မျောက်မင်းအူသံ(စ/ဆုံး)

Unicode Version

မျောက်မင်းအူသံ(စ/ဆုံး)
——————————
ခေါင်းစဉ်ကိုဖတ်၍ မုဆိုးဝတ္ထုဟု
ထင်ကောင်းထင်ကြပေလိမ့်မည်။ မုဆိုး
ဝတ္ထု မဟုတ်ပါ။ ဤသို့ဆိုလျှင် မြန်မာ့ မဟာဂီတတေးသီချင်းများထဲမှ“မျောက်
မင်းအူသံ”တေးနှင့် ဆင်တူနေသဖြင့် ထို
သီချင်းအကြောင်းများ ရေးထားလေသ
လားဟုလည်း ထင်နိုင်စရာရှိ၏။ ရှေးက
တောရွာများနှင့် နယ်မြို့များတွင် အနီသီ
ချင်းကို အသုဘပွဲများ၌ ဧယဉ်ကျူးခြင်း အားဖြင့် ဆွေးမြည့်ငိုရှိုက်ချင်လာအောင် သီဆိုလေ့ရှိ၏။ ဆိုင်းဝိုင်း (သို့မဟုတ်)
ခါးပြတ်ဝိုင်း(ဆိုင်းဝိုင်းတစ်ခြမ်းစာကို ဆို လိုသည်။) ငှားကာ နှဲဆရာက နှဲဩကြီး ဖြင့် အသံကို သယ်ချရင်း “မျောက်မင်း အူသံ” တေးသွားကိုမှုတ်ကာ ဆိုသူက လည်း ပြောငို၊ ဆိုငိုလေး လုပ်ရ၏။ ယခုတင်ပြမည့်အကြောင်းအရာတို့ သည်
အထက်ပါအကြောင်းအရာတို့နှင့်မသက်
ဆိုင်ပါ။ဗဟုသုတအနေဖြင့်တင်ပြလိုက်

ရခြင်းဖြစ်၏။ သည်တော့“မျောက်မင်းအူသံ”၏အစကားအဘယ်သို့ရှိသနည်း။ ကျွန်ုပ်သည်စိတ်ကျန်းမာရေးအထူးကုဆရာဝန်ဒေါက်တာနေမိုးနောင်
ဖြစ်သည်။ လူငယ်ဆရာဝန်လည်းဖြစ်၊ စိတ်ရောဂါသည်များကို ကုရသော ဆရာဝန်လည်းဖြစ်သဖြင့် ရံဖန်ရံခါ ပြဿနာအမျိုးမျိုးနှင့် ဖြစ်ရပ်ဆန်းများ ကို ကြုံရလေ၏။ ကျွန်ုပ်သည် စိတ်ဝေဒနာရှင်များကို ကောင်းအောင်ကုရ သည်ကို ဝါသနာပါ၏။ အထူးသဖြင့် လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင် လောက်သောအကြောင်းတရားတို့ကို ပို၍စိတ်ဝင်စား၏။ လူတစ်ယောက် ရူးရန်ဆိုသည်မှာ လုံးဝမလွယ်ကူပေ။ သေချင်လျှင် သတ်သေနိုင်၏။ ရူးချင် ကရူး၍မရနိုင်ပါ။
ကျွန်ုပ်၏ခံယူချက်အတိုင်း အကောင်းပကတိအနေမှ ရူးသွပ်သွားရှာ သောလူတိုင်း ဖြစ်ရပ်နှင့် စိတ်နှလုံးကို လေ့လာကာ မှတ်တမ်းတင်ထားမိ သည်။ ရာသီဥတုသာယာသောနေ့တစ်နေ့၌ကျွန်ုပ်နေထိုင်ရာပန်းဘဲတန်း ရှိနေအိမ်သို့(Pro Box) ကားတစ်စီးထိုးဆိုက်လာ၏။ကားပေါ်မှလူတစ်စု ဆင်းလာပြီး သွေးရူးသွေးတန်း အော်ချင်ရာအော်ဟစ်နေသော အသက် (၂၅)နှစ်ခန့် လူငယ်တစ်ဦးကို တွေ့ရ၏။ ထိုလူငယ်ကို လူလေးယောက်က ဝိုင်းချုပ်၍ ကျွန်ုပ်အိမ်ထဲသို့ ခေါ်လာကြသည်။ လူငယ်သည် ကျွန်ုပ်အိမ်ထဲ သို့ရောက်သည့်တိုင် အော်နေဆဲဖြစ်၏။ “ဝူ-ကူး-ဝူကူး-ဝေါက်-ဝေါက်-အု-အု”သည်။
“ဟင်…”
သူ့အော်သံက ထူးဆန်း၏။ မျောက်တစ်ကောင်အော်သံနှင့် တူနေ
“ကျွန်တော် ဒေါက်တာနေမိုးနောင်ပါခင်ဗျ။ ဘာများကူညီပေးရမလဲ မသိဘူး”
ကျွန်ုပ်က မေးလိုက်သော် ၎င်းတို့လူစုထဲမှ အသက်(၄၀)ကျော်ခန့် အမျိုးသမီးကြီးတစ်ဦးက ထွက်၍-
“လုပ်ပါဦး – ဒေါက်တာရယ်။ သူက ကျွန်မ တူလေးပါ။ သင်္ဘောတက် ပြီးပြန်လာတာ မကြာသေးဘူး။ အိမ်ကမိသားစုတွေနဲ့ ရွှေတိဂုံဘုရားဖူး သွားချင်တယ်ဆိုလို့ လိုက်ပို့တာ။ ဘုရားကအပြန် တိရစ္ဆာန်ရုံကိုလည်းဝင်
ရော-မျောက်တွေကို ဝင်ကြည့်တယ်လေ။ အဲဒီ့မှာပဲ မျောက်လွှဲကျော်ဆို တဲ့မျောက်ကြီးက လှောင်အိမ်ထဲကနေ အော်ပြတယ်။ အဲဒါကို ကျွန်မတူ လေးက လိုက်အော်ပါလေရော။ ကျွန်မတို့က အစကတော့ သူ နောက်နေ တယ်ထင်တယ်။ နောက်တော့- သူ့မျက်လုံးတွေက ပုံမှန်မျိုးမဟုတ်ဘဲ လူ ကြားသူကြားထဲအထိ မျောက်လို အော်လိုက်၊ တဟားဟားနဲ့ သဘောကျ သလို ရယ်လိုက်နဲ့ လုပ်နေတာကြောင့် စိတ်ဖောက်ပြန်တယ်လို့ ယူဆပြီး ဒေါက်တာ့ဆီကိုအနီးဆုံးခေါ်လာရတာပါဘဲ။ ကယ်ပါဦး – ဒေါက်တာရယ်”
ကျွန်ုပ်သည် အချိန်ဆိုင်းမနေတော့ဘဲ အိပ်ဆေးတစ်လုံးကိုဖောက် ကာ ဝေဒနာရှင်လူငယ်ကို ချုပ်၍ ထိုးပေးလိုက်လေသည်။ ထိုမှတစ်ဆင့် စိတ်ငြိမ်ဆေးများကို ထိုးပေးလိုက်ရာ တဖြည်းဖြည်းငြိမ်၍ အိပ်ပျော်သွား တော့သည်။ ထိုအခါမှ ကျွန်ုပ်လည်း သူ့ကို ကုတင်ပေါ်၌ လဲလျောင်းစေကာ သူ့အကြောင်းကိုမေးရန် ပြင်လိုက်၏။ ၎င်း၏အဒေါ်ဆိုသူကဝင်၍- “သူ့နာမည်ကဇော်ငြိမ်းပါ -ဒေါက်တာ။Zoology နဲ့ကျောင်းပြီးထား ပါတယ်။ စီးပွားရေးအခြေအနေအရ သင်္ဘော(၂)နှစ်လိုက်ပြီး ပြန်လာတာ မကြာသေးပါဘူး”
ဟုပြောရာ ကျွန်ုပ်က –
“သူ့ကိုကြည့်ရတာ အရင်က ထိတ်လန့်တုန်လှုပ်စရာတစ်ခုခု ကြုံတွေ့ ခဲ့ရပုံပဲ။ ပြီးတော့ – သူဟာ ဒီရန်ကုန်က မဟုတ်ဘူးထင်တယ်”
ဟုမေးလိုက်သည်။
“မှန်ပါတယ်-ဒေါက်တာ။ သူက ကချင်ပြည်နယ်ကပါ။ ရန်ကုန်မှာမွေး ပြီး ကချင်ပြည်နယ်မှာ သွားကြီးပြင်းတယ်ဆိုပါတော့။ သူ့မိဘတွေက အဲဒီ မှာကုန်သည်သွားလုပ်တယ်လေ…”
“ဪ-ဒီလိုလား။ ကောင်းပြီ- ဒါဆို ကျွန်တော် သူ့ကို မေးစရာလေး
တွေရှိလို့ မေးပါရစေ…”
“ရှင်– သူအိပ်ပျော်နေတာ နှိုးလို့ရပါ့မလား…”
“ဒါက ဒီလိုပါ-သူ့ကို ထိုးပေးထားတဲ့ဆေးက စိတ်ငြိမ်ဆေးပါ။ အိပ် ပျော်သွားတဲ့ သာမန်ဆေးမဟုတ်ပါဘူး။ သူ့ကိုကိုင်ပြီး မေးရင် သူဖြေပါလိမ့် မယ်။ ဒါက ကျွန်တော်တို့ရဲ့တိုးတက်လာတဲ့ ဆေးပညာပါပဲ…”
ထို့နောက် ကျွန်ုပ်သည်လူများရှုပ်နေသည့်အခန်းမှ မောင်ဇော်ငြိမ်းကို

မ၍ အေးဆေးငြိမ်သက်သော အနောက်ခန်းထဲသို့ရွေ့ကာ သူ့အဒေါ်နှင့် ကျွန်ုပ်သာ အခန်းထဲ၌နေစေသည်။ ပြီးသော်-ကျွန်ုပ်သည် မောင်ဇော်ငြိမ်း ၏ဘေးတွင်ထိုင်၍ သူ၏လက်ကောက်ဝတ်အားကိုင်၍ သွေးခုန်နှုန်း စမ်း

လိုက်သည်။ ပြီးသော် သူ၏လက်ချောင်းများကို ဆုပ်ကိုင်၍-
“ကဲ- မောင်ဇော်ငြိမ်း – မင်းကို အခု ဆရာမေးမယ်။ မင်း မှတ်မိသမျှ ဖြေပေးပါ။ မင်းအခု ဘာတွေဖြစ်နေသလဲ..”
ဟုမေးလိုက်ရာ ဇော်ငြိမ်းက လှဲနေရာမှဖြေသည်။ “ကျွန်- ကျွန်တော်ကြောက်တယ်ဆရာ…”
“ဘာကိုကြောက်တာလဲ။ မင်း – ဘာတွေလုပ်ခဲ့လို့လဲ…”
“ကျွန်တော် – ဘာမှ အမှားမလုပ်ခဲ့ပါဘူးဆရာ။ ကျွန်- ကျွန်တော့်မှာ ရစရာတွေရှိတယ်။ အဲဒါတွေကို သွားယူဖို့အတွက်ကြောက်နေတာပါ” “ဘာ – မင်းရစရာ – ဟုတ်လား။ ဘယ်သူ့ဆီကရမှာလဲ။ ဆရာတောင်း ပေးမယ်လေ။ မင်းကြောက်စရာမလိုပါဘူးကွာ-ဟဲ-ဟဲ” “မရဘူး ဆရာ။ ဆရာ ယူနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ရစရာရှိတာက
ရတနာတွေ…
“ဟမ်…”
ကျွန်ုပ်နှင့် သူ့အဒေါ်မျက်လုံးပြူးသွား၏။ ဆက်မေးလိုက်သည်။ “ရတနာတွေ – ဟုတ်လား။ ဘယ်မှာသွားယူရမှာလဲ”
“ကချင်မှာလေ။ ကချင်ပြည်နယ်ရဲ့ ပူတာအိုတောနက်ထဲမှာ နမ့်မူးလို့ ခေါ်တဲ့ တောင်ရှိတယ်။ အဲဒီ့မှာပေါ့။ ဒါပေမဲ့-အဲဒီ့နေရာမှာ ကျွန်တော့်ရန် သူတွေ ရှိတယ် ဆရာ။ အခုတော့ သေလား ရှင်လား ကျွန်တော် မသိတော့ ဘူး။ အရင်ကတော့ သူတို့ဟာ ကျွန်တော့်အသက်ကိုတောင် လုပ်ကြံခဲ့ကြ ဖူးတယ်။ ပြီးတော့-ကျွန်တော် မမှတ်မိတော့ဘူး။ အဲဒီ့ကို သွားတဲ့လမ်း ကြောင်းတွေ။ သေချာတာက အဲဒီ့မှာ မျောက်ဖြူကြီးတွေရှိတယ်။ အဲဒီ့ မျောက်ဖြူကြီးတွေထဲမှာ အကြီးဆုံးမျောက်ကြီးတစ်ကောင်ဟာ လပြည့် နေ့မနက်ဆို ရတနာမြှုပ်ထားတဲ့နေရာမှာလာလာအူတယ်”
ဇော်ငြိမ်းနှင့် ကျော်ဇေယျတို့သည် အလွန်တရာမျှ ချစ်ခင်ကြသော သူငယ်ချင်းများဖြစ်၏။ ကျော်ဇေယျအဖေသည် ကချင်၊ မဒူဒါရွာ၏(ရွာသူ ကြီး)ဒူးဝါးတစ်ဦးဖြစ်သည်။ တစ်နေ့ သူ့အဖေ ရောဂါဆိုးတစ်ခုဖြင့် သေ တော့မည်ကို သူ့အဖေကိုယ်တိုင်သိ၍ သားဖြစ်သူ ကျော်ဇေယျကိုခေါ်၍ တိတ်တဆိတ်မှာ၏။
“လူလေး – ငါ နင့်ကို မှာမယ်။ ငါ မနေရတော့ဘူး။ ငါသေရင် နင် ဒီမှာ ဒူးဝါးလုပ်ပေါ့။ နင့်အတွက် ငါတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာခဲ့တဲ့ ရတနာသေတ္တာပေးခဲ့မယ်။ အဲဒီ့ရတနာသေတ္တာက ငါ့လက်ထဲမှာမရှိဘူး။ ငါတို့ မြှုပ်ထားတဲ့နေရာမှာပဲရှိတယ်”
“အဖေ – အဲဒီရတနာသေတ္တာထဲမှာ ဘာတွေရှိလဲ”
“စိန်တွေ၊ ရွှေတွေပေါ့။ ဒီပူတာအို တောနက်နက်ထဲမှာနမ့်မူးလို့ခေါ်တဲ့ တောင်တစ်လုံးရှိတယ်။ အဲဒီ့တောင်ရဲ့ မြောက်ဘက်မှာ မျောက်ဖြူတွေနေ တယ်။ အဲဒီ့မျောက်ဖြူတွေထဲက အကြီးဆုံးမျောက်ဟာ အသက်(၁၀၀)
ကျော်ပြီ .။ လပြည့်နေ့မနက်ခင်း နှင်းတွေ ပိတ်နေချိန်မှာ အဲဒီ့မျောက်ဟာ တောင်ပေါ်တက်ပြီး အသံရှည်ကြီးဆွဲပြီးအူတယ်။ သူ-အူနေကျနေရာရှိ တယ်။ အဲဒီ့နေရာမှာ ငါတို့ရတနာတွေ မြှုပ်ထားခဲ့တာပဲ။ ဒီတော့ ငါ့သား- နင်သွားရှာပါ..”
ထိုကဲ့သို့သောစကားများကို ဖခင်၏လူယုံ မိုခမ်းနှင့် အပေါင်းအပါများ ချောင်းနားထောင်ပြီး လောဘတက်သွားကြသည်။ နောက်တစ်နေ့တွင် မိုခမ်းနှင့် သူ့လူ (၂)ယောက် ပျောက်သွားသဖြင့် ကျော်ဇေယျလည်း ရိပ်မိ သွား၏။ သည်တော့ သူလည်း ဇော်ငြိမ်းကိုခေါ်ကာ ရတနာသေတ္တာရှိသည့် ပူတာအို တောထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ကြတော့၏။
သူတို့ မရောက်ခင် မိုခမ်း ဦးသွားမည်ကိုလည်း စိုးရိမ်ကြသည်။ မိုခမ်း ဆိုသည့်ကောင်က ကောက်ကျစ်တတ်သည်ကို ကျော်ဇေယျသိပြီးဖြစ်၏။ ရတနာသေတ္တာကို ရှာမည်ဆိုလျှင် လပြည့်နေ့၌သာရနိုင်သဖြင့် ထိုနေ့ကို မှန်း၍ ထိပ်တိုက်တွေ့နိုင်သည်။ ရတနာလောဘကြောင့် သူသေကိုယ်သေ တိုက်လျှင် တိုက်ရမည့်အခြေအနေမျိုးမှာလည်းရှိသည်။
ဇော်ငြိမ်းတို့သည် တောင်ပေါ်ကို (၄)ရက်မျှ ခရီးကြမ်းနှင်ကြရ၏။ ထို တောင်မှာ ကချင်ပြည်နယ်၏ ရာသီဥတုအလိုက် ကြမ်းတမ်းလှပြီး သွေးခဲ မတတ်အေးလှသည်။ (၄)ရက်ပြည့်သောနေ့၌ ကျော်ဇေယျ၏ဖခင်ပြော သောနေရာသို့ ရောက်သည်။ ထို့အတူ ထိတ်လန့်ဖွယ်ရာဖြစ်ရပ်ကား မိုခမ်း တို့လူစုသည် အတုံးအရုံး လဲကျသေဆုံးနေခြင်းဖြစ်၏။ သူတို့ကြောင့်တော့ မဟုတ်။ လူတစ်ရပ်ကျော်ခန့် မျောက်ဖြူကောင်ကြီးများလည်း ထိုနေရာ၌ သွေးချင်းချင်းရဲသေဆုံးနေကြ၏။ ကျော်ဇေယျက ခန့်မှန်းသည်။
“သူငယ်ချင်း – မိုခမ်းနဲ့ဒီမျောက်ဖြူကြီးတွေဟာတော်တော့်ကိုကြီးမား တဲ့တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြလိမ့်မယ်ထင်တယ်”
“အေး- ဟုတ်လိမ့်မယ်။ ငါ့အထင်တော့ မိုခမ်းတို့လူစုဟာ မျောက်တွေ ကိုရန်စပြီး အရင်သတ်ဖြတ်ကြလို့ မျောက်တွေက အလုံးအရင်းနဲ့ ဝင်တိုက် ခိုက်တာပဲဖြစ်မယ်။ တိရစ္ဆာန်ဆိုတာ လူကို အသားလွတ် ရန်မမူတတ်ဘူး ကွ။ ဒီတော့ ငါတို့လည်း ဒီညတစ်ညတော့ စောင့်ကြည့်ပြီး အကဲခတ်မှဖြစ် မယ်။ ဒီနားတစ်ဝိုက်မှာလည်း မသေဘဲ ကျန်နေသေးတဲ့မျောက်တွေ ရှိနိုင် တယ်။ ငါတို့ကိုတွေ့ရင် အငြိုးနဲ့ ရန်မူချင် မူမှာကွ …”
သို့နှင့်ပင် သူငယ်ချင်းနှစ်ယောက် ထိုည၌ ရွက်ဖျင်ထိုးပြီး မီးပုံဖိုကာ
အခြေအနေကို စောင့်ကြည့်ကြ၏။ ညဦးပိုင်းအထိ တောနက်ထဲမှ ဝံပုလွေ အူသံမျှအပ အခြားအသံ မကြားရချေ။ သည်တော့ အေးအေးဆေးဆေး ရိက္ခာစားပြီး အိပ်စက်ကြလေသည်။ သူငယ်ချင်းနှစ်ယောက် အိပ်မပျော် တစ်ချက် ပျော်တစ်ချက် ဖြစ်နေ၏။ နှင်းလေအေး၏ဒဏ်ကို မခံနိုင်ကြခြင်း လည်းဖြစ်သည်။ ညဉ့်နက်ပိုင်းသို့ ရောက်လာသည်တွင် ထူးဆန်းသော အသံတစ်သံကိုကြားရတော့၏။
“pop-pop:-colos-colos-sp-sp-q: …”
အသံကိုကြားသည်နှင့် ကျော်ဇေယျက ငေါက်ခနဲထကာ သူ့လက်စွဲ တော် ဒူးလေးကိုကိုင်၍ ရွက်ဖျင်ထဲမှ ထွက်လိုက်သည်။ ဇော်ငြိမ်းလည်း မီးစွဲနေသော ထင်းတစ်ချောင်းကိုယူ၍ ထွက်ကြည့်၏။ ထိုအခါ မှုန်ပျပျလ ရောင်အောက်တွင် အလွန်တရာမျှကြီးမားသော မျောက်ကြီးတစ်ကောင်ကို အူနေသည့်ဟန်တွေ့ရ၏။ ထိုမျောက်ကြီးသည်သာမန်မျောက်ဖြူများထက် အရွယ်ကြီးမားပြီး သေသွားသောမျောက်ကောင်များကို လိုက်၍ကြည့်နေ သည်။ ပြီးသော် ကုန်းကမူတစ်ခုပေါ်သို့တက်၍ ဆောင့်ကြောင့်ထိုင်ကာ လွန်စွာမျှ လွမ်းဆွေးနေသည့်သဖွယ် ဆွဲဆွဲငင်ငင်ကြီး အူလိုက်ပြန်သည်။ “သူ့အဖော်တွေကို မိုခမ်းတို့ သတ်လိုက်လို့ ကြေကြေကွဲကွဲနဲ့ အူနေ တာထင်တယ်ကွ။ ဒီကောင်ကြီးကခေါင်းဆောင်မျောက်လားမသိဘူး”
ကျော်ဇေယျကပြောရာဇော်ငြိမ်းကပြန်၍-
“ဟေ့ကောင် – မင်းအဖေပြောတော့ အဲဒီ့မျောက်က လပြည့်နေ့မနက် အူတာဆို။ အခု – လဆုတ်ရက်ညပိုင်းကြီး အူနေပါလား” ဟုမေးလိုက်၏။
“ဟာကွာ – ဘာပဲဖြစ်ဖြစ်သူထိုင်ခဲ့တဲ့နေရာအောက်မှာရတနာ သေတ္တာရှိတယ်လို့ ပြောထားသားပဲ။ ငါတို့ သွားတူးကြတာပေါ့။ သံတူရွင်း ယူခဲ့ကွာ…”
ကျော်ဇေယျက ပြောပြောဆိုဆိုဖြင့် သံတူရွင်းတစ်ချောင်းကိုင်ပြီး မျောက်ကြီးရှိရာသို့သွားကာခြောက်လှန့်လိုက်၏။ မျောက်ကြီးကအမှောင် ထဲမှနေ၍ လှမ်းကြည့်နေသည်။ ကျော်ဇေယျခြောက်သည်ကို ကြောက် လန့်ဟန်မတူဘဲ ငုတ်တုတ်ထိုင်ကာ ပြန်ကြည့်နေ၏။ သို့သော် ရုတ်တရက်
ဆိုသလိုပင်“ဝုန်းခနဲထပြေးတော့၏။ ကျော်ဇေယျသည်အံ့အားသင့်သွား ပြီး ဘာများထူးခြားပြီလဲဟု ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ –
“ဟင်-ဝံ-ဝံပုလွေတွေ-ပြေးဟေ့-ပြေး” “ဘယ် – ဘယ်မှာလဲ…”
ဝံပုလွေ(၅)ကောင်ခန့်သည် သူတို့နှစ်ယောက်ကို တောင်ထိပ်ပိုင်းမှ ကြည့်နေ၏။ ပြီးသော် (၅)ကောင်လုံး ပြေးဆင်းလာကာ ရန်မူတော့၏။ ဇော်ငြိမ်းသည် လက်နက်မရှိသည်မို့ ပြေးသော်လည်း ကျော်ဇေယျကမူ သံတူရွင်းအားကိုးဖြင့် ဝံပုလွေများကို ခုခံသည်။ “ကျော်ဇေယျ – ဟေ့ကောင်-ပြေးလေကွာ…”
ဇော်ငြိမ်း ငယ်သံပါအောင်အော်လိုက်၏။ ထို့အတူဝံပုလွေအုပ်ကြား၌ ကျော်ဇေယျ၏အသံမှာ“အား”ခနဲတစ်ကြိမ်မျှသာကြားရပြီးငြိမ်သွားတော့ သည်။ ဇော်ငြိမ်းသည် အားကုန်ပြေးထွက်ခဲ့သည်။ မှောင်မှောင်မည်းမည်း စမ်းတဝါးဝါးဖြင့် ပြေးလွှားရင်း လျှိုကြီးတစ်ခုအတွင်းကျသွားလေ၏။ “အား…”
လျှိုထဲသို့ရောက်သော် ဒဏ်ရာအလူးလူးဖြင့် အမောဆို့နေသည်။ အပေါ်သို့ ပြန်တက်ရန် ကြိုးစားကြည့်၏။ အကြိမ်ကြိမ်အခါခါ ကြိုးစားသော် လည်း မရသဖြင့် နောက်ဆုံး ထိုလျှိုထဲ၌ပင် ခြေကုန်လက်ပမ်းကျ အိပ်ပျော် သွားလေတော့သည်။
ကျွန်ုပ်သည် ကျော်ဇေယျ သေဆုံးခဲ့သည်ကို စိတ်မကောင်းစွာ နား ထောင်ရင်း ဇော်ငြိမ်း မည်သို့လွတ်မြောက်လာသည်ကို မေးလိုက်၏။ ထို အခါဇော်ငြိမ်းက သူသည်လျှိုထဲသို့ (၂)ရက်မျှ ကျနေခဲ့ပြီးနောက်ဆုံးလေ့ လာရေးအဖွဲ့ တစ်ဖွဲ့မှ တွေ့ရှိ၍ ကယ်ဆယ်ခဲ့ကြပြီး သူ၏နေရပ်ဖြစ်သော ရန်ကုန်သို့ ပြန်ပို့ခဲ့ကြောင်း ပြောပြသည်။ ရန်ကုန်သို့ရောက်သော် ထိုဖြစ် ရပ်များကို မေ့နိုင်သမျှ မေ့ထားပြီး သင်္ဘောသားအဖြစ်သို့ ကူးပြောင်းခဲ့ ကြောင်း ရှင်းပြလေ၏။ သို့သော် တိရစ္ဆာန်ရုံရောက်၍မျောက်အော်သံကြား ပြီး စိတ်ထဲဂနာမငြိမ်ဖြစ်လာခဲ့ရာမှ ယခုကဲ့သို့ လူကြားသူကြားထဲ မျောက် လိုအော်မိကြောင်းဝန်ခံလေသည်။
ကျွန်ုပ်သည် ဇော်ငြိမ်းကို အိပ်ရေးဝအောင် အိပ်စေပြီး (၃)ရက်မျှ စိတ် ကျန်းမာဆေးများတိုက်ကာရတနာသေတ္တာနှင့်ပတ်သက်သည့်ကိစ္စအဝဝ

ကို ဆွေးနွေးမိ၏။ အမှန်တကယ်တော့ သူသည် ရူးသွားခြင်းမဟုတ်ပေ။ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များကို ကြုံခဲ့ရမှုကြောင့် “စကီဇိုဖရီး နီးယား”ခေါ် စိတ်ကစဉ့်ကလျားရောဂါကပ်လာခြင်းဖြစ်၏။ ယခုတော့ သူ
အကောင်းပကတိစကားပြောလာနိုင်ပြီဖြစ်၏။
“ကျွန်တော့်ရောဂါကိုပျောက်အောင်ကုပေးတဲ့ဒေါက်တာနေမိုးနောင်
ကို ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိတော့ပါဘူးဗျာ”
“ကျေးဇူးဆပ်စရာမလိုပါဘူး – မောင်ဇော်ငြိမ်းရယ်။မင်းအနေနဲ့ရတနာ သေတ္တာကိုပြန်ရှာချင်စိတ်များ ပေါ်မလာဘူးလား…” “ခင်ဗျာ…”
ကျွန်ုပ်၏စကားကြောင့် ဇော်ငြိမ်း မျက်လုံးများ ပြူးကျယ်သွား၏။ သူ အတန်ကြာစဉ်းစားပြီး ကျွန်ုပ်ကို အကဲခတ်သည်။
“ဒေါက်တာက ရတနာသေတ္တာကို စိတ်ဝင်စားနေတယ်ထင်တယ်။ အင်းလေ-လူဆိုတာ လိုချင်လောဘတော့ ရှိမှာပေါ့။ ဒါပေမဲ့-အရမ်း အန္တရာယ်များတယ် – ဒေါက်တာ။ ဖြစ်မယ်မထင်ဘူး…”
“ဖြစ်အောင်လုပ်ရင် ဖြစ်မှာပေါ့ကွာ။ ကိုယ့်အနေနဲ့ကတော့ တန်ဖိုးကြီး ဒီရတနာတွေကို လူမသိသူမသိ တောထဲမှာ ပြုန်းတီးရမှာထက် တူးဖော်ပြီး အများကောင်းကျိုးအတွက် အသုံးချချင်တဲ့စိတ် ရှိလာတယ်။ ဒါကြောင့် ဇော်ငြိမ်းကို စဉ်းစားဖို့ အကြံပြုတာပါ။ အစစအရာရာ ကိုယ်ပဲ တာဝန်ခံပါ့ မယ် …”

ကျွန်ုပ်စကားကို ကိုဇော်ငြိမ်းသည် စဉ်းစားရင်း အဝေးသို့ ငေးနေလေ
ယခုအခါ၌ကျွန်ုပ်နှင့်ဇော်ငြိမ်းသည်ပူတာအိုသို့ပင်ရောက်ရှိနေပြီဖြစ် ၏။ကျွန်ုပ်၏အကြံပြုချက်ကိုတစ်ပတ်မျှအချိန်ယူ၍ဇော်ငြိမ်းခေတ္တစဉ်းစား ရင်း သေဆုံးသွားခဲ့သော ကျော်ဇေယျအတွက် မကျေပွဲနွှဲမည်ဟုဆိုကာ ကျွန်ုပ်နှင့်အတူလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်ုပ်ကား မြန်မာနိုင်ငံရှိ ပရဟိတလုပ်ငန်းများအတွက် ရည်သန်၍ ရတနာသေတ္တာကို ရှာဖွေရန် စိတ်ထက်သန်နေမိသည်ဖြစ်ရာနတ်ကောင်းနတ်မြတ်များ၏စောင့် မကြည့်ရှုမှုမျိုးရရန် အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ အဘယ်ကြောင့်ဆို သော်ထိုလမ်းခရီးသည်သေမင်းနှင့် စစ်ခင်းရသောခရီးမဟုတ်ပါလေ…။

ကျွန်ုပ်တို့သည် ရန်ကုန်မှ ပူတာအိုသို့ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး ပူတာအိုမှတစ်ဆင့်ကျော်ဇေယျနေထိုင်ခဲ့သောမဒူဒါရွာသို့အဆင့်ဆင့်ခရီး
ဆက်ကြရ၏။
မဒူဒါရွာသို့ရောက်သော် ယခင်ရွာလူကြီးဟောင်း (ဒူးဝါး)အစား ရွာလူ ကြီးအသစ် ဦးအဲနောင်ကိုတွေ့၍
ဝင်ရောက်မိတ်ဆက်လက်ဆောင်များ
ပေးကြ၏။ ဦးအဲနောင်ကားကျော်ဇေယျ၏ဖခင်နေရာကိုရောက်လာသော ဒူးဝါးဖြစ်သည်။
“နင်တို့ ဒီကိုလာတာ ငါ ဝမ်းသာပါတယ်။ ဒါပေမဲ့-နင်တို့ ဟိုတောင် ပေါ်ကို သွားမယ်ဆိုတာကိုတော့ သိပ်မနှစ်သက်ဘူး။ အန္တရာယ်များတယ် လေ”
ဦးအဲနောင်၏စကားကိုဇော်ငြိမ်းကဝင်၍-
“မပူပါနဲ့ – ဦးရယ်။ ကျွန်တော်ကဒီရွာသားတစ်ပိုင်းပါပဲ – ဟဲ – ဟဲ။ အား လုံးအစီအစဉ်ချပြီးမှလာခဲ့တာပါ။ပြီးတော့- ဒီကဒေါက်တာနေမိုးနောင်က လည်း ရတနာသေတ္တာကိုရရင် ပရဟိတလုပ်ငန်းတွေမှာ အသုံးချရင် စိတ် ထက်သန်နေတော့ ကံကောင်းမှာပါပဲ…”
ဟုပြောရာ ဦးအဲနောင်က ပြန်ပြောသည်။
“အင်းလေ – ပြောမရလည်းသွားပေါ့။ အရင်ကသွားတဲ့မိုခမ်းတို့တောင် အဲဒီမှာပဲ မျောက်တွေနဲ့ စစ်ခင်းပြီး သေပြီလေ။ နင်တို့လည်း သတိထား သွားကြပေါ့။ အဲဒါမျောက်တွေမဟုတ်ဘူး။ နှင်းလူအမျိုးနွယ်တွေကွဲ့….” “ဗျာ- နှင်းလူအမျိုးနွယ်တွေ-ဟုတ်လား”
ကျွန်ုပ်၏မျက်လုံးများ ပြူးကျယ်သွားရ၏။ နှင်းလူဆိုသည်မှာ အိန္ဒိယ နိုင်ငံ ဟိမဝန္တာတောထဲရှိ ဧဝရတ်တောင်တွင်နေသော သတ္တဝါများဖြစ်၏။ လူနှင့်မခြား သဘာဝတူပြီး လွန်စွာဉာဏ်များကာ ကြီးမားခန္ဓာကိုယ်ရှိသည် ဟု စာအုပ်ထဲ၌ ဖတ်ဖူး၏။ ဤသို့ဆိုလျှင် ယခု နမ့်မူးတောင်ပေါ်၌ မျောက် များသည်လည်း နှင်းလူများကဲ့သို့ပင် ကြီးမားကာ ခွန်အားကြီးလောက်၏။ ဦးအဲနောင်က ဆက်ပြော၏။
“နှင်းလူမျိုးနွယ် မျောက်ဖြူကြီးတွေလို သာမန်လက်နက်နဲ့ မနိုင်ဘူး။ အဆိပ်လူးပြောင်းနဲ့ မှုတ်မှရမှာ။ ဒီတော့ နင်တို့နှစ်ယောက် အဆိပ်လူး ပြောင်းတစ်ခုစီ ယူသွားပေတော့။ ရတနာတွေရတာ မရတာထက် အသက်နဲ့ ခန္ဓာကိုယ် ပြန်ရလာဖို့ အရေးကြီးတယ်-ဟဲ-ဟဲ-ဟဲ”

ကချင်ဒူးဝါးကြီး ဦးအဲနောင်၏ရယ်သံက ခြောက်ကပ်ကပ်ဖြစ်သဖြင့် ကျောချမ်းမိသည်။ သူပြောသလောက် အန္တရာယ်ရှိနေမည်လားဟုတွေး ရင်း သက်ပြင်းတွေ ချနေမိ၏။ ဇော်ငြိမ်းကတော့ ဤဒေသ၏အလှအပများ ကိုကြည့်ရင်း သူ့သူငယ်ချင်းကျော်ဇေယျကိုလွမ်းဆွေးနေဟန်ရှိသည်။
ရာသီဥတုကအေးခဲနေသလိုမြင်မြင်သမျှ အဆန်းအကြယ်မို့ကင်မရာ
ကိုလက်ကမချတမ်းရိုက်နေမိ၏။ကချင်တိုင်းရင်းသူများကားနှင်းနှင့်မခြား
ဖွေးဆွတ်သော အသားအရေဖြင့် လှပတင့်တယ်ပေသည်။ သို့နှင့်ပင် တောင်ပေါ်မတက်ခင် တစ်ည၌ဇော်ငြိမ်းနှင့်ကျွန်ုပ်တိုင်ပင်ကြပြန်၏။
“ဇော်ငြိမ်းရာ – မင်းနဲ့ငါအတူသွားပြီးရတနာသေတ္တာရလာတဲ့အချိန် – ငါမရှိတော့ခဲ့ရင် မင်း ငါ့ဆန္ဒအတိုင်း ရတနာတွေကို တစ်ဝက်တိတိ လှူပစ် လိုက်ပါကွာ။ တစ်ဝက်ကိုတော့ မင်းယူပေါ့”
“ဟာ-မဟုတ်တာပဲ-ဒေါက်တာရယ်။ ကျွန်တော် မယူပါဘူး။ ဒေါက် တာလည်း မသေစေရဘူး။ အားလုံးကံကောင်းမှာပါ။ အဲ-ဒါပေမဲ့-အဲဒီ ရတနာသေတ္တာကို ရှာဖို့အတွက်က မျောက်အူသံကြားမှဖြစ်တာဆိုတော့ အဲဒီ့မျောက်ရောရှိပါ့ဦးမလားမသိဘူး”
ထိုသို့ပြောနေစဉ်တိတ်ဆိတ်သောည၌ သာယာမှုကိုအသံတစ်သံက
ဖြိုခွင်းလိုက်၏။

အဲဒီအသံကြောင့် ကျွန်ုပ်တို့နှစ်ဦးစလုံးခေါင်းထောင်သွားကြ၏။ “ဒါ – ဒါဟိုမျောက်ကြီးအော်သံပဲဗျ ..”
ဇော်ငြိမ်းက အားရဝမ်းသာစွာပြောရင်း ကျွန်ုပ်ကို လက်ဝါးချင်းရိုက် လိုက်သည်။ ထို့နောက်တွင်မှာတော့ မိုးလင်းလင်းချင်း ရိက္ခာနှင့် လက်နက် များယူကာတောင်ပေါ်တက်ကြတော့၏။ထိုနေ့ကလဆန်း(၁၀)ရက်ဖြစ်၏။ တောင်ပေါ်သို့ (၄)ရက်ခရီးနှင်ပြီးလျှင် လပြည့်နေ့၌ ရောက်မည်ဖြစ်သဖြင့် ကြိုတင်တွက်ချက်ထားရခြင်းဖြစ်သည်။
“မရောက်သေးဘူးလားကွာ “ဝူး” “ရောက်တော့မှာပါဗျ – အားတင်းထားပါ”
ထိုစကားများကား အကြိမ်ပေါင်းမနည်းချေ။ တောလမ်းတစ်လျှောက် ကြားနေရမည် ဖြစ်သည်။ (၄)ရက်မြောက်သောနေ့တွင်မှာတော့ တောင်

ပေါ်ကို ရောက်လေ၏။ ရာသီဥတုမှာ ယခင်ကထက် အဆပေါင်းများစွာ ကြမ်းတမ်းပြီး သားရဲတိရစ္ဆာန် သိပ်မတွေ့ရတော့သည်ကို သတိထားမိ၏။ တိရစ္ဆာန်နည်းပါးရခြင်းမှာ ဝံပုလွေများ သောင်းကျန်းခြင်းကြောင့်ဟု ထင်
သည်။
ကျွန်ုပ်တို့သည် ရွက်ဖျင်ထိုး၍ အနားယူကြ၏။ အချိန်မှာ ညနေစောင်း ပြီးဖြစ်ရာ ပတ်ဝန်းကျင်က အေးသထက်အေးလာပြီး နှင်းမှုန်များဖြင့်ပိတ်၍ လပြည့်ညအကြိုပင်ဖြစ်လင့်ကစားလကိုလုံးဝမတွေ့ရဘဲရှိလေသည်။ညဦး ပိုင်းရောက်သော် ဇော်ငြိမ်းနှင့်ကျွန်ုပ်သည် ဝက်ပေါင်ခြောက်နှင့် ထမင်း ချက်စားပြီးကော်ဖီမစ်ကိုယ်စီဖြင့် စကားစမြည်ပြောကြလေ၏။
“ဒါနဲ့ ဇော်ငြိမ်း – မင်းက အရင်က ရန်ကုန်ကနေ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲကွ…” ကျွန်ုပ်၏အမေးကိုဇော်ငြိမ်းက ပြုံး၍-
“ကျွန်တော်က အစက မြစ်ကြီးနားကို လေ့လာရေးခရီး ထွက်လာတာ ဗျ။ အဲဒီမှာ ကျော်ဇေယျက မြစ်ကြီးနားတက္ကသိုလ်မှာ ကျောင်းလာတက် တုန်းဆုံပြီး သူငယ်ချင်းဖြစ်ရာကနေ ဒီဒေသဘက်ကို အလည်လိုက်လာ တာ။ သိတဲ့အတိုင်းပဲလေ။ ကျွန်တော်က Zoology နဲ့ ကျောင်းပြီးတာဆို တော့ တိရစ္ဆာန်အကြောင်းလည်း စိတ်ဝင်စားမိတယ်ဆိုပါတော့။ ဟဲ-ဟဲ ဒီလည်းရောက်ရော ဝံပုလွေတွေ၊ ဧရာမမျောက်ကြီးတွေကို နဖူးတွေ့ ဒူး တွေ့ရင်ဆိုင်ရပြီး အထိတ်ထိတ်အလန့်လန့်နဲ့ ရူးသလိုလို ကြောင်သလိုလို ဖြစ်သွားတော့တာပဲ- ဒေါက်တာ…”
ဟုပြောရာကျွန်ုပ်မှာသူ့စကားကိုသဘောကျ၍အားရပါးရရယ်မိတော့
သည်။ ထိုစဉ်- “ဝူကူး-ဝူကူး-ဝူကူး
မျောက်အော်သံ ကြားလိုက်ရသဖြင့် နှစ်ဦးသား ခေါင်းထောင်သွား၏။ “ဒေါက်တာရေ-မျောက်အသံကြားတယ်။ ဒီမျောက်က လပြည့်နေ့
မနက်မအူတော့ဘူးထင်တယ်။ကျွန်တော်သွားကြည့်လိုက်မယ်။ဒေါက်တာ
နေခဲ့။ ဒေါက်တာက တောမကျွမ်းသေးတော့ ညဘက်ကြီး အန္တရာယ်များ
တယ်”

“အေး- ဒါဆိုလည်း သွားကွာ။ လက်နက်တော့ ယူသွားဟေ့။ ငါတို့ငှား လာတဲ့အမဲပစ်ရိုင်ဖယ်ကိုယူသွား။ ပြီးတော့ – အဆိပ်လူးမှုတ်ပြောင်းလည်း ယူသွား။ အရေးကြီးရင်ငါ့ကိုသေနတ်ဖောက်ပြီး အချက်ပေးလိုက်..”
ကျွန်ုပ်နှင့် ဇော်ငြိမ်းသည် ညှိနှိုင်းပြီးသည်နှင့် ဇော်ငြိမ်းလည်း အမဲပစ် ရိုင်ဖယ်ထမ်းကာမှောင်မည်းမည်း၌ဓာတ်မီးကိုနဖူး၌ချိတ်ရင်းစမ်းတဝါးဝါး ထွက်သွားတော့၏။ မျောက်တို့ခေါင်းဆောင် မျောက်မင်းအူသံကြားသော နေရာကိုရောက်လျှင် သူရတနာသေတ္တာရှိနိုင်မည့်နေရာကို မှတ်မိကောင်း မှတ်မိပေလိမ့်မည်။ ကျွန်ုပ်ကမူ ရွက်ဖျင်တဲပြင်ထွက်၍ ပတ်ဝန်းကျင်ကို အကဲခတ်နေမိ၏။
တစ်နာရီခွဲခန့်အကြာတွင် ဇော်ငြိမ်းပြန်ရောက်လာ၏။ ချွေးသံတရွဲရွဲ ဖြင့်မောဟိုက်နေဟန်ရှိသည်။
“ဘာမျှမထူးခြားပါဘူးဗျာ။ မျောက်အူတာမှန်ပေမယ့် ကျွန်တော်တို့ ထင်ထားတဲ့မျောက်ခေါင်းဆောင်မျောက်မင်းမဟုတ်ဘူးဗျ။တခြားမျောက် တစ်ကောင်က သစ်ပင်ပေါ်ကနေထအူတာပါ….”
“ဪ- အဲဒီ့လိုလား။ အေးလေ-ဒါဆိုလည်း အိပ်ကြတာပေါ့။ မနက် ခင်းရောက်ရင်းတော့ အဲဒီ့နေရာကိုသွားပြီး စောင့်ကြည့်ရင် ဟိုမျောက်ကြီး လာ၊ မလာ အဖြေပေါ်မှာပါ …”
ကျွန်ုပ်လည်း ပြောပြောဆိုဆိုဖြင့် အိပ်ရာဝင်ခဲ့တော့၏။ ဇော်ငြိမ်း လည်း နာရီတကြည့်ကြည့်ဖြင့် အမောဖြေကာ အိပ်ပျော်သွားလေသည်။ မနက် အရုဏ်လင်းသော် ဇော်ငြိမ်းက ရှေ့မှဦးဆောင်၍ ကျွန်ုပ်ကို ခေါ်သွား လေသည်။ သူခေါ်သည့်နေရာကား ကျော်ဇေယျနှင့် မိုခမ်းတို့ သေဆုံးခဲ့ သော မျောက်အူသည့်နေရာသာ ဖြစ်၏။ ထိုနေရာသို့ရောက်လျှင် ရောက် ချင်းပင်ဇော်ငြိမ်းကချုံထူထူကိုအကာအကွယ်ယူ၍မျောက်ကြီးလာ၊မလာ ကိုချောင်းကြည့်နေစေသည်။ ကျွန်ုပ်လည်း ချုံထဲမှနေ၍ မှန်ပြောင်းဖြင့် ခပ် လှမ်းလှမ်းမှ ကုန်းကမူကလေးကို လှမ်းကြည့်နေမိ၏။ ဇော်ငြိမ်းကမူ ကျွန်ုပ် အနောက်မှနေ၍ ရိုင်ဖယ်တစ်လက်ဖြင့် ဝံပုလွေအန္တရာယ်ကို စောင့်ကြည့် နေသည်။ ထိုအခိုက်မှာပင် –
” “အား ..”
ကျွန်ုပ်၏နောက်စေ့ပူခနဲဖြစ်သွားပြီး မြေပြင်ပေါ်ပစ်လဲကျသွား၏။

“ဟင်-မင်း-မင်း- ဘာလုပ်တာလဲ….” ဘုရားရေ..ထူးဆန်းလှပေသည်။ဇော်ငြိမ်းသည်ကျွန်ုပ်အားသေနတ် ဒင်ဖြင့် ထုပြီး ပစ်ရန် ချိန်ရွယ်နေခြင်းဖြစ်သည်။
“ဟား- ဟား- ဟားဒါကဒီလိုပါဒေါက်တာ။ ညကကျွန်တော်မျောက် အူသံကြားလို့ သွားကြည့်တော့ အူခဲ့တဲ့နေရာကို တူးကြည့်လိုက်တယ်။ ကျွန်တော်ထင်တဲ့အတိုင်းပဲဗျာ။ ရတနာသေတ္တာကို တွေ့တယ်။ ဒီတောင် က ကျဉ်းကျဉ်းလေးပါ။ မျောက်အူသံမကြားလည်း ရှာနိုင်ပါတယ်။ အခု ရတနာတွေကို အဲဒီ့နေရာမှာပဲ ပြန်မြှုပ်ထားတယ်။ ဘာလို့လဲဆိုတော့ ဒေါက်တာ့ကို အရင်ရှင်းချင်လို့။ ဒါမှ ရတနာအားလုံးကို တစ်ယောက်ထဲရ မှာလေ။စဉ်းစားကြည့်ပေါ့ဒေါက်တာ။ ကျွန်တော်ကသူငယ်ချင်းတစ်ယောက် လုံး ဆုံးရှုံးခဲ့ရပြီးပြီ။ ဒီရတနာတွေကိုကျွန်တော်ပဲရသင့်တာပေါ့”
“တောက် – မင်းတော်တော်ကောက်ကျစ်ပါလား။ ဝံပုလွေအန္တရာယ် ဆိုတာတကယ်တော့မင်းအန္တရာယ်ပါပဲလားကွာ …”
ကျွန်ုပ်မှာသွေးများကို သုတ်ရင်းနာကျင်စွာပြောမိသည်။ ပြောပြီးသည်နှင့်တစ်ပြိုင်တည်း လဲကျနေရာမှ ခါးကို အားယူ၍ ကောက် ထကာ၎င်း၏မျက်နှာကိုခြေဖြင့် ကန်ချလိုက်၏။
“ဖောင်း…”
ဇော်ငြိမ်းကား သတိတော့ရှိသည်။ လဲကျမသွားဘဲ ယိမ်းယိုင်သွားပြီး သေနတ်ကိုမောင်းတင်ကာ ကျွန်ုပ်၏ခုခံမှုကိုပြန်တုန့်ပြန်လိုက်တော့သည်။ “ဒိုင်း…”
သူ့သေနတ် ဟန်ချက်ပျက်သွားသည်မို့ ကျွန်ုပ်ကို မထိလိုက်ချေ။ သို့ သော် နောက်တစ်ချက်ပစ်ရန် မောင်းတင်လိုက်၏။ ဒီတစ်ခါတော့ ကျွန်ုပ် တကယ်သေပြီထင်၏။ “ဟေ့-ဟေ့-မလုပ်နဲ့လေ….”

ရုတ်တရက်ဆိုသလိုပင် ဇော်ငြိမ်းတစ်ယောက် အော်၍လဲကျသွား လေသည်။ ကျွန်ုပ်လည်း အသေအချာကြည့်ရာ လည်ပင်း၌ အဆိပ်လူး မှုတ်ပြောင်း မြားငယ်လေးတစ်စင်း စိုက်နေသည်ကို တွေ့၍ အံ့အားသင့် သွား၏။
“ဒီလိုလူမျိုးကိုဒီလိုအပြစ်ပေးမှ ကောင်းတာရှင့်..”

မိန်းမတစ်ဦး၏အသံကြား၍လှမ်းကြည့်လိုက်ရာ အသက်(၂ဝ)အရွယ် မိန်းမငယ်လေးတစ်ယောက်ကို တွေ့ရလေ၏။ ရုပ်ရည်လှပတင့်တယ်သူ
ဖြစ်သည်။
“မင်း – မင်းဘယ်သူလဲ။ ဘာလို့ သူ့ကို ပစ်လိုက်တာလဲ…”
“ဪ- သူက ရှင့်ကို သတ်တော့မှာလေ။ ကျွန်မက ဒီဒေသက မဒူဒါ ရွာမှာနေတဲ့ မိုခမ်းရဲ့သမီး မိုမိုပါ …။ ရှင်တို့ရဲ့အကြောင်းတွေ အကုန်လုံးသိ ပြီးပါပြီ…”
ကျွန်ုပ်သည် မိုခမ်း၏သမီးဆိုသူ မိုမိုကို ကြည့်၍အံ့သြနေမိ၏။ သူမက ကျွန်ုပ်ကိုကြည့်ရင်း-
“ရှင်က ဘယ်ဆိုးလို့လဲ၊ သေနတ်နဲ့ အချိန်ခံထားရတာတောင်မှ ပြန် ခုခံသေးတယ်။ သတ္တိကောင်းပါပေ့။ ကျွန်မက ရှင်တို့ရှာနေတဲ့ ရတနာတွေ ရှိတဲ့နေရာကို သိပြီးပါပြီ။ အခုလည်း တူးဖော်ဖို့လာတန်း ရှင်တို့နဲ့ ကြုံတာနဲ့ ဝင်ကူညီလိုက်တာပါ။ ဟိုလူတော့ သေသွားပြီပေါ့”
ဟု ပြောရာ ကျွန်ုပ်က ပြန်၍ ဘာတစ်ခုမျှ မမေးတော့ဘဲ ကျေးဇူးသာ တင်နေမိတော့သည်။ မိုခမ်းသည် ကျော်ဇေယျ၏ရန်သူဖြစ်မှန်း ကျွန်ုပ်သိ ပြီးဖြစ်၏။ သူ သေသွားခဲ့သည်က မှန်၏။ သူ့တွင် သားသမီးရှိသည်ဟူ၍ မကြားမိချေ။ ထို့ကြောင့် ကျွန်ုပ်က-
“မိုမို-မင်းကိုငါယုံလို့ ရပါ့မလား။ မင်းက မိုခမ်းရဲ့သမီးဆိုတော့…” ဟုပြောလိုက်ရာ သူမက ပြုံး၍-
“ကျွန်မအဖေရဲ့မိုက်မဲမှုတွေကို ကျွန်မသိခဲ့ပါတယ်။ ကျွန်မအဖေ သေ တော့ ဒီရတနာတွေကို လပြည့်နေ့တိုင်း လာလာရှာပါတယ်။ ရတဲ့အခါ အဖေရဲ့မိုက်ပြစ်တွေအတွက်အများကောင်းကျိုးရမယ့်နေရာမှာ အသုံးချဖို့ ရည်ရွယ်ထားတာပါ။ ရှင် ရွာကို ရောက်လာတော့ ကျွန်မဟာ သတင်းကြား ကြားချင်း ရှင့်ကို ဆက်သွယ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့-ကျွန်မအဖေကို မုန်းခဲ့တဲ့ ဇော်ငြိမ်းကို တွေ့လို့ မဖြစ်တာနဲ့ ပုန်းနေခဲ့တာပါ။ အခုတော့ ကျွန်မ တို့နှစ်ယောက်ရတနာတွေကို သွားဖော်ရအောင် …”
ဟု ပြောလေသည်။ ကျွန်ုပ်လည်း မထူးတော့ပြီမို့ သူမ နောက်ကိုသာ လိုက်ရန် ဆုံးဖြတ်လိုက်လေ၏။ ထို့နောက်တွင် မိုမိုက ကျွန်ုပ်၏ နောက် စေ့မှ ဒဏ်ရာကို အဝတ်စဖြင့် စည်းနှောင်ပေးပြီး ရတနာသေတ္တာမြှုပ်ထား သည့် တောင်ထိပ်ပိုင်းသို့ တွဲခေါ်ခဲ့လေသည်။ ဤမိန်းကလေးကား ရုပ်လှ သလိုစိတ်လည်းလှပါ၏။

လွန်စွာမျှ နှင်းများ ပိန်းပိတ်နေသော နေရာသို့ရောက်သော် မိုမိုက သူ့ ခရီးကိုရပ်လိုက်၏။ ပြီးသော်မြေကြီးကိုလက်ညှိုးထိုးပြလိုက်လေသည်။
“ဒီနေရာပဲ – မြန်မြန်တူးမှဖြစ်မယ်။ ဒီနားမှာ ဝံပုလွေတွေ အရမ်း သောင်းကျန်းတယ်”
ဟုပြောကာ သူ၏ ဓားမြှောင်ဖြင့် တူးတော့၏။ ကျွန်ုပ်လည်း ဝိုင်း၍တူး ပေးရာ နာရီဝက်ခန့်အကြာတွင် သွေးခဲမတတ် မေးများ တဂတ်ဂတ်ရိုက် လာ၏။ ထိုစဉ်မှာပင် –
“ဟာ-ရ-ရတနာ
ဟုတ်သည်။ သစ်သားသေတ္တာဖြင့် ထည့်ထားသော ရတနာများကို တွေ့ရလေ၏။ မိုမိုက ထိုရတနာသေတ္တာလေးကို ဆွဲထုတ်လိုက်ပြီး မြေကြီး ပေါ်တွင် ဖွင့်လိုက်ရာ တလက်လက်တောက်ပနေသော စိန်များကို တွေ့ရ တော့သည်။ နှစ်ဦးသား ပျော်လိုက်ကြသည်ဖြစ်ခြင်း။ ထ၍ခုန်နေမိကြ၏။ သို့သော်-
“ဝူကူး-ဝူကူး-ဝေါက်-ဝေါက်”
မျောက်အူသံကြား၍ ကြည့်လိုက်ရာ ကျွန်ုပ်တို့အနောက်ရှိ ကျောက် တုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် အူနေသော ဧရာမမျောက်ဖြူကြီး တစ်ကောင်ကို တွေ့ရ၏။ မျောက်ဝံနှင့်တော့ ဆင်သည်။ သို့သော် မျောက်ဝံ လို ဝပြဲပြဲမဟုတ်ဘဲ လူကဲ့သို့ပင် ရှည်မျောမျော ခန္ဓာကိုယ်နှင့် အမွေးများ ဖြူဆွတ်ကာလှပစွာပေါက်နေ၏။
“ရှင် – ဘာလုပ်နေတာလဲ။ အဲဒါ မျောက်မင်းပဲ။ သေနတ်နဲ့ ပစ်လေ..” မိုမို၏စကားကြောင့် ကျွန်ုပ်လည်း ဇော်ငြိမ်းထံမှ ကောက်လာခဲ့သော ရိုင်ဖယ်ဖြင့်ပစ်ရန် မောင်းတင်လိုက်၏။
“capos…”
ကံဆိုးလှပေသည်။ ကျည်ဆန် လုံးဝမရှိတော့ပါ။ ထိုစဉ်မှာပင် မျောက် ကြီး၏ အနောက်မှနေ၍ အကောင်(၁၀)ကောင်ထက်နည်း မျောက်များ သည်ကျွန်ုပ်တို့ရှိရာသို့ ပြေးလာတော့၏။
“ပြေး-ပြေး- အဲဒီ့မျောက်တွေက ကျွန်မအဖေကို မကျေနပ်တာနဲ့ လူ မြင်ရင် လိုက်ပြီး ကိုက်သတ်တော့တာပဲ…”
မိုမိုက ပြေးရင်း အော်ပြောရာ တစ်ချိန်က မိုခမ်းသည် မျောက်များနှင့် တိုက်ခိုက်ရင်း သေဆုံးခဲ့ရပုံကို ပြန်တွေးမိရင်း အသားကုန်ပြေးလေတော့၏။ မျောက်များသည် ကျွန်ုပ်တို့နောက်ကို သဲကြီးမဲကြီးလိုက်လာကြသည်။ သတိထားမိသည်မှာကျွန်ုပ်ကိုဂရုမစိုက်ဘဲရတနာသေတ္တာပိုက်ထားသည့် မိုမို၏နောက်သို့သာ သဲကြီးမဲကြီးလိုက်လေ၏။
မိုမိုသည် ပြေးရင်းလွှားရင်း သူမ၏လက်ထဲရှိ သေတ္တာထဲမှ ရတနာ အချို့ အဖုံးပွင့်ပြီး ပြုတ်ကျကျန်ခဲ့သည်ကိုပင် မကောက်နိုင်တော့ဘဲ မော ဟိုက်နေရှာ၏။ နောက်ဆုံးတွင် ချောက်ကမ်းပါးတစ်ခုအနီးသို့ရောက်သော် သူမအပြေးကို ရပ်လိုက်၏။ မျောက်များသည် သူမ၏နောက်သို့ အရှိန်ဖြင့် ပြေးလိုက်လာရင်း ချောက်ကမ်းပါးစွန်းကို သတိမထားမိဘဲ တိရစ္ဆာန်တို့၏ ထုံးစံအတိုင်း သားကောင်ကိုသာ ဝိုင်း၍မဲကြတော့၏။ ရုတ်တရက်ဆိုသလို ပင် မိုမိုသည် မျောက်များလက်မှ မလွတ်မှန်းသိသလိုထင်သည်။ သူမ၏ လက်ထဲမှသေတ္တာလေးကို ကျွန်ုပ်ထံသို့ ပစ်ပေးလိုက်၏။ သေတ္တာလေး သည်ကျွန်ုပ်ရှိရာသို့လေထဲမှရောက်လာသော်လှမ်း၍ဖမ်းလိုက်သည်တွင် နောက်ဆုံးမြင်ကွင်းကား မိုမိုနှင့် မျောက်အုပ်ကြီးသည် လုံးထွေးသတ်ပုတ် ကြရင်း အရှိန်မထိန်းနိုင်တော့ဘဲချောက်ထဲသို့ ထိုးကျသွားတော့သည်။

“အား “ဟေး-မိုမို-ဟေး”
ကျွန်ုပ်၏ရင်ဘတ်တစ်ခုလုံး နင့်ခနဲနေအောင် ခံစားလိုက်ရသည်။ ရှိရှိသမျှ မိတ်ဆွေအပေါင်း ဤနေရာတွင် ဇာတ်သိမ်းသွားကြချေပြီ။ ကျွန်ုပ် ၏လက်ထဲ၌မူရတနာသေတ္တာရှိနေလေပြီ။ သို့သော်လွင့်စဉ်ကျသွားသော ရတနာက များနေသဖြင့် သေတ္တာထဲတွင် သိပ်မကျန်တော့ပေ။ ကျွန်ုပ် သည်ချောက်ကမ်းပါးအစွန်းမှနေ၍အောက်သို့ငုံ့ကြည့်လိုက်မိ၏။ လေပြင်း တစ်ချက်အတိုက်တွင် အေးစိမ့်သောအထိအတွေ့နှင့်အတူ သေမင်းနှင့် စစ်ခင်းသူများအတွက်ကြီးစွာသောသံဝေဂ ရမိ၏။
လောဘနောက်လိုက်ရာမှ အသက်ဆုံးရှုံးခဲ့ရသော ပုံဝတ္ထုပေါင်းများ စွာ ကြားဖူးပါ၏။ ယခုမူ ကျွန်ုပ်ကိုယ်တွေ့ပင်တည်း။ ထိုစဉ်-
`ဝူကူး-ဝူကူး
မျောက်အူသံကြားသဖြင့် ကျွန်ုပ်လည်း ထိုနေရာမှ တစ်ချိုးတည်း ထပြေးခဲ့ရလေတော့သတည်း။
+ ဝေယံသိန်း

Zawgyi Version

ေမ်ာက္မင္းအူသံ(စ/ဆုံး)
——————————
ေခါင္းစဥ္ကိုဖတ္၍ မုဆိုးဝတၳဳဟု
ထင္ေကာင္းထင္ၾကေပလိမ့္မည္။ မုဆိုး
ဝတၳဳ မဟုတ္ပါ။ ဤသို႔ဆိုလွ်င္ ျမန္မာ့ မဟာဂီတေတးသီခ်င္းမ်ားထဲမွ“ေမ်ာက္
မင္းအူသံ”ေတးႏွင့္ ဆင္တူေနသျဖင့္ ထို
သီခ်င္းအေၾကာင္းမ်ား ေရးထားေလသ
လားဟုလည္း ထင္ႏိုင္စရာရွိ၏။ ေရွးက
ေတာ႐ြာမ်ားႏွင့္ နယ္ၿမိဳ႕မ်ားတြင္ အနီသီ
ခ်င္းကို အသုဘပြဲမ်ား၌ ဧယဥ္က်ဴးျခင္း အားျဖင့္ ေဆြးျမည့္ငိုရႈိက္ခ်င္လာေအာင္ သီဆိုေလ့ရွိ၏။ ဆိုင္းဝိုင္း (သို႔မဟုတ္)
ခါးျပတ္ဝိုင္း(ဆိုင္းဝိုင္းတစ္ျခမ္းစာကို ဆို လိုသည္။) ငွားကာ ႏွဲဆရာက ႏွဲဩႀကီး ျဖင့္ အသံကို သယ္ခ်ရင္း “ေမ်ာက္မင္း အူသံ” ေတးသြားကိုမႈတ္ကာ ဆိုသူက လည္း ေျပာငို၊ ဆိုငိုေလး လုပ္ရ၏။ ယခုတင္ျပမည့္အေၾကာင္းအရာတို႔ သည္
အထက္ပါအေၾကာင္းအရာတို႔ႏွင့္မသက္
ဆိုင္ပါ။ဗဟုသုတအေနျဖင့္တင္ျပလိုက္

ရျခင္းျဖစ္၏။ သည္ေတာ့“ေမ်ာက္မင္းအူသံ”၏အစကားအဘယ္သို႔ရွိသနည္း။ ကြၽႏ္ုပ္သည္စိတ္က်န္းမာေရးအထူးကုဆရာဝန္ေဒါက္တာေနမိုးေနာင္
ျဖစ္သည္။ လူငယ္ဆရာဝန္လည္းျဖစ္၊ စိတ္ေရာဂါသည္မ်ားကို ကုရေသာ ဆရာဝန္လည္းျဖစ္သျဖင့္ ရံဖန္ရံခါ ျပႆနာအမ်ိဳးမ်ိဳးႏွင့္ ျဖစ္ရပ္ဆန္းမ်ား ကို ႀကဳံရေလ၏။ ကြၽႏ္ုပ္သည္ စိတ္ေဝဒနာရွင္မ်ားကို ေကာင္းေအာင္ကုရ သည္ကို ဝါသနာပါ၏။ အထူးသျဖင့္ လူတစ္ေယာက္ကို ႐ူးသြပ္သြားေစႏိုင္ ေလာက္ေသာအေၾကာင္းတရားတို႔ကို ပို၍စိတ္ဝင္စား၏။ လူတစ္ေယာက္ ႐ူးရန္ဆိုသည္မွာ လုံးဝမလြယ္ကူေပ။ ေသခ်င္လွ်င္ သတ္ေသႏိုင္၏။ ႐ူးခ်င္ က႐ူး၍မရႏိုင္ပါ။
ကြၽႏ္ုပ္၏ခံယူခ်က္အတိုင္း အေကာင္းပကတိအေနမွ ႐ူးသြပ္သြားရွာ ေသာလူတိုင္း ျဖစ္ရပ္ႏွင့္ စိတ္ႏွလုံးကို ေလ့လာကာ မွတ္တမ္းတင္ထားမိ သည္။ ရာသီဥတုသာယာေသာေန႔တစ္ေန႔၌ကြၽႏ္ုပ္ေနထိုင္ရာပန္းဘဲတန္း ရွိေနအိမ္သို႔(Pro Box) ကားတစ္စီးထိုးဆိုက္လာ၏။ကားေပၚမွလူတစ္စု ဆင္းလာၿပီး ေသြး႐ူးေသြးတန္း ေအာ္ခ်င္ရာေအာ္ဟစ္ေနေသာ အသက္ (၂၅)ႏွစ္ခန႔္ လူငယ္တစ္ဦးကို ေတြ႕ရ၏။ ထိုလူငယ္ကို လူေလးေယာက္က ဝိုင္းခ်ဳပ္၍ ကြၽႏ္ုပ္အိမ္ထဲသို႔ ေခၚလာၾကသည္။ လူငယ္သည္ ကြၽႏ္ုပ္အိမ္ထဲ သို႔ေရာက္သည့္တိုင္ ေအာ္ေနဆဲျဖစ္၏။ “ဝူ-ကူး-ဝူကူး-ေဝါက္-ေဝါက္-အု-အု”သည္။
“ဟင္…”
သူ႔ေအာ္သံက ထူးဆန္း၏။ ေမ်ာက္တစ္ေကာင္ေအာ္သံႏွင့္ တူေန
“ကြၽန္ေတာ္ ေဒါက္တာေနမိုးေနာင္ပါခင္ဗ်။ ဘာမ်ားကူညီေပးရမလဲ မသိဘူး”
ကြၽႏ္ုပ္က ေမးလိုက္ေသာ္ ၎တို႔လူစုထဲမွ အသက္(၄၀)ေက်ာ္ခန႔္ အမ်ိဳးသမီးႀကီးတစ္ဦးက ထြက္၍-
“လုပ္ပါဦး – ေဒါက္တာရယ္။ သူက ကြၽန္မ တူေလးပါ။ သေဘၤာတက္ ၿပီးျပန္လာတာ မၾကာေသးဘူး။ အိမ္ကမိသားစုေတြနဲ႔ ေ႐ႊတိဂုံဘုရားဖူး သြားခ်င္တယ္ဆိုလို႔ လိုက္ပို႔တာ။ ဘုရားကအျပန္ တိရစာၦန္႐ုံကိုလည္းဝင္
ေရာ-ေမ်ာက္ေတြကို ဝင္ၾကည့္တယ္ေလ။ အဲဒီ့မွာပဲ ေမ်ာက္လႊဲေက်ာ္ဆို တဲ့ေမ်ာက္ႀကီးက ေလွာင္အိမ္ထဲကေန ေအာ္ျပတယ္။ အဲဒါကို ကြၽန္မတူ ေလးက လိုက္ေအာ္ပါေလေရာ။ ကြၽန္မတို႔က အစကေတာ့ သူ ေနာက္ေန တယ္ထင္တယ္။ ေနာက္ေတာ့- သူ႔မ်က္လုံးေတြက ပုံမွန္မ်ိဳးမဟုတ္ဘဲ လူ ၾကားသူၾကားထဲအထိ ေမ်ာက္လို ေအာ္လိုက္၊ တဟားဟားနဲ႔ သေဘာက် သလို ရယ္လိုက္နဲ႔ လုပ္ေနတာေၾကာင့္ စိတ္ေဖာက္ျပန္တယ္လို႔ ယူဆၿပီး ေဒါက္တာ့ဆီကိုအနီးဆုံးေခၚလာရတာပါဘဲ။ ကယ္ပါဦး – ေဒါက္တာရယ္”
ကြၽႏ္ုပ္သည္ အခ်ိန္ဆိုင္းမေနေတာ့ဘဲ အိပ္ေဆးတစ္လုံးကိုေဖာက္ ကာ ေဝဒနာရွင္လူငယ္ကို ခ်ဳပ္၍ ထိုးေပးလိုက္ေလသည္။ ထိုမွတစ္ဆင့္ စိတ္ၿငိမ္ေဆးမ်ားကို ထိုးေပးလိုက္ရာ တျဖည္းျဖည္းၿငိမ္၍ အိပ္ေပ်ာ္သြား ေတာ့သည္။ ထိုအခါမွ ကြၽႏ္ုပ္လည္း သူ႔ကို ကုတင္ေပၚ၌ လဲေလ်ာင္းေစကာ သူ႔အေၾကာင္းကိုေမးရန္ ျပင္လိုက္၏။ ၎၏အေဒၚဆိုသူကဝင္၍- “သူ႔နာမည္ကေဇာ္ၿငိမ္းပါ -ေဒါက္တာ။Zoology နဲ႔ေက်ာင္းၿပီးထား ပါတယ္။ စီးပြားေရးအေျခအေနအရ သေဘၤာ(၂)ႏွစ္လိုက္ၿပီး ျပန္လာတာ မၾကာေသးပါဘူး”
ဟုေျပာရာ ကြၽႏ္ုပ္က –
“သူ႔ကိုၾကည့္ရတာ အရင္က ထိတ္လန႔္တုန္လႈပ္စရာတစ္ခုခု ႀကဳံေတြ႕ ခဲ့ရပုံပဲ။ ၿပီးေတာ့ – သူဟာ ဒီရန္ကုန္က မဟုတ္ဘူးထင္တယ္”
ဟုေမးလိုက္သည္။
“မွန္ပါတယ္-ေဒါက္တာ။ သူက ကခ်င္ျပည္နယ္ကပါ။ ရန္ကုန္မွာေမြး ၿပီး ကခ်င္ျပည္နယ္မွာ သြားႀကီးျပင္းတယ္ဆိုပါေတာ့။ သူ႔မိဘေတြက အဲဒီ မွာကုန္သည္သြားလုပ္တယ္ေလ…”
“ဪ-ဒီလိုလား။ ေကာင္းၿပီ- ဒါဆို ကြၽန္ေတာ္ သူ႔ကို ေမးစရာေလး
ေတြရွိလို႔ ေမးပါရေစ…”
“ရွင္– သူအိပ္ေပ်ာ္ေနတာ ႏႈိးလို႔ရပါ့မလား…”
“ဒါက ဒီလိုပါ-သူ႔ကို ထိုးေပးထားတဲ့ေဆးက စိတ္ၿငိမ္ေဆးပါ။ အိပ္ ေပ်ာ္သြားတဲ့ သာမန္ေဆးမဟုတ္ပါဘူး။ သူ႔ကိုကိုင္ၿပီး ေမးရင္ သူေျဖပါလိမ့္ မယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕တိုးတက္လာတဲ့ ေဆးပညာပါပဲ…”
ထို႔ေနာက္ ကြၽႏ္ုပ္သည္လူမ်ားရႈပ္ေနသည့္အခန္းမွ ေမာင္ေဇာ္ၿငိမ္းကို

မ၍ ေအးေဆးၿငိမ္သက္ေသာ အေနာက္ခန္းထဲသို႔ေ႐ြ႕ကာ သူ႔အေဒၚႏွင့္ ကြၽႏ္ုပ္သာ အခန္းထဲ၌ေနေစသည္။ ၿပီးေသာ္-ကြၽႏ္ုပ္သည္ ေမာင္ေဇာ္ၿငိမ္း ၏ေဘးတြင္ထိုင္၍ သူ၏လက္ေကာက္ဝတ္အားကိုင္၍ ေသြးခုန္ႏႈန္း စမ္း

လိုက္သည္။ ၿပီးေသာ္ သူ၏လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္၍-
“ကဲ- ေမာင္ေဇာ္ၿငိမ္း – မင္းကို အခု ဆရာေမးမယ္။ မင္း မွတ္မိသမွ် ေျဖေပးပါ။ မင္းအခု ဘာေတြျဖစ္ေနသလဲ..”
ဟုေမးလိုက္ရာ ေဇာ္ၿငိမ္းက လွဲေနရာမွေျဖသည္။ “ကြၽန္- ကြၽန္ေတာ္ေၾကာက္တယ္ဆရာ…”
“ဘာကိုေၾကာက္တာလဲ။ မင္း – ဘာေတြလုပ္ခဲ့လို႔လဲ…”
“ကြၽန္ေတာ္ – ဘာမွ အမွားမလုပ္ခဲ့ပါဘူးဆရာ။ ကြၽန္- ကြၽန္ေတာ့္မွာ ရစရာေတြရွိတယ္။ အဲဒါေတြကို သြားယူဖို႔အတြက္ေၾကာက္ေနတာပါ” “ဘာ – မင္းရစရာ – ဟုတ္လား။ ဘယ္သူ႔ဆီကရမွာလဲ။ ဆရာေတာင္း ေပးမယ္ေလ။ မင္းေၾကာက္စရာမလိုပါဘူးကြာ-ဟဲ-ဟဲ” “မရဘူး ဆရာ။ ဆရာ ယူႏိုင္မွာမဟုတ္ဘူး။ ကြၽန္ေတာ္ရစရာရွိတာက
ရတနာေတြ…
“ဟမ္…”
ကြၽႏ္ုပ္ႏွင့္ သူ႔အေဒၚမ်က္လုံးျပဴးသြား၏။ ဆက္ေမးလိုက္သည္။ “ရတနာေတြ – ဟုတ္လား။ ဘယ္မွာသြားယူရမွာလဲ”
“ကခ်င္မွာေလ။ ကခ်င္ျပည္နယ္ရဲ႕ ပူတာအိုေတာနက္ထဲမွာ နမ့္မူးလို႔ ေခၚတဲ့ ေတာင္ရွိတယ္။ အဲဒီ့မွာေပါ့။ ဒါေပမဲ့-အဲဒီ့ေနရာမွာ ကြၽန္ေတာ့္ရန္ သူေတြ ရွိတယ္ ဆရာ။ အခုေတာ့ ေသလား ရွင္လား ကြၽန္ေတာ္ မသိေတာ့ ဘူး။ အရင္ကေတာ့ သူတို႔ဟာ ကြၽန္ေတာ့္အသက္ကိုေတာင္ လုပ္ႀကံခဲ့ၾက ဖူးတယ္။ ၿပီးေတာ့-ကြၽန္ေတာ္ မမွတ္မိေတာ့ဘူး။ အဲဒီ့ကို သြားတဲ့လမ္း ေၾကာင္းေတြ။ ေသခ်ာတာက အဲဒီ့မွာ ေမ်ာက္ျဖဴႀကီးေတြရွိတယ္။ အဲဒီ့ ေမ်ာက္ျဖဴႀကီးေတြထဲမွာ အႀကီးဆုံးေမ်ာက္ႀကီးတစ္ေကာင္ဟာ လျပည့္ ေန႔မနက္ဆို ရတနာျမႇဳပ္ထားတဲ့ေနရာမွာလာလာအူတယ္”
ေဇာ္ၿငိမ္းႏွင့္ ေက်ာ္ေဇယ်တို႔သည္ အလြန္တရာမွ် ခ်စ္ခင္ၾကေသာ သူငယ္ခ်င္းမ်ားျဖစ္၏။ ေက်ာ္ေဇယ်အေဖသည္ ကခ်င္၊ မဒူဒါ႐ြာ၏(႐ြာသူ ႀကီး)ဒူးဝါးတစ္ဦးျဖစ္သည္။ တစ္ေန႔ သူ႔အေဖ ေရာဂါဆိုးတစ္ခုျဖင့္ ေသ ေတာ့မည္ကို သူ႔အေဖကိုယ္တိုင္သိ၍ သားျဖစ္သူ ေက်ာ္ေဇယ်ကိုေခၚ၍ တိတ္တဆိတ္မွာ၏။
“လူေလး – ငါ နင့္ကို မွာမယ္။ ငါ မေနရေတာ့ဘူး။ ငါေသရင္ နင္ ဒီမွာ ဒူးဝါးလုပ္ေပါ့။ နင့္အတြက္ ငါတို႔ ဘိုးဘြားစဥ္ဆက္ ထိန္းသိမ္းလာခဲ့တဲ့ ရတနာေသတၱာေပးခဲ့မယ္။ အဲဒီ့ရတနာေသတၱာက ငါ့လက္ထဲမွာမရွိဘူး။ ငါတို႔ ျမႇဳပ္ထားတဲ့ေနရာမွာပဲရွိတယ္”
“အေဖ – အဲဒီရတနာေသတၱာထဲမွာ ဘာေတြရွိလဲ”
“စိန္ေတြ၊ ေ႐ႊေတြေပါ့။ ဒီပူတာအို ေတာနက္နက္ထဲမွာနမ့္မူးလို႔ေခၚတဲ့ ေတာင္တစ္လုံးရွိတယ္။ အဲဒီ့ေတာင္ရဲ႕ ေျမာက္ဘက္မွာ ေမ်ာက္ျဖဴေတြေန တယ္။ အဲဒီ့ေမ်ာက္ျဖဴေတြထဲက အႀကီးဆုံးေမ်ာက္ဟာ အသက္(၁၀၀)
ေက်ာ္ၿပီ .။ လျပည့္ေန႔မနက္ခင္း ႏွင္းေတြ ပိတ္ေနခ်ိန္မွာ အဲဒီ့ေမ်ာက္ဟာ ေတာင္ေပၚတက္ၿပီး အသံရွည္ႀကီးဆြဲၿပီးအူတယ္။ သူ-အူေနက်ေနရာရွိ တယ္။ အဲဒီ့ေနရာမွာ ငါတို႔ရတနာေတြ ျမႇဳပ္ထားခဲ့တာပဲ။ ဒီေတာ့ ငါ့သား- နင္သြားရွာပါ..”
ထိုကဲ့သို႔ေသာစကားမ်ားကို ဖခင္၏လူယုံ မိုခမ္းႏွင့္ အေပါင္းအပါမ်ား ေခ်ာင္းနားေထာင္ၿပီး ေလာဘတက္သြားၾကသည္။ ေနာက္တစ္ေန႔တြင္ မိုခမ္းႏွင့္ သူ႔လူ (၂)ေယာက္ ေပ်ာက္သြားသျဖင့္ ေက်ာ္ေဇယ်လည္း ရိပ္မိ သြား၏။ သည္ေတာ့ သူလည္း ေဇာ္ၿငိမ္းကိုေခၚကာ ရတနာေသတၱာရွိသည့္ ပူတာအို ေတာထဲသို႔ ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ၾကေတာ့၏။
သူတို႔ မေရာက္ခင္ မိုခမ္း ဦးသြားမည္ကိုလည္း စိုးရိမ္ၾကသည္။ မိုခမ္း ဆိုသည့္ေကာင္က ေကာက္က်စ္တတ္သည္ကို ေက်ာ္ေဇယ်သိၿပီးျဖစ္၏။ ရတနာေသတၱာကို ရွာမည္ဆိုလွ်င္ လျပည့္ေန႔၌သာရႏိုင္သျဖင့္ ထိုေန႔ကို မွန္း၍ ထိပ္တိုက္ေတြ႕ႏိုင္သည္။ ရတနာေလာဘေၾကာင့္ သူေသကိုယ္ေသ တိုက္လွ်င္ တိုက္ရမည့္အေျခအေနမ်ိဳးမွာလည္းရွိသည္။
ေဇာ္ၿငိမ္းတို႔သည္ ေတာင္ေပၚကို (၄)ရက္မွ် ခရီးၾကမ္းႏွင္ၾကရ၏။ ထို ေတာင္မွာ ကခ်င္ျပည္နယ္၏ ရာသီဥတုအလိုက္ ၾကမ္းတမ္းလွၿပီး ေသြးခဲ မတတ္ေအးလွသည္။ (၄)ရက္ျပည့္ေသာေန႔၌ ေက်ာ္ေဇယ်၏ဖခင္ေျပာ ေသာေနရာသို႔ ေရာက္သည္။ ထို႔အတူ ထိတ္လန႔္ဖြယ္ရာျဖစ္ရပ္ကား မိုခမ္း တို႔လူစုသည္ အတုံးအ႐ုံး လဲက်ေသဆုံးေနျခင္းျဖစ္၏။ သူတို႔ေၾကာင့္ေတာ့ မဟုတ္။ လူတစ္ရပ္ေက်ာ္ခန႔္ ေမ်ာက္ျဖဴေကာင္ႀကီးမ်ားလည္း ထိုေနရာ၌ ေသြးခ်င္းခ်င္းရဲေသဆုံးေနၾက၏။ ေက်ာ္ေဇယ်က ခန႔္မွန္းသည္။
“သူငယ္ခ်င္း – မိုခမ္းနဲ႔ဒီေမ်ာက္ျဖဴႀကီးေတြဟာေတာ္ေတာ့္ကိုႀကီးမား တဲ့တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၾကလိမ့္မယ္ထင္တယ္”
“ေအး- ဟုတ္လိမ့္မယ္။ ငါ့အထင္ေတာ့ မိုခမ္းတို႔လူစုဟာ ေမ်ာက္ေတြ ကိုရန္စၿပီး အရင္သတ္ျဖတ္ၾကလို႔ ေမ်ာက္ေတြက အလုံးအရင္းနဲ႔ ဝင္တိုက္ ခိုက္တာပဲျဖစ္မယ္။ တိရစာၦန္ဆိုတာ လူကို အသားလြတ္ ရန္မမူတတ္ဘူး ကြ။ ဒီေတာ့ ငါတို႔လည္း ဒီညတစ္ညေတာ့ ေစာင့္ၾကည့္ၿပီး အကဲခတ္မွျဖစ္ မယ္။ ဒီနားတစ္ဝိုက္မွာလည္း မေသဘဲ က်န္ေနေသးတဲ့ေမ်ာက္ေတြ ရွိႏိုင္ တယ္။ ငါတို႔ကိုေတြ႕ရင္ အၿငိဳးနဲ႔ ရန္မူခ်င္ မူမွာကြ …”
သို႔ႏွင့္ပင္ သူငယ္ခ်င္းႏွစ္ေယာက္ ထိုည၌ ႐ြက္ဖ်င္ထိုးၿပီး မီးပုံဖိုကာ
အေျခအေနကို ေစာင့္ၾကည့္ၾက၏။ ညဦးပိုင္းအထိ ေတာနက္ထဲမွ ဝံပုေလြ အူသံမွ်အပ အျခားအသံ မၾကားရေခ်။ သည္ေတာ့ ေအးေအးေဆးေဆး ရိကၡာစားၿပီး အိပ္စက္ၾကေလသည္။ သူငယ္ခ်င္းႏွစ္ေယာက္ အိပ္မေပ်ာ္ တစ္ခ်က္ ေပ်ာ္တစ္ခ်က္ ျဖစ္ေန၏။ ႏွင္းေလေအး၏ဒဏ္ကို မခံႏိုင္ၾကျခင္း လည္းျဖစ္သည္။ ညဥ့္နက္ပိုင္းသို႔ ေရာက္လာသည္တြင္ ထူးဆန္းေသာ အသံတစ္သံကိုၾကားရေတာ့၏။
“pop-pop:-colos-colos-sp-sp-q: …”
အသံကိုၾကားသည္ႏွင့္ ေက်ာ္ေဇယ်က ေငါက္ခနဲထကာ သူ႔လက္စြဲ ေတာ္ ဒူးေလးကိုကိုင္၍ ႐ြက္ဖ်င္ထဲမွ ထြက္လိုက္သည္။ ေဇာ္ၿငိမ္းလည္း မီးစြဲေနေသာ ထင္းတစ္ေခ်ာင္းကိုယူ၍ ထြက္ၾကည့္၏။ ထိုအခါ မႈန္ပ်ပ်လ ေရာင္ေအာက္တြင္ အလြန္တရာမွ်ႀကီးမားေသာ ေမ်ာက္ႀကီးတစ္ေကာင္ကို အူေနသည့္ဟန္ေတြ႕ရ၏။ ထိုေမ်ာက္ႀကီးသည္သာမန္ေမ်ာက္ျဖဴမ်ားထက္ အ႐ြယ္ႀကီးမားၿပီး ေသသြားေသာေမ်ာက္ေကာင္မ်ားကို လိုက္၍ၾကည့္ေန သည္။ ၿပီးေသာ္ ကုန္းကမူတစ္ခုေပၚသို႔တက္၍ ေဆာင့္ေၾကာင့္ထိုင္ကာ လြန္စြာမွ် လြမ္းေဆြးေနသည့္သဖြယ္ ဆြဲဆြဲငင္ငင္ႀကီး အူလိုက္ျပန္သည္။ “သူ႔အေဖာ္ေတြကို မိုခမ္းတို႔ သတ္လိုက္လို႔ ေၾကေၾကကြဲကြဲနဲ႔ အူေန တာထင္တယ္ကြ။ ဒီေကာင္ႀကီးကေခါင္းေဆာင္ေမ်ာက္လားမသိဘူး”
ေက်ာ္ေဇယ်ကေျပာရာေဇာ္ၿငိမ္းကျပန္၍-
“ေဟ့ေကာင္ – မင္းအေဖေျပာေတာ့ အဲဒီ့ေမ်ာက္က လျပည့္ေန႔မနက္ အူတာဆို။ အခု – လဆုတ္ရက္ညပိုင္းႀကီး အူေနပါလား” ဟုေမးလိုက္၏။
“ဟာကြာ – ဘာပဲျဖစ္ျဖစ္သူထိုင္ခဲ့တဲ့ေနရာေအာက္မွာရတနာ ေသတၱာရွိတယ္လို႔ ေျပာထားသားပဲ။ ငါတို႔ သြားတူးၾကတာေပါ့။ သံတူ႐ြင္း ယူခဲ့ကြာ…”
ေက်ာ္ေဇယ်က ေျပာေျပာဆိုဆိုျဖင့္ သံတူ႐ြင္းတစ္ေခ်ာင္းကိုင္ၿပီး ေမ်ာက္ႀကီးရွိရာသို႔သြားကာေျခာက္လွန႔္လိုက္၏။ ေမ်ာက္ႀကီးကအေမွာင္ ထဲမွေန၍ လွမ္းၾကည့္ေနသည္။ ေက်ာ္ေဇယ်ေျခာက္သည္ကို ေၾကာက္ လန႔္ဟန္မတူဘဲ ငုတ္တုတ္ထိုင္ကာ ျပန္ၾကည့္ေန၏။ သို႔ေသာ္ ႐ုတ္တရက္
ဆိုသလိုပင္“ဝုန္းခနဲထေျပးေတာ့၏။ ေက်ာ္ေဇယ်သည္အံ့အားသင့္သြား ၿပီး ဘာမ်ားထူးျခားၿပီလဲဟု ပတ္ဝန္းက်င္ကို ၾကည့္လိုက္ရာ –
“ဟင္-ဝံ-ဝံပုေလြေတြ-ေျပးေဟ့-ေျပး” “ဘယ္ – ဘယ္မွာလဲ…”
ဝံပုေလြ(၅)ေကာင္ခန႔္သည္ သူတို႔ႏွစ္ေယာက္ကို ေတာင္ထိပ္ပိုင္းမွ ၾကည့္ေန၏။ ၿပီးေသာ္ (၅)ေကာင္လုံး ေျပးဆင္းလာကာ ရန္မူေတာ့၏။ ေဇာ္ၿငိမ္းသည္ လက္နက္မရွိသည္မို႔ ေျပးေသာ္လည္း ေက်ာ္ေဇယ်ကမူ သံတူ႐ြင္းအားကိုးျဖင့္ ဝံပုေလြမ်ားကို ခုခံသည္။ “ေက်ာ္ေဇယ် – ေဟ့ေကာင္-ေျပးေလကြာ…”
ေဇာ္ၿငိမ္း ငယ္သံပါေအာင္ေအာ္လိုက္၏။ ထို႔အတူဝံပုေလြအုပ္ၾကား၌ ေက်ာ္ေဇယ်၏အသံမွာ“အား”ခနဲတစ္ႀကိမ္မွ်သာၾကားရၿပီးၿငိမ္သြားေတာ့ သည္။ ေဇာ္ၿငိမ္းသည္ အားကုန္ေျပးထြက္ခဲ့သည္။ ေမွာင္ေမွာင္မည္းမည္း စမ္းတဝါးဝါးျဖင့္ ေျပးလႊားရင္း လွ်ိဳႀကီးတစ္ခုအတြင္းက်သြားေလ၏။ “အား…”
လွ်ိဳထဲသို႔ေရာက္ေသာ္ ဒဏ္ရာအလူးလူးျဖင့္ အေမာဆို႔ေနသည္။ အေပၚသို႔ ျပန္တက္ရန္ ႀကိဳးစားၾကည့္၏။ အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားေသာ္ လည္း မရသျဖင့္ ေနာက္ဆုံး ထိုလွ်ိဳထဲ၌ပင္ ေျခကုန္လက္ပမ္းက် အိပ္ေပ်ာ္ သြားေလေတာ့သည္။
ကြၽႏ္ုပ္သည္ ေက်ာ္ေဇယ် ေသဆုံးခဲ့သည္ကို စိတ္မေကာင္းစြာ နား ေထာင္ရင္း ေဇာ္ၿငိမ္း မည္သို႔လြတ္ေျမာက္လာသည္ကို ေမးလိုက္၏။ ထို အခါေဇာ္ၿငိမ္းက သူသည္လွ်ိဳထဲသို႔ (၂)ရက္မွ် က်ေနခဲ့ၿပီးေနာက္ဆုံးေလ့ လာေရးအဖြဲ႕ တစ္ဖြဲ႕မွ ေတြ႕ရွိ၍ ကယ္ဆယ္ခဲ့ၾကၿပီး သူ၏ေနရပ္ျဖစ္ေသာ ရန္ကုန္သို႔ ျပန္ပို႔ခဲ့ေၾကာင္း ေျပာျပသည္။ ရန္ကုန္သို႔ေရာက္ေသာ္ ထိုျဖစ္ ရပ္မ်ားကို ေမ့ႏိုင္သမွ် ေမ့ထားၿပီး သေဘၤာသားအျဖစ္သို႔ ကူးေျပာင္းခဲ့ ေၾကာင္း ရွင္းျပေလ၏။ သို႔ေသာ္ တိရစာၦန္႐ုံေရာက္၍ေမ်ာက္ေအာ္သံၾကား ၿပီး စိတ္ထဲဂနာမၿငိမ္ျဖစ္လာခဲ့ရာမွ ယခုကဲ့သို႔ လူၾကားသူၾကားထဲ ေမ်ာက္ လိုေအာ္မိေၾကာင္းဝန္ခံေလသည္။
ကြၽႏ္ုပ္သည္ ေဇာ္ၿငိမ္းကို အိပ္ေရးဝေအာင္ အိပ္ေစၿပီး (၃)ရက္မွ် စိတ္ က်န္းမာေဆးမ်ားတိုက္ကာရတနာေသတၱာႏွင့္ပတ္သက္သည့္ကိစၥအဝဝ

ကို ေဆြးေႏြးမိ၏။ အမွန္တကယ္ေတာ့ သူသည္ ႐ူးသြားျခင္းမဟုတ္ေပ။ ေၾကာက္လန႔္တုန္လႈပ္ဖြယ္ရာ ျဖစ္ရပ္မ်ားကို ႀကဳံခဲ့ရမႈေၾကာင့္ “စကီဇိုဖရီး နီးယား”ေခၚ စိတ္ကစဥ့္ကလ်ားေရာဂါကပ္လာျခင္းျဖစ္၏။ ယခုေတာ့ သူ
အေကာင္းပကတိစကားေျပာလာႏိုင္ၿပီျဖစ္၏။
“ကြၽန္ေတာ့္ေရာဂါကိုေပ်ာက္ေအာင္ကုေပးတဲ့ေဒါက္တာေနမိုးေနာင္
ကို ဘယ္လိုေက်းဇူးဆပ္ရမွန္းမသိေတာ့ပါဘူးဗ်ာ”
“ေက်းဇူးဆပ္စရာမလိုပါဘူး – ေမာင္ေဇာ္ၿငိမ္းရယ္။မင္းအေနနဲ႔ရတနာ ေသတၱာကိုျပန္ရွာခ်င္စိတ္မ်ား ေပၚမလာဘူးလား…” “ခင္ဗ်ာ…”
ကြၽႏ္ုပ္၏စကားေၾကာင့္ ေဇာ္ၿငိမ္း မ်က္လုံးမ်ား ျပဴးက်ယ္သြား၏။ သူ အတန္ၾကာစဥ္းစားၿပီး ကြၽႏ္ုပ္ကို အကဲခတ္သည္။
“ေဒါက္တာက ရတနာေသတၱာကို စိတ္ဝင္စားေနတယ္ထင္တယ္။ အင္းေလ-လူဆိုတာ လိုခ်င္ေလာဘေတာ့ ရွိမွာေပါ့။ ဒါေပမဲ့-အရမ္း အႏၲရာယ္မ်ားတယ္ – ေဒါက္တာ။ ျဖစ္မယ္မထင္ဘူး…”
“ျဖစ္ေအာင္လုပ္ရင္ ျဖစ္မွာေပါ့ကြာ။ ကိုယ့္အေနနဲ႔ကေတာ့ တန္ဖိုးႀကီး ဒီရတနာေတြကို လူမသိသူမသိ ေတာထဲမွာ ျပဳန္းတီးရမွာထက္ တူးေဖာ္ၿပီး အမ်ားေကာင္းက်ိဳးအတြက္ အသုံးခ်ခ်င္တဲ့စိတ္ ရွိလာတယ္။ ဒါေၾကာင့္ ေဇာ္ၿငိမ္းကို စဥ္းစားဖို႔ အႀကံျပဳတာပါ။ အစစအရာရာ ကိုယ္ပဲ တာဝန္ခံပါ့ မယ္ …”

ကြၽႏ္ုပ္စကားကို ကိုေဇာ္ၿငိမ္းသည္ စဥ္းစားရင္း အေဝးသို႔ ေငးေနေလ
ယခုအခါ၌ကြၽႏ္ုပ္ႏွင့္ေဇာ္ၿငိမ္းသည္ပူတာအိုသို႔ပင္ေရာက္ရွိေနၿပီျဖစ္ ၏။ကြၽႏ္ုပ္၏အႀကံျပဳခ်က္ကိုတစ္ပတ္မွ်အခ်ိန္ယူ၍ေဇာ္ၿငိမ္းေခတၱစဥ္းစား ရင္း ေသဆုံးသြားခဲ့ေသာ ေက်ာ္ေဇယ်အတြက္ မေက်ပြဲႏႊဲမည္ဟုဆိုကာ ကြၽႏ္ုပ္ႏွင့္အတူလိုက္ရန္ ဆုံးျဖတ္လိုက္သည္။ ကြၽႏ္ုပ္ကား ျမန္မာႏိုင္ငံရွိ ပရဟိတလုပ္ငန္းမ်ားအတြက္ ရည္သန္၍ ရတနာေသတၱာကို ရွာေဖြရန္ စိတ္ထက္သန္ေနမိသည္ျဖစ္ရာနတ္ေကာင္းနတ္ျမတ္မ်ား၏ေစာင့္ မၾကည့္ရႈမႈမ်ိဳးရရန္ အႀကိမ္ႀကိမ္ဆုေတာင္းေနမိသည္။ အဘယ္ေၾကာင့္ဆို ေသာ္ထိုလမ္းခရီးသည္ေသမင္းႏွင့္ စစ္ခင္းရေသာခရီးမဟုတ္ပါေလ…။

ကြၽႏ္ုပ္တို႔သည္ ရန္ကုန္မွ ပူတာအိုသို႔ ေလယာဥ္ျဖင့္ ထြက္ခြာလာခဲ့ၿပီး ပူတာအိုမွတစ္ဆင့္ေက်ာ္ေဇယ်ေနထိုင္ခဲ့ေသာမဒူဒါ႐ြာသို႔အဆင့္ဆင့္ခရီး
ဆက္ၾကရ၏။
မဒူဒါ႐ြာသို႔ေရာက္ေသာ္ ယခင္႐ြာလူႀကီးေဟာင္း (ဒူးဝါး)အစား ႐ြာလူ ႀကီးအသစ္ ဦးအဲေနာင္ကိုေတြ႕၍
ဝင္ေရာက္မိတ္ဆက္လက္ေဆာင္မ်ား
ေပးၾက၏။ ဦးအဲေနာင္ကားေက်ာ္ေဇယ်၏ဖခင္ေနရာကိုေရာက္လာေသာ ဒူးဝါးျဖစ္သည္။
“နင္တို႔ ဒီကိုလာတာ ငါ ဝမ္းသာပါတယ္။ ဒါေပမဲ့-နင္တို႔ ဟိုေတာင္ ေပၚကို သြားမယ္ဆိုတာကိုေတာ့ သိပ္မႏွစ္သက္ဘူး။ အႏၲရာယ္မ်ားတယ္ ေလ”
ဦးအဲေနာင္၏စကားကိုေဇာ္ၿငိမ္းကဝင္၍-
“မပူပါနဲ႔ – ဦးရယ္။ ကြၽန္ေတာ္ကဒီ႐ြာသားတစ္ပိုင္းပါပဲ – ဟဲ – ဟဲ။ အား လုံးအစီအစဥ္ခ်ၿပီးမွလာခဲ့တာပါ။ၿပီးေတာ့- ဒီကေဒါက္တာေနမိုးေနာင္က လည္း ရတနာေသတၱာကိုရရင္ ပရဟိတလုပ္ငန္းေတြမွာ အသုံးခ်ရင္ စိတ္ ထက္သန္ေနေတာ့ ကံေကာင္းမွာပါပဲ…”
ဟုေျပာရာ ဦးအဲေနာင္က ျပန္ေျပာသည္။
“အင္းေလ – ေျပာမရလည္းသြားေပါ့။ အရင္ကသြားတဲ့မိုခမ္းတို႔ေတာင္ အဲဒီမွာပဲ ေမ်ာက္ေတြနဲ႔ စစ္ခင္းၿပီး ေသၿပီေလ။ နင္တို႔လည္း သတိထား သြားၾကေပါ့။ အဲဒါေမ်ာက္ေတြမဟုတ္ဘူး။ ႏွင္းလူအမ်ိဳးႏြယ္ေတြကြဲ႕….” “ဗ်ာ- ႏွင္းလူအမ်ိဳးႏြယ္ေတြ-ဟုတ္လား”
ကြၽႏ္ုပ္၏မ်က္လုံးမ်ား ျပဴးက်ယ္သြားရ၏။ ႏွင္းလူဆိုသည္မွာ အိႏၵိယ ႏိုင္ငံ ဟိမဝႏၲာေတာထဲရွိ ဧဝရတ္ေတာင္တြင္ေနေသာ သတၱဝါမ်ားျဖစ္၏။ လူႏွင့္မျခား သဘာဝတူၿပီး လြန္စြာဉာဏ္မ်ားကာ ႀကီးမားခႏၶာကိုယ္ရွိသည္ ဟု စာအုပ္ထဲ၌ ဖတ္ဖူး၏။ ဤသို႔ဆိုလွ်င္ ယခု နမ့္မူးေတာင္ေပၚ၌ ေမ်ာက္ မ်ားသည္လည္း ႏွင္းလူမ်ားကဲ့သို႔ပင္ ႀကီးမားကာ ခြန္အားႀကီးေလာက္၏။ ဦးအဲေနာင္က ဆက္ေျပာ၏။
“ႏွင္းလူမ်ိဳးႏြယ္ ေမ်ာက္ျဖဴႀကီးေတြလို သာမန္လက္နက္နဲ႔ မႏိုင္ဘူး။ အဆိပ္လူးေျပာင္းနဲ႔ မႈတ္မွရမွာ။ ဒီေတာ့ နင္တို႔ႏွစ္ေယာက္ အဆိပ္လူး ေျပာင္းတစ္ခုစီ ယူသြားေပေတာ့။ ရတနာေတြရတာ မရတာထက္ အသက္နဲ႔ ခႏၶာကိုယ္ ျပန္ရလာဖို႔ အေရးႀကီးတယ္-ဟဲ-ဟဲ-ဟဲ”

ကခ်င္ဒူးဝါးႀကီး ဦးအဲေနာင္၏ရယ္သံက ေျခာက္ကပ္ကပ္ျဖစ္သျဖင့္ ေက်ာခ်မ္းမိသည္။ သူေျပာသေလာက္ အႏၲရာယ္ရွိေနမည္လားဟုေတြး ရင္း သက္ျပင္းေတြ ခ်ေနမိ၏။ ေဇာ္ၿငိမ္းကေတာ့ ဤေဒသ၏အလွအပမ်ား ကိုၾကည့္ရင္း သူ႔သူငယ္ခ်င္းေက်ာ္ေဇယ်ကိုလြမ္းေဆြးေနဟန္ရွိသည္။
ရာသီဥတုကေအးခဲေနသလိုျမင္ျမင္သမွ် အဆန္းအၾကယ္မို႔ကင္မရာ
ကိုလက္ကမခ်တမ္း႐ိုက္ေနမိ၏။ကခ်င္တိုင္းရင္းသူမ်ားကားႏွင္းႏွင့္မျခား
ေဖြးဆြတ္ေသာ အသားအေရျဖင့္ လွပတင့္တယ္ေပသည္။ သို႔ႏွင့္ပင္ ေတာင္ေပၚမတက္ခင္ တစ္ည၌ေဇာ္ၿငိမ္းႏွင့္ကြၽႏ္ုပ္တိုင္ပင္ၾကျပန္၏။
“ေဇာ္ၿငိမ္းရာ – မင္းနဲ႔ငါအတူသြားၿပီးရတနာေသတၱာရလာတဲ့အခ်ိန္ – ငါမရွိေတာ့ခဲ့ရင္ မင္း ငါ့ဆႏၵအတိုင္း ရတနာေတြကို တစ္ဝက္တိတိ လႉပစ္ လိုက္ပါကြာ။ တစ္ဝက္ကိုေတာ့ မင္းယူေပါ့”
“ဟာ-မဟုတ္တာပဲ-ေဒါက္တာရယ္။ ကြၽန္ေတာ္ မယူပါဘူး။ ေဒါက္ တာလည္း မေသေစရဘူး။ အားလုံးကံေကာင္းမွာပါ။ အဲ-ဒါေပမဲ့-အဲဒီ ရတနာေသတၱာကို ရွာဖို႔အတြက္က ေမ်ာက္အူသံၾကားမွျဖစ္တာဆိုေတာ့ အဲဒီ့ေမ်ာက္ေရာရွိပါ့ဦးမလားမသိဘူး”
ထိုသို႔ေျပာေနစဥ္တိတ္ဆိတ္ေသာည၌ သာယာမႈကိုအသံတစ္သံက
ၿဖိဳခြင္းလိုက္၏။

အဲဒီအသံေၾကာင့္ ကြၽႏ္ုပ္တို႔ႏွစ္ဦးစလုံးေခါင္းေထာင္သြားၾက၏။ “ဒါ – ဒါဟိုေမ်ာက္ႀကီးေအာ္သံပဲဗ် ..”
ေဇာ္ၿငိမ္းက အားရဝမ္းသာစြာေျပာရင္း ကြၽႏ္ုပ္ကို လက္ဝါးခ်င္း႐ိုက္ လိုက္သည္။ ထို႔ေနာက္တြင္မွာေတာ့ မိုးလင္းလင္းခ်င္း ရိကၡာႏွင့္ လက္နက္ မ်ားယူကာေတာင္ေပၚတက္ၾကေတာ့၏။ထိုေန႔ကလဆန္း(၁၀)ရက္ျဖစ္၏။ ေတာင္ေပၚသို႔ (၄)ရက္ခရီးႏွင္ၿပီးလွ်င္ လျပည့္ေန႔၌ ေရာက္မည္ျဖစ္သျဖင့္ ႀကိဳတင္တြက္ခ်က္ထားရျခင္းျဖစ္သည္။
“မေရာက္ေသးဘူးလားကြာ “ဝူး” “ေရာက္ေတာ့မွာပါဗ် – အားတင္းထားပါ”
ထိုစကားမ်ားကား အႀကိမ္ေပါင္းမနည္းေခ်။ ေတာလမ္းတစ္ေလွ်ာက္ ၾကားေနရမည္ ျဖစ္သည္။ (၄)ရက္ေျမာက္ေသာေန႔တြင္မွာေတာ့ ေတာင္

ေပၚကို ေရာက္ေလ၏။ ရာသီဥတုမွာ ယခင္ကထက္ အဆေပါင္းမ်ားစြာ ၾကမ္းတမ္းၿပီး သားရဲတိရစာၦန္ သိပ္မေတြ႕ရေတာ့သည္ကို သတိထားမိ၏။ တိရစာၦန္နည္းပါးရျခင္းမွာ ဝံပုေလြမ်ား ေသာင္းက်န္းျခင္းေၾကာင့္ဟု ထင္
သည္။
ကြၽႏ္ုပ္တို႔သည္ ႐ြက္ဖ်င္ထိုး၍ အနားယူၾက၏။ အခ်ိန္မွာ ညေနေစာင္း ၿပီးျဖစ္ရာ ပတ္ဝန္းက်င္က ေအးသထက္ေအးလာၿပီး ႏွင္းမႈန္မ်ားျဖင့္ပိတ္၍ လျပည့္ညအႀကိဳပင္ျဖစ္လင့္ကစားလကိုလုံးဝမေတြ႕ရဘဲရွိေလသည္။ညဦး ပိုင္းေရာက္ေသာ္ ေဇာ္ၿငိမ္းႏွင့္ကြၽႏ္ုပ္သည္ ဝက္ေပါင္ေျခာက္ႏွင့္ ထမင္း ခ်က္စားၿပီးေကာ္ဖီမစ္ကိုယ္စီျဖင့္ စကားစျမည္ေျပာၾကေလ၏။
“ဒါနဲ႔ ေဇာ္ၿငိမ္း – မင္းက အရင္က ရန္ကုန္ကေန ဒီကို ဘယ္လိုလုပ္ ေရာက္လာတာလဲကြ…” ကြၽႏ္ုပ္၏အေမးကိုေဇာ္ၿငိမ္းက ၿပဳံး၍-
“ကြၽန္ေတာ္က အစက ျမစ္ႀကီးနားကို ေလ့လာေရးခရီး ထြက္လာတာ ဗ်။ အဲဒီမွာ ေက်ာ္ေဇယ်က ျမစ္ႀကီးနားတကၠသိုလ္မွာ ေက်ာင္းလာတက္ တုန္းဆုံၿပီး သူငယ္ခ်င္းျဖစ္ရာကေန ဒီေဒသဘက္ကို အလည္လိုက္လာ တာ။ သိတဲ့အတိုင္းပဲေလ။ ကြၽန္ေတာ္က Zoology နဲ႔ ေက်ာင္းၿပီးတာဆို ေတာ့ တိရစာၦန္အေၾကာင္းလည္း စိတ္ဝင္စားမိတယ္ဆိုပါေတာ့။ ဟဲ-ဟဲ ဒီလည္းေရာက္ေရာ ဝံပုေလြေတြ၊ ဧရာမေမ်ာက္ႀကီးေတြကို နဖူးေတြ႕ ဒူး ေတြ႕ရင္ဆိုင္ရၿပီး အထိတ္ထိတ္အလန႔္လန႔္နဲ႔ ႐ူးသလိုလို ေၾကာင္သလိုလို ျဖစ္သြားေတာ့တာပဲ- ေဒါက္တာ…”
ဟုေျပာရာကြၽႏ္ုပ္မွာသူ႔စကားကိုသေဘာက်၍အားရပါးရရယ္မိေတာ့
သည္။ ထိုစဥ္- “ဝူကူး-ဝူကူး-ဝူကူး
ေမ်ာက္ေအာ္သံ ၾကားလိုက္ရသျဖင့္ ႏွစ္ဦးသား ေခါင္းေထာင္သြား၏။ “ေဒါက္တာေရ-ေမ်ာက္အသံၾကားတယ္။ ဒီေမ်ာက္က လျပည့္ေန႔
မနက္မအူေတာ့ဘူးထင္တယ္။ကြၽန္ေတာ္သြားၾကည့္လိုက္မယ္။ေဒါက္တာ
ေနခဲ့။ ေဒါက္တာက ေတာမကြၽမ္းေသးေတာ့ ညဘက္ႀကီး အႏၲရာယ္မ်ား
တယ္”

“ေအး- ဒါဆိုလည္း သြားကြာ။ လက္နက္ေတာ့ ယူသြားေဟ့။ ငါတို႔ငွား လာတဲ့အမဲပစ္႐ိုင္ဖယ္ကိုယူသြား။ ၿပီးေတာ့ – အဆိပ္လူးမႈတ္ေျပာင္းလည္း ယူသြား။ အေရးႀကီးရင္ငါ့ကိုေသနတ္ေဖာက္ၿပီး အခ်က္ေပးလိုက္..”
ကြၽႏ္ုပ္ႏွင့္ ေဇာ္ၿငိမ္းသည္ ညႇိႏႈိင္းၿပီးသည္ႏွင့္ ေဇာ္ၿငိမ္းလည္း အမဲပစ္ ႐ိုင္ဖယ္ထမ္းကာေမွာင္မည္းမည္း၌ဓာတ္မီးကိုနဖူး၌ခ်ိတ္ရင္းစမ္းတဝါးဝါး ထြက္သြားေတာ့၏။ ေမ်ာက္တို႔ေခါင္းေဆာင္ ေမ်ာက္မင္းအူသံၾကားေသာ ေနရာကိုေရာက္လွ်င္ သူရတနာေသတၱာရွိႏိုင္မည့္ေနရာကို မွတ္မိေကာင္း မွတ္မိေပလိမ့္မည္။ ကြၽႏ္ုပ္ကမူ ႐ြက္ဖ်င္တဲျပင္ထြက္၍ ပတ္ဝန္းက်င္ကို အကဲခတ္ေနမိ၏။
တစ္နာရီခြဲခန႔္အၾကာတြင္ ေဇာ္ၿငိမ္းျပန္ေရာက္လာ၏။ ေခြၽးသံတ႐ြဲ႐ြဲ ျဖင့္ေမာဟိုက္ေနဟန္ရွိသည္။
“ဘာမွ်မထူးျခားပါဘူးဗ်ာ။ ေမ်ာက္အူတာမွန္ေပမယ့္ ကြၽန္ေတာ္တို႔ ထင္ထားတဲ့ေမ်ာက္ေခါင္းေဆာင္ေမ်ာက္မင္းမဟုတ္ဘူးဗ်။တျခားေမ်ာက္ တစ္ေကာင္က သစ္ပင္ေပၚကေနထအူတာပါ….”
“ဪ- အဲဒီ့လိုလား။ ေအးေလ-ဒါဆိုလည္း အိပ္ၾကတာေပါ့။ မနက္ ခင္းေရာက္ရင္းေတာ့ အဲဒီ့ေနရာကိုသြားၿပီး ေစာင့္ၾကည့္ရင္ ဟိုေမ်ာက္ႀကီး လာ၊ မလာ အေျဖေပၚမွာပါ …”
ကြၽႏ္ုပ္လည္း ေျပာေျပာဆိုဆိုျဖင့္ အိပ္ရာဝင္ခဲ့ေတာ့၏။ ေဇာ္ၿငိမ္း လည္း နာရီတၾကည့္ၾကည့္ျဖင့္ အေမာေျဖကာ အိပ္ေပ်ာ္သြားေလသည္။ မနက္ အ႐ုဏ္လင္းေသာ္ ေဇာ္ၿငိမ္းက ေရွ႕မွဦးေဆာင္၍ ကြၽႏ္ုပ္ကို ေခၚသြား ေလသည္။ သူေခၚသည့္ေနရာကား ေက်ာ္ေဇယ်ႏွင့္ မိုခမ္းတို႔ ေသဆုံးခဲ့ ေသာ ေမ်ာက္အူသည့္ေနရာသာ ျဖစ္၏။ ထိုေနရာသို႔ေရာက္လွ်င္ ေရာက္ ခ်င္းပင္ေဇာ္ၿငိမ္းကခ်ဳံထူထူကိုအကာအကြယ္ယူ၍ေမ်ာက္ႀကီးလာ၊မလာ ကိုေခ်ာင္းၾကည့္ေနေစသည္။ ကြၽႏ္ုပ္လည္း ခ်ဳံထဲမွေန၍ မွန္ေျပာင္းျဖင့္ ခပ္ လွမ္းလွမ္းမွ ကုန္းကမူကေလးကို လွမ္းၾကည့္ေနမိ၏။ ေဇာ္ၿငိမ္းကမူ ကြၽႏ္ုပ္ အေနာက္မွေန၍ ႐ိုင္ဖယ္တစ္လက္ျဖင့္ ဝံပုေလြအႏၲရာယ္ကို ေစာင့္ၾကည့္ ေနသည္။ ထိုအခိုက္မွာပင္ –
” “အား ..”
ကြၽႏ္ုပ္၏ေနာက္ေစ့ပူခနဲျဖစ္သြားၿပီး ေျမျပင္ေပၚပစ္လဲက်သြား၏။

“ဟင္-မင္း-မင္း- ဘာလုပ္တာလဲ….” ဘုရားေရ..ထူးဆန္းလွေပသည္။ေဇာ္ၿငိမ္းသည္ကြၽႏ္ုပ္အားေသနတ္ ဒင္ျဖင့္ ထုၿပီး ပစ္ရန္ ခ်ိန္႐ြယ္ေနျခင္းျဖစ္သည္။
“ဟား- ဟား- ဟားဒါကဒီလိုပါေဒါက္တာ။ ညကကြၽန္ေတာ္ေမ်ာက္ အူသံၾကားလို႔ သြားၾကည့္ေတာ့ အူခဲ့တဲ့ေနရာကို တူးၾကည့္လိုက္တယ္။ ကြၽန္ေတာ္ထင္တဲ့အတိုင္းပဲဗ်ာ။ ရတနာေသတၱာကို ေတြ႕တယ္။ ဒီေတာင္ က က်ဥ္းက်ဥ္းေလးပါ။ ေမ်ာက္အူသံမၾကားလည္း ရွာႏိုင္ပါတယ္။ အခု ရတနာေတြကို အဲဒီ့ေနရာမွာပဲ ျပန္ျမႇဳပ္ထားတယ္။ ဘာလို႔လဲဆိုေတာ့ ေဒါက္တာ့ကို အရင္ရွင္းခ်င္လို႔။ ဒါမွ ရတနာအားလုံးကို တစ္ေယာက္ထဲရ မွာေလ။စဥ္းစားၾကည့္ေပါ့ေဒါက္တာ။ ကြၽန္ေတာ္ကသူငယ္ခ်င္းတစ္ေယာက္ လုံး ဆုံးရႈံးခဲ့ရၿပီးၿပီ။ ဒီရတနာေတြကိုကြၽန္ေတာ္ပဲရသင့္တာေပါ့”
“ေတာက္ – မင္းေတာ္ေတာ္ေကာက္က်စ္ပါလား။ ဝံပုေလြအႏၲရာယ္ ဆိုတာတကယ္ေတာ့မင္းအႏၲရာယ္ပါပဲလားကြာ …”
ကြၽႏ္ုပ္မွာေသြးမ်ားကို သုတ္ရင္းနာက်င္စြာေျပာမိသည္။ ေျပာၿပီးသည္ႏွင့္တစ္ၿပိဳင္တည္း လဲက်ေနရာမွ ခါးကို အားယူ၍ ေကာက္ ထကာ၎၏မ်က္ႏွာကိုေျချဖင့္ ကန္ခ်လိုက္၏။
“ေဖာင္း…”
ေဇာ္ၿငိမ္းကား သတိေတာ့ရွိသည္။ လဲက်မသြားဘဲ ယိမ္းယိုင္သြားၿပီး ေသနတ္ကိုေမာင္းတင္ကာ ကြၽႏ္ုပ္၏ခုခံမႈကိုျပန္တုန႔္ျပန္လိုက္ေတာ့သည္။ “ဒိုင္း…”
သူ႔ေသနတ္ ဟန္ခ်က္ပ်က္သြားသည္မို႔ ကြၽႏ္ုပ္ကို မထိလိုက္ေခ်။ သို႔ ေသာ္ ေနာက္တစ္ခ်က္ပစ္ရန္ ေမာင္းတင္လိုက္၏။ ဒီတစ္ခါေတာ့ ကြၽႏ္ုပ္ တကယ္ေသၿပီထင္၏။ “ေဟ့-ေဟ့-မလုပ္နဲ႔ေလ….”

႐ုတ္တရက္ဆိုသလိုပင္ ေဇာ္ၿငိမ္းတစ္ေယာက္ ေအာ္၍လဲက်သြား ေလသည္။ ကြၽႏ္ုပ္လည္း အေသအခ်ာၾကည့္ရာ လည္ပင္း၌ အဆိပ္လူး မႈတ္ေျပာင္း ျမားငယ္ေလးတစ္စင္း စိုက္ေနသည္ကို ေတြ႕၍ အံ့အားသင့္ သြား၏။
“ဒီလိုလူမ်ိဳးကိုဒီလိုအျပစ္ေပးမွ ေကာင္းတာရွင့္..”

မိန္းမတစ္ဦး၏အသံၾကား၍လွမ္းၾကည့္လိုက္ရာ အသက္(၂ဝ)အ႐ြယ္ မိန္းမငယ္ေလးတစ္ေယာက္ကို ေတြ႕ရေလ၏။ ႐ုပ္ရည္လွပတင့္တယ္သူ
ျဖစ္သည္။
“မင္း – မင္းဘယ္သူလဲ။ ဘာလို႔ သူ႔ကို ပစ္လိုက္တာလဲ…”
“ဪ- သူက ရွင့္ကို သတ္ေတာ့မွာေလ။ ကြၽန္မက ဒီေဒသက မဒူဒါ ႐ြာမွာေနတဲ့ မိုခမ္းရဲ႕သမီး မိုမိုပါ …။ ရွင္တို႔ရဲ႕အေၾကာင္းေတြ အကုန္လုံးသိ ၿပီးပါၿပီ…”
ကြၽႏ္ုပ္သည္ မိုခမ္း၏သမီးဆိုသူ မိုမိုကို ၾကည့္၍အံ့ၾသေနမိ၏။ သူမက ကြၽႏ္ုပ္ကိုၾကည့္ရင္း-
“ရွင္က ဘယ္ဆိုးလို႔လဲ၊ ေသနတ္နဲ႔ အခ်ိန္ခံထားရတာေတာင္မွ ျပန္ ခုခံေသးတယ္။ သတၱိေကာင္းပါေပ့။ ကြၽန္မက ရွင္တို႔ရွာေနတဲ့ ရတနာေတြ ရွိတဲ့ေနရာကို သိၿပီးပါၿပီ။ အခုလည္း တူးေဖာ္ဖို႔လာတန္း ရွင္တို႔နဲ႔ ႀကဳံတာနဲ႔ ဝင္ကူညီလိုက္တာပါ။ ဟိုလူေတာ့ ေသသြားၿပီေပါ့”
ဟု ေျပာရာ ကြၽႏ္ုပ္က ျပန္၍ ဘာတစ္ခုမွ် မေမးေတာ့ဘဲ ေက်းဇူးသာ တင္ေနမိေတာ့သည္။ မိုခမ္းသည္ ေက်ာ္ေဇယ်၏ရန္သူျဖစ္မွန္း ကြၽႏ္ုပ္သိ ၿပီးျဖစ္၏။ သူ ေသသြားခဲ့သည္က မွန္၏။ သူ႔တြင္ သားသမီးရွိသည္ဟူ၍ မၾကားမိေခ်။ ထို႔ေၾကာင့္ ကြၽႏ္ုပ္က-
“မိုမို-မင္းကိုငါယုံလို႔ ရပါ့မလား။ မင္းက မိုခမ္းရဲ႕သမီးဆိုေတာ့…” ဟုေျပာလိုက္ရာ သူမက ၿပဳံး၍-
“ကြၽန္မအေဖရဲ႕မိုက္မဲမႈေတြကို ကြၽန္မသိခဲ့ပါတယ္။ ကြၽန္မအေဖ ေသ ေတာ့ ဒီရတနာေတြကို လျပည့္ေန႔တိုင္း လာလာရွာပါတယ္။ ရတဲ့အခါ အေဖရဲ႕မိုက္ျပစ္ေတြအတြက္အမ်ားေကာင္းက်ိဳးရမယ့္ေနရာမွာ အသုံးခ်ဖို႔ ရည္႐ြယ္ထားတာပါ။ ရွင္ ႐ြာကို ေရာက္လာေတာ့ ကြၽန္မဟာ သတင္းၾကား ၾကားခ်င္း ရွင့္ကို ဆက္သြယ္ဖို႔ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့-ကြၽန္မအေဖကို မုန္းခဲ့တဲ့ ေဇာ္ၿငိမ္းကို ေတြ႕လို႔ မျဖစ္တာနဲ႔ ပုန္းေနခဲ့တာပါ။ အခုေတာ့ ကြၽန္မ တို႔ႏွစ္ေယာက္ရတနာေတြကို သြားေဖာ္ရေအာင္ …”
ဟု ေျပာေလသည္။ ကြၽႏ္ုပ္လည္း မထူးေတာ့ၿပီမို႔ သူမ ေနာက္ကိုသာ လိုက္ရန္ ဆုံးျဖတ္လိုက္ေလ၏။ ထို႔ေနာက္တြင္ မိုမိုက ကြၽႏ္ုပ္၏ ေနာက္ ေစ့မွ ဒဏ္ရာကို အဝတ္စျဖင့္ စည္းေႏွာင္ေပးၿပီး ရတနာေသတၱာျမႇဳပ္ထား သည့္ ေတာင္ထိပ္ပိုင္းသို႔ တြဲေခၚခဲ့ေလသည္။ ဤမိန္းကေလးကား ႐ုပ္လွ သလိုစိတ္လည္းလွပါ၏။

လြန္စြာမွ် ႏွင္းမ်ား ပိန္းပိတ္ေနေသာ ေနရာသို႔ေရာက္ေသာ္ မိုမိုက သူ႔ ခရီးကိုရပ္လိုက္၏။ ၿပီးေသာ္ေျမႀကီးကိုလက္ညႇိဳးထိုးျပလိုက္ေလသည္။
“ဒီေနရာပဲ – ျမန္ျမန္တူးမွျဖစ္မယ္။ ဒီနားမွာ ဝံပုေလြေတြ အရမ္း ေသာင္းက်န္းတယ္”
ဟုေျပာကာ သူ၏ ဓားေျမႇာင္ျဖင့္ တူးေတာ့၏။ ကြၽႏ္ုပ္လည္း ဝိုင္း၍တူး ေပးရာ နာရီဝက္ခန႔္အၾကာတြင္ ေသြးခဲမတတ္ ေမးမ်ား တဂတ္ဂတ္႐ိုက္ လာ၏။ ထိုစဥ္မွာပင္ –
“ဟာ-ရ-ရတနာ
ဟုတ္သည္။ သစ္သားေသတၱာျဖင့္ ထည့္ထားေသာ ရတနာမ်ားကို ေတြ႕ရေလ၏။ မိုမိုက ထိုရတနာေသတၱာေလးကို ဆြဲထုတ္လိုက္ၿပီး ေျမႀကီး ေပၚတြင္ ဖြင့္လိုက္ရာ တလက္လက္ေတာက္ပေနေသာ စိန္မ်ားကို ေတြ႕ရ ေတာ့သည္။ ႏွစ္ဦးသား ေပ်ာ္လိုက္ၾကသည္ျဖစ္ျခင္း။ ထ၍ခုန္ေနမိၾက၏။ သို႔ေသာ္-
“ဝူကူး-ဝူကူး-ေဝါက္-ေဝါက္”
ေမ်ာက္အူသံၾကား၍ ၾကည့္လိုက္ရာ ကြၽႏ္ုပ္တို႔အေနာက္ရွိ ေက်ာက္ တုံးေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္လ်က္ အူေနေသာ ဧရာမေမ်ာက္ျဖဴႀကီး တစ္ေကာင္ကို ေတြ႕ရ၏။ ေမ်ာက္ဝံႏွင့္ေတာ့ ဆင္သည္။ သို႔ေသာ္ ေမ်ာက္ဝံ လို ဝၿပဲၿပဲမဟုတ္ဘဲ လူကဲ့သို႔ပင္ ရွည္ေမ်ာေမ်ာ ခႏၶာကိုယ္ႏွင့္ အေမြးမ်ား ျဖဴဆြတ္ကာလွပစြာေပါက္ေန၏။
“ရွင္ – ဘာလုပ္ေနတာလဲ။ အဲဒါ ေမ်ာက္မင္းပဲ။ ေသနတ္နဲ႔ ပစ္ေလ..” မိုမို၏စကားေၾကာင့္ ကြၽႏ္ုပ္လည္း ေဇာ္ၿငိမ္းထံမွ ေကာက္လာခဲ့ေသာ ႐ိုင္ဖယ္ျဖင့္ပစ္ရန္ ေမာင္းတင္လိုက္၏။
“capos…”
ကံဆိုးလွေပသည္။ က်ည္ဆန္ လုံးဝမရွိေတာ့ပါ။ ထိုစဥ္မွာပင္ ေမ်ာက္ ႀကီး၏ အေနာက္မွေန၍ အေကာင္(၁၀)ေကာင္ထက္နည္း ေမ်ာက္မ်ား သည္ကြၽႏ္ုပ္တို႔ရွိရာသို႔ ေျပးလာေတာ့၏။
“ေျပး-ေျပး- အဲဒီ့ေမ်ာက္ေတြက ကြၽန္မအေဖကို မေက်နပ္တာနဲ႔ လူ ျမင္ရင္ လိုက္ၿပီး ကိုက္သတ္ေတာ့တာပဲ…”
မိုမိုက ေျပးရင္း ေအာ္ေျပာရာ တစ္ခ်ိန္က မိုခမ္းသည္ ေမ်ာက္မ်ားႏွင့္ တိုက္ခိုက္ရင္း ေသဆုံးခဲ့ရပုံကို ျပန္ေတြးမိရင္း အသားကုန္ေျပးေလေတာ့၏။ ေမ်ာက္မ်ားသည္ ကြၽႏ္ုပ္တို႔ေနာက္ကို သဲႀကီးမဲႀကီးလိုက္လာၾကသည္။ သတိထားမိသည္မွာကြၽႏ္ုပ္ကိုဂ႐ုမစိုက္ဘဲရတနာေသတၱာပိုက္ထားသည့္ မိုမို၏ေနာက္သို႔သာ သဲႀကီးမဲႀကီးလိုက္ေလ၏။
မိုမိုသည္ ေျပးရင္းလႊားရင္း သူမ၏လက္ထဲရွိ ေသတၱာထဲမွ ရတနာ အခ်ိဳ႕ အဖုံးပြင့္ၿပီး ျပဳတ္က်က်န္ခဲ့သည္ကိုပင္ မေကာက္ႏိုင္ေတာ့ဘဲ ေမာ ဟိုက္ေနရွာ၏။ ေနာက္ဆုံးတြင္ ေခ်ာက္ကမ္းပါးတစ္ခုအနီးသို႔ေရာက္ေသာ္ သူမအေျပးကို ရပ္လိုက္၏။ ေမ်ာက္မ်ားသည္ သူမ၏ေနာက္သို႔ အရွိန္ျဖင့္ ေျပးလိုက္လာရင္း ေခ်ာက္ကမ္းပါးစြန္းကို သတိမထားမိဘဲ တိရစာၦန္တို႔၏ ထုံးစံအတိုင္း သားေကာင္ကိုသာ ဝိုင္း၍မဲၾကေတာ့၏။ ႐ုတ္တရက္ဆိုသလို ပင္ မိုမိုသည္ ေမ်ာက္မ်ားလက္မွ မလြတ္မွန္းသိသလိုထင္သည္။ သူမ၏ လက္ထဲမွေသတၱာေလးကို ကြၽႏ္ုပ္ထံသို႔ ပစ္ေပးလိုက္၏။ ေသတၱာေလး သည္ကြၽႏ္ုပ္ရွိရာသို႔ေလထဲမွေရာက္လာေသာ္လွမ္း၍ဖမ္းလိုက္သည္တြင္ ေနာက္ဆုံးျမင္ကြင္းကား မိုမိုႏွင့္ ေမ်ာက္အုပ္ႀကီးသည္ လုံးေထြးသတ္ပုတ္ ၾကရင္း အရွိန္မထိန္းႏိုင္ေတာ့ဘဲေခ်ာက္ထဲသို႔ ထိုးက်သြားေတာ့သည္။

“အား “ေဟး-မိုမို-ေဟး”
ကြၽႏ္ုပ္၏ရင္ဘတ္တစ္ခုလုံး နင့္ခနဲေနေအာင္ ခံစားလိုက္ရသည္။ ရွိရွိသမွ် မိတ္ေဆြအေပါင္း ဤေနရာတြင္ ဇာတ္သိမ္းသြားၾကေခ်ၿပီ။ ကြၽႏ္ုပ္ ၏လက္ထဲ၌မူရတနာေသတၱာရွိေနေလၿပီ။ သို႔ေသာ္လြင့္စဥ္က်သြားေသာ ရတနာက မ်ားေနသျဖင့္ ေသတၱာထဲတြင္ သိပ္မက်န္ေတာ့ေပ။ ကြၽႏ္ုပ္ သည္ေခ်ာက္ကမ္းပါးအစြန္းမွေန၍ေအာက္သို႔ငုံ႔ၾကည့္လိုက္မိ၏။ ေလျပင္း တစ္ခ်က္အတိုက္တြင္ ေအးစိမ့္ေသာအထိအေတြ႕ႏွင့္အတူ ေသမင္းႏွင့္ စစ္ခင္းသူမ်ားအတြက္ႀကီးစြာေသာသံေဝဂ ရမိ၏။
ေလာဘေနာက္လိုက္ရာမွ အသက္ဆုံးရႈံးခဲ့ရေသာ ပုံဝတၳဳေပါင္းမ်ား စြာ ၾကားဖူးပါ၏။ ယခုမူ ကြၽႏ္ုပ္ကိုယ္ေတြ႕ပင္တည္း။ ထိုစဥ္-
`ဝူကူး-ဝူကူး
ေမ်ာက္အူသံၾကားသျဖင့္ ကြၽႏ္ုပ္လည္း ထိုေနရာမွ တစ္ခ်ိဳးတည္း ထေျပးခဲ့ရေလေတာ့သတည္း။
+ ေဝယံသိန္း