“မောင်ရေခဲ နှင့် ရွှေခေါင်းတလားကြီး”(စ/ဆုံး)

“မောင်ရေခဲ နှင့် ရွှေခေါင်းတလားကြီး”(စ/ဆုံး)
===============================

           ပဲခူးရိုးမတောင်ခြေရှိ ရွာလေးတစ်ရွာတွင် မိဘများမရှိတော့သည့် မိုးမှောင်နဲ့ဖိုးဆောင်ဟူသော  ညီအစ်ကိုနှစ်ယောင်ရှိသည်။ ထိုညီအစ်ကိုနှစ်ယောက်သည် ဆင်းရဲသော်လည်း အသောက်အစားကင်းပြီး သမာအာဇီဝက်က် လုပ်ကိုင်စားသောက်နေကြသူများဖြစ်သည်။ သူတို့ညီအစ်ကိုနှစ်ယောက်သည် ရိုးမတောထဲဝင်ပြီး ထင်းခုတ်ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုကြရသည်။ နေ့စဉ်နေ့တိုင်း ဖိုးဆောင်တို့ညီအစ်ကိုနှစ်ယောက်သည် ထမင်းကြမ်းထုပ်နှင့်ထင်းခုတ်ဓားမကြီးကိုယ်စီယူကာ ရိုးမတောထဲသို့လာနေကျ ဖြစ်သည်။
ကာလကြာလာသည်နှင့်အမျှရိုးမတောထဲရှိ ထင်းများမှာနည်းစပြုလာသည်။ သို့ကြောင့် ညီအစ်ကိုနှစ်ယောက်သည် ရိုးမတောနက်ထဲအထိဝင်ပြီး ထင်းရှာလာကြသည်။ တောထဲသို့ ဝင်လာပြီးတောနက်ပိုင်းထဲရောက်မှန်းမသိရောက်လာခဲ့ကြသည်။ သူတို့ရောက်သောနေကာသည်ကား တောင်တစ်လုံးရှိပြီး ထိုတောင်ခြေတွင် ကျောက်သားဂူတစ်လုံးရှိနေသည်။ ဖိုးဆောင်တို့ညီအစ်ကိုလည်းသတ္တိနည်းသူများ မဟုတ်ကြသဖြင့် ထင်းခုတ်ဓားမကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သတိကြီးစွာထားကာ ဂူထဲသို့ဝင်လာခဲ့ကြ၏။

” ဂီး…..ဂီး…..ဂစ်….”

” ဖလပ်….ဖလပ်…ဖလပ်….”

ညီအစ်ကိုနှစ်ယောက်ဂူထဲဝင်လာကြစဉ် ဂူခေါင်မိုးထက်မှ တွဲလောင်းခိုနေသော လင်းနို့ကြီးများက တဂီးဂီးအော်သံပြုပြီး ဂူခေါင်မိုးအနှံ့သို့ ထပျံကုန်ကြသည်။ လင်းနို့အုပ်ကြီးက တဂီးဂီးဖြင့် အသံပြုပြီး ခဏအကြာဂူအတွင်းပိုင်းဂူခေါင်မိုးထက် တွဲလောင်းခိုသွားကြ၏။ ဂူထဲ၌လင်းနို့ချီးနှံ့များ နံဟောင်နေသည်။ မိုးမှောင်က ဟိုဟိုသည်သည် ကြည့်ရင်း

” ဒီဂူထဲ ဘာကောင်တွေရှိမယ်ထင်လဲအစ်ကို…..”

” ငါလည်းမပြောတတ်ဘူးညီလေး…..လူ့နေရပ်နဲ့ဝေးတဲ့နေရာဆိုတော့ တောကောင်ကြီးတွေ ဝင်ရောက်ခိုအောင်းနိုင်တယ်… သတိတော့ထား….”

” ဟုတ်အစ်ကို….”

ညီအစ်ကိုနှစ်ယောက်သတိပေးကြရင်းဂူထဲသို့ သတိကြီးစွာထားကာ ဆက်ဝင်လာခဲ့သည်။ ဂူအတွင်းပိုင်းတွင်ကား အလင်းရောင်အားနည်းနေသည်။ အလျားရှည်သော ဂူအတွင်းပိုင်းထဲသို့လမ်းလေးအတိုင်းဝင်လာရာ ဂူတွင်းတစ်နေရာ ကျောက်သလွန်ထက်၌ ပြောင်လက်နေသော ရွှေခေါင်းတလားကြီး တစ်လုံးကိုတွေ့လိုက်ရသည်။ ထိုရွှေခေါင်းတလားကို ရှေးခေတ်လက်ရာ ကနုတ်ပန်းများထွင်းထုထားသည်။ ထို့အပြင် ထိုရွှေခေါင်းတလားပေါ်တွင် ထိုက်သလောက် လက်တစ်ဖက်ဖြင့်ယူပါ ဟူသော စာတမ်းကြီးကိုလည်း ရေးထိုးထားသည်။

       ညီအစ်ကိုနှစ်ယောက်က ထိုရွှေခေါင်းတလားကြီးကိုကြည့်ပြီး အံ့ဩမှင်သက်ကုန်သည်။

” ရွှေခေါင်းတလားကြီးတလုံးပါလားညီလေး….ပြီးတော့ ရွှေခေါင်းတလားပေါ်မှာလည်း ထိုက်သလောက် လက်တစ်ဖက်နှင့်ယူပါ ဆိုတဲ့စာတမ်းထိုးထားသေးတယ်….ဒီခေါင်းတလားထဲဘာရှိလို့ပါလိမ့်…”

” ဒီရွှေခေါင်းတလားကြီးက ဘာကိစ္စဒီဂူထဲရောက်နေရတာ….”

” ခေါင်းတလားပေါ်ရေးထားတဲ့စာတမ်းအရဆို ဒီခေါင်းတလားထဲမှာ ရတနာတွေရှိနိုင်လောက်တယ်ညီ…လာသွားကြည့်ကြည့်ရအောင်….”

” ဖြစ်ပါ့မလားအစ်ကိုရာ….အခေါင်းတလားကြီးဆိုတော့ လူသေဘဲရှိမှာပေါ့…ဘယ်သူက ခေါင်းတလားထဲ ရတနာထည့်မှာလဲ….”

” တစ်ခုခုရှိမှ ခေါင်းတလားပေါ် အဲဒီစာတမ်းထိုးထားမှာပေါ့ကွ…ငါကတော့သိချင်စိတ်တွေထိန်းမရတော့ဘူး…ငါသွားကြည့်ကြည့်ရမယ်…”

ညီအစ်ကိုနှစ်ယောက်ထဲမှ အကြီးဖြစ်သူကိုဖိုးဆောင်မှာ ရွှေခေါင်းတလားထဲ ရှိမည့်အရာကို သိချင်နေသဖြင့် ခေါင်းတလားတင်ထားရာ ကျောက်သလွန်ထက်သို့ကုပ်တက်လိုက်သည်။ ခေါင်းတလားကြီး၏ အဖုံးမှာလည်း တဝက်ကျော်အထိ ဖွင့်ထားလေသည်။ ဖိုးဆောင်သည် ကျောက်သလွန်ထက်သို့ရောက်သော် အဖုံးဖွင့်ထားသော ခေါင်းတလားထဲသို့ ငုံ့ကြည့်လိုက်သည်။

” ဟာ….ရတနာတွေပါလား….ညီလေးရေဒီခေါင်းတလားထဲမှာ အလောင်းမရှိဘူး…ရတနာတွေကခေါင်းတလားတဝက်ထိရှိနေတာဟ….”

ဖိုးဆောင်က ရွှေခေါင်းတလားထဲရှိ ရတနာမ်ားစြာကို လိုချင်သောရမ္မက်ဖြစ်လာသည်။
အောက်မှရှိနေသော အငယ်ကောင်မိုးမှောင်လည်း ရတနာဟူသောအသံကြားသည်နဲ့ ကျောက်သလွန်ရှိရာသို့ အမြန်ပြေးလာသည်။

” ရတနာတွေဟုတ်လားအစ်ကို….”

” ဟုတ်တယ်ညီလေးရေ…တို့ဘဝမှာတစ်ခါမှမမြင်ခဲ့ဖူးတဲ့ရတနာတွေဘဲ…”

ဖိုးဆောင်သည်ညီဖြစ်သူ မိုးမှောင်သလွန်ထက်မရောက်ခင်မှာပင် သူသည်ခေါင်းတလားထဲရှိရတနာများစွာကို လက်နှစ်ဖက်ဖြင့် ကြုံးယူလိုက်သည်။ သူ့အနေဖြင့် ထိုရွှေခေါင်းတလားပေါ်မှ ရေးထိုးထားသော စာတမ်းကို မေ့နေခြင်းဖြစ်လေသည်။ သို့သော် သူ၏ကံကြမ္မာကိုကား သူကိုယ်တိုင်မရိပ်မိခဲ့ချေ။

” ကျွီ…ဝုန်း….”

” အား…….”

” ဂီး…ဖလပ်…ဖလပ်…ဖလပ်…”

ဖိုးဆောင်တစ်ယောက် ရွှေခေါင်းတလားထဲရှိ ရတနာမ်ားကို လက်နှစ်ဖက်ဖြင့်ကြုံးယူစဉ် မထင်မှတ်စွာခေါင်းတလားကြီးက ဝုန်းခနဲပိတ်သွားလေရာ ဖိုးဆောင်၏လက်နှစ်ဖက်စလုံးတံတောင်ဆစ်မှ တိခနဲပြတ်သွားပြီး သွေးတို့အလုအရက် ပန်းထွက်လာကြသည်။ တချိန်တည်းမှာပင်ဖိုးဆောင်၏ နာကျင်စွာအော်သည့်အသံများ ဂူထဲသို့ပဲ့တင်ထပ်သွားလေတော့သည်။ ဂူခေါင်မိုးရှိလင်းနို့အုပ်ကြီးမှာလည်း ဖိုးဆောင်အော်သံကြောင့် အသံပြုကာထပျံကုန်ကြသည်။ အစ်ကိုဖြစ်သူ၏အဖြစ်ပျက်ကြောင့် ညီဖြစ်သူမိုးမှောင်မှာ သလွန်ထက်ရောက်လုရောက်ခင် အော်သံကြောင့်အနောက်သို့ဖင်ထိုင်လဲကျသွားတော့သည်။

” အစ္ကို….ဘာဖြစ်တာလဲ…”

” မလာနဲ့ညီလေး…မလာခဲ့နဲ့ဒီခေါင်းတလားကြီးမှာ အစောင့်တွေရှိတယ်…ပြေးပြေး….”

ဖိုးဆောင်ကထိုသို့ပြောပြီး ကျောက်သလွန်ထက်မှခုန်ဆင်းလာကာ ညီဖြစ်သူအားခေါ်၍ ဂူပြင်ဘက်သို့ထွက်ပြေးလေသည်။ ပြေးလမ်းတစ်လျှောက်တွင်ကား ဖိုးဆောင်၏သွေးများ အစက်စက်ကျလျက်ရှိတော့သည်။ ညီအစ်ကိုနှစ်ယောက်ပြေးထွက်လာရင်း ဂူပြင်သို့ရောက်လာသည်။

” အစ္ကို….သွေးတွေအရမ်းထွက်နေပြီ..ဘယ်လိုလုပ်ကြမလဲရွာရောက်ဖို့လဲအဝေးကြီးလိုသေးတယ်…”

ဆိုကာအင်္ကျီချွတ်ပြီးဖြဲကာ အစ်ကိုဖြစ်သူ၏ လက်နှစ်ဖက်ကိုသွေးတိတ်စေရန် ပတ်ထားပေးလိုက်သည်။

” အစ်ကို့အတွက်မပူနဲ့ညီလေး…အစ်ကိုရသေးတယ်…ရွာရောက်အောင်ပြန်မယ်….”

ဖိုးဆောင်မှာအလွန်နာကျင်နေသော်လည်း ညီဖြစ်သူအားငယ်သွားမှာစိုးသဖြင့် အားတင်းထားပြီး ရွာသို့ရောက်အောင်ပြန်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော်တောနက်ကြီးထဲက မထွက်နိုင်မှီမှာပင် ဖိုးဆောင်မှာသွေးထွက်လွန်ပြီး သေဆုံးသွားတော့သည်။

” အစ္ကို…အစ်ကိုရေ…ထပါဦးဟာ
…ညီလေးကိုထားခဲ့မလို့လား….အီးဟီးဟီး….”

မိုးမှောင်က အစ်ကိုဖြစ်သူကိုပွေ့ပိုက်ထားရင်း လှုပ်နိုးနေသော်လည်း ဖိုးဆောင်မှာနိုးထလာခြင်းမရှိသည့်ထာဝရအိပ်စက်ခြင်းမျိုးဖြင့် အိပ်ပျော်သွားလေတော့သည်။ မိုးမှောင်ကတစ်ဦးတည်းသောဆွေမျိုးရင်းချာဖြစ်သည့် အစ်ကိုဖြစ်သူအတွက်အားရအောင်ငိုယိုပြီး ရိုးမတောတွင်း၌သာ မြုပ်ထားလိုက်တော့သည်။ မိုးမှောင်တစ်ယောက်တည်း တောထဲမှဝမ်းနည်းစွာပြန်ထွက်လာခဲ့သည်။

          အစ်ကိုဖြစ်သူဖိုးဆောင်သေဆုံးသွားပြီးနောက် မိုးမှောင်သည်ထင်းခုတ်သည့်အလုပ်ကိုစွန့်လွတ်လိုက်ပြီး သူရင်းငှါးအလုပ်ကို လုပ်ကိုင်နေသည်။ ကာလအတော်ကြာပြီဖြစ်သော်လည်း မိုးမှောင်၏စိတ်ထဲ၌ကား ရိုးမတောထဲရှိဂူအတွင်းမှ ရွှေခေါင်းတလားကိုသာသတိရနေသည်။ သို့ကြောင့် တစ်နေ့သော်မိုးမှောင်တစ်ယောက်ယောက်တည်း ထင်းခုတ်ဓားမကိုယူပြီး ရွှေခေါင်းတလားရှိရာရိုးမတောင်ခြေရှိ တောထဲသို့ဒုတိယအကြိမ်ခြေဆန့်သည်။ တောထဲသို့ရောက်ပြီး ဂူထဲသို့ဝင်ကာ ခေါင်းတလားရှိရာသလွန်ဆီသို့လာခဲ့သည်။

” သြား….ထြက်သြား..ဒီဂူထဲကထြက်သြား….”

ဂူအတွင်းရှိအမှောင်ဘက်ခြမ်းမှ အက်ကွဲနေသောအသံထွက်လာကာ မိုးမှောင်ကိုမောင်းထုတ်နေသည်။ မိုးမှောင်ကထိုနေရာသို့ကြည့်လိုက်ပြီး အသံပိုင်ရှင်ကိုလိုက်ရှာမိသည်။ ထိုလူ၏အသံကိုသူရင်းနှီးနေဟန်ရှိသည်။

” အမှောင်ထဲကဘယ်သူလဲ…အစ္ကို.

အစ်ကိုဖိုးဆောင်လား….အစ်ကိုဖိုးဆောင်လားဟင်….”

” ဟား…ဟား…ဟား…ထွက်…သြား…စမ်း….ငါ့နေရာကိုမလာနဲ့…သတ်မယ်…ငါမင်းကိုသတ်မယ်…”

မိုးမှောင်ကြည့်နေစဉ်မှာပင် ကျောက်တိုင်ကြီးအနောက်မှ ရုပ်အဆင်းပျက်နေသော လက်ပြတ်ဖိုးဆောင်ကိုတွေ့လိုက်ရသည်။ ဖိုးဆောင်သည် သေလွန်ပြီးဂူထဲရှိရတနာများကိုစိတ်စွဲကာ မကျွတ်မလွတ်ဘဲလက်ပြတ်သရဲဘဝသို့ရောက်ရှိသွားသည်။ လက်ပြတ်သရဲဖိုးဆောင်ကား ညီဖြစ်သူမိုးမှောင်ကိုမှတ်မိခြင်းမရှိတော့ချေ။

” အစ္ကို….အစ်ကိုဖိုးဆောင်…သတိထားပါဦး…ကျွန်တော်ကမိုးမှောင်လေ…အစ်ကို့ရဲ့ညီလေးမိုးမှောင်လေ…”

” မဟုတ္ဘူး…ငါ့မှာညီမရှိဘူး…ဒီရွှေခေါင်းတလားထဲကရတနာတွေက ငါ့အပိုင်ဘဲဘယ်သူမှ ယူခွင့်မရှိဘူး…ဟား…ဟား…ဟား…..”

ဆိုကာမိုးမှောင်အားခြောက်လှန့်နေတော့သည်။ မိုးမှောင်လည်းသူ့ဆီသို့ပြေးလာနေသော အစ်ကိုဖြစ်သူလက်ပြတ်သရဲဖိုးဆောင်ကို ကြောက်လန့်ကာဂူအပြင်ဘက်သို့ပြေးရန်လုပ်သည်။ သို့သော်လည်း သူမ်ာမျှပြေးနေသော်လည်း ဂူဝသို့မရောက်ဘဲရှိနေတော့သည်။ လူကလည်းအလွန်ပင်ပန်းသွားပြီးချွေးများဆွဲနှစ်နေတော့သည်။ လက်ပြတ်သရဲကြီးလည်း သူ့အနောက်သို့ပြေးလိုက်ကာ သတ်ရန်တကဲကဲလုပ်သည်။ မိုးမှောင်သည်ပြေးနေရင်းကြံရာမရဖြစ်ကာ နောက်ဆုံး၌ ရွှေခေါင်းတလားရှိရာသလွန်ထက်သို့တက်ပြီး အဖုံးဖွင့်ထားသော ခေါင်းတလားထဲသို့ဝင်ပုန်းနေလိုက်သည်။

        မိုးမှောင်တစ်ယောက်ရွှေခေါင်းတလားထဲမှ ခက်ခဲစွာအသက်ရှုရင်း အပြင်ဘက်မှလက်ပြတ်သရဲ၏အသံကိုနားစွင့်နေသည်။ ထိုအချိန်ဂူအမိုးထက်မှတွဲလွဲခိုနေကြသော လင်းနို့၊လင်းဆွဲတို့၏ အသံမ်ားမွအပ ဘာသံမှမကြားရတော့ချေ။ သို့ကြောင့် မိုးမှောင်က ခေါင်းတလားအဖုံးကိုဖြေးညင်းစွာဖွင့်လိုက်ပြီး ထထိုင်ကာအသက်ဝဝရှူလိုက်သည်။ ဂူထဲ၌ကား ဘယ်သူမှရှိမနေတော့ချေ။

” အစ္ကို…အစ်ကိုဖိုးဆောင်….”

မိုးမှောင်က အစ်ကိုဖြစ်သူကို တွေ့လိုတွေ့ငြား ဂူနေရာအနှံ့ကြည့်ပြီးအော်ခေါ်သော်လည်း ဘာတုန့်ပြန်သံမှမကြားရတော့ချေ။ ထိုအခါမွသူက ခေါင်းတလားထဲမှ ထွက်လာသည်။ စောစောကကြောက်ကြောက်ဖြင့် ခေါင်းတလားထဲပြေးဝင်မိသဖြင့် ခေါင်းတလားထဲရှိရတနာများကိုသတိမထားမိချေ။ ယခုမှသတိထားမိသွားသဖြင့် ခေါင်းတလားကြီးထဲငုံ့ကြည့်လိုက်ရာ ခေါင်တလားတဝက်တိတိရှိနေသော ရတနာများစွာကိုတွေ့လိုက်ရသည်။ သူလည်းထိုရတနာများကို လိုချင်သွားပြီး လက်နှစ်ဖက်ဖြင့်ကြုံးယူရန် လက်လှမ်းလိုက်သည်။ ထိုအခါသူ့အတွေးထဲ၌ ခေါင်းတလားပေါ်ရှိရေးထားသော စာတမ်းကြီးကိုသတိရလိုက်သည်။ သို့ကြောင့်လက်တစ်ဖက်ကိုရုတ်ကာ ကျန်သောလက်တစ်ဖက်ဖြင့်သာ ရွှေခေါင်းတလားကြီးထဲရှိရတနာများကို ယူလိုက်သည်။ အံ့ဩစွာပင် ခေါင်းတလားကြီး၏အဖုံးသည် ပိတ်သွားခြင်းမရှိဘဲ မိုးမှောင်၏ လက်ထဲသို့နီရဲနေသော ပတ္တမြားကြီးသုံးလုံးပါလာခဲ့သည်။

        မိုးမှောင်လည်းပတ္တမြားကြီးသုံးလုံးကိုယူပြီး

” ငါနဲ့ဒီလောက်ဘဲထိုက်လို့နေမှာ…”

ဟုတွေးပြီးထိုပတ္တမြားနီနီသုံးလုံးကိုခါးပိတ်ဆောင်ထဲ ထည့်ကာ ဂူထဲမှပြန်ထွက်လာခဲ့သည်။ ရွာသို့ပြန်ရောက်ပြီး မိုးမှောင်သည် ရလာသောပတ္တမြားကြီးသုံးလုံးထဲမှ တစ်လုံးကိုထုခွဲရောင်းချလိုက်ရာ သူ့ဘဝတွင်တစ်ကြိမ်တစ်ခါမှမမြင်ဖူးခဲ့သော ငွေမြောက်များစွာကိုရရှိလိုက်သည်။ မိုးမှောင်သည်ထိုငွေများဖြင့် အစ်ကိုဖြစ်သူအတွက် အလှူအတန်းလုပ်ကာအမျှပေးဝေသည်။ ကျန်ရှိသောငွေများဖြင့် အိမ်ကြီးတစ်လုံးဆောက်ကာ အေးချမ်းစွာနေလေတော့သည်။

          သူဌေးလေးမိုးမှောင်တစ်ယောက် စည်းစိမ်ချမ်းသာကိုစံစားရင်းတစ်ညသော် ထူးဆန်းသော အိမ်မက်ကြီးကိုမြင်မက်လေသည်။

” သင်ငါတို့ရဲ့ရတနာတွေကို ယူပြီးပြီဆိုတော့ ငါတို့ဆီကိုလာပြီးအမှုထမ်းဖို့အချိန်ကျရောက်လာပြီ…ဒါကြောင့် ငါတို့ဆီလာပြီး အမှူတော်ထမ်းရွက်ပါ….”

” ဟင်…မင်းတို့ကဘယ်သူတွေလည်း…သွားစမ်း… ငါမင်းတို့ကိုမသိဘူး….”

” မသိလို့မရဘူး…သင်ကကျုပ်တို့ဆီကရတနာကို ယူထားပြီးပြီဖြစ်တဲ့အတွက် ငါတို့ဆီမဖြစ်မနေအမှုလာထမ်းရမယ်…”

” မလာနိုင်ဘူးကွာ…ငါမင်းတို့ကိုလည်းမသိဘူး…..”

” ဟားဟားဟား…မလာလို့မရဘူး…သင်မသိရင်ကျုပ်ပြောပြရမှာပေါ့…ကျုပ်တို့က သင်တွေ့ခဲ့တဲ့ရွှေခေါင်းတလားကြီးကို စောင့်ကြပ်ရတဲ့သူတွေဘဲ…ဒီခေါင်းတလားကြီးကိုကျုပ်တို့နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တာ…နှစ်တစ်ရာရောက်တိုင်း အမှုထမ်းအသစ်ခေါ်ရတယ်…ခုမင်းကကျုပ်တို့ခေါ်တဲ့ အမှုထမ်းအသစ်ဘဲ….”

” မသိဘူး…လိုက်လဲမလိုက်နိူင်ဘူးကွာ…”

” မလိုက်လို့မရဘူး…သင်ကျုပ်တို်ရဲ့ရတနာကိုယူပြီးသွားပြီ…သင်ကျုပ်တို့ဆီလာပြီးအမှုထမ်းရမယ်…ဟားဟားဟား..”

ရှေးဘုရင်ခေတ်က စစ်သူကြီးနဲ့ရဲမက်တို့ဝတ်ဆင်ထားသည့် ဝတ်စုံမျိုးကိုဝတ်ဆင်ထားသော လူတစ်စုသည် မိုးမှောင်အား သူတို့ထံအမှုထမ်းရန် အတင်းခေါ်သည်။ မိုးမှောင်လည်း မလိုက်လိုသဖြင့် အတင်းငြင်းသည်။

” မလိုက္ဘူး…သြား…သြား….ငါမလိုက်နိုင်ဘူး….”

” ဒေါက်…ဒေါက်….ဆရာ…ဆရာမိုးမှောင်…ဘာတွေအော်နေတာလဲ…”

အခန်းအပြင်ဘက်မှ ခြံစောင့်ကောင်လေး၏ တံခါးခေါက်နိုးသံကြားမှ မိုးမှောင်တစ်ယောက် အိမ်မက်မှနိူးလာခဲ့သည်။ တကိုယ်လုံးလည်းချွေးများစိုရွှဲနေသည်။ စားပွဲခုံထက်မှ တင်ထားသော သောက်ရေခွက်ကိုယူပြီးမော့ချလိုက်သည်။ ခြံစောင့်ကောင်လေးလည်းအခန်းတံခါးဖွင့်ကာ ဝင်လာပြီး

” အခန်းထဲဘယ်သူဝင်လို့လဲဆရာ…”

” ဘယ်သူမှမဝင်ဘူး အောင်နိူင်…..ငါအိပ်မက်ဆိုးမက်နေတာပါ..”

” ဪ…ဆရာ့အော်သံကြားတော့လန့်သွားတာဘဲဆရာရယ်…အိမ်ထဲသူခိုးဝင်နေပြီထင်သွားတာ…”

” ဟုတ်ပါပြီ…ဒါနဲ့မင်းဘယ်လိုလုပ်ပြီးငါ့အသံကြားရတာလဲ…”

” ကျွန်တော်တရေးနိုးလို့ရေထသောက်တာ ဆရာ့အော်သံကြားတာနဲ့ သူခိုးဝင်တယ်ထင်ပြီးဆရာ့အခန်းဘက်ပြေးလာခဲ့တာ…”

” ဪကေ်းဇူးပါဘဲကြာ…ဘာမှမဟုတ်ဘူးအိပ်မက်ဆိုးမက်နေလို့ပါ…အချိန်ရှိသေးတယ် သွားပြန်အိပ်လိုက်ဦး…”

” အဆင်ပြေရဲ့လားဆရာ…”

” ပြေပါတယ်…သွားပြန်အိပ်လိုက်တော့အောင်နိုင်….”

” ဟုတ်…အဲဆိုကျွန်တော်သွားလိုက်ဦးမယ်ဆရာ…တစ်ခုခုဆိုခေါ်လိုက်နော်…”

” အင်းပါ…”

ခြံစောင့်ကောင်လေး ပြန်ထွက်သွားပြီးနောက် မိုးမှောင်က ပြန်အိပ်ရန်ကြိုးစားသော်လည်း ဘယ်လိုမှအိပ်မရတော့ချေ။ သူ့စိတ်ထဲ၌ အိပ်မက်ထဲမှ လူတစ်စုအားပြန်လည်မြင်ယောင်မိကာ ကြောက်လန့်နေမိတော့သည်။ မိုးမှောင်ကထိုအိပ်မက်ကို မေ့မေ့ပျောက်ပျောက်ပြန်ဖြစ်သွားချိန် တည၌ထိုအိပ်မက်မျိုးပြန်မက်သည်။ နန်းဝတ်နန်းစားနဲ့လူတစ်စုက သူ့အားအမှုထမ်းရန်အတင်းခေါ်သည်။ ထိုအိပ်မက်မျိုးကို ခပ်စိပ်စိပ်မက်လာလေရာ မိုးမှောင်လည်း အိပ်ရေးပျက်ချိန်များလာပြီး လူလည်းပိန်ချုံးလာသည်။ သို့ကြောင့် ဆရာတစ်ယောက်ကိုခေါ်ပြီး အိပ်မက်အကြောင်းပြောပြကာ နိူင်နင်းခိုင်းသည်။ သို့သော်လည်းငွေသာကုန်ပြီး အိပ္မက္က ပျောက်ကွယ်မသွားဘဲ ဆက်မက်နေဆဲဖြစ်သည်။

       သူဌေးလေးမိုးမှောင်တစ်ယောက် ဆရာတစ်ဆူပြီးတစ်ဆူပင့်ရင်း မောင်ရေခဲထံရောက်လာသည်။ ထိုအချိန်ကမောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် ပဲခူးရွှေမော်ဓောဘုရားကြီး၌ အဓိဌာန်ဝင်နေချိန်ဖြစ်သည်။ မိုးမှောင်လည်းမောင်ရေခဲတို့ဆရာတပည့်ကိုတွေ့ပြီး ယုံကြည်အားကိုးစိတ်ဖြစ်ပေါ်လာသဖြင့်မေးမိရာမှ နယ်လှည့်ကာသတ္တဝါတို့၏ အပူကိုငြိမ်းပေးနေကြောင်းသိရသော် သူ့အတွက်ရေငတ်နေချိန် ရေတွင်းထဲကျသွားသကဲ့သို့ အခွင့်ကောင်းကိုကြုံလိုက်ရသည်။ မိုးမှောင်က သူ၏အိပ်မက်အကြောင်းစုံကို မောင်ရေခဲအား မကြွင်းမကျန်ပြောပြလိုက်သည်။

” ဒီတိုင်းဆို အဲဒီရတနာတွေကိုစောင့်ကြပ်ရတဲ့ ပုဂ္ဂိုလ်တွေက ညီ့ကိုခေါ်ချင်နေတဲ့ပုံဘဲဗျ…”

” ဟုတ်ပါတယ်ဆရာလေးရယ်…ကျွန်တော်လည်းအဲဒီအိပ်မက်ကြီးကြောင့် ညရောက်မှာတောင်ကြောက်နေရတာပါ…ဆရာကူညီနိုင်ရင် ကူညီပေးပါဦး…ကျေးဇူးမမေ့ပါဘူး….”

” အင်းအစ်ကိုကူညီပါ့မယ်…ညီလေးအနေနဲ့အစ်ကို့ကိုအဲဒီရွှေခေါင်းတလားရှိရာ ဂူထဲကို ခေါ်သွားပေးရလိမ့်မယ်…”

” ရပါတယ်ဆရာလေး…ကျွန်တော်ခေါ်သွားပေးနိူင်တယ်….”

” ဒါဆိုအချိန်မဆွဲဘဲ ခုလဲအဲဒီကိုသွားရအောင်…”

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် မိုးမှောင်ကားဖြင့်လိုက်ပါသွားခဲ့ကြပြီး ပဲခူးရိုးမတောထဲသို့ဝင်လာခဲ့ကြသည်။ အတော်အတန်ခရီးဆက်ပြီးသော် တောနက်ထဲရှိရွှေခေါင်းတလားရှိရာ ဂူထဲသို့ရောက်လာခဲ့ကြသည်။

” ဒီဂူဘဲဆရာ…လာအကိုကျွန်တော်လိုက်ပြမယ်….ဒီထဲမှရွှေခေါင်းတလားကြီးရှိတယ်….”

မောင်ရေခဲတို့လည်း မိုးမှောင်နှင့်အတူ ဂူထဲသို့ဝင်လာခဲ့ကြသည်။ ဂူအမိုးခုံးထက်မှ လင်းဆွဲများ၏ ထပ်ံသံမ်ား ဆူညံနေသည်။
ဂူအတွင်းပိုင်းရောက်သော် ကျောက်သလွန်ထက်မှ ရွှေခေါင်းတလားကြီးကိုတွေ့လိုက်ရသည်။

” ဒီမှာကျွန်တော်ပြောတဲ့ရွှေခေါင်းတလားကြီးပါဆရာ…ဒီရွှေခေါင်းတလားကြီးကြောင့် ကျွန်တော့်ရဲ့တစ်ဦးတည်းသောသွေးရင်းချာ အစ်ကိုတစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရတာပါ…”

မောင်ရေခဲနှင့်ထင်ပေါ်က သလွန်ထက်မှရွှေခေါင်းတလားကြီးကို ကြည့်ပြီး အကဲခတ်နေသည်။

” ရှေးခေတ်လက်ရာခေါင်းတလားကြီးဘဲ…ဒီခေါင်းတလားကြီးကို ဘယ်သူကဒီမှာလာထားထားပါလိမ့်…”

” မင်းဘယ်လိုထင်လဲ ထင်ပေါ်…”

မောင်ရေခဲကထင်ပေါ်၏အမြင်အားမေးလိုက်သည်။

” ကျွန်တော်ထင်တာက ဒီခေါင်းတလားကြီးဟာ သာမန်လူတွေပိုင်တဲ့ပစ္စည်းမဟုတ်လောက်ဘူးဆရာ…ဒီလောက်များတဲ့ရတနာတွေကိုကြည့်ရင် ဘုရင်တစ်ပါးက ပိုင်ဆိုင်ခဲ့တာဖြစ်နိုင်တယ်…ခေါင်းတလားထဲက ရတနာတွေက နန်းစဉ်ရတနာတွေမို့ ကျွန်တော်ဒီလိုပြောနိုင်တာပါ…”

” မင်းထင်တာမှန်နေလောက်တယ်ထင်ပေါ်…ဒီရတနာတွေကိုဘုရင်တစ်ပါးက ပိုင်ဆိုင်ခဲ့တာဖြစ်မယ်…အမှန်သိရအောင် ဒီခေါင်းတလားကြီးရဲ့မူလပိုင်ရှင်ကို ခေါ်ကြည့်ရမယ်…”

” ဟောဒီဂူထဲက ရွှေခေါင်းတလားကြီးကို ပိုင်စိုးတဲ့ ရွှေခေါင်းတလားပိုင်ရှင် ကျုပ်ရှေ့ကိုရောက်လာခဲ့ပေးပါ…”

မောင်ရေခဲကအမိန့်ပြန်လိုက်သည်နှင့် ဂူကြမ်းပြင်များအက်ကွဲလာပြီး ဘုရင်ကြီးတစ်ပါးနှင့်အတူ စစ်သူကြီးတစ်ဦးနှင့်ရဲမက်တစ်ဆယ်ယောက်ခန့် ထွက်ပေါ်လာခဲ့သည်။

ထိုသူတို့ကို မောင်ရေခဲကသာမြင်နေရသည်။

” သင်တို့ကဘယ်သူတွေလဲ…ဘာကိစ္စငါကိုယ်တော့်ကို ခေါ်ရတာလဲ….”

” စိတ်မရှိပါနဲ့… ကျုပ်ကဟောဒီခေါင်းတလားကြီးရဲ့နောက်ကြောင်းရာဇဝင်ကို သိချင်လို့ပါ…”

” သင့်လိုရဲရင့်လှတဲ့သူငယ်က ဒီခေါင်းတလားကြီးရဲ့ရာဇဝင်ကို့ ဘာအတွက်သိချင်ရတာလဲ…”

” ဒီခေါင်းတလားကြီးရဲ့အစောင့်တွေက ဟောဒီကကျုပ်ရဲ့မိတ်ဆွေကို အနှောင့်အယှက်ပေးနေလို့ပါ….”

” ဟားဟားဟား…တယ်လဲရဲရင့်လှပေတယ်…ငါကိုယ်တော်ရဲ့စစ်သည်ရဲမက်တွေက သူ့ကို နှောင့်ယှက်နေတာမဟုတ်ဘူး…အမှုထမ်းဖို့ခေါ်တာပါ…”

” ဘာအတွက်အမှုထမ်းရမှာလဲ…”

” သူကကျုပ်ပေးတဲ့ ရတနာတွေကိုယူတယ်လေ… ဒီတော့သူ့ရဲ့ပြန်ပေးဆပ်တဲ့အနေနဲ့ ကျုပ်ဆီမှာ အမှုထမ်းရမှာ…”

” ဟုတ်ပါပြီ…ဒီရွှေခေါင်းတလားကြီးနဲ့သင်တို့ရဲ့နောက်ကြောင်းရာဇဝင်ကို ကျုပ်သိချင်တယ်ပြောပြပေးပါ…”

” သင်ကသိချင်မှတော့ပြောပြရတာပေါ့….လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကျုပ်ဟာ တိူင်းပြည်တစ်ပြည်ကို အုပ္စိုးရတဲ့ ရာဇဘုရင်တစ်ပါးဘဲ…တစ်နေ့တော့ကျုပ်ရဲ့ညီတော်တစ်ပါးဟာ ကျုပ်ရဲ့ထီးနန်းကိုလုယူတယ်..ဒီတော့ကျုပ်တို့်ညီနောင်တွေ စစ်ဖြစ်ကြတယ်…အဲဒီမွာ အင်အားမမျှတဲ့ကျုပ်ကစစ်ရှုံးပြီး လူယုံတော်စစ်သူကြီးရယ်၊ကျန်ရှိတဲ့စစ်သည်ရဲမက်ကိုခေါ်ပြီး ထွက်ပြေးလာခဲ့တာ ဒီဂူထဲရောက်လာခဲ့ကြတယ်…”

” အဲဒီအချိန်မှာကျုပ်ကလည်း ဒဏ်ရာရထားတော့ ဆက်မပြေးနိုင်တော့ဘူး…ဒ်ါကြောင်ဒီဂူထဲဝင်ပြီး ပုန်းအောင်းနေခဲ့ကြတယ်…နောက်တေ့ာကျုပ်အမိန့်နဲ့ ပါလာတဲ့နနန်းစဉ်ရတာတွေကို ရွှေခေါင်းတလားကြီးလုပ်ခိုင်းတယ်ကျုပ်နတ်ရွာစံရင် ဟောသလွန်ထက်ကရွှေခေါင်းတလားကြီးမှာ ကျန်တဲ့ရတနာတွေနဲ့အတူ ထားဖို့ပေါ့…စစ်သည်တွေလည်းကျုပ်မိန့်တဲ့အတိုင်း လုပ်ပေးခဲ့ကြတယ်…ကျုပ်နတ်ရွာစံတော့ ဟောဒီခေါင်းတလားကြီးရဲ့တဝက်အတိကိုရတနာတွေထည့်ပြီး ကျုပ်ရဲ့ရုပ်ကြွင်းခန္ဓာကိုယ်ကို ရတနာတွေရဲ့အပေါ်မှာထားတင်ထားခဲ့တယ်…ကျုပ်နတ်ရွာစံတော့စစ်သည်ရဲမက်တွေလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ကျုပ်နောက်လိုက်ခဲ့ကြတယ်…ရတနာတွေအပေါ်ထားတဲ့ စွဲလမ်းစိတ်ကြောင့် ဘယ်မှသွားလို့မရခဲ့တာ ယခုထိဘဲ….”

” ဪ…ဒါဆိုသင်တို့က အစွဲအလမ်းကြောင့် ဒုက္ခရောက်ကြရတာကိုး…သင်တို့ရဲ့စွဲလမ်းစိတ်ကြောင့် ဒီမှာနေနေရတာ…သင်တို့မကျွတ်လွတ်ချင်ကြဘူးလား…”

” ကျွတ်လွတ်ချင်ကြပေမဲ့…ကျုပ်တို့တွေကျွတ်ချိန်မတန်သေးဘူး…”

” ဪဒါဆိုလည်း သင်တို့ဒီနေရာကနေ ထွက်သွားလို့ရအောင်ကျုပ်ကူညီပေးမယ်…သင်တို့ကကျူပ်ရဲ့မိတ်ဆွေကို မနှောင့်ယှက်တော့ရင်ပေါ့…”

” သတောတူတယ်…ကျုပ်တို့ကိုဒီနေရာကနေသွားလို့ရအောင်လုပ်ပေးပါ..”

မောင်ရေခဲလည်း သာသနာစောင့်လောကပါလနတ်မင်းကြီးလေးပါးကို အကူအညီတောင်းပြီး ရွှေခေါင်းတလားကြီးနှင့်အတူ ရွှေခေါင်းတလားကြီး၏အစောင့်အရှောက်ကိုပါ နတ်မင်းကြီးလေးပါ၏ လက်သို့အပ်လိုက်သည်။ နတ်မင်းကြီးလေးပါးလည်း ထိုရွှေခေါင်းတလားကြီးနှင့်အစောင့်အရှောက် သာမက ဂူကြီးကိုပါအစွမ်းနဲ့ ဖျောက်ပစ်လိုက်ကြသည်။ ထိုအချိန်မှစ၍ ရိုးမတောထဲရှိရွှေခေါင်းတလားဂူမှာ လုံးဝပျောက်ကွယ်သွားတော့သည်။ မိုးမှောင်လည်း မောင်ရေခဲတို့်အကူအညီပေးမှုကြောင့် စိတ်သက်သာရာရသွားတော့သည်။ ပညာကြေးပေးသော်လည်း လက်မခံသဖြင့် လက်လျှော့လိုက်ရသည်။ မောင်ရေခဲ တို့လည်းရိုးမတောထဲမှထွက်လာကြပြီး အဓိဌာန်ဝင်ရာ နေရာသို့ ပြန်လာခဲ့ကြသည်။

       မောင်ရေခဲတို့ကူညီပြီးနောက်ပိုင်း မိုးမှောင်တစ်ယောက် အိပ္မက်ဆိုးမ်ားကို မြင်မက်ခြင်းမရှိတော့ချေ။ တနေ့သော်သူသည် ရိုးမတောထဲသို့ ပြန်ဝင်လာပြီး ရွှေခေါင်းတလားကြီးရှိရာနေရာသို့ လာကြည့်သော်လည်း ဂူကြီးကို ထပ်မတွေ့ရတော့ချေ။…..။

ပြီးပါပြီ
ရေးသားသူ-ခွန်း
# ခွန်း