Unicode Version
မီးလုံးကြီးများ(စ/ဆုံး)
————————–
ကျွန်ုပ်သည် ဝါသနာအလျောက် စာများရေးရာတွင်
စိတ်ကူးထဲတွင် သော်လည်းကောင်း၊ ကိုယ်တွေ့ကြုံရ၍
သော်လည်းကောင်း စိတ်ထဲတွင် ရေးစရာ
ပေါ်လာပါက လက်ကချရေးလိုက်သည် သာ
ဖြစ်သည် ။ ထိုကဲ့သို့ ရေးရာတွင် ဝတ္ထုတို၊
ဝတ္ထုရှည်၊ ပြဇာတ်များကို ကျွန်ုပ်အရေးသန် သည် ။ ကဗျာ၊ ဆောင်းပါးတို့ ကို ဝါသနာမ
ပါ။
ထိုကဲ့သို့ စိတ်ထဲတွင် ရေးစရာပေါ်လာပါက ရေးချလိုက်သော စာများ သည် သရုပ်ဖော် တွေ၊ သင်ခန်းစာပေးတွေ၊ အသောအထေ့တွေ၊ ဟာသတွေ၊ မှုခင်းတွေ၊တောတွင်းအမဲလိုက် ဇာတ်လမ်းတွေ၊
အိမ်ထောင်ရေး ဇာတ်လမ်းတွေ၊ ဂမ္ဘီရ
ဆန်သော အဖြစ်အပျက်တွေ၊ ဖြစ်ရပ်မှန်
ကိုယ်တွေ့တွေ စသည် ဖြင့် စုံအောင်ရေး
ပါသည် ။ တမင်သက်သက် စုံအောင်ရေး
ခြင်းတော့ မဟုတ်ပါ။ စိတ်ထဲတွင် ဆန္ဒရှိ၍
ရေးလိုက်သော အကြောင်းအရာများ ပင် ဖြစ်ပါသည် ။
ကျွန်ုပ်စကားရှည်သွားပါသည် ။ လိုရင်းကို ပြောပါမည်။ ထိုကဲ့သို့ စာစုံအောင်ရေးရင်း တစ်ခါ တစ်ရံတွင် ကိုယ်တွေ့ကြုံရသောအကြောင်းအရာကလေးများကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ ခေတ်နှင့်မ
ဆီလျော်သောဂမ္ဘီရဆန်သော
အကြောင်းများ ဖြစ်နေ၍ ဂမ္ဘီရ မဂ္ဂဇင်း များ သို့ ပေးပို့ခြင်း ဖြင့် ကျွန်တော်သည် ဂ ဘီရစာရေးဆရာ မဖြစ်တဖြစ် ဖြစ်လာ ပါသည် ။ မည်သို့ဆိုစေ စာရေးနေရ၍ ကိုယ့်စာမူကို
ပုံနှိပ်စာလုံးနှင့် မဂ္ဂဇင်း စာအုပ်ထဲတွင် မြင်လိုက်ရလျှင် ကျေနပ်ပီတိဖြစ်နေသောကျွန်ုပ်သည် အောက်ဖော်ပြပါ ဂမ္ဘီရဆန်သော ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားတင်ပြလိုက်ရပေသည် ။
***
ကျွန်ုပ်ငယ်စဉ်ကပင် ပင်ရင်းစကားပြေလက်ရွေးစင်စာအုပ်ထဲတွင်
“ရေကြောင်းသွားလာ ရွက်နာဝါ”ဟူသော စကားပြေတစ် ခုကို အမှတ်ထင်ထင် ခေါင်းထဲမှာ မှတ်မိ နေသည် ။ ထိုစကားပြေမှ ကျွန်ုပ်တင်ပြလို သော အချက်မှာ ပင်လယ်တွင်းသို့ ငါးဖမ်း
ထွက်သော ရေလုပ်သားများ ၏ လှေရွက် တိုင်ထိပ်တွင် မီးလုံးကြီးများ လာရောက် စွဲကပ်သည် ။ ထိုစွဲကပ်သော မီးလုံးကြီးများ ကို ရေလုပ်သား များက ရွက်တိုင်ထိပ်သို့ တက်ရောက်၍ မီးလုံးကို ဓားနှင့်ခုတ်လိုက် သည် … နှင့် … ထူးဆန်းသောအသံများမြည်ဟည်းကာ ပျောက်ကွယ်သွားကြသည် ။ ထိုကဲ့သို့ မဟုတ်ဘဲ မီးလုံးများ စွဲကပ်လာ ပါက လှေထဲတွင် ရှိသော လှေသားများ ဒေါသခက် ထန်လာကြကာ တစ်ဦးကိုတစ်ဦး
မမှတ်မိကြတော့ဘဲခုတ်ကြထစ်ကြနှင့် တစ်ခါတစ်ရံတွင် လှေ တစ်စင်း မျော လာပြီး
လှေသားများအားလုံး လှေထဲတွင် တစ်ဦးကို
တစ်ဦး ခုတ်ကြ ထစ်ကြကာ သက်ရှိတစ်ယောက်မျှ မရှိဘဲ တွေ့ကြုံကြရသည် ။
ထိုကဲ့သို့ စွဲကပ်လာသော မီးလုံးများ သည် နာနာဘာဝမဟုတ်ပါ။ (Meteor)သာဖြစ်ပါကြောင်း။ ထိုစကားပြေထဲတွင် ရေးသား ထားသည် ကို သတိရနေပါသည် ။
ကျွန်ုပ်စဉ်းစားသည် ။ ထိုကဲ့သို့ ကမ်းမမြင် လမ်းမမြင် ဘာမျှမရှိသော ပင်လယ်ထဲတွင် ရွက်လွှင့်လာသော လှေကို လာရောက်စွဲကပ် သော မီးလုံးသည် ဘာလဲ၊ စကားပြေထဲက အတိုင်း အင်္ဂလိပ်အခေါ် ( Meteor)သာဖြစ် ပါသည် ။ ၎င်း(Meteor)၏ အဓိပ္ပာယ်ကို ကျွန်ုပ်မသိပါ။ စကားပြေ ထဲက ဖတ်မိ၍ မှတ်မိသော အင်္ဂလိပ်စကားလုံးကို ရေးပြ
ခြင်းသာ ဖြစ်ပါသည် ။
(ဤကား စကားချပ်)
***
လွန်ခဲ့သော
နှစ်ပေါင်းလေးဆယ်ခန့်က
ဖြစ်သည် ။ ကျွန်ုပ် အိမ်ထောင်မကျသေး
လူပျိုဘဝ ပင် ရှိသေးသည် ။ ကျွန်ုပ်သည် ရန်
ကုန်မြို့ထဲရှိ အစိုးရဌာနတစ်ခုတွင် အလုပ်
လုပ်ကိုင်ရင်း စာတိုစာစ များကို မတောက် တခေါက် ရေးနေချိန်ဖြစ်သည် ။ စာရေးသက် ငါးနှစ်အတွင်း မည်သည့်စာစောင်၊ မဂ္ဂဇင်း ကမှ ဖော်ပြခံရဖူးခြင်း မရှိသေး။
အလုပ်အားရက် တစ်ရက်တွင် ကျွန်ုပ် သည် မိဘရပ်ရွာဖြစ်သော ဘိုကလေးမြို့သို့ သိဒ္ဓိ မင်္ဂလာ မော်တော်ကြီးကိုစီးကာ လာခဲ့ သည် ။ သင်္ဘောသည် ညနေ ၆ နာရီခွဲထွက်၍ တစ်ညလုံး မောင်းကာ နောက်တစ်နေ့ နံနက် ၅ နာရီခန့်လောက် ဘိုကလေးမြို့သို့ ရောက် သည် ။ ထိုကဲ့သို့ တစ်ညလုံး သင်္ဘောစက်သံ နှင့်အတူ အတွေးနယ်ချဲ့ကာ လိုက်လာရင်း
နံဘေးနေရာမှမရွှေနုတို့ မိသားစုနှင့် အသိမိတ်ဆွေ ဖြစ်ကြသည် ။ သူတို့ က ရန်ကုန်ကို အလည်လာကာ
ကျိုက်ထော်မြို့သို့ ပြန်ကြမည်ဖြစ်သည် ကျိုက်ထော် မြို့ အနောက်ဘက် လေးငါးမိုင်
မျှ ဝေးသော မှော်တောရွာတွင် နေထိုင်ကြ သည် ။ မရွှေနုမိဘများက စောစောစီးစီး အိပ်ပျော်နေကြသော်လည်း ကျွန်ုပ်နှင့် မရွှေနု အိပ်မပျော်သောကြောင့် … တစ်ညလုံး
စကားကောင်းနေကြကာ ရိုးရိုးနှင့် ယဉ်ယဉ် ကလေးလှသော မရွှေနုနှင့် ကျွန်ုပ် ပါးစပ် ချင်းရော မျက်လုံးချင်းပါ စကားပြောဖြစ်ကြသည် ။
ရက်အတန်ကြာသောအခါမရွှေနုနှင့်
ကျွန်ုပ်သည် တစ်ဦးကိုတစ်ဦး စာရေးကာ နှလုံးသား စကားများကို စာနှင့်ပြောဖြစ်ကြ သည် ။ ထိုအချိန်က ကျိုက်ထော်မြို့သည် ရွာ ကြီးတစ်ရွာအဆင့်သာ ရှိ၍ ကျိုက်ထော်မြို့၊ တရုတ်ပိုင်း၊ မောင်ကံလမ်းနေ ကိုဝင်းမောင် မှ တစ်ဆင့် ကျွန်ုပ်က မရွှေနုအား ရည်းစားစာပေးရသည်
ကိုဝင်းမောင်က မှော်တောရွာသို့သွားသော လူကြုံ
(သို့)မော်တော်ကားမှ တစ်ဆင့် မရွှေနုထံ စာပေး ပေးသည် ။
စာထည့်တိုင်းမရောက်။ မရွှေနုသည် မှော် တောရွာ၏ ကွမ်းတောင်ကိုင်တစ်ဦးဖြစ်သော ကြောင့် သူ့ဆီလာသော စာများ အတွက် မနာလိုရှိဟန် တူကြသည် ။ မနာလိုသူများက
ကြားမှ နေ၍ စာများကို ဖျောက်ဖျက်ပစ်ကြသည် ။
လိုရင်းကို ဆက်ပါမည်။ ကျွန်ုပ်သည် ရန် ကုန်မြို့ကြီးမှ အစိုးရဌာနတစ်ခုတွင် အလုပ် လုပ်နေ ရ၍ ရန်ကုန်မြို့သူနှင့် နဖူးစာမဆုံဘဲ တောမှ ကွမ်းတောင်ကိုင်နှင့်မှ ဖူးစာဆုံရ သည် ။ ဒါလည်း ဖူးစာပဲဟု ပြောရမည်။ အလုပ်လုပ်ရင်း နေ့စဉ်လိုလို မရွှေနုထံမှ စာ ကိုမျှော်ရသည် ။ စာထည့်တိုင်း စာပြန်မလာ။ စာများက ကြားတွင် ပျောက်နေတတ်သော ကြာင့် တစ်နေ့ ကျွန်ုပ်သည် ခွင့်ယူကာ မှော်
တောရွာသို့ လာခဲ့သည် ။ ရောက်ရောက်ချင်း အတိုးချကာ စကား
များ ပြောချင်သော်လည်း မရွှေနု၏ မိဘများ
ရှိသော ကြောင့် အားရပါးရ မပြောရပေ။ နေ့ခင်းဘက်တွင်
မျက်ရိပ်မျက်ခြည်ပြကာ အချိန်းအချက်ပြုကြရင်း ညဘက်တွင် ချိန်း
တွေ့ကြရန်ဖြစ်သည် ။
လမိုက်ရက်ဖြစ်သောကြောင့် မှော်တောရွာ တစ်ရွာလုံး တိတ်ဆိတ်ငြိမ်သက်ကာ ဝါးရုံ များ ၏ လေတိုးသံကြောင့် တရှဲရှဲမြည်သံကို ရံဖန်ရံခါမျှသာ ကြားရသည် ။ ကျွန်ုပ်နှင့် ရွှေနုသည် အုံ့ဆိုင်းလှ သော ဝါးရုံကြီး တစ်ရုံ အောက်တွင် နှစ်ယောက်ယှဉ်တွဲ၍ ထိုင်နေ ကြသည် ။ မပြောရတာ ကြာလှပြီ ဖြစ်သော စကားများကို အတိုးချကာ ပြောနေရသည် ၊ အချိန်အားဖြင့် ည ၁၂ နာရီခန့်က ထိုင်၍ စကားတွတ်ထိုးနေကြသည် မှာ ည ၂ နာရီ
လောက်အထိ မပြီးသေး။ စကားကောင်းတုန်း။
ကျွန်ုပ်တို့ ထိုင်နေရာနှင့် ကိုက် ၅၀ အကွာလောက်တွင်
မူလတန်းကျောင်းကလေးရှိ
သည် ။ ကျောင်းပတ်ဝန်းကျင်သည် အိမ်များ
နှင့် ဝေးလှသောကြောင့် ကျောင်းအနီးမှ
ဝါးရုံတစ်ရုံအောက်တွင်ကျွန်ုပ်တို့
စကားပြောနေကြခြင်းဖြစ်သည်
စကားပြောနေရင်း မှောင်မည်းမည်းထဲမှ တစ်နေရာတွင် မီးရဲရဲတစ်ခုကို ကျွန်ုပ်မြင်မိ လိုက်သည် ။ မရွှေနုကတော့ မြင်ဟန်မတူ။ စကားခဏရပ်ကာ ကျွန်ုပ်က ထိုမီးရဲရဲနေရာ ကို သေသေချာချာကြည့်လိုက်သည် ။ မီးရဲရဲသည် သေးသေးမဟုတ်၊ ထန်းသီး လုံးခန့်ရှိသောကြောင့် ကျွန်ုပ် စိတ်ထဲတွင် တစ်စုံ တစ်ယောက်သည် အလေးအပေါ့သွား ရင်း ဆေးလိပ်သောက်နေခြင်းတော့ မဟုတ်
တန်ရာ၊ ဆယ်ပေ ခန့်အကွာမှ ဆေးလိပ်
သောက်နေသော မီးရဲရဲပင်လျှင် မီးတောက် ဤမျှမကြီးနိုင်။ အနားတွင် မရွှေနု တစ်
ယောက်လုံးရှိသော်လည်း ကျွန်ုပ် ကြက်သီး
တဖြန်းဖြန်းထသွားသည် ။ ကျွန်ုပ်က မှောင်ထဲတွင် မရွှေနုလက်ကို စမ်းလိုက်ရင်း-
“မရွှေနု ဟိုဟာဘာလဲဟင်”
“ဘာကိုပြောတာလဲ”
“ဟိုရှေ့က မီးရဲရဲကိုပြောတာ”
အမှောင်ထဲတွင် ရဲရဲနီသော အရောင်ဆို၍
ထိုတစ်ခုသာရှိသောကြောင့်
ပါသည် ။
သိသာနိုင်
“ဟို မီးတောက်ရဲရဲကို ပြောတာလား”
“အင်း ဟုတ်တယ်”
“ဟီဟီ”
မရွှေနု၏ “ဟီ ဟိ”ဆိုသော အသံကြောင့်
ကျွန်ုပ် ကြောင်တောင်တောင် ဖြစ်သွားသည် ။ မှောင်ထဲတွင် မရွှေနုမျက်နှာကို သေချာစွာ မမြင်ရ၍ ကျွန်ုပ် သေချာစွာမကြည့်လိုက် သော်လည်း အလင်းရောင်ရှိသော နေရာဖြစ် လျှင် မရွှေနု၏ “ဟီ ဟီ”ဆိုသော အသံ ကြောင့် ကျွန်ုပ် သူ့မျက်နှာကို သေချာစွာကြည့်မိမှာ အမှန်ဖြစ်သည် ။
ထို့ကြောင့် မရွှေနု၏ အသံကြောင့် စဉ်းစား
နေစဉ်မှာပင် မီးလုံးရဲရဲကြီးသည်
ကောင်းကင်သို့ တစ်ရှိန်ထိုး ထိုးတက်သွား တော့သည် ။ ကျွန်ုပ်လည်း မရွှေနုလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထား တော့သည် ကျွန်ုပ် မျက်တောင်မခတ် စိုက်ကြည့်နေစဉ် မှာ ပင် ထိုမီးလုံးကြီးသည် မြေပြင်ပေါ်သို့ ပြန်ဆင်းလာကာ တစ်နေရာတွင် စက်ဝိုင်း သဏ္ဌာန်ပျံလျက် လုပ်နေပြန်သည် ။
“မရွှေနု အဲဒီမီးလုံးကြီးက ဘာလဲဟင်”
“အဲဒါမျိုး မတွေ့ဖူးဘူးလား”
“တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါပဲ တွေ့ဖူး သေးတယ်”
“ကဲပါ အဲဒါတွေ စိတ်ဝင်စားမနေနဲ့ ၊ ပြော စရာစကားတွေ အများကြီး ကျန်သေးတယ် ဆို မပြောတော့ဘူးလား”
ကျွန်ုပ်သည် မရွှေနု၏ ပြန်ပြောသံကို ကြားတစ်ချက် မကြားတစ်ချက် ရှိနေရာမှ စောစောက မီးလုံးကြီးဆီသို့ အာရုံရောက်နေ မိသည် ။ ထိုမီးလုံးကြီးသည် မြေပြင်တွင် ဆင်းလိုက် တက်လိုက် ဝဲပျံ နေရာမှ ရွာ
အနောက်ဘက်ဆီသို့ပျံတက်သွားကာ
တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်
ကျွန်ုပ်နှင့် မရွှေနုသည် ဝေလီဝေလင်း ရောင်နီလာခါနီးမှ ဝါးရုံအောက်က ထပြန်ခဲ့ သော် လည်း ထိုအကြောင်းကို မရွှေနုအား
သေချာစွာ မမေးမိတော့။ထို့ထက်စိတ်ဝင်စားစရာကောင်းသော စကားများကို
မရွှေနုနှင့် တီးတိုးအပြန်အလှန် ပြောနေကြ
ခြင်းကြောင့် ဖြစ်သည် ။ ထိုမီးလုံးကြီး
အကြောင်းကို ဆက်မမေးဖြစ်ခြင်းကား
ကျွန်ုပ်သည် ကြောက်ချင်ယောင်ဆောင်၍
ရွှေနုကို တင်းကျပ်စွာ ဖတ်ထားခြင်းကြောင့် လည်း ဖြစ်ပေသည် ။
အလုပ်မှ ခွင့်ရက်မရသောကြောင့် နောက် တစ်နေ့ နံနက်တွင် ကျွန်ုပ်သည် မှော် တောရွာမှ ဖွတ်ချက်၊ ဖွတ်ချက် မော်တော် ကလေးစီးကာ ဒေးဒရဲမြို့သို့ လာခဲ့သည် ။ ဒေးဒရဲမှ ဧရာဝတီသင်္ဘော ကြီးစီးကာ ရန် ကုန်သို့ ပြန်လာခဲ့သည် ။ ရန်ကုန်ရောက် သည် နှင့် ကျွန်ုပ်က မရွှေနုထံသို့ စာတစ် စောင် ချက်ချင်းပြန်ရေးသည် ။ စာထဲတွင်
ကျွန်ုပ်သိလိုသော မီးလုံးကြီးအကြောင်းပင် ဖြစ်သည် ။
ထူးထူးဆန်းဆန်းအကြောင်းကို သိလိုလှ
သောကြောင့် မရွှေနုထံမှ ပြန်စာကို မျှော်
နေသည် ။ မလာ၊ တစ်ပတ်လည်း မလာ၊ နှစ်
ပတ်လည်း မလာ၊ တစ်လလည်း မလာ။
ကျွန်ုပ်ရေးသောစာပျောက်ပြီထင်မိ၏။
ရောက်လျှင် ပြန်စာတော့လာရမည်။ ကြောင့်မလာရသနည်း။ ကျွန်ုပ် စိတ်မရှည် တော့ အထက်လူကြီးအား ခွင့်တောင်းကာ ခွင့်ဆယ်ရက်ခန့်ယူ၍ မှော်တောရွာသို့ ပြန်လာ ခဲ့သည် ။ ရွာရောက်သောအခါ
ကျွန်ုပ်ထင်သည့်အတိုင်း ကျွနု်ပ်ထည့်သော
စာမရောက်ကြောင်းနှင့်
မရွှေနုလည်းတိုက်ဖွိုက်ရောဂါဖြစ်၍ အတော်ပိန်နေသည်
ကို တွေ့ရသည် ။ ကျွန်ုပ်ရောက်မှ နာလန်ထလူမမာသဖွယ်ဖြစ်နေသည် ။
ရောက်ရောက်ချင်း ညမှာ ပင် ကျွန်ုပ်နှင့် မ ရွှေနုသည် … ချိန်းတွေ့နေကျ ဝါးရုံပင်ကြီး အောက် တွင် ည ၁၂ နာရီလောက်မှာ ဆုံကြ သည် ။ တစ်လကျော်လောက် မပြောလိုက်ရ သော စကားများကို အတိုးချကာ ပြောကြ သည် ။ မှတ်မှတ်ရရ ထိုတစ်ညသည် လည်းလရောင်မရှိ၊
အလွန်မှောင်မိုက်သော
အလမိုက်ရက်ဖြစ်သည် ။ ကျွန်ုပ်လည်း ချစ်သူ နှင့် တစ်လကျော် ခွဲခွာနေရပြီးမှ ပြန်လည်ဆုံ တွေ့ကြရ သောကြောင့် ပတ်ဝန်းကျင် မှောင်ထုကိုလည်း ဂရုမစိုက်အား၊ တစ်ခါ တွေ့ဖူးခဲ့သော … မီးလုံးကြီး
အကြောင်းကို
လည်း မမေးမိဘဲ သာယာကြည်နူးနေမိပါ ကြောင်း ဦးစွာဝန်ခံလိုပါသည် ။
ကျွန်ုပ်၏ ချစ်သူသည် အတော်ကြာအောင် ဖျားနေရာမှ နာလန်ထစ ဖြစ်သောကြောင့် အသားအရေများ ကြုံလှီလှသည် ။ ညှိုးငယ်နေသော မျက်နှာကလေးကို မေးစေ့မှ ကိုင်၍ ကျွန်ုပ်၏ မျက်နှာအနီးကို ဆွဲယူလိုက်သော အချိန်တွင် အမှောင်ထုထဲမှ မီးရဲရဲကို မျက်စိ ထဲတွင် မကြည့်ဘဲနှင့် ရိပ်ခနဲ မြင်လိုက် မိသည် ။ ကျွန်ုပ်သည် ချစ်သူ၏ မေးစေ့ကို ကိုင်ထားရာမှ လွှတ်လိုက်ကာ ထိုမီးရဲရဲ ဆီ သို့ ကြည့်လိုက်သည် ။ ယခင်က တွေ့ခဲ့ဖူးသော
မူလတန်းကျောင်းကလေးအနီးမှ
မီးလုံးကြီး တစ်လုံးသည် မြေပြင်မှ အမြင့် သုံးလေးပေခန့်တွင် ဝဲပျံကာ တက်လိုက် ဆင်းလိုက်နှင့် လုပ်နေပါ .. သည် သီတင်းကျွတ်တွင် ကလေးများ မီးပန်းကို မီးရှို့၍ ဝှေ့ယမ်းနေသည့် ပုံမျိုးဖြစ်သည် သို့သော် မီးပန်းမှ တောက်ပသော အလင်းရောင်နှင့် ထိုမီးလုံးကြီးမှ တောက်ပ နေသော အလင်းရောင်သည် တစ်ခုနှင့်တစ်ခု မတူ မတူပါ။ ကွဲပြားသည် ။
ကျွန်ုပ်က မရွှေနုကို လက်ကုတ်၍ ထို မီးလုံးကြီးကို ပြလိုက်သည် ။ မရွှေနုက ငြိမ်
နေသည် ။ ကျွန်ုပ်က-
“အဲဒါ ဘာလဲဟင်”
“သိချင်လို့ လား” “အင်း”
“ကျွန်မတို့ အရပ်မှာ ဒါမျိုးတွေ မကြာခဏ တွေ့ဖူးတယ်။ လူကြီးတွေ မေးကြည့်တော့ “ဟဲ့ ကလေးတွေ ဘာတွေလျှောက်ပြောနေ တာလဲ၊ နောက်မပြောနဲ့ ’လို့ ပြောတယ်။ လူကြီးတွေက မေးတာ မကြိုက်ဘူး။ ည ဘက် ကလေးတွေနဲ့ ထုပ်ဆီးတိုးတမ်းကစား ရင်း၊ ချုံထဲဝင် အပေါ့အပါး သွားရင်းနဲ့ တောင် တစ်ခါတလေတွေ့တယ်။ တွေ့တာမှ မီးလုံးတစ်လုံးတည်း မဟုတ်ဘူး ။ သုံးလေး လုံးတောင် တွေ့တယ်။ ခဏခဏတွေ့တော့ လည်း ရိုးသွားတာပါပဲ”
“ဒါဆို အဲဒါတွေက ဘာလဲဆိုတာ မရွှေနု မသိဘူးပေါ့”
“အင်းပေါ့”
“မရွှေနုမိဘတွေကို မေးရင်ကော … ရမ
လား”
“သူတို့ လည်း ပြောမှာ မဟုတ်ဘူး
ဘယ်လိုလုပ်တွေ့တာလဲ
မေးရင်တောင်
သူက ဘယ်လို ပြောမှာ လဲ။ ဒီအချိန်မျိုးမှာ
ထွက်တတ်တဲ့ မီးလုံးကြီးတွေကို သူကတွေ့
တယ်ဆိုတော့ ဧည့်သည် က ဒီအချိန်မှာ ဘာ
က
ထွက်လုပ်လို့ … တွေ့တာလဲဆိုရင်
သူက
ဘယ်လိုပြန်ပြောမလဲ။ နောက်ဆို ခုလိုတွေ့ဖို့
တောင် လွယ်မှာ မဟုတ်ဘူး နော်”
“အင်း – ဒါလည်း ဟုတ်တာပဲ”
ကျွန်ုပ်သည် ထူးထူးဆန်းဆန်းများကို စပ် စုတတ်သူပီပီ နောက်တစ်နေ့တွင် ညက မ ရွှေနုနှင့် ကျွန်ုပ်တို့ အတူထိုင်ခဲ့သော ဝါးရုံ
အောက်တွင် ထိုင်လိုက်သည် ။ ပြီးမှ ညအ မှောင်ထဲတွင် မီးလုံးကြီး တွေ့သောနေရာသို့
စိတ်နှင့်မှန်းကာ လျှောက်လာခဲ့သည် ။ ထိုမှ ကျောင်း၏ အနောက်ဘက် ပေ ငါးဆယ်ခန့်
အကွာရှိ ဝါးရုံတောအတွင်းသို့၊ ထိုဝါးရုံတော
အတွင်းမှ မီးလုံးကြီးကို မြင်ရခြင်းဖြစ် သည်
ကျောင်းပိတ်ရက်ဖြစ်သောကြောင့်
တိတ်ဆိတ်နေသည် ။
တိတ်ဆိတ်နေသောကြောင့် . ကျွန်ုပ်သည် စိတ်ကို ငြိမ်ငြိမ်ထားကာ တစ်လှမ်းချင်း လျှောက်လာခဲ့သည် ။ ထိုအရပ်သည် ဝါးခြံ များ စိုက်သော အရပ်ဖြစ်၍ ဝါးရုံပင်များက အုံ့အုံ့ဆိုင်းဆိုင်း နေပြောက်မထိုးအောင် ကောင်းလှသည် ။ ကျောင်းအနောက်ဘက်မှ ဝါးရုံတောအတွင်းတွင် ထူးခြား တာဆို၍ ဘာမျှမရှိ။ တွေ့မိတာက ဓနိမိုး၊ ပျဉ်ကာနှင့် နှစ်ခန်းတွဲအိမ်သာတစ်လုံးသာဖြစ်သည် ။
တောအရပ်က ရေလောင်းအိမ်သာမဟုတ်။
အိမ်သာဖြစ်၍ ကျောင်းသူ
ကျောင်းသားများ နေ့စဉ်စွန့်ပစ်ရာ အိမ်သာ ဖြစ်၍ မစင်ပုံကြီးက အိမ်သာကြမ်းခင်းနှင့် ထိလုနီးနီးဖြစ်နေသည် ။ မီးလုံး ကြီးကိုမြင်ရ သော ထိုနေရာသို့ သိချင်ဇောနှင့် ကျွန်ုပ် မှန်းဆ၍ လာခဲ့ပါသော်လည်း ထူးထူးဆန်း ဆန်း မစင်ပုံကြီးသာတွေ့ခဲ့ရ၍ အနံ့မခံနိုင် သောကြောင့် … နောက်ကြောင်းပြန်လှည့်ခဲ့ရပါသည် ။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တော့ ထို အကြောင်းကို ထိုအရပ်မှ လူကြီးသူမများ ကျွန်ုပ် မတော်ရသေးသော ယောက္ခမများ အပါအဝင်ကို မေးမြန်းစုံစမ်းမည်ဟု ရည်ရွယ်ထားသော်လည်း ကျွန်ုပ်သည် ထိုရွာ သို့ နောက်ထပ် လုံးဝမရောက်ဖြစ်တော့။
ကျွန်ုပ်၏ စိတ်ထဲတွင်ယနေ့တိုင်လိပ်ခဲတည်းလည်း ဖြစ်ကာ ဘာလဲဆိုတာ သိ
ချင်နေမိပါ တော့သည် ။
Zawgyi Version
မီးလုံးႀကီးမ်ား(စ/ဆုံး)
————————–
ကြၽႏ္ုပ္သည္ ဝါသနာအေလ်ာက္ စာမ်ားေရးရာတြင္
စိတ္ကူးထဲတြင္ ေသာ္လည္းေကာင္း၊ ကိုယ္ေတြ႕ႀကဳံရ၍
ေသာ္လည္းေကာင္း စိတ္ထဲတြင္ ေရးစရာ
ေပၚလာပါက လက္ကခ်ေရးလိုက္သည္ သာ
ျဖစ္သည္ ။ ထိုကဲ့သို႔ ေရးရာတြင္ ဝတၳဳတို၊
ဝတၳဳရွည္၊ ျပဇာတ္မ်ားကို ကြၽႏ္ုပ္အေရးသန္ သည္ ။ ကဗ်ာ၊ ေဆာင္းပါးတို႔ ကို ဝါသနာမ
ပါ။
ထိုကဲ့သို႔ စိတ္ထဲတြင္ ေရးစရာေပၚလာပါက ေရးခ်လိုက္ေသာ စာမ်ား သည္ သ႐ုပ္ေဖာ္ ေတြ၊ သင္ခန္းစာေပးေတြ၊ အေသာအေထ့ေတြ၊ ဟာသေတြ၊ မႈခင္းေတြ၊ေတာတြင္းအမဲလိုက္ ဇာတ္လမ္းေတြ၊
အိမ္ေထာင္ေရး ဇာတ္လမ္းေတြ၊ ဂမၻီရ
ဆန္ေသာ အျဖစ္အပ်က္ေတြ၊ ျဖစ္ရပ္မွန္
ကိုယ္ေတြ႕ေတြ စသည္ ျဖင့္ စုံေအာင္ေရး
ပါသည္ ။ တမင္သက္သက္ စုံေအာင္ေရး
ျခင္းေတာ့ မဟုတ္ပါ။ စိတ္ထဲတြင္ ဆႏၵရွိ၍
ေရးလိုက္ေသာ အေၾကာင္းအရာမ်ား ပင္ ျဖစ္ပါသည္ ။
ကြၽႏ္ုပ္စကားရွည္သြားပါသည္ ။ လိုရင္းကို ေျပာပါမည္။ ထိုကဲ့သို႔ စာစုံေအာင္ေရးရင္း တစ္ခါ တစ္ရံတြင္ ကိုယ္ေတြ႕ႀကဳံရေသာအေၾကာင္းအရာကေလးမ်ားကို ျပန္လည္ ဆန္းစစ္ၾကည့္ေသာအခါ ေခတ္ႏွင့္မ
ဆီေလ်ာ္ေသာဂမၻီရဆန္ေသာ
အေၾကာင္းမ်ား ျဖစ္ေန၍ ဂမၻီရ မဂၢဇင္း မ်ား သို႔ ေပးပို႔ျခင္း ျဖင့္ ကြၽန္ေတာ္သည္ ဂ ဘီရစာေရးဆရာ မျဖစ္တျဖစ္ ျဖစ္လာ ပါသည္ ။ မည္သို႔ဆိုေစ စာေရးေနရ၍ ကိုယ့္စာမူကို
ပုံႏွိပ္စာလုံးႏွင့္ မဂၢဇင္း စာအုပ္ထဲတြင္ ျမင္လိုက္ရလွ်င္ ေက်နပ္ပီတိျဖစ္ေနေသာကြၽႏ္ုပ္သည္ ေအာက္ေဖာ္ျပပါ ဂမၻီရဆန္ေသာ ဇာတ္လမ္းတစ္ပုဒ္ကို ေရးသားတင္ျပလိုက္ရေပသည္ ။
***
ကြၽႏ္ုပ္ငယ္စဥ္ကပင္ ပင္ရင္းစကားေျပလက္ေ႐ြးစင္စာအုပ္ထဲတြင္
“ေရေၾကာင္းသြားလာ ႐ြက္နာဝါ”ဟူေသာ စကားေျပတစ္ ခုကို အမွတ္ထင္ထင္ ေခါင္းထဲမွာ မွတ္မိ ေနသည္ ။ ထိုစကားေျပမွ ကြၽႏ္ုပ္တင္ျပလို ေသာ အခ်က္မွာ ပင္လယ္တြင္းသို႔ ငါးဖမ္း
ထြက္ေသာ ေရလုပ္သားမ်ား ၏ ေလွ႐ြက္ တိုင္ထိပ္တြင္ မီးလုံးႀကီးမ်ား လာေရာက္ စြဲကပ္သည္ ။ ထိုစြဲကပ္ေသာ မီးလုံးႀကီးမ်ား ကို ေရလုပ္သား မ်ားက ႐ြက္တိုင္ထိပ္သို႔ တက္ေရာက္၍ မီးလုံးကို ဓားႏွင့္ခုတ္လိုက္ သည္ … ႏွင့္ … ထူးဆန္းေသာအသံမ်ားျမည္ဟည္းကာ ေပ်ာက္ကြယ္သြားၾကသည္ ။ ထိုကဲ့သို႔ မဟုတ္ဘဲ မီးလုံးမ်ား စြဲကပ္လာ ပါက ေလွထဲတြင္ ရွိေသာ ေလွသားမ်ား ေဒါသခက္ ထန္လာၾကကာ တစ္ဦးကိုတစ္ဦး
မမွတ္မိၾကေတာ့ဘဲခုတ္ၾကထစ္ၾကႏွင့္ တစ္ခါတစ္ရံတြင္ ေလွ တစ္စင္း ေမ်ာ လာၿပီး
ေလွသားမ်ားအားလုံး ေလွထဲတြင္ တစ္ဦးကို
တစ္ဦး ခုတ္ၾက ထစ္ၾကကာ သက္ရွိတစ္ေယာက္မွ် မရွိဘဲ ေတြ႕ႀကဳံၾကရသည္ ။
ထိုကဲ့သို႔ စြဲကပ္လာေသာ မီးလုံးမ်ား သည္ နာနာဘာဝမဟုတ္ပါ။ (Meteor)သာျဖစ္ပါေၾကာင္း။ ထိုစကားေျပထဲတြင္ ေရးသား ထားသည္ ကို သတိရေနပါသည္ ။
ကြၽႏ္ုပ္စဥ္းစားသည္ ။ ထိုကဲ့သို႔ ကမ္းမျမင္ လမ္းမျမင္ ဘာမွ်မရွိေသာ ပင္လယ္ထဲတြင္ ႐ြက္လႊင့္လာေသာ ေလွကို လာေရာက္စြဲကပ္ ေသာ မီးလုံးသည္ ဘာလဲ၊ စကားေျပထဲက အတိုင္း အဂၤလိပ္အေခၚ ( Meteor)သာျဖစ္ ပါသည္ ။ ၎(Meteor)၏ အဓိပၸာယ္ကို ကြၽႏ္ုပ္မသိပါ။ စကားေျပ ထဲက ဖတ္မိ၍ မွတ္မိေသာ အဂၤလိပ္စကားလုံးကို ေရးျပ
ျခင္းသာ ျဖစ္ပါသည္ ။
(ဤကား စကားခ်ပ္)
***
လြန္ခဲ့ေသာ
ႏွစ္ေပါင္းေလးဆယ္ခန႔္က
ျဖစ္သည္ ။ ကြၽႏ္ုပ္ အိမ္ေထာင္မက်ေသး
လူပ်ိဳဘဝ ပင္ ရွိေသးသည္ ။ ကြၽႏ္ုပ္သည္ ရန္
ကုန္ၿမိဳ႕ထဲရွိ အစိုးရဌာနတစ္ခုတြင္ အလုပ္
လုပ္ကိုင္ရင္း စာတိုစာစ မ်ားကို မေတာက္ တေခါက္ ေရးေနခ်ိန္ျဖစ္သည္ ။ စာေရးသက္ ငါးႏွစ္အတြင္း မည္သည့္စာေစာင္၊ မဂၢဇင္း ကမွ ေဖာ္ျပခံရဖူးျခင္း မရွိေသး။
အလုပ္အားရက္ တစ္ရက္တြင္ ကြၽႏ္ုပ္ သည္ မိဘရပ္႐ြာျဖစ္ေသာ ဘိုကေလးၿမိဳ႕သို႔ သိဒၶိ မဂၤလာ ေမာ္ေတာ္ႀကီးကိုစီးကာ လာခဲ့ သည္ ။ သေဘၤာသည္ ညေန ၆ နာရီခြဲထြက္၍ တစ္ညလုံး ေမာင္းကာ ေနာက္တစ္ေန႔ နံနက္ ၅ နာရီခန႔္ေလာက္ ဘိုကေလးၿမိဳ႕သို႔ ေရာက္ သည္ ။ ထိုကဲ့သို႔ တစ္ညလုံး သေဘၤာစက္သံ ႏွင့္အတူ အေတြးနယ္ခ်ဲ႕ကာ လိုက္လာရင္း
နံေဘးေနရာမွမေ႐ႊႏုတို႔ မိသားစုႏွင့္ အသိမိတ္ေဆြ ျဖစ္ၾကသည္ ။ သူတို႔ က ရန္ကုန္ကို အလည္လာကာ
က်ိဳက္ေထာ္ၿမိဳ႕သို႔ ျပန္ၾကမည္ျဖစ္သည္ က်ိဳက္ေထာ္ ၿမိဳ႕ အေနာက္ဘက္ ေလးငါးမိုင္
မွ် ေဝးေသာ ေမွာ္ေတာ႐ြာတြင္ ေနထိုင္ၾက သည္ ။ မေ႐ႊႏုမိဘမ်ားက ေစာေစာစီးစီး အိပ္ေပ်ာ္ေနၾကေသာ္လည္း ကြၽႏ္ုပ္ႏွင့္ မေ႐ႊႏု အိပ္မေပ်ာ္ေသာေၾကာင့္ … တစ္ညလုံး
စကားေကာင္းေနၾကကာ ႐ိုး႐ိုးႏွင့္ ယဥ္ယဥ္ ကေလးလွေသာ မေ႐ႊႏုႏွင့္ ကြၽႏ္ုပ္ ပါးစပ္ ခ်င္းေရာ မ်က္လုံးခ်င္းပါ စကားေျပာျဖစ္ၾကသည္ ။
ရက္အတန္ၾကာေသာအခါမေ႐ႊႏုႏွင့္
ကြၽႏ္ုပ္သည္ တစ္ဦးကိုတစ္ဦး စာေရးကာ ႏွလုံးသား စကားမ်ားကို စာႏွင့္ေျပာျဖစ္ၾက သည္ ။ ထိုအခ်ိန္က က်ိဳက္ေထာ္ၿမိဳ႕သည္ ႐ြာ ႀကီးတစ္႐ြာအဆင့္သာ ရွိ၍ က်ိဳက္ေထာ္ၿမိဳ႕၊ တ႐ုတ္ပိုင္း၊ ေမာင္ကံလမ္းေန ကိုဝင္းေမာင္ မွ တစ္ဆင့္ ကြၽႏ္ုပ္က မေ႐ႊႏုအား ရည္းစားစာေပးရသည္
ကိုဝင္းေမာင္က ေမွာ္ေတာ႐ြာသို႔သြားေသာ လူႀကဳံ
(သို႔)ေမာ္ေတာ္ကားမွ တစ္ဆင့္ မေ႐ႊႏုထံ စာေပး ေပးသည္ ။
စာထည့္တိုင္းမေရာက္။ မေ႐ႊႏုသည္ ေမွာ္ ေတာ႐ြာ၏ ကြမ္းေတာင္ကိုင္တစ္ဦးျဖစ္ေသာ ေၾကာင့္ သူ႔ဆီလာေသာ စာမ်ား အတြက္ မနာလိုရွိဟန္ တူၾကသည္ ။ မနာလိုသူမ်ားက
ၾကားမွ ေန၍ စာမ်ားကို ေဖ်ာက္ဖ်က္ပစ္ၾကသည္ ။
လိုရင္းကို ဆက္ပါမည္။ ကြၽႏ္ုပ္သည္ ရန္ ကုန္ၿမိဳ႕ႀကီးမွ အစိုးရဌာနတစ္ခုတြင္ အလုပ္ လုပ္ေန ရ၍ ရန္ကုန္ၿမိဳ႕သူႏွင့္ နဖူးစာမဆုံဘဲ ေတာမွ ကြမ္းေတာင္ကိုင္ႏွင့္မွ ဖူးစာဆုံရ သည္ ။ ဒါလည္း ဖူးစာပဲဟု ေျပာရမည္။ အလုပ္လုပ္ရင္း ေန႔စဥ္လိုလို မေ႐ႊႏုထံမွ စာ ကိုေမွ်ာ္ရသည္ ။ စာထည့္တိုင္း စာျပန္မလာ။ စာမ်ားက ၾကားတြင္ ေပ်ာက္ေနတတ္ေသာ ၾကာင့္ တစ္ေန႔ ကြၽႏ္ုပ္သည္ ခြင့္ယူကာ ေမွာ္
ေတာ႐ြာသို႔ လာခဲ့သည္ ။ ေရာက္ေရာက္ခ်င္း အတိုးခ်ကာ စကား
မ်ား ေျပာခ်င္ေသာ္လည္း မေ႐ႊႏု၏ မိဘမ်ား
ရွိေသာ ေၾကာင့္ အားရပါးရ မေျပာရေပ။ ေန႔ခင္းဘက္တြင္
မ်က္ရိပ္မ်က္ျခည္ျပကာ အခ်ိန္းအခ်က္ျပဳၾကရင္း ညဘက္တြင္ ခ်ိန္း
ေတြ႕ၾကရန္ျဖစ္သည္ ။
လမိုက္ရက္ျဖစ္ေသာေၾကာင့္ ေမွာ္ေတာ႐ြာ တစ္႐ြာလုံး တိတ္ဆိတ္ၿငိမ္သက္ကာ ဝါး႐ုံ မ်ား ၏ ေလတိုးသံေၾကာင့္ တရွဲရွဲျမည္သံကို ရံဖန္ရံခါမွ်သာ ၾကားရသည္ ။ ကြၽႏ္ုပ္ႏွင့္ ေ႐ႊႏုသည္ အုံ႔ဆိုင္းလွ ေသာ ဝါး႐ုံႀကီး တစ္႐ုံ ေအာက္တြင္ ႏွစ္ေယာက္ယွဥ္တြဲ၍ ထိုင္ေန ၾကသည္ ။ မေျပာရတာ ၾကာလွၿပီ ျဖစ္ေသာ စကားမ်ားကို အတိုးခ်ကာ ေျပာေနရသည္ ၊ အခ်ိန္အားျဖင့္ ည ၁၂ နာရီခန႔္က ထိုင္၍ စကားတြတ္ထိုးေနၾကသည္ မွာ ည ၂ နာရီ
ေလာက္အထိ မၿပီးေသး။ စကားေကာင္းတုန္း။
ကြၽႏ္ုပ္တို႔ ထိုင္ေနရာႏွင့္ ကိုက္ ၅၀ အကြာေလာက္တြင္
မူလတန္းေက်ာင္းကေလးရွိ
သည္ ။ ေက်ာင္းပတ္ဝန္းက်င္သည္ အိမ္မ်ား
ႏွင့္ ေဝးလွေသာေၾကာင့္ ေက်ာင္းအနီးမွ
ဝါး႐ုံတစ္႐ုံေအာက္တြင္ကြၽႏ္ုပ္တို႔
စကားေျပာေနၾကျခင္းျဖစ္သည္
စကားေျပာေနရင္း ေမွာင္မည္းမည္းထဲမွ တစ္ေနရာတြင္ မီးရဲရဲတစ္ခုကို ကြၽႏ္ုပ္ျမင္မိ လိုက္သည္ ။ မေ႐ႊႏုကေတာ့ ျမင္ဟန္မတူ။ စကားခဏရပ္ကာ ကြၽႏ္ုပ္က ထိုမီးရဲရဲေနရာ ကို ေသေသခ်ာခ်ာၾကည့္လိုက္သည္ ။ မီးရဲရဲသည္ ေသးေသးမဟုတ္၊ ထန္းသီး လုံးခန႔္ရွိေသာေၾကာင့္ ကြၽႏ္ုပ္ စိတ္ထဲတြင္ တစ္စုံ တစ္ေယာက္သည္ အေလးအေပါ့သြား ရင္း ေဆးလိပ္ေသာက္ေနျခင္းေတာ့ မဟုတ္
တန္ရာ၊ ဆယ္ေပ ခန႔္အကြာမွ ေဆးလိပ္
ေသာက္ေနေသာ မီးရဲရဲပင္လွ်င္ မီးေတာက္ ဤမွ်မႀကီးႏိုင္။ အနားတြင္ မေ႐ႊႏု တစ္
ေယာက္လုံးရွိေသာ္လည္း ကြၽႏ္ုပ္ ၾကက္သီး
တျဖန္းျဖန္းထသြားသည္ ။ ကြၽႏ္ုပ္က ေမွာင္ထဲတြင္ မေ႐ႊႏုလက္ကို စမ္းလိုက္ရင္း-
“မေ႐ႊႏု ဟိုဟာဘာလဲဟင္”
“ဘာကိုေျပာတာလဲ”
“ဟိုေရွ႕က မီးရဲရဲကိုေျပာတာ”
အေမွာင္ထဲတြင္ ရဲရဲနီေသာ အေရာင္ဆို၍
ထိုတစ္ခုသာရွိေသာေၾကာင့္
ပါသည္ ။
သိသာႏိုင္
“ဟို မီးေတာက္ရဲရဲကို ေျပာတာလား”
“အင္း ဟုတ္တယ္”
“ဟီဟီ”
မေ႐ႊႏု၏ “ဟီ ဟိ”ဆိုေသာ အသံေၾကာင့္
ကြၽႏ္ုပ္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္ ။ ေမွာင္ထဲတြင္ မေ႐ႊႏုမ်က္ႏွာကို ေသခ်ာစြာ မျမင္ရ၍ ကြၽႏ္ုပ္ ေသခ်ာစြာမၾကည့္လိုက္ ေသာ္လည္း အလင္းေရာင္ရွိေသာ ေနရာျဖစ္ လွ်င္ မေ႐ႊႏု၏ “ဟီ ဟီ”ဆိုေသာ အသံ ေၾကာင့္ ကြၽႏ္ုပ္ သူ႔မ်က္ႏွာကို ေသခ်ာစြာၾကည့္မိမွာ အမွန္ျဖစ္သည္ ။
ထို႔ေၾကာင့္ မေ႐ႊႏု၏ အသံေၾကာင့္ စဥ္းစား
ေနစဥ္မွာပင္ မီးလုံးရဲရဲႀကီးသည္
ေကာင္းကင္သို႔ တစ္ရွိန္ထိုး ထိုးတက္သြား ေတာ့သည္ ။ ကြၽႏ္ုပ္လည္း မေ႐ႊႏုလက္ကို ခပ္တင္းတင္း ဆုပ္ကိုင္ထား ေတာ့သည္ ကြၽႏ္ုပ္ မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနစဥ္ မွာ ပင္ ထိုမီးလုံးႀကီးသည္ ေျမျပင္ေပၚသို႔ ျပန္ဆင္းလာကာ တစ္ေနရာတြင္ စက္ဝိုင္း သဏၭာန္ပ်ံလ်က္ လုပ္ေနျပန္သည္ ။
“မေ႐ႊႏု အဲဒီမီးလုံးႀကီးက ဘာလဲဟင္”
“အဲဒါမ်ိဳး မေတြ႕ဖူးဘူးလား”
“တစ္သက္နဲ႔ တစ္ကိုယ္ ဒီတစ္ခါပဲ ေတြ႕ဖူး ေသးတယ္”
“ကဲပါ အဲဒါေတြ စိတ္ဝင္စားမေနနဲ႔ ၊ ေျပာ စရာစကားေတြ အမ်ားႀကီး က်န္ေသးတယ္ ဆို မေျပာေတာ့ဘူးလား”
ကြၽႏ္ုပ္သည္ မေ႐ႊႏု၏ ျပန္ေျပာသံကို ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ ရွိေနရာမွ ေစာေစာက မီးလုံးႀကီးဆီသို႔ အာ႐ုံေရာက္ေန မိသည္ ။ ထိုမီးလုံးႀကီးသည္ ေျမျပင္တြင္ ဆင္းလိုက္ တက္လိုက္ ဝဲပ်ံ ေနရာမွ ႐ြာ
အေနာက္ဘက္ဆီသို႔ပ်ံတက္သြားကာ
တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့သည္
ကြၽႏ္ုပ္ႏွင့္ မေ႐ႊႏုသည္ ေဝလီေဝလင္း ေရာင္နီလာခါနီးမွ ဝါး႐ုံေအာက္က ထျပန္ခဲ့ ေသာ္ လည္း ထိုအေၾကာင္းကို မေ႐ႊႏုအား
ေသခ်ာစြာ မေမးမိေတာ့။ထို႔ထက္စိတ္ဝင္စားစရာေကာင္းေသာ စကားမ်ားကို
မေ႐ႊႏုႏွင့္ တီးတိုးအျပန္အလွန္ ေျပာေနၾက
ျခင္းေၾကာင့္ ျဖစ္သည္ ။ ထိုမီးလုံးႀကီး
အေၾကာင္းကို ဆက္မေမးျဖစ္ျခင္းကား
ကြၽႏ္ုပ္သည္ ေၾကာက္ခ်င္ေယာင္ေဆာင္၍
ေ႐ႊႏုကို တင္းက်ပ္စြာ ဖတ္ထားျခင္းေၾကာင့္ လည္း ျဖစ္ေပသည္ ။
အလုပ္မွ ခြင့္ရက္မရေသာေၾကာင့္ ေနာက္ တစ္ေန႔ နံနက္တြင္ ကြၽႏ္ုပ္သည္ ေမွာ္ ေတာ႐ြာမွ ဖြတ္ခ်က္၊ ဖြတ္ခ်က္ ေမာ္ေတာ္ ကေလးစီးကာ ေဒးဒရဲၿမိဳ႕သို႔ လာခဲ့သည္ ။ ေဒးဒရဲမွ ဧရာဝတီသေဘၤာ ႀကီးစီးကာ ရန္ ကုန္သို႔ ျပန္လာခဲ့သည္ ။ ရန္ကုန္ေရာက္ သည္ ႏွင့္ ကြၽႏ္ုပ္က မေ႐ႊႏုထံသို႔ စာတစ္ ေစာင္ ခ်က္ခ်င္းျပန္ေရးသည္ ။ စာထဲတြင္
ကြၽႏ္ုပ္သိလိုေသာ မီးလုံးႀကီးအေၾကာင္းပင္ ျဖစ္သည္ ။
ထူးထူးဆန္းဆန္းအေၾကာင္းကို သိလိုလွ
ေသာေၾကာင့္ မေ႐ႊႏုထံမွ ျပန္စာကို ေမွ်ာ္
ေနသည္ ။ မလာ၊ တစ္ပတ္လည္း မလာ၊ ႏွစ္
ပတ္လည္း မလာ၊ တစ္လလည္း မလာ။
ကြၽႏ္ုပ္ေရးေသာစာေပ်ာက္ၿပီထင္မိ၏။
ေရာက္လွ်င္ ျပန္စာေတာ့လာရမည္။ ေၾကာင့္မလာရသနည္း။ ကြၽႏ္ုပ္ စိတ္မရွည္ ေတာ့ အထက္လူႀကီးအား ခြင့္ေတာင္းကာ ခြင့္ဆယ္ရက္ခန႔္ယူ၍ ေမွာ္ေတာ႐ြာသို႔ ျပန္လာ ခဲ့သည္ ။ ႐ြာေရာက္ေသာအခါ
ကြၽႏ္ုပ္ထင္သည့္အတိုင္း ကြၽႏု္ပ္ထည့္ေသာ
စာမေရာက္ေၾကာင္းႏွင့္
မေ႐ႊႏုလည္းတိုက္ဖြိဳက္ေရာဂါျဖစ္၍ အေတာ္ပိန္ေနသည္
ကို ေတြ႕ရသည္ ။ ကြၽႏ္ုပ္ေရာက္မွ နာလန္ထလူမမာသဖြယ္ျဖစ္ေနသည္ ။
ေရာက္ေရာက္ခ်င္း ညမွာ ပင္ ကြၽႏ္ုပ္ႏွင့္ မ ေ႐ႊႏုသည္ … ခ်ိန္းေတြ႕ေနက် ဝါး႐ုံပင္ႀကီး ေအာက္ တြင္ ည ၁၂ နာရီေလာက္မွာ ဆုံၾက သည္ ။ တစ္လေက်ာ္ေလာက္ မေျပာလိုက္ရ ေသာ စကားမ်ားကို အတိုးခ်ကာ ေျပာၾက သည္ ။ မွတ္မွတ္ရရ ထိုတစ္ညသည္ လည္းလေရာင္မရွိ၊
အလြန္ေမွာင္မိုက္ေသာ
အလမိုက္ရက္ျဖစ္သည္ ။ ကြၽႏ္ုပ္လည္း ခ်စ္သူ ႏွင့္ တစ္လေက်ာ္ ခြဲခြာေနရၿပီးမွ ျပန္လည္ဆုံ ေတြ႕ၾကရ ေသာေၾကာင့္ ပတ္ဝန္းက်င္ ေမွာင္ထုကိုလည္း ဂ႐ုမစိုက္အား၊ တစ္ခါ ေတြ႕ဖူးခဲ့ေသာ … မီးလုံးႀကီး
အေၾကာင္းကို
လည္း မေမးမိဘဲ သာယာၾကည္ႏူးေနမိပါ ေၾကာင္း ဦးစြာဝန္ခံလိုပါသည္ ။
ကြၽႏ္ုပ္၏ ခ်စ္သူသည္ အေတာ္ၾကာေအာင္ ဖ်ားေနရာမွ နာလန္ထစ ျဖစ္ေသာေၾကာင့္ အသားအေရမ်ား ႀကဳံလွီလွသည္ ။ ညႇိဳးငယ္ေနေသာ မ်က္ႏွာကေလးကို ေမးေစ့မွ ကိုင္၍ ကြၽႏ္ုပ္၏ မ်က္ႏွာအနီးကို ဆြဲယူလိုက္ေသာ အခ်ိန္တြင္ အေမွာင္ထုထဲမွ မီးရဲရဲကို မ်က္စိ ထဲတြင္ မၾကည့္ဘဲႏွင့္ ရိပ္ခနဲ ျမင္လိုက္ မိသည္ ။ ကြၽႏ္ုပ္သည္ ခ်စ္သူ၏ ေမးေစ့ကို ကိုင္ထားရာမွ လႊတ္လိုက္ကာ ထိုမီးရဲရဲ ဆီ သို႔ ၾကည့္လိုက္သည္ ။ ယခင္က ေတြ႕ခဲ့ဖူးေသာ
မူလတန္းေက်ာင္းကေလးအနီးမွ
မီးလုံးႀကီး တစ္လုံးသည္ ေျမျပင္မွ အျမင့္ သုံးေလးေပခန႔္တြင္ ဝဲပ်ံကာ တက္လိုက္ ဆင္းလိုက္ႏွင့္ လုပ္ေနပါ .. သည္ သီတင္းကြၽတ္တြင္ ကေလးမ်ား မီးပန္းကို မီးရႈိ႕၍ ေဝွ႔ယမ္းေနသည့္ ပုံမ်ိဳးျဖစ္သည္ သို႔ေသာ္ မီးပန္းမွ ေတာက္ပေသာ အလင္းေရာင္ႏွင့္ ထိုမီးလုံးႀကီးမွ ေတာက္ပ ေနေသာ အလင္းေရာင္သည္ တစ္ခုႏွင့္တစ္ခု မတူ မတူပါ။ ကြဲျပားသည္ ။
ကြၽႏ္ုပ္က မေ႐ႊႏုကို လက္ကုတ္၍ ထို မီးလုံးႀကီးကို ျပလိုက္သည္ ။ မေ႐ႊႏုက ၿငိမ္
ေနသည္ ။ ကြၽႏ္ုပ္က-
“အဲဒါ ဘာလဲဟင္”
“သိခ်င္လို႔ လား” “အင္း”
“ကြၽန္မတို႔ အရပ္မွာ ဒါမ်ိဳးေတြ မၾကာခဏ ေတြ႕ဖူးတယ္။ လူႀကီးေတြ ေမးၾကည့္ေတာ့ “ဟဲ့ ကေလးေတြ ဘာေတြေလွ်ာက္ေျပာေန တာလဲ၊ ေနာက္မေျပာနဲ႔ ’လို႔ ေျပာတယ္။ လူႀကီးေတြက ေမးတာ မႀကိဳက္ဘူး။ ည ဘက္ ကေလးေတြနဲ႔ ထုပ္ဆီးတိုးတမ္းကစား ရင္း၊ ခ်ဳံထဲဝင္ အေပါ့အပါး သြားရင္းနဲ႔ ေတာင္ တစ္ခါတေလေတြ႕တယ္။ ေတြ႕တာမွ မီးလုံးတစ္လုံးတည္း မဟုတ္ဘူး ။ သုံးေလး လုံးေတာင္ ေတြ႕တယ္။ ခဏခဏေတြ႕ေတာ့ လည္း ႐ိုးသြားတာပါပဲ”
“ဒါဆို အဲဒါေတြက ဘာလဲဆိုတာ မေ႐ႊႏု မသိဘူးေပါ့”
“အင္းေပါ့”
“မေ႐ႊႏုမိဘေတြကို ေမးရင္ေကာ … ရမ
လား”
“သူတို႔ လည္း ေျပာမွာ မဟုတ္ဘူး
ဘယ္လိုလုပ္ေတြ႕တာလဲ
ေမးရင္ေတာင္
သူက ဘယ္လို ေျပာမွာ လဲ။ ဒီအခ်ိန္မ်ိဳးမွာ
ထြက္တတ္တဲ့ မီးလုံးႀကီးေတြကို သူကေတြ႕
တယ္ဆိုေတာ့ ဧည့္သည္ က ဒီအခ်ိန္မွာ ဘာ
က
ထြက္လုပ္လို႔ … ေတြ႕တာလဲဆိုရင္
သူက
ဘယ္လိုျပန္ေျပာမလဲ။ ေနာက္ဆို ခုလိုေတြ႕ဖို႔
ေတာင္ လြယ္မွာ မဟုတ္ဘူး ေနာ္”
“အင္း – ဒါလည္း ဟုတ္တာပဲ”
ကြၽႏ္ုပ္သည္ ထူးထူးဆန္းဆန္းမ်ားကို စပ္ စုတတ္သူပီပီ ေနာက္တစ္ေန႔တြင္ ညက မ ေ႐ႊႏုႏွင့္ ကြၽႏ္ုပ္တို႔ အတူထိုင္ခဲ့ေသာ ဝါး႐ုံ
ေအာက္တြင္ ထိုင္လိုက္သည္ ။ ၿပီးမွ ညအ ေမွာင္ထဲတြင္ မီးလုံးႀကီး ေတြ႕ေသာေနရာသို႔
စိတ္ႏွင့္မွန္းကာ ေလွ်ာက္လာခဲ့သည္ ။ ထိုမွ ေက်ာင္း၏ အေနာက္ဘက္ ေပ ငါးဆယ္ခန႔္
အကြာရွိ ဝါး႐ုံေတာအတြင္းသို႔၊ ထိုဝါး႐ုံေတာ
အတြင္းမွ မီးလုံးႀကီးကို ျမင္ရျခင္းျဖစ္ သည္
ေက်ာင္းပိတ္ရက္ျဖစ္ေသာေၾကာင့္
တိတ္ဆိတ္ေနသည္ ။
တိတ္ဆိတ္ေနေသာေၾကာင့္ . ကြၽႏ္ုပ္သည္ စိတ္ကို ၿငိမ္ၿငိမ္ထားကာ တစ္လွမ္းခ်င္း ေလွ်ာက္လာခဲ့သည္ ။ ထိုအရပ္သည္ ဝါးၿခံ မ်ား စိုက္ေသာ အရပ္ျဖစ္၍ ဝါး႐ုံပင္မ်ားက အုံ႔အုံ႔ဆိုင္းဆိုင္း ေနေျပာက္မထိုးေအာင္ ေကာင္းလွသည္ ။ ေက်ာင္းအေနာက္ဘက္မွ ဝါး႐ုံေတာအတြင္းတြင္ ထူးျခား တာဆို၍ ဘာမွ်မရွိ။ ေတြ႕မိတာက ဓနိမိုး၊ ပ်ဥ္ကာႏွင့္ ႏွစ္ခန္းတြဲအိမ္သာတစ္လုံးသာျဖစ္သည္ ။
ေတာအရပ္က ေရေလာင္းအိမ္သာမဟုတ္။
အိမ္သာျဖစ္၍ ေက်ာင္းသူ
ေက်ာင္းသားမ်ား ေန႔စဥ္စြန႔္ပစ္ရာ အိမ္သာ ျဖစ္၍ မစင္ပုံႀကီးက အိမ္သာၾကမ္းခင္းႏွင့္ ထိလုနီးနီးျဖစ္ေနသည္ ။ မီးလုံး ႀကီးကိုျမင္ရ ေသာ ထိုေနရာသို႔ သိခ်င္ေဇာႏွင့္ ကြၽႏ္ုပ္ မွန္းဆ၍ လာခဲ့ပါေသာ္လည္း ထူးထူးဆန္း ဆန္း မစင္ပုံႀကီးသာေတြ႕ခဲ့ရ၍ အနံ႔မခံႏိုင္ ေသာေၾကာင့္ … ေနာက္ေၾကာင္းျပန္လွည့္ခဲ့ရပါသည္ ။
တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္တြင္ ေတာ့ ထို အေၾကာင္းကို ထိုအရပ္မွ လူႀကီးသူမမ်ား ကြၽႏ္ုပ္ မေတာ္ရေသးေသာ ေယာကၡမမ်ား အပါအဝင္ကို ေမးျမန္းစုံစမ္းမည္ဟု ရည္႐ြယ္ထားေသာ္လည္း ကြၽႏ္ုပ္သည္ ထို႐ြာ သို႔ ေနာက္ထပ္ လုံးဝမေရာက္ျဖစ္ေတာ့။
ကြၽႏ္ုပ္၏ စိတ္ထဲတြင္ယေန႔တိုင္လိပ္ခဲတည္းလည္း ျဖစ္ကာ ဘာလဲဆိုတာ သိ
ခ်င္ေနမိပါ ေတာ့သည္ ။