မောင်ရေခဲ နှင့် တုနိူင်းမဲ့မေတ္တာ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် တုနိူင်းမဲ့မေတ္တာ(စ/ဆုံး)
————————————————-
မုဆိုးမကြီးဒေါ်ခမ်းနွံ။ ဟုတ်သည်။ သူမ၏နာမည်ကားဒေါ်ခမ်းနွံ။ သူမသည် ဤနယ်တကြောတွင် မုဆိုးမကြီးဟုတရားဝင်အမည်တပ်ခံထားရသူ။ သူမသည် ခမ်းနွံဟူသော အမည်နဲ့လိုက်ဖက်စွာ သားသမီးအပေါ် အလွန်အနွံတာခံရှာသူဖြစ်သည်။ အကြောင်းကား သူမ၏ခင်ပွန်းဖြစ်သူသည် သားအငယ်ဆုံး မောင်ဘွား ၃နှစ်သားအရွယ်ထဲကပင် သူမနှင့်သားသမီးငါးယောက်ကို လောကအလယ်စိတ်ချစွာထားရစ်ခဲ့လေသည်။ သူမသည်ကား လူမမယ်ကလေးငါးယောက်ကို ဒုက္ခပေါင်းစုံခါးစီးခံလျက် ရှာဖွေကျွေးမွေးရသည်။ မာယာများလှသောလောကကြီးအလယ် သူမတို့သားအမိကိုစိတ်ချစွာထားရစ်ခဲ့သော ခင်ပွန်းသည်ကို သူမအပြစ်မယူမိချေ။

ရသမျှအလုပ်ကိုပင်ပန်းသည်မညည်းဘဲ သားသမီးမျက်နှာကိုကြည့်ကာ တစိုက်မတ်မတ်လုပ်ခဲ့သည်။ ယခုသော်ကားသူမသည် အသက်၆၈နှစ်ထဲသို့ပင် ဝင်ခဲ့ရှာလေပြီ။ ဇရာ၏အထုအထောင်းဒဏ်ကိုကြံ့ကြံခံရင်း သူမကြံ့ခိုင်နေဆဲပင်။ သားသမီးများပင်အိမ်ထောင်အသီးသီးကျချေပြီ။ သားအငယ်လေးမောင်ဘွားပင်လျှင် အသက်၃၀ကျော်နေချေပြီ။ မောင်ဘွားကားအငယ်ဆုံးသားဖြစ်၍ ဆိုးပေနေဆဲပင်။ မိခင်ကြီးအပေါ်အနိူင်ယူ၍ကောင်းနေဆဲပင်။

သားဖြစ်သူမည်မျှပင်အနိူင်ယူဆိုးမိုက်နေသော်ငြားလည်း ဒေါ်ခမ်းနွံကသားငယ်ကိုအပြစ်မယူ။ သားဖြစ်သူပြုသမျှပြုံးပြုံးလေးသာကြည့်နေတတ်သည်။ အကြီးဆုံးသမီးကား ဒေါ်ခမ်းနွံ၏ အိမ်နောက်ဖေးခြံတွင် တိုက်ကြီးတာကြီးဆောက်ပြီးနေသည်။ ဤသည်ပင် မိခင်ကြီးသည် သူမကိုဘယ်တော့မှမချစ်ဟုစိတ်ဝယ်မှတ်ယူကာ မိခင်ကြီး၏အိမ်နှင့်သူမအိမ်ကြား ကိုတံတိုင်းကာထားလိုက်သည်။ သူမ၏သားသမီးများကိုပင် ဒေါ်ခမ်းနွံ၏အိမ်ဘက်သို့ ခြေဦးပင်မလှည့်ရဟု ဆုံးမထားလေသည်။

ကျန်သမီးလတ်များကနယ်ဝေးတွင် အိမ်ထောင်ကျသဖြင့် အခါကြီးရက်ကြီးများ၌သာ လာရောက်တတ်ကြသည်။ သို့သော် အလုပ်ကိစ္စအကြောင်းပြကာ မိခင်ကြီး၏နေအိမ်၌ ကြာကြာမနေလိုကြချေ။ အခါကြီးရက်ကြီးတို့တွင် သားသမီးများစုံလေတိုင်း ဒေါ်ခမ်းနွံသည် သားသမီးများကြိုက်တတ်သော အစားအသောက်များကိုဖွယ်ဖွယ်ရာရာချက်ကျွေးတတ်သည်။ အိမ်ဘေးရှိသမီးကြီးကား ဒေါ်ခမ်းနွံကိုပစ်ပယ်ထားသဖြင့် မိသားစုလက်ဆုံမစားရချေ။ ဤအခါမျိုးတွင် ဒေါ်ခမ်းနွံသည် ဟင်းများကိုခူးခပ်ကာ အိမ်နောက်ဖေးသွားပြီး သမီးလေး၏အုတ်တံတိုင်းပေါ် တင်ထားပေးတတ်သည်။

တစ်ခါ၌ဒေါ်ခမ်းနွံသည် သမီးကြီးအဖို့အသားဟင်းတစ်ခွက်ကို ခူးခပ်ကာအိမ်နောက်ဖေးရှိအုတ်တံတိုင်းလေးအပေါ်ထားခဲ့သည်။ တအောင့်အကြာတွင်မြေးမအကြီးဆုံးက ထိုဟင်းခွက်အားလာယူ၏။ ထိုမြေးမလေးကအဖွားဖြစ်သူ ဒေါ်ခမ်းနွံကိုချစ်သော်လည်း မိခင်ကြီးကြောင့် အဖွားဖြစ်သူကိုပေါ်ပေါ်ထင်ထင်မဆက်ဆံရဲသူဖြစ်သည်။ ထိုမြေးမလေးသည် အသားဟင်းတစ်ခွက်အားယူကာထမင်းစားပွဲ၌တင်ထားလိုက်သည်။ အလုပ်မှပြန်လာသော မိခင်ဒေါ်မိုးရွှေက ထမင်းစားရန် စားပွဲသို့ရောက်လာသည်။

” သမီး…သမီးကြီးဒီကိုလာဦး…ဒီအသားဟင်းဘယ်ကရတာလဲ…”

မိခင်၏အော်သံကြောင့် ရီရီလည်းမီးဖိုဆောင်ဘက်သို့ပြေးလာပြီး

” ဟို…ဟို….ဖြားဖြားက လာပို့ထားတာမေကြီးရဲ့….”

” ဘာ! ဘယ္ကဖြားဖြားလဲ ဟိုဖက်အိမ်ကလား….”

” ဟုတ်…ဟုတ်တယ်အမေ.. ”

” ငါနင်တို့ကိုဘယ်လိုပြောထားလဲ…ဟိုကနင်တို့ကတစ်စက်မှမေတ္တာရှိတာမဟုတ်ဘူး….ခုလိုယူလာပေးလို့နင်တို့ကိုကျွေးချင်လွန်းလို့မထင်နဲ့…စားကြွင်းစားကျန်တွေ သိုးကုန်မှာစိုးလို့ နင်တို့ကိုလာကျွေးတာဟဲ့…နောက်ခါဆို ဘာဟင်းဖြစ်ဖြစ်အိမ်ကိုမယူလာခဲ့နဲ့…စားချင်ငါဝယ်ကျွေးမယ်…သြား…ဒီဟင်းကိုဝက်စာအိုးထဲထည့်ပြီး ပန်းကန်ကိုအုတ်တံတိုင်းပေါ် သွားပြန်တင်ပေးလိုက်…”

မိခင်၏စကားကြောင့် ရီရီသည် စားပွဲခုံပေါ်မှအသားဟင်းပန်းကန်ကိုယူပြီး အိမ်ရှေ့ရှိဝက်စာအိုးထဲသို့ထည့်လိုက်၏။ တစ်ဖက်အိမ်မှ မုဆိုးမကြီးဒေါ်ခမ်းနွံသည်ကား သမီးဖြစ်သူ၏လုပ်ရပ်ကိုကြည့်ပြီး ပါးပြင်ပေါ်သို့မျက်ရည်များလှိမ့်ဆင်းလာ၏။

” ဪ…သမီးရယ်…သမီးအမေ့မေတ္တာကို ပျက်ရယ်ပြုရက်တယ်နော်…အမေကသမီးလေးတို့မိသားစုစားရပါစေတော့ဆိုပြီး မစားရက်မသောက်ရက်ပို့ပေးခဲ့တာပါကွယ်…စားကြွင်းစားကျန်အပုပ်အသိုးတွေမဟုတ်ရပါဘူးကွယ်…အဟင့်…”

ဒေါ်ခမ်းနွံတစ်ယောက်ထိုသို့ပြောရင်း ပါးပြင်ပေါ်ကျလာသောမျက်ရည်ကို ခေါင်းပေါ်မှတံဘက်ကြမ်းလေးဖြင့် သုတ်လိုက်၏။ သို့သော်သမီးကြီးကိုသူမ အျပစ္မယူမိခဲ့။

` တောင်းဆိုးပလိုင်းဆိုးကိုသာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုးသမီးဆိုးကိုပစ်ရိုးထုံးစံမရှိ`

ဟူသော ဆိုရိုးပင်ရှိခဲ့သည်မဟုတ်ပါလား။ ထိုနည်းအတိုင်းပင် ဒေါ်ခမ်းနွံလည်း ဤသားဆိုးသမီးဆိုးကို ဆိုးသည်လို့မမြင်။ တိုး၍ပင်မေတ္တာပေးသေးသည်။

တစ်ခုသောနွေရာသီတွင် မောင်ဘွားသည် နယ်မြေရပ်ခြားသို့အလုပ်သွားလုပ်ခဲ့သည်။ အိမ်မှာနေလျှင်မိခင်က နားပူနားဆာလုပ်လှသည်ဆိုကာ သွားခဲ့ခြင်းဖြစ်သည်။ အလုပ်ရမရမသေချာ။ နယ်ခြားသို့တစ်ခါမှမသွားဖူးသော မောင်ဘွားအတွက် ဒေါ်ခမ်းနွံစိတ်ပူလှသည်။ မောင်ဘွားမှာကလေးတစ်ယောက်ပင် မဟုတ်သော်ငြားလည်း ဒေါ်ခမ်းနွံမှာစိတ်ပူနေဆဲပင်။ ခရီးသွားမည့်မနက်၌ ဒေါ်ခမ်းနွံသည် သားဖြစ်သူ၏အဝတ်အစားများကို သေချာခေါက်ထည့်ပေးနေ၏။

မောင်ဘွားကားတစ်နယ်တစ်ကျေးသို့သွားရမည်ဆိုသဖြင့်အပျော်ကြီးပျော်နေသည်။ ဒေါ်ခမ်းနွံကား သားဖြစ်သူကိုစိတ်ပူပြီး တစ်ညလုံးအိပ်၍ပင်မပျော်ရှာချေ။ မနက်အစောထပြီး သားဖြစ်သူအတွက်လိုအပ်သည်များပြင်ဆင်ပေးသည်။ စားရန်အတွက်ထမင်းဟင်း အသင့်ခူးခပ်ထားပေးသည်။

” သား…မောင်ဘွား…ထတော့လေကွယ်…ဒီနေ့ခရီးထွက်ရမှာမလား…နောက်ကျနေမယ်ကွဲ့….ကိုယ်လက်သန့်စင်ပြီး မနက်စာစားတော့ကွဲ့…”

အိပ်ယာခန်းထဲထိလာနိူးသောအမေအိုကြီးကြောင့် မောင်ဘွားစိတ်ညစ်နေမိသည်။

” ကျွတ်…အေမရာ ခုမှအစောကြီးရှိသေးတယ်လေဟာ…သားထမှာပေါ့ ခရီးသွားမဲ့သူကသားလေ…အမေကဘာကိစ္စနေမထိ ထိုင်မသာဖြစ်နေရတာလဲ….”

မောင်ဘွားစုတ်သပ်ပြီး မိခင်အိုကြီးကိုပြန်ပြော၏။ ဒေါ်ခမ်းနွံက

” အိုသားရယ်…အေမက အမေ့ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့အမေ့သားလေးကို စိတ်မပူဘဲရမလားသားရဲ့…နောက်ပြီးသားက နယ်ဝေးတခါမှသွားဖူးသေးတာလဲမဟုတ်ဘူးလေကွယ်…ဒီတော့ ဟောဒီအမေအိုကြီးက ပူရတာပေါ့….”

ဆိုပြီး ပြုံးပြုံးကြီးပြန်ပြောလေ၏။

” ခက်တော့တာဘဲအမေရာ…သားကလေးမဟုတ်တော့ဘူးဗျ….အကောင်းအဆိုးကိုသားခွဲခြားတတ်နေပါပြီ…စိတ်ပူမနေပါနဲ့…”

” သားရယ်…မိဘဆိုတာမျိုးက ကိုယ့်သားသမီးအသက်ဘယ်လောက်ကြီးကြီး မိဘရဲ့မျက်လုံးထဲမှာ ကလေးဘဲကွယ့်….တစ်နေ့သားမိဘနေရာရောက်လာမှ အမေ့ရဲ့စိတ်ကို သားနားလည်မှာပါ….”

” တော်ဗျာ…နားကိုပူထူနေတာဘဲ တစ်နေ့တစ်နေ့ဒီအကြောင်းတွေဘဲနားထောင်ရလွန်းလို့ အပ်ကြောင်းတွေထပ်နေပါပြီ…အဲဒါကြောင့်မမတို့တွေ အိမ်ကိုမလာချင်ကြတာပေါ့….”

မောင်ဘွားကထိုသို့ပြောပြီး အိပ်ယာထက်မှဝုန်းခနဲထကာ အောက်ထပ်သို့ဆင်းသွား၏။ ဒေါ်ခမ်းနွံကား သားဖြစ်သူစကားကြောင့် ရင်ထဲအောင့်သက်သက်ဖြစ်သွား၏။

မောင်ဘွားတစ်ယောက်နယ်ခြားသွားသည်မှာ သည်နေ့အပါ ၁၅ရက်ရှိပေပြီ။ နားပူနားဆာလုပ်မည့်သူမရှိသော ဤအရပ်၌မောင်ဘွားပျော်၏။ အိမ်၌ကျန်ခဲ့သော ဒေါ်ခမ်းနွံသည်ကား သားဖြစ်သူထွက်သွားသည့်နေမှစ၍ တမှိုင်မှိုင်တတွေတွေဖြစ်နေ၏။ သွက်သွက်လက်လက်ရှိလှသော ဤအဖွားကြီးသည် ယခုမူကား အိပ်မပျော် စားမဝင်ဘဲ သားငယ်ကိုသာလွမ်းဆွတ်သတိရနေသည်။ ရက်ကြာလာသောအခါ အစားမဝင်သဖြင့် အားပြတ်ပြီးအိပ်ယာထဲဗုန်းဗုန်းလဲနေရရှာသည်။

သားသမီးများကလည်းအဝေးရောက်နေသဖြင့် ပြုစုစောင့်ရှောက်မည့်သူမရှိချေ။ အိမ်နောက်ဖေးရှိသမီးကြီးကား မိခင်၏အိမ်သို့ယောင်၍ပင်မရောက်။ အိမ်နီးနားချင်းကသာ ဒေါ်ခမ်းနွံကိုပြုစုစောင့်ရှောက်ပေးနေ၏။

” ဖွားရယ်…ဖွားရဲ့သားသမီးတွေကလည်း အတော်နေနိူင်ရက်ကြတယ်နော်…မအေတစ်ယောက်လုံး အိပ်ယာထဲဗုန်းဗုန်းလှဲနေတာတောင် တစ်ယောက်မှလာကြည့်ဖော်မရဘူး…”

အိမ်နီးနားချင်းမိအေးက ဒေါ်ခမ်းနွံအပေါ် မသိတတ်လွန်းသော သားသမီးများကိုမြည်တွန်တောက်တီးနေ၏။ ထိုအခါ အိပ်ယာထဲရှိဒေါ်ခမ်းနွံသည် မျက်နှာမသာမယာဖြင့်

” ဪမိအေးရယ်…သူတို့မှာလည်းမိသားစုရှိသေးတယ်လေကွယ်…ဒီတော့ဝမ်းရေးအတွက်အလုပ်လုပ်နေကြရလို့ မလာအားတာနေမှာပါအေ…”

ဆိုပြီး လေသံသဲ့သဲ့ဖြင့်ပြောရှာ၏။ ဤအခြေအနေရောက်နေသည့်တိုင် သားသမီးအပေါ်အကောင်းမြင်လွန်းတတ်သော ဒေါ်ခမ်းနွံ၏မေတ္တာတရားကို မိအေး မအံ့ဩဘဲမနေနိုင်ချေ။

” ဟုတ်ပါပြီဖွားရယ်…မိအေးဘာမှမပြောတော့ဘူး….ဖွားထမင်းလေးတော့ဝင်အောင်စားနော် ဒါမှဖွားပြန်ပြီးအားရှိလာမှာ…”

” မစားချင်ပါဘူးအေ…ဖွားမှာဘာမှစားချင်စိတ်မရှိပါဘူး….ဖွားသားလေးကိုစိတ်ပူနေတာ…နယ်မြေရပ်ခြားမှာ အဆင်မှပြေနေရဲ့လား…ပုံမှန်စားသောက်ရရဲ့လား…ကျန်းမာမှနေရဲ့လားအေ…”

ဒေါ်ခမ်းနွံထိုသို့ပြောပြီး မျက်လုံးထောင့်မှမျက်ရည်စတို့သည် နားထင်ပေါ်မှတဆင့် ခေါင်းအုံးလေးအပေါ်သို့စီးကျလာ၏။ ဖြူဆွတ်နေသော ဒေါ်ခမ်းနွံ၏နားထင်မှ ဆံစတို့မှာ မျက်ရည်ကြောင့် ရွဲှရွဲှစိုနေချေပြီ။
မိအေးလည်းဒေါ်ခမ်းနွံကိုကြည့်ပြီး စိတ်ထဲဝမ်းနည်းလာသည်။ မျက်ဝန်းအစုံမှမျက်ရည်စတို့ရစ်ဝိုင်းလာပြီး အဖွားသိလျှင်စိတ်မကောင်းဖြစ်မည်စိုးသဖြင့် မျက်တောင်ကိုအမြန်ပုပ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး

” ကိုမောင်ဘွားကြီး အဆင်ပြေမှာပါဖွားရဲ့…သိပ်လည်းစိတ်ပူမနေပါနဲ့တော်…ကဲဖွားအဝတ်တွေ ညစ်ပတ်နေပြီ မိအေးလဲပေးမယ်…ထ ထ…”

ဆိုပြီးမိအေးက စကားလမ်းကြောင်းလွဲလိုက်၏။ ဒေါ်ခမ်းနွံမှာသားဖြစ်သူကိုလွမ်းဆွတ်သည့်စိတ်ကြောင့် အိပ်မပျော်စားမဝင်ဖြစ်ပြီး အားအင်ကုန်ခမ်းကာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။ ခန္ဓာကိုယ်မှာလည်း အရိုးပေါ်အရေတင်ကာ ပိန်လှီနေရှာသည်။ ဤအအခြေနေအထိ ဘေးအိမ်မှသမီးအကြီးမှာ မိခင်ကိုတစ်ခါမှပင်လာမကြည့်သေးချေ။
မြေးမလေးဖြစ်သူမှာ အဖွား၏အိမ်အားသွားလည်ရန်ပြောရာ

” တော်စမ်းရီရီ..နင်ဘာသိလို့လဲ…နင့်အဖွားကငါတို့ကိုချစ်တာမဟုတ်ဘူးဟဲ့…ခုဘဲကြည့်ပါလား သူ့ရဲ့အသဲကျော် သားငယ်လေးလည်းအိမ်မှာမရှိရော အိပ်ယာထဲလှဲသွားတော့တာဘဲ….ဟင်း..”

ထိုသိုပြောပြီးအိမ်ကြီးဘက်မျက်စောင်းထိုးလိုက်၏။

” အမေရယ်အဖွားကိုအဲလို့မပြောပါနဲ့…အဖွားကဦးလေးကိုချစ်သလို အမေတို့ကိုလည်းချစ်မှာပါ…”

” ညည်းဘာသိလို့လဲရီရီ…ကေလးက ကလေးလိုနေ….ငါမသိဘဲအဲဒီဖက်အိမ်ကို မသွားရဘူးကြားလား…”

” ဟုတ်…”

ဒေါ်မိုးရွှေ၏စကားကြောင့် ရီရီခေါင်းငြိမ့်လိုက်၏။ အေမျဖစ်သူ၏စိတ္ကို သူမနားမလည်နိူင်ချေ။

နယ်မြေရပ်ခြားတွင်ရောက်သည်မှာတစ်လတိတိပင်ရှိနေချေပြီ။ အိမ်၌ကျန်ခဲ့သောဒေါ်ခမ်းနွံမှာလည်း အိပ်ယာထဲလှဲနေသည်မှာတစ်လတင်းတင်းပြည့်ခဲ့ပြီ။

” မိအေးရယ်…ဖွားသားကိုခေါ်ပေးပါဦးကွယ်…”

ဆိုပြီးတိုးညှင်းသော လေသံသဲ့သဲ့ဖြင့်ပြောရှာ၏။ မိအေးလည်း

” စိတ်ချပါဖွားရယ် ကိုမောင်ဘွားကိုခေါ်ဖို့လူကြုံပါးလိုက်ပါပြီ…ဖွားစိတ်ချနေတော့…”

ထိုသို့ပြောပြလိုက်ရာ ဒေါ်ခမ်းနွံ၏မျက်နှာသည်ပြုံးယောင်သမ်းသွား၏။ မောင်ဘွားထံလူကြုံအကြောင်းကြားပြီး နောက်ရက်၌ နယ်ခြားမှမောင်ဘွားပြန်ရောက်လာ၏။ ဒေါ်ခမ်းနွံမှာသားဖြစ်သူပြန်ရောက်လာသဖြင့် ပျော်နေရှာ၏။ မောင်ဘွားမှာအိမ်သို့ပြန်ချင်ပုံမရချေ။

” အမေရယ်…ကလေးလည်းမဟုတ်တော့ဘူး… ဘာလို့မစားမအိပ်ဘဲနေနေရတာလဲ….အေမကသိပ္ခက္တာဘဲဗ်ာ….”

” အမေစားမှာပေါ့သားရဲ့…အမေကသားနဲ့ထမင်းလက်ဆုံစားချင်လို့ စောင့်နေတာလေ…”

” ဟူး…စိတ္ပ်က္တယ္ဗ်ာ…”

မောင်ဘွားကထိုသို့ပြောပြီး အောက်ထပ်သို့ပြန်ဆင်းသွား၏။ မိခင်ကိုစိတ်ဆိုးနေသဖြင့် ထိုစကားမျှသာပြောပြီး တစ်နေကုန်မိခင်ကြီးကိုစကားမပြောတော့ချေ။ နေကောင်းလား ဘာညာလည်းမမေးချေ။ ဒေါ်ခမ်းနွံမှာအားအင်ချည့်နဲ့နေသော်လည်း စိတ်ကဆောင်သဖြင့် အိပ်ယာထဲမှထပြီး သားငယ်ကြိုက်တတ်သည့်ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ပေးရှာသည်။ မကြည့်ရက်သောမိအေးက

” ဟယ်…ဖွားရယ်နေလို့မကောင်းဘဲနဲ့များ ဘာလို့မီးဖိုထဲဝင်ပြီး ချက်ပြုတ်နေရသလဲအေ…မတော်လို့ ဖွားဆီပူတွေမီးတွေလောင်ရင် ဘယ်နှယ့်လုပ်မလဲအေ…”

” ဪမိအေးရယ်…ဖွားနေကောင်းပါတယ်…သားငယ်လေးကဖွားကိုစိတ်ဆိုးပြီးစကားမပြောဘူးလေ…ဒီတော့ဖွားကသားငယ်ကြိုက်တတ်တဲ့ဟင်းလျာတွေချက်ပြီး ပြန်ချော့မလို့ကွဲ့…”

” ဪဖွားရယ်…မေတ္တာတရားနက်ရှိုင်းလှချည်လား…အဟင့်….”

မိအေးကဒေါ်ခမ်းနွံ၏စကားကြောင့် ရင်ထဲဝမ်းနည်းသွားပြီး ငိုချလိုက်မိ၏။

တစ်နေ့သော်ရွာရှိလူများ၏ လူကြုံပါးလိုက်သောစကားကြောင့် ရပ်ဝေးမှအိမ်ထောင်ရက်သားကျနေသော သမီးများအားလုံးပြန်ရောက်လာ၏။ ဒေါ်ခမ်းနွံမှာ အိပ်ယာထက်တွင်ထိုင်ပြီး သားသမီးများကိုကြည့်ကာ မိန့်မိန့်ကြီးပြုံး၍နေ၏။ အမှာပါးလိုက်သောစကားများတွင် ဒေါ်ခမ်းနွံသည်အိပ်ယာထက်မှ လုံးဝမထနိူင်ဆိုထားသည်။ ယခုမူကား ဒေါ်ခမ်းနွံသည် အိပ်ယာထက်၌ထိုင်သဖြင့် သူတို့သည် စိတ်ဆိုးမာန်ဆိုးဖြစ်သွားပြီး

” အမေလး…ဘယ်သေချင်းဆိုးကြီးကငါတို့ကိုညာပြီးခေါ်လိုက်ကြတာလဲအေ…အမေ့ကျန်းမာရေးကဒေါင်ဒေါင်မြည်နေတဲ့ဟာကို ငါတို့ကိုလိမ်ပြီးခေါ်ကြတယ်…တကယ်ထင်လို့မအားတဲ့ကြားထဲက လာနေရတာ ခုတော့အချိန်ဖြုန်းသလိုဖြစ်နေပါပေါ့လားဟဲ့…”

” ဟုတ်ပါ့ဟယ်…အချိန်ကုန်ငွေကုန်ရုံဘဲအဖတ်တင်ပါ့…”

” မမတို့ကလည်းဟယ်…ခုအမေဒီလိုညာခေါ်ခိုင်းတာတခြားကိစ္စကြောင့်ဟုတ်မယ်မထင်ဘူး…”

” ဘယ်လိုလဲအေ အငယ္မ…ညည်းစကားက…”

” ဟိုလေ….အမွေခွဲပေးမဲ့ကိစ္စဖြစ်မှာပေါ့….”

အငယ်မ၏စကားကြောင့်ကျန်နှစ်ယောက်လည်း မျက်နှာဝင်းခနဲဖြစ်သွားကြ၏။ ဒေါ်ခမ်းနွံကား သားသမီးများကိုကြည့်ပြီး ဘာမှမပြောဘဲပြုံး၍သာကြည့်နေ၏။ ပြီးနောက်တိုးညှင်းသော လေသံသဲ့သဲ့ဖြင့်

” သမီးတို့ရောက်လာကြပြီလား….မောင်နှမတွေမစုံကြသေးဘူး…အကုန်လုံးခေါ်လိုက်ပါ အမေပြောစရာရှိတယ်…”

ဟုပြောလိုက်၏။ ထိုအခါသမီးသုံးယောက်သည် သူတို့ထင်တာ မှန်နေပြီဟူသောမျက်နှာပေးဖြင့်

” ဟဲ့အငယ္မ…ဘေးအိမ်ကမကြီးကိုသွားခေါ်ချေ…အမြန်လာခဲ့လို့….ပြီးတော့မောင်ငယ်လေးကိုလည်းခေါ်ခဲ့…ဒီကိစ္စကအလွယ်လုပ်လို့်မရဘူး…ခုရှုပ်မှနောင်ရှင်းအောင် အသိသက်သေအဖြစ် ရွာသူရွာသားတွေပါခေါ်ရမယ်…”

ဟုပြောပြီး သူကိုယ်တိုင်ရွာထဲသွားကာ ရွာသူရွာသားများပါခေါ်လိုက်၏။ ညီမငယ္က ဘေးအိမ်မှအကြီးဆုံးအစ်မကိုသွားခေါ်လိုက်၏။

” မကြီး…မကြီးရေ…အေမ့အိမ္လာခဲ့တဲ့…”

” မလာနိူင်ပါဘူးဟယ်…အမြဲငါတို့မိသားစုကိုပစ်ပယ်ထားတဲ့အမေက ခုမသက်သာခါမှလာခေါ်ရတယ်လို့အံ့ပါ့..”

” မဟုတ်ဘူးမကြီးရဲ့…အမေခုခေါ်ခိုင်းတာက အမွေခွဲပေးမလို့ဟဲ့…အဲဒါမလတ်ကခေါ်ခိုင်းလို့…”

” ဘာ…အမွေခွဲပေးမယ်ဟုတ်လား…အေးလေ..ခေါ်တော့လည်းသွားရတာပေါ့…”

အမွေဟူသောစကားကြောင့် ဒေါ်မိုးရွှေ၏မျက်နှာဝင်းခနဲဖြစ်သွားပြီး တသက်လုံးချေမချရန် ဆုံးဖြတ်ထားသောအမေဖြစ်သူ၏အိမ်သို့သွားရန် ဆုံးဖြတ်လိုက်၏။

ဒေါ်ခမ်းနွံ၏နေအိမ်သည်သားသမီးများနှင့် ရွာသူရွာသားများဖြင့် စုံလင်စည်ကားနေ၏။ သားသမီးမ်ားက မိမိတို့ရမည့်အမွေအတွက်စိတ်ကူးဖြင့်ပျော်နေကြသကဲ့သို့ ရွာသူရွာသားများကလည်း ဒေါ်ခမ်းနွံ၏ ဆုံးဖြတ်ချက်ကိုစိတ်ဝင်တစား စောင့်မျှော်နေကြ၏။ လူစုံတက်စုံရှိနေပြီဖြစ်သဖြင့် ဒေါ်ခမ်းနွံသည် ဝေဒနာကိုမြိုသိပ်ပြီး

” ကဲသားတို့သမီးတို့…အမေ့ရှေ့ကိုတိုးလာခဲ့ကြကွဲ့…”

ဒေါ်ခမ်းနွံကထိုသို့ပြောလိုက်ရာ သားသမီးငါးယောက်သည် သူ့ထက်ငါအရင်ဦးအောင် မိခင်ရှေ့သို့တိုးသွားကြ၏။

” အမေပြောတောသေချာနားထောင်ကြကွဲ့…အမေခုပြောမဲ့စကားဟာ သားသမီးတို့အတွက်သေချာစဉ်းစားရမဲ့စကားဖြစ်တယ်…အမေဒီတောင်ကိုမကျော်နိူင်တော့ဘူးကွဲ့…”

” ဟာအေမရာ…အမွေကိစ္စအမြန်ပြောပါဗျာ…အားလုံးပြီးမှတခြားကိစ္စပြောလို့ရနေတာ…”

သားသမီးများသည်မိခင်၏ဆန္ဒထက်သူတို့၏လောဘကိုသာ ပို၍စိတ်ဝင်စားကြ၏။ ရွာသူရွာသားများကား တိတ်ဆိတ်စွာနားထောင်နေ၏။

” အင်းပါအမေပြောပါ့မယ်…အေမဟာ မနက်ထွက်မဲ့နေကိုမမြင်နိူင်တော့ဘူးကွဲ့…ဒီတော့အမေ့နာရေးကို ဘယ်သားသမီးက တာဝန်ယူပေးမလဲလို့သိချင်လို့ပါ…”

” ဟင်…”

” ဟာ…”

” ဟာ…ဘာများလဲလို့အမေရာ…အမေသေသွားရင်အမေ့နာရေးကို မကြီးတို့မလတ်တို့မငယ်တို့ တာဝန်ယူပေးမှာပေါ့ သူတို့ကစီးပွားရေးတောင့်တင်းနေတာကို…”

ဆိုပြီးအငယ်မကထပြောလေရာ အကြီးမသုံးယောက်က မျက်စိမျက်နှာပျက်သွားကြ၏။ မောင်ဘွားကဘာတစ်ခုမှဝင်မပြောချေ။ အကြီးဆုံးသမီးက

” ဟဲ့…နင်စကားပြောတာကြည့်ပြောနော်အငယ်မ…ငါ့မိသားစုတောင်အနိူင်နိူင်ဥစ္စာ…ဘယ်နှယ့်အသုဘကိစ္စတာဝန်ယူနိူင်မှာလဲ…”

ဟုပြော၏။ ရွာသူရွာသားများကား အကြီးမ၏စကားကြောင့် အံ့ဩသွားကြကုန်၏။
ထို့နောက်အလတ်မက

” ငါလည်းတာဝန်မယူနိူင်ဘူးနော်…ခုတလောအရောင်းအဝယ်ကကောင်းတာမဟုတ်ဘူး….”

” အေးလေ…ငါလည်းတာဝန်မယူနိုင်ဘူးနော်…ငါ့မှာလည်းအကြွေးတွေပတ်လည်ဝိုင်းနေတာဟဲ့…”

သမီးသုံးယောက်၏စကားကြောင့်ဒေါ်ခမ်းနွံသည် စိတ်ထဲအောင့်သက်သက်ဖြစ်သွား၏။ လေးယောက်မြောက်အငယ်မက

” ရတယ်လေ…မကြီးတို့သုံးယောက်တာဝန်မယူလည်းရတယ်…အေမ…အမွေခွဲပေးရင်တော့ အမေ့နာရေးကိုသမီးအစအဆုံးတာဝန်ယူပေးမယ်လေ…နော်အမေ…သမီးကိုတော့ပိုပိုလေး ခွဲပေးပေါ့…”

သမီးငယ်၏စကားကြောင့် ဒေါ်ခမ်းနွံသည်အနည်းငယ်ပြင်ထိုင်လိုက်ပြီး

” အို! သားတို့သမီးတို့…အမေ့မှာအမွေခွဲပေးစရာဆိုလို့ အမေပိုင်တဲ့အရာသုံးခုဘဲရှိတယ်…ယူကြမလား…”

” ဟာ…ယူမှာပေါ့အမေရဲ့…ယူချင်လွန်းလို့လာကြတာသိသားနဲ့…”

ဟုပြောကုန်၏။ ဒေါ်ခမ်းနွံလည်း

” အမေပိုင်တဲ့ အရာသုံးခုက အိုခြင်း၊နာခြင်း၊သေခြင်းဘဲကွဲ့….သားသမီးတို့ယူကြမလား…”

” ဟင်…မယူပါဘူးအမေကလည်း…အဲဒါကြီးဘယ်သူကလိုချင်မှာတုံး…အမေကခွဲပေးစရာရှိတာခွဲပေးလိုက်တာမဟုတ်ဘူး…အမေ့ကြည့်ရတာလဲကြာကြာခံမဲ့ပုံလည်းမပေါ်ဘူး…”

” ဟုတ်ပါ့…”

” အေးလေ…”

ဒေါ်ခမ်းနွံက သူမပိုင်ဆိုင်သောအရာသုံးခုအားပေးလိုက်ရာ ဘယ်သားသမီးမှမလိုချင်ကြသည့်အပြင် သူမကိုပါအမွေမြန်မြန်ခွဲဝေပေးစေလိုသည့်သဘောရှိကြ၏။ ရွာသူရွာသားတို့ကား ဒေါ်ခမ်းနွံ၏ သားသမီးမ်ား မိခင်အိုကြီးအပေါ်ထားသည့်စိတ်ဓာတ်ကိုသိလိုက်ရသဖြင့် အံ့ဩကြကုန်၏။ ဒေါ်ခမ်းနွံသည် သားသမီးတို့၏ သူမအပေါ်ထားသောစိတ်ဓာတ်ကိုသိလိုက်ရသဖြင့်

” ဟူး…….”

ဟူသောသက်ပြင်းမောတစ်ခုကိုချလိုက်၏။ ထိုစဉ်ပြင်းစွာသောဝေဒနာတစ်ရပ်ကို ခံစားလိုက်ရပြီး သားသမီးတို့ကိုတစ်ချက်ကြည့်ကာ နောက်ဆုံး၌သားသမီးတို့၏ရှေ့မှောက်၌ပင် သေဆုံးသွားတော့၏။

” လုပ်ပါဦးအမေသေသွားပြီဟဲ့…နိူးကြဦး အမွေကိစ္စမပြီးသေးဘူး…”

” အေမ…အေမထပါဦး…”

” အေမ…အေမေရ…အမွေကိစ္စမပြီးသေးဘူးလေ…”

ဒေါ်ခမ်းနွံ၏သားသမီးငါးယောက်သည် မိခင်ကြီးဆုံးသွားသည်ကိုပင် ဝမ်းနည်းပုံမရဘဲ အမွေကိစ္စမပြီးသေးဘဲ ဆုံးသွားသည့်အတွက်ဝမ်းနည်းနေကြဟန်ရှိသည်။

” ဘယ်လိုသားသမီးတွေလဲ…မိခင်ကြီးတစ်ယောက်လုံးဆုံးသွားတာတောင် အမွေကိစ္စပြောနေကြတုံး…မင်းတို့ကဘယ်လိုသားသမီးတွေလဲ…ဖယ်ကြ…”

ဆိုပြီးရွာသားတစ်ယောက်က သူတို့မောင်နှမငါးယောက်ကိုတွန်းဖယ်လိုက်ပြီး ဒေါ်ခမ်းနွံ၏သက်မဲ့နေသောခန္ဓာကိုယ်ကိုပွေ့ချီကာ ဘုရားကျောင်းဆောင်ရှေ့မှောက်၌ ညင်သာစွာချပေးလိုက်၏။ ရွာသူရွာသားတို့မှာ ဒေါ်ခမ်းနွံအတွက် များစွာဝမ်းနည်းပူဆွေးကြ၏။ ထိုအထဲတွင် ဒေါ်ခမ်းနွံကိုပြုစုခဲ့ဖူးသော မိအေးကအဆိုးဆုံးဖြစ်၏။ ဒေါ်ခမ်းနွံ၏ သားသမီးအပေါ်ထားသော နက်ရှိုင်းသည့်မေတ္တာတရားကို သူမပင်အသိဆုံးမဟုတ်ပါလား။

ဤသို့ဖြင့်ရွာသူရွာသားများစုပြီး သားသမီးရှိရက်နှင့် သေပန်းမပွင့်လေသူဒေါ်ခမ်းနွံအတွက် အသုဘပွဲကိုခမ်းနားစွာကျင်းပပေးလိုက်၏။ သားသမီးငါးယောက်ကား မိခင်ဖြစ်သူ၏အသုဘပင်ရက်မလည်သေး အမွေလုနေကြပြီဖြစ်၏။ ရွာသူရွာသားတို့ကား ထိုမောင်နှမငါးယောက်၏ စိတ္ဓာတ္ကို မအံ့ဩဘဲမနေနိုင်တော့ချေ။

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည်အဓိဋ္ဌာန်ကိစ္စကြောင့် ရွှေချောင်ရွာသို့ရောက်လာခဲ့ကြ၏။ ရွာ၏သဘာဝပေါ်တော်မူဘုရားတွင် အဓိဋ္ဌာန်ဝင်နေကြစဉ် အဖွားအိုတစ်ယောက်၏ ဝိဉာဉ်သည် မောင်ရေခဲ၏အာရုံထဲသို့ရောက်လာခဲ့၏။

” ဘာကိစ္စရှိလို့လဲအဖွား…”

” အဖွားအကူအညီတောင်းစရာရှိလို့ပါဆရာလေး…”

” ပြောလေအဖွား…အဖွားရဲ့ဆန္ဒကိုကျွန်တော်အဆုံးထိကူညီပေးမယ်…”

” သာဓုပါကွယ်…မနက်ဖြန်ဟာအဖွားသေတာ ခုနှစ်ရက်မြောက်တဲ့ရက်လည်နေ့ပါသား…အဲဒါကြောင့် မနက်ဖြန်မှာအဖွားရဲ့မပြီးပြတ်သေးတဲ့ကိစ္စကို အပြီးလုပ်ချင်လို့သားကူညီပေးပါလား…”

” ရတယ်လေအဖွား…ကျွန်တော်ဘယ်ကိုလာခဲ့ရမလဲ…”

” ရွာလယ်မှာရှိတဲ့အဖွားအိမ်ကိုလာခဲ့ပါသား…ဆက်ဆက်လာခဲ့နော်…အဖွားစောင့်နေမယ်…”

” ဟုတ်အဖွား…”

အဖွားအိုသည်ထိုသို့ပြောပြီး မောင်ရေခဲ၏အာရုံထဲမှဝေဝါးပျောက်ကွယ်သွား၏။

ဒေါ်ခမ်းနွံ၏နေအိမ်၌ လူစည်ကားနေ၏။ အကြောင်းမှာယနေ့သည်ဒေါ်ခမ်းနွံ၏ရက်လည်နေ့ဖြစ်သည့်အပြင် ကျန်ရစ်ခဲ့သော ဒေါ်ခမ်းနွံ၏သားသမီးများက မိခင်၏အမွေကိုခွဲဝေကြမည် ဖြစ်သောကြောင့်တည်း။ သားသမီးငါးယောက်လုံး၏မျက်နှာတွင်ကား မိခင်အတွက်ဝမ်းနည်းသည့်အရိပ်အယောင်တစ်ခုမှမပေါ်။ ဒေါ်ခမ်းနွံ၏ပိုင်ဆိုင်မှုစာရွက်စာတမ်းကိုသာ မျက်စောင်းခဲနေကြ၏။ ထိုအချိန်လမ်းမထက်မှခွေးတစ်စုသည် ဒေါ်ခမ်းနွံ၏အိမ်ဘက်သို့ ထိုးဟောင်နေကြ၏။

” အူးဝူး…ဝူး….ဝူး….”

” ဝုတ်…ဝုတ်…ဝုတ်….”

ထိုစဉ် ရက်လည်ဆွမ်းအတွက်ပြင်ဆင်နေသော မိအေးသည်ဆတ်ခနဲဖြစ်သွားပြီး

” ဟဲ့…သားတို့သမီးတို့ အမေ့နားလာကြကွဲ့.. ”

” ဟင်မိအေး…သတိထားဦးလေ…မိအေး…”

” မိအေးဘာဖြစ်တာလဲဟဲ့…”

” မသိဘူးကြ…ကြည့်ရတာဒေါ်ခမ်းနွံဝင်ပူးတဲ့ပုံဘဲ…”

” ဟေ…ဒုက္ခတော့ရောက်ပြီ…ဖယ်ကြဟေ့..သူ့သားသမီးတွေကိုစိတ်မချလို့နေမယ်…”

ရွာသူရွာသားတို့ကထိုသို့ပြောပြီး လမ်းဖယ်ပေးလိုက်ကြ၏။ မိအေးလည်းထဘီစကိုကိုင်လိုက်ပြီး အိမ်အပေါ်ထပ်သို့တက်သွား၏။

” သားတို့သမီးတို့လာကြလေ…ဘာရပ်လုပ်နေကြတာလဲ…”

မိအေးကိုကြည့်ပြီး မောင်နှမငါးယောက်လုံးကြောင်အမ်းအမ်းဖြစ်သွား၏။

” သားသမီးတို့ကိုကြည့်ရတာ အမွေတွေသိပ်ပြီးလိုချင်နေကြတဲ့ပုံဘဲ…အမေသေတာတောင် ခုနှစ်ရက်မပြည့်သေးဘူး အမေပိုင်တဲ့ပစ္စည်းတွေကို စရင်းဇယားတွေနဲ့တောင်လုပ်ထားပြီးကြပြီဘဲ…”

မိအေးကထိုသို့ပြောလိုက်ရာ သားသမီးငါးယောက်စလုံးက ဘာမှပြန်မပြောဘဲခေါင်းကိုငုံ့ထားကြ၏။ ထိုစဉ်မောင်ရေခဲတို့ ဆရာတပည့်လည်း ဒေါ်ခမ်းနွံ၏အိမ်ထဲသို့ ဝင်လာခဲ့ကြ၏။

” ဧည့်သည်တွေရောက်နေပါလား…ဒီဖက်ကြွပါဗျ…”

ရွာသားတစ်ယောက်က မောင်ရေခဲတို့ကိုမြင်လျှင် ဧည့်ဝတ်ပြုပြီးနေရာထိုင်ခင်းပေး၏။ မောင်ရေခဲက

” ရပါယ္ဗ်ာ ကျွန်တော်တို့အတွက်ဒုက္ခမခံပါနဲ့…ကျွန်တော်တို့ကဒီအိမ်ရဲ့အဖွားခေါ်ထားလို့လာကြတာပါ…”

” ဟင်…”

မောင်ရေခဲ၏စကားကြောင့် ထိုရွာသားဟင်ခနဲဖြစ်သွား၏။ မောင်ရေခဲတို့ဆရာတပည့်လည်း ဘာမှမပြောတော့ဘဲအပေါ်ထပ်သို့်တက်သွား၏။

” လာဆရာလေးတို့…လာကြ…”

မိအေးကမောင်ရေခဲတို့ကိုမြင်လျှင် ထိုသို့ပြောလိုက်၏။ မောင်နှမငါးယောက်ကား ဘာမှနားမလည်နိူင်အောင်ဖြစ်နေကြ၏။ မောင်ရေခဲတို့က ဘုရားဝတ်ပြုပြီး တစ်နေရာ၌ထိုင်လိုက်ကြ၏။ ဒေါ်ခမ်းနွံဝင်ပူးနေသော မိအေးက

” သားငယ်လေး…မောင်ဘွား…အမေ့ကိုစိတ်ဆိုးနေတုန်းလားကွဲ့…အမေ့ကိုစိတ်မဆိုးပါနဲ့တော့ကွယ်…အမေသားကိုလွမ်းလို့ရောဂါဝေဒနာတောင်ဖြစ်တယ်…ဒါပေမဲ့ သားကအမေဘာဖြစ်နေလဲတောင် တစ်ခွန်းမှမမေးခဲ့တာ အမေသိပ်ဝမ်းနည်းတယ်သားရယ်…အဟင့်”

မိအေးကထိုသို့ပြောပြီး ဝမ်းနည်းစွာငိုနေ၏။ မောင်ဘွားကားယခုမှမိခင်ကို သနားသလိုဖြစ်သွား၏။ မိအေးကဆက်ပြီး

” အေမက အမေ့သားသမီးငါးယောက်စလုံးကိုတန်းတူချစ်ပါတယ်ကွယ်…သမီးကြီးကိုလည်းအမေချစ်တယ်…ကျန်တဲ့သမီးတွေကိုလည်းအမေချစ်တယ်…ဒါပေမဲ့သမီးတို့အမြင်မှာတော့ အမေဟာသားငယ်လေးကိုဘဲကိုချစ်တယ်ပိုဂရုစိုက်တယ်ပေါ့…သားသမီးတို့ကိုသိစေချင်တာက မိဘဆိုတာ ကိုယ့်ရင်၌ဖြစ်တဲ့ဘယ်သားသမီးကိုမဆို ထပ်တူညီမျှချစ်ကြတာကွဲ့…အမေဟာသမီးတွေကိုစိတ်ပူသလို သားငယ်လေးကိုလည်းစိတ်ပူတယ်…သမီးတို့မှာတစ်ခုခုဖြစ်ရင် စိတ်ပူပေးမဲ့မိသားစုတွေရှိပေမဲ့ သားငယ်လေးမှာ စိတ်ပူပေးမဲ့အမေဘဲရှိတာလေကွယ်…”

” သမီးတို့ အမေ့မေတ္တာကို စော်ကားသလိုလုပ်ခဲ့မိတယ်အမေရယ်…သမီးမိုက်တို့ကိုခွင့်လွတ်ပေးပါ…အဟင့်….”

” သားတောင်းပန်ပါတယ်အမေရယ်….အမေ့အပေါ်သားဆိုးမိုက်ခဲ့မိတယ်…သားကိုခွင့်လွှတ်ပါဗျာ…”

” သမီးတောင်းပန်ပါတယ်အမေရယ်…သမီးအပေါ်ထားတဲ့အမေ့ရဲ့ မေတ္တာထုကိုသမီးမထီမဲ့မြင်ပြုခဲ့မိတယ်…အမေနဲ့အနီးကပ်ဆုံးမှာရှိနေရက်နဲ့ အမေ့ကိုမပြုစုခဲ့မိတဲ့အတွက် သမီးနောင်တရနေပြီအမေရယ်…အဟင့်….”

ဒေါ်ခမ်းနွံတို့သားအမိ၏အဖြစ်အပျက်ကိုကြည့်ပြီး ရွာသူရွာသားများလည်း မျက်ရည်စက်လက်ဖြစ်ကြရကုန်၏။ လြန်သြားမွနောင်တရကြသော သားဆိုးသမီးဆိုးတို့၏နောင်တကား ပြန်ပြင်၍မရနိူင်တော့ချေ။

မိအေးအဖြစ်တလဲဒေါ်ခမ်းနွံက

” အေမ သားတို့သမီးတို့ကိုအပြစ်မယူပါဘူးကွယ်…အမေဟာသားသမီးတို့ကို မွေးလာကတည်းက ဘာမျှော်လင့်ချက်မှမထားဘဲ ကျွေးမွေးလာခဲ့တာပါ…အမေ့ရဲ့မေတ္တာကို သားသမီးတို့သိသွားကြတဲ့အတွက် အမေသေပျော်ပါပြီကွယ်…အမေ့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုအညီအမျှခွဲဝေယူကြကွဲ့…စည်းစည်းလုံးလုံးနေကြ…အမေဟာအမေ့သားသမီးအားလုံးကို တန်းတူဘဲမေတ္တာပေးတယ်ကွဲ့…မငိုကြနဲ့တော့… တိတ်ကြတိတ်ကြ….”

” အမေရယ်…သမီးတို့ဆီပြန်လာပေးပါ…သမီးတို့အမှားအတွက်ပြန်လည်ပြင်ဆင်ချင်လို့ပါ…အဟင့်…. ”

မောင်နှမငါးယောက်စလုံးမိခင်ကြီး၏မေတ္တာကို ခံစားတတ်ကြပြီးနောက် မိခင်ကြီးအားပြန်လာပေးရန်တောင်းဆိုကြ၏။ သို့သော် မိခင်ကြီးကားသူတို့ထံ ဘယ်သောအခါမှပြန်မလာနိုင်တော့ချေ။ ဒေါ်ခမ်းနွံသည် မောင်ရေခဲ ဘက်သို့လှည့်ပြီး

” ဆရာလေး…အဖွားရဲ့အိပ်ယာကုတင်အောက်က အဝတ်သေတ္တာထဲမှာ ကတ္တီပါဗူးလေးနဲ့ထည့်ထားတဲ့ စိန်နားကပ်တစ်ရံရှိတယ်…အဲဒါလေးယူပြီး ဆရာလေးတို့ရဲ့ဂန္ဓာရီခရီးမှာ ဘုရားတည်ခွင့်ကြုံတဲ့အခါ ဋ္ဌာပနာထဲထည့်ပေးပါနော်…”

” ဟုတ္စိတ္ခ်ပါအဖြား… ”

” အေးကွယ်.. ကျေးဇူးပါဆရာလေးတို့…အဖွားလည်းသားသမီးတွေအတွက်စိတ်အေးရပြီမို့ ဆရာတော်ဘုရားတို့ ရေစက်ချအမျှဝေရင် သာဓုခေါ်တော့မယ်ကွဲ့…”

ဟုပြောပြီးမိအေး၏ခန္ဓာထဲမှထွက်သွားလေ၏။ ဒေါ်ခမ်းနွံထွက်သွားလေရာ မိအေးမှာဘေးသို့လဲကျသွား၏။

” အေမ…အေမေရ.. ဟီး….ပြန်လာပါအမေရဲ့…”

” အေမ.. အီးဟီးဟီး…”

ဒေါ်ခမ်းနွံထွက်သွားပြီး မောင်နှမငါးယောက်လုံး ငိုချင်းချလေ၏။

” ခုမှငိုနေကြလည်းဘာမှမထူးတော့ဘူးအစ်ကိုတို့အစ်မတို့… မိဘဆိုတာအသက်ရှိတုန်း ပြုစုရတာ….သေသွားမှငိုနေလည်း ပြန်မလာနိူင်တော့ဘူး…အမေဆိုတာသားသမီးတွေကို ကိုယ်ဝန်ဆောင်ထဲက သေမင်းနှင့်တစ်နေ့သုံးခါစစ်ခင်းရသတဲ့…မွေးပြန်တော့လည်း သားသမီးရဲ့အသက်ကို သူ့အသက်နဲ့လဲထားရတာ….ဒီလိုဘဲဖခင်ဆိုတာလည်း သားသမီးတွေအတွက်နဖူးကချွေးခြေမထက် ကျအောင်ရှာဖွေကျွေးမွေးရတာ….မိဘရဲ့ကျေးဇူးတရား၊မေတ္တာတရားဟာ အင်မတန်မြင့်မားပါတယ်ဆိုတဲ့ မြင့်မိုရ်တောင်ကြီးတောင်မှ မိဘမေတ္တာနဲ့ယှဉ်လိုက်ရင် ဘာမှမပြောပလောက်ဘူးတဲ့ …”

” ကျွန်တော်တို့ မွားသြားတယ္ဗ်ာ…ကျွန်တော်တို့မောင်နှမတွေအပေါ်ထားတဲ့ မေတ္တာ တရားကိုမြင်အောင်မကြည့်တတ်ခဲ့ဘူးဗျာ…အဟီးဟီး…. ”

မောင်ဘွားကထိုသို့ပြောပြီး ငိုချလိုက်ပြန်၏။ ယခုသူတို့်၏အဖြစ်သည်ကား ကောင်းကင်ပေါ်မှ လမင်းကြီးကို ဟောင်နေသောမြေခွေးပမာပင်။ ပြန်မလာနိူင်တော့သည့် မိခင်ကြီးကို တမ်းတပြီးငိုကြွေးနေကြကုန်၏။ ထိုစဉ်ပင့်ဖိတ်ထားသော ဆရာတော်ငါးပါးကြွလာပြီး သေလွန်လေသူ ဒေါ်ခမ်းနွံအတွက် ရက်လည်ဆွမ်းဘုဉ်းပေးပြီး အကျွတ်တရားဟောကာ ရေစက်ချအမျှဝေပေးလိုက်၏။ ဒေါ်ခမ်းနွံကား သားသမီးငါးယောက်၏ကြားထဲတွင် ထိုင်ကာ ဆရာတော်ဟောကြားသောတရားတော်ကိုရိုသေစွာနာကြားနေ၏။ အားလုံးကရေစက်ချအမျှဝေသောအခါ ဒေါ်ခမ်းနွံသည် လှိုက်လဲစွာသာဓုခေါ်ပြီး သားသမီးများကိုနောက်ဆုံးအနေဖြင့်ကြည့်ကာ အခိုးအငွေ့များအဖြစ် တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားလေ၏။ ထိုအျဖစ္ကိုကား မောင်ရေခဲမှတပါး တခြားသူတို့မမြင်နိူင်တော့သတည်း။…….။

( အားပေးဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါသည်။ ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)

# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ တုႏိူင္းမဲ့ေမတၱာ(စ/ဆံုး)
————————————————-
မုဆိုးမႀကီးေဒၚခမ္းႏြံ။ ဟုတ္သည္။ သူမ၏နာမည္ကားေဒၚခမ္းႏြံ။ သူမသည္ ဤနယ္တေၾကာတြင္ မုဆိုးမႀကီးဟုတရားဝင္အမည္တပ္ခံထားရသူ။ သူမသည္ ခမ္းႏြံဟူေသာ အမည္နဲ႔လိုက္ဖက္စြာ သားသမီးအေပၚ အလြန္အႏြံတာခံရွာသူျဖစ္သည္။ အေၾကာင္းကား သူမ၏ခင္ပြန္းျဖစ္သူသည္ သားအငယ္ဆုံး ေမာင္ဘြား ၃ႏွစ္သားအ႐ြယ္ထဲကပင္ သူမႏွင့္သားသမီးငါးေယာက္ကို ေလာကအလယ္စိတ္ခ်စြာထားရစ္ခဲ့ေလသည္။ သူမသည္ကား လူမမယ္ကေလးငါးေယာက္ကို ဒုကၡေပါင္းစုံခါးစီးခံလ်က္ ရွာေဖြေကြၽးေမြးရသည္။ မာယာမ်ားလွေသာေလာကႀကီးအလယ္ သူမတို႔သားအမိကိုစိတ္ခ်စြာထားရစ္ခဲ့ေသာ ခင္ပြန္းသည္ကို သူမအျပစ္မယူမိေခ်။

ရသမွ်အလုပ္ကိုပင္ပန္းသည္မညည္းဘဲ သားသမီးမ်က္ႏွာကိုၾကည့္ကာ တစိုက္မတ္မတ္လုပ္ခဲ့သည္။ ယခုေသာ္ကားသူမသည္ အသက္၆၈ႏွစ္ထဲသို႔ပင္ ဝင္ခဲ့ရွာေလၿပီ။ ဇရာ၏အထုအေထာင္းဒဏ္ကိုႀကံ့ႀကံခံရင္း သူမႀကံ့ခိုင္ေနဆဲပင္။ သားသမီးမ်ားပင္အိမ္ေထာင္အသီးသီးက်ေခ်ၿပီ။ သားအငယ္ေလးေမာင္ဘြားပင္လွ်င္ အသက္၃၀ေက်ာ္ေနေခ်ၿပီ။ ေမာင္ဘြားကားအငယ္ဆုံးသားျဖစ္၍ ဆိုးေပေနဆဲပင္။ မိခင္ႀကီးအေပၚအႏိူင္ယူ၍ေကာင္းေနဆဲပင္။

သားျဖစ္သူမည္မွ်ပင္အႏိူင္ယူဆိုးမိုက္ေနေသာ္ျငားလည္း ေဒၚခမ္းႏြံကသားငယ္ကိုအျပစ္မယူ။ သားျဖစ္သူျပဳသမွ်ၿပဳံးၿပဳံးေလးသာၾကည့္ေနတတ္သည္။ အႀကီးဆုံးသမီးကား ေဒၚခမ္းႏြံ၏ အိမ္ေနာက္ေဖးၿခံတြင္ တိုက္ႀကီးတာႀကီးေဆာက္ၿပီးေနသည္။ ဤသည္ပင္ မိခင္ႀကီးသည္ သူမကိုဘယ္ေတာ့မွမခ်စ္ဟုစိတ္ဝယ္မွတ္ယူကာ မိခင္ႀကီး၏အိမ္ႏွင့္သူမအိမ္ၾကား ကိုတံတိုင္းကာထားလိုက္သည္။ သူမ၏သားသမီးမ်ားကိုပင္ ေဒၚခမ္းႏြံ၏အိမ္ဘက္သို႔ ေျခဦးပင္မလွည့္ရဟု ဆုံးမထားေလသည္။

က်န္သမီးလတ္မ်ားကနယ္ေဝးတြင္ အိမ္ေထာင္က်သျဖင့္ အခါႀကီးရက္ႀကီးမ်ား၌သာ လာေရာက္တတ္ၾကသည္။ သို႔ေသာ္ အလုပ္ကိစၥအေၾကာင္းျပကာ မိခင္ႀကီး၏ေနအိမ္၌ ၾကာၾကာမေနလိုၾကေခ်။ အခါႀကီးရက္ႀကီးတို႔တြင္ သားသမီးမ်ားစုံေလတိုင္း ေဒၚခမ္းႏြံသည္ သားသမီးမ်ားႀကိဳက္တတ္ေသာ အစားအေသာက္မ်ားကိုဖြယ္ဖြယ္ရာရာခ်က္ေကြၽးတတ္သည္။ အိမ္ေဘးရွိသမီးႀကီးကား ေဒၚခမ္းႏြံကိုပစ္ပယ္ထားသျဖင့္ မိသားစုလက္ဆုံမစားရေခ်။ ဤအခါမ်ိဳးတြင္ ေဒၚခမ္းႏြံသည္ ဟင္းမ်ားကိုခူးခပ္ကာ အိမ္ေနာက္ေဖးသြားၿပီး သမီးေလး၏အုတ္တံတိုင္းေပၚ တင္ထားေပးတတ္သည္။

တစ္ခါ၌ေဒၚခမ္းႏြံသည္ သမီးႀကီးအဖို႔အသားဟင္းတစ္ခြက္ကို ခူးခပ္ကာအိမ္ေနာက္ေဖးရွိအုတ္တံတိုင္းေလးအေပၚထားခဲ့သည္။ တေအာင့္အၾကာတြင္ေျမးမအႀကီးဆုံးက ထိုဟင္းခြက္အားလာယူ၏။ ထိုေျမးမေလးကအဖြားျဖစ္သူ ေဒၚခမ္းႏြံကိုခ်စ္ေသာ္လည္း မိခင္ႀကီးေၾကာင့္ အဖြားျဖစ္သူကိုေပၚေပၚထင္ထင္မဆက္ဆံရဲသူျဖစ္သည္။ ထိုေျမးမေလးသည္ အသားဟင္းတစ္ခြက္အားယူကာထမင္းစားပြဲ၌တင္ထားလိုက္သည္။ အလုပ္မွျပန္လာေသာ မိခင္ေဒၚမိုးေ႐ႊက ထမင္းစားရန္ စားပြဲသို႔ေရာက္လာသည္။

” သမီး…သမီးႀကီးဒီကိုလာဦး…ဒီအသားဟင္းဘယ္ကရတာလဲ…”

မိခင္၏ေအာ္သံေၾကာင့္ ရီရီလည္းမီးဖိုေဆာင္ဘက္သို႔ေျပးလာၿပီး

” ဟို…ဟို….ျဖားျဖားက လာပို႔ထားတာေမႀကီးရဲ႕….”

” ဘာ! ဘယၠျဖားျဖားလဲ ဟိုဖက္အိမ္ကလား….”

” ဟုတ္…ဟုတ္တယ္အေမ.. ”

” ငါနင္တို႔ကိုဘယ္လိုေျပာထားလဲ…ဟိုကနင္တို႔ကတစ္စက္မွေမတၱာရွိတာမဟုတ္ဘူး….ခုလိုယူလာေပးလို႔နင္တို႔ကိုေကြၽးခ်င္လြန္းလို႔မထင္နဲ႔…စားႂကြင္းစားက်န္ေတြ သိုးကုန္မွာစိုးလို႔ နင္တို႔ကိုလာေကြၽးတာဟဲ့…ေနာက္ခါဆို ဘာဟင္းျဖစ္ျဖစ္အိမ္ကိုမယူလာခဲ့နဲ႔…စားခ်င္ငါဝယ္ေကြၽးမယ္…ၾသား…ဒီဟင္းကိုဝက္စာအိုးထဲထည့္ၿပီး ပန္းကန္ကိုအုတ္တံတိုင္းေပၚ သြားျပန္တင္ေပးလိုက္…”

မိခင္၏စကားေၾကာင့္ ရီရီသည္ စားပြဲခုံေပၚမွအသားဟင္းပန္းကန္ကိုယူၿပီး အိမ္ေရွ႕ရွိဝက္စာအိုးထဲသို႔ထည့္လိုက္၏။ တစ္ဖက္အိမ္မွ မုဆိုးမႀကီးေဒၚခမ္းႏြံသည္ကား သမီးျဖစ္သူ၏လုပ္ရပ္ကိုၾကည့္ၿပီး ပါးျပင္ေပၚသို႔မ်က္ရည္မ်ားလွိမ့္ဆင္းလာ၏။

” ဪ…သမီးရယ္…သမီးအေမ့ေမတၱာကို ပ်က္ရယ္ျပဳရက္တယ္ေနာ္…အေမကသမီးေလးတို႔မိသားစုစားရပါေစေတာ့ဆိုၿပီး မစားရက္မေသာက္ရက္ပို႔ေပးခဲ့တာပါကြယ္…စားႂကြင္းစားက်န္အပုပ္အသိုးေတြမဟုတ္ရပါဘူးကြယ္…အဟင့္…”

ေဒၚခမ္းႏြံတစ္ေယာက္ထိုသို႔ေျပာရင္း ပါးျပင္ေပၚက်လာေသာမ်က္ရည္ကို ေခါင္းေပၚမွတံဘက္ၾကမ္းေလးျဖင့္ သုတ္လိုက္၏။ သို႔ေသာ္သမီးႀကီးကိုသူမ အ်ပစၼယူမိခဲ့။

` ေတာင္းဆိုးပလိုင္းဆိုးကိုသာ ပစ္႐ိုးထုံးစံရွိသည္။ သားဆိုးသမီးဆိုးကိုပစ္႐ိုးထုံးစံမရွိ`

ဟူေသာ ဆို႐ိုးပင္ရွိခဲ့သည္မဟုတ္ပါလား။ ထိုနည္းအတိုင္းပင္ ေဒၚခမ္းႏြံလည္း ဤသားဆိုးသမီးဆိုးကို ဆိုးသည္လို႔မျမင္။ တိုး၍ပင္ေမတၱာေပးေသးသည္။

တစ္ခုေသာေႏြရာသီတြင္ ေမာင္ဘြားသည္ နယ္ေျမရပ္ျခားသို႔အလုပ္သြားလုပ္ခဲ့သည္။ အိမ္မွာေနလွ်င္မိခင္က နားပူနားဆာလုပ္လွသည္ဆိုကာ သြားခဲ့ျခင္းျဖစ္သည္။ အလုပ္ရမရမေသခ်ာ။ နယ္ျခားသို႔တစ္ခါမွမသြားဖူးေသာ ေမာင္ဘြားအတြက္ ေဒၚခမ္းႏြံစိတ္ပူလွသည္။ ေမာင္ဘြားမွာကေလးတစ္ေယာက္ပင္ မဟုတ္ေသာ္ျငားလည္း ေဒၚခမ္းႏြံမွာစိတ္ပူေနဆဲပင္။ ခရီးသြားမည့္မနက္၌ ေဒၚခမ္းႏြံသည္ သားျဖစ္သူ၏အဝတ္အစားမ်ားကို ေသခ်ာေခါက္ထည့္ေပးေန၏။

ေမာင္ဘြားကားတစ္နယ္တစ္ေက်းသို႔သြားရမည္ဆိုသျဖင့္အေပ်ာ္ႀကီးေပ်ာ္ေနသည္။ ေဒၚခမ္းႏြံကား သားျဖစ္သူကိုစိတ္ပူၿပီး တစ္ညလုံးအိပ္၍ပင္မေပ်ာ္ရွာေခ်။ မနက္အေစာထၿပီး သားျဖစ္သူအတြက္လိုအပ္သည္မ်ားျပင္ဆင္ေပးသည္။ စားရန္အတြက္ထမင္းဟင္း အသင့္ခူးခပ္ထားေပးသည္။

” သား…ေမာင္ဘြား…ထေတာ့ေလကြယ္…ဒီေန႔ခရီးထြက္ရမွာမလား…ေနာက္က်ေနမယ္ကြဲ႕….ကိုယ္လက္သန႔္စင္ၿပီး မနက္စာစားေတာ့ကြဲ႕…”

အိပ္ယာခန္းထဲထိလာႏိူးေသာအေမအိုႀကီးေၾကာင့္ ေမာင္ဘြားစိတ္ညစ္ေနမိသည္။

” ကြၽတ္…ေအမရာ ခုမွအေစာႀကီးရွိေသးတယ္ေလဟာ…သားထမွာေပါ့ ခရီးသြားမဲ့သူကသားေလ…အေမကဘာကိစၥေနမထိ ထိုင္မသာျဖစ္ေနရတာလဲ….”

ေမာင္ဘြားစုတ္သပ္ၿပီး မိခင္အိုႀကီးကိုျပန္ေျပာ၏။ ေဒၚခမ္းႏြံက

” အိုသားရယ္…ေအမက အေမ့ဝမ္းနဲ႔လြယ္ၿပီးေမြးထားတဲ့အေမ့သားေလးကို စိတ္မပူဘဲရမလားသားရဲ႕…ေနာက္ၿပီးသားက နယ္ေဝးတခါမွသြားဖူးေသးတာလဲမဟုတ္ဘူးေလကြယ္…ဒီေတာ့ ေဟာဒီအေမအိုႀကီးက ပူရတာေပါ့….”

ဆိုၿပီး ၿပဳံးၿပဳံးႀကီးျပန္ေျပာေလ၏။

” ခက္ေတာ့တာဘဲအေမရာ…သားကေလးမဟုတ္ေတာ့ဘူးဗ်….အေကာင္းအဆိုးကိုသားခြဲျခားတတ္ေနပါၿပီ…စိတ္ပူမေနပါနဲ႔…”

” သားရယ္…မိဘဆိုတာမ်ိဳးက ကိုယ့္သားသမီးအသက္ဘယ္ေလာက္ႀကီးႀကီး မိဘရဲ႕မ်က္လုံးထဲမွာ ကေလးဘဲကြယ့္….တစ္ေန႔သားမိဘေနရာေရာက္လာမွ အေမ့ရဲ႕စိတ္ကို သားနားလည္မွာပါ….”

” ေတာ္ဗ်ာ…နားကိုပူထူေနတာဘဲ တစ္ေန႔တစ္ေန႔ဒီအေၾကာင္းေတြဘဲနားေထာင္ရလြန္းလို႔ အပ္ေၾကာင္းေတြထပ္ေနပါၿပီ…အဲဒါေၾကာင့္မမတို႔ေတြ အိမ္ကိုမလာခ်င္ၾကတာေပါ့….”

ေမာင္ဘြားကထိုသို႔ေျပာၿပီး အိပ္ယာထက္မွဝုန္းခနဲထကာ ေအာက္ထပ္သို႔ဆင္းသြား၏။ ေဒၚခမ္းႏြံကား သားျဖစ္သူစကားေၾကာင့္ ရင္ထဲေအာင့္သက္သက္ျဖစ္သြား၏။

ေမာင္ဘြားတစ္ေယာက္နယ္ျခားသြားသည္မွာ သည္ေန႔အပါ ၁၅ရက္ရွိေပၿပီ။ နားပူနားဆာလုပ္မည့္သူမရွိေသာ ဤအရပ္၌ေမာင္ဘြားေပ်ာ္၏။ အိမ္၌က်န္ခဲ့ေသာ ေဒၚခမ္းႏြံသည္ကား သားျဖစ္သူထြက္သြားသည့္ေနမွစ၍ တမႈိင္မႈိင္တေတြေတြျဖစ္ေန၏။ သြက္သြက္လက္လက္ရွိလွေသာ ဤအဖြားႀကီးသည္ ယခုမူကား အိပ္မေပ်ာ္ စားမဝင္ဘဲ သားငယ္ကိုသာလြမ္းဆြတ္သတိရေနသည္။ ရက္ၾကာလာေသာအခါ အစားမဝင္သျဖင့္ အားျပတ္ၿပီးအိပ္ယာထဲဗုန္းဗုန္းလဲေနရရွာသည္။

သားသမီးမ်ားကလည္းအေဝးေရာက္ေနသျဖင့္ ျပဳစုေစာင့္ေရွာက္မည့္သူမရွိေခ်။ အိမ္ေနာက္ေဖးရွိသမီးႀကီးကား မိခင္၏အိမ္သို႔ေယာင္၍ပင္မေရာက္။ အိမ္နီးနားခ်င္းကသာ ေဒၚခမ္းႏြံကိုျပဳစုေစာင့္ေရွာက္ေပးေန၏။

” ဖြားရယ္…ဖြားရဲ႕သားသမီးေတြကလည္း အေတာ္ေနႏိူင္ရက္ၾကတယ္ေနာ္…မေအတစ္ေယာက္လုံး အိပ္ယာထဲဗုန္းဗုန္းလွဲေနတာေတာင္ တစ္ေယာက္မွလာၾကည့္ေဖာ္မရဘူး…”

အိမ္နီးနားခ်င္းမိေအးက ေဒၚခမ္းႏြံအေပၚ မသိတတ္လြန္းေသာ သားသမီးမ်ားကိုျမည္တြန္ေတာက္တီးေန၏။ ထိုအခါ အိပ္ယာထဲရွိေဒၚခမ္းႏြံသည္ မ်က္ႏွာမသာမယာျဖင့္

” ဪမိေအးရယ္…သူတို႔မွာလည္းမိသားစုရွိေသးတယ္ေလကြယ္…ဒီေတာ့ဝမ္းေရးအတြက္အလုပ္လုပ္ေနၾကရလို႔ မလာအားတာေနမွာပါေအ…”

ဆိုၿပီး ေလသံသဲ့သဲ့ျဖင့္ေျပာရွာ၏။ ဤအေျခအေနေရာက္ေနသည့္တိုင္ သားသမီးအေပၚအေကာင္းျမင္လြန္းတတ္ေသာ ေဒၚခမ္းႏြံ၏ေမတၱာတရားကို မိေအး မအံ့ဩဘဲမေနႏိုင္ေခ်။

” ဟုတ္ပါၿပီဖြားရယ္…မိေအးဘာမွမေျပာေတာ့ဘူး….ဖြားထမင္းေလးေတာ့ဝင္ေအာင္စားေနာ္ ဒါမွဖြားျပန္ၿပီးအားရွိလာမွာ…”

” မစားခ်င္ပါဘူးေအ…ဖြားမွာဘာမွစားခ်င္စိတ္မရွိပါဘူး….ဖြားသားေလးကိုစိတ္ပူေနတာ…နယ္ေျမရပ္ျခားမွာ အဆင္မွေျပေနရဲ႕လား…ပုံမွန္စားေသာက္ရရဲ႕လား…က်န္းမာမွေနရဲ႕လားေအ…”

ေဒၚခမ္းႏြံထိုသို႔ေျပာၿပီး မ်က္လုံးေထာင့္မွမ်က္ရည္စတို႔သည္ နားထင္ေပၚမွတဆင့္ ေခါင္းအုံးေလးအေပၚသို႔စီးက်လာ၏။ ျဖဴဆြတ္ေနေသာ ေဒၚခမ္းႏြံ၏နားထင္မွ ဆံစတို႔မွာ မ်က္ရည္ေၾကာင့္ ႐ြဲွ႐ြဲွစိုေနေခ်ၿပီ။
မိေအးလည္းေဒၚခမ္းႏြံကိုၾကည့္ၿပီး စိတ္ထဲဝမ္းနည္းလာသည္။ မ်က္ဝန္းအစုံမွမ်က္ရည္စတို႔ရစ္ဝိုင္းလာၿပီး အဖြားသိလွ်င္စိတ္မေကာင္းျဖစ္မည္စိုးသျဖင့္ မ်က္ေတာင္ကိုအျမန္ပုပ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး

” ကိုေမာင္ဘြားႀကီး အဆင္ေျပမွာပါဖြားရဲ႕…သိပ္လည္းစိတ္ပူမေနပါနဲ႔ေတာ္…ကဲဖြားအဝတ္ေတြ ညစ္ပတ္ေနၿပီ မိေအးလဲေပးမယ္…ထ ထ…”

ဆိုၿပီးမိေအးက စကားလမ္းေၾကာင္းလြဲလိုက္၏။ ေဒၚခမ္းႏြံမွာသားျဖစ္သူကိုလြမ္းဆြတ္သည့္စိတ္ေၾကာင့္ အိပ္မေပ်ာ္စားမဝင္ျဖစ္ၿပီး အားအင္ကုန္ခမ္းကာ လႈပ္ပင္မလႈပ္ႏိုင္ေတာ့ေခ်။ ခႏၶာကိုယ္မွာလည္း အ႐ိုးေပၚအေရတင္ကာ ပိန္လွီေနရွာသည္။ ဤအအေျခေနအထိ ေဘးအိမ္မွသမီးအႀကီးမွာ မိခင္ကိုတစ္ခါမွပင္လာမၾကည့္ေသးေခ်။
ေျမးမေလးျဖစ္သူမွာ အဖြား၏အိမ္အားသြားလည္ရန္ေျပာရာ

” ေတာ္စမ္းရီရီ..နင္ဘာသိလို႔လဲ…နင့္အဖြားကငါတို႔ကိုခ်စ္တာမဟုတ္ဘူးဟဲ့…ခုဘဲၾကည့္ပါလား သူ႔ရဲ႕အသဲေက်ာ္ သားငယ္ေလးလည္းအိမ္မွာမရွိေရာ အိပ္ယာထဲလွဲသြားေတာ့တာဘဲ….ဟင္း..”

ထိုသိုေျပာၿပီးအိမ္ႀကီးဘက္မ်က္ေစာင္းထိုးလိုက္၏။

” အေမရယ္အဖြားကိုအဲလို႔မေျပာပါနဲ႔…အဖြားကဦးေလးကိုခ်စ္သလို အေမတို႔ကိုလည္းခ်စ္မွာပါ…”

” ညည္းဘာသိလို႔လဲရီရီ…ေကလးက ကေလးလိုေန….ငါမသိဘဲအဲဒီဖက္အိမ္ကို မသြားရဘူးၾကားလား…”

” ဟုတ္…”

ေဒၚမိုးေ႐ႊ၏စကားေၾကာင့္ ရီရီေခါင္းၿငိမ့္လိုက္၏။ ေအမ်ဖစ္သူ၏စိတၠိဳ သူမနားမလည္ႏိူင္ေခ်။

နယ္ေျမရပ္ျခားတြင္ေရာက္သည္မွာတစ္လတိတိပင္ရွိေနေခ်ၿပီ။ အိမ္၌က်န္ခဲ့ေသာေဒၚခမ္းႏြံမွာလည္း အိပ္ယာထဲလွဲေနသည္မွာတစ္လတင္းတင္းျပည့္ခဲ့ၿပီ။

” မိေအးရယ္…ဖြားသားကိုေခၚေပးပါဦးကြယ္…”

ဆိုၿပီးတိုးညႇင္းေသာ ေလသံသဲ့သဲ့ျဖင့္ေျပာရွာ၏။ မိေအးလည္း

” စိတ္ခ်ပါဖြားရယ္ ကိုေမာင္ဘြားကိုေခၚဖို႔လူႀကဳံပါးလိုက္ပါၿပီ…ဖြားစိတ္ခ်ေနေတာ့…”

ထိုသို႔ေျပာျပလိုက္ရာ ေဒၚခမ္းႏြံ၏မ်က္ႏွာသည္ၿပဳံးေယာင္သမ္းသြား၏။ ေမာင္ဘြားထံလူႀကဳံအေၾကာင္းၾကားၿပီး ေနာက္ရက္၌ နယ္ျခားမွေမာင္ဘြားျပန္ေရာက္လာ၏။ ေဒၚခမ္းႏြံမွာသားျဖစ္သူျပန္ေရာက္လာသျဖင့္ ေပ်ာ္ေနရွာ၏။ ေမာင္ဘြားမွာအိမ္သို႔ျပန္ခ်င္ပုံမရေခ်။

” အေမရယ္…ကေလးလည္းမဟုတ္ေတာ့ဘူး… ဘာလို႔မစားမအိပ္ဘဲေနေနရတာလဲ….ေအမကသိပၡကၱာဘဲဗ္ာ….”

” အေမစားမွာေပါ့သားရဲ႕…အေမကသားနဲ႔ထမင္းလက္ဆုံစားခ်င္လို႔ ေစာင့္ေနတာေလ…”

” ဟူး…စိတၸ္ကၱယၺ္ာ…”

ေမာင္ဘြားကထိုသို႔ေျပာၿပီး ေအာက္ထပ္သို႔ျပန္ဆင္းသြား၏။ မိခင္ကိုစိတ္ဆိုးေနသျဖင့္ ထိုစကားမွ်သာေျပာၿပီး တစ္ေနကုန္မိခင္ႀကီးကိုစကားမေျပာေတာ့ေခ်။ ေနေကာင္းလား ဘာညာလည္းမေမးေခ်။ ေဒၚခမ္းႏြံမွာအားအင္ခ်ည့္နဲ႔ေနေသာ္လည္း စိတ္ကေဆာင္သျဖင့္ အိပ္ယာထဲမွထၿပီး သားငယ္ႀကိဳက္တတ္သည့္ဟင္းလ်ာမ်ားကို ကိုယ္တိုင္ခ်က္ျပဳတ္ေပးရွာသည္။ မၾကည့္ရက္ေသာမိေအးက

” ဟယ္…ဖြားရယ္ေနလို႔မေကာင္းဘဲနဲ႔မ်ား ဘာလို႔မီးဖိုထဲဝင္ၿပီး ခ်က္ျပဳတ္ေနရသလဲေအ…မေတာ္လို႔ ဖြားဆီပူေတြမီးေတြေလာင္ရင္ ဘယ္ႏွယ့္လုပ္မလဲေအ…”

” ဪမိေအးရယ္…ဖြားေနေကာင္းပါတယ္…သားငယ္ေလးကဖြားကိုစိတ္ဆိုးၿပီးစကားမေျပာဘူးေလ…ဒီေတာ့ဖြားကသားငယ္ႀကိဳက္တတ္တဲ့ဟင္းလ်ာေတြခ်က္ၿပီး ျပန္ေခ်ာ့မလို႔ကြဲ႕…”

” ဪဖြားရယ္…ေမတၱာတရားနက္ရႈိင္းလွခ်ည္လား…အဟင့္….”

မိေအးကေဒၚခမ္းႏြံ၏စကားေၾကာင့္ ရင္ထဲဝမ္းနည္းသြားၿပီး ငိုခ်လိုက္မိ၏။

တစ္ေန႔ေသာ္႐ြာရွိလူမ်ား၏ လူႀကဳံပါးလိုက္ေသာစကားေၾကာင့္ ရပ္ေဝးမွအိမ္ေထာင္ရက္သားက်ေနေသာ သမီးမ်ားအားလုံးျပန္ေရာက္လာ၏။ ေဒၚခမ္းႏြံမွာ အိပ္ယာထက္တြင္ထိုင္ၿပီး သားသမီးမ်ားကိုၾကည့္ကာ မိန႔္မိန႔္ႀကီးၿပဳံး၍ေန၏။ အမွာပါးလိုက္ေသာစကားမ်ားတြင္ ေဒၚခမ္းႏြံသည္အိပ္ယာထက္မွ လုံးဝမထႏိူင္ဆိုထားသည္။ ယခုမူကား ေဒၚခမ္းႏြံသည္ အိပ္ယာထက္၌ထိုင္သျဖင့္ သူတို႔သည္ စိတ္ဆိုးမာန္ဆိုးျဖစ္သြားၿပီး

” အေမလး…ဘယ္ေသခ်င္းဆိုးႀကီးကငါတို႔ကိုညာၿပီးေခၚလိုက္ၾကတာလဲေအ…အေမ့က်န္းမာေရးကေဒါင္ေဒါင္ျမည္ေနတဲ့ဟာကို ငါတို႔ကိုလိမ္ၿပီးေခၚၾကတယ္…တကယ္ထင္လို႔မအားတဲ့ၾကားထဲက လာေနရတာ ခုေတာ့အခ်ိန္ျဖဳန္းသလိုျဖစ္ေနပါေပါ့လားဟဲ့…”

” ဟုတ္ပါ့ဟယ္…အခ်ိန္ကုန္ေငြကုန္႐ုံဘဲအဖတ္တင္ပါ့…”

” မမတို႔ကလည္းဟယ္…ခုအေမဒီလိုညာေခၚခိုင္းတာတျခားကိစၥေၾကာင့္ဟုတ္မယ္မထင္ဘူး…”

” ဘယ္လိုလဲေအ အငယၼ…ညည္းစကားက…”

” ဟိုေလ….အေမြခြဲေပးမဲ့ကိစၥျဖစ္မွာေပါ့….”

အငယ္မ၏စကားေၾကာင့္က်န္ႏွစ္ေယာက္လည္း မ်က္ႏွာဝင္းခနဲျဖစ္သြားၾက၏။ ေဒၚခမ္းႏြံကား သားသမီးမ်ားကိုၾကည့္ၿပီး ဘာမွမေျပာဘဲၿပဳံး၍သာၾကည့္ေန၏။ ၿပီးေနာက္တိုးညႇင္းေသာ ေလသံသဲ့သဲ့ျဖင့္

” သမီးတို႔ေရာက္လာၾကၿပီလား….ေမာင္ႏွမေတြမစုံၾကေသးဘူး…အကုန္လုံးေခၚလိုက္ပါ အေမေျပာစရာရွိတယ္…”

ဟုေျပာလိုက္၏။ ထိုအခါသမီးသုံးေယာက္သည္ သူတို႔ထင္တာ မွန္ေနၿပီဟူေသာမ်က္ႏွာေပးျဖင့္

” ဟဲ့အငယၼ…ေဘးအိမ္ကမႀကီးကိုသြားေခၚေခ်…အျမန္လာခဲ့လို႔….ၿပီးေတာ့ေမာင္ငယ္ေလးကိုလည္းေခၚခဲ့…ဒီကိစၥကအလြယ္လုပ္လို႔္မရဘူး…ခုရႈပ္မွေနာင္ရွင္းေအာင္ အသိသက္ေသအျဖစ္ ႐ြာသူ႐ြာသားေတြပါေခၚရမယ္…”

ဟုေျပာၿပီး သူကိုယ္တိုင္႐ြာထဲသြားကာ ႐ြာသူ႐ြာသားမ်ားပါေခၚလိုက္၏။ ညီမငယၠ ေဘးအိမ္မွအႀကီးဆုံးအစ္မကိုသြားေခၚလိုက္၏။

” မႀကီး…မႀကီးေရ…ေအမ့အိမႅာခဲ့တဲ့…”

” မလာႏိူင္ပါဘူးဟယ္…အၿမဲငါတို႔မိသားစုကိုပစ္ပယ္ထားတဲ့အေမက ခုမသက္သာခါမွလာေခၚရတယ္လို႔အံ့ပါ့..”

” မဟုတ္ဘူးမႀကီးရဲ႕…အေမခုေခၚခိုင္းတာက အေမြခြဲေပးမလို႔ဟဲ့…အဲဒါမလတ္ကေခၚခိုင္းလို႔…”

” ဘာ…အေမြခြဲေပးမယ္ဟုတ္လား…ေအးေလ..ေခၚေတာ့လည္းသြားရတာေပါ့…”

အေမြဟူေသာစကားေၾကာင့္ ေဒၚမိုးေ႐ႊ၏မ်က္ႏွာဝင္းခနဲျဖစ္သြားၿပီး တသက္လုံးေခ်မခ်ရန္ ဆုံးျဖတ္ထားေသာအေမျဖစ္သူ၏အိမ္သို႔သြားရန္ ဆုံးျဖတ္လိုက္၏။

ေဒၚခမ္းႏြံ၏ေနအိမ္သည္သားသမီးမ်ားႏွင့္ ႐ြာသူ႐ြာသားမ်ားျဖင့္ စုံလင္စည္ကားေန၏။ သားသမီးမ္ားက မိမိတို႔ရမည့္အေမြအတြက္စိတ္ကူးျဖင့္ေပ်ာ္ေနၾကသကဲ့သို႔ ႐ြာသူ႐ြာသားမ်ားကလည္း ေဒၚခမ္းႏြံ၏ ဆုံးျဖတ္ခ်က္ကိုစိတ္ဝင္တစား ေစာင့္ေမွ်ာ္ေနၾက၏။ လူစုံတက္စုံရွိေနၿပီျဖစ္သျဖင့္ ေဒၚခမ္းႏြံသည္ ေဝဒနာကိုၿမိဳသိပ္ၿပီး

” ကဲသားတို႔သမီးတို႔…အေမ့ေရွ႕ကိုတိုးလာခဲ့ၾကကြဲ႕…”

ေဒၚခမ္းႏြံကထိုသို႔ေျပာလိုက္ရာ သားသမီးငါးေယာက္သည္ သူ႔ထက္ငါအရင္ဦးေအာင္ မိခင္ေရွ႕သို႔တိုးသြားၾက၏။

” အေမေျပာေတာေသခ်ာနားေထာင္ၾကကြဲ႕…အေမခုေျပာမဲ့စကားဟာ သားသမီးတို႔အတြက္ေသခ်ာစဥ္းစားရမဲ့စကားျဖစ္တယ္…အေမဒီေတာင္ကိုမေက်ာ္ႏိူင္ေတာ့ဘူးကြဲ႕…”

” ဟာေအမရာ…အေမြကိစၥအျမန္ေျပာပါဗ်ာ…အားလုံးၿပီးမွတျခားကိစၥေျပာလို႔ရေနတာ…”

သားသမီးမ်ားသည္မိခင္၏ဆႏၵထက္သူတို႔၏ေလာဘကိုသာ ပို၍စိတ္ဝင္စားၾက၏။ ႐ြာသူ႐ြာသားမ်ားကား တိတ္ဆိတ္စြာနားေထာင္ေန၏။

” အင္းပါအေမေျပာပါ့မယ္…ေအမဟာ မနက္ထြက္မဲ့ေနကိုမျမင္ႏိူင္ေတာ့ဘူးကြဲ႕…ဒီေတာ့အေမ့နာေရးကို ဘယ္သားသမီးက တာဝန္ယူေပးမလဲလို႔သိခ်င္လို႔ပါ…”

” ဟင္…”

” ဟာ…”

” ဟာ…ဘာမ်ားလဲလို႔အေမရာ…အေမေသသြားရင္အေမ့နာေရးကို မႀကီးတို႔မလတ္တို႔မငယ္တို႔ တာဝန္ယူေပးမွာေပါ့ သူတို႔ကစီးပြားေရးေတာင့္တင္းေနတာကို…”

ဆိုၿပီးအငယ္မကထေျပာေလရာ အႀကီးမသုံးေယာက္က မ်က္စိမ်က္ႏွာပ်က္သြားၾက၏။ ေမာင္ဘြားကဘာတစ္ခုမွဝင္မေျပာေခ်။ အႀကီးဆုံးသမီးက

” ဟဲ့…နင္စကားေျပာတာၾကည့္ေျပာေနာ္အငယ္မ…ငါ့မိသားစုေတာင္အႏိူင္ႏိူင္ဥစၥာ…ဘယ္ႏွယ့္အသုဘကိစၥတာဝန္ယူႏိူင္မွာလဲ…”

ဟုေျပာ၏။ ႐ြာသူ႐ြာသားမ်ားကား အႀကီးမ၏စကားေၾကာင့္ အံ့ဩသြားၾကကုန္၏။
ထို႔ေနာက္အလတ္မက

” ငါလည္းတာဝန္မယူႏိူင္ဘူးေနာ္…ခုတေလာအေရာင္းအဝယ္ကေကာင္းတာမဟုတ္ဘူး….”

” ေအးေလ…ငါလည္းတာဝန္မယူႏိုင္ဘူးေနာ္…ငါ့မွာလည္းအေႂကြးေတြပတ္လည္ဝိုင္းေနတာဟဲ့…”

သမီးသုံးေယာက္၏စကားေၾကာင့္ေဒၚခမ္းႏြံသည္ စိတ္ထဲေအာင့္သက္သက္ျဖစ္သြား၏။ ေလးေယာက္ေျမာက္အငယ္မက

” ရတယ္ေလ…မႀကီးတို႔သုံးေယာက္တာဝန္မယူလည္းရတယ္…ေအမ…အေမြခြဲေပးရင္ေတာ့ အေမ့နာေရးကိုသမီးအစအဆုံးတာဝန္ယူေပးမယ္ေလ…ေနာ္အေမ…သမီးကိုေတာ့ပိုပိုေလး ခြဲေပးေပါ့…”

သမီးငယ္၏စကားေၾကာင့္ ေဒၚခမ္းႏြံသည္အနည္းငယ္ျပင္ထိုင္လိုက္ၿပီး

” အို! သားတို႔သမီးတို႔…အေမ့မွာအေမြခြဲေပးစရာဆိုလို႔ အေမပိုင္တဲ့အရာသုံးခုဘဲရွိတယ္…ယူၾကမလား…”

” ဟာ…ယူမွာေပါ့အေမရဲ႕…ယူခ်င္လြန္းလို႔လာၾကတာသိသားနဲ႔…”

ဟုေျပာကုန္၏။ ေဒၚခမ္းႏြံလည္း

” အေမပိုင္တဲ့ အရာသုံးခုက အိုျခင္း၊နာျခင္း၊ေသျခင္းဘဲကြဲ႕….သားသမီးတို႔ယူၾကမလား…”

” ဟင္…မယူပါဘူးအေမကလည္း…အဲဒါႀကီးဘယ္သူကလိုခ်င္မွာတုံး…အေမကခြဲေပးစရာရွိတာခြဲေပးလိုက္တာမဟုတ္ဘူး…အေမ့ၾကည့္ရတာလဲၾကာၾကာခံမဲ့ပုံလည္းမေပၚဘူး…”

” ဟုတ္ပါ့…”

” ေအးေလ…”

ေဒၚခမ္းႏြံက သူမပိုင္ဆိုင္ေသာအရာသုံးခုအားေပးလိုက္ရာ ဘယ္သားသမီးမွမလိုခ်င္ၾကသည့္အျပင္ သူမကိုပါအေမြျမန္ျမန္ခြဲေဝေပးေစလိုသည့္သေဘာရွိၾက၏။ ႐ြာသူ႐ြာသားတို႔ကား ေဒၚခမ္းႏြံ၏ သားသမီးမ္ား မိခင္အိုႀကီးအေပၚထားသည့္စိတ္ဓာတ္ကိုသိလိုက္ရသျဖင့္ အံ့ဩၾကကုန္၏။ ေဒၚခမ္းႏြံသည္ သားသမီးတို႔၏ သူမအေပၚထားေသာစိတ္ဓာတ္ကိုသိလိုက္ရသျဖင့္

” ဟူး…….”

ဟူေသာသက္ျပင္းေမာတစ္ခုကိုခ်လိုက္၏။ ထိုစဥ္ျပင္းစြာေသာေဝဒနာတစ္ရပ္ကို ခံစားလိုက္ရၿပီး သားသမီးတို႔ကိုတစ္ခ်က္ၾကည့္ကာ ေနာက္ဆုံး၌သားသမီးတို႔၏ေရွ႕ေမွာက္၌ပင္ ေသဆုံးသြားေတာ့၏။

” လုပ္ပါဦးအေမေသသြားၿပီဟဲ့…ႏိူးၾကဦး အေမြကိစၥမၿပီးေသးဘူး…”

” ေအမ…ေအမထပါဦး…”

” ေအမ…ေအေမရ…အေမြကိစၥမၿပီးေသးဘူးေလ…”

ေဒၚခမ္းႏြံ၏သားသမီးငါးေယာက္သည္ မိခင္ႀကီးဆုံးသြားသည္ကိုပင္ ဝမ္းနည္းပုံမရဘဲ အေမြကိစၥမၿပီးေသးဘဲ ဆုံးသြားသည့္အတြက္ဝမ္းနည္းေနၾကဟန္ရွိသည္။

” ဘယ္လိုသားသမီးေတြလဲ…မိခင္ႀကီးတစ္ေယာက္လုံးဆုံးသြားတာေတာင္ အေမြကိစၥေျပာေနၾကတုံး…မင္းတို႔ကဘယ္လိုသားသမီးေတြလဲ…ဖယ္ၾက…”

ဆိုၿပီး႐ြာသားတစ္ေယာက္က သူတို႔ေမာင္ႏွမငါးေယာက္ကိုတြန္းဖယ္လိုက္ၿပီး ေဒၚခမ္းႏြံ၏သက္မဲ့ေနေသာခႏၶာကိုယ္ကိုေပြ႕ခ်ီကာ ဘုရားေက်ာင္းေဆာင္ေရွ႕ေမွာက္၌ ညင္သာစြာခ်ေပးလိုက္၏။ ႐ြာသူ႐ြာသားတို႔မွာ ေဒၚခမ္းႏြံအတြက္ မ်ားစြာဝမ္းနည္းပူေဆြးၾက၏။ ထိုအထဲတြင္ ေဒၚခမ္းႏြံကိုျပဳစုခဲ့ဖူးေသာ မိေအးကအဆိုးဆုံးျဖစ္၏။ ေဒၚခမ္းႏြံ၏ သားသမီးအေပၚထားေသာ နက္ရႈိင္းသည့္ေမတၱာတရားကို သူမပင္အသိဆုံးမဟုတ္ပါလား။

ဤသို႔ျဖင့္႐ြာသူ႐ြာသားမ်ားစုၿပီး သားသမီးရွိရက္ႏွင့္ ေသပန္းမပြင့္ေလသူေဒၚခမ္းႏြံအတြက္ အသုဘပြဲကိုခမ္းနားစြာက်င္းပေပးလိုက္၏။ သားသမီးငါးေယာက္ကား မိခင္ျဖစ္သူ၏အသုဘပင္ရက္မလည္ေသး အေမြလုေနၾကၿပီျဖစ္၏။ ႐ြာသူ႐ြာသားတို႔ကား ထိုေမာင္ႏွမငါးေယာက္၏ စိတၶာတၠိဳ မအံ့ဩဘဲမေနႏိုင္ေတာ့ေခ်။

ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္သည္အဓိ႒ာန္ကိစၥေၾကာင့္ ေ႐ႊေခ်ာင္႐ြာသို႔ေရာက္လာခဲ့ၾက၏။ ႐ြာ၏သဘာဝေပၚေတာ္မူဘုရားတြင္ အဓိ႒ာန္ဝင္ေနၾကစဥ္ အဖြားအိုတစ္ေယာက္၏ ဝိဉာဥ္သည္ ေမာင္ေရခဲ၏အာ႐ုံထဲသို႔ေရာက္လာခဲ့၏။

” ဘာကိစၥရွိလို႔လဲအဖြား…”

” အဖြားအကူအညီေတာင္းစရာရွိလို႔ပါဆရာေလး…”

” ေျပာေလအဖြား…အဖြားရဲ႕ဆႏၵကိုကြၽန္ေတာ္အဆုံးထိကူညီေပးမယ္…”

” သာဓုပါကြယ္…မနက္ျဖန္ဟာအဖြားေသတာ ခုႏွစ္ရက္ေျမာက္တဲ့ရက္လည္ေန႔ပါသား…အဲဒါေၾကာင့္ မနက္ျဖန္မွာအဖြားရဲ႕မၿပီးျပတ္ေသးတဲ့ကိစၥကို အၿပီးလုပ္ခ်င္လို႔သားကူညီေပးပါလား…”

” ရတယ္ေလအဖြား…ကြၽန္ေတာ္ဘယ္ကိုလာခဲ့ရမလဲ…”

” ႐ြာလယ္မွာရွိတဲ့အဖြားအိမ္ကိုလာခဲ့ပါသား…ဆက္ဆက္လာခဲ့ေနာ္…အဖြားေစာင့္ေနမယ္…”

” ဟုတ္အဖြား…”

အဖြားအိုသည္ထိုသို႔ေျပာၿပီး ေမာင္ေရခဲ၏အာ႐ုံထဲမွေဝဝါးေပ်ာက္ကြယ္သြား၏။

ေဒၚခမ္းႏြံ၏ေနအိမ္၌ လူစည္ကားေန၏။ အေၾကာင္းမွာယေန႔သည္ေဒၚခမ္းႏြံ၏ရက္လည္ေန႔ျဖစ္သည့္အျပင္ က်န္ရစ္ခဲ့ေသာ ေဒၚခမ္းႏြံ၏သားသမီးမ်ားက မိခင္၏အေမြကိုခြဲေဝၾကမည္ ျဖစ္ေသာေၾကာင့္တည္း။ သားသမီးငါးေယာက္လုံး၏မ်က္ႏွာတြင္ကား မိခင္အတြက္ဝမ္းနည္းသည့္အရိပ္အေယာင္တစ္ခုမွမေပၚ။ ေဒၚခမ္းႏြံ၏ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းကိုသာ မ်က္ေစာင္းခဲေနၾက၏။ ထိုအခ်ိန္လမ္းမထက္မွေခြးတစ္စုသည္ ေဒၚခမ္းႏြံ၏အိမ္ဘက္သို႔ ထိုးေဟာင္ေနၾက၏။

” အူးဝူး…ဝူး….ဝူး….”

” ဝုတ္…ဝုတ္…ဝုတ္….”

ထိုစဥ္ ရက္လည္ဆြမ္းအတြက္ျပင္ဆင္ေနေသာ မိေအးသည္ဆတ္ခနဲျဖစ္သြားၿပီး

” ဟဲ့…သားတို႔သမီးတို႔ အေမ့နားလာၾကကြဲ႕.. ”

” ဟင္မိေအး…သတိထားဦးေလ…မိေအး…”

” မိေအးဘာျဖစ္တာလဲဟဲ့…”

” မသိဘူးၾက…ၾကည့္ရတာေဒၚခမ္းႏြံဝင္ပူးတဲ့ပုံဘဲ…”

” ေဟ…ဒုကၡေတာ့ေရာက္ၿပီ…ဖယ္ၾကေဟ့..သူ႔သားသမီးေတြကိုစိတ္မခ်လို႔ေနမယ္…”

႐ြာသူ႐ြာသားတို႔ကထိုသို႔ေျပာၿပီး လမ္းဖယ္ေပးလိုက္ၾက၏။ မိေအးလည္းထဘီစကိုကိုင္လိုက္ၿပီး အိမ္အေပၚထပ္သို႔တက္သြား၏။

” သားတို႔သမီးတို႔လာၾကေလ…ဘာရပ္လုပ္ေနၾကတာလဲ…”

မိေအးကိုၾကည့္ၿပီး ေမာင္ႏွမငါးေယာက္လုံးေၾကာင္အမ္းအမ္းျဖစ္သြား၏။

” သားသမီးတို႔ကိုၾကည့္ရတာ အေမြေတြသိပ္ၿပီးလိုခ်င္ေနၾကတဲ့ပုံဘဲ…အေမေသတာေတာင္ ခုႏွစ္ရက္မျပည့္ေသးဘူး အေမပိုင္တဲ့ပစၥည္းေတြကို စရင္းဇယားေတြနဲ႔ေတာင္လုပ္ထားၿပီးၾကၿပီဘဲ…”

မိေအးကထိုသို႔ေျပာလိုက္ရာ သားသမီးငါးေယာက္စလုံးက ဘာမွျပန္မေျပာဘဲေခါင္းကိုငုံ႔ထားၾက၏။ ထိုစဥ္ေမာင္ေရခဲတို႔ ဆရာတပည့္လည္း ေဒၚခမ္းႏြံ၏အိမ္ထဲသို႔ ဝင္လာခဲ့ၾက၏။

” ဧည့္သည္ေတြေရာက္ေနပါလား…ဒီဖက္ႂကြပါဗ်…”

႐ြာသားတစ္ေယာက္က ေမာင္ေရခဲတို႔ကိုျမင္လွ်င္ ဧည့္ဝတ္ျပဳၿပီးေနရာထိုင္ခင္းေပး၏။ ေမာင္ေရခဲက

” ရပါယၺ္ာ ကြၽန္ေတာ္တို႔အတြက္ဒုကၡမခံပါနဲ႔…ကြၽန္ေတာ္တို႔ကဒီအိမ္ရဲ႕အဖြားေခၚထားလို႔လာၾကတာပါ…”

” ဟင္…”

ေမာင္ေရခဲ၏စကားေၾကာင့္ ထို႐ြာသားဟင္ခနဲျဖစ္သြား၏။ ေမာင္ေရခဲတို႔ဆရာတပည့္လည္း ဘာမွမေျပာေတာ့ဘဲအေပၚထပ္သို႔္တက္သြား၏။

” လာဆရာေလးတို႔…လာၾက…”

မိေအးကေမာင္ေရခဲတို႔ကိုျမင္လွ်င္ ထိုသို႔ေျပာလိုက္၏။ ေမာင္ႏွမငါးေယာက္ကား ဘာမွနားမလည္ႏိူင္ေအာင္ျဖစ္ေနၾက၏။ ေမာင္ေရခဲတို႔က ဘုရားဝတ္ျပဳၿပီး တစ္ေနရာ၌ထိုင္လိုက္ၾက၏။ ေဒၚခမ္းႏြံဝင္ပူးေနေသာ မိေအးက

” သားငယ္ေလး…ေမာင္ဘြား…အေမ့ကိုစိတ္ဆိုးေနတုန္းလားကြဲ႕…အေမ့ကိုစိတ္မဆိုးပါနဲ႔ေတာ့ကြယ္…အေမသားကိုလြမ္းလို႔ေရာဂါေဝဒနာေတာင္ျဖစ္တယ္…ဒါေပမဲ့ သားကအေမဘာျဖစ္ေနလဲေတာင္ တစ္ခြန္းမွမေမးခဲ့တာ အေမသိပ္ဝမ္းနည္းတယ္သားရယ္…အဟင့္”

မိေအးကထိုသို႔ေျပာၿပီး ဝမ္းနည္းစြာငိုေန၏။ ေမာင္ဘြားကားယခုမွမိခင္ကို သနားသလိုျဖစ္သြား၏။ မိေအးကဆက္ၿပီး

” ေအမက အေမ့သားသမီးငါးေယာက္စလုံးကိုတန္းတူခ်စ္ပါတယ္ကြယ္…သမီးႀကီးကိုလည္းအေမခ်စ္တယ္…က်န္တဲ့သမီးေတြကိုလည္းအေမခ်စ္တယ္…ဒါေပမဲ့သမီးတို႔အျမင္မွာေတာ့ အေမဟာသားငယ္ေလးကိုဘဲကိုခ်စ္တယ္ပိုဂ႐ုစိုက္တယ္ေပါ့…သားသမီးတို႔ကိုသိေစခ်င္တာက မိဘဆိုတာ ကိုယ့္ရင္၌ျဖစ္တဲ့ဘယ္သားသမီးကိုမဆို ထပ္တူညီမွ်ခ်စ္ၾကတာကြဲ႕…အေမဟာသမီးေတြကိုစိတ္ပူသလို သားငယ္ေလးကိုလည္းစိတ္ပူတယ္…သမီးတို႔မွာတစ္ခုခုျဖစ္ရင္ စိတ္ပူေပးမဲ့မိသားစုေတြရွိေပမဲ့ သားငယ္ေလးမွာ စိတ္ပူေပးမဲ့အေမဘဲရွိတာေလကြယ္…”

” သမီးတို႔ အေမ့ေမတၱာကို ေစာ္ကားသလိုလုပ္ခဲ့မိတယ္အေမရယ္…သမီးမိုက္တို႔ကိုခြင့္လြတ္ေပးပါ…အဟင့္….”

” သားေတာင္းပန္ပါတယ္အေမရယ္….အေမ့အေပၚသားဆိုးမိုက္ခဲ့မိတယ္…သားကိုခြင့္လႊတ္ပါဗ်ာ…”

” သမီးေတာင္းပန္ပါတယ္အေမရယ္…သမီးအေပၚထားတဲ့အေမ့ရဲ႕ ေမတၱာထုကိုသမီးမထီမဲ့ျမင္ျပဳခဲ့မိတယ္…အေမနဲ႔အနီးကပ္ဆုံးမွာရွိေနရက္နဲ႔ အေမ့ကိုမျပဳစုခဲ့မိတဲ့အတြက္ သမီးေနာင္တရေနၿပီအေမရယ္…အဟင့္….”

ေဒၚခမ္းႏြံတို႔သားအမိ၏အျဖစ္အပ်က္ကိုၾကည့္ၿပီး ႐ြာသူ႐ြာသားမ်ားလည္း မ်က္ရည္စက္လက္ျဖစ္ၾကရကုန္၏။ ၾလန္ၾသားမြေနာင္တရၾကေသာ သားဆိုးသမီးဆိုးတို႔၏ေနာင္တကား ျပန္ျပင္၍မရႏိူင္ေတာ့ေခ်။

မိေအးအျဖစ္တလဲေဒၚခမ္းႏြံက

” ေအမ သားတို႔သမီးတို႔ကိုအျပစ္မယူပါဘူးကြယ္…အေမဟာသားသမီးတို႔ကို ေမြးလာကတည္းက ဘာေမွ်ာ္လင့္ခ်က္မွမထားဘဲ ေကြၽးေမြးလာခဲ့တာပါ…အေမ့ရဲ႕ေမတၱာကို သားသမီးတို႔သိသြားၾကတဲ့အတြက္ အေမေသေပ်ာ္ပါၿပီကြယ္…အေမ့ရဲ႕ပိုင္ဆိုင္တဲ့ပစၥည္းေတြကိုအညီအမွ်ခြဲေဝယူၾကကြဲ႕…စည္းစည္းလုံးလုံးေနၾက…အေမဟာအေမ့သားသမီးအားလုံးကို တန္းတူဘဲေမတၱာေပးတယ္ကြဲ႕…မငိုၾကနဲ႔ေတာ့… တိတ္ၾကတိတ္ၾက….”

” အေမရယ္…သမီးတို႔ဆီျပန္လာေပးပါ…သမီးတို႔အမွားအတြက္ျပန္လည္ျပင္ဆင္ခ်င္လို႔ပါ…အဟင့္…. ”

ေမာင္ႏွမငါးေယာက္စလုံးမိခင္ႀကီး၏ေမတၱာကို ခံစားတတ္ၾကၿပီးေနာက္ မိခင္ႀကီးအားျပန္လာေပးရန္ေတာင္းဆိုၾက၏။ သို႔ေသာ္ မိခင္ႀကီးကားသူတို႔ထံ ဘယ္ေသာအခါမွျပန္မလာႏိုင္ေတာ့ေခ်။ ေဒၚခမ္းႏြံသည္ ေမာင္ေရခဲ ဘက္သို႔လွည့္ၿပီး

” ဆရာေလး…အဖြားရဲ႕အိပ္ယာကုတင္ေအာက္က အဝတ္ေသတၱာထဲမွာ ကတၱီပါဗူးေလးနဲ႔ထည့္ထားတဲ့ စိန္နားကပ္တစ္ရံရွိတယ္…အဲဒါေလးယူၿပီး ဆရာေလးတို႔ရဲ႕ဂႏၶာရီခရီးမွာ ဘုရားတည္ခြင့္ႀကဳံတဲ့အခါ ႒ာပနာထဲထည့္ေပးပါေနာ္…”

” ဟုတၥိတၡ္ပါအျဖား… ”

” ေအးကြယ္.. ေက်းဇူးပါဆရာေလးတို႔…အဖြားလည္းသားသမီးေတြအတြက္စိတ္ေအးရၿပီမို႔ ဆရာေတာ္ဘုရားတို႔ ေရစက္ခ်အမွ်ေဝရင္ သာဓုေခၚေတာ့မယ္ကြဲ႕…”

ဟုေျပာၿပီးမိေအး၏ခႏၶာထဲမွထြက္သြားေလ၏။ ေဒၚခမ္းႏြံထြက္သြားေလရာ မိေအးမွာေဘးသို႔လဲက်သြား၏။

” ေအမ…ေအေမရ.. ဟီး….ျပန္လာပါအေမရဲ႕…”

” ေအမ.. အီးဟီးဟီး…”

ေဒၚခမ္းႏြံထြက္သြားၿပီး ေမာင္ႏွမငါးေယာက္လုံး ငိုခ်င္းခ်ေလ၏။

” ခုမွငိုေနၾကလည္းဘာမွမထူးေတာ့ဘူးအစ္ကိုတို႔အစ္မတို႔… မိဘဆိုတာအသက္ရွိတုန္း ျပဳစုရတာ….ေသသြားမွငိုေနလည္း ျပန္မလာႏိူင္ေတာ့ဘူး…အေမဆိုတာသားသမီးေတြကို ကိုယ္ဝန္ေဆာင္ထဲက ေသမင္းႏွင့္တစ္ေန႔သုံးခါစစ္ခင္းရသတဲ့…ေမြးျပန္ေတာ့လည္း သားသမီးရဲ႕အသက္ကို သူ႔အသက္နဲ႔လဲထားရတာ….ဒီလိုဘဲဖခင္ဆိုတာလည္း သားသမီးေတြအတြက္နဖူးကေခြၽးေျခမထက္ က်ေအာင္ရွာေဖြေကြၽးေမြးရတာ….မိဘရဲ႕ေက်းဇူးတရား၊ေမတၱာတရားဟာ အင္မတန္ျမင့္မားပါတယ္ဆိုတဲ့ ျမင့္မိုရ္ေတာင္ႀကီးေတာင္မွ မိဘေမတၱာနဲ႔ယွဥ္လိုက္ရင္ ဘာမွမေျပာပေလာက္ဘူးတဲ့ …”

” ကြၽန္ေတာ္တို႔ မြားၾသားတယၺ္ာ…ကြၽန္ေတာ္တို႔ေမာင္ႏွမေတြအေပၚထားတဲ့ ေမတၱာ တရားကိုျမင္ေအာင္မၾကည့္တတ္ခဲ့ဘူးဗ်ာ…အဟီးဟီး…. ”

ေမာင္ဘြားကထိုသို႔ေျပာၿပီး ငိုခ်လိုက္ျပန္၏။ ယခုသူတို႔္၏အျဖစ္သည္ကား ေကာင္းကင္ေပၚမွ လမင္းႀကီးကို ေဟာင္ေနေသာေျမေခြးပမာပင္။ ျပန္မလာႏိူင္ေတာ့သည့္ မိခင္ႀကီးကို တမ္းတၿပီးငိုေႂကြးေနၾကကုန္၏။ ထိုစဥ္ပင့္ဖိတ္ထားေသာ ဆရာေတာ္ငါးပါးႂကြလာၿပီး ေသလြန္ေလသူ ေဒၚခမ္းႏြံအတြက္ ရက္လည္ဆြမ္းဘုဥ္းေပးၿပီး အကြၽတ္တရားေဟာကာ ေရစက္ခ်အမွ်ေဝေပးလိုက္၏။ ေဒၚခမ္းႏြံကား သားသမီးငါးေယာက္၏ၾကားထဲတြင္ ထိုင္ကာ ဆရာေတာ္ေဟာၾကားေသာတရားေတာ္ကို႐ိုေသစြာနာၾကားေန၏။ အားလုံးကေရစက္ခ်အမွ်ေဝေသာအခါ ေဒၚခမ္းႏြံသည္ လႈိက္လဲစြာသာဓုေခၚၿပီး သားသမီးမ်ားကိုေနာက္ဆုံးအေနျဖင့္ၾကည့္ကာ အခိုးအေငြ႕မ်ားအျဖစ္ တျဖည္းျဖည္း ေဝဝါးေပ်ာက္ကြယ္သြားေလ၏။ ထိုအ်ဖစၠိဳကား ေမာင္ေရခဲမွတပါး တျခားသူတို႔မျမင္ႏိူင္ေတာ့သတည္း။…….။

( အားေပးဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္ပါသည္။ ကိုယ္စိတ္ႏွလုံး က်န္းမာၾကပါေစေသာဝ္)

# ၿပီး
# ခြန္း