မုန်တိုင်ငွေသိုက်

မုန်တိုင်ငွေသိုက်(စဆုံး)

 

(ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

 

(က)

 

အချိန်ကာလအားဖြင့် မြန်မာသက္ကရာဇ် ၁၁၀၉ ခုနစ်ခန့်ဖြစ်သည်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော မဟာဓမ္မရာဇာဓိပတိမင်းကြီးသည် အင်းဝမြို့တွင်ထီးနန်းစိုက်ကာ အထက်မြန်မာပြည်တစ်ဝှမ်း အုပ်ချုပ်စိုးစံနေသည့်ကာလလည်းဖြစ်ပေသည်။ မြန်မာပြည်အလယ်ပိုင်း မိတ္တီလာမြို့အနီးတွင် မုန်တိုင်ရွာကြီးတည်ရှိသည်၊ ရွာကြီးဟူသည့်အတိုင်း မုန်တိုင်ရွာမှာ အိမ်ခြေရာနှင့်ချီကာတည်ရှိပြီး စည်ကားသည့်ရွာတစ်ရွာဖြစ်သည်။ ရွာသူရွာသားများမှာ တောင်သူလယ်သမားများဖြစ်သည့်အတိုင်း လယ်များဖွဲ့ကာ စပါးစိုက်ခြင်း၊ ယာခင်းများခင်းကာ မြေပဲ၊ နှမ်း၊ ဝါ၊ ပဲစင်းငုံစသည့် သီးနှံများကိုစိုက်ပျိုးကြကာ အသက်မွေးမြူကြသူများဖြစ်လေသည်။

 

ရွာသူရွာသားများမှာ ဗုဒ္ဓဘာသာကို အထူးကိုးကွယ်ယုံကြည်သူများဖြစ်သည့်အလျှောက် လယ်ယာသီးနှံများထွက်ပေါ်သည့်အခါ အလှူအတန်းများပေးခြင်း၊ ရွာအနီးတစ်ဝိုက်တွင် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကိုလှူဒါန်းခြင်းများကို အစဉ်ပြုလုပ်လေ့ရှိကြသည်။

 

ထိုမုန်တိုင်ရွာ၏ တောင်ဘက် ရွာစွန်အစပ်အဖျားတွင်တော့ ဦးပန်းရနှင့် ဒေါ်စိန်သာအမည်ရ ဆင်းရဲသားလင်မယားနှစ်ယောက်နေထိုင်ကြသည်။ ဦးပန်းရတို့မှာ ငွေကြေးမတတ်နိုင်သူများဖြစ်သည့်အတွက် ရွာအနီးမှ ယာခင်းများကို ဝယ်ယူမလုပ်ကိုင်နိုင်ဘဲ ရွာနှင့်ခပ်လှမ်းလှမ်း တောစပ်ရှိကွင်းများကို ရှင်းလင်းကာ ဓါးမဦးချစနစ်ဖြင့် ယာထွက်သီးနှံများကို စိုက်ပျိုးကြသူများဖြစ်သည်။ မုန်တိုင်ရွာအဆင်းရဲဆုံးလူများဟုဆိုလိုက်လျှင် ဦးပန်းရနှင့် ဒေါ်စိန်သာတို့လင်မယားမှာ နံပါတ်တစ်ပထမနေရာရှိမည်ဖြစ်သည်။

 

ဦးပန်းရမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးဖြစ်ပြီး ဒေါ်စိန်သာမှာလည်း ဦးပန်းရနှင့် အသက်သိပ်မကွာလှပေ၊ သူတို့လင်မယားနှစ်ဦးမှာ ငယ်လင်ငယ်မယားများဖြစ်သော်လည်း ရှေးဘဝကုသိုလ်ကံအကျိုးပေးမကောင်းသည့်အတွက် သားသမီးမဖွံ့ဖြိုးခဲ့ပေ၊ မုန်တိုင်ရွာအပြင်တွင် ဦးပန်းရတို့မှာ တဲကုပ်ကလေးတစ်လုံးထိုးကာ နေထိုင်လေသည်။ အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက်တည်းသာ နေထိုင်သည့်တဲဖြစ်သဖြင့် မြေစိုက်တဲကုပ်သေးသေးကလေးဖြစ်ကာ ကျောချရုံခန့်သာ ကျယ်ဝန်းသည်။ ထို့ကြောင့် ရွာမှ ရွာသူရွာသားများက ဦးပန်းရတို့လင်မယားအား “အိမ်ကြီးရှင်” ဟူ၍ နောက်ပြောင်ကျီစယ်ကာ ခေါ်ဝေါ်ကြလေသည်။

 

“မယ်စိန်ရေ၊ တို့မနက်ဖြန် ယာခင်းကိုထွန်ရအောင်ဟေ့၊ အဲဒါ ရွာထဲသွားပြီး နွားတစ်ကောင်လောက် ငှားခဲ့စမ်းပါကွာ”

 

“အင်းပါတော်၊ ကျုပ်ဒီညနေပဲ ရွာထဲဆင်းပြီး နွားတစ်ကောင်လောက် လိုက်ငှားကြည့်ပါမယ်”

 

“အေးကွာ၊ အခုက မိုးဦးကျဆိုတော့ လယ်လုပ်တဲ့လူက လယ်ထွန်၊ ယာလုပ်တဲ့လူကလည်း ယာထွန်နဲ့ဆိုတော့ ရွာထဲကနွားတွေလည်း သိပ်အားကြမှာမဟုတ်ဘူးကွ၊ ပြီးတော့ ငါတို့ကလည်း သူများတွေလို ငွေကြေးအသပြာမပေးနိုင်ဘူးဆိုတော့ ငှားရမှာ ခက်မယ်ထင်ပါတယ်ကွာ”

 

“ဒါပေါ့ရှင်၊ ကိုယ်ကလိုချင်တဲ့သူပဲ၊ ဒီလိုပဲ မျက်နှာအောက်ချပြီးတော့ ငှားရမှာပေါ့တော်၊ သြော်၊ ဒါနဲ့ ဒီနှစ် ကျုပ်တို့ဘယ်နားမှာ ယာလုပ်မလဲတော့”

 

ဦးပန်းရက သူသောက်နေသည့် မြေဆေးတံကြီးကို တစ်ချက်ဖွာရှိုက်လိုက်ရင်း

 

“အေးကွ၊ တို့လုပ်နေကျယာက မြေဆီမကောင်းတော့ ဒီနှစ် ဟောဟိုအနောက်ဘက်က မန်ကျည်းအိုင်ဘက်က ကွင်းမှာစိုက်မယ်လို့စိတ်ကူးထားတယ်၊ အဲဒီမြေတောင်မှ ငါတစ်ယောက်တည်း ရှင်းလင်းပြီးနေပြီဟ”

 

မိုးတစ်ပြိုက်နှစ်ပြိုက်ရွာလိုက်ပြီမို့ မိုးဦးကျယာထွန်ယက်ရတော့မည့်အချိန်ဖြစ်နေပြီဖြစ်သည်၊ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ဆင်းရဲလွန်းသဖြင့် နွားတစ်ရှဉ်းပင်မရှိပေ၊ နွားပြာအိုကြီးတစ်ကောင်သာ အိမ်တွင်ရှိသည့်အတွက် ထွန်ယက်မည့်အချိန်မျိုးဆိုလျှင် ရွာထဲလှည့်ကာ နွားတစ်ကောင်ချေးငှားရစမြဲဖြစ်သည်။ ရွာသူရွာသားများမှာ တောင်သူလယ်သမားများဖြစ်သည်မို့ မိုးဦးကျအချိန် နွားများအလုပ်မအားတတ်ဖြစ်ရာ တော်ရုံတန်ရုံနွားချေးငှားသူရှားလေသည်။ ယခုလည်း ဒေါ်စိန်သာတစ်ယောက် ညစာစားပြီးသောအခါ မုန်တိုင်ရွာဘက်သို့လှည့်ထွက်လာခဲ့သည်။

 

“ကိုကြီးသောင်းရေ၊ ညီမတို့ယာကလေးထွန်ချင်လို့ နွားတစ်ကောင်လောက် တစ်နေကုန်လောက် ငှားစမ်းပါတော့”

 

“အိုဟာ၊ ငါလည်း ငါ့လယ်တွေကို ထွန်နေရသေးတယ်ဟ၊ ညည်းကိုငါ ငှားချင်ပါတယ်”

 

“ကိုကြီးသောင်းရယ်၊ ကိုကြီးသောင်းဆီမှာက နွားက အကောင်အစိတ်တောင်ရှိတာမဟုတ်လား၊ တစ်ကောင်တစ်လေလောက်ရရင် အဆင်ပြေပါတယ်ရှင်”

 

“ခက်တာပဲ မစိန်သာရာ၊ ငါ့မှာနွားများပေမယ့် ခိုင်းနွားကနည်းသဟ၊ ပြီးတော့ နင်ငှားမှာက တစ်နေကုန်တောင်မဟုတ်လား၊ ငါ့လယ်တွေတောင်မှ ထွန်မပြီးသေးတာ နင့်ကိုဘယ်လိုငှားမလဲ”

 

“ကျုပ်တို့လည်း ဒီနှစ်ယာသိမ်းရင်တော့ နွားလေးတစ်ကောင်လောက်ရအောင် စုပြီးဝယ်မှာပါ ကိုကြီးသောင်းရယ်၊ နွားနှစ်ကောင်ရှိရင် အခုလိုငှားစရာမလိုတော့ပါဘူး၊ ကိုကြီးသောင်းသာ မကူညီရင် ကျုပ်တို့ဒီနှစ် ယာအချိန်မီမကျဲနိုင်ပဲနေတော့မှာပေါ့”

 

ဘကြီးသောင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်

 

“အေးလေ၊ ငါလည်းတောင်သူ၊ နင်လည်းတောင်သူဆိုတော့ တောင်သူအချင်းချင်း ငါကိုယ်ချင်းစာပါတယ်၊ ဒီလိုလုပ်ဟာ၊ နင့်ကိုငါ နေ့ခင်းဘက်တော့မငှားနိုင်ဘူး၊ ငါ့ခိုင်းနွားတွေထွန်ယက်ပြီး ပြန်လာတဲ့ ညပိုင်းတော့ နင့်ကိုငါ ငှားနိုင်ပါတယ်၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား၊ ငှားတဲ့အဖိုးအခကတော့ ညည်းတို့ယာထွက်တဲ့အခါ ကြည့်ပေးပေါ့ဟာ”

 

ဒေါ်စိန်သာလည်း ရွေးချယ်စရာမရှိတော့ပေ၊ ညဘက်ပေးငှားသည်ကိုကပင် ကျေးဇူးတင်စရာကောင်းနေသဖြင့် ခေါင်းညိတ်ကာ ပြန်လာခဲ့တော့သည်။ အိမ်ပြန်ရောက်သည့်အခါ ခင်ပွန်းဖြစ်သူ ဦးပန်းရအား အကျိုးအကြောင်းပြောပြသည့်အခါ ဦးပန်းရမှာ ဒေါသထွက်တော့သည်။

 

“ကြံကြီးစည်ရာကွာ၊ ယာကိုညဘက်မှ ထွန်ရမှာတဲ့လားကွ၊ ဒီကောင်ငသောင်း ဒါသက်သက်ငါတို့ကို နှိမ်တာပဲ”

 

“ဒီလိုမပြောပါနဲ့ ကိုပန်းရရယ်၊ ကျုပ်တို့ကိုငှားပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ၊ မုန်တိုင်မှာ နွားကောင်ရေ အများကြီးရှိတာ ဘယ်သူကများကျုပ်တို့ကို အရေးတယူလုပ်ပြီး ငှားဖူးလို့လဲတော့”

 

ဦးပန်းရမှာ ဒေါသထွက်ထွက်နှင့် ရွာဘက်သို့ကြည့်ကာ

 

“လုပ်ထားစမ်းပါကွာ၊ မြေနိမ့်ရာလှံစိုက်တတ်တဲ့လူတွေ၊ မျက်နှာကြီးမှ ပေါင်းတတ်သင်းတတ်တဲ့လူတွေ လုပ်ထားအုံးပေါ့၊ ငါချမ်းသာတဲ့တစ်နေ့ မင်းတို့ကို ငွေထုတ်ကြီးနဲ့ ပေါက်ပြမယ်ကွ”

 

ဦးပန်းရက ခါးထောက်ကာ ကြိမ်းဝါးလိုက်လေသည်။ ဒေါ်စိန်သာကတော့ ပြုံးလျှက်

 

“ကိုပန်းရရယ်၊ ရှင့်မှာလည်း အကြံကြီးလိုက်တာ၊ လူကဖြင့် အသက်ငါးဆယ်ကျော်ပြီး သေခါနီးနေပြီ၊ ရှင့်လိုလူက ဒီတစ်သက်ချမ်းသာပါအုံးမလား”

 

ဦးပန်းရမှာ ဒေါ်စိန်သာ၏စကားကို ပြန်မတုံ့ပြန်နိုင်သဖြင့် နှုတ်ဆိတ်ကာနေလိုက်မိသည်။

 

(ခ)

 

ဦးပန်းရတို့လင်မယားမှာ ဆင်းရဲလှသော်လည်း ဘာသာတရားအလွန်ကိုင်းရှိုင်းသူများဖြစ်ကြလေသည်။ မနက်စောစောစီးစီးအိပ်ရာထပြီးသည်နှင့် ဒေါ်စိန်သာတစ်ယောက် ဆွမ်းချက်ရလေသည်။ ဆွမ်းဆိုသော်လည်း ထမင်းကောင်းမစားနိုင်ပေ၊ ဆန်နှင့်အတူ လူးဆန်ကိုရောနှောချက်ပြုတ်ထားသည့် ဆင်းရဲသားဆန်ကြမ်းထမင်းဖြစ်လေသည်။ ဟင်းမှာလည်း မယ်မယ်ရရသိပ်မရှိပေ၊ ငါးပိကောင်၊ ငါးခြောက်သာ ဟင်းကောင်းလုပ်၍စားသောက်ရသည်။ အသီးအနှံအတွက်မူ အိမ်ခြံအနောက်ဘက်တွင် စိုက်ပျိုးထားသည့် ဖရုံ၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်ကိုသာ ဟင်းလုပ်၍ချက်ရသည်။

 

မနက်နေထွက်သည့်အချိန်တွင် မုန်တိုင်ကျောင်းမှ သံဃာတော်များက ဆွမ်းခံကြွလေသည်။ ထိုနေ့တော့ ဒေါ်စိန်သာတစ်ယောက် ဆွမ်းလောင်းရန် ဆွမ်းပန်းကန်ယူကာထွက်လိုက်စဉ် ဦးပန်းရက ဒေါ်စိန်သာထံမှ ဆွမ်းပန်းကန်ကို လှမ်းယူလိုက်လေသည်။

 

“အလို၊ ကျားသားမိုးကြိုး၊ ဒီနေ့ရှင်ဆွမ်းလောင်းမလို့လား”

 

“အေးကွာ၊ တို့တွေအခုလိုဆင်းရဲနေတယ်ဆိုတာ အတိတ်ဘဝက ကုသိုလ်ကောင်းမှုလုပ်တာ အားနည်းခဲ့လို့မဟုတ်လား၊ ငါကတော့ ဒီဘဝပဲအဆင်းရဲခံမယ်၊ နောက်ဘဝတော့ မဆင်းရဲစေရတော့ဘူးဟေ့၊ ရသလောက်ကုသိုလ်ကောင်းမှု ဒါနတွေကို ကိုယ်တတ်နိုင်သလောက် များများလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ”

 

ဦးပန်းရပြောသည့်အခါ ဒေါ်စိန်သာက မျက်နှာကိုတစ်ချက်မဲ့လိုက်ပြီး

 

“အောင်မယ်လေး၊ ဒါတွေက ကျုပ်နေ့တိုင်းလုပ်နေတာပါတော်၊ ဆွမ်းလောင်းလို့ချမ်းသာကြေးဆိုရင် ကျုပ်အနှစ်နှစ်ဆယ်လောက် တစ်ရက်မပြတ်ဆွမ်းလောင်းလာတာနဲ့တင် သူဌေးမကြီးဖြစ်နေပါပြီတော့”

 

မနက်ခင်းဆွမ်းလောင်းပြီးသည့်အခါ ဦးပန်းရမှာ နံနက်စာ စားသောက်ပြီး ယာခင်းထဲသို့ဆင်းရန်ပြင်တော့သည်။ တောခုတ်ဓါးရှည်တစ်လက်နှင့် တောင်းကြီးတစ်လုံးကိုဆွဲယူလိုက်လေသည်။

 

“ကဲ စိန်သာရေ၊ ငါမန်ကျည်းအိုင်ဘက်ကွင်းကို ဆင်းလိုက်အုံးမယ်ဟေ့၊ ညနေ ယာထွန်မှာဆိုတော့ ကျန်နေတဲ့အပင်လေးဘာလေး ရှင်းဖို့ပေါ့ကွာ၊ မင်း နေ့လည်ကျရင် ထမင်းလာပို့နော်ကွ”

 

“စိတ်ချစမ်းပါတော်၊ ဒါနဲ့ တော်လည်း သတိထားအုံးနော်၊ မန်ကျည်းအိုင်ဘက်က သရဲကြမ်းတယ်ဆိုပြီး လူတွေပြောပြောနေတယ်မဟုတ်လား၊ ပြီးတော့ ဥစ္စာစောင့်ဆိုလား၊ သိုက်နန်းရှင်ဆိုလား အဲဒါတွေလည်း ခဏခဏတွေ့တတ်တယ်ဆို”

 

“တွေ့ပါစေကွာ၊ တွေ့ပါစေ၊ ဥစ္စာစောင့်တွေ၊ သိုက်နန်းရှင်တွေလာလို့ကတော့ ဒင်းတို့ကိုဖမ်းပြီး ရွှေတွေ၊ ငွေတွေတောင်းပစ်လိုက်စမ်းမယ်””

 

ဦးပန်းရက ခပ်ရွဲ့ရွဲ့ပြောလိုက်ပြီး အိမ်မှထွက်သွားလေတော့သည်။ ဒေါ်စိန်သာလည်း နေ့ခင်းစာအတွက် ချက်ပြုတ်ပြင်ဆင်ရင်း အိမ်မှုကိစ္စများနှင့် အချိန်ကုန်နေလေတော့သည်။ ချက်ပြုတ်ပြင်ဆင်ပြီး နေ့ဆွမ်းခံပြန်ဝင်ချိန်ခန့်တွင် ဒေါ်စိန်သာတစ်ယောက် ခံတောင်းကလေးရွက်ကာ အိမ်မှထွက်လာခဲ့တော့သည်။ ခံတောင်းထဲတွင်တော့ သူတို့လင်မယားစားသောက်ဖို့ရန်အတွက် ထမင်းနှင့်ဟင်းများကိုသယ်ဆောင်လာခဲ့သည်။

 

မန်ကျည်းအိုင်ကွင်းမှာ ရွာနှင့်အတော်လှမ်းလှမ်းဝေးကွာသည်ဖြစ်ရာ ဒေါ်စိန်သာတစ်ယောက် အတော်ကလေးသွားယူရလေသည်။ ယာခင်းသို့ရောက်သည့်အချိန် ဦးပန်းရမှာ ယာခင်းမြောက်ဘက်ရှိ နှစ်ချို့မန်ကျည်းပင်ကြီးအောက်တွင်ထိုင်ကာ အနားယူနေသည်ကိုတွေ့ရသည်၊ ထိုမန်ကျည်းပင်ကြီးအနီးတွင်တော့ စိမ်းစိုနေသည့် သဘာဝရေကြည်အိုင်ကလေးတစ်အိုင်ရှိသည့်အတွက် ထိုယာခင်အား မန်ကျည်းအိုင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ဒေါ်စိန်သာမှာ မန်ကျည်းပင်ကြီးအောက်သို့ဝင်ကာ ဦးပန်းရအနီးတွင်ထိုင်လိုက်သည်။

 

“ရှင် နေရာရွေးတာ မဆိုးဘူးကိုပန်းရ၊ ရေအိုင်ကလေးလည်းရှိတော့ သုံးဖို့ပြုဖို့ ပူစရာမလိုတော့ဘူးပေါ့ရှင်”

 

“အဲဒါတွေ အသာထားစမ်းပါ၊ နေမွန်းတည့်တော့မယ်ကွ၊ ငါဗိုက်ဆာလှပြီ၊ ဒါနဲ့ ဘာဟင်းချက်သလဲ”

 

“ထုံးစံအတိုင်း လူးဆန်ထမင်းပေါ့တော်၊ ဟင်းကတော့ ငါးခြောက်ကလေး လက်ညှိုးလောက် လေးငါးဆယ်ကောင်ကင်လာတယ်၊ ပြီးတော့ ငရုတ်သီးဆားထောင်းပေါ့၊ ဖရုံရွက်ပြုတ်၊ သခွားသီးနဲ့ တို့ပေါ့တော်”

 

ခံတောင်းအတွင်းမှ ဒေါင်းလန်းအသေးကလေးထုတ်ကာ လင်မယားနှစ်ယောက် လက်ဆုံစားရန်ပြင်ဆင်လိုက်ကြသည်။ ထိုစဉ် ယာခင်းကိုဖြတ်၍ ကိုရင်လေးတစ်ပါး သပိတ်ပိုက်ပြီးသွားလာနေသည်ကိုမြင်တွေ့လိုက်ရသည်မို့ လင်မယားနှစ်ယောက် တအံ့တသြနှင့်ကြည့်နေမိသည်။

 

“ကိုရင်နှယ်၊ ဒီလောက်ခေါင်တဲ့နေရာကို ဘာလာလုပ်တာပါလိမ့်”

 

ဦးပန်းရက ရေရွတ်လိုက်သည်။

 

“လက်ထဲသပိတ်ပိုက်ထားတာပဲတော်၊ ဆွမ်းခံထွက်လာတာနေမှာပေါ့”

 

“ဟ၊ စိန်သာရ၊ ဒီလိုခေါင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာမှာ ဘယ်သူက ကိုရင်ကိုဆွမ်းလှူမလဲကွ၊ သွားကွာ ကိုရင်ဆွမ်းတွေဘာတွေ အဆင်ပြေရဲ့လား မေးလာခဲ့စမ်း”

 

ဦးပန်းရအမိန့်ဖြင့် ဒေါ်စိန်သာလည်း ကိုရင်ကလေးဆီသို့လာခဲ့လိုက်သည်။

 

“ရပ်တော်မူပါအုံးဘုရား”

 

ကိုရင်ကလေးမှာ အသက်ဆယ့်ငါးနှစ်အရွယ်ခန့်ဖြစ်ပြီး ဥပဓိရုပ်အလွန်ကောင်းလေသည်။ သင်္ကန်းကို သေသေသပ်သပ်ဝတ်ရုံထားပြီး မျက်လုံးမျက်ဖန်ကောင်းကောင်း နှာတံပေါ်ပေါ်နှင့်ဖြစ်သည်။ ဒေါ်စိန်သာအော်လိုက်သဖြင့် ကိုရင်ကလေးက ရပ်တန့်သွားသည်။

 

“အရှင်ဘုရား ဆွမ်းရခဲ့ရဲ့လားဘုရား”

 

ကိုရင်ကလေးက ခေါင်းခါပြလေသည်။ ဒေါ်စိန်သာလည်း ကိုရင်ကိုကြည့်ရင်း ကြည်ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်မို့ ကိုရင်အား မန်ကျည်းပင်ကြီးအောက်သို့ ပင့်လာခဲ့တော့သည်။

 

“ကိုပန်းရရေ၊ ကိုရင်သပိတ်က ပြောင်နေတာပဲတော့၊ ဆွမ်းလည်းမစားရသေးဘူးပြောတယ်”

 

“ဟေ၊ ဟုတ်လား၊ ဒါဖြင့်ရင်ငါတို့စားမယ့် ထမင်းကို ကိုရင့်ကိုလှူလိုက်စို့ကွာ”

 

“တကယ်လားတော်၊ ကျုပ်လည်း ကိုရင်ကိုထမင်းလှူမယ်ဆိုပြီး ပင့်လာခဲ့တာပဲ၊ ရှင်စားချင်ရင် တစ်ဝက်ချန်ထား၊ ကျွန်မစားမယ့်တစ်ဝက်ကို ကိုရင်ကိုလှူလိုက်မယ်”

 

“အိုကွာ၊ လှူချင်းလှူ အကုန်လှူမှာပေါ့ကွာ၊ ငါမဆာပါဘူးကွာ”

 

သို့နှင့် ကိုရင်မန်ကျည်းပင်အောက်ရောက်သည့်အခါ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ သူတို့စားသောက်မည့် ထမင်းဟင်းများအားလုံးကို ကိုရင်၏သပိတ်အတွင်းသို့ လှူဒါန်းလိုက်တော့သည်။ နေမွန်းတည့်တော့မည်ဖြစ်သဖြင့် ကိုရင်လည်း ထိုနေရာမှာပင် ဆွမ်းဘုန်းပေးလေသည်။ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ကိုရင်အားပါးတရဆွမ်းဘုန်းပေးသည်ကိုကြည့်ကာ ဝမ်းသာပီတိဖြစ်နေကြသည်။ ကိုရင်မှာ ဦးပန်းရတို့လှူဒါန်းသည့် ဆွမ်းများကို တစ်စေ့မကျန်ပြောင်စင်အောင်ဘုန်းပေးသုံးဆောင်လေသည်။

 

“ဒါနဲ့ ကိုရင်ဘယ်ကျောင်းမှာ သီတင်းသုံးပါသလဲ”

 

“ကိုရင်က အာဂန္တုပါဒကာကြီး၊ ခရီးသွားရင်း ဒီကိုရောက်လာတာပါ”

 

ဦးပန်းရက ကိုရင်နှင့် စကားပြောရန်ကြံစည်နေစဉ်မှာပင် ကိုရင်မှာမန်ကျည်းပင်အောက်မှ ထသွားလေသည်။

 

“ကိုရင် ခရီးဆက်ရအုံးမှာမို့ သွားရတော့မယ်ဒကာကြီး၊ ဒါနဲ့ ဒကာကြီး ယာခင်းထဲကို ခဏလိုက်ခဲ့ပါ”

 

ဦးပန်းရလည်း ကိုရင်အနောက်သို့လိုက်သွားမိသည်။ ကိုရင်မှာ ယာခင်းကြိးကိုဖြတ်သန်းသွားလာနေရင်း တစ်နေရာအရောက်တွင်ရပ်တန့်လိုက်ကာ မြေကြီးအားဖနောင့်နှင့် သုံးချက်ခန့်အသာပေါက်လိုက်လေသည်။ ထို့နောက် ဦးပန်းရဘက်သို့လှည့်လိုက်ကာ

 

“ဒကာကြီးတို့ လင်မယားရဲ့စေတနာတွေ အကျိုးပေးပါစေဒကာကြီး”

 

“တင်ပါ့ဘုရား”

 

ဦးပန်းရမှာ ကိုရင်အားလက်အုပ်ချီလျှက် တစ်ချက်ရှိခိုးလိုက်ပြီး ခေါင်းပြန်အထောင်တွင် ကိုရင်မှာ ပျောက်ခြင်းမလှပျောက်ကွယ်သွားလေသည်။ အနီးအပါးသို့ကြည့်ပြန်သည့်အခါတွင်လည်း လူတစ်ယောက်ပုန်းကွယ်နေနိုင်သည့် ချုံပုတ်၊ သစ်ပင်မရှိဘဲ ယာခင်းအတွင်း ကွင်းခေါင်ခေါင်ကြီးဖြစ်နေသည်က ပိုမိုထူးဆန်းနေလေသည်။ ဦးပန်းရလည်း သရဲအခြောက်ခံရပြီဟု သိလိုက်ကာ ထိုနေရာမှ တဟုန်ထိုးပြေးထွက်လာခဲ့သည်။

 

(ဂ)

 

ဦးပန်းရမှာ ကိုရင်သရဲခြောက်လှန့်လိုက်သည်ကို သိပြီး တစ်နေ့လုံးကြောက်ရွံ့နေမိသည်။ ညနေစောင်းခါနီးတွင် ဒေါ်စိန်သာတစ်ယောက် ပြန်ရန်ပြင်ဆင်နေလေချေပြီ။

 

“စိန်သာ၊ မင်းညနေလာရင် ငသောင်းဆီက နွားဆွဲလာခဲ့အုံးနော်၊ ပြီးတော့ ငါတစ်ယောက်တည်း ညကြီးမင်းကြီး ယာမထွန်ချင်ဘူးကွာ၊ ဒီတော့ မင်းလည်းငါနဲ့အတူတူယာထွန်စမ်းပါကွာ”

 

“အိုတော်၊ အရင်တုန်းကလည်း ရှင်တစ်ယောက်တည်း ထွန်တာမဟုတ်လား”

 

“အရင်တုန်းက နေ့ဘက်ကွ၊ အခုကျတော့ ညဘက်ကြီးကွ၊ ညရေးညတာကျတော့ မြွေပါးကင်းပါးကလည်း ရှိသေးတယ်မဟုတ်လား”

 

ဒေါ်စိန်သာက ပြုံးလိုက်ပြီး

 

“ဟုတ်ပါပြီတော်၊ ရှင်သရဲကြောက်လို့ ကျုပ်ကိုပါ အပါခေါ်နေတာမဟုတ်လား”

 

“ဟာကွာ၊ ငါက ဘယ်ကသရဲကိုကြောက်ရမှာလဲကွ”

 

“ရှင်အပိုလုပ်မနေပါနဲ့ ကိုပန်းရရယ်၊ ရှင်နဲ့ကျုပ်ပေါင်းလာတာ အနှစ်သုံးဆယ်ကျော်ပါပြီတော့၊ နေ့လည်က ကိုရင်သရဲကိုတွေ့ပြီးတော့ ရှင်လန့်နေတယ်မဟုတ်လား”

 

“ဟင်၊ မင်း၊ မင်းက အဲဒီကိုရင်က သရဲဆိုတာကို ဘယ်လိုသိသလဲကွ”

 

“စဉ်းစားတာပေါ့ရှင်၊ ဒီလောက်လူသူမနီးတဲ့နေရာကြီးမှာ ဆွမ်းခံကြွဖို့ထွက်လာတယ်ဆိုကတည်းက ကျုပ်ကတစ်ခုခုပဲလို့ သိပြီးသား၊ ပြီးတော့ ဒီမန်ကျည်းအိုင်ဆိုတာကလည်း အရင်ကတည်း အခြောက်အလှန့်ကြမ်းတယ်ဆိုပြီး ရွာကလူတွေ မလာဝံ့တဲ့နေရာမဟုတ်လား”

 

“မင်းက သိတာတောင် ငါ့ကိုမပြောဘူးကွာ၊ သရဲမှန်းသိရင် တို့စားမယ့်ထမင်းကို ကျွေးပါ့မလားကွ”

 

“ရှင်ကတော့ မဟုတ်တာပဲရှင်၊ ဘာပဲပြောပြော သူ့ဖာသာ သရဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် အရေးမကြိးပါဘူးတော်၊ ကျုပ်တို့က သံဃာတော်တစ်ပါးကို လှူလိုက်ရတယ်ဆိုပြီး လှူလိုက်တာမဟုတ်လား၊ အဲဒါလည်း ကုသိုလ်တစ်မျိုးပေါ့တော်”

 

ထိုညနေတော့ ဒေါ်စိန်သာတစ်ယောက် ထမင်းဟင်းချက်ကာ ဘကြီးသောင်းဆီမှာ နွားတစ်ကောင်ဆွဲရင်း ရွာပြင်သို့ထွက်ခဲ့သည်။ အချိန်မှာ နေဝင်ပြီး နွားရိုင်းသွင်းချိန်ရောက်နေပြီဖြစ်သည်။

 

ညနေစာ စားသောက်ပြီးသောအခါ လင်မယားနှစ်ယောက်လုပ်ငန်းစကြတော့သည်။ လပြည့််နီးပြီမို့ လမင်းကြီးက ထိန်ထိန်သာနေရာ ယာကွင်းတစ်ခွင်လုံး လရောင်ကြောင့် နေ့ခင်းတမျှ လင်းချင်းနေလေသည်။ ဦးပန်းရမှာ နွားတစ်ရှဉ်းကိုထွန်တုံးတပ်ပြီး အရှေ့ကထွန်သွားရာ ဒေါ်စိန်သာက အနောက်မှနေ၍ အဖော်အဖြစ်လိုက်ပေးရသည်။

 

“ကိုပန်းရရေ၊ နွားလေးရတုန်း ယာကိုသေချာညက်အောင် ထွန်နော်ရှင့်”

 

“စိတ်ချစမ်းပါကွာ၊ ငါကမင်းထက်ပိုသိပါတယ်ကွ၊ ညဘက်ဆိုတော့လည်း တစ်ခုကောင်းတယ်ကွ၊ နွားတွေနေမပူတော့ သိပ်မပန်းဘူးပေါ့ကွာ”

 

လင်မယားနှစ်ယောက် စကားတပြောပြောနှင့် ယာထွန်လာရင်း တစ်နေရာအရောက်တွင် ထွန်တုံးမှာတစ်ခုခုနှင့် ငြိသွားသည့်အသံကိုကြားလိုက်ရသည်။

 

“ဟာ၊ သွားပါပြီကွာ၊ ထွန်တော့ကျိုးတော့မှာပဲ”

 

“ဘာလဲတော့၊ အောက်မှာကျောက်တုံးများလား”

 

ဦးပန်းရလည်း ထိုနေရာသို့ဆင်းကာ မြေအောက်ကိုဓါးဖြင့်အသာတူးဖော်လိုက်လေသည်။ ထိုအခါ ကျောက်တုံးအပိုင်းအစတစ်ခုကိုတွေ့ရသည်။

 

“ဟုတ်တယ်၊ ကျောက်တုံးကြီးဟ”

 

“မြန်မြန်တူးပြီး လွင့်ပစ်လိုက်စမ်းပါရှင်”

 

ဦးပန်းရလည်း ကျောက်တုံးအားဖော်ပြီးလွင့်ပစ်မည်ဟု စိတ်ကူးဖြင့် လိုက်လံတူးဖော်တော့သည်။ သို့သော်လည်း ကျောက်တုံးမှာ ကုန်ဆုံးသွားသည်မရှိဘဲ တူးလေလေ၊ ပေါ်လေလေဖြစ်နေကာ အချိန်နာရီဝက်ခန့် တူးဖော်ပြီးသည့်အခါတွင်တော့ လှည်းဘီးဝိုင်းခန့်ရှိသည့် ကျောက်ဖျာကြီးတစ်ချပ် ဖြစ်နေမှန်းသိလိုက်ရသည်။

 

“အလို၊ ကျောက်ဖျာကြီးပါလားတော့”

 

ဦးပန်းရ အလွန်စိတ်ပျက်သွားမိသည်။

 

“ကျောက်ဖျာကြီးခံနေတော့ တို့ဘယ်လိုစိုက်ကြပျိုးကြမလဲကွ”

 

ထိုအချိန် ကောင်းကင်တွင် အလင်းရောင်များတစ်ချက်တစ်ချက်လက်သွားတော့သည်။ ဦးပန်းရတို့လင်မယားလည်း အံ့သြကာကြည့်နေစဉ်တွင် နေလုံးကဲ့သို့ဝင်းထိန်နေသည့် အလုံးတစ်လုံးက တဖြည်းဖြည်းဆင်းသက်လာကာ သူတို့လင်မယားနှင့် ဝါးတစ်ရိုက်အကွာခန့်အမြင့်တွင် ပျံဝဲနေလေတော့သည်။

 

“သရဲ၊ သရဲ”

 

ဦးပန်းရက ကြောက်လန့်တကြားထအော်လေသည်။

 

“ကျုပ်က သရဲမဟုတ်ပါဘူး၊ ကျုပ်က နတ်ကောင်းနတ်မြတ်တစ်ပါးပါ၊ မောင်မင်းတို့လင်မယားရဲ့ သဒ္ဒါတရားနဲ့ ရက်ရောမှုကို ကျုပ်မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ပြီးပါပြီ”

 

“ဒါ ဒါဆို နေ့လည်က ကိုရင်က”

 

“ဟုတ်ပါတယ်၊ အဲဒါကျုပ်ပါပဲ၊ အခုကျုပ်လာတာက မောင်မင်းတို့ရဲ့စေတနာကို ပြန်ပြီးအသိအမှတ်ပြုချင်လို့ပါ၊ အဲဒီကျောက်ဖျာအောက်မှာ ငွေအိုးတွေရှိတယ်၊ ငွေအိုးတွေရဲ့အောက်မှာ ကျောက်ဖျာတွေတစ်ထပ်ပြီးတစ်ထပ်ရှိတယ်၊ တကယ်လို့ မောင်မင်းတို့နဲ့ အဲဒီငွေအိုးတွေနဲ့ ထိုက်တန်တယ်ဆိုရင်တော့ ဟောဒီကျောက်ဖျာကြီးတွေက ဖော့ဖယောင်းလိုပေါ့ပါးပြီးတော့ အလွယ်တကူ မတင်လို့ရနိုင်လိမ့်မယ်၊ မထိုက်တန်ဘူးဆိုရင်တော့ ဘယ်လိုမှ မရနိုင်ဘူး”

 

ထိုသို့ပြောပြီးနောက် အလင်းလုံးကြီးမှာ မိုးပေါ်သို့ပျံတက်ပျောက်ကွယ်သွားလေသည်။ ဦးပန်းရတို့လည်း သူတို့တွေ့ကြုံခဲ့သည့်အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေမိသည်။ လှည်းဘီးဝိုင်းခန့်ရှိပြီး တစ်မိုက်ခန့်ထုထည်ရှိသည့် ကျောက်ဖျာကြီးကို လူတစ်ယောက်တည်း မယူနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်ပေ၊ အနည်းဆုံး လူလေးငါးဆယ်ယောက်ခန့် ဝိုင်းမယူရမည်ဖြစ်သည်။ သို့သော်လည်း ဦးပန်းရမှာ စမ်းသပ်ကြည့်ချင်သည်။

 

“ကဲ စိန်သာရေ၊ ငါတော့ ဒီကျောက်ဖျာကြီးကို မကြည့်မယ်ဟေ့၊ တို့နဲ့ထိုက်သလောက် ယူကြတာပေါ့ကွယ်”

 

ဦးပန်းရမှာ ကိုင်းခုတ်ဓါးရှည်၏ ဓါးဦးချွန်နှင့် ကျောက်ဖျာကြီး၏ အစွန်းတစ်နေရာသို့ အသာထိုးကလော်လိုက်လေသည်။ အလွန်ထူးဆန်းစွာပင် ကျောက်ဖျာကြီးမှာ ဖော့ချပ်ကြီးတစ်ခုကို မယူရသည့်အလား ပေါ့ပါးစွာမြောက်တက်သွားလေသည်။ ဦးပန်းရလည်း ကျောက်ဖျာကြီးကို အသာဖယ်ကြည့်သည့်အခါ ကျောက်ဖျာအောက် မြေကျင်းကြီးအတွင်းတွင် စဉ့်အိုးကြီး ခုနစ်အိုးကိုတွေ့ရလေသည်။ ဦးပန်းရနှင့်် ဒေါ်စိန်သာတို့မှာ မြေကျင်းကြီးအတွင်းသို့ ခုန်ဆင်းလိုက်ပြီးနောက် စဉ့်အိုးကြီးများကို ဖုံးအုပ်ထားသည့် အဖုံးများကိုလှန်ကြည့်လိုက်ရာ အတွင်းတွင် ပြောင်လက်ဝင်းပနေသည့် ငွေပြားများအပြည့်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဘော်ငွေရောင်ဖြူဝင်းနေသည့် ငွေပြားများမှာ လရောင်အောက်တွင်ဝင်းလက်နေလေတော့သည်။ ဦးပန်းရမှာ ထိုငွေပြားများကိုလက်တစ်ဆုပ်နှိုက်ယူလိုက်ပြီးနောက် ဒေါ်စိန်သာကိုကြည့်လိုက်ပြီး

 

“စိန်သာရေ၊ ငါတို့တော့ ဌေးပြီ၊ ဌေးပြီဟေ့”

 

ဒေါ်စိန်သာမှာလည်း ငွေပြားများကိုကြည့်ရင်း အလွန်ပျော်ရွှင်နေကြသည်။ သို့နှင့် လင်မယားနှစ်ယောက် ထိုစဉ့်အိုးကြီးခုနစ်အိုးကို ညတွင်းချင်းပင် အိမ်သို့သယ်ယူကြလေသည်။ စဉ့်အိုးကြီးများ သယ်ပြီးသည့်အခါ အောက်တွင် ကျောက်ဖျာကြီးတစ်ထပ်ကိုထပ်မံတွေ့ရပြန်သေးသည်။ ထိုအဖြစ်ကို ရွာသားများအားမပြောသေးဘဲ သိုသိုသိပ်သိပ်နေကာ နောက်ညများတွင် ကျောက်ဖျာများကို တစ်ထပ်ပြီးတစ်ထပ် ဆက်တူးကြည့်ကြရာ ခုနစ်ခုမြောက်ကျောက်ဖျာအား တူးဖောက်ပြီးသည့်အခါတွင်တော့ အောက်မှကျောက်ဖျာကို ဆက်လက်တူး၍မရတော့ဘဲ အလွန်လေးလံနေလေသည်။ ဦးပန်းရတို့လင်မယားလည်း ထိုက်သည့်ကံကုန်ပြီဟု သတ်မှတ်ကာ ထိုကျောက်ဖျာတွင်းကြီးကို မြေသားများဖြင့် ဖုံးအုပ်လိုက်လေတော့သည်။

 

(ဃ)

 

ငွေအိုး လေးဆယ့်ကိုးလုံး ရသဖြင့် ဦးပန်းရတို့လင်မယားမှာ နေ့ချင်းညချင်း သူဌေးသူကြွယ်များဖြစ်သွားကြလေတော့သည်။ မုန်တိုင်ရွာတစ်ခွင်သာမက အနီးအပါးမြို့ရွာများမှပါ ဦးပန်းရတို့ငွေအိုးများကို လာရောက်ကြည့်ရှုကြလေသည်။ ဦးပန်းရတို့လင်မယားမှာ မုန်တိုင်ရွာအတွင်းတွင် အလွန်ကြီးကျယ်ခမ်းနားလှသည့် အိမ်ကြီးတစ်အိမ်ကိုတည်ဆောက်ကာ နေထိုင်ကြသည်။ အိမ်ကြီးမှာ အလွန်ကြီးမားလှပြီး တိုင်ပေါင်းရာချီရှိကာ တစ်ရွာလုံး၊ တစ်နယ်လုံးတွင်အကြီးဆုံးအိမ်ကြီးဖြစ်သည်မို့ ဦးပန်းရတို့လင်မယားအား ယခင်က ခေါ်ဝေါ်ခဲ့သည့်အတိုင်း အိမ်ကြီးရှင်များဟု ခေါ်ဝေါ်သမုတ်ကြလေသည်။

 

ဦးပန်းရတို့ ငွေအိုးရသည့်သတင်းမှာ မင်းနေပြည်တော် အင်းဝအထိသတင်းမွှေးခဲ့ပြီး အင်းဝပြည့်ရှင် မဟာဓမ္မရာဇာဓိပတိမင်းကြီးကိုယ်တိုင် ဦးပန်းရကို ခေါ်ယူတွေ့ဆုံခဲ့လေသည်။ ဦးပန်းရမှာ ကြွယ်ဝချမ်းသာသွားသည်မို့ သူ့အား သူဌေးဘွဲ့ချီးမြှင့်ပါရန် မင်းကြီးအားလျှောက်တင်ခဲ့သည်။ မဟာဓမ္မရာဇာဓိပတိမင်းကြီးက ဦးပန်းရအား မည်မျှချမ်းသာသနည်းဟု မေးသည့်အခါ ဦးပန်းရမှာ သူရရှိထားသည့် ငွေပြားများဖြင့် မုန်တိုင်ရွာမှ အင်းဝနေပြည်တော်အထိ ငွေပြားချင်းထပ်ကာ ငွေလမ်းဖောက်နိုင်သည်အထိ ချမ်းသာပါသည်ဟု တင်လျှောက်ခဲ့လေသည်။ သို့သော်လည်း မင်းကြီးက ဦးပန်းရတို့မှာ သူဌေးမျိုးရိုးမဟုတ်သဖြင့် သူဌေးဘွဲ့မပေးဘဲ သူကြွယ်ဘွဲ့သာ ချီးမြှင့်ခဲ့လေတော့သည်။

 

ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ကြသည့်အတိုင်း မြန်မာသက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် မုန်တိုင်ရွာမြောက်ဘက်တွင် ကြီးကျယ်ခမ်းနားလှသည့် အုတ်ကျောင်းကြီးတစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအုတ်ကျောင်းတော်ကြီးမှာ ထုထည်ကြီးမားခိုင်ခန့်လှပြီး အလျား (၁၁၆) ပေ၊ အနံ (၈၅)ပေ၊ အမြင့် ပေ(၈၀)ရှိလေသည်။ အုတ်ကျောင်းအောက်ခြေတွင် လှိုဏ်မုခ် လေးဆယ့်ကိုးခုပါဝင်ပြီး၊ ဒုတိယထပ်တွင်တော့ မုခ်ဦးဆယ့်နှစ်ခုပါဝင်ကာ အပေါ်ဆုံးအထပ်သို့ လှေကားဖြင့်တက်သွားရပြီး အပေါ်ဆုံးတွင် ပေနှစ်ဆယ်၊ ဆယ်ပေပတ်လည်ရှိသည့် ဘုရားခန်းတစ်ခုပါဝင်လေသည်။ အုတ်ကျောင်းကြီးတစ်ခုလုံးကို အင်းဝခေတ် ပန်းတမော့ဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားပြီး ထိုအုတ်ကျောင်းကြီး၏ ပုံစံမှာ အင်းဝတွင်တည်ရှိသည့်် မယ်နုအုတ်ကျောင်းနှင့် တစ်ပုံစံတည်းတူညီလေသည်။ မုန်တိုင်အုတ်ကျောင်းမှာ မယ်နုအုတ်ကျောင်းထက် အနည်းငယ် သေးငယ်သည်ကလွဲ၍ တည်ဆောက်ပုံ ဗိသုကာပုံစံများမှာ တပုံစံတည်းဖြစ်သည်။ မယ်နုအုတ်ကျောင်းရောက်ဖူးသူများဆိုလျှင် မျက်စိထဲမြင်ယောင်နိုင်မည်ဖြစ်သည်။ အုတ်ကျောင်းတည်ဆောက်ခဲ့သည့် ၁၁၁၁ ခုနှစ်ကိုအစွဲပြု၍ “ဥသြအော်အစ် အုတ်ကျောင်းသက္ကရာဇ်” ဟု အများက မှတ်ယူခဲ့ကြလေသည်။

 

ဦးပန်းရနှင့် ဒေါ်စိန်သာတို့ တူးဖော်ရရှိခဲ့သည့် ကျောက်ဖျာကြီးခုနစ်ချပ်မှာလည်း မုန်တိုင်အုတ်ကျောင်းတော်ကြီး၏ အရှေ့မြောက်ဘက်တွင် အများပြည်သူကြည့်ရှုနိုင်စေရန်ချပြထားရာ ယနေ့ထက်တိုင်တွေ့မြင်နိုင်သေးသည်။ ထို့အတူ ဦးပန်းရနှင့် ဒေါ်စိန်သာတို့ ငွေအိုးများရခဲ့သည့်နေရာအား “ငွေအိုးရကွင်း”ဟု ခေါ်ဆိုကြကာ မြေတိုင်းမြေပုံထဲတွင်ပင် ထိုအမည်ဖြင့်မှတ်သားထားပါသည်။ မုန်တိုင်နှင့် မိတ္တီလာမြို့အနီးတွင်တော့ ဦးပန်းရနှင့် ဒေါ်စိန်သာတို့၏ ဇာတ်လမ်းမှာ ယနေ့ထက်တိုင်ပြောစမှတ်တွင်ကျန်နေသေးသည်။ ဦးပန်းရတို့နေထိုင်ခဲ့သည့်အိမ်ကြီးများ သစ်များဖြင့်ဆောက်လုပ်ခဲ့သဖြင့် ယနေ့အထိ မကျန်ရစ်ခဲ့တော့သော်လည်း တစ်ချိန်က ဆင်းရဲလွန်းလှသည့် ဆင်းရဲသားလင်မယားနှစ်ယောက် စေတနာသဒ္ဒါတရားကြောင့် ချက်ချင်းလက်ငင်းချမ်းသာခဲ့ရသည့် ဇာတ်လမ်း၏ သမိုင်းအဖြစ် မုန်တိုင်အုတ်ကျောင်းတော်ကြီးမှာ ယနေ့ထက်တိုင်တည်ရှိနေပါသေးသည်။

 

သို့ဖြစ်ပါ၍ စာရှုသူများအနေဖြင့် ဦးပန်းရနှင့် ဒေါ်စိန်သာတို့လှူဒါန်းခဲ့သည့် မုန်တိုင်အုတ်ကျောင်းတော်ကြီးဆီသို့ သွားရောက်လည်ပတ်လေ့လာချင်ပါလျှင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာပြီး (၂၈၅) မိုင် သီးကုန်းယဉ်ရပ်နားစခန်းမှ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းသို့ ချိုးကွေ့ပြီး ဆယ်မိနစ်ခန့်မောင်းနှင်လိုက်ပါလျှင် မုန်တိုင်ရွာသို့ရောက်နိုင်ပေသည်။ ထိုကားလမ်းနံဘေးမှာပင် ဖြူဖြူလွှလွှနှင့် မားမားမတ်မတ်တည်ရှိနေသည့် မုန်တိုင်အုတ်ကျောင်းတော်ကြီးကို တွေ့မြင်ကာ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာနီးပါးခန့်က ဦးပန်းရနှင့် ဒေါ်စိန်သာတို့၏ ဇာတ်ကြောင်းများကို ပြန်ပြောင်းသတိရ အောက်မေ့နိုင်မည်ဖြစ်ပါကြောင်း။

 

ပြီးပါပြီ၊

ကိုတင်လှိုင်(မိတ္တီလာ) အား ကျေးဇူးအထူးတင်ရှိပါသည်။

 

#အဂ္ဂဇော်

မုန္တိုင္ေငြသိုက္(စဆုံး)

(ဤဇာတ္လမ္းသည္ ျဖစ္ရပ္မွန္တစ္ခုအေပၚအေျခခံ၍ ေရးသားတင္ဆက္ထားျခင္းျဖစ္ပါသည္)

(က)

အခ်ိန္ကာလအားျဖင့္ ျမန္မာသကၠရာဇ္ ၁၁၀၉ ခုနစ္ခန႔္ျဖစ္သည္၊ ေညာင္ရမ္းမင္းဆက္၏ ေနာက္ဆုံးမင္းဆက္ျဖစ္ေသာ မဟာဓမၼရာဇာဓိပတိမင္းႀကီးသည္ အင္းဝၿမိဳ႕တြင္ထီးနန္းစိုက္ကာ အထက္ျမန္မာျပည္တစ္ဝွမ္း အုပ္ခ်ဳပ္စိုးစံေနသည့္ကာလလည္းျဖစ္ေပသည္။ ျမန္မာျပည္အလယ္ပိုင္း မိတၱီလာၿမိဳ႕အနီးတြင္ မုန္တိုင္႐ြာႀကီးတည္ရွိသည္၊ ႐ြာႀကီးဟူသည့္အတိုင္း မုန္တိုင္႐ြာမွာ အိမ္ေျခရာႏွင့္ခ်ီကာတည္ရွိၿပီး စည္ကားသည့္႐ြာတစ္႐ြာျဖစ္သည္။ ႐ြာသူ႐ြာသားမ်ားမွာ ေတာင္သူလယ္သမားမ်ားျဖစ္သည့္အတိုင္း လယ္မ်ားဖြဲ႕ကာ စပါးစိုက္ျခင္း၊ ယာခင္းမ်ားခင္းကာ ေျမပဲ၊ ႏွမ္း၊ ဝါ၊ ပဲစင္းငုံစသည့္ သီးႏွံမ်ားကိုစိုက္ပ်ိဳးၾကကာ အသက္ေမြးျမဴၾကသူမ်ားျဖစ္ေလသည္။

႐ြာသူ႐ြာသားမ်ားမွာ ဗုဒၶဘာသာကို အထူးကိုးကြယ္ယုံၾကည္သူမ်ားျဖစ္သည့္အေလွ်ာက္ လယ္ယာသီးႏွံမ်ားထြက္ေပၚသည့္အခါ အလႉအတန္းမ်ားေပးျခင္း၊ ႐ြာအနီးတစ္ဝိုက္တြင္ ဘုရား၊ ေက်ာင္း၊ ကန္၊ ေစတီပုထိုးမ်ားႏွင့္ သာသနိကအေဆာက္အအုံမ်ားကိုလႉဒါန္းျခင္းမ်ားကို အစဥ္ျပဳလုပ္ေလ့ရွိၾကသည္။

ထိုမုန္တိုင္႐ြာ၏ ေတာင္ဘက္ ႐ြာစြန္အစပ္အဖ်ားတြင္ေတာ့ ဦးပန္းရႏွင့္ ေဒၚစိန္သာအမည္ရ ဆင္းရဲသားလင္မယားႏွစ္ေယာက္ေနထိုင္ၾကသည္။ ဦးပန္းရတို႔မွာ ေငြေၾကးမတတ္ႏိုင္သူမ်ားျဖစ္သည့္အတြက္ ႐ြာအနီးမွ ယာခင္းမ်ားကို ဝယ္ယူမလုပ္ကိုင္ႏိုင္ဘဲ ႐ြာႏွင့္ခပ္လွမ္းလွမ္း ေတာစပ္ရွိကြင္းမ်ားကို ရွင္းလင္းကာ ဓါးမဦးခ်စနစ္ျဖင့္ ယာထြက္သီးႏွံမ်ားကို စိုက္ပ်ိဳးၾကသူမ်ားျဖစ္သည္။ မုန္တိုင္႐ြာအဆင္းရဲဆုံးလူမ်ားဟုဆိုလိုက္လွ်င္ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔လင္မယားမွာ နံပါတ္တစ္ပထမေနရာရွိမည္ျဖစ္သည္။

ဦးပန္းရမွာ အသက္ငါးဆယ္ေက်ာ္ ေျခာက္ဆယ္နီးပါးျဖစ္ၿပီး ေဒၚစိန္သာမွာလည္း ဦးပန္းရႏွင့္ အသက္သိပ္မကြာလွေပ၊ သူတို႔လင္မယားႏွစ္ဦးမွာ ငယ္လင္ငယ္မယားမ်ားျဖစ္ေသာ္လည္း ေရွးဘဝကုသိုလ္ကံအက်ိဳးေပးမေကာင္းသည့္အတြက္ သားသမီးမဖြံ႕ၿဖိဳးခဲ့ေပ၊ မုန္တိုင္႐ြာအျပင္တြင္ ဦးပန္းရတို႔မွာ တဲကုပ္ကေလးတစ္လုံးထိုးကာ ေနထိုင္ေလသည္။ အဘိုးႀကီးအဘြားႀကီးလင္မယားႏွစ္ေယာက္တည္းသာ ေနထိုင္သည့္တဲျဖစ္သျဖင့္ ေျမစိုက္တဲကုပ္ေသးေသးကေလးျဖစ္ကာ ေက်ာခ်႐ုံခန႔္သာ က်ယ္ဝန္းသည္။ ထို႔ေၾကာင့္ ႐ြာမွ ႐ြာသူ႐ြာသားမ်ားက ဦးပန္းရတို႔လင္မယားအား “အိမ္ႀကီးရွင္” ဟူ၍ ေနာက္ေျပာင္က်ီစယ္ကာ ေခၚေဝၚၾကေလသည္။

“မယ္စိန္ေရ၊ တို႔မနက္ျဖန္ ယာခင္းကိုထြန္ရေအာင္ေဟ့၊ အဲဒါ ႐ြာထဲသြားၿပီး ႏြားတစ္ေကာင္ေလာက္ ငွားခဲ့စမ္းပါကြာ”

“အင္းပါေတာ္၊ က်ဳပ္ဒီညေနပဲ ႐ြာထဲဆင္းၿပီး ႏြားတစ္ေကာင္ေလာက္ လိုက္ငွားၾကည့္ပါမယ္”

“ေအးကြာ၊ အခုက မိုးဦးက်ဆိုေတာ့ လယ္လုပ္တဲ့လူက လယ္ထြန္၊ ယာလုပ္တဲ့လူကလည္း ယာထြန္နဲ႔ဆိုေတာ့ ႐ြာထဲကႏြားေတြလည္း သိပ္အားၾကမွာမဟုတ္ဘူးကြ၊ ၿပီးေတာ့ ငါတို႔ကလည္း သူမ်ားေတြလို ေငြေၾကးအသျပာမေပးႏိုင္ဘူးဆိုေတာ့ ငွားရမွာ ခက္မယ္ထင္ပါတယ္ကြာ”

“ဒါေပါ့ရွင္၊ ကိုယ္ကလိုခ်င္တဲ့သူပဲ၊ ဒီလိုပဲ မ်က္ႏွာေအာက္ခ်ၿပီးေတာ့ ငွားရမွာေပါ့ေတာ္၊ ေၾသာ္၊ ဒါနဲ႔ ဒီႏွစ္ က်ဳပ္တို႔ဘယ္နားမွာ ယာလုပ္မလဲေတာ့”

ဦးပန္းရက သူေသာက္ေနသည့္ ေျမေဆးတံႀကီးကို တစ္ခ်က္ဖြာရႈိက္လိုက္ရင္း

“ေအးကြ၊ တို႔လုပ္ေနက်ယာက ေျမဆီမေကာင္းေတာ့ ဒီႏွစ္ ေဟာဟိုအေနာက္ဘက္က မန္က်ည္းအိုင္ဘက္က ကြင္းမွာစိုက္မယ္လို႔စိတ္ကူးထားတယ္၊ အဲဒီေျမေတာင္မွ ငါတစ္ေယာက္တည္း ရွင္းလင္းၿပီးေနၿပီဟ”

မိုးတစ္ၿပိဳက္ႏွစ္ၿပိဳက္႐ြာလိုက္ၿပီမို႔ မိုးဦးက်ယာထြန္ယက္ရေတာ့မည့္အခ်ိန္ျဖစ္ေနၿပီျဖစ္သည္၊ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔မွာ ဆင္းရဲလြန္းသျဖင့္ ႏြားတစ္ရွဥ္းပင္မရွိေပ၊ ႏြားျပာအိုႀကီးတစ္ေကာင္သာ အိမ္တြင္ရွိသည့္အတြက္ ထြန္ယက္မည့္အခ်ိန္မ်ိဳးဆိုလွ်င္ ႐ြာထဲလွည့္ကာ ႏြားတစ္ေကာင္ေခ်းငွားရစၿမဲျဖစ္သည္။ ႐ြာသူ႐ြာသားမ်ားမွာ ေတာင္သူလယ္သမားမ်ားျဖစ္သည္မို႔ မိုးဦးက်အခ်ိန္ ႏြားမ်ားအလုပ္မအားတတ္ျဖစ္ရာ ေတာ္႐ုံတန္႐ုံႏြားေခ်းငွားသူရွားေလသည္။ ယခုလည္း ေဒၚစိန္သာတစ္ေယာက္ ညစာစားၿပီးေသာအခါ မုန္တိုင္႐ြာဘက္သို႔လွည့္ထြက္လာခဲ့သည္။

“ကိုႀကီးေသာင္းေရ၊ ညီမတို႔ယာကေလးထြန္ခ်င္လို႔ ႏြားတစ္ေကာင္ေလာက္ တစ္ေနကုန္ေလာက္ ငွားစမ္းပါေတာ့”

“အိုဟာ၊ ငါလည္း ငါ့လယ္ေတြကို ထြန္ေနရေသးတယ္ဟ၊ ညည္းကိုငါ ငွားခ်င္ပါတယ္”

“ကိုႀကီးေသာင္းရယ္၊ ကိုႀကီးေသာင္းဆီမွာက ႏြားက အေကာင္အစိတ္ေတာင္ရွိတာမဟုတ္လား၊ တစ္ေကာင္တစ္ေလေလာက္ရရင္ အဆင္ေျပပါတယ္ရွင္”

“ခက္တာပဲ မစိန္သာရာ၊ ငါ့မွာႏြားမ်ားေပမယ့္ ခိုင္းႏြားကနည္းသဟ၊ ၿပီးေတာ့ နင္ငွားမွာက တစ္ေနကုန္ေတာင္မဟုတ္လား၊ ငါ့လယ္ေတြေတာင္မွ ထြန္မၿပီးေသးတာ နင့္ကိုဘယ္လိုငွားမလဲ”

“က်ဳပ္တို႔လည္း ဒီႏွစ္ယာသိမ္းရင္ေတာ့ ႏြားေလးတစ္ေကာင္ေလာက္ရေအာင္ စုၿပီးဝယ္မွာပါ ကိုႀကီးေသာင္းရယ္၊ ႏြားႏွစ္ေကာင္ရွိရင္ အခုလိုငွားစရာမလိုေတာ့ပါဘူး၊ ကိုႀကီးေသာင္းသာ မကူညီရင္ က်ဳပ္တို႔ဒီႏွစ္ ယာအခ်ိန္မီမက်ဲႏိုင္ပဲေနေတာ့မွာေပါ့”

ဘႀကီးေသာင္းလည္း သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေနာက္

“ေအးေလ၊ ငါလည္းေတာင္သူ၊ နင္လည္းေတာင္သူဆိုေတာ့ ေတာင္သူအခ်င္းခ်င္း ငါကိုယ္ခ်င္းစာပါတယ္၊ ဒီလိုလုပ္ဟာ၊ နင့္ကိုငါ ေန႔ခင္းဘက္ေတာ့မငွားႏိုင္ဘူး၊ ငါ့ခိုင္းႏြားေတြထြန္ယက္ၿပီး ျပန္လာတဲ့ ညပိုင္းေတာ့ နင့္ကိုငါ ငွားႏိုင္ပါတယ္၊ ဘယ္လိုလဲ အဆင္ေျပရဲ႕လား၊ ငွားတဲ့အဖိုးအခကေတာ့ ညည္းတို႔ယာထြက္တဲ့အခါ ၾကည့္ေပးေပါ့ဟာ”

ေဒၚစိန္သာလည္း ေ႐ြးခ်ယ္စရာမရွိေတာ့ေပ၊ ညဘက္ေပးငွားသည္ကိုကပင္ ေက်းဇူးတင္စရာေကာင္းေနသျဖင့္ ေခါင္းညိတ္ကာ ျပန္လာခဲ့ေတာ့သည္။ အိမ္ျပန္ေရာက္သည့္အခါ ခင္ပြန္းျဖစ္သူ ဦးပန္းရအား အက်ိဳးအေၾကာင္းေျပာျပသည့္အခါ ဦးပန္းရမွာ ေဒါသထြက္ေတာ့သည္။

“ႀကံႀကီးစည္ရာကြာ၊ ယာကိုညဘက္မွ ထြန္ရမွာတဲ့လားကြ၊ ဒီေကာင္ငေသာင္း ဒါသက္သက္ငါတို႔ကို ႏွိမ္တာပဲ”

“ဒီလိုမေျပာပါနဲ႔ ကိုပန္းရရယ္၊ က်ဳပ္တို႔ကိုငွားေပးတာနဲ႔တင္ ေက်းဇူးတင္ဖို႔ေကာင္းေနပါၿပီ၊ မုန္တိုင္မွာ ႏြားေကာင္ေရ အမ်ားႀကီးရွိတာ ဘယ္သူကမ်ားက်ဳပ္တို႔ကို အေရးတယူလုပ္ၿပီး ငွားဖူးလို႔လဲေတာ့”

ဦးပန္းရမွာ ေဒါသထြက္ထြက္ႏွင့္ ႐ြာဘက္သို႔ၾကည့္ကာ

“လုပ္ထားစမ္းပါကြာ၊ ေျမနိမ့္ရာလွံစိုက္တတ္တဲ့လူေတြ၊ မ်က္ႏွာႀကီးမွ ေပါင္းတတ္သင္းတတ္တဲ့လူေတြ လုပ္ထားအုံးေပါ့၊ ငါခ်မ္းသာတဲ့တစ္ေန႔ မင္းတို႔ကို ေငြထုတ္ႀကီးနဲ႔ ေပါက္ျပမယ္ကြ”

ဦးပန္းရက ခါးေထာက္ကာ ႀကိမ္းဝါးလိုက္ေလသည္။ ေဒၚစိန္သာကေတာ့ ၿပဳံးလွ်က္

“ကိုပန္းရရယ္၊ ရွင့္မွာလည္း အႀကံႀကီးလိုက္တာ၊ လူကျဖင့္ အသက္ငါးဆယ္ေက်ာ္ၿပီး ေသခါနီးေနၿပီ၊ ရွင့္လိုလူက ဒီတစ္သက္ခ်မ္းသာပါအုံးမလား”

ဦးပန္းရမွာ ေဒၚစိန္သာ၏စကားကို ျပန္မတုံ႔ျပန္ႏိုင္သျဖင့္ ႏႈတ္ဆိတ္ကာေနလိုက္မိသည္။

(ခ)

ဦးပန္းရတို႔လင္မယားမွာ ဆင္းရဲလွေသာ္လည္း ဘာသာတရားအလြန္ကိုင္းရႈိင္းသူမ်ားျဖစ္ၾကေလသည္။ မနက္ေစာေစာစီးစီးအိပ္ရာထၿပီးသည္ႏွင့္ ေဒၚစိန္သာတစ္ေယာက္ ဆြမ္းခ်က္ရေလသည္။ ဆြမ္းဆိုေသာ္လည္း ထမင္းေကာင္းမစားႏိုင္ေပ၊ ဆန္ႏွင့္အတူ လူးဆန္ကိုေရာေႏွာခ်က္ျပဳတ္ထားသည့္ ဆင္းရဲသားဆန္ၾကမ္းထမင္းျဖစ္ေလသည္။ ဟင္းမွာလည္း မယ္မယ္ရရသိပ္မရွိေပ၊ ငါးပိေကာင္၊ ငါးေျခာက္သာ ဟင္းေကာင္းလုပ္၍စားေသာက္ရသည္။ အသီးအႏွံအတြက္မူ အိမ္ၿခံအေနာက္ဘက္တြင္ စိုက္ပ်ိဳးထားသည့္ ဖ႐ုံ၊ သခြား၊ င႐ုတ္၊ ခ်ဥ္ေပါင္ကိုသာ ဟင္းလုပ္၍ခ်က္ရသည္။

မနက္ေနထြက္သည့္အခ်ိန္တြင္ မုန္တိုင္ေက်ာင္းမွ သံဃာေတာ္မ်ားက ဆြမ္းခံႂကြေလသည္။ ထိုေန႔ေတာ့ ေဒၚစိန္သာတစ္ေယာက္ ဆြမ္းေလာင္းရန္ ဆြမ္းပန္းကန္ယူကာထြက္လိုက္စဥ္ ဦးပန္းရက ေဒၚစိန္သာထံမွ ဆြမ္းပန္းကန္ကို လွမ္းယူလိုက္ေလသည္။

“အလို၊ က်ားသားမိုးႀကိဳး၊ ဒီေန႔ရွင္ဆြမ္းေလာင္းမလို႔လား”

“ေအးကြာ၊ တို႔ေတြအခုလိုဆင္းရဲေနတယ္ဆိုတာ အတိတ္ဘဝက ကုသိုလ္ေကာင္းမႈလုပ္တာ အားနည္းခဲ့လို႔မဟုတ္လား၊ ငါကေတာ့ ဒီဘဝပဲအဆင္းရဲခံမယ္၊ ေနာက္ဘဝေတာ့ မဆင္းရဲေစရေတာ့ဘူးေဟ့၊ ရသေလာက္ကုသိုလ္ေကာင္းမႈ ဒါနေတြကို ကိုယ္တတ္ႏိုင္သေလာက္ မ်ားမ်ားလုပ္မယ္လို႔ ဆုံးျဖတ္လိုက္ၿပီ”

ဦးပန္းရေျပာသည့္အခါ ေဒၚစိန္သာက မ်က္ႏွာကိုတစ္ခ်က္မဲ့လိုက္ၿပီး

“ေအာင္မယ္ေလး၊ ဒါေတြက က်ဳပ္ေန႔တိုင္းလုပ္ေနတာပါေတာ္၊ ဆြမ္းေလာင္းလို႔ခ်မ္းသာေၾကးဆိုရင္ က်ဳပ္အႏွစ္ႏွစ္ဆယ္ေလာက္ တစ္ရက္မျပတ္ဆြမ္းေလာင္းလာတာနဲ႔တင္ သူေဌးမႀကီးျဖစ္ေနပါၿပီေတာ့”

မနက္ခင္းဆြမ္းေလာင္းၿပီးသည့္အခါ ဦးပန္းရမွာ နံနက္စာ စားေသာက္ၿပီး ယာခင္းထဲသို႔ဆင္းရန္ျပင္ေတာ့သည္။ ေတာခုတ္ဓါးရွည္တစ္လက္ႏွင့္ ေတာင္းႀကီးတစ္လုံးကိုဆြဲယူလိုက္ေလသည္။

“ကဲ စိန္သာေရ၊ ငါမန္က်ည္းအိုင္ဘက္ကြင္းကို ဆင္းလိုက္အုံးမယ္ေဟ့၊ ညေန ယာထြန္မွာဆိုေတာ့ က်န္ေနတဲ့အပင္ေလးဘာေလး ရွင္းဖို႔ေပါ့ကြာ၊ မင္း ေန႔လည္က်ရင္ ထမင္းလာပို႔ေနာ္ကြ”

“စိတ္ခ်စမ္းပါေတာ္၊ ဒါနဲ႔ ေတာ္လည္း သတိထားအုံးေနာ္၊ မန္က်ည္းအိုင္ဘက္က သရဲၾကမ္းတယ္ဆိုၿပီး လူေတြေျပာေျပာေနတယ္မဟုတ္လား၊ ၿပီးေတာ့ ဥစၥာေစာင့္ဆိုလား၊ သိုက္နန္းရွင္ဆိုလား အဲဒါေတြလည္း ခဏခဏေတြ႕တတ္တယ္ဆို”

“ေတြ႕ပါေစကြာ၊ ေတြ႕ပါေစ၊ ဥစၥာေစာင့္ေတြ၊ သိုက္နန္းရွင္ေတြလာလို႔ကေတာ့ ဒင္းတို႔ကိုဖမ္းၿပီး ေ႐ႊေတြ၊ ေငြေတြေတာင္းပစ္လိုက္စမ္းမယ္””

ဦးပန္းရက ခပ္႐ြဲ႕႐ြဲ႕ေျပာလိုက္ၿပီး အိမ္မွထြက္သြားေလေတာ့သည္။ ေဒၚစိန္သာလည္း ေန႔ခင္းစာအတြက္ ခ်က္ျပဳတ္ျပင္ဆင္ရင္း အိမ္မႈကိစၥမ်ားႏွင့္ အခ်ိန္ကုန္ေနေလေတာ့သည္။ ခ်က္ျပဳတ္ျပင္ဆင္ၿပီး ေန႔ဆြမ္းခံျပန္ဝင္ခ်ိန္ခန႔္တြင္ ေဒၚစိန္သာတစ္ေယာက္ ခံေတာင္းကေလး႐ြက္ကာ အိမ္မွထြက္လာခဲ့ေတာ့သည္။ ခံေတာင္းထဲတြင္ေတာ့ သူတို႔လင္မယားစားေသာက္ဖို႔ရန္အတြက္ ထမင္းႏွင့္ဟင္းမ်ားကိုသယ္ေဆာင္လာခဲ့သည္။

မန္က်ည္းအိုင္ကြင္းမွာ ႐ြာႏွင့္အေတာ္လွမ္းလွမ္းေဝးကြာသည္ျဖစ္ရာ ေဒၚစိန္သာတစ္ေယာက္ အေတာ္ကေလးသြားယူရေလသည္။ ယာခင္းသို႔ေရာက္သည့္အခ်ိန္ ဦးပန္းရမွာ ယာခင္းေျမာက္ဘက္ရွိ ႏွစ္ခ်ိဳ႕မန္က်ည္းပင္ႀကီးေအာက္တြင္ထိုင္ကာ အနားယူေနသည္ကိုေတြ႕ရသည္၊ ထိုမန္က်ည္းပင္ႀကီးအနီးတြင္ေတာ့ စိမ္းစိုေနသည့္ သဘာဝေရၾကည္အိုင္ကေလးတစ္အိုင္ရွိသည့္အတြက္ ထိုယာခင္အား မန္က်ည္းအိုင္ဟု ေခၚဆိုၾကျခင္းျဖစ္သည္။ ေဒၚစိန္သာမွာ မန္က်ည္းပင္ႀကီးေအာက္သို႔ဝင္ကာ ဦးပန္းရအနီးတြင္ထိုင္လိုက္သည္။

“ရွင္ ေနရာေ႐ြးတာ မဆိုးဘူးကိုပန္းရ၊ ေရအိုင္ကေလးလည္းရွိေတာ့ သုံးဖို႔ျပဳဖို႔ ပူစရာမလိုေတာ့ဘူးေပါ့ရွင္”

“အဲဒါေတြ အသာထားစမ္းပါ၊ ေနမြန္းတည့္ေတာ့မယ္ကြ၊ ငါဗိုက္ဆာလွၿပီ၊ ဒါနဲ႔ ဘာဟင္းခ်က္သလဲ”

“ထုံးစံအတိုင္း လူးဆန္ထမင္းေပါ့ေတာ္၊ ဟင္းကေတာ့ ငါးေျခာက္ကေလး လက္ညႇိဳးေလာက္ ေလးငါးဆယ္ေကာင္ကင္လာတယ္၊ ၿပီးေတာ့ င႐ုတ္သီးဆားေထာင္းေပါ့၊ ဖ႐ုံ႐ြက္ျပဳတ္၊ သခြားသီးနဲ႔ တို႔ေပါ့ေတာ္”

ခံေတာင္းအတြင္းမွ ေဒါင္းလန္းအေသးကေလးထုတ္ကာ လင္မယားႏွစ္ေယာက္ လက္ဆုံစားရန္ျပင္ဆင္လိုက္ၾကသည္။ ထိုစဥ္ ယာခင္းကိုျဖတ္၍ ကိုရင္ေလးတစ္ပါး သပိတ္ပိုက္ၿပီးသြားလာေနသည္ကိုျမင္ေတြ႕လိုက္ရသည္မို႔ လင္မယားႏွစ္ေယာက္ တအံ့တၾသႏွင့္ၾကည့္ေနမိသည္။

“ကိုရင္ႏွယ္၊ ဒီေလာက္ေခါင္တဲ့ေနရာကို ဘာလာလုပ္တာပါလိမ့္”

ဦးပန္းရက ေရ႐ြတ္လိုက္သည္။

“လက္ထဲသပိတ္ပိုက္ထားတာပဲေတာ္၊ ဆြမ္းခံထြက္လာတာေနမွာေပါ့”

“ဟ၊ စိန္သာရ၊ ဒီလိုေခါင္တဲ့ေနရာ၊ ေခ်ာင္က်တဲ့ေနရာမွာ ဘယ္သူက ကိုရင္ကိုဆြမ္းလႉမလဲကြ၊ သြားကြာ ကိုရင္ဆြမ္းေတြဘာေတြ အဆင္ေျပရဲ႕လား ေမးလာခဲ့စမ္း”

ဦးပန္းရအမိန႔္ျဖင့္ ေဒၚစိန္သာလည္း ကိုရင္ကေလးဆီသို႔လာခဲ့လိုက္သည္။

“ရပ္ေတာ္မူပါအုံးဘုရား”

ကိုရင္ကေလးမွာ အသက္ဆယ့္ငါးႏွစ္အ႐ြယ္ခန႔္ျဖစ္ၿပီး ဥပဓိ႐ုပ္အလြန္ေကာင္းေလသည္။ သကၤန္းကို ေသေသသပ္သပ္ဝတ္႐ုံထားၿပီး မ်က္လုံးမ်က္ဖန္ေကာင္းေကာင္း ႏွာတံေပၚေပၚႏွင့္ျဖစ္သည္။ ေဒၚစိန္သာေအာ္လိုက္သျဖင့္ ကိုရင္ကေလးက ရပ္တန႔္သြားသည္။

“အရွင္ဘုရား ဆြမ္းရခဲ့ရဲ႕လားဘုရား”

ကိုရင္ကေလးက ေခါင္းခါျပေလသည္။ ေဒၚစိန္သာလည္း ကိုရင္ကိုၾကည့္ရင္း ၾကည္ညိဳစိတ္မ်ား တဖြားဖြားျဖစ္ေပၚလာသည္မို႔ ကိုရင္အား မန္က်ည္းပင္ႀကီးေအာက္သို႔ ပင့္လာခဲ့ေတာ့သည္။

“ကိုပန္းရေရ၊ ကိုရင္သပိတ္က ေျပာင္ေနတာပဲေတာ့၊ ဆြမ္းလည္းမစားရေသးဘူးေျပာတယ္”

“ေဟ၊ ဟုတ္လား၊ ဒါျဖင့္ရင္ငါတို႔စားမယ့္ ထမင္းကို ကိုရင့္ကိုလႉလိုက္စို႔ကြာ”

“တကယ္လားေတာ္၊ က်ဳပ္လည္း ကိုရင္ကိုထမင္းလႉမယ္ဆိုၿပီး ပင့္လာခဲ့တာပဲ၊ ရွင္စားခ်င္ရင္ တစ္ဝက္ခ်န္ထား၊ ကြၽန္မစားမယ့္တစ္ဝက္ကို ကိုရင္ကိုလႉလိုက္မယ္”

“အိုကြာ၊ လႉခ်င္းလႉ အကုန္လႉမွာေပါ့ကြာ၊ ငါမဆာပါဘူးကြာ”

သို႔ႏွင့္ ကိုရင္မန္က်ည္းပင္ေအာက္ေရာက္သည့္အခါ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔မွာ သူတို႔စားေသာက္မည့္ ထမင္းဟင္းမ်ားအားလုံးကို ကိုရင္၏သပိတ္အတြင္းသို႔ လႉဒါန္းလိုက္ေတာ့သည္။ ေနမြန္းတည့္ေတာ့မည္ျဖစ္သျဖင့္ ကိုရင္လည္း ထိုေနရာမွာပင္ ဆြမ္းဘုန္းေပးေလသည္။ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔မွာ ကိုရင္အားပါးတရဆြမ္းဘုန္းေပးသည္ကိုၾကည့္ကာ ဝမ္းသာပီတိျဖစ္ေနၾကသည္။ ကိုရင္မွာ ဦးပန္းရတို႔လႉဒါန္းသည့္ ဆြမ္းမ်ားကို တစ္ေစ့မက်န္ေျပာင္စင္ေအာင္ဘုန္းေပးသုံးေဆာင္ေလသည္။

“ဒါနဲ႔ ကိုရင္ဘယ္ေက်ာင္းမွာ သီတင္းသုံးပါသလဲ”

“ကိုရင္က အာဂႏၲဳပါဒကာႀကီး၊ ခရီးသြားရင္း ဒီကိုေရာက္လာတာပါ”

ဦးပန္းရက ကိုရင္ႏွင့္ စကားေျပာရန္ႀကံစည္ေနစဥ္မွာပင္ ကိုရင္မွာမန္က်ည္းပင္ေအာက္မွ ထသြားေလသည္။

“ကိုရင္ ခရီးဆက္ရအုံးမွာမို႔ သြားရေတာ့မယ္ဒကာႀကီး၊ ဒါနဲ႔ ဒကာႀကီး ယာခင္းထဲကို ခဏလိုက္ခဲ့ပါ”

ဦးပန္းရလည္း ကိုရင္အေနာက္သို႔လိုက္သြားမိသည္။ ကိုရင္မွာ ယာခင္းႀကိးကိုျဖတ္သန္းသြားလာေနရင္း တစ္ေနရာအေရာက္တြင္ရပ္တန႔္လိုက္ကာ ေျမႀကီးအားဖေနာင့္ႏွင့္ သုံးခ်က္ခန႔္အသာေပါက္လိုက္ေလသည္။ ထို႔ေနာက္ ဦးပန္းရဘက္သို႔လွည့္လိုက္ကာ

“ဒကာႀကီးတို႔ လင္မယားရဲ႕ေစတနာေတြ အက်ိဳးေပးပါေစဒကာႀကီး”

“တင္ပါ့ဘုရား”

ဦးပန္းရမွာ ကိုရင္အားလက္အုပ္ခ်ီလွ်က္ တစ္ခ်က္ရွိခိုးလိုက္ၿပီး ေခါင္းျပန္အေထာင္တြင္ ကိုရင္မွာ ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္သြားေလသည္။ အနီးအပါးသို႔ၾကည့္ျပန္သည့္အခါတြင္လည္း လူတစ္ေယာက္ပုန္းကြယ္ေနႏိုင္သည့္ ခ်ဳံပုတ္၊ သစ္ပင္မရွိဘဲ ယာခင္းအတြင္း ကြင္းေခါင္ေခါင္ႀကီးျဖစ္ေနသည္က ပိုမိုထူးဆန္းေနေလသည္။ ဦးပန္းရလည္း သရဲအေျခာက္ခံရၿပီဟု သိလိုက္ကာ ထိုေနရာမွ တဟုန္ထိုးေျပးထြက္လာခဲ့သည္။

(ဂ)

ဦးပန္းရမွာ ကိုရင္သရဲေျခာက္လွန႔္လိုက္သည္ကို သိၿပီး တစ္ေန႔လုံးေၾကာက္႐ြံ႕ေနမိသည္။ ညေနေစာင္းခါနီးတြင္ ေဒၚစိန္သာတစ္ေယာက္ ျပန္ရန္ျပင္ဆင္ေနေလေခ်ၿပီ။

“စိန္သာ၊ မင္းညေနလာရင္ ငေသာင္းဆီက ႏြားဆြဲလာခဲ့အုံးေနာ္၊ ၿပီးေတာ့ ငါတစ္ေယာက္တည္း ညႀကီးမင္းႀကီး ယာမထြန္ခ်င္ဘူးကြာ၊ ဒီေတာ့ မင္းလည္းငါနဲ႔အတူတူယာထြန္စမ္းပါကြာ”

“အိုေတာ္၊ အရင္တုန္းကလည္း ရွင္တစ္ေယာက္တည္း ထြန္တာမဟုတ္လား”

“အရင္တုန္းက ေန႔ဘက္ကြ၊ အခုက်ေတာ့ ညဘက္ႀကီးကြ၊ ညေရးညတာက်ေတာ့ ေႁမြပါးကင္းပါးကလည္း ရွိေသးတယ္မဟုတ္လား”

ေဒၚစိန္သာက ၿပဳံးလိုက္ၿပီး

“ဟုတ္ပါၿပီေတာ္၊ ရွင္သရဲေၾကာက္လို႔ က်ဳပ္ကိုပါ အပါေခၚေနတာမဟုတ္လား”

“ဟာကြာ၊ ငါက ဘယ္ကသရဲကိုေၾကာက္ရမွာလဲကြ”

“ရွင္အပိုလုပ္မေနပါနဲ႔ ကိုပန္းရရယ္၊ ရွင္နဲ႔က်ဳပ္ေပါင္းလာတာ အႏွစ္သုံးဆယ္ေက်ာ္ပါၿပီေတာ့၊ ေန႔လည္က ကိုရင္သရဲကိုေတြ႕ၿပီးေတာ့ ရွင္လန႔္ေနတယ္မဟုတ္လား”

“ဟင္၊ မင္း၊ မင္းက အဲဒီကိုရင္က သရဲဆိုတာကို ဘယ္လိုသိသလဲကြ”

“စဥ္းစားတာေပါ့ရွင္၊ ဒီေလာက္လူသူမနီးတဲ့ေနရာႀကီးမွာ ဆြမ္းခံႂကြဖို႔ထြက္လာတယ္ဆိုကတည္းက က်ဳပ္ကတစ္ခုခုပဲလို႔ သိၿပီးသား၊ ၿပီးေတာ့ ဒီမန္က်ည္းအိုင္ဆိုတာကလည္း အရင္ကတည္း အေျခာက္အလွန႔္ၾကမ္းတယ္ဆိုၿပီး ႐ြာကလူေတြ မလာဝံ့တဲ့ေနရာမဟုတ္လား”

“မင္းက သိတာေတာင္ ငါ့ကိုမေျပာဘူးကြာ၊ သရဲမွန္းသိရင္ တို႔စားမယ့္ထမင္းကို ေကြၽးပါ့မလားကြ”

“ရွင္ကေတာ့ မဟုတ္တာပဲရွင္၊ ဘာပဲေျပာေျပာ သူ႔ဖာသာ သရဲျဖစ္ျဖစ္ဘာျဖစ္ျဖစ္ အေရးမႀကိးပါဘူးေတာ္၊ က်ဳပ္တို႔က သံဃာေတာ္တစ္ပါးကို လႉလိုက္ရတယ္ဆိုၿပီး လႉလိုက္တာမဟုတ္လား၊ အဲဒါလည္း ကုသိုလ္တစ္မ်ိဳးေပါ့ေတာ္”

ထိုညေနေတာ့ ေဒၚစိန္သာတစ္ေယာက္ ထမင္းဟင္းခ်က္ကာ ဘႀကီးေသာင္းဆီမွာ ႏြားတစ္ေကာင္ဆြဲရင္း ႐ြာျပင္သို႔ထြက္ခဲ့သည္။ အခ်ိန္မွာ ေနဝင္ၿပီး ႏြား႐ိုင္းသြင္းခ်ိန္ေရာက္ေနၿပီျဖစ္သည္။

ညေနစာ စားေသာက္ၿပီးေသာအခါ လင္မယားႏွစ္ေယာက္လုပ္ငန္းစၾကေတာ့သည္။ လျပည့္္နီးၿပီမို႔ လမင္းႀကီးက ထိန္ထိန္သာေနရာ ယာကြင္းတစ္ခြင္လုံး လေရာင္ေၾကာင့္ ေန႔ခင္းတမွ် လင္းခ်င္းေနေလသည္။ ဦးပန္းရမွာ ႏြားတစ္ရွဥ္းကိုထြန္တုံးတပ္ၿပီး အေရွ႕ကထြန္သြားရာ ေဒၚစိန္သာက အေနာက္မွေန၍ အေဖာ္အျဖစ္လိုက္ေပးရသည္။

“ကိုပန္းရေရ၊ ႏြားေလးရတုန္း ယာကိုေသခ်ာညက္ေအာင္ ထြန္ေနာ္ရွင့္”

“စိတ္ခ်စမ္းပါကြာ၊ ငါကမင္းထက္ပိုသိပါတယ္ကြ၊ ညဘက္ဆိုေတာ့လည္း တစ္ခုေကာင္းတယ္ကြ၊ ႏြားေတြေနမပူေတာ့ သိပ္မပန္းဘူးေပါ့ကြာ”

လင္မယားႏွစ္ေယာက္ စကားတေျပာေျပာႏွင့္ ယာထြန္လာရင္း တစ္ေနရာအေရာက္တြင္ ထြန္တုံးမွာတစ္ခုခုႏွင့္ ၿငိသြားသည့္အသံကိုၾကားလိုက္ရသည္။

“ဟာ၊ သြားပါၿပီကြာ၊ ထြန္ေတာ့က်ိဳးေတာ့မွာပဲ”

“ဘာလဲေတာ့၊ ေအာက္မွာေက်ာက္တုံးမ်ားလား”

ဦးပန္းရလည္း ထိုေနရာသို႔ဆင္းကာ ေျမေအာက္ကိုဓါးျဖင့္အသာတူးေဖာ္လိုက္ေလသည္။ ထိုအခါ ေက်ာက္တုံးအပိုင္းအစတစ္ခုကိုေတြ႕ရသည္။

“ဟုတ္တယ္၊ ေက်ာက္တုံးႀကီးဟ”

“ျမန္ျမန္တူးၿပီး လြင့္ပစ္လိုက္စမ္းပါရွင္”

ဦးပန္းရလည္း ေက်ာက္တုံးအားေဖာ္ၿပီးလြင့္ပစ္မည္ဟု စိတ္ကူးျဖင့္ လိုက္လံတူးေဖာ္ေတာ့သည္။ သို႔ေသာ္လည္း ေက်ာက္တုံးမွာ ကုန္ဆုံးသြားသည္မရွိဘဲ တူးေလေလ၊ ေပၚေလေလျဖစ္ေနကာ အခ်ိန္နာရီဝက္ခန႔္ တူးေဖာ္ၿပီးသည့္အခါတြင္ေတာ့ လွည္းဘီးဝိုင္းခန႔္ရွိသည့္ ေက်ာက္ဖ်ာႀကီးတစ္ခ်ပ္ ျဖစ္ေနမွန္းသိလိုက္ရသည္။

“အလို၊ ေက်ာက္ဖ်ာႀကီးပါလားေတာ့”

ဦးပန္းရ အလြန္စိတ္ပ်က္သြားမိသည္။

“ေက်ာက္ဖ်ာႀကီးခံေနေတာ့ တို႔ဘယ္လိုစိုက္ၾကပ်ိဳးၾကမလဲကြ”

ထိုအခ်ိန္ ေကာင္းကင္တြင္ အလင္းေရာင္မ်ားတစ္ခ်က္တစ္ခ်က္လက္သြားေတာ့သည္။ ဦးပန္းရတို႔လင္မယားလည္း အံ့ၾသကာၾကည့္ေနစဥ္တြင္ ေနလုံးကဲ့သို႔ဝင္းထိန္ေနသည့္ အလုံးတစ္လုံးက တျဖည္းျဖည္းဆင္းသက္လာကာ သူတို႔လင္မယားႏွင့္ ဝါးတစ္႐ိုက္အကြာခန႔္အျမင့္တြင္ ပ်ံဝဲေနေလေတာ့သည္။

“သရဲ၊ သရဲ”

ဦးပန္းရက ေၾကာက္လန႔္တၾကားထေအာ္ေလသည္။

“က်ဳပ္က သရဲမဟုတ္ပါဘူး၊ က်ဳပ္က နတ္ေကာင္းနတ္ျမတ္တစ္ပါးပါ၊ ေမာင္မင္းတို႔လင္မယားရဲ႕ သဒၵါတရားနဲ႔ ရက္ေရာမႈကို က်ဳပ္မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ႀကဳံခဲ့ၿပီးပါၿပီ”

“ဒါ ဒါဆို ေန႔လည္က ကိုရင္က”

“ဟုတ္ပါတယ္၊ အဲဒါက်ဳပ္ပါပဲ၊ အခုက်ဳပ္လာတာက ေမာင္မင္းတို႔ရဲ႕ေစတနာကို ျပန္ၿပီးအသိအမွတ္ျပဳခ်င္လို႔ပါ၊ အဲဒီေက်ာက္ဖ်ာေအာက္မွာ ေငြအိုးေတြရွိတယ္၊ ေငြအိုးေတြရဲ႕ေအာက္မွာ ေက်ာက္ဖ်ာေတြတစ္ထပ္ၿပီးတစ္ထပ္ရွိတယ္၊ တကယ္လို႔ ေမာင္မင္းတို႔နဲ႔ အဲဒီေငြအိုးေတြနဲ႔ ထိုက္တန္တယ္ဆိုရင္ေတာ့ ေဟာဒီေက်ာက္ဖ်ာႀကီးေတြက ေဖာ့ဖေယာင္းလိုေပါ့ပါးၿပီးေတာ့ အလြယ္တကူ မတင္လို႔ရႏိုင္လိမ့္မယ္၊ မထိုက္တန္ဘူးဆိုရင္ေတာ့ ဘယ္လိုမွ မရႏိုင္ဘူး”

ထိုသို႔ေျပာၿပီးေနာက္ အလင္းလုံးႀကီးမွာ မိုးေပၚသို႔ပ်ံတက္ေပ်ာက္ကြယ္သြားေလသည္။ ဦးပန္းရတို႔လည္း သူတို႔ေတြ႕ႀကဳံခဲ့သည့္အျဖစ္ကို မယုံႏိုင္ေအာင္ျဖစ္ေနမိသည္။ လွည္းဘီးဝိုင္းခန႔္ရွိၿပီး တစ္မိုက္ခန႔္ထုထည္ရွိသည့္ ေက်ာက္ဖ်ာႀကီးကို လူတစ္ေယာက္တည္း မယူႏိုင္သည္ဆိုသည္မွာ မျဖစ္ႏိုင္ေပ၊ အနည္းဆုံး လူေလးငါးဆယ္ေယာက္ခန႔္ ဝိုင္းမယူရမည္ျဖစ္သည္။ သို႔ေသာ္လည္း ဦးပန္းရမွာ စမ္းသပ္ၾကည့္ခ်င္သည္။

“ကဲ စိန္သာေရ၊ ငါေတာ့ ဒီေက်ာက္ဖ်ာႀကီးကို မၾကည့္မယ္ေဟ့၊ တို႔နဲ႔ထိုက္သေလာက္ ယူၾကတာေပါ့ကြယ္”

ဦးပန္းရမွာ ကိုင္းခုတ္ဓါးရွည္၏ ဓါးဦးခြၽန္ႏွင့္ ေက်ာက္ဖ်ာႀကီး၏ အစြန္းတစ္ေနရာသို႔ အသာထိုးကေလာ္လိုက္ေလသည္။ အလြန္ထူးဆန္းစြာပင္ ေက်ာက္ဖ်ာႀကီးမွာ ေဖာ့ခ်ပ္ႀကီးတစ္ခုကို မယူရသည့္အလား ေပါ့ပါးစြာေျမာက္တက္သြားေလသည္။ ဦးပန္းရလည္း ေက်ာက္ဖ်ာႀကီးကို အသာဖယ္ၾကည့္သည့္အခါ ေက်ာက္ဖ်ာေအာက္ ေျမက်င္းႀကီးအတြင္းတြင္ စဥ့္အိုးႀကီး ခုနစ္အိုးကိုေတြ႕ရေလသည္။ ဦးပန္းရႏွင့္္ ေဒၚစိန္သာတို႔မွာ ေျမက်င္းႀကီးအတြင္းသို႔ ခုန္ဆင္းလိုက္ၿပီးေနာက္ စဥ့္အိုးႀကီးမ်ားကို ဖုံးအုပ္ထားသည့္ အဖုံးမ်ားကိုလွန္ၾကည့္လိုက္ရာ အတြင္းတြင္ ေျပာင္လက္ဝင္းပေနသည့္ ေငြျပားမ်ားအျပည့္ျဖစ္ေနသည္ကို ျမင္ေတြ႕လိုက္ရသည္။ ေဘာ္ေငြေရာင္ျဖဴဝင္းေနသည့္ ေငြျပားမ်ားမွာ လေရာင္ေအာက္တြင္ဝင္းလက္ေနေလေတာ့သည္။ ဦးပန္းရမွာ ထိုေငြျပားမ်ားကိုလက္တစ္ဆုပ္ႏႈိက္ယူလိုက္ၿပီးေနာက္ ေဒၚစိန္သာကိုၾကည့္လိုက္ၿပီး

“စိန္သာေရ၊ ငါတို႔ေတာ့ ေဌးၿပီ၊ ေဌးၿပီေဟ့”

ေဒၚစိန္သာမွာလည္း ေငြျပားမ်ားကိုၾကည့္ရင္း အလြန္ေပ်ာ္႐ႊင္ေနၾကသည္။ သို႔ႏွင့္ လင္မယားႏွစ္ေယာက္ ထိုစဥ့္အိုးႀကီးခုနစ္အိုးကို ညတြင္းခ်င္းပင္ အိမ္သို႔သယ္ယူၾကေလသည္။ စဥ့္အိုးႀကီးမ်ား သယ္ၿပီးသည့္အခါ ေအာက္တြင္ ေက်ာက္ဖ်ာႀကီးတစ္ထပ္ကိုထပ္မံေတြ႕ရျပန္ေသးသည္။ ထိုအျဖစ္ကို ႐ြာသားမ်ားအားမေျပာေသးဘဲ သိုသိုသိပ္သိပ္ေနကာ ေနာက္ညမ်ားတြင္ ေက်ာက္ဖ်ာမ်ားကို တစ္ထပ္ၿပီးတစ္ထပ္ ဆက္တူးၾကည့္ၾကရာ ခုနစ္ခုေျမာက္ေက်ာက္ဖ်ာအား တူးေဖာက္ၿပီးသည့္အခါတြင္ေတာ့ ေအာက္မွေက်ာက္ဖ်ာကို ဆက္လက္တူး၍မရေတာ့ဘဲ အလြန္ေလးလံေနေလသည္။ ဦးပန္းရတို႔လင္မယားလည္း ထိုက္သည့္ကံကုန္ၿပီဟု သတ္မွတ္ကာ ထိုေက်ာက္ဖ်ာတြင္းႀကီးကို ေျမသားမ်ားျဖင့္ ဖုံးအုပ္လိုက္ေလေတာ့သည္။

(ဃ)

ေငြအိုး ေလးဆယ့္ကိုးလုံး ရသျဖင့္ ဦးပန္းရတို႔လင္မယားမွာ ေန႔ခ်င္းညခ်င္း သူေဌးသူႂကြယ္မ်ားျဖစ္သြားၾကေလေတာ့သည္။ မုန္တိုင္႐ြာတစ္ခြင္သာမက အနီးအပါးၿမိဳ႕႐ြာမ်ားမွပါ ဦးပန္းရတို႔ေငြအိုးမ်ားကို လာေရာက္ၾကည့္ရႈၾကေလသည္။ ဦးပန္းရတို႔လင္မယားမွာ မုန္တိုင္႐ြာအတြင္းတြင္ အလြန္ႀကီးက်ယ္ခမ္းနားလွသည့္ အိမ္ႀကီးတစ္အိမ္ကိုတည္ေဆာက္ကာ ေနထိုင္ၾကသည္။ အိမ္ႀကီးမွာ အလြန္ႀကီးမားလွၿပီး တိုင္ေပါင္းရာခ်ီရွိကာ တစ္႐ြာလုံး၊ တစ္နယ္လုံးတြင္အႀကီးဆုံးအိမ္ႀကီးျဖစ္သည္မို႔ ဦးပန္းရတို႔လင္မယားအား ယခင္က ေခၚေဝၚခဲ့သည့္အတိုင္း အိမ္ႀကီးရွင္မ်ားဟု ေခၚေဝၚသမုတ္ၾကေလသည္။

ဦးပန္းရတို႔ ေငြအိုးရသည့္သတင္းမွာ မင္းေနျပည္ေတာ္ အင္းဝအထိသတင္းေမႊးခဲ့ၿပီး အင္းဝျပည့္ရွင္ မဟာဓမၼရာဇာဓိပတိမင္းႀကီးကိုယ္တိုင္ ဦးပန္းရကို ေခၚယူေတြ႕ဆုံခဲ့ေလသည္။ ဦးပန္းရမွာ ႂကြယ္ဝခ်မ္းသာသြားသည္မို႔ သူ႔အား သူေဌးဘြဲ႕ခ်ီးျမႇင့္ပါရန္ မင္းႀကီးအားေလွ်ာက္တင္ခဲ့သည္။ မဟာဓမၼရာဇာဓိပတိမင္းႀကီးက ဦးပန္းရအား မည္မွ်ခ်မ္းသာသနည္းဟု ေမးသည့္အခါ ဦးပန္းရမွာ သူရရွိထားသည့္ ေငြျပားမ်ားျဖင့္ မုန္တိုင္႐ြာမွ အင္းဝေနျပည္ေတာ္အထိ ေငြျပားခ်င္းထပ္ကာ ေငြလမ္းေဖာက္ႏိုင္သည္အထိ ခ်မ္းသာပါသည္ဟု တင္ေလွ်ာက္ခဲ့ေလသည္။ သို႔ေသာ္လည္း မင္းႀကီးက ဦးပန္းရတို႔မွာ သူေဌးမ်ိဳး႐ိုးမဟုတ္သျဖင့္ သူေဌးဘြဲ႕မေပးဘဲ သူႂကြယ္ဘြဲ႕သာ ခ်ီးျမႇင့္ခဲ့ေလေတာ့သည္။

ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔မွာ ဘာသာတရားကိုင္းရႈိင္းသူမ်ားျဖစ္ၾကသည့္အတိုင္း ျမန္မာသကၠရာဇ္ ၁၁၁၁ ခုႏွစ္တြင္ မုန္တိုင္႐ြာေျမာက္ဘက္တြင္ ႀကီးက်ယ္ခမ္းနားလွသည့္ အုတ္ေက်ာင္းႀကီးတစ္ေဆာင္ကိုေဆာက္လုပ္လႉဒါန္းခဲ့သည္။ ထိုအုတ္ေက်ာင္းေတာ္ႀကီးမွာ ထုထည္ႀကီးမားခိုင္ခန႔္လွၿပီး အလ်ား (၁၁၆) ေပ၊ အနံ (၈၅)ေပ၊ အျမင့္ ေပ(၈၀)ရွိေလသည္။ အုတ္ေက်ာင္းေအာက္ေျခတြင္ လႈိဏ္မုခ္ ေလးဆယ့္ကိုးခုပါဝင္ၿပီး၊ ဒုတိယထပ္တြင္ေတာ့ မုခ္ဦးဆယ့္ႏွစ္ခုပါဝင္ကာ အေပၚဆုံးအထပ္သို႔ ေလွကားျဖင့္တက္သြားရၿပီး အေပၚဆုံးတြင္ ေပႏွစ္ဆယ္၊ ဆယ္ေပပတ္လည္ရွိသည့္ ဘုရားခန္းတစ္ခုပါဝင္ေလသည္။ အုတ္ေက်ာင္းႀကီးတစ္ခုလုံးကို အင္းဝေခတ္ ပန္းတေမာ့ဗိသုကာလက္ရာမ်ားျဖင့္ တန္ဆာဆင္ထားၿပီး ထိုအုတ္ေက်ာင္းႀကီး၏ ပုံစံမွာ အင္းဝတြင္တည္ရွိသည့္္ မယ္ႏုအုတ္ေက်ာင္းႏွင့္ တစ္ပုံစံတည္းတူညီေလသည္။ မုန္တိုင္အုတ္ေက်ာင္းမွာ မယ္ႏုအုတ္ေက်ာင္းထက္ အနည္းငယ္ ေသးငယ္သည္ကလြဲ၍ တည္ေဆာက္ပုံ ဗိသုကာပုံစံမ်ားမွာ တပုံစံတည္းျဖစ္သည္။ မယ္ႏုအုတ္ေက်ာင္းေရာက္ဖူးသူမ်ားဆိုလွ်င္ မ်က္စိထဲျမင္ေယာင္ႏိုင္မည္ျဖစ္သည္။ အုတ္ေက်ာင္းတည္ေဆာက္ခဲ့သည့္ ၁၁၁၁ ခုႏွစ္ကိုအစြဲျပဳ၍ “ဥၾသေအာ္အစ္ အုတ္ေက်ာင္းသကၠရာဇ္” ဟု အမ်ားက မွတ္ယူခဲ့ၾကေလသည္။

ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔ တူးေဖာ္ရရွိခဲ့သည့္ ေက်ာက္ဖ်ာႀကီးခုနစ္ခ်ပ္မွာလည္း မုန္တိုင္အုတ္ေက်ာင္းေတာ္ႀကီး၏ အေရွ႕ေျမာက္ဘက္တြင္ အမ်ားျပည္သူၾကည့္ရႈႏိုင္ေစရန္ခ်ျပထားရာ ယေန႔ထက္တိုင္ေတြ႕ျမင္ႏိုင္ေသးသည္။ ထို႔အတူ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔ ေငြအိုးမ်ားရခဲ့သည့္ေနရာအား “ေငြအိုးရကြင္း”ဟု ေခၚဆိုၾကကာ ေျမတိုင္းေျမပုံထဲတြင္ပင္ ထိုအမည္ျဖင့္မွတ္သားထားပါသည္။ မုန္တိုင္ႏွင့္ မိတၱီလာၿမိဳ႕အနီးတြင္ေတာ့ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔၏ ဇာတ္လမ္းမွာ ယေန႔ထက္တိုင္ေျပာစမွတ္တြင္က်န္ေနေသးသည္။ ဦးပန္းရတို႔ေနထိုင္ခဲ့သည့္အိမ္ႀကီးမ်ား သစ္မ်ားျဖင့္ေဆာက္လုပ္ခဲ့သျဖင့္ ယေန႔အထိ မက်န္ရစ္ခဲ့ေတာ့ေသာ္လည္း တစ္ခ်ိန္က ဆင္းရဲလြန္းလွသည့္ ဆင္းရဲသားလင္မယားႏွစ္ေယာက္ ေစတနာသဒၵါတရားေၾကာင့္ ခ်က္ခ်င္းလက္ငင္းခ်မ္းသာခဲ့ရသည့္ ဇာတ္လမ္း၏ သမိုင္းအျဖစ္ မုန္တိုင္အုတ္ေက်ာင္းေတာ္ႀကီးမွာ ယေန႔ထက္တိုင္တည္ရွိေနပါေသးသည္။

သို႔ျဖစ္ပါ၍ စာရႈသူမ်ားအေနျဖင့္ ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔လႉဒါန္းခဲ့သည့္ မုန္တိုင္အုတ္ေက်ာင္းေတာ္ႀကီးဆီသို႔ သြားေရာက္လည္ပတ္ေလ့လာခ်င္ပါလွ်င္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးအတိုင္းေမာင္းႏွင္လာၿပီး (၂၈၅) မိုင္ သီးကုန္းယဥ္ရပ္နားစခန္းမွ ေက်ာက္ပန္းေတာင္း-မိတၱီလာလမ္းသို႔ ခ်ိဳးေကြ႕ၿပီး ဆယ္မိနစ္ခန႔္ေမာင္းႏွင္လိုက္ပါလွ်င္ မုန္တိုင္႐ြာသို႔ေရာက္ႏိုင္ေပသည္။ ထိုကားလမ္းနံေဘးမွာပင္ ျဖဴျဖဴလႊလႊႏွင့္ မားမားမတ္မတ္တည္ရွိေနသည့္ မုန္တိုင္အုတ္ေက်ာင္းေတာ္ႀကီးကို ေတြ႕ျမင္ကာ လြန္ခဲ့သည့္ ႏွစ္ေပါင္းသုံးရာနီးပါးခန႔္က ဦးပန္းရႏွင့္ ေဒၚစိန္သာတို႔၏ ဇာတ္ေၾကာင္းမ်ားကို ျပန္ေျပာင္းသတိရ ေအာက္ေမ့ႏိုင္မည္ျဖစ္ပါေၾကာင္း။

ၿပီးပါၿပီ၊
ကိုတင္လႈိင္(မိတၱီလာ) အား ေက်းဇူးအထူးတင္ရွိပါသည္။

#အဂၢေဇာ္