“မောင်ရေခဲ နှင့် သရဲမသားအမိ”(စ/ဆုံး)
===============================
ငဇင်ကြီးကျေးရွာ။ ထိုကျေးရွာသည်ကား လူနေအိမ်ခြေ ၅၀၀ ခန့်ရှိသောရွာကြီးတစ်ရွာဖြစ်သည်။ ထိုရွာသည် ကုန်းမြင့်ဒေသဖြစ်သဖြင့် လက်ဖက်၊လိမ္မော်တို့ဖြစ်ထွန်းရာဒေသကြီးဖြစ်၏။ သို့ကြောင့် လက်ဖက်နှင့် လိမ္မော်ကို တနိုင်တပိုင်စိုက်ပျိူးကြသည်။ ဤတွင်ပြောစရာတစ်ခုရှိသည်ကား လက္ဘက်ခင်း၊လိမ္မော်ခင်းတို့ရှိရာ ကား ရွာနှင့်အနီးအနားမဟုတ်ချေ။ ရွာနဲ့တစ်နာရီခရီးခန့်လမ်းလျှောက်သွားရသော နေကာဖြစ်သည်။ ဧကကျယ်သောခြံ၏ အစပ်တွင်ကား မရှင်းရသေးသည့် တောရိုင်းကြီးရှိသည်။ အချို့ခြံသည်ကား တောကြီးအစပ်တွင်ရှိသည်။
ငဇင်ကြီးကျေးရွာရှိ ညားခါစလင်မယားနှစ်ယောက်ဖြစ်သော ကိုသန်းထွန်းနှင့် မခင်ရွှေတို့သည် မင်္ဂလက်ဖွဲ့အဖြစ်ရလိုက်သော တောစပ်ရှိလက်ဖက်ခြံကြီးတွင် နှစ်ယောက်သား လက်ဖက်ခူးသွားကြသည်။ သူတို့ပိုင်ဆိုင်သော လက်ဖက်ခြံသည် တောင်စောင်းထက်တွင်ရှိပြီး ခြံနံဘေးပတ်ပတ်လည်တွင် တောကြီးတစ်တောရှိသည်။ နေ့လယ်ပိုင်းရောက်သော် မခင်ရွှေသည် ဗိုက်ထဲရစ်လာသကဲ့သို့ဖြစ်ပြီး မအောင့်နိူင်တော့ရာ ခြံစပ်ရှိတောထဲသို့ ဝင်ပြီး ကိစ္စရှင်းရန်လုပ်သည်။ ဤသည်ကိုယောကျာ်းဖြစ်သူ ကိုသန်းထွန်းက မသြားရန္တား၏။
မခင်ရွှေလည်း ကိစ္စကအဝသို့ရောက်သည်ဖြစ်ရာ ယောကျာ်းဖြစ်သူ၏စကားကို နားမထောင်တော့ဘဲ တောထဲရှိသစ်ပင်ကြီးတစ်ပင်အောက်သို့ဝင်ကာ ကိစ္စရှင်းလိုက်သည်။
ထိုညမှာပင် ကိုသန်းထွန်းသည် အကောင်းကြီးကနေ ဖျားသလိုလို၊တက်သလိုလို့ဖြစ်သွား၏။ နူတ်မှလည်း ကယောင်ကတမ်းအော်ကာ အံတကြိတ်ကြိတ်ဖြင့် ဇနီးသည်မခင်ရွှေအား ကျိန်ဆဲ၏။ တချက်တချက်တွင် လူသေကဲ့သို့အတောင့်လိုက်အိပ်ပြီး တဆတ်ဆတ်တုန်နေ၏။ မေးမြန်း၍လည်းမရ။ ခနအကြာကလေးတစ်ယောက်ကဲ့သို့ပြုမူကာ ရွှံ့များအားဆော့နေပြန်၏။ ဇနီးသည်မှာ လင်ဖြစ်သူသူငယ်နာပြန်နေသည်လား ဟုပင်ထင်မှတ်မိသည်။
” ဟဲ့မိန်းမယုတ်…ငါ့နေရာလာပြီး အလေးစွန့်ရဲတယ်ပေါ့ဟုတ်လား…ကဲခုသေစမ်း…
ဟေ့ဟယ်….”
” ဒုန်း…ဒုန်း…ဒုန်း…”
” ဟီး…ဟီး…သတ်လိုက်မေမေ….သမီးတို့နေရာကို ညစ်ပတ်အောင်လုပ်တဲ့သူတွေသတ်ပစ်လိုက်…ဟီး…ဟီး…ဟီး….”
ကိုသန်းထွန်းမှာ အတောင့်လိုက်အိပ်နေရင်းကနေထလာပြီး အိပ်ရင်ခြေရင်းရှိ သေတ္တာကြီးနဲ့ ခေါင်းကိုတဒုန်းဒုန်းဆောင့်၏။
သူ၏နူတ်မှလည်း မိန်းမကြီးအသံနှင့်အတူ မိန်းကလေးငယ်တစ်ဦး၏ အသံကိုပါကြားလိုက်ရသည်။ မခင်ရွှေလည်း ခေါင်းကို သေတ္တာနှင့် တဒုန်းဒုန်း ဆောင့်နေသော ယောကျာ်းဖြစ်သူအား ဝင်ဆွဲ၏။
” ယောကျာ်း…မလုပ်နဲ့… မလုပ်….
အား….”
” သေစမ်းကောင်မ…”
” ဝွီး…ဘုန်း…အင့်….”
ကိုသန်းထွန်းမှာ သူ့ကိုဝင်ဆွဲသော ဇနီးသည် မခင်ရွှေအား အနောက်သို့ တွန်းပစ်လိုက်ရာ မခင်ရွှေသည် အနောက်သို့လွှင့်သွားပြီး အိမ်ကာထားသော ပျဉ်ချပ်ကာအားရိုက်မိပြီး ဘုန်းခနဲ အသံမြည်သွားသည်။
” ကောင်မ….ညည်းတို့်လင်မယားနှစ်ယောက်စလုံး ငါမေက်နပ္ဘူး…ငါတို့နေရာထိလာပြီး အလေးစွန့်ရဲတယ်…”
” ဟုတ်တယ်… အရှင်မထားနဲ့မေမေ…သတ်ပစ်လိုက်….”
ကိုသန်းထွန်း၏နူတ်မှ လူနှစ်ယောက်၏ အသံထွက်လာသောကြောင့် အိမ်ထောင့်ရှိ မခင်ရွှေမှာ ကြောက်လန့်ပြီး တဆတ်ဆတ်တုန်နေရှာသည်။ စိတ်ထဲမှလည်း နေ့လည်က တောထဲတွင်အလေးစွန့်မိသည်ကို ပြန်သတိရသွားသည်။ သို့ကြောင့် ယောကျာ်းဖြစ်သူ ကိုယ်ထဲဝင်နေသောသူအား တောင်းပန်မိ၏။ မိမိမှာကံမြင့်သဖြင့်ပူးကပ်၍မရဘဲ လင်ဖြစ်သူထံ ပူးကပ်ခြင်းဖြစ်မည်ဟုလည်း တွေးမိသည်။
” ကျွန်မမသိလို့ စွန့်မိတာပါရှင့်…ကျွန်မဆတာင်းပန်ပါတယ်…ကျွန်မ ယောကျာ်းကိုယ်ထဲကနေထွက်သွားပေးပါနော်….”
” လုပ်တုန်းကလုပ်ပြီး ခုမွ လာတောင်းပန်လို့ရမလားဟဲ့…ငါခွင့်မလွတ်နိုင်ဘူး…ငါတို့သားအမိ အဲဒီနေရာမှာ နေတာဖြင့်ကြာလှပြီ…ဘယ်သူမှလာမစော်ကားရဲဘူး…ညည်းကျမှ ငါတို့နေရာကို ညစ်ညစ်ပတ်ပတ်လာလုပ်ရဲတယ်….”
” တောင်းပန်ပါတယ်ရှင့်…ကျွန်မ မသိလို့လုပ်ခဲ့မိတာပါ….”
” မရေတာ့ဘူးဟဲ့…ခုကစပြီးငါတို့သားအမိ ဒီမှာနေမယ်….ညည်းငါတို့ကို မောင်းထုတ်ဖို့မကြိုးစားနဲ့ စိတ်နဲ့ခန္ဓာအိုးစားကွဲသွားမယ် ဘာမှတ်နေလဲ….”
” မ…မလုပ်ရဲပါဘူးရှင့်….ကျွန်မ ယောကျာ်းခန္ဓာထဲကနေ ထွက်…ထွက်…….”
” တော်စမ်းဟေ့…ငါဒီခန္ဓာကိုမှီပြီးနေရမယ်
ငါ့သမီးလည်းဒီခန္ဓာကို လိုအပ်တယ်ဟဲ့…ငါတို့ဒီမှာနေသွားကြမယ်…ဟီး..ဟီး…ဟီး…..”
” ဟီး…ဟီး…ဟီး…”
ကိုသန်းထွန်းက ပြောပြောဆိုဆို ရယ်မောပြန်၏။ မခင်ရွှေလည်း လင်ဖြစ်သူခန္ဓာအား ဝင်စီးထားသည့် သရဲအား မောင်းထုတ်၍မရသည့်အဆုံး အိမ်ထောင့်မှထလာကာ ဘုရားစင်ပေါ်ရှိ ပရိတ်ရေဘူးကို သွားယူလိုက်၏။
” ထွက်သွားစမ်း….နင်တို့တွေ ဒီနေရာနှင့်မသက်ဆိုင်ဘူး…ငါ့ယောကျာ်းခန္ဓာထဲ ပိုင်စိုးပိုင်နင်း ဝင်နေလို့မရဘူးဟဲ့…ရော့…ရော့….”
” အား…အီး….”
မခင်ရွှေသည် ပရိတ်ရေဘူးကို အဖုံးဖွင့်ပြီး ကိုသန်းထွန်းဆီ အနည်းငယ်ပက်လိုက်၏။
ထိုအခါ ကိုသန်းထွန်းမှာ လူးလွန့်သွားပြီး
ထအော်၏။ မျက်လုံးအစုံမှာလည်း နီရဲသွားပြီး ဒေါသထွက်သွားသည့် မျက်နှာပေါက်ဖြစ်သွား၏။
” သေစမ်းကောင်မ… ငါ့ကို အဲဒီရေနဲ့ပက်ရဲတာပေါ့ဟုတ်လား…ရော့သေစမ်း…”
” ဘုန်း…”
” အင့်…”
ကိုသန်းထွန်းသည် မတ်တပ်ရပ်ပြီးခါးထောက်ကာ ဇနီးဖြစ်သူ ခင်ရွှေအား ခြေထောက်ဖြင့်ကန်လိုက်ရာ အိမ်ထောင့်သို့လွှင့်သွားပြန်၏။ လက်မှကိုင်ထားသော ပရိတ်ရေဗူးမှာလည်း ဖိတ်စင်ကုန်တော့သည်။ ထိုစဉ် ကိုသန်းထွန်းမှာ လှဲနေသောဇနီးဖြစ်သူထံ လာပြီး ခြေထောက်ကြီးဖြင့် နင်းဖိထားလိုက်၏။
” ငါနောက်ဆုံးပြောမယ်…ငါတို့သားအမိဒီမှာနေမယ်…ဘယ်သူမှမောင်းထုတ်လို့မရဘူး…ကောင်မနင်ဒီအကြောင်း ဘယ်သူမှပြောပြဖို့မကြံနဲ့ ငါတို့ဒီမှာ နင့်ယောကျာ်းအသွင်နဲ့နေမယ်…ကြားသလားဟဲ့…”
” အစ်…အစ်…ကြား….ကြားပါ..တယ်…ခြေ…ခြေထောက်ကြီး..ဖယ်..ဖယ်ပေးပါနော်…ငါအသက်ရှူ…ကြပ်…ကြပ်လွန်းလို့ပါ…”
” အေး…ဂတိမတည်ရင်တော့ နင်တို့လက်မယားနှစ်ယောက်စလုံးကို လိပ်ပြာနူတ်ပစ်မယ်ကြားလား…”
” ဟုတ်…ကြား…ကြားပါတယ်…”
” အေး…ကြားရင်လည်း ခုငါတို့ဗိုက်ဆာနေပြီ အသားဟင်းကောင်းကောင်းရှာပေး…”
” ဟင်…အသားဟင်း.ဝယ်ဖို့ ကျွန်မမှာ ပိတ်ဆံမရှိပါဘူးရှင့်…”
” အသက်မသေချင်ရင် အသားဟင်းရအောင်ရှာလာခဲ့လျှာမရှည်နဲ့…သြား…သွားစမ်း…သမီး… ဒီကောင်မအနောက်ကနေလိုက်ကြည့်…ငါတို့အကြောင်းကို သူများကိုပြောပြတာနဲ့ ဇက်ချိုး သတ်ပစ်လိုက်…”
” ဟီး…ဟီး..ဟီး…”
မခင်ရွှေမှာ သရဲမသားအမိကို မလွန်ဆန်နိုင်သည့်အဆုံး ကုန်းကုန်းကွကွထလာကာ ဖရိုဖရဲဖြင့် ရွာထဲသို့ လာခဲ့၏။ သူတို့လင်မယား အိမ်ထောင်ကျသည်မှာ မကြာသေးသဖြင့် ပျဉ်ထောင်အိမ်လေး၌သာနေနိုင်သေး၏။ သူမရွာထဲလာစဉ် သူမ၏အနောက်တွင်ကား ကလေးမတစ်ယောက်၏ ဝိုးတဝါးပုံရိပ်တစ်ခု ကပ်ပါလာ၏။
မခင်ရွှေသည်မိခင်ဖြစ်သူ၏ အိမ်သို့လာပြီး ကြက်တစ်ကောင်လာတောင်း၏။ မိခင်ဖြစ်သူလည်း ဖရိုဖရဲရှိလှသော သမီးကိုကြည့်ကာ
” ဟဲ့သမီးခင်ရွှေ….ကိုယ့်ကိုယ်ကိုလည်း မှန်ထဲပြန်ကြည့်ပါဦး…အိမ်ထောင်ကျတာဖြင့်မကြာသေးဘူး…ခလေးဆယ်ယောက် အမေနဲ့တူနေပြီ…ဖရိုဖရဲနဲ့…”
” ဟို…ဟိုလေ…”
သူမက အိမ်၏အဖြစ်ကိုမိခင်ဖြစ်သူအား ပြောပြရန် လုပ်သော်သူမ၏နောက်ကြောမှ ကေလးမ၏ ပုံရိပ်သည် မျက်ထောင့်နီကြီးဖြင့် သူ့အားကြည့်နေ၏။
” ဟဲ့…တဟိုဟိုနဲ့ဘာဖြစ်နေတာလဲ မိခင်ရွှေ…သမီးယောကျာ်းနဲ့ရန်ဖြစ်လာတာလား…”
” မ..မဟုတ်ပါဘူးအမေရယ်…သမီး…အေမ့ဆီ ကြက်တစ်ကောင်တောင်းမို့ပါ…”
” ကြက်ဟုတ်လား…ငါ့သမီးကြက်သားစားချင်လို့လား…”
” ဟုတ်…ဟုတ်တယ်အမေ…”
” ဒါလေးများသမီးရယ် တဟိုဟိုနဲ့ဖြစ်နေရသလားဟဲ့…ဖမ်းသွားဟိုမယ်ကြက်မကြီးတစ်ကောင်….”
အေမျဖစ်သူက အသာတကြည်ပေးလိုက်သောကြောင့် သူမေပ်ာ်သြား၏။
” ဟုတ်..ဟုတ်အမေ…အဲဆိုသမီးဖမ်းပြီနော်…”
” ဟဲ့ဟဲ့ဖြေးဖြေးသာသာ..လုပ်ပါဟယ်…အိမ်ပေါ်လေးတက်ပြီးနေပါဦး…တကတည်း ကိုယ့်အိမ်နဲ့ကိုယ်ကို ”
” မနေတော့ဘူးလေအမေ…အိမ်မှာကိုထွန်းက ဟင်းချက်ဖို့စောင့်နေလို့…”
” အေးပါအေ…ဒီနှစ်ယောက်ကတော့လေ…ကဲကဲဖမ်းသွားဟိုမယ်ကြက်မကြီး…အစာကျွေးပြီးဖမ်းလိုက်…”
မခင်ရွှေလည်း ဆန်အနည်းငယ်ယူပြီး အစာချကျွေးကာ ကြက်မကြီးအားဖမ်းပြီး အိမ်သို့ပြန်လာခဲ့သည်။
” ပေးစမ်းအဲဒီကြက်…”
အိမ်သို့ရောက်သည်နဲ့ကိုသန်းထွန်းသည် သူမလက်ထဲမှ ကြက်မအားယူကာ လည်လိမ်ချိုးလိုက်၏။ ကြက်မကြီးမှာ ဆန့်တငင်ငင်ဖြင့် အသံပင်မပြုနိုင်တော့ဘဲ သေပွဲဝင်ရရှာ၏။
” ကိုသန်းထွန်း အဲဒီကြက်ပေးလာ ကျွန်မချက်ပေးမယ်လေ…”
” ဟဲ့…ဘာကိစ္စချက်ရမှာတုံး…ငါတို့ကဒီတိုင်းစားမှာဟဲ့….”
” ဟီး…ဟီး…ဟီး…”
ကိုသန်းထွန်းသည် ကြက်မကြီးအား နှစ်ခြမ်းဖြစ်အောင် ဆွဲဖြဲလိုက်၏။
” ရော့သမီးစား…အားပါးတရစား…ငါ့သမီးလေးဒီလိုအသားဟင်းမစားရတာကြာပြီမလား…”
” ဟီး…ဟီး…ဟီး…”
ကြက်မကြီးမှာသွေးများရဲသွားပြီး နှစ်ခြမ်းဖြစ်သွား၏။ ကိုသန်းထွန်းမှာထို အမွှေးပင်မနူတ်ရသေးသော ကြက်မကြီးအား အားပါးတရဆွဲဆွဲစားနေ၏။ တခြမ်းမှာကား လေထဲသို့မြှောက်နေပြီးမြိုက်ခနဲ ကုန်သြား၏။ မခင်ရွှေမှာ ထိုအဖြစ်ကိုကြည့်ပြီး အော်ဂလီဆန်ကာ ပျို့တက်လာ၏။
” ဝေါ့….ကို…ကိုသန်းထွန်း…ရှင်ဘယ်လိုစားနေတာလဲ…”
” နင့်လင်မဟုတ်ဘူးဟဲ့…ငါ့ဘာသာငါ ဘယ်လိုစားစားပေါ့…သွားစမ်း…”
ဆိုကာ အိမ်ထဲသို့ဝင်နေခိုင်း၏။ ဤသို့ဖြင့် ကိုသန်းထွန်းမှာ အိမ်ထဲမှ အိမ်ပြင်မထွက်တော့ဘဲ မခင်ရွှေရှာလာသမျှအသားများကို အစိမ်းလိုက်စားသောကြောင့် သွားစွယ်မှာလည်း ပိုရှည်လာ၏။
မခင်ရွှေကား တနေ့တနေ့ပိန်ခြုံးလာကာ အရိုးပေါ်အရေတင်ဖြစ်လာရုံသာမက မိမိတို့ရရှိထားသောခန်းဝင်ပစ္စည်းများမှာလည်း ကုန်စင်လုနီးပါးဖြစ်လာ၏။ အကြောင်းမှာ ကိုသန်းထွန်းအတွက် အသားများနေ့စဉ်ဝယ်ကျွေးရသောကြောင့်ဖြစ်၏။ ကြာလာသော် သူတို့၏အိမ်ထဲတွင်ကား သွေးညှီနံ့များ ဖုံးလွှမ်းနေ၏။
သူတို့၏အိမ်ကိုလည်း ဘယ်သူ့ကိုမျှအလည်မခံချေ။ အသားဝယ်မရသည့်နေ့များတွင် မခင်ရွှေသည် သရဲမသားအမိ၏ ကောင်းကောင်းနှိပ်စက်ခြင်းကိုခံရလေသည်။ နောက်ဆုံးအသားများဝယ်ရန် ငွေမရှိတော့သည့်အချိန် ကိုသန်းထွန်းသည် ရွာထဲဝင်လာပြီး ကြက်များဝင်ဆွဲ၏။ အစပိုင်းတွင် လူမမိသော်လည်း ကြာလာသောအခါ လူများသတိထားစပြုလာ၏။
” ငါ့အိမ်ကကြက်တွေ နေ့တိုင်း ပျောက်ပျောက်နေတယ်ကွ…အစကအိမ်မှာကြက်တွေအများကြီးခုကဘယ်သူခိုးလဲမသိဘူး ဝင်ခိုးတာ ကုန်လုနေပြီကွ…”
” အေး…မင့်ကြက်တွေပျောက်နေတယ်ပြောမှ ငါဟိုနေ့က အလုပ်သွားတော့ ကိုသန်းထွန်းတစ်ယောက် ကုန်းကုန်းကွကွနဲ့ ကြက်တွေလိုက်ဖမ်းနေတယ်ကွ…”
” အေး..ရွာထဲမှာလည်း အဲဒီလင်မယားအကြောင်းတီးတိုးပြောသံကြားနေရတယ်ကွ.. အသားဟင်းတွေ အရမ်းဝယ်စားတယ်ဆိုလားဘဲ …..ဝယ်စားသလောက်လဲ မခင်ရွှေက ဝမလာဘဲ အရိုးပေါ်အရေတင်ဖြစ်နေတယ်ကွ…”
” အဲဒါပြောတာပေါ့…သူတို့အိမ်ထဲကိုလည်း ဘယ်သူမှအဝင်မခံဘူးဆိုဘဲကွ…”
” ဒီလင်မယားနှစ်ယောက်တော့ လူသိမခံနိူင်တဲ့ လျို့ဝှက်ချက်ရှိနေပြီထင်တယ်ကွ…”
” အေးမင်းပြောသလိုဖြစ်နိူင်တယ်…”
ရွာထဲတွင်လည်း လူတို့ဆုံမိတိုင်း ကိုသန်းထွန်းတို့လင်မယားနှစ်ယောက်အကြောင်းပြောနေကြ၏။ တနေ့သော် မခင်ရွှေ၏ မိခင်သည် သမီးနဲ့သမက်ဖြစ်သူ သတင်းကိုကြားရပြီး ဘယ်လိုဖြစ်သည်ကို သိချင်သဖြင့် သမီးအိမ်သို့လာခဲ့၏။ အိမ်နားရောက်သော် သမီးဖြစ်သူ တို့၏အသံမကြားရဘဲ တိတ်ဆိတ်နေသည်။ အိမ်တံခါးမှာလည်း ပိတ်ထားရက်သားဖြစ်နေ၏။
” ဒီကလေးတွေ ဘယ်သွားကြတာပါလိမ့်…အိမ်ပတ်ဝန်းကျင်လည်းညှီစော်နံနေတာဘဲအေ…ဘယ်လိုများနေကြတယ်မသိ…”
သမီးဖြစ်သူ၏အိမ်ထဲသို့ဝင်သွားရန်လုပ်လိုက်စဉ် အနောက်ဘက်မှလာသည့်ခြေသံကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်ရာ
” ဟဲ့ပလုတ်တုတ်…သန်းထွန်းရယ်..လန့်လိုက်တာဟယ် အသံမပေးဘာမပေးနဲ့….”
သူ့အနောက်မှလာနေသောကိုသန်းထွန်းအားတွေ့လိုက်ရသောကြောင့် လန့်သွားခဲ့၏။
” သြား…ငါ့အိမ်ထဲကထွက်သွား…”
” ဟဲ့သန်းထွန်း..နင်ဘယ်လိုဖြစ်နေတာလဲ..လူကလည်းအရူးလိုလိုအကြောင်လိုလိုနဲ့…ငါပြန်မှာပါဟဲ့…ငါ့သမီးကိုငါလာကြည့်တာ…”
” မလိုဘူး…ပြန်တော့…သြား..ပြန်…”
” ဟဲ့…ညည်းဘာဖြစ်နေတာလဲရူးသွားတာများလား…ကိုယ့်ယောက္ခမကို ဒီလိုဆက်ဆံဖို့ဘယ်သူသင်ထားပေးတာလဲ…”
” ဟာ…အဖွားကြီး…လျှာကိုရှည်လွန်းတယ်…”
” အင့်…”
” ဟဲ့…သန်းထွန်း နင်ဘယ်လိုလုပ်လိုက်တာလဲ…”
ကိုသန်းထွန်း မှာယောက္ခမဖြစ်သူအား တွန်းထုတ်လိုက်၏။ ယောက္ခမဖြစ်သူလည်း သန်းထွန်းအား နားမလည်နိုင်။ သမီးဖြစ်သူကိုလည်းမတွေ့ရချေ။
” ဟဲ့…ငါ့သမီးဆီငါလာလည်တာသူခိုးကောင်ရဲ့…နင့်ဆီလာတာမဟုတ်ဘူး…”
” မလာနဲ့…မလိုဘူးသြား…ပြန်တော့…..”
” ပြန်မှာဟေ့…ငါပြန်မှာ အတင်းမောင်းထုတ်နေစရာမလိုဘူး…သမီး..သမီးခင်ရွှေရေ…”
ယောက္ခမဖြစ်သူမှာ သန်းထွန်းအား မျက်စောင်းထိုးပြီး သမီးဖြစ်သူ ကိုအော်ခေါ်သော်လည်း ပြန်ထူးသံမကြားရချေ။ အိမ်ထဲရှိမခင်ရွှေကား သရဲတစ်ကောင်က အာစေးပိတ်ထားသည်ကို မိခင်ဖြစ်သူ မသိနိုင်ချေ။ သမီးငယ်၏ ပြန်ထူးသံမကြားရသောကြောင့် မိခင်လည်း ပြန်သွား၏။
ကိုသန်းထွန်း ကားတနေ့တနေ့အတင့်ရဲလာကာ ရွာထဲရှိဝက်များကိုပင် ခိုးစားသည့်အဆင့်ရောက်လာသည်။ တနေ့ရောက်သော် မောင်ရေခဲ နှင့်တပည့်ဖြစ်သူထင်ပေါ်တို့ ငဇင်ကြီးရွာသို့ ရောက်လာခဲ့သည်။ ရွာဝင်ဝရောက်သော် မကောင်းသော အာရုံရလိုက်သဖြင့် သစ်ပင်အောက်သို့ဝင်ကာ နားလိုက်၏။
” ကဲထင်ပေါ် ရေ…ငါတို့တော့အလုပ်ပေါ်လာပြီ….”
” ဘယ္လိုဆရာ…ဘာအလုပ်လဲဗျ…”
” အေး..ငါတို့ခုရောက်နေတဲ့ရွာမှာ သရဲနှစ်ကောင်ဝင်သောင်းကျန်းနေတယ်ကွ…”
” သရဲကနှစ်ကောင်တောင်လားဆရာ…”
” ဟုတ်တယ်ထင်ပေါ်….အဲဒီသရဲကရွာကစည်းကမ်းမရှိတဲ့သူကြောင့်ပါလာတာ…လာတို့တွေရွာထဲသွားကြစို့….”
” ဟုတ်ဆရာ…”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် ရွာထဲသွားကြရာ မခင်ရွှေနဲ့တည့်တည့်တိုး၏။
ထိုအချိန်ကား မခင်ရွှေတစ်ယောက် လင်ဖြစ်သူကိုသန်းထွန်းအတွက် အသားထွက်ဝယ်ချိန်ဖြစ်၏။ မောင်ရေခဲ ကမခင်ရွှေအားမြင်လျှင် သူ့နောက်မှ ကပ်ပါလာသောသရဲတစ်ကောင်ကိုလည်းတွေ့လိုက်ရ၏။ သို့ကြောင့် မခင်ရွှေအားဆီးကာမေးလိုက်၏။
” ဒီကအစ်မကြီး ဘယ္ကိုသြားမွာလဲဗ်…”
” အားမေလး….တောင်း…တောင်းပန်ပါတယ်…အစ်..အစ်မလန့်သွားလို့ပါ…”
မခင်ရွှေက မောင်ရေခဲ ၏အမေးကြောင့်လန့်ကာထိတ်ထိတ်ပြာပြာဖြစ်သွားပြီး စကားများပင်ထစ်နေ၏။ အနောက်မှ သရဲကားမောင်ရေခဲနားမကပ်နိုင်ဘဲ ခပ်ခွာခွာနေရာသို့ဆုတ်သွား၏။
” ဒီကအစ်မကြီး ဘာတွေဒီလောက်ထိ ကြောက်လန့်နေရတာလဲဗျ…”
” ဟို…ဟို…ဘာမွ မဟုတ်ပါဘူးရှင့်…ကိစ္စမရှိရင် အစ်မသွားလိုက်ဦးမယ်နော်…”
ဆိုကာအနောက်ကိုလှည့်ကြည်ပြီး ခပ်သုတ်သုတ်ထွက်သွား၏။ မောင်ရေခဲလည်း
” အစ်မကြီးညာနေတာဘဲ…အစ်မကြီးရဲ့နောက်ပါးမှာ သရဲတကောင်ကပ်နေလို့ အစ်မကြီးလန့်နေတာမလားဗျ….”
မောင်ရေခဲကထိုသို့လှမ်းပြောလိုက်လျှင် မခင်ရွှေက ခြေလှမ်းများတုံ့ခနဲရပ်သွားပြီး အနောက်ပြန်လှည့်ကြည့်ကာ
” ရှင်… ဘာကိုဆိုလိုတာလဲမောင်လေး…”
” အစ္မ မညာပါနဲ့ဗျ…ကျွန်တော်တို့ကအစ်မရဲ့ပြဿနာကို ကူညီဖြေရှင်းပေးဖို့ လာတဲ့သူတွေပါ…”
” ဟင်…မောင်လေး တို့က အစ်မနားမှာရှိနေတဲ့သရဲကိုမြင်နေရတာလားဟင်…”
” ဟုတ်တယ်အစ်မ…ခုအဲဒီသရဲက အစ်မရဲ့အိမ်ကိုအရင်ပြန်သွားလိုက်ပြီ…”
” အစ်မကိုကူညီနိူင်ရင်ကူညီပေးပါမောင်လေးတို့ရယ်…အစ်မရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် သရဲမသားအမိ အစ္မမိသားစုကို နှောက့်ယှက်နေပါတယ်ရှင့်….ကူညီနိူင်ရင်ကူညီပေးကြပါ…အစ်မတောင်းဆိုပါတယ်ရှင့်…”
” ကဲကဲ…ကျွန်တော်တို့အစွမ်းကုန်ကူညီမယ်…လာအစ်မအိမ်သွားရအောင်…အစ်မရဲ့အိမ်မှာ သရဲတွေအရမ်းသောင်းကျန်းနေပြီ…”
ထို့နောက်သုံးယောက်သား ခင်ရွှေ၏အိမ်သို့ ခပ်သုတ်သုတ် သွားကြ၏။ အိမ်ဝိုင်းနားအရောက်တွင်ကား အိမ်ထဲမှ သောင်းကျန်းနေသော သရဲမသားအမိ၏အသံကို ကြားလိုက်ရ၏။
” ကောင်မ…ညည်းကိုငါဘာပြောထားလဲ…ငါတို့သားအမိဒီမှာရှိနေတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပြပါနဲ့လို့…ညည်းက ညည်းယောကျာ်းအသက်ကိုမနှမြောလို့ သူစိမ်းတွေကိုခေါ်လာတာလား…ခွမ်း….ခွမ်း……”
သရဲမမွာ အော်ဟစ်ဆဲဆိုပြီး ပန်းကန်များကို ပစ်ပေါက်ခွဲလိုက်၏။ မောင်ရေခဲလည်း အမှုမထားဘဲ အိမ်ထဲသို့တည်ကြည်စွာဝင်လာ၏။ မောင်ရေခဲ နောင်မှ ထင်ပေါ်လည်း လိုက်ဝင်လာ၏။ အိမ်ဘုရားစင်ကား ဘုရားဆင်းတုတော်လည်းမရှိတော့ချေ။ မောင်ရေခဲ ၏ကိုယ်ရှိန်ကိုယ်ဝါကြောင့် သရဲမဝင်ပူးနေသော ကိုသန်းထွန်းသည် မျက်လုံးနှစ်ဖက်ကို အမြန်ပိတ်ထားလိုက်သည်။ ထိုစဉ်မောင်ရေခဲ၏ ဩဇာအပြည့်ပါသော အသံထွက်လာခဲ့သည်။
” ဘာကြောင့် ဒီခန္ဓာထဲဝင်ရောက်ပူးကပ်နေရတာလဲ…”
” နေစရာမရှိလို့ပေါ့ဟဲ့…ဒီကောင်မက ငါနေတဲ့နေရာကို ညစ်ညစ်ပတ်ပတ်လာလုပ်လို့အေ့….”
” သင်ရှိမှန်း သူမသိလို့နေမှာပါ…သင်ကဘာကိစ္စအဲဒီမှာနေရတာလဲ…”
” ဟဲ့…ငါတို့ကဒီဇာတိကမဟုတ်ဘူးဟဲ့…ငါတို့သားအမိခရီးသွားနေရင်း အဲဒီမှာရောက်ပြီး ရောဂါတစ်ခုကြောင့်သေခဲ့ရတာ…ဒါကြောင့်အဲဒီမှာနေရတာဟဲ့…ငါတို့နေလာတာဖြင့်ကြာလှပြီ…တနေ့ကမှလာတဲ့ဒီကောင်မက ငါ့နေရာလာပြီး ညစ်ညစ်ပတ်ပတ်လာလုပ်နေလို့….”
” ဪဒီတော့ သင်တို့သားအမိက ခုနေစရာမရှိတော့ဘူးပေါ့ဟုတ်လား…”
” ဟုတ်တယ်ဟဲ့ဟုတ်တယ်…”
ဆိုကာ အနောက်သို့ဝုန်းခနဲလှန်ကျ၏။ ထို့နောက် လူသေတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်အတောင့်လိုက်သားဖြင့် တဆတ်ဆတ်တုန်နေပြန်၏။ မောင်ရေခဲလည်း
” ငါမေးနေတာ ဒီလိုလုပ်ရဲသလား…ပြန်ထိုင်စမ်းမူလနေရာကို…”
” မထိုင်ဘူး…မထိုင်နိူင်ဘူး…အီးဟီးဟီး…”
” အာခံတယ်ပေါ့ဟုတ်စ…သင်တို့က ခန္ဓာတစ်ခုထဲကို နှစ်ယောက်ဝင်ပူးတာပေါ့ဟုတ်စ…ကဲထင်ပေါ်ဒီကို ရေမန်းပေးစမ်းကွဲ့…”
” ဒီမြာပါဆရာ…”
မောင်ရေခဲက ထင်ပေါ်ကမ်းပေးသော ရေမန်းဗူးကိုဖွင့်ပြီး ရေအနည်းငယ်ဖြင့် ကိုသန်းထွန်းကို တောက်ချပေးလိုက်၏။
” အား…ပူတယ်…ပူတယ်…”
” အားမေမေရေ…ပူတယ်…ပူတယ်…”
ကိုသန်းထွန်းမှာ တမျိုးပြီးတမျိုး အော်၏။ မောင်ရေခဲကား သရဲသားအမိကို တွေ့နေရသည်။
” အာခံဦးမလား…ဒီခန္ဓာရှင်ကနေထွက်သွားမလား…”
” ထွက်မသွားနိူင်ဘူးဟဲ့…ငါတို့ဒီမှာနေသားကျနေပြီ…ငါတို့သားအမိဒီမှာဘဲနေမယ်…အစားအသောက်ကောင်းတွေလဲစားရတယ်…”
” ကဲထင်ပေါ် ဒီနှစ်ကောင်က မေတ္တာရပ်ခံနေတာလက်မခံဘူးဆိုတော့ သူ့ရဲ့ဆိုင်ရာကိုပို့ပေးရမှာပေါ…မဖဲဝါကိုဆင့်ခေါ်လိုက်ထင်ပေါ်….”
” ဟုတ်ဆရာ..”
ထင်ပေါ်လည်း အာရုံကိုစုစည်းလိုက်ပြီး သင်္ချိုင်းရှင်မ မဖဲဝါကို ဆင့်ခေါ်လိုက်၏။
” သင်္ချိုင်းတကာကိုအပိုင်စားရပါသော မဖဲဝါခင်ဗျား…ကျုပ်ထင်ပေါ် သင့်ကိုဖိတ်ခေါ်ပါတယ်…ရောက်ရာအရပ်ကနေ သည်အိမ်ဌာနကို အရောက်လာခဲ့ပေးပါခင်ဗျာ…”
ပထမတစ်ကြိမ်ဆင့်ခေါ်ရာ မဖဲဝါရောက်မလာခဲ့ချေ။ ဤသို့ဖြင့် သုံးကြိမ်သုံးခါ ခေါ်လိုက်သော် အဝေးအရပ်မှ မဖဲဝါ၏ ခွေးကြီးအူသံကြားလိုက်ရသည်။ ခဏကြာသော် မခင်ရွှေ၏ အိမ်မှာတချက်သိမ့်ခနဲဖြစ်သွားပြီး အရပ် ၇ ပေခန့်ရှိသော မဖဲဝါရောက်ရှိလာ၏။ ထိုအခါ သရဲမနှစ်ကောင်မှာ မျက်နှာဇီးရွက်လောက်သာကျန်တော့၏။ မဖဲဝါက သရဲနှစ်ကောင်ကို တချက်မျှစောင်းကြည့်လိုက်ပြီး မောင်ရေခဲ ဖက်ကြည့်လိုက်၏။
” ဘာအတွက်ဆင့်ခေါ်ရပါသလဲဆရာ…”
” ဒီသရဲမသားအမိကိစ္စကြောင့်ပါ သင်္ချိုင်းရှင်မ…သူတိုရဲ့နေရာကိုဒီက အမိုက်အမဲလေးမခင်ရွှေက အလေးစွန့်မိလို့ပါ…ဒါကြောင့် သူတို့သားအမိနေစရာပျောက်နေပါတယ်…ဒီတော့ သူတို့အတွက် အရှင်မက မေတ္တာထားပြီး နေစရာပေးလိုက်ပါ…”
” ဆရာကမေတ္တာရပ်ခံ လက်ခံပေးလိုက်မယ်….ဒီကောင်မနှစ်ကောင်အတွက် နေစရာစီစဉ်ပေးလိုက်မယ်ဆရာ….သူတို့အမှားမဟုတ်တဲ့အတွက် သူတို့ကိုနာကျင်အောင်မလုပ်ပါနဲ့…”
” ကျွန်ုပ်နာကျင်အောင် မလုပ်ပါဘူးသင်္ချိုင်းရှင်မ..ဒီအမိုက်အမဲမခင်ရွှေကို ကျေးဇူးပြုပြီး ခွင့်ခွတ်ပေးလိုက်ပါ နောက်နောက်မဖြစ်စေရဘူး…”
” ဟုတ်ကဲ့ပါဆရာ..ဒါဆို သွားခွင့်ပြုပါဦး…”
” အေးအေး…သင်သွားနိုင်ပြီ…”
” ကောင်မတွေ ငါ့နောက်လိုက်ခဲ့ပေတော့..ဒီနေရာဟာသင်တို့နဲ့ မအပ္စပ္ဘူး…”
ဟုဆိုလိုက်ရာ ကိုသန်းထွန်း ခန္ဓာထဲမှသရဲမသားအမိသည် မဖဲဝါနောက်သို့ လိုက်ပါပျောက်ကွယ်သွားတော့သည်။ ကိုသန်းထွန်းလည်း ကြာရှည်စွာပူးကပ်ခံထားရသောကြောင့် လိပ်ပြာဝိဥာဉ်မှာ ခပ်ကြာကြာပြန်ခေါ်လိုက်ရသည်။
နောက်နေ့တွင်ကား ကိုသန်းထွန်းအကောင်းပကတိအတိုင်းပြန်ဖြစ်သွားပြီး သူနောက်ဆုံးသတိရသည်မှာ မိန်းမ ကြီးတစ်ယောက်နှင့်ကလေးတစ်ယောက်သည် သူ့အနားလာပြီး ရုပ်ပျင်ဆင်းပျက်ဖြစ်နေသော ပုံဖြင့်ခြောက်လှန့်ရာ သူလဲကျသွားပြီး အမှောင်ကမ္ဘာထဲသို့ရောက်သွားသည်ဟုသာ။ မောင်ရေခဲ လည်းကိုသန်းထွန်းကို လိပ်ပြာချုပ်ကြိုးအဖြူလေး ပတ်ထားပေးလိုက်သည်။ မခင်ရွှေကိုလည်း နောက်နောင် တောတောင်ထဲတွင် အခွင့်မတောင်းဘဲ ကိစ္စကြီးငယ်အလွယ်တကူမစွန့်သင့်ကြောင်း ပြောပြပြီး နေအိမ်တွင် ပရိတ်တရားနာပွဲပြုလုပ်ရန်တိုက်တွန်းလိုက်သည်။
သရဲမသားအမိထွက်သွားပြီးနောက် မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း တခြားတနေရာသို့တက်လက်ခရီးထွက်သွားတော့သည်။….။
( စိတ်ကူးမျှသာဖြစ်သည်။ သရဲမသားအမိကား သစ်ပင်ကြီးအောက်တွင်ခုထိရှိနေသေးသည်။ သူ့နေရာတွင် သစ်ပင်ခုတ်ခြင်း၊ကိစ္စကြီးငယ်စွန့်ခြင်းပြုပါက သေအောင်ဖမ်းစားနေမြဲဖြစ်သည်။သဘောထားချင်းမတိုက်ဆိုင်ပါစာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်သည်။စာပေချစ်မြတ်နိုးသူစာဖတ်သူများကိုယ်စိတ်နှလုံးကျန်းမာကြပါစေ)
# ပြီး
# ခွန်း