“မောင်ရေခဲ နှင့် ပီယဆေးလိပ်”(စ/ဆုံး)
================================
ပညာရေးကောလိပ်သင်တန်းကျောင်းဆင်း ဆရာပေါက်စလေး မျိူးမောင်သည် မိမိဝါသနာပါသည့် စာသင်ပြခြင်းအလုပ်ကို လုပ်ရတော့မည်ဖြစ်သဖြင့် အူမြူးနေရှာသည်။ မြို့သားတစ်ယောက်ဖြစ်သော်လည်း သူ့စိတ်ဝယ်ကားဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသည့် အရပ်ဒေသများသို့သွားကာ ပညာပို့ချချင်သည်။ ကျေးလက်နေကလေးသူငယ်များ၏ အနာဂတ်ကိုလှပအောင် သူဖန်တီးပေးချင်သည်။ ယခုမူကားသူ၏အလိုဆန္ဒများ ပြည့်ဝပေတော့မည်။ အထက်မှ တာဝန်ချပေးသော နယ်မြို့လေးတစ်မြို့ရှိ အရာရာဖွံ့ဖြိုးမှုနောက်ကျသော ကျေးရွာကလေးတွင် သူတာဝန်ထမ်းဆောင်ရပေတော့မည်။ မိဘနှစ်ပါးကိုနှုတ်ဆက်ပြီး ပကာသနကင်းမဲ့စွာဖြင့် လိုအပ်သောကျောင်းဝတ်စုံသုံးစုံနှင့် လဲလှယ်ဖို့ရာ အဝတ်ငါးစုံကိုထည့်ပြီး တာဝန်ကျရာနေရာသို့ လေးရက်ဆက်တိုက်ခရီးဆက်ခဲ့လေသည်။
ရှမ်းပြည့်နယ်ထဲတွင်ပါဝင်သော ကျေးလက်ရွာလေးတစ်ရွာကိုသူရောက်လာခဲ့သည်။ ဖုံထောင်းထောင်းထသည့် လမ်းမထက်သူလျှောက်လာရင်း သူ့ကိုလာကြိုမည့်သူများကိုစောင့်မျှော်နေသည်။ သူဤရွာတွင်ယနေ့ရောက်လာမည့်အကြောင်းကို ကျေးရွာလူကြီးအား စာဖြင့်အကြောင်းကြားထားပြီးသားဖြစ်သည်။ သူတွေးရင်းလျှောက်လာစဉ် နွားနှင်သံအချို့ကိုကြားရသည်။
” ဟေ့ငနီဆွဲကွာ…ဆရာလေးရောက်လာပြီလားမသိဘူးကွ…”
နွားလှည်းပေါ်မှလူက သူ၏နွားနှစ်ကောင်ကိုနှင်ရင်း ထိုသို့ပြောသဖြင့် ဆရာလေးမျိုးမောင်ဝမ်းသာသွားသည်။
” ခုမှဘဲရောက်လာကြတော့တယ်ထင်…”
သူတစ်ယောက်ထဲတွေးနေရင်းလမ်းဘေးတွင်ရပ်ကာ စောင့်နေလိုက်သည်။
” ကျွီ….အီ…”
နွားလှည်းက သူ့ရှေ့ရောက်သော်အရှိန်သတ်ပြီးရပ်လိုက်သည်။ နွားလှည်းပေါ်မှပါလာသော လူက
” ဒီကညီလေးက တို့ရွာကိုစာလာသင်ပေးမဲ့ဆရာလေးလားဗျ…”
” ဟုတ်ပါတယ်ဗျာ…ကျွန်တော်ကဒီရွာမှာတာဝန်ကျလာတဲ့သူပါ…”
” ဟာ…ဆရာလေးကကျုပ်ကိုပြန်စောင့်နေရတော့အားနာလိုက်တာဗျာ…လာလာဆရာလေး လှည်းပေါ်တက်လှည့် ရွာကလူတွေဆရာလေးကိုစောင့်နေကြတယ်ဗျို့….”
ထိုလူကလှည်းပေါ်မှဆင်းလာပြီး ဆရာလေးမျိုးမောင်၏ ခရီးဆောင်အိတ်ကိုလာယူပေးသည်။ ဆရာလေးမျိုးမောင်လည်း လှည်းပေါ်တက်သွားပြီး ထိုလူကလှည်းကိုရွာဖက်သို့ဦးတည်မောင်းနှင်လာသည်။ မညီမညာလှည်းလမ်းမကြီးကြောင့် မြို့သားဖြစ်သော သူ့အဖို့လှည်းစီးရသည်မှာ ဖင်အောင့်လှသည်။ ဖုန်လုံးတထောင်းထောင်းထနေသည့် လှည်းလမ်းမကြီးအတိုင်းမောင်းဝင်ရာ ရွာထဲသို့ရောက်ချလာသည်။ သူတို့ရောက်လာသည်နှင့် ပကာသနနှင့်ဟန်ဆောင်ခြင်း ကင်းလှသည့် ကျေးရွာသူရွာသားများက အိုးစည်ဗုံမောင်းတီးကာ သူ့အားကြိုဆိုကြသဖြင့် သူ့ရင်ထဲအလွန်ကြည်နူးမိသွားသည်။
” ပေထုံ….ပေထုံ…ရှန်း…ရှန်း….”
” ဟေး….ဆရာလေးရောက်လာပြီဟေ့…ပစ္စည်းတွေကူသယ်ပေးလိုက်ကြ…”
အိုးစည်ဗုံမောင်းသံနှင့်အတူ ခေါင်းပေါင်းပေါင်းထားသော ဦးကြီးတစ်ယောက်၏ အသံကြောင့် သူ့စိတ်ထဲတစ်ခါမှမခံစားဖူးသော ဝမ်းသာမှုများကို ခံစားလိုက်ရသည်။ ရွာသူရွာသားများအားလုံးနီးပါး သူ့အားလာကြိုကြသည်လားမသိ။ ရွာထိပ်၌ပွဲလမ်းသဘင်ကဲ့သို့လူစည်ကားလှ၏။ သူတို့၏မျက်နှာ၌လည်း ဝမ်းသာသောအပြုံးကိုယ်စီဆင်ထားကြ၏။
” ဒီတစ်ခါတို့ရွာကိုလာတဲ့ဆရာလေးက ငယ်ငယ်ရွယ်ရွယ်လေးတော့…”
” အဲဒါပြောတာပေါ့…ကြည့်ပါဦးနုဖတ်နေတာ…တပတ်တောင်ခံပါ့မလားမသိ…”
” ဟာ…ညည်းတို့ကလည်းဆရာလေးကြားသွားလို့ ပြန်ပြေးနေဦးမယ်ဟဲ့…တိုးတိုးပြောကြပါ…”
သူ့အားလာကြိုသောလူထဲမှ မိန်းမကြီးတစ်စု၏ စကားကိုသူကြားဖြစ်အောင် ကြားလိုက်ရသောကြောင့် သူ့ရင်ထဲတစ်မျိုးကြီးဖြစ်သွားသည်။
” လာဟေ့…ဆရာလေးကိုကျုပ်အိမ်လိုက်ပို့ကြ…အနောက်ကနေအိုးစည်ဝိုင်းလိုက်ဟေ့…လာဆရာလေး…ဦးကြီးတို့ရွာကနေကြိုဆိုပါတယ်ဗျာ…လာလာ…အိမ်ကိုသွားရအောင်…”
ခေါင်းပေါင်းပတ်ထားသောဦးကြီးက ခေါ်သဖြင့် သူလည်းလိုက်ခဲ့ရသည်။ သူ့အနောက်မှကား ကျေးရွာသူရွာသားများက အိုးစည်ဝိုင်းနဲ့အတူ လိုက်ပါလာကြသည်။ ကလေးငယ်များကလည်း သူ့အားမျက်လုံးအဝိုင်းသားဖြင့် လိုက်ကြည့်ကြသည်။ ရွာထဲအတော်လျှောက်လာသော နှစ်ထပ်ပျဉ်ထောင်အိမ်ရှေ့သို့ရောက်လာပြီး ခေါင်းပေါင်းပတ်ထားသောလူကြီးက လက်ကာပြပြီး
” အိုးစည်တီးတာတွေရပ်တော့ဟေ့…လာဆရာလေးဒါကျုပ်အိမ်ဘဲ…”
ဆိုကာ အိမ်ရှေ့ကွပ်ပျစ်ပေါ်၌အနားယူခိုင်း၏။ ကျေးရွာအစားအသောက်များ လာချပေး၏။ သူ့အနားမှလည်း ရွာသူရွာသားများ၊ကလေးငယ်များ ဝိုင်းနေကြသဖြင့် သူမနေတတ်ဖြစ်သွား၏။ သူ့ခရီးဆောင်အိတ်ကိုယူလာပေးသော လူက
” ဆရာလေးရဲ့ခရီးဆောင်အိတ်ပါ…”
” ဪဟုတ်ကျေးဇူးပါနော်…ဒီနားထားပေးပါဗျ…”
” ဆရာလေး ကျုက်တို့ရွာကိုရောက်လာပြီဆိုတော့ အေးဆေးအနားယူဗျာ…ကျုပ်တို့တွေတစ်ရွာလုံး ဆရာလေးလာမယ်ဆိုတာနဲ့ ပျော်ကြလွန်းလို့ အလုပ်တွေပစ်ပြီး ဆရာလေးကို မျှော်နေကြတာလေ…”
” အာ…ကျွန်တော့်ကြောင့် အလုပ်ကိုင်ပျက်ရပြီအားနာလိုက်တာဗျာ…”
” အားနာစရာမလိုဘူးဆရာလေးရေ…ကျုပ်တို့တစ်ရွာလုံးကဖြင့် ဆရာလေးရောက်လာတော့ အရမ်းပျော်သွားကြတာ ဆရာလေးတွေ့တဲ့အတိုင်းဘဲဗျို့…”
” ဒါနဲ့ကျွန်တော်တစ်ခုမေးပါရစေဗျ…ကျွန်တော်လာတာနဲ့ဘာလို့အရမ်းပျော်သွားကြရတာလဲဗျ….”
” ဟာ…မပျော်ဘဲဘယ်လိုနေရမှာလဲဗျ…ကျုပ်တို့ရွာစာသင်ကျောင်းပိတ်ထားရတာကြာပြီလေဗျ…ဒီကိုတာဝန္က်တဲ့ဆရာဆရာမတွေလည်း ရောက်လာပြီးတစ်ပတ်တောင်မခံဘူးပြန်ပြေးကြလို့ ကျုပ်တို့ကလေးတွေ စာမသင်ရတော့ဘူးဗျ…”
” ဟင်…”
ထိုလူကြီး၏ စကားကြောင့် သူလန့်သွားသည်။ ရောက်လာသည့်ကျောင်းဆရာဆရာမတိုင်း တပတ်တောင်မခံပြန်ပြေးကြသည်တဲ့။ ဘာအကြောင်းကြောင့်ပါလိမ့်…။
ဆရာလေးမျိုးမောင်တစ်ယောက်တည်းတွေးနေမိခြင်းသာ။
” ဆရာလေးတော့ ပြန်မပြေးလောက်ပါဘူးနော်…”
ထိုလူကြီး၏အမေးကြောင့် ဆရာမျိုးမောင် လန့်သွားသည်။
” ဟို…အဲ…ကျွန်တော်ပြန်မပြေးပါဘူးဗျ…ကျွန်တော်ဒီကိုလာတာကလေးတွေကိုစာပြပေးဖို့လေ…ပြန်ပြေးဖို့မှမဟုတ်တာဗျ…”
” ကျုပ်စိုးရိမ်လို့်ပါဆရာလေးရေ…ဘာလို့ဆို ကျုပ်တို့ရွာကဆရာလေးတို့မြို့မှာလိုမဟုတ်ဘူးဗျ…အရာရာဖွံ့ဖြိုးမှုနောက်ကျလို့ ကျုပ်ကဆရာလေး မနေနိုင်မှာ စိုးလို့ပါ…”
” မဟုတ္တာဗ်ာ….ကျွန်တော်နေနိုင်ပါတယ်ဗျ….ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုနေရာမျိုးကို ရောက်ချင်နေတာဗျ….”
” ဒီလိုဆိုတော့လည်း ဝမ်းသာစရာပေါ့ဆရာလေးရေ…”
အပြန်အလှန်ပြောဆိုကြရင်း တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ကာ ထိုလူကြီးက ညစာကျွေးမွေးဧည့်ခံ၏။ ရွာသူရွာသားများကလည်း သူ့အိမ်ထမင်းလာစား၊ငါ့အိမ်ထမင်းလာစားဟု အလုအယက်ဖိတ်ခေါ်ကြ၏။ ဆရာလေးမျိုးမောင်ကား ရွာလူကြီးကျွေးသော ညစာကြောင့် ဗိုက်ပြည့်အင့်နေပေပြီ။
” ဒါဆိုကျွန်တော်တို့ မနက်ဖြန်လောက်ဆို စာသင်ကျောင်းလေးပြန်ဖွင့်နိုင်တော့မယ်ဗျ…”
” ဟာ…ဝမ်းသာလိုက်တာဆရာလေးရယ်…ကျုပ်တို့ဖြင့်ကျောင်းဖွင့်ချင်နေတာကြာလှပြီ..ကလေးတွေစာမသင်ရတာကြာပြီလေ…”
” ဒါနဲ့ စာသင်ကျောင်းမှာလိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေရှိမှရှိပါ့မလား…”
” ရှိသင့်သလောက်တော့ရှိတယ်ဆရာလေး….မနက်ကျရင် ကျုပ်တို့တွေဆရာလေးကို ကျောင်းကိုလိုက်ပို့ပေးမယ်…ပြီးတော့ဆရာလေးနေရမဲ့ဝန်ထမ်းအိမ်ယာလေးလည်း လိုက်ပြပေးမယ်…ဒီညတော့ကျုပ်အိမ်မှာဘဲ အနားယူပါ…..”
ခေါင်းပေါင်းအမြဲပတ်ထားသော ရွာလူကြီးဦးပေါလုက သူ့အားဧည့်ဝတ်ကျေပွန်စွာလိုလေးမရှိဧည့်ခံ၏။ ညနေ၆နာရီလောက်မှ ရွာသူရွာသားများက သူ့အိမ်ကိုယ့်အိမ်ကိုယ်စီပြန်ကြသဖြင့် ဆရာလေးလည်းနေသာထိုင်သာရှိသွားတော့သည်။ လမ်းခရီးမှဖုန်မှုန့်များ အလိမ်းလိမ်းကပ်နေသောကြောင့် သူ့တကိုယ်လုံးလည်းချွေးစော်နံကာ ပေစုတ်နေ၏။ သို့ကြောင့်ရေချိူးသည့်နေရာအား မေးကာရေအမြန်ချိုးလိုက်သည်။ အမြန်မချိုးလို့ကမဖြစ်။ တောကရေသည်မြို့၌ရှိသောရေနှင့်မတူ ရေခဲရေတမျှအေးစက်လှ၏။ ကျေးရွာလူကြီး၏အိမ်ကားရွာလူကြီးတို့လင်မယားမှလွဲ၍ မည်သူမှမရှိချေ။ သားသမီးမ်ားမွာ အိမ်ထောင်ကိုယ်စီနှင့်ဖြစ်ကုန်ပြီဟုပြောသည်။
မနက်ရောက်သော် ရွာလူကြီးဧည့်ခံကျွေးမွေးသောမနက်စာကိုစားပြီး စာသင်ကျောင်းရှိရာသို့သွားသည်။ ရွာလယ်ရှိစာသင်ကျောင်းလေးကား သန့်ရှင်းသပ်ရပ်နေသည်။ လေးတန်းအထိသာရှိသောမူလကျောင်းလေးဖြစ်ပြီး တစ်ထပ်တိုက်ဖြစ်ကာအစိမ်းနုရောင်ဆေးသုတ်ထားသည်။ စာသင်ခုံများကား အကျိုးအပဲ့ခပ်များများသာ။ ကျောင်း၌လိုအပ်သောသင်ထောက်ကူပစ္စည်းများက သိပ်ပြီးအလုံအလောက်မရှိသဖြင့် သူအထက်သို့တင်ပြရပေဦးမည်။ ထိုနေ့ကားကျေးရွာအတွင်းရှိကျောင်းသူကျောင်းသားများကို စုပြီးရွာကျောင်းကလေးကို စတင်ဖွင့်လှစ်လိုက်သည်။ ကျောင်းသူကျောင်းသားစုစုပေါင်း ၃၀ ယောက်သာရှိသည်။ ကျောင်းစိမ်းဝတ်စုံကယောက်တိုင်းစေ့ပင်မရှိချေ။ ဖုန်အလိမ်းလိမ်းကပ်နေသောအဝတ်နှင့် ကျောင်းသို့လာကြသည်။ လက်သည်းခြေသည်းတို့မှာလည်း ရှည်ပြီးအညစ်အကြေးများပြည့်နေသည်။ ဆံပင်များကလည်း အုန်းဆီနှင့်ဝေးကွာသဖြင့် အဖုတ်လိုက်ဖြစ်နေသည်။
ကျောင်းစဖွင့်သည့် သည်နေ့တွင်ကားကျောင်းဆရာလေးမျိုးမောင်တစ်ယောက် ကလေးများနဲ့အပြန်အလှန်မိတ်ဆက်ပေးရင်း တကိုယ်ရေသန့်ရှင်းရေးကိုဦးဆောင်လုပ်ပေးသည်။ ဆံပင်များကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖီးသင်ပေးသည်။ ကျောင်းဝတ်စုံအလုံအလောက်ရအောင် သူကပင်အိတ်ထုတ်စိုက်ပြီး မှာပေးလိုက်သည်။ ကျောင်းစဖွင့်သည့်ပထမနေ့တွင်ကား စာတစ်လုံးမှမသင်ရသေးဘဲ သန့်ရှင်းရေးလုပ်ပေးရင်းနှင့်ပင် တရက်တာအချိန်ကုန်သွားတော့သည်။
ညနေကျောင်းဆင်းသော်သူက ရွာမှဆောက်ထားပေးသောဝန်ထမ်းအိမ်ယာတွင်နေသည်။ ကျောင်းနဲ့လည်းနီးသည်။ ဝန်ထမ်းအိမ်ယာ၏နောက်ဘေးတွင်ကား ချောင်းရေတသွင်သွင်စီးသည့် ချောင်းလေးတစ်ခုရှိသည်။ အစားအေသာက္က ရွာထဲရှိအိမ်များက တစ်ယောက်တလှည့်စီတာဝန်ယူပို့ပေးသည်။ ထိုရွာလေးတွင် သုံးလေးလခန့်နေလာသော် ရွာရှိလူများနဲ့ခင်မင်သွားသည်။ ကျောင်းဖွင့်သည့်နေ့ရက်များတွင်ကား ကျေးရွာစာသင်ကျောင်းလေး၌ စာအံသံများအဆက်မပြတ်ထွက်ပေါ်လာသည်။
ထိုရွာတွင်အနေကြာလာသော်ဆရာလေးမျိုးမောင်က ရွာထဲရှိမိန်းမပျိုဖြစ်သော သင်းလှနဲ့ခင်မင်ရင်းနှီးသွားသည်။ သင်းလှက ရွာသူပီပီကိုယ်လုံးကိုယ်ပေါက်ကြီးပြီး စကားပြောအလွန်ပွင့်လင်းသည်။ အိုးချင်းထားအိုးချင်းထိဆိုသလို ဆရာလေးနဲ့အနေနီးသော သင်းလှက ဆရာလေးမျိုးမောင်အားတဖက်သတ်ကြိတ်ကြွေနေသည်။ ဒါကိုမျိုးမောင်ကသိသော်လည်း မသိချင်ယောင်ဆောင်နေသဖြင့် သင်းလှကစိတ်ယားလာသည်။ သူကမိန်းကလေးဖြစ်နေသဖြင့် ဖွင့်ပြောဖို့ကလည်း မလွယ်။
ဆရာလေးမျိုးမောင်၏စာအသင်အပြကောင်းမှု၊စည်းကမ်းတင်းကြပ်မှုတုိ့ကြောင့် ကျေးရွာစာသင်ကျောင်းလေးမှာ သန့်ရှင်းသပ်ရပ်ကာ ကလေးများလည်းသင်သမျှလိုက်ပြီးကျက်မှတ်ကြသည်။ စာသင်ကျောင်းတစ်ခုလုံးမှ ဆရာတစ်ယောက်သာရှိသဖြင့် ပင်ပန်းလှသော်လည်း ဆရာလေးမျိုးမောင်က ညည်းညူခြင်းမရှိဘဲ အနာဂတ်ပန်းလေးများကို အလှဆုံးဖြစ်အောင် ပျိုးထောင်နေသည်။ စာသင်ခြင်းအလုပ်ကိုသာစိတ်ဝင်စားသော မျိုးမောင်ကိုကြည့်ပြီး သင်းလှတစ်ယောက် စိတ်မတင်မကျဖြစ်နေသည်။
” ဟွန့်…ဒင်းကငါဒီလောက်အရိပ်ပြနေတာတောင် အကောင်မမြင်ဘူး….ဒီလိုဆိုတော့လည်းငါက အကောင်မြင်အောင်ပြရတာပေါ့ဟဲ့…”
သင်းလှတစ်ယောက်ထဲတွေးပြီးတစ်ခုခုကြံစည်နေ၏။ သင်းလှကဆရာလေးညနေကျောင်းဆင်းချိန်ရောက်တိုင်း သူကဆရာလေး၏အိမ်ရှေ့အမြဲစောင့်နေတတ်သည်။ ထမင်းဟင်းများအသင့်ခူးခပ်ထားပေးတတ်သည်။ အဖြူအစိမ်းဝတ်စုံနှင့်လွယ်အိတ်လေးတစ်လုံးကို အမြဲလွယ်တတ်သော ဆရာလေးမျိုးမောင်က သူ့အတွက်နတ်သားတစ်ပါးပမာ။ ညနေရောက်တိုင်း ဆရာလေး၏မျက်နှာကို မြင်ရမှနေသာထိုင်သာရှိသည်။ ဒါကိုဆရာလေးမျိုးမောင်ကမသိ။ ဆရာလေးမျိုးမောင်ကသူ့အား ဖွင့်ပြောမိအချိန်ကို သူရင်မောစွာစောင့်စားနေမိသော်လည်း အခြေအနေကမပြလာ။ သို့ကြောင့်သူမကပင်အခြေအနေတစ်ခုကို ဖန်တီးပစ်လိုက်သည်။
သင်းလှကဆရာလေးအိမ်မှပြန်လာပြီး အိမ်နောက်ဖေးရှိဖက်ရွက်လှလှသုံးရွက်ကိုခူးကာ အခြောက်လုပ်သည်။ ပြီးသော် ဆေးစာကိုကြိတ်ကာဆေးရွက်ကြီးထဲထည့်ပြီးဆေးလိပ်လိပ်သည်။ ထိုအဖြစ်ကိုမြင်သော သင်းလှ၏မိခင်က
” ဟဲ့….ညည်းဘာလုပ်မယ်ဆိုတာငါသိတယ်နော်မိသင်းလှ….”
” အိုတော်အမေကလည်း…သိရင်တိတ်တိတ်နေပါအေ…သူများတွေသိသွားမယ်…”
” ဟဲ့…တိတ်တိတ်မနေနိုင်ပါဘူး…ညည်းကဒီဆေးလိပ်နဲ့ ဘယ်သူ့ကိုလုပ်မယ်ဆိုတာငါသိနေတယ်…ဒီဆရာလေးကိုတော့အလွတ်ပေးလိုက်ပါအေ…သူ့ခမျာတို့ရွာအတွက်အပင်ပန်းခံပြီးအကျိုးဆောင်နေရှာပါတယ်…”
” သူကရွာအတွက်ဘဲအကျိုးဆောင်ပြီး သမီးအတွက်အကျိုးမှမဆောင်တာအမေရဲ့…ဒီတော့ ကျုပ်ကအကျိုးဆောင်အောင်လုပ်ပေးရတာပေါ့…”
” ဟဲ့ညည်းကိုသူက စိတ်မဝင်စားလို့နေမှာပေါ့အေ့….”
” စိတ်မဝင်စားလို့မရဘူးအမေ…သမီးသူ့ကိုလိုချင်တယ်….သမီးကိုစိတ်ဝင်စားအောင်လုပ်ရမယ်…”
” ငါကညည်းကို ဒီပညာတွေသင်ပေးမိတာ မှားပြီထင်တယ်အေ…”
” အိုတော်မမှားပါဘူးအမေကလည်း…မြို့သားကြီးကိုသမက်တော်ရမှာနော်အမေ….အဟီး…”
ဆိုကာသင်းလှက ဖက်ကြမ်းသုံးလိပ်ကိုယူပြီး အိမ်ထဲဝင်သွားသည်။ ပြီးသော် တပလ္လင်ခွေချိတ်ထိုင်ပြီး ဖက်ကြမ်းသုံးလိပ်အား ရှေ့ရှိနတ်စင်ပေါ်တင်ကာ
” ဥုံ အထက်သိကြား အောက်နဂါး ေဩာင်းဗုဒ္ဓရက္ခိတ ကြိမ်သို့နှလုံး ကြိုးသို့ထုံး သွားဟုံ သြားဟ ”
ဟုဂါထာမန်းမုတ်လိုက်သည်။(လိုက်မစမ်းသပ်နဲ့နော် 😁)
မနက်ရောက်သော်ထိုဆေးလိပ်အားယူပြီး ကျောင်းဆရာလေး၏အိမ်သို့ လာခဲ့သည်။ ပိတ်ရက်ဖြစ်သောကြောင့်ဆရာလေးမှာ အိမ်နောက်ဖေးရှိ ချောင်းထဲ၌အဝတ်လျှော်ရေချိုးနေသည်။ သင်းလှလည်း အနောက်ဘက်ချောင်းရှိရာသို့လာပြီး ဆရာလေးရေချိုးနေသည်ကို ကြည့်နေ၏။ ဒါကိုရေထဲ၌ရှိသောဆရာလေးက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
” သင်းလှ… သွားပြီးအိမ်ရှေ့မှာစောင့်နေလေ…ဘာလို့ယောကျာ်းလေးရေချိုးတာလာကြည့်နေရတာလဲ…”
” ဟာဆရာလေးကလည်း….သင်းလှကဆရာလေးရေချိုးတာကို မြင်ဖူးချင်လို့လာကြည့်တာလေ ဘာလို့အိမ်ရှေ့သွားစောင့်ရမှာလဲ….”
” ဟာ…ဒီကလေးမတော့ပြောရတာ လက်ပေါက်ကပ်လိုက်တာ… ဘယ်မိန်းကလေးက ယောကျာ်းလေးရေချိုးတာကြည့်ဖူးလို့လဲ…”
” သင်းလှကြည့်ဖူးတယ်လေ…ဟီးဟီး…ခုကြည့်နေတာဆရာလေးမတွေ့ဘူးလား…”
” ဟာ….သင်းလှငါရှက်လာပြီနော်…””
.
” ဆရာလေးကလည်း ယောကျာ်းဖြစ်ပြီး ဒီလောက်တောင်ရှက်ရသလား…ဒီမှာသင်းလှကဆရာလေးအတွက် ဖက်ကြမ်းဆေးလိပ်ယူလာတယ်…”
” အသာလုပ်ပါကလေးမရယ်…ငါဆေးလိပ်မှမသောက်တာ အသိသားနဲ့…ကျွေးချင်မုန့်ဝယ်ကျွေးပါလားလို့…”
” မုန့်ကဝယ်ရတာလွယ်မှမလွယ်တာဆရာလေးရဲ့…ဒီတော့ဆေးလိပ်ယူလာတာပေါ့…””
” ငါမွေဆးလိပ္မေသာက္တတ္တာကို…”
” အေးလေ…ဆရာလေးမှဆေးလိပ်မသောက်တတ်တော့လည်း သင်းလှကိုယ်တိုင်သောက်တာပေါ့…”
သင်းလှယူလာသောပီယဆေးလိပ်ကား ပီယဆေးထိလိုသောသူကိုယ်တိုင်သောက်မှ ဆေးစွမ်းပြ၏။ ပီယေဆးလိပ္ကို ကိုင်ပြီးနမ်းပါက ဆေးလိပ်ပိုင်ရှင်နဲ့မတွေ့ဘဲမနေနိုင်။ သောက်မိပါက အချစ်မပြေနိုင်။ ပေး၍မရပါက ပီယေဆးလိပ္ကို လိပ်သောသူကိုယ်တိုင် ဆေးလိပ်အားမီးညှိပြီး လေညာဘက်တွင်သောက်ရမည်။ ဤတွင်ပီယဆေးလိပ်မှ ထွက်သောဆေးလိပ်မီးခိုးနံ့တို့သည် လေညာဘက်ဆန်တက်ပြီး မိမိအလိုရှိသောသူက ရှုရှိုက်မိမည်။ ထိုဆေးလိပ်နံ့ရှုရှိုက်မိပါက ခေါင်းထဲမူးနောက်လာပြီး ဆေးလိပ်ပိုင်ရှင်ကို အလွန်စွဲလမ်းနေမည်ဖြစ်သည်။ သို့ကြောင့် သင်းလှသည် ချောင်းဘေးလေညာဖက်သို့လှည့်ပြီး ဆေးလိပ်ကိုမီးတို့ကာသောက်လိုက်သည်။
” ဟာ…ဒီကေလးမ မိန်းကလေးတွေဆေးလိပ်မသောက်ရဘူးလေ…”
” သောက်မှာဘဲ ဆရာလေးကိုပေးတာ ဆရာလေးမှမယူဘဲ…ဒီတော့သင်းလှဘဲပြန်သောက်ရမှာပေါ့….”
သင်းလှဟူသောခလေးမက သည်လိုစကားဆိုတော့ ဆရာလေးခမျာ ဘာမှပြန်မပြောနိုင်။ ထိုစဉ်သင်းလှ မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့ကလေညာနှင့်အတူပါလာပြီးချေင်းထဲရှိ ဆရာလေးမျိုးမောင်၏နှာခေါင်းဝသို့ရောက်လာသည်။ ဆရာလေးမျိုးမောင်လည်းလေကိုရှုသွင်းရာဆေးလိပ်ငွေ့ပါပါသွားသည်။ ခဏအကြာသူ၏ဦးခေါင်းထဲမူးနောက်စပြုလာသည်။ သို့ကြောင့်ချောင်းထဲမှထွက်လာကာ ရေစိုအဝတ်ကိုလဲလိုက်သည်။ အခြေအနေကိုစောင့်ကြည့်နေသောသင်းလှက ဆရာလေးမျိုးမောင်ကိုကြည့်ပြီး စိတ်ထဲ၌ကျေနပ်သွားသည်။ ဆေးလိပ်ကိုလည်း မြန်မြန်မှုတ်သောက်လိုက်ပြီး ဆေးလိပ်ငွေ့ကိုလေထဲအမြန်မှုတ်ထုတ်လိုက်သည်။
” ရေချိုးလို့ပြီးပြီလားဆရာလေး…”
” အေးပြီးပြီကွ…ဒီနေ့ရေချိုးတာကြာသွားလို့လားမသိ ခေါင်းထဲမူးမိုက်နေတာဘဲ…”
” ဖြစ်မှာပေါ့ဆရာလေးရဲ့…ရေမဆင်မခြင်ချိုးပစ်တာကို…ဆေးလေးဘာလေးသောက်ထားဦး…ဆရာလေးနေမှမကောင်းဘူးဆိုတော့လည်း သင်းလှပြန်တော့မယ်လေ…ဂရုစိုက်နော်ဆရာလေး….”
” အေးပါ…”
သင်းလှက ဆရာလေးမျိုးမောင်ကိုနူတ်ဆက်ပြီး ခြေလှမ်းကြီးများဖြင့် မိမိအိမ်သို့ပြန်သွား၏။ စိတ်ထဲမှလည်း
” ဒင်းဘာတတ်နိုင်သေးလဲကွယ်…ခုတော့ဒင်းက ငါမှငါဖြစ်တော့မယ် အဟက်…..ယောကျာ်းရတော့မယ်ဟီးဟီး…ပျော်လိုက်တာ…”
သင်းလှတစ်ယောက်ထိုသို့တွေးပြီး ခုန်ဆွခုန်ဆဖြင့် အိမ်သို့ပြန်လာသည်။
ဆရာလေးမျိုးမောင်ကရေချိုးပြီးခေါင်းထဲနောက်ကျိနေသဖြင့် စာဖတ်စားပွဲနားထိုင်ကာစာဖတ်ရန်ကြံသည်။ ဦးကုလားရာဇဝင် စာအုပ်ထူကြီးကိုလှန်ပြီး စိတ်ကိုစုစည်းကာ စာထဲနှစ်ထားလိုက်သည်။ သို့သော်သူ့အတွေးထဲ၌ သင်းလှ၏ရုပ်ပုံလွှာပေါ်လာပြီး သင်းလှကိုတွေ့ချင်စိတ်တို့ ထိန်းမရဖြစ်နေသည်။
” ဒီနေ့ငါဘာဖြစ်နေတာလဲကွ…ဘာလို့ကလေးမကိုအရမ်းတွေ့ချင်နေရတာလဲ…”
ဆရာမျိုးမောင်တစ်ယောက် ဦးခေါင်းကိုခါရမ်းပစ်လိုက်သည်။ သို့သော်သင်းလှ၏ ပုံရိပ်တို့ကပျောက်ကွယ်သွားခြင်း မရှိချေ။ စာဖတ်နေသော်လည်း စာကိုစိတ်မဝင်စားဘဲ သင်းလှဆီသို့သာ သွားချင်နေသည်။ စိတ်ကထိန်းမရဘဲ သင်းလှကိုအလွန်တွေ့ချင်လာသဖြင့် အပြင်ထည်ယူပြီး တခါးပိတ္ကာ သင်းလှ၏အိမ်သို့လိုက်လာခဲ့သည်။ ဆရာလေးမျိုးမောင်တစ်ယောက် ဘာမှမတွေးတော့ဘဲ သင်းလှကိုတွေ့ချင်သည့်စိတ်သာ ကြီးစိုးနေသည်။ အမြန်လျှောက်လာရင်း သင်းလှတို့သားအမိနေထိုင်ရာ အိမ်သို့ရောက်လာသည်။
” အဒေါ်…သင်းလှရှိလားဗျ…”
အိမ်ရှေ့တွင်စိုက်ခင်းပေါင်းသင်နေသော သင်းလှ၏အမေ ဒေါ်ပန်းမွှေးက ဆရာလေးကိုမြင်သော်
” ဟယ်…ဆရာလေး…အဒေါ်တို့အိမ်ကိုအလည်လာတာလား…ကြွပါရှင့်ကြွပါ…သင်းလှအထဲမှာရှိနေတယ်…. ”
” ဟုတ်အဒေါ်…ကျွန်တော်သင်းလှနဲ့တွေ့ချင်လို့ပါဗျ…”
” ဪအေးအေး…ဝင်သွားကွယ်သမီးလေးအထဲမှာရှိတယ်…”
ဒေါ်ပန်းမွှေးက သင်းလှကိုလာရှာသည့်အကြောင်းရင်းကို သိပြီးဖြစ်သည်။ ဆရာလေးတစ်ယောက် သင်းလှ၏ပီယခပ်ဆေးကြောင့် သင်းလှကိုမတွေ့ရမနေနိုင် အရူးအမူးစွဲလမ်းနေပြီဖြစ်သည်။ ဆရာမျိုးမောင်ကအိမ်ထဲသို့ဝင်လာပြီး
” သင်းလှ…သင်းလှရေ..အိပ်နေတာလားဗျ…”
” ဟင်ဆ…ဆရာလေး…သင်းလှကိုလာရှာတယ်ပေါ့…”
” ငါဘာဖြစ်နေတာလဲမသိဘူးသင်းလှရယ်…ငါမင်းကိုအရမ်းတွေ့ချင်နေလို့…ငါလာခဲ့တာပါ…”
” တကယ်…”
ဆရာလေး၏အဖြေကြောင့် သင်းလှက ချင်လောက်အောင်ပျော်သွားသည်။ သူ့ဆေးအစွမ်းပြနေပြီကိုလည်း သူသိသွားသည်။
” ပျော်လိုက်တာ ဆရာလေးရယ်….ဆရာလေးကသင်းလှကိုလာတွေ့တယ်…”
” ငါ…ငါလည်း ဘာဖြစ်နေမှန်းကိုမသိဘူး…သင်းလှကိုအရမ်းတွေ့ချင်နေလို့…”
သင်းလှကဆရာလေး၏စကားကြောင့်ရှက်သွေးဖျာသွားပြီး ပါးအို့နှစ်ဖက်နီရဲသွားသည်။ ထိုအချိန်မှစ၍ဆရာလေးနှင့်သင်းလှမှာ တပူးပူးတတွဲတွဲလုပ်နေသည်။ အရင်ကစည်းကမ်းတင်းကြပ်ခဲ့သောဆရာမျိုးမောင်တစ်ယောက် စာသင်ချိန်လည်းပုံမှန်မရှိတော့။ အချိန်တိုင်းသင်းလှနဲ့သာအချိန်ကုန်နေသည်။ အမူအယာပျက်နေသောဆရာလေးကို ရွာသူရွာသားများက သတိထားမိလာကြသည်။ ရွာသူရွာသားများကလည်း မိမိတို့ကလေး၏အနာဂတ်အတွက် ဆရာလေးကိုရအောင်ကယ်မှဖြစ်တော့မည်။ တစ်ရွာလုံးကသင်းလှတို့သားအမိအကြောင်းကို သိထားကြသည်။ ယခုဆရာလေးအမူအယာပျက်နေသည်မှာလည်း ထိုသားအိမိ၏ ပယောဂမကင်းဟု တွေးမိကြသည်။ ကလေးများအပေါ်စာအသင်အပြကောင်းပြီး စိတ်ရှည်သောဆရာလေးကို သူတို့မဆုံးရှုံးချင်ကြပေ။ သို့ကြောင့် ရွာလူကြီးဦးပေါလုကိုယ်တိုင် မောင်ရေခဲကိုလာပင့်ကာ ပီယေဆးပြေအောင်ကုသပေးစေသည်။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ရွာလူကြီးဦးပေါလု၏ ခေါ်ရာနောက်သို့လိုက်လာခဲ့သည်။ ရွာလူကြီး၏အိမ်တွင်ကား ရွာသူရွာသားများကဆရာလေးမျိုးမောင်ကို ဝိုင်းဝန်းထိန်းချုပ်ထားသည်။
” လွှတ်…ငါ့ကိုလွှတ်…ငါသင်းလှဆီသွားမယ်….ငါသူ့ကိုအရမ်းတွေ့ချင်နေပြီ…လွှတ်ပေး..”
” စိတ်ထိန်းပါဦးဆရာလေးရာ…ဆရာလေးရဲ့တပည့်လေးတွေကိုသတိရပါဦး…”
” မသိဘူး…ငါသင်းလှကိုတွေ့ချင်တယ်.
သင်းလှကိုခေါ်ပေး…”
” သင်းလှတို့ရွာထဲကနေထွက်ပြေးသွားပြီလေဆရာလေးရဲ့….”
” ညာတယ်…မင်းတို့တွေ ငါ့ကိုညာနေကြတာ…သင်းလှသူ့အိမ်မှာရှိနေတယ်…သွားခေါ်ပေး…”
” မရှိဘူးဆရာလေးရဲ့…သူကသူကြီးရဲ့အစီစဉ်ကိုသိလို့ သားအမိနှစ်ယောက်စလုံးထွက်ပြေးသွားကြပြီ…”
” သင်းလှ…သင်းလှရေ…ငါ့ကိုလည်းလာခေါ်ပါကွာ…သင်းလှ….”
ဆရာလေးမျိုးမောင်တစ်ယောက်အသိစိတ်များလွတ်ကာ သင်းလှကိုတမ်းတမ်းစွဲဖြစ်နေသည်။ မောင်ရေခဲတို့လည်း ရွာလူကြီးဦးပေါလု၏အိမ်သို့ရောက်လာပြီး ဆရာလေးမျိုးမောင်ကိုအပေါ်ထပ်သို့ခေါ်လာခဲ့သည်။ ပြီးသော် ဘုရားရှိခိုးခြင်းအမှုပြုပြီး ရေစင်တော်အား ကျောင်းဆရာမျိုးမောင်ကိုတိုက်လိုက်သည်။
” ကဲ…ညီလေး..ဦးခေါင်းထဲနောက်ကျိနေသေးလား…”
” ဘာမှဖြစ်တော့ဘူးဆရာ…”
” အင်းငါ့ကိုမြင်တော့ ပီယဆေးအစွမ်းကိုဖယ်ထားလိုက်ပြီပေါ့…”
” ကျွန်တော် ဘာဖြစ်တာလဲဆရာ…”
” ညီလေးကခပ်ဆေးမိနေတာ…”
” ဟင်…ကျွန်တော်နားမလည်ဘူးဗျ…”
” ညီလေးနားလည်အောင်ပြောရရင် လူတစ်ယောက်ကို တမ်းတမ်းစွဲဖြစ်စေတဲ့ အစီအရင်တစ်မျိုးပေါ့….”
” ကဲခုနေသာသွားပြီမလား…ခေါင်းထဲပုံရိပ်တွေပေါ်သေးလား….”
” ဘာပုံရိပ်မှမပေါ်တော့ဘူးဆရာ…ဦးခေါင်းထဲနောက်ကျိကျိဖြစ်နေတာလဲမရှိတော့ဘူး…နေရတာပေါ့ပါးသွားပြီ…”
” ဒါဆိုကောင်မလေးရဲ့ပီယဆေးအစွမ်းပြယ်သွားပြီ….သူတို့ကဒီကနေထွက်သွားခဲ့ပေမဲ့ သူ့အစီအရင်တွေပျက်စီးသွားတော့ တကျော့ပြန်လာပြီး လက်စားချေကြဦးမှာ တစ်ရွာလုံးကလူတွေသတိထားကြ..”
” ဟင်…သူတို့ကဘာတွေလည်းဆရာလေး…”
” ပြောရရင်သူတို့က အဆင့်မြင့်တဲ့ပညာသည်တွေပါ…အိမ်တိုင်းစေ့ဒီကိုရေစင်တစ်ဗူးစီယူလာကြ…အန္တာရာယ်ကင်းအစီအရင်တွေလုပ်ပေးခဲ့မယ်….”
မောင်ရေခဲကထိုသို့ပြောလိုက်ရာ ရွာထဲရှိလူများကလည်း မိမိတို့အိမ်မှရေစင်ကိုရေသန့်ဗူးဖြင့်ထည့်လာပြီး မောင်ရေခဲကိုလာအက်ကြသည်။ မောင်ရေခဲလည်း လက်ညိုးဖင့်ရွာပတ်ပတ်လည်စည်းတားလိုက်ပြီး ရေစင်များကို ဥုံခံကာ မန်းမှုတ်ပေးလိုက်သည်။
” ဒီရေစင်တွေကိုသေချာသိမ်းထားပါ….ကြောက်မက်ဖွယ်တစ်ခုခုကြုံတိုင်း ဒီရေစင်နဲ့တောက်လိုက်ပါ…”
” ကျေးဇူးပါဆရာလေးတို့ရယ်..”
” ကဲ…သူကဒီကကျောင်းဆရာညီလေးကို အဓိကထားပြီး ပြန်လာတိုက်မှာ ဒီအတွက်ကြောင့်ဒါလေးကိုအမြဲကိုယ်နဲ့မကွာတောင်ထား ဒီရက်ပိုင်းအထူးသတိထားကြပါ…တစ်ခုခုအကြောင်းထူးရင်ကျုပ်တို့ကို လာခေါ်ပါနော်….”
” ဟုတ်ဆရာလေး…”
မောင်ရေခဲက ရွာသူရွာသားများအတွက် အန္တာရယ်ကင်း ရေစင်များပေးခဲ့ပြီးရွာထဲမှပြန်ထွက်လာခဲ့သည်။ ပြီးသော်ရွာပြင်ကိုလည်း အကာအကွယ်အင်းတချပ်ကိုမြုပ်ထားလိုက်သည်။ ရွာသူရွာသားများကား မိမိတို့ရွာအပေါ် ကျရောက်လာမည့်ဘေးက်ိုတွေးကာ ကြောက်လန့်နေကြတော့သည်။ ကျောင်းဆရာမျိုးမောင်လည်း မောင်ရေခဲပေးခဲ့သော ငွေအင်းပြားပါသည့်လက်ဖွဲ့ကို ကိုယ်နဲ့မကွာအမြဲဆောင်ထားလေသည်။…..။
(စိတ်ကူးမျှသာဖြစ်သည်။ နောက်အပိုင်းမှာ ရွာအပေါ်ကျလာတဲ့အစီအရင်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး…)
# ပြီး
# ခွန်း