မိန်းမရဲတောင်

အောင်မြတ်သာနှင့်မိန်းမရဲတောင်

 

လေတစ်ဖြူးဖြးတိုက်ခတ်နေတဲ့ ညနေ နေဝင်ရီတစ်ရောအချိန်မှာ မိန်းမရဲတောင်အစပ်နားသို့ လူနှစ်ဦးက တစ်ရွေ့ရွေ့ချဉ်းကပ်လာခဲ့ကြတယ်။

“ကိုတိုး ဒီနေရာက မိန်းမရဲတောင်ရဲ့ နယ်မြေအစပ်နော်…ညီမကြောက်တယ်”

“ဘာကြောက်စရာရှိလို့လဲ ညီမရယ် .. အကိုတို့က တောင်ပေါ်မှာဘုရားဖူးပြီးတာနဲ့ ပြန်ကြမှာပဲဟာကို”

“အို…အစ်ကိုက တစ်နယ်သားမို့ မသိပေမယ့်.. ညီမတို့တစ်နယ်လုံးက စုံတွဲတွေဆိုရင် မိန်းမရဲ တောင်ရိပ်ကိုတောင် မနင်းရဲကြဘူး”

ကုမုဒြွာရဲ့စကားကြောင့် တိုးမောင်တစ်ယောက် ပေါ့ပျက်ပျက်မျက်နှာထားနဲ့ ရယ်လိုက်ပြီး

“ ဒီလိုခေတ်ကြီးမှာ အယူသည်းမှုတွေရှိသေးနေပါလား…မုဒြွာ… ဒီလိုကိစ္စတွေကို ကိုတိုး မယုံဘူး”

“တစ်ခြားနေရာသွားရအောင်နော်…အခုတောင် ကြက်သီးတွေထလာနေပြီ”

“မရဘူး မုဒြွာ… ကိုတိုးက အခုတောင်ပေါ်ကိုမုဒြွာနဲ့အတူတူ တက်ချင်နေတာ…လိုက်ခဲ့ပါ ဘာမှမဖြစ်ပါဘူး”

ကိုတိုးမောင်ရဲ့စကားကို မုဒြွာမလွန်ဆန်နိုင်တော့ပဲ လက်ဆွဲခေါ်ရာနောက်ကို လိုက်ပါ သွားခဲ့မိတယ်။ စကားလေးပြောလိုက် တောင်ပေါ်ကိုတက်လိုက်နဲ့လုပ်နေရင်း တောင်ရဲ့အလယ်ကို ရောက်တော့

“ဟင်…ကို..ကိုတိုး….”

“မုဒြွာ .. ဘာဖြစ်တာလဲ”

“ဟို..ဟိုမှာ ရှမ်းဝတ်စုံနဲ့မိန်းမတစ်ယောက် မုဒြွာကိုခါးထောက်ပြီး စိုက်ကြည့်နေတယ်”

မုဒြွာစကားကြောင့် ကိုတိုးက တောင်ပေါ်ကိုမော့ကြည့်လိုက်ပြီး

“ဘယ်မှာလဲ ကိုတိုးလိုက်ကြည့်တာ ဘာမှမတွေ့ရပါဘူး”

“ဟအင်း…ဟအင်း.. မုဒြွာ ကြောက်လာပြီ… အဲဒီမိန်းမကြီးက မုဒြွာတို့ကို လက်ညိုးထိုးပြီး ပြန်ခိုင်းနေတယ်..မုဒြွာတို့ပြန်ကြရအောင်နော်…နော်လို့”

“ဒါဖြင့်လဲ ပြန်ကြတာပေါ့..”

တိုးမောင်က မုဒြွာစိတ်ထဲကြောက်လန့်နေလို့သာ ပြန်လှည့်ခဲ့ရပေမယ့် သိပ်တော့ မကျေနပ် ခဲ့ဘူး။ မုဒြွာလဲ ရွာကိုပြန်ရောက်တော့ မျက်လုံးထဲမှာ ရှမ်းဝတ်စုံကိုဝတ်ဆင်ပြီး ဒေါသထွက်နေတဲ့ မိန်းမရဲ့မျက်နှာကိုအဖန်တလဲလဲမြင်မိရင်း အပြင်းဖျားပါလေရော။

“ မလုပ်ပါနဲ့ မမလေးရယ် … ကျွန်တော်မျိုးမမှာ အပြစ်ရှိပါတယ်… သိပါတယ်…သိပါတယ် .. အပြစ်လုပ်မိမှန်းသိပါတယ် မမလေးကို မလေးမစားလုပ်တာမဟုတ်ပါဘူးရှင်”

တစ်ယောက်ထဲ အိမ်အပြင်ဘက်ကို ကြည့်လိုက် စကားတွေပြောလိုက် ငိုယိုလိုက်လုပ်နေတဲ့ အဖြစ်ကိုမြင်တော့ အဒေါ်ဖြစ်သူက

“ သမီး…ဘာဖြစ်တာလဲ.. အဒေါ်ကိုပြောပါဦး ဘာဖြစ်တာလဲလို့”

“ မမလေးက သမီးကိုစိတ်ဆိုးနေတယ်….သူမုန်းတဲ့အရာကို သမီးလုပ်ခဲ့မိပြီ ဒေါ်ဒေါ်.. သူ သမီးကိုခွင့်မလွှတ်ဘူးတဲ့ အဟီးဟီး … သမီးကြောက်တယ်”

“ဟဲ့ကောင်မလေး နင်ကဘာတွေလုပ်ခဲ့တာလဲ ငါသိအောင် ရှင်းရှင်းလင်းလင်းပြောပြပါဦး”

“သမီး..သမီးလေ မြို့ပေါ်ကနေရွာကိုလာလည်တဲ့ ဘဒွေးလေးရဲ့ တူနဲ့ လျောက်လည်ရင်း မိန်းမရဲတောင်ဘက်ကိုရောက်ခဲ့တယ်။ သူက တောင်ပေါ်ကိုတက်မယ်ဆိုပြီးလုပ်တော့ ဘာမှ မဖြစ်လောက်ဘူးအထင်နဲ့ လိုက်သွားခဲ့မိတာ။ သမီးကို မမလေး စိတ်ဆိုးသွားပြီထင်ပါတယ်…”

“နင်နဲ့ ဘဒွေးတူနဲ့ မိန်းမရဲတောင်ကိုလျောက်လည်ကြတယ် ဟုတ်လား…။ အဲဒီတောင် အကြောင်းသိသိကြီးနဲ့ကွယ်…. နောက်ပြီး နင်ကလဲ…”

အဒေါ်ဖြစ်သူက စကားပြောနေရင်း တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်တော့ မုဒြွာက

“ သမီးက ဘာဖြစ်လို့လဲ… အဒေါ် သမီးကို မပြောပဲထားခဲ့တာ ဘာများရှိလဲပြောပါဦး”

“ ဘာမှမဟုတ်ပါဘူး… နင်ကလဲ မြို့ပေါ်ကလာတဲ့သူကို ဘာလို့ယုံပြီး လိုက်သွားတာလဲလို့ မေးမလို့ပါ”

“ အဟင့်အဟင့် သမီးမှားပါတယ် …”

“ကဲကဲ နောက်တစ်ခါဆို မသွားနဲ့တော့… စိတ်ကိုလဲမတင်းထားပဲ လျော့ချပြီး အိပ်လိုက်တော့နော်”

မုဒြွာလဲ အဒေါ်ဖြစ်သူစကားကြောင့် အိပ်ယာထဲဝင်ပြီး လှဲချလိုက်ရာ ငိုထားတဲ့အရှိန်ကြောင့် ခဏလေးအိပ်ပျော်သွားခဲ့တယ်။

 

“ မမလေး ဖြစ်ပါ့မလားနော်… ဟိုဘက်လူက ယုံကြည်ရပါ့မလား”

“အိုကွယ် သူက ငါ့ကိုတကယ်ချစ်တာပါ… လာမည့် လပြည့်နေ့ညမှာ သူနဲ့တွေ့ဖို့ချိန်းထား သေးတယ်.. ဘာလဲ နင်က ငါ့နဲ့မလိုက်ချင်လို့လား”

“ မဟုတ် မဟုတ်ပါဘူး မမလေးရယ်…. ကျွန်တော်မျိုးမက မမလေး ဘယ်သွားသွား အနောက်ကနေ အသင့်လိုက်မယ့်သူပါ..ဒါပေမယ့်….”

“ဒါပေမယ့် ဘာဖြစ်လဲ …”

“ ကျွန်တော်မျိုးမတို့သွားတာသိရင် မမလေးရဲ့ ခမည့်းတော်စိတ်ဆိုးပြီး ဒုက္ခပေးနေပါဦးမယ်”

“ အိုကွယ် ငါက မချစ်မနှစ်သက်တဲ့သူကိုမယူနိုင်ပါဘူး… ငါချစ်တဲ့သူအတွက်ဆိုရင် ဓားတောင်ကိုတက်ရတက်ရ.. မီးပင်လယ်ကိုဖြတ်ရဖြတ်ရ ငါဖြတ်မှာ.. မောင်ကြီးဒိဗ္ဗက ငါ့ကို တကယ်ချစ်တာပါ.. ဒီမှာကြည့် … ဒီလည်ဆွဲဘယက်လေးက သူ့လုပ်အားခနဲ့စုပြီး ငါ့အတွက် ဝယ်ထားပေးတာ ဘယ်လောက်လှလဲ”

“ ဒါကြီးက သာမန်လည်ဆွဲကြီးပါ မမလေးမှာ အဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားတဲ့လက်ဝတ်ရတနာတွေမှအများကြီးကို..”

“ တိတ်စမ်း… ငါ့မှာရှိတဲ့အဆင်တန်ဆာတွေအားလုံးပေါင်းရင်တောင် ဒီလည်ဆွဲရဲ့ တန်ဖိုးကို လိုက်မမှီဘူး … နင့်အနေနဲ့ မောင်ကြီးကို ဖိနှိပ်တဲ့စကားတွေ ဆက်မပြောမိပါစေနဲ့”

 

“ သမီး.. သမီး ထပါဦး… ကိုယ်တွေလဲ ပူနေလို့ပါလား ဆေးသောက်ရမယ်နော်”

အဒေါ်ဖြစ်သူလှုပ်နှိုးမှုကြောင့် ကုမုဒြွာတစ်ယောက် အိမ်မက်ထဲကနေ လန့်နိုးလာခဲ့ပေမယ့် ခေါင်းတစ်ခုလုံးပုရွတ်ဆိတ်အုံထဲထိုးထည့်ထားသလို တစ်ဆစ်ဆစ်နဲ့ကိုက်ခဲနေခဲ့တယ်။

“ဒေါ် ဒေါ်.. သမီး ဟို..အိမ်မက်တွေ ပြန်မက်ပြန်ပြီ”

မုဒြွာစကားကြောင့် အဒေါ်ဖြစ်သူမျက်နှာ တစ်ချက်ပျက်သွားပြီး မကြားချင်ယောင် ဆောင်ကာ အိမ်နောက်ဘက်ကိုပြန်ဝင်သွားခဲ့တယ်။

“ အရီးလေး အရီးလေး…..”

အိမ်ရှေ့ကနေ လှမ်းအော်နေတဲ့အသံကြောင့် မလှခင် ထွက်လာပြီး

“ ဘယ်သူများလဲလို့ ဘဒွေးပါလား… ဘာကိစ္စရှိလို့လဲ”

“အော် မုဒြွာ ဖျားနေတယ်ဆိုလို့ ငါ့တူက သတင်းစကားမေးချင်တယ်ပြောလို့ ခေါ်လာခဲ့တာပါ.. ဒါက အိမ်ကနေချက်လာတဲ့ ကြက်စွပ်ပြုတ်”

မလှခင်လဲ ငါးဆင့်ချိုင့်နဲ့အပြည့်ထည့်လာတဲ့ ကြက်စွပ်ပြုတ်ကိုလှမ်းယူပြီး ဧည့်သည်တွေကို အိမ်ပေါ်ကိုခေါ်လာခဲ့တယ်။

“ မလှခင် ငါလဲ နင်တို့တူအရီးနှစ်ယောက်နဲ့မတွေ့တာကြာရောပေါ့..”

“ ဟုတ်တယ်နော် ဘဒွေးတို့က လယ်တွေအများကြီးဆိုတော့ အလုပ်တွေရှုပ်နေမှာပေါ့”

“ အခုလဲ ငါ့တူက အတင်းပူဆာလို့ နင့်ကိုနားချမလို့လိုက်လာတာ”

“ ဘာများလဲ ဘဒွေး”

“ ကိစ္စကတော့ ငါ့တူက နင့်တူမကို မေတ္တာမျှနေလို့ပါတဲ့..အဲဒါ ဒီတစ်ခေါက် မြို့မှာ ကျောင်းတက်ပြီးပြန်လာတာနဲ့ စေ့စပ်ထားမယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းလာပြောတာ”

“ အဲဒါကတော့ ကလေးတွေ ဆန္ဒကိုမေးလိုက်ပါဦးမယ် မုဒြွာက အခုမှ ၁၉နှစ်တောင် ပြည့်သေးတာမဟုတ်ဘူး..နောက်ပြီး သူကအမြဲတမ်းချူချာနေတာ”

“ငါတို့ဘက်ကလဲ ချက်ချင်းကြီး လုပ်ဖို့ပြောတာမဟုတ်ပါဘူး… နောက်နှစ်မောင်တိုး ပြန်လာတဲ့အချိန်မှ စေ့စပ်မယ်လို့ပြောတာပါ”

မလှခင်လဲ ဘဒွေးစကားကို အဆင်ပြေအောင် ပြန်ပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ အနည်းငယ်ထင့်နေခဲ့တယ်။

ညအမှောင်က တစ်ဖြေးဖြေးနက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေ မယ့် မလှခင်တို့အိမ်အနောက်က ကောက်ရိုးပုံအောက်မှာတော့ အရိပ်နှစ်ခုက လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တယ်။

“ မုဒြွာ … ကိုတိုးက မနက်ဖြန်ဆို မြို့ပေါ်ကိုပြန်ရတော့မှာ….”

“အဲဒီတော့ဘာဖြစ်လဲ… ပြန်လာရင် တွေ့ရမှာပဲကို”

“မဟုတ်ဘူးလေကွာ …. ပြန်လာဖို့ဆိုတာ တစ်နှစ်လောက်ကြာဦးမှာ… ဒီကြားထဲ မုဒြွာကို လွမ်းတဲ့စိတ်နဲ့ ကိုတိုး သေသွားရင် ဘယ်လိုလုပ်မလဲ”

“ ခစ်ခစ် မြို့ပေါ်မှာ အနေကြာလို့လားတော့မသိဘူး.. စကားအတော်တတ်”

“ မုဒြွာကို ချစ်လို့ပါနော်…”

ကိုတိုးက လရောင်နဲ့အတူအစွမ်းကုန်လှပနေတဲ့ မုဒြွာရဲ့မျက်နှာကို သူ့ရဲ့ရင်ဘတ်ကျယ်ထဲ ဆွဲထည့်လိုက်တဲ့အချိန် အလင်းရောင်သဲ့သဲ့ပေးနေတဲ့ ဖိုးလမင်းကတော့ အလိုက်သိစွာနဲ့ တိမ်မဲတွေကြားထဲကို တိုးဝင်သွားခဲ့တယ်။

 

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရတဲ့ မင်းသမီးတစ်ပါးရဲ့ လက်တွေ၊ ခြေထောက်တွေကနေ သွေးစိမ်းရှင်ရှင်တွေကျနေတာမြင်တော့ အပျိုတော်မလေး ရင်ထဲမဆန့် အောင်ခံစားလိုက်ရတယ်။

“မမလေး… အချိန်တွေလဲ အတော်ကြာနေပါပြီ သူ…မလာလောက်တော့ဘူးထင်ပါတယ်”

“ ဟအင်း..မဟုတ်ဘူး သူလာမှာပါ.. လမ်းခရီးမှာ အကြောင်းတစ်ခုခုကြောင့် နှောင့်နှေး နေတာဖြစ်ပါလိမ့်မယ် သူသေချာပေါက်ငါ့ဆီကိုလာမှာ..”

ချစ်ရတဲ့သူကိုစောင့်မျှော်နေတဲ့ မင်းသမီးလေးကိုကြည့်ပြီး တိုးတိတ်စွာရှိုက်ငိုရုံမှအပ ဘာမှ လုပ်ပေးနိုင်စွမ်းမရှိခဲ့ပေ။ ဒီလိုနဲ့ ရက်တွေ လတွေကြာလာတော့ ရာသီဥတုဒဏ်၊ အစာရေစာ ရှားပါးမှုဒဏ်တွေကို နုနုနယ်နယ်မင်းသမီးလေးဘယ်လိုမှ မခံစားနိုင်တော့ပဲ

“ ငါ့အချစ်အပေါ်ကို ယုံစားခဲ့တာ မှားပြီ… အချစ်ကြောင့် အရာရာကိုစွန့်လွှတ်ခဲ့တယ်။ အချစ်ကြောင့် ငါ့ကိုအသက်လောက်ချစ်တဲ့ ခမည်းတော်ရဲ့ ရင်ခွင်ထဲကနေ ခြေစုံကန်ပြီး ထွက်လာခဲ့တာ ငါမှားပြီ။ ငါ….ငါ့ဆီ သူမလာတော့ဘူး… သူမလာတော့ဘူး” လို့ပြောကာ တောင်ပေါ် ကနေ အောက်ကိုခုန်ချသွားခဲ့တယ်။

မမလေးခုန်ချသွားတာမြင်တော့ အနောက်မှာရပ်နေတဲ့ အပျိုတော်မိန်းကလေးကလဲ စိတ်အထိန်းအကွပ်မဲ့ကာ အနောက်ကနေ လိုက်ပါခုန်ချသွားခဲ့တယ်။

အေးမြတဲ့ လေပြင်းရဲ့အထိအတွေ့ကြောင့် မှိတ်ထားတဲ့မျက်လုံးတွေ ပွင့်ထွက်လာတဲ့ အချိန် ကြည့်လိုက်တော့ တောင်ခြေမှာမဟုတ်ပဲ အိပ်ယာပေါ်မှာဖြစ်နေတာကိုမြင်လိုက်ရတယ်။

“ ငါ ဒီအိမ်မက်ကို ထပ်မက်ပြန်ပြီ… အိမ်မက်ထဲကလိုများ ငါဖြစ်ခဲ့ရင်… အို မဖြစ်နိုင်တာ ကိုတိုးက ငါ့ဆီကို ပြန်လာမှာပါ.. ဟုတ်တယ် သူသေချာပေါက်ပြန်လာမှာ”

စိုးရိမ်ပူပန်မှုတွေကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်ရင်း အိပ်ယာပေါ်ပြန်လှဲချ လိုက်တယ်။ ဒီလိုနဲ့ လတွေကြာလာတော့ နှလုံးသားနှုတ်ငုံတော်ဖူးပွင့်လာခဲ့ပြီး ဖုံးမနိုင် ဖိမနိုင်အခြေအနေကိုရောက်လာခဲ့တယ်။ ကိုတိုးမောင်ကလဲ ကျောင်းကိစ္စမပြီးသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာကိုလုံးဝပြန်မလာတော့ပဲ အစပျောက်သွားခဲ့တယ်။ မုဒြွာတစ်ယောက် တစ်ရွာလုံးရဲ့ လက်ညိုးထိုးကဲ့ရဲ့မှုတွေကို ခါးစည်းခံရင်း သူ့မိုက်ပြစ်ကို ပေးဆပ်ခဲ့တယ်။ ကလေး မွေးပြီး တစ်ပတ်ကြာတော့ မုဒြွာတစ်ယောက်ရွာထဲကနေ ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်။ အဒေါ်လုပ်သူတွေနဲ့ ဆွေမျိုးနီးစပ်တွေလဲ မုဒြွာကိုတွေ့လိုတွေ့ငြားလိုက်ရှာပေမယ့် အစအန တောင်မတွေ့တော့ သွေးနုသားနုနဲ့သေသွားပြီလို့သတ်မှတ်ခဲ့ကြတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ မုဒြွာဆိုတဲ့နာမည်က တစ်ဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။

 

“ ဟိတ်….နင်တို့ဘာတမ်း ကစားနေတာလဲ”

အနှစ်နှစ်အလလ နေလောင်ထားတဲ့ဒဏ်တွေကြောင့် မဲပြာနေတဲ့အသားအရည်၊ တွန့်လိမ် ကောက်ကွေးနေတဲ့ဆံပင်တွေနဲ့ရှုပ်ပွနေတဲ့အရူးမတစ်ယောက်ရဲ့စကားကြောင့် ကုက္ကိုပင်အောက်မှာ ကစားနေကြတဲ့ ကလေးတွေက အပေါ်ကိုမော့ကြည့်ပြီး

“ ဥဖမ်းတမ်းကစားမလို့…မစာဥရော ပါမလား”

“နင်တို့ ကစားမယ်ဆိုရင် ငါလဲပါမှာပေါ့..”

ကလေးတွေလဲ အရူးမကြီးကို ကြောက်လန့်ခြင်းမရှိပဲ ကစားဖော်တစ်ဦးလိုသဘောထားပြီး ဆော့ကစားနေခဲ့ကြတယ်။ ဆော့ပြီးတဲ့အချိန်မှာတော့ အရူးမကြီးက မောသွားတဲ့ဟန်နဲ့ ကုက္ကိုပင် အောက်မှာ ထဘီစုတ်လေးခင်းပြီး တစ်ရေးတစ်မော အိပ်ပါလေရော။

“ ထစမ်း..ထစမ်း”

ခြေသလုံးကို တုတ်ချောင်းနဲ့တို့ပြီးနှိုးနေတဲ့အသံကြောင့် အိပ်ပျော်နေရာကနေ ထထိုင်လိုက်ပြီး ကြည့်လိုက်တော့ ဖိုးသူတော်လိုလို၊ ဘိုးတော်လိုလိုနဲ့လူကိုတွေ့လိုက်ရတယ်။

“ အလှူခံလား… အဲဒါဆို ကန်တော့ဆွမ်းပဲ…”

“ကျုပ်တို့က အလှူခံမဟုတ်ပါဘူး…သင့်ရဲ့နောက်ကျိနေတဲ့စိတ်ကို ကုသပေးမယ့်သူတွေပါ”

“ဟိတ်လူတွေ ကျုပ်ကဘာဖြစ်နေလို့ မင်းတို့ကကုပေးမှာလဲ…ငါ့ကို မဟုတ်ကဟုတ်က လုပ်ဖို့မကြိုးစားနဲ့နော်”

အရူးမကြီးက လေလွင့်ခဲ့တဲ့ကာလတွေမှာ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကြောင့် ခါးကြားမှာ ထိုးထားတဲ့ ကပ်ကြေးအစုတ်လေးကိုထုတ်ကာ ထိုးမယ့်ဟန်ပြင်နေတာမြင်တော့

“ ကျုပ်တို့က သင်ကြုံတွေ့ခဲ့ရတဲ့လူတွေလိုမဟုတ်ပါဘူး..လက်ထဲက ကတ်ကြေးကို ချထားလိုက်ပါ”

ချိုသာအေးမြတဲ့စကားသံကြောင့် အရူးမကြီးက မျက်စောင်းထိုးကာ အကဲခတ်လိုက်ပြီး

“နင်တို့က ငါ့အနောက်ကနေလိုက်နေကြတာလား”

“ဟုတ်တယ် အမိ.. ကျုပ်တို့က သင့်အနောက်ကနေလိုက်နေတာ နှစ်ရက်ရှိပါပြီ”

“အမယ် အမယ် နင်တို့က ငါ့ကိုစောင့်ကြည့်ရအောင် ငါ့ကမင်းသမီးလား ခစ်ခစ်”

“ သင် ဒီလိုပုံစံနေသွားလို့မဖြစ်ဘူး…မုဒြွာ”

မုဒြွာဆိုတဲ့အသံကြောင့် အရူးမကြီး မျက်လုံးတွေငြိမ်သက်သွားပြီး တစ်ခုခုကိုသတိရမိတဲ့ ဟန်ဖြစ်သွားတာကိုမြင်လိုက်ရတယ်။

“သင်မှတ်မိလား….ဒီနာမည်ကို သင်ကြားဖူးပါသလား”

“မသိဘူး…. တစ်ခါမှမကြားဖူးဖူး။ အဲဒီမုဒြွာဆိုတဲ့နာမည်က ဘယ်အငြိမ့်မင်းသမီးနာမည်လဲ”

အရူးမကြီးစကားကိုကြားတော့ ပိန်ပိန်ပါးပါးနဲ့ဂျစ်ကန်ကန်ပုံစံပေါက်နေတဲ့ လူငယ်က

“ ဒါလေးတောင် မသိဘူးလား….မုဒြွာဆိုတာ ဗေဒါစိန်အငြိမ့်က ခေါင်းဆောင်မင်းသမီးလေ”

“ ဟုတ်ပြီ ဟုတ်ပြီ…. မှတ်မိပြီ .. ဒါနဲ့ ငါလဲအငြိမ့်ကြည့်ချင်တယ် မကြည့်ရတာကြာပီဟ”

“မင်းအငြိမ့်ကြည့်ချင်တယ်ဆိုရင် ငါတို့အနောက်ကိုလိုက်ခဲ့ … ဟိုရောက်ရင် ဆူညံဆူညံ လုပ်လို့မရဘူးနော်”

“အေးပါဟ မလုပ်ပါဘူး အငြိမ့်ကြည့်ရရင်ပြီးရော…”

အရူးမကြီးက ဝမ်းသာသွားဟန်နဲ့ ဖိုသီဖတ်သီဖြစ်နေတဲ့ဆံပင်တွေကို ထုံးတင်လိုက်ပြီး ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့လူငယ်သုံးဦးအနောက်ကနေ ငြိမ်သက်စွာလိုက်ပါသွားခဲ့တယ်။

 

ညကတစ်ဖြေးဖြေးနက်လာသလို ပိုးကောင်ငယ်လေးတွေရဲ့ အော်မြည်သံတွေက တစ်စတစ်စကျယ်လောင်လာခဲ့တယ်။

“နင်တို့ပြောတော့ အငြိမ့်ကြည့်ရမယ်ဆို…အခုထိ ဆိုင်းသံလဲမကြားရသေးပါလား”

အရူးမပြောတဲ့စကားကြောင့် ငြိမ်သက်စွာတရားရှုမှတ်နေတဲ့သူရဲ့ မျက်လုံးတွေပွင့်လာပြီး

“ အငြိမ့်ပွဲကြည့်ဖို့ဆိုရင် လက်မှတ်လိုတယ်… အခုကျုပ်တို့ပေးတဲ့လက်မှတ်ကို မပျောက်အောင်ကိုင်ထားမှ အငြိမ့်ပွဲကိုဝင်ကြည့်လို့ရမှာနော်”လို့ပြောပြီး ဆီစိမ်စက္ကူတစ်ရွက်ကို ကမ်းပေးလိုက်တယ်။

အရူးမကလဲ အငြိမ့်ပွဲကြည့်ရတော့မယ်ဆိုပြီး စက္ကူရွက်ကိုလက်ထဲမှာ တင်းတင်းကြပ်ကြပ် ကိုင်ထားတဲ့အချိန် တောစပ်နေရာတစ်ခုကနေ မီးတောက်တစ်ခုဝုန်းခနဲထတောက်လာခဲ့တယ်။

“သင်ရောက်လာပြီလား…”

“ဟုတ်တယ် ငါရောက်လာပြီ….ငါ့ငယ်ကျွန်တော်ကို ဘာအရေးကိစ္စကြောင့် သင်တို့ကုသ ပေးဖို့ကြိုးစားနေတာလဲ”

“မင်းသမီးပေးတဲ့အပြစ်ဒဏ်ကို သူနှစ်ပေါင်းများစွာခံစားခဲ့ပြီးပြီမဟုတ်ပါလား…ဒီလောက်ဆို ကျေနပ်ပါတော့”

“မကျေနပ်နိုင်ဘူး…..သူငါ့ဆီကနေ မထွက်သွားခင် ရည်းစားသနာမထားပါဘူး…အပျိုစင် ဘဝကိုထိန်းသိမ်းပါမယ်ဆိုပြီး ကတိအထပ်ထပ်ပေးခဲ့တာ…အခုတော့ ငါကိုတောင်မျက်နှာပြောင် တိုက်ပြီး ဖြစ်ပျက်နေတာကိုပဲကြည့်လေ”

“ ဒီဘဝတော့ သူ့သက်တမ်းစေ့နေနိုင်အောင် ခွင့်ပြုပေးပါလို့ ကျုပ်က မေတ္တာရပ်ခံပါရစေ… လာမယ့်လပြည့်နေ့ဆိုရင် သူရင်နဲ့လွယ်ပြီးမွေးခဲ့တဲ့ ကလေးကို ရပ်ရွာကစုပေါင်းပြီးရှင်ပြုပေးကြ တော့မယ်…ဒီမိန်းကလေးကို မင်းသမီးဘယ်လောက်ချစ်ခင်လဲဆိုတာ ကျုပ်သိပါတယ်။ ခွင့်ပြုပေး လိုက်ပါ မင်းသမီး”

“ အို… ခွင့်မပြုနိုင်ဘူး….လာမည့် လပြည့်နေ့ဆိုတာ သူငါ့ဆီပြန်လာဖို့ရက်ပြည့်တဲ့နေ့ပဲ” လို့ပြောကာ မီးတောက်ကြားထဲပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ..ဒီအမျိုးသမီးက သူ့ကလေးရှင်ပြုတဲ့ရက်နဲ့ မူလ ဘဝကိုပြန်ရမယ့်ရက်က တစ်ရက်ထဲဖြစ်နေပါလား”

“ အတတ်နိုင်ဆုံးကြိုးစားပြီး ဖျောင်းဖျရမှာပဲ…မင်းသမီးလေးရဲ့ စိတ်ကလဲ အတော်ဆတ်တာ ဆိုတော့ သူတင်ကိုယ်တင်ပြောဆိုရမယ့်ကိန်းပဲ”

လူငယ်သုံးယောက်ခေါင်းချင်းဆိုင်တိုင်ပင်နေတဲ့အချိန်မှာတော့ အရူးမကြီးက သူ့လက်ထဲက အငြိမ့်လက်မှတ်ကိုပျောက်သွားမှာစိုးတဲ့ဟန်နဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း ပြုံးပျော်နေခဲ့တယ်။

 

နောက်တစ်နေ့မနက်ရောက်တော့ သစ်ကိုင်းခြောက်တစ်ခုကိုကိုင်ကာ အဝေးကိုငေးကြည့် နေတဲ့အရူးမကြီးကို အောင်မြတ်သာတို့မြင်တွေ့လိုက်ရတယ်။

“ ကျွန်မ ရွာကိုပြန်ချင်တယ်….”

အစမရှိအဆုံးမရှိပြောလိုက်တဲ့စကားကြောင့် သက်ခိုင်နဲ့တောက်ရတို့အံ့အားသင့်သွားပြီး

“ဘယ်ရွာကိုပြန်ချင်တာလဲဆိုတာပြောပါဦး”

“ ကျွန်မနေခဲ့တဲ့ရွာကိုပြန်ချင်တာ….ဒီအချိန်ဆိုရင် သားလေးက အတော်အရွယ်ရောက် လောက်ပြီထင်ပါတယ်”

“ဟင်… ဒီလိုကျတော့လဲ အကုန်လုံးမှတ်မိနေပါလား”

“ ဟုတ်တယ်… မမလေးက တစ်လမှာ တစ်ရက်ပဲ မှတ်ဉာဏ်တွေပြန်ပေးထားတယ်… ဒီတစ်ရက်အတွင်းမှာလဲ ရွာကိုပြန်ဖို့က ဘယ်လိုမှမဖြစ်နိုင်တာကို သူသိလို့ထင်ပါတယ်လေ”

“ဒီမယ် အမိ …. သင်ကိုအပြစ်ပေးထားတဲ့သူအပေါ် စိတ်ဆိုးဒေါသထွက်တာဖြစ်ဖူးလား”

အောင်မြတ်သာစကားကြောင့် မုဒြွာက

“မမလေးအပေါ် တစ်ခါမှအပြစ်မမြင်ခဲ့ဖူးပါဖူး…တောင်ပေါ်မှာနေရတာ ငြီးငွေ့လာလို့ လူတွေ နေတဲ့အရပ်ဒေသကိုသွားလည်ချင်တယ်ပြောတုန်းက မမလေးက ကြည်ကြည်ဖြူဖြူပဲခွင့်ပြုပေး ခဲ့တာ၊ အဲဒါကို ကျွန်မကိုယ်တိုင်က ကတိဖောက်ခဲ့တာလေ။ ကတိဖောက်ခဲ့လို့လဲ ဒီဘဝကိုရောက် နေတာပေါ့”

“ လူဘဝကိုရောက်နေတဲ့အချိန်မှာ သင်ဖြစ်ချင်တဲ့အရာများရှိပါသလား”

“ ရှိတာပေါ့ သိပ်ကိုရှိတာပေါ့ရှင်..”

“ဘာများလဲဆိုတာ ကျုပ်တို့ကိုပြောပြပေးလို့ရနိုင်မလား”

“ သားလေးကိုလေ ကျုပ်လက်နဲ့ သင်္ကန်းစီးပေးချင်တာ…..ဒါပေမယ့် အခုထိ သားလေးမျက်နှာဖြူသလား မဲသလားဆိုတာ မမြင်တွေ့ရသေးဘူး”

“ ဟင်း ကျုပ်တို့လဲ သင့်ကိုမြင်မြင်ချင်း သနားဂရုဏာသက်မိတဲ့အတွက် စွမ်းသလောက် ကူညီပေးမယ်ဆိုတဲ့စိတ်နဲ့လိုက်ပါနေခဲ့တာ….ဒါကြောင့် သင်ဖြစ်ချင်တဲ့ဆန္ဒပြည့်ဝအောင် ကူညီပေး ပါ့မယ်”

အောင်မြတ်သာစကားအဆုံးမှာတော့ မုဒြွာရဲ့သူငယ်အိမ်က တစ်ဖြေးဖြေးပြန်ကျဉ်းလာပြီး အသိစိတ်ပြန်လွှတ်သွားခဲ့တယ်။

————————————————-

“ မဟုတ်ပါဘူး မမလေးရယ်…ကျွန်တော်မျိုးမ မမလေးအနားမှာ အမြဲခစားပါ့မယ်လို့ ကတိပေးပါတယ်…. အချိန်လေးနည်းနည်းလေးတိုးပေးပါ… ညနေ နေဝင်ရီတစ်ရောရောက်တာနဲ့ ပြန်လာခဲ့ပါ့မယ်.. မနက်ပိုင်းတစ်ချိန်တော့ ကျွန်တော်မျိုးမကို ခွင့်ပြုပေးပါနော်”

သစ်ပင်အောက်မှာအိပ်ပျော်နေရင်း ယောင်နေတဲ့ မုဒြွာကိုမြင်တော့ အောင်မြတ်သာက

“ သူ့သခင်မကလဲ ကလေးကိုမြင်ပြီး သူ့အနားကိုပြန်မလာမှာစိုးလို့ ရှင်ပြုပွဲကို မသွားစေချင်.. မိခင်ဖြစ်သူကလဲ မွေးပြီးထဲက ပစ်ထားခဲ့ရတဲ့ သားဖြစ်သူရဲ့ရှင်ပြုပွဲကိုသွားချင်လို့ တစ်ကျီကျီလုပ်.. ငါတို့လဲ ကြားထဲက အနေကြပ်သလိုဖြစ်နေပြီ”

“ ဆရာက မိဘနဲ့သားသမီး သံယောဇဉ်ကို စာနာပြီး အခုလိုတွေလုပ်ပေးနေတာ ကျွန်တော်တို့ နားလည်ပါတယ်…ဘာဖြစ်ဖြစ်ဆရာရယ် ဒီကိစ္စကို ဆရာလုပ်ဖို့အဆင်မပြေဘူး ဆိုရင်တောင် ကျွန်တော်တို့နိုင်သလောက် စွမ်းသလောက်ကူညီပေးမယ်”

“ ကဲ…. သူ့ကိုငါတို့ဒီမနက်ပိုင်း ရှင်ပြုပွဲမှီဖို့ ကူညီပေးကြရအောင်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ဝမ်းသာသွားပြီး

“ဒါဆို သူ့အတွက်လိုအပ်တဲ့ အစီအရင်တွေ လုပ်ပေးလိုက်ရမလားဆရာ”

“မင်းတို့အနေနဲ့လုပ်ပေးသင့်တာလုပ်ပေးပြီး သူ့ရဲ့ဇာတိကိုပြန်ခေါ်သွားကြရအောင်”

——————————

သက်ခိုင်တို့လဲ သတိမလည်သေးတဲ့မုဒြွာကို အငြိမ့်ပွဲကြည့်မယ်ဆိုပြီး ချော့မော့ပြောဆိုကာ ဇာတိရွာရှိတဲ့ဘက်ကို အောင်မြတ်သာရဲ့အကူညီနဲ့ခေါ်ဆောင်လာခဲ့ကြတယ်။ ရွာထဲကိုဝင်လုဆဲဆဲ အချိန်မှာတော့ မိန်းမရဲတောင်ဘက်ကနေ ရှမ်းအိုးစည်သံသဲ့သဲ့ ပျံ့လွှင့်လာခဲ့တယ်။

မုဒြွာလဲ ရှမ်းအိုးစည်သံကြားတာနဲ့ မျက်ရည်တွေတစ်သွင်သွင်ကျလာပြီး တောင်ခြေကို ပြေးဖို့ရုန်းကုန်ပါလေရော။

“ မုဒြွာ စိတ်ထိန်းစမ်း… မကြာခင် ဒီဘဝမှာနင်ကိုယ်တိုင်မွေးခဲ့တဲ့ သားယောင်္ကျားလေးက သာသနာ့ဘောင်ထဲကိုဝင်တော့မယ်… နင်သာသနာကုသိုလ်မလိုချင်ဘူးလား”

အောင်မြတ်သာစကားကြောင့် ရုန်းကုန်နေတဲ့ မုဒြွာအနည်းငယ်ငြိမ်သွားပြီး မျက်လုံးက မိန်းမရဲတောင်ဘက်ကိုကြည့်လိုက် ရွာထဲကိုကြည့်လိုက်နဲ့လုပ်ပြီး

“ မမလေး စောင့်နေပြီ….သူစိတ်ဆိုးနေတယ် ငါ့ကို အချိန်မပေးနိုင်ဘူးလို့လဲပြောတယ်”

“သက်ခိုင်….အခြေအနေကတော့ ဟိုဘက်ကိုစိတ်လည်နေပြီ..အခုချက်ချင်း ရွာထဲကိုသွား မောင်ရင်လောင်းအုပ်ထိန်းသူတွေကိုအကျိုးအကြောင်းပြောပြပြီး ရှင်ပြုပွဲအမြန်လုပ်ဖို့ပြော”

သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် ရွာထဲကို ခပ်မြန်မြန်ဝင်သွားတဲ့အချိန် မုဒြွာက မိန်းမရဲတောင်ဘက်ကို ခေါင်းလည်နေတာကိုမြင်လိုက်ရတယ်။

“မဖြစ်ဘူး…ဒီအတိုင်းဆိုရင် ဘာကုသိုလ်မှမပါပဲ ပြန်သွားရလိမ့်မယ်… တောက်ရ မင်းက သူ့ကိုထိန်းထား”

တောက်ရလဲ မုဒြွာကိုလဲမကျအောင်ထိန်းထားတဲ့အချိန် အောင်မြတ်သာက သန်လျက် စက်ဖြတ်အင်းကို မုဒြွာရဲ့ခန္ဓာကိုယ်ကိုခြုံငုံရေးဆွဲပြီး ထိပ်နဲ့အပိတ်ကို လေးကွက်အင်းနှစ်ကွက်စီနဲ့ ချုပ်ထားလိုက်တယ်။ အဲဒီတော့မှ မိန်းမရဲတောင်ထိပ်ကနေ ထွက်လာတဲ့ ညို့ဓါတ်တွေအကုန် ပြတ်တောက်ပြီး အသိစိတ်ပြန်ဝင်လာခဲ့တယ်။

“ သမီး….သမီးလေး မုဒြွာ”

ရွာထဲကနေ ငိုကြီးချက်မပြေးလာတဲ့ မိန်းမကြီးအသံကြောင့် စည်းထဲမှာရပ်နေတဲ့ မုဒြွာက မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီး ရှိုက်ကြီးတစ်ငင်ငိုကာ

“အဒေါ်…. သမီးမိုက်ကိုခွင့်လွှတ်ပါ အဟီးဟီး”

“သမီး…ဒီမှာကြည့်စမ်း.. သမီးရဲ့သားလေးလေ ခဏနေဆိုရင် ရှင်ပြုတော့မှာ”

မုဒြွာက စည်းထဲကနေ အပြင်ကိုထွက်ပြီး သားကိုပွေ့ဖက်မယ်အလုပ်

“စည်းထဲကနေ အပြင်ထွက်တာနဲ့ လိပ်ပြာနှုတ်သွားလိမ့်မယ်…မထွက်နဲ့”

အောင်မြတ်သာစကားကြောင့် မုဒြွာခြေလှမ်းတွေအနောက်ကို ပြန်ဆုတ်လိုက်ပြီး သားဖြစ်သူရဲ့မျက်နှာကိုကြည်ကာ မျက်ရည်တွေစီးကျလာခဲ့တယ်။

“ အရီး…အချိန်သိပ်မရတော့ဘူး..ကလေးရဲ့ ရှင်ပြုတဲ့အမှုကို အမြန်လုပ်မှရမယ်”

“ဆရာ.. ဟိုမှာ ကျွန်တော်တို့ကို မျက်ထောင့်နီတွေနဲ့ကြည့်နေကြပြီ”

တောက်ရစကားကြောင့် အောင်မြတ်သာကြည့်လိုက်ရာ နီညိုရောင်ရှမ်းဝတ်စုံကို လှပစွာ ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်က ရွာအစပ်မှာ မတ်တပ်ရပ်ပြီး လက်ညိုးငေါက်ငေါက်ထိုးကာ အမိန့်ပေးနေတာကိုမြင်လိုက်ရတယ်။

“ သူ့အမိန့်ကို ငါတို့စက်ဖြတ်စမနဲ့ ခဏတားထားတယ်…ဒီရှင်ပြုပွဲရေစက်ချပြီးတဲ့ထိ အလျော့ပေးလို့မရဘူး”

ခဏနေတော့ ဦးဇင်းပျိုတစ်ပါးနဲ့အတူ မောင်ရင်လောင်းရောက်လာပြီး သီလပေးခြင်း၊ သင်္ကန်းတောင်းခြင်းတွေိကိုအမြန်လုပ်ပါလေရော။ နေကလဲ တစ်ဖြည်းဖြည်းမြင့်တက်လာလေလေ မုဒြွာရဲ့သူငယ်အိမ်က ကျဉ်းလာလိုက် ကျယ်သွားလိုက်နဲ့ဖြစ်လာခဲ့တယ်။

“ ဒီအလှူက မိခင်ဖြစ်သူ ပိုင်ဆိုင်ခဲ့တဲ့ နားကပ်နဲ့ဆွဲကြိုးကို ရောင်းချလို့ရတဲ့ငွေနဲ့ ပြုလုပ်တာ ဖြစ်လို့ အလှူဒါယိကာမတစ်ဖြစ်လဲ ဒေါ်ကုမုဒြွာက ရေစက်ချအမျှဝေပေးပါ”

အောင်မြတ်သာစကားကြောင့် ဦးဇင်းလေးက ပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကို ရည်စူးပြီး အမျှတန်းပေးဝေနေတဲ့အချိန် မုဒြွာတစ်ကိုယ်လုံး တွန့်လိမ်ပြီး မျက်လုံးက မိန်းမရဲ တောင်ထိပ်ကိုစောင်းနေခဲ့တယ်။ နောက်ဆုံးအမျှဝေအပြီး တားထားတဲ့စည်းတွေအားလုံး ပေါက်ထွက်သွားခဲ့တယ်။

စည်းပေါက်သွားတာနဲ့ အောင်မြတ်သာရဲ့ကိုယ်ကနေ ထွက်နေတဲ့ အရောင်အဝါတေွ အားလုံး ပျောက်ကွယ်သွားပြီး ဦးခေါင်းထက်မှာစောင့်ရှောက်နေတဲ့ အင်းစောင့်ပုဂ္ဂိုလ်လေးပါးလဲ ထွက်ခွာ သွားခဲ့တယ်။ အောင်မြတ်သာကတော့ ခပ်ပြုံးပြုံးနဲ့ မိန်းမရဲတောင်ပေါ်ကိုကြည့်ပြီး

“ ဒီကုသိုလ်ကြောင့် မကြာခင် လူဘဝကိုအပြီးတိုင်ပြန်ရောက်လာပါလိမ့်မယ်”လို့ရေရွတ်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမှနှုတ်ဆက်ခြင်းမပြုပဲ ထွက်သွားခဲ့တယ်။ သက်ခိုင်နဲ့ တောက်ရလဲ အောင်မြတ်သာအနောက်ကနေ အသာလေးလိုက်သွားပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တာ ကျွန်းလုံးတွေနဲ့ဆောက်ထားတဲ့ဇရပ်တစ်ခုကိုရောက်တော့

“ သက်ခိုင်နဲ့ တောက်ရ ဒီကိစ္စမှာ ငါမှားတယ်လို့မင်းတို့ထင်လား”

“ မထင်ပါဘူးဆရာ… ဆရာလုပ်ပေးခဲ့လို့ မုဒြွာက ကုသိုလ်ကောင်းမှုတွေရခဲ့တာမဟုတ်လား”

“ အထက်ကခိုင်းတဲ့အထဲမှာ ကာယကံရှင်ရဲ့စိတ်ဆန္ဒပြတ်သားမှ ကူညီပါဆိုတာ ရှိခဲ့တယ်။ ဒါပေမယ့် အခုဖြစ်စဉ်မှာ ကာယကံရှင်က ဟိုဘက်ရောဒီဘက်ရောပါနေခဲ့ပြီးကာမှ အမျှဝေပြီးချိန် အတိတ်ဘဝကိုလုံးဝယိမ်းသွားခဲ့တာ။ အဲဒါကြောင့်မသေချာပဲလုပ်ခဲ့တဲ့အတွက် ငါ့ရဲ့အစွမ်းအချို့ကို ဆရာသခင်တွေက ပြန်သိမ်းသွားခဲ့တယ်”

“ ဒါပေမယ့် ဆရာလုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်….ကျွန်တော်တို့ကတော့ ဆရာ့ကို ယုံကြည်ပြီးသားပါ”

“မင်းတို့ယုံကြည်ပေးတဲ့အတွက် ဝမ်းသာပါတယ်… ဟော ခဏ ခဏ..”

အောင်မြတ်သာက တိတ်တိတ်နေဖို့လက်ဟန်ခြေဟန်နဲ့ပြလိုက်ပြီး တစ်ခုခုကို နားထောင်နေ ခဲ့တယ်။

“ငါ့နားထဲမှာ အကူညီတောင်းတဲ့ အသံတစ်ခုကြားလိုက်ရတယ်..ဒီအသံက မိန်းကလေး တစ်ယောက် ငိုပြီးပြောနေတဲ့အသံပဲ… ဟင်… “

အောင်မြတ်သာက ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း ဇရပ်ပေါ်မှာ ထိုင်ချလိုက်တယ်။

“ ကဲ … ခဏနားပြီးရင် .. သစ်စိုရွာကိုသွားကြရအောင်…”

“ဆရာ ခုနက အကူအညီတောင်းတဲ့အသံဆိုတာက..”

“ ပိုးထိပြီးဆုံးသွားတဲ့ ကလေးမလေးတစ်ယောက်က သူ့အတွက်ပေးတဲ့ကုသိုလ်ကောင်းမှု တွေကိုအခြားသူတွေလုယူကြတာ သုံးလေးကြိမ်မကတော့ဘူးတဲ့ ဒါကိုငါတို့ကူညီပေးရဦးမယ် ထင်ပါတယ်” လို့ပြောကာ ဇရပ်ပေါ်မှာရေးထားတဲ့ ပန်းချီအချို့ကို လှည့်ပတ်ကြည့်ရှုနေခဲ့တယ်။

နောက်ဝတ္တုမှာတော့ အစွမ်းအချို့သိမ်းခံလိုက်ရတဲ့ အောင်မြတ်သာကို နာနာဘာဝတွေက ဘယ်လိုပမာမခန့်လုပ်ကြမလဲ…???

ကုသိုလ်လုပ်ပေးတိုင်း လုယူခံနေရတဲ့ ဝိဉာဉ်မလေးကို ဘယ်လိုကူညီမလဲ ဆိုတာကိုတော့ အောင်မြတ်သာနှင့်ရည်စူးကုသိုလ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

 

#ညမဖတ်ရ

ေအာင္ျမတ္သာႏွင့္မိန္းမရဲေတာင္

ေလတစ္ျဖဴးျဖးတိုက္ခတ္ေနတဲ့ ညေန ေနဝင္ရီတစ္ေရာအခ်ိန္မွာ မိန္းမရဲေတာင္အစပ္နားသို႔ လူႏွစ္ဦးက တစ္ေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္လာခဲ့ၾကတယ္။
“ကိုတိုး ဒီေနရာက မိန္းမရဲေတာင္ရဲ႕ နယ္ေျမအစပ္ေနာ္…ညီမေၾကာက္တယ္”
“ဘာေၾကာက္စရာရွိလို႔လဲ ညီမရယ္ .. အကိုတို႔က ေတာင္ေပၚမွာဘုရားဖူးၿပီးတာနဲ႔ ျပန္ၾကမွာပဲဟာကို”
“အို…အစ္ကိုက တစ္နယ္သားမို႔ မသိေပမယ့္.. ညီမတို႔တစ္နယ္လုံးက စုံတြဲေတြဆိုရင္ မိန္းမရဲ ေတာင္ရိပ္ကိုေတာင္ မနင္းရဲၾကဘူး”
ကုမုႁဒြာရဲ႕စကားေၾကာင့္ တိုးေမာင္တစ္ေယာက္ ေပါ့ပ်က္ပ်က္မ်က္ႏွာထားနဲ႔ ရယ္လိုက္ၿပီး
“ ဒီလိုေခတ္ႀကီးမွာ အယူသည္းမႈေတြရွိေသးေနပါလား…မုႁဒြာ… ဒီလိုကိစၥေတြကို ကိုတိုး မယုံဘူး”
“တစ္ျခားေနရာသြားရေအာင္ေနာ္…အခုေတာင္ ၾကက္သီးေတြထလာေနၿပီ”
“မရဘူး မုႁဒြာ… ကိုတိုးက အခုေတာင္ေပၚကိုမုႁဒြာနဲ႔အတူတူ တက္ခ်င္ေနတာ…လိုက္ခဲ့ပါ ဘာမွမျဖစ္ပါဘူး”
ကိုတိုးေမာင္ရဲ႕စကားကို မုႁဒြာမလြန္ဆန္ႏိုင္ေတာ့ပဲ လက္ဆြဲေခၚရာေနာက္ကို လိုက္ပါ သြားခဲ့မိတယ္။ စကားေလးေျပာလိုက္ ေတာင္ေပၚကိုတက္လိုက္နဲ႔လုပ္ေနရင္း ေတာင္ရဲ႕အလယ္ကို ေရာက္ေတာ့
“ဟင္…ကို..ကိုတိုး….”
“မုႁဒြာ .. ဘာျဖစ္တာလဲ”
“ဟို..ဟိုမွာ ရွမ္းဝတ္စုံနဲ႔မိန္းမတစ္ေယာက္ မုႁဒြာကိုခါးေထာက္ၿပီး စိုက္ၾကည့္ေနတယ္”
မုႁဒြာစကားေၾကာင့္ ကိုတိုးက ေတာင္ေပၚကိုေမာ့ၾကည့္လိုက္ၿပီး
“ဘယ္မွာလဲ ကိုတိုးလိုက္ၾကည့္တာ ဘာမွမေတြ႕ရပါဘူး”
“ဟအင္း…ဟအင္း.. မုႁဒြာ ေၾကာက္လာၿပီ… အဲဒီမိန္းမႀကီးက မုႁဒြာတို႔ကို လက္ညိဳးထိုးၿပီး ျပန္ခိုင္းေနတယ္..မုႁဒြာတို႔ျပန္ၾကရေအာင္ေနာ္…ေနာ္လို႔”
“ဒါျဖင့္လဲ ျပန္ၾကတာေပါ့..”
တိုးေမာင္က မုႁဒြာစိတ္ထဲေၾကာက္လန႔္ေနလို႔သာ ျပန္လွည့္ခဲ့ရေပမယ့္ သိပ္ေတာ့ မေက်နပ္ ခဲ့ဘူး။ မုႁဒြာလဲ ႐ြာကိုျပန္ေရာက္ေတာ့ မ်က္လုံးထဲမွာ ရွမ္းဝတ္စုံကိုဝတ္ဆင္ၿပီး ေဒါသထြက္ေနတဲ့ မိန္းမရဲ႕မ်က္ႏွာကိုအဖန္တလဲလဲျမင္မိရင္း အျပင္းဖ်ားပါေလေရာ။
“ မလုပ္ပါနဲ႔ မမေလးရယ္ … ကြၽန္ေတာ္မ်ိဳးမမွာ အျပစ္ရွိပါတယ္… သိပါတယ္…သိပါတယ္ .. အျပစ္လုပ္မိမွန္းသိပါတယ္ မမေလးကို မေလးမစားလုပ္တာမဟုတ္ပါဘူးရွင္”
တစ္ေယာက္ထဲ အိမ္အျပင္ဘက္ကို ၾကည့္လိုက္ စကားေတြေျပာလိုက္ ငိုယိုလိုက္လုပ္ေနတဲ့ အျဖစ္ကိုျမင္ေတာ့ အေဒၚျဖစ္သူက
“ သမီး…ဘာျဖစ္တာလဲ.. အေဒၚကိုေျပာပါဦး ဘာျဖစ္တာလဲလို႔”
“ မမေလးက သမီးကိုစိတ္ဆိုးေနတယ္….သူမုန္းတဲ့အရာကို သမီးလုပ္ခဲ့မိၿပီ ေဒၚေဒၚ.. သူ သမီးကိုခြင့္မလႊတ္ဘူးတဲ့ အဟီးဟီး … သမီးေၾကာက္တယ္”
“ဟဲ့ေကာင္မေလး နင္ကဘာေတြလုပ္ခဲ့တာလဲ ငါသိေအာင္ ရွင္းရွင္းလင္းလင္းေျပာျပပါဦး”
“သမီး..သမီးေလ ၿမိဳ႕ေပၚကေန႐ြာကိုလာလည္တဲ့ ဘေဒြးေလးရဲ႕ တူနဲ႔ ေလ်ာက္လည္ရင္း မိန္းမရဲေတာင္ဘက္ကိုေရာက္ခဲ့တယ္။ သူက ေတာင္ေပၚကိုတက္မယ္ဆိုၿပီးလုပ္ေတာ့ ဘာမွ မျဖစ္ေလာက္ဘူးအထင္နဲ႔ လိုက္သြားခဲ့မိတာ။ သမီးကို မမေလး စိတ္ဆိုးသြားၿပီထင္ပါတယ္…”
“နင္နဲ႔ ဘေဒြးတူနဲ႔ မိန္းမရဲေတာင္ကိုေလ်ာက္လည္ၾကတယ္ ဟုတ္လား…။ အဲဒီေတာင္ အေၾကာင္းသိသိႀကီးနဲ႔ကြယ္…. ေနာက္ၿပီး နင္ကလဲ…”
အေဒၚျဖစ္သူက စကားေျပာေနရင္း တစ္ဝက္တစ္ပ်က္နဲ႔ ရပ္လိုက္ေတာ့ မုႁဒြာက
“ သမီးက ဘာျဖစ္လို႔လဲ… အေဒၚ သမီးကို မေျပာပဲထားခဲ့တာ ဘာမ်ားရွိလဲေျပာပါဦး”
“ ဘာမွမဟုတ္ပါဘူး… နင္ကလဲ ၿမိဳ႕ေပၚကလာတဲ့သူကို ဘာလို႔ယုံၿပီး လိုက္သြားတာလဲလို႔ ေမးမလို႔ပါ”
“ အဟင့္အဟင့္ သမီးမွားပါတယ္ …”
“ကဲကဲ ေနာက္တစ္ခါဆို မသြားနဲ႔ေတာ့… စိတ္ကိုလဲမတင္းထားပဲ ေလ်ာ့ခ်ၿပီး အိပ္လိုက္ေတာ့ေနာ္”
မုႁဒြာလဲ အေဒၚျဖစ္သူစကားေၾကာင့္ အိပ္ယာထဲဝင္ၿပီး လွဲခ်လိုက္ရာ ငိုထားတဲ့အရွိန္ေၾကာင့္ ခဏေလးအိပ္ေပ်ာ္သြားခဲ့တယ္။

“ မမေလး ျဖစ္ပါ့မလားေနာ္… ဟိုဘက္လူက ယုံၾကည္ရပါ့မလား”
“အိုကြယ္ သူက ငါ့ကိုတကယ္ခ်စ္တာပါ… လာမည့္ လျပည့္ေန႔ညမွာ သူနဲ႔ေတြ႕ဖို႔ခ်ိန္းထား ေသးတယ္.. ဘာလဲ နင္က ငါ့နဲ႔မလိုက္ခ်င္လို႔လား”
“ မဟုတ္ မဟုတ္ပါဘူး မမေလးရယ္…. ကြၽန္ေတာ္မ်ိဳးမက မမေလး ဘယ္သြားသြား အေနာက္ကေန အသင့္လိုက္မယ့္သူပါ..ဒါေပမယ့္….”
“ဒါေပမယ့္ ဘာျဖစ္လဲ …”
“ ကြၽန္ေတာ္မ်ိဳးမတို႔သြားတာသိရင္ မမေလးရဲ႕ ခမည့္းေတာ္စိတ္ဆိုးၿပီး ဒုကၡေပးေနပါဦးမယ္”
“ အိုကြယ္ ငါက မခ်စ္မႏွစ္သက္တဲ့သူကိုမယူႏိုင္ပါဘူး… ငါခ်စ္တဲ့သူအတြက္ဆိုရင္ ဓားေတာင္ကိုတက္ရတက္ရ.. မီးပင္လယ္ကိုျဖတ္ရျဖတ္ရ ငါျဖတ္မွာ.. ေမာင္ႀကီးဒိဗၺက ငါ့ကို တကယ္ခ်စ္တာပါ.. ဒီမွာၾကည့္ … ဒီလည္ဆြဲဘယက္ေလးက သူ႔လုပ္အားခနဲ႔စုၿပီး ငါ့အတြက္ ဝယ္ထားေပးတာ ဘယ္ေလာက္လွလဲ”
“ ဒါႀကီးက သာမန္လည္ဆြဲႀကီးပါ မမေလးမွာ အဖိုးတန္ေက်ာက္မ်က္ရတနာေတြနဲ႔ စီျခယ္ထားတဲ့လက္ဝတ္ရတနာေတြမွအမ်ားႀကီးကို..”
“ တိတ္စမ္း… ငါ့မွာရွိတဲ့အဆင္တန္ဆာေတြအားလုံးေပါင္းရင္ေတာင္ ဒီလည္ဆြဲရဲ႕ တန္ဖိုးကို လိုက္မမွီဘူး … နင့္အေနနဲ႔ ေမာင္ႀကီးကို ဖိႏွိပ္တဲ့စကားေတြ ဆက္မေျပာမိပါေစနဲ႔”

“ သမီး.. သမီး ထပါဦး… ကိုယ္ေတြလဲ ပူေနလို႔ပါလား ေဆးေသာက္ရမယ္ေနာ္”
အေဒၚျဖစ္သူလႈပ္ႏႈိးမႈေၾကာင့္ ကုမုႁဒြာတစ္ေယာက္ အိမ္မက္ထဲကေန လန႔္ႏိုးလာခဲ့ေပမယ့္ ေခါင္းတစ္ခုလုံးပု႐ြတ္ဆိတ္အုံထဲထိုးထည့္ထားသလို တစ္ဆစ္ဆစ္နဲ႔ကိုက္ခဲေနခဲ့တယ္။
“ေဒၚ ေဒၚ.. သမီး ဟို..အိမ္မက္ေတြ ျပန္မက္ျပန္ၿပီ”
မုႁဒြာစကားေၾကာင့္ အေဒၚျဖစ္သူမ်က္ႏွာ တစ္ခ်က္ပ်က္သြားၿပီး မၾကားခ်င္ေယာင္ ေဆာင္ကာ အိမ္ေနာက္ဘက္ကိုျပန္ဝင္သြားခဲ့တယ္။
“ အရီးေလး အရီးေလး…..”
အိမ္ေရွ႕ကေန လွမ္းေအာ္ေနတဲ့အသံေၾကာင့္ မလွခင္ ထြက္လာၿပီး
“ ဘယ္သူမ်ားလဲလို႔ ဘေဒြးပါလား… ဘာကိစၥရွိလို႔လဲ”
“ေအာ္ မုႁဒြာ ဖ်ားေနတယ္ဆိုလို႔ ငါ့တူက သတင္းစကားေမးခ်င္တယ္ေျပာလို႔ ေခၚလာခဲ့တာပါ.. ဒါက အိမ္ကေနခ်က္လာတဲ့ ၾကက္စြပ္ျပဳတ္”
မလွခင္လဲ ငါးဆင့္ခ်ိဳင့္နဲ႔အျပည့္ထည့္လာတဲ့ ၾကက္စြပ္ျပဳတ္ကိုလွမ္းယူၿပီး ဧည့္သည္ေတြကို အိမ္ေပၚကိုေခၚလာခဲ့တယ္။
“ မလွခင္ ငါလဲ နင္တို႔တူအရီးႏွစ္ေယာက္နဲ႔မေတြ႕တာၾကာေရာေပါ့..”
“ ဟုတ္တယ္ေနာ္ ဘေဒြးတို႔က လယ္ေတြအမ်ားႀကီးဆိုေတာ့ အလုပ္ေတြရႈပ္ေနမွာေပါ့”
“ အခုလဲ ငါ့တူက အတင္းပူဆာလို႔ နင့္ကိုနားခ်မလို႔လိုက္လာတာ”
“ ဘာမ်ားလဲ ဘေဒြး”
“ ကိစၥကေတာ့ ငါ့တူက နင့္တူမကို ေမတၱာမွ်ေနလို႔ပါတဲ့..အဲဒါ ဒီတစ္ေခါက္ ၿမိဳ႕မွာ ေက်ာင္းတက္ၿပီးျပန္လာတာနဲ႔ ေစ့စပ္ထားမယ္ဆိုတဲ့အေၾကာင္းေလး သတင္းေကာင္းလာေျပာတာ”
“ အဲဒါကေတာ့ ကေလးေတြ ဆႏၵကိုေမးလိုက္ပါဦးမယ္ မုႁဒြာက အခုမွ ၁၉ႏွစ္ေတာင္ ျပည့္ေသးတာမဟုတ္ဘူး..ေနာက္ၿပီး သူကအၿမဲတမ္းခ်ဴခ်ာေနတာ”
“ငါတို႔ဘက္ကလဲ ခ်က္ခ်င္းႀကီး လုပ္ဖို႔ေျပာတာမဟုတ္ပါဘူး… ေနာက္ႏွစ္ေမာင္တိုး ျပန္လာတဲ့အခ်ိန္မွ ေစ့စပ္မယ္လို႔ေျပာတာပါ”
မလွခင္လဲ ဘေဒြးစကားကို အဆင္ေျပေအာင္ ျပန္ေျပာခဲ့ေပမယ့္ စိတ္ထဲမွာေတာ့ အနည္းငယ္ထင့္ေနခဲ့တယ္။
ညအေမွာင္က တစ္ေျဖးေျဖးနက္လာၿပီး ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ေနေပ မယ့္ မလွခင္တို႔အိမ္အေနာက္က ေကာက္႐ိုးပုံေအာက္မွာေတာ့ အရိပ္ႏွစ္ခုက လႈပ္လႈပ္ရွားရွား ျဖစ္ေနခဲ့တယ္။
“ မုႁဒြာ … ကိုတိုးက မနက္ျဖန္ဆို ၿမိဳ႕ေပၚကိုျပန္ရေတာ့မွာ….”
“အဲဒီေတာ့ဘာျဖစ္လဲ… ျပန္လာရင္ ေတြ႕ရမွာပဲကို”
“မဟုတ္ဘူးေလကြာ …. ျပန္လာဖို႔ဆိုတာ တစ္ႏွစ္ေလာက္ၾကာဦးမွာ… ဒီၾကားထဲ မုႁဒြာကို လြမ္းတဲ့စိတ္နဲ႔ ကိုတိုး ေသသြားရင္ ဘယ္လိုလုပ္မလဲ”
“ ခစ္ခစ္ ၿမိဳ႕ေပၚမွာ အေနၾကာလို႔လားေတာ့မသိဘူး.. စကားအေတာ္တတ္”
“ မုႁဒြာကို ခ်စ္လို႔ပါေနာ္…”
ကိုတိုးက လေရာင္နဲ႔အတူအစြမ္းကုန္လွပေနတဲ့ မုႁဒြာရဲ႕မ်က္ႏွာကို သူ႔ရဲ႕ရင္ဘတ္က်ယ္ထဲ ဆြဲထည့္လိုက္တဲ့အခ်ိန္ အလင္းေရာင္သဲ့သဲ့ေပးေနတဲ့ ဖိုးလမင္းကေတာ့ အလိုက္သိစြာနဲ႔ တိမ္မဲေတြၾကားထဲကို တိုးဝင္သြားခဲ့တယ္။

ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ ေနခဲ့ရတဲ့ မင္းသမီးတစ္ပါးရဲ႕ လက္ေတြ၊ ေျခေထာက္ေတြကေန ေသြးစိမ္းရွင္ရွင္ေတြက်ေနတာျမင္ေတာ့ အပ်ိဳေတာ္မေလး ရင္ထဲမဆန႔္ ေအာင္ခံစားလိုက္ရတယ္။
“မမေလး… အခ်ိန္ေတြလဲ အေတာ္ၾကာေနပါၿပီ သူ…မလာေလာက္ေတာ့ဘူးထင္ပါတယ္”
“ ဟအင္း..မဟုတ္ဘူး သူလာမွာပါ.. လမ္းခရီးမွာ အေၾကာင္းတစ္ခုခုေၾကာင့္ ေႏွာင့္ေႏွး ေနတာျဖစ္ပါလိမ့္မယ္ သူေသခ်ာေပါက္ငါ့ဆီကိုလာမွာ..”
ခ်စ္ရတဲ့သူကိုေစာင့္ေမွ်ာ္ေနတဲ့ မင္းသမီးေလးကိုၾကည့္ၿပီး တိုးတိတ္စြာရႈိက္ငို႐ုံမွအပ ဘာမွ လုပ္ေပးႏိုင္စြမ္းမရွိခဲ့ေပ။ ဒီလိုနဲ႔ ရက္ေတြ လေတြၾကာလာေတာ့ ရာသီဥတုဒဏ္၊ အစာေရစာ ရွားပါးမႈဒဏ္ေတြကို ႏုႏုနယ္နယ္မင္းသမီးေလးဘယ္လိုမွ မခံစားႏိုင္ေတာ့ပဲ
“ ငါ့အခ်စ္အေပၚကို ယုံစားခဲ့တာ မွားၿပီ… အခ်စ္ေၾကာင့္ အရာရာကိုစြန႔္လႊတ္ခဲ့တယ္။ အခ်စ္ေၾကာင့္ ငါ့ကိုအသက္ေလာက္ခ်စ္တဲ့ ခမည္းေတာ္ရဲ႕ ရင္ခြင္ထဲကေန ေျခစုံကန္ၿပီး ထြက္လာခဲ့တာ ငါမွားၿပီ။ ငါ….ငါ့ဆီ သူမလာေတာ့ဘူး… သူမလာေတာ့ဘူး” လို႔ေျပာကာ ေတာင္ေပၚ ကေန ေအာက္ကိုခုန္ခ်သြားခဲ့တယ္။
မမေလးခုန္ခ်သြားတာျမင္ေတာ့ အေနာက္မွာရပ္ေနတဲ့ အပ်ိဳေတာ္မိန္းကေလးကလဲ စိတ္အထိန္းအကြပ္မဲ့ကာ အေနာက္ကေန လိုက္ပါခုန္ခ်သြားခဲ့တယ္။
ေအးျမတဲ့ ေလျပင္းရဲ႕အထိအေတြ႕ေၾကာင့္ မွိတ္ထားတဲ့မ်က္လုံးေတြ ပြင့္ထြက္လာတဲ့ အခ်ိန္ ၾကည့္လိုက္ေတာ့ ေတာင္ေျခမွာမဟုတ္ပဲ အိပ္ယာေပၚမွာျဖစ္ေနတာကိုျမင္လိုက္ရတယ္။
“ ငါ ဒီအိမ္မက္ကို ထပ္မက္ျပန္ၿပီ… အိမ္မက္ထဲကလိုမ်ား ငါျဖစ္ခဲ့ရင္… အို မျဖစ္ႏိုင္တာ ကိုတိုးက ငါ့ဆီကို ျပန္လာမွာပါ.. ဟုတ္တယ္ သူေသခ်ာေပါက္ျပန္လာမွာ”
စိုးရိမ္ပူပန္မႈေတြကို သက္ျပင္းတစ္ခ်က္ႏွင့္အတူ မႈတ္ထုတ္ရင္း အိပ္ယာေပၚျပန္လွဲခ် လိုက္တယ္။ ဒီလိုနဲ႔ လေတြၾကာလာေတာ့ ႏွလုံးသားႏႈတ္ငုံေတာ္ဖူးပြင့္လာခဲ့ၿပီး ဖုံးမႏိုင္ ဖိမႏိုင္အေျခအေနကိုေရာက္လာခဲ့တယ္။ ကိုတိုးေမာင္ကလဲ ေက်ာင္းကိစၥမၿပီးေသးဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ႐ြာကိုလုံးဝျပန္မလာေတာ့ပဲ အစေပ်ာက္သြားခဲ့တယ္။ မုႁဒြာတစ္ေယာက္ တစ္႐ြာလုံးရဲ႕ လက္ညိဳးထိုးကဲ့ရဲ႕မႈေတြကို ခါးစည္းခံရင္း သူ႔မိုက္ျပစ္ကို ေပးဆပ္ခဲ့တယ္။ ကေလး ေမြးၿပီး တစ္ပတ္ၾကာေတာ့ မုႁဒြာတစ္ေယာက္႐ြာထဲကေန ေပ်ာက္ျခင္းမလွေပ်ာက္သြားခဲ့တယ္။ အေဒၚလုပ္သူေတြနဲ႔ ေဆြမ်ိဳးနီးစပ္ေတြလဲ မုႁဒြာကိုေတြ႕လိုေတြ႕ျငားလိုက္ရွာေပမယ့္ အစအန ေတာင္မေတြ႕ေတာ့ ေသြးႏုသားႏုနဲ႔ေသသြားၿပီလို႔သတ္မွတ္ခဲ့ၾကတယ္။ ဒီလိုနဲ႔ ႏွစ္ေတြၾကာလာေတာ့ မုႁဒြာဆိုတဲ့နာမည္က တစ္ေျဖးေျဖးေမွးမွိန္ေပ်ာက္ကြယ္သြားခဲ့တယ္။

“ ဟိတ္….နင္တို႔ဘာတမ္း ကစားေနတာလဲ”
အႏွစ္ႏွစ္အလလ ေနေလာင္ထားတဲ့ဒဏ္ေတြေၾကာင့္ မဲျပာေနတဲ့အသားအရည္၊ တြန႔္လိမ္ ေကာက္ေကြးေနတဲ့ဆံပင္ေတြနဲ႔ရႈပ္ပြေနတဲ့အ႐ူးမတစ္ေယာက္ရဲ႕စကားေၾကာင့္ ကုကၠိဳပင္ေအာက္မွာ ကစားေနၾကတဲ့ ကေလးေတြက အေပၚကိုေမာ့ၾကည့္ၿပီး
“ ဥဖမ္းတမ္းကစားမလို႔…မစာဥေရာ ပါမလား”
“နင္တို႔ ကစားမယ္ဆိုရင္ ငါလဲပါမွာေပါ့..”
ကေလးေတြလဲ အ႐ူးမႀကီးကို ေၾကာက္လန႔္ျခင္းမရွိပဲ ကစားေဖာ္တစ္ဦးလိုသေဘာထားၿပီး ေဆာ့ကစားေနခဲ့ၾကတယ္။ ေဆာ့ၿပီးတဲ့အခ်ိန္မွာေတာ့ အ႐ူးမႀကီးက ေမာသြားတဲ့ဟန္နဲ႔ ကုကၠိဳပင္ ေအာက္မွာ ထဘီစုတ္ေလးခင္းၿပီး တစ္ေရးတစ္ေမာ အိပ္ပါေလေရာ။
“ ထစမ္း..ထစမ္း”
ေျခသလုံးကို တုတ္ေခ်ာင္းနဲ႔တို႔ၿပီးႏႈိးေနတဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနရာကေန ထထိုင္လိုက္ၿပီး ၾကည့္လိုက္ေတာ့ ဖိုးသူေတာ္လိုလို၊ ဘိုးေတာ္လိုလိုနဲ႔လူကိုေတြ႕လိုက္ရတယ္။
“ အလႉခံလား… အဲဒါဆို ကန္ေတာ့ဆြမ္းပဲ…”
“က်ဳပ္တို႔က အလႉခံမဟုတ္ပါဘူး…သင့္ရဲ႕ေနာက္က်ိေနတဲ့စိတ္ကို ကုသေပးမယ့္သူေတြပါ”
“ဟိတ္လူေတြ က်ဳပ္ကဘာျဖစ္ေနလို႔ မင္းတို႔ကကုေပးမွာလဲ…ငါ့ကို မဟုတ္ကဟုတ္က လုပ္ဖို႔မႀကိဳးစားနဲ႔ေနာ္”
အ႐ူးမႀကီးက ေလလြင့္ခဲ့တဲ့ကာလေတြမွာ ႀကဳံေတြ႕ခဲ့ရတဲ့အေတြ႕အႀကဳံေတြေၾကာင့္ ခါးၾကားမွာ ထိုးထားတဲ့ ကပ္ေၾကးအစုတ္ေလးကိုထုတ္ကာ ထိုးမယ့္ဟန္ျပင္ေနတာျမင္ေတာ့
“ က်ဳပ္တို႔က သင္ႀကဳံေတြ႕ခဲ့ရတဲ့လူေတြလိုမဟုတ္ပါဘူး..လက္ထဲက ကတ္ေၾကးကို ခ်ထားလိုက္ပါ”
ခ်ိဳသာေအးျမတဲ့စကားသံေၾကာင့္ အ႐ူးမႀကီးက မ်က္ေစာင္းထိုးကာ အကဲခတ္လိုက္ၿပီး
“နင္တို႔က ငါ့အေနာက္ကေနလိုက္ေနၾကတာလား”
“ဟုတ္တယ္ အမိ.. က်ဳပ္တို႔က သင့္အေနာက္ကေနလိုက္ေနတာ ႏွစ္ရက္ရွိပါၿပီ”
“အမယ္ အမယ္ နင္တို႔က ငါ့ကိုေစာင့္ၾကည့္ရေအာင္ ငါ့ကမင္းသမီးလား ခစ္ခစ္”
“ သင္ ဒီလိုပုံစံေနသြားလို႔မျဖစ္ဘူး…မုႁဒြာ”
မုႁဒြာဆိုတဲ့အသံေၾကာင့္ အ႐ူးမႀကီး မ်က္လုံးေတြၿငိမ္သက္သြားၿပီး တစ္ခုခုကိုသတိရမိတဲ့ ဟန္ျဖစ္သြားတာကိုျမင္လိုက္ရတယ္။
“သင္မွတ္မိလား….ဒီနာမည္ကို သင္ၾကားဖူးပါသလား”
“မသိဘူး…. တစ္ခါမွမၾကားဖူးဖူး။ အဲဒီမုႁဒြာဆိုတဲ့နာမည္က ဘယ္အၿငိမ့္မင္းသမီးနာမည္လဲ”
အ႐ူးမႀကီးစကားကိုၾကားေတာ့ ပိန္ပိန္ပါးပါးနဲ႔ဂ်စ္ကန္ကန္ပုံစံေပါက္ေနတဲ့ လူငယ္က
“ ဒါေလးေတာင္ မသိဘူးလား….မုႁဒြာဆိုတာ ေဗဒါစိန္အၿငိမ့္က ေခါင္းေဆာင္မင္းသမီးေလ”
“ ဟုတ္ၿပီ ဟုတ္ၿပီ…. မွတ္မိၿပီ .. ဒါနဲ႔ ငါလဲအၿငိမ့္ၾကည့္ခ်င္တယ္ မၾကည့္ရတာၾကာပီဟ”
“မင္းအၿငိမ့္ၾကည့္ခ်င္တယ္ဆိုရင္ ငါတို႔အေနာက္ကိုလိုက္ခဲ့ … ဟိုေရာက္ရင္ ဆူညံဆူညံ လုပ္လို႔မရဘူးေနာ္”
“ေအးပါဟ မလုပ္ပါဘူး အၿငိမ့္ၾကည့္ရရင္ၿပီးေရာ…”
အ႐ူးမႀကီးက ဝမ္းသာသြားဟန္နဲ႔ ဖိုသီဖတ္သီျဖစ္ေနတဲ့ဆံပင္ေတြကို ထုံးတင္လိုက္ၿပီး ဝတ္ျဖဴစင္ၾကယ္ဝတ္ထားတဲ့လူငယ္သုံးဦးအေနာက္ကေန ၿငိမ္သက္စြာလိုက္ပါသြားခဲ့တယ္။

ညကတစ္ေျဖးေျဖးနက္လာသလို ပိုးေကာင္ငယ္ေလးေတြရဲ႕ ေအာ္ျမည္သံေတြက တစ္စတစ္စက်ယ္ေလာင္လာခဲ့တယ္။
“နင္တို႔ေျပာေတာ့ အၿငိမ့္ၾကည့္ရမယ္ဆို…အခုထိ ဆိုင္းသံလဲမၾကားရေသးပါလား”
အ႐ူးမေျပာတဲ့စကားေၾကာင့္ ၿငိမ္သက္စြာတရားရႈမွတ္ေနတဲ့သူရဲ႕ မ်က္လုံးေတြပြင့္လာၿပီး
“ အၿငိမ့္ပြဲၾကည့္ဖို႔ဆိုရင္ လက္မွတ္လိုတယ္… အခုက်ဳပ္တို႔ေပးတဲ့လက္မွတ္ကို မေပ်ာက္ေအာင္ကိုင္ထားမွ အၿငိမ့္ပြဲကိုဝင္ၾကည့္လို႔ရမွာေနာ္”လို႔ေျပာၿပီး ဆီစိမ္စကၠဴတစ္႐ြက္ကို ကမ္းေပးလိုက္တယ္။
အ႐ူးမကလဲ အၿငိမ့္ပြဲၾကည့္ရေတာ့မယ္ဆိုၿပီး စကၠဴ႐ြက္ကိုလက္ထဲမွာ တင္းတင္းၾကပ္ၾကပ္ ကိုင္ထားတဲ့အခ်ိန္ ေတာစပ္ေနရာတစ္ခုကေန မီးေတာက္တစ္ခုဝုန္းခနဲထေတာက္လာခဲ့တယ္။
“သင္ေရာက္လာၿပီလား…”
“ဟုတ္တယ္ ငါေရာက္လာၿပီ….ငါ့ငယ္ကြၽန္ေတာ္ကို ဘာအေရးကိစၥေၾကာင့္ သင္တို႔ကုသ ေပးဖို႔ႀကိဳးစားေနတာလဲ”
“မင္းသမီးေပးတဲ့အျပစ္ဒဏ္ကို သူႏွစ္ေပါင္းမ်ားစြာခံစားခဲ့ၿပီးၿပီမဟုတ္ပါလား…ဒီေလာက္ဆို ေက်နပ္ပါေတာ့”
“မေက်နပ္ႏိုင္ဘူး…..သူငါ့ဆီကေန မထြက္သြားခင္ ရည္းစားသနာမထားပါဘူး…အပ်ိဳစင္ ဘဝကိုထိန္းသိမ္းပါမယ္ဆိုၿပီး ကတိအထပ္ထပ္ေပးခဲ့တာ…အခုေတာ့ ငါကိုေတာင္မ်က္ႏွာေျပာင္ တိုက္ၿပီး ျဖစ္ပ်က္ေနတာကိုပဲၾကည့္ေလ”
“ ဒီဘဝေတာ့ သူ႔သက္တမ္းေစ့ေနႏိုင္ေအာင္ ခြင့္ျပဳေပးပါလို႔ က်ဳပ္က ေမတၱာရပ္ခံပါရေစ… လာမယ့္လျပည့္ေန႔ဆိုရင္ သူရင္နဲ႔လြယ္ၿပီးေမြးခဲ့တဲ့ ကေလးကို ရပ္႐ြာကစုေပါင္းၿပီးရွင္ျပဳေပးၾက ေတာ့မယ္…ဒီမိန္းကေလးကို မင္းသမီးဘယ္ေလာက္ခ်စ္ခင္လဲဆိုတာ က်ဳပ္သိပါတယ္။ ခြင့္ျပဳေပး လိုက္ပါ မင္းသမီး”
“ အို… ခြင့္မျပဳႏိုင္ဘူး….လာမည့္ လျပည့္ေန႔ဆိုတာ သူငါ့ဆီျပန္လာဖို႔ရက္ျပည့္တဲ့ေန႔ပဲ” လို႔ေျပာကာ မီးေတာက္ၾကားထဲျပန္လည္ဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။
“ ဆရာ ကြၽန္ေတာ္တို႔ဘာဆက္လုပ္ၾကမလဲ..ဒီအမ်ိဳးသမီးက သူ႔ကေလးရွင္ျပဳတဲ့ရက္နဲ႔ မူလ ဘဝကိုျပန္ရမယ့္ရက္က တစ္ရက္ထဲျဖစ္ေနပါလား”
“ အတတ္ႏိုင္ဆုံးႀကိဳးစားၿပီး ေဖ်ာင္းဖ်ရမွာပဲ…မင္းသမီးေလးရဲ႕ စိတ္ကလဲ အေတာ္ဆတ္တာ ဆိုေတာ့ သူတင္ကိုယ္တင္ေျပာဆိုရမယ့္ကိန္းပဲ”
လူငယ္သုံးေယာက္ေခါင္းခ်င္းဆိုင္တိုင္ပင္ေနတဲ့အခ်ိန္မွာေတာ့ အ႐ူးမႀကီးက သူ႔လက္ထဲက အၿငိမ့္လက္မွတ္ကိုေပ်ာက္သြားမွာစိုးတဲ့ဟန္နဲ႔ တစ္စိမ့္စိမ့္ၾကည့္ရင္း ၿပဳံးေပ်ာ္ေနခဲ့တယ္။

ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ သစ္ကိုင္းေျခာက္တစ္ခုကိုကိုင္ကာ အေဝးကိုေငးၾကည့္ ေနတဲ့အ႐ူးမႀကီးကို ေအာင္ျမတ္သာတို႔ျမင္ေတြ႕လိုက္ရတယ္။
“ ကြၽန္မ ႐ြာကိုျပန္ခ်င္တယ္….”
အစမရွိအဆုံးမရွိေျပာလိုက္တဲ့စကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရတို႔အံ့အားသင့္သြားၿပီး
“ဘယ္႐ြာကိုျပန္ခ်င္တာလဲဆိုတာေျပာပါဦး”
“ ကြၽန္မေနခဲ့တဲ့႐ြာကိုျပန္ခ်င္တာ….ဒီအခ်ိန္ဆိုရင္ သားေလးက အေတာ္အ႐ြယ္ေရာက္ ေလာက္ၿပီထင္ပါတယ္”
“ဟင္… ဒီလိုက်ေတာ့လဲ အကုန္လုံးမွတ္မိေနပါလား”
“ ဟုတ္တယ္… မမေလးက တစ္လမွာ တစ္ရက္ပဲ မွတ္ဉာဏ္ေတြျပန္ေပးထားတယ္… ဒီတစ္ရက္အတြင္းမွာလဲ ႐ြာကိုျပန္ဖို႔က ဘယ္လိုမွမျဖစ္ႏိုင္တာကို သူသိလို႔ထင္ပါတယ္ေလ”
“ဒီမယ္ အမိ …. သင္ကိုအျပစ္ေပးထားတဲ့သူအေပၚ စိတ္ဆိုးေဒါသထြက္တာျဖစ္ဖူးလား”
ေအာင္ျမတ္သာစကားေၾကာင့္ မုႁဒြာက
“မမေလးအေပၚ တစ္ခါမွအျပစ္မျမင္ခဲ့ဖူးပါဖူး…ေတာင္ေပၚမွာေနရတာ ၿငီးေငြ႕လာလို႔ လူေတြ ေနတဲ့အရပ္ေဒသကိုသြားလည္ခ်င္တယ္ေျပာတုန္းက မမေလးက ၾကည္ၾကည္ျဖဴျဖဴပဲခြင့္ျပဳေပး ခဲ့တာ၊ အဲဒါကို ကြၽန္မကိုယ္တိုင္က ကတိေဖာက္ခဲ့တာေလ။ ကတိေဖာက္ခဲ့လို႔လဲ ဒီဘဝကိုေရာက္ ေနတာေပါ့”
“ လူဘဝကိုေရာက္ေနတဲ့အခ်ိန္မွာ သင္ျဖစ္ခ်င္တဲ့အရာမ်ားရွိပါသလား”
“ ရွိတာေပါ့ သိပ္ကိုရွိတာေပါ့ရွင္..”
“ဘာမ်ားလဲဆိုတာ က်ဳပ္တို႔ကိုေျပာျပေပးလို႔ရႏိုင္မလား”
“ သားေလးကိုေလ က်ဳပ္လက္နဲ႔ သကၤန္းစီးေပးခ်င္တာ…..ဒါေပမယ့္ အခုထိ သားေလးမ်က္ႏွာျဖဴသလား မဲသလားဆိုတာ မျမင္ေတြ႕ရေသးဘူး”
“ ဟင္း က်ဳပ္တို႔လဲ သင့္ကိုျမင္ျမင္ခ်င္း သနားဂ႐ုဏာသက္မိတဲ့အတြက္ စြမ္းသေလာက္ ကူညီေပးမယ္ဆိုတဲ့စိတ္နဲ႔လိုက္ပါေနခဲ့တာ….ဒါေၾကာင့္ သင္ျဖစ္ခ်င္တဲ့ဆႏၵျပည့္ဝေအာင္ ကူညီေပး ပါ့မယ္”
ေအာင္ျမတ္သာစကားအဆုံးမွာေတာ့ မုႁဒြာရဲ႕သူငယ္အိမ္က တစ္ေျဖးေျဖးျပန္က်ဥ္းလာၿပီး အသိစိတ္ျပန္လႊတ္သြားခဲ့တယ္။
————————————————-
“ မဟုတ္ပါဘူး မမေလးရယ္…ကြၽန္ေတာ္မ်ိဳးမ မမေလးအနားမွာ အၿမဲခစားပါ့မယ္လို႔ ကတိေပးပါတယ္…. အခ်ိန္ေလးနည္းနည္းေလးတိုးေပးပါ… ညေန ေနဝင္ရီတစ္ေရာေရာက္တာနဲ႔ ျပန္လာခဲ့ပါ့မယ္.. မနက္ပိုင္းတစ္ခ်ိန္ေတာ့ ကြၽန္ေတာ္မ်ိဳးမကို ခြင့္ျပဳေပးပါေနာ္”
သစ္ပင္ေအာက္မွာအိပ္ေပ်ာ္ေနရင္း ေယာင္ေနတဲ့ မုႁဒြာကိုျမင္ေတာ့ ေအာင္ျမတ္သာက
“ သူ႔သခင္မကလဲ ကေလးကိုျမင္ၿပီး သူ႔အနားကိုျပန္မလာမွာစိုးလို႔ ရွင္ျပဳပြဲကို မသြားေစခ်င္.. မိခင္ျဖစ္သူကလဲ ေမြးၿပီးထဲက ပစ္ထားခဲ့ရတဲ့ သားျဖစ္သူရဲ႕ရွင္ျပဳပြဲကိုသြားခ်င္လို႔ တစ္က်ီက်ီလုပ္.. ငါတို႔လဲ ၾကားထဲက အေနၾကပ္သလိုျဖစ္ေနၿပီ”
“ ဆရာက မိဘနဲ႔သားသမီး သံေယာဇဥ္ကို စာနာၿပီး အခုလိုေတြလုပ္ေပးေနတာ ကြၽန္ေတာ္တို႔ နားလည္ပါတယ္…ဘာျဖစ္ျဖစ္ဆရာရယ္ ဒီကိစၥကို ဆရာလုပ္ဖို႔အဆင္မေျပဘူး ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ႏိုင္သေလာက္ စြမ္းသေလာက္ကူညီေပးမယ္”
“ ကဲ…. သူ႔ကိုငါတို႔ဒီမနက္ပိုင္း ရွင္ျပဳပြဲမွီဖို႔ ကူညီေပးၾကရေအာင္”
ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ဝမ္းသာသြားၿပီး
“ဒါဆို သူ႔အတြက္လိုအပ္တဲ့ အစီအရင္ေတြ လုပ္ေပးလိုက္ရမလားဆရာ”
“မင္းတို႔အေနနဲ႔လုပ္ေပးသင့္တာလုပ္ေပးၿပီး သူ႔ရဲ႕ဇာတိကိုျပန္ေခၚသြားၾကရေအာင္”
——————————
သက္ခိုင္တို႔လဲ သတိမလည္ေသးတဲ့မုႁဒြာကို အၿငိမ့္ပြဲၾကည့္မယ္ဆိုၿပီး ေခ်ာ့ေမာ့ေျပာဆိုကာ ဇာတိ႐ြာရွိတဲ့ဘက္ကို ေအာင္ျမတ္သာရဲ႕အကူညီနဲ႔ေခၚေဆာင္လာခဲ့ၾကတယ္။ ႐ြာထဲကိုဝင္လုဆဲဆဲ အခ်ိန္မွာေတာ့ မိန္းမရဲေတာင္ဘက္ကေန ရွမ္းအိုးစည္သံသဲ့သဲ့ ပ်ံ႕လႊင့္လာခဲ့တယ္။
မုႁဒြာလဲ ရွမ္းအိုးစည္သံၾကားတာနဲ႔ မ်က္ရည္ေတြတစ္သြင္သြင္က်လာၿပီး ေတာင္ေျခကို ေျပးဖို႔႐ုန္းကုန္ပါေလေရာ။
“ မုႁဒြာ စိတ္ထိန္းစမ္း… မၾကာခင္ ဒီဘဝမွာနင္ကိုယ္တိုင္ေမြးခဲ့တဲ့ သားေယာက်ၤားေလးက သာသနာ့ေဘာင္ထဲကိုဝင္ေတာ့မယ္… နင္သာသနာကုသိုလ္မလိုခ်င္ဘူးလား”
ေအာင္ျမတ္သာစကားေၾကာင့္ ႐ုန္းကုန္ေနတဲ့ မုႁဒြာအနည္းငယ္ၿငိမ္သြားၿပီး မ်က္လုံးက မိန္းမရဲေတာင္ဘက္ကိုၾကည့္လိုက္ ႐ြာထဲကိုၾကည့္လိုက္နဲ႔လုပ္ၿပီး
“ မမေလး ေစာင့္ေနၿပီ….သူစိတ္ဆိုးေနတယ္ ငါ့ကို အခ်ိန္မေပးႏိုင္ဘူးလို႔လဲေျပာတယ္”
“သက္ခိုင္….အေျခအေနကေတာ့ ဟိုဘက္ကိုစိတ္လည္ေနၿပီ..အခုခ်က္ခ်င္း ႐ြာထဲကိုသြား ေမာင္ရင္ေလာင္းအုပ္ထိန္းသူေတြကိုအက်ိဳးအေၾကာင္းေျပာျပၿပီး ရွင္ျပဳပြဲအျမန္လုပ္ဖို႔ေျပာ”
သက္ခိုင္လဲ ေအာင္ျမတ္သာစကားေၾကာင့္ ႐ြာထဲကို ခပ္ျမန္ျမန္ဝင္သြားတဲ့အခ်ိန္ မုႁဒြာက မိန္းမရဲေတာင္ဘက္ကို ေခါင္းလည္ေနတာကိုျမင္လိုက္ရတယ္။
“မျဖစ္ဘူး…ဒီအတိုင္းဆိုရင္ ဘာကုသိုလ္မွမပါပဲ ျပန္သြားရလိမ့္မယ္… ေတာက္ရ မင္းက သူ႔ကိုထိန္းထား”
ေတာက္ရလဲ မုႁဒြာကိုလဲမက်ေအာင္ထိန္းထားတဲ့အခ်ိန္ ေအာင္ျမတ္သာက သန္လ်က္ စက္ျဖတ္အင္းကို မုႁဒြာရဲ႕ခႏၶာကိုယ္ကိုၿခဳံငုံေရးဆြဲၿပီး ထိပ္နဲ႔အပိတ္ကို ေလးကြက္အင္းႏွစ္ကြက္စီနဲ႔ ခ်ဳပ္ထားလိုက္တယ္။ အဲဒီေတာ့မွ မိန္းမရဲေတာင္ထိပ္ကေန ထြက္လာတဲ့ ညိဳ႕ဓါတ္ေတြအကုန္ ျပတ္ေတာက္ၿပီး အသိစိတ္ျပန္ဝင္လာခဲ့တယ္။
“ သမီး….သမီးေလး မုႁဒြာ”
႐ြာထဲကေန ငိုႀကီးခ်က္မေျပးလာတဲ့ မိန္းမႀကီးအသံေၾကာင့္ စည္းထဲမွာရပ္ေနတဲ့ မုႁဒြာက မ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႔အုပ္ၿပီး ရႈိက္ႀကီးတစ္ငင္ငိုကာ
“အေဒၚ…. သမီးမိုက္ကိုခြင့္လႊတ္ပါ အဟီးဟီး”
“သမီး…ဒီမွာၾကည့္စမ္း.. သမီးရဲ႕သားေလးေလ ခဏေနဆိုရင္ ရွင္ျပဳေတာ့မွာ”
မုႁဒြာက စည္းထဲကေန အျပင္ကိုထြက္ၿပီး သားကိုေပြ႕ဖက္မယ္အလုပ္
“စည္းထဲကေန အျပင္ထြက္တာနဲ႔ လိပ္ျပာႏႈတ္သြားလိမ့္မယ္…မထြက္နဲ႔”
ေအာင္ျမတ္သာစကားေၾကာင့္ မုႁဒြာေျခလွမ္းေတြအေနာက္ကို ျပန္ဆုတ္လိုက္ၿပီး သားျဖစ္သူရဲ႕မ်က္ႏွာကိုၾကည္ကာ မ်က္ရည္ေတြစီးက်လာခဲ့တယ္။
“ အရီး…အခ်ိန္သိပ္မရေတာ့ဘူး..ကေလးရဲ႕ ရွင္ျပဳတဲ့အမႈကို အျမန္လုပ္မွရမယ္”
“ဆရာ.. ဟိုမွာ ကြၽန္ေတာ္တို႔ကို မ်က္ေထာင့္နီေတြနဲ႔ၾကည့္ေနၾကၿပီ”
ေတာက္ရစကားေၾကာင့္ ေအာင္ျမတ္သာၾကည့္လိုက္ရာ နီညိဳေရာင္ရွမ္းဝတ္စုံကို လွပစြာ ဝတ္ဆင္ထားတဲ့ မိန္းမတစ္ေယာက္က ႐ြာအစပ္မွာ မတ္တပ္ရပ္ၿပီး လက္ညိဳးေငါက္ေငါက္ထိုးကာ အမိန႔္ေပးေနတာကိုျမင္လိုက္ရတယ္။
“ သူ႔အမိန႔္ကို ငါတို႔စက္ျဖတ္စမနဲ႔ ခဏတားထားတယ္…ဒီရွင္ျပဳပြဲေရစက္ခ်ၿပီးတဲ့ထိ အေလ်ာ့ေပးလို႔မရဘူး”
ခဏေနေတာ့ ဦးဇင္းပ်ိဳတစ္ပါးနဲ႔အတူ ေမာင္ရင္ေလာင္းေရာက္လာၿပီး သီလေပးျခင္း၊ သကၤန္းေတာင္းျခင္းေတြိကိုအျမန္လုပ္ပါေလေရာ။ ေနကလဲ တစ္ျဖည္းျဖည္းျမင့္တက္လာေလေလ မုႁဒြာရဲ႕သူငယ္အိမ္က က်ဥ္းလာလိုက္ က်ယ္သြားလိုက္နဲ႔ျဖစ္လာခဲ့တယ္။
“ ဒီအလႉက မိခင္ျဖစ္သူ ပိုင္ဆိုင္ခဲ့တဲ့ နားကပ္နဲ႔ဆြဲႀကိဳးကို ေရာင္းခ်လို႔ရတဲ့ေငြနဲ႔ ျပဳလုပ္တာ ျဖစ္လို႔ အလႉဒါယိကာမတစ္ျဖစ္လဲ ေဒၚကုမုႁဒြာက ေရစက္ခ်အမွ်ေဝေပးပါ”
ေအာင္ျမတ္သာစကားေၾကာင့္ ဦးဇင္းေလးက ျပဳလုပ္ခဲ့တဲ့ေကာင္းမႈကုသိုလ္ေတြကို ရည္စူးၿပီး အမွ်တန္းေပးေဝေနတဲ့အခ်ိန္ မုႁဒြာတစ္ကိုယ္လုံး တြန႔္လိမ္ၿပီး မ်က္လုံးက မိန္းမရဲ ေတာင္ထိပ္ကိုေစာင္းေနခဲ့တယ္။ ေနာက္ဆုံးအမွ်ေဝအၿပီး တားထားတဲ့စည္းေတြအားလုံး ေပါက္ထြက္သြားခဲ့တယ္။
စည္းေပါက္သြားတာနဲ႔ ေအာင္ျမတ္သာရဲ႕ကိုယ္ကေန ထြက္ေနတဲ့ အေရာင္အဝါေတြ အားလုံး ေပ်ာက္ကြယ္သြားၿပီး ဦးေခါင္းထက္မွာေစာင့္ေရွာက္ေနတဲ့ အင္းေစာင့္ပုဂၢိဳလ္ေလးပါးလဲ ထြက္ခြာ သြားခဲ့တယ္။ ေအာင္ျမတ္သာကေတာ့ ခပ္ၿပဳံးၿပဳံးနဲ႔ မိန္းမရဲေတာင္ေပၚကိုၾကည့္ၿပီး
“ ဒီကုသိုလ္ေၾကာင့္ မၾကာခင္ လူဘဝကိုအၿပီးတိုင္ျပန္ေရာက္လာပါလိမ့္မယ္”လို႔ေရ႐ြတ္ကာ မည္သူတစ္ဦးတစ္ေယာက္ကိုမွႏႈတ္ဆက္ျခင္းမျပဳပဲ ထြက္သြားခဲ့တယ္။ သက္ခိုင္နဲ႔ ေတာက္ရလဲ ေအာင္ျမတ္သာအေနာက္ကေန အသာေလးလိုက္သြားၿပီး အေျခအေနကိုေစာင့္ၾကည့္ေနခဲ့တာ ကြၽန္းလုံးေတြနဲ႔ေဆာက္ထားတဲ့ဇရပ္တစ္ခုကိုေရာက္ေတာ့
“ သက္ခိုင္နဲ႔ ေတာက္ရ ဒီကိစၥမွာ ငါမွားတယ္လို႔မင္းတို႔ထင္လား”
“ မထင္ပါဘူးဆရာ… ဆရာလုပ္ေပးခဲ့လို႔ မုႁဒြာက ကုသိုလ္ေကာင္းမႈေတြရခဲ့တာမဟုတ္လား”
“ အထက္ကခိုင္းတဲ့အထဲမွာ ကာယကံရွင္ရဲ႕စိတ္ဆႏၵျပတ္သားမွ ကူညီပါဆိုတာ ရွိခဲ့တယ္။ ဒါေပမယ့္ အခုျဖစ္စဥ္မွာ ကာယကံရွင္က ဟိုဘက္ေရာဒီဘက္ေရာပါေနခဲ့ၿပီးကာမွ အမွ်ေဝၿပီးခ်ိန္ အတိတ္ဘဝကိုလုံးဝယိမ္းသြားခဲ့တာ။ အဲဒါေၾကာင့္မေသခ်ာပဲလုပ္ခဲ့တဲ့အတြက္ ငါ့ရဲ႕အစြမ္းအခ်ိဳ႕ကို ဆရာသခင္ေတြက ျပန္သိမ္းသြားခဲ့တယ္”
“ ဒါေပမယ့္ ဆရာလုပ္ႏိုင္တဲ့အရာေတြအမ်ားႀကီးရွိပါတယ္….ကြၽန္ေတာ္တို႔ကေတာ့ ဆရာ့ကို ယုံၾကည္ၿပီးသားပါ”
“မင္းတို႔ယုံၾကည္ေပးတဲ့အတြက္ ဝမ္းသာပါတယ္… ေဟာ ခဏ ခဏ..”
ေအာင္ျမတ္သာက တိတ္တိတ္ေနဖို႔လက္ဟန္ေျခဟန္နဲ႔ျပလိုက္ၿပီး တစ္ခုခုကို နားေထာင္ေန ခဲ့တယ္။
“ငါ့နားထဲမွာ အကူညီေတာင္းတဲ့ အသံတစ္ခုၾကားလိုက္ရတယ္..ဒီအသံက မိန္းကေလး တစ္ေယာက္ ငိုၿပီးေျပာေနတဲ့အသံပဲ… ဟင္… “
ေအာင္ျမတ္သာက ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ရင္း ဇရပ္ေပၚမွာ ထိုင္ခ်လိုက္တယ္။
“ ကဲ … ခဏနားၿပီးရင္ .. သစ္စို႐ြာကိုသြားၾကရေအာင္…”
“ဆရာ ခုနက အကူအညီေတာင္းတဲ့အသံဆိုတာက..”
“ ပိုးထိၿပီးဆုံးသြားတဲ့ ကေလးမေလးတစ္ေယာက္က သူ႔အတြက္ေပးတဲ့ကုသိုလ္ေကာင္းမႈ ေတြကိုအျခားသူေတြလုယူၾကတာ သုံးေလးႀကိမ္မကေတာ့ဘူးတဲ့ ဒါကိုငါတို႔ကူညီေပးရဦးမယ္ ထင္ပါတယ္” လို႔ေျပာကာ ဇရပ္ေပၚမွာေရးထားတဲ့ ပန္းခ်ီအခ်ိဳ႕ကို လွည့္ပတ္ၾကည့္ရႈေနခဲ့တယ္။
ေနာက္ဝတၱဳမွာေတာ့ အစြမ္းအခ်ိဳ႕သိမ္းခံလိုက္ရတဲ့ ေအာင္ျမတ္သာကို နာနာဘာဝေတြက ဘယ္လိုပမာမခန႔္လုပ္ၾကမလဲ…???
ကုသိုလ္လုပ္ေပးတိုင္း လုယူခံေနရတဲ့ ဝိဉာဥ္မေလးကို ဘယ္လိုကူညီမလဲ ဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ရည္စူးကုသိုလ္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္ရ