မောင်သိန္ဓ

တွေကိုတော့ ဖျောက်ဖျက်ဖို့ လိုတယ် မဟုတ်လား။ နောက်တစ်ခါ ပရ လောကသား ဝိညာဉ်တွေ လာမခေါ်နိုင်အောင် မောင်သိဒ္ဓိရဲ့ ခန္ဓာကိုယ်ပေါ် မှာ မြတ်စွာဘုရားရဲ့ဒေသနာတော်တွေ၊ ပရိတ်တွေကို ရေးခြယ်ပေးရမယ်။ ဂါထာတွေ ထုံမွှမ်းထားရမယ်- ဟုတ်ပြီလား”

“တင်ပါ့ဘုရား – တပည့်တော်ကို ကယ်တော်မူပါဘုရား”

နောက်တစ်နေ့နံနက်တွင် ဆရာတော်ဘုရားသည် မောင်သိဒ္ဓိကို ခေါ် ကာ မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်ဘုရားကျောင်းဆောင်ရှေ့တွင် အပေါ်အင်္ကျီကို ချွတ်စေသည်။ ထို့နောက် ခန္ဓာကိုယ်အနှံ့ (၂၄) ပစ္စည်း၊ သမ္ဗုဒ္ဓေဂါထာစသည်တို့ကို ခန္ဓာကိုယ်အနှံ့အပြားနေရာလပ်မကျန်ရအောင် ဂါထာတော်များ မင်ဖြင့်ရေးခြယ်ခြင်း၊ ပရိတ်ရေဆွတ်ဖျန်းခြင်းစသည်တို့ကို စီရင်ဖန်တီးပေးလေသည်။ အန္တရာယ်ကင်း ဂါထာတော်များကိုလည်း ကျောင်း၏ ပတ်ပတ်လည်တွင် ရွတ်ဆိုစေလေသည်။

“မောင်မင်း – မောင်သိဒ္ဓိ၊ ညဦးယံမှာ ခါတိုင်းလို သူတို့လာခေါ်ရင် ငြိမ် ငြိမ်ကလေးထိုင်နေ – မလှုပ်ရှားနဲ့။ သိလား။ အသက်တောင် ပြင်းပြင်းမရှူနဲ့။ တုပ်တုပ်မျှမလှုပ်နဲ့ကွဲ့နော်။ ဒါ – အရေးကြီးတယ်။ ဘာမှမကြောက်နဲ့။ ဂါထာ တွေထုံမွှမ်းထားပြီးသား။ ကယ်ပါလို့လည်း မအော်နဲ့။ မောင်မင်းအသံကြား တာနဲ့ သူတို့တစ်ခုခု လုပ်လိမ့်မယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ အဲဒီ အချက်ကို သတိထားပေတော့- မောင်သိဒ္ဓိ”

“တင်ပါ့ – ဘုရား၊ တပည့်တော်- သတိထားနေပါ့မယ်”

 

ညဦးယံသို့ ရောက်လာသည်။ လသည် ထိန်ထိန်သာစ ပြုလာသည်။ မောင်သိဒ္ဓိသည် သတိဝီရိယဖြင့် အခန်းတွင်းတွင် မလှုပ်မယှက်ထိုင်နေ လေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်စပြုလာသည်။ ပတ်ဝန်းကျင် သည် နှင်းစက်တဖျောက်ဖျောက်ကြွေသံ၊ သစ်ရွက်ကိုလေတိုးသံမှလွဲ၍ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။

မောင်သိဒ္ဓိသည် ရုတ်တရက် ခံတွင်းချဉ်လာသဖြင့် ရေသောက်ရန် နေရာမှ ထလိုက်စဉ်မှာပင် ရွာထဲမှ ခွေးတစ်ကောင်၏ သံရှည်ဆွဲကာ အူလိုက်သံကိုကြားလိုက်ရသည်။ ပထမခွေးတစ်ကောင်၏အူသံမဆုံးမီမှာ ပင် နောက်ထပ်ခွေးတစ်ကောင်၏အူသံက ဆက်တိုက်ထွက်ပေါ်လာ၏။ သူသည် ထိုင်နေရာမှပြန်၍ ထိုင်လိုက်မိသည်။ သူ့စိတ်ထဲက လေးလံ ဖိစီးမှုတစ်ခုသည် တမြည့်မြည့်လောင်ကျွမ်းစပြုလာသည်။

ဘုန်းကြီးကျောင်း၏ ခြံဝတွင် ကျောင်းနေကိုရင်တစ်ပါး တည်ခဲ့သော ထင်းမီးဖိုတစ်ခုသည် မီးတောက်လောင်နေတုန်းပင်။ မီးခိုးများသည် အလိပ် လိုက် အလိပ်လိုက်ဖြင့် ကောင်းကင်သို့ ပျင်းရိလေးတွဲ့စွာ လွင့်ပါး