Unicode Version
” မုဆိုးမဖြတ်သောတော “(စ/ဆုံး)
————————————
“စွပ်”
“ဟာ..လျင်လိုက်တဲ့ ငါးကွာ – လွဲသွားပြန်ပြီ”
တောင်ခြေက ကြသောင်းကောက်အင်းထဲမှာဝါးပိုးဝါး(၁၅)ပေအရှည်
လောက်ကို ရေထဲချ၊ လူက ဝါးပိုးပေါ်မှာ မတ်တတ်ရပ်ပြီး ထီးရိုးဝါး (၇)
ပေ လောက်ရဲ့ထိပ်မှာမှိန်းနှစ်ခွတပ်ထားတာကိုကိုင်ရင်း၊ထိန်းရင်းရေ
အောက်က နှစ်ပိဿာသုံးပိဿာရှိတဲ့ ငါးကြင်းကြီးတွေ၊ ငါးရံ့ကြီးတွေကို
လိုက်ကြည့် နေပါတယ်။ရေက ကြည်စိမ်းနေပြီး ငါးတွေ သွားတာ မြင်
ရပါတယ်။ ပြင်ပြန် သော်လည်းမြင်မြင်ရင်း ထိုးလို့မရသေးပါဘူး။ ငါးအ
ကြေးခွံက ခံနေတာ ကြောင့်ငါးကအရှေ့ကသွားနောက်ကမှိန်းနဲ့ထိုးမှရ
တာပါ။ လွယ်တဲ့အလုပ် တော့ မဟုတ်ပါဘူး။ သူ့နေရာနဲ့သူ သူ့ဒေသနဲ့သူ
အခြေအနေအရ ရှာဖွေ စားသောက်နေရပါတယ်။
“ဘအောင်ရေ… ငါတို့ငါးထိုးတဲ့အလုပ်ကရရင်လည်း မြိုးမြိုးမြက်မြက် ပဲ။
ဒါပေမဲ့ … တစ်ကောင်ရဖို့က မလွယ်ဘူး။ အဲဒီတော့ မြွေတော်ရွာဟောင်း၊
ဘက်မှာအမဲသွားလိုက်ရင် ကောင်းမလားလို့”
အင်းစောင်းမှာ စောမြသန်းနဲ့ ဘအောင်တို့ငါးထိုးတာမရသဖြင့် ထမင်း
ထိုင်စားနေပြီး စားရင်းပြောနေကြခြင်းဖြစ်ပါတယ်။
“ဟေ့ကောင် – ဟိုမှာစပါးကြီးမြွေကြီးမဟုတ်လားကွ။ရေဆင်းသောက်
နေတာနည်းတဲ့ကောင်ကြီးမဟုတ်ဘူးဟေ့.. ကြောက်စရာကြီး ။ ကဲ … ဖမ်း
ကြစို့..”
အင်မတန်မှ လျင်မြန်ပါးနပ်လှပြီး ရေပေါ်တက်ခဲလှတဲ့၊ ကောင်း ကင်မှာငှက်
ပျံသွားတာ မြင်ရင်တောင်မှ ရေပေါ်မတက်တဲ့ ငါးကြီးတွေကို မှိန်းနဲ့ ဝါးပိုးဝါး
စီးပြီး လိုက်ရတာ သူတို့ရဲ့ဒေသမှာကျွမ်းကျင်ရာလိမ္မာအလုပ်
တစ်ခုဆိုရမယ်။အခုငါးတွေရှားပါးလာတာကြောင့်ဒီအလုပ်ကိုရပ်ပြီးအမဲပစ်
ဖို့ကြံစည်ခါမှ အခုလို မြွေကိုထမ်းပြီး ပြန်ခဲ့ပါတယ်။
မြွေတော်ရွာဟောင်းကို သွားဖို့ရာကကြသောင်းကောက်အင်းကိုပတ် ပြီး
သွားနေပါတယ်။ ရွာဟောင်းနဲ့ အင်အကြားမှာကားပင်တွေ ပေါတော့
သားကောင်လည်း ပေါပါတယ်။ အင်းထဲ ရေဆင်းသောက် ဝက်တို့၊ ချေတို့၊
ဆတ်တို့အတွက်လည်းလူးအိုင်တွေလည်းပါပါတယ်။
“စောမြသန်းရေ – မင်းတောတင်ရင်ဟိုရှေ့နားကဖုန်းဆိုးထဲမှာ နတ်စင်
အဟောင်းရှိတယ်ကွ။အဲဒီမှာ ရှင်းလင်းပြီး တင်ရင်ပိုကောင်းမယ်နဲ့တူ
တယ်”
“အေး… နတ်စင်ကိုလည်း သန့်ရှင်းရေး လုပ်ပေးရတာပေါ့ “ချွင် … ချွင် … ချွင် … ချွင်”
“မြွေတော်ရွာဟောင်းက စေတီဆည်းလည်းသံလေးကတော့ သာယာလိုက်တာကွာ၊
နောက်တစ်ခေါက် ဘုရားတက်ဖူးရအောင်”
“အေး..သွားဖူးကြတာပေါ့ကွာ – အကုသိုလ်လို့မဖြစ်သေးဖူး
“တောပိုင်တောင်ပိုင် သက်ဆိုင်ရာအပေါင်းတို့ ခင်ဗျာ…ကျွန်တော်မျိုး
တို့မှားတာရှိရင် ခွင့်လွှတ်ပါ…တင်ပါတယ် မြှောက်ပါတယ်။ ကျွန်တော်မျိုး
တို့ကိုချိုကျိုးနားရွက်.. ကလေးများပေးသနားပါခင်ဗျာ၊ အကောင်ကြီးကြီး
အမြီးရှည်ရှည်နဲ့လည်း လွဲဖယ်ပေးပါ၊ စားပါသောက်ပါ။ မြှောက်ပါတယ်”
စောမြသန်းနဲ့ ဘအောင်တို့ တောတင်ပြီး အင်းစောင်းအတိုင်း ခြေသံလုံလုံနဲ့
သွားရင်းကဆိတ်တစ်ကောင်ရေသောက်အဆင်းမှာတွေ့တော့ပစ်ပြီး
ဖျက်ကာ ထမ်းပြန်ခဲ့ကြပါတယ်။
“ဒီတစ်ခါတော့ ဘုရားအရင် တက်ဖူးမယ်ကွာ၊ ပြီးမှ တောတင်ကြတာပေါ့”
ဘုရားကုန်းတော်ပေါ်တက်တဲ့လမ်းကနေရင်ပြင်တော်ပေါ်လှမ်းမြင်ရတဲ့
နေရာကျတော့။
“ဟေ့ကောင် … စောမြသန်း၊ ဘုရားပေါ်မှာ မြွေကြီးနည်းတာကြီးမဟုတ် ဖူးကွာ။
အတော်ပဲဘုရားလည်းဖူးလိပ်ဥလည်းတူးမဟုတ်ဘူး။ဘုရားလည်းဖူး မြွေလည်းဖမ်းပေါ့ကွာ”
“ဘုရားပေါ်မှာ မကောင်းပါဘူးကွာ – သွားပါစေ” “ဟာ..မင်းကလည်းတို့ကအမဲလိုက်လာတာလေ”
“ကဲ..လုပ်ကွာ”
ဘောမတင်ရသေးဘူး၊ဘုရားကုန်းပေါ်ဘုရားတက်ဖူးတုန်းစပါးကြီးမြွေ
တွေ့လို့ ဘုရားပေါ်က ဆင်းပြေးမယ်လုပ်တော့ ပစ်ပြီး ထမ်းခဲ့ကြပါတယ်။
ကုန်းတော်ပေါ်က အောက်ကိုရောက်တော့။တယ်”
“ဒီကောင်ကြီးကို – ဒီမှာထားပြီး တောလည်ဦးမယ်ကွာ- ဟေပါသေး
စောမြသန်းနဲ့ ဘအောင်တို့ရွာဟောင်းနဲ့အင်းအကြားတောလည်တော့ “ချေ”
တစ်ကောင် ရပါတယ်။ အဲဒါကို ဖျက်ပြီး မြွေနဲ့အတူ ထမ်းပြန်ရတော့
တော်တော် မိုးချုပ်မှ အိမ်ရောက်ပါတယ်။ စောမြသန်းသူ့မိန်းမကို
တံခါးဖွင့် ခိုင်းဖို့ အတော်နဲ့ နှိုးလို့မရပါဘူး။ ဒါနဲ့ မရမက နှိုးတော့တစ်
ညလုံး မီးဖွားဖို့ရာ ဗိုက်နာနေတာတဲ့။ အခုမှ အိပ်ပျော်သွားတာတဲ့။
“ဘအောင်ရေ…မင်း-တွေ့တဲ့အတိုင်းပဲ မီးဖွားမလို့တဲ့။ ငါပဲလက်သည်
ခေါ်ပေးရမှာ။ မီးနေစောင့်နေမယ်။ မွေးပြီးရင် လှော်ဖွပ်ရမယ်။ ချက်ရမယ်။
လောလောဆယ်တော့မင်း – တစ်ယောက်တည်းပဲတောလည်ပေတော့”
“အေးပါကွာ….ကိုယ်ခွဲမရှိတော့လည်း ဒီလိုပဲပေါ် စောမြသန်းမိန်းမက
လေးမွေးမေလိုလိုနဲ့မမွေးသေးပါ။ဗိုက်နာလိုက်၊မနာ လိုက်နဲ့(၉)ရက်
မြောက်နေ့ကျမှမွေးပါတော့တယ်။စောမြသန်းမီးနေသည် ကိစ္စအား
လုံးလုပ်ရပါတယ်။တစ်လခန့်အကြာသူ့ဟာသူလုပ်ကိုင်နိုင်တဲ့အခါမှာတော့။
“ဘအောင်ရေ… တောလည်ထွက်ရအောင်ကွာ” “အေး … မင်းမပါတော့လည်း
တောမလည်ဖြစ်ဘူးကွ” တောထဲရောက်တော့ မြွေတော်ရွာဟောင်းက
စေတီပျက်လေးရဲ့ ဆည်းလည်းသံလေးကသာယာလို့နေ့စဉ်တောအနှံ့
လည်ပေမယ့်လည်းဘာ ကောင်မှမတွေ့ရ၊မပစ်ရတာ(၁၁)ရက်ခန့် ရှိပါပြီ။
ဟင်းသီးဟင်းရွက်ပဲ ခူးပြီး ပြန် ပြန်လာရတယ်။ ဒီကလေးမွေးပြီးမှ ထူးထူးခြားခြား။
“ဘအောင်ရေ …. မင်းမြင်တဲ့အတိုင်းပဲ။ ဘာကောင်မှလည်း မတွေ့ဘူး
ထူးတာတော့ထူးခြားနေပြီကွ – ဘာသဘောလည်းမသိဘူး”
“ဘာ – တတ်နိုင်မှာလည်းကွာ – ဒီလိုဆိုတော့လည်းတောလည်တဲ့အလုပ်
ကို နားထားကြတာပေါ့ကွာ။ တခြားအလုပ် ရှာရမှာပေါ့။ နားလို့တော့ မရ ဘူး”
စောမြသန်းကတော့သူ့မိဘများဆီကရတဲ့ဝမ်းစာစပါးလေးနဲ့ထိုင်စား
နေတာ (၆)လ ကျော်ပါပြီ။ ဘအောင်ကတော့ တခြားတစ်ယောက်နဲ့
တောလည်တယ်။ ရရာ လုပ်ပါတယ်။ တောလည်လို့ ရံဖန်ရံခါ ရရင်လည်း
စောမြသန်းဆီကို ဟင်းစားလေး ဘာလေးတော့ ပို့ပါတယ်။ “တောလည်
ရတာ….အဆင်ပြေရဲ့လားကွ”
“မပြေပါဘူးကွာ … ဒီတောကြောင်တောင်မှ (၃)ရက် ထောင်ရတယ်။
သွားရလာရတာနဲ့ မင်း – စဉ်းစားကြည့်တော့”
ထိုအချိန်တွင် စောမြသန်းကလေးကအိပ်ရာမှ နိုးလာသည်။ “အင်း အင့်….အင့်…အင့်”
“ကလေးနိုးပြီနဲ့ တူတယ် … ကိုစောမြသန်းရေ- ကြည့်လိုက်ပါဦး”
“ကလေးလေးတောင် … အတော်ကြီးပြီပဲကွ”
“ဟုတ်ပါတယ် … ရှင်လို့ ဦးဦးဘအောင်ကိုပြောလိုက်လေသမီး
ဦးဦး ဘအောင် လာပို့တဲ့ တောကြောင်သားကျက်မှ သမီးကို ထမင်းဝါးခွံမယ်နော်”
တောကြောင်သားကျက်တော့ အသားတုံးတစ်တုံးကို ရေဆေးပြီး
ကလေးကိုထမင်းနဲ့ရောပြီးဝါးခွံ့တော့ကလေးကမစားဘဲအန်ထုတ်ပါတယ်။
ဘယ်လိုကျွေးကျွေး မစားပါဘူး။ ဒါနဲ့ ဆီနဲ့ ဆားနဲ့ ဝါးခွံမှ စားပါတယ်။
“ပိငြိမ်းရေ-ညညဆို မြွေတွန်သံ ကြားတယ်ကွ” “ကျုပ်တော့ … မကြားမိပါဘူးတော်”
ဒါနဲ့ စောမြသန်းတို့အိပ်ရာဝင်မီးခွက်မှုတ်တော့ကြောက်စရာအသံတွေ
ထွက်ပေါ်လာပါတယ်။ညကလည်း တော်တော်တိတ်ဆိတ်လို့…
“အစ်ကို … ကိုစောမြသန်း မြွေတွန်သံကြားတယ်။ အဆက်မပြတ်ပဲ”
မြန်မြန်ထပါ – ဒီမှာ – ကလေး နို့ဆွဲထားလို့”
“မီးခွက်ထွန်းဟ… မီးပုံးရာ…ဟ….ပြွတွေ အများကြီးပဲဟ၊ မိငြိမ်းရ
တစ်ခါမှ မမြင်ဖူးဘူး။ ငါ – ပြောတာ ယုံပြီလား”
တဲဘေးပတ်လည်မှာမြွေတွေပြေးလွှားနေတာမရေတွက်နိုင်ဘူး။
တချို့ သစ်ပင်ပေါ်မှာလွဲလောင်းချိတ်လို့ – တချို့တဲ့လှေကားရင်းမှာ
ခွေ… “ဟုတ်ပါ့တော်တစ်ခါမှဒီလို မဖြစ်ဖူးဘူး။ဒုက္ခပါပဲတော်
ဘယ်လိုလုပ် အိပ်ရမှာလည်း ကျုပ်တော့ ကြောက်တယ်”
အဲဒီအချိန်မှာ သူတို့ ကလေးလေးက အိပ်ရာနိုးပြီး ထထိုင်နေပါတယ်။
သူ့အဖေဆီ လိုက်မယ်လုပ်လို့ ချီထားရပါတယ်။ စောမြသန်းဟာ
မြွေတွေ အိမ်ပေါ်တက်မှာ စိုးလို့ ကလေးကို သူ့အမေဆီပေးပြီး
မီးဖိုမယ် လုပ်တော့ မြွေတွေ မရှိကြတော့ပါဘူး။ ဒါနဲ့ အေးအေး
ဆေးဆေး အိပ်ကြပါတယ်။ စောမြသန်း အိပ်မက်ထဲမှာ သူ့သမီးက –
“ဘာလည်း သမီးရဲ့ပြော .. ဘာလဲ..”
“အဖေတို့ တောလည်ရင် သမီးတို့ မြွေမျိုးတွေကို မသတ်ပါနဲ့
အဖေ ရယ်၊ တောပိုင်တောင်ပိုင်ဆီမှာ သည့်ပြင်ကောင်တွေ
တောင်းပေါ့၊ အဲဒီလို တောပစ်တာလည်းမကောင်းပါဘူးအဖေရယ်၊
ကြာရင်အဖေအလှည့်ရောက် လာလိမ့်မယ်။ အဖေ သတိထားနော် ..” “ဟာ”
စောမြသန်း အိပ်ရာက လူးလဲ ထပါတယ်။ ချွေးတွေကလည်း
ရွှဲစိုလို့ ရေထသောက်တယ်။ သူ့ဇနီးနဲ့ သမီးကိုကြည့်တော့အိပ်
မောကြလို့။ သေရာ ကြည့်တော့ သူ့သမီးလေးက အိပ်ရင်းနဲ့ မျက်လုံးပွင့်နေတယ်လို့လေ။
မိုးလင်းတော့၊”မိန်းမရေ … ညက သမီးလေးကို အိပ်မက်မက်တယ်၊
ငါ့ … အိပ်မက်က ထူးဆန်းတယ်ဟာ”
“တော် ….စိတ်စွဲနေတာ ဖြစ်မှာပါ။မြွေက ခဏ-ခဏ ရနေတာ”
စောမြသန်းဟာ အမဲလိုက်ရတာ စိတ်ကုန်သလိုလို ဖြစ်လာတော့ သူ့
အမေဆီကလယ်(၃)ဧကတောင်းပြီးလုပ်ပါတယ်။လယ်တွေကဖြစ်လိုက်
တာကတအားပါ။စပါးတွေမှည့်တော့အစောင့်လည်းမထားဘူး။စာခြောက်
ရုပ်လည်းမလုပ်ထားဘူး။ ဘယ်ကျွဲနွားမှ ဝင်မစားသလို ချိုးအုပ်၊
စာကလေး အုပ်၊ကြက်တူရွေးအုပ်တွေလုံးဝဝင်မစားပါဘူး။ တော်
တော်ဆန်းကြယ်ပနေ ဘူးလား။ တချို့လယ်တွေများဆိုလယ်နီး
ချင်းတွေခမျာ စောင့်လိုက်ရတာ။ လစ်တာနဲ့ ဝင်စားတာပဲ။ စောမြသန်း
လယ်ကို အံ့ဩနေကြတယ်။ တခြား လယ်ပိုင်ရှင်တွေက
“စောမြသန်းလယ်ထဲမှာမြွေတွေကိုနည်းတာမဟုတ်ဘူး။လူစုပြီးတော့
သွားကြည့်ရင် မရှိတော့ဘူး။ အဲဒါအစောင့်မြွေတွေကွ။ အကျိုးပေးရင်
အဲဒီ လိုပဲ ဇောက်ချလုပ်ရင် ဖြစ်မှာ။ ဒီကောင်က အမဲလိုက်တာပဲ ဝါသနာပါ တာကိုး”
“အေ၊ကွ … စောမြသန်းလယ်ကွက်ထဲ ကျွဲတွေ၊ နွားတွေ၊ငှက်အုပ်တွေ
ဝင်စားမယ်လုပ်ရင် လယ်နားရောက်ရင် တစ်ယောက်ယောက်က
မောင်းထုတ်နေသလိုပဲ။ ပြန်လှည့်ကုန်ကြတယ်။ ငါတို့လယ်တွေများ
တစ်ညလုံး ာင့်တာတောင် နည်းနည်းလေး ငိုက်မိရင် ပါသွားတာပဲ
မနည်းဂရုစိုက်နေရတယ်”မုဆိုးမလုပ်ရရင်မနေနိုင်တာမို့လယ်လုပ်
လာတာ သုံးနှစ်နီးပါး ကြာလာ တဲ့ အခါမှာတော့။ ဘအောင်ကိုခေါ်ပြီး
အိမ်မှာ တိုင်ပင်တဲ့အခါ သမီး “အဖေကြီး … သမီး -မြွေတော်ဘုရား
လိုက်ဖူးချင်တယ်။ မဖူး ရတာကြာပြီ”
စောမြသန်း သူ့ – သမီးကိုကြည့်ပြီး တုန်လှုပ်သွားပါတယ်။ကလေးက
မြွေတော်ဘုရားကို ဘယ်လိုလုပ် သိတာလဲ။ ဘာဖြစ်လို့ ဖူးချင်တာလဲ.
သူ့အမေများ ပြောထားသလားမေးကြည့်ရသေးတယ်။ မိန်းမက –
“ရာရာစစတော် … ကျုပ်က မြွေတော်ဘုရားတို့ ဘာတို့ ပြောရအောင်
ကျုပ်ကလည်း ဘာသိလို့လဲ သမီးကလည်း ဘာသိသေးတာ မှတ်လို့ ။ ရှင်
ကလည်းကြည့်ပြောပါဦး။ ကိုစောမြသန်းရယ်၊ ဦးနှောက်တွေလည်းခြောက် နပ်ပြီ”
ဒါနဲ့ – စောမြသန်း မေ့မေ့ပျောက်ပျောက် နေလိုက်ပါတော့တယ်။
လုပ်စရာရှိတာ လုပ်ရင်း တစ်နေ့တော့ ဘအောင်လည်း ရောက်လာပါ တယ်။
“လာ – ဘာအောင် ထိုင်ကွာ။ မိငြိမ်းထမင်းထုပ်နေလို့ ခဏထိုင်ဦးကွာ
ရေနွေးသောက်စောမြသန်းသမီးလေးကခွက်ကလေးနဲ့ ဆော့နေတာ
ကိုဘအောင်ကအနားသွားပြီး ချစ်စနိုးလေးပို့
“သမီးနာမည်…. ဘယ်လိုခေါ်သလည်း ပြောပါဦး သမီးရဲ့ “မြွေတော်သခင်မ
ဘအောင်အံ့ဩတကြီး ကြောင်ငေးသွားတယ်။
“ဟ – ဘာတဲ့ စောမြသန်း – မင်းကွာ ကလေးကိုဘာတွေသင်ထားတာ
လည်းကွ – ပေါက်ကရတွေ မသင်နဲ့နော်”
“ဘာတွေ – သင်ထားရမှာလည်းကွ။ မင်း- မလာခင်လေးကပဲ
မြွေတော်ဘုရားလိုက်ဖူးချင်လို့တဲ့။ ဘယ်သူကမှဘာမှသင်မထားဘူး။
ပြော လည်းမပြောဖူးဘူး။ ဘယ်ကနေဘယ်လိုလုပ်သိတာလည်းမပြော
တတ်ဘူး။ ဆက်စပ်နေပြီ ထင်တယ်ကွာ – ကလေးက ဘယ်လိုလုပ်
သိမှာတုန်းကွ” စောမြသန်းတို့တောလည်ထွက်ခဲ့ပါတယ်။ ထုံးစံအတိုင်း
တောတင်ပြီး တစ်နေရာစီခွဲလိုက်ပါတယ်။ စောမြသန်း သွားတဲ့ ဘက်က
စံပယ်ပင်အုံကြီး အောက်မှာ စပါးကြီးမြွေကြီးတစ်ကောင်ဟာကြွေကျ
ထားတဲ့တောစံပယ်ပွင့် တွေထဲမှာခွေလို့ ငြိမ်နေပါတယ်။ စံပယ်လေးတွေ
ကလည်းမွှေးလိုက်တာမှ တစ်တောလုံး သင်းလို့၊အိပ်မက်မက်တာကို
သတိရပြီးမြွေကိုမသတ်တော့ ဘဲအင်းဘေးကိုပတ်တော့ချေတစ်ကောင်
ပစ်လို့ရခဲ့ပါတယ်။ ဒီလိုနဲ့အိမ်ကို ရောက်လို့ လုပ်စရာရှိတာတွေလုပ်ပြီးတဲ့အခါသူ့သမီးလေးက-
“အဖေကြီးကလည်း -တောစံပယ်တွေတော့ကောက်မလာဘူး”
“သမီးကလည်းကွယ် – အဖေကတော့ စံပယ်ပင်မှ မတွေ့ဘာပဲ”
“တွေ့ပါတယ်။ အဲဒီတောစံပယ်ပွင့်တွေထဲမှာ မင်းသမီးတစ်ယောက်
အိပ်နေတာလည်းအဖေကြီး တွေ့ ခဲ့ပါတယ်”
“ဗျာ … ဘုရားရေ … သမီး – ဘယ်လို ပြောလိုက်တယ်။”
စောမြသန်း သူ့ – သမီးကို အလွန် အံ့သြနေမိပါတယ်။ အဲဒီအချိန်မှာပဲ
သူ့သမီးက ဘအောင်ကိုကြည့်ပြီး
“ဦးဘအောင်ပစ်တဲ့တောကောင်ကိုမောင်းထုတ်လိုက်တာထွက်ပြေး
သွားတယ်။ အဲဒါ – သမီးသူငယ်ချင်း မင်းသမီးတွေ မောင်းထုတ်လိုက်တာ
ဘအောင် မျက်လုံးပြူးသွားပါတယ်။ ထူးဆန်းလိုက်တာ ဘာတွေဖြစ် ကုန်ပြီ…။
“ဟုတ်တယ်…စောမြသန်းငါ – မြွေကြီးတွေတွေ့ခဲ့တယ်။ငါ – ချေကိုပစ်
မလို့လုပ်တော့အဲဒီနားကမြွေကြီးကထမှုတ်လိုက်တာ ချကပြေးရာ၊ဒါနဲ့
မြွေကိုငါ-လုပ်မလို့ဟာစိတ်ထဲမှာ တစ်မျိုးဖြစ်တာနဲ့ မလုပ်ခဲ့တာ”
စောမြသန်းနဲ့ဘအောင်တို့လူ့ဘဝမှာတစ်ခါမှမကြုံဘူးတဲ့အဖြစ်အပျက်
တွေ ဘယ်သူကိုမှ ပြောပြလို့ ယုံမယ့် ကိစ္စတွေ မဟုတ်ပါဘူး။
ဆက်ပြီးအမဲ လိုက်ရင်အန္တရာယ်ရှိ မရှိတော့မသိဘူး။လောလောဆယ်
သူတို့နှစ်ယောက် အမဲဆက်မလိုက်ဖို့ ဆုံးဖြတ်ပါတယ်။
တစ်နေ့တော့စောမြသန်းအမေအိမ်ကိုပျာပျာသလဲရောက်ချလာတော့တယ်။
“ဟဲ့….ာမြသန်းတို့ မိငြိမ်းတို့”
“ဟာ … အမ – တစ်ယောက်တည်းလား”
“လူကြုံနဲ့ မှာလိုက်ပါလား လာချင်ရင်လည်း ကျွန်တော်လာခေါ်မှာပေါ့”
“နှင့် – လူကြုံဘယ်တော့မှန်းမသိဘူး။ငါ – စိတ်ပူလို့ထလာတာ”
“ဘာဖြစ်လို့လည်း “ အဒမရဲ့”
“ငါ – အိပ်မက်တွေမကောင်းဘူး။ နှင့် – သမီးကပါအိပ်မက်ထဲမှာ
သူက မြွေတော်သခင်မတဲ့။ အဲဒီ မြွေတော်ဘုရားနယ်ထဲမှာ
အမဲမလိုက်ရဘူးတဲ့။ နင့်ကိုသူ-ပြောတာမရဘူးတဲ့။ သမီးရဲ့အဖေ
ဖို့သူတို့ကခွင့်လွှတ်နေတာတဲ့။
ဒီတစ်ချိန်ဆိုရင်အဖေဘဝကုန်ပြီတဲ့ဟာ။စိုးရိမ်လိုက်တာဟယ်။
နင်က – အမဲ လိုက်သွားနေတော့ ငါက – အမြန်လာရတယ်။
ပေးပါဦးဟဲ့ – ရေတစ်ခွက် လောက်ပြီးတော့ငါ့ … အစ်ကိုကြီးက
သူ – ငယ်ငယ်တုန်းမှာ မြွေတော်ရွာသူနဲ့ အိမ်ထောင်ကျခဲ့တာ။
ငါ့ကိုမြွေတော်ရွာအကြောင်းပြောပြဖူးတယ်။မြွေတော် နယ်မှာ
ပြုသတ်ရင်အမဲလိုက်ရင်မြွေကိုက်သေတာပဲတဲ့။ ဒါပေမဲ့ ‘မသေခင် ခဏ-ခဏသတိပေးတယ်။အိပ်မက်ပေးတယ်။ နင့်တို့ကောအိပ်မက်မပေးဘူးလား“
“အိမ်မက်လည်း ပေးပါတယ်”
“အေး…နိမိတ်ပေး၊ အိပ်မက်ပေးပြီးဆက်ပြီးအမဲလိုက်မြွေသတ်နေရင်
တော့မြွေကိုက်သေမှာပဲ။ အဲဒီတုန်းကရွာမှာတင်မြွေကိုက်လို့(၅)ယောက်
သေခဲ့တယ်။ ရွာပျက်တာလည်း အဲဒါကြောင့်ပဲတဲ့ – တကတဲ- နင်တို့နဲ့ တော်”
“ဟုတ်တယ်… အမေ – အမေ့မြေးကသူက – မြွေတော်သခင်မတဲ့ခဏ
ခဏပြောတယ်။ တောစံပယ်တွေကောက်ခဲ့ဖို့လည်း မှာတယ်။ ကျွန်တော်
တို့ ပစ်မယ့်သားကောင်တွေကိုလည်းမောင်းထုတ်တယ်တဲ့။ ဟုတ်ကဲ့ပါ
အမေ-သူများ အသက်မသတ်တော့ပါဘူး။ အမဲမပစ်တော့ပါဘူး။လယ်ပဲ လုပ်ပါတော့မယ်”
အဲဒီနေ့ကစပြီးစောမြသန်းက အမဲမလိုက်တော့ဘူး။ အိမ်ရှေ့ကိုလည်း
တွေမလာတော့ဘူး။ သမီးလည်းအကြောင်းမပြောတော့ဘူး။ တစ်ခါ
တစ်ခါမြွေတော်ရွာအကြောင်း စဉ်းစားမိရင်ချွေးသီးချွေးပေါက်ကျအောင်ကို ကြောက်ရွံ့မိပါတော့တယ်။ လူ့ ဘဝကြီးဟာ ဆန်းကြယ်မှုတွေ၊ မမြင်နိုင်တဲ့ ဘဝဆက်ထုံးတွေနဲ့ ပြည့်နှက်နေပါကလား…။
Zawgyi Version
” မုဆိုးမျဖတ္ေသာေတာ “(စ/ဆုံး)
————————————
“စြပ္”
“ဟာ..လ်င္လိုက္တဲ့ ငါးကြာ – လြဲသြားျပန္ၿပီ”
ေတာင္ေျခက ၾကေသာင္းေကာက္အင္းထဲမွာဝါးပိုးဝါး(၁၅)ေပအရွည္
ေလာက္ကို ေရထဲခ်၊ လူက ဝါးပိုးေပၚမွာ မတ္တတ္ရပ္ၿပီး ထီး႐ိုးဝါး (၇)
ေပ ေလာက္ရဲ႕ထိပ္မွာမွိန္းႏွစ္ခြတပ္ထားတာကိုကိုင္ရင္း၊ထိန္းရင္းေရ
ေအာက္က ႏွစ္ပိႆာသုံးပိႆာရွိတဲ့ ငါးၾကင္းႀကီးေတြ၊ ငါးရံ႕ႀကီးေတြကို
လိုက္ၾကည့္ ေနပါတယ္။ေရက ၾကည္စိမ္းေနၿပီး ငါးေတြ သြားတာ ျမင္
ရပါတယ္။ ျပင္ျပန္ ေသာ္လည္းျမင္ျမင္ရင္း ထိုးလို႔မရေသးပါဘူး။ ငါးအ
ေၾကးခြံက ခံေနတာ ေၾကာင့္ငါးကအေရွ႕ကသြားေနာက္ကမွိန္းနဲ႔ထိုးမွရ
တာပါ။ လြယ္တဲ့အလုပ္ ေတာ့ မဟုတ္ပါဘူး။ သူ႔ေနရာနဲ႔သူ သူ႔ေဒသနဲ႔သူ
အေျခအေနအရ ရွာေဖြ စားေသာက္ေနရပါတယ္။
“ဘေအာင္ေရ… ငါတို႔ငါးထိုးတဲ့အလုပ္ကရရင္လည္း ၿမိဳးၿမိဳးျမက္ျမက္ ပဲ။
ဒါေပမဲ့ … တစ္ေကာင္ရဖို႔က မလြယ္ဘူး။ အဲဒီေတာ့ ေႁမြေတာ္႐ြာေဟာင္း၊
ဘက္မွာအမဲသြားလိုက္ရင္ ေကာင္းမလားလို႔”
အင္းေစာင္းမွာ ေစာျမသန္းနဲ႔ ဘေအာင္တို႔ငါးထိုးတာမရသျဖင့္ ထမင္း
ထိုင္စားေနၿပီး စားရင္းေျပာေနၾကျခင္းျဖစ္ပါတယ္။
“ေဟ့ေကာင္ – ဟိုမွာစပါးႀကီးေႁမြႀကီးမဟုတ္လားကြ။ေရဆင္းေသာက္
ေနတာနည္းတဲ့ေကာင္ႀကီးမဟုတ္ဘူးေဟ့.. ေၾကာက္စရာႀကီး ။ ကဲ … ဖမ္း
ၾကစို႔..”
အင္မတန္မွ လ်င္ျမန္ပါးနပ္လွၿပီး ေရေပၚတက္ခဲလွတဲ့၊ ေကာင္း ကင္မွာငွက္
ပ်ံသြားတာ ျမင္ရင္ေတာင္မွ ေရေပၚမတက္တဲ့ ငါးႀကီးေတြကို မွိန္းနဲ႔ ဝါးပိုးဝါး
စီးၿပီး လိုက္ရတာ သူတို႔ရဲ႕ေဒသမွာကြၽမ္းက်င္ရာလိမၼာအလုပ္
တစ္ခုဆိုရမယ္။အခုငါးေတြရွားပါးလာတာေၾကာင့္ဒီအလုပ္ကိုရပ္ၿပီးအမဲပစ္
ဖို႔ႀကံစည္ခါမွ အခုလို ေႁမြကိုထမ္းၿပီး ျပန္ခဲ့ပါတယ္။
ေႁမြေတာ္႐ြာေဟာင္းကို သြားဖို႔ရာကၾကေသာင္းေကာက္အင္းကိုပတ္ ၿပီး
သြားေနပါတယ္။ ႐ြာေဟာင္းနဲ႔ အင္အၾကားမွာကားပင္ေတြ ေပါေတာ့
သားေကာင္လည္း ေပါပါတယ္။ အင္းထဲ ေရဆင္းေသာက္ ဝက္တို႔၊ ေခ်တို႔၊
ဆတ္တို႔အတြက္လည္းလူးအိုင္ေတြလည္းပါပါတယ္။
“ေစာျမသန္းေရ – မင္းေတာတင္ရင္ဟိုေရွ႕နားကဖုန္းဆိုးထဲမွာ နတ္စင္
အေဟာင္းရွိတယ္ကြ။အဲဒီမွာ ရွင္းလင္းၿပီး တင္ရင္ပိုေကာင္းမယ္နဲ႔တူ
တယ္”
“ေအး… နတ္စင္ကိုလည္း သန႔္ရွင္းေရး လုပ္ေပးရတာေပါ့ “ခြၽင္ … ခြၽင္ … ခြၽင္ … ခြၽင္”
“ေႁမြေတာ္႐ြာေဟာင္းက ေစတီဆည္းလည္းသံေလးကေတာ့ သာယာလိုက္တာကြာ၊
ေနာက္တစ္ေခါက္ ဘုရားတက္ဖူးရေအာင္”
“ေအး..သြားဖူးၾကတာေပါ့ကြာ – အကုသိုလ္လို႔မျဖစ္ေသးဖူး
“ေတာပိုင္ေတာင္ပိုင္ သက္ဆိုင္ရာအေပါင္းတို႔ ခင္ဗ်ာ…ကြၽန္ေတာ္မ်ိဳး
တို႔မွားတာရွိရင္ ခြင့္လႊတ္ပါ…တင္ပါတယ္ ေျမႇာက္ပါတယ္။ ကြၽန္ေတာ္မ်ိဳး
တို႔ကိုခ်ိဳက်ိဳးနား႐ြက္.. ကေလးမ်ားေပးသနားပါခင္ဗ်ာ၊ အေကာင္ႀကီးႀကီး
အၿမီးရွည္ရွည္နဲ႔လည္း လြဲဖယ္ေပးပါ၊ စားပါေသာက္ပါ။ ေျမႇာက္ပါတယ္”
ေစာျမသန္းနဲ႔ ဘေအာင္တို႔ ေတာတင္ၿပီး အင္းေစာင္းအတိုင္း ေျခသံလုံလုံနဲ႔
သြားရင္းကဆိတ္တစ္ေကာင္ေရေသာက္အဆင္းမွာေတြ႕ေတာ့ပစ္ၿပီး
ဖ်က္ကာ ထမ္းျပန္ခဲ့ၾကပါတယ္။
“ဒီတစ္ခါေတာ့ ဘုရားအရင္ တက္ဖူးမယ္ကြာ၊ ၿပီးမွ ေတာတင္ၾကတာေပါ့”
ဘုရားကုန္းေတာ္ေပၚတက္တဲ့လမ္းကေနရင္ျပင္ေတာ္ေပၚလွမ္းျမင္ရတဲ့
ေနရာက်ေတာ့။
“ေဟ့ေကာင္ … ေစာျမသန္း၊ ဘုရားေပၚမွာ ေႁမြႀကီးနည္းတာႀကီးမဟုတ္ ဖူးကြာ။
အေတာ္ပဲဘုရားလည္းဖူးလိပ္ဥလည္းတူးမဟုတ္ဘူး။ဘုရားလည္းဖူး ေႁမြလည္းဖမ္းေပါ့ကြာ”
“ဘုရားေပၚမွာ မေကာင္းပါဘူးကြာ – သြားပါေစ” “ဟာ..မင္းကလည္းတို႔ကအမဲလိုက္လာတာေလ”
“ကဲ..လုပ္ကြာ”
ေဘာမတင္ရေသးဘူး၊ဘုရားကုန္းေပၚဘုရားတက္ဖူးတုန္းစပါးႀကီးေႁမြ
ေတြ႕လို႔ ဘုရားေပၚက ဆင္းေျပးမယ္လုပ္ေတာ့ ပစ္ၿပီး ထမ္းခဲ့ၾကပါတယ္။
ကုန္းေတာ္ေပၚက ေအာက္ကိုေရာက္ေတာ့။တယ္”
“ဒီေကာင္ႀကီးကို – ဒီမွာထားၿပီး ေတာလည္ဦးမယ္ကြာ- ေဟပါေသး
ေစာျမသန္းနဲ႔ ဘေအာင္တို႔႐ြာေဟာင္းနဲ႔အင္းအၾကားေတာလည္ေတာ့ “ေခ်”
တစ္ေကာင္ ရပါတယ္။ အဲဒါကို ဖ်က္ၿပီး ေႁမြနဲ႔အတူ ထမ္းျပန္ရေတာ့
ေတာ္ေတာ္ မိုးခ်ဳပ္မွ အိမ္ေရာက္ပါတယ္။ ေစာျမသန္းသူ႔မိန္းမကို
တံခါးဖြင့္ ခိုင္းဖို႔ အေတာ္နဲ႔ ႏႈိးလို႔မရပါဘူး။ ဒါနဲ႔ မရမက ႏႈိးေတာ့တစ္
ညလုံး မီးဖြားဖို႔ရာ ဗိုက္နာေနတာတဲ့။ အခုမွ အိပ္ေပ်ာ္သြားတာတဲ့။
“ဘေအာင္ေရ…မင္း-ေတြ႕တဲ့အတိုင္းပဲ မီးဖြားမလို႔တဲ့။ ငါပဲလက္သည္
ေခၚေပးရမွာ။ မီးေနေစာင့္ေနမယ္။ ေမြးၿပီးရင္ ေလွာ္ဖြပ္ရမယ္။ ခ်က္ရမယ္။
ေလာေလာဆယ္ေတာ့မင္း – တစ္ေယာက္တည္းပဲေတာလည္ေပေတာ့”
“ေအးပါကြာ….ကိုယ္ခြဲမရွိေတာ့လည္း ဒီလိုပဲေပၚ ေစာျမသန္းမိန္းမက
ေလးေမြးေမလိုလိုနဲ႔မေမြးေသးပါ။ဗိုက္နာလိုက္၊မနာ လိုက္နဲ႔(၉)ရက္
ေျမာက္ေန႔က်မွေမြးပါေတာ့တယ္။ေစာျမသန္းမီးေနသည္ ကိစၥအား
လုံးလုပ္ရပါတယ္။တစ္လခန႔္အၾကာသူ႔ဟာသူလုပ္ကိုင္ႏိုင္တဲ့အခါမွာေတာ့။
“ဘေအာင္ေရ… ေတာလည္ထြက္ရေအာင္ကြာ” “ေအး … မင္းမပါေတာ့လည္း
ေတာမလည္ျဖစ္ဘူးကြ” ေတာထဲေရာက္ေတာ့ ေႁမြေတာ္႐ြာေဟာင္းက
ေစတီပ်က္ေလးရဲ႕ ဆည္းလည္းသံေလးကသာယာလို႔ေန႔စဥ္ေတာအႏွံ႔
လည္ေပမယ့္လည္းဘာ ေကာင္မွမေတြ႕ရ၊မပစ္ရတာ(၁၁)ရက္ခန႔္ ရွိပါၿပီ။
ဟင္းသီးဟင္း႐ြက္ပဲ ခူးၿပီး ျပန္ ျပန္လာရတယ္။ ဒီကေလးေမြးၿပီးမွ ထူးထူးျခားျခား။
“ဘေအာင္ေရ …. မင္းျမင္တဲ့အတိုင္းပဲ။ ဘာေကာင္မွလည္း မေတြ႕ဘူး
ထူးတာေတာ့ထူးျခားေနၿပီကြ – ဘာသေဘာလည္းမသိဘူး”
“ဘာ – တတ္ႏိုင္မွာလည္းကြာ – ဒီလိုဆိုေတာ့လည္းေတာလည္တဲ့အလုပ္
ကို နားထားၾကတာေပါ့ကြာ။ တျခားအလုပ္ ရွာရမွာေပါ့။ နားလို႔ေတာ့ မရ ဘူး”
ေစာျမသန္းကေတာ့သူ႔မိဘမ်ားဆီကရတဲ့ဝမ္းစာစပါးေလးနဲ႔ထိုင္စား
ေနတာ (၆)လ ေက်ာ္ပါၿပီ။ ဘေအာင္ကေတာ့ တျခားတစ္ေယာက္နဲ႔
ေတာလည္တယ္။ ရရာ လုပ္ပါတယ္။ ေတာလည္လို႔ ရံဖန္ရံခါ ရရင္လည္း
ေစာျမသန္းဆီကို ဟင္းစားေလး ဘာေလးေတာ့ ပို႔ပါတယ္။ “ေတာလည္
ရတာ….အဆင္ေျပရဲ႕လားကြ”
“မေျပပါဘူးကြာ … ဒီေတာေၾကာင္ေတာင္မွ (၃)ရက္ ေထာင္ရတယ္။
သြားရလာရတာနဲ႔ မင္း – စဥ္းစားၾကည့္ေတာ့”
ထိုအခ်ိန္တြင္ ေစာျမသန္းကေလးကအိပ္ရာမွ ႏိုးလာသည္။ “အင္း အင့္….အင့္…အင့္”
“ကေလးႏိုးၿပီနဲ႔ တူတယ္ … ကိုေစာျမသန္းေရ- ၾကည့္လိုက္ပါဦး”
“ကေလးေလးေတာင္ … အေတာ္ႀကီးၿပီပဲကြ”
“ဟုတ္ပါတယ္ … ရွင္လို႔ ဦးဦးဘေအာင္ကိုေျပာလိုက္ေလသမီး
ဦးဦး ဘေအာင္ လာပို႔တဲ့ ေတာေၾကာင္သားက်က္မွ သမီးကို ထမင္းဝါးခြံမယ္ေနာ္”
ေတာေၾကာင္သားက်က္ေတာ့ အသားတုံးတစ္တုံးကို ေရေဆးၿပီး
ကေလးကိုထမင္းနဲ႔ေရာၿပီးဝါးခြံ႕ေတာ့ကေလးကမစားဘဲအန္ထုတ္ပါတယ္။
ဘယ္လိုေကြၽးေကြၽး မစားပါဘူး။ ဒါနဲ႔ ဆီနဲ႔ ဆားနဲ႔ ဝါးခြံမွ စားပါတယ္။
“ပိၿငိမ္းေရ-ညညဆို ေႁမြတြန္သံ ၾကားတယ္ကြ” “က်ဳပ္ေတာ့ … မၾကားမိပါဘူးေတာ္”
ဒါနဲ႔ ေစာျမသန္းတို႔အိပ္ရာဝင္မီးခြက္မႈတ္ေတာ့ေၾကာက္စရာအသံေတြ
ထြက္ေပၚလာပါတယ္။ညကလည္း ေတာ္ေတာ္တိတ္ဆိတ္လို႔…
“အစ္ကို … ကိုေစာျမသန္း ေႁမြတြန္သံၾကားတယ္။ အဆက္မျပတ္ပဲ”
ျမန္ျမန္ထပါ – ဒီမွာ – ကေလး ႏို႔ဆြဲထားလို႔”
“မီးခြက္ထြန္းဟ… မီးပုံးရာ…ဟ….ႁပြေတြ အမ်ားႀကီးပဲဟ၊ မိၿငိမ္းရ
တစ္ခါမွ မျမင္ဖူးဘူး။ ငါ – ေျပာတာ ယုံၿပီလား”
တဲေဘးပတ္လည္မွာေႁမြေတြေျပးလႊားေနတာမေရတြက္ႏိုင္ဘူး။
တခ်ိဳ႕ သစ္ပင္ေပၚမွာလြဲေလာင္းခ်ိတ္လို႔ – တခ်ိဳ႕တဲ့ေလွကားရင္းမွာ
ေခြ… “ဟုတ္ပါ့ေတာ္တစ္ခါမွဒီလို မျဖစ္ဖူးဘူး။ဒုကၡပါပဲေတာ္
ဘယ္လိုလုပ္ အိပ္ရမွာလည္း က်ဳပ္ေတာ့ ေၾကာက္တယ္”
အဲဒီအခ်ိန္မွာ သူတို႔ ကေလးေလးက အိပ္ရာႏိုးၿပီး ထထိုင္ေနပါတယ္။
သူ႔အေဖဆီ လိုက္မယ္လုပ္လို႔ ခ်ီထားရပါတယ္။ ေစာျမသန္းဟာ
ေႁမြေတြ အိမ္ေပၚတက္မွာ စိုးလို႔ ကေလးကို သူ႔အေမဆီေပးၿပီး
မီးဖိုမယ္ လုပ္ေတာ့ ေႁမြေတြ မရွိၾကေတာ့ပါဘူး။ ဒါနဲ႔ ေအးေအး
ေဆးေဆး အိပ္ၾကပါတယ္။ ေစာျမသန္း အိပ္မက္ထဲမွာ သူ႔သမီးက –
“ဘာလည္း သမီးရဲ႕ေျပာ .. ဘာလဲ..”
“အေဖတို႔ ေတာလည္ရင္ သမီးတို႔ ေႁမြမ်ိဳးေတြကို မသတ္ပါနဲ႔
အေဖ ရယ္၊ ေတာပိုင္ေတာင္ပိုင္ဆီမွာ သည့္ျပင္ေကာင္ေတြ
ေတာင္းေပါ့၊ အဲဒီလို ေတာပစ္တာလည္းမေကာင္းပါဘူးအေဖရယ္၊
ၾကာရင္အေဖအလွည့္ေရာက္ လာလိမ့္မယ္။ အေဖ သတိထားေနာ္ ..” “ဟာ”
ေစာျမသန္း အိပ္ရာက လူးလဲ ထပါတယ္။ ေခြၽးေတြကလည္း
႐ႊဲစိုလို႔ ေရထေသာက္တယ္။ သူ႔ဇနီးနဲ႔ သမီးကိုၾကည့္ေတာ့အိပ္
ေမာၾကလို႔။ ေသရာ ၾကည့္ေတာ့ သူ႔သမီးေလးက အိပ္ရင္းနဲ႔ မ်က္လုံးပြင့္ေနတယ္လို႔ေလ။
မိုးလင္းေတာ့၊”မိန္းမေရ … ညက သမီးေလးကို အိပ္မက္မက္တယ္၊
ငါ့ … အိပ္မက္က ထူးဆန္းတယ္ဟာ”
“ေတာ္ ….စိတ္စြဲေနတာ ျဖစ္မွာပါ။ေႁမြက ခဏ-ခဏ ရေနတာ”
ေစာျမသန္းဟာ အမဲလိုက္ရတာ စိတ္ကုန္သလိုလို ျဖစ္လာေတာ့ သူ႔
အေမဆီကလယ္(၃)ဧကေတာင္းၿပီးလုပ္ပါတယ္။လယ္ေတြကျဖစ္လိုက္
တာကတအားပါ။စပါးေတြမွည့္ေတာ့အေစာင့္လည္းမထားဘူး။စာေျခာက္
႐ုပ္လည္းမလုပ္ထားဘူး။ ဘယ္ကြၽဲႏြားမွ ဝင္မစားသလို ခ်ိဳးအုပ္၊
စာကေလး အုပ္၊ၾကက္တူေ႐ြးအုပ္ေတြလုံးဝဝင္မစားပါဘူး။ ေတာ္
ေတာ္ဆန္းၾကယ္ပေန ဘူးလား။ တခ်ိဳ႕လယ္ေတြမ်ားဆိုလယ္နီး
ခ်င္းေတြခမ်ာ ေစာင့္လိုက္ရတာ။ လစ္တာနဲ႔ ဝင္စားတာပဲ။ ေစာျမသန္း
လယ္ကို အံ့ဩေနၾကတယ္။ တျခား လယ္ပိုင္ရွင္ေတြက
“ေစာျမသန္းလယ္ထဲမွာေႁမြေတြကိုနည္းတာမဟုတ္ဘူး။လူစုၿပီးေတာ့
သြားၾကည့္ရင္ မရွိေတာ့ဘူး။ အဲဒါအေစာင့္ေႁမြေတြကြ။ အက်ိဳးေပးရင္
အဲဒီ လိုပဲ ေဇာက္ခ်လုပ္ရင္ ျဖစ္မွာ။ ဒီေကာင္က အမဲလိုက္တာပဲ ဝါသနာပါ တာကိုး”
“ေအ၊ကြ … ေစာျမသန္းလယ္ကြက္ထဲ ကြၽဲေတြ၊ ႏြားေတြ၊ငွက္အုပ္ေတြ
ဝင္စားမယ္လုပ္ရင္ လယ္နားေရာက္ရင္ တစ္ေယာက္ေယာက္က
ေမာင္းထုတ္ေနသလိုပဲ။ ျပန္လွည့္ကုန္ၾကတယ္။ ငါတို႔လယ္ေတြမ်ား
တစ္ညလုံး ာင့္တာေတာင္ နည္းနည္းေလး ငိုက္မိရင္ ပါသြားတာပဲ
မနည္းဂ႐ုစိုက္ေနရတယ္”မုဆိုးမလုပ္ရရင္မေနႏိုင္တာမို႔လယ္လုပ္
လာတာ သုံးႏွစ္နီးပါး ၾကာလာ တဲ့ အခါမွာေတာ့။ ဘေအာင္ကိုေခၚၿပီး
အိမ္မွာ တိုင္ပင္တဲ့အခါ သမီး “အေဖႀကီး … သမီး -ေႁမြေတာ္ဘုရား
လိုက္ဖူးခ်င္တယ္။ မဖူး ရတာၾကာၿပီ”
ေစာျမသန္း သူ႔ – သမီးကိုၾကည့္ၿပီး တုန္လႈပ္သြားပါတယ္။ကေလးက
ေႁမြေတာ္ဘုရားကို ဘယ္လိုလုပ္ သိတာလဲ။ ဘာျဖစ္လို႔ ဖူးခ်င္တာလဲ.
သူ႔အေမမ်ား ေျပာထားသလားေမးၾကည့္ရေသးတယ္။ မိန္းမက –
“ရာရာစစေတာ္ … က်ဳပ္က ေႁမြေတာ္ဘုရားတို႔ ဘာတို႔ ေျပာရေအာင္
က်ဳပ္ကလည္း ဘာသိလို႔လဲ သမီးကလည္း ဘာသိေသးတာ မွတ္လို႔ ။ ရွင္
ကလည္းၾကည့္ေျပာပါဦး။ ကိုေစာျမသန္းရယ္၊ ဦးေႏွာက္ေတြလည္းေျခာက္ နပ္ၿပီ”
ဒါနဲ႔ – ေစာျမသန္း ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနလိုက္ပါေတာ့တယ္။
လုပ္စရာရွိတာ လုပ္ရင္း တစ္ေန႔ေတာ့ ဘေအာင္လည္း ေရာက္လာပါ တယ္။
“လာ – ဘာေအာင္ ထိုင္ကြာ။ မိၿငိမ္းထမင္းထုပ္ေနလို႔ ခဏထိုင္ဦးကြာ
ေရေႏြးေသာက္ေစာျမသန္းသမီးေလးကခြက္ကေလးနဲ႔ ေဆာ့ေနတာ
ကိုဘေအာင္ကအနားသြားၿပီး ခ်စ္စႏိုးေလးပို႔
“သမီးနာမည္…. ဘယ္လိုေခၚသလည္း ေျပာပါဦး သမီးရဲ႕ “ေႁမြေတာ္သခင္မ
ဘေအာင္အံ့ဩတႀကီး ေၾကာင္ေငးသြားတယ္။
“ဟ – ဘာတဲ့ ေစာျမသန္း – မင္းကြာ ကေလးကိုဘာေတြသင္ထားတာ
လည္းကြ – ေပါက္ကရေတြ မသင္နဲ႔ေနာ္”
“ဘာေတြ – သင္ထားရမွာလည္းကြ။ မင္း- မလာခင္ေလးကပဲ
ေႁမြေတာ္ဘုရားလိုက္ဖူးခ်င္လို႔တဲ့။ ဘယ္သူကမွဘာမွသင္မထားဘူး။
ေျပာ လည္းမေျပာဖူးဘူး။ ဘယ္ကေနဘယ္လိုလုပ္သိတာလည္းမေျပာ
တတ္ဘူး။ ဆက္စပ္ေနၿပီ ထင္တယ္ကြာ – ကေလးက ဘယ္လိုလုပ္
သိမွာတုန္းကြ” ေစာျမသန္းတို႔ေတာလည္ထြက္ခဲ့ပါတယ္။ ထုံးစံအတိုင္း
ေတာတင္ၿပီး တစ္ေနရာစီခြဲလိုက္ပါတယ္။ ေစာျမသန္း သြားတဲ့ ဘက္က
စံပယ္ပင္အုံႀကီး ေအာက္မွာ စပါးႀကီးေႁမြႀကီးတစ္ေကာင္ဟာေႂကြက်
ထားတဲ့ေတာစံပယ္ပြင့္ ေတြထဲမွာေခြလို႔ ၿငိမ္ေနပါတယ္။ စံပယ္ေလးေတြ
ကလည္းေမႊးလိုက္တာမွ တစ္ေတာလုံး သင္းလို႔၊အိပ္မက္မက္တာကို
သတိရၿပီးေႁမြကိုမသတ္ေတာ့ ဘဲအင္းေဘးကိုပတ္ေတာ့ေခ်တစ္ေကာင္
ပစ္လို႔ရခဲ့ပါတယ္။ ဒီလိုနဲ႔အိမ္ကို ေရာက္လို႔ လုပ္စရာရွိတာေတြလုပ္ၿပီးတဲ့အခါသူ႔သမီးေလးက-
“အေဖႀကီးကလည္း -ေတာစံပယ္ေတြေတာ့ေကာက္မလာဘူး”
“သမီးကလည္းကြယ္ – အေဖကေတာ့ စံပယ္ပင္မွ မေတြ႕ဘာပဲ”
“ေတြ႕ပါတယ္။ အဲဒီေတာစံပယ္ပြင့္ေတြထဲမွာ မင္းသမီးတစ္ေယာက္
အိပ္ေနတာလည္းအေဖႀကီး ေတြ႕ ခဲ့ပါတယ္”
“ဗ်ာ … ဘုရားေရ … သမီး – ဘယ္လို ေျပာလိုက္တယ္။”
ေစာျမသန္း သူ႔ – သမီးကို အလြန္ အံ့ၾသေနမိပါတယ္။ အဲဒီအခ်ိန္မွာပဲ
သူ႔သမီးက ဘေအာင္ကိုၾကည့္ၿပီး
“ဦးဘေအာင္ပစ္တဲ့ေတာေကာင္ကိုေမာင္းထုတ္လိုက္တာထြက္ေျပး
သြားတယ္။ အဲဒါ – သမီးသူငယ္ခ်င္း မင္းသမီးေတြ ေမာင္းထုတ္လိုက္တာ
ဘေအာင္ မ်က္လုံးျပဴးသြားပါတယ္။ ထူးဆန္းလိုက္တာ ဘာေတြျဖစ္ ကုန္ၿပီ…။
“ဟုတ္တယ္…ေစာျမသန္းငါ – ေႁမြႀကီးေတြေတြ႕ခဲ့တယ္။ငါ – ေခ်ကိုပစ္
မလို႔လုပ္ေတာ့အဲဒီနားကေႁမြႀကီးကထမႈတ္လိုက္တာ ခ်ကေျပးရာ၊ဒါနဲ႔
ေႁမြကိုငါ-လုပ္မလို႔ဟာစိတ္ထဲမွာ တစ္မ်ိဳးျဖစ္တာနဲ႔ မလုပ္ခဲ့တာ”
ေစာျမသန္းနဲ႔ဘေအာင္တို႔လူ႔ဘဝမွာတစ္ခါမွမႀကဳံဘူးတဲ့အျဖစ္အပ်က္
ေတြ ဘယ္သူကိုမွ ေျပာျပလို႔ ယုံမယ့္ ကိစၥေတြ မဟုတ္ပါဘူး။
ဆက္ၿပီးအမဲ လိုက္ရင္အႏၲရာယ္ရွိ မရွိေတာ့မသိဘူး။ေလာေလာဆယ္
သူတို႔ႏွစ္ေယာက္ အမဲဆက္မလိုက္ဖို႔ ဆုံးျဖတ္ပါတယ္။
တစ္ေန႔ေတာ့ေစာျမသန္းအေမအိမ္ကိုပ်ာပ်ာသလဲေရာက္ခ်လာေတာ့တယ္။
“ဟဲ့….ာျမသန္းတို႔ မိၿငိမ္းတို႔”
“ဟာ … အမ – တစ္ေယာက္တည္းလား”
“လူႀကဳံနဲ႔ မွာလိုက္ပါလား လာခ်င္ရင္လည္း ကြၽန္ေတာ္လာေခၚမွာေပါ့”
“ႏွင့္ – လူႀကဳံဘယ္ေတာ့မွန္းမသိဘူး။ငါ – စိတ္ပူလို႔ထလာတာ”
“ဘာျဖစ္လို႔လည္း “ အဒမရဲ႕”
“ငါ – အိပ္မက္ေတြမေကာင္းဘူး။ ႏွင့္ – သမီးကပါအိပ္မက္ထဲမွာ
သူက ေႁမြေတာ္သခင္မတဲ့။ အဲဒီ ေႁမြေတာ္ဘုရားနယ္ထဲမွာ
အမဲမလိုက္ရဘူးတဲ့။ နင့္ကိုသူ-ေျပာတာမရဘူးတဲ့။ သမီးရဲ႕အေဖ
ဖို႔သူတို႔ကခြင့္လႊတ္ေနတာတဲ့။
ဒီတစ္ခ်ိန္ဆိုရင္အေဖဘဝကုန္ၿပီတဲ့ဟာ။စိုးရိမ္လိုက္တာဟယ္။
နင္က – အမဲ လိုက္သြားေနေတာ့ ငါက – အျမန္လာရတယ္။
ေပးပါဦးဟဲ့ – ေရတစ္ခြက္ ေလာက္ၿပီးေတာ့ငါ့ … အစ္ကိုႀကီးက
သူ – ငယ္ငယ္တုန္းမွာ ေႁမြေတာ္႐ြာသူနဲ႔ အိမ္ေထာင္က်ခဲ့တာ။
ငါ့ကိုေႁမြေတာ္႐ြာအေၾကာင္းေျပာျပဖူးတယ္။ေႁမြေတာ္ နယ္မွာ
ျပဳသတ္ရင္အမဲလိုက္ရင္ေႁမြကိုက္ေသတာပဲတဲ့။ ဒါေပမဲ့ ‘မေသခင္ ခဏ-ခဏသတိေပးတယ္။အိပ္မက္ေပးတယ္။ နင့္တို႔ေကာအိပ္မက္မေပးဘူးလား“
“အိမ္မက္လည္း ေပးပါတယ္”
“ေအး…နိမိတ္ေပး၊ အိပ္မက္ေပးၿပီးဆက္ၿပီးအမဲလိုက္ေႁမြသတ္ေနရင္
ေတာ့ေႁမြကိုက္ေသမွာပဲ။ အဲဒီတုန္းက႐ြာမွာတင္ေႁမြကိုက္လို႔(၅)ေယာက္
ေသခဲ့တယ္။ ႐ြာပ်က္တာလည္း အဲဒါေၾကာင့္ပဲတဲ့ – တကတဲ- နင္တို႔နဲ႔ ေတာ္”
“ဟုတ္တယ္… အေမ – အေမ့ေျမးကသူက – ေႁမြေတာ္သခင္မတဲ့ခဏ
ခဏေျပာတယ္။ ေတာစံပယ္ေတြေကာက္ခဲ့ဖို႔လည္း မွာတယ္။ ကြၽန္ေတာ္
တို႔ ပစ္မယ့္သားေကာင္ေတြကိုလည္းေမာင္းထုတ္တယ္တဲ့။ ဟုတ္ကဲ့ပါ
အေမ-သူမ်ား အသက္မသတ္ေတာ့ပါဘူး။ အမဲမပစ္ေတာ့ပါဘူး။လယ္ပဲ လုပ္ပါေတာ့မယ္”
အဲဒီေန႔ကစၿပီးေစာျမသန္းက အမဲမလိုက္ေတာ့ဘူး။ အိမ္ေရွ႕ကိုလည္း
ေတြမလာေတာ့ဘူး။ သမီးလည္းအေၾကာင္းမေျပာေတာ့ဘူး။ တစ္ခါ
တစ္ခါေႁမြေတာ္႐ြာအေၾကာင္း စဥ္းစားမိရင္ေခြၽးသီးေခြၽးေပါက္က်ေအာင္ကို ေၾကာက္႐ြံ႕မိပါေတာ့တယ္။ လူ႔ ဘဝႀကီးဟာ ဆန္းၾကယ္မႈေတြ၊ မျမင္ႏိုင္တဲ့ ဘဝဆက္ထုံးေတြနဲ႔ ျပည့္ႏွက္ေနပါကလား…။