မိဘစော်ကားရေမျိုသွား

* မိဘစော်ကားရေမျိုသွား*📖📖📖(စ/ဆုံး)

**************************************

—————————————
မိဘကိုစော်ကားရင် မြေမျိုတယ်လို့ပဲ ကြားကြတယ် မဟုတ်လား။ ဒီအဖြစ်အပျက်အမှန်ကတော့မိဘကိုစော်ကားလို့ရေချိသွားတဲ့မကွေ၊ကိုင်း၊
ပွင့်ဖြူမြို့နယ်ကမိသားစု အကြောင်းကလေးပါ။
တစ်ညလုံ၊ စကုမြို့မ၊ မန်းချောင်းအတွင်းမှ ကျွန်တော် ဦးစီးတဲ့ စိန်သရဖူဇာတ် အဖွဲ့ဟာလှည်းအစီ၊သုံးဆယ်နဲ့ထွက်လာလိုက်တာပွင့်ဖြူမြို့နယ်“ဒဟတ်မြိုင် ရွာသို့
နံနက်(၉)နာရီတွင်ရောက်ရှိလေ၏။
ရောက်တယ်ဆိုရင်ပဲ ရွာမှ ကာလသားများက လှည်းပေါ်ပါလာသော ဇာတ် သေတ္တာများကို သူ့ထက်ငါ ဦးအောင်သယ်၍ အလှူမဏ္ဍပ်အတွင်းသို့ နေရာချ၍
ပေးခဲ့၏။
နေရာချပြီးသည်နှင့်နေ့ဧည့်ခံပွဲတီးမှုတ်ရန်အတွက်မောင်းတန်းခွေ သူကခွေ။
ဆိုင်းခွေသူကခွေဖြင့် ဆိုင်းသမားများ နေရာယူလျက်အလုပ်ရှုပ်နေကြရ၏။
အားလုံး နေရာတကျဖြစ်သောအခါ ကျွန်တော်တို့သည် တစ်နေ့တာအတွက် “မင်္ဂလာပါဗျာ” တီးလုံးတီး၍ ဧည့်ခံနေရာတွင် စိတ်ပါဝင်တစားနားထောင်သူမရှိဘဲ ကြက်သွန်အခွံနွှာသူကနွှာ၊ ဆန်စပါးလုံးရွေးသူကရွေး၊ကုလားပဲကိုအခွံချွတ်သူက ချွတ်ဖြင့်ရွာကာလသားတို့မှာ အလုပ်ရှုပ်နေကြ၏။

ပွဲအဝင်နေ့တွင် ဤသို့ပင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ကျွန်တော်တို့တာဝန်က မင်္ဂလာရှိသောဗျောသီချင်းများဖြင့်ဧည့်ခံရသည်ကနိယာမ သဘောတရားဖြစ်လေ၏။

စာဖတ်သူသိထားရန်လိုအပ်ချက်မှာကျွန်တော်၏ဆိုင်းဆရာကိုတင်စိုးသည်
ဆတ်ဆတ်ထိမခံ လူမိုက်တစ်ယောက်ဖြစ်၏။ ယခုလည်း လူသတ်မှုဖြင့် အမှုဆိုင် နေရသူဖြစ်သည်။ အမှုမပြတ်သေး။
မနေ့က ပွင့်ဖြူမြို့အရက်ဆိုင်တွင် လောင်းကစားဒိုင်ဖြင့် စကားများရာ ၎င်းဒိုင် လူမိုက်ကို ဓားဖြင့်ထိုး၍သတ်ခဲ့သဖြင့် လူသတ်မှုဖြင့် အဖမ်းခံထားရလေရာ တရား သူကြီးချုပ်နှင့် ကျွန်တော်မှာ ညီအစ်ကိုအရင်းတမျှ ခင်မင်သဖြင့် နားလည်မှုယူ၍ အပြင်သို့ အာမခံဖြင့် ကျွန်တော် ဆောင်ရွက်ပြီး ဤအလှူပြီးပါက ပြန်ပို့ပါမည်ဟု ကတိပေးကာ ခေါ်ခဲ့ရခြင်းဖြစ်၏။
အလှူမဏ္ဍပ်ထဲတွင် ဆိုင်းဆင်ပြီးတီးရာကလေးများသည်ပြောမရ ဆိုမရဆော့ နေကြရာ ဆိုင်းတီးရာတွင် လွန်စွာနှောင့်ယှက်မှုဖြစ်ရလေသည်။
အဆိုးဆုံးကလေးမှာ အလှူရှင် ဦးလှ၊ ဒေါ်စိန်တုတ်တို့၏ တစ်ဦးတည်းသော သား(၁၂)နှစ်အရွယ်မောင်ဖေငယ် ဖြစ်၏။
အသက်(၄၀)ကျော်မှကံပေါ်ပြီးရလာသောမောင်ဖေငယ်အားဒေါ်တုတ်သည်
သူ၏အသက်ထက်ပိုချစ်၏။
လယ်တွေ၊ချောင်းတွေ၊စပါးစက်တွေပိုင်သဖြင့်လွန်စွာချမ်းသာ၏။သူတို့လင် မယားတစ်သက်တွင်သာမက သူ၏ သားတစ်သက်မှာပင် စား၍မကုန်အောင်ပစ္စည်း
များရှိ၏။
သားကလေးအား ချစ်လွန်းသဖြင့် မျက်စိအောက်က အပျောက်မခံ၊ ကျောင်း မထာ။ အိမ်မှာပင် ဆရာကိုခေါ်၍ စာသင်စေ၏။
ကျောင်းထားလျှင် ကျောင်းမှ သူ့ထက်ကြီးသော ကျောင်းသားများက အနိုင် ကျင့်မှာ ကြောက်လို့တဲ့။ ဆရာ၊ ဆရာမများက သူ့သားကို ရိုက်မှာကြောက်လို့တဲ့။ ကျောင်းလုံးဝမထား။

ဘာတွေလုပ်နေနေ၊ငွေထုပ်ပိုက်ပြီး သူ၏သားအတွက် လျော်ဖို့ အဆင်သင့်၊ “ငါ့သားနောက်မှာ အမေရှိတယ်။ သုံးလို့မကုန်တဲ့ငွေတွေရှိတယ်။ ငါ့သား အတွက်ဆိုအမေ့အသက်ပါပေးဖို့ဝန်မလေးဘူး”
“ငါ့သား – ဘယ်သူမှ ကိုယ့်အပေါ်ခေါင်းတုံးပေါ်ထိပ်ကွက်မလုပ်စေနဲ့။ အလုပ် မခံနဲ့။ ကိုယ်ကသာ ဦးအောင်ထိုး။ ကိုယ်ကသာ ဦးအောင်သတ်၊ ဦးအောင်ရိုက်” “ငါ့သား မခံရစေနဲ့- ဦးအောင်သာဆော်”
ဟုလူမှန်းသိတတ်စအရွယ်မှစ၍သင်ကြားပို့ချပေးခဲ့၏။ထို့အပြင်မြင်းကိုချိုတပ် ပေးလိုက်သကဲ့သို့ စလင်းမြို့မှ သိုင်းဆရာကြီးထံညနေရောက်တိုင်း သားကို ဗန်တို ဗန်ရှည်သင်တန်းများပို့ချသင်ယူစေခဲ့ရာမတောက်တခေါက်သိုင်းပညာတတ်ထား
သောမောင်ဖေငယ်သည်မည်သူ့ကိုမှလူမထင်တော့ပေ။
ထစ်ခနဲစကားမများလိုက်နှင့်၊ မောင်ဖေငယ်၏ လက်ချက်ကြောင့်တစ်ဖက်လူ
ဆေးရုံတက်နေရပြီ။
ကလေးချင်း ရန်ဖြစ်၍ ခံရသည့် မိဘများက လာရောက်တိုင်တန်းသောအခါ ဒေါ်စိန်တုတ်သည် ချေချေငံငံ မပြော၊ ငွေလျော်ပေးပြီး သား၏ကိစ္စကို ဖြေရှင်းပေး လိုက်၏။
“ငါ့နောက်မှာအမေနဲ့ငွေရှိတယ်”ဆိုသောအသိအမှားကိုလက်ဦးဆရာမိစင်က သင်ကြားပေးခဲ့သဖြင့် မောင်ဖေငယ်၏ အသိတရားတွင် ငါဘာလုပ်လုပ် ဖြစ်တယ် ဟူသည့် အသိမှာ၊ ရရှိနေလေ၏။ လမ်းမှားကို လမ်းမှန်ဟု ထင်မြင်ယူဆ၍ နေလေ တော့သည်။
မောင်ဖေငယ်၏စရိုက်ကြမ်းတမ်းမှု၊ မောင်ဖေငယ်၏လက်ယဉ်ပါးမှု၊ မိခင်၏ ရိုင်းစိုင်းမှု၊
မိခင်၏ငွေဂုဏ်၊ ရွှေဂုဏ်မောက်မှု၊

မိခင်၏ သားသမီးအပေါ်သွန်သင် ဆုံးမမှုများကို မကြိုက်သဖြင့် မောင်ဖေငယ် တွင် အပေါင်းအသင်းမရှိတော့၊ ကစားဖော်ကစားဖက် ကလေးအပေါင်းအသင်း လည်းမရှိတော့ပေ။
ထို့ကြောင့်မောင်ဖေငယ်သည်မိမိတို့အိမ်တွင်ရှိသော သူရင်းငှားအလုပ်သမား
များဖြင့်သာပေါင်းသင်းဆက်ဆံရတော့၏။နွားကျောင်းသားများဖြစ်သောမိမိအိမ်၌ ခိုင်းစေထားသည့်အိမ်မှအလုပ်သမားနှင့်နွားကျောင်းလိုက်သွားသည်။ နွားစားကျက်
သည် စလင်းချောင်းဘက်တွင်ရှိ၏။
ဟိုမှာဘက်တွင် ထန်းတောကြီးရှိ၏။ထန်းတောတွင် ထန်းရည်ဆိုင်ရှိရာ(၁၂) နှစ်သား မောင်ဖေငယ်သည် နွားကျောင်းသာ၊သူရင်းငှားအလုပ်သမားများနှင့် ခွက် လည်ကျသောက်တတ်နေပြီဖြစ်၏။
ညနေ နွားရိုင်းသွင်းချိန်တွင် မူး၍ပြန်လာသော သားမောင်ဖေငယ်ကို ကြည့်၍ ဖခင်မှာ စိတ်ဆိုးခဲ့သလောက် မိခင် ဒေါ်စိန်တုတ်က…
“ငါ့သား-လူရည်လည်နေပြီ၊ ယောက်ျားပီသလာပြီ” ဟု ဝမ်းသာပီတိဖြစ်နေ၏၊
ဒေါ်တုတ်သည် သားဖြစ်သူ မောင်ဖေငယ်အား ပုံသွင်၊မကောင်းခဲ့၊ ပဲ့ကိုင် မကောင်းခဲ့။ မောင်ဖေငယ်အပေါ်ချစ်ရာမရောက်၊ နှစ်ရာသို့ ရောက်နေတော့၏။
ဦးလှသည် ဒေါ်တုတ်ကို ချစ်သကဲ့သို့ သားကိုလည်း ချစ်၏။ ဥကိုချစ်မှ အမိကို ချစ်သည်ဆိုသောစကားပုံကို ပြောင်းပြန်၊ မကိုချစ်၍ ဥကိုချစ်သော ဦးတုတ်သည် သူ့ဇနီးလုပ်သမျှ၊ ပြောသမျှ အမှန်ဟုတွက်ကာ ဒေါ်တုတ်၏ သားအပေါ်ချစ်နေမှုမှာ အမှားပါဟုတစ်ချက်ကလေးမျှမပြောခဲ့။ မဆိုခဲ့။ မသိကျိုးကျွန်ရေငုံနှုတ်ပိတ်နေလေ၏။
မောင်ဖေငယ်သည်ရွာတွင်မနေဘဲဘောထဲတွင်နွားကျောင်းလိုက်သွားသည်
ကများ၏။
ယနေ့ရွာတွင်အလှူရှိသဖြင့်ကျွဲကျောင်း၊ နွားကျောင်းမလိုက်ဘဲအလှူမဏ္ဍပ်
ထဲတွင် မျောက်ရှုံးအောင် ဆော့နေ၏။

ကိုတင်စိုးသည်အလှူနှင့်ပတ်သက်သောသီချင်းများကိုဆိုလိုက်တီးလိုက်ဖြင့် ရှိနေစဉ်အသံချဲ့စက်၊ မိုက်ခွက်နားသို့ မောင်ဖေငယ်ရောက်လာပြီး…
“ဟေး-ဟေး – ဝါးဟား-ဟာ၊
ဟု လာအော်နေရာ ကိုတင်စိုးသည် ဆိုရတီးရ ပြောရသည်မှာ အရှိန်ပျက်နေ သဖြင့် မောင်ဖေငယ်ကို ဒေါသထွက်နေ၏။
ပို၍ဆိုးသောမောင်ဖေငယ်၏လုပ်ကွက်မှာရွှေချထားသောမင်္ဂလာစံဆိုင်းကြီး
၌ အလှဆင်ထားသည့် ကျောက်မျက်ပွင့်များကို မိမိ၏လက်သုံးဓားမြှောင်ဖြင့်ထိုး၍ ကလော်ပြီးထုတ်နေခြင်းဖြစ်၏။
ကျောက်သုံးလုံးထွက်သွားပြီး ရွှေများလည်းကွာကျလာ၏။
“ဖြောင်၊” “ဝုန်။”
“အား”
ကိုတင်စိုးသည်ပြောမရ ဆိုမရ၍ ဆိုင်းတီးမရဖြစ်အောင်လုပ်နေသောမောင်ဖေ ငယ်၏ဇက်ပိုးကိုရိုက်ချလိုက်ရာမောင်ဖေငယ်၏နဖူးသည်ဆိုင်းရွေ့ဖြင့်ဆောင့်မိပြီး
နဖူးတွင် အဖုကြီးထွက်လာလေသည်။
“တောက်”
“အင်း-ဟင်း-ဟင်း”
မောင်ဖေငယ်သည် တောက်တစ်ချက် ပြင်းပြင်းခေါက်ပြီး ကိုတင်စိုးကို မျက် ထောင့်နီကြီးဖြင့် စိမ်းစိမ်းကြည့်ပြီး ဒေါသကို တဟင်းဟင်းဖြင့် အားတင်းကာ မျိုချ သွား၏။
ထိုသို့ ကိုတင်စိုးက မောင်ဖေငယ်၏နားရင်းကို ခပ်ပြင်းပြင်းလေး အုပ်ချလိုက် သည့်နောက် မောင်ဖေငယ်သည် အလှူမဏ္ဍပ်သို့လုံးဝမလာတော့ပေ။
ကျန်ကလေးများလည်းကြောက်လန့်ပြီးမောင်ဖေငယ်နည်းတူ မဏ္ဍပ်ထဲမလာ
ကြတော့သဖြင့် ဆိုင်၊ကိုချောချောမောမောစိတ်ဖြောင့်ဖြောင့်တီးခဲ့ရလေတော့၏။ ထမင်းစားနားချိန်တစ်အောင့်နားပြီးညနေထိဆိုင်ကိုတီးကြရပြန်၏။ည(၆)
နာရီတွင် ဆိုင်းကိုဖြုတ်ပြီး ဆိုင်းများကို ဇာတ်ခုံရှိရာသို့ ရွှေ့ကြရ၏။ ည(၇)နာရီတွင်

ကိုတင်စိုး ခေါင်းဆောင်သော ဆိုင်းအဖွဲ့မှ ဇာတ်မထွက်မီ ကရောင်း(ပတ်မချီ)တီ၊ ကြရပြန်၏။
ပွဲခင်းကြီးထဲတွင်အလှူလုပ်သည့်ဒဟတ်မြိုင်ရွာနှင့်(၇)မိုင်ပတ်လည်ဝေးသော ရွာများမှ ပွဲကြည့်ပရိသတ်များဖြင့် ပြည့်ကျပ်နေ၏။ ကိုတင်စိုးတို့ ဆိုင်းအနီးတွင် လည်းလူများပြည့်ကျပ်နေရာ ဆိုင်းပင် ကောင်းကောင်းတီးလို့မရ ဖြစ်နေ၏။ ကရောင်းတီးသည့်အချိန်တွင် လက်ထောက်ဆရာအား ဆိုင်းဝိုင်းထဲတွင် ပတ်စာကပ်ခိုင်းလိုက်ပြီးကိုတင်စိုးသည်ကြေးနောင်ထဲသို့ဝင်၍ခေတ္တတီးပေးနေစဉ် မောင်ဖေငယ်သည်လူအုပ်ကြားထဲမှနေ၍ကိုတင်စိုး၏နောက်ကျောဆီသို့ချဉ်းကပ် ကာလက်ထဲတွင် ပါလာသောဓားဖြင့်ထိုးလိုက်ပြီးနောက်..
“မင်းလားကွ-လူသတ်သမားတင်စိုးဆိုတာ။မင်းမှတ်ထား- ငါ့နာမည်မောင်ဖေ ငယ်ကွ။ ဒီရွာမှာရှိနေတဲ့ဂုဏ်သတင်ကို ဘယ်တော့မှ အငြိုးအနွမ်းမခံဘူးကွ၊ ဂုဏ် သိက္ခာကို အထိအခိုက် မခံဘူးကွ”
“သေပေတော့”
“စွပ်” *
“သေပါပြီဗျ …”
“မောင်ဖေငယ်က ဆိုင်းဆရာကိုဓားနဲ့ထိုးပြေးပြီဟေ့”
ဆိုသောအော်ဟစ်သံများဆူညံသွားပြီးပွဲခင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတော့ ၏။ သေလောက်သည့်ဒဏ်ရာမဟုတ်ဘဲ ချိုင်းကြားအောက်တွင် အပေါ်ယံသာ ထိသွားခြင်း ဖြစ်၏။
ရွာမှ ဆေးမှူးရောက်လာပြီ၊ ကိုတင်စိုးကို ဆေးထည့်ပြီး ပတ်တီးစည်းပေး၏။ မောင်ဖေငယ်၏မိခင် ဒေါ်စိန်တုတ် ရောက်လာပြီး ကိုတင်စိုးကို တောင်းပန်၏။ ငွေငါးသောင်းထုတ်ပေးလေရာ ကိုတင်စိုးသည် မည်သို့မျှမဖြစ်သလို ပြုံးပြုံးရွှင်ရွှင် ဖြင့်ငွေငါးသောင်းကိုလက်ခံလိုက်ပြီးကျေအေးကြောင်းလက်မှတ်ရေးထိုးပေးလိုက်သည်။

မျက်နှာမှာပြုံးနေပါသော်လည်းကိုတင်စိုး၏စိတ်ထဲကမူ“ပျံလေတဲ့ငှက် ခါးနား
ခါမှ သိရမှာပေါ့ကွ၊ ငါထောင်က လွတ်လာတဲ့တစ်နေ့ သေဖို့သာ ပြင်ထားတော့
ဖေငယ်ရေ”
ဟုကြိမ်းဝါးကာအငြိုးအတေးထားလိုက်၏။
ကျွန်တော်တို့လည်း ကစရာရှိတာ က၊ တီးစရာရှိတာ တီးပြီး နောက်နေ့တွင် စကုမြို့သို့ပြန်ခဲ့ကြလေတော့သည်။
စကုမြို့သို့ မရောက်မီ ပွင့်ဖြူမြို့သို့ ရောက်သောအခါ ဆိုင်းဆရာ ကိုတင်စိုးအား ပွင့်ဖြူမြို့နယ်တရားသူကြီးဥက္ကဋ္ဌ ဒေါ်သူဇာ၏လက်သို့အပ်လိုက်၏။
“ကိုင်း – မောင်တင်စိုး-မင်းတို့ ညီအစ်ကိုနှစ်ယောက် သရက်ထောင်ကို ငါးနှစ် လောက် သွားပြီးနေလိုက်ကြဦး”
“ထောင်ထဲမှာတရားရစရာတွေကို ကြည့်ပြီး မကောင်းတဲ့စိတ် တဒင်္ဂစိတ်ခိုက် တွေကိုထောင်ထဲမှာပဲထားခဲ့။မနက်ဖြန်တရားရုံးမှာကျွန်မအပြီးအမိန့်ချလိုက်တော့မယ်”
ဟုပြော၏။ကိုတင်စိုးကလည်းသေစားသေစေခြင်းနှင့်နှိုင်းယှဉ်လျှင်တော်သော သည်ဟုသဘောပိုက်လျှင်အေးအေးချမ်းချမ်းပင်လက်ခံလိုက်လေသည်။ဤသို့ဖြင့် ဆိုင်းဆရာ ကိုတင်စိုးသည် ထောင်ငါးနှစ်ကျသွားလေတော့သတည်း။
ဘာလဲဗျ ဂုဏ်သိက္ခာ
ဖင်ရွှေ့၊ ခေါင်းရွှေ့နှင့် (၅)နှစ်ဆိုသော အချိန်ကာလသည် ဘာမှမကြာလိုက်၊ တစ်နေ့၊တစ်မနက်တွင်ကိုတင်စိုးတို့ညီအစ်ကိုသည် သရက်ထောင်မှပြန်လာကြပြီ။ ကျွန်တော်၏မောင်နှမစာပေသို့ဝင်လာ၏။
“ဟ – အတော်ပဲ
-ကိုတင်စိုးရေ။ကျွန်တော်လည်းဒီနှစ်ခေါင်းဆောင်ဆိုင်းဆရာ
မခေါ်ရသေးဘူးဗျ။ ခင်ဗျားတစ်ခါတည်း ချုပ်သွားဗျာ”
“မဖြစ်သေးဘူး- အာစရိရေ”
“ဘာကြောင့်တုံးဗျ”
“ကျွန်တော် ဂုဏ်သိက္ခာကိုပြန်ဆယ်ရမယ့်လုပ်ငန်းရှိသေးတယ်ဗျ”
“ဟုတ်လာ။”
“ဒဟတ်မြိုင်ရွာက မောင်ဖေငယ်ကိစ္စလေ”
“ဟာ-ကိုတင်စို၊ရယ် – ငါးနှစ်ကြီးတောင် ကြာခဲ့ပြီပဲဗျ။ ပြီးခဲ့တာတွေ ပြီးပါစေ
တော့ဗျာ
ဟုကျွန်တော် နားချ၏။
“ကျွန်တော်တို့လူမိုက်လောကမှာပြီးခဲ့တာတွေပြီးခဲ့လို့မရတာတွေ အများကြီး
ရှိတယ် – ဇာတ်ဆရာ”
“မလောက်လေးမလောက်စားကောင်ကမိဘအရှိန်ငွေအရှိန်နဲ့ကျွန်တော့်ကို စော်ကားလွှတ်တာဗျ။ မြွေပွေးကိုတီကောင်ကိုက်လွှတ်တဲ့သတင်းက ကျွန်တော်တို့ လောကမှာ ရှက်စရာအကောင်းဆုံးကိစ္စတွေပဲ၊ လူမိုက်ဂုဏ်သိက္ခာ ထိခိုက်သွား တော့တာပဲ”
“သူ့ကိုသတ်ပြီ၊ ကျွန်တော့် ဂုဏ်သတင်းကို ပြန်တင်ရမယ် -ဇာတ်ဆရာရေ၊ ကျွန်တော်လာနှုတ်ဆက်တာ။စလင်းကို ဒီကနေ့ပဲ သွားမှာမို့ သွားခွင့်ပြုဦး”

ဟုကိုတင်စိုးတို့ညီအစ်ကိုနှစ်ယောက်ကကျွန်တော်တို့မိသားစုကို ဝင်ပြီး နှုတ်ဆက်၏။
“ကိုတင်စိုးတို့ထမင်းစားမသွားတော့ဘူးလာ။”
“စားချိန်မရဘူး-ဇာတ်ဆရာကတော်။ ဒီအချိန်သွားမှ စလင်းကိုညနေ(၆)နာရီ
ရောက်မယ်။ အဲဒီကနေ ဒဟတ်မြိုင်ကိုသွားရဦးမှာဆိုတော့ည(၉)နာရီခွဲလောက်မှ ဒဟတ်မြိုင်ကို ရောက်မယ်”
“အဲဒီအချိန်ဆိုင်ရင်ဒီကောင်ကလေးစလင်းချောင်းတစ်ဖက်ကမ်းကထန်းရည်
ဆိုင်မှာရှိမယ်။ ဒီကောင်မူးနေတဲ့အချိန်ဆိုတော့ အလုပ်လုပ်ရတာ လွယ်တာပေါ့- ဇာတ်ဆရာကတော်ရ
“ကျွန်တော်တို့ သွားလိုက်ဦးမယ်။ ခွင့်ပြုပါဦး။ အော် – ဒါနဲ့ ဇာတ်ဆရာ” “ဗျာ…”
“လိုအပ်ရင်တော့ စလင်းအချုပ်ခန်းထဲလာပြီး အာမခံနဲ့ထုတ်လှည့်ပေါ့ဗျာ” “ဟားဟား”
နှစ်ယောက်သားရယ်မောကာထွက်သွားကြလေသည်။
သူတို့များအဖို့တော့လည်းလူတစ်ယောက်အသက်သတ်ဖို့လွယ်လိုက်ကြတာ။
တို့များဖြင့် ပုရွက်ဆိတ်တစ်ကောင်၊ ခြင်တစ်ကောင်သတ်ဖို့တောင်မှ မစဉ်းစား ဝံ့ပါလားဟု တွေးရင်း သူတို့နှစ်ယောက်၏ကျောပြင်ကိုကြည့်ရင်း ရင်မောမိလေ တော့၏။

ရေမျိုခြင်း
လူသတ်ဖို့သွားတဲ့ ထိုင်းဆရာ ကိုတင်စိုးကိစ္စ ကျွန်တော် မေ့လျော့နေ၏။ ကျွန်တော့်မှာလည်း ဒီနှစ်ကဖို့ ရန်ကုန်မြို့သို့ သွားရ၏။ ရန်ကုန်မှ မှော်ဘီမြို့ဇာတ် သဘင်ဥက္ကဋ္ဌ၏ သမီ၊များကို အငြိမ့်ကဖို့ အငြိမ့်မင်းသမီးအဖြစ် ငှားရမ်းရလေရာ အလုပ်ရှုပ်နေ၏။

မင်းသမီးများကို ကြိုသုံးငွေများပေးခဲ့ပြီး နောက်က လိုက်ခဲ့ကြရန်မှာ ကြားပြီး နောက် မကွေးသို့ပြန်ခဲ့၏။
မကွေးသို့ ရောက်၍ ရေမိုးချိုးပြီး ခေတ္တနားနေခိုက် အိပ်ရာလိပ်ကြီးထမ်းပြီး ဝင် လာသောဆိုင်းဆရာကိုတင်ပို၊ကိုတွေ့မြင်ရလေရာကျွန်တော့်မှာပြောမပြနိုင်အောင်
ဝမ်းသာမိလေ၏။
“ဟာ-ကိုတင်စိုး- ခင်ဗျားကိုစလင်းအချုပ်ခန်းမှာအာမခံနဲ့ထုတ်ရ မယ်ဆိုဗျ။ အလုပ်မဖြစ်ခဲ့ဘူးလား”
ကျွန်တော်က အားရဝမ်းသာ မေ၊မိ၏။
“နေပါဦး – ဇာတ်ဆရာရယ်။ပြောမှာပေါ့ဗျာ။အိပ်ရာလိပ်ကလေးချပြီးအမောပြ
ရေကလေးတစ်ခွက်တော့
သောက်ပါရစေဦးဗျ
ဟု ပြောပြီး အိပ်ရာလိပ်ချ၊ ရေသောက်ပြီးမှ
“ဇာတ်ဆရာရေ-ဖေငယ်က သူ့ဇာတ်ကို သူရှင်းသွားတယ်ဗျ” “ဟင် … ဘယ်လိုလဲ၊ ခင်ဗျား မသတ်လိုက်ရဘူးပေါ့” ဟုကျွန်တော်က သိချင်ဇောအားကြီးစွာဖြင့် မေးမိ၏။ “မိဘကိုစော်ကားလိုက်တာ၊ ရေမျိုသွားပါပကောလာ။” ဟုကိုတင်စိုးကပြော၏။
“ဟာ- ပေါက်ပေါက်ရှာရှာ ကိုတင်စိုးရယ်။ မိဘကို စော်ကားလို့ မြေမျိုတယ်ပဲ ကြားဖူးတာပါ။ ခင်ဗျားဟာက အခုတော့ စကားအဆန်း ခရေမျိုရတယ်လို့ဗျာ”
ဟုညည်းမိ၏။
“ဖြစ်ပုံက ဒီလိုဇာတ်ဆရာရေ” “အင်း-ပြောဗျာ-နားထောင်ရအောင်”
“မောင်ဖေငယ်ကကျွန်တော်ထောင်ကျနေတဲ့ငါးနှစ်အတွင်းမှာအဋ္ဌာရသပညာ
ရပ်တွေ အကုန်တတ်နေတာ”ဟု အစချီ၏။
“ဘယ်လိုပညာတွေများလဲ-ကိုတင်စိုးရဲ့”
ကျွန်တော်က ရေလာမြောင်းပေ။ စကားကို ဆိုလိုက်၏။

“အရက်သောက်၊ဖဲရိုက်၊ အောင်တတ်သွားတော့ အမေပေးတဲ့မုန့်ဖိုးနဲ့ မလောက်တော့ဘူး”
မိန်းမပွေ၊အဲဒီလိုကိစ္စတွေတစ်ဖက်ကမ်းခတ်လောက်
“အဲဒီတော့ သူကျောင်းနေတဲ့ နွားတွေ၊ ကျွဲတွေကို တစ်ကောင်ပြီးတစ်ကောင် ရောင်းတော့တာပဲ”
“ဒါကို အဖေကသိတော့ သူ့ကို ရိုက်တယ်တဲ့လေ”
“ငယ်ငယ်လေးကတည်းက အလိုလိုက်ထားခံရတဲ့ကောင်က အသက် ( ၁၈) နှစ်အရွယ်ကျမှ အရိုက်ခံရတော့ ရှက်ပြီး အဖေကို ဓားနဲ့လိုက်ခုတ်တာ တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားတော့တာပဲတဲ့”
“ရွာအပြင် ဘုန်းကြီးကျောင်းရောက် အဖေကို မီလို့ ဓားနဲ့ခုတ်လိုက်တာ ကံကောင်းလို့ မသေတာတဲ့”
“အချိန်မီစလင်းဆေးရုံပို့နိုင်လို့တဲ့။နို့မဟုတ်ရင်သေသတဲ့။ အဲဒါအမေကမလုပ် ကောင်းဘူးပြောတာ သူ့ကို ပြောရမလားဆိုပြီး အမေ့ပါးနှစ်ဖက်ကို တဖြန်းဖြန်းနဲ့ ဘယ်ပြန်ညာပြန် ရိုက်လိုက်တာ အမေ့ခမျာ သတိမေ့လဲသွားမှရပ်သွားသတဲ့” “တစ်ရွာလုံးက သူ့ကိုကြောက်ကြတော့ ဘယ်သူမှ ဝင်မဆွဲရဲဘူးဗျ”
“သူ အဲဒီလို အမေကို ရိုက်နေတုန်၊ တစ်မိုးလုံး မည်းမှောင်လာပြီး လျှပ်စီးတွေ လက်ပြီး မိုးက သဲသဲမဲမဲ ရွာရလာတော့ဒီကောင့်ကို မိုးကြိုးပစ်တော့မှာပဲဆိုပြီး သူနဲ့ ဝေးရာရှောင်ပြေးသတဲ့”
“ကျွန်တော်တို့ နယ်ဘက်က အဲသလိုမိုးမှောင်ကြီးကျပြီး မိုးရွာရင် မန်းချောင်း၊ မုန်းချောင်း၊ စလင်းချောင်းကရေတန်းကျတာဗျ။ ချောင်းရေကလျှံတော့တာ
“အဲဒီကောင်က အဇာတသတ် ငဖေငယ်က ဖဲရိုက်သွားမယ်ဆိုပြီး ရောင်းစားဖို့ သူစီးနေကျ ကျွဲကြီးကိုစီးပြီး စကုရောင်းကို ဖြတ်ကူးတော့တာပဲဗျို့၊ ဟိုဘက်ကမ်း ရောက်ရင် ကျွဲကြီးကို ကျွဲသတ်သမားကို ရောင်းမှာလေ။ မိုးရေထဲမှာ မေ့လဲနေတဲ့ သူ့အမေကို ပြန်တောင်မကြည့်ဘဲထွက်သွားတာတဲ့ဗျာ”
“တစ်ရွာလုံးက ငွေဂုဏ်မောက်နေတဲ့ သူ့အမေကို သောက်မြင်ကတ်ကြပေမဲ့ မျက်စိရှေ့မှာမချိမဆန့်ခံလိုက်ရတဲ့ဒေါ်တုတ်ကိုပွေ့ချီပြီ။ သတိရအောင်ပြန်လုပ်ပေး
ကြသတဲ့”

“ဒေါ်တုတ်သတိရလာတော့ သူ့သားအဇာတသတ်ငဖေငယ်ကိုမေးတော့တာ
“ငဖေငယ် ကျွဲစီးပြီး ချောင်းဟိုဘက်ကမ်းသွားလေရဲ့လို့ ပြောတော့ ချက်ချင်း ထပြီး သူ့သားနောက်ကိုလိုက်သတဲ့”
“သူတို့ကမ်းစပ်ရောက်တော့ကျွဲကြီးနဲ့ငဖေငယ်ကချောင်းအလယ်မှာရောက်
နေပြီတဲ့လေ”
တိရစ္ဆာန်တွေမှာလူတွေမလိုက်နိုင်တဲ့အသိဉာဏ်တွေရှိတယ်ဆိုတာဒီတော့မှ ယုံတော့တယ် ဆရာရေ၊ မောလိုက်တာဗျာ – ထန်းလျက်ခဲရှိရင် ပေးစမ်းပါဦး။ ရေ လည်းတစ်ခွက်တိုက်ပါဦး”
လို့ တောင်းလို့ ကျွန်တော်လည်း ထန်းလျက်ဘူးနဲ့ ရေတစ်ခွက် ချပေးလိုက် တယ်။စားသောက်ပြီးသည်နှင့် သူက စကားဆက်ပြောလေသည်။
“ကျွဲကြီးက သူ့ကိုကျွဲသတ်သမားဆီ ရောင်းစားဖို့ခေါ်သွားမှန်း သိသတဲ့ဗျ”
“ရေလယ်လည်းရောက်ရောကျွဲကရေထဲတစ်ချက်ငုပ်ပြီးဖေငယ်ကိုကျောပေါ်
က ခါချလိုက်သတဲ့”
“အောင်မလေးလေး-မတွေးရဲပါပဲပေါ့ဗျ”
“ဟုတ်လိုက်လေ ဇာတ်ဆရာရယ်။ ကျွဲကြီး ရေပေါ်ပေါ်လာတော့ ဖေငယ်က မပါလာတော့ဘူးတဲ့။ ရေအောက်နစ်သွားပြီလေ”
“ကျွဲကြီးကကမ်းစပ်ပေါ်ရောက်တော့ချောင်းတစ်ဖက်ဆီကိုလှည့်ကြည့်ပြီးနွဲ့နွဲ့
နွဲ့နွဲ့နဲ့ သူ့သခင်မကြီးဒေါ်တုတ်ကိုတစ်ချက်အော်၊လှမ်းနှုတ်ဆက်ပြီးတောထဲဝင်ပြေး တော့တာပဲဗျို့
“ငဖေငယ်အမေဒေါ်တုတ်ရယ်လေ။ သူ့သားနောက်ကိုလိုက်ပါမယ်ဆိုပြီး ရေထဲ ဆင်းမယ်လုပ်လို့ဆွဲထားလိုက်ရတာတဲ့ဗျာ”
“ကျွန်တော်တို့က လူသာ သတ်တာဗျ၊ ကိုယ့်မိဘကို ဘယ်တော့မှ ပြန်မပြော ဘူး။ မစော်ကားဘူး။ ဒါကြောင့် ဘာမှကြီးကြီးကျယ်ကျယ်ဒုက္ခမရောက်ခဲ့ဘူ။” “အမြုတော့ ဒေဝဒတ်လိုအမေမျိုးနဲ့ အဇာတသတ်လို သားမျိုးကြောင့် ဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေကို မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့ရတော့ သံဝေဂရမိတယ် ဇာတ် ဆရာရယ်”

ဟု ချွဲချွဲပျစ်ပျစ် ပြောပြခဲ့၏။
“ဒါပေါ့ကိုတင်စိုးရယ်- ဘယ်မိဘမဆိုကိုယ့်သားသမီးကိုချစ်ကြတာပဲဗျ”
“ဒါပေမဲ့ – ချစ်တတ်ဖို့တော့လိုကြတယ်”
“ချစ်ရာမရောက်၊ နှစ်ရာ ရောက်သွားနိုင်တယ်”
“ဒါကြောင့်မိဘတွေအချစ်မမှားကြဖို့ရှေးပညာရှိတွေကဒီလိုဆောင်ပုဒ်ကလေး
ထားခဲ့တာ ခင်ဗျားမှတ်မိသေးလား”
“ဘယ်လိုများလဲ-ဇာတ်ဆရာရယ်”
“မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ် အတတ်သင်စေ၊ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာတဲ့”
ပညာသင်တဲ့အရွယ်မှာပညာသင်ကြားနိုင်အောင်အရွယ်ရောက်လာရင်ရင်းနှီး
လုပ်ကိုင် စားသောက်နိုင်အောင် ငွေနဲ့ လုပ်ငန်းတည်ထောင် ထုတ်ပေးနိုင်ရမယ်။ အိမ်ထောင်ရက်သား ချပေးရမယ့်အရွယ်မှာလည်း အိမ်ထောင်ချပေးရမယ်။
“ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် အရွယ်ကတည်းက မကောင်းတာကို မကောင်းဘူးလို့ သိအောင်၊ ကောင်းတာကို ကောင်းတယ်လို့ သိအောင် သင်ကြား ပေးရမယ်”
“ဒါမှ ဒေဝဒတ်လိုမိဘမျိုးနဲ့ အဇာတသတ်လိုသားသမီးမျိုးမဖြစ်ကြမှာပေါ့ဗျာ” စာဖတ်ပရိသတ်များ၊ ကိုယ့်သား သမီးကို ချစ်တတ်ကြပါစေလို့ ဆန္ဒပြု
လျက် ..
သဗ္ဗေ၊ အနိစ္စ၊ သင်္ခါရ –