မေတ္တာမျက်ရည် ခန်းပါစေ(စ/ဆုံး)

Unicode Version

မေတ္တာမျက်ရည် ခန်းပါစေ(စ/ဆုံး)
—————————————–
ညသန်းခေါင်ကျော်အချိန်ထိ ဦးထွန်းခင် အိပ်မပျော်နိုင်။ မနက်ဖြန်အရေးကို စဉ်းစားတိုင်း တဟင်းဟင်းဖြင့်သက်ပြင်းချမိသည်မှာလည်း အကြိမ်ပေါင်းပင်မရေတွက်နိုင်တော့။ ကြိုးစားပြီးအိပ်ကြည့်သော်လည်း အိပ်မရ။ မျက်လုံးအစုံကို မှိတ်လိုက်ပြီဆိုသည်နဲ့ အတွေးများက ခေါင်းထဲသို့ အစီအရီ ဝင်လာတော့သည်။
ထရံကျိုထရံကြားမှ ညင်ညင်သာသာတိုးဝင်နေသည့် ဆောင်းလေအေးများသည် ဦးထွန်းခင်၏ရင်ထဲကအပူကိုမငြိမ်းသတ်နိုင်ခဲ့ပါ။ မှောင်မည်းနေသော အိမ်ထဲတွင် ကျိုးတိုကျဲတဲလင်းနေသည့် အိမ်ခေါင်မိုးပေါက်များအားဦးတည်ရာမဲ့ ဝှေ့ကြည့်နေရသည်ကိုလည်းငြီးငွေ့လာ၏။ အိပ်မရသူ ဦးထွန်းခင် အတွက် ညတာသည် သိသိသာသာရှည်လွန်းလှပါသည်။
တစ်နေ့ကုန်လယ်ထဲ ယာထဲလုပ်ကိုင်ထားသောကြောင့် တကိုယ်လုံးတောင့်ခဲနေပြီး ပုံစံတစ်မျိုးတည်း လည်း ကြာကြာမအိပ်နိုင်။ အိပ်ယာထဲလူးလွန့်ရင်းကိုယ်စောင်းလှည့်သည့်အခါတိုင်းအခြေမခိုင်သည့်အိမ်က တကျီကျီမြည်ကာ လှုပ်ခါနေသည်။
ဘေးတွင် မိမိအားကျောပေး၍အိပ်နေသည့်ဇနှီးသည်သည်လည်း ငြိမ်နေသော်လည်း သူ့လိုပင်အိပ်မပျော်ပဲ ရှိနေမည်ကို ဦးထွန်းခင် သိနေသည်။
ရုတ်တရက်တကျီကျီ အသံကြားတော့ အိမ်ကို သူခိုးများကပ်လေသလားဆိုသည့်အတွေးနှင့် ခေါင်းထောင်ကာနားစွင့်လိုက်မိသည်။အသံက အိမ်ခြေရင်း နွားရုံက လာခြင်းဖြစ်ပြီး နွားနှစ်ကောင် တိုင်နဲ့ကျောကို ပွတ်နေသည့်အသံဖြစ်သည်။ ခြင်ကိုက်လို့ထင်၏။ညနေက ခြင်ပြေးအောင် အုန်းခွံခြောက်တွေနဲ့ မီးဖိုထားပေးသော်လည်း ယခုချိန်လောက်ဆို မီးလည်းငြိမ်းသွားလောက်လေပြီ။
မနက်ဖြန်ဆို လျှင် ယခု နွားနှစ်ကောင်စလုံး ရွာမြောက်ပိုင်းက နွားပွဲစားဖိုးတုတ် လက်ထဲသို့ရောက်ရတော့မည်။ ထိုအကြောင်းကို စဉ်းစားမိတိုင်း စိတ်မကောင်းခြင်း ဝမ်းနည်းခြင်းတို့ကစပြုံ ပြီးဝင်လာသောကြောင့် ဒီတစ်ညလုံး အိပ်၍ရဟန်မတူပါ။ဇနှီးသည် မြငွေသည်လည်း နွားနှစ်ကောင် သံယောဇဉ်ကြောင့် တွေးပြီး ငိုနေသည်မှာ အကြိမ်ကြိမ်ပင်ဖြစ်၏
” အားလုံးက ငါ့အပြစ်တွေပါ ” လို့တွေးရင်း ဦးထွန်းခင် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိလေတော့သည်။
***
(၂)
“ကိုထွန်းခင်ရေ…ကိုထွန်းခင်….။’’
ထဘီစတောင်ဆွဲပြီး အူယားဖားယားပြေးလာသည့် ဇနှီးသည်မြငွေကြောင့် ဦးထွန်ခင်သည် လယ်ထွန်နေရာမှ နွားနှစ်ကောင်းအား စုတ်သတ်ကာရပ်လိုက်သည်။ထို့နောက် ရွံ့အလိပ်လိပ်တက်ကာကျွတ်လုလု ဖြစ်နေသည့် ပုဆိုးကို ပြင်ဝတ်လိုက်ပြီး မေးငေါ့၍ ဘာလဲဟုအသံတိတ်မေးလိုက်၏။
ဒေါ်မြငွေက ခေါင်းပေါ်က ခမောက်ကိုချွတ်ကာ ယက်ခပ်ရင်းပြောသည်။
“ကိုထွန်းခင်….။သူကြီးအိမ်မှာ မြို့ကလူတွေ မြေသြဇာလာဖြန့်တာတဲ့တော့။ပုံမှန်ဈေးထက်ကို တစ်ဝက်ကြီးများတောင် လျော့ပြီးလာရောင်းတာတဲ့။
ကုမ္ပဏီက ပလိုမိုးရှင်းလုပ်တယ်ဆိုလား ဆိုလားဘာဆိုလား အင်္ဂလိပ်လိုတော့ ပြောတယ်။ ယူနေကြတာ ရွာကလူတွေမှ အားကြီးပဲ။ တော့်သူငယ်ချင်း ထွေးညိုတို့၊ သိန်းဖေ တို့ကောပဲ။ကျွန်မတို့လည်း သွားကြည့်ကြရအောင်လား။ ကျန်တောင်ကျန်ပါတော့မလားမသိဘူး။ ကျွန်မလည်းကြားကြားချင်းရှင့်ဆီ ပြေးလာတာပဲ..။’’
ကြားလိုက်ရသည့်စကားကြောင့် ဦးထွန်းခင် ဇနှီးသည်ဒေါ်ငွေမြရှိရာလယ်ကန်တင်းဆီ အပြေးသွားလိုက်သည်။ ထို့နောက် မျက်နှာပေါ်ပေနေသည့်ရွံ့များကို ပုဆိုးခါးပုံစာစနဲ့သုတ်ရင်း
“ဘာ… တစ်ဝက်ဈေးနဲ့ရမယ် ဟုတ်လား…။ ဘယ် ကုမ္ပဏီကတုန်း။’’
“အဲဒါတော့ ကျွန်မလည်းဘယ်သိမလဲတော့ ။ကုမ္ပဏီ နာမည်က အင်္ဂလိပ်လို ဆိုတော့မခေါ်တတ်ပါဘူး…။ ထားပါ…။ရှင့်နွားတွေကိုခဏဖြုတ်ခဲ့ချည်။ကျွန်မတို့သွား ကြည့်ရအောင်။တော်ကြာ သူများတွေရပြီး ကျွန်မတို့ မရလိုက်ပဲရှိနေလေ့မယ်။’’
ဦးထွန်းခင်နွားနှစ်ကောင်ကို ထွန်ကဖြုတ်ပေးပြီး လယ်ကွက်ထဲကရေများဖြင့် မျက်နှာသစ် ခြေလက်သန့်စင် လိုက်သည်။ထို့နောက် ဇနှီးသည်ဒေါ်ငွေမြနှင့်အတူ မပြေးရုံသမယ် သူကြီးအိမ်သို့သုတ်ခြေတင်ခဲ့ကြလေသည်။
ယခုနှစ်ဦးထွန်းခင်တို့ လယ်လုပ်သည်မှာ ဧကများ၏။ရှေ့နှစ်တွင် သားနှင့်သမီးနှစ်ယောက်စလုံး တက္ကသိုလ်တက်ရမည်ဖြစ်သောကြောင့် ယခင်နှစ်က ငှားရမ်းလုပ်ခဲ့သည့် လယ်ပိုင်ရှင်ထံတောင်းပန်ခယပြီး လယ်ဧက တိုးလုပ်ခွင့်တောင်းခဲ့ကြသည်။ရိုးသားကြိုးစားသော ဦးထွန်းခင်တို့ လင်မယားကို လယ်ပိုင်ရှင်က တိုးလုပ်ခွင့်ပေးထားသော်လည်း လင်မယားနှစ်ယောက်လုပ်အားသာရှိသည်မို့ သိပ်မနိုင်ချင်။ သားနှင့်သမီးကိုလည်း တက္ကသိုလ်ကျောင်းသားဖြစ်သည့်အတွက် မခိုင်းရက်ပဲအလှကြည့် ထားရသည်။
သားနဲ့သမီးကျောင်းတက်သည့်အခါ ပြည့်ပြည့်စုံစုံထားချင်သောကြောင့် လယ်ဧကတိုးလုပ်သော်လည်း အရင်းနှီးကမသေးလှ။မြေသြဇာဖိုး၊ မျိုးဖို့နဲ့တင် ရှိသမျှ စပါးအကုန်ရောင်းပြီး အတိုးပါယူရကိန်းရှိသည်။ မြေသြဇာဈေးတို့ တစ်နှစ်နဲ့တစ်နှစ်မတူပဲ ထိုးတက်နေသည့်အချိန် တစ်ဝက်ဈေးနဲ့လာဖြန့်ပေးသည့် ကုမ္ပဏီ ရွာရောက်လာခြင်းက ကံကောင်းသည်ဟုဆိုရမည်။
သူကြီးအိမ်သို့ရောက်သည့်အခါ ကျိတ်ကျိတ်တိုးနေသည့်လူတွေကိုကြည့်ပြီး ကျန်ပါတော့မလားဆိုသည့် အတွေးဖြင့် ဦးထွန်းခင်တို့လင်မယားနှစ်ယောက်စလုံးစိုးရိမ်သွားသည်။ ရွာကလူတွေဝယ်နေကြသည်မှာလည်း အလကားပေးနေသည့်အလားသူ့ထက်ငါ အလုအယက်ဖြစ်၏။ အိမ်ရှေ့တွင် ရပ်ထားသည့် ဆယ်ဘီးကားကြီးပေါ်မှာတော့ မြေသြဇာအိတ်များ တစ်ဝက်လောက်ကျန်နေသေးသည်ကို တွေ့မှ လင်မယားနှစ်ယောက် ဟင်း နိုင်ကြသည်။
နှစ်ယောက်သား တသွင်သွင်စီးကျနေသည့် ချွေးသီးချွေးပေါက်များကိုပင် မသုတ်နိုင်သေးပဲ ကုမ္ပဏီ က လူကြီးဆီ ယူမည့်မြေသြဇာအိတ်စာရင်းသွားပေးလိုက်၏။မနှစ်ကသုံးသည့်မြေသြဇာထက် တစ်ဝက်ကျော်ကျော်သက်သာသောကြောင့် ပိုပိုလိုလိုယူလိုက်သည်။
ပိုက်ဆံမသွင်း နိုင်လည်း စပါးသွင်း ပဲသွင်း ရသည်ပြောတော့ ဦးထွန်းခင်တို့လင်မယား ကုမ္ပဏီ ကလူကြီးကို ကျေးဇူးတင်လွန်း၍ ထိုင်တောင်ကန်တော့လိုက်ချင်သည်။မြေသြဇာအတွက် တစ်ပူအေးသွားပြီဖြစ်သောကြောင့် ယခုနှစ် လယ်စပါးအတွက် နည်းနည်းတော့စိတ်အေးသွားရပြီဖြစ်၏။
***
(၃)
လေအဝှေ့တွင် တဖတ်ဖတ်ယိုင်းနွဲရင်း ကြက်ခွက်လိုင်းများပြေးနေသည့် ဝါဖန့်ဖန့် စပါးပင်တွေကိုကြည့်ပြီး ဒေါ်ငွေမြ သက်တစ်ချက်ကိုဟင်းခနဲ ချမိသည်။
မိုးဦးလေဦးမှန်ပြီး ထယ်ရေးကောင်းကောင်းဖြင့် သေချာ စိုက်ပျိုးခဲ့သော်လည်း စပါးပင်တွေက ထင်သလောက် ကြီးမလာပေ။ အရွက်တွေက အဖျားများခြောက်ပြီး တစ်ထွာကျော်ကျော်လောက်ကနေတက်မလာတော့။ အပေါ်စီးကနေကြည့်ပါက စပါးတစ်ခင်းလုံး အစိမ်ရောင်ဖန့်ဖန့် စိုမနေပဲ ဝါထိန်လို့နေသည်။
ဤအတိုင်းဆိုပါမူ အနှံထွက်ချိန်လည်း မကောင်းနိုင်ပေ။ သက်တမ်းရင့်နေသည့် စပါးပင်တွေက ယခုလောက်ဆို ဒူးကျော်ကျော်လောက် အရွယ်ရှိသင့်နေပြီ။တစ်နေ့ကောင်းလာနိုးနိုး နဲ့ လယ်ထဲလာကြည့်ရသည်မှာလည်း နေ့တိုင်းပင်ဖြစ်၏။ လာကြည့်တိုင်း စိတ်ဆင်းရဲပြီးလင်မယားနှစ်ယောက်စကားပင်မပြောနိုင်ကြ။
ဤအတိုင်းဆိုပါမူ လယ်ရှင်ကို လယ်ငှားရမ်းခ ပေးဖို့ပင်မရမည်ကို စိုးရိမ်မိလေသည်။
လယ်တစ်ကွင်းလုံး ခြေတိုအောင်ပတ်ကြည့်ပြီး တဲပေါက်ဝတွင် ဦးထွန်းခင် ခြေပစ်လက်ပစ်ထိုင်ချမိသည်။ ဇနှီးဖြစ်သူ ဒေါ်ငွေမြလည်း မျက်နှာလှလှမထားနိုင်
တော့။တဲပြင်တွင် စိတ်ပျက်စွာထိုင်ရင်း ဝါထိန်နေသည့်စပါးခင်းကြီးကိုသာ ဦးတည်ရာမဲ့ငေးကြည့်နေသည်။
“သွားပါပြီ ကို ထွန်းခင်ရယ် …. ကျွန်မတို့တော့ ဒီနှစ်ခွေးဖြစ်ပါပြီတော်..။ လယ်ရှင်ကို ပေးရမဲ့ စပါးက တင်းပေါင်းမနည်းဘူး။ ပြီးတော့ ကလေးနှစ်ယောက် ကျောင်းစရိတ်လဲ ရှိသေးတယ်။ ကျွန်မတို့ကိုလာရောင်းတဲ့ မြေသြဇာက ရက်လွန်တွေတဲ့တော့။ မနက်ရွာထဲမှာကြားခဲ့တယ်။သူများစပါးခင်းတွေလည်း ကျွန်မတို့လယ်လိုပဲတဲ့…။”
“ဟေ…ဟုတ်လား..”
ကြားလိုက်ရသည့် စကားကြောင့် ဦးထွန်းခင်မျက်လုံးပြူးသွားသည်။ ဖြစ်နိုင်သည်။အမှန်ဆို မိုးဦးလေဦးမှန်နေလျက်နဲ့ အခုလောက်ထိ စပါးပင် အခြေနေမကောင်းခြင်းသည် မြေသြဇာမကောင်းခြင်းကြောင့်သာဖြစ်ပေမည်။
“ဟုတ်ပါ့တော်….။ လူတွေကလည်း လုပ်ရက်ကြတာတော်..။ ကျွန်မတို့လို ရိုးရိုးသားသားလုပ်စားတဲ့ တောင်သူတွေကိုမှ လိမ်ရက်ကြတယ်……။”
ဦးထွန်းခင် ကြားကြားချင်းစိတ်တိုတိုဖြင့် မတ်တပ်ထရပ်ကာ စပါးခင်းအားကြည့်မိပြန်သည်။မြင်နေရသည့် စပါးပင်များက စိတ်ချမ်းသာစရာတစ်ခုမှမရှိ။ဝါထိန်ပြီး တချို့နေရာတွင် အရွက်များပင်ခြောက်ချင်နေသည်။ ဒေါသများကြောင့် ကျစ်ကျစ်တောက်ပူနေသော နေရောင်အောင်တွင် ခြွေးများတဒီးဒီးစီးကျနေသော်လည်း မသုတ်အား။ စိတ်ထဲတွင် ကုမ္ပဏီ ဝန်ထမ်းဆိုသူကိုသာ ဓားကျိန်းကျိန်းနေမိတော့သည်။
သို့သော်လည်းမတတ်နိုင်။ ကုမ္ပဏီ ဝန်ထမ်းဆိုသူမှာလည်း လာရောင်းပြီးကတည်းက ပျောက်သွားကြသည်မှာ အရိပ်ပင်မမြင်ရတော့။
***
(၄)
“စဉ်းစားပါဦးကိုထွန်းခင်ရယ်…..။ တော် မို့ပြောထွက်တယ်တော်…။ တော် အသည်းနှလုံးမရှိဘူးလား။”
ပြောပြောဆိုဆို မိန်းမဖြစ်သူက ငိုတော့ ဦးထွန်းခင်ပါ လိုက်ငိုချင်မိသည်။ မိန်းမရှေ့မှာ မျက်ရည်မကျချင်၍သာ ထိန်းနေရ၏။
” တခြားနည်းလမ်းမှ မရှိတော့တာ မိန်းမရယ်…။ ကလေးနှစ်ယောက်ကျောင်းစရိတ်ကို ဘယ်မှာသွားရှာမလဲ…”
ဒေါ်မြငွေ နီကျင်ကျင်မျက်လုံးအစုံမှ ပြွတ်ခဲနေသည့် မျက်ရေများကို ခပ်ကြမ်းကြမ်းသုတ်ရင်းပြောသည်။
” တိမ်ညိုနဲ့ တိမ်ပြာက ကျွန်မတို့ရဲ့ ကျေးဇူးရှင် ပါတော်…။ ကျွန်မတို့မိသားစုကို ရှင်နဲ့အတူ ပခုံးထမ်းလုပ်ကကျွေးခဲ့တာပါ။ခုလိုအဆင်မပြေမှ ရောင်းမယ်ဆိုတော့ ရက်စက်ရာကျလွန်းလို့ပါတော်…။’’
ဒေါ်မြငွေ ရှိုက်သံတွေကြောင့် တအိအိဖြစ်နေသည်။ ဦးထွန်းခင် ကြံရာမရဖြစ်ကာ သက်ပြင်းကို ဟင်းခနဲချမိသည်။ သူ့မှာ ပြန်ပြောစကာ စကားရှာမတွေ့ ။မိန်းမဖြစ်သူပြောသည်မှာ အားလုံးအမှန်ဖြစ်သည်။
တိမ်ညို တိမ်ပြာ နွားနှစ်ကောင်သည် ဦးထွန်းခင်အတွက်တော့ ညာလက်ရုံးများဖြစ်သည်။ တစ်မိုးပြီးတစ်မိုး တစ်နှစ်ပြီးတစ်နှစ် ဦးထွန်းခင်နဲ့အတူ လယ်ထဲတွင်ရုန်းကန်ခဲ့သည်။ နှင်တံကိုင်စရာမလို သည်အထိ အလိုက်သိလွန်းသောကြောင့် ဦးထွန်းခင် စိတ်ချမ်းသာခဲ့ရသည်။
အလုပ်မှာ မခိုကပ်။ ခိုင်းလျှင်ခိုင်းသလောက် လုပ်သည့် လိမ်မာလွန်းသည့် နွားနှစ်ကောင်ဖြစ်သည်။
ထိုသို့အတူရုန်းကန်လာသည့် နွားနှစ်ကောင်ကို ဦးထွန်းခင် သံယောဇဉ်မရှိပဲနေပါမည်လား။
တိမ်ညိုနဲ့ တိမ်ပြာကို ရောင်းဖို့ တစ်ခါမှ စိတ်ကူးမရှိဖူးသော်လည်း ယခုတော့ရောင်းရတော့မည်။
ငွေ နှစ်သိန်းနဲ့ တက္ကသိုလ်လွှတ်လိုက်သည့် သားနှင့်သမီးလည်း ဦးထွန်းခင်ငွေလာပို့မည့်နေ့ကို မျှော်နေရင်း လည်ပင်းရှည်နေလောက်ပြီ။
တစ်နှစ်တစ်တန်း ပုံမှန်အောင်ပြီး တက္ကသိုလ် ထိရောက်နေကြသည့် သားနဲ့သမီးကိုလည်း ဦးထွန်းခင် ကျောင်းမနားခိုင်းရက်။ ကလေးတွေ တာဝန်ကျေပြီး မိဘ တာဝန်မကျေမှာ ကြောက်မိသည်။
လယ်စပါးလည်း ရိတ်ပြီးသိမ်းပြီးချိန်၌ အထွက်နုန်းက လယ်ရှင်ကိုပေး၍တောင် မလောက်ချင်။ နောင်နှစ်မှ ပိုသွင်းမည်ဟု ကတိတွေ အထပ်ထပ်ပေးပြီးတောင်းပန်ထားရသည်အထိပင်။
တခြားဝင်ငွေ မရှိသည့် ဦးထွန်းခင်တို့အဖို့ ဒုက္ခလှလှရောက်ကြရသည်။
နောက်ဆုံးတော့ မိန်းမဖြစ်သူကို နားလည်အောင်ပြောပြီး နွားနှစ်ကောင်ကိုရောင်းဖို့ လုပ်ရတော့သည်။ မိန်းမဖြစ်သူလည်း နောက်ဆုံးတော့ အိမ်ထောင်ဦးစီးဖြစ်သည့် ဦးထွန်းခင် စီစဉ်သည့်အတိုင်း စောဒကမတက် ရဲတော့သော်လည်း မည်သည့်စကားမှ ချေပပြန်ပြောခြင်းမရှိတော့ပေ။ လုပ်ချင်တာ လုပ်တော့ ဆိုသည့် မျက်နှာဘေးဖြင့်သာနေလေသည်။
***
(၅)
တစ်ညလုံးတစ်မှေးမှ မအိပ်ထားရသောကြောင့် မျက်လုံးအစုံက ကျိန်းစပ်လို့နေသည်။ နွားနှစ်ကောင်ကိုဆွဲပီးအိမ်ကထွက်တော့ ဦးထွန်းခင်ခြေလှမ်းတွေ နှေးနေသည်။ ဇနှီးသည် ဒေါ်မြငွေကတော့ နွားနှစ်ကောင်ကိုမကြည့်ရက်၍ထင်၏။ အိမ်ထောင့်လေးမှာ အပေါက်ဝ ကိုကျော်ခိုင်းပြီး တရှုတ်ရှုတ်ငိုနေရှာသည်။
ဦထွန်းခင်ရင်ထဲတွင်လည်း ငိုချင်စိတ်တွေကြီးစိုးနေသည်။ နွားနှစ်ကောင်ဆွဲထားသည့် လက်ထဲက ကြိုးတွေက အားလျော့ပြီး လွှတ်ကျခြင်နေသည်။
နွားပွဲစားဖိုးတုတ်အိမ်ရောက်တော့ တခြားနွားသုံးကောင်ပါ ဝယ်ထားသည်ကို တွေ့သည်။ဖိုးတုတ်က မြို့က အမဲဒိုင်အတွက် ရွာကနွားများဝယ်ပေးသည့်ပွဲစားဖြစ်သည်။ တိမ်ညိုနဲ့ တိမ်ပြာလည်း မနက်ဖြန်
လောက်ဆိုလျှင် အမဲဒိုင်လက်ထဲရောက်ပေတော့မည်။
ဦးထွန်းခင်စဉ်းစားရင်း မျက်လုံးအစုံကိုမှိတ်လိုက်သည်။ ဆက်မတွေးရဲတော့။
“ဦးထွန်းခင် ….ကျုပ်က တကယ်မှရောင်းပါ့မလားလို့ဗျာ။နွားချစ်တတ်သူဆိုတော့ ကျုပ်က မယုံချင်ယုံချင်ဖြစ်နေတာ..။
ကဲပါဗျာ … ကျနော်ပြောထားတဲ့ဈေးအတိုင်း နှစ်ကောင်ကို ခြောက်သိန်းတစ်ကျပ်မှ မလျော့ပဲပေးပါ့မယ်။”
နွားပွဲစားဖိုးတုတ်အသံ ပိုကျယ်ပြီး ပိုသွက်နေသည်ဟု ဦးထွန်းခင်ထင်မိသည်။ ဘာမှ ပြောချင်စိတ်မရှိသည်နဲ့ နွားကြိုးနှစ်ချောင်းကို ဖိုးတုတ်လက်ထဲ ပစ်ထည့်ပေးလိုက်သည်။
ထို့နောက် ဖိုးတုတ်ပေးလိုက်သည့် ငွေခြောက်သိန်းထုတ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တိမ်ညိုနဲ့ တိမ်ပြာကို ကျောခိုင်းလိုက်တော့၏။
စိတ်မကောင်းလွန်းသဖြင့် ရင်ထဲတွင် ဆို့နစ်နေသည်။
တရွေ့ရွေ့ထွက်ခွာသွားသည့် မိမိကျောပြင်အား တိမ်ညိုနဲ့တိမ်ပြာနှစ်ကောင်စလုံး သွေသွေလေး ငေးကြည့်ကာ ကျန်ခဲ့မည်ကိုသိသော်လည်း ဦးထွန်းခင်လှည့်မကြည့်တော့။
“ဖေကြီးကို ခွင့်လွှတ်ပါ သားတို့ရယ်” ဟု စိတ်ထဲက အကြိမ်ကြိမ်တောင်းပန်နေမိသည်။
မျက်ဝန်းအိမ်မှ အလိုလို စီးကျလာသည့် မျက်ရည်စက်များသည်တော့ အင်္ကျီလက်မောင်းစဖြင့်အကြိမ်ကြိမ်သုတ်နေသော်လည်း အဆက်မပြတ်ကျဆင်းလို့ကောင်းတုန်းဖြစ်လေသည်။
ညီလေးငယ်
ကြေးမုံမျိုးဆက်သစ်ရင်ပြင်
21.07.2019 တနင်္ဂနွေနေ့

Zawgyi Version

ေမတၱာမ်က္ရည္ ခန္းပါေစ(စ/ဆံုး)
—————————————–
ညသန္းေခါင္ေက်ာ္အခ်ိန္ထိ ဦးထြန္းခင္ အိပ္မေပ်ာ္ႏိုင္။ မနက္ျဖန္အေရးကို စဥ္းစားတိုင္း တဟင္းဟင္းျဖင့္သက္ျပင္းခ်မိသည္မွာလည္း အႀကိမ္ေပါင္းပင္မေရတြက္ႏိုင္ေတာ့။ ႀကိဳးစားၿပီးအ္ိပ္ၾကည့္ေသာ္လည္း အိပ္မရ။ မ်က္လုံးအစုံကို မွိတ္လိုက္ၿပီဆိုသည္နဲ႔ အေတြးမ်ားက ေခါင္းထဲသို႔ အစီအရီ ဝင္လာေတာ့သည္။
ထရံက်ိဳထရံၾကားမွ ညင္ညင္သာသာတိုး၀င္ေနသည့္ ေဆာင္းေလေအးမ်ားသည္ ဦးထြန္းခင္၏ရင္ထဲကအပူကိုမၿငိမ္းသတ္ႏိုင္ခဲ့ပါ။ ေမွာင္မည္းေနေသာ အိမ္ထဲတြင္ က်ိဳးတိုက်ဲတဲလင္းေနသည့္ အိမ္ေခါင္မိုးေပါက္မ်ားအားဦးတည္ရာမဲ့ ေဝွ႔ၾကည့္ေနရသည္ကိုလည္းၿငီးေငြ႕လာ၏။ အိပ္မရသူ ဦးထြန္းခင္ အတြက္ ညတာသည္ သိသိသာသာရွည္လြန္းလွပါသည္။
တစ္ေန႔ကုန္လယ္ထဲ ယာထဲလုပ္ကိုင္ထားေသာေၾကာင့္ တကိုယ္လုံးေတာင့္ခဲေနၿပီး ပုံစံတစ္မ်ိဳးတည္း လည္း ၾကာၾကာမအိပ္ႏိုင္။ အိပ္ယာထဲလူးလြန္႔ရင္းကိုယ္ေစာင္းလွည့္သည့္အခါတိုင္းအေျခမခိုင္သည့္အိမ္က တက်ီက်ီျမည္ကာ လႈပ္ခါေနသည္။
ေဘးတြင္ မိမိအားေက်ာေပး၍အိပ္ေနသည့္ဇႏွီးသည္သည္လည္း ၿငိမ္ေနေသာ္လည္း သူ႔လိုပင္အိပ္မေပ်ာ္ပဲ ရွိေနမည္ကို ဦးထြန္းခင္ သိေနသည္။
႐ုတ္တရက္တက်ီက်ီ အသံၾကားေတာ့ အိမ္ကို သူခိုးမ်ားကပ္ေလသလားဆိုသည့္အေတြးႏွင့္ ေခါင္းေထာင္ကာနားစြင့္လိုက္မိသည္။အသံက အိမ္ေျခရင္း ႏြား႐ုံက လာျခင္းျဖစ္ၿပီး ႏြားႏွစ္ေကာင္ တိုင္နဲ႔ေက်ာကို ပြတ္ေနသည့္အသံျဖစ္သည္။ ျခင္ကိုက္လို႔ထင္၏။ညေနက ျခင္ေျပးေအာင္ အုန္းခြံေျခာက္ေတြနဲ႔ မီးဖိုထားေပးေသာ္လည္း ယခုခ်ိန္ေလာက္ဆို မီးလည္းၿငိမ္းသြားေလာက္ေလၿပီ။
မနက္ျဖန္ဆို လွ်င္ ယခု ႏြားႏွစ္ေကာင္စလုံး ႐ြာေျမာက္ပိုင္းက ႏြားပြဲစားဖိုးတုတ္ လက္ထဲသို႔ေရာက္ရေတာ့မည္။ ထိုအေၾကာင္းကို စဥ္းစားမိတိုင္း စိတ္မေကာင္းျခင္း ဝမ္းနည္းျခင္းတို႔ကစၿပဳံ ၿပီးဝင္လာေသာေၾကာင့္ ဒီတစ္ညလုံး အိပ္၍ရဟန္မတူပါ။ဇႏွီးသည္ ျမေငြသည္လည္း ႏြားႏွစ္ေကာင္ သံေယာဇဥ္ေၾကာင့္ ေတြးၿပီး ငိုေနသည္မွာ အႀကိမ္ႀကိမ္ပင္ျဖစ္၏
” အားလုံးက ငါ့အျပစ္ေတြပါ ” လို႔ေတြးရင္း ဦးထြန္းခင္ ကိုယ့္ကိုယ္ကိုသာ အျပစ္တင္မိေလေတာ့သည္။
***
(၂)
“ကိုထြန္းခင္ေရ…ကိုထြန္းခင္….။’’
ထဘီစေတာင္ဆြဲၿပီး အူယားဖားယားေျပးလာသည့္ ဇႏွီးသည္ျမေငြေၾကာင့္ ဦးထြန္ခင္သည္ လယ္ထြန္ေနရာမွ ႏြားႏွစ္ေကာင္းအား စုတ္သတ္ကာရပ္လိုက္သည္။ထို႔ေနာက္ ႐ြံ႕အလိပ္လိပ္တက္ကာကြၽတ္လုလု ျဖစ္ေနသည့္ ပုဆိုးကို ျပင္၀တ္လိုက္ၿပီး ေမးေငါ့၍ ဘာလဲဟုအသံတိတ္ေမးလိုက္၏။
ေဒၚျမေငြက ေခါင္းေပၚက ခေမာက္ကိုခြၽတ္ကာ ယက္ခပ္ရင္းေျပာသည္။
“ကိုထြန္းခင္….။သူႀကီးအိမ္မွာ ၿမိဳ႕ကလူေတြ ေျမၾသဇာလာျဖန္႔တာတဲ့ေတာ့။ပုံမွန္ေစ်းထက္ကို တစ္၀က္ႀကီးမ်ားေတာင္ ေလ်ာ့ၿပီးလာေရာင္းတာတဲ့။
ကုမၸဏီက ပလိုမိုးရွင္းလုပ္တယ္ဆိုလား ဆိုလားဘာဆိုလား အဂၤလိပ္လိုေတာ့ ေျပာတယ္။ ယူေနၾကတာ ႐ြာကလူေတြမွ အားႀကီးပဲ။ ေတာ့္သူငယ္ခ်င္း ေထြးညိဳတို႔၊ သိန္းေဖ တို႔ေကာပဲ။ကြၽန္မတို႔လည္း သြားၾကည့္ၾကရေအာင္လား။ က်န္ေတာင္က်န္ပါေတာ့မလားမသိဘူး။ ကြၽန္မလည္းၾကားၾကားခ်င္းရွင့္ဆီ ေျပးလာတာပဲ..။’’
ၾကားလိုက္ရသည့္စကားေၾကာင့္ ဦးထြန္းခင္ ဇႏွီးသည္ေဒၚေငြျမရွိရာလယ္ကန္တင္းဆီ အေျပးသြားလိုက္သည္။ ထို႔ေနာက္ မ်က္ႏွာေပၚေပေနသည့္႐ြံ႕မ်ားကို ပုဆိုးခါးပုံစာစနဲ႔သုတ္ရင္း
“ဘာ… တစ္၀က္ေစ်းနဲ႔ရမယ္ ဟုတ္လား…။ ဘယ္ ကုမၸဏီကတုန္း။’’
“အဲဒါေတာ့ ကြၽန္မလည္းဘယ္သိမလဲေတာ့ ။ကုမၸဏီ နာမည္က အဂၤလိပ္လို ဆိုေတာ့မေခၚတတ္ပါဘူး…။ ထားပါ…။ရွင့္ႏြားေတြကိုခဏျဖဳတ္ခဲ့ခ်ည္။ကြၽန္မတို႔သြား ၾကည့္ရေအာင္။ေတာ္ၾကာ သူမ်ားေတြရၿပီး ကြၽန္မတို႔ မရလိုက္ပဲရွိေနေလ့မယ္။’’
ဦးထြန္းခင္ႏြားႏွစ္ေကာင္ကို ထြန္ကျဖဳတ္ေပးၿပီး လယ္ကြက္ထဲကေရမ်ားျဖင့္ မ်က္ႏွာသစ္ ေျခလက္သန္႔စင္ လိုက္သည္။ထို႔ေနာက္ ဇႏွီးသည္ေဒၚေငြျမႏွင့္အတူ မေျပး႐ုံသမယ္ သူႀကီးအိမ္သို႔သုတ္ေျခတင္ခဲ့ၾကေလသည္။
ယခုႏွစ္ဦးထြန္းခင္တို႔ လယ္လုပ္သည္မွာ ဧကမ်ား၏။ေရွ႕ႏွစ္တြင္ သားႏွင့္သမီးႏွစ္ေယာက္စလုံး တကၠသိုလ္တက္ရမည္ျဖစ္ေသာေၾကာင့္ ယခင္ႏွစ္က ငွားရမ္းလုပ္ခဲ့သည့့္ လယ္ပိုင္ရွင္ထံေတာင္းပန္ခယၿပီး လယ္ဧက တိုးလုပ္ခြင့္ေတာင္းခဲ့ၾကသည္။႐ိုးသားႀကိဳးစားေသာ ဦးထြန္းခင္တို႔ လင္မယားကို လယ္ပိုင္ရွင္က တိုးလုပ္ခြင့္ေပးထားေသာ္လည္း လင္မယားႏွစ္ေယာက္လုပ္အားသာရွိသည္မို႔ သိပ္မႏိုင္ခ်င္။ သားႏွင့္သမီးကိုလည္း တကၠသိုလ္ေက်ာင္းသားျဖစ္သည့္အတြက္ မခိုင္းရက္ပဲအလွၾကည့္ ထားရသည္။
သားနဲ႔သမီးေက်ာင္းတက္သည့္အခါ ျပည့္ျပည့္စုံစုံထားခ်င္ေသာေၾကာင့္ လယ္ဧကတိုးလုပ္ေသာ္လည္း အရင္းႏွီးကမေသးလွ။ေျမၾသဇာဖိုး၊ မ်ိဳးဖို႔နဲ႔တင္ ရွိသမွ် စပါးအကုန္ေရာင္းၿပီး အတိုးပါယူရကိန္းရွိသည္။ ေျမၾသဇာေစ်းတို႔ တစ္ႏွစ္နဲ႔တစ္ႏွစ္မတူပဲ ထိုးတက္ေနသည့္အခ်ိန္ တစ္၀က္ေစ်းနဲ႔လာျဖန္႔ေပးသည့္ ကုမၸဏီ ႐ြာေရာက္လာျခင္းက ကံေကာင္းသည္ဟုဆိုရမည္။
သူႀကီးအိမ္သို႔ေရာက္သည့္အခါ က်ိတ္က်ိတ္တိုးေနသည့္လူေတြကိုၾကည့္ၿပီး က်န္ပါေတာ့မလားဆိုသည့္ အေတြးျဖင့္ ဦးထြန္းခင္တို႔လင္မယားႏွစ္ေယာက္စလုံးစိုးရိမ္သြားသည္။ ႐ြာကလူေတြ၀ယ္ေနၾကသည္မွာလည္း အလကားေပးေနသည့္အလားသူ႔ထက္ငါ အလုအယက္ျဖစ္၏။ အိမ္ေရွ႕တြင္ ရပ္ထားသည့္ ဆယ္ဘီးကားႀကီးေပၚမွာေတာ့ ေျမၾသဇာအိတ္မ်ား တစ္၀က္ေလာက္က်န္ေနေသးသည္ကို ေတြ႕မွ လင္မယားႏွစ္ေယာက္ ဟင္း ႏိုင္ၾကသည္။
ႏွစ္ေယာက္သား တသြင္သြင္စီးက်ေနသည့္ ေခြၽးသီးေခြၽးေပါက္မ်ားကိုပင္ မသုတ္ႏိုင္ေသးပဲ ကုမၸဏီ က လူႀကီးဆီ ယူမည့္ေျမၾသဇာအိတ္စာရင္းသြားေပးလိုက္၏။မႏွစ္ကသုံးသည့္ေျမၾသဇာထက္ တစ္ဝက္ေက်ာ္ေက်ာ္သက္သာေသာေၾကာင့္ ပိုပိုလိုလိုယူလိုက္သည္။
ပိုက္ဆံမသြင္း ႏိုင္လည္း စပါးသြင္း ပဲသြင္း ရသည္ေျပာေတာ့ ဦးထြန္းခင္တို႔လင္မယား ကုမၸဏီ ကလူႀကီးကို ေက်းဇူးတင္လြန္း၍ ထိုင္ေတာင္ကန္ေတာ့လိုက္ခ်င္သည္။ေျမၾသဇာအတြက္ တစ္ပူေအးသြားၿပီျဖစ္ေသာေၾကာင့္ ယခုႏွစ္ လယ္စပါးအတြက္ နည္းနည္းေတာ့စိတ္ေအးသြားရၿပီျဖစ္၏။
***
(၃)
ေလအေဝွ႔တြင္ တဖတ္ဖတ္ယိုင္းႏြဲရင္း ၾကက္ခြက္လိုင္းမ်ားေျပးေနသည့္ ဝါဖန္႔ဖန္႔ စပါးပင္ေတြကိုၾကည့္ၿပီး ေဒၚေငြျမ သက္တစ္ခ်က္ကိုဟင္းခနဲ ခ်မိသည္။
မိုးဦးေလဦးမွန္ၿပီး ထယ္ေရးေကာင္းေကာင္းျဖင့္ ေသခ်ာ စိုက္ပ်ိဳးခဲ့ေသာ္လည္း စပါးပင္ေတြက ထင္သေလာက္ ႀကီးမလာေပ။ အ႐ြက္ေတြက အဖ်ားမ်ားေျခာက္ၿပီး တစ္ထြာေက်ာ္ေက်ာ္ေလာက္ကေနတက္မလာေတာ့။ အေပၚစီးကေနၾကည့္ပါက စပါးတစ္ခင္းလုံး အစိမ္ေရာင္ဖန္႔ဖန္႔ စိုမေနပဲ ဝါထိန္လို႔ေနသည္။
ဤအတိုင္းဆိုပါမူ အႏွံထြက္ခ်ိန္လည္း မေကာင္းႏိုင္ေပ။ သက္တမ္းရင့္ေနသည့္ စပါးပင္ေတြက ယခုေလာက္ဆို ဒူးေက်ာ္ေက်ာ္ေလာက္ အ႐ြယ္ရွိသင့္ေနၿပီ။တစ္ေန႔ေကာင္းလာႏိုးႏိုး နဲ႔ လယ္ထဲလာၾကည့္ရသည္မွာလည္း ေန႔တိုင္းပင္ျဖစ္၏။ လာၾကည့္တိုင္း စိတ္ဆင္းရဲၿပီးလင္မယားႏွစ္ေယာက္စကားပင္မေျပာႏိုင္ၾက။
ဤအတိုင္းဆိုပါမူ လယ္ရွင္ကို လယ္ငွားရမ္းခ ေပးဖို႔ပင္မရမည္ကို စိုးရိမ္မိေလသည္။
လယ္တစ္ကြင္းလုံး ေျခတိုေအာင္ပတ္ၾကည့္ၿပီး တဲေပါက္ဝတြင္ ဦးထြန္းခင္ ေျခပစ္လက္ပစ္ထိုင္ခ်မိသည္။ ဇႏွီးျဖစ္သူ ေဒၚေငြျမလည္း မ်က္ႏွာလွလွမထားႏိုင္
ေတာ့။တဲျပင္တြင္ စိတ္ပ်က္စြာထိုင္ရင္း ဝါထိန္ေနသည့္စပါးခင္းႀကီးကိုသာ ဦးတည္ရာမဲ့ေငးၾကည့္ေနသည္။
“သြားပါၿပီ ကို ထြန္းခင္ရယ္ …. ကြၽန္မတို႔ေတာ့ ဒီႏွစ္ေခြးျဖစ္ပါၿပီေတာ္..။ လယ္ရွင္ကို ေပးရမဲ့ စပါးက တင္းေပါင္းမနည္းဘူး။ ၿပီးေတာ့ ကေလးႏွစ္ေယာက္ ေက်ာင္းစရိတ္လဲ ရွိေသးတယ္။ ကြၽန္မတို႔ကိုလာေရာင္းတဲ့ ေျမၾသဇာက ရက္လြန္ေတြတဲ့ေတာ့။ မနက္႐ြာထဲမွာၾကားခဲ့တယ္။သူမ်ားစပါးခင္းေတြလည္း ကြၽန္မတို႔လယ္လိုပဲတဲ့…။”
“ေဟ…ဟုတ္လား..”
ၾကားလိုက္ရသည့္ စကားေၾကာင့္ ဦးထြန္းခင္မ်က္လုံးျပဴးသြားသည္။ ျဖစ္ႏိုင္သည္။အမွန္ဆို မိုးဦးေလဦးမွန္ေနလ်က္နဲ႔ အခုေလာက္ထိ စပါးပင္ အေျခေနမေကာင္းျခင္းသည္ ေျမၾသဇာမေကာင္းျခင္းေၾကာင့္သာျဖစ္ေပမည္။
“ဟုတ္ပါ့ေတာ္….။ လူေတြကလည္း လုပ္ရက္ၾကတာေတာ္..။ ကြၽန္မတို႔လို ႐ိုး႐ိုးသားသားလုပ္စားတဲ့ ေတာင္သူေတြကိုမွ လိမ္ရက္ၾကတယ္……။”
ဦးထြန္းခင္ ၾကားၾကားခ်င္းစိတ္တိုတိုျဖင့္ မတ္တပ္ထရပ္ကာ စပါးခင္းအားၾကည့္မိျပန္သည္။ျမင္ေနရသည့္ စပါးပင္မ်ားက စိတ္ခ်မ္းသာစရာတစ္ခုမွမရွိ။ဝါထိန္ၿပီး တခ်ိဳ႕ေနရာတြင္ အ႐ြက္မ်ားပင္ေျခာက္ခ်င္ေနသည္။ ေဒါသမ်ားေၾကာင့္ က်စ္က်စ္ေတာက္ပူေနေသာ ေနေရာင္ေအာင္တြင္ ေႁခြးမ်ားတဒီးဒီးစီးက်ေနေသာ္လည္း မသုတ္အား။ စိတ္ထဲတြင္ ကုမၸဏီ ဝန္ထမ္းဆိုသူကိုသာ ဓားက်ိန္းက်ိန္းေနမိေတာ့သည္။
သို႔ေသာ္လည္းမတတ္ႏိုင္။ ကုမၸဏီ ဝန္ထမ္းဆိုသူမွာလည္း လာေရာင္းၿပီးကတည္းက ေပ်ာက္သြားၾကသည္မွာ အရိပ္ပင္မျမင္ရေတာ့။
***
(၄)
“စဥ္းစားပါဦးကိုထြန္းခင္ရယ္…..။ ေတာ္ မို႔ေျပာထြက္တယ္ေတာ္…။ ေတာ္ အသည္းႏွလုံးမရွိဘူးလား။”
ေျပာေျပာဆိုဆို မိန္းမျဖစ္သူက ငိုေတာ့ ဦးထြန္းခင္ပါ လိုက္ငိုခ်င္မိသည္။ မိန္းမေရွ႕မွာ မ်က္ရည္မက်ခ်င္၍သာ ထိန္းေနရ၏။
” တျခားနည္းလမ္းမွ မရွိေတာ့တာ မိန္းမရယ္…။ ကေလးႏွစ္ေယာက္ေက်ာင္းစရိတ္ကို ဘယ္မွာသြားရွာမလဲ…”
ေဒၚျမေငြ နီက်င္က်င္မ်က္လုံးအစုံမွ ႁပြတ္ခဲေနသည့္ မ်က္ေရမ်ားကို ခပ္ၾကမ္းၾကမ္းသုတ္ရင္းေျပာသည္။
” တိမ္ညိဳနဲ႔ တိမ္ျပာက ကြၽန္မတို႔ရဲ႕ ေက်းဇူးရွင္ ပါေတာ္…။ ကြၽန္မတို႔မိသားစုကို ရွင္နဲ႔အတူ ပခုံးထမ္းလုပ္ကေကြၽးခဲ့တာပါ။ခုလိုအဆင္မေျပမွ ေရာင္းမယ္ဆိုေတာ့ ရက္စက္ရာက်လြန္းလို႔ပါေတာ္…။’’
ေဒၚျမေငြ ရႈိက္သံေတြေၾကာင့္ တအိအိျဖစ္ေနသည္။ ဦးထြန္းခင္ ႀကံရာမရျဖစ္ကာ သက္ျပင္းကို ဟင္းခနဲခ်မိသည္။ သူ႔မွာ ျပန္ေျပာစကာ စကားရွာမေတြ႕ ။မိန္းမျဖစ္သူေျပာသည္မွာ အားလုံးအမွန္ျဖစ္သည္။
တိမ္ညိဳ တိမ္ျပာ ႏြားႏွစ္ေကာင္သည္ ဦးထြန္းခင္အတြက္ေတာ့ ညာလက္႐ုံးမ်ားျဖစ္သည္။ တစ္မိုးၿပီးတစ္မိုး တစ္ႏွစ္ၿပီးတစ္ႏွစ္ ဦးထြန္းခင္နဲ႔အတူ လယ္ထဲတြင္႐ုန္းကန္ခဲ့သည္။ ႏွင္တံကိုင္စရာမလို သည္အထိ အလိုက္သိလြန္းေသာေၾကာင့္ ဦးထြန္းခင္ စိတ္ခ်မ္းသာခဲ့ရသည္။
အလုပ္မွာ မခိုကပ္။ ခိုင္းလွ်င္ခိုင္းသေလာက္ လုပ္သည့္ လိမ္မာလြန္းသည့္ ႏြားႏွစ္ေကာင္ျဖစ္သည္။
ထိုသို႔အတူ႐ုန္းကန္လာသည့္ ႏြားႏွစ္ေကာင္ကို ဦးထြန္းခင္ သံေယာဇဥ္မရွိပဲေနပါမည္လား။
တိမ္ညိဳနဲ႔ တိမ္ျပာကို ေရာင္းဖို႔ တစ္ခါမွ စိတ္ကူးမရွိဖူးေသာ္လည္း ယခုေတာ့ေရာင္းရေတာ့မည္။
ေငြ ႏွစ္သိန္းနဲ႔ တကၠသိုလ္လႊတ္လိုက္သည့္ သားႏွင့္သမီးလည္း ဦးထြန္းခင္ေငြလာပို႔မည့္ေန႔ကို ေမွ်ာ္ေနရင္း လည္ပင္းရွည္ေနေလာက္ၿပီ။
တစ္ႏွစ္တစ္တန္း ပုံမွန္ေအာင္ၿပီး တကၠသိုလ္ ထိေရာက္ေနၾကသည့္ သားနဲ႔သမီးကိုလည္း ဦးထြန္းခင္ ေက်ာင္းမနားခိုင္းရက္။ ကေလးေတြ တာဝန္ေက်ၿပီး မိဘ တာဝန္မေက်မွာ ေၾကာက္မိသည္။
လယ္စပါးလည္း ရိတ္ၿပီးသိမ္းၿပီးခ်ိန္၌ အထြက္ႏုန္းက လယ္ရွင္ကိုေပး၍ေတာင္ မေလာက္ခ်င္။ ေနာင္ႏွစ္မွ ပိုသြင္းမည္ဟု ကတိေတြ အထပ္ထပ္ေပးၿပီးေတာင္းပန္ထားရသည္အထိပင္။
တျခားဝင္ေငြ မရွိသည့္ ဦးထြန္းခင္တို႔အဖို႔ ဒုကၡလွလွေရာက္ၾကရသည္။
ေနာက္ဆုံးေတာ့ မိန္းမျဖစ္သူကို နားလည္ေအာင္ေျပာၿပီး ႏြားႏွစ္ေကာင္ကိုေရာင္းဖို႔ လုပ္ရေတာ့သည္။ မိန္းမျဖစ္သူလည္း ေနာက္ဆုံးေတာ့ အိမ္ေထာင္ဦးစီးျဖစ္သည့္ ဦးထြန္းခင္ စီစဥ္သည့္အတိုင္း ေစာဒကမတက္ ရဲေတာ့ေသာ္လည္း မည္သည့္စကားမွ ေခ်ပျပန္ေျပာျခင္းမရွိေတာ့ေပ။ လုပ္ခ်င္တာ လုပ္ေတာ့ ဆိုသည့္ မ်က္ႏွာေဘးျဖင့္သာေနေလသည္။
***
(၅)
တစ္ညလုံးတစ္ေမွးမွ မအိပ္ထားရေသာေၾကာင့္ မ်က္လုံးအစုံက က်ိန္းစပ္လို႔ေနသည္။ ႏြားႏွစ္ေကာင္ကိုဆြဲပီးအိမ္ကထြက္ေတာ့ ဦးထြန္းခင္ေျခလွမ္းေတြ ေႏွးေနသည္။ ဇႏွီးသည္ ေဒၚျမေငြကေတာ့ ႏြားႏွစ္ေကာင္ကိုမၾကည့္ရက္၍ထင္၏။ အိမ္ေထာင့္ေလးမွာ အေပါက္ဝ ကိုေက်ာ္ခိုင္းၿပီး တရႈတ္ရႈတ္ငိုေနရွာသည္။
ဦထြန္းခင္ရင္ထဲတြင္လည္း ငိုခ်င္စိတ္ေတြႀကီးစိုးေနသည္။ ႏြားႏွစ္ေကာင္ဆြဲထားသည့္ လက္ထဲက ႀကိဳးေတြက အားေလ်ာ့ၿပီး လႊတ္က်ျခင္ေနသည္။
ႏြားပြဲစားဖိုးတုတ္အိမ္ေရာက္ေတာ့ တျခားႏြားသုံးေကာင္ပါ ဝယ္ထားသည္ကို ေတြ႕သည္။ဖိုးတုတ္က ၿမိဳ႕က အမဲဒိုင္အတြက္ ႐ြာကႏြားမ်ားဝယ္ေပးသည့္ပြဲစားျဖစ္သည္။ တိမ္ညိဳနဲ႔ တိမ္ျပာလည္း မနက္ျဖန္
ေလာက္ဆိုလွ်င္ အမဲဒိုင္လက္ထဲေရာက္ေပေတာ့မည္။
ဦးထြန္းခင္စဥ္းစားရင္း မ်က္လုံးအစုံကိုမွိတ္လိုက္သည္။ ဆက္မေတြးရဲေတာ့။
“ဦးထြန္းခင္ ….က်ဳပ္က တကယ္မွေရာင္းပါ့မလားလို႔ဗ်ာ။ႏြားခ်စ္တတ္သူဆိုေတာ့ က်ဳပ္က မယုံခ်င္ယုံခ်င္ျဖစ္ေနတာ..။
ကဲပါဗ်ာ … က်ေနာ္ေျပာထားတဲ့ေစ်းအတိုင္း ႏွစ္ေကာင္ကို ေျခာက္သိန္းတစ္က်ပ္မွ မေလ်ာ့ပဲေပးပါ့မယ္။”
ႏြားပြဲစားဖိုးတုတ္အသံ ပိုက်ယ္ၿပီး ပိုသြက္ေနသည္ဟု ဦးထြန္းခင္ထင္မိသည္။ ဘာမွ ေျပာခ်င္စိတ္မရွိသည္နဲ႔ ႏြားႀကိဳးႏွစ္ေခ်ာင္းကို ဖိုးတုတ္လက္ထဲ ပစ္ထည့္ေပးလိုက္သည္။
ထို႔ေနာက္ ဖိုးတုတ္ေပးလိုက္သည့္ ေငြေျခာက္သိန္းထုတ္ေလးကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး တိမ္ညိဳနဲ႔ တိမ္ျပာကို ေက်ာခိုင္းလိုက္ေတာ့၏။
စိတ္မေကာင္းလြန္းသျဖင့္ ရင္ထဲတြင္ ဆို႔နစ္ေနသည္။
တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားသည့္ မိမိေက်ာျပင္အား တိမ္ညိဳနဲ႔တိမ္ျပာႏွစ္ေကာင္စလုံး ေသြေသြေလး ေငးၾကည့္ကာ က်န္ခဲ့မည္ကိုသိေသာ္လည္း ဦးထြန္းခင္လွည့္မၾကည့္ေတာ့။
“ေဖႀကီးကို ခြင့္လႊတ္ပါ သားတို႔ရယ္” ဟု စိတ္ထဲက အႀကိမ္ႀကိမ္ေတာင္းပန္ေနမိသည္။
မ်က္ဝန္းအိမ္မွ အလိုလို စီးက်လာသည့္ မ်က္ရည္စက္မ်ားသည္ေတာ့ အက်ႌလက္ေမာင္းစျဖင့္အႀကိမ္ႀကိမ္သုတ္ေနေသာ္လည္း အဆက္မျပတ္က်ဆင္းလို႔ေကာင္းတုန္းျဖစ္ေလသည္။
ညီေလးငယ္
ေၾကးမုံမ်ိဳးဆက္သစ္ရင္ျပင္
21.07.2019 တနဂၤေႏြေန႔