မေ့မရတဲ့ လပြည့်ည

မေ့မရတဲ့ လပြည့်ည(စ/ဆုံး)

———————–

​တစ်မနက်ခင်းအချိန်တွင် သင်္ချိုင်းကုန်း၌ လူတစ်စု
အလုပ်ရှုပ်နေကြ၏။ သီတင်းကျွတ် လပြည့်ည၌ကျင်းပ ပြုလုပ်မည့် အကျွတ်အလွတ် ပွဲတော် အတွက်
ပြင်ဆင်နေကြခြင်ဖြစ်သည်။

သင်္ချိုင်းထဲ၌ ပေါက်ရောက်နေသော ခြုံနွယ် ပေါင်းပင်များကို ရှင်းလင်းရ၏။ တစ်ခါတစ်လေ မြေတွင်းကျွံကျ မှုများလည်း ကြုံရ၏။ထိုလူစုထဲ၌ ကျွန်တော်လဲ အပါအဝင်ဖြစ်သည်။

ကျွန်ုပ်နှင့်အတူတူ ပေါင်းသော အပေါင်းအသင်းအများမှာ
လူငယ်တွေ မဟုတ် လူကြီးအများစုဖြင့်တာ ပေါင်းသင်းနေထိုင်တပ်၏။ထိုနေ့က ကျွန်တော်တို့ ကုန်းတစ်ကုန်းလုံး မရှင်းနိုင် ကုန်းတစ်ဝက်သာပြီး၏။

ညနေပိုင်း အလုပ်ပြန်ဆင်းသောအခါ ကျွန်တော်၏ ဘကြီးက
” ငမိုး မင်းမနက်ဖြန်ည ကြရင် တစ္ဆေတွေ၊ သရဲတွေကို မြင်ချင်လား ”

” အာ.. ဘကြီးကလဲ ပေါက်ပေါက်ရှာရှာ မမြင်ချင်ပါ
ဘူးဗျာ ”

” အေးပါ ငါကမင်းကို မြင်ချင်ရင် ဆေးနည်းပေးမလို့ပါကွ ”

” ဒါဖြင့် ဘကြီးက ကျွန်တော့်ကို ဘာဆေးနည်းတွေပေးမလို့လဲ ”

” ဟ မင်းပြောတော့ မမြင်ချင်ဘူးဆို ”

” အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဘကြီးရာ နဲနဲတော့စိတ်ဝင်စားတယ်ဗျ ဘာဆေးနည်းတွေလဲ ”

” ဖြေးဖြေးပေါ့ကွာ ခုတော့ အပင်တွေအရင်ရှင်းပါအုံး မနက်ဖြန်ညနေ ကွယ်လွန်သူရဲ့ သားသမီး မြေးမြစ်တွေကဆီ မီးလာပူဇော်ကြမှာ သိချင် ညခါ ဘုန်းကြီးကျောင်းကို လာခဲ့ ငါစောင့်နေမယ် ”

” ဟုတ်ကဲ့ ဘကြီး ”

ထိုနေ့က ကျွန်တော်သည်ထွေထွေထူးထူး မပြောတော့ လုပ်စရာ အလုပ်များကို လုပ်ပြီး ညနေစောင်းမ အိမ်ပြန်ခဲ့ကြတယ်။
ညနေရောက်တော့ ထုံးစံအတိုင်းပေါ့ ရေချိုး ထမင်းစားပြီးတော့ ကျွန်တော် ဘုန်းကြီးကျောင်းကို ထွက်လာခဲ့တယ်။
ကျောင်းကိုရောက်တော့ ဘကြီးကိုလိုက်ရှာတယ် ကြာကြာမရှာရ ကျောင်းနောက်ဘက် တမာပင်အောက် ကွပ်ပစ်၌ ထိုင်နေသော ဘကြီးကိုတွေ့၍ ကျွန်တော် လျှောက်လှမ်းခဲ့တယ်။

” ဘကြီး တစ်ယောက်ထဲ အေးအေးဆေးဆေး ပါလား ”

” အေ ငါ့တူကို စောင့်နေတာ လာကွယ် ”

” ဟုတ် ဘကြီး ဒါနဲ့ ကျွန်တော့်ကို မြင်ရအောင်လုပ်ပေးမယ်ဆိုတာက ”

” နေပါအုံးကွာ မင်းနှင့်ငါ ဒီည သင်္ချိုင်း ထဲ တစ်ခေါက်ပြန်သွား ရအုံးမယ် ”

” ဗျာ.. ညကြီးမိုးချုပ် ဘာသွားလုပ်အုံးမလို့လဲ ဘကြီးရာ ”

” ဘာလဲ မင်းက ကြောက်လို့ လားကွ ”

” ရာရာစစဗျာ ငယ်ကတည်းက သင်္ချိုင်းမှာ နေလာတဲ့ကောင်ပါဗျ မကြောက်ပါဘူး ”

” အေ ဒါဖြင့် ၁၀နာရီလောက်သွားကြမယ် ခုကတော့ ဒီမှာ လက်ဖက်စားအုံး ”

” ဟုတ် ဘကြီး ”
ကျွန်တော်တို့ နှစ်ယောက် လက်ဖက်လေးဝါးပြန်ရေနွေးကြမ်းလေး သောက်ပြန်ဖြင့် စကားတွေဖောင်ဖွဲ့ပြီး
ပြောနေခဲ့ကြတယ်။

” တီ..တီ..တီ..တီ..”

” ဘကြီး ၁၀နာရီထိုးပြီ ”

” အေး သွားကြမယ် ငါ့လွယ်အိတ် သွားယူ ဟိုနောက် ဟင်းချက်ရုံကတိုင်မာ ချိတ်ထားတာ ”

” ဟုတ်ကဲ့ ”

ကျွန်တော်တို့ နှစ်ယောက် ကျောင်းကနေ ထွက်လာခဲ့ကြတယ်။မနက်ဖြန် လပြည့်တော့မည် ဖြစ်သောကြောင့် အရာအားလုံး အထင်းသားမြင်နေခဲ့ရတာ သင်္ချိုင်းကုန်း နှင့် ဘုန်းကြီးကျောင်းက သိပ်မဝေးသောကြောင့် ကျွန်တော်တို့
ခနတွင်းရောက်ရှိခဲ့ကြတယ်။

” အူး.. ဝူး..ဝူး..”

သင်္ချိုင်း ထဲက သံရှည်ဆွဲအူလိုက်သော ခွေးသံကြောင့် ကျွန်တော် ကျောထဲစိမ့်သွားခဲ့ရ၏။တောင်တစ်ပင် မြောက်တစ်ပင် ပေါက်နေသော ကုတ်ဟဲလက်ပံပင် ကြီးများပေါ်၌
နာနာဘဝ မကောင်းဆိုးဝါး များ မျက်စိဒေါက်ထောက်ကြည့်နေသည့်အလား လရောင် ဖြင့် မြင်နေရ၏။အသဲငယ်သူ တို့အဖို့ကတော့ လုံးဝ မဝေးဝံ့စရာ။

” ဂျီး.. ဂျွတ်..ဂျွတ်..”
” ချွင်..”

ကျွန်တော်ဟာ သစ်ကိုင်း နင်းချိုးသံ ကြားသောကြောင့် ဓားအိမ်ထဲက ဓားကို အသံမြည်အောင် ဆွဲထုတ်လိုက်တယ်။

” ဟာ ဟေ့ကောင် ငမိုး အဲ့တာ သုဘရာဇာပါကွ
ငါတို့ကိုစောင့်နေတာ ”

” ကိုကြီးသိန်း တို့ရောက်လာကြပြီလား ကျွန်တော်က စောင့်နေတာ ”

” အေးကွာ။ ငါ့တူ မင်းကသုသာန် နားမှာ စောင့်နေ နေရဲတယ်မို့လား ”

” နေရဲပါတယ်ဗျ ”

” ကဲ မောင်စိန် သွားကြရအောင် ”

” ငမိုး ဘာသံကြားကြားရ မကြောက်နဲ့နော် ဒီဟာလေးကို ယူထား ”
ဆိုပြီး သုသာန် နောက်က ကညင်ပင်ကြီး နှစ်ပင် အောက်ကို ဝင်ရောက် ပျောက်ကွယ် သွားကြတယ်။ကျွန်တော်က
တော့ဘာမျှ့ မသိ အူတူတူ ဖြင့် ဘကြီးပေးထားခဲ့သော ကြေးဝါရောင် ဆွဲပြားလေးကို လက်က ကိုင်လျှက် ခြင်တွေမက်တွေကို ရမ်းထုတ်ကာ ကျန်နေခဲ့တယ်။

” အီး..ဟီး. ဟီး ”

” ဟား..ဟား..ဟား.”

” ဟင်…”
ဘကြီး သိန်းတို့ ဝင်ရောက်သွားသော ကညင်ပင်ကြီး များပတ်ချာလည်၌ ပရိပ်မည်းကြီးများက သွားလာ လှည့်ပတ်နေကြတာ။ကျွန်တော် နဲနဲတော့ ကျောချမ်းသွားပေမဲ့ ထင်သလောက်မကြောက်ခဲ့။
ထိုစဥြ…
” ငါ့တူ စောင့်နေရတာ အဆင်ပြေလားကွ ”

” ပြေပါတယ် ဘကြီး ဒါနဲ့ ဘကြီးတို့က ဘာသွား
လုပ်ကြတာလဲ ”

” ပြီးမှ့ပြောမယ် လာ ပြန်ကြရအောင်။နေအုံး ခန ”

” ဘာလဲ ဘကြီး ”

” ဖတ်..ဖတ်..ဖတ်ပလူးပါ့ လိပ်ပြာ လာလာ။ အဲ့လို တံတွေး ထွေးပြီး လိပ်ပြာခေါ်ခဲ့ ”

” ဟုတ် ဟုတ် ”
ကျွန်တော်လဲ ဘကြီးပြောသည့်အတိုင်း တံတွေး ထွေးကာ လိပ်ပြာခေါ် ပြီး ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့ကြတယ်။သင်္ချိုင်း ကုန်း၌ အချိန်မည်မျှ ကုန်သွားသည်မသိ ကျောင်းရောက်တော့ မနက် ၂နာရီပင် ထိုးချေပြီ။

” ကဲ ငါ့ တူလဲ ပင်ပန်းနေရောပေါ့ အိပ်လိုက်အုံး ”

” ဟုတ်ကဲ့ဘကြီး ”
ကျွန်တော်ဟာ နေ့လည်ကလည်း ပင်ပန်းထားသောကြောင့် လူငယ်ပီပီ ဟန်မဆောင်တတ်ဘဲ အိပ်ပျော်သွားခဲ့တယ်။

*****
” အောက်..အီး..အီး.အွတ်.. ”

” လူလေး ငမိုး ထတော့ ကျောင်းသားတွေ အုတ်ဂူ ထုံးသွားသုတ်တော့မာ လိုက်သွားအုံး ”

” ဟုတ်ကဲ့ ဘကြီး ”

” ဒီမာ မနက်စာ မုန့်ဟင်ခါး စားသွား ”

” ဟုတ် ဟုတ် ”
ကျွန်တော်ဟာ မျက်နှာကို ကသောကမျော သစ်ပြီး ဘကြီးပေးတဲ့ မုန့်ဟင်းခါးကို အဝကြိတ်ကာ သင်္ချိုင်းကုန်းသို့ အသောနှင်ခဲ့ရပါတော့တယ်။

” ဒကာလေး ငမိုး နောက်ကျလှချေလား ဘုန်းဘုန်းက ကျောင်းသားတွေနဲ့ပါလာတယ် ထင်တာ ”

” တင်ပါ့ ညကအိပ်တာ ညည့်နက်သွားလို့ပါ ဘုရား ”

” အေးကွယ် မနက်စာကောစားပြီးပြီလား ”

” တင်ပါ့ ဘကြီးပေးတဲ့ မုန့်ဟင်းခါး စားခဲ့ပြီးပါပြီ ”

” ငမိုး ညကာ အစာကြွေးရင် ဒကာလေး ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ရမှာနော် ကျောင်းသားတွေက အတွေ့အကြုံမရှိဘူး။ဒကာလေး တစ်ယောက်ထဲ မဟုတ်ပါဘူး ကိုဘသိန်း ရောပါတယ် ”

” တင်ပါ့ ဘုရား ”
မနက်ပိုင်း သင်္ချိုင်းကုန်း ၌ အုတ်ဂူဆေးသုတ် သူကသုတ် ညကို အစာကြွေးရအောင် မြေနေရာ သည့်လူကရှင်းနဲ့ ကျောင်းသားတွေရော လူကြီးပိုင်းပါ အကုန်မအားမလပ် အလုပ်ကိုယ်စီဖြင့် ရှိနေကြ၏။ဒါပြီးမ သူတို့အတွက် တရားနာ စရာက တတ်တတ်ပြုလုပ်ပေးရတယ်။

နှီးဝါးခြမ်း တွေကို အစိပ်လေးတွေဖြစ်အောင် ခွဲကာ ကြက်ခြေခတ် ပုံရက်လုပ်ပြီး ဝင်းပုံစံလေးပြုလုပ်
ပေးရတယ်။ပြီးတော့ ဝင်းထဲကို ငပေါက်ထုံး ဖြူးထားရတာ။

၁၂နာရီထိုးပြီးသော်..
” ကဲ ထမင်းစားပြန်ကြရအောင်ဟေ့ ”

” ကိုဘသိန်းနှင့်ငမိုး မပြန်ကြနဲ့အုံး ”

” တင်ပါ့ ဘုရား ”

” ဘုန်းဘုန်းပြောမယ် ညကာ ဒကာတို့ကပဲ ဦးဆောင်ပြီး စီ
စဥ်ရလိမ့်မယ် ပြီးတော့ ညနေ၆နာရီလောက်ဆို လမ်းဆုံ၊ လမ်းခွ ဘယ်နေရာမ မကျန်စေနဲ့နော် ကြေးစည်ထုပြီး တရားနာဖိတ်ချေ ”

” တင်ပါ့ဘုရား ”

” ကဲ ပြန်ကြမယ် ”
ကျောင်းပြန်ရောက်သော် ကျွန်တော် တို့ဟာ ထမင်းစားပြီး ညနေ တရားနာဖိတ်ရန်အတွက် ပြင်ဆင်ရပြန်လေပြီ။

” ကဲ ငမိုး ”

” ဗျ ဘကြီး ”

” အေး ညကာကြရင်တော့ ကြည့်ရဲတယ် မို့လား ”

” ဘာများလဲ လို့ ဘကြီးရာ ကြည့်ရဲတာပေါ့ ”

” အေးပါ ခုတော့ နားအုံး ညနေကြရင် ငါတို့အလုပ်စရမယ် ”

ကျွန်တော်တို့ ခနနားပြီးတော့ညနေ ၄နာရီ ထိုးနေပြီ ဒါ
ကြောင့် လုပ်ငန်းအတွက် ပြင်ဆင်ရတော့မည်။

” ကဲ ကျောင်းသားတွေက သင်္ချိုင်းကုန်းကို အရင်သွား
နှင့်ကြ၊ ဘဘုန်း တို့က နောက်ကလိုက်ခဲ့မယ် ပြီးတော့
သုသာန်နောက်က ကညင်ပင်ကြီး နားကို ဘယ်ကျောင်း သားပါ့ မသွားနဲ့နော် ”

” တင်ပါ့ ဘုရား ”

” ကဲ ကိုဘသိန်းတို့က ခနနေကြအုံး ဘုန်းကြီး မှာ စရာ ရှိတာလေးတွေ မှာအုံးမယ် ”

” တင်ပါ့ ”

” ညနေကြရင် အစာကြွေး ဖို့က ကညင်ပင်ကြီး အောက်မှာကြွေး မယ် ကြက်သားနှင့်အမဲသား ပြီးတော့ ထမင်းရော
အဲ့ကိစ္စကိုတော့ ကိုဘသိန်းနှင့် ငမိုးက တာဝန်ယူကြရလိမ့်မယ် ”

” တင်ပါ့ ဘုရား ”

” ကဲ ဘကြီးရေ ကျွန်တော်တို့ သွားကြရအောင် ”

” အေ သွားကြမယ် ”

ကျွန်တော်တို့ နှစ်ယောက် ကြေးစည် တစ်ခု ယူကာ ထွက်လာခဲ့ကြတယ်။သုသာန် ထဲ၌ အမိုက်လှည်း တရားနာဖို့ အတွက်
ဖျားကြမ်းခင်း တဲ့လူကခင်း ကျောင်းသားအားလုံး မအားလပ်နိုင်အောင်ပါပဲ။

ကိစ္စ၊ ဝိစ္စ တွေပြီးတော့ ကျွန်တော်တို့ သုသာန် ကိုပြန်လာခဲ့ကြတယ်။
” ကဲ ဒကာကြီး တို့ပြန်ရောက်ပြီလား ”

” တင်ပါ့ ”

” ရော့ အချိုရည် လေးသောက်လိုက်အုံး ”

ကျွန်တော်ဟာ ဘဘုန်းပေးသော မီးနဂါး အချိုရည်လေးကို
သောက်ကာ..
” ငမိုး လာတော့ဒီဘက်ကို ”

” ဟုတ် ကဲ့ဘကြီး ”

” ဟင်.. သုဘရာဇာကြီးက ဒီမာ ဘာလုပ်နေတာလဲ ”

” လာပါကွာ ခနနေသိလိမ့်မယ် ”

” ဒါနဲ့ ဟိုဟာတွေက ဘာတွေလဲ ”

” အဲ့တာကို မင်းလိမ်းရမာ လာခဲ့ ဒီကို ”

ဘကြီး သိန်းက ကျွန်တော့်ကို ခေါ်ပြီး အမည်မသိ ဆေးရည်လေးများအား ကျွန်ုပ်၏ မျက်စိ နှစ်ဘက်၌ သုံးရစ် ဝိုက်၍
” ဥုံ “ခံကာ ပါးစပ်ကနေ ပွနေ ပွစိပွစိ ရွတ်လျှက်…။

” ကဲ ရပြီ ငမိုး မြင်သမျှ့ ဘာမှ မကြောက်နဲ့နော် ”

” စိတ်ချပါ ဘကြီး ”
ကျွန်တော် မျက်စိလေး ပေကလပ် ပေကလပ်ဖြင့် သင်္ချိုင်း အတွင်း သိချင်ဇောဖြင့် လှည်လည် ကြည့်ရှုမိ၏။သို့ပေမဲ့သင်္ချိုင်း အတွင်း မိဘ၏အုတ်ဂူ၊ မြေစာပုံ အဟောင်း ၌ ဆီမီးပူဇော်နေကြသော လူများမှအပ ဘာကောင်မျှ့ မတွေ့ရချေ အရာရာ အားလုံး ပုံမှန်အနေအထားပဲ။

” တရားနာ ပရိတ်သတ်များအားလုံး နေရာကိုယ်စီ၌ ထိုင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ ”

မကြာမီ တရားနာတော့မည် ဖြစ်သောကြောင့် ကျောင်းသား
ေခါင်းဆောင်က ဆော်ဩလေပြီ။

” ငမိုး နာရီ ကြည့်စမ်း ”

” ၇နာရီခွဲ ကွက်တိ ဘကြီး ”

” အေး လုပ်ငန်းစမယ်၊ ဟင်းတောင်းတွေ ယူခဲ့ ”

” ဟုတ်ကဲ့ ”

ထမင်းနှင့် ဟင်းများကို ဖက်ရွက်ပေါ်သို့ ပုံကာ
” သင်္ချိုင်းရှင်မနှင့်တကွ မကျွတ်မလွတ်သော နာနာဘဝ အပေါင်းတို့ ကျွန်ပ် တို့ကြွေးမွေးသော အစားများကို စားသောက်ပြီးလျှင် ဟိုအရှေ့ဘက်စူးစူးက အသင်တို့အတွက် ပေးအပ်ထားသော နေရာ၌ တရားနာကြပါရန် ဖိတ်မာန်တက ပြုအပ်ပါတယ် ”

” ရပြီ မီးတွေ အကုန်ပိတ်လိုက်တော့ ”
ဘကြီးသိန်းနှင့် သုဘရာဇာ၏ အော်သံ အဆုံးမှာတော့ သုသာန် ဝင်းတစ်ကွင်းလုံးက မီးတွေကို ပိတ်လိုက်
ကြတယ်။ခုတော့ သင်္ချိုင်းကုန်း အတွင်း၌ ပုရစ်အော်သံနှင့် ညငှက် အော်သံတို့ကလွဲ၍ တိတ်ဆိတ် ခြောက်ကပ်နေ၏။

ထိုအခါမှ ပြဿနာကစပြီ။

ကျွန်ုပ်၏ မျက်စိနှစ်ကွင်းက အရောင်တောက် သွားသလို ခံစားလိုက်ရ၏။ဘေးပတ်ဝန်း
ကျင် ကိုကြည့်လိုက်သောအခါ အရာအားလုံးဟာ နေ့ဘက်
အတိုင်း လင်းကြင်း နေသည်ကို ကျွန်ုပ်တွေ့လိုက်ရ၏။

” ဟာ.. ဘာကောင်ကြီးတွေလဲ ”

” အများကြီးပဲ ”

ကျွန်ုပ် တစ်ယောက်ထဲ ရေရွှတ်မိ၏။ကျွန်ုပ် မြင်တွေ့နေရသော အရာများသည် အမွေး စုတ်စုတ် မျက်နှာပေါက်ဆိုးဆိုး အရပ်က ထန်းလုံးပင်လို ရှည်မျောပြီး ခေါင်းကကြီးကြီးအကောင်၊ တစ်ချို့က ပုပုကွကွ ခလေးလူကြီး အရွယ်စုံ ကညင်ပင်ကြီးအောက်၌ တွေ့လိုက်ရလေ၏။

ကြောက်တပ်သူ အဖို့ကတော့ မတွေးဝံ့စရာ နေရာ၌ပင် သတိမေ့ လဲကျသွားနိုင်ချေ ရှိသည်။တစ်ခါတစ်လေ ကျွန်တော့်ဘက်ကို ကြည့်ခဲ့လျှင် မျက်နှာလွဲထားရတာ သူတို့
ကိုယ့်ကို အတွေ့ ခံလို့ မဖြစ်ပေ ဘကြီးသိန်းကလဲ ကျွန်ုပ်လို
မယောင်မလည် ကြည့်ပြီး….။

” ငါ့တူ မြင်တယ်မို့လား ”

” မြင်တယ် ဘကြီး အရွယ်စုံပဲ ကြည့်ရတာ
ရုပ်ဆိုးလိုက်တာ ”

” ဟ ဆိုးမာပေါ့ကွ သူတို့က နာနာဘဝ၊ ပရလောကသားတွေပဲ ဟာကို ”

” ဩ ဟုတ်သားဘဲ ”

” ကဲ ၈နာရီ ထိုးရင် မီးပြန်ဖွင့်မယ် ”

” ထိုးတော့မှာဘကြီး ၂မိနစ်လောက် လိုသေးတယ် ”

” အေးအေး ”

သင်္ချိုင်း အတွင်းကြည့်လိုက်လျှင်လည်း မြေစာပုံ မို့မို့များပေါ်၌ ရွှေ့လျှားနေသော အရိပ်မဲ များကိုဝိုးတဝါးမြင်နေရလေ၏။လပြည့်ည ဖြစ်သောကြောင့် ငွေစန္ဒာလမင်းကြီးက
မဟာပထဝီ မြေပြင်ကြီးကို အလင်းပေးထားလေသည်။

” ရပြီ မီးဖွင့်လိုက်တော့ ”

” တရားနာ ပရိတ်သတ်များ အားလုံးနေရာ ကိုယ်စီ၌ထိုင်ပေးကြပါ ”

ကျွန်ုပ်လဲ မယောင်မလည် တရားနာ ပရိတ်သတ်ကြား၌ ဝင်ထိုင်လိုက်ပြီး တရားနာ၏။ကျွန်ုပ်၏ စိတ်က တရားပွဲအတွင်းသို့ မရောက် ကြက်ခြေခတ် ရာစမတ် ရက်လုပ်ပြီး ကာရံထားသော ခြံလေး အတွင်းသို့ စိတ်ကရောက်နေသည်။

ထူးဆန်းသည်က အစာကြွေးသော အခါ၌ နာနာဘဝများ အမြောက်အမြား တွေ့ရပေမဲ့ ယခု တရားနာသောအခါ
၁၅ယောက်လောက် တွေ့ရခြင်းကြောင့် ကျွန်ုပ် မအံ့ဩပဲအနေနိုင်။

ဆရာတော် အရှင်ပညာစက္က ၏တရားဒေသနာတော် လည်း
ရွတ်ဖတ်သရဇ္စျာယ် လို့ပြီးလေတော့မည်။

” ဟင် သူတို့ ဘယ်ရောက်သွားတာလဲ ”
ကျွန်တော်ဟာ ပတ်ဝန်းကျင် နေရာအနှံ့ ရှာဖွေပေမဲ့ လုံးဝမတွေ့တော့ ဆရာတော်၏တရား အဆုံး၌ တရားနာနေကြသော ပရလောကသားလေးတွေဟာ အခိုးအငွေ့ နှင့် ဒီထက်မြင့်သော ဘုံဘဝ တို့ကူးပြောင်းသွားကြလေပြီ။

တရားပွဲ ပြီးသောအခါ တရားနာ ပရိတ်သတ်များ အံ့ဩသွားကြလေသည်။ရက်ခြေခတ် ပုံ ရက်လုပ်ထားသော ခြံဝင်းလေးထဲတွင် ထုံးဖြူပေါ်၌ ကျန်ခဲ့သော ခြေယာ အသေးအကြီး များကို မြင်တွေ့ရ၏။

ကျွန်တော်တို့လဲ တရားပွဲပြီးတော့ သိမ်းဆည်းစရာရှိတာများ သိမ်းဆည်းကာ ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့ကြလေသည်။

ကျောင်းပြန်ရောက်သော် ဘကြီးက..

” ရော့ ငမိုးဒီရေနဲ့ မျက်နှာသစ်လိုက် ”

” ဟုတ်ဘကြီး၊ ဒါနဲ့ ကျွန်တော့်ကို လိမ်းပြီးမန်းပေးတဲ့ ဂါထာလေး ကျွန်တော့်ကိုပြောပြပါလား ဘကြီး ”

” ဟား..ဟား..ဟား..နောက်တော့သိလာမှာပေါ့ကွာ ခုတော့အိပ်လိုက်အုံး ၁၂နာရီထိုးပြီးခါစ ရှိသေးတာ ”

” ဟုတ်… ”

ကျွန်တော်ဟာ ဘကြီးပြောမှ နာရီကို ကမန်းကတန်းနဲ့ ကြည့်မိလေ၏။စိတ်က သင်္ချိုင်းအတွင်း မြင်တွေ့ခဲ့ရသော နာနာဘဝများကို ပြန်လည် မြင်ယောင်ပြီး ကြက်သီထနေမိတယ် ဘာပဲဖြစ်ဖြစ် ဒီ သီတင်းကျွတ် ညလေးကိုတော့ ကျွန်ုပ်မေ့ရမည် မဟုတ်တော့ပါ။

#ပြီးပါပြီ
ငမိုး(ရွှေဝန်းမြေ)