မောင်ရေခဲ နှင့် အသက်လုပွဲ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် အသက်လုပွဲ(စ/ဆုံး)
——————————————-
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် ခြေဦးတည်ရာသွားရင်း တစ်လအဓိဋ္ဌာန်ဝင်ရန်လိုအပ်လာသဖြင့် ပန်းတစ်ပင်ရွာရှိ တောင်ကုန်းထိပ်သို့တက်လာခဲ့ကြ၏။ ထိုတောင်ကုန်းထက်၌ ထိုင်တော်မူရုပ်ပွားတော်ကြီးက ကိန်းဝပ်စပ္မါယ်တော်မူ၏။ တောင်ကုန်းထိပ်သည် အတန်အသင့်ကျယ်ဝန်းပြီး တပင်လုံးဖွေးဖွေးလှုပ်အောင် ပွင့်နေသော ပန်းပင်ကြီးတစ်ပင်လည်းရှိ၏။ ထိုပန်းပင်ကြီးသည် ထိုင်တော်မူရုပ်ပွားတော်ကို အရိပ်ပေးအုပ်မိုးထားသကဲ့သို့ဖြစ်နေ၏။ ထိုရုပ်ပွားတော်၏ လက်ဝဲဘက်တွင် ရုပ်ပွားတော်ကို ဖူးမျှော်နေဟန် နဂါးမောင်နှံရုပ်တုကိုလည်း ထုဆစ္ထား၏။
မောင်ရေခဲတို့ဆရာတပည့်က တောင်ကုန်းထိပ်သို့ရောက်လာလျှင် မိမိတို့၏နေ့နံထောင့်၌ နေရာယူလိုက်ပြီး ထိခြင်းငါးပါးဖြင့် ဘုရားကိုဝတ်ပြုလိုက်၏။ ပြီးသော် သေသပ်ကျနစွာထိုင်ပြီး တရားအားထုတ်လိုက်၏။ မောင်ထင်ပေါ်လည်း ဆရာနည်းတူ တရားထိုင်လိုက်၏။
မောင်ရေခဲ တရားထိုင်နေစဉ် စိတ်တို့သည်ပကတိကြည်လင်နေပြီး အကြားအာရုံများလည်း ခေတ္တငုပ်လျှိုုးသွား၏။
အဖြူထည်သက်သက်ဖြစ်နေသော စိတ်တို့သည်ကား အေးချမ်းမှုကိုအပြည့်အဝပေးနေ၏။
” လူလေး…သံသရာတကွေ့မှာ လူလေးနှင့်အဘပြန်တွေ့ကြရပြီပေါ့…”
ထိုအသံကြောင့် မောင်ရေခဲအသံကြားရာသို့ကြည့်လိုက်ရာ ငယ်ဆရာအဘသူဖိုးသူတော်ကြီးကိုတွေ့လိုက်ရ၏။
” ဟာ…အဘဆရာ…”
” အေးကွဲ့…အဘလူရွေးမမှားဘူးဘဲ…လူလေးကိုနဂါးမင်းကြီးဆီကနေခေါ်ဆောင်သွားရကျိုးနပ်တယ်…လူလေးကအဘထင်တာထက်တောင် ပိုပြီးပေါက်မြောက်နေပြီဘဲ…”
” ဒါကလည်း အဘဆရာတို့ရဲ့ဆုံးမသွန်သင်မှုကြောင့်ပါအဘရယ်…ကျွန်တော့်ကိုခုလို မှန်ကန်တဲ့လမ်းကြောင်းပေါ်ပို့ပေးခဲ့လို့ အဘဆရာကို အရမ်းကျေးဇူးတင်တယ်…”
” အေးကွယ်…လူလေးခုလိုပေါက်မြောက်လာတာဟာ အဘတို့ကြောင့်လို့ အတပ်ပြောလို့မရဘူးကွဲ့…ဘာလို့ဆိုအဘတို့ကလမ်းကြောင်းပေါ်ဘဲချပေးခဲ့တာ…လူလေးကိုတိုင်အဲဒီလမ်းကြောင်းပေါ်ကိုဆက်ပြီး လျှောက်လှမ်းခဲ့တာ…ခုလိုပေါက်မြောက်တော့ အဘဖြင့်သိပ်ကိုဝမ်းသာသကွဲ့…”
” အဘကိုမတွေ့ရတာကြာပြီ….အဘဘယ်တွေများရောက်နေတာလဲဟင်…”
” အဘလည်း လူလေးတို့လိုဘဲကူညီမစသင့်တဲ့ သူတွေကို လိုက်လံကူညီပြီး ပါရမီဖြည့်ကျင့်တာပေါ့ကွယ်…ကဲလူလေးငယ်ရွယ်စဉ်က အဘချီးမြှင့်ခဲ့တဲ့ပုတီးလေး အဘကိုပေးကွဲ့…အဘသိဒ္ဓိတင်ပေးမယ်….”
” ဟုတ်အဘဆရာ…”
မောင်ရေခဲကထိုသို့ပြောပြီး မောင်ထင်ပေါ်၏ဘေးရှိ လွယ်အိတ်ထဲမှကျွန်းနက်ပုတီးကုံးလေးယူလိုက်ပြီး ဆရာဖြစ်သူထံအပ်လိုက်၏။ ဖိုးသူတော်ကြီးသည် ပုတီးကိုလက်နှစ်ဖက်ပေါ်တင်ပြီး မျက်လုံးအစုံမှိတ်ကာ ပုတီးကိုသိဒ္ဓိတင်နေ၏။ တအောင့်အကြာ၌ ကျွန်းသစ်နက်ပုတီးကုံးလေးသည် ရွှေရောင်အလင်းတန်းများ ထွက်လာပြီးတဝင်းဝင်းဖြစ်နေ၏။
” ကဲရော့လူကလေး…ခုအဘချီးမြှင့်တဲ့ဒီပုတီးကုံးလေးဟာ ရှိရင်းစွဲထက်ပိုပြီး အစွမ်းသိဒ္ဓိရှိသွားပြီကွဲ့…ဒီပုတီးလေးကို အကျိုးရှိရှိသုံးပြီး နောင်အခွင့်ကြုံလို့ ပုပ္ပါးတောင်ကိုရောက်ခဲ့ရင် တောင်ထိပ်ကဘုရားမှာ အဘကိုယ်စားလှူပေးခဲ့ကွယ်…”
” ဟုတ်ကဲ့ပါအဘ…”
” အေးကွယ်သာဓု…သာဓု…သာဓု…”
မောင်ရေခဲကပုတီးကုံးကို ဖိုးသူတော်ထံမှ လှမ်းယူလိုက်ပြီးဦးချလိုက်၏။ ဦးသုံးကြိမ်ချပြီး ပြန်ထအလာ၌ ဖိုးသူတော်ကြီးမှာ သူ့အရှေ့၌မရှိတော့ချေ။ မောင်ရေခဲကမူလနေရာတွင်သာ ပြန်ထိုင်လိုက်ပြီးပြန့်ကျဲနေသောအာရုံကို စုသည်းလိုက်၏။ ထိုအချိန်ပူပြင်းလှသောအထိအတွေ့ကိုစတင်ခံစားမိသဖြင့် တရားကိုဖြုတ်လိုက်၏။ ပူပြင်းသောအပူရှိန်သည်ကား အခြားမဟုတ်။ မွန်းလွဲနေ၏ အပူရှိန်ကသူ့မျက်နှာပေါ်ကျလာခြင်းကြောင့်ဖြစ်၏။
” ဆရာတရားဖြုတ်ပြီလား…ဆရာတရားထိုင်နေတာ သုံးနာရီရှိပြီဗျ…ကျွန်တော်တောင်တစ်နာရီလောက်ဘဲထိုင်နိူင်တယ် ခြေထောက်တွေကျဉ်တက်နေတာဘဲ…”
” အင်းထင်ပေါ်…စောစောက ဒီကိုအဘဆရာလာသေးလား…”
မောင်ရေခဲက သူ့လက်ပေါ်မှ ပုတီးကိုကြည့်ပြီးဇဝေဇဝါဖြစ်နေ၏။
” ဘယ်သူမှမလာဘူးလေဆရာ…ဘာဖြစ်လို့လဲ…”
” ဪဟုတ္လား…ဒါဆိုစောစောက ငါအဘဆရာကိုတွေ့လိုက်တာ မနောအာရုံထဲကနေမယ်…အဘဆရာက ဒီပုတီးလေးကို သိဒ္ဓိတင်ပေးခဲ့သေးတယ်…”
ဆိုပြီး ပုတီးကိုလည်ပင်း၌ဆွဲထားလိုက်၏။
” အချိန်ကျပြီထင်ပေါ်…ငါတို့ကူညီမှ အသက်ရှင်ရမဲ့သူကို ကယ်တင်ပေးဖို့ အချိန်ရောက်လာပြီ…သွားကြစို့…”
” ဘယ်အရပ်လဲဆရာ…”
” အရှေ့စူးစူးအရပ်ဘဲ…”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း အရှေ့စူးစူးအရပ်သို့ဦးတည်ကာ ခရီးဆက္လာခဲ့၏။ တစ်ခုသောရွာထဲကို ဝင်မိသည်တွင် ယောကျာ်းတစ်ယောက်သည် အလျင်လိုနေသော ခြေလှမ်းများဖြင့် လျှောက်လာနေ၏။ ထိုလူ၏မျက်နှာလည်း ရွှင်ပြမနေဘဲ တစ်ခုခုကိုစိုးထိတ်နေဟန်ရှိလေသည်။ ထိုလူကမောင်ရေခဲတို့၏အနားသို့ရောက်သော် ဇဝေဇဝါဖြစ်ပြီး ခြေလှမ်းတို့်ရှေ့ဆက်လှမ်း၍မရဘဲဖြစ်နေသည်။
” ဟာ…ဒီခြေထောက်က ဘာဖြစ်ရတာလဲကွာ…ဒီမှာအလျင်လိုနေပါတယ်ဆိုမှဘဲ..”
ထိုလူကသူ့ကိုယ်သူ အားမလိုအားမရဖြစ်နေသည်။ မောင်ရေခဲကထိုလူအား လှမ်းကြည့်လိုက်ရာ ထိုလူ၏ကိုယ်စောင့်နတ်က ရှေ့ဆက်သွားမရအောင်ဆွဲထားသည်ကိုတွေ့လိုက်ရသည်။ မောင်ရေခဲလည်းအခြေအနေကိုနားလည်သွားပြီး ထိုလူအား
” ဒီကနောင်ကြီး ဘာတွေအလိုမကျဖြစ်နေတာလဲဗျ…”
” ဟင်…ဪဒီမှာဒေါသထွက်နေတာနဲ့ မိတ်ဆွေတို့ကိုမမြင်မိဘူး…ကျုပ်ဆေးဆရာသွားပင့်မလို့ပါဗျာ…အဲဒါကိုခြေထောက်က ဒီရောက်တော့ဆက်သွားမရဘူးဖြစ်နေလို့…”
” နောင်ကြီးရဲ့လက်ဖဝါးကြည့်ပါရစေ…”
မောင်ရေခဲ၏စကားကြောင့် ထိုလူကြောင်အမ်းအမ်းဖြစ်သွားသည်။ သို့သော်လက်မှာကား မောင်ရေခဲအရှေ့သို့ တိုးမိလျက်သားဖြစ်နေသည်။ မောင်ရေခဲကထိုလူ
၏လက္ဖဝါးကို လက်နှစ်ဖက်ဖြင့်အထက်အောက် ကိုင်အုပ်လိုက်ပြီး မျက်လုံးနှစ်ဖက်မှိတ်ကာ အာရုံခံလိုက်သည်။ သူ၏အာရုံထဲ၌ကား သေရေးရှင်ရေးဖြစ်နေသောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရ၏။ ထိုအမျိုးသမီး၏ဘေးပတ်ပတ်လည်၌ကား အမဲရောင်အခိုးအငွေ့များ လွင့်ပျံနေသည်။
” နောင်ကြီးရဲ့အမျိုးသမီး သေရေးရှင်ရေးဖြစ်နေတယ်…အနည်းငယ်နောက်ကျတာနဲ့ အသက်ဆုံးရှုံးရလိမ့်မယ်…”
” ဟာ…ဒီကမိတ်ဆွေဘယ်လိုသိတာလဲဗျ…”
” ဒါအရေးမကြီးဘူးနောင်ကြီး…နောင်ကြီးရဲ့ အမျိုးသမီးအသက်ကပိုအရေးကြီးတယ်…ခုဘဲနောင်ကြီးရဲ့အိမ်ဆီ ကျွန်ုပ်တို့ကိုခေါ်သွားပေးပါ…”
” ဟုတ်..ဟုတ်…”
ထိုလူကစိတ်ညှို့ခံထားရသည့်လူပမာ သူစိမ်းယောကျာ်းနှစ်ယောက်အား မိမိ၏နေအိမ်ရှိရာသို့ခေါ်သွားလိုက်၏။ အိမ်ဝင်ပေါက်ရောက်သည်နှင့် အထဲမှလူမမာညည်းသံကိုအတိုင်းသားကြားနေရ၏။
” အင်းဟင်းဟင်း.. အေမရေ…သမီးဒီတောင်ကိုမကျော်နိုင်တော့ဘူးထင်တယ်…”
” အားမလျှော့နဲ့မိညို…နင့်ယောကျာ်း ဟိုဘက်ရွာကဆေးဆရာသွားပင့်နေတယ် ခဏလောက်အားတင်းထား…”
” အေမ..သမီးအရမ်းအိပ်ချင်နေပြီ…သမီးအိပ်မယ်နော်….”
” မအိပ်နဲ့သမီး…မျက်လုံးမပိတ်လိုက်နဲ့…နင့်ယောကျာ်းပြန်လာတော့မယ်…”
အေးညိုမှာမောဟိုက်နေပြီးမျက်လုံးများလည်း စင်းကျနေပြီ။ သွေးများလည်းသွန်နေသဖြင့် အသားအရေဖျော့တော့ကာ အသက်ကိုမနဲလုရှူနေရသည်။
” အေးညို…အေးညိုရေ…ကိုယ်ပြန်လာပြီ ဆေးဆရာလည်းပါလာတယ်.. နင်အားတင်းထားနော် ဘာမှမကြောက်နဲ့ငါရှိတယ်…”
ကိုအောင်ထွန်းကအိမ်ပေါ်ရောက်ရောက်ချင်း ဇနီးဖြစ်သူအေးညိုကိုအားပေးစကားပြောလိုက်၏။ အမှန်မှာအေးညိုသည်မီးဖွားကာစ သွေးနုသားနုကာလဖြစ်သည်။ မီးဖွားပြီးငါးရက်မြောက်နေ့၌ အဆမတန်သွေးသွန်ခြင်းဖြစ်သည်။ လက်သည်ကြီးက ပညာအစွမ်းကုန်ကုပေးသော်လည်းမရချေ။
မောင်ရေခဲတို့က မီးနေသည်ရှိသောအိမ်ထဲကိုမဝင်ဘဲ အပေါ်ထပ်သို့သာတက်လာခဲ့၏။ မီးဖွားသောနေရာမှာ အောက်ထပ်ရှိမီးဖိုချောင်အဖီဆွယ်ထားသောနေရာဖြစ်သည်။ အပေါ်ထပ်သို့တက်ပြီး ဘုရားရှိခိုးအမျှဝေကာ အထက်ဆရာမ်ားကို ကုသခွင့်တောင်းလိုက်၏။ ပြီးသော် ရွှေရောင်အင်းတစ်ချပ်ကို အသက်သွင်းလိုက်၏။
” ထင်ပေါ် လူနာကိုသန့်ရှင်းရေးလုပ်ပေးခိုင်းပြီး ဒီကိုလာခိုင်းလိုက်…”
” ဟုတ်ဆရာ…”
မောင်ထင်ပေါ်လည်း အောက်ထပ်သို့ဆင်းသွားပြီး အပြင်မှနေ၍ မောင်ရေခဲမှာသည့်အတိုင်းပြောလိုက်၏။
” ဟုတ်…ဟုတ်ဆရာလေး…”
အိမ်ရှင်ကိုအောင်ထွန်းကထိုသို့ပြောပြီး ဇနီးသည်အား အဝတ်အစားလဲပေးလိုက်ကာ အိမ်အပေါ်ထပ်သို့တွဲခေါ်လာသည်။ လူနာအေးညိုမှာ သွေးလွန်နေသဖြင့် ထိုင်ပင်သေချာမထိုင်နိုင်ချေ။
” ကျွန်တော့မိန်းမ မထိုင်နိူင်ဘူးဆရာ ကျွန်တော်ဖေးမကူပြီး ကျောခံထားပေးလို့ရမလား…”
” မရဘူးနောင်ကြီး…ဒီတိုင်းထားလိုက် သူ့ဘာသာသူထိုင်နိူင်လာလိမ့်မယ်…နောင်ကြီးဒီဖက်မှာလာထိုင် လမ်းမပိတ်ထားနှင့်…”
” ဟုတ်ဟုတ်ဆရာ…”
အောက်ထပ်၌ကျန်ခဲ့သော ဒေါ်အောင်မှာတအဲ့အဲ့ငိုနေသော မြေးမလေးကိုချော့မြှူနေရှာသည်။
မောင်ရေခဲက တနင်္ဂနွေသမီးအေးညိုကိုအသက်နှင့်ခန္ဓာအပ်ခိုင်းပြီး စတင်ကုသလိုက်၏။
” ဤတနင်္ဂနွေသမီးရဲ့အသက်ကိုငါပိုင်တယ်…တနင်္ဂနွေသမီးကိုပြုစားထားတဲ့ပညာသည် ခုချက်ချင်း ငါ့အရှေ့ရောက်လာခဲ့စမ်း…အနှောင့်အယှက်အတားအဆီးအကူအညီစက်တွေ အကုန်ငါဖြတ်တယ်…မကြာချက်ချင်း ငါ့အရှေ့ရောက်စေ…အထက်ဆရာကြီးများရဲ့အမိန့်…ငါရေခဲရဲ့အမိန့်…”
ထိုစဉ်စောစောကမှောက်လဲကျမတတ် ထိုင်နေတနင်္ဂနွေသမီးသည် ခေါင်းထောင်လာပြီး မျက်လုံးနှစ်ဖက်လည်းနီရဲလာသည်။
” ဟင်း…အမိန့်ပြင်းလို့သာလာရတယ်…နို့နံ့တောင်မစင်သေးတဲ့ ဆရာပေါက်စလေးပါလား…ဟင်း…ဟင်း..”
” ဒူးပဆစ်တုတ်ထိုင်လိုက်စမ်း…ဒါနင့်အိမ်မဟုတ်ဘူး…ထိုချင်သလိုထိုင်လို့မရဘူး…”
” ဟင်း…ငါထိုင်ချင်သလိုထိုင်မယ်…နင်ဘာတတ်နိုင်လဲပြော…”
” အေးရတယ်လေ…ကဲ…ဆိုင်ရာတွေ ဆွဲပြီးဒူးပဆစ်တုတ်ထိုင်ခိုင်းလိုက်စမ်း…နောက်ကနေဆင်နဲ့နင်းချလိုက်စမ်း…”
ထိုစဉ်လူနာမှာတစ်ယောက်ယောက်ဆွဲထသကဲ့သို့ဖြစ်သွားပြီး အတင်းရပ်နေ၏။ အကြောမာလှသော လူနာသည်ဒူးပဆစ်တုတ်မထိုင်ဘဲ အတင်းရပ်နေ၏။ ထိုစဉ် အနောက်မှ တစ်စုံတစ်ယောက်က ခြေကောက်ကွေးနေရာအား နင်းချလိုက်သကဲ့သို့ဖြစ်သွားပြီး အတင်းပြန်ထရန်လုပ်သော်လည်း အနင်းခံထားရသဖြင့် ထမရဘဲဖြစ်နေ၏။
” အသားအနာခံပြီး ခေါင်းမမာချင်စမ်းနဲ့…ကဲလက်အုပ်ချီပြီး ဘုရားကိုဝတ်ပြုလိုက်…”
” နင်တို့တွေက သူများအားကိုးနဲ့ လူကိုအတင်းဖိအားပေးနေတယ်ပေါ့ဟုတ်လား…”
” ဘုရားဦးတိုက်ခိုင်းတာ…ပြန်အာမခံနဲ့…”
” ဦးမတိုင်နိုင်ဘူး…နင်ကြိုက်တာလုပ်ဟဲ့…”
” ကဲ…အသားအနာခံပြီး ပြန်အာခံနေမှတော့ ငါမေတ္တာမထားနေတော့ဘူး…ကဲဆိုင်ရာတွေ ဆွဲပြီးဘုရားဦးတိုက်ခိုင်းလိုက်…”
” ဒုန်း…ဒုန်း…ဒုန်း….”
” အား….သေပါပြီ…”
မောင်ရေခဲကအမိန့်ပေးလိုက်သည်နှင့် လူနာသည် တစ်စုံတစ်ယောက်ကဆွဲလိုက်သကဲ့သို့ အရှေ့သို့ယိုင်းထိုးသွားပြီး နဖူးမှာကြမ်းပြင်ကို တဒုန်းဒုန်းဆောင့်နေတော့သည်။
” ရပြီတော်တော့…ကဲသင်ဖြေစမ်း…နင်ကဘယ်သူလဲ…ဘာလို့တနင်္ဂနွေသမီးကို ပြုစားနှောင့်ယှက်ရတာလဲ…”
” ဒီလောက်ပညာလေးနဲ့ငါကနင့်ကိုကြောက်မယ်ထင်နေလား….မဖြေဘူးဟယ်…ငါကဘာကိစ္စဖြေရမှာလဲ…”
” ငါမေတ္တာနဲ့မေးနေတုန်းဖြေလိုက်…မဟုတ်ရင် နောင်တရတဲ့အထိနာကျင်ရလိမ့်မယ်…”
” မဖြေဘူးဟဲ့မဖြေဘူး…ဘာမှမဟုတ်တဲ့ပညာလေးနဲ့ငါ့ကိုလာစမ်းချင်နေသေးတယ်…ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးရင် လာရာလမ်းအတိုင်း အေးဆေးပြန်သွားတော့…ဟင်းဟင်း…”
” အဲဆိုလည်း အကြမ်းနည်းသုံးရတာပေါ့…ကဲဆိုင်ရာတွေ သူ့ပါးစပ်ကိုကြိုးနဲ့ဆွဲဟထား…မဖြေမချင်းရေနွေးပူလောင်းထဲ့လိုက်…”
” ဝူး….အား…..အား……ဖြေ…ဖြေပါ့မယ်…”
ထိုသိုအကြမ်းနည်းဖြင့်မေးလိုက်မှဖြေမည်ဟုပြော၏။
” ကဲဖြေသင်ကဘယ်သူလဲ..ဘာအတွက်ပြုစားရတာလဲ…”
” ငါကသူနဲ့ဆွေမျိုးမကင်းဘူး…သူကလေးမွေးတာကလေးအဖတ်တင်လို့်..ငါ့သမီးမွေးတဲ့ကလေးကျအဖတ်မတင်ဘူး…ငါ့မှာမြေးလေးချီရမလားဆိုပြီးပျော်နေတာခုတော့ငါ့မြေးလေးကအသေလေးမွေးလာတယ်…သူ့ကလေးကျတော့အသက်ရှင်နေလို့…”
” စာနာစိတ်အတော်ခေါင်းပါးပါလား..သင့်မြေးလေးကလူ့လောကထဲအသက်မပါဘဲဝင်လာတာတောင် သင်ဒီလောက်သံယောဇဉ်ဖြစ်နေတာ ခုသူများဆိုရင်ရော သူ့မိဘတွေဘယ်လောက် ခံစားရလိမ့်မလဲ…”
” ငါမသိချင်ဘူး…ငါ့မြေးလေးအသက်မရှင်ရင် သူ့ကလေးလဲအသက်မရှင်စေရဘူး…ငါသူ့ကလေးကိုလုပ်တာ…ကေလးကိုမထိဘဲ သူ့ကိုထိတာ…သူ့ဘာသာသူကံနိမ့်လို့ထိတာ ငါနဲ့မဆိုင်ဘူး…”
” ဪ…လူဆိုတာလာကထဲက သူ့ကိုသိုလ်ကံနဲ့သူလာရတာ…ဘယ်သူဘယ်ချိန်သေရမယ်လို့သတ်မှတ်ချက်မပါဘူးလေ…ကြီးသည်ငယ်သည်မရွေး တနေ့သေရွာကို သြားရမွာဘဲ…ခုသင့်မြေးလေးကလည်း လူ့ဘဝမှနေခွင့်ကံမပါခဲ့လို့ လူ့လောကထဲဝင်လာပြီး ပြန်ထွက်သွားရတာဘဲ ဒါဟာလောကနိယာမရဲ့သေခြင်းတရားဘဲလေ…အရာရာကိုအကောင်းမြင်မှပေါ့….”
ထိုသူမှာဘာမှမပြောဘဲ ခေါင်းငိုက်စိုက်၍သာ နေနေ၏။ မောင်ရေခဲက
“သင့်ကိုလည်း ထပ်ပြီးအနာတရမဖြစ်စေချင်ဘူး…သင်လုပ်ထားတာတွေအကုန်ပြန်ယူချေ….”
” လုပ်ဘဲလုပ်တတ်တာဟဲ့….ပြန်မယူတတ်ဘူး….”
” သင်ညာနေတာဘဲ…ဒီတနင်္ဂနွေသမီးကို လုပ်ထားတာတွေအကုန်ပြန်ယူသွား…”
” မယူတတ်ပါဘူးဆိုနေ…ဘယ်လိုဖြစ်နေတာလဲ…”
” မလုပ်တတ်လို့မရဘူး…အဆိပ်ထုတ်တတ်မှတော့ အဆိပ်ဖြေဆေးလည်းထုတ်တတ်ရမယ်…လုပ်ထားတာတွေအကုန်ပြန်ယူစမ်း…”
” ပြန်ယူပါ့မယ်တော်…ပြန်ယူပါ့မယ်…နင့်ဘေးနားကအစောင့်အရှောက်တွေ ငါ့ကိုထုမယ်သတ်မယ်တကဲကဲလုပ်နေတာ ငါကြောက်တယ်…”
ဆိုပြီး သူကိုယ်တိုင် လက်ဖြင့်ခေါင်းမှခြေဖျားအထိသုံးကြိမ်သပ်ချလိုက်၏။
” ကုန်ပြီလား…”
” ကုန်ပြီလေ…ဘာမှမရှိတော့ဘူး…အကုန်ပြန်ယူပြီးပြီ….”
” အင်း…ငါစစ်လို့ထပ်တွေ့ရင်တော့ မညှာဘူးမှတ်…”
” ကြောက်ပါတယ်…မညာရဲဘူး…”
မောင်ရေခဲက လူနာအားစစ်ကြည့်လိုက်ရာအူမကြီးထဲမှ ဆံချည်မျှင်အထွေးလိုက်ကို တွေ့လိုက်ရ၏။
” ဒီတစ်ခါပြန်မေးမယ်…အကုန်ပြန်ယူသွားတာသေချာပြီလား…”
” သေချာပါတယ်ဆို…”
” ကဲလှံပိုင်ကြီး သူညာနေတယ် သူ့ရဲ့အာခံထဲကနေစအိုဝထိလှံနဲ့ ထိုးချလိုက်….”
” အမေလး…မလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့…ဒီတစ်ခါ အကုန်ပြန်ယူမယ်မညာဘူး…နင့်ကလူသာငယ်တာ ပညာကမငယ္ဘူး…ငါကြောက်တယ်အကုန်ပြန်ယူတော့မယ်…”
ထိုသူကလက်ကာပြီး တောင်းတောင်းပန်ပန်ပြောသဖြင့် မောင်ရေခဲလည်းလှံပိုင်အား ရပ်ခိုင်းလိုက်ပြီး
” နောင်ကြီး…ထွေးအင်တစ်ခုအမြန်ယူလာပေး…”
” ဟုတ်ဟုတ်ဆရာ…”
အိမ်ရှင်ကိုအောင်ထွန်းက ထွေးအင်တစ်ခုကိုအမြန်သွားယူလိုက်၏။
” ရော့ဒီမှာထွေးအင်…အကုန်တစ်ခုမကျန်အန်ထုတ်လိုက်…တစက်မှမကျန်စေနဲ့… ”
” ဟုတ်ကဲ့ပါဆရာ…နင်ကဆရာဆိုတဲ့ဂုဏ်ပုဒ်နဲ့တကယ့်ကိုလိုက်ဖက်တယ်…”
” အော့…ဝေါ့….”
ထိုသို့ပြောပြီး မိမိ၏လက်ညိုးဖြင့် အာခေါင်ထိထိုးအန်လိုက်သည်။ ထိုမိန်းမကြီး အန်ချသောအရာမှာစိမ်းပုပ်ညိုညစ်နေသောအရည်ချွဲကျိကျိများနှင့် ဆံချည်မြှင်ထွေးတစ်ခုဖြစ်သည်။ တအောင့်အကြာ၌အန်ခြင်းကိုရက်လိုက်ပြီး အမောဖြေနေသည်။
” ဟူး….ဟောဟဲ…ရပြီ…အကုန်ငါပြန်ယူလိုက်ပြီဆရာ…မယုံရင်စစ်ကြည့်လိုက်…”
မောင်ရေခဲလည်းထိုသူပြောသည့်အတိုင်းစစ်ကြည့်လိုက်ရာ အမှန်ပင်ပြုစားထားသည်များ တစက်မှမကျန်တော့သည်ကိုတွေ့လိုက်ရသည်။
” ဟုတ်ပြီ…ဒါပေမဲ့ငါပြောဖို့ရှိသေးတယ်…သင့်ပညာဗူးငါ့ကိုလှူပါ…”
” ဟင်…ဒါလေးတော့ထားပေးပါ…ဒီပညာကိုခက်ခက်ခဲခဲသင်လာရတာ…ဘယ်သူ့ကိုမှဒုက္ခမပေးတော့ဘူးလေနော်…ဂတိပေးပါတယ်တကယ်…”
” မရဘူး…လူတွေကဒေါသနဲ့ဖက်ပြီးမွေးလာတာမို့ ဒေါသစိတ်ဖြစ်ရင် အရာရာကိုဆင်ခြင်တွေးတောနိူင်စွမ်းနည်းသွားပြီး လုပ်ချင်ရာလုပ်တတ်ကြတယ်…ဒါကြောင့်တပါးသူလည်းဒုက္ခမရောက်အောင်…သင်လည်းအပြစ်ထပ်မဖြစ်ရလေအောင် သင့်ပညာဗူးကိုနူတ်မှရမယ်…”
” တကယ်ဂတိပေးပါတယ်ဆရာရယ်…ဘယ်သူ့ကိုမှထပ်ပြီး ဒုက္ခမပေးတော့ဘူးလေနော်….”
” မရဘူး…ဘာလို့ခုလိုပြောရတာလဲဆိုတော့ သင့်ကိုအပြစ်မဖြစ်စေချင်တော့လို့ဘဲ…တပါးသူကိုမနာလိုမရှုစိမ့်သူ၊မနာလိုမုန်းထားပြုတဲ့သူဟာ ဒီဘဝလည်းမကောင်းသလို နောင်သံသရာအတွက်လည်းမကောင်းဘူး…သေလွန်တာနဲ့အပ္ပါယ်လေးဘုံကိုလားရတယ်….ကံကောင်းလို့အပ္ပါယ်မလားဘဲ လူ့ဘဝပြန်ရောက်ခဲ့ရင်တောင် ဉာဏ်ရည်နိမ့်ပါးတဲ့သူ၊အ နေတဲ့သူ၊ခြေလက်အင်္ဂါမပြည့်စုံတဲ့သူ စတဲ့အပြစ်တွေကို ပြန်ခံစားရတယ်…ဒါ့ကြောင့်ပြောနေရတာပါ…ကဲ့သင့်ပညာဗူးလှူပါ…”
ထိုမိန်းမပြီးတွေဝေသွားပြီး တစ်ခုခုကိုတွေးတောနေဟန်ရှိသည်။ တအောင့်အကြာထွေးအင်ကို လှမ်းယူလိုက်ပြီး ထပ်မံအန်ချလိုက်သည်။ သည်တစ်ခုအန်သည်မှာ ကွမ်းယာတစ်ယာမှလွဲ၍ဘာမှမပါချေ။ ကွမ်းယာသည် မူလယာထားသည့်အတိုင်း အကောင်းပကတိစိမ်းဖန့်နေဆဲပင်။ ထိုကွမ်းယာကား ပညာယူစဉ်က ဆရာဖြစ်သူမှချီးမြှင့်သော ပညာဗူးပင်ဖြစ်သည်။ သို့ကြောင့် အချိန်မည်မျှပင်ကြာကြာ ထိုကွမ်းယာသည် ပုပ်ရိခြင်းမဖြစ်ချေ။ မောင်ရေခဲက ထိုအန်ဖတ်ထဲမှကွမ်းယာကို ယူလိုက်ပြီး အသက်သွင်းထားသောရွှေရောင်အင်းချပ်ဖြင့် ဖျက်ဆီးလိုက်သည်။ ထိုအခါကွမ်းယာထဲမှ မကောင်းသောပညာရပ်တို့သည် တစစီဖြစ်သွားပြီး အကုန်ပျက်စီးသွားသည်။
” ကဲခုကစပြီးသင်ဟာ ဘာပညာမှမတတ်တော့ဘူး…ကျန်ရှိနေတဲ့သက်တမ်းတလျှောက်မှာ မိမိလုပ်ခဲ့တဲ့အကုသိုလ်ကို ကောင်းမှုနဲ့ပြန်လည်ဆေးကြောပါ…ဘုရားဦးတိုက်ပြီး သင်လိုရာသွားနိုင်ပြီ…”
” ဟုတ်ကဲ့ဆရာ…”
ထိုသူလည်းမောင်ရေခဲပြောသည့်အတိုင်း ဘုရားကိုထိခြင်းငါးပါးဖြင့် ဝတ်ပြုလိုက်ပြီး တနင်္ဂနွေသမီး၏ ခန္ဓာမှခွာလေသည်။ တနင်္ဂနွေသမီးသည်ကား သတိလစ်ကာခွေခွေလေး လဲကျနေသည်။ မောင်ရေခဲသည် အဘဖိုးသူတော်ကြီး ချီးမြှင့်ခဲ့သောကျွန်းသစ်နက်ပုတီးကိုရေစိမ်ကာ တနင်္ဂနွေသမီးအား တောက်လိုက်သည်။
” အင်း…ဟင်း…”
” ကျွန်မဘာဖြစ်သွားတာလဲကိုအောင်ထွန်း…”
” ဘာမှမဖြစ်တော့ဘူးညို…နင်ဒီနေ့ကစပြီးနေကောင်းသွားပြီကွ…”
မောင်ရေခဲက နတ်ဆေးတော်ကြီးကိုထုတ်လိုက်ပြီးအမုန့်အနည်းငယ်ခြစ်လိုက်ကာ ပုတီးစိမ်ထားသောရေဖြင့် ဖျော်ပြီးတနင်္ဂနွေသမီးအား တိုက်လိုက်သည်။
” နှမ…ဒီဆေးလေးသောက်လိုက်ပါ…ဒါကနတ်ဆေးတော်မို့ နှမရဲ့ကုန်ဆုံးသွားတဲ့အားအင်တွေ ပြန်လည်ရရှိစေလိမ့်မယ်…”
” ဟုတ်ဆရာ…”
မအေးညိုလည်းမောင်ရေခဲပေးသောဆေးခွက်ကိုယူကာ တချက်တည်းမော့သောက်လိုက်သည်။
” ကျွန်မရဲ့ဝေဒနာဆိုးကြီးကို ဖယ်ရှားပေးပြီး ကျွန်မအသက်ကိုကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဆရာ…ကျွန်မကန်တော့ပါရစေ…ကိုအောင်ထွန်း..ဆရာကိုပူဇော်ကြေးလေးကန်တော့ရအောင်…”
” ဟုတ်ညို…ကိုယ်ဝမ်းသာနေတာနဲ့မေ့သွားတာ…”
” ပူဇော်ကြေးမလိုပါဘူးဗျာ…ကျွန်တော်တတ်မြောက်ထားတဲ့အထက်လမ်းပညာရဲ့ဂုဏ်ကိုရည်မှန်းအာရုံပြုပြီး လက်ဆယ်ဖျာဖြင့်သာ ကန်တော့ပါ…”
” ပူဇော်ကြေးတော့လက်ခံပါဆရာရယ်…ကျေးဇူးတင်လွန်းလို့ပါဗျာ…”
” အဲဒီပူဇော်ကြေးကို သံဃာတော်အရှင်သူမြတ်အတွက် ပစ္စည်းလေးပါးဝယ်ပြီးလှူဒါန်းလိုက်ပါ…ပြီးတော့ ဒီထွေးအင်ထဲကအရာကို အိမ်ထောင့်မှာမြေတွင်းနက်နက်တူးပြီးမြေမြုပ်ပစ်လိုက်ပါ…”
” ဟုတ်ကဲ့ဆရာ…”
ကိုအောင်ထွန်းတို့လင်မယားလည်း မောင်ရေခဲကိုလက်ဆယ်ဖြာဖြင့် ရိုကျိုးစွာကန်တော့လိုက်ကြသည်။
” ကဲကဲ…ကျွန်တော်တို့ကိုခွင့်ပြုပါဦးဗျ…”
” တစ်ရက်နှစ်ရက်လောက် တည်းပါဦးလားဆရာတို့…”
” တည်းလို့မရတော့ဘူးနောင်ကြီးရေ…ရှေ့ဆက်ရမဲ့ခရီးတွေရှိနေသေးသမို့ ရေစက်မကုန်သေးရင်တော့ သံသရာတကွေ့မှာ ပြန်တွေ့ကြရပေဦးမှာပါ…”
မောင်ရေခဲကထိုသို့ပြောပြီး ဘုရားဦးခ်ကာ ထိုအိမ်မှထွက်သွားပြီး ဆရာတပည့်နှစ်ယောက် ခရီးဆက်ကြတော့သည်။
# ပြီး
# ခွန်း
(ကုသမှုများအားလုံးသည် စိတ်ကူးမျှသာဖြစ်သည်။ အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့ပါက စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်သည်။ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)

Zawgyi Version

ေမာင္ေရခဲ ႏွင့္ အသက္လုပြဲ(စ/ဆံုး)
——————————————-
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္ ေျခဦးတည္ရာသြားရင္း တစ္လအဓိ႒ာန္ဝင္ရန္လိုအပ္လာသျဖင့္ ပန္းတစ္ပင္႐ြာရွိ ေတာင္ကုန္းထိပ္သို႔တက္လာခဲ့ၾက၏။ ထိုေတာင္ကုန္းထက္၌ ထိုင္ေတာ္မူ႐ုပ္ပြားေတာ္ႀကီးက ကိန္းဝပ္စပၼါယ္ေတာ္မူ၏။ ေတာင္ကုန္းထိပ္သည္ အတန္အသင့္က်ယ္ဝန္းၿပီး တပင္လုံးေဖြးေဖြးလႈပ္ေအာင္ ပြင့္ေနေသာ ပန္းပင္ႀကီးတစ္ပင္လည္းရွိ၏။ ထိုပန္းပင္ႀကီးသည္ ထိုင္ေတာ္မူ႐ုပ္ပြားေတာ္ကို အရိပ္ေပးအုပ္မိုးထားသကဲ့သို႔ျဖစ္ေန၏။ ထို႐ုပ္ပြားေတာ္၏ လက္ဝဲဘက္တြင္ ႐ုပ္ပြားေတာ္ကို ဖူးေမွ်ာ္ေနဟန္ နဂါးေမာင္ႏွံ႐ုပ္တုကိုလည္း ထုဆစၳား၏။
ေမာင္ေရခဲတို႔ဆရာတပည့္က ေတာင္ကုန္းထိပ္သို႔ေရာက္လာလွ်င္ မိမိတို႔၏ေန႔နံေထာင့္၌ ေနရာယူလိုက္ၿပီး ထိျခင္းငါးပါးျဖင့္ ဘုရားကိုဝတ္ျပဳလိုက္၏။ ၿပီးေသာ္ ေသသပ္က်နစြာထိုင္ၿပီး တရားအားထုတ္လိုက္၏။ ေမာင္ထင္ေပၚလည္း ဆရာနည္းတူ တရားထိုင္လိုက္၏။
ေမာင္ေရခဲ တရားထိုင္ေနစဥ္ စိတ္တို႔သည္ပကတိၾကည္လင္ေနၿပီး အၾကားအာ႐ုံမ်ားလည္း ေခတၱငုပ္လွ်ိဳုးသြား၏။
အျဖဴထည္သက္သက္ျဖစ္ေနေသာ စိတ္တို႔သည္ကား ေအးခ်မ္းမႈကိုအျပည့္အဝေပးေန၏။
” လူေလး…သံသရာတေကြ႕မွာ လူေလးႏွင့္အဘျပန္ေတြ႕ၾကရၿပီေပါ့…”
ထိုအသံေၾကာင့္ ေမာင္ေရခဲအသံၾကားရာသို႔ၾကည့္လိုက္ရာ ငယ္ဆရာအဘသူဖိုးသူေတာ္ႀကီးကိုေတြ႕လိုက္ရ၏။
” ဟာ…အဘဆရာ…”
” ေအးကြဲ႕…အဘလူေ႐ြးမမွားဘူးဘဲ…လူေလးကိုနဂါးမင္းႀကီးဆီကေနေခၚေဆာင္သြားရက်ိဳးနပ္တယ္…လူေလးကအဘထင္တာထက္ေတာင္ ပိုၿပီးေပါက္ေျမာက္ေနၿပီဘဲ…”
” ဒါကလည္း အဘဆရာတို႔ရဲ႕ဆုံးမသြန္သင္မႈေၾကာင့္ပါအဘရယ္…ကြၽန္ေတာ့္ကိုခုလို မွန္ကန္တဲ့လမ္းေၾကာင္းေပၚပို႔ေပးခဲ့လို႔ အဘဆရာကို အရမ္းေက်းဇူးတင္တယ္…”
” ေအးကြယ္…လူေလးခုလိုေပါက္ေျမာက္လာတာဟာ အဘတို႔ေၾကာင့္လို႔ အတပ္ေျပာလို႔မရဘူးကြဲ႕…ဘာလို႔ဆိုအဘတို႔ကလမ္းေၾကာင္းေပၚဘဲခ်ေပးခဲ့တာ…လူေလးကိုတိုင္အဲဒီလမ္းေၾကာင္းေပၚကိုဆက္ၿပီး ေလွ်ာက္လွမ္းခဲ့တာ…ခုလိုေပါက္ေျမာက္ေတာ့ အဘျဖင့္သိပ္ကိုဝမ္းသာသကြဲ႕…”
” အဘကိုမေတြ႕ရတာၾကာၿပီ….အဘဘယ္ေတြမ်ားေရာက္ေနတာလဲဟင္…”
” အဘလည္း လူေလးတို႔လိုဘဲကူညီမစသင့္္တဲ့ သူေတြကို လိုက္လံကူညီၿပီး ပါရမီျဖည့္က်င့္တာေပါ့ကြယ္…ကဲလူေလးငယ္႐ြယ္စဥ္က အဘခ်ီးျမႇင့္ခဲ့တဲ့ပုတီးေလး အဘကိုေပးကြဲ႕…အဘသိဒၶိတင္ေပးမယ္….”
” ဟုတ္အဘဆရာ…”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး ေမာင္ထင္ေပၚ၏ေဘးရွိ လြယ္အိတ္ထဲမွကြၽန္းနက္ပုတီးကုံးေလးယူလိုက္ၿပီး ဆရာျဖစ္သူထံအပ္လိုက္၏။ ဖိုးသူေတာ္ႀကီးသည္ ပုတီးကိုလက္ႏွစ္ဖက္ေပၚတင္ၿပီး မ်က္လုံးအစုံမွိတ္ကာ ပုတီးကိုသိဒၶိတင္ေန၏။ တေအာင့္အၾကာ၌ ကြၽန္းသစ္နက္ပုတီးကုံးေလးသည္ ေ႐ႊေရာင္အလင္းတန္းမ်ား ထြက္လာၿပီးတဝင္းဝင္းျဖစ္ေန၏။
” ကဲေရာ့လူကေလး…ခုအဘခ်ီးျမႇင့္တဲ့ဒီပုတီးကုံးေလးဟာ ရွိရင္းစြဲထက္ပိုၿပီး အစြမ္းသိဒၶိရွိသြားၿပီကြဲ႕…ဒီပုတီးေလးကို အက်ိဳးရွိရွိသုံးၿပီး ေနာင္အခြင့္ႀကဳံလို႔ ပုပၸါးေတာင္ကိုေရာက္ခဲ့ရင္ ေတာင္ထိပ္ကဘုရားမွာ အဘကိုယ္စားလႉေပးခဲ့ကြယ္…”
” ဟုတ္ကဲ့ပါအဘ…”
” ေအးကြယ္သာဓု…သာဓု…သာဓု…”
ေမာင္ေရခဲကပုတီးကုံးကို ဖိုးသူေတာ္ထံမွ လွမ္းယူလိုက္ၿပီးဦးခ်လိုက္၏။ ဦးသုံးႀကိမ္ခ်ၿပီး ျပန္ထအလာ၌ ဖိုးသူေတာ္ႀကီးမွာ သူ႔အေရွ႕၌မရွိေတာ့ေခ်။ ေမာင္ေရခဲကမူလေနရာတြင္သာ ျပန္ထိုင္လိုက္ၿပီးျပန႔္က်ဲေနေသာအာ႐ုံကို စုသည္းလိုက္၏။ ထိုအခ်ိန္ပူျပင္းလွေသာအထိအေတြ႕ကိုစတင္ခံစားမိသျဖင့္ တရားကိုျဖဳတ္လိုက္၏။ ပူျပင္းေသာအပူရွိန္သည္ကား အျခားမဟုတ္။ မြန္းလြဲေန၏ အပူရွိန္ကသူ႔မ်က္ႏွာေပၚက်လာျခင္းေၾကာင့္ျဖစ္၏။
” ဆရာတရားျဖဳတ္ၿပီလား…ဆရာတရားထိုင္ေနတာ သုံးနာရီရွိၿပီဗ်…ကြၽန္ေတာ္ေတာင္တစ္နာရီေလာက္ဘဲထိုင္ႏိူင္တယ္ ေျခေထာက္ေတြက်ဥ္တက္ေနတာဘဲ…”
” အင္းထင္ေပၚ…ေစာေစာက ဒီကိုအဘဆရာလာေသးလား…”
ေမာင္ေရခဲက သူ႔လက္ေပၚမွ ပုတီးကိုၾကည့္ၿပီးဇေဝဇဝါျဖစ္ေန၏။
” ဘယ္သူမွမလာဘူးေလဆရာ…ဘာျဖစ္လို႔လဲ…”
” ဪဟုတႅား…ဒါဆိုေစာေစာက ငါအဘဆရာကိုေတြ႕လိုက္တာ မေနာအာ႐ုံထဲကေနမယ္…အဘဆရာက ဒီပုတီးေလးကို သိဒၶိတင္ေပးခဲ့ေသးတယ္…”
ဆိုၿပီး ပုတီးကိုလည္ပင္း၌ဆြဲထားလိုက္၏။
” အခ်ိန္က်ၿပီထင္ေပၚ…ငါတို႔ကူညီမွ အသက္ရွင္ရမဲ့သူကို ကယ္တင္ေပးဖို႔ အခ်ိန္ေရာက္လာၿပီ…သြားၾကစို႔…”
” ဘယ္အရပ္လဲဆရာ…”
” အေရွ႕စူးစူးအရပ္ဘဲ…”
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း အေရွ႕စူးစူးအရပ္သို႔ဦးတည္ကာ ခရီးဆကႅာခဲ့၏။ တစ္ခုေသာ႐ြာထဲကို ဝင္မိသည္တြင္ ေယာက်ာ္းတစ္ေယာက္သည္ အလ်င္လိုေနေသာ ေျခလွမ္းမ်ားျဖင့္ ေလွ်ာက္လာေန၏။ ထိုလူ၏မ်က္ႏွာလည္း ႐ႊင္ျပမေနဘဲ တစ္ခုခုကိုစိုးထိတ္ေနဟန္ရွိေလသည္။ ထိုလူကေမာင္ေရခဲတို႔၏အနားသို႔ေရာက္ေသာ္ ဇေဝဇဝါျဖစ္ၿပီး ေျခလွမ္းတို႔္ေရွ႕ဆက္လွမ္း၍မရဘဲျဖစ္ေနသည္။
” ဟာ…ဒီေျခေထာက္က ဘာျဖစ္ရတာလဲကြာ…ဒီမွာအလ်င္လိုေနပါတယ္ဆိုမွဘဲ..”
ထိုလူကသူ႔ကိုယ္သူ အားမလိုအားမရျဖစ္ေနသည္။ ေမာင္ေရခဲကထိုလူအား လွမ္းၾကည့္လိုက္ရာ ထိုလူ၏ကိုယ္ေစာင့္နတ္က ေရွ႕ဆက္သြားမရေအာင္ဆြဲထားသည္ကိုေတြ႕လိုက္ရသည္။ ေမာင္ေရခဲလည္းအေျခအေနကိုနားလည္သြားၿပီး ထိုလူအား
” ဒီကေနာင္ႀကီး ဘာေတြအလိုမက်ျဖစ္ေနတာလဲဗ်…”
” ဟင္…ဪဒီမွာေဒါသထြက္ေနတာနဲ႔ မိတ္ေဆြတို႔ကိုမျမင္မိဘူး…က်ဳပ္ေဆးဆရာသြားပင့္မလို႔ပါဗ်ာ…အဲဒါကိုေျခေထာက္က ဒီေရာက္ေတာ့ဆက္သြားမရဘူးျဖစ္ေနလို႔…”
” ေနာင္ႀကီးရဲ႕လက္ဖဝါးၾကည့္ပါရေစ…”
ေမာင္ေရခဲ၏စကားေၾကာင့္ ထိုလူေၾကာင္အမ္းအမ္းျဖစ္သြားသည္။ သို႔ေသာ္လက္မွာကား ေမာင္ေရခဲအေရွ႕သို႔ တိုးမိလ်က္သားျဖစ္ေနသည္။ ေမာင္ေရခဲကထိုလူ
၏လကၹဝါးကို လက္ႏွစ္ဖက္ျဖင့္အထက္ေအာက္ ကိုင္အုပ္လိုက္ၿပီး မ်က္လုံးႏွစ္ဖက္မွိတ္ကာ အာ႐ုံခံလိုက္သည္။ သူ၏အာ႐ုံထဲ၌ကား ေသေရးရွင္ေရးျဖစ္ေနေသာအမ်ိဳးသမီးတစ္ေယာက္ကိုေတြ႕လိုက္ရ၏။ ထိုအမ်ိဳးသမီး၏ေဘးပတ္ပတ္လည္၌ကား အမဲေရာင္အခိုးအေငြ႕မ်ား လြင့္ပ်ံေနသည္။
” ေနာင္ႀကီးရဲ႕အမ်ိဳးသမီး ေသေရးရွင္ေရးျဖစ္ေနတယ္…အနည္းငယ္ေနာက္က်တာနဲ႔ အသက္ဆုံးရႈံးရလိမ့္မယ္…”
” ဟာ…ဒီကမိတ္ေဆြဘယ္လိုသိတာလဲဗ်…”
” ဒါအေရးမႀကီးဘူးေနာင္ႀကီး…ေနာင္ႀကီးရဲ႕ အမ်ိဳးသမီးအသက္ကပိုအေရးႀကီးတယ္…ခုဘဲေနာင္ႀကီးရဲ႕အိမ္ဆီ ကြၽႏ္ုပ္တို႔ကိုေခၚသြားေပးပါ…”
” ဟုတ္..ဟုတ္…”
ထိုလူကစိတ္ညႇိဳ႕ခံထားရသည့္လူပမာ သူစိမ္းေယာက်ာ္းႏွစ္ေယာက္အား မိမိ၏ေနအိမ္ရွိရာသို႔ေခၚသြားလိုက္၏။ အိမ္ဝင္ေပါက္ေရာက္သည္ႏွင့္ အထဲမွလူမမာညည္းသံကိုအတိုင္းသားၾကားေနရ၏။
” အင္းဟင္းဟင္း.. ေအမေရ…သမီးဒီေတာင္ကိုမေက်ာ္ႏိုင္ေတာ့ဘူးထင္တယ္…”
” အားမေလွ်ာ့နဲ႔မိညိဳ…နင့္ေယာက်ာ္း ဟိုဘက္႐ြာကေဆးဆရာသြားပင့္ေနတယ္ ခဏေလာက္အားတင္းထား…”
” ေအမ..သမီးအရမ္းအိပ္ခ်င္ေနၿပီ…သမီးအိပ္မယ္ေနာ္….”
” မအိပ္နဲ႔သမီး…မ်က္လုံးမပိတ္လိုက္နဲ႔…နင့္ေယာက်ာ္းျပန္လာေတာ့မယ္…”
ေအးညိဳမွာေမာဟိုက္ေနၿပီးမ်က္လုံးမ်ားလည္း စင္းက်ေနၿပီ။ ေသြးမ်ားလည္းသြန္ေနသျဖင့္ အသားအေရေဖ်ာ့ေတာ့ကာ အသက္ကိုမနဲလုရႉေနရသည္။
” ေအးညိဳ…ေအးညိဳေရ…ကိုယ္ျပန္လာၿပီ ေဆးဆရာလည္းပါလာတယ္.. နင္အားတင္းထားေနာ္ ဘာမွမေၾကာက္နဲ႔ငါရွိတယ္…”
ကိုေအာင္ထြန္းကအိမ္ေပၚေရာက္ေရာက္ခ်င္း ဇနီးျဖစ္သူေအးညိဳကိုအားေပးစကားေျပာလိုက္၏။ အမွန္မွာေအးညိဳသည္မီးဖြားကာစ ေသြးႏုသားႏုကာလျဖစ္သည္။ မီးဖြားၿပီးငါးရက္ေျမာက္ေန႔၌ အဆမတန္ေသြးသြန္ျခင္းျဖစ္သည္။ လက္သည္ႀကီးက ပညာအစြမ္းကုန္ကုေပးေသာ္လည္းမရေခ်။
ေမာင္ေရခဲတို႔က မီးေနသည္ရွိေသာအိမ္ထဲကိုမဝင္ဘဲ အေပၚထပ္သို႔သာတက္လာခဲ့၏။ မီးဖြားေသာေနရာမွာ ေအာက္ထပ္ရွိမီးဖိုေခ်ာင္အဖီဆြယ္ထားေသာေနရာျဖစ္သည္။ အေပၚထပ္သို႔တက္ၿပီး ဘုရားရွိခိုးအမွ်ေဝကာ အထက္ဆရာမ္ားကို ကုသခြင့္ေတာင္းလိုက္၏။ ၿပီးေသာ္ ေ႐ႊေရာင္အင္းတစ္ခ်ပ္ကို အသက္သြင္းလိုက္၏။
” ထင္ေပၚ လူနာကိုသန႔္ရွင္းေရးလုပ္ေပးခိုင္းၿပီး ဒီကိုလာခိုင္းလိုက္…”
” ဟုတ္ဆရာ…”
ေမာင္ထင္ေပၚလည္း ေအာက္ထပ္သို႔ဆင္းသြားၿပီး အျပင္မွေန၍ ေမာင္ေရခဲမွာသည့္အတိုင္းေျပာလိုက္၏။
” ဟုတ္…ဟုတ္ဆရာေလး…”
အိမ္ရွင္ကိုေအာင္ထြန္းကထိုသို႔ေျပာၿပီး ဇနီးသည္အား အဝတ္အစားလဲေပးလိုက္ကာ အိမ္အေပၚထပ္သို႔တြဲေခၚလာသည္။ လူနာေအးညိဳမွာ ေသြးလြန္ေနသျဖင့္ ထိုင္ပင္ေသခ်ာမထိုင္ႏိုင္ေခ်။
” ကြၽန္ေတာ့မိန္းမ မထိုင္ႏိူင္ဘူးဆရာ ကြၽန္ေတာ္ေဖးမကူၿပီး ေက်ာခံထားေပးလို႔ရမလား…”
” မရဘူးေနာင္ႀကီး…ဒီတိုင္းထားလိုက္ သူ႔ဘာသာသူထိုင္ႏိူင္လာလိမ့္မယ္…ေနာင္ႀကီးဒီဖက္မွာလာထိုင္ လမ္းမပိတ္ထားႏွင့္…”
” ဟုတ္ဟုတ္ဆရာ…”
ေအာက္ထပ္၌က်န္ခဲ့ေသာ ေဒၚေအာင္မွာတအဲ့အဲ့ငိုေနေသာ ေျမးမေလးကိုေခ်ာ့ျမႇဴေနရွာသည္။
ေမာင္ေရခဲက တနဂၤေႏြသမီးေအးညိဳကိုအသက္ႏွင့္ခႏၶာအပ္ခိုင္းၿပီး စတင္ကုသလိုက္၏။
” ဤတနဂၤေႏြသမီးရဲ႕အသက္ကိုငါပိုင္တယ္…တနဂၤေႏြသမီးကိုျပဳစားထားတဲ့ပညာသည္ ခုခ်က္ခ်င္း ငါ့အေရွ႕ေရာက္လာခဲ့စမ္း…အေႏွာင့္အယွက္အတားအဆီးအကူအညီစက္ေတြ အကုန္ငါျဖတ္တယ္…မၾကာခ်က္ခ်င္း ငါ့အေရွ႕ေရာက္ေစ…အထက္ဆရာႀကီးမ်ားရဲ႕အမိန႔္…ငါေရခဲရဲ႕အမိန႔္…”
ထိုစဥ္ေစာေစာကေမွာက္လဲက်မတတ္ ထိုင္ေနတနဂၤေႏြသမီးသည္ ေခါင္းေထာင္လာၿပီး မ်က္လုံးႏွစ္ဖက္လည္းနီရဲလာသည္။
” ဟင္း…အမိန႔္ျပင္းလို႔သာလာရတယ္…ႏို႔နံ႔ေတာင္မစင္ေသးတဲ့ ဆရာေပါက္စေလးပါလား…ဟင္း…ဟင္း..”
” ဒူးပဆစ္တုတ္ထိုင္လိုက္စမ္း…ဒါနင့္အိမ္မဟုတ္ဘူး…ထိုခ်င္သလိုထိုင္လို႔မရဘူး…”
” ဟင္း…ငါထိုင္ခ်င္သလိုထိုင္မယ္…နင္ဘာတတ္ႏိုင္လဲေျပာ…”
” ေအးရတယ္ေလ…ကဲ…ဆိုင္ရာေတြ ဆြဲၿပီးဒူးပဆစ္တုတ္ထိုင္ခိုင္းလိုက္စမ္း…ေနာက္ကေနဆင္နဲ႔နင္းခ်လိုက္စမ္း…”
ထိုစဥ္လူနာမွာတစ္ေယာက္ေယာက္ဆြဲထသကဲ့သို႔ျဖစ္သြားၿပီး အတင္းရပ္ေန၏။ အေၾကာမာလွေသာ လူနာသည္ဒူးပဆစ္တုတ္မထိုင္ဘဲ အတင္းရပ္ေန၏။ ထိုစဥ္ အေနာက္မွ တစ္စုံတစ္ေယာက္က ေျခေကာက္ေကြးေနရာအား နင္းခ်လိုက္သကဲ့သို႔ျဖစ္သြားၿပီး အတင္းျပန္ထရန္လုပ္ေသာ္လည္း အနင္းခံထားရသျဖင့္ ထမရဘဲျဖစ္ေန၏။
” အသားအနာခံၿပီး ေခါင္းမမာခ်င္စမ္းနဲ႔…ကဲလက္အုပ္ခ်ီၿပီး ဘုရားကိုဝတ္ျပဳလိုက္…”
” နင္တို႔ေတြက သူမ်ားအားကိုးနဲ႔ လူကိုအတင္းဖိအားေပးေနတယ္ေပါ့ဟုတ္လား…”
” ဘုရားဦးတိုက္ခိုင္းတာ…ျပန္အာမခံနဲ႔…”
” ဦးမတိုင္ႏိုင္ဘူး…နင္ႀကိဳက္တာလုပ္ဟဲ့…”
” ကဲ…အသားအနာခံၿပီး ျပန္အာခံေနမွေတာ့ ငါေမတၱာမထားေနေတာ့ဘူး…ကဲဆိုင္ရာေတြ ဆြဲၿပီးဘုရားဦးတိုက္ခိုင္းလိုက္…”
” ဒုန္း…ဒုန္း…ဒုန္း….”
” အား….ေသပါၿပီ…”
ေမာင္ေရခဲကအမိန႔္ေပးလိုက္သည္ႏွင့္ လူနာသည္ တစ္စုံတစ္ေယာက္ကဆြဲလိုက္သကဲ့သို႔ အေရွ႕သို႔ယိုင္းထိုးသြားၿပီး နဖူးမွာၾကမ္းျပင္ကို တဒုန္းဒုန္းေဆာင့္္ေနေတာ့သည္။
” ရၿပီေတာ္ေတာ့…ကဲသင္ေျဖစမ္း…နင္ကဘယ္သူလဲ…ဘာလို႔တနဂၤေႏြသမီးကို ျပဳစားေႏွာင့္ယွက္ရတာလဲ…”
” ဒီေလာက္ပညာေလးနဲ႔ငါကနင့္ကိုေၾကာက္မယ္ထင္ေနလား….မေျဖဘူးဟယ္…ငါကဘာကိစၥေျဖရမွာလဲ…”
” ငါေမတၱာနဲ႔ေမးေနတုန္းေျဖလိုက္…မဟုတ္ရင္ ေနာင္တရတဲ့အထိနာက်င္ရလိမ့္မယ္…”
” မေျဖဘူးဟဲ့မေျဖဘူး…ဘာမွမဟုတ္တဲ့ပညာေလးနဲ႔ငါ့ကိုလာစမ္းခ်င္ေနေသးတယ္…ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မေသခ်င္ေသးရင္ လာရာလမ္းအတိုင္း ေအးေဆးျပန္သြားေတာ့…ဟင္းဟင္း…”
” အဲဆိုလည္း အၾကမ္းနည္းသုံးရတာေပါ့…ကဲဆိုင္ရာေတြ သူ႔ပါးစပ္ကိုႀကိဳးနဲ႔ဆြဲဟထား…မေျဖမခ်င္းေရေႏြးပူေလာင္းထဲ့လိုက္…”
” ဝူး….အား…..အား……ေျဖ…ေျဖပါ့မယ္…”
ထိုသိုအၾကမ္းနည္းျဖင့္ေမးလိုက္မွေျဖမည္ဟုေျပာ၏။
” ကဲေျဖသင္ကဘယ္သူလဲ..ဘာအတြက္ျပဳစားရတာလဲ…”
” ငါကသူနဲ႔ေဆြမ်ိဳးမကင္းဘူး…သူကေလးေမြးတာကေလးအဖတ္တင္လို႔္..ငါ့သမီးေမြးတဲ့ကေလးက်အဖတ္မတင္ဘူး…ငါ့မွာေျမးေလးခ်ီရမလားဆိုၿပီးေပ်ာ္ေနတာခုေတာ့ငါ့ေျမးေလးကအေသေလးေမြးလာတယ္…သူ႔ကေလးက်ေတာ့အသက္ရွင္ေနလို႔…”
” စာနာစိတ္အေတာ္ေခါင္းပါးပါလား..သင့္ေျမးေလးကလူ႔ေလာကထဲအသက္မပါဘဲဝင္လာတာေတာင္ သင္ဒီေလာက္သံေယာဇဥ္ျဖစ္ေနတာ ခုသူမ်ားဆိုရင္ေရာ သူ႔မိဘေတြဘယ္ေလာက္ ခံစားရလိမ့္မလဲ…”
” ငါမသိခ်င္ဘူး…ငါ့ေျမးေလးအသက္မရွင္ရင္ သူ႔ကေလးလဲအသက္မရွင္ေစရဘူး…ငါသူ႔ကေလးကိုလုပ္တာ…ေကလးကိုမထိဘဲ သူ႔ကိုထိတာ…သူ႔ဘာသာသူကံနိမ့္လို႔ထိတာ ငါနဲ႔မဆိုင္ဘူး…”
” ဪ…လူဆိုတာလာကထဲက သူ႔ကိုသိုလ္ကံနဲ႔သူလာရတာ…ဘယ္သူဘယ္ခ်ိန္ေသရမယ္လို႔သတ္မွတ္ခ်က္မပါဘူးေလ…ႀကီးသည္ငယ္သည္မေ႐ြး တေန႔ေသ႐ြာကို ၾသားရမြာဘဲ…ခုသင့္ေျမးေလးကလည္း လူ႔ဘဝမွေနခြင့္ကံမပါခဲ့လို႔ လူ႔ေလာကထဲဝင္လာၿပီး ျပန္ထြက္သြားရတာဘဲ ဒါဟာေလာကနိယာမရဲ႕ေသျခင္းတရားဘဲေလ…အရာရာကိုအေကာင္းျမင္မွေပါ့….”
ထိုသူမွာဘာမွမေျပာဘဲ ေခါင္းငိုက္စိုက္၍သာ ေနေန၏။ ေမာင္ေရခဲက
“သင့္ကိုလည္း ထပ္ၿပီးအနာတရမျဖစ္ေစခ်င္ဘူး…သင္လုပ္ထားတာေတြအကုန္ျပန္ယူေခ်….”
” လုပ္ဘဲလုပ္တတ္တာဟဲ့….ျပန္မယူတတ္ဘူး….”
” သင္ညာေနတာဘဲ…ဒီတနဂၤေႏြသမီးကို လုပ္ထားတာေတြအကုန္ျပန္ယူသြား…”
” မယူတတ္ပါဘူးဆိုေန…ဘယ္လိုျဖစ္ေနတာလဲ…”
” မလုပ္တတ္လို႔မရဘူး…အဆိပ္ထုတ္တတ္မွေတာ့ အဆိပ္ေျဖေဆးလည္းထုတ္တတ္ရမယ္…လုပ္ထားတာေတြအကုန္ျပန္ယူစမ္း…”
” ျပန္ယူပါ့မယ္ေတာ္…ျပန္ယူပါ့မယ္…နင့္ေဘးနားကအေစာင့္အေရွာက္ေတြ ငါ့ကိုထုမယ္သတ္မယ္တကဲကဲလုပ္ေနတာ ငါေၾကာက္တယ္…”
ဆိုၿပီး သူကိုယ္တိုင္ လက္ျဖင့္ေခါင္းမွေျခဖ်ားအထိသုံးႀကိမ္သပ္ခ်လိုက္၏။
” ကုန္ၿပီလား…”
” ကုန္ၿပီေလ…ဘာမွမရွိေတာ့ဘူး…အကုန္ျပန္ယူၿပီးၿပီ….”
” အင္း…ငါစစ္လို႔ထပ္ေတြ႕ရင္ေတာ့ မညႇာဘူးမွတ္…”
” ေၾကာက္ပါတယ္…မညာရဲဘူး…”
ေမာင္ေရခဲက လူနာအားစစ္ၾကည့္လိုက္ရာအူမႀကီးထဲမွ ဆံခ်ည္မွ်င္အေထြးလိုက္ကို ေတြ႕လိုက္ရ၏။
” ဒီတစ္ခါျပန္ေမးမယ္…အကုန္ျပန္ယူသြားတာေသခ်ာၿပီလား…”
” ေသခ်ာပါတယ္ဆို…”
” ကဲလွံပိုင္ႀကီး သူညာေနတယ္ သူ႔ရဲ႕အာခံထဲကေနစအိုဝထိလွံနဲ႔ ထိုးခ်လိုက္….”
” အေမလး…မလုပ္ပါနဲ႔ရွင္မလုပ္ပါနဲ႔…ဒီတစ္ခါ အကုန္ျပန္ယူမယ္မညာဘူး…နင့္ကလူသာငယ္တာ ပညာကမငယၻဴး…ငါေၾကာက္တယ္အကုန္ျပန္ယူေတာ့မယ္…”
ထိုသူကလက္ကာၿပီး ေတာင္းေတာင္းပန္ပန္ေျပာသျဖင့္ ေမာင္ေရခဲလည္းလွံပိုင္အား ရပ္ခိုင္းလိုက္ၿပီး
” ေနာင္ႀကီး…ေထြးအင္တစ္ခုအျမန္ယူလာေပး…”
” ဟုတ္ဟုတ္ဆရာ…”
အိမ္ရွင္ကိုေအာင္ထြန္းက ေထြးအင္တစ္ခုကိုအျမန္သြားယူလိုက္၏။
” ေရာ့ဒီမွာေထြးအင္…အကုန္တစ္ခုမက်န္အန္ထုတ္လိုက္…တစက္မွမက်န္ေစနဲ႔… ”
” ဟုတ္ကဲ့ပါဆရာ…နင္ကဆရာဆိုတဲ့ဂုဏ္ပုဒ္နဲ႔တကယ့္ကိုလိုက္ဖက္တယ္…”
” ေအာ့…ေဝါ့….”
ထိုသို႔ေျပာၿပီး မိမိ၏လက္ညိဳးျဖင့္ အာေခါင္ထိထိုးအန္လိုက္သည္။ ထိုမိန္းမႀကီး အန္ခ်ေသာအရာမွာစိမ္းပုပ္ညိဳညစ္ေနေသာအရည္ခြၽဲက်ိက်ိမ်ားႏွင့္ ဆံခ်ည္ျမႇင္ေထြးတစ္ခုျဖစ္သည္။ တေအာင့္အၾကာ၌အန္ျခင္းကိုရက္လိုက္ၿပီး အေမာေျဖေနသည္။
” ဟူး….ေဟာဟဲ…ရၿပီ…အကုန္ငါျပန္ယူလိုက္ၿပီဆရာ…မယုံရင္စစ္ၾကည့္လိုက္…”
ေမာင္ေရခဲလည္းထိုသူေျပာသည့္အတိုင္းစစ္ၾကည့္လိုက္ရာ အမွန္ပင္ျပဳစားထားသည္မ်ား တစက္မွမက်န္ေတာ့သည္ကိုေတြ႕လိုက္ရသည္။
” ဟုတ္ၿပီ…ဒါေပမဲ့ငါေျပာဖို႔ရွိေသးတယ္…သင့္ပညာဗူးငါ့ကိုလႉပါ…”
” ဟင္…ဒါေလးေတာ့ထားေပးပါ…ဒီပညာကိုခက္ခက္ခဲခဲသင္လာရတာ…ဘယ္သူ႔ကိုမွဒုကၡမေပးေတာ့ဘူးေလေနာ္…ဂတိေပးပါတယ္တကယ္…”
” မရဘူး…လူေတြကေဒါသနဲ႔ဖက္ၿပီးေမြးလာတာမို႔ ေဒါသစိတ္ျဖစ္ရင္ အရာရာကိုဆင္ျခင္ေတြးေတာႏိူင္စြမ္းနည္းသြားၿပီး လုပ္ခ်င္ရာလုပ္တတ္ၾကတယ္…ဒါေၾကာင့္တပါးသူလည္းဒုကၡမေရာက္ေအာင္…သင္လည္းအျပစ္ထပ္မျဖစ္ရေလေအာင္ သင့္ပညာဗူးကိုႏူတ္မွရမယ္…”
” တကယ္ဂတိေပးပါတယ္ဆရာရယ္…ဘယ္သူ႔ကိုမွထပ္ၿပီး ဒုကၡမေပးေတာ့ဘူးေလေနာ္….”
” မရဘူး…ဘာလို႔ခုလိုေျပာရတာလဲဆိုေတာ့ သင့္ကိုအျပစ္မျဖစ္ေစခ်င္ေတာ့လို႔ဘဲ…တပါးသူကိုမနာလိုမရႈစိမ့္သူ၊မနာလိုမုန္းထားျပဳတဲ့သူဟာ ဒီဘဝလည္းမေကာင္းသလို ေနာင္သံသရာအတြက္လည္းမေကာင္းဘူး…ေသလြန္တာနဲ႔အပၸါယ္ေလးဘုံကိုလားရတယ္….ကံေကာင္းလို႔အပၸါယ္မလားဘဲ လူ႔ဘဝျပန္ေရာက္ခဲ့ရင္ေတာင္ ဉာဏ္ရည္နိမ့္ပါးတဲ့သူ၊အ ေနတဲ့သူ၊ေျခလက္အဂၤါမျပည့္စုံတဲ့သူ စတဲ့အျပစ္ေတြကို ျပန္ခံစားရတယ္…ဒါ့ေၾကာင့္ေျပာေနရတာပါ…ကဲ့သင့္ပညာဗူးလႉပါ…”
ထိုမိန္းမၿပီးေတြေဝသြားၿပီး တစ္ခုခုကိုေတြးေတာေနဟန္ရွိသည္။ တေအာင့္အၾကာေထြးအင္ကို လွမ္းယူလိုက္ၿပီး ထပ္မံအန္ခ်လိုက္သည္။ သည္တစ္ခုအန္သည္မွာ ကြမ္းယာတစ္ယာမွလြဲ၍ဘာမွမပါေခ်။ ကြမ္းယာသည္ မူလယာထားသည့္အတိုင္း အေကာင္းပကတိစိမ္းဖန႔္ေနဆဲပင္။ ထိုကြမ္းယာကား ပညာယူစဥ္က ဆရာျဖစ္သူမွခ်ီးျမႇင့္ေသာ ပညာဗူးပင္ျဖစ္သည္။ သို႔ေၾကာင့္ အခ်ိန္မည္မွ်ပင္ၾကာၾကာ ထိုကြမ္းယာသည္ ပုပ္ရိျခင္းမျဖစ္ေခ်။ ေမာင္ေရခဲက ထိုအန္ဖတ္ထဲမွကြမ္းယာကို ယူလိုက္ၿပီး အသက္သြင္းထားေသာေ႐ႊေရာင္အင္းခ်ပ္ျဖင့္ ဖ်က္ဆီးလိုက္သည္။ ထိုအခါကြမ္းယာထဲမွ မေကာင္းေသာပညာရပ္တို႔သည္ တစစီျဖစ္သြားၿပီး အကုန္ပ်က္စီးသြားသည္။
” ကဲခုကစၿပီးသင္ဟာ ဘာပညာမွမတတ္ေတာ့ဘူး…က်န္ရွိေနတဲ့သက္တမ္းတေလွ်ာက္မွာ မိမိလုပ္ခဲ့တဲ့အကုသိုလ္ကို ေကာင္းမႈနဲ႔ျပန္လည္ေဆးေၾကာပါ…ဘုရားဦးတိုက္ၿပီး သင္လိုရာသြားႏိုင္ၿပီ…”
” ဟုတ္ကဲ့ဆရာ…”
ထိုသူလည္းေမာင္ေရခဲေျပာသည့္အတိုင္း ဘုရားကိုထိျခင္းငါးပါးျဖင့္ ဝတ္ျပဳလိုက္ၿပီး တနဂၤေႏြသမီး၏ ခႏၶာမွခြာေလသည္။ တနဂၤေႏြသမီးသည္ကား သတိလစ္ကာေခြေခြေလး လဲက်ေနသည္။ ေမာင္ေရခဲသည္ အဘဖိုးသူေတာ္ႀကီး ခ်ီးျမႇင့္ခဲ့ေသာကြၽန္းသစ္နက္ပုတီးကိုေရစိမ္ကာ တနဂၤေႏြသမီးအား ေတာက္လိုက္သည္။
” အင္း…ဟင္း…”
” ကြၽန္မဘာျဖစ္သြားတာလဲကိုေအာင္ထြန္း…”
” ဘာမွမျဖစ္ေတာ့ဘူးညိဳ…နင္ဒီေန႔ကစၿပီးေနေကာင္းသြားၿပီကြ…”
ေမာင္ေရခဲက နတ္ေဆးေတာ္ႀကီးကိုထုတ္လိုက္ၿပီးအမုန႔္အနည္းငယ္ျခစ္လိုက္ကာ ပုတီးစိမ္ထားေသာေရျဖင့္ ေဖ်ာ္ၿပီးတနဂၤေႏြသမီးအား တိုက္လိုက္သည္။
” ႏွမ…ဒီေဆးေလးေသာက္လိုက္ပါ…ဒါကနတ္ေဆးေတာ္မို႔ ႏွမရဲ႕ကုန္ဆုံးသြားတဲ့အားအင္ေတြ ျပန္လည္ရရွိေစလိမ့္မယ္…”
” ဟုတ္ဆရာ…”
မေအးညိဳလည္းေမာင္ေရခဲေပးေသာေဆးခြက္ကိုယူကာ တခ်က္တည္းေမာ့ေသာက္လိုက္သည္။
” ကြၽန္မရဲ႕ေဝဒနာဆိုးႀကီးကို ဖယ္ရွားေပးၿပီး ကြၽန္မအသက္ကိုကယ္တင္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ဆရာ…ကြၽန္မကန္ေတာ့ပါရေစ…ကိုေအာင္ထြန္း..ဆရာကိုပူေဇာ္ေၾကးေလးကန္ေတာ့ရေအာင္…”
” ဟုတ္ညိဳ…ကိုယ္ဝမ္းသာေနတာနဲ႔ေမ့သြားတာ…”
” ပူေဇာ္ေၾကးမလိုပါဘူးဗ်ာ…ကြၽန္ေတာ္တတ္ေျမာက္ထားတဲ့အထက္လမ္းပညာရဲ႕ဂုဏ္ကိုရည္မွန္းအာ႐ုံျပဳၿပီး လက္ဆယ္ဖ်ာျဖင့္သာ ကန္ေတာ့ပါ…”
” ပူေဇာ္ေၾကးေတာ့လက္ခံပါဆရာရယ္…ေက်းဇူးတင္လြန္းလို႔ပါဗ်ာ…”
” အဲဒီပူေဇာ္ေၾကးကို သံဃာေတာ္အရွင္သူျမတ္အတြက္ ပစၥည္းေလးပါးဝယ္ၿပီးလႉဒါန္းလိုက္ပါ…ၿပီးေတာ့ ဒီေထြးအင္ထဲကအရာကို အိမ္ေထာင့္မွာေျမတြင္းနက္နက္တူးၿပီးေျမျမဳပ္ပစ္လိုက္ပါ…”
” ဟုတ္ကဲ့ဆရာ…”
ကိုေအာင္ထြန္းတို႔လင္မယားလည္း ေမာင္ေရခဲကိုလက္ဆယ္ျဖာျဖင့္ ႐ိုက်ိဳးစြာကန္ေတာ့လိုက္ၾကသည္။
” ကဲကဲ…ကြၽန္ေတာ္တို႔ကိုခြင့္ျပဳပါဦးဗ်…”
” တစ္ရက္ႏွစ္ရက္ေလာက္ တည္းပါဦးလားဆရာတို႔…”
” တည္းလို႔မရေတာ့ဘူးေနာင္ႀကီးေရ…ေရွ႕ဆက္ရမဲ့ခရီးေတြရွိေနေသးသမို႔ ေရစက္မကုန္ေသးရင္ေတာ့ သံသရာတေကြ႕မွာ ျပန္ေတြ႕ၾကရေပဦးမွာပါ…”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး ဘုရားဦးခ္ကာ ထိုအိမ္မွထြက္သြားၿပီး ဆရာတပည့္ႏွစ္ေယာက္ ခရီးဆက္ၾကေတာ့သည္။
# ၿပီး
# ခြန္း
(ကုသမႈမ်ားအားလုံးသည္ စိတ္ကူးမွ်သာျဖစ္သည္။ အမွားအယြင္းတစ္စုံတစ္ရာရွိခဲ့ပါက စာေရးသူ၏ ညံ့ဖ်င္းမႈသာျဖစ္သည္။ အားေပးဖတ္ရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး က်န္းမာၾကေစေသာဝ္)