“မိုးရေထဲက လက်ရှည်ကြီး”(စ/ဆုံး)

Unicode Version

“မိုးရေထဲက လက်ရှည်ကြီး”(စ/ဆုံး)
——————————————–
မေသော်တို့မိသားစုမှာ နယ်မှ ရန်ကုန်သို့
အလုပ်လုပ် နေထိုင်ရန် ပြောင်းရွှေ့လာကြသူများဖြစ်သည်။
ရန်ကုန်ရောက်သောအခါ ဆွေမျိုးနားနီးရာ လှိုင်သာယာမြို့နယ်
ရက်ကွက်တခု၌ အိမ်လေးတလုံးငှားရမ်းကာနေထိုင်ဖြစ်ခဲ့ကြလေသည်။
မေသော်ကအထည်ချုပ်စက်ရုံတခုမှာအလုပ်လုပ်ပြီး
မေသော့်အစ်ကိုက ဆိုင်ကယ်ဘေးတွဲမောင်းကာ
ယောင်းမလုပ်သူက အိမ်ဆောက်ပစည်း ဆိုင်တခုတွင်အလုပ်ရလေသည်။
မေသော့်အစ်ကိုမှာ ၈နှစ်အရွယ်သားလေးတယောက်နှင့်
၄နှစ်အရွယ်သမီးလေးတယောက်ရှိပြီး တီတီတာတာ
ပြောတတ်သည့်အရွယ်များပေမို့ မေသော့်မှာ တူနှင့်တူမလေးကို
အသည်းစွဲချစ်နေရသည်။
အမေ ညနေဟင်းချက်မနေနဲ့နော် ဒီနေ့ခေါက်ဆွဲကြော်ဝယ်လာမယ်…
မေသော်က ပြောပြောဆို အလုပ်သွားရန်ပြင်သည်။
အေးအေး ဂရုစိုက်ဦး….။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ဟဲ့ အောင်ဖြိုး ဒီထဲက အမဲသည်းတွေ နင်စားလိုက်တာလား
ဗျာ…မစားပါဘူးအမေရာ ခုမှ အိမ်ပြန်ရောက်တာကို
ဟင်…ဒါဆို ငါမနက်က အမဲသည်းတွေခပ်ထားတာ
တပန်းကန်ကြီး ဘယ်နှယ့်ကြောင့်လျော့နေတာတုန်း….
ဒေါ်မြဝေက မျက်မှောင်ကြုံ့ရင်းစဉ်းစားကာပြောသည်။
အမေ့မြေးတွေစားတာနေမှာပေါ့ မေးကြည့်ဦး…
အောင်ဖြိုးက ကွမ်းကိုပလုတ်ပလောင်းဝါးရင်း
အာလုတ်သံဖြင့်ပြောသည်။
ဟင့်အင်း…ဒီကလေးတွေက ငါခူးခပ်ကျွေးမှစားတာ
ကြောင်များနှိုက်သလားမသိပါဘူးဟယ်
နင်တို့အဖေကြီးအတွက် ချန်ထားတာမို့…နေပါစေတော့
ဖွားဖွားကြီး ဘာပျောက်လို့လဲဟင်
အောင်ဖြိုးသမီးလေးက နားစွန်နားဖျားကြားသဖြင့် မေးသည်။
သမီးတို့ဟင်းတွေယူစားသေးလား…
ဖွားဖွားကြီးက ဖတ်ဖတ်တွေပျောက်လို့တဲ့…
ဟင် မီးတို့မစားပါဘူး…ဒါဆို နောက်ဖေးကမျက်လုံးနီနီ
ကောင်ကြီးစားတာနေမှာ….
ဟဲ့ဘယ်လို….
ဒေါ်မြဝေက ရင်ဘတ်ကိုဖိရင်း မေးသည်။ကလေးတွေ မမြင်အပ်တာတွေနဲ့တွေ့နေကြတာများလား….
ဟုတ်တယ်နော့ကိုကို…မီးတို့အိမ်သာသွားရင်
သစ်ပင်ပေါ်ပြေးတက်သွားနေကျ…
ဟဲ့ဟဲ့ တော်ပြီ တော်ပြီ
သမီးတို့လူကြီးမပါရင် အိမ်သာဘက်မသွားနဲ့တော့နော်….
အောင်ဖြိုး…ကလေးတွေကို အောက်မဆင်းစေနဲ့တော့…
ဟုတ်အမေ…
ဟင်းပျောက်တာကရော ညနေစာလောက်ရဲ့လား…
မင့်ညီမ ခေါက်ဆွဲကြော်ဝယ်လာဦးမယ်တဲ့…
ထိုည၌ဒေါ်မြဝေအတွေးပေါင်းစုံ…ကိုယ်တိုင်တော့ထူးဆန်းတာမျိုး
မတွေ့ကြုံရသေး…ကလေးတွေမို့ ပေါက်ကရပြောတာပဲနေမှာပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
နေ့ခင်းက အသုပ်စုံတွေ အဝစားမိသည့်တန်ခိုးက ည၁၂နာရီခန့်တွင် ဗိုက်ထဲမှ မခံနိုင်အောင်ရစ်၍ နာလေသည်။
ဘေးမှတူမလေးကို အသာဖယ်ပြီး မေသော် ခြေဖော့နင်းကာ
အိမ်သာဆီခပ်သုတ်သုတ်ထွက်ခဲ့သည်….။
လေအဝှေ့မှာဝါးရုံပင်တို့က တရှဲရှဲမြည်လျှက်…
အိမ်သာထဲကို အလျှင်အမြန်ဝင်လိုက်ပြီး
ကိစ ရှင်းလိုက်သည်။
ဒေါက်…ဒေါက်…
ဟော…ဘယ်သူပါလိမ့်
အမေ့…အမေလား
………..
တုံ့ပြန်သံမကြားရ…
အစ်ကိုကြီးလား….
……….
မတင်မိုးလား…
…….
ဒေါက်….ဒေါက်…..
ဟော ပြန်မဖြေဘဲ တံခါးကိုဆက်ခေါက်နေတယ်
နောက်စရာမှမဟုတ်ဘဲ….
တခုခုနဲ့တံခါးကိုထိမိနေတာဖြစ်မည်ဟုတွေးလိုက်သည်။
ထိုစဉ်…ရွှီး…. ဝေါ….ဝေါ….
တချိန်လုံးရေအားသန်လေ့မရှိသော
အိမ်သာထဲရေဘားက အလိုအလျှောက်ပွင့်လာပြီး
ရေများအဆက်အပြတ်ထွက်လာတော့သည်။
ဟော်တော်…ညနက်မှရေအားကောင်းတယ်ထင်တယ်
မေသော်စိတ်ထဲကတွေးရင်း ရေဘားကိုပိတ်သည်။
ဟင်….
ရေဘားက တော်တော်နဲ့လှည့်မရ…ကျပ်နေသည်။
အားကုန်သုံး၍ လှည့်မှ ပိတ်သွားသည်။
လူလည်းချွေးများပင်ပြန်လာ၍ မြန်မြန် ကိစရှင်းပြီး
ထွက်လိုက်သည်…။
အိမ်သာကိုဖွင့်တော့ အပြင်မှာလူတယောက်မှရှိမနေ…
တခုခုနဲ့ ထိမိလို့ အသံမြည်တာလား တွေးရင်း
ဘေးဘီကို ကြည့်သည်…
ထိမိခတ်မိစရာ ဘာမှမရှိ….
လေအေးတချက်အဝှေ့မှာ ကျောထဲစိမ့်ကနဲဖြစ်လာ၍
အိမ်ပေါ်သို့ခပ်သွက်သွက်တက်ခဲ့သည်။
တအိမ်လုံး အပ်ကျသံပင်ကြားရလောက်အောင်
တိတ်ဆိတ်နေပြီးအစ်ကိုကြီး၏ ဆွဲဆွဲငင်ငင်ဟောက်နေသံကိုသာ အတိုင်းသားကြားရသည်။ဒါဆို တံခါးခေါက်သံက ဘယ်သူလဲ….
တွေးနေရင်းမှပင် နေ့ခင်းက စက်ရုံမှာလည်းပင်ပန်းထားသည်မို့ ခေါင်းချလိုက်သည်နှင့်ချက်ချင်းဆိုသလို အိပ်ပျော်သွားခဲ့လေတော့သည်။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ညက ငါသေချာမှတ်မိပါတယ်….။ကြောင်အိမ်ထဲထည့်ထားတာပဲကို….
အမေ…ဘာဖြစ်ပြန်ပြီလဲ….
အောင်ဖြိုးကမေးတော့…
မနက်ကို တင်မိုးတို့အတွက်ထမင်းချိုင့်ထည့်ပေးဖို့
ငါးကြော်နှပ်၅ကွင်းထားတာ ၂ကွင်းပဲကျန်တော့လို့လေ…
အာ အမေ့ဟာက ဘယ်သူမှမစားတဲ့ဟာကို…
သေရောသေချာလို့လား…
သေချာပါတယ် အောင်ဖြိုးရယ်…ငါ့အထင်
ကလေးတွေ ပြောတာ တကယ်များဖြစ်နေမလားဟယ်…
ဟာဗျာ အမေကလဲ ငါးကြော်လေးပျောက်တာနဲ့
မဟုတ်တာတွေးနေပြီ…ဒီလောက်လူနေထူတဲ့မြို့မှာ
ဘယ်သရဲမှ မနေဘူး…
အမေ့ငါး ကျုပ်ပြန်ဝယ်ပေးမယ် လျှောက်တွေးမနေနဲ့….
အောင်ဖြိုးကပြောပြောဆိုဆို မျက်နှာသစ်ရန်
ကျောက်စည်ရှိရာသို့ ခပ်သွက်သွက်ထွက်သွားသည်။
အမေ ဘာတွေ ဖြစ်နေတာလဲ….
မေသော်က အိပ်မှုံစုံမွှားဖြင့်မေးတော့…
အင်း…အိမ်မှာဟင်းတွေပျောက်နေတာ ခဏခဏဖြစ်နေလို့
ပြီးတော့ ကလေးတွေကလည်း…
အင်း အမေရယ် ကလေးတွေကတော့ ဒီလိုပဲပြောတာထားတော့
ညကလည်း….
နင်ကလည်းပေါက်ကရပြောမနေနဲ့…ဘာသရဲမှမရှိဘူး
ကလေးစကားတွေကို အလုပ်လုပ်နေကြတာ
ငါဖြင့်တခါမှ မမြင် မကြားဘူး….
အောင်ဖြိုးကဝင်ဟန့်တော့…
မေသော်လည်းစကားနည်းရန်စဲသဘောဖြင့်
အသာလှည့်ထွက်ခဲ့ရာ ယောင်းမဖြစ်သူက
အသံတိုးတိုးဖြင့်
မေသော် အမ တမြန်မနေ့တုန်းက
အိမ်ပြန်လာတော့ အမွှေးတွေနဲ့ မဲမဲအကောင်ကြီး
နောက်ဖေးမှာဟင်းတွေစားနေတာတွေ့တယ်။
အမလည်းကလေးတွေကြောက်မှာစိုးတာကြောင့်ရော
အမေလည်းကြောက်နေမှာစိုးလို့မပြောတာ…
ဟင်….
ညီးအစ်ကိုက အဲ့ဒါတွေအယုံအကြည်ရှိတာမဟုတ်ဘူး…
အမတို့ပရိတ်တရားရွတ်တာမျိုးဖြစ်ဖြစ်လုပ်ကြရအောင်…
ဟုတ်ကဲ့ပါအမရယ်….။
အလွန်အမင်းကြောက်တတ်သူမဟုတ်ပေမယ့်
မေသော်စိတ်ထဲတော့ အနည်းငယ်နောက်ကျိသွားသည်။
ထိုညက တူလေးနှင့်တူမလေးကိုသာ ကျစ်ကျစ်ပါအောင်ဖက်၍
စိတ်ကို ဒုန်းဒုန်းချကာ အိပ်စက်ခဲ့လေတော့သည်။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ကိုအောင်ဖြိုး ရှေ့တပတ်ထဲ ကိုယ့်သမီးမွေးနေ့ကို
အိမ်မှာဘုန်းကြီးပင့် ဆွမ်းကပ်ပြီး ပရိတ်တရားလေး
နာကြရအောင်တော်…..
ဘာလဲ နင်ကပါ သရဲရှိတယ်ထင်နေပြန်ပြီလား
မဟုတ်ပါဘူးတော်…ကလေးလည်း အနရာယ်ကင်းအောင်
ကျုပ်တို့လည်း ကုသိုလ်ကောင်းမှုလုပ်ဖြစ်တာပေါ့…
မင်းသဘောပဲ….။
ထိုစဥျ…
ဟဲ့ အောင်ဖြိုး နင်ဆေးလိပ်တွေသောက်နေပြန်ပြီလား
ပြောပြောဆိုဆိုဒေါ်မြဝေက အောင်ဖြိုးပါးစပ်နားကပ်၍
အနံ့ခံကြည့်သည်။
ဘယ်ဆေးလိပ်မှ မသောက်ဘူး တင်မိုးနဲ့စကားပြောနေတာ
ဒါဆို ဆေးလိပ်နံ့ကဘယ်ကရနေတာလဲ….
ဟုတ်တယ် စီးကရက်နံ့ ထောင်းထောင်းကိုထလို့။
ပြောပြောဆိုဆို မေသော်လည်းအခန်းထဲကထွက်လာတော့
ခြံပြင်ကသူများသောက်တာနေမှာပေါ့ဟ…
အောင်ဖြိုးက မကြည်သလိုပြောတော့….
ခြံပြင်မှာဘယ်သူမှမရှိဘူးအဖေကြီး…သရဲလားမသိဘူး
အီးဟီး…..
ဟဲ့..အို မဟုတ်တာ လာလာ အမေကြီးဆီလာ
ဒေါ်မြဝေက ကလေးတွေကို ဘုရားစင်အောက်ခေါ်၍
မေတာ သုတ်ကို တွင်တွင်ရွတ်သည်။
ဆေးလိပ်နံ့ရလည်းသရဲပဲ အမေတို့ဟာက
ဒီလောက်ကြောက်နေ…ဘာသရဲမှမရှိဘူး
အောင်ဖြိုးတို့တခါမှ မတွေ့ဘူး….
မေသော်နဲ့တင်မိုးတို့လည်း တယောက်မျက်နှာတယောက်ကြည့်ပြီး
အသာငြိမ်နေလိုက်ကြသည်။အောင်ဖြိုးက ဇွတ်တရွတ်သမား…
သူ့ကိုတုဖက်မနေလို…
ဂျိန်း….ဒလိန်း…..ဝေါ….ဝေါ….
မိုးကခဏခြင်းပင်သည်းထန်စွာရွာသွန်းလာလေသည်။
ကျုပ် ရေခံလိုက်ဦးမယ်…အဝတ်လျှော်ရအောင်…
ဒေါ်မြဝေဘာမှပြန်မပြော….။
မိုးနှင့်အတူလေအေးအေးက ထိခတ်ကျီစယ်သဖြင့်
အပူတွေပင် ခဏတာ ငြိမ်းအေးသွားသလို
ခံစားရလေသည်….။
အောင်ဖြိုးက တံစက်မြိတ်အောက်မှာရပ်ရင်း
ရေပုံးများကိုဆွဲကာ ဆွဲကာ အုတ်ကန်ထဲသို့ထည့်နေလေသည်။
ထိုစဥျ…
အဖေကြီး…အဖေကြီး နောက်မှာ…
သားကြီး၏အသံနှင့်အတူ လက်ကို တစုံတခုကလာကိုင်သည်ကို
ခံစားလိုက်မိသည်။ဖျတ်ကနဲလှည့်အကြည့်မှာ
လက်အရှည်ကြီးတခု….
တိတိကျကျပြောရလျှင် အမွှေးအမျှင်များထူထပ်နေသော
လက်ရှည်ကြီးတခုက အောင်ဖြိုး၏ လက်ကို တင်းတင်းဆုပ်ကိုင်လျှက်….
ထို့နောက် အပေါ်ကို မော့ကြည့်လိုက်စဉ်
အမွှေးအမျှင်များကြားမှဖြူဖွေးနေသော အစွယ်နှစ်ချောင်းကငေါထွက်နေပြီး နီရဲနေသောမျက်လုံးအစုံနှင့်
မျက်နှာကြီးကိုတွေ့လိုက်ရသောအခါ….
အောင်မလေးဗျ….
အမေကြီးရေ…အမေကြီးရေ….
အိမ်ထဲသို့ဒရောသောပါးဝင်လာသော အောင်ဖြိုးကို
ဒေါ်မြဝေက ပရိတ်ရေနှင့်ဆီး၍ ပက်သည်။
မေတာ သုတ်ကို အဆက်မပြတ်ရွတ်ရင်း
ထိုအမွှေးအမျှင်များနှင့် အကောင်ကြီးကို မေတာ ပို့သည်။
ကလေးများကတော့ ဘုရားကျောင်းဆောင်အောက်ဝယ်
ကျုံ့ကျုံ့ထိုင်လျှက်….။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ဘုန်းကြီးပင့်၍ ဆွမ်းကပ်သောနေ့၌
ဘေးပတ်ဝန်းကျင်မှ ရှေ့မှီနောက်မှီတို့က ထိုအိမ်တွင် မကျွတ်မလွတ်တာကြာပြီဖြစ်သောသရဲတကောင်ရှိကြောင်း…
အမြဲမခြောက်လှန့်တတ်သော်လည်း ရံဖန်ရံခါ အလုံးအထည်ပါပြတတ်သောကြောင့် ထိုအိမ်လေးကို တော်ရုံလူတွေ မနေရဲကြဘဲ ဈေးသက်သက်သာနှင့်ငှားနိုင်ခြင်းဖြစ်ကြောင်းစီကာပတ်ကုံးပြောပြကြတော့သည်။
မေသော်တို့မိသားစုလည်း ကလေးငယ်များနှင့်နေရသဖြင့်
ရေရှည်ကိုတွေးကာ လအနည်းငယ်အကြာတွင်
အိမ်ပြောင်းဖြစ်ခဲ့ကြတော့လေသည်။
ထိုနေ့မှ စ၍ အောင်ဖြိုးတယောက်လည်း သရဲတကယ်မရှိဟု
လုံးဝမပြောတော့ပေ။
ပြီးပါပြီ။
ပညာရှင်အဆင့်မဟုတ်ဘဲ ဝါသနာအရရေးတာဖြစ်လို့
အမှားအယွင်းလေးများပါလျှင် သည်းခံ ပြင်ဆင်
ဖတ်ရှုပေးကြပါရှင်…။
#နုနေရည် #သရဲ
#ပရလောက

Zawgyi Version

“မိုးေရထဲက လက္ရွည္ႀကီး”(စ/ဆုံး)
——————————————–
ေမေသာ္တို႔မိသားစုမွာ နယ္မွ ရန္ကုန္သို႔
အလုပ္လုပ္ ေနထိုင္ရန္ ေျပာင္းေ႐ႊ႕လာၾကသူမ်ားျဖစ္သည္။
ရန္ကုန္ေရာက္ေသာအခါ ေဆြမ်ိဳးနားနီးရာ လႈိင္သာယာၿမိဳ႕နယ္
ရက္ကြက္တခု၌ အိမ္ေလးတလုံးငွားရမ္းကာေနထိုင္ျဖစ္ခဲ့ၾကေလသည္။
ေမေသာ္ကအထည္ခ်ဳပ္စက္႐ုံတခုမွာအလုပ္လုပ္ၿပီး
ေမေသာ့္အစ္ကိုက ဆိုင္ကယ္ေဘးတြဲေမာင္းကာ
ေယာင္းမလုပ္သူက အိမ္ေဆာက္ပစည္း ဆိုင္တခုတြင္အလုပ္ရေလသည္။
ေမေသာ့္အစ္ကိုမွာ ၈ႏွစ္အ႐ြယ္သားေလးတေယာက္ႏွင့္
၄ႏွစ္အ႐ြယ္သမီးေလးတေယာက္ရွိၿပီး တီတီတာတာ
ေျပာတတ္သည့္အ႐ြယ္မ်ားေပမို႔ ေမေသာ့္မွာ တူႏွင့္တူမေလးကို
အသည္းစြဲခ်စ္ေနရသည္။
အေမ ညေနဟင္းခ်က္မေနနဲ႔ေနာ္ ဒီေန႔ေခါက္ဆြဲေၾကာ္ဝယ္လာမယ္…
ေမေသာ္က ေျပာေျပာဆို အလုပ္သြားရန္ျပင္သည္။
ေအးေအး ဂ႐ုစိုက္ဦး….။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ဟဲ့ ေအာင္ၿဖိဳး ဒီထဲက အမဲသည္းေတြ နင္စားလိုက္တာလား
ဗ်ာ…မစားပါဘူးအေမရာ ခုမွ အိမ္ျပန္ေရာက္တာကို
ဟင္…ဒါဆို ငါမနက္က အမဲသည္းေတြခပ္ထားတာ
တပန္းကန္ႀကီး ဘယ္ႏွယ့္ေၾကာင့္ေလ်ာ့ေနတာတုန္း….
ေဒၚျမေဝက မ်က္ေမွာင္ႀကဳံ႕ရင္းစဥ္းစားကာေျပာသည္။
အေမ့ေျမးေတြစားတာေနမွာေပါ့ ေမးၾကည့္ဦး…
ေအာင္ၿဖိဳးက ကြမ္းကိုပလုတ္ပေလာင္းဝါးရင္း
အာလုတ္သံျဖင့္ေျပာသည္။
ဟင့္အင္း…ဒီကေလးေတြက ငါခူးခပ္ေကြၽးမွစားတာ
ေၾကာင္မ်ားႏႈိက္သလားမသိပါဘူးဟယ္
နင္တို႔အေဖႀကီးအတြက္ ခ်န္ထားတာမို႔…ေနပါေစေတာ့
ဖြားဖြားႀကီး ဘာေပ်ာက္လို႔လဲဟင္
ေအာင္ၿဖိဳးသမီးေလးက နားစြန္နားဖ်ားၾကားသျဖင့္ ေမးသည္။
သမီးတို႔ဟင္းေတြယူစားေသးလား…
ဖြားဖြားႀကီးက ဖတ္ဖတ္ေတြေပ်ာက္လို႔တဲ့…
ဟင္ မီးတို႔မစားပါဘူး…ဒါဆို ေနာက္ေဖးကမ်က္လုံးနီနီ
ေကာင္ႀကီးစားတာေနမွာ….
ဟဲ့ဘယ္လို….
ေဒၚျမေဝက ရင္ဘတ္ကိုဖိရင္း ေမးသည္။ကေလးေတြ မျမင္အပ္တာေတြနဲ႔ေတြ႕ေနၾကတာမ်ားလား….
ဟုတ္တယ္ေနာ့ကိုကို…မီးတို႔အိမ္သာသြားရင္
သစ္ပင္ေပၚေျပးတက္သြားေနက်…
ဟဲ့ဟဲ့ ေတာ္ၿပီ ေတာ္ၿပီ
သမီးတို႔လူႀကီးမပါရင္ အိမ္သာဘက္မသြားနဲ႔ေတာ့ေနာ္….
ေအာင္ၿဖိဳး…ကေလးေတြကို ေအာက္မဆင္းေစနဲ႔ေတာ့…
ဟုတ္အေမ…
ဟင္းေပ်ာက္တာကေရာ ညေနစာေလာက္ရဲ႕လား…
မင့္ညီမ ေခါက္ဆြဲေၾကာ္ဝယ္လာဦးမယ္တဲ့…
ထိုည၌ေဒၚျမေဝအေတြးေပါင္းစုံ…ကိုယ္တိုင္ေတာ့ထူးဆန္းတာမ်ိဳး
မေတြ႕ႀကဳံရေသး…ကေလးေတြမို႔ ေပါက္ကရေျပာတာပဲေနမွာပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ေန႔ခင္းက အသုပ္စုံေတြ အဝစားမိသည့္တန္ခိုးက ည၁၂နာရီခန႔္တြင္ ဗိုက္ထဲမွ မခံႏိုင္ေအာင္ရစ္၍ နာေလသည္။
ေဘးမွတူမေလးကို အသာဖယ္ၿပီး ေမေသာ္ ေျခေဖာ့နင္းကာ
အိမ္သာဆီခပ္သုတ္သုတ္ထြက္ခဲ့သည္….။
ေလအေဝွ႔မွာဝါး႐ုံပင္တို႔က တရွဲရွဲျမည္လွ်က္…
အိမ္သာထဲကို အလွ်င္အျမန္ဝင္လိုက္ၿပီး
ကိစ ရွင္းလိုက္သည္။
ေဒါက္…ေဒါက္…
ေဟာ…ဘယ္သူပါလိမ့္
အေမ့…အေမလား
………..
တုံ႔ျပန္သံမၾကားရ…
အစ္ကိုႀကီးလား….
……….
မတင္မိုးလား…
…….
ေဒါက္….ေဒါက္…..
ေဟာ ျပန္မေျဖဘဲ တံခါးကိုဆက္ေခါက္ေနတယ္
ေနာက္စရာမွမဟုတ္ဘဲ….
တခုခုနဲ႔တံခါးကိုထိမိေနတာျဖစ္မည္ဟုေတြးလိုက္သည္။
ထိုစဥ္…႐ႊီး…. ေဝါ….ေဝါ….
တခ်ိန္လုံးေရအားသန္ေလ့မရွိေသာ
အိမ္သာထဲေရဘားက အလိုအေလွ်ာက္ပြင့္လာၿပီး
ေရမ်ားအဆက္အျပတ္ထြက္လာေတာ့သည္။
ေဟာ္ေတာ္…ညနက္မွေရအားေကာင္းတယ္ထင္တယ္
ေမေသာ္စိတ္ထဲကေတြးရင္း ေရဘားကိုပိတ္သည္။
ဟင္….
ေရဘားက ေတာ္ေတာ္နဲ႔လွည့္မရ…က်ပ္ေနသည္။
အားကုန္သုံး၍ လွည့္မွ ပိတ္သြားသည္။
လူလည္းေခြၽးမ်ားပင္ျပန္လာ၍ ျမန္ျမန္ ကိစရွင္းၿပီး
ထြက္လိုက္သည္…။
အိမ္သာကိုဖြင့္ေတာ့ အျပင္မွာလူတေယာက္မွရွိမေန…
တခုခုနဲ႔ ထိမိလို႔ အသံျမည္တာလား ေတြးရင္း
ေဘးဘီကို ၾကည့္သည္…
ထိမိခတ္မိစရာ ဘာမွမရွိ….
ေလေအးတခ်က္အေဝွ႔မွာ ေက်ာထဲစိမ့္ကနဲျဖစ္လာ၍
အိမ္ေပၚသို႔ခပ္သြက္သြက္တက္ခဲ့သည္။
တအိမ္လုံး အပ္က်သံပင္ၾကားရေလာက္ေအာင္
တိတ္ဆိတ္ေနၿပီးအစ္ကိုႀကီး၏ ဆြဲဆြဲငင္ငင္ေဟာက္ေနသံကိုသာ အတိုင္းသားၾကားရသည္။ဒါဆို တံခါးေခါက္သံက ဘယ္သူလဲ….
ေတြးေနရင္းမွပင္ ေန႔ခင္းက စက္႐ုံမွာလည္းပင္ပန္းထားသည္မို႔ ေခါင္းခ်လိုက္သည္ႏွင့္ခ်က္ခ်င္းဆိုသလို အိပ္ေပ်ာ္သြားခဲ့ေလေတာ့သည္။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ညက ငါေသခ်ာမွတ္မိပါတယ္….။ေၾကာင္အိမ္ထဲထည့္ထားတာပဲကို….
အေမ…ဘာျဖစ္ျပန္ၿပီလဲ….
ေအာင္ၿဖိဳးကေမးေတာ့…
မနက္ကို တင္မိုးတို႔အတြက္ထမင္းခ်ိဳင့္ထည့္ေပးဖို႔
ငါးေၾကာ္ႏွပ္၅ကြင္းထားတာ ၂ကြင္းပဲက်န္ေတာ့လို႔ေလ…
အာ အေမ့ဟာက ဘယ္သူမွမစားတဲ့ဟာကို…
ေသေရာေသခ်ာလို႔လား…
ေသခ်ာပါတယ္ ေအာင္ၿဖိဳးရယ္…ငါ့အထင္
ကေလးေတြ ေျပာတာ တကယ္မ်ားျဖစ္ေနမလားဟယ္…
ဟာဗ်ာ အေမကလဲ ငါးေၾကာ္ေလးေပ်ာက္တာနဲ႔
မဟုတ္တာေတြးေနၿပီ…ဒီေလာက္လူေနထူတဲ့ၿမိဳ႕မွာ
ဘယ္သရဲမွ မေနဘူး…
အေမ့ငါး က်ဳပ္ျပန္ဝယ္ေပးမယ္ ေလွ်ာက္ေတြးမေနနဲ႔….
ေအာင္ၿဖိဳးကေျပာေျပာဆိုဆို မ်က္ႏွာသစ္ရန္
ေက်ာက္စည္ရွိရာသို႔ ခပ္သြက္သြက္ထြက္သြားသည္။
အေမ ဘာေတြ ျဖစ္ေနတာလဲ….
ေမေသာ္က အိပ္မႈံစုံမႊားျဖင့္ေမးေတာ့…
အင္း…အိမ္မွာဟင္းေတြေပ်ာက္ေနတာ ခဏခဏျဖစ္ေနလို႔
ၿပီးေတာ့ ကေလးေတြကလည္း…
အင္း အေမရယ္ ကေလးေတြကေတာ့ ဒီလိုပဲေျပာတာထားေတာ့
ညကလည္း….
နင္ကလည္းေပါက္ကရေျပာမေနနဲ႔…ဘာသရဲမွမရွိဘူး
ကေလးစကားေတြကို အလုပ္လုပ္ေနၾကတာ
ငါျဖင့္တခါမွ မျမင္ မၾကားဘူး….
ေအာင္ၿဖိဳးကဝင္ဟန႔္ေတာ့…
ေမေသာ္လည္းစကားနည္းရန္စဲသေဘာျဖင့္
အသာလွည့္ထြက္ခဲ့ရာ ေယာင္းမျဖစ္သူက
အသံတိုးတိုးျဖင့္
ေမေသာ္ အမ တျမန္မေန႔တုန္းက
အိမ္ျပန္လာေတာ့ အေမႊးေတြနဲ႔ မဲမဲအေကာင္ႀကီး
ေနာက္ေဖးမွာဟင္းေတြစားေနတာေတြ႕တယ္။
အမလည္းကေလးေတြေၾကာက္မွာစိုးတာေၾကာင့္ေရာ
အေမလည္းေၾကာက္ေနမွာစိုးလို႔မေျပာတာ…
ဟင္….
ညီးအစ္ကိုက အဲ့ဒါေတြအယုံအၾကည္ရွိတာမဟုတ္ဘူး…
အမတို႔ပရိတ္တရား႐ြတ္တာမ်ိဳးျဖစ္ျဖစ္လုပ္ၾကရေအာင္…
ဟုတ္ကဲ့ပါအမရယ္….။
အလြန္အမင္းေၾကာက္တတ္သူမဟုတ္ေပမယ့္
ေမေသာ္စိတ္ထဲေတာ့ အနည္းငယ္ေနာက္က်ိသြားသည္။
ထိုညက တူေလးႏွင့္တူမေလးကိုသာ က်စ္က်စ္ပါေအာင္ဖက္၍
စိတ္ကို ဒုန္းဒုန္းခ်ကာ အိပ္စက္ခဲ့ေလေတာ့သည္။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ကိုေအာင္ၿဖိဳး ေရွ႕တပတ္ထဲ ကိုယ့္သမီးေမြးေန႔ကို
အိမ္မွာဘုန္းႀကီးပင့္ ဆြမ္းကပ္ၿပီး ပရိတ္တရားေလး
နာၾကရေအာင္ေတာ္…..
ဘာလဲ နင္ကပါ သရဲရွိတယ္ထင္ေနျပန္ၿပီလား
မဟုတ္ပါဘူးေတာ္…ကေလးလည္း အနရာယ္ကင္းေအာင္
က်ဳပ္တို႔လည္း ကုသိုလ္ေကာင္းမႈလုပ္ျဖစ္တာေပါ့…
မင္းသေဘာပဲ….။
ထိုစဥ်…
ဟဲ့ ေအာင္ၿဖိဳး နင္ေဆးလိပ္ေတြေသာက္ေနျပန္ၿပီလား
ေျပာေျပာဆိုဆိုေဒၚျမေဝက ေအာင္ၿဖိဳးပါးစပ္နားကပ္၍
အနံ႔ခံၾကည့္သည္။
ဘယ္ေဆးလိပ္မွ မေသာက္ဘူး တင္မိုးနဲ႔စကားေျပာေနတာ
ဒါဆို ေဆးလိပ္နံ႔ကဘယ္ကရေနတာလဲ….
ဟုတ္တယ္ စီးကရက္နံ႔ ေထာင္းေထာင္းကိုထလို႔။
ေျပာေျပာဆိုဆို ေမေသာ္လည္းအခန္းထဲကထြက္လာေတာ့
ၿခံျပင္ကသူမ်ားေသာက္တာေနမွာေပါ့ဟ…
ေအာင္ၿဖိဳးက မၾကည္သလိုေျပာေတာ့….
ၿခံျပင္မွာဘယ္သူမွမရွိဘူးအေဖႀကီး…သရဲလားမသိဘူး
အီးဟီး…..
ဟဲ့..အို မဟုတ္တာ လာလာ အေမႀကီးဆီလာ
ေဒၚျမေဝက ကေလးေတြကို ဘုရားစင္ေအာက္ေခၚ၍
ေမတာ သုတ္ကို တြင္တြင္႐ြတ္သည္။
ေဆးလိပ္နံ႔ရလည္းသရဲပဲ အေမတို႔ဟာက
ဒီေလာက္ေၾကာက္ေန…ဘာသရဲမွမရွိဘူး
ေအာင္ၿဖိဳးတို႔တခါမွ မေတြ႕ဘူး….
ေမေသာ္နဲ႔တင္မိုးတို႔လည္း တေယာက္မ်က္ႏွာတေယာက္ၾကည့္ၿပီး
အသာၿငိမ္ေနလိုက္ၾကသည္။ေအာင္ၿဖိဳးက ဇြတ္တ႐ြတ္သမား…
သူ႔ကိုတုဖက္မေနလို…
ဂ်ိန္း….ဒလိန္း…..ေဝါ….ေဝါ….
မိုးကခဏျခင္းပင္သည္းထန္စြာ႐ြာသြန္းလာေလသည္။
က်ဳပ္ ေရခံလိုက္ဦးမယ္…အဝတ္ေလွ်ာ္ရေအာင္…
ေဒၚျမေဝဘာမွျပန္မေျပာ….။
မိုးႏွင့္အတူေလေအးေအးက ထိခတ္က်ီစယ္သျဖင့္
အပူေတြပင္ ခဏတာ ၿငိမ္းေအးသြားသလို
ခံစားရေလသည္….။
ေအာင္ၿဖိဳးက တံစက္ၿမိတ္ေအာက္မွာရပ္ရင္း
ေရပုံးမ်ားကိုဆြဲကာ ဆြဲကာ အုတ္ကန္ထဲသို႔ထည့္ေနေလသည္။
ထိုစဥ်…
အေဖႀကီး…အေဖႀကီး ေနာက္မွာ…
သားႀကီး၏အသံႏွင့္အတူ လက္ကို တစုံတခုကလာကိုင္သည္ကို
ခံစားလိုက္မိသည္။ဖ်တ္ကနဲလွည့္အၾကည့္မွာ
လက္အရွည္ႀကီးတခု….
တိတိက်က်ေျပာရလွ်င္ အေမႊးအမွ်င္မ်ားထူထပ္ေနေသာ
လက္ရွည္ႀကီးတခုက ေအာင္ၿဖိဳး၏ လက္ကို တင္းတင္းဆုပ္ကိုင္လွ်က္….
ထို႔ေနာက္ အေပၚကို ေမာ့ၾကည့္လိုက္စဥ္
အေမႊးအမွ်င္မ်ားၾကားမွျဖဴေဖြးေနေသာ အစြယ္ႏွစ္ေခ်ာင္းကေငါထြက္ေနၿပီး နီရဲေနေသာမ်က္လုံးအစုံႏွင့္
မ်က္ႏွာႀကီးကိုေတြ႕လိုက္ရေသာအခါ….
ေအာင္မေလးဗ်….
အေမႀကီးေရ…အေမႀကီးေရ….
အိမ္ထဲသို႔ဒေရာေသာပါးဝင္လာေသာ ေအာင္ၿဖိဳးကို
ေဒၚျမေဝက ပရိတ္ေရႏွင့္ဆီး၍ ပက္သည္။
ေမတာ သုတ္ကို အဆက္မျပတ္႐ြတ္ရင္း
ထိုအေမႊးအမွ်င္မ်ားႏွင့္ အေကာင္ႀကီးကို ေမတာ ပို႔သည္။
ကေလးမ်ားကေတာ့ ဘုရားေက်ာင္းေဆာင္ေအာက္ဝယ္
က်ဳံ႕က်ဳံ႕ထိုင္လွ်က္….။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ဘုန္းႀကီးပင့္၍ ဆြမ္းကပ္ေသာေန႔၌
ေဘးပတ္ဝန္းက်င္မွ ေရွ႕မွီေနာက္မွီတို႔က ထိုအိမ္တြင္ မကြၽတ္မလြတ္တာၾကာၿပီျဖစ္ေသာသရဲတေကာင္ရွိေၾကာင္း…
အၿမဲမေျခာက္လွန႔္တတ္ေသာ္လည္း ရံဖန္ရံခါ အလုံးအထည္ပါျပတတ္ေသာေၾကာင့္ ထိုအိမ္ေလးကို ေတာ္႐ုံလူေတြ မေနရဲၾကဘဲ ေဈးသက္သက္သာႏွင့္ငွားႏိုင္ျခင္းျဖစ္ေၾကာင္းစီကာပတ္ကုံးေျပာျပၾကေတာ့သည္။
ေမေသာ္တို႔မိသားစုလည္း ကေလးငယ္မ်ားႏွင့္ေနရသျဖင့္
ေရရွည္ကိုေတြးကာ လအနည္းငယ္အၾကာတြင္
အိမ္ေျပာင္းျဖစ္ခဲ့ၾကေတာ့ေလသည္။
ထိုေန႔မွ စ၍ ေအာင္ၿဖိဳးတေယာက္လည္း သရဲတကယ္မရွိဟု
လုံးဝမေျပာေတာ့ေပ။
ၿပီးပါၿပီ။
ပညာရွင္အဆင့္မဟုတ္ဘဲ ဝါသနာအရေရးတာျဖစ္လို႔
အမွားအယြင္းေလးမ်ားပါလွ်င္ သည္းခံ ျပင္ဆင္
ဖတ္ရႈေပးၾကပါရွင္…။
#ႏုေနရည္ #သရဲ
#ပရေလာက