည်းတီးဆရာက တစ်ခါတစ်ခါလိုက်၍ သီဆိုလေရာ ဤမျှသာတောင့်သာယာနာပျော်ဖွယ် ကြည်နူးဖွယ်ကို ကျွန်ုပ်တို့မကြုံခဲ့ဖူးလေ။
ဤသို့ အိပ်ရာ၌ ဗြောမချမချင်း မလှုပ်မယှက် ပီတိဖြစ်နေကြရာ ဗြောချသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့လူစုထကာ ချက်ပြုတ်ပြင်ဆင် ကူညီဖွယ် အရပ်ရပ်တို့ကို ပြုလုပ်ဆောင်ရွက်ကြလေသည်။
ဗြောတဗြုန်းဗြုန်း တအုံးအုံးနှင့် ပတ်ကုံးခြိမ့်သဲ ဤမိတဆိုး ရှင်ပြုအလှူတော်ပွဲကြီးသို့ ရွာခံမှလည်းကောင်း၊ ရွာနီးချုပ်စပ်မှလည်းကောင်း
လာကြသည်မှာ ကျွန်ုပ်တို့ပါ ကြီးငယ် ကျားမ ပရိသတ် ၆၀ မျှ ရှိလေ၏။ ထမင်းကျွေးခန်း၌ ကျွန်ုပ်တို့ လူစုက လုံးဝ တာဝန်ယူ၍ ထမင်း ဟင်းလိုက်ခြင်း၊ ပန်းကန်ခွက်ယောက်ဆေးခြင်း ကိစ္စတို့ကို ပြုလေသည်။
ကောက်ငယ် ဆန်ကြမ်းထမင်း၊ ပဲဟင်း၊ ငါးပိကြော်၊ ပဲတီချဉ် သနပ် ဤမျှသာဖြစ်၏။ ပရိသတ် ၆ဝ စားကြသည်မှာ ဆန်တစ်တင်းချက် ချောလေသည်။ တွက်ကြည့်သော် တစ်တင်းတွင် နို့ဆီဘူးနှင့် ၁၂၈ လုံး ရှိရာ လူတစ်ယောက်လျှင် နို့ဆီဘူး နှစ်လုံးချက်ကျော်ကျော် တုတ်ကြောင်း ပေါ်လာလေ၏။
ကျွန်ုပ်တို့ လူစုကား ဤမျှလောက် တစ်ခါမျှ မမြိန်ရှက် ဖူးချေ။ သို့ကြောင့်လည်း စားသောက်၍ အပြီး၌ စန့်နေကြလေသည်။
မွန်းလွဲအချိန်၌ ရှင်လောင်းကို ကျောင်းသို့ ပို့ရမည့်ကိစ္စပေါ်လာလေ၏။ ကျောင်းမှာ နှစ်ခေါ်လောက်လှမ်း၏။
ရှင်လောင်းကို ရှေ့ဆုံးက ထား၏။ မြင်းမစီးရ၊ ရွှေထီး မဆောင်းရရှာလေ၊ နောက်နားက အဖသည် သင်္ကန်းပရိက္ခရာကို ပိုက်၍ လိုက်ရ၏။ အမိအဖ စုံပါမူကား အဖက သပိတ်ပိုက်၍ အမိက သင်္ကန်းတောင်းရွက်၍ လိုက်ရန်ဖြစ်၏။ ယခုသော်ကား ဤနေရာတွင် မသင်ကို သတိရရန် တစ်ချက်ပေါ်ပြန်လေပြီ။ ကိုထွန်းကျော် အတန် မချိပုံရ၏။ မျက်ရည် စမ်းစမ်းနှင့် ညှိုးငယ်ပြန်လေသည်။
သားအဖနောက်က ယောက်ျားကြီး မိန်းမကြီးများ၊ ၎င်းနောက်က ဆက်၍ မယ်တုတ်၊ ဗုတို၊ ရွှေမ၊ ညိမ်းဇန်၊ မိကောက် စသော အပျို တစ်စုသည် ကန်တော့ပွဲ၊ ကွမ်းတောင်၊ ပရိတ်အိုး စသည်တို့ကို ရွက်၍ လည်းကောင်း၊ ပိုက်၍လည်းကောင်း အကြောင်းအားလျော်စွာ လိုက်ကြကုန်၏။
မယ်တုတ်တို့မှာ ရွာခံအပျို မျက်နှာဖုံး ဖြစ်ကြ၏။ အားလုံးပင် အရပ်အမောင်းကောင်း၍ ပြည့်ဖြိုး ကျန်းမာသန်မာကြ၏။ ဝတ်ဆင်ထားသော
ထဘီတို့မှာ ပိုးနည်း၏။ ပိုးကြားဖောက် သရက်ထည်လုံချည်၊ ရှန်လုံချည်များ ဖြစ်ကြ၏။ အင်္ကျီကား မြို့သူတို့လောက် မပါးချေ၊ ဆံထုံး၊ ဘီးပတ်၊ ဆံတောက်ဆံရစ် အရွယ်အလိုက် တွေ့ရ၏။ စက္ကူပန်း မပန်ချေ၊ တောပန်း တောင်ပန်း သင့်တန်ရုံ ထိုးပန်ကြ၏။ မျက်နှာချေ မသုံးကြလှ၊ သနပ်ခါး အလိမ်းများ၏ အချို့မှာ ရွှေစရွှေန ဝတ်ဆင်၏။
ဤသို့ ရိုးရိုးစိုက်စိုက် ဝတ်စားနေထိုင်ကြ၍ တောင့်တင်း သန်မာ ထွားကျိုင်းလျက် သားကောင်းသမီးကောင်း ထွန်းကားနိုင်မည့် မိခင်လောင်းများ ဖြစ်သော အမျိုး၏ ကျက်သရေဆောင် ကျေးတောသူ တို့ကို မြင်ရသောအခါ မြို့ပေါ်က မဟဝါတို့၊ မဟိုဒင်းတို့ကို တွေးခေါ်မိ၏။
မြို့ သူတို့ကား
ခင်လှသိန်းမြင့်မေ။
ညွန့်တင်တင်မြမြကျော်ဇံဦး၊
မေရီသန်းကြည်တင့်လှ၊
လူစီထိပ်ခေါင်တင် မေမမ၊
ကျူးရင့်သာဟန် ဂန္ဓမာဗွေ မိမိ၊
ပဉ္စကလျာဏီ နွဲ့ပါးလျဒေဝီ၊
လုပ်လုပ်လဲ့လဲ့ သော်မော် အရည်ပျော်…
စသော ထူးဆန်းပွေရှုပ် ရှည်လျားသော နာမည်တို့ကို မှည့်ခေါ်ကာ ကိုယ်လုံးပေါ် အဝတ်အစားနှင့် ခုံမြင့်ဖိနပ်ကို စီးလျက် အင်္ဂလိပ် မျက်နှာချေမှုန့်ကို ထူထူလိမ်းကျံ၊ ပါးနှင့် နှုတ်ခမ်းကို ဆေးနီဆိုးပြီးလျှင် အမျိုးမျိုးသော ဖဲပွဲ၊ မြင်းပွဲ၊ စားပွဲ၊ သောက်ပွဲ၊ ဟိုတယ်ပွဲ၊ ရုပ်ရှင်ပွဲ၊ ဇာတ်ပွဲ၊
ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးနှင့် အချိန်ကုန်လေသည်။ ကျန်းမာ ထွားကျိုင်း၊ သန့်ရှင်းစင်ကြယ်ရေးကို ဂရုမစိုက်ကြ၊ သို့ကြောင့်လည်း ပိန်ကြုံးပါးလှီ ရှူနာရှိုက်ကုန်း၊ ပိချပ်ပြား၊ ငါးဖောင်ရိုး၊ ကမ္မဋ္ဌာန်းရုပ်၊ ဖြူဖပ် ဖြူရော်၊ ညောင်ညော်ညော်တွေ များလေသည်။
သို့ကြောင့်လည်း မည်မျှပင် အပေါ်ယံက ဆင်ပြင်လိမ်းကျံ ထားသော်လည်း မသာကောင် အလောင်းကို ဆင်ပြင်လိမ်းကျံထားသည်နှင့် တူလေတော့သတည်း။ ။
အပျိုစုနောက်က ကာလသားများနှင့် ကျွန်ုပ်တို့ လိုက်ပါကြ၏။ ကာလသားဝိုင်းတွင် ဒိုးပတ် အတီးအမှုတ်ပါ၏။ ဒိုးပတ်နှင့် ထိုးသော သံချပ်အချို့ကား အောက်ပါအတိုင်းဖြစ်၏။
“ကုသိုလ်ရေးမို့ ကြိုးစားပါ၊ ကျုပ်တို့ကိုယ်မှာ ချွေးတလုံးလုံး။ ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ၊ အမောပြေအောင် တိုက်ပါမမ။
ဝက်သားတုံးကြီး ဒူးလောက်ပေါင်လောက်၊ သူများစားတာ မြင်ဖူးပါရဲ့။
လေးဘက်မြိတ်နဲ့ ထီးရိပ်ခို၊ ရှေ့ကအပျို၊ ကျုပ်တို့ရည်းစား။ နံ့သာကွက်နဲ့ လှအပျို၊ ကျုပ်တို့ကိုယ်ကို ကြည့်စမ်းပါဦး။”
ဤသို့ သံချပ်ထိုးကြသောအခါ အချို့ အပျိုတို့သည် နောက်သို့လှည့်ကြည့်၍ ပြုံးသွား၏။ အချို့အပျိုကား မျက်စောင်းထိုးသွား၏။
ကာလသားတို့မှာ တောအလိုက် ဝတ်ဆင်ကြ၏။ ခေါင်းတုံး၊ ကြက်တောင်စည်း၊ ဆံပင်ရှည်၊ ပဝါပေါင်း ဖြစ်ကြ၏။ တစ်ယောက်နှစ်ယောက်မှာ ရုပ်ရှင်ကြည့်ဖူးဟန်တူ၏။ ဗိုလ်ဆံတောက်နှင့် ခေါင်းတွင် လည်ပတ်ကို ရုပ်ရှင်မင်းသားစတိုင် ပတ်ထားလေသည်။
လူထူးတစ်ယောက်ပါ၏။ထိုသူကား သူကြီး၏ညီ မြတ်သာဒွန်း ဖြစ်၏။ ဗိုလ်ဆံတောက် အသစ်ကျပ်ချွတ်ကို ဒုံးခံသူ ဖြစ်သည်။ သက္ကလတ်အင်္ကျီအသစ်နှင့် ရှပ်အင်္ကျီအဟောင်းကို တွဲ၍ ဝတ်၏။ နောက်ပိတ်ဖိနပ်ကို ပြောက်ကျားသော အဆင်းရှိသော မှော်ဇာနှင့် စီး၏။ စီးနေကျမဟုတ်၍ ဖိနပ်ပေါက်သည်နှင့် ထော့ကျိုးထော့ကျိုး နင်းရရှာ၏။
“ရှေ့က ခပ်ဆိုင်းဆိုင်းဗျ၊ နောက်က မီအောင်လိုက်လေ၊ လမ်းကို ကြည့်လျှောက်နော်၊ ခလုတ်တိုက်မိမယ်၊ ရှင်လောင်းက ရှေ့ကသွား၊ အဲ ဟုတ်ကပြီ၊ ရှေ့က သွားတဲ့လူက ရှေ့ကသွား၊ နောက်က လိုက်တဲ့လူက နောက်ပဲလိုက်ပါ။ အပျိုတွေက ကိုယ့်အစုနဲ့ကိုယ်လိုက်၊ လူပျိုဝိုင်းထဲကို မရောက်စေနဲ့….”
စသည်ဖြင့် သြဇာပေးကာ ရှေ့နောက်ပြေးနှင့် အတော် အလုပ်များနေလေ၏။ မိန်းမပျိုဝိုင်းနားသို့ကား မကြာ မကြာ ရောက်၏။
“ဟ ဗုတို၊ ကန်တော့ပွဲကို တည့်တည့်ရွက်လေ”ဟု သြဇာ သွားပေးမိရာ ဗုတိုက “ကျုပ် ရွက်ထားတာ တည့်ပါတယ်။ ရှင်က တည့်တည့် မကြည့်လို့ပါ”ဟု ပြန်၍ ပက်လိုက်လေ၏။ ထိုအခါ အပျို ဝိုင်းက ဝါးခနဲ ရယ်ကြလေ၏။ မြတ်သာဒွန်းကို ကျွန်ုပ့်လှမ်းကြည့် လိုက်ရာ မျက်စိအတန်ငယ် စွေစွေ ရှိသည်ကို တွေ့ရလေသည်။
“ဟယ် တိရစ္ဆာန်မ၊ နင်နော်-နေဦး”ဟု မြတ်သာဒွန်းသည် ကြိမ်းမောင်းပြီးနောက် မယ်တုတ်အား “ဟဲ့-မယ်တုတ်၊ ပရိတ်အိုး ရွက်ရတာ ညောင်းရင် ငါ့ကို ပေးလေ၊ ငါကူယူခဲ့မယ်”ဟု သွား၍ လောကွတ်ချော်ပြန်လေ၏။
ထိုအခါ မယ်တုတ်က “သူများဟာ နေပါဦး၊ ကိုမြတ်သာဒွန်း ရယ်၊ ကိုယ့်ဟာကိုယ် နိုင်အောင် လုပ်ပါဦး၊ ရှင့်မှာ ထော့ကျိုးတော့ကျိုးနဲ့ အားနာပါတယ်”ဟု ပြုံး၍ ပြောလိုက်လေ၏။
“ဟာ ဟေ့၊ ထော့ကျိုး ထော့ကျိုးနေတာက ဖိနပ်ပေါက်လို့ပါဟဲ့ နင်ကလည်း” ဆိုနေစဉ် အပျိုစုက ဝိုင်းရယ်ကြသည်နှင့် ရှက်ကိုးရှက်ကန်း ဖြစ်ကာ ကျွန်ုပ်တို့ ကာလသားဝိုင်းသို့ ပြန်ရောက် ခိုဝင်လာတော့သည်။
ကျောင်းရောက်၊ ရှင်လောင်းကို သင်္ကန်းစည်းထားခဲ့ပြီး ပရိသတ် ပြန်လာကြ၏။
ညနေလေးနာရီခန့်တွင် ကျောင်းထိုင်ဘုန်းကြီး၊ ဦးပဉ္စင်း၊ ပြုသစ်စ ရှင်သာမဏေ ပေါင်းသုံးပါးတို့သည် အလှူအိမ်သို့ ကြွလာကြ၏။
ဟော-ဗြောစခန်း ပေါ်လာပြန်လေပြီ၊ အရှင်သုံးပါး ဗြောသံနှင့် ကြွလာသည်မှာ အထူးကြည်နူး ကြည်ညိုဖွယ် ကောင်းလှ၏။
ပရိတ်တရားနာ ရေစက်ချ အမျှဟု ဆိုအပြီး ကိုထွန်းကျော်သည် ဆက်၍ “မယ်သင်ရေ အမျှဟဲ့—အမျှ”ဟု အသံကွဲကြီးနှင့် အမျှ ဝေလိုက်ရာ ကိုရင်သည် မျက်ရည်ကျ၏။
ဦးပဉ္စင်းသည် မျက်တောင် မြန်မြန် ခတ်၏။ ဘုန်းတော်ကြီးသည် ငေးမော၍ ကိုထွန်းကျော်ကို စိုက် ကြည့်နေလေသည်။ သာဓုသံနှင့် ဗြောသံသည် အက္ကနိဋ္ဌဘုံတိုင်အောင် တက်လေသတည်း။
နောက်တစ်နေ့ ကျွန်ုပ်တို့ပြန်ခါနီး အလှူ ပါဝင်ရန်ဟု ကျွန်ုပ်တို့ ရှစ်ယောက် ပိုက်ဆံပါသမျှ စုရာ ၃၈ ကျပ်ရ၏။
ပြန်ခါနီး၌ ကျွန်ုပ်တို့ ဝိုင်းထိုင်ကြ၍ ကိုထွန်းကျော်ကို မေးမြန်းကြ၏။
“ကိုင်း-ကိုထွန်းကျော်၊ အားလုံးအလှူစရိတ် ဘယ်လောက်ကုန်သွားသလဲ”
“ဟုတ်ကဲ့၊ ၄ဝ ကျပ်လောက်ဆိုပါတော့” “အကြွေးတင်သေးလား”
“တင်ပါသော်ကောဗျာ၊ အကုန်လုံး ချေးငှားလုပ်ရတယ်ဆိုပါတော့။ ဟိုကျွဲခြံမှာ စပါးပေးယူတာ ၂၈ ကျပ်၊ မယ်သင်ရဲ့ ရွှေနားကပ် ကလေး ပေါင်လို့ ရတာက ၁၅ ကျပ် အားလုံး ၄ဝကျော်ကျော်ပါပဲ”
“စပါးပေး ဘယ်လို ယူရသလဲ”
“စပါး ၁၀၀ ကို ၄ဝကျပ်ဈေးနဲ့ ယူရတယ်၊ အခုယူတဲ့ငွေ ၂၈ ကျပ်အတွက် စပါးပေါ်ချိန်မှာ စပါး ၇၀ ပေးရမယ်”
“ဟင်… လွန်လှပါကလားဗျာ၊ နို့ – နားကပ်ပေါင်တာကတော့ကော”
“တစ်လကို ငွေတစ်ရာငါးကျပ်တိုး၊ ခုနစ်လကြာလို့ မရွေးနိုင် ရင် အဆုံးတဲ့”
“အဲ“စပါးတွေ ငွေတွေကို ဘယ့်နှယ့် ဆပ်မလဲ”
“အင်း…ပြေအောင် ဆပ်ဖို့ အခက်သားပဲ။ ကျုပ်လယ်ထွန် ပျိုးနုတ် စာရင်းငှားလုပ်လို့ စပါး ၄ဝလောက် ရမယ်၊ သားကလေး ရှင်လူထွက်ပြီး ကျွဲနွားကျောင်း၊ ရေခပ်၊ ထင်းခွဲ၊ အင်း ၂ဝလောက်တော့ ရကောင်း ပါရဲ့။ အားလုံး ၆ဝရရင်၊ ၁၀တင်းလိုသေးတယ်။ ဒါလည်း အခုအတော အတွင်း စားသောက်နေသွားဖို့က ရှိသေးတယ်ဗျ။ ဟိုနားကပ်ပေါင်ထားတာကတော့ အင်း…..ရွေးနိုင်ပုံ မပေါ်ပါဘူး။ ဆုံးမှာပဲ။ သိပါရဲ့ဗျာ။ နို့ပေမဲ့ အခုလို ရက်ရွှေ့ လရွှေ့ နေတာနဲ့ မယ်သင်လည်း သားကို ရှင်မပြုလိုက်ရရှာဘူး။
ဒါကြောင့်လည်း ပြီးရင်ပြီးရောဆိုပြီး ဇွတ်နှစ်ရတာပဲ။ တခြားဟာတွေထက်ဗျာ၊ မယ်သင်ရဲ့ နားကပ်ကလေးကို အနှမြောဆုံးပဲ။ သေသူ
ပစ္စည်းဖြစ်လို့ သိမ်းထားတာလည်း ဟုတ်တယ်။ ပြီးတော့ သူ့သားဖို့ သက်သက်လို့ ကျွန်တော်မှန်းပြီး ချန်ထားတာပဲဗျ။ ခုတော့ဖြင့်..”ဆို၍ ဆက်မပြောဘဲ ရပ်နေလေတော့သည်။
ထိုအခါ ဦးစံရွှေကြီးက ဝင်တဲ့၍ “ကိုင်း-ဆရာကျား၊ ဆင်းရဲ သားတွေ ဓားပြတိုက်တာ၊ သူပုန်ထတာ၊ ဘာ အံ့ဩစရာရှိသလဲဗျ”ဟု မျက်နှာနီကြီးနှင့် ခပ်ဆတ်ဆတ်ပြောထုတ်လိုက်လေသတည်း။
ကျွန်ုပ်။ ။“မသင်ရဲ့ နားကပ် ဘယ်မှာပေါင်ထားသလဲ ကိုထွန်းကျော်။
ကိုထွန်းကျော်။ “ဒီအစုတွင်ပါပဲ၊ ဟို ဒေါ်ပုကြီးဆီမှာ”
အရင်း ၁၅ကျပ်၊ အတိုး ၁ကျပ်၊ ပေါင်း ၁၆ကျပ်ကို ကျွန်ုပ်တို့ စုငွေထဲမှ ထုတ်ပေး၍ သူကြီးကို ချက်ချင်း အရွေးခိုင်းရ၏။ နားကပ်ပြန် ရသောအခါ ကိုထွန်းကျော်သည် ပြူးကျယ်သော မျက်လုံးများ ပါးစပ် အဟောင်းသားနှင့် အလွန်ဝမ်းမြောက်ကျေးဇူးတင်ရှာလေ၏။
“ကျေးဇူးတင်လိုက်တာခင်ဗျာ ငွေကို ကျွန်တော် ကျွန်ခံပြီး ပြေအောင် ဆပ်ပေးပါ့မယ်”ဟု စိတ်အားထက်သန်စွာနှင့် ပြောရှာ၏။
ထိုအခါ ကျွန်ုပ်က “မဆပ်ရပါဘူးဗျ၊ ခင်ဗျားအလှူထဲကို ထည့်မလို့၊ ကျုပ်တို့ရှစ်ယောက်သား ငွေစုတာ ၃၈ကျပ် ရတယ်။ အခု ၁၆ ကျပ် နားကပ်ရွေးလိုက်ပြီ၊ ၂၂ကျပ်ကျန်တယ်။ ခင်ဗျားအလှူကူငွေ ၁၅ကျပ်လောက် ရတယ်ဆိုမဟုတ်လား၊ အဲ့အထဲက ပေးစမ်း၊ ကိုင်း သူကြီးရော့ ၃ဝကျပ်၊ ခင်ဗျားတို့ကျွဲခြံက ကြွေးရှင်ကို အရင်း ၂၈ကျပ် အတိုး ၂ကျပ်လောက်ထားပြီး ဆပ်ပေးပါဗျာ။ ကိုင်း ကိုထွန်းကျော်မှာ ကျန်တဲ့ ၇ကျပ်လောက်ကို ချွေတာစားပေတော့”
“ဒီလိုဖြင့်ဗျာ၊ ကျွန်တော့်အလှူ၊ ဘယ်မှာ ကျန်တော့မလဲဗျ”
“ကျန်ရုံမကဘူး။ ပိုတောင်ပိုသေးတယ်။ ခင်ဗျားရေစက်ချ ကတည်းက အလှူမြောက်ပြီးလို့ ခင်ဗျား အကုန်ရပြီးပြီ။ အခု နောက်ရတဲ့ အလှူငွေတွေက သူ့ကုသိုလ်နဲ့သူလာတာ တခြားစီ”ဆို၍ ပါဠိသံ လေးငါးခြောက်လုံးထည့်ကာ ခပ်ထွားထွားပြောရလေသည်။
ဤသို့ အင်္ဂလိပ်စာတတ်၊ မြို့သားလူလည်နှစ်ယောက်က ပါဠိ သံတွေ ဘာတွေနှင့် ကိုယ်လိုရာဘက်ကို ဆွဲ၍ ရွှန်းရွှန်းဝေအောင် ပြောပြသောအခါ တောသားလူရိုးခမျာမှာ ဟုတ်ကဲ့…အင်း ဟုတ်ကဲ့…နှင့်၊ ခေါင်းညိတ်၍သာ နေရရှာလေသတည်း။
——————————
ကျွန်ုပ်တို့သည် ဖိုးဝိုင်းအစုမှ ကျွဲခြံသို့ ရွှေ့ခဲ့၍ လက်ပံတန်းပြန်မည်ဟု လှည်းပြင်နေကြစဉ် ကိုထွန်းကျော်သည် တောင်းတစ်လုံးကို ထမ်း၍ အပြေးကလေး ပေါက်လာလေ၏။ တောင်းတွင် ဖရုံသီး၊ ရုံးပတီသီး၊ ချဉ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက်အပြည့်ပါ၏။
“ကျွန်တော် တတ်နိုင်သမျှကလေး ပေးလိုက်စမ်းပါရစေခင်ဗျာ” ဆို၍ လှည်းပေါ်တွင် တင်လာ၏။ ကျွန်ုပ်တို့အားလုံးကပင် ကျေးဇူးတင်
ကြောင်း ပြော၍ လှည်းထွက်လာစဉ် ကိုထွန်းကျော်သည် လှည်းနောက်က လိုက်ပါလာလေ၏။
“ဘယ်ကို လိုက်မလို့လဲ ကိုထွန်းကျော်” “လိုက်ပို့ပါရစေခင်ဗျာ”
“ဟာ…ကျုပ်တို့က လှည်းနဲ့၊ ခင်ဗျားက အောက်က၊ နေကလည်း ပူသနဲ့ လိုက်ပို့ဖို့လည်း မလိုဘူး။ ကိုင်း ကိုင်း ပြန်တော့ဗျာ”
“ဝေးဝေး မဟုတ်ပါဘူး။ တစ်ခေါ်လောက်ပါ။ ကျေးဇူးတင် လွန်းလို့ပါခင်ဗျာ”
သို့နှင့် ခေါင်းမာသော ကိုထွန်းကျော်သည် အတင်းလိုက်ခဲ့၍ အတန်ကွာရောက်သောအခါ ကျွန်ုပ်တို့သည် လှည်းကိုရပ်၍ “ကိုင်း ကိုထွန်းကျော်၊ ခင်ဗျားပြန်ရင်ပြန်၊ မပြန်ရင်တော့ ကျုပ်တို့လည်း လှည်းမမောင်းတော့ဘူး။ ဒီမှာပဲ ရပ်နေတော့မယ်”ဟု အတင်းကိုင်လေမှ ပြည့်တင်း ပြန့်ကျယ် ရိုးသားသော မျက်နှာကြီးဖြင့် အတန်ကြာ စူးစိုက် ကြည့်ပြီးမှ ရုတ်တရက်ထိုင်လိုက်ကာ ကျွန်ုပ်တို့ဘက်သို့ ဦးချကန်တော့ ရှာလေသတည်း။ ဦးစံရွှေနှင့် ကျွန်ုပ်သည် ကိုင်ဆွဲထစေ၍ ရွာဘက်သို့ တွန်းပို့လိုက်ရလေ၏။
ဦးစံရွှေ။ ။“တောက လူတွေ သိပ်သနားဖို့ ကောင်းတာပဲဗျ။ စိတ်နဂိုအတိုင်း လူရိုးလူကောင်းတွေဗျ၊ အခြေအနေ ဆိုးဝါးငတ်မွတ်လာ ကြတော့လည်း မနေနိုင်တော့ဘူး။ ဆိုး၊ ခိုး၊ တိုက် ဖြစ်ကုန်ရတာပဲ။ ခံနိုင် သမျှတော့ ခံကြတယ်။ မခံနိုင်တဲ့တစ်နေ့ကျတော့ အသက်စွန့်ပြီး သူပုန် ထပစ်လိုက်ကြတာပဲ”
` ကျွန်ုပ်။ ။“ ဒါကြောင့်မို့လည်း တောကျေးလက်က လူတွေ အသိ ပညာ အလိမ္မာတိုးပြီး အနေအစား ချောင်လည်ချမ်းသာကြအောင် ပြုပြင်စီမံကူညီပေးဖို့ လိုတာပေါ့ ဗျ”
ဒီလို ကျေးလက်ပြုပြင်ရေးတွေဟာ အစိုးရ အကြီးအချုပ်တွေ ရဲ့ တာဝန်ပဲဗျ၊ သူတို့ကို တိုက်တွန်းပေးဖို့ ကောင်းတယ်”
“သူတို့ကို တိုက်တွန်းနေရင် နှောင့်နှေးရုံရှိမှာပဲကိုယ့်လူ၊ သူတို့ ကိုလည်း တိုက်တွန်း၊ ကိုယ့်ဟာလည်း ကိုယ်လုပ်ပေါ့ ဗျ”
“ကိုယ့်ဟာကိုယ်လုပ်ဆိုတာ မလွယ်ဘူးဗျ။ ကျုပ်တို့မှာ အချိန် လည်း မရှိ၊ ကြေးငွေလည်း မပြည့်စုံဘူး”
“အလုပ်ဆိုတာ နည်းနည်းသေးသေး တတ်နိုင်သမျှက စရတာ ပေါ့ ဗျ။ ခင်ဗျားက မလုပ်နိုင်ဘူးသာ ပြောတယ်။ အခုခင်ဗျား လုပ်နေတာပဲဗျ”
“ဘယ်မှာ လုပ်ရလို့လဲဗျာ”
“အို..အခု၊ ဟို မိတဆိုးရှင်ပြုမှာ ခင်ဗျားတို့ ပြုမူဆောင်ရွက်ခဲ့တာတွေဟာ ဘယ့်လောက် တာသွားတယ် ထင်လို့လဲ”
“ဟာ… ဒါကတော့…”ဆို၍ ဦးစံရွှေကြီးသည် ဆက်မပြောတော့ဘဲ ပြုံးတုန်းတုန်းကြီး လုပ်နေလိုက်လေသတည်း။ ။

Zawgyi Version

မိတဆိုးရွင္ျပဳ(စ/ဆုံး)
————————-
လြန္ခဲ့ေသာ ၃ ႏွစ္ေလာက္က ရန္ကုန္ျပည္ မီးရထားလမ္းရွိ လက္ပံတန္းၿမိဳ႕သို႔ ေက်ာင္းစစ္ေရာက္၏။
‘ ထိုၿမိဳ႕အမ်ိဳးသားေက်ာင္း၊ ေက်ာင္းအုပ္ႀကီးမွာ ဦးစံေ႐ႊ ျဖစ္၍ လြန္ခဲ့ ေသာ ၁၂၈၂ ခုႏွစ္ သပိတ္ေမွာက္စက ပါရင္းစြဲသပိတ္ေမွာက္ ေက်ာင္းသားေဟာင္းျဖစ္၏။
လက္ပံတန္းၿမိဳ႕ အမ်ိဳးသားေက်ာင္းတြင္ ၁၇ ႏွစ္လုံး လူ၊ စိတ္၊ ေငြ အပင္ပန္းအနစ္နာခံ၍ ေဆာင္႐ြက္ၿပီးေနာက္ ၁၂၉၉ ခုႏွစ္ကုန္ခါနီးတြင္မွ မိမိျပဳစုပ်ိဳးေထာင္ခဲ့ေသာ အမ်ိဳးသားေက်ာင္းႀကီးကို လည္းေကာင္း၊
သားမယား အရင္းအခ်ာတို႔ကိုလည္းေကာင္း၊ ကြၽႏ္ုပ္တို႔ မိတ္ေဆြရင္းခ်ာတို႔ကိုလည္းေကာင္း စြန႔္ပစ္ကာ ဘဝတစ္ပါးေျပာင္းသြား ကြယ္လြန္ေလသတည္း။ ေကာင္းမြန္ရာသို႔ ေရာက္၍ ကိုယ္စိတ္ႏွစ္ပါးခ်မ္းသာပါေစေသာ္။
ဆိုခဲ့ေသာ ၃ ႏွစ္က ကြၽႏ္ုပ္၊ ဦးစံေ႐ႊ၊ ဆရာတစ္ေယာက္၊ ေက်ာင္းသား ၅ ေယာက္၊ ေပါင္း ၈ ေယာက္လူတစ္စုသည္ ၿမိဳ႕အေရွ႕ဘက္ဆီ၌ရွိေသာ
ေတာင္ေျခသို႔လွည္းႏွင့္ အလည္အပတ္သြားေရာက္ၾက၏။ ေတာင္ေျခ႐ြာ ကေလးတစ္ခုျဖစ္ေသာ ကြၽဲၿခံ႐ြာသို႔ေရာက္ရွိ၊ သူႀကီးဦးလွေဖ၏အိမ္တြင္ စတည္း ခ်ၾက၏။
လည္ပတ္ခ်က္ျပဳတ္ စားေသာက္ေနၾက၍ တစ္ညအိပ္ၿပီးေနာက္ ညေနတြင္မလွမ္းမကမ္း႐ြာငယ္တစ္ခုမွ ေျဗာသံၾကားရသျဖင့္ ေမးျမန္းၾကည့္ရာ တစ္ေခၚသာသာေလာက္ေဝးေသာ
ဖိုးဝိုင္းအစုေခၚ ႐ြာငယ္ကေလးမွ ကိုထြန္းေက်ာ္၏သား ရွင္ျပဳအလႉ ျဖစ္ေၾကာင္းၾကားသိရ၏။
ကြၽႏ္ုပ္သည္ေျဗာသံကို ႏွစ္သက္ၾကည္ညိဳရင္းရွိသည့္ျပင္ ေတာ႐ြာ ရွင္ျပဳသို႔ လည္း ေရာက္လိုသည္ႏွင့္ ဦးစံေ႐ႊႏွင့္ တိုင္ပင္ကာ ကြၽႏ္ုပ္တို႔ သုံးေလးေယာက္ ေလွ်ာက္လာခဲ့ၾက၏။
ဖိုးဝိုင္းအစုမွာ ကြၽဲၿခံသူႀကီးအပိုင္ ကြၽဲၿခံ႐ြာမွခြဲေနေသာ ေျခာက္အိမ္ ခုနစ္အိမ္မွ်ရွိသည့္ အိမ္စုကေလးျဖစ္၏။ ထိုအိမ္စုတြင္ အႀကီးအမႉးဟု အသိအမွတ္ျပဳေသာ ဆယ္အိမ္ေခါင္း ဦးဝိုင္းကိုအစြဲျပဳ၍ “ဖိုးဝိုင္းအစု” ဟု ေခၚျခင္းျဖစ္သည္။
အလႉအိမ္ျဖစ္ေသာ ကိုထြန္းေက်ာ္၏အိမ္မွာ တဲသာသာမွ်ရွိေသာ ဝါးအိမ္ငယ္ျဖစ္၍ အင္ဖက္မိုး၊ အင္ဖက္ကာ၊ ဝါးခင္းျဖစ္၏။
ဘုံျပာသာဒ္၊ မုခ္တို႔ျဖင့္ အဆန္းတၾကယ္ တန္ဆာဆင္အပ္ေသာ မ႑ပ္ မလိုေခ်။ အိမ္ေရွ႕ႏွင့္အိမ္ေဘးရွိ သစ္ပင္ႀကီးတို႔သည္ ဓမၼတာအေလ်ာက္ေပၚေပါက္၍ေနေသာ မ႑ပ္မ်ားျဖစ္ေပ၏။
အိမ္ေရွ႕ေခါင္းရင္းဘက္ သရက္ပင္ေအာက္တြင္ခ်ဴခ်ာေသာ သစ္သား ခုတင္ေဟာင္းတစ္ခုခ်ထားၿပီးလွ်င္ ခုတင္ေပၚ၌ ႏွီးေၾကာဖ်ာ တစ္ပတ္ႏြမ္းေထာင့္စုတ္ခင္းရ၏။ ဟိုေရွးကထုံးစံအတိုင္း ပရိကၡရာ တစ္ပြဲ၊ ကြမ္းေတာင္တစ္ခု၊ ကန္ေတာ့ပြဲတစ္ခု၊ သေျပ႐ြက္၊ အုန္း႐ြက္ႏွင့္ ေတာပန္းတစ္ခက္ႏွစ္ခက္စိုက္ထားေသာ ပရိတ္အိုးတစ္ခုတို႔ကိုထား၏။
ရွင္ေလာင္းမွာ ၁၁ ႏွစ္ ၁၂ ႏွစ္သားေလာက္ရွိမည္ထင္သည္။ ေျမ၊ ေရ၊ ေလ၊ မီး ဓာတ္ႀကီးေလးပါးႏွင့္ သမလ်က္ ကြၽဲေက်ာင္းသား၊ ႏြားေက်ာင္းသား ျဖစ္၍ ကိုယ္လုံး ကိုယ္ဖန္ေကာင္း၏။ လုံခ်ည္တိုတိုတစ္ထည္ႏွင့္ ႀကီးခဲ့ရသူျဖစ္၍ အသားမည္းညစ္၏။ အဂၤလိပ္ေက်ာင္းသားကဲ့သို႔ ဗိုလ္ဆံေတာက္ျဖတ္ျခင္း၊
‘ တို႔ပတ္႐ိုက္ျခင္း၊ ေရေမႊးဆြတ္ျခင္း စသည္တို႔ကိုမျပဳခဲ့ရ။ ေခါင္းတုံးေျပာင္ေျပာင္ႏွင့္ျဖစ္၏။
စြပ္က်ယ္လက္တိုႏွင့္ ပိတ္လုံခ်ည္အျဖဴကို ဝတ္ဆင္ထားသျဖင့္ ဖိုးသူေတာ္အငယ္စားပင္ျဖစ္၏။ ခ်ည္မွ်င္စလြယ္တစ္ခုသာ ဖိုးသူေတာ္ထက္သာေလသည္။
အဆိုပါ “ခုတင္ၾကမ္းေပါက္၊ သုံးေခ်ာင္းေထာက္” အေပၚ ႏွီးေၾကာဖ်ာ ထက္တြင္ အၾကင္ရွင္ေလာင္းသည္ တင္ပ်ဥ္ေခြလိုက္၊ ဒူးတုပ္လိုက္၊
ေဆာင့္ေၾကာင့္ထိုင္လိုက္၊ ဟိုၾကည့္လိုက္၊ သည္ၾကည့္လိုက္ႏွင့္ အခ်ိန္ကုန္လြန္ေစ၏။ မိမိေမြးၿပီးစ ခုနစ္ရက္ေလာက္၌ ကင္ပြန္းတပ္ေသာ ပထမ မဂၤလာ၊ ေနာက္ ယခုရွင္ျပဳ မဂၤလာႀကီးသည္ ဤရွင္ေလာင္းငပုအတြက္ ဒုတိယမဂၤလာ ျဖစ္၏။ သီးသန႔္ထားေသာ ေနရာအျမင့္အျမတ္တြင္ မိမိတစ္ဦးတည္း အဝတ္သစ္အစားသစ္ႏွင့္ ထိုင္ေနရသည့္အျပင္ လူအမ်ား ဝိုင္း၍ၾကည့္ရေသာ လူတစ္ေယာက္ျဖစ္လာသည့္အေနျဖင့္ ငပုသည္ အလြန္ႏွစ္သက္ဝမ္းေျမာက္ပုံလည္းရ၏။ စိတ္ႂကြေျမာက္ေနပုံလည္းရ၏။
ကြၽဲႏြားေက်ာင္းဖက္၊ က်ည္းသား႐ိုက္ဖက္၊ ငွက္ပစ္ဖက္၊ ငါးရွာဖက္လည္းျဖစ္ၾကေသာ ေခါင္းတုံး၊ ေရာင္ထုံး၊ ဗိုက္ပူ၊ ရင္ေကာ့ႏွင့္ အကြက္ မေပၚေသာ ခ်ည္လုံခ်ည္ထည္ခ်င္းျဖင့္ တန္ဆာဆင္ျခင္းလည္း ရွိထေသာ၊ ႏွပ္ေၾကာင္း၊ ေၾကးေၾကာင္း၊ ေၾကးကြက္တို႔ႏွင့္ မက္ဖြယ္၊ ခ်စ္ဖြယ္၊ ႏွစ္သက္ဖြယ္ လည္းျဖစ္ထေသာ ထိုထိုငယ္ေပါင္း သူငယ္ခ်င္း ေကာင္းမ်ားျဖစ္ၾကေသာ ငခ်စ္ ငေတ၊ ငေ႐ႊ၊ ငေခြး၊ ငေအး၊ ထြန္းေပၚ၊ ငေက်ာ္စေသာလူတစ္စုသည္ ရွင္ျပဳမည့္
လူထူးကို အဖူးအေျမာ္၊ အေပ်ာ္ အျပက္၊ ဝိုင္းလ်က္ တေသာေသာ၊ အာလာပ သလႅာပေျပာေဟာ၍ ေနၾကေလသတည္း။
မိန္းမသူငယ္ခ်င္းမ်ားလည္း ရွိၾကေသးသမို႔။ ၎တို႔အနက္ သြက္လက္ေသာ မိပန္းသည္ နားခမ္းျပတ္လုံခ်ည္၊ တစ္ထည္ေသာ ဖ်င္အက်ႌႏွင့္ ထိုငခ်စ္၊ ငေတစေသာ ေယာက္်ားကေလးတို႔ကို တိုးေဝွ႔ဖယ္ရွား၍ အနားသို႔ကပ္ေရာက္ကာ …
“ငပုရယ္၊ နင္ေတာ့ ကိုရင္ျဖစ္ရင္၊ ညေနမွာထမင္း သိပ္ဆာမွာပဲေနာ္”
“ေအာင္မယ္ ၊ မိပန္းရယ္၊ ငါအက်င့္လုပ္ ထားပါတယ္ကြယ္။ မဆာပါဘူး။ ဆာရင္လဲေလ၊ ထန္းလ်က္တို႔ သၾကားတို႔စားရတယ္တဲ့ခင္ဗ်။”
“ေအး … ေအး၊ ဆာရင္လည္းေအာင့္ထားတာေပါ့ကြယ္။ နင္ လူထြက္ ေတာ့ေလ၊ ငါလာႀကိဳမယ္ေနာ္။ တို႔အိမ္မွာ ထမင္းစားသိလား။ ၿပီးေတာ့ တို႔ႏြားေက်ာင္းတဲ့ထိန္အင္းထဲကို သြားလည္ရေအာင္ေနာ္ … ေနာ္။”
“ေအးပါကြယ္၊ လည္တာေပါ့။
ထိုအခါ ငေခြးကဝင္၍ “ေဟ့ မိပန္း၊ နင္တို႔ႏွစ္ေယာက္တည္းလား။ တို႔ေကာမလိုက္ရဘူးလား။”
“ဟာ၊ လိုက္ရတာေပါ့ကြဲ႕။ အကုန္လုံးသြားရင္ သာေတာင္ေပ်ာ္ေသး တာေပါ့။”
ငေတ။ ။ “အမယ္ ….. နင္ကတို႔ကို လိုက္ေစခ်င္မွာ မဟုတ္ပါဘူး” ဟု ရယ္၍ေျပာေလ၏။
မိပန္း။ ။ “ေဟ့ … ငေတဘာေျပာတာလဲ။ နင္ေျပာင္ စရာလား။ ဘာမွတ္လို႔လဲ” ဆို၍ ငေတ့အနားသို႔ လက္သီးဆုပ္၍ ကပ္သြားေလ၏။
ငေတကားေနာက္သို႔ယို႔သြားၿပီး “က်ီစားတာပါကြယ္၊ မိပန္းကလဲ စိတ္ခ်ည္းပဲ။”
“ဒီလိုမက်ီစားရဘူး။ ေနာက္တစ္ခါေျပာရင္ေတာ့ နား႐ြက္ကိုဆြဲၿပီး အေမႊ႕ခံရမယ္သိရဲ႕လား။”
မိပန္းစေသာ သူငယ္မတို႔မွာ ေယာက္်ားကေလးမ်ားႏွင့္ အေနအစား အခြင့္တူ၊ တန္းတူျဖစ္ၾက၍ ရဲရင့္သန္မာၾက၏။ အေျပးအလႊား၊ အခုန္အေက်ာ္၊ ထုပ္ဆီးတမ္း၊ ဖန္ခုန္တမ္းတို႔မွာလည္းစြမ္းၾက၏။ တစ္ခါ တစ္ခါ ေယာက္်ား ကေလးမ်ားႏွင့္ နပန္းပင္လုံးရ၏။ မိပန္းတို႔ ေအာက္မက်ေပ။ ေထြခင္းတမ္း ကစားရာ၌ မိပန္း၏အစီးကို ထိုေယာက္်ားကေလးမ်ား မခံဖူးသူမရွိေခ်။
ကြၽႏ္ုပ္တို႔ေရာက္လွ်င္ ညေန ၅ နာရီေလာက္၌ မိဆိုင္ ဖဆိုင္နတ္မ်ားကို၊ ကန္ေတာ့ရန္ဟု အိမ္ေရွ႕ကုကၠိဳပင္ႀကီး ေအာက္တြင္ က်ဴထရံဖ်ာ တစ္ခ်ပ္ႏွင့္ ကန္ေတာ့ပြဲတစ္ခုထား၏။ ရွင္ေလာင္းက ေရွ႕ထိုင္၍ ရွိခိုးေန၏။ အဖလုပ္သူက ေဘးနားက ထိုင္ကာ လက္ယွက္ေန၏။
ရွင္ေလာင္းအဖ ကိုထြန္းေက်ာ္သည္ကား ၃၅ ႏွစ္ေက်ာ္ေလာက္ ရွိမည္ထင္သည္။ ေတာသား၊ လုပ္စားကိုင္စားျဖစ္၍ တုတ္ခိုင္သန္မာ၏။ ပုံၾကမ္း၏။ အသားမည္းညိဳ၏။ သားရွင္ျပဳ အလႉေတာ္ႀကီးတြင္ ဝတ္စားရန္ဟု မေန႔ တစ္ေန႔ကမွ လက္ပံတန္းေဈးက တစ္က်ပ္မူးတင္းႏွင့္ ဝယ္ခဲ့ေသာ အနီေရာင္ ၊ လုံခ်ည္ အသစ္စက္စက္ကိုဝတ္ထား၏။ ေကာ္မက်ိဳးေသး၍ ပြေယာင္းကာ
ေထာင့္ဆြဲၿပီးလွ်င္ မညီမၫြတ္အခ်ိဳး မက်ျဖစ္ရ၏။ အက်ႌမွာ ငါးပဲတန္အပါးစား ၊ စြပ္က်ယ္ျဖစ္၍ ႀကီးမားေသာကိုယ္ႏွင့္ မလိုက္၊ တင္းက်ပ္ကာ အက်ႌလက္မွာ
လက္ေမာင္းရင္းသို႔ကပ္ေန၏။ အက်ႌပါးေလသျဖင့္အတြင္းက မည္းညိဳေသာ အသားေရာင္ကို လုံးဝေပ်ာက္ကြယ္ေအာင္ဖုံးအုပ္ျခင္းငွာမစြမ္းေခ်။ ေခါင္းတုံး ေျပာင္ေျပာင္တြင္ တစ္ပတ္ႏြမ္း မ်က္ႏွာသုတ္ ပဝါကိုပတ္ေပါင္းထား၏။
ဤသို႔နတ္ကန္ေတာ့ရန္ ထိုင္ေနၾကစဥ္ အမိကိုမျမင္၍ ေမးျမန္းၾကည့္ရာ လြန္ခဲ့ေသာႏွစ္က ေသဆုံးသြားေၾကာင္း၊ မိတဆိုးျဖစ္ေၾကာင္း သိရေသာအခါ၊ ကြၽႏ္ုပ္တို႔ဝမ္းနည္းၾကရကုန္၏။
ကန္ေတာ့ၾကမည္ဟု ဦးခ်ေသာအခါ အိမ္ေျခရင္းဘက္က်က် ၊ ႀကိဳ႕ပင္ေအာက္မွ ေျဗာဆရာတို႔က နတ္ဒိုးတီး၍ ေပးလိုက္ၾကေလ၏။ နတ္ဒိုးသံသည္ စိတ္ကိုအလြန္ထိခိုက္ လႈပ္ရွားသြားေစႏိုင္သည္။ ကြၽႏ္ုပ္တို႔ ေယာက္်ားမ်ားပင္ ႐ိုး႐ိုး႐ြ႐ြ တုန္လႈပ္လာကာ လြမ္းသလိုလို၊ ေၾကာက္သလိုလို ၾကက္သီးမ်ားပင္ ၊
ထ၍ စိတ္တို႔သည္ ေခ်ာက္ခ်ားလြင့္ေျမာက္ ရွိၾကရကုန္၏။ မိန္းမတို႔ကား ဆိုဖြယ္ရာမရွိ၊ လူစိတ္ေပ်ာက္ သြားေလာက္ေအာင္နတ္ဝင္ၾကသည္ဆိုသည္မွာ ဟုတ္တန္စရာရွိ၏။
ဤသို႔ နတ္ဒိုးတီးေပးစဥ္ ကန္ေတာ့ေသာအခါ ကိုထြန္းေက်ာ္သည္ မိဘမစုံ မိတဆိုးျဖစ္ရွာေသာ သားငယ္ရွင္ေလာင္းကိုၾကည့္၍ လည္းေကာင္း၊ သြားေလသူ မိမိ၏ဇနီး မသင္၏ ေနရာကြက္လပ္ကို ၾကည့္၍လည္းေကာင္း၊ ဝမ္းနည္းပက္လက္ စိတ္လက္မသာ ျဖစ္ရရွာေလ၏။ ထို႔ေၾကာင့္လည္း မ်က္ႏွာ နီလာ၍ မ်က္ေတာင္ျမန္ျမန္ခတ္ကာ ေခါင္းေအာက္စိုက္လိုက္သည္ကို ၊ ျမင္လိုက္ရ၏။
ကြၽႏ္ုပ္တို႔လည္း ဣေျႏၵ မဆည္ႏိုင္ၾကကုန္။ လူ၏စိတ္ကို လႈပ္ရွားေစေသာ နတ္ဒိုးသံကိုလည္းေကာင္း၊ မိတဆိုးမ်က္ႏွာငယ္ ရွင္ေလာင္းကိုလည္းေကာင္း၊ မ်က္ရည္စက္လက္ႏွင့္ ရွင္ေလာင္း၏ဖခင္ကိုလည္းေကာင္း ကြၽႏ္ုပ္တို႔ၾကားရျမင္ရ၊ ေတြ႕ရေသာအခါ အသို႔လွ်င္စိတ္ကို ခ်ဳပ္တည္းႏိုင္ၾက အံ့ေတာ့နည္း။
ဤတြင္မၿပီးေသး။ ကန္ေတာ့ျခင္းကိစၥၿပီး၍ မၾကာမီပင္ ေျဗာဆရာတို႔က ေျဗာဆက္၍ တီးလိုက္ျပန္ေသာအခါ နတ္ဒိုးထက္ပင္ ဆိုး၍သြားေလေတာ့၏။ ေျဗာသံသည္ တန္ခိုးႀကီးလွ၏။ ၾကည္ႏူးစိတ္၊ ၾကည္ညိဳစိတ္၊ ယိုဖိတ္စိတ္ ျဖစ္ပြားေစသည့္အျပင္ လြမ္းစိတ္၊ ေမွ်ာ္ေခၚစိတ္၊ လြင့္ေျမာက္စိတ္တို႔ကိုလည္းျဖစ္ေစႏိုင္၏။
ဤေျဗာအတီးတြင္ကား ကိုထြန္းေက်ာ္သည္ အိမ္ေနာက္ေဖးသို႔ ထြက္သြားကာ ရႈိက္ႀကီးတငင္ ပူပင္လႈိက္ဖို၊ ႀကိတ္၍ ငိုရွာေလေတာ့သတည္း။
“မယ္သင္ရယ္၊ သားကိုရွင္ျပဳ ၿပီးေအာင္မွမေစာင့္ဘူးလားကြယ္” ဟု ကြၽႏ္ုပ္တို႔ၾကားလိုက္ရ၏။
သားငယ္ငပုသည္လည္း အဖေနာက္သို႔လိုက္ကာ အဖ၏လက္ကို ကိုင္စြဲမွီတြယ္၍ ဘယ္ဆီဘယ္လမ္း၊ ဘယ္စခန္းမွေမွ်ာ္မွန္း၍ မရႏိုင္ေသာ အမိကိုတမ္းတလ်က္ သားအဖႏွစ္ေယာက္ ငိုပြဲဆင္ၾကေလသတည္း။
ကြၽႏ္ုပ္တို႔လူစုလည္း ထိုသားအဖႏွစ္ေယာက္အနီးသို႔ ေရာက္မွန္းမသိ ေရာက္သြားကာ မ်က္ရည္လည္႐ြဲႏွင့္ ျဖစ္ၾကရကုန္၏။
ကိုထြန္းေက်ာ္သည္ ကြၽႏ္ုပ္တို႔ကိုေျပာေယာင္ေယာင္ျဖင့္ “မယ္သင္ သာရွိရင္ေတာ့ဗ်ာ” ဟူ၍ ဤတစ္ခြန္းကိုသာ ေျပာတတ္ရွာ၏။ ဤတစ္ခြန္းကိုသာ ေျပာႏိုင္ေတာ့၏။
သို႔ရာတြင္ ဤ “မယ္သင္သာရွိရင္ေတာ့ဗ်ာ” ဆိုေသာ စကားတစ္ခြန္းသည္ အလြန္က်ယ္ဝန္းမ်ားျပားေလးနက္ေသာ အဓိပၸာယ္ကိုေဆာင္ေတာ့၏။
ဤေလးလုံးေလးဖက္ေယာက္်ားႀကီးသည္ ဖြဲ႕ႏြဲ႕ခြၽဲပ်စ္၍ ေအာ္ဟစ္ငိုသည္မဟုတ္ဘဲ လႈိင္းထေသာရင္အုံျဖင့္ အတြင္းကဆူလႈိက္၍ ႀကိတ္ကာ ငိုေႂကြးေနသည္ကို ျမင္ၾကရေသာအခါ
မည္သူမွ်စိတ္မတင္းႏိုင္ေတာ့ေခ်။ ကြၽႏ္ုပ္တို႔ မိတ္ေဆြဦးစံေ႐ႊမွာ မ်က္ရည္စမ္းစမ္းႏွင့္ တစ္ဖက္သို႔လွည့္ေန၏။ ကြၽဲၿခံသူႀကီးသည္ ခပ္လွမ္းလွမ္းသို႔ ေလွ်ာက္သြားကာ မၾကာမၾကာႏွပ္ညႇစ္ ရေလ၏။
ၾကည့္ေနေသာ မိန္းမႀကီးငယ္တို႔လည္း အက်ႌလက္၊ တဘက္ စသည္ျဖင့္ မၾကာမၾကာမ်က္ရည္သုတ္ၾက၏။ အဘိုးႀကီးမ်ားပင္ ဟိုလိုလို သည္လိုလိုလုပ္ကာ ေရွာင္ခြာသြားၾကရကုန္၏။
ငေတတို႔၊ ငေခြးတို႔လူစုႏွင့္ မိပန္းတို႔တစ္စုသည္လည္း မိမိတို႔၏ ကစားဖက္ကို မၾကည့္ရက္ၾကသကဲ့သို႔ မိပန္းက ေခါင္းေဆာင္ကာ ငပုလက္ကို ဆြဲေခၚ၍ ရွင္ေလာင္းေနရာခုတင္သို႔ ေဆာင္ယူခဲ့ၾကေလသတည္း။
ကြၽႏ္ုပ္တို႔သည္ ဤမိတဆိုးရွင္ျပဳကို အလြန္သနားေစတနာရွိလာၾကသည္ႏွင့္ ဦးစံေ႐ႊႏွင့္တိုင္ပင္ကာ အလႉအိမ္တြင္ ညအိပ္၍ တတ္ႏိုင္သမွ် ကူညီရန္ ဆုံးျဖတ္လိုက္ၾကေလသည္။ သို႔ေလ်ာ္စြာ ကြၽႏ္ုပ္တို႔၏ဝန္စည္မ်ားကို ကြၽဲၿခံမွေျပာင္းယူကာ
အလႉအိမ္ေရွ႕ ကုကၠိဳပင္ေအာက္ ေျခရင္းတစ္ဝိုက္တြင္ ၾကမ္းေလးငါးခ်ပ္ႏွင့္ ကြၽႏ္ုပ္တို႔စံရာဘုံဗိမာန္ကို ဖန္ဆင္းလိုက္ၾက၏။ အလႈရွင္သည္လည္း အလြန္အားတက္ အားရသြားရွာေလ၏။ နံနက္တြင္အလႉလာသူတို႔အား ထမင္းေကြၽးရန္ ၿပီးတန္သေ႐ြ႕ကို
ယခုညက ျပင္ဆင္ခ်က္ျပဳတ္ထားၾကရမည္ျဖစ္ရာ ကြၽႏ္ုပ္တို႔ရွစ္ေယာက္သား အပင့္အေခၚ မေစာင့္ဘဲ အတင္းဝင္၍ ထင္းခြဲျခင္း၊ ေရခပ္ျခင္း၊
ေဆးေၾကာျခင္း၊ ေၾကာ္ေလွာ္ျခင္း စသည္တို႔ကိုအားတိုက္ လုပ္ကိုင္ေသာအခါ အလႉရွင္ႏွင့္ ႐ြာသားတို႔သည္ အားနာသမႈတားဆီးၾက၏။ သို႔ရာတြင္ ေခါင္းမာေသာ ကြၽႏ္ုပ္တို႔ကို လက္ေလွ်ာ့ၾကရကုန္၏။
ထူးသည္ကား ထိုအခါ၌ ကြၽႏ္ုပ္တို႔သည္ ၿမိဳ႕အရပ္မွ အဂၤလိပ္ စာတတ္ ေပတတ္ျဖစ္ေၾကာင္း၊ အဂၤလိပ္ေက်ာင္းသား၊ အဂၤလိပ္ေက်ာင္းဆရာ၊
ေက်ာင္းအုပ္ႀကီး၊ ပညာဝန္မ်ားျဖစ္ေၾကာင္းကို သူႀကီးက ေလာကြတ္ေခ်ာ္ကာ ေျပာထားႏွင့္ေလသည္ႏွင့္သိၾကေလၿပီ။ ထို႔ေၾကာင့္လည္း ၿမိဳ႕သားအဂၤလိပ္စာ တတ္တို႔ထင္းခြဲျခင္း၊ ေရခပ္ျခင္းစေသာ လက္အလုပ္ အလုပ္ၾကမ္းတို႔ကို အဟုတ္လုပ္ကိုင္သည္ကို ျမင္ရေသာအခါ အလြန္အံ့ဩၾကကုန္၏။
အေၾကာင္းေသာ္ကား အဂၤလိပ္စာတတ္သူမ်ား လက္အလုပ္အလုပ္ၾကမ္းကို လုပ္လွ်င္ ငရဲႀကီးတတ္သည္ဟု ၾကားဖူးေသာေၾကာင့္ ျဖစ္ဟန္တူေလသည္။
မေနႏိုင္ေသာ႐ြာသားတစ္ေယာက္က “ခင္ဗ်ားတို႔ အဂၤလိပ္စာတတ္ ၿမိဳ႕သားမ်ား၊ ထင္းခြဲ၊ ေရခပ္၊ ခ်က္ျပဳတ္၊ ေၾကာ္ေလွာ္လုပ္တတ္တယ္ဆိုတာ ဒိ႒ျမင္ရလို႔သာယုံရေတာ့ တာပဲ၊ က်ဳပ္ျဖင့္သိပ္အံ့ၾသတာပဲ” ဟုေျပာေလသည္။
ထိုအခါ ကြၽႏ္ုပ္တို႔ႏွစ္ေယာက္ စိတ္ေျမာက္သြားကာ ကြၽႏ္ုပ္က “အမယ္ ဒါတြင္မကေသးဘူး၊ တံျမက္စည္းလည္း လွည္းတတ္ပါတယ္” ဆို၍ ဟန္က် ပန္က်သြက္လက္စြာလွည္း လိုက္ေလသည္။
ဦးစံေ႐ႊႀကီးကလည္း အညံ့မခံဘဲ “အမယ္က်ဳပ္လည္း ပန္းကန္ ခြက္ေယာက္ ေဆးတတ္ပါေသးတယ္” ဆို၍ ခပ္ျမန္ျမန္ႏွင့္ စင္စင္ၾကယ္ၾကယ္ ေဆးျပလိုက္ေလ၏။
အလႉရွင္ႏွင့္ ႐ြာသူ႐ြာသားတို႔လည္း အားရပါးရ ရယ္ေမာၾကေလသတည္း။
ညဆယ္နာရီေလာက္တြင္ ညဦးအလုပ္ၿပီး၍ အိပ္ရာသို႔ဝင္ၾက၏။ မိတဆိုးသားအဖကို တေရးေရးျမင္ေနသည္ႏွင့္ ကြၽႏ္ုပ္ကဦးစံေ႐ႊအား ဤသို႔ စ၍ေျပာ၏။
“ဒီမိတဆိုးသားအဖျမင္ရတာ က်ဳပ္ေတာ့ သိပ္သနားတာပဲဗ်ာ”
“ဟုတ္တယ္ဆရာက်ားရယ္၊ က်ဳပ္လည္းအေတာ္စိတ္ခိုင္တဲ့လူပဲ။ ႏို႔ေပမယ့္ ဒီသန္သန္မာမာ ေယာက္်ားႀကီး လႈိက္လႈိက္လွဲလွဲနဲ႔ ႐ိုး႐ိုးႀကီးပူေဆြးတာ ၊ ျမင္ရ ေတာ့ … ”
“အစစ္ပဲဗ်ာ၊ ဒီလိုမေျပာတတ္ မဆိုတတ္နဲ႔ ႐ိုး႐ိုးႀကီး နဂိုအတိုင္း ေဆြးတာဟာ အင္မတန္စိတ္ကို ထိခိုက္ေစႏိုင္တယ္။ စကားစပ္မိလို႔ ေျပာရဦးမယ္။ ဟိုဇာတ္သမား၊ ႐ုပ္ရွင္ သမားေတြဟာ အမ်ားအားျဖင့္ ပီစီပါတာ ဖြဲ႕ႏြဲ႕ေျပာၿပီး ပ်ာေလာင္ခတ္ အလြမ္းသယ္တာမ်ား။ အင္း ….. တစ္ခါတေလ ရယ္ေတာင္ရယ္မိတယ္ဗ်ာ။”
ထိုအခါ ဦးစံေ႐ႊကၿပဳံး၍ “က်ဳပ္လည္းသတိထားမိတယ္။ အခု႐ုပ္ရွင္မွာအလြမ္းခန္းျပေတာ့ နဂိုက်ေအာင္ မလြမ္းတတ္ေတာ့ စာကူေပးရတယ္ဗ်ာ။”
“ဘယ္လိုစာကူတာလဲဗ်” “ဒီလိုေလ၊ အလြမ္းခန္းမွာ ျဖတ္ျဖတ္ၿပီး စာထိုးျပတာ ေကာဗ်။”
(မင္းသားငိုေနသည္) (မင္းသမီးပူေဆြး ညႇိဳးငယ္ေနသည္)၊ အဲဒါမ်ိဳးေတြေပါ့ဗ်ာ။ အမူအရာနဲ႔မလြမ္းႏိုင္ေတာ့ စာကူေပးရတာေပါ့။”
” ေၾသာ္ ဒီလိုလား။ ဒါျဖင့္စာမတတ္တဲ့သူေတြ ဘယ္မွာ ေကာင္းေကာင္း လြမ္းရေတာ့မလဲ။”
“စာမတတ္တဲ့သူလည္း မလြမ္းဘူး၊ စာတတ္သူလည္း မလြမ္းဘူး။ က်ဳပ္တစ္ခု ၾကားဖူးတယ္။ ဟိုနာမည္ေက်ာ္ မင္းသမီးမေထြးေလး သူ႔ေယာက္်ားကိုဖိုးကြန္းဟိုအေနာက္ေခ်ာင္းမွာ
ဆုံးေတာ့ ဇာတ္ထဲမွာလို
ေျပာဆိုဖြဲ႕ႏြဲ႕ၿပီးငိုဆိုပဲဗ်။ တစ္ခန္းတစ္ခန္းအခ်မွာ ကြမ္းသီးဖက္ေဆးလိပ္တစ္ေတာင္ေလာက္ကို ေသာက္ေသာက္ၿပီးနားသတဲ့။ ဝတ္ဆင္လိမ္းက်ံ ထားလိုက္တာကလည္းေၾကာ့လို႔တဲ့။ လူေတြ ဝိုင္းၾကည့္ၾကတာ ပြဲရႈံးလို႔ပဲတဲ့ဗ်။”
“ အဲဒီလူေတြလြမ္းမသြားဘူးလား။”
“ဟာ၊ ဘယ္ကလာၿပီးလြမ္းရမွာလဲ၊ အေပ်ာ္ၾကည့္ရေအာင္ လာ တာဗ်။”
“ဪ … ခင္ဗ်ားလင္ေသကိစၥနဲ႔စပ္လို႔ က်ဳပ္ၾကားဖူးတာရွိေသးတယ္” “ဘယ္လိုဟာမ်ားလဲ၊ ေျပာစမ္းပါဦးဗ်ာ။”
“ဒီလိုဗ်၊ ဥပမာ လင္ေယာက္်ားေသေတာ့ မိန္းမမ်ား ငိုတဲ့ေနရာ အသံမထြက္ဘဲဝမ္းထဲမွာႀကိတ္ၿပီး၊ၿမဳံၿပီးေတြေတြစိုက္ၾကည့္ကာ မ်က္ရည္စမ္းစမ္း သို႔မဟုတ္ မ်က္ရည္ေပါက္ႀကီးမ်ား တစ္လုံးၿပီးတစ္လုံး မွန္မွန္က်ဆင္းေနရင္ အဲဒီ မိန္းမဟာ အ႐ြယ္ရွိဦးေတာ့မုဆိုးမဘဝနဲ႔ပဲ အ႐ိုးထုတ္တတ္တယ္တဲ့ဗ်”
“အသံထြက္ၿပီး ကိုယ္လက္လႈပ္ရွား ခပ္မ်ားမ်ား ငိုသူကေတာ့ လင္ေသၿပီးေနာက္ ငါးႏွစ္ကဆယ္ႏွစ္အထိ ေနာက္ထပ္ အိမ္ေထာင္မျပဳဘဲ ေနတတ္သတဲ့”
“ခုနစ္အိမ္ၾကား၊ ရွပ္အိမ္ၾကားေအာ္ဟစ္ၿပီး၊ ရင္ဘတ္စည္တီး လက္ပစ္ေျခပစ္ငိုရင္တစ္ႏွစ္ကသုံးႏွစ္အထိ ေနာက္ထပ္အိမ္ေထာင္မျပဳတတ္ဘူးတဲ့”
“ဘယ္သူ႔ယုံလို႔ပုံခဲ့သလဲ၊ ဘာလဲ၊ ညာလဲနဲ႔ ဖြဲ႕ႏြဲ႕ ေအာ္ဟစ္ၿပီး၊ ႐ုပ္ပ်က္ဆင္းပ်က္ ေျမေပၚလွဲခ်လိုက္၊ ထခုန္လိုက္၊ ရင္ထုလိုက္၊ ဆံပင္ေတြ
ဆြဲေဆာင့္လိုက္၊ တစ္ခါတစ္ခါ ေမ့လိုက္၊ တက္လိုက္၊ အဲဒီလိုငိုရင္ေတာ့။ အင္း တစ္လက တစ္ႏွစ္အတြင္းေနာက္ထပ္ အိမ္ေထာင္ျပဳတတ္သတဲ့ဗ်ာ။”
ထိုအခါ ဦးစံေ႐ႊသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္ေမာကာ “ဟုတ္ရဲ႕လား ဆရာက်ားရယ္၊ ခင္ဗ်ားဟာက …. ”
“ဟုတ္မဟုတ္ေတာ့ အေသအခ်ာ အာမ မခံဝံ့ဘူး။ ၾကားဖူးတာ ေျပာရတာပဲ။ ေနာင္ေတာ့ ခင္ဗ်ားသတိထားၾကည့္ပါလား။”
ထိုသို႔ေျပာဆိုၾက၍ အိပ္ၾကေလသတည္း။
နံနက္လင္းအားႀကီးအခ်ိန္ ကြၽႏ္ုပ္တို႔အိပ္မက္
ျမင္သလိုလို၊ ဘာလိုလို ရွိစဥ္ ေျဗာသံျဖင့္ ႏိုးၾကေလ၏။
အိပ္ရာ၌ ေမွးေမွးရွိစဥ္ ေလာကႀကီးသည္လည္း တိတ္ဆိတ္ၿငိမ္သက္စြာ ရွိသည့္အခိုက္ လင္းေရာင္ပ်ိဳ႕ပ်ိဳ႕ အခ်ိန္၌ ေျဗာသံစည္သံကို ၾကားရေသာအခါ ေျဗာသံဆိုသည္မွာလည္း ရတနာသုံးပါး အလႉအတန္းႏွင့္ စပ္ေလရကား ၾကည္ႏူးစိတ္၊ ၾကည္ညိဳစိတ္တို႔သည္ တဖိတ္ဖိတ္လွ်မ္း၍ထြက္ကုန္၏။
ေတာေျဗာပင္ ျဖစ္ေသာ္လည္း ႏွဲမွာအတန္ေခ်ာ၏။ တီးသည့္ ေတးသြားကလည္း ဘြဲ႕ သံႀကိဳးသံျဖစ္၍ ဝိုင္းမွအသံ အတန္ေကာင္းေသာ စည္းတီးဆရာက တစ္ခါတစ္ခါလိုက္၍ သီဆိုေလရာ ဤမွ်သာေတာင့္သာယာနာေပ်ာ္ဖြယ္ ၾကည္ႏူးဖြယ္ကို ကြၽႏ္ုပ္တို႔မႀကဳံခဲ့ဖူးေလ။
ဤသို႔ အိပ္ရာ၌ ေျဗာမခ်မခ်င္း မလႈပ္မယွက္ ပီတိျဖစ္ေနၾကရာ ေျဗာခ်သည္ႏွင့္ တစ္ၿပိဳင္နက္ ကြၽႏ္ုပ္တို႔လူစုထကာ ခ်က္ျပဳတ္ျပင္ဆင္ ကူညီဖြယ္ အရပ္ရပ္တို႔ကို ျပဳလုပ္ေဆာင္႐ြက္ၾကေလသည္။
ေျဗာတျဗဳန္းျဗဳန္း တအုံးအုံးႏွင့္ ပတ္ကုံးၿခိမ့္သဲ ဤမိတဆိုး ရွင္ျပဳအလႉေတာ္ပြဲႀကီးသို႔ ႐ြာခံမွလည္းေကာင္း၊ ႐ြာနီးခ်ဳပ္စပ္မွလည္းေကာင္း
လာၾကသည္မွာ ကြၽႏ္ုပ္တို႔ပါ ႀကီးငယ္ က်ားမ ပရိသတ္ ၆၀ မွ် ရွိေလ၏။ ထမင္းေကြၽးခန္း၌ ကြၽႏ္ုပ္တို႔ လူစုက လုံးဝ တာဝန္ယူ၍ ထမင္း ဟင္းလိုက္ျခင္း၊ ပန္းကန္ခြက္ေယာက္ေဆးျခင္း ကိစၥတို႔ကို ျပဳေလသည္။
ေကာက္ငယ္ ဆန္ၾကမ္းထမင္း၊ ပဲဟင္း၊ ငါးပိေၾကာ္၊ ပဲတီခ်ဥ္ သနပ္ ဤမွ်သာျဖစ္၏။ ပရိသတ္ ၆ဝ စားၾကသည္မွာ ဆန္တစ္တင္းခ်က္ ေခ်ာေလသည္။ တြက္ၾကည့္ေသာ္ တစ္တင္းတြင္ ႏို႔ဆီဘူးႏွင့္ ၁၂၈ လုံး ရွိရာ လူတစ္ေယာက္လွ်င္ ႏို႔ဆီဘူး ႏွစ္လုံးခ်က္ေက်ာ္ေက်ာ္ တုတ္ေၾကာင္း ေပၚလာေလ၏။
ကြၽႏ္ုပ္တို႔ လူစုကား ဤမွ်ေလာက္ တစ္ခါမွ် မၿမိန္ရွက္ ဖူးေခ်။ သို႔ေၾကာင့္လည္း စားေသာက္၍ အၿပီး၌ စန႔္ေနၾကေလသည္။
မြန္းလြဲအခ်ိန္၌ ရွင္ေလာင္းကို ေက်ာင္းသို႔ ပို႔ရမည့္ကိစၥေပၚလာေလ၏။ ေက်ာင္းမွာ ႏွစ္ေခၚေလာက္လွမ္း၏။
ရွင္ေလာင္းကို ေရွ႕ဆုံးက ထား၏။ ျမင္းမစီးရ၊ ေ႐ႊထီး မေဆာင္းရရွာေလ၊ ေနာက္နားက အဖသည္ သကၤန္းပရိကၡရာကို ပိုက္၍ လိုက္ရ၏။ အမိအဖ စုံပါမူကား အဖက သပိတ္ပိုက္၍ အမိက သကၤန္းေတာင္း႐ြက္၍ လိုက္ရန္ျဖစ္၏။ ယခုေသာ္ကား ဤေနရာတြင္ မသင္ကို သတိရရန္ တစ္ခ်က္ေပၚျပန္ေလၿပီ။ ကိုထြန္းေက်ာ္ အတန္ မခ်ိပုံရ၏။ မ်က္ရည္ စမ္းစမ္းႏွင့္ ညႇိဳးငယ္ျပန္ေလသည္။
သားအဖေနာက္က ေယာက္်ားႀကီး မိန္းမႀကီးမ်ား၊ ၎ေနာက္က ဆက္၍ မယ္တုတ္၊ ဗုတို၊ ေ႐ႊမ၊ ညိမ္းဇန္၊ မိေကာက္ စေသာ အပ်ိဳ တစ္စုသည္ ကန္ေတာ့ပြဲ၊ ကြမ္းေတာင္၊ ပရိတ္အိုး စသည္တို႔ကို ႐ြက္၍ လည္းေကာင္း၊ ပိုက္၍လည္းေကာင္း အေၾကာင္းအားေလ်ာ္စြာ လိုက္ၾကကုန္၏။
မယ္တုတ္တို႔မွာ ႐ြာခံအပ်ိဳ မ်က္ႏွာဖုံး ျဖစ္ၾက၏။ အားလုံးပင္ အရပ္အေမာင္းေကာင္း၍ ျပည့္ၿဖိဳး က်န္းမာသန္မာၾက၏။ ဝတ္ဆင္ထားေသာ
ထဘီတို႔မွာ ပိုးနည္း၏။ ပိုးၾကားေဖာက္ သရက္ထည္လုံခ်ည္၊ ရွန္လုံခ်ည္မ်ား ျဖစ္ၾက၏။ အက်ႌကား ၿမိဳ႕သူတို႔ေလာက္ မပါးေခ်၊ ဆံထုံး၊ ဘီးပတ္၊ ဆံေတာက္ဆံရစ္ အ႐ြယ္အလိုက္ ေတြ႕ရ၏။ စကၠဴပန္း မပန္ေခ်၊ ေတာပန္း ေတာင္ပန္း သင့္တန္႐ုံ ထိုးပန္ၾက၏။ မ်က္ႏွာေခ် မသုံးၾကလွ၊ သနပ္ခါး အလိမ္းမ်ား၏ အခ်ိဳ႕မွာ ေ႐ႊစေ႐ႊန ဝတ္ဆင္၏။
ဤသို႔ ႐ိုး႐ိုးစိုက္စိုက္ ဝတ္စားေနထိုင္ၾက၍ ေတာင့္တင္း သန္မာ ထြားက်ိဳင္းလ်က္ သားေကာင္းသမီးေကာင္း ထြန္းကားႏိုင္မည့္ မိခင္ေလာင္းမ်ား ျဖစ္ေသာ အမ်ိဳး၏ က်က္သေရေဆာင္ ေက်းေတာသူ တို႔ကို ျမင္ရေသာအခါ ၿမိဳ႕ေပၚက မဟဝါတို႔၊ မဟိုဒင္းတို႔ကို ေတြးေခၚမိ၏။
ၿမိဳ႕ သူတို႔ကား
ခင္လွသိန္းျမင့္ေမ။
ၫြန႔္တင္တင္ျမျမေက်ာ္ဇံဦး၊
ေမရီသန္းၾကည္တင့္လွ၊
လူစီထိပ္ေခါင္တင္ ေမမမ၊
က်ဴးရင့္သာဟန္ ဂႏၶမာေဗြ မိမိ၊
ပၪၥကလ်ာဏီ ႏြဲ႕ပါးလ်ေဒဝီ၊
လုပ္လုပ္လဲ့လဲ့ ေသာ္ေမာ္ အရည္ေပ်ာ္…
စေသာ ထူးဆန္းေပြရႈပ္ ရွည္လ်ားေသာ နာမည္တို႔ကို မွည့္ေခၚကာ ကိုယ္လုံးေပၚ အဝတ္အစားႏွင့္ ခုံျမင့္ဖိနပ္ကို စီးလ်က္ အဂၤလိပ္ မ်က္ႏွာေခ်မႈန႔္ကို ထူထူလိမ္းက်ံ၊ ပါးႏွင့္ ႏႈတ္ခမ္းကို ေဆးနီဆိုးၿပီးလွ်င္ အမ်ိဳးမ်ိဳးေသာ ဖဲပြဲ၊ ျမင္းပြဲ၊ စားပြဲ၊ ေသာက္ပြဲ၊ ဟိုတယ္ပြဲ၊ ႐ုပ္ရွင္ပြဲ၊ ဇာတ္ပြဲ၊
ေပ်ာ္ပြဲ႐ႊင္ပြဲ အမ်ိဳးမ်ိဳးႏွင့္ အခ်ိန္ကုန္ေလသည္။ က်န္းမာ ထြားက်ိဳင္း၊ သန႔္ရွင္းစင္ၾကယ္ေရးကို ဂ႐ုမစိုက္ၾက၊ သို႔ေၾကာင့္လည္း ပိန္ႀကဳံးပါးလွီ ရႉနာရႈိက္ကုန္း၊ ပိခ်ပ္ျပား၊ ငါးေဖာင္႐ိုး၊ ကမၼ႒ာန္း႐ုပ္၊ ျဖဴဖပ္ ျဖဴေရာ္၊ ေညာင္ေညာ္ေညာ္ေတြ မ်ားေလသည္။
သို႔ေၾကာင့္လည္း မည္မွ်ပင္ အေပၚယံက ဆင္ျပင္လိမ္းက်ံ ထားေသာ္လည္း မသာေကာင္ အေလာင္းကို ဆင္ျပင္လိမ္းက်ံထားသည္ႏွင့္ တူေလေတာ့သတည္း။ ။
အပ်ိဳစုေနာက္က ကာလသားမ်ားႏွင့္ ကြၽႏ္ုပ္တို႔ လိုက္ပါၾက၏။ ကာလသားဝိုင္းတြင္ ဒိုးပတ္ အတီးအမႈတ္ပါ၏။ ဒိုးပတ္ႏွင့္ ထိုးေသာ သံခ်ပ္အခ်ိဳ႕ကား ေအာက္ပါအတိုင္းျဖစ္၏။
“ကုသိုလ္ေရးမို႔ ႀကိဳးစားပါ၊ က်ဳပ္တို႔ကိုယ္မွာ ေခြၽးတလုံးလုံး။ ဖန္ျပာခြက္နဲ႔ ေက်ာက္စက္ေရ၊ အေမာေျပေအာင္ တိုက္ပါမမ။
ဝက္သားတုံးႀကီး ဒူးေလာက္ေပါင္ေလာက္၊ သူမ်ားစားတာ ျမင္ဖူးပါရဲ႕။
ေလးဘက္ၿမိတ္နဲ႔ ထီးရိပ္ခို၊ ေရွ႕ကအပ်ိဳ၊ က်ဳပ္တို႔ရည္းစား။ နံ႔သာကြက္နဲ႔ လွအပ်ိဳ၊ က်ဳပ္တို႔ကိုယ္ကို ၾကည့္စမ္းပါဦး။”
ဤသို႔ သံခ်ပ္ထိုးၾကေသာအခါ အခ်ိဳ႕ အပ်ိဳတို႔သည္ ေနာက္သို႔လွည့္ၾကည့္၍ ၿပဳံးသြား၏။ အခ်ိဳ႕အပ်ိဳကား မ်က္ေစာင္းထိုးသြား၏။
ကာလသားတို႔မွာ ေတာအလိုက္ ဝတ္ဆင္ၾက၏။ ေခါင္းတုံး၊ ၾကက္ေတာင္စည္း၊ ဆံပင္ရွည္၊ ပဝါေပါင္း ျဖစ္ၾက၏။ တစ္ေယာက္ႏွစ္ေယာက္မွာ ႐ုပ္ရွင္ၾကည့္ဖူးဟန္တူ၏။ ဗိုလ္ဆံေတာက္ႏွင့္ ေခါင္းတြင္ လည္ပတ္ကို ႐ုပ္ရွင္မင္းသားစတိုင္ ပတ္ထားေလသည္။
လူထူးတစ္ေယာက္ပါ၏။ထိုသူကား သူႀကီး၏ညီ ျမတ္သာဒြန္း ျဖစ္၏။ ဗိုလ္ဆံေတာက္ အသစ္က်ပ္ခြၽတ္ကို ဒုံးခံသူ ျဖစ္သည္။ သကၠလတ္အက်ႌအသစ္ႏွင့္ ရွပ္အက်ႌအေဟာင္းကို တြဲ၍ ဝတ္၏။ ေနာက္ပိတ္ဖိနပ္ကို ေျပာက္က်ားေသာ အဆင္းရွိေသာ ေမွာ္ဇာႏွင့္ စီး၏။ စီးေနက်မဟုတ္၍ ဖိနပ္ေပါက္သည္ႏွင့္ ေထာ့က်ိဳးေထာ့က်ိဳး နင္းရရွာ၏။
“ေရွ႕က ခပ္ဆိုင္းဆိုင္းဗ်၊ ေနာက္က မီေအာင္လိုက္ေလ၊ လမ္းကို ၾကည့္ေလွ်ာက္ေနာ္၊ ခလုတ္တိုက္မိမယ္၊ ရွင္ေလာင္းက ေရွ႕ကသြား၊ အဲ ဟုတ္ကၿပီ၊ ေရွ႕က သြားတဲ့လူက ေရွ႕ကသြား၊ ေနာက္က လိုက္တဲ့လူက ေနာက္ပဲလိုက္ပါ။ အပ်ိဳေတြက ကိုယ့္အစုနဲ႔ကိုယ္လိုက္၊ လူပ်ိဳဝိုင္းထဲကို မေရာက္ေစနဲ႔….”
စသည္ျဖင့္ ၾသဇာေပးကာ ေရွ႕ေနာက္ေျပးႏွင့္ အေတာ္ အလုပ္မ်ားေနေလ၏။ မိန္းမပ်ိဳဝိုင္းနားသို႔ကား မၾကာ မၾကာ ေရာက္၏။
“ဟ ဗုတို၊ ကန္ေတာ့ပြဲကို တည့္တည့္႐ြက္ေလ”ဟု ၾသဇာ သြားေပးမိရာ ဗုတိုက “က်ဳပ္ ႐ြက္ထားတာ တည့္ပါတယ္။ ရွင္က တည့္တည့္ မၾကည့္လို႔ပါ”ဟု ျပန္၍ ပက္လိုက္ေလ၏။ ထိုအခါ အပ်ိဳ ဝိုင္းက ဝါးခနဲ ရယ္ၾကေလ၏။ ျမတ္သာဒြန္းကို ကြၽႏ္ုပ့္လွမ္းၾကည့္ လိုက္ရာ မ်က္စိအတန္ငယ္ ေစြေစြ ရွိသည္ကို ေတြ႕ရေလသည္။
“ဟယ္ တိရစာၦန္မ၊ နင္ေနာ္-ေနဦး”ဟု ျမတ္သာဒြန္းသည္ ႀကိမ္းေမာင္းၿပီးေနာက္ မယ္တုတ္အား “ဟဲ့-မယ္တုတ္၊ ပရိတ္အိုး ႐ြက္ရတာ ေညာင္းရင္ ငါ့ကို ေပးေလ၊ ငါကူယူခဲ့မယ္”ဟု သြား၍ ေလာကြတ္ေခ်ာ္ျပန္ေလ၏။
ထိုအခါ မယ္တုတ္က “သူမ်ားဟာ ေနပါဦး၊ ကိုျမတ္သာဒြန္း ရယ္၊ ကိုယ့္ဟာကိုယ္ ႏိုင္ေအာင္ လုပ္ပါဦး၊ ရွင့္မွာ ေထာ့က်ိဳးေတာ့က်ိဳးနဲ႔ အားနာပါတယ္”ဟု ၿပဳံး၍ ေျပာလိုက္ေလ၏။
“ဟာ ေဟ့၊ ေထာ့က်ိဳး ေထာ့က်ိဳးေနတာက ဖိနပ္ေပါက္လို႔ပါဟဲ့ နင္ကလည္း” ဆိုေနစဥ္ အပ်ိဳစုက ဝိုင္းရယ္ၾကသည္ႏွင့္ ရွက္ကိုးရွက္ကန္း ျဖစ္ကာ ကြၽႏ္ုပ္တို႔ ကာလသားဝိုင္းသို႔ ျပန္ေရာက္ ခိုဝင္လာေတာ့သည္။
ေက်ာင္းေရာက္၊ ရွင္ေလာင္းကို သကၤန္းစည္းထားခဲ့ၿပီး ပရိသတ္ ျပန္လာၾက၏။
ညေနေလးနာရီခန႔္တြင္ ေက်ာင္းထိုင္ဘုန္းႀကီး၊ ဦးပၪၥင္း၊ ျပဳသစ္စ ရွင္သာမေဏ ေပါင္းသုံးပါးတို႔သည္ အလႉအိမ္သို႔ ႂကြလာၾက၏။
ေဟာ-ေျဗာစခန္း ေပၚလာျပန္ေလၿပီ၊ အရွင္သုံးပါး ေျဗာသံႏွင့္ ႂကြလာသည္မွာ အထူးၾကည္ႏူး ၾကည္ညိဳဖြယ္ ေကာင္းလွ၏။
ပရိတ္တရားနာ ေရစက္ခ် အမွ်ဟု ဆိုအၿပီး ကိုထြန္းေက်ာ္သည္ ဆက္၍ “မယ္သင္ေရ အမွ်ဟဲ့—အမွ်”ဟု အသံကြဲႀကီးႏွင့္ အမွ် ေဝလိုက္ရာ ကိုရင္သည္ မ်က္ရည္က်၏။
ဦးပၪၥင္းသည္ မ်က္ေတာင္ ျမန္ျမန္ ခတ္၏။ ဘုန္းေတာ္ႀကီးသည္ ေငးေမာ၍ ကိုထြန္းေက်ာ္ကို စိုက္ ၾကည့္ေနေလသည္။ သာဓုသံႏွင့္ ေျဗာသံသည္ အကၠနိ႒ဘုံတိုင္ေအာင္ တက္ေလသတည္း။
ေနာက္တစ္ေန႔ ကြၽႏ္ုပ္တို႔ျပန္ခါနီး အလႉ ပါဝင္ရန္ဟု ကြၽႏ္ုပ္တို႔ ရွစ္ေယာက္ ပိုက္ဆံပါသမွ် စုရာ ၃၈ က်ပ္ရ၏။
ျပန္ခါနီး၌ ကြၽႏ္ုပ္တို႔ ဝိုင္းထိုင္ၾက၍ ကိုထြန္းေက်ာ္ကို ေမးျမန္းၾက၏။
“ကိုင္း-ကိုထြန္းေက်ာ္၊ အားလုံးအလႉစရိတ္ ဘယ္ေလာက္ကုန္သြားသလဲ”
“ဟုတ္ကဲ့၊ ၄ဝ က်ပ္ေလာက္ဆိုပါေတာ့” “အေႂကြးတင္ေသးလား”
“တင္ပါေသာ္ေကာဗ်ာ၊ အကုန္လုံး ေခ်းငွားလုပ္ရတယ္ဆိုပါေတာ့။ ဟိုကြၽဲၿခံမွာ စပါးေပးယူတာ ၂၈ က်ပ္၊ မယ္သင္ရဲ႕ ေ႐ႊနားကပ္ ကေလး ေပါင္လို႔ ရတာက ၁၅ က်ပ္ အားလုံး ၄ဝေက်ာ္ေက်ာ္ပါပဲ”
“စပါးေပး ဘယ္လို ယူရသလဲ”
“စပါး ၁၀၀ ကို ၄ဝက်ပ္ေဈးနဲ႔ ယူရတယ္၊ အခုယူတဲ့ေငြ ၂၈ က်ပ္အတြက္ စပါးေပၚခ်ိန္မွာ စပါး ၇၀ ေပးရမယ္”
“ဟင္… လြန္လွပါကလားဗ်ာ၊ ႏို႔ – နားကပ္ေပါင္တာကေတာ့ေကာ”
“တစ္လကို ေငြတစ္ရာငါးက်ပ္တိုး၊ ခုနစ္လၾကာလို႔ မေ႐ြးႏိုင္ ရင္ အဆုံးတဲ့”
“အဲ“စပါးေတြ ေငြေတြကို ဘယ့္ႏွယ့္ ဆပ္မလဲ”
“အင္း…ေျပေအာင္ ဆပ္ဖို႔ အခက္သားပဲ။ က်ဳပ္လယ္ထြန္ ပ်ိဳးႏုတ္ စာရင္းငွားလုပ္လို႔ စပါး ၄ဝေလာက္ ရမယ္၊ သားကေလး ရွင္လူထြက္ၿပီး ကြၽဲႏြားေက်ာင္း၊ ေရခပ္၊ ထင္းခြဲ၊ အင္း ၂ဝေလာက္ေတာ့ ရေကာင္း ပါရဲ႕။ အားလုံး ၆ဝရရင္၊ ၁၀တင္းလိုေသးတယ္။ ဒါလည္း အခုအေတာ အတြင္း စားေသာက္ေနသြားဖို႔က ရွိေသးတယ္ဗ်။ ဟိုနားကပ္ေပါင္ထားတာကေတာ့ အင္း…..ေ႐ြးႏိုင္ပုံ မေပၚပါဘူး။ ဆုံးမွာပဲ။ သိပါရဲ႕ဗ်ာ။ ႏို႔ေပမဲ့ အခုလို ရက္ေ႐ႊ႕ လေ႐ႊ႕ ေနတာနဲ႔ မယ္သင္လည္း သားကို ရွင္မျပဳလိုက္ရရွာဘူး။
ဒါေၾကာင့္လည္း ၿပီးရင္ၿပီးေရာဆိုၿပီး ဇြတ္ႏွစ္ရတာပဲ။ တျခားဟာေတြထက္ဗ်ာ၊ မယ္သင္ရဲ႕ နားကပ္ကေလးကို အႏွေျမာဆုံးပဲ။ ေသသူ
ပစၥည္းျဖစ္လို႔ သိမ္းထားတာလည္း ဟုတ္တယ္။ ၿပီးေတာ့ သူ႔သားဖို႔ သက္သက္လို႔ ကြၽန္ေတာ္မွန္းၿပီး ခ်န္ထားတာပဲဗ်။ ခုေတာ့ျဖင့္..”ဆို၍ ဆက္မေျပာဘဲ ရပ္ေနေလေတာ့သည္။
ထိုအခါ ဦးစံေ႐ႊႀကီးက ဝင္တဲ့၍ “ကိုင္း-ဆရာက်ား၊ ဆင္းရဲ သားေတြ ဓားျပတိုက္တာ၊ သူပုန္ထတာ၊ ဘာ အံ့ဩစရာရွိသလဲဗ်”ဟု မ်က္ႏွာနီႀကီးႏွင့္ ခပ္ဆတ္ဆတ္ေျပာထုတ္လိုက္ေလသတည္း။
ကြၽႏ္ုပ္။ ။“မသင္ရဲ႕ နားကပ္ ဘယ္မွာေပါင္ထားသလဲ ကိုထြန္းေက်ာ္။
ကိုထြန္းေက်ာ္။ “ဒီအစုတြင္ပါပဲ၊ ဟို ေဒၚပုႀကီးဆီမွာ”
အရင္း ၁၅က်ပ္၊ အတိုး ၁က်ပ္၊ ေပါင္း ၁၆က်ပ္ကို ကြၽႏ္ုပ္တို႔ စုေငြထဲမွ ထုတ္ေပး၍ သူႀကီးကို ခ်က္ခ်င္း အေ႐ြးခိုင္းရ၏။ နားကပ္ျပန္ ရေသာအခါ ကိုထြန္းေက်ာ္သည္ ျပဴးက်ယ္ေသာ မ်က္လုံးမ်ား ပါးစပ္ အေဟာင္းသားႏွင့္ အလြန္ဝမ္းေျမာက္ေက်းဇူးတင္ရွာေလ၏။
“ေက်းဇူးတင္လိုက္တာခင္ဗ်ာ ေငြကို ကြၽန္ေတာ္ ကြၽန္ခံၿပီး ေျပေအာင္ ဆပ္ေပးပါ့မယ္”ဟု စိတ္အားထက္သန္စြာႏွင့္ ေျပာရွာ၏။
ထိုအခါ ကြၽႏ္ုပ္က “မဆပ္ရပါဘူးဗ်၊ ခင္ဗ်ားအလႉထဲကို ထည့္မလို႔၊ က်ဳပ္တို႔ရွစ္ေယာက္သား ေငြစုတာ ၃၈က်ပ္ ရတယ္။ အခု ၁၆ က်ပ္ နားကပ္ေ႐ြးလိုက္ၿပီ၊ ၂၂က်ပ္က်န္တယ္။ ခင္ဗ်ားအလႉကူေငြ ၁၅က်ပ္ေလာက္ ရတယ္ဆိုမဟုတ္လား၊ အဲ့အထဲက ေပးစမ္း၊ ကိုင္း သူႀကီးေရာ့ ၃ဝက်ပ္၊ ခင္ဗ်ားတို႔ကြၽဲၿခံက ေႂကြးရွင္ကို အရင္း ၂၈က်ပ္ အတိုး ၂က်ပ္ေလာက္ထားၿပီး ဆပ္ေပးပါဗ်ာ။ ကိုင္း ကိုထြန္းေက်ာ္မွာ က်န္တဲ့ ၇က်ပ္ေလာက္ကို ေခြၽတာစားေပေတာ့”
“ဒီလိုျဖင့္ဗ်ာ၊ ကြၽန္ေတာ့္အလႉ၊ ဘယ္မွာ က်န္ေတာ့မလဲဗ်”
“က်န္႐ုံမကဘူး။ ပိုေတာင္ပိုေသးတယ္။ ခင္ဗ်ားေရစက္ခ် ကတည္းက အလႉေျမာက္ၿပီးလို႔ ခင္ဗ်ား အကုန္ရၿပီးၿပီ။ အခု ေနာက္ရတဲ့ အလႉေငြေတြက သူ႔ကုသိုလ္နဲ႔သူလာတာ တျခားစီ”ဆို၍ ပါဠိသံ ေလးငါးေျခာက္လုံးထည့္ကာ ခပ္ထြားထြားေျပာရေလသည္။
ဤသို႔ အဂၤလိပ္စာတတ္၊ ၿမိဳ႕သားလူလည္ႏွစ္ေယာက္က ပါဠိ သံေတြ ဘာေတြႏွင့္ ကိုယ္လိုရာဘက္ကို ဆြဲ၍ ႐ႊန္း႐ႊန္းေဝေအာင္ ေျပာျပေသာအခါ ေတာသားလူ႐ိုးခမ်ာမွာ ဟုတ္ကဲ့…အင္း ဟုတ္ကဲ့…ႏွင့္၊ ေခါင္းညိတ္၍သာ ေနရရွာေလသတည္း။
——————————
ကြၽႏ္ုပ္တို႔သည္ ဖိုးဝိုင္းအစုမွ ကြၽဲၿခံသို႔ ေ႐ႊ႕ခဲ့၍ လက္ပံတန္းျပန္မည္ဟု လွည္းျပင္ေနၾကစဥ္ ကိုထြန္းေက်ာ္သည္ ေတာင္းတစ္လုံးကို ထမ္း၍ အေျပးကေလး ေပါက္လာေလ၏။ ေတာင္းတြင္ ဖ႐ုံသီး၊ ႐ုံးပတီသီး၊ ခ်ဥ္ေပါင္႐ြက္စေသာ ဟင္းသီးဟင္း႐ြက္အျပည့္ပါ၏။
“ကြၽန္ေတာ္ တတ္ႏိုင္သမွ်ကေလး ေပးလိုက္စမ္းပါရေစခင္ဗ်ာ” ဆို၍ လွည္းေပၚတြင္ တင္လာ၏။ ကြၽႏ္ုပ္တို႔အားလုံးကပင္ ေက်းဇူးတင္
ေၾကာင္း ေျပာ၍ လွည္းထြက္လာစဥ္ ကိုထြန္းေက်ာ္သည္ လွည္းေနာက္က လိုက္ပါလာေလ၏။
“ဘယ္ကို လိုက္မလို႔လဲ ကိုထြန္းေက်ာ္” “လိုက္ပို႔ပါရေစခင္ဗ်ာ”
“ဟာ…က်ဳပ္တို႔က လွည္းနဲ႔၊ ခင္ဗ်ားက ေအာက္က၊ ေနကလည္း ပူသနဲ႔ လိုက္ပို႔ဖို႔လည္း မလိုဘူး။ ကိုင္း ကိုင္း ျပန္ေတာ့ဗ်ာ”
“ေဝးေဝး မဟုတ္ပါဘူး။ တစ္ေခၚေလာက္ပါ။ ေက်းဇူးတင္ လြန္းလို႔ပါခင္ဗ်ာ”
သို႔ႏွင့္ ေခါင္းမာေသာ ကိုထြန္းေက်ာ္သည္ အတင္းလိုက္ခဲ့၍ အတန္ကြာေရာက္ေသာအခါ ကြၽႏ္ုပ္တို႔သည္ လွည္းကိုရပ္၍ “ကိုင္း ကိုထြန္းေက်ာ္၊ ခင္ဗ်ားျပန္ရင္ျပန္၊ မျပန္ရင္ေတာ့ က်ဳပ္တို႔လည္း လွည္းမေမာင္းေတာ့ဘူး။ ဒီမွာပဲ ရပ္ေနေတာ့မယ္”ဟု အတင္းကိုင္ေလမွ ျပည့္တင္း ျပန႔္က်ယ္ ႐ိုးသားေသာ မ်က္ႏွာႀကီးျဖင့္ အတန္ၾကာ စူးစိုက္ ၾကည့္ၿပီးမွ ႐ုတ္တရက္ထိုင္လိုက္ကာ ကြၽႏ္ုပ္တို႔ဘက္သို႔ ဦးခ်ကန္ေတာ့ ရွာေလသတည္း။ ဦးစံေ႐ႊႏွင့္ ကြၽႏ္ုပ္သည္ ကိုင္ဆြဲထေစ၍ ႐ြာဘက္သို႔ တြန္းပို႔လိုက္ရေလ၏။
ဦးစံေ႐ႊ။ ။“ေတာက လူေတြ သိပ္သနားဖို႔ ေကာင္းတာပဲဗ်။ စိတ္နဂိုအတိုင္း လူ႐ိုးလူေကာင္းေတြဗ်၊ အေျခအေန ဆိုးဝါးငတ္မြတ္လာ ၾကေတာ့လည္း မေနႏိုင္ေတာ့ဘူး။ ဆိုး၊ ခိုး၊ တိုက္ ျဖစ္ကုန္ရတာပဲ။ ခံႏိုင္ သမွ်ေတာ့ ခံၾကတယ္။ မခံႏိုင္တဲ့တစ္ေန႔က်ေတာ့ အသက္စြန႔္ၿပီး သူပုန္ ထပစ္လိုက္ၾကတာပဲ”
` ကြၽႏ္ုပ္။ ။“ ဒါေၾကာင့္မို႔လည္း ေတာေက်းလက္က လူေတြ အသိ ပညာ အလိမၼာတိုးၿပီး အေနအစား ေခ်ာင္လည္ခ်မ္းသာၾကေအာင္ ျပဳျပင္စီမံကူညီေပးဖို႔ လိုတာေပါ့ ဗ်”
ဒီလို ေက်းလက္ျပဳျပင္ေရးေတြဟာ အစိုးရ အႀကီးအခ်ဳပ္ေတြ ရဲ႕ တာဝန္ပဲဗ်၊ သူတို႔ကို တိုက္တြန္းေပးဖို႔ ေကာင္းတယ္”
“သူတို႔ကို တိုက္တြန္းေနရင္ ေႏွာင့္ေႏွး႐ုံရွိမွာပဲကိုယ့္လူ၊ သူတို႔ ကိုလည္း တိုက္တြန္း၊ ကိုယ့္ဟာလည္း ကိုယ္လုပ္ေပါ့ ဗ်”
“ကိုယ့္ဟာကိုယ္လုပ္ဆိုတာ မလြယ္ဘူးဗ်။ က်ဳပ္တို႔မွာ အခ်ိန္ လည္း မရွိ၊ ေၾကးေငြလည္း မျပည့္စုံဘူး”
“အလုပ္ဆိုတာ နည္းနည္းေသးေသး တတ္ႏိုင္သမွ်က စရတာ ေပါ့ ဗ်။ ခင္ဗ်ားက မလုပ္ႏိုင္ဘူးသာ ေျပာတယ္။ အခုခင္ဗ်ား လုပ္ေနတာပဲဗ်”
“ဘယ္မွာ လုပ္ရလို႔လဲဗ်ာ”
“အို..အခု၊ ဟို မိတဆိုးရွင္ျပဳမွာ ခင္ဗ်ားတို႔ ျပဳမူေဆာင္႐ြက္ခဲ့တာေတြဟာ ဘယ့္ေလာက္ တာသြားတယ္ ထင္လို႔လဲ”
“ဟာ… ဒါကေတာ့…”ဆို၍ ဦးစံေ႐ႊႀကီးသည္ ဆက္မေျပာေတာ့ဘဲ ၿပဳံးတုန္းတုန္းႀကီး လုပ္ေနလိုက္ေလသတည္း။ ။