မောင်ရေခဲနှင့်သရဲမှော်တိုက်(စ/ဆုံး)

Unicode Version

မောင်ရေခဲနှင့်သရဲမှော်တိုက်(စ/ဆုံး)
——————————————
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် လူသူအယောက်အပေါက်နည်းသည့်တောကြီးမျက်မည်းထဲရောက်လာသည်။ သူလူလေးပါးနှင့်ကင်းကွာသဖြင့် တောကောင်များပေါများရာအရပ်လည်းဖြစ်သည်။
” ဆရာ…ကျွန်တော်ရေငတ်သလိုဖြစ်နေတယ်….ဒီတောဒီတောင်ထဲ ရေရနိူင်မဲ့စမ်းချောင်းလေးရှိတန်ကောင်းပါရဲ့နော်….”
” ဒီတောဒီတောင်စိမ်းစိုနေပုံထောက်ရင် ရေပေါမှာထင်ပေါ်ရဲ့….ဟောဟိုမယ်တွေ့လား သမင်အုပ်တွေ….ကြည့်ရတာသူတို့လည်းနေအပူရှိန်ကြောင့် ရေငတ်နေပုံရတယ်….ဒါကြောင့်အုပ်စုလိုက်ရေရှာထွက်ကြတယ်….ဒီသမင်အုပ်နောက်ကိုလိုက်ရင် ရေကိုတွေ့မှာ….”
” ဒါဆိုလိုက်ရအောင်လေဆရာ….”
” နေအုံးထင်ပေါ်…ဒီကောင်တွေအရမ်းပါးတာ….လူနံသူနံ့ရရင် သူတို့ကိုအန္တာရယ်ပေးမယ်အထင်နှင့် ဝရုန်းသုန်းကားပြေးကြလိမ့်မယ်…အဲဒီအခါကျတိုးမိခိုက်မိပြီးအနာတရတွေဖြစ်ကုန်လိမ့်မယ်….ဒီတော့ကိုယ့်ကြောင့်တစ်ပါးသူအနာတရမဖြစ်ရလေအောင် ဝေးဝေးကနေဘဲလိုက်ကြမယ်….”
” ဟုတ်ကဲ့ဆရာ…..”
သို့ကြောင့်ဆရာတပည့်နှစ်ယောက် အရိပ်ကောင်းသောသစ်ပင်အောက်၌အနားယူလိုက်၏။ နေအပူရှိန်သည်ကား သစ်ပင်ကြားထဲကွက်တိကွက်ကြားကျနေ၏။ သမင်အုပ်သည် တောကြီးထဲမှလျုှိမြောင်ထဲသို့ဆင်းသွားကြ၏။ ထိုသမင်အုပ်ခပ်ဝေးဝေးရောက်သည်နှင့် မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ထိုင်ရာမှထပြီး သမင်အုပ်နောက်ခပ်လှမ်းလှမ်းမှလိုက်ခဲ့၏။
တအောင့်ကြာသည်နှင့်သမင်အုပ်သည်လည်တိုင်များတထောင်ထောင်ပြုကာလျိုှမြောင်ထဲသို့ပြေးဆင်းသွားကြ၏။
” ဖျော….ဖျော….ဖျော….”
ခပ်ဝေးဝေးရှိလျိုှမြောင်ထဲမှ ရေစီးသံတသွင်သွင်ကိုကြားလိုက်ရသဖြင့် မောင်ထင်ပေါ်ကတံတွေးကိုဂလုခနဲမျိုချလိုက်၏။
” ဒီလျိုှမြောင်ထဲမှာစမ်းချောင်းလေးရှိတယ်ဆရာ….”
” အေးဟုတ်တယ်ထင်ပေါ်ရဲ့….လာငါတို့တွေစမ်းချောင်းရဲ့အထက်ပိုင်းကိုသွားကြမယ်….အောက်ပိုင်းမှာတရိစ္ဆာန်တွေသောက်နေတော့ ရေကသန့်မှာမဟုတ်ဘူး….”
ထိုသို့ပြောပြီးအထက်အညာဆန်ကာ ချောင်းအထက်သို့တက်လာ၏။ တအောင့်အကြာ၌ လျိုှမြောင်ထဲရှိတသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးကိုတွေ့လိုက်ရ၏။ စမ်းရေမှာအေးမြကြည်လင်နေပြီး ရေထဲမှငါးတို့ကိုအတိုင်းသားမြင်နေရသည်။ မောင်ထင်ပေါ်က စမ်းချောင်းနံဘေးရှိခပ်ကြီးကြီးသစ်ရွက်ကိုခူးပြီးဆေးကြောကာ ကန်တော့ပုံစံလုပ်လိုက်၏။ ပြီးမှကြည်လင်နေသောရေကိုအသာခပ်ယူကာ ဆရာဖြစ်သူကိုကမ်းပေးလိုက်၏။ မောင်ရေခဲလည်း တပည့်ဖြစ်သူကမ်းပေးသော ရေကိုလှမ်းယူပြီးတချိုးတည်းမော့သောက်လိုက်၏။
” ဂလု…ဂလု….”
” ခုမှဘဲအမောပြေတော့တယ်ဗျာ…..ရေလေးကအေးမြပြီးသောက်လို့အရမ်းကောင်းတာဘဲ….ကဲထင်ပေါ် မင်းဖို့လည်းသောက်အုံး…..”
” ဟုတ်ဆရာ…..”
မောင်ထင်ပေါ်လည်း ချောင်းစပ်ရှိရေကိုခပ်ယူကာ အားပါးတရသောက်လိုက်၏။ ချောင်း၏အောက်အရပ်မှလေအဝှေ့တွင် သင်းပျံ့မွှေးကြိုင်နေသော ငှက်ပျောသီးမှည့်ရနံ့ကိုမောင်ထင်ပေါ်ရလိုက်၏။
” ဟာ….မွှေးလိုက်တဲ့ငှက်ပျောသီးနံ့လေး….ဒီနားတဝှိုက်မှာ ငှက်ပျောမှည့်ပင်ရှိရမယ်….ဆရာဒီနားခဏစောင့်နေ…ကျွန်တော် ငှက်ပျောပင်ကိုသွားရှာလိုက်မယ်….”
” ဟုတ်ပြီ….ဂရုစိုက်ဦးနော်ထင်ပေါ်….”
” ဟုတ်ဆရာ….”
မောင်ထင်ပေါ်လည်း လွယ်အိတ်ကိုချွတ်ယူပြီး မောင်ရေခဲအားပေးလိုက်၏။ ပြီးသော် ချောင်းအောက်ဖက်သို့စုန်ဆင်းသွား၏။ ခပ်ကြာကြာပင်မသွားလိုက်ရ၏။ တစ်ခိုင်လုံးမှည့်ကာဝင်းဝါနေသော ငှက်ပျောရုံကြီးကိုတွေ့လိုက်ရ၏။
” က္လိ…က္လိ…က္လိ….”
” ဂူး….ဂူး….ဂူး…..”
” ဝူးဝှစ်….ဝူးဝှစ်…ဝူးဝှစ်…..”
အမျိုးစုံသောငှက်အပေါင်းတို့ကလည်း ငှက်ပျောရုံဘေးတဝဲဝဲပျံကာ ငှက်ပျောသီးမှည့်များကိုထိုးဆိတ်စားသောက်နေကြ၏။
” အလိုလေး!…..ချောင်းအထက်အရပ်ထိအနံ့တွေသင်းနေတာ…. ကြည့်စမ်း…မှည့်ဝင်းနေတာဘဲ…. ”
မောင်ထင်ပေါ်က ငှက်ပျောရုံအထက်မှ ငှက်ပျောခိုင်ကြီးကိုကြည့်ကာ ပျော်ရွှင်နေ၏။
ထို့နောက် ငှက်ပျောခိုင်ကြီးကိုဖြုတ်ယူရန် သစ်ချောင်းအချွန်တစ်ခုကိုယူလိုက်ပြီး ငှက်ပျောခိုင်ထဲမှ သုံးဖီးကိုသာဖြုတ်ယူလိုက်၏။ ထိုသို့လုပ်ရခြင်းမှာ ကျန်ရှိနေသောငှက်ပျောသီးမှည့်များကို ကျေးငှက်ကလေးများစားသောက်နိူင်ရန်ဖြစ်၏။
ငှက်ပျောခိုင်ကိုဖြုတ်ယူပြီးသော် နွယ်ကြိုးတစ်ချောင်းကိုယူလိုက်ပြီး ငှက်ပျောသုံးဖီးကိုတွဲချီလိုက်၏။ ပြီးနောက်လာရာလမ်းအတိုင်းလှည့်ပြန်ရန်လုပ်စဉ်
” အင်း…ဟင်းဟင်း….ကျွတ်…ကျွတ်…”
ဟူသောညည်းသံသဲ့သဲ့ကိုကြားလိုက်ရ၏။ မောင်ထင်ပေါ်က ဘေးဘီဝဲယာကိုကြည့်သော်လည်း သစ်ပင်ကြီးငယ်များမှအပ လူနှင့်တူသည့်အရိပ်အယောင်မတွေ့ရ။
” တောချောက်ပြီထင်တယ်….”
မောင်ထင်ပေါ်ထိုသို့တွေးပြီး ငှက်ပျောသီးကို တုတ်တစ်ချောင်းဖြင့် လျိုှထမ်းလိုက်၏။
” အား….ကျွတ်…ကျွတ်…. ကယ်ကြပါအုံးရှင့်….ကယ်ကြပါအုံး….”
ဟူသောနောက်ထပ်ညည်းသံကိုပီပီသသကြီး ထပ်မံကြားလိုက်ရ၏။ သို့ကြောင့် မောင်ထင်ပေါ်လည်း ပခုံးမှထမ်းထားသော ငှက်ပျောသုံးဖီးကိုအသာချကာ အသံကြားရာဘက်သို့ သွားကြည့်လိုက်၏။
တစ်ခုသောသစ်ပင်ကြီးအောက်တွင် သစ်ရွက်ခြောက်များပေါ်၌ သစ်ပင်ကြီးကိုမှီပြီး အသက်ပြင်းစွာရှူရှိုက်နေရသော မိန်းမကြီးတစ်ယောက်ကိုတွေ့လိုက်ရ၏။
” ဟင်….လူတစ်ယောက်ပါလား….ခန္ဓာကိုယ်မှာလည်းဒဏ်ရာဒဏ်ချက်အလိမ်းလိမ်းနဲ့ပါလား….”
မောင်ထင်ပေါ်ထိုသို့ပြောပြီး မိန်းမကြီးအနားသို့တိုးကပ်ရန်လုပ်လိုက်ပြီးမှ နောက်ထပ်အသိဝင်လာကာ ခြေစုံရပ်လိုက်၏။
” ကယ်….ကယ်ပါအုံးရှင့်…..”
မိန်းမကြီးမှာ မောင်ထင်ပေါ်ကိုအသာအယာလှမ်းကြည့်ပြီး သနားစဖွယ်အကူအညီတောင်းနေရှာ၏။ မောင်ထင်ပေါ်၏ အေတြးမွာကား ဤတောကြီးမျက်မည်းထဲတွင်လူသူမရှိနိူင်။ တောကြီးထဲရှိနာနာဘာဝတို့သည် သူ့ကိုဒုက္ခပေးချင်သဖြင့် လူယောင်ဖန်ဆင်းပြီး အားနည်းချင်ယောင်ဆောင်နေခြင်းဖြစ်မည် ဟုတွေးမိလိုက်သဖြင့် ခြေစုံရပ်လိုက်ခြင်းဖြစ်၏။
” ကယ်ပါအုံးရှင့်….ကျွန်မကျေးဇူးပြန်ဆပ်ပါ့မယ်…..”
” အစ္မက တကယ့်လူအစစ်လား….ဒါမှမဟုတ် ကျွန်တော့်ကိုဒုက္ခပေးချင်လို့ အယောင်ဆောင်ပြီးဖန်ဆင်းထားတာလား….”
” ကျွန်မတကယ့်လူအစစ်ပါရှင့်….ကယ်ပါ….တကယ်ဒုက္ခရောက်နေလို့ပါရှင့်…. အဟွတ်…အဟွတ်…အဟွတ်…. ”
မိန်းမကြီးမှာထိုသို့ပြောပြီး မောသွားဟန်ဖြင့် မျက်လုံးမှိတ်ကာမှိန်းနေလိုက်၏။
” လူဖြစ်ဖြစ်ဘာဖြစ်ဖြစ် အသက်တစ်ချောင်းကယ်ကောင်းပါတယ်လေ….အကယ်၍ကို့ကိုရန်လိုခဲ့ရင်လည်း ဘာမှုစရာရှိလို့လဲ…..”
မောင်ထင်ပေါ်ထိုသို့တွေးပြီး မိန်းမကြီးအနားတိုးကပ်သွားကာ နဖူးကိုစမ်းကြည့်လိုက်၏။
” အိုး! ခြစ်ခြစ်တောက်ပူနေတာဘဲ….မျဖစ္ဘူး ဆရာ့ကိုသွားပြောပြမှရမယ်….”
” အစ်မကြီး ဒီမှာခဏနေနှင့်အုံးနော် အစ်မကြီးကိုကယ်ဖို့ကျွန်တော်ဆရာကိုသွားခေါ်လာခဲ့မယ်….”
ဆိုပြီးအမြန်ထကာ ဆရာရှိရာသို့အပြေးလာခဲ့၏။
” ဆရာ….ဆရာ….”
” ဟောဟဲ…ဟောဟဲ….”
” ဟော….ပြန်ရောက်လာပြီလားထင်ပေါ်….အမောတကောနဲ့ပါလား တောကောင်လိုက်လာလို့လား….”
” မ…မဟုတ္ဘူး….ဆ….ဆရာ…..”
” အဲဒါဆိုဘယ်လိုဖြစ်လာတာလဲ…ဆိုစမ်းပါအုံး….”
မောင်ထင်ပေါ်က သူတွေ့ခဲ့သောအကြောင်းအရာများကိုပြန်ပြောပြလိုက်၏။
” ဟင်….အဟုတ်လားထင်ပေါ်….ဒါဆိုသွားကြည့်ရအောင်….”
ဆိုပြီးအမြန်ထကာ မိန်းမကြီးရှိရာသစ်ပင်အောက်သို့ သွားလိုက်၏။ ထိုသစ်ပင်ကြီးအောက်သို့ရောက်သော် သစ်ပင်ကြီးကိုမှီပြီး မှိန်းနေသောမိန်းမကြီးကိုတွေ့လိုက်ရ၏။
” ထင်ပေါ်….သြား….ရေအမြန်သွားခပ်ချေ….”
” ဟုတ်ဆရာ….”
မောင်ရေခဲကမိန်းမကြီး၏ဘေးသို့ထိုင်လိုက်ပြီး မိန်းမကြီး၏မျက်လုံးကိုဖြဲကြည့်လိုက်၏။ မိန်းမကြီးမှာသွေးထွက်လွန်နေသဖြင့် အားနည်းကာအသားများပြာဝေနေ၏။
ခဏအကြာ၌မောင်ထင်ပေါ်ပြန်ရောက်လာ၏။
” ထင်ပေါ်….သူအဖျားအရမ်းကြီးနေတယ်…. ငှက်ပျောရွက်ပေါ်သိပ်မှရမယ်….အစာလည်းငတ်တော့အားမရှိဘူးဖြစ်နေတာ….”
” ကျွန်တော်ငှက်ပျောရွက်ယူလာခဲ့မယ်ဆရာ….ဒီကငှက်ပျောသီးမှည့်တွေကျွေးထားနှင့်လိုက်….”
” အေးအေးထင်ပေါ် ဂရုစိုက်ဦး….”
မောင်ရေခဲက မောင်ထင်ပေါ်ပေးလာသောငှက်ပျောသီးမှည့်ကိုယူကာ အခွံခွာပြီး မိန်းမကြီးကိုအသာအယာခွံ့ကျွေးလိုက်၏။
ငှက်ပျောသီးကျွေးပြီး ရေပါတိုက်လိုက်၏။
” အစ်မကြီး ဒီဆေးပါသောက်လိုက်နော်….ဒါကအစ်မကြီးကိုပြန်လည်ပြီးအားအင်တွေပြည့်စေမှာဗျ….”
မောင်ရေခဲက လွယ်အိတ်ထဲမှကျောက်သွေးကိုယူပြီး မိန်းမကြီးကိုတိုက်လိုက်၏။
ခဏ၍မောင်ထင်ပေါ်က ငှက်ပျောရွက်တစ်ပွေ့တစ်ပိုက်ဖြင့် ပြန်ရောက်လာ၏။
ထိုငှက်ပျောရွက်အား သစ်ပင်ကြီးအောက်ခင်းကာ မိန်းမကြီးကိုငှက်ပျောရွက်ထဲအိပ်စေလိုက်၏။ ပြီးမှအဖျားကျစေရန် အဝတ်စတစ်ခုကိုရေဆွတ်ပြီး နဖူးပေါ်တင်ပေးလိုက်၏။ ထိုခဏ၌မိန်းမကြီးသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
ထိုမိန်းမကြီးအိပ်ပျော်သွားမှ မောင်ရေခဲတို့က ခပ်ဝေးဝေးနေရာသို့သွားထိုင်လိုက်၏။
” ဆရာ….ဒီအစ်မကြီးက လူစင်စစ်လားဗျ….”
” ဟုတ်တယ်ထင်ပေါ်….တကယ့်လူအစစ်ဘဲ….”
” ဒါဆိုဘယ်ကနေရောက်လာတာပါလိမ့်နော်…..ဒီလိုတောကြီးမျက်မည်းထဲ အမျိုးသမီးတစ်ယောက်ထဲရောက်နေတာ တောကောင်အန္တရာယ်တွေမကြောက်ဘူးလားမသိ….”
” သူလည်းအန္တရာယ်ကြားထဲကထွက်ပြေးလာတာနေမယ်… ကြည့်ရတာကလေးမီးဖွားပြီး အသက်လုပြေးလာပုံဘဲ….သေချာသိချင်ရင်တော့ နိူးလာမှမေးကြည့်မှရမယ်….”
ထိုည၌မောင်ရေခဲတို့လည်း တောကြီးထဲ၌ပင်အနားယူလိုက်၏။ နောက်နေ့မနက်၌မိန်းမကြီးသည် အဖျားပျောက်သွားပြီး အားအင်များပြန်လည်ပြည့်ဖြိုးလာ၏။
” နိူးပြီလားအစ်မကြီး…. ဘယ်လိုလဲနေသာရဲ့လားဗျ…..”
” နေသာတယ်မောင်လေးတို့ရယ်….အစ်မအသက်ကိုကယ်တင်ပေးလို့ကျေးဇူးအရမ်းတင်ပါတယ်ရှင့်…..မောင်လေးတို့သာမကယ်ရင်အစ်မ ဒီတောထဲမှာဘဲသေသွားရမှာ….”
” လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ….ဒါနဲ့အစ်မကြီးက ဘာကိစ္စဒီလိုတောကြီးထဲရောက်နေရတာလဲ….မဟုတ်မှလွဲရောဒီနားတစ်ဝှိုက်မှာ ကျေးရွာတွေဘာတွေရှိနေတာလား….”
” အစ်မပြောပြပါ့မယ်….အစ်မကဒီတောနဲ့သုံးမိုင်လောက်ဝေးတဲ့ မဟော်ဂနီရွာကလာခဲ့တာပါ….အစ်မဒီရောက်တာ၁၀ရက်ကျော်ပြီ….တောထဲမှာပြေးလိုက်လွှားလိုက်နဲ့နောက်ဆုံးဒီတောထဲရောက်လာတာဘဲ….”
” အစ်မကိုလိုက်မရှာကြဘူးလား….”
” လိုက်မရှာဘဲနေမလား….သူတို့ကအစ်မကိုအသေရရအရှင်ရရလိုချင်နေကြတာ….အစ်မသူတို့လက်ထဲကအသက်လုပြေးလာတာ….အစ်မသားလေးလည်းသူတို့ဆီမှာကျန်ခဲ့တယ်….”
” ဟင်….သူတို့ဆိုတာကအစ်မတို့ရွာသူရွာသားတွေလား….”
” ဟုတ်တယ်မောင်လေးတို့….အစ်မအမျိုးသားအပါအဝင် တစ်ရွာလုံးအစ်မကိုလိုက်သတ်ကြတာ….”
” ဟင်….ထူးဆန်းလှချည်လားအစ်မရဲ့….အကြောင်းစုံပြောပြပါဦး….ကျွန်တော်ကူညီနိူင်ရင်ကူညီရတာပေါ့….”
” ကျေးဇူးပါမောင်လေးရယ်….အစ်မတို့ရွာအကြောင်းပြောပြပါ့မယ်…..”
****************************
မဟော်ဂနီကျေးရွာဟုအမည်ရသောရွာလေးတစ်ရွာ။ ထိုရွာ၌အိမ်ခြေပေါင်း၅၀သာရှိပြီး ထိုရွာကိုအုပ်ချုပ်သောသူကြီးမှာလည်း ယောကျာ်းမဟုတ်ချေ။ အသက်၇၀အရွယ်ရှိ ဒေါ်ဇာနုအမည်ရ အဖွားကြီးတစ်ယောက်ဖြစ်၏။ ထိုအဖွားကြီးသည် ရွာသူရွာသားအပေါ် အလွန်ဩဇာညောင်းသူဖြစ်၏။ ဒေါ်ဇာနုသည်အသက်ကြီးသော်လည်း တစ်ရွာလုံး၏ကိစ္စဝိစ္စမှန်သမျှသူ့ခြေသူ့လက်ပါမှပြီး၏။ လင်းတခေါင်းပုံစံထွင်းထုထားသော တောင်ဝှေးတစ်ချောင်းကိုအမြဲထောက်ထားတတ်ပြီး ခါးအနည်းငယ်ကိုင်းကာ ခေါင်းရှိဆံပင်မှာတစ်ခေါင်းလုံးဖြူဖွေးနေ၏။
ဒေါ်ဇာနုမှာအများသူငှါကဲ့သို့ အဝတ်မဝတ်။ ဖျင်ကြမ်းထဘီမဲတစ်ထည်ကိုသာ ထဘီရင်လျှားထား၏။ တစ်ရွာလုံးရှိရွာသူရွာသားများကလည်း ဒေါ်ဇာနု၏အမိန့်အာဏာကိုမလွန်ဆန်ရဲကြချေ။ ရွာရှိယောကျာ်းမှန်သမျှ ဒေါ်ဇာနုကိုယ်တိုင်ဖော်စပ်ထားသော ဆေးရည်ဖြင့် ထိုးကွင်းမှင်ကြောင်ထိုးကြရ၏။ ထိုဆေးမှင်ကြောင်ကိုအသက်၁၈နှစ်ပြည့်ပြီးသည့် ယောကျာ်းလေးတိုင်း ထိုးကြရ၏။ ထိုဆေးမှင်ကြောင်ကို လကွယ်ည၏သန်းခေါင်ယံအချိန်တွင်သာထိုးကြရ၏။
ထိုဆေးမှင်ကြောင်ထိုးပြီးသူများသည် လပြည့်လကွယ်ညတိုင်း သားကောင်တို့၏သွေးစိမ်းရှင်ရှင်ကိုသောက်သုံးကြရ၏။ မသောက်ဘဲနေသူများသည် ထိုည၌ တကိုယ်လုံးမီးနှင့်မြိုက်သကဲ့သို့ပူလောင်ပြီး ရေခွံများလှန်ကုန်၏။ ထိုအခြေအနေကိုမည်သူမျှမခံစားနိူင်သောကြောင့် လပြည့်လကွယ်ည၌ တရိစ္ဆာန်တို့၏သွေးကိုသောက်ရ၏။
သူကြီးမဒေါ်ဇာနု၏အိမ်ထဲသို့အခွင့်မရှိဘဲမည်သာမျှဝင်ခွင့်မရှိချေ။ ဒေါ်ဇာနု၏အိမ်ဝန်းသည်ကျယ်ပြန့်ပြီး သစ်ပင်ကြီးငယ်များကိုအုံ့ဆိုင်းနေအောင်စိုက်ပျိုးထား၏။ အိမ်ဝန်းထဲတွင်လည်းခြံစောင့်ခွေးကြီးငါးကောင်ကိုမွေးမြူထား၏။ ဒေါ်ဇာနု၏ခွေးကြီးသည်နွားမတန်းတစ်ကောင်ကဲ့သို့ဆူဖြိုးပြီး အစွယ်ဖွေးဖွေးဖြင့် အလွန်ကြောက်စရာကောင်း၏။
ဒေါ်ဇာနုတွင်သားထောက်သမီးခံမရှိချေ။ တစ်နေ့ဒေါ်ဇာနုသည် အိမ်မဲမဲကြီးတွင်ဆေးဖော်နေ၏။
” ဗျို့…အမေကြီးဒေါ်ဇာနုရေ….အမေကြီးဇာနု….”
ခါးတောင်းကိုမြှောင်အောင်ကျိုက်ထားသော ယောကျာ်းကြီးနှစ်ယောက်သည် ဒေါ်ဇာနုကိုအော်ခေါ်ရင်း အိမ်ထဲသို့ဝင်လာ၏။
” အေးဟေ့….ငါအိမ်ထဲမှာရှိတယ်….လုပ်စရာမပြီးသေးလို့ အပြင်မှာဘဲစောင့်နေအေ့….”
ဒေါ်ဇာနုကအသံစာစာဖြင့်ပြန်ပြောလိုက်၏။
” ဟုတ်ကဲ့ဟုတ်ကဲ့အမေကြီး….”
လူငယ်နှစ်ယောက်ကထိုသို့ပြောပြီး အိမ်အောက်ထပ်ရှိ ရှေးခေတ်သစ်သားခုံကြီးပေါ်တွင်ထိုင်လိုက်၏။ ထိုလူငယ်နှစ်ယောက်မှာ အပေါ်ပိုင်းဗလာကျင်းဖြစ်ပြီး ဗလတောင့်တင်း၏။ ခဏ၌အပေါ်ထပ်မှသူကြီးဒေါ်ဇာနုကတောင်ဝှေးထောက်ကာ ဆင်းလာခဲ့၏။
” မောင်သောင်းနှင့်မောင်ကောင်း….ရွာထဲမှာ ဘာအကြောင်းထူးလဲအေ့…..”
” ထွေထွေထူးထူးအကြောင်းတော့သိပ်မရှိဘူးအမေကြီး….ဒါပေမဲ့မကြာခင်အချိန်မှာရွာထဲကသားသည်မိခင်တစ်ယောက် မီးဖွားဖို့ရှိတယ်ဗျ….”
” ဘယ်သူလဲအေ့….ရွာလယ်ကမယ်ယဉ်ထွေးလား….”
” ဟုတ်တယ်အမေကြီး….”
” အေးအေး…ဒါဆိုသူ့ကိုသေချာစောင့်ကြည့်ထား သူမီးဖွားချိန်ငါ့ကိုလာပြောကြ….”
” ဟုတ်ဟုတ်အမေကြီး….”
” ဒါနဲ့ရပ်ရွာထဲသူစိမ်းတွေဘာတွေဝင်တာရှိလား…..ရွာထဲသူစိမ်းတွေလုံးဝအဝင်မခံနဲ့နော်….ရွာစည်းပျက်မယ်….”
” ဟုတ်အမေကြီး….ဒါက…ရွာတောင်ပိုင်းကမုဆိုးဦးဖေခင်ရဲ့တံစိုးလက်ဆောင်တဲ့….”
ဆိုပြီးသွေးများရဲနေသေးသော တောကောင်၏ဦးခေါင်းနှင့်အသားတွဲကိုဒေါ်ဇာနုအားပေးလိုက်၏။
” အေးအေး…ကောင်းသကွယ်….ဒီရက်ပိုင်းကျွေးဖို့မွေးဖို့ရှိတာနဲ့အတော်ဘဲအေ့….”
ဆိုပြီးထိုအသားအား ခုံပေါ်ရှိစကောထဲသို့တင်လိုက်၏။
” ဒါနဲ့ လာမဲ့လကွယ်ညအတွက် သွေးစိမ်းသောက်ရမဲ့သူအတွက်သွေးစိမ်းရမဲ့သားကောင်တွေစီစဉ်ထားပြီလားမောင်ကောင်းနဲ့မောင်သောင်း….”
” စီစဉ်ထားပါပြီအမေကြီး….ဒါနဲ့ရွာထဲကိုဘာအမှာစကားချွေဖို့ရှိလဲအမေကြီး….”
” ရှိတာပေါ့ကွဲ့….ရွာထဲကမိန်းမတွေကို ချည်ဖျင်ထည်တွေသေချာရက်လုပ်ကြလို့ပြောလိုက်….လာမဲ့လကွယ်ညမှာသွေးသောက်ပွဲတော်အတွက်ဆင်တူဝတ်ဆင်ဖို့လိုတယ်မလား….”
” ဟုတ်ဟုတ်အမေကြီး….”
ရွာသူရွာသားများစောင့်မျှော်နေကြသောလကွယ်ညသည်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ချေပြီ။ ရွာသူရွာသားများအားလုံးသည်ဖျင်ကြမ်းအင်္ကျီအနက်ရောင်ကိုတူညီဝတ်ဆင်ကြပြီး ခေါင်းတွင်လည်းအမည်းရောင်အဝတ်စကိုဆောင်းထားကြ၏။ ရွာသူရွာသားများအားလုံး ရွာအထက်ရှိပွဲတော်ကျင်းပရာနေရာသို့ရောက်လာခဲ့ကြသည်။ ကလေးများမှာလည်းထိုနည်းတူပင်။ အသက်၁၈နှစ်အရွယ်ယောကျာ်းလေးများက ဆေးမှင်ကြောင်ထိုးရန်စင်ထက်၌အသင့်စောင့်ဆိုင်းနေကြ၏။ ထိုးပြီးသားယောကျာ်းသားများကခွက်ကိုယ်စီကိုင်ကာအသင့်အနေအထားထိုင်နေကြ၏။ ထိုယောကျာ်းသားများအားလုံးအပေါ်ပိုင်းဗလာကျင်းဖြင့်သာ။
ပွဲတော်၌လူများစုံလင်နေပြီဖြစ်၏။ သို့ကြောင့်သူကြီးဒေါ်ဇာနုသည် တောင်ဝှေးကိုတဒေါက်ဒေါက်ထောက်လာရင်း လူပုံ၏အလယ်တည့်တည့်သို့ဝင်သွားကာ ဆောက်ထားသောစင်မြင့်ပေါ်သို့တက်လိုက်၏။ ဒေါ်ဇာနု၏မျက်လုံးအစုံမှာစူးရဲတောက်ပနေ၏။
” မဟော်ဂနီရွာရဲ့ အုပ်ချုပ်သူ ကျန်းမာပါစေ….အသက်ရှည်ပါစေ…..”
ဒေါ်ဇာနုစင်ပေါ်ရောက်သွားသည်နှင့် ရွာသူရွာသားတို့သည်ထိုသို့သုံးကြိမ်သုံးခါအော်ပြီး ဦးညွှတ်အရိုအသေပြုကြ၏။ သူကြီးဒေါ်ဇာနုသည် ရွာသူရွာသားများကိုကြည့်ပြီးပြုံးလိုက်၏။
” အေးကွယ်….ရွာသူရွာသားများလည်း ကျန်းမာလို့ပျော်ရွှင်ကြပါစေကွယ်…..ဒီညကတော့အားလုံးမျှော်လင့်ကြတဲ့ ပွဲတော်ကြီးပြန်လည်ရောက်ရှိလို့လာပါပြီ….ဒီတော့ ထုံးစံအတိုင်း အသက်၁၈နှစ်ပြည့်ပြီးတဲ့လူငယ်တွေကိုထိုးကွင်းမှင်ကြောင်ထိုးပေးမှာဖြစ်ပါတယ်….ပြီးတော့ ထိုးပြီးတဲ့သူတွေက သွေးစိမ်းရှင်ရှင်ကိုသောက်ကြရမှာဖြစ်ပါတယ်….”
” ဒီလိုလုပ်ခြင်းဟာ ဒီမဟော်ဂနီရွာကိုအဓွန့်ရှည်တည့်တံ့စေတဲ့အပြင် ရွာသူရွာသားတွေဟာလည်း ကျန်းမာပြီးအသက်ရှည်စေမှာဖြစ်ပါတယ်….”
” မှန်ပါတယ်သူကြီး….”
ဒေါ်ဇာနု၏စကားကိုရွာသူရွာသားများကထောင်ခံပေးကြ၏။
” ကဲကဲ…ပျော်ကြရွှင်ကြ…ကခုန်ကြပေတော့….ညသန်းခေါင်ချိန်ရောက်တာနဲ့ ထိုးကွင်းမှင်ကြောင်ထိုးခြင်း စတင်ကြမယ်….”
လကွယ်ညပွဲတော်၌ရွာသူရွာသားများပျော်ရွှင်စွာကခုန်နေကြ၏။ ရွာထဲရှိအိမ်တစ်အိမ်တွင်ကား အမျိုးသမီးကြီးတစ်ယောက်သည် မီးဖွားရန်အတွက်အသင့်ပြင်နေ၏။ ည၄နာရီခန့်ကပင်ဗိုက်နာနေသော်လည်း ည၁၁ထိုးအထိမမွေးသေးပေ။ အမျိုးသမီးကြီးကဗိုက်နာနေသဖြင့်မျက်နှာကရှုံ့မဲ့နေ၏။ အနားတွင်အားပေးသူလင်ယောကျာ်းလည်းမရှိချေ။ အရပ်လက်သည်ကြီးတစ်ဦးနှင့်အဖော်အမျိုးသမီးနှစ်ဦးသာရှိသည်။ အောက်ထပ်တွင်ကားသူကြီးလွှတ်လိုက်သည့် မောင်သောင်းနှင့်မောင်ကောင်းက အခြေအနေကိုစောင့်ကြည့်နေ၏။
” အား…ကျွတ်..ကျွတ်… ကျွတ်…နာလိုက္တာတော်….”
” ညည်းမွေးတော့မည်ထင်တယ်ယဉ်ထွေး….တောင့်ခံထားအေ့….”
” နာလိုက္တာ မေကြီးမိုးရယ်….သမီးဖြင့်သေလုမတတ်မတတ်ပါဘဲ….”
” ကလေးမွေးတဲ့အလုပ်ကဘယ်လွယ်လိမ့်မလဲအေ….ညည်းတောင့်ခံထားရမယ်…မကြာဘူးခလေးကထွက်လာတော့မှာ….”
မွေးမည့်အချိန်ထိမယ်ယဉ်ထွေးတောင့်ခံရင်း ညသန်းခေါင်အချိန်၌မွေးဖွားရန်အချက်ပြလာ၏။ ထိုအချိန်ပွဲတော်၌လည်းဆေးမှင်ကြောင်ထိုးရန်စတင်ချိန်ဖြစ်ပြီး သူကြီးဒေါ်ဇာနုကတောင်ဝှေးကိုမိုးပေါ်မြှောက်ကာ မန္တာန်တစ်ပုဒ်ကိုရွတ်နေ၏။
မယ်ယဉ်ထွေးလည်းဗိုက်အရမ်းနာလာပြီး မွေးချင်လာသလိုဖြစ်နေ၏။
” အား….မွေးတော့မယ်ထင်တယ်မေကြီးမိုးရေ…အား….နာလိုက်တာရှင့်….ကျွတ်ကျွတ်ကျွတ်….”
” ညှစ်ထားယဉ်ထွေး…မွေးတော့မယ်… မွေးတော့မယ်…. ”
” အား…….”
” အူငဲ….အူငဲ….အူငဲ….”
” ဝုန်း….ဖျော….ဖျော….”
” ဂျိန်း….ဂျိန်း….ဒလိန်း….”
မယ်ယဉ်ထွေးတစ်ယောက်ကလေးမွေးထွက်လာသည်နှင့်လောကကြီးတစ်ခွင်လုံးမိုးရိပ်မိုးသံများဆူညံသွားပြီး လျှပ်စီးလည်းတဖျတ်ဖျတ်လင်းလက်သွား၏။ ကလေးငိုသံနှင့်မိုးချိန်းသံတို့ကား ရောပြွမ်းလျှက်နားစည်ကွဲမတတ်ဖြစ်နေတော့၏။
” ဟင်….မိုးတွေလေတွေအရမ်းကြမ်းလာပါလားမောင်ကောင်းရေ….ကလေးငိုသံလည်းကြားတယ်ဆိုတော့ မယ်ယဉ်ထွေးမွးပြီထင်တယ်ဗျ….”
” ဟုတ်တယ်ဟေ့ကြည့်ကြည့်ရအောင်….”
ထိုသို့ပြောပြီးအပေါ်ထပ်တက်ပြီး မီးဖွားခန်းအပြင်တွင်နေ၍
” ဒေါ်မိုး…ဗျို့…ဒေါ်မိုး….မယ်ယဉ်ထွေးမွေးပြီလားဟေ့….”
” မွေးပြီအေ…မွေးပြီ….မယ်ယဉ်ထွေးသားယောကျာ်းလေးမွေးတယ်တော့….”
” ဟင်…မှန်းစမ်းကျုပ်ကြည့်ပါရစေ….”
ဆိုပြီးအထဲဝင်ကာမယ်ယဉ်ထွေး၏သားကလေးအားဝင်ကြည့်လိုက်၏။
” အူငဲ….အူငဲ….အဲ့…အဲ့…”
ကလေးငယ်သည် လက်သည်အဒေါ်ကြီး၏လက်ပေါ်၌ယက်ကန်ယက်ကန်ဖြင့်တအဲ့အဲ့ငိုနေ၏။
” ဟင်…မျဖစ္ဘူး….မျဖစ္ဘူး….”
မောင်သောင်းသည်ကလေးကိုကြည့်ပြီး ထိတ်လန့်သလိုဖြစ်ကာအပေါ်ထပ်မှပြေးဆင်းသွားပြီး ပွဲတော်ကျင်းပရာ နေရာသို့ကရောသောပါးပြေးသွားလိုက်၏။ မောင်ကောင်းလည်းမောင်သောင်းနောက်သို့အပြေးလိုက်သွား၏။
မီးဖွားခန်းထဲရှိမယ်ယဉ်ထွေးကား အိပ်ယာထက်၌အသာမှိန်းမောနေ၏။
” ကျုပ်…ကျုပ်ကလေး အင်္ဂါအစုံပါရဲ့လားအမေမိုးရဲ့….”
” အစုံပါတယ်ယဉ်ထွေး့…ညည်းကလေးကညည်းအတိုင်းဘဲခ်စ္စရာလေးအေ့….”
” အမေမိုး…ကျုပ်သားရဲ့အချင်းကိုလှေကားအောက်မှာမမြုပ်ပါနဲ့နော်….ကျုပ်သားကိုနာမ်မနိုင်ချင်ဘူးတော့….”
” ဟေ…လှေကားအောက်မမြုပ်လို့ရမလားမယ်ယဉ်ထွေးရဲ့…ကျုပ်တို့ရွာရဲ့သူကြီးကိုယ်တိုင်ဒီစည်းကမ်းကိုထုတ်ထားတာလေ….ရွာထဲကမွေးတဲ့ကလေးရဲ့အချင်းတွေလည်း သူတို့အိမ်ရဲ့လှေကားအောက်မြုပ်ကြရတာဘဲ….”
” ကျုပ်သားကလေးရဲ့အချင်းကိုတော့ ကျုပ်လှေကားအောက်မမြုပ်နိူင်ပါဘူးအမေမိုး….လောကအလည်လူလုပ်ရမဲ့ကျုပ်သားကို ကျုပ်နာမ်မနိုင်ချင်ဘူး….”
” ညည်းအေပြောရခက်လိုက်တာ…ဒီကိစ္စသူကြီးသိရင်ညည်းကိုဒဏ်ခတ်မှာအေ့ယဉ်ထွေးရဲ့….”
” ခတ်ပလေ့စေတော့အမေမိုးရယ်….ကျုပ်သားလည်းကဘုန်းကံကြီးမားတဲ့သူတော့… အမေမိုးကြီးတွေ့လား ကျုပ်သားလေးလူ့လောကထဲဝင်လာတော့ နတ်သိကြားတွေတောင်မနေနိုင်လို့မိုးတွေလေတွေတံလျှပ်တွေနဲ့ ကြိုဆိုနေကြတာလေ….”
” ညည်းအေ…ညည်း….”
မယ်ယဉ်ထွေး၏စကားကို လက်သည်ကြီးဒေါ်မယ်မိုးပြန်လည်မချေပနိူင်တော့ချေ။
နွေခေါင်ခေါင်တွင်မိုးနှင့်တံလျှပ်များအချိန်အခါမဟုတ်ရွာချနေသဖြင့် ဒေါ်ဇာနုအံ့ဩနေ၏။ သို့ကြောင့်ရွတ်လျက်စ မန္တာန်ကိုပင်မရွတ်တော့ဘဲရပ်ထားပြီး အခြေအနေကိုအကဲခတ်နေ၏။ ထိုးကွင်းဆရာများလည်းထိုးလျှက်စတပိုင်းတစဖြင့်ရပ်နေရ၏။ ထိုစဉ်ရွာဖက်မှ မီးတုတ်ကိုင်ထားသောလူနှစ်ယောက်သည် ပွဲတော်ကျင်းပရာသို့ပြေးလာကြသည်ကိုတွေ့လိုက်ရ၏။
” သူကြီး…သူကြီး…”
” ရွာထဲအကြောင်းထူးတဲကိစ္စဖြစ်သွားတာလားမောင်ကောင်း….”
” ဟုတ်…ဟုတ်တယ်သူကြီး….မယ်…မယ်ယဉ်ထွေး သားကလေးမွေးတယ်….ပြီးတော့ကလေးမှာထူးခြားတဲ့အင်္ဂါရပ်တွေကျုပ်တွေ့ခဲ့တယ်သူကြီး….”
” ဟေ…အဟုတ်ကလားမောင်ကောင်း….ကလေးမှာဘာတွေထူးခြားတာမင်းမြင်ခဲ့လည်း….”
” ဒီကလေးကနောင်တချိန်မှာ ကျုပ်တို့ရွာကိုပျက်ဆီးအောင်လုပ်နိူင်မဲ့အစွမ်းတွေတွေ့နေရပါတယ်သူကြီး….”
” ဟေ…ဒါဆိုမဖြစ်ချေဘူး….ဒီကလေးကိုခုရင်းနှိင်နင်းထားမှဖြစ်မယ်….ခုဘဲငါ့ကိုမယ်ယဉ်ထွေးအိမ်ခေါ်သွားစမ်းမောင်ကောင်း….”
သူကြီးတို့ပြောသည်ကို ကြားလိုက်သော်ရွာသူရွာသားများလည်း ဒေါသထွက်သွားကြပြီး မယ်ယဉ်ထွေး၏သားကလေးကိုသတ်ချင်နေကြ၏။ သို့ကြောင့်မီးတုတ်ကိုယ်စီကိုင်ကာ ရွာထဲသို့ပြန်ဝင်လာခဲ့ကြ၏။
မယ်ယဉ်ထွေးသည်သူကြီးချမှတ်ထားသောစည်းကမ်းကိုဖောက်ဖျက်သဖြင့် သူကြီးဒဏ်ခတ်မည်ကိုကြိုသိနေ၏။
” အမေကြီးမိုး…စောစောက မောင်ကောင်းတစ်ယောက်ကျုပ်သားကိုကြည့်ပြီး ထိတ်လန့်နေတဲ့အမူအယာတွေဖြစ်သွားတာကျုပ်တွေ့လိုက်တယ်…ပြီးတော့ သူအမြန်ထွက်သွားပြီး သူကြီးကိုအကြောင်းကြားဖို့သွားခဲ့ကြပြီထင်တယ်…မကြာခင်ကျုပ်အိမ်ကိုသူတို့တွေရောက်လာချေတော့မယ်….”
” ဘယ်လိုလုပ်မလဲယဉ်ထွေး…ညည်းမလဲသွေးနုသားနုနဲ့….”
” ကျုပ်အမေကြီးမိုးကိုတောင်းဆိုစရာရှိတယ်….ဘာတွေဘဲဖြစ်လာပါစေကျုပ်သားကိုရအောင်ကယ်ပေးပါ….”
” ဘာမှတော့မဖြစ်လောက်ပါဘူးအေ….ညည်းသားအချင်းကိုလှေကားအောက်မြုပ်လိုက်ရင်သူကြီးကခွင့်လွှတ်မှာပါ….”
” မလုပ်နိုင်ဘူးအမေကြီးမိုး….”
မယ်ယဉ်ထွေးကအန္တရာယ်ကိုကြိုသိနေသဖြင့် သွေးများပေကျံနေသောအဝတ်စားများကိုလဲလိုက်ပြီး တကိုယ်လုံးကိုဆနွင်းလူးလိုက်၏။ တအဲ့အဲ့ငိုနေသောကလေးကိုလည်းနို့တိုက်လိုက်၏။ နံဘေးရှိအဖော်မိန်းမကြီးနှစ်ယောက်ကား ဖြစ်လာမည့်ပြဿနာအတွက်ထိတ်လန့်နေကြ၏။
” မယ်ယဉ်ထွေး….ငါပါအေ့…အမေဇာနုပါ…ညည်းမွေးပြီကြားလို့ငါလာကြည့်တာအေ့….”
ဟူသောအသံနှင့်အတူတောင်ဝှေးထောက်သံတဒေါက်ဒေါက်သည် အပေါ်ထပ်သို့ရောက်လာ၏။
” မယ္မိုး….ကလေးအချင်းကိုလှေကားအောက်မြုပ်ပြီးပြီလားကွဲ့….”
” ဟို…ဟို….”
” ဘာတဟိုဟိုဖြစ်နေတာလဲ….သွားမောင်ကောင်းနှင့်မောင်သောင်း….လှေကားအောက်မှာမြေကြီးတူးထားတာရှိမရှိကြည့်ခဲ့ချေ….”
” ဟုတ်သူကြီး…”
” မှန်းပြစမ်းကလေး…ငါကြည့်ပါရစေ…ဒီကလေးကလာခြင်းကောင်းတဲ့ကလေးမဟုတ်မှန်းငါသိတယ်….နွေခေါင်ခေါင်မှာ တံလျှပ်တွေဖြစ်ပေါ်ရလောင်အောင်ဒီကလေးက ဂြိုလ်မွေတယ်….”
” သူက ကလေးဘဲရှိပါသေးတယ်သူကြီးရယ်….”
” တိတ်စမ်းယဉ်ထွေး…ညည်းကိုယ်ဝန်ရှိကတည်းက ငါ့အိပ်မက်မကောင်းဘူး….”
ဒေါ်ဇာနုကကလေးကိုပွေ့ပြီးကြည့်လိုက်ရာ မျက်လုံးများကျိန်းစပ်သွားပြီး မူးဝေသွား၏။
” မျဖစ္ဘူး…မျဖစ္ဘူး…ဒီကလေးကိုသတ်ပစ်မှရမယ်….”
” ရှင့်….”
သူကြီး၏စကားကြောင့် မယ်ယဉ်ထွေးအံ့ဩတုန်လှုပ်သွား၏။ ထိုခဏ၌အချင်းသွားရှာသောမောင်ကောင်းနှင့်မောင်သောင်းရောက်လာပြီး
” အချင်းကိုသူတို့လှေကားအောက်မှာမမြုပ်ထားဘူးသူကြီး….”
” ဟေ…ဒင်းတို့ကကျုပ်အမိန့်ကိုလွန်ဆန်ရဲတယ်ပေါ့…ဟုတ္စ….တွေ့မယ်… ကျုပ်အမိန့်ကိုလွန်ဆန်ရဲတဲ့သူကို ကျုပ်ဘယ်လိုအပြစ်ပေးမလဲဆိုတာကြည့်ထားကြ….”
ဆိုပြီးအပြင်ထွက်ကာတံခါးကိုပိတ်ထားလိုက်ပြီးအပြင်ဘက်မှခတ်ထားလိုက်၏။
” ရွာသူရွာသားအားလုံးနားထောင်ကြ….မယ်ယဉ်ထွေးမွေးတဲ့ကလေးဟာ နောင်တချိန်မှာဒီမဟော်ဂနီရွာကိုဖျက်ဆီးမဲ့သူဘဲ….ဒီတော့ အရင်လက်ဦးထားမှတော်မှာ….ပြီးတော့ကလေးအချင်းကိုယ်လည်းလှေကားအောက်မှာမမြုပ်ထားဘူး….ဒါဟာရွာရဲ့စည်းကမ်းကိုဖောက်ဖျက်တာဘဲ…ဒါကြောင့် သူတို့မှာအပြစ်ရှိတယ်…ကလေးကိုမွေးပေးတဲ့လက်သည်ကြီးမယ်မိုးလည်းအပြစ်ရှိတဲ့အတွက်အပြစ်ပေးရမယ်….ရွာသူရွာသားတွေသဘောတူရဲ့လားအေ့….”
” သဘောတူတယ်သူကြီး….ရွာကိုဖျက်မဲ့ကောင်ကိုအရှင်မထားသင့်ဘူး….”
” ဟုတ်တယ်သူကြီးအပြစ်ပေးပါ….”
ကလေးအဖေဖြစ်သူကိုသန်းဆောင်ကားငြိမ်သက်နေ၏။
” သန်းဆောင်….မင်းကဒီရွာသားစစ်စစ်ပါ…ဒီရွာရဲ့ရေမြေအပေါ်မင်းကြီးလာခဲ့တယ်….ဒီတော့ ရွာရဲ့ကျေးဇူးမင်းအပေါ်ရှိလားမရှိဘူးလား….”
” ရှိပါတယ်သူကြီး…”
” အဲဒါဆိုရင် ရွာရဲ့ကျေးဇူးကိုထောက်တဲ့အနေနဲ့ မင့်သားနဲ့မိန်းမကို မင်းကိုယ်တိုင်သတ်ပစ်ရမယ်….”
” ဗျာ…..”
” မဗျာနဲ့…ရော့ဒီမီးတုတ်ကိုယူပြီး မင်းအိမ်ကိုမီးရှို့လိုက်….တွေဝေနေရင်မင်းပါအပြစ်ကျခံတဲ့ထဲပါသွားမယ်…. ”
သူကြီးကထိုသို့ပြောပြီး ဂါထာတစ်ပုဒ်ကိုရွတ်လိုက်၏။ ထိုအခါသန်းဆောင်၏မျက်လုံးမှာအမည်းပကတိဖြစ်သွားပြီး အသိစိတ်ကင်းလွှတ်သွား၏။
” ရှို့စမ်း….မင်းအိမ်ကိုမင်းကိုယ်တိုင်မီးရှို့ပစ်လိုက်သန်းဆောင်…..”
ဒေါ်ဇာနုထိုသို့ပြောလိုက်လျှင်သန်းဆောင်မှာ မီးဟုန်းဟုန်းတောက်နေသောမီးတုတ်ကြီးကိုယူပြီး အိမ်တံစက်မြိတ်ကိုမီးတို့လိုက်၏။ သက်ကယ်မိုးထားသောအိမ်လေးဖြစ်သဖြင့် ခနချင်းပင်မီးမှာစွဲသွားပြီး တစ်နေရာမှတစ်နေရာသို့ကူးသွားတော့၏။
” မီးတွေ…မီးတွေ….”
” ကယ်ကြပါအုံးရှင့်….ကယ်ကြပါအုံး….”
အထဲရှိအမျိုးသမီးလေးယောက်ကား မီးလောင်သည်ကိုမြင်လျှင်ကြောက်အားလန့်အားဖြင့်ကယ်ပါယူပါတစာစာအော်ဟစ်နေတော့၏။ သို့သော် အပြင်မှလူစုသည် မီးတောက်ကြီးကိုကြည့်ပြီး ကျေနပ်ဝမ်းသာနေကြ၏။
” အူငဲ…အူငဲ…အူငဲ….”
ကလေးငယ်မှာလည်း သည်းစွာငိုကျွေးနေ၏။ မီးမှာတဖြည်းဖြည်းတောက်လောင်လာချေပြီ။
” ဘယ်လိုလုပ်ကြမလဲယဉ်ထွေး….”
” အစ်မတို့ပြေးကြ…ကျုပ်သားကိုလည်းခေါ်သွားပေးကြ….ကျုပ်တစ်ယောက်ထဲဘဲအပြစ်ခံယူမယ်….”
မယ်ယဉ်ထွေးကကြမ်းပြင်ကိုဓားဖြင့်ဖောက်ပြီးထွက်ပေါက်လုပ်၏။ ခင်းထားသောကြမ်းမှာ ဝါးဖြစ်နေသဖြင့်မကြာမှီလူတစ်ကိုယ်စာထွက်နိူင်သည့်အပေါက်ကလေးဖြစ်သွား၏။
” အမေမိုး…ကျုပ်သားလေးကိုခေါ်ပြီးပြေးတော့…..အစ်မတို့လည်းပြေးကြတော့…မကြာခင်မီးကတစ်အိမ်လုံးကိုဝါးမျိုသွားတော့မှာ…ပြေးကြ….”
” အတူတူပြေးကြမယ်….ယဉ်ထွေး…ညည်းအရင်ဆင်းချေ….ကျုပ်ကအသက်ကြီးပြီ သေလည်းမထူးနေလည်းမထူးတော့ဘူး….”
” ရော့အမေမိုး….ကျုပ်သားကိုချီထားပြီးသွားတော့…ကျုပ်တို့လိုက်ခဲ့မယ်….”
လက်သည်ကြီးကကြမ်းပေါက်ထဲသို့အရင်ဆင်းသွားပြီး မယ်ယဉ်ထွေးကမ်းပေးလာသောကလေးကိုယူပြီး အိမ်အောက်မှမီးကင်းလွှတ်ရာအမှောင်ထဲသို့ပြေးသွားလိုက်၏။
” ဝုန်း…”
” ဖောင်း….ဖောင်း….ဖောင်း…..”
မီးလောင်ပေါက်ကွဲသံများသည်ညည့်ယံကိုဖောက်ထွင်းသွား၏။
” အား….အမေ…..ကယ်ပါဦးရှင့်….”
” အား…..”
အိမ်ခေါင်မိုးရှိဝါးတန်းများပြုတ်ကျလာပြီး အထဲရှိအမျိုးသမီးကိုပိကျသွား၏။
” အစ်မ…အစ်မ…အမြန်ဆင်းလာခဲ့….”
” သွား…ပြေး…လွှတ်ရာပြေးတော့ယဉ်ထွေး….ပြေးပေတော့….”
ယဉ်ထွေးမှာအိမ်ပေါ်တွင်ကျန်ခဲ့သောအဖော်နှစ်ယောက်ကိုခေါ်သော်လည်း ထိုနှစ်ယောက်မှာဆင်းလာ၍မရတော့ချေ။ ယဉ်ထွေးလည်းမိမိ၏ခေါင်းထက်ရှိကြမ်းပြင်ကိုမီးလောင်နေသည်ကိုမြင်လိုက်ရပြီး အိမ်အောက်ထပ်မှအမှောင်ထုထဲသို့ပြေးဝင်ပျောင်ကွယ်သွားလေ၏။ ထိုအချိန်အိမ်အနောက်တွင်ရောက်နေသောမောင်သောင်းသည်အမှောင်ထုထဲပြေးဝင်သွားသောအရိပ်တစ်ခုကိုတွေ့လိုက်ရ၏။
” ဟေး…ဒီမှာအပြစ်သားတွေထွက်ပြေးနေပြီ….”
” ဟေ…ဟုတ်လားမောင်သောင်း….”
” ဟုတ်တယ်သူကြီး…ဟောဟိုကအမှောင်ထုထဲကိုပြေးဝင်သွားတယ်….”
” ဒီကောင်မတွေအသက်ပြင်းလှချေလား….လိုက်ကြစမ်းဟေ့….တစ်ယောက်မှမလွှတ်စေနဲ့…”
” လိုက်ဟေ့….မလွှတ်စေနဲ့…လိုက်ကြ…..”
ရွာသူရွာသားတို့ကမီးတုတ်ကိုယ်စီကိုင်ပြီး မယ်ယဉ်ထွေးနောက်လိုက်လာခဲ့ကြ၏။ မယ်ယဉ်ထွေးလည်း ပြေးနိူင်သမျှပြေး၏။
” အမေမိုးနှင့်ငါ့သားလေး ရန်သူတွေရဲ့လက်မှလွှတ်မြောက်ကြပါစေ….”
ပြေးရင်းလွှားရင်း သားဖြစ်သူအတွက်ဆုတောင်းနေရ၏။ အမှောင်ထဲပြေးနေရသဖြင့်ခလုတ်တိုက်လှဲခြင်း၊သစ်ပင်ကြီးငယ်များနှင့်ရိုက်မိခြင်းကြောင့် မယ်ယဉ်ထွေးတစ်ကိုယ်လုံးဒဏ်ရာများဖြင့်ပြည့်နေတော့၏။ အနောက်မှလူအုပ်ကြီးကလည်း သူမအနေ ာက်သို့်ထက်ကြပ်မကွာပြေးလိုက်လာ၏။
” လိုက်ဟေ့…လိုက်ဟ… သူဝေးဝေးမပြေးနိုင်လောက်သေးဘူး….လိုက်ကြ….တွေ့တဲ့နေရာသတ်ပစ်လိုက်….”
မောင်သောင်းကထိုသို့ဆော်ဩပေးရာ ရွာသူရွာသားများလည်း စိတ်အားထက်သန်သွားကြတော့၏။ ဤအချိန်တွင်ရွာသူရွာသားများအားလုံး၏မျက်လုံးမှာအမဲရောင်သင်သက်ဖြစ်သွားပြီး အသိစိတ်ကင်းမဲ့နေကြပြီဖြစ်သည်။ သူကြီးမဒေါ်ဇာနုကား တောင်ဝှေးကိုမိုးပေါ်မြောက်ကာ မန္တာန်ကိုမပြတ်ရွတ်ဆိုနေတော့၏။
မယ်ယဉ်ထွေးပြေးရင်းလွှားရင်းရွာနဲ့အလှမ်းဝေးသည့်နေရာသို့ရောက်လာခဲ့၏။ ထိုသည့်တိုင် ရွာသူရွာသားများမှာသူုနောက်သို့လိုက်နေဆဲပင်။
” အသက်သေချင်သေ…သူတို့လက်ထဲမှာတော့အသေမခံနိူင်ဘူး…”
ထိုသို့တွေးပြီးထပ်ပြေး၏။
” အား………”
ထိုအချိန်သူ၏ခြေအစုံသည်မြေကြီးနှင့်လွှတ်သွားပြီးလေဟာနယ်ထဲရောက်သွား၏။
” ဘုတ်…ဘုတ်….ဘုတ်….”
ပြေးရင်းလွှားရင်းချောက်နံခမ်းဝသို့ရောက်ကာ မယ်ယဉ်ထွေးတစ်ယောက်ချောက်ထဲသို့်ပြုတ်ကျသွားတော့သည်။
” ကျလိ…ကျလိ…ကျလိ…..”
” ဂျစ်….ဂျစ်… ဂျစ်….”
ကျေးငှက်တို့၏အသံဆူညံသောကြောင့် မယ်ယဉ်ထွေးနိူးလာခဲ့သည်။
” အားကျွတ်…ကျွတ်…ကျွတ်…. ”
သို့ကြောင့် ကုန်းရုန်းထလိုက်ပြီး ဘေးဘီဝဲယာကိုကြည့်လိုက်၏။
” ဟင်….ငါဘယ်ရောက်နေတာလဲ….ဟိုလူတွေရောလိုက်မလာကြဘူးလား….”
ပတ်ဝန်းကျင်မှာကျေးငှက်သရကာများမှအပဘယ်သူမှမရှိ။ ထို့ပြင် သူ၏တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နက်နေ၏။ ယဉ်ထွေးတစ်ယောက်ချောက်ထဲကျသွားခဲ့ပြီး သေပြီအထင်ဖြင့်ရွာသူရွာသားတို့ကလက်လျှော့ကာပြန်သွားခဲ့ကြ၏။ သို့သော် မယ်ယဉ်ထွေးမှာမသေဘဲဒဏ်ရာများသာရခဲ့၏။
ထိုချောက်အထဲမှအောက်အရပ်သို့စုန်ဆင်းသွားပြီး ထွက်လမ်းကိုရှာနေ၏။ သို့သော်ဆာလောင်မွတ်သိပ်နေသဖြင့် ခရီးကမတွင်လှချေ။ အရေးထဲသွေးနုသားနုဖြစ်နေသဖြင့် သွေးကသွန်ပြန်၏။ ဆာလောင်ခြင်းဒဏ်ကိုမခံနိူင်သဖြင့် ရရာသစ်သီးသစ်ရွက်များကိုစားရင်း အသက်ဆက်ခဲ့၏။ နောက်ဆုံး၌လျိုှမြောင်၏အထက်တောဘက်သို့ရောက်လာပြီး ဆက်သွားရန်အားမရှိတော့သဖြင့်လက်လျှော့ကာ သစ်ပင်ကြီးအောက်၌ သေမည့်အချိန်ကိုစောင့်နေလိုက်၏။
ထိုစဉ်ငှက်ပျောသီးလာခူးသောလူ၏အသံကိုကြားလိုက်ရသဖြင့် အကူအညီရလိုရငြား ရှိသမျှအားကိုထုတ်ကာ ထိုလူကြားရန်ညည်းပြ၏။ အကူအညီတောင်း၏။ နောက်ဆုံး၌လူရွယ်တစ်ယောက်သည် သူ့အရှေ့ရောက်လာပြီး အကူအညီပေးရန် သူ့ဆရာကိုသွားခေါ်မည့်အကြောင်းပြောပြီးထွက်သွားခဲ့၏။
မိန်းမကြီးသည်ထိုသို့ရှည်လျားစွာပြောပြပြီး ငှက်ပျောသီးတစ်လုံးကိုယူကာအဆာပြေစားလိုက်၏။
” ဒါဖြင့် အစ်မကြီးကရန်သူလက်ထဲကနေအသက်လုပြေးလာရတာပေါ့….”
” ဟုတ်ပါတယ်ရှင့်….ခုလောက်ဆိုကျွန်မသားလေးကိုသူတို့တွေ့ပြီး သတ်လိုက်ပြီလားမသိပါဘူး …”
” ကျွန်တော့်အထင်အဲဒီရွာရဲ့အုပ်ချုပ်သူမှာအတတ်ပညာတမျိုးမျိုးကိုတတ်ထားပုံရတယ်….”
” ကျွန်မလည်းအဲလို့ဘဲထင်တယ်….သူကကျွန်မတို့ရွာကိုရောက်လာခဲ့ပြီးနောက်ပိုင်း ရွာသူကြီးလည်းသေသွားခဲ့တယ်…ရွာသူရွာသားတွေလည်း အပြုအမူတွေပြောင်းလဲသွားခဲ့တယ်….အစ်မကအရင်တုန်းကသိမ်းထားခဲ့တဲ့ဆရာတော်ရဲ့ပုံတော်လေးရှိနေလို့ ဘာမှမဖြစ်ခဲ့တာ….”
” သူကအဲဒီရွာခံမဟုတ်ဘူးလား….”
” မဟုတ်ဘူးတခြားဒေသကရောက်လာခဲ့တာ….ဆေးကုတဲ့သူလိုလိုဘာလိုလိုနဲ့နောက်ပိုင်းသူဘဲသူကြီးနေရာကိုယူသွားခဲ့တာ….အိမ်ကကိုးကွယ်တဲ့ဘုရားဆင်းတုတွေအကုန်လုံးသွားပြီးချောက်ထဲစွန့်ပစ်ခိုင်းတယ်….သူဘာလုပ်လိုက်တာလဲမသိဘူး ဆရာတော်တွေလည်းအကောင်းကြီးကနေ နေမကောင်းဖြစ်ပြီးပျံလွန်တော်မူကုန်တယ်….”
” ဟုတ်လား….ဒါဆိုဒီအဖွားကြီးကအတတ်ပညာတစ်ခုခုတတ်မြောက်ထားပုံရတယ်…သူ့ပညာတွေနဲ့လူတွေကိုစည်းရုံးသိမ်းသွင်းထားတာ….”
” ဟုတ်တယ်….မောင်လေးတို့တတ်နိူင်ရင် အစ်မတို့ရွာကလူတွေကိုကယ်တင်ပေးပါ….”
” အစ်မရွာရဲ့ပြန်ဝင်တဲ့လမ်းကိုမှတ်မိသလား…..”
” အင်းမှတ်မိတယ်…ဒီတောရဲ့လျိုှမြောင်အတိုင်းဆင်းသွားရင်အစ်မနေတဲ့ရွာကိုရောက်မယ်….”
” ဒါဆိုအစ်မဆက်သွားနိူင်သေးလား….”
” သွားနိူင်တယ်…အစ်မသားလေးအတွက်….ရွာကိုအစ်မ မရောက်ရောက်အောင်ပြန်ရမယ်….”
” ဒါဆိုခုဘဲသွားကြစို့…..”
မောင်ရေခဲတို့သုံးယောက် လျိုှမြောင်အတိုင်းဆင်းသွားခဲ့ကြ၏။ နာရီအတော်ကြာအောင်ခရီးဆက်ခဲ့ကြပြီးနောက် ချောက်ကြီး၏အောက်ခြေသို့ရောက်လာခဲ့ကြ၏။
” အစ်မပြုတ်ကျတာဒီနေရာလား….”
” ဟုတ်တယ်ဒီနေရာဘဲ….ဒီချောင်ရဲ့အထက်ကနေ တအောင့်လောက်ဆက်သွားရင် ကျွန်မရဲ့ရွာကိုရောက်ပြီ….”
” ဟုတ်ပြီ….ဒါဆိုချောက်ကနေတက်လို့ရမဲ့လမ်းရှာရမယ်…..”
ချောက်ကတက်၍ရနိုင်မည့်လမ်းရှာပြီးနောက်နေ့မနက်၌ ချောက်အထက်သို့ရောက်လာခဲ့ကြ၏။ ချောက်နုတ်ခမ်းဝတွင် ရွာသူရွာသားတို့က မယ်ယဉ်ထွေးကိုရှာဖွေထားသောခြေရာလက်ရာများကိုတွေ့လိုက်ရ၏။
ချောက်ကတက်လာပြီးသည်နှင့်ရွာဆီသို့သွားပြီးရွာထဲဝင်ရန်လုပ်၏။ သို့သော်ရွာထဲသို့ဝင်ရန်မလွယ်။ ဒေါ်ဇာနုကရွာပတ်ပတ်လည်ကို စက်များဖြင့်အထပ်ထပ်ကာကွယ်ထား၏။ စက်ကိုဖျက်၍ဝင်ပါကရနိုူင်သော်လည်း အကာအရံစက်ပျက်သွားသောကြောင့် အဖွားကြီးကရိပ်မိလိမ့်မည်။ ထိုအခါရွာသူရွာသားတို့ကိုကယ်တင်၍ရနိူင်တော့မည်မဟုတ်ချေ။
သို့ကြောင့်ရွာပြင်ရှိလုံခြုံသောနေရာတွင် နေလိုက်၏။ ညအချိန်သို့ရောက်သော်မောင်ရေခဲသည် မိမိတို့နေသည့်နေရာပတ်ပတ်လည်ကိုစည်းချထားလိုက်ပြီး တရားထိုင်နေလိုက်၏။
ဒေါ်ဇာနုသည် ရွာ၌ဖြစ်သွားသည့်ကိစ္စကြောင့် မကျေမနပ်ဖြစ်နေသည်။ တစ်ရွာလုံးကိုသိမ်းသွင်းပြီးပညာဖြင့်ပြုစားထားသော်လည်း ယခုမူကားရွာသူတစ်ယောက်သည် သူ့အားအာခံနိူင်သည့်လူသားတစ်ယောက်ကိုမွေးဖွားခဲ့သည်။ ထိုကလေးကြီးလာလျှင်မလွယ်။ သို့ကြောင့် သူကလက်ဦးမှုရယူကာသတ်လိုက်ခြင်းဖြစ်သည်။
ယခုတလောရွာကိုထိခိုက်လာနိူင်မည့်အရိပ်အယောင်များတွေ့နေရသဖြင့် သူသည်ရွာစည်းကိုနဂိုကထက်ပို၍တင်းကြပ်ခဲ့သည်။ အကယ်၍အပြင်လူတစ်ယောက်ယောက်ကရွာစည်းထဲဝင်လာခဲ့ပါက အသက်နှင့်ခန္ဓာအိုးစားကွဲသွားနိူင်သည်။ ရွာသူရွာသားများကိုသရဲမှော်သွင်းရန်အတွက်ဆေးကိုတရစပ်ဖော်နေ၏။ သူ့၏ခရီးသည်တစ်ဝက်ခန့်ရောက်နေချေပြီ။ မကြာမှီကာလမှာ ရွာသူရွာသားများအားလုံးသရဲမှော်အောင်သွားပြီး သူ့၏အားကိုးရသောလက်အောက်ငယ်သားများဖြစ်သွားလိမ့်မည်။
ထိုအဖြစ်ကိုတွေးပြီး ဒေါ်ဇာနုပြုံးလိုက်၏။
” သင့်လုပ်ရပ်တွေရပ်တန်းကရပ်လိုက်တော့ဒေါ်ဇာနု….”
ထိုအသံကြောင့် ဒေါ်ဇာနုအနောက်သို့လှည့်ကြည့်လာ၏။
” ဘယ်သူလဲ…ရာရာစစငါ့ကို အမိန့်လာပေးနေရအောင်….”
” ကျုပ်ကသင့်ကိုလမ်းဆုံးမမဲ့သူဘဲ….”
” ဟားဟားဟား…..ဟားဟားဟား….သိပ်ကိုရယ်ရတာဘဲ ….မင်းငါ့စည်းဝိုင်းထဲဝင်လာပြီဆိုကတည်းက မင်းကသေလူဖြစ်သွားပြီ….”
” ဒါဆိုကျုပ်ကိုရအောင်သတ်လေ….ကျုပ်ကိုနိူင်ရင်တော့ ကျုပ်ကိုကြိုက်သလိုလုပ်လို့ရတယ်…မနိူင်လို့ကတော့ခင်ဗျားပညာတွေအကုန်ဖျက်ဆီးပစ်မယ်….”
” ငါနဲ့ပြိုင်ဖို့မပြောနဲ့ဦး..ငါ့ရဲ့တပည့်လေးတွေကိုသာအနိုင်ယူနိုင်ရဲ့လားစမ်းကြည့်လိုက်ဦး….မောင်ကောင်းနှင့်မောင်သောင်းလာဟေ့….နင်တို့ဆော့ဖို့အရုပ်ရထားတယ်….”
ဒေါ်ဇာနုကအောက်ထပ်ရှိတပည့်လူယုံနှစ်ယောက်ဖြစ်သော မောင်ကောင်းနှင့်မောင်သောင်းကိုခေါ်လိုက်၏။ ထိုနှစ်ယောက်မှာဒေါ်ဇာနု၏ပထမဆုံးသရဲမှော်သွင်းပေး၍မှော်အောင်သောတပည့်နှစ်ယောက်ဖြစ်၏။
ဒေါ်ဇာနုခေါ်သံကြားသည်နှင့် မောင်ကောင်းနှင့်မောင်သောင်းတို့်နှစ်ယောက်သည် အပေါ်ထပ်သို့ပြေးတက်လာ၏။
” ဘယ်ကောင်လဲကွ….ပိုင်စိုးပိုင်နင်းနဲ့ငါတို့နေရာထိဝင်လာရဲတာ….”
မောင်ကောင်းကထိုသို့ဆိုလိုက်၏။ မောင်သောင်းလည်း မောင်ရေခဲကိုမျက်လုံးဒေါက်ထောက်ကြည့်ပြီးရန်စောင်နေ၏။ ပြီးသော်ခေါင်းမော့ပြီးဂါထာတစ်ပုဒ်ကိုပြိုင်တူရွတ်လိုက်ကြ၏။ ထိုအချိန် မောင်သောင်းနှင့်မောင်ကောင်းသည် ရုပ်များပြောင်းလဲသွားပြီး မူလခန္ဓာထက်နှစ်ဆကြီးသည့် သရဲများဖြစ်သွားတော့၏။
” မင်းတို့ရှေ့ကအကောင်ကိုသတ်လိုက်ကြစမ်းဟေ့….”
” ဂါး….ဂရား….”
” ကျစ်…ကျစ်….ကျစ်….”
ထိုသရဲနှစ်ကောင်မှာသွားများကြိတ်ပြီးရန်စောင်နေ၏။ မောင်ရေခဲလည်း အသင့်အနေအထားဖြင့်နေလိုက်၏။ သရဲတစ်ကောင်သည် မောင်ရေခဲ၏ဂုတ်ပေါ်သို့ခုန်တက်လိုက်၏။
” ဝုန်း….”
” ဘုတ်….”
သို့သော်သရဲကံမကောင်း။ မောင်ရေခဲထံခုန်ဝင်လိုက်ရာ အဝါရောင်ကြိုးမျှင်တန်းနှင့်တိုက်မိပြီး အနောက်သို့ဘုန်းခနဲပြန်ပြုတ်ကျသွား၏။ နောက်တစ်ကောင်လည်း ထိုနည်းတူခုန်ဝင်လာပြန်၏။ မောင်ရေခဲလည်း သရဲမှော်တန်ပြန်အင်းကိုအသက်သွင်းပြီး ပစ်လိုက်ရာသရဲကြီးမှာအနောက်သို့လွှင့်ထွက်သွားပြီးအိမ်ထောင့်၌ ဒလှိမ့်ကောက်ကွေးဖြင့် အီးအီးအားအားဖြစ်နေ၏။
ထိုခန၌ တန်ပြန်အင်း၏အစွမ်းကြောင့် မောင်ကောင်း၏ခေါင်းထက်၌အမည်းရောင်အငွေ့များထွက်သွား၏။
” အီး….အား…..”
မောင်ကောင်းမှာတဆတ်ဆတ်တုန်ပြီး ခဏ၌ငြိမ်သက်သွား၏။
” နင်ငါ့လူတွေကိုဘာလုပ်လိုက်တာလဲ….ရော့သေစမ်း…ငါ့ရဲ့ကိစ္စလာရှုပ်တဲ့ကောင်….”
ဟုပြောပြီး လက်၌ကိုင်ထားသောတောင်ဝှေးဖြင့်မောင်ရေခဲထံပစ်လိုက်၏။ ထိုတောင်ဝှေး၏ထိပ်မှအနီရောင်အလင်းတန်းများထွက်လာပြီး မောင်ရေခဲရှေ့တည့်တည့်ပစ်ထည့်လိုက်၏။ မောင်ရေခဲလည်း အကာအကွယ်အင်းဖြင့်ပြန်ကာထားလိုက်ရာ ဝုန်းခနဲဖုန်းခနဲအသံမြည်သွားတော့၏။
” သိပ်စွမ်းတယ်ပေါ့ဟုတ်လား…မောင်သောင်းမင်းထလာစမ်း….”
ဒေါ်ဇာနုထိုသို့ပြောပြီး အဖြူရောင်လက်နေသောအလုံးလေးတစ်ခုကိုထုတ်ကာမောင်သောင်း၏ပါးစပ်ထဲသို့ထည့်လိုက်၏။
” ဝေါင်း……ဂါး….ဂရား….”
ထိုခဏ၌မောင်သောင်းသည် ဆယ့်နှစ်တောင်ကျားဖြူကြီးအသွင်ဖြစ်သွားခဲ့ပြီး မောင်ရေခဲကိုခုန်အုပ်လိုက်၏။
” ဟားဟားဟား….ခုတော့နင်ဘာတတ်နိူူင်သေးလဲ….နင်ပါငါ့ရဲ့အခိုင်းအစေဖြစ်စေရမယ်….”
ဟုပြောပြီးနုတ်မှမန္တာန်တစ်ပုဒ်ကိုထပ်မံရွတ်လိုက်၏။
” ဝုန်း….”
” ဘုန်း….”
” အင့်….”
စူးရှလှသောအလင်းရောင်ကြောင့် ကျားဖြူကြီးလည်း အိမ်နံရံကိုတိုက်မိကာ ကျိုးကြေသွားပြီးအပြင်ဘက်သို့လွှင့်ထွက်သွား၏။ ထိုအလင်းရောင်ထဲမှ လူငယ်တစ်ယောက်အေးဆေးစွာထွက်လာခဲ့၏။
” သင့်လုပ်ရပ်တွေရပ်တန်းကရပ်ပေတော့….ဆက်မမိုက်ချင်စမ်းနဲ့….ရွာသူရွာသားတွေအပေါ်ညို့ထားတဲ့ စိတ်ညို့ပညာတွေပြန်ဖယ်ပေးလိုက်….”
” သေချင်လို့ဒီစကားပြောတာလား….သေစမ်း….ရော့….”
ဆိုကာဒေါ်ဇာနုသည်တောင်ဝှေးဖြင့် စက်များကိုပစ်လွတ်လိုက်၏။
” ချောက်….”
” အား……”
မောင်ရေခဲလည်း ဆေးဘီလူးရုပ်ကိုအသက်သွင်းပြီးကာထားလိုက်ရာ တောင်ဝှေးမှာထက်ဝက်ကျိူးသွားပြီး ဒေါ်ဇာနုလည်းသွေးအန်သွားတော့၏။ အကြောင်းကား ဒေါ်ဇာယုသည်မိမိ၏အာယုသိဒ္ဓကိုထိုတောင်ဝှေးထဲတွင်ဝှက်ထားသောကြောင့်ပင်။
” သင်ရှုံးသွားပြီ….သင့်ပညာတွေအကုန်ငါဖျက်ဆီးလိုက်ပြီ…အခုပေးထားတဲ့ဂတိအတိုင်း ဒီရွာအပေါ်စိတ်ညို့ထားတာတွေပြန်ဖြေပေးလိုက်….”
ဒေါ်ဇာနုလည်း အာမခံရဲတော့ဘဲ ရွာသူရွာသားများအပေါ်ညို့ထားသောစိတ်ညို့ဂါထာကိုပယ်ဖျက်လိုက်၏။ ဒေါ်ဇာနုကား မိမိ၏ပညာကိုအကျိုးရှိရှိအသုံးမချခဲ့မိသောကြောင့် ဒဏ်ခတ်ခြင်းကိုခံလိုက်ရပြီး ဇီဝိန်ကြွေသွားတော့၏။ ထိုအခါမှရွာသူရွာသားတို့သည် လေးလံထိုင်းမှိုင်းနေသောစိတ်များပျောက်ကွယ်သွားပြီး အသိစိတ်ပြန်ဝင်လာခဲ့တော့၏။ ဒေါ်ဇာနုသေဆုံးပြီးသည်နှင့် ရွာစည်းမှာအလိုလိုပျက်သွားတော့၏။
မောင်ရေခဲမှာယခုမှတရားထိုင်၍ပြီး၏။
” ဆရာ နေတောင်စောင်းနေပြီ…ရွာထဲဝင်ဖို့မကြိုးစားတော့ဘူးလား….”
” ဒီရွာရဲ့ကပ်ဆိုးကြီးပြီးဆုံးသွားပြီထင်ပေါ်….လူသားတွေလည်းဒေါ်ဇာနုရဲ့ထိန်းချုပ်မှုအောက်ကလွှတ်သွားပြီ….”
” ဟင်….ဆရာဖြေရှင်းပေးလိုက်ပြီလား….ဆရာကစိတ်ဝိဉာဉ်လွှတ်ပြီးဖြေရှင်းပေးခဲ့တာကိုး….ဒါကြောင့် တရားထိုင်တာအရမ်းကြာတယ်လို့အောက်မေ့နေတာ….ပြီးတော့ကျွန်တော်သိချင်တာအဖွားကဘယ်လိုပညာသည်အမျိုးအစားလဲဆရာ….”
” ပြောရရင်တော့ ပညာအစုံတတ်ထားတဲ့ပညာသည်ဘဲ….အရမ်းလည်းစွမ်းတယ်…သူ့အဆင့်ကကဝေမြောက်စုန်းအဆင့်ရောက်နေပြီလေ….”
” ဪ…ဒါကြောင့် ကိုး”
” ကဲဒီကအစ်မကြီးလည်း ကလေးနှင့်ပြန်ဆုံဖို့အချိန်ရောက်ပြီ… ရွာထဲဝင်ပြီး ချစ်ရတဲ့သားလေးကိုသွားတွေ့ပေတော့….”
” မောင်လေးတို့ကရွာထဲမလိုက်တော့ဘူးလား….”
” မလိုက်တော့ဘူး….ကံမကုန်ရင်ပြန်ဆုံကြတာပေါ့…ကဲကဲ…ရွာထဲပြန်ဝင်ပေဦးတော့….”
မယ်ယဉ်ထွေးလည်း မောင်ရေခဲတို့ကိုကျေးဇူးတင်ကြောင်းထပ်ခါထပ်ခါပြောပြီး ကျောခိုင်းကာရွာထဲသို့ ဝင်သွားခဲ့၏။
မိန်းမကြီးတစ်ယောက်သည် ကလေးငယ်ပိုပွေ့ပြီး ရွာထဲသို့ဝင်လာခဲ့၏။
” အူငဲ…အူငဲ…အူငဲ….”
” တိတ်တိတ်သားလေးရေ….သားလေးအမေနှင့်ပြန်ဆုံရတော့မယ်ကွဲ့….”
အဖွားကြီးသည်ငိုနေသောကလေးငယ်အားချော့မြှူပြီး သွက်လက်သောခြေလှမ်းများဖြင့်ပြန်လာခဲ့၏။ ရွာလယ်သို့ရောက်လာသော် အမျိုးသမီးတစ်ယောက်သည် ပြာပုံဘဝရောက်နေသောအိမ်လေးကိုကြည့်ပြီး ဝမ်းနည်းနေရှာ၏။
” အင်း…ငါ့ကြောင့်အစ်မနှစ်ယောက်လည်း ဆုံးခဲ့ရတဲ့အပြင် အမေမိုးနှင့်ငါ့သားလေည်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိတော့ပါဘူးကွယ်….သားလေးရေ….အဟင့်…. ”
” အူငဲ…အူငဲ…”
” ဟင်..ကလေးငိုသံပါလား….”
မယ်ယဉ်ထွေးတစ်ယောက်ကလေးငိုသံကြားသဖြင့် လမ်းမဘက်သို့လှည့်ကြည့်လိုက်ရာ ကလေးငယ်ကိုပွေ့ထားပြီး သူ့ဆီဦးတည်လာနေသောလက်သည်ကြီးဒေါ်မယ်မိုးကိုတွေ့လိုက်ရ၏။
” အမေမိုးကြီး….သား…သားလေး….”
” ဟင်….ယဉ်ထွေး…. တကယ်ဘဲယဉ်ထွေးလား….ဟိုလူငယ်တွေပြောတာမှန်လိုက်တာ…သားလေးရဲ့အမေကရွာထဲပြန်ရောက်နေပြီ အမြန်ဆုံးသွားတွေ့ပါတဲ့….”
” ဟင်…ဘယ်သူတွေလဲအမေကြီး….”
” ဒီရွာမှာတစ်ခါမှမမြင်ဖူးတဲ့လူငယ်နှစ်ယောက်ဘဲအေ့….”
ထိုသို့ပြောလိုက်သော် မယ်ယဉ်ထွေးသည်ထိုလူနှစ်ယောက်ကား မည်သူမည်ဝါဖြစ်မှန်းသိလိုက်ပြီး ရင်ထဲမှနေ၍လှိုက်လှိုက်လှဲလှဲကန်တော့လိုက်တော့သတည်း။…..။
(စိတ်ကူးမျှသာဖြစ်သည်။ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေသောဝ်)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲႏွင့္သရဲေမွာ္တိုက္(စ/ဆံုး)
——————————————
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္ လူသူအေယာက္အေပါက္နည္းသည့္ေတာႀကီးမ်က္မည္းထဲေရာက္လာသည္။ သူလူေလးပါးႏွင့္ကင္းကြာသျဖင့္ ေတာေကာင္မ်ားေပါမ်ားရာအရပ္လည္းျဖစ္သည္။
” ဆရာ…ကြၽန္ေတာ္ေရငတ္သလိုျဖစ္ေနတယ္….ဒီေတာဒီေတာင္ထဲ ေရရႏိူင္မဲ့စမ္းေခ်ာင္းေလးရွိတန္ေကာင္းပါရဲ႕ေနာ္….”
” ဒီေတာဒီေတာင္စိမ္းစိုေနပုံေထာက္ရင္ ေရေပါမွာထင္ေပၚရဲ႕….ေဟာဟိုမယ္ေတြ႕လား သမင္အုပ္ေတြ….ၾကည့္ရတာသူတို႔လည္းေနအပူရွိန္ေၾကာင့္ ေရငတ္ေနပုံရတယ္….ဒါေၾကာင့္အုပ္စုလိုက္ေရရွာထြက္ၾကတယ္….ဒီသမင္အုပ္ေနာက္ကိုလိုက္ရင္ ေရကိုေတြ႕မွာ….”
” ဒါဆိုလိုက္ရေအာင္ေလဆရာ….”
” ေနအုံးထင္ေပၚ…ဒီေကာင္ေတြအရမ္းပါးတာ….လူနံသူနံ႔ရရင္ သူတို႔ကိုအႏၲာရယ္ေပးမယ္အထင္ႏွင့္ ဝ႐ုန္းသုန္းကားေျပးၾကလိမ့္မယ္…အဲဒီအခါက်တိုးမိခိုက္မိၿပီးအနာတရေတြျဖစ္ကုန္လိမ့္မယ္….ဒီေတာ့ကိုယ့္ေၾကာင့္တစ္ပါးသူအနာတရမျဖစ္ရေလေအာင္ ေဝးေဝးကေနဘဲလိုက္ၾကမယ္….”
” ဟုတ္ကဲ့ဆရာ…..”
သို႔ေၾကာင့္ဆရာတပည့္ႏွစ္ေယာက္ အရိပ္ေကာင္းေသာသစ္ပင္ေအာက္၌အနားယူလိုက္၏။ ေနအပူရွိန္သည္ကား သစ္ပင္ၾကားထဲကြက္တိကြက္ၾကားက်ေန၏။ သမင္အုပ္သည္ ေတာႀကီးထဲမွလ်ဳွိေျမာင္ထဲသို႔ဆင္းသြားၾက၏။ ထိုသမင္အုပ္ခပ္ေဝးေဝးေရာက္သည္ႏွင့္ ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း ထိုင္ရာမွထၿပီး သမင္အုပ္ေနာက္ခပ္လွမ္းလွမ္းမွလိုက္ခဲ့၏။
တေအာင့္ၾကာသည္ႏွင့္သမင္အုပ္သည္လည္တိုင္မ်ားတေထာင္ေထာင္ျပဳကာလ်ိဳွေျမာင္ထဲသို႔ေျပးဆင္းသြားၾက၏။
” ေဖ်ာ….ေဖ်ာ….ေဖ်ာ….”
ခပ္ေဝးေဝးရွိလ်ိဳွေျမာင္ထဲမွ ေရစီးသံတသြင္သြင္ကိုၾကားလိုက္ရသျဖင့္ ေမာင္ထင္ေပၚကတံေတြးကိုဂလုခနဲမ်ိဳခ်လိုက္၏။
” ဒီလ်ိဳွေျမာင္ထဲမွာစမ္းေခ်ာင္းေလးရွိတယ္ဆရာ….”
” ေအးဟုတ္တယ္ထင္ေပၚရဲ႕….လာငါတို႔ေတြစမ္းေခ်ာင္းရဲ႕အထက္ပိုင္းကိုသြားၾကမယ္….ေအာက္ပိုင္းမွာတရိစာၦန္ေတြေသာက္ေနေတာ့ ေရကသန႔္မွာမဟုတ္ဘူး….”
ထိုသို႔ေျပာၿပီးအထက္အညာဆန္ကာ ေခ်ာင္းအထက္သို႔တက္လာ၏။ တေအာင့္အၾကာ၌ လ်ိဳွေျမာင္ထဲရွိတသြင္သြင္စီးဆင္းေနေသာ စမ္းေခ်ာင္းေလးကိုေတြ႕လိုက္ရ၏။ စမ္းေရမွာေအးျမၾကည္လင္ေနၿပီး ေရထဲမွငါးတို႔ကိုအတိုင္းသားျမင္ေနရသည္။ ေမာင္ထင္ေပၚက စမ္းေခ်ာင္းနံေဘးရွိခပ္ႀကီးႀကီးသစ္႐ြက္ကိုခူးၿပီးေဆးေၾကာကာ ကန္ေတာ့ပုံစံလုပ္လိုက္၏။ ၿပီးမွၾကည္လင္ေနေသာေရကိုအသာခပ္ယူကာ ဆရာျဖစ္သူကိုကမ္းေပးလိုက္၏။ ေမာင္ေရခဲလည္း တပည့္ျဖစ္သူကမ္းေပးေသာ ေရကိုလွမ္းယူၿပီးတခ်ိဳးတည္းေမာ့ေသာက္လိုက္၏။
” ဂလု…ဂလု….”
” ခုမွဘဲအေမာေျပေတာ့တယ္ဗ်ာ…..ေရေလးကေအးျမၿပီးေသာက္လို႔အရမ္းေကာင္းတာဘဲ….ကဲထင္ေပၚ မင္းဖို႔လည္းေသာက္အုံး…..”
” ဟုတ္ဆရာ…..”
ေမာင္ထင္ေပၚလည္း ေခ်ာင္းစပ္ရွိေရကိုခပ္ယူကာ အားပါးတရေသာက္လိုက္၏။ ေခ်ာင္း၏ေအာက္အရပ္မွေလအေဝွ႔တြင္ သင္းပ်ံ႕ေမႊးႀကိဳင္ေနေသာ ငွက္ေပ်ာသီးမွည့္ရနံ႔ကိုေမာင္ထင္ေပၚရလိုက္၏။
” ဟာ….ေမႊးလိုက္တဲ့ငွက္ေပ်ာသီးနံ႔ေလး….ဒီနားတဝႈိက္မွာ ငွက္ေပ်ာမွည့္ပင္ရွိရမယ္….ဆရာဒီနားခဏေစာင့္ေန…ကြၽန္ေတာ္ ငွက္ေပ်ာပင္ကိုသြားရွာလိုက္မယ္….”
” ဟုတ္ၿပီ….ဂ႐ုစိုက္ဦးေနာ္ထင္ေပၚ….”
” ဟုတ္ဆရာ….”
ေမာင္ထင္ေပၚလည္း လြယ္အိတ္ကိုခြၽတ္ယူၿပီး ေမာင္ေရခဲအားေပးလိုက္၏။ ၿပီးေသာ္ ေခ်ာင္းေအာက္ဖက္သို႔စုန္ဆင္းသြား၏။ ခပ္ၾကာၾကာပင္မသြားလိုက္ရ၏။ တစ္ခိုင္လုံးမွည့္ကာဝင္းဝါေနေသာ ငွက္ေပ်ာ႐ုံႀကီးကိုေတြ႕လိုက္ရ၏။
” ကႅိ…ကႅိ…ကႅိ….”
” ဂူး….ဂူး….ဂူး…..”
” ဝူးဝွစ္….ဝူးဝွစ္…ဝူးဝွစ္…..”
အမ်ိဳးစုံေသာငွက္အေပါင္းတို႔ကလည္း ငွက္ေပ်ာ႐ုံေဘးတဝဲဝဲပ်ံကာ ငွက္ေပ်ာသီးမွည့္မ်ားကိုထိုးဆိတ္စားေသာက္ေနၾက၏။
” အလိုေလး!…..ေခ်ာင္းအထက္အရပ္ထိအနံ႔ေတြသင္းေနတာ…. ၾကည့္စမ္း…မွည့္ဝင္းေနတာဘဲ…. ”
ေမာင္ထင္ေပၚက ငွက္ေပ်ာ႐ုံအထက္မွ ငွက္ေပ်ာခိုင္ႀကီးကိုၾကည့္ကာ ေပ်ာ္႐ႊင္ေန၏။
ထို႔ေနာက္ ငွက္ေပ်ာခိုင္ႀကီးကိုျဖဳတ္ယူရန္ သစ္ေခ်ာင္းအခြၽန္တစ္ခုကိုယူလိုက္ၿပီး ငွက္ေပ်ာခိုင္ထဲမွ သုံးဖီးကိုသာျဖဳတ္ယူလိုက္၏။ ထိုသို႔လုပ္ရျခင္းမွာ က်န္ရွိေနေသာငွက္ေပ်ာသီးမွည့္မ်ားကို ေက်းငွက္ကေလးမ်ားစားေသာက္ႏိူင္ရန္ျဖစ္၏။
ငွက္ေပ်ာခိုင္ကိုျဖဳတ္ယူၿပီးေသာ္ ႏြယ္ႀကိဳးတစ္ေခ်ာင္းကိုယူလိုက္ၿပီး ငွက္ေပ်ာသုံးဖီးကိုတြဲခ်ီလိုက္၏။ ၿပီးေနာက္လာရာလမ္းအတိုင္းလွည့္ျပန္ရန္လုပ္စဥ္
” အင္း…ဟင္းဟင္း….ကြၽတ္…ကြၽတ္…”
ဟူေသာညည္းသံသဲ့သဲ့ကိုၾကားလိုက္ရ၏။ ေမာင္ထင္ေပၚက ေဘးဘီဝဲယာကိုၾကည့္ေသာ္လည္း သစ္ပင္ႀကီးငယ္မ်ားမွအပ လူႏွင့္တူသည့္အရိပ္အေယာင္မေတြ႕ရ။
” ေတာေခ်ာက္ၿပီထင္တယ္….”
ေမာင္ထင္ေပၚထိုသို႔ေတြးၿပီး ငွက္ေပ်ာသီးကို တုတ္တစ္ေခ်ာင္းျဖင့္ လ်ိဳွထမ္းလိုက္၏။
” အား….ကြၽတ္…ကြၽတ္…. ကယ္ၾကပါအုံးရွင့္….ကယ္ၾကပါအုံး….”
ဟူေသာေနာက္ထပ္ညည္းသံကိုပီပီသသႀကီး ထပ္မံၾကားလိုက္ရ၏။ သို႔ေၾကာင့္ ေမာင္ထင္ေပၚလည္း ပခုံးမွထမ္းထားေသာ ငွက္ေပ်ာသုံးဖီးကိုအသာခ်ကာ အသံၾကားရာဘက္သို႔ သြားၾကည့္လိုက္၏။
တစ္ခုေသာသစ္ပင္ႀကီးေအာက္တြင္ သစ္႐ြက္ေျခာက္မ်ားေပၚ၌ သစ္ပင္ႀကီးကိုမွီၿပီး အသက္ျပင္းစြာရႉရႈိက္ေနရေသာ မိန္းမႀကီးတစ္ေယာက္ကိုေတြ႕လိုက္ရ၏။
” ဟင္….လူတစ္ေယာက္ပါလား….ခႏၶာကိုယ္မွာလည္းဒဏ္ရာဒဏ္ခ်က္အလိမ္းလိမ္းနဲ႔ပါလား….”
ေမာင္ထင္ေပၚထိုသို႔ေျပာၿပီး မိန္းမႀကီးအနားသို႔တိုးကပ္ရန္လုပ္လိုက္ၿပီးမွ ေနာက္ထပ္အသိဝင္လာကာ ေျခစုံရပ္လိုက္၏။
” ကယ္….ကယ္ပါအုံးရွင့္…..”
မိန္းမႀကီးမွာ ေမာင္ထင္ေပၚကိုအသာအယာလွမ္းၾကည့္ၿပီး သနားစဖြယ္အကူအညီေတာင္းေနရွာ၏။ ေမာင္ထင္ေပၚ၏ ေအၾတးမြာကား ဤေတာႀကီးမ်က္မည္းထဲတြင္လူသူမရွိႏိူင္။ ေတာႀကီးထဲရွိနာနာဘာဝတို႔သည္ သူ႔ကိုဒုကၡေပးခ်င္သျဖင့္ လူေယာင္ဖန္ဆင္းၿပီး အားနည္းခ်င္ေယာင္ေဆာင္ေနျခင္းျဖစ္မည္ ဟုေတြးမိလိုက္သျဖင့္ ေျခစုံရပ္လိုက္ျခင္းျဖစ္၏။
” ကယ္ပါအုံးရွင့္….ကြၽန္မေက်းဇူးျပန္ဆပ္ပါ့မယ္…..”
” အစၼက တကယ့္လူအစစ္လား….ဒါမွမဟုတ္ ကြၽန္ေတာ့္ကိုဒုကၡေပးခ်င္လို႔ အေယာင္ေဆာင္ၿပီးဖန္ဆင္းထားတာလား….”
” ကြၽန္မတကယ့္လူအစစ္ပါရွင့္….ကယ္ပါ….တကယ္ဒုကၡေရာက္ေနလို႔ပါရွင့္…. အဟြတ္…အဟြတ္…အဟြတ္…. ”
မိန္းမႀကီးမွာထိုသို႔ေျပာၿပီး ေမာသြားဟန္ျဖင့္ မ်က္လုံးမွိတ္ကာမွိန္းေနလိုက္၏။
” လူျဖစ္ျဖစ္ဘာျဖစ္ျဖစ္ အသက္တစ္ေခ်ာင္းကယ္ေကာင္းပါတယ္ေလ….အကယ္၍ကို႔ကိုရန္လိုခဲ့ရင္လည္း ဘာမႈစရာရွိလို႔လဲ…..”
ေမာင္ထင္ေပၚထိုသို႔ေတြးၿပီး မိန္းမႀကီးအနားတိုးကပ္သြားကာ နဖူးကိုစမ္းၾကည့္လိုက္၏။
” အိုး! ျခစ္ျခစ္ေတာက္ပူေနတာဘဲ….မ်ဖစၻဴး ဆရာ့ကိုသြားေျပာျပမွရမယ္….”
” အစ္မႀကီး ဒီမွာခဏေနႏွင့္အုံးေနာ္ အစ္မႀကီးကိုကယ္ဖို႔ကြၽန္ေတာ္ဆရာကိုသြားေခၚလာခဲ့မယ္….”
ဆိုၿပီးအျမန္ထကာ ဆရာရွိရာသို႔အေျပးလာခဲ့၏။
” ဆရာ….ဆရာ….”
” ေဟာဟဲ…ေဟာဟဲ….”
” ေဟာ….ျပန္ေရာက္လာၿပီလားထင္ေပၚ….အေမာတေကာနဲ႔ပါလား ေတာေကာင္လိုက္လာလို႔လား….”
” မ…မဟုတၻဴး….ဆ….ဆရာ…..”
” အဲဒါဆိုဘယ္လိုျဖစ္လာတာလဲ…ဆိုစမ္းပါအုံး….”
ေမာင္ထင္ေပၚက သူေတြ႕ခဲ့ေသာအေၾကာင္းအရာမ်ားကိုျပန္ေျပာျပလိုက္၏။
” ဟင္….အဟုတ္လားထင္ေပၚ….ဒါဆိုသြားၾကည့္ရေအာင္….”
ဆိုၿပီးအျမန္ထကာ မိန္းမႀကီးရွိရာသစ္ပင္ေအာက္သို႔ သြားလိုက္၏။ ထိုသစ္ပင္ႀကီးေအာက္သို႔ေရာက္ေသာ္ သစ္ပင္ႀကီးကိုမွီၿပီး မွိန္းေနေသာမိန္းမႀကီးကိုေတြ႕လိုက္ရ၏။
” ထင္ေပၚ….ၾသား….ေရအျမန္သြားခပ္ေခ်….”
” ဟုတ္ဆရာ….”
ေမာင္ေရခဲကမိန္းမႀကီး၏ေဘးသို႔ထိုင္လိုက္ၿပီး မိန္းမႀကီး၏မ်က္လုံးကိုၿဖဲၾကည့္လိုက္၏။ မိန္းမႀကီးမွာေသြးထြက္လြန္ေနသျဖင့္ အားနည္းကာအသားမ်ားျပာေဝေန၏။
ခဏအၾကာ၌ေမာင္ထင္ေပၚျပန္ေရာက္လာ၏။
” ထင္ေပၚ….သူအဖ်ားအရမ္းႀကီးေနတယ္…. ငွက္ေပ်ာ႐ြက္ေပၚသိပ္မွရမယ္….အစာလည္းငတ္ေတာ့အားမရွိဘူးျဖစ္ေနတာ….”
” ကြၽန္ေတာ္ငွက္ေပ်ာ႐ြက္ယူလာခဲ့မယ္ဆရာ….ဒီကငွက္ေပ်ာသီးမွည့္ေတြေကြၽးထားႏွင့္လိုက္….”
” ေအးေအးထင္ေပၚ ဂ႐ုစိုက္ဦး….”
ေမာင္ေရခဲက ေမာင္ထင္ေပၚေပးလာေသာငွက္ေပ်ာသီးမွည့္ကိုယူကာ အခြံခြာၿပီး မိန္းမႀကီးကိုအသာအယာခြံ႕ေကြၽးလိုက္၏။
ငွက္ေပ်ာသီးေကြၽးၿပီး ေရပါတိုက္လိုက္၏။
” အစ္မႀကီး ဒီေဆးပါေသာက္လိုက္ေနာ္….ဒါကအစ္မႀကီးကိုျပန္လည္ၿပီးအားအင္ေတြျပည့္ေစမွာဗ်….”
ေမာင္ေရခဲက လြယ္အိတ္ထဲမွေက်ာက္ေသြးကိုယူၿပီး မိန္းမႀကီးကိုတိုက္လိုက္၏။
ခဏ၍ေမာင္ထင္ေပၚက ငွက္ေပ်ာ႐ြက္တစ္ေပြ႕တစ္ပိုက္ျဖင့္ ျပန္ေရာက္လာ၏။
ထိုငွက္ေပ်ာ႐ြက္အား သစ္ပင္ႀကီးေအာက္ခင္းကာ မိန္းမႀကီးကိုငွက္ေပ်ာ႐ြက္ထဲအိပ္ေစလိုက္၏။ ၿပီးမွအဖ်ားက်ေစရန္ အဝတ္စတစ္ခုကိုေရဆြတ္ၿပီး နဖူးေပၚတင္ေပးလိုက္၏။ ထိုခဏ၌မိန္းမႀကီးသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့သည္။
ထိုမိန္းမႀကီးအိပ္ေပ်ာ္သြားမွ ေမာင္ေရခဲတို႔က ခပ္ေဝးေဝးေနရာသို႔သြားထိုင္လိုက္၏။
” ဆရာ….ဒီအစ္မႀကီးက လူစင္စစ္လားဗ်….”
” ဟုတ္တယ္ထင္ေပၚ….တကယ့္လူအစစ္ဘဲ….”
” ဒါဆိုဘယ္ကေနေရာက္လာတာပါလိမ့္ေနာ္…..ဒီလိုေတာႀကီးမ်က္မည္းထဲ အမ်ိဳးသမီးတစ္ေယာက္ထဲေရာက္ေနတာ ေတာေကာင္အႏၲရာယ္ေတြမေၾကာက္ဘူးလားမသိ….”
” သူလည္းအႏၲရာယ္ၾကားထဲကထြက္ေျပးလာတာေနမယ္… ၾကည့္ရတာကေလးမီးဖြားၿပီး အသက္လုေျပးလာပုံဘဲ….ေသခ်ာသိခ်င္ရင္ေတာ့ ႏိူးလာမွေမးၾကည့္မွရမယ္….”
ထိုည၌ေမာင္ေရခဲတို႔လည္း ေတာႀကီးထဲ၌ပင္အနားယူလိုက္၏။ ေနာက္ေန႔မနက္၌မိန္းမႀကီးသည္ အဖ်ားေပ်ာက္သြားၿပီး အားအင္မ်ားျပန္လည္ျပည့္ၿဖိဳးလာ၏။
” ႏိူးၿပီလားအစ္မႀကီး…. ဘယ္လိုလဲေနသာရဲ႕လားဗ်…..”
” ေနသာတယ္ေမာင္ေလးတို႔ရယ္….အစ္မအသက္ကိုကယ္တင္ေပးလို႔ေက်းဇူးအရမ္းတင္ပါတယ္ရွင့္…..ေမာင္ေလးတို႔သာမကယ္ရင္အစ္မ ဒီေတာထဲမွာဘဲေသသြားရမွာ….”
” လူ႔အသက္တစ္ေခ်ာင္းကယ္ေကာင္းပါတယ္ဗ်ာ….ဒါနဲ႔အစ္မႀကီးက ဘာကိစၥဒီလိုေတာႀကီးထဲေရာက္ေနရတာလဲ….မဟုတ္မွလြဲေရာဒီနားတစ္ဝႈိက္မွာ ေက်း႐ြာေတြဘာေတြရွိေနတာလား….”
” အစ္မေျပာျပပါ့မယ္….အစ္မကဒီေတာနဲ႔သုံးမိုင္ေလာက္ေဝးတဲ့ မေဟာ္ဂနီ႐ြာကလာခဲ့တာပါ….အစ္မဒီေရာက္တာ၁၀ရက္ေက်ာ္ၿပီ….ေတာထဲမွာေျပးလိုက္လႊားလိုက္နဲ႔ေနာက္ဆုံးဒီေတာထဲေရာက္လာတာဘဲ….”
” အစ္မကိုလိုက္မရွာၾကဘူးလား….”
” လိုက္မရွာဘဲေနမလား….သူတို႔ကအစ္မကိုအေသရရအရွင္ရရလိုခ်င္ေနၾကတာ….အစ္မသူတို႔လက္ထဲကအသက္လုေျပးလာတာ….အစ္မသားေလးလည္းသူတို႔ဆီမွာက်န္ခဲ့တယ္….”
” ဟင္….သူတို႔ဆိုတာကအစ္မတို႔႐ြာသူ႐ြာသားေတြလား….”
” ဟုတ္တယ္ေမာင္ေလးတို႔….အစ္မအမ်ိဳးသားအပါအဝင္ တစ္႐ြာလုံးအစ္မကိုလိုက္သတ္ၾကတာ….”
” ဟင္….ထူးဆန္းလွခ်ည္လားအစ္မရဲ႕….အေၾကာင္းစုံေျပာျပပါဦး….ကြၽန္ေတာ္ကူညီႏိူင္ရင္ကူညီရတာေပါ့….”
” ေက်းဇူးပါေမာင္ေလးရယ္….အစ္မတို႔႐ြာအေၾကာင္းေျပာျပပါ့မယ္…..”
****************************
မေဟာ္ဂနီေက်း႐ြာဟုအမည္ရေသာ႐ြာေလးတစ္႐ြာ။ ထို႐ြာ၌အိမ္ေျခေပါင္း၅၀သာရွိၿပီး ထို႐ြာကိုအုပ္ခ်ဳပ္ေသာသူႀကီးမွာလည္း ေယာက်ာ္းမဟုတ္ေခ်။ အသက္၇၀အ႐ြယ္ရွိ ေဒၚဇာႏုအမည္ရ အဖြားႀကီးတစ္ေယာက္ျဖစ္၏။ ထိုအဖြားႀကီးသည္ ႐ြာသူ႐ြာသားအေပၚ အလြန္ဩဇာေညာင္းသူျဖစ္၏။ ေဒၚဇာႏုသည္အသက္ႀကီးေသာ္လည္း တစ္႐ြာလုံး၏ကိစၥဝိစၥမွန္သမွ်သူ႔ေျခသူ႔လက္ပါမွၿပီး၏။ လင္းတေခါင္းပုံစံထြင္းထုထားေသာ ေတာင္ေဝွးတစ္ေခ်ာင္းကိုအၿမဲေထာက္ထားတတ္ၿပီး ခါးအနည္းငယ္ကိုင္းကာ ေခါင္းရွိဆံပင္မွာတစ္ေခါင္းလုံးျဖဴေဖြးေန၏။
ေဒၚဇာႏုမွာအမ်ားသူငွါကဲ့သို႔ အဝတ္မဝတ္။ ဖ်င္ၾကမ္းထဘီမဲတစ္ထည္ကိုသာ ထဘီရင္လွ်ားထား၏။ တစ္႐ြာလုံးရွိ႐ြာသူ႐ြာသားမ်ားကလည္း ေဒၚဇာႏု၏အမိန႔္အာဏာကိုမလြန္ဆန္ရဲၾကေခ်။ ႐ြာရွိေယာက်ာ္းမွန္သမွ် ေဒၚဇာႏုကိုယ္တိုင္ေဖာ္စပ္ထားေသာ ေဆးရည္ျဖင့္ ထိုးကြင္းမွင္ေၾကာင္ထိုးၾကရ၏။ ထိုေဆးမွင္ေၾကာင္ကိုအသက္၁၈ႏွစ္ျပည့္ၿပီးသည့္ ေယာက်ာ္းေလးတိုင္း ထိုးၾကရ၏။ ထိုေဆးမွင္ေၾကာင္ကို လကြယ္ည၏သန္းေခါင္ယံအခ်ိန္တြင္သာထိုးၾကရ၏။
ထိုေဆးမွင္ေၾကာင္ထိုးၿပီးသူမ်ားသည္ လျပည့္လကြယ္ညတိုင္း သားေကာင္တို႔၏ေသြးစိမ္းရွင္ရွင္ကိုေသာက္သုံးၾကရ၏။ မေသာက္ဘဲေနသူမ်ားသည္ ထိုည၌ တကိုယ္လုံးမီးႏွင့္ၿမိဳက္သကဲ့သို႔ပူေလာင္ၿပီး ေရခြံမ်ားလွန္ကုန္၏။ ထိုအေျခအေနကိုမည္သူမွ်မခံစားႏိူင္ေသာေၾကာင့္ လျပည့္လကြယ္ည၌ တရိစာၦန္တို႔၏ေသြးကိုေသာက္ရ၏။
သူႀကီးမေဒၚဇာႏု၏အိမ္ထဲသို႔အခြင့္မရွိဘဲမည္သာမွ်ဝင္ခြင့္မရွိေခ်။ ေဒၚဇာႏု၏အိမ္ဝန္းသည္က်ယ္ျပန႔္ၿပီး သစ္ပင္ႀကီးငယ္မ်ားကိုအုံ႔ဆိုင္းေနေအာင္စိုက္ပ်ိဳးထား၏။ အိမ္ဝန္းထဲတြင္လည္းၿခံေစာင့္ေခြးႀကီးငါးေကာင္ကိုေမြးျမဴထား၏။ ေဒၚဇာႏု၏ေခြးႀကီးသည္ႏြားမတန္းတစ္ေကာင္ကဲ့သို႔ဆူၿဖိဳးၿပီး အစြယ္ေဖြးေဖြးျဖင့္ အလြန္ေၾကာက္စရာေကာင္း၏။
ေဒၚဇာႏုတြင္သားေထာက္သမီးခံမရွိေခ်။ တစ္ေန႔ေဒၚဇာႏုသည္ အိမ္မဲမဲႀကီးတြင္ေဆးေဖာ္ေန၏။
” ဗ်ိဳ႕…အေမႀကီးေဒၚဇာႏုေရ….အေမႀကီးဇာႏု….”
ခါးေတာင္းကိုေျမႇာင္ေအာင္က်ိဳက္ထားေသာ ေယာက်ာ္းႀကီးႏွစ္ေယာက္သည္ ေဒၚဇာႏုကိုေအာ္ေခၚရင္း အိမ္ထဲသို႔ဝင္လာ၏။
” ေအးေဟ့….ငါအိမ္ထဲမွာရွိတယ္….လုပ္စရာမၿပီးေသးလို႔ အျပင္မွာဘဲေစာင့္ေနေအ့….”
ေဒၚဇာႏုကအသံစာစာျဖင့္ျပန္ေျပာလိုက္၏။
” ဟုတ္ကဲ့ဟုတ္ကဲ့အေမႀကီး….”
လူငယ္ႏွစ္ေယာက္ကထိုသို႔ေျပာၿပီး အိမ္ေအာက္ထပ္ရွိ ေရွးေခတ္သစ္သားခုံႀကီးေပၚတြင္ထိုင္လိုက္၏။ ထိုလူငယ္ႏွစ္ေယာက္မွာ အေပၚပိုင္းဗလာက်င္းျဖစ္ၿပီး ဗလေတာင့္တင္း၏။ ခဏ၌အေပၚထပ္မွသူႀကီးေဒၚဇာႏုကေတာင္ေဝွးေထာက္ကာ ဆင္းလာခဲ့၏။
” ေမာင္ေသာင္းႏွင့္ေမာင္ေကာင္း….႐ြာထဲမွာ ဘာအေၾကာင္းထူးလဲေအ့…..”
” ေထြေထြထူးထူးအေၾကာင္းေတာ့သိပ္မရွိဘူးအေမႀကီး….ဒါေပမဲ့မၾကာခင္အခ်ိန္မွာ႐ြာထဲကသားသည္မိခင္တစ္ေယာက္ မီးဖြားဖို႔ရွိတယ္ဗ်….”
” ဘယ္သူလဲေအ့….႐ြာလယ္ကမယ္ယဥ္ေထြးလား….”
” ဟုတ္တယ္အေမႀကီး….”
” ေအးေအး…ဒါဆိုသူ႔ကိုေသခ်ာေစာင့္ၾကည့္ထား သူမီးဖြားခ်ိန္ငါ့ကိုလာေျပာၾက….”
” ဟုတ္ဟုတ္အေမႀကီး….”
” ဒါနဲ႔ရပ္႐ြာထဲသူစိမ္းေတြဘာေတြဝင္တာရွိလား…..႐ြာထဲသူစိမ္းေတြလုံးဝအဝင္မခံနဲ႔ေနာ္….႐ြာစည္းပ်က္မယ္….”
” ဟုတ္အေမႀကီး….ဒါက…႐ြာေတာင္ပိုင္းကမုဆိုးဦးေဖခင္ရဲ႕တံစိုးလက္ေဆာင္တဲ့….”
ဆိုၿပီးေသြးမ်ားရဲေနေသးေသာ ေတာေကာင္၏ဦးေခါင္းႏွင့္အသားတြဲကိုေဒၚဇာႏုအားေပးလိုက္၏။
” ေအးေအး…ေကာင္းသကြယ္….ဒီရက္ပိုင္းေကြၽးဖို႔ေမြးဖို႔ရွိတာနဲ႔အေတာ္ဘဲေအ့….”
ဆိုၿပီးထိုအသားအား ခုံေပၚရွိစေကာထဲသို႔တင္လိုက္၏။
” ဒါနဲ႔ လာမဲ့လကြယ္ညအတြက္ ေသြးစိမ္းေသာက္ရမဲ့သူအတြက္ေသြးစိမ္းရမဲ့သားေကာင္ေတြစီစဥ္ထားၿပီလားေမာင္ေကာင္းနဲ႔ေမာင္ေသာင္း….”
” စီစဥ္ထားပါၿပီအေမႀကီး….ဒါနဲ႔႐ြာထဲကိုဘာအမွာစကားေခြၽဖို႔ရွိလဲအေမႀကီး….”
” ရွိတာေပါ့ကြဲ႕….႐ြာထဲကမိန္းမေတြကို ခ်ည္ဖ်င္ထည္ေတြေသခ်ာရက္လုပ္ၾကလို႔ေျပာလိုက္….လာမဲ့လကြယ္ညမွာေသြးေသာက္ပြဲေတာ္အတြက္ဆင္တူဝတ္ဆင္ဖို႔လိုတယ္မလား….”
” ဟုတ္ဟုတ္အေမႀကီး….”
႐ြာသူ႐ြာသားမ်ားေစာင့္ေမွ်ာ္ေနၾကေသာလကြယ္ညသည္ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့ေခ်ၿပီ။ ႐ြာသူ႐ြာသားမ်ားအားလုံးသည္ဖ်င္ၾကမ္းအက်ႌအနက္ေရာင္ကိုတူညီဝတ္ဆင္ၾကၿပီး ေခါင္းတြင္လည္းအမည္းေရာင္အဝတ္စကိုေဆာင္းထားၾက၏။ ႐ြာသူ႐ြာသားမ်ားအားလုံး ႐ြာအထက္ရွိပြဲေတာ္က်င္းပရာေနရာသို႔ေရာက္လာခဲ့ၾကသည္။ ကေလးမ်ားမွာလည္းထိုနည္းတူပင္။ အသက္၁၈ႏွစ္အ႐ြယ္ေယာက်ာ္းေလးမ်ားက ေဆးမွင္ေၾကာင္ထိုးရန္စင္ထက္၌အသင့္ေစာင့္ဆိုင္းေနၾက၏။ ထိုးၿပီးသားေယာက်ာ္းသားမ်ားကခြက္ကိုယ္စီကိုင္ကာအသင့္အေနအထားထိုင္ေနၾက၏။ ထိုေယာက်ာ္းသားမ်ားအားလုံးအေပၚပိုင္းဗလာက်င္းျဖင့္သာ။
ပြဲေတာ္၌လူမ်ားစုံလင္ေနၿပီျဖစ္၏။ သို႔ေၾကာင့္သူႀကီးေဒၚဇာႏုသည္ ေတာင္ေဝွးကိုတေဒါက္ေဒါက္ေထာက္လာရင္း လူပုံ၏အလယ္တည့္တည့္သို႔ဝင္သြားကာ ေဆာက္ထားေသာစင္ျမင့္ေပၚသို႔တက္လိုက္၏။ ေဒၚဇာႏု၏မ်က္လုံးအစုံမွာစူးရဲေတာက္ပေန၏။
” မေဟာ္ဂနီ႐ြာရဲ႕ အုပ္ခ်ဳပ္သူ က်န္းမာပါေစ….အသက္ရွည္ပါေစ…..”
ေဒၚဇာႏုစင္ေပၚေရာက္သြားသည္ႏွင့္ ႐ြာသူ႐ြာသားတို႔သည္ထိုသို႔သုံးႀကိမ္သုံးခါေအာ္ၿပီး ဦးၫႊတ္အ႐ိုအေသျပဳၾက၏။ သူႀကီးေဒၚဇာႏုသည္ ႐ြာသူ႐ြာသားမ်ားကိုၾကည့္ၿပီးၿပဳံးလိုက္၏။
” ေအးကြယ္….႐ြာသူ႐ြာသားမ်ားလည္း က်န္းမာလို႔ေပ်ာ္႐ႊင္ၾကပါေစကြယ္…..ဒီညကေတာ့အားလုံးေမွ်ာ္လင့္ၾကတဲ့ ပြဲေတာ္ႀကီးျပန္လည္ေရာက္ရွိလို႔လာပါၿပီ….ဒီေတာ့ ထုံးစံအတိုင္း အသက္၁၈ႏွစ္ျပည့္ၿပီးတဲ့လူငယ္ေတြကိုထိုးကြင္းမွင္ေၾကာင္ထိုးေပးမွာျဖစ္ပါတယ္….ၿပီးေတာ့ ထိုးၿပီးတဲ့သူေတြက ေသြးစိမ္းရွင္ရွင္ကိုေသာက္ၾကရမွာျဖစ္ပါတယ္….”
” ဒီလိုလုပ္ျခင္းဟာ ဒီမေဟာ္ဂနီ႐ြာကိုအဓြန႔္ရွည္တည့္တံ့ေစတဲ့အျပင္ ႐ြာသူ႐ြာသားေတြဟာလည္း က်န္းမာၿပီးအသက္ရွည္ေစမွာျဖစ္ပါတယ္….”
” မွန္ပါတယ္သူႀကီး….”
ေဒၚဇာႏု၏စကားကို႐ြာသူ႐ြာသားမ်ားကေထာင္ခံေပးၾက၏။
” ကဲကဲ…ေပ်ာ္ၾက႐ႊင္ၾက…ကခုန္ၾကေပေတာ့….ညသန္းေခါင္ခ်ိန္ေရာက္တာနဲ႔ ထိုးကြင္းမွင္ေၾကာင္ထိုးျခင္း စတင္ၾကမယ္….”
လကြယ္ညပြဲေတာ္၌႐ြာသူ႐ြာသားမ်ားေပ်ာ္႐ႊင္စြာကခုန္ေနၾက၏။ ႐ြာထဲရွိအိမ္တစ္အိမ္တြင္ကား အမ်ိဳးသမီးႀကီးတစ္ေယာက္သည္ မီးဖြားရန္အတြက္အသင့္ျပင္ေန၏။ ည၄နာရီခန႔္ကပင္ဗိုက္နာေနေသာ္လည္း ည၁၁ထိုးအထိမေမြးေသးေပ။ အမ်ိဳးသမီးႀကီးကဗိုက္နာေနသျဖင့္မ်က္ႏွာကရႈံ႕မဲ့ေန၏။ အနားတြင္အားေပးသူလင္ေယာက်ာ္းလည္းမရွိေခ်။ အရပ္လက္သည္ႀကီးတစ္ဦးႏွင့္အေဖာ္အမ်ိဳးသမီးႏွစ္ဦးသာရွိသည္။ ေအာက္ထပ္တြင္ကားသူႀကီးလႊတ္လိုက္သည့္ ေမာင္ေသာင္းႏွင့္ေမာင္ေကာင္းက အေျခအေနကိုေစာင့္ၾကည့္ေန၏။
” အား…ကြၽတ္..ကြၽတ္… ကြၽတ္…နာလိုကၱာေတာ္….”
” ညည္းေမြးေတာ့မည္ထင္တယ္ယဥ္ေထြး….ေတာင့္ခံထားေအ့….”
” နာလိုကၱာ ေမႀကီးမိုးရယ္….သမီးျဖင့္ေသလုမတတ္မတတ္ပါဘဲ….”
” ကေလးေမြးတဲ့အလုပ္ကဘယ္လြယ္လိမ့္မလဲေအ….ညည္းေတာင့္ခံထားရမယ္…မၾကာဘူးခေလးကထြက္လာေတာ့မွာ….”
ေမြးမည့္အခ်ိန္ထိမယ္ယဥ္ေထြးေတာင့္ခံရင္း ညသန္းေခါင္အခ်ိန္၌ေမြးဖြားရန္အခ်က္ျပလာ၏။ ထိုအခ်ိန္ပြဲေတာ္၌လည္းေဆးမွင္ေၾကာင္ထိုးရန္စတင္ခ်ိန္ျဖစ္ၿပီး သူႀကီးေဒၚဇာႏုကေတာင္ေဝွးကိုမိုးေပၚေျမႇာက္ကာ မႏၲာန္တစ္ပုဒ္ကို႐ြတ္ေန၏။
မယ္ယဥ္ေထြးလည္းဗိုက္အရမ္းနာလာၿပီး ေမြးခ်င္လာသလိုျဖစ္ေန၏။
” အား….ေမြးေတာ့မယ္ထင္တယ္ေမႀကီးမိုးေရ…အား….နာလိုက္တာရွင့္….ကြၽတ္ကြၽတ္ကြၽတ္….”
” ညႇစ္ထားယဥ္ေထြး…ေမြးေတာ့မယ္… ေမြးေတာ့မယ္…. ”
” အား…….”
” အူငဲ….အူငဲ….အူငဲ….”
” ဝုန္း….ေဖ်ာ….ေဖ်ာ….”
” ဂ်ိန္း….ဂ်ိန္း….ဒလိန္း….”
မယ္ယဥ္ေထြးတစ္ေယာက္ကေလးေမြးထြက္လာသည္ႏွင့္ေလာကႀကီးတစ္ခြင္လုံးမိုးရိပ္မိုးသံမ်ားဆူညံသြားၿပီး လွ်ပ္စီးလည္းတဖ်တ္ဖ်တ္လင္းလက္သြား၏။ ကေလးငိုသံႏွင့္မိုးခ်ိန္းသံတို႔ကား ေရာႁပြမ္းလွ်က္နားစည္ကြဲမတတ္ျဖစ္ေနေတာ့၏။
” ဟင္….မိုးေတြေလေတြအရမ္းၾကမ္းလာပါလားေမာင္ေကာင္းေရ….ကေလးငိုသံလည္းၾကားတယ္ဆိုေတာ့ မယ္ယဥ္ေထြးမြးၿပီထင္တယ္ဗ်….”
” ဟုတ္တယ္ေဟ့ၾကည့္ၾကည့္ရေအာင္….”
ထိုသို႔ေျပာၿပီးအေပၚထပ္တက္ၿပီး မီးဖြားခန္းအျပင္တြင္ေန၍
” ေဒၚမိုး…ဗ်ိဳ႕…ေဒၚမိုး….မယ္ယဥ္ေထြးေမြးၿပီလားေဟ့….”
” ေမြးၿပီေအ…ေမြးၿပီ….မယ္ယဥ္ေထြးသားေယာက်ာ္းေလးေမြးတယ္ေတာ့….”
” ဟင္…မွန္းစမ္းက်ဳပ္ၾကည့္ပါရေစ….”
ဆိုၿပီးအထဲဝင္ကာမယ္ယဥ္ေထြး၏သားကေလးအားဝင္ၾကည့္လိုက္၏။
” အူငဲ….အူငဲ….အဲ့…အဲ့…”
ကေလးငယ္သည္ လက္သည္အေဒၚႀကီး၏လက္ေပၚ၌ယက္ကန္ယက္ကန္ျဖင့္တအဲ့အဲ့ငိုေန၏။
” ဟင္…မ်ဖစၻဴး….မ်ဖစၻဴး….”
ေမာင္ေသာင္းသည္ကေလးကိုၾကည့္ၿပီး ထိတ္လန႔္သလိုျဖစ္ကာအေပၚထပ္မွေျပးဆင္းသြားၿပီး ပြဲေတာ္က်င္းပရာ ေနရာသို႔ကေရာေသာပါးေျပးသြားလိုက္၏။ ေမာင္ေကာင္းလည္းေမာင္ေသာင္းေနာက္သို႔အေျပးလိုက္သြား၏။
မီးဖြားခန္းထဲရွိမယ္ယဥ္ေထြးကား အိပ္ယာထက္၌အသာမွိန္းေမာေန၏။
” က်ဳပ္…က်ဳပ္ကေလး အဂၤါအစုံပါရဲ႕လားအေမမိုးရဲ႕….”
” အစုံပါတယ္ယဥ္ေထြး့…ညည္းကေလးကညည္းအတိုင္းဘဲခ္စၥရာေလးေအ့….”
” အေမမိုး…က်ဳပ္သားရဲ႕အခ်င္းကိုေလွကားေအာက္မွာမျမဳပ္ပါနဲ႔ေနာ္….က်ဳပ္သားကိုနာမ္မႏိုင္ခ်င္ဘူးေတာ့….”
” ေဟ…ေလွကားေအာက္မျမဳပ္လို႔ရမလားမယ္ယဥ္ေထြးရဲ႕…က်ဳပ္တို႔႐ြာရဲ႕သူႀကီးကိုယ္တိုင္ဒီစည္းကမ္းကိုထုတ္ထားတာေလ….႐ြာထဲကေမြးတဲ့ကေလးရဲ႕အခ်င္းေတြလည္း သူတို႔အိမ္ရဲ႕ေလွကားေအာက္ျမဳပ္ၾကရတာဘဲ….”
” က်ဳပ္သားကေလးရဲ႕အခ်င္းကိုေတာ့ က်ဳပ္ေလွကားေအာက္မျမဳပ္ႏိူင္ပါဘူးအေမမိုး….ေလာကအလည္လူလုပ္ရမဲ့က်ဳပ္သားကို က်ဳပ္နာမ္မႏိုင္ခ်င္ဘူး….”
” ညည္းေအေျပာရခက္လိုက္တာ…ဒီကိစၥသူႀကီးသိရင္ညည္းကိုဒဏ္ခတ္မွာေအ့ယဥ္ေထြးရဲ႕….”
” ခတ္ပေလ့ေစေတာ့အေမမိုးရယ္….က်ဳပ္သားလည္းကဘုန္းကံႀကီးမားတဲ့သူေတာ့… အေမမိုးႀကီးေတြ႕လား က်ဳပ္သားေလးလူ႔ေလာကထဲဝင္လာေတာ့ နတ္သိၾကားေတြေတာင္မေနႏိုင္လို႔မိုးေတြေလေတြတံလွ်ပ္ေတြနဲ႔ ႀကိဳဆိုေနၾကတာေလ….”
” ညည္းေအ…ညည္း….”
မယ္ယဥ္ေထြး၏စကားကို လက္သည္ႀကီးေဒၚမယ္မိုးျပန္လည္မေခ်ပႏိူင္ေတာ့ေခ်။
ေႏြေခါင္ေခါင္တြင္မိုးႏွင့္တံလွ်ပ္မ်ားအခ်ိန္အခါမဟုတ္႐ြာခ်ေနသျဖင့္ ေဒၚဇာႏုအံ့ဩေန၏။ သို႔ေၾကာင့္႐ြတ္လ်က္စ မႏၲာန္ကိုပင္မ႐ြတ္ေတာ့ဘဲရပ္ထားၿပီး အေျခအေနကိုအကဲခတ္ေန၏။ ထိုးကြင္းဆရာမ်ားလည္းထိုးလွ်က္စတပိုင္းတစျဖင့္ရပ္ေနရ၏။ ထိုစဥ္႐ြာဖက္မွ မီးတုတ္ကိုင္ထားေသာလူႏွစ္ေယာက္သည္ ပြဲေတာ္က်င္းပရာသို႔ေျပးလာၾကသည္ကိုေတြ႕လိုက္ရ၏။
” သူႀကီး…သူႀကီး…”
” ႐ြာထဲအေၾကာင္းထူးတဲကိစၥျဖစ္သြားတာလားေမာင္ေကာင္း….”
” ဟုတ္…ဟုတ္တယ္သူႀကီး….မယ္…မယ္ယဥ္ေထြး သားကေလးေမြးတယ္….ၿပီးေတာ့ကေလးမွာထူးျခားတဲ့အဂၤါရပ္ေတြက်ဳပ္ေတြ႕ခဲ့တယ္သူႀကီး….”
” ေဟ…အဟုတ္ကလားေမာင္ေကာင္း….ကေလးမွာဘာေတြထူးျခားတာမင္းျမင္ခဲ့လည္း….”
” ဒီကေလးကေနာင္တခ်ိန္မွာ က်ဳပ္တို႔႐ြာကိုပ်က္ဆီးေအာင္လုပ္ႏိူင္မဲ့အစြမ္းေတြေတြ႕ေနရပါတယ္သူႀကီး….”
” ေဟ…ဒါဆိုမျဖစ္ေခ်ဘူး….ဒီကေလးကိုခုရင္းႏွိင္နင္းထားမွျဖစ္မယ္….ခုဘဲငါ့ကိုမယ္ယဥ္ေထြးအိမ္ေခၚသြားစမ္းေမာင္ေကာင္း….”
သူႀကီးတို႔ေျပာသည္ကို ၾကားလိုက္ေသာ္႐ြာသူ႐ြာသားမ်ားလည္း ေဒါသထြက္သြားၾကၿပီး မယ္ယဥ္ေထြး၏သားကေလးကိုသတ္ခ်င္ေနၾက၏။ သို႔ေၾကာင့္မီးတုတ္ကိုယ္စီကိုင္ကာ ႐ြာထဲသို႔ျပန္ဝင္လာခဲ့ၾက၏။
မယ္ယဥ္ေထြးသည္သူႀကီးခ်မွတ္ထားေသာစည္းကမ္းကိုေဖာက္ဖ်က္သျဖင့္ သူႀကီးဒဏ္ခတ္မည္ကိုႀကိဳသိေန၏။
” အေမႀကီးမိုး…ေစာေစာက ေမာင္ေကာင္းတစ္ေယာက္က်ဳပ္သားကိုၾကည့္ၿပီး ထိတ္လန႔္ေနတဲ့အမူအယာေတြျဖစ္သြားတာက်ဳပ္ေတြ႕လိုက္တယ္…ၿပီးေတာ့ သူအျမန္ထြက္သြားၿပီး သူႀကီးကိုအေၾကာင္းၾကားဖို႔သြားခဲ့ၾကၿပီထင္တယ္…မၾကာခင္က်ဳပ္အိမ္ကိုသူတို႔ေတြေရာက္လာေခ်ေတာ့မယ္….”
” ဘယ္လိုလုပ္မလဲယဥ္ေထြး…ညည္းမလဲေသြးႏုသားႏုနဲ႔….”
” က်ဳပ္အေမႀကီးမိုးကိုေတာင္းဆိုစရာရွိတယ္….ဘာေတြဘဲျဖစ္လာပါေစက်ဳပ္သားကိုရေအာင္ကယ္ေပးပါ….”
” ဘာမွေတာ့မျဖစ္ေလာက္ပါဘူးေအ….ညည္းသားအခ်င္းကိုေလွကားေအာက္ျမဳပ္လိုက္ရင္သူႀကီးကခြင့္လႊတ္မွာပါ….”
” မလုပ္ႏိုင္ဘူးအေမႀကီးမိုး….”
မယ္ယဥ္ေထြးကအႏၲရာယ္ကိုႀကိဳသိေနသျဖင့္ ေသြးမ်ားေပက်ံေနေသာအဝတ္စားမ်ားကိုလဲလိုက္ၿပီး တကိုယ္လုံးကိုဆႏြင္းလူးလိုက္၏။ တအဲ့အဲ့ငိုေနေသာကေလးကိုလည္းႏို႔တိုက္လိုက္၏။ နံေဘးရွိအေဖာ္မိန္းမႀကီးႏွစ္ေယာက္ကား ျဖစ္လာမည့္ျပႆနာအတြက္ထိတ္လန႔္ေနၾက၏။
” မယ္ယဥ္ေထြး….ငါပါေအ့…အေမဇာႏုပါ…ညည္းေမြးၿပီၾကားလို႔ငါလာၾကည့္တာေအ့….”
ဟူေသာအသံႏွင့္အတူေတာင္ေဝွးေထာက္သံတေဒါက္ေဒါက္သည္ အေပၚထပ္သို႔ေရာက္လာ၏။
” မယၼိဳး….ကေလးအခ်င္းကိုေလွကားေအာက္ျမဳပ္ၿပီးၿပီလားကြဲ႕….”
” ဟို…ဟို….”
” ဘာတဟိုဟိုျဖစ္ေနတာလဲ….သြားေမာင္ေကာင္းႏွင့္ေမာင္ေသာင္း….ေလွကားေအာက္မွာေျမႀကီးတူးထားတာရွိမရွိၾကည့္ခဲ့ေခ်….”
” ဟုတ္သူႀကီး…”
” မွန္းျပစမ္းကေလး…ငါၾကည့္ပါရေစ…ဒီကေလးကလာျခင္းေကာင္းတဲ့ကေလးမဟုတ္မွန္းငါသိတယ္….ေႏြေခါင္ေခါင္မွာ တံလွ်ပ္ေတြျဖစ္ေပၚရေလာင္ေအာင္ဒီကေလးက ၿဂိဳလ္ေမြတယ္….”
” သူက ကေလးဘဲရွိပါေသးတယ္သူႀကီးရယ္….”
” တိတ္စမ္းယဥ္ေထြး…ညည္းကိုယ္ဝန္ရွိကတည္းက ငါ့အိပ္မက္မေကာင္းဘူး….”
ေဒၚဇာႏုကကေလးကိုေပြ႕ၿပီးၾကည့္လိုက္ရာ မ်က္လုံးမ်ားက်ိန္းစပ္သြားၿပီး မူးေဝသြား၏။
” မ်ဖစၻဴး…မ်ဖစၻဴး…ဒီကေလးကိုသတ္ပစ္မွရမယ္….”
” ရွင့္….”
သူႀကီး၏စကားေၾကာင့္ မယ္ယဥ္ေထြးအံ့ဩတုန္လႈပ္သြား၏။ ထိုခဏ၌အခ်င္းသြားရွာေသာေမာင္ေကာင္းႏွင့္ေမာင္ေသာင္းေရာက္လာၿပီး
” အခ်င္းကိုသူတို႔ေလွကားေအာက္မွာမျမဳပ္ထားဘူးသူႀကီး….”
” ေဟ…ဒင္းတို႔ကက်ဳပ္အမိန႔္ကိုလြန္ဆန္ရဲတယ္ေပါ့…ဟုတၥ….ေတြ႕မယ္… က်ဳပ္အမိန႔္ကိုလြန္ဆန္ရဲတဲ့သူကို က်ဳပ္ဘယ္လိုအျပစ္ေပးမလဲဆိုတာၾကည့္ထားၾက….”
ဆိုၿပီးအျပင္ထြက္ကာတံခါးကိုပိတ္ထားလိုက္ၿပီးအျပင္ဘက္မွခတ္ထားလိုက္၏။
” ႐ြာသူ႐ြာသားအားလုံးနားေထာင္ၾက….မယ္ယဥ္ေထြးေမြးတဲ့ကေလးဟာ ေနာင္တခ်ိန္မွာဒီမေဟာ္ဂနီ႐ြာကိုဖ်က္ဆီးမဲ့သူဘဲ….ဒီေတာ့ အရင္လက္ဦးထားမွေတာ္မွာ….ၿပီးေတာ့ကေလးအခ်င္းကိုယ္လည္းေလွကားေအာက္မွာမျမဳပ္ထားဘူး….ဒါဟာ႐ြာရဲ႕စည္းကမ္းကိုေဖာက္ဖ်က္တာဘဲ…ဒါေၾကာင့္ သူတို႔မွာအျပစ္ရွိတယ္…ကေလးကိုေမြးေပးတဲ့လက္သည္ႀကီးမယ္မိုးလည္းအျပစ္ရွိတဲ့အတြက္အျပစ္ေပးရမယ္….႐ြာသူ႐ြာသားေတြသေဘာတူရဲ႕လားေအ့….”
” သေဘာတူတယ္သူႀကီး….႐ြာကိုဖ်က္မဲ့ေကာင္ကိုအရွင္မထားသင့္ဘူး….”
” ဟုတ္တယ္သူႀကီးအျပစ္ေပးပါ….”
ကေလးအေဖျဖစ္သူကိုသန္းေဆာင္ကားၿငိမ္သက္ေန၏။
” သန္းေဆာင္….မင္းကဒီ႐ြာသားစစ္စစ္ပါ…ဒီ႐ြာရဲ႕ေရေျမအေပၚမင္းႀကီးလာခဲ့တယ္….ဒီေတာ့ ႐ြာရဲ႕ေက်းဇူးမင္းအေပၚရွိလားမရွိဘူးလား….”
” ရွိပါတယ္သူႀကီး…”
” အဲဒါဆိုရင္ ႐ြာရဲ႕ေက်းဇူးကိုေထာက္တဲ့အေနနဲ႔ မင့္သားနဲ႔မိန္းမကို မင္းကိုယ္တိုင္သတ္ပစ္ရမယ္….”
” ဗ်ာ…..”
” မဗ်ာနဲ႔…ေရာ့ဒီမီးတုတ္ကိုယူၿပီး မင္းအိမ္ကိုမီးရႈိ႕လိုက္….ေတြေဝေနရင္မင္းပါအျပစ္က်ခံတဲ့ထဲပါသြားမယ္…. ”
သူႀကီးကထိုသို႔ေျပာၿပီး ဂါထာတစ္ပုဒ္ကို႐ြတ္လိုက္၏။ ထိုအခါသန္းေဆာင္၏မ်က္လုံးမွာအမည္းပကတိျဖစ္သြားၿပီး အသိစိတ္ကင္းလႊတ္သြား၏။
” ရႈိ႕စမ္း….မင္းအိမ္ကိုမင္းကိုယ္တိုင္မီးရႈိ႕ပစ္လိုက္သန္းေဆာင္…..”
ေဒၚဇာႏုထိုသို႔ေျပာလိုက္လွ်င္သန္းေဆာင္မွာ မီးဟုန္းဟုန္းေတာက္ေနေသာမီးတုတ္ႀကီးကိုယူၿပီး အိမ္တံစက္ၿမိတ္ကိုမီးတို႔လိုက္၏။ သက္ကယ္မိုးထားေသာအိမ္ေလးျဖစ္သျဖင့္ ခနခ်င္းပင္မီးမွာစြဲသြားၿပီး တစ္ေနရာမွတစ္ေနရာသို႔ကူးသြားေတာ့၏။
” မီးေတြ…မီးေတြ….”
” ကယ္ၾကပါအုံးရွင့္….ကယ္ၾကပါအုံး….”
အထဲရွိအမ်ိဳးသမီးေလးေယာက္ကား မီးေလာင္သည္ကိုျမင္လွ်င္ေၾကာက္အားလန႔္အားျဖင့္ကယ္ပါယူပါတစာစာေအာ္ဟစ္ေနေတာ့၏။ သို႔ေသာ္ အျပင္မွလူစုသည္ မီးေတာက္ႀကီးကိုၾကည့္ၿပီး ေက်နပ္ဝမ္းသာေနၾက၏။
” အူငဲ…အူငဲ…အူငဲ….”
ကေလးငယ္မွာလည္း သည္းစြာငိုေကြၽးေန၏။ မီးမွာတျဖည္းျဖည္းေတာက္ေလာင္လာေခ်ၿပီ။
” ဘယ္လိုလုပ္ၾကမလဲယဥ္ေထြး….”
” အစ္မတို႔ေျပးၾက…က်ဳပ္သားကိုလည္းေခၚသြားေပးၾက….က်ဳပ္တစ္ေယာက္ထဲဘဲအျပစ္ခံယူမယ္….”
မယ္ယဥ္ေထြးကၾကမ္းျပင္ကိုဓားျဖင့္ေဖာက္ၿပီးထြက္ေပါက္လုပ္၏။ ခင္းထားေသာၾကမ္းမွာ ဝါးျဖစ္ေနသျဖင့္မၾကာမွီလူတစ္ကိုယ္စာထြက္ႏိူင္သည့္အေပါက္ကေလးျဖစ္သြား၏။
” အေမမိုး…က်ဳပ္သားေလးကိုေခၚၿပီးေျပးေတာ့…..အစ္မတို႔လည္းေျပးၾကေတာ့…မၾကာခင္မီးကတစ္အိမ္လုံးကိုဝါးမ်ိဳသြားေတာ့မွာ…ေျပးၾက….”
” အတူတူေျပးၾကမယ္….ယဥ္ေထြး…ညည္းအရင္ဆင္းေခ်….က်ဳပ္ကအသက္ႀကီးၿပီ ေသလည္းမထူးေနလည္းမထူးေတာ့ဘူး….”
” ေရာ့အေမမိုး….က်ဳပ္သားကိုခ်ီထားၿပီးသြားေတာ့…က်ဳပ္တို႔လိုက္ခဲ့မယ္….”
လက္သည္ႀကီးကၾကမ္းေပါက္ထဲသို႔အရင္ဆင္းသြားၿပီး မယ္ယဥ္ေထြးကမ္းေပးလာေသာကေလးကိုယူၿပီး အိမ္ေအာက္မွမီးကင္းလႊတ္ရာအေမွာင္ထဲသို႔ေျပးသြားလိုက္၏။
” ဝုန္း…”
” ေဖာင္း….ေဖာင္း….ေဖာင္း…..”
မီးေလာင္ေပါက္ကြဲသံမ်ားသည္ညည့္ယံကိုေဖာက္ထြင္းသြား၏။
” အား….အေမ…..ကယ္ပါဦးရွင့္….”
” အား…..”
အိမ္ေခါင္မိုးရွိဝါးတန္းမ်ားျပဳတ္က်လာၿပီး အထဲရွိအမ်ိဳးသမီးကိုပိက်သြား၏။
” အစ္မ…အစ္မ…အျမန္ဆင္းလာခဲ့….”
” သြား…ေျပး…လႊတ္ရာေျပးေတာ့ယဥ္ေထြး….ေျပးေပေတာ့….”
ယဥ္ေထြးမွာအိမ္ေပၚတြင္က်န္ခဲ့ေသာအေဖာ္ႏွစ္ေယာက္ကိုေခၚေသာ္လည္း ထိုႏွစ္ေယာက္မွာဆင္းလာ၍မရေတာ့ေခ်။ ယဥ္ေထြးလည္းမိမိ၏ေခါင္းထက္ရွိၾကမ္းျပင္ကိုမီးေလာင္ေနသည္ကိုျမင္လိုက္ရၿပီး အိမ္ေအာက္ထပ္မွအေမွာင္ထုထဲသို႔ေျပးဝင္ေပ်ာင္ကြယ္သြားေလ၏။ ထိုအခ်ိန္အိမ္အေနာက္တြင္ေရာက္ေနေသာေမာင္ေသာင္းသည္အေမွာင္ထုထဲေျပးဝင္သြားေသာအရိပ္တစ္ခုကိုေတြ႕လိုက္ရ၏။
” ေဟး…ဒီမွာအျပစ္သားေတြထြက္ေျပးေနၿပီ….”
” ေဟ…ဟုတ္လားေမာင္ေသာင္း….”
” ဟုတ္တယ္သူႀကီး…ေဟာဟိုကအေမွာင္ထုထဲကိုေျပးဝင္သြားတယ္….”
” ဒီေကာင္မေတြအသက္ျပင္းလွေခ်လား….လိုက္ၾကစမ္းေဟ့….တစ္ေယာက္မွမလႊတ္ေစနဲ႔…”
” လိုက္ေဟ့….မလႊတ္ေစနဲ႔…လိုက္ၾက…..”
႐ြာသူ႐ြာသားတို႔ကမီးတုတ္ကိုယ္စီကိုင္ၿပီး မယ္ယဥ္ေထြးေနာက္လိုက္လာခဲ့ၾက၏။ မယ္ယဥ္ေထြးလည္း ေျပးႏိူင္သမွ်ေျပး၏။
” အေမမိုးႏွင့္ငါ့သားေလး ရန္သူေတြရဲ႕လက္မွလႊတ္ေျမာက္ၾကပါေစ….”
ေျပးရင္းလႊားရင္း သားျဖစ္သူအတြက္ဆုေတာင္းေနရ၏။ အေမွာင္ထဲေျပးေနရသျဖင့္ခလုတ္တိုက္လွဲျခင္း၊သစ္ပင္ႀကီးငယ္မ်ားႏွင့္႐ိုက္မိျခင္းေၾကာင့္ မယ္ယဥ္ေထြးတစ္ကိုယ္လုံးဒဏ္ရာမ်ားျဖင့္ျပည့္ေနေတာ့၏။ အေနာက္မွလူအုပ္ႀကီးကလည္း သူမအေန ာက္သို႔္ထက္ၾကပ္မကြာေျပးလိုက္လာ၏။
” လိုက္ေဟ့…လိုက္ဟ… သူေဝးေဝးမေျပးႏိုင္ေလာက္ေသးဘူး….လိုက္ၾက….ေတြ႕တဲ့ေနရာသတ္ပစ္လိုက္….”
ေမာင္ေသာင္းကထိုသို႔ေဆာ္ဩေပးရာ ႐ြာသူ႐ြာသားမ်ားလည္း စိတ္အားထက္သန္သြားၾကေတာ့၏။ ဤအခ်ိန္တြင္႐ြာသူ႐ြာသားမ်ားအားလုံး၏မ်က္လုံးမွာအမဲေရာင္သင္သက္ျဖစ္သြားၿပီး အသိစိတ္ကင္းမဲ့ေနၾကၿပီျဖစ္သည္။ သူႀကီးမေဒၚဇာႏုကား ေတာင္ေဝွးကိုမိုးေပၚေျမာက္ကာ မႏၲာန္ကိုမျပတ္႐ြတ္ဆိုေနေတာ့၏။
မယ္ယဥ္ေထြးေျပးရင္းလႊားရင္း႐ြာနဲ႔အလွမ္းေဝးသည့္ေနရာသို႔ေရာက္လာခဲ့၏။ ထိုသည့္တိုင္ ႐ြာသူ႐ြာသားမ်ားမွာသူုေနာက္သို႔လိုက္ေနဆဲပင္။
” အသက္ေသခ်င္ေသ…သူတို႔လက္ထဲမွာေတာ့အေသမခံႏိူင္ဘူး…”
ထိုသို႔ေတြးၿပီးထပ္ေျပး၏။
” အား………”
ထိုအခ်ိန္သူ၏ေျခအစုံသည္ေျမႀကီးႏွင့္လႊတ္သြားၿပီးေလဟာနယ္ထဲေရာက္သြား၏။
” ဘုတ္…ဘုတ္….ဘုတ္….”
ေျပးရင္းလႊားရင္းေခ်ာက္နံခမ္းဝသို႔ေရာက္ကာ မယ္ယဥ္ေထြးတစ္ေယာက္ေခ်ာက္ထဲသို႔္ျပဳတ္က်သြားေတာ့သည္။
” က်လိ…က်လိ…က်လိ…..”
” ဂ်စ္….ဂ်စ္… ဂ်စ္….”
ေက်းငွက္တို႔၏အသံဆူညံေသာေၾကာင့္ မယ္ယဥ္ေထြးႏိူးလာခဲ့သည္။
” အားကြၽတ္…ကြၽတ္…ကြၽတ္…. ”
သို႔ေၾကာင့္ ကုန္း႐ုန္းထလိုက္ၿပီး ေဘးဘီဝဲယာကိုၾကည့္လိုက္၏။
” ဟင္….ငါဘယ္ေရာက္ေနတာလဲ….ဟိုလူေတြေရာလိုက္မလာၾကဘူးလား….”
ပတ္ဝန္းက်င္မွာေက်းငွက္သရကာမ်ားမွအပဘယ္သူမွမရွိ။ ထို႔ျပင္ သူ၏တစ္ကိုယ္လုံးမွာလည္း ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္ျပည့္နက္ေန၏။ ယဥ္ေထြးတစ္ေယာက္ေခ်ာက္ထဲက်သြားခဲ့ၿပီး ေသၿပီအထင္ျဖင့္႐ြာသူ႐ြာသားတို႔ကလက္ေလွ်ာ့ကာျပန္သြားခဲ့ၾက၏။ သို႔ေသာ္ မယ္ယဥ္ေထြးမွာမေသဘဲဒဏ္ရာမ်ားသာရခဲ့၏။
ထိုေခ်ာက္အထဲမွေအာက္အရပ္သို႔စုန္ဆင္းသြားၿပီး ထြက္လမ္းကိုရွာေန၏။ သို႔ေသာ္ဆာေလာင္မြတ္သိပ္ေနသျဖင့္ ခရီးကမတြင္လွေခ်။ အေရးထဲေသြးႏုသားႏုျဖစ္ေနသျဖင့္ ေသြးကသြန္ျပန္၏။ ဆာေလာင္ျခင္းဒဏ္ကိုမခံႏိူင္သျဖင့္ ရရာသစ္သီးသစ္႐ြက္မ်ားကိုစားရင္း အသက္ဆက္ခဲ့၏။ ေနာက္ဆုံး၌လ်ိဳွေျမာင္၏အထက္ေတာဘက္သို႔ေရာက္လာၿပီး ဆက္သြားရန္အားမရွိေတာ့သျဖင့္လက္ေလွ်ာ့ကာ သစ္ပင္ႀကီးေအာက္၌ ေသမည့္အခ်ိန္ကိုေစာင့္ေနလိုက္၏။
ထိုစဥ္ငွက္ေပ်ာသီးလာခူးေသာလူ၏အသံကိုၾကားလိုက္ရသျဖင့္ အကူအညီရလိုရျငား ရွိသမွ်အားကိုထုတ္ကာ ထိုလူၾကားရန္ညည္းျပ၏။ အကူအညီေတာင္း၏။ ေနာက္ဆုံး၌လူ႐ြယ္တစ္ေယာက္သည္ သူ႔အေရွ႕ေရာက္လာၿပီး အကူအညီေပးရန္ သူ႔ဆရာကိုသြားေခၚမည့္အေၾကာင္းေျပာၿပီးထြက္သြားခဲ့၏။
မိန္းမႀကီးသည္ထိုသို႔ရွည္လ်ားစြာေျပာျပၿပီး ငွက္ေပ်ာသီးတစ္လုံးကိုယူကာအဆာေျပစားလိုက္၏။
” ဒါျဖင့္ အစ္မႀကီးကရန္သူလက္ထဲကေနအသက္လုေျပးလာရတာေပါ့….”
” ဟုတ္ပါတယ္ရွင့္….ခုေလာက္ဆိုကြၽန္မသားေလးကိုသူတို႔ေတြ႕ၿပီး သတ္လိုက္ၿပီလားမသိပါဘူး …”
” ကြၽန္ေတာ့္အထင္အဲဒီ႐ြာရဲ႕အုပ္ခ်ဳပ္သူမွာအတတ္ပညာတမ်ိဳးမ်ိဳးကိုတတ္ထားပုံရတယ္….”
” ကြၽန္မလည္းအဲလို႔ဘဲထင္တယ္….သူကကြၽန္မတို႔႐ြာကိုေရာက္လာခဲ့ၿပီးေနာက္ပိုင္း ႐ြာသူႀကီးလည္းေသသြားခဲ့တယ္…႐ြာသူ႐ြာသားေတြလည္း အျပဳအမူေတြေျပာင္းလဲသြားခဲ့တယ္….အစ္မကအရင္တုန္းကသိမ္းထားခဲ့တဲ့ဆရာေတာ္ရဲ႕ပုံေတာ္ေလးရွိေနလို႔ ဘာမွမျဖစ္ခဲ့တာ….”
” သူကအဲဒီ႐ြာခံမဟုတ္ဘူးလား….”
” မဟုတ္ဘူးတျခားေဒသကေရာက္လာခဲ့တာ….ေဆးကုတဲ့သူလိုလိုဘာလိုလိုနဲ႔ေနာက္ပိုင္းသူဘဲသူႀကီးေနရာကိုယူသြားခဲ့တာ….အိမ္ကကိုးကြယ္တဲ့ဘုရားဆင္းတုေတြအကုန္လုံးသြားၿပီးေခ်ာက္ထဲစြန႔္ပစ္ခိုင္းတယ္….သူဘာလုပ္လိုက္တာလဲမသိဘူး ဆရာေတာ္ေတြလည္းအေကာင္းႀကီးကေန ေနမေကာင္းျဖစ္ၿပီးပ်ံလြန္ေတာ္မူကုန္တယ္….”
” ဟုတ္လား….ဒါဆိုဒီအဖြားႀကီးကအတတ္ပညာတစ္ခုခုတတ္ေျမာက္ထားပုံရတယ္…သူ႔ပညာေတြနဲ႔လူေတြကိုစည္း႐ုံးသိမ္းသြင္းထားတာ….”
” ဟုတ္တယ္….ေမာင္ေလးတို႔တတ္ႏိူင္ရင္ အစ္မတို႔႐ြာကလူေတြကိုကယ္တင္ေပးပါ….”
” အစ္မ႐ြာရဲ႕ျပန္ဝင္တဲ့လမ္းကိုမွတ္မိသလား…..”
” အင္းမွတ္မိတယ္…ဒီေတာရဲ႕လ်ိဳွေျမာင္အတိုင္းဆင္းသြားရင္အစ္မေနတဲ့႐ြာကိုေရာက္မယ္….”
” ဒါဆိုအစ္မဆက္သြားႏိူင္ေသးလား….”
” သြားႏိူင္တယ္…အစ္မသားေလးအတြက္….႐ြာကိုအစ္မ မေရာက္ေရာက္ေအာင္ျပန္ရမယ္….”
” ဒါဆိုခုဘဲသြားၾကစို႔…..”
ေမာင္ေရခဲတို႔သုံးေယာက္ လ်ိဳွေျမာင္အတိုင္းဆင္းသြားခဲ့ၾက၏။ နာရီအေတာ္ၾကာေအာင္ခရီးဆက္ခဲ့ၾကၿပီးေနာက္ ေခ်ာက္ႀကီး၏ေအာက္ေျခသို႔ေရာက္လာခဲ့ၾက၏။
” အစ္မျပဳတ္က်တာဒီေနရာလား….”
” ဟုတ္တယ္ဒီေနရာဘဲ….ဒီေခ်ာင္ရဲ႕အထက္ကေန တေအာင့္ေလာက္ဆက္သြားရင္ ကြၽန္မရဲ႕႐ြာကိုေရာက္ၿပီ….”
” ဟုတ္ၿပီ….ဒါဆိုေခ်ာက္ကေနတက္လို႔ရမဲ့လမ္းရွာရမယ္…..”
ေခ်ာက္ကတက္၍ရႏိုင္မည့္လမ္းရွာၿပီးေနာက္ေန႔မနက္၌ ေခ်ာက္အထက္သို႔ေရာက္လာခဲ့ၾက၏။ ေခ်ာက္ႏုတ္ခမ္းဝတြင္ ႐ြာသူ႐ြာသားတို႔က မယ္ယဥ္ေထြးကိုရွာေဖြထားေသာေျခရာလက္ရာမ်ားကိုေတြ႕လိုက္ရ၏။
ေခ်ာက္ကတက္လာၿပီးသည္ႏွင့္႐ြာဆီသို႔သြားၿပီး႐ြာထဲဝင္ရန္လုပ္၏။ သို႔ေသာ္႐ြာထဲသို႔ဝင္ရန္မလြယ္။ ေဒၚဇာႏုက႐ြာပတ္ပတ္လည္ကို စက္မ်ားျဖင့္အထပ္ထပ္ကာကြယ္ထား၏။ စက္ကိုဖ်က္၍ဝင္ပါကရႏိုူင္ေသာ္လည္း အကာအရံစက္ပ်က္သြားေသာေၾကာင့္ အဖြားႀကီးကရိပ္မိလိမ့္မည္။ ထိုအခါ႐ြာသူ႐ြာသားတို႔ကိုကယ္တင္၍ရႏိူင္ေတာ့မည္မဟုတ္ေခ်။
သို႔ေၾကာင့္႐ြာျပင္ရွိလုံၿခဳံေသာေနရာတြင္ ေနလိုက္၏။ ညအခ်ိန္သို႔ေရာက္ေသာ္ေမာင္ေရခဲသည္ မိမိတို႔ေနသည့္ေနရာပတ္ပတ္လည္ကိုစည္းခ်ထားလိုက္ၿပီး တရားထိုင္ေနလိုက္၏။
ေဒၚဇာႏုသည္ ႐ြာ၌ျဖစ္သြားသည့္ကိစၥေၾကာင့္ မေက်မနပ္ျဖစ္ေနသည္။ တစ္႐ြာလုံးကိုသိမ္းသြင္းၿပီးပညာျဖင့္ျပဳစားထားေသာ္လည္း ယခုမူကား႐ြာသူတစ္ေယာက္သည္ သူ႔အားအာခံႏိူင္သည့္လူသားတစ္ေယာက္ကိုေမြးဖြားခဲ့သည္။ ထိုကေလးႀကီးလာလွ်င္မလြယ္။ သို႔ေၾကာင့္ သူကလက္ဦးမႈရယူကာသတ္လိုက္ျခင္းျဖစ္သည္။
ယခုတေလာ႐ြာကိုထိခိုက္လာႏိူင္မည့္အရိပ္အေယာင္မ်ားေတြ႕ေနရသျဖင့္ သူသည္႐ြာစည္းကိုနဂိုကထက္ပို၍တင္းၾကပ္ခဲ့သည္။ အကယ္၍အျပင္လူတစ္ေယာက္ေယာက္က႐ြာစည္းထဲဝင္လာခဲ့ပါက အသက္ႏွင့္ခႏၶာအိုးစားကြဲသြားႏိူင္သည္။ ႐ြာသူ႐ြာသားမ်ားကိုသရဲေမွာ္သြင္းရန္အတြက္ေဆးကိုတရစပ္ေဖာ္ေန၏။ သူ႔၏ခရီးသည္တစ္ဝက္ခန႔္ေရာက္ေနေခ်ၿပီ။ မၾကာမွီကာလမွာ ႐ြာသူ႐ြာသားမ်ားအားလုံးသရဲေမွာ္ေအာင္သြားၿပီး သူ႔၏အားကိုးရေသာလက္ေအာက္ငယ္သားမ်ားျဖစ္သြားလိမ့္မည္။
ထိုအျဖစ္ကိုေတြးၿပီး ေဒၚဇာႏုၿပဳံးလိုက္၏။
” သင့္လုပ္ရပ္ေတြရပ္တန္းကရပ္လိုက္ေတာ့ေဒၚဇာႏု….”
ထိုအသံေၾကာင့္ ေဒၚဇာႏုအေနာက္သို႔လွည့္ၾကည့္လာ၏။
” ဘယ္သူလဲ…ရာရာစစငါ့ကို အမိန႔္လာေပးေနရေအာင္….”
” က်ဳပ္ကသင့္ကိုလမ္းဆုံးမမဲ့သူဘဲ….”
” ဟားဟားဟား…..ဟားဟားဟား….သိပ္ကိုရယ္ရတာဘဲ ….မင္းငါ့စည္းဝိုင္းထဲဝင္လာၿပီဆိုကတည္းက မင္းကေသလူျဖစ္သြားၿပီ….”
” ဒါဆိုက်ဳပ္ကိုရေအာင္သတ္ေလ….က်ဳပ္ကိုႏိူင္ရင္ေတာ့ က်ဳပ္ကိုႀကိဳက္သလိုလုပ္လို႔ရတယ္…မႏိူင္လို႔ကေတာ့ခင္ဗ်ားပညာေတြအကုန္ဖ်က္ဆီးပစ္မယ္….”
” ငါနဲ႔ၿပိဳင္ဖို႔မေျပာနဲ႔ဦး..ငါ့ရဲ႕တပည့္ေလးေတြကိုသာအႏိုင္ယူႏိုင္ရဲ႕လားစမ္းၾကည့္လိုက္ဦး….ေမာင္ေကာင္းႏွင့္ေမာင္ေသာင္းလာေဟ့….နင္တို႔ေဆာ့ဖို႔အ႐ုပ္ရထားတယ္….”
ေဒၚဇာႏုကေအာက္ထပ္ရွိတပည့္လူယုံႏွစ္ေယာက္ျဖစ္ေသာ ေမာင္ေကာင္းႏွင့္ေမာင္ေသာင္းကိုေခၚလိုက္၏။ ထိုႏွစ္ေယာက္မွာေဒၚဇာႏု၏ပထမဆုံးသရဲေမွာ္သြင္းေပး၍ေမွာ္ေအာင္ေသာတပည့္ႏွစ္ေယာက္ျဖစ္၏။
ေဒၚဇာႏုေခၚသံၾကားသည္ႏွင့္ ေမာင္ေကာင္းႏွင့္ေမာင္ေသာင္းတို႔္ႏွစ္ေယာက္သည္ အေပၚထပ္သို႔ေျပးတက္လာ၏။
” ဘယ္ေကာင္လဲကြ….ပိုင္စိုးပိုင္နင္းနဲ႔ငါတို႔ေနရာထိဝင္လာရဲတာ….”
ေမာင္ေကာင္းကထိုသို႔ဆိုလိုက္၏။ ေမာင္ေသာင္းလည္း ေမာင္ေရခဲကိုမ်က္လုံးေဒါက္ေထာက္ၾကည့္ၿပီးရန္ေစာင္ေန၏။ ၿပီးေသာ္ေခါင္းေမာ့ၿပီးဂါထာတစ္ပုဒ္ကိုၿပိဳင္တူ႐ြတ္လိုက္ၾက၏။ ထိုအခ်ိန္ ေမာင္ေသာင္းႏွင့္ေမာင္ေကာင္းသည္ ႐ုပ္မ်ားေျပာင္းလဲသြားၿပီး မူလခႏၶာထက္ႏွစ္ဆႀကီးသည့္ သရဲမ်ားျဖစ္သြားေတာ့၏။
” မင္းတို႔ေရွ႕ကအေကာင္ကိုသတ္လိုက္ၾကစမ္းေဟ့….”
” ဂါး….ဂရား….”
” က်စ္…က်စ္….က်စ္….”
ထိုသရဲႏွစ္ေကာင္မွာသြားမ်ားႀကိတ္ၿပီးရန္ေစာင္ေန၏။ ေမာင္ေရခဲလည္း အသင့္အေနအထားျဖင့္ေနလိုက္၏။ သရဲတစ္ေကာင္သည္ ေမာင္ေရခဲ၏ဂုတ္ေပၚသို႔ခုန္တက္လိုက္၏။
” ဝုန္း….”
” ဘုတ္….”
သို႔ေသာ္သရဲကံမေကာင္း။ ေမာင္ေရခဲထံခုန္ဝင္လိုက္ရာ အဝါေရာင္ႀကိဳးမွ်င္တန္းႏွင့္တိုက္မိၿပီး အေနာက္သို႔ဘုန္းခနဲျပန္ျပဳတ္က်သြား၏။ ေနာက္တစ္ေကာင္လည္း ထိုနည္းတူခုန္ဝင္လာျပန္၏။ ေမာင္ေရခဲလည္း သရဲေမွာ္တန္ျပန္အင္းကိုအသက္သြင္းၿပီး ပစ္လိုက္ရာသရဲႀကီးမွာအေနာက္သို႔လႊင့္ထြက္သြားၿပီးအိမ္ေထာင့္၌ ဒလွိမ့္ေကာက္ေကြးျဖင့္ အီးအီးအားအားျဖစ္ေန၏။
ထိုခန၌ တန္ျပန္အင္း၏အစြမ္းေၾကာင့္ ေမာင္ေကာင္း၏ေခါင္းထက္၌အမည္းေရာင္အေငြ႕မ်ားထြက္သြား၏။
” အီး….အား…..”
ေမာင္ေကာင္းမွာတဆတ္ဆတ္တုန္ၿပီး ခဏ၌ၿငိမ္သက္သြား၏။
” နင္ငါ့လူေတြကိုဘာလုပ္လိုက္တာလဲ….ေရာ့ေသစမ္း…ငါ့ရဲ႕ကိစၥလာရႈပ္တဲ့ေကာင္….”
ဟုေျပာၿပီး လက္၌ကိုင္ထားေသာေတာင္ေဝွးျဖင့္ေမာင္ေရခဲထံပစ္လိုက္၏။ ထိုေတာင္ေဝွး၏ထိပ္မွအနီေရာင္အလင္းတန္းမ်ားထြက္လာၿပီး ေမာင္ေရခဲေရွ႕တည့္တည့္ပစ္ထည့္လိုက္၏။ ေမာင္ေရခဲလည္း အကာအကြယ္အင္းျဖင့္ျပန္ကာထားလိုက္ရာ ဝုန္းခနဲဖုန္းခနဲအသံျမည္သြားေတာ့၏။
” သိပ္စြမ္းတယ္ေပါ့ဟုတ္လား…ေမာင္ေသာင္းမင္းထလာစမ္း….”
ေဒၚဇာႏုထိုသို႔ေျပာၿပီး အျဖဴေရာင္လက္ေနေသာအလုံးေလးတစ္ခုကိုထုတ္ကာေမာင္ေသာင္း၏ပါးစပ္ထဲသို႔ထည့္လိုက္၏။
” ေဝါင္း……ဂါး….ဂရား….”
ထိုခဏ၌ေမာင္ေသာင္းသည္ ဆယ့္ႏွစ္ေတာင္က်ားျဖဴႀကီးအသြင္ျဖစ္သြားခဲ့ၿပီး ေမာင္ေရခဲကိုခုန္အုပ္လိုက္၏။
” ဟားဟားဟား….ခုေတာ့နင္ဘာတတ္ႏိူူင္ေသးလဲ….နင္ပါငါ့ရဲ႕အခိုင္းအေစျဖစ္ေစရမယ္….”
ဟုေျပာၿပီးႏုတ္မွမႏၲာန္တစ္ပုဒ္ကိုထပ္မံ႐ြတ္လိုက္၏။
” ဝုန္း….”
” ဘုန္း….”
” အင့္….”
စူးရွလွေသာအလင္းေရာင္ေၾကာင့္ က်ားျဖဴႀကီးလည္း အိမ္နံရံကိုတိုက္မိကာ က်ိဳးေၾကသြားၿပီးအျပင္ဘက္သို႔လႊင့္ထြက္သြား၏။ ထိုအလင္းေရာင္ထဲမွ လူငယ္တစ္ေယာက္ေအးေဆးစြာထြက္လာခဲ့၏။
” သင့္လုပ္ရပ္ေတြရပ္တန္းကရပ္ေပေတာ့….ဆက္မမိုက္ခ်င္စမ္းနဲ႔….႐ြာသူ႐ြာသားေတြအေပၚညိဳ႕ထားတဲ့ စိတ္ညိဳ႕ပညာေတြျပန္ဖယ္ေပးလိုက္….”
” ေသခ်င္လို႔ဒီစကားေျပာတာလား….ေသစမ္း….ေရာ့….”
ဆိုကာေဒၚဇာႏုသည္ေတာင္ေဝွးျဖင့္ စက္မ်ားကိုပစ္လြတ္လိုက္၏။
” ေခ်ာက္….”
” အား……”
ေမာင္ေရခဲလည္း ေဆးဘီလူး႐ုပ္ကိုအသက္သြင္းၿပီးကာထားလိုက္ရာ ေတာင္ေဝွးမွာထက္ဝက္က်ိဴးသြားၿပီး ေဒၚဇာႏုလည္းေသြးအန္သြားေတာ့၏။ အေၾကာင္းကား ေဒၚဇာယုသည္မိမိ၏အာယုသိဒၶကိုထိုေတာင္ေဝွးထဲတြင္ဝွက္ထားေသာေၾကာင့္ပင္။
” သင္ရႈံးသြားၿပီ….သင့္ပညာေတြအကုန္ငါဖ်က္ဆီးလိုက္ၿပီ…အခုေပးထားတဲ့ဂတိအတိုင္း ဒီ႐ြာအေပၚစိတ္ညိဳ႕ထားတာေတြျပန္ေျဖေပးလိုက္….”
ေဒၚဇာႏုလည္း အာမခံရဲေတာ့ဘဲ ႐ြာသူ႐ြာသားမ်ားအေပၚညိဳ႕ထားေသာစိတ္ညိဳ႕ဂါထာကိုပယ္ဖ်က္လိုက္၏။ ေဒၚဇာႏုကား မိမိ၏ပညာကိုအက်ိဳးရွိရွိအသုံးမခ်ခဲ့မိေသာေၾကာင့္ ဒဏ္ခတ္ျခင္းကိုခံလိုက္ရၿပီး ဇီဝိန္ေႂကြသြားေတာ့၏။ ထိုအခါမွ႐ြာသူ႐ြာသားတို႔သည္ ေလးလံထိုင္းမႈိင္းေနေသာစိတ္မ်ားေပ်ာက္ကြယ္သြားၿပီး အသိစိတ္ျပန္ဝင္လာခဲ့ေတာ့၏။ ေဒၚဇာႏုေသဆုံးၿပီးသည္ႏွင့္ ႐ြာစည္းမွာအလိုလိုပ်က္သြားေတာ့၏။
ေမာင္ေရခဲမွာယခုမွတရားထိုင္၍ၿပီး၏။
” ဆရာ ေနေတာင္ေစာင္းေနၿပီ…႐ြာထဲဝင္ဖို႔မႀကိဳးစားေတာ့ဘူးလား….”
” ဒီ႐ြာရဲ႕ကပ္ဆိုးႀကီးၿပီးဆုံးသြားၿပီထင္ေပၚ….လူသားေတြလည္းေဒၚဇာႏုရဲ႕ထိန္းခ်ဳပ္မႈေအာက္ကလႊတ္သြားၿပီ….”
” ဟင္….ဆရာေျဖရွင္းေပးလိုက္ၿပီလား….ဆရာကစိတ္ဝိဉာဥ္လႊတ္ၿပီးေျဖရွင္းေပးခဲ့တာကိုး….ဒါေၾကာင့္ တရားထိုင္တာအရမ္းၾကာတယ္လို႔ေအာက္ေမ့ေနတာ….ၿပီးေတာ့ကြၽန္ေတာ္သိခ်င္တာအဖြားကဘယ္လိုပညာသည္အမ်ိဳးအစားလဲဆရာ….”
” ေျပာရရင္ေတာ့ ပညာအစုံတတ္ထားတဲ့ပညာသည္ဘဲ….အရမ္းလည္းစြမ္းတယ္…သူ႔အဆင့္ကကေဝေျမာက္စုန္းအဆင့္ေရာက္ေနၿပီေလ….”
” ဪ…ဒါေၾကာင့္ ကိုး”
” ကဲဒီကအစ္မႀကီးလည္း ကေလးႏွင့္ျပန္ဆုံဖို႔အခ်ိန္ေရာက္ၿပီ… ႐ြာထဲဝင္ၿပီး ခ်စ္ရတဲ့သားေလးကိုသြားေတြ႕ေပေတာ့….”
” ေမာင္ေလးတို႔က႐ြာထဲမလိုက္ေတာ့ဘူးလား….”
” မလိုက္ေတာ့ဘူး….ကံမကုန္ရင္ျပန္ဆုံၾကတာေပါ့…ကဲကဲ…႐ြာထဲျပန္ဝင္ေပဦးေတာ့….”
မယ္ယဥ္ေထြးလည္း ေမာင္ေရခဲတို႔ကိုေက်းဇူးတင္ေၾကာင္းထပ္ခါထပ္ခါေျပာၿပီး ေက်ာခိုင္းကာ႐ြာထဲသို႔ ဝင္သြားခဲ့၏။
မိန္းမႀကီးတစ္ေယာက္သည္ ကေလးငယ္ပိုေပြ႕ၿပီး ႐ြာထဲသို႔ဝင္လာခဲ့၏။
” အူငဲ…အူငဲ…အူငဲ….”
” တိတ္တိတ္သားေလးေရ….သားေလးအေမႏွင့္ျပန္ဆုံရေတာ့မယ္ကြဲ႕….”
အဖြားႀကီးသည္ငိုေနေသာကေလးငယ္အားေခ်ာ့ျမႇဴၿပီး သြက္လက္ေသာေျခလွမ္းမ်ားျဖင့္ျပန္လာခဲ့၏။ ႐ြာလယ္သို႔ေရာက္လာေသာ္ အမ်ိဳးသမီးတစ္ေယာက္သည္ ျပာပုံဘဝေရာက္ေနေသာအိမ္ေလးကိုၾကည့္ၿပီး ဝမ္းနည္းေနရွာ၏။
” အင္း…ငါ့ေၾကာင့္အစ္မႏွစ္ေယာက္လည္း ဆုံးခဲ့ရတဲ့အျပင္ အေမမိုးႏွင့္ငါ့သားေလည္း ဘယ္ဆီဘယ္ဝယ္ေရာက္ေနမွန္းမသိေတာ့ပါဘူးကြယ္….သားေလးေရ….အဟင့္…. ”
” အူငဲ…အူငဲ…”
” ဟင္..ကေလးငိုသံပါလား….”
မယ္ယဥ္ေထြးတစ္ေယာက္ကေလးငိုသံၾကားသျဖင့္ လမ္းမဘက္သို႔လွည့္ၾကည့္လိုက္ရာ ကေလးငယ္ကိုေပြ႕ထားၿပီး သူ႔ဆီဦးတည္လာေနေသာလက္သည္ႀကီးေဒၚမယ္မိုးကိုေတြ႕လိုက္ရ၏။
” အေမမိုးႀကီး….သား…သားေလး….”
” ဟင္….ယဥ္ေထြး…. တကယ္ဘဲယဥ္ေထြးလား….ဟိုလူငယ္ေတြေျပာတာမွန္လိုက္တာ…သားေလးရဲ႕အေမက႐ြာထဲျပန္ေရာက္ေနၿပီ အျမန္ဆုံးသြားေတြ႕ပါတဲ့….”
” ဟင္…ဘယ္သူေတြလဲအေမႀကီး….”
” ဒီ႐ြာမွာတစ္ခါမွမျမင္ဖူးတဲ့လူငယ္ႏွစ္ေယာက္ဘဲေအ့….”
ထိုသို႔ေျပာလိုက္ေသာ္ မယ္ယဥ္ေထြးသည္ထိုလူႏွစ္ေယာက္ကား မည္သူမည္ဝါျဖစ္မွန္းသိလိုက္ၿပီး ရင္ထဲမွေန၍လႈိက္လႈိက္လွဲလွဲကန္ေတာ့လိုက္ေတာ့သတည္း။…..။
(စိတ္ကူးမွ်သာျဖစ္သည္။ အားေပးဖတ္ရႈသူအေပါင္း ကိုယ္စိတ္ႏွစ္ပါးက်န္းမာခ်မ္းသာၾကပါေစေသာဝ္)
# ၿပီး
# ခြန္း