Unicode Version
“မြေကြမ်း”(စ/ဆုံး)
———————-
ဦးဘမြိုင် အလွန်ပျော်နေသည်။ ကားလမ်း
ဘေး မြေနှစ်ဧက အကျယ်ရှိ ခြံကွက်လပ်
ကြီးကို အောက်ဈေးနှင့်ရလိုက်သည်။ ထို
နေရာက ကားလမ်းဆုံနှင့်လည်း နီးသည်။
အဓိကလမ်းမကို မျက်နှာစာပြု၍ စီးပွား
ရေးလုပ်လျှင် အလွန်ကောင်းနိုင်သည်ဟု
တွက်မိ၍ မြေလွတ်ကြီးကို စုံစမ်းပြီး ရောင်း
မည်ဆိုသဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။
ငွေချေမည့်နေ့က အရောင်းအဝယ်တာဝန်ယူ
ထားရသည့်လူကြီးများ၊ ရပ်ရွာလူကြီးများနှင့်
ရွာ၏ရုံးမှာ ဆုံကြသည်။ ထိုအထဲမှ အသက်
ခုနှစ်ဆယ်ခန့်ရှိသော ဦးပြုံးဆိုသည့်လူကြီး
က ဦးဘမြိုင်အား…
“ငါ့တူက ဦးလေးတို့ရွာမှာ စီးပွားရေးလာလုပ်
မယ်ဆိုလို့ ဝမ်းသာပါတယ်။ ရွာနဲ့ကားလမ်း
ဘေးမှာ ဆိုင်ကြီးကန္နားကြီး မရှိတော့ ရွာမ
စည်ဘူးပေါ့၊ အခုလို ဆိုင်ကြီးလာဖွင့်မယ်ဆို
ရင် ရွာလည်း တင့်တယ်လာမယ်၊ အခြား
ဆိုင်တွေလည်း လာဖွင့်လာမယ်ဆိုရင် စည်
ကားလာမှာ အမှန်ပါပဲ”
ထိုစဉ် သက်သေလိုက်ပေးသော လူကြီးတစ်
ယောက်က
“ငါ့တူ ပိုက်ဆံရှိလို့ စီးပွားရေးလုပ်တော့
ဟုတ်ပါပြီ ဗေဒင်လေး ဘာလေး မေးမြန်း
မကြည့်ဘူးလား”
“ဗျာ…ဗေဒင်မေးမြန်းကြည့်ရမယ်ဟုတ်လား”
“ဒီလိုကွဲ့ ရှေ့ထုံးလည်းမပယ်သင့်တာ မပယ်
ရဘူး၊စီးပွားရေးလုပ်တော့မယ်ဆို ဒီမြေ၊ ဒီ
နေရာ၊ ဒီဒေသမှာ စီးပွားရေးလုပ်သင့် မလုပ်
သင့်၊ အတိုက်အခိုက် ရှိ မရှိ၊ မြေက သင့်
လား၊ မသင့်ဘူးလား၊ ခိုက်လား မခိုက်ဘူး
လား…ယုံတယ်ဆိုရင် မေးကြည့်သင့်တယ်၊
မယုံဘူးဆိုရင်တော့ မတိုက်တွန်းပါဘူး”
“ဘာကြောင့်ပါလဲခင်ဗျာ၊ ဒီမြေကတစ်ခု
ခု ဖြစ်နေလို့လား”
“ဒီအရောင်းအဝယ်ကိစ္စကလည်း မြေပိုင်ရှင်
က အဝေးမှာ ဒီရွာက ဦးတင်ထွန်းကို အပြီး
ဈေးပြောပြီး လွှဲပေးထားခဲ့တာ၊ ရောင်းရ၊
မရောင်းရ အကြောင်းမဟုတ်ဘူး၊ အရောင်း
အဝယ်ဖြစ်ရင် မြေပိုင်ရှင်က ရောင်းရငွေ
ယူပြီး ပျောက်သွားမှာ၊ ဝယ်လိုက်တဲ့လူက
ဦးလေးတို့နဲ့အတူ ရွာမှာရှိမှာ၊ ဒါကြောင့်
ဒီမြေအကြောင်း သိထားပါလျက်နဲ့ တွန်း
ပြီးရောင်းလိုက်တယ်လို့ အထင်မခံချင်ဘူး
ဦးလေးတို့က အမြဲရင်ဆိုင်ကြုံတွေ့ရမယ့်
ငါ့တူကြီးနဲ့ နောင်ဆုံရင် လိပ်ပြာသန့်ချင်
တယ်”
“ဒီတော့..ကျတော့်ကို ဒီခြံကြီးအကြောင်း
ပွင့်ပွင့်လင်းလင်း ပြောပြပါလား”
“အေး…ပြောပြမယ်၊ ဒီခြံကြီးမှာ အဘငယ်
စဉ်က မြေပိုင်ရှင် ချစ်တီးကုလားတစ်ယောက်
ပိုင်ပဲ၊ သူကြီးခေတ်အထိ လူတွေအပေါ် ကုပ်
သွေးစုပ်နေတယ်ပေါ့ကွယ်၊ တစ်ည သူ့မိသား
စုကို ဓားမြတွေ အကုန်သတ်သွားတယ်။လူ
မရှိတော့တဲ့ အိမ်ကြီးမှာ ချစ်တီးကြီးရဲ့အမျိုး
တော်တယ်ဆိုတဲ့ ကုလားကပြားမိသားစုငါး
ယောက် လာနေထိုင်ကြတယ် အေး လွန်ခဲ့တဲ့
နှစ်သုံးဆယ်လောက်က ဘာကြောင့်မှန်းမသိ
ဘူး အိမ်ကြီးမီးလောင်သွားတယ်။
အိမ်ထဲမှာ ရှိတဲ့လူတွေ အကုန်ပါသွားတယ်။
နောက်ပိုင်း မီးလောင်ထားတဲ့အိမ်ကြီးကို
ဖျက်လို့ အခြားရွာက သူဌေးတစ်ယောက်
ခြံဝယ်ပြီး..စပါးကြိတ်စက် အသေးတစ်လုံး
ဆောက်မယ့်အစီအစဉ်နဲ့ အလုပ်သမားတွေ
နဲ့ ရောက်လာတယ်။
အဆောက်အဦးဆောက်နေရင်း တစ်ယောက်
က ပိုးထိလို့ ၊တစ်ယောက်က တိုင်ထူရင်း
တိုင်ပိလို့ နှစ်ယောက်သေသွားတယ်။မကြာ
ပါဘူး…အဆောက်ဦးဆောက်မယ့်ပစ္စည်း
တွေ လာပြန်သယ်သွားတယ်။
အဲဒီနောက်ပိုင်း လူနှစ်ဦး လက်ပြောင်းလက်
လွှဲ ရောင်းဝယ်သေးတယ်။ နောက်ဆုံးပိုင်တဲ့
လူက ဒီရွာက ဦးတင်ထွန်းကို မြေဂရံနဲ့ အ
ရောင်းအဝယ်ဖြစ်အောင်တော့ မတိုက်တွန်း
ချင်ဘူး၊ အခု လက်မှတ်ထိုးဖို့ပဲ ကျန်တော့
တာ…ငါ့တူ သိထားသင့်လို့ ဦးလေးတို့ပြော
ပြတာပဲ”
“ကျတော့်ကို အခုလို ပြောပြတဲ့အတွက် ကျေး
ဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျတော်က ဒီအယူ
အဆတွေ အယုံအကြည်မရှိဘူး”
“အေးလေ..စီးပွားရှာတယ်ဆိုတာကလည်း
လက်တွန့်နေလို့ မဖြစ်ဘူးမှတ်လား၊ ကြောက်
ရင်လွဲ၊ ရဲလျှင်မင်းဖြစ်ဆိုတဲ့စကား ငါ့တူကြီး
က လက်ကိုင်ထားတယ်ပေါ့ ငါတူပိုက်ဆံရှိ
လို့ကတော့ လုပ်ချင်သလိုသာ စိတ်တိုင်းကျ
လုပ်…ဦးတို့ရွာကလည်း စောင့်ရှောက်ပေး
မယ်”
သို့ဖြင့် ခြံအရောင်းအဝယ်ကိစ္စ ပြီးသွားသည်။
“ဦးလေးတို့ကို ကျနော်အကူအညီတောင်း
ချင်ပါတယ်၊ အခုခြံကြီးထဲမှာ ကုက္ကိုပင်ကြီး
တွေအပါအဝင် အပင်ကြီး ဆယ်ပင်လောက်
ရှိမယ်၊ သရက်ပင်၊ အုန်းပင်နဲ့အပင်သေးတွေ
ကလည်း တော်တော်လေး စိုက်ထားတယ်”
“ဒါတောင် ဆန်စက်နေရာမှာ သစ်ပင်တွေ
ခုတ်လိုက်လို့”
“ကျတော်လုပ်ချင်တဲ့ဆန္ဒက တစ်ခြံလုံး ရှင်း
ပစ်မှာ၊ မျက်နှာစာထားပြီး ခြံသုံးဘက်လုံး
အုတ်နံရံခတ်လိုက်မှာ၊ ဒါကြောင့် သစ်ပင်
မှန်သမျှ အမြစ်ကပါ တူးထုတ်ပစ်ချင်တယ်”
“ဒီတော့…ဦးတို့ဘာလုပ်ပေးရမလဲ”
“ဒီရွာက…သစ်ခုတ်နိုင်တဲ့လူ ငါးယောက်,
ခြောက်ယောက်လောက် ပင်တိုင်ရှာပေးပါ၊ လုပ်အားခပေးပါ့မယ်၊ ပြီးတော့ အပင်သေး
တွေကို ရွာသားတွေ ထင်းလိုချင်တဲ့လူတွေ
အလကားလာခုတ်ယူဖို့ ပြောပေးပါ၊ ခြံထဲ
က သစ်ပင်မှန်သမျှ ကုန်သွားဖို့ပဲ”
“အေး…တို့ရွာက ချက်ရေးပြုတ်ရေး ထင်း
ကိုသုံးနေတာဆိုတော့ မင်းခြံမကြာခင်
ပြောင်သလင်းခါသွားစေရမယ်”
ဦးဘမြိုင်လည်း ခြံရှင်းရန် လူကြီးများကို
တာဝန်ပေးအပ်ပြီး ရန်ကုန်သို့ ပြန်သွားတော့
သည်။ပိုင်ရှင်ဖြစ်သူက ခွင့်ပြုချက်ပေးသွား
သဖြင့် ထင်းလိုသူများ၊ အပင်လှဲသူများ၊
အပြောင်ရှင်းစနစ်မျိုးဖြင့် အပင်ခုတ် အမြစ်
တူးပြီး စည်ကားနေတော့သည်။
အပင်ကြီးများကိုတော့ လုပ်အားခရှင်းစနစ်နှင့်
လူငါးယောက် ငှားပြီး ခုတ်ခိုင်းထားသည်။တ
တိယမြောက်နေ့မှာ အမြစ်ကိုတူးဆွနေသူတစ်
ယောက် မြွေဆိုးတစ်ကောင် တွင်းမှ ထွက်လာ
ပြီး လက်ခွကြားကို ပေါက်လိုက်သည်။မကြာ
ခင်မှာပင် ဆေးရုံမရောက်လိုက်ဘဲ ထိုလူ
သေဆုံးသွားသည်။
လူသေသည့်သတင်းကြောင့် သစ်ပင်ခုတ်သူ
များအနည်းငယ် လက်ရွံ့သွားသည်။ လက်ခ
စားနှင့် ခုတ်သူများသာ ပုံမှန်လုပ်ငန်းခွင် ဝင်
နေသည်။ ယခု ကုက္ကိုပင်ကြီးမှ အကိုင်းများ
ကို တက်ပြီး ခုတ်ချနေသည်။
အချို့က ကုက္ကိုပင်ကြီးကို မခုတ်သေးဘဲ အ
မြစ်ကြီးများကို တူးထုတ်နေသည်။ ပတ်ပတ်
လည် အမြစ်များကြားမှ မြေကြီးများကို တူး
ထုတ်နေသည်။ အပင်ကြီးက လှုပ်ပင်မလှုပ်
သေး။ သို့ကြောင့် အပင်အကိုင်းအခက် အ
လေးချိန်နှင့် ကော်ပြီး လဲကျသွားရန် အမြစ်
ပတ်ပတ်လည်မြေကြီးများကို ရနိုင်သမျှ
တူးထုတ်နေသည်။
ကျွိ….ကျွိ….
မထင်မှတ်ဘဲ လေမတိုးပါဘဲ အပင်ကြီး တကျွိ
ကျွိအသံမြည်ကာ အမြစ်များ မြေပေါ်ကြွတက်
လာပြီး….
“ဝုန်း” “အား”
သစ်ပင်ကြီး အမြစ်မှကော်ပြီး လဲကျသွားသလို
အမြစ်ကြားမှ မြေကြီးတူးနေသော ရွာသားတစ်
ယောက်အပေါ်သို့ မြောက်တက်သွားသည်နှင့်အ
တူ နာကျင်စွာ အော်လိုက်သော အသံကြီး ထွက်
ပေါ်လာသည်။
“ဟာ..လာကြပါဦး..ကိုကျင်မောင် သစ်မြစ်ငုတ်
စူးသွားလို့ လာကြပါဦး”
သစ်မြစ်ငုတ်က ကိုကျင်မောင်ဆိုသူ၏ ဗိုက်ကို
ဖောက်ဝင်သွားသည်။ မည်ကဲ့သို့ သစ်ငုတ်ကို
ဆွဲထုတ်ရမည် စဉ်းစားကြစဉ်မှာပင် ကိုကျင်
မောင် အသက်ထွက်သွားတော့သည်။
“ဟာ…တစ်နေ့က မြွေကိုက်လို့ တစ်ယောက်
သေတယ် ဒီနေ့ တစ်ယောက်သေသွားပြန်ပြီ”
ခြံရှင်းရာ လူနှစ်ယောက်သေသွားသဖြင့် ခြံ
ရှင်းသည့်ကိစ္စကို ခဏရပ်ပြီး ခြံရှင်းဦးဘမြိုင်
ထံ အကြောင်းကြားလိုက်သည်။ ဦးဘမြိုင်
ရောက်လာတော့ ရွာလူကြီးနှစ်ယောက်ခန့်
ပါလာသည်။ ထို့နောက်တော့ ခြံရှင်လာကြည့်
ရုံနှင့် ပြီးသွားသည်။
သေသွားသူမိသားစုများကိုလည်း ငွေကြေး
အနည်းငယ် ထောက်ပံ့ပေးပြီးပြန်သွားသည်။
အပင်ကြီး အနည်းငယ်ကျန်သေးသဖြင့်
ပုတ်ပြတ်ခုတ်ရှင်းရန် လူလေးယောက်တာ
ဝန်ယူပြီး ပိုက်ဆံယူထားကြသည်။ ပြဿနာ
က ထိုမျှနှင့် ပြီးပြီထင်သော်လည်း မပြီးသေး။
ပိုက်ဆံယူထားလိုက်သူ လူလေးယောက်တို့ ည
ဘက် အိပ်မက်ဆိုးများမက်သည်ဟု ဆိုလာသည်။
တစ်ယောက်က အိပ်မက်အတော်ကြမ်းသည်ဟု
ဆိုသည်။ခြံထဲက မထွက်သွားဘဲ သစ်ပင်တွေ
ဆက်ခုတ်နေဦးမည်ဆိုလျှင် အသေသတ်မည်
ဟု အဘွားကြီးတစ်ယောက်က ကြိမ်းဝါးနေသည်
ဟု ဆိုသည်။ တစ်ယောက်ကတော့ ငါနေတဲ့အ
ပင်ကို ခုတ်တဲ့နေ့ မင်းသေတဲ့နေ့ဟု သရဲကြီး
တစ်ကောင်က ပြောသွားသည်ဟုဆိုသည်။
နောက်နေ့ ခြံထဲရောက်လာပြီး အိပ်မက်များကို
ပြောပြကြသည်။
“ကဲ.. ခင်ဗျားတို့ အိပ်မက်ကိုကြောက်ရင်လည်း
မလုပ်နဲ့ ကျုပ်ကတော့ ပိုက်ဆံယူပြီး သုံးပြီးပြီ၊
ခုတ်ရတော့မှာပဲ”
“ဒါဆိုလည်း တောင်းပန်ပြောဆိုပြီးမှ ခုတ်ကြ
တာပေါ့”
“ကျုပ်ကတော့ ပိုက်ဆံပြန်လျော်ပေးမယ်
မခုတ်တော့ဘူး…ပြန်မယ်”
သို့ဖြင့် သုံးယောက်သား ဆက်ပြီးရှင်းကြတော့
သည်။ တစ်ရက်ပြီးတစ်ရက် သစ်ပင်ကြီးများ
ရှင်းခဲ့ရာ နောက်ဆုံးအပင်ကြီးတစ်ပင်သာ
ကျန်တော့သည်။ လုပ်နေကျအတိုင်း မြေကြီး
များကို အပင်ရင်းမှ တူးထုတ်လိုက်သည်။
ညနေပိုင်းအရောက် အပင်ကြီး၏အမြစ်များ
အတော်တူးထားသဖြင့် လေတိုက်သည့်အခါ
တကျွိကျွိနှင့် လှုပ်လာသည်။
“ဘယ်လိုလုပ်မလဲ မနက်ဖြန်မှ ပြန်လာပြီး လုပ်
ကြမလား၊ ဆက်လုပ်မလား…အပင်လဲအောင်
လုပ်ပြီးမှ မနက်ဖြန် လာရှင်းတာ ကောင်းမယ်
ထင်တယ်”
“ဒါဆိုလည်း နာရီဝက်လောက် ဆက်တူးလိုက်
ကြတာပေါ့”
သုံးယောက်သား ပေါက်ပြားကိုယ်စီ၊ တူရွင်း
ပြားကိုယ်စီနှင့် တူးဆွခြင်းကို ဆက်လုပ်နေ
ကြသည်။ သူတို့တူး၍ မကြာခင်မှာပင် သစ်
ပင်ကြီး အလေးချိန်နှင့် ဝုန်းခနဲအလဲ အမြစ်
များအပေါ်ကို လန်ထွက်သွားသည်။
အမြစ်တစ်ချောင်းက ဦးလွန်းကြွယ်ကို ရိုက်
ပြီး ထွက်သွားသလို သစ်ပင်လဲသောဘက်မှ
ကိုစိန်ပုလည်း နောက်ဘက်သို့ ခုန်အထွက်
ကုက္ကိုပင်က လူပေါ်လဲကျသွားသည်။ သွေး
ပျက်မတတ် အော်သံများက ညနေချမ်းအ
ချိန် ချောက်ချားဖွယ် ထွက်ပေါ်လာသည်။
ကိုစိန်ပု နေရာမှာပင် အသက်ပျောက်သွား
သည်။ ဦးလွန်းကြွယ်က လက်ချောင်းတစ်
ချောင်း လက်မောင်းရင်းမှ ကျိုးထွက်သွား
သည်။ ခြံကြီး ရှင်းလင်းပြီးသွားချိန်မှာ လူ
သုံးယောက် အသက်စတေးလိုက်ရပြီး၊ လူ
တစ်ယောက်က ဒုက္ခိတဘဝ ရောက်သွားခဲ့
ရသည်။ အစိမ်းသေ သေသွားခဲ့ကြသော
ထိုလူများ၏ဝိညာဉ်တို့လည်း ခြံကြီးထဲမှာ
ရှိနေနိုင်သည်။
ကာယကံရှင်မိသားစုများက ကုသိုလ်ကောင်း
မှုပြု၍ အမျှဝေမှုကိုရပြီး ဝိညာဉ်ဘဝက
လွတ်မြောက်သွားသူလည်း ရှိနိုင်သလို မကျွတ်
မလွတ်သေးသော ဝိညာဉ်များလည်း ရှိနိုင်သည်။
အယူမရှိသည့် ဦးဘမြိုင်က ခြံကို ကာရန်
အုတ်ကားများ တစ်စီးပြီးတစ်စီး ချတော့
သည်။ရှေ့ဘက်ကို အပွင့်ထားပြီး၊ သုံးဘက်
ကို အပိတ်ကာမည်ဖြစ်သည်။
ခြံဝင်းအကာကို ကာရံနေသည့်အချိန်နှင့်
တစ်ပြိုင်တည်း စားသောက်ဆိုင်အတွက်
အဆောင်ကြီးတစ်ဆောင် ဆောက်လုပ်
နေသည်။ မျက်နှာစာအကျယ်က ပေ(၁၆၀)
မျှ ကျယ်သည်။ ကားဝပ်ရှော့အတွက်
ပေခြောက်ဆယ်မျှထားပြီး စားသောက်
ဆိုင်နှင့် တည်းခိုဆောင်အတွက် မျက်နှာစာ
ပေ(၁၀၀)မျှ ချန်ထားသည်။
ညဘက် ခြံကြီးအတွင်းမှာ နေထိုင်လုပ်ကိုင်
ကြသော အလုပ်သမားများက ခြံထဲမှာ သရဲ
တွေ အများကြီးရှိသည်ဟု ဆိုသည်။ညဘက်
အိမ်သာသွားသည့်အခါ အိမ်သာထဲမှာလည်း
သရဲနှင့်တိုးသူရှိသည်။ ခြံကြီးအတွင်းမှာ
လည်း ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွား ဖြတ်လာ
လုပ်နေသူများကို တွေ့ရသည်ဟု ဆိုသည်။
“အမယ်လေး”
“ဟဲ့…မမြငွေ…ဘာဖြစ်တာလဲ”
“သ…သ…ရဲ…သရဲကြီး”
“ဘယ်ကသရဲလဲ…မရှိဘူး”
“အမယ်လေး…သရဲကြီး၊ အခန်းထဲမှာ ရှိ
တာတော့”
ယောက်ျားဖြစ်သူ ပြေးဝင်လာသည်။
“မရှိပါဘူး…မိန်းမရ”
အခန်းထဲမှာ သရဲတွေ့သဖြင့် မျက်လုံးမှိတ်ပြီး
အသံကုန်အော်နေရာ ယောက်ျားဖြစ်သူပြေး
ဝင်လာမှ မျက်လုံးဖွင့်ကြည့်လိုက်စဉ် ယော
က်ျားဖြစ်သူ၏ နောက်မှရပ်နေသော သရဲကြီး
ကို ထပ်၍ မြင်လိုက်ပြန်ရာ သတိမေ့ပြီး
ပျော့ခွေကျသွားသည်။
ထိုအခါ ယောက်ျားဖြစ်သူက အခန်းထဲမှ
အပြင်သို့ ပွေ့၍ ခေါ်ခဲ့ရသည်။ ထိုအခန်း
က လူနေသော အခန်းမဟုတ်။ ပန်းရံပစ္စည်း၊
လက်သမားပစ္စည်းများထားသောအခန်းဖြစ်
သည်။ ထိုအခန်းထဲမှာ ကျန်နေခဲ့သော နေ့
ခင်းက ချွတ်ထားသည့်အက်ျီကို သွားယူစဉ်
သရဲနှင့် တိုးခြင်းဖြစ်သည်။
နောက်ရက်မကြာခင် အလုပ်သမားမိသားစု
ထဲမှ အသက်(၁၃)နှစ်ခန့်ရှိသော ကောင်လေး၊
အိမ်သာတက်ရန် အသွား၊ အိမ်သာထဲမှ ဗိုက်
ကြီးပွင့်နေသော လူတစ်ယောက် ထွက်လာ
သည်ကို မြင်ပြီး..အသံကုန်အော်ကာ ပြန်ပြေး
လာသည်။ လူကြီးတွေ သွားကြည့်တော့ ဘယ်
သူမှမရှိ။
နောက်ပိုင်း သရဲက ခပ်စိပ်စိပ် ခြောက်လာ
သည်။ သရဲကြောက်၍ အလုပ်ပြောင်းသွား
သူများ တစ်နေ့ တခြား များလာခြင်းကြောင့်
အလုပ်က ထင်သလောက် မပြီးတော့။ သတ်
မှတ်ရက်ရောက်တော့ ဦးဘမြိုင်ရောက်လာ
သည်။ အလုပ်သမားအဖွဲ့က ပိုင်ရှင်ကို ဘာ
မှမအပ်နိုင်။ ဝပ်ရှော့အတွက် အဆောက်အ
ဦးကလည်း အကာမရှိ အမိုးမရှိ၊ စားသောက်
ဆိုင်ကြီးသာလျှင် ရာနှုန်းပြည့်ပြီးစီးနေသည်။
ခရီးသွားများ ညအိပ်တည်းခိုရန် ဆောက်လုပ်
နေသော နှစ်ထပ်ဆောင်က အမိုး မိုးပြီးပေမဲ့
အကာအကွယ် အုတ်မစီရသေး။
“ခင်ဗျားတို့ ဒီအဆောင်ကို ဘာကြောင့်မလုပ်
ရသေးတာလဲ”
“ဒီမှာလုပ်နေတဲ့ ပန်းရံသမားတွေနဲ့ လက်သ
မားအဖွဲ့တွေ ထွက်သွားကုန်လို့ လူစားရှာနေ
ပါတယ်”
“ခင်ဗျားကို ငွေအပ်ပြီး အမြန်ပြီးအောင်မှာ
ထားတာပဲ၊ ဘာကြောင့်ထွက်ကုန်တာလဲ”
“သရဲခြောက်တယ်ဆိုပြီး ဆက်မလုပ်တော့တာ၊
ဒီအဆောင်လုပ်နေရင်း သရဲတွေ ရိပ်ခနဲ ရိပ်ခနဲ
ဖြတ်သွားဖြတ်လာ လုပ်နေတာ တွေ့တယ်တဲ့၊
ပန်းရံကောင်လေးတစ်ယောက် အနားမှာ လူ
မရှိဘဲ တွန်းချခံလိုက်ရတယ်တဲ့”
“တောက်…မရှိတဲ့သရဲကို အရှိလုပ်နေကြတယ်
ဒီလူတွေကြောင့် ဆိုင်ပျက်တော့မှာပဲ”
“သရဲခြောက်တာတော့ ဟုတ်တယ်ဗျ၊ ကျနော့်
သား အကြီးကောင် မနက်မျက်နှာသစ်နေတုန်း
တိုင်ကီထဲက ပြားချပ်နေတဲ့ လူကြီးတစ်ယောက်
ထွက်လာပြီး ပျောက်သွားလို့ ငယ်သံပါအောင်
အော်ပြီး သတိလစ်သွားတာ၊ သတိပြန်လည်
လာတာ နှစ်ရက်ပဲ ရှိသေးတယ်၊ သတိတောင်
သိပ်မကောင်းချင်သေးဘူး”
“ကဲဗျာ…ဒီအဖြစ်အပျက်တွေ အပြင်မှာ
လျှောက်မပြောစေနဲ့၊ ခင်ဗျားအလုပ်သမား
အမြန်ရအောင်ရှာပြီး လုပ်ငန်းမြန်မြန် ဖြတ်
ကြပါ၊ ခင်ဗျားကို ကျုပ်ပိုပေးပါမယ်”
“စိတ်ချပါ နောက်အဖွဲ့ကို လူလွှတ်ပြီး ခေါ်ခိုင်း
ထားပါတယ်”
“တစ်လအချိန်ထပ်ပေးမယ်ဗျာ ပြီးအောင်
သာ လူရှာပြီး ဖြတ်ပေးပါ ဟုတ်လား”
ဦးဘမြိုင်လည်း ညနေသုံးနာရီခန့် ခြံကြီးမှ
ပြန်သွားတော့သည်။ သရဲအခြောက်အလှန့်
မျိုးစုံခံပြီး၊ ပိုက်ဆံအကုန်အကျခံကာ၊ တစ်
ဖွဲ့ပြောင်း တစ်ဖွဲ့ခေါ်ပြီး ဆက်တိုက်လုပ်ခဲ့ရာ
မကြာခင်မှာပင် လုပ်ငန်းအားလုံး ပြီးဆုံးခဲ့
တော့သည်။ အေးရိပ်သာ တည်းခိုခန်းနှင့်
စားသောက်ဆိုင်ဟူသော ခန့်ထည်သည့်
ဆိုင်းဘုတ်ကြီးနှင့် စားစရာမျိုးစုံရသော
ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
ခရီးဝေးသွားသော ကားများ ၊ လိုအပ်သော
ဘရိတ်ဆီ၊ အင်ဂျင်ဝိုင်၊ စက်ဆီမျိုးစုံ၊ ကား
ပစ္စည်းမျိုးစုံ၊ လေထိုးကျွတ်ဖာကအစ၊ စက်
ပြင်သည်အထိ အလုပ်သမားလေးယောက်
နှင့် ဆိုင်ဖွင့်ပေးထားသည်။
အဝေးပြေးခရီးသည်တင်ကားဂိတ်သို့သွား
ပြီး လမ်းကြောင်းသင့်သော ကားလိုင်းမှ
ဒရိုင်ဘာနှင့် စပါယ်ယာများကို သွား၍
ကြော်ငြာဝင်ရသည်။
မည်ကဲ့သို့ စပွန်စာပေးမည့်အကြောင်း၊ အရင်
သွားပြီး စည်းရုံးရသည်။ အတော်များများ
စည်းရုံးခဲ့သော်လည်း ပထမ မယုံဝံ့၊ ယုံဝံ့နှင့်
ဝင်၍ နားကြသည်။ ဦးဘမြိုင်ကလည်း အ
ကောင်းဆုံး ဝန်ဆောင်မှု ပေးခဲ့သည်။ ဦးဘ
မြိုင်က တစ်လကို လေးခေါက်လာ၍ ပိုက်ဆံ
သိမ်းသည်။ လိုအပ်သမျှ မှာကြားစီစဉ်ပေး
သည်။ သရဲခြောက်လှန့်သည်ဆိုသော နေ
ရာကြီးက အနည်းအကျဉ်းသာ ခြောက်လှန့်
မှု ကြုံရပြီး ကြီးကြီးမားမား မကြုံရသေး။
အမှန်တော့ ခြံကြီးအတွင်းရှိ ဝိညာဉ်များက
စားနေသောက်နေရ၍ မခြောက်မလှန့်ခြင်း
များလား၊ စားသောက်ဆိုင်မှာ မကုန်၍ စွန့်
ပစ်ထားသော စားစရာလက်ကျန်များကို
အနီးနား အိမ်များက ညနေပိုင်း ဝက်စာအ
တွက် လာယူကြသည်။
ဝက်စာလာမယူခင် ဝိညာဉ်သရဲများက စိတ်တိုင်းကျ စားသောက်နိုင်ကြသည်။
သို့ကြောင့် ဝိညာဉ်သရဲများ မခြောက်လှန့်
ကြခြင်းလား မသိ။ စားသောက်ဆိုင်ဖွင့်ခဲ့
သည်မှာ နှစ်လခန့်ရှိပြီး အခြေအနေမဆိုးလှ။
အရောင်းအဝယ်လည်း ကောင်းလှသည်။
ကားလမ်းမပေါ် တိုယိုတာလီမီတက်ကား
တစ်စီး တရိပ်ရိပ်မောင်းလာနေသည်။အချိန်
က ခြောက်နာရီခွဲခန့်ရှိပြီ။ အေးရိပ်သာ၊ စား
ဖွယ်စုံဆိုင်အတွင်း ကားအဝင်မရှိသေး၍
လူက ပါးစပြုပြီး ဆိုင်အနီးမှာ ကားက စက်
ပျက်သလို ဖြစ်ကာ ထိုးရပ်သွားသည်။
“တောက်…ကားပျက်သွားပြီလား မသိဘူး၊
ရှေ့မှာ စားသောက်ဆိုင်နဲ့ဝပ်ရှော့ ရှိနေလို့
တော်သေးတယ်၊ ကဲ…မိန်းမ၊ လမ်းလျှောက်
ပြီး သွားကြမယ်၊ ဝပ်ရှော့ဆိုင်မှာ လူရှိရင်
တစ်ခါတည်း လာပြင်ခိုင်းလိုက်မယ်”
မကြာခင်မှာပင် ဝပ်ရှော့ဆိုင်မှ ကောင်လေးသုံးယောက် ကားကို လာတွန်းယူသွားသည်။ ဒီည
မိုးချုပ်နေပြီဖြစ်၍ နောက်နေ့မှ ပြင်ပေးမည်ဟု
ဆိုသည်။ သို့ကြောင့် ထိုဆိုင်မှာပင် တစ်ညတည်း
ခိုရတော့သည်။ သို့ကြောင့် တည်းခိုခန်း ရမရ
စုံစမ်းလိုက်သည်။
“ဒီအတိုင်းသွားရင် တည်းခိုခန်းအတွက် အခန်း
ငှားတဲ့ကောင်တာရှိတယ် အခန်းရရင် ရေချိုး
အနားယူပြီးမှ ညစာဆင်းစားလို့ရပါတယ်
အစားအသောက်ကို ညကိုးနာရီအထိ ရောင်းချ
ပေးပါတယ်”
လမ်းညွှန်သော ကောင်လေးစကားအဆုံး အခန်း
ငှားရန် ထွက်လာခဲ့သည်။ အပေါ်ထပ်မှာ နှစ်
ယောက်ခန်းတစ်ခန်း ငှားလိုက်သည်။ အခန်းခ
ရှင်းပြီး သော့တောင်းကာ၊ အပေါ်ထပ်သို့ တက်
သွားသည်။ အပေါ်ထပ်ရောက်တော့ အခန်းရှာ
ပြီး သော့ဖွင့်ကာ ဝင်လိုက်သည်။
“မဆိုးဘူး…သပ်သပ်ရပ်ရပ် ရှိသားပဲ”
အခန်းထဲနားပြီး ရေချိုးရန် ပြင်ကြသည်။
ရေသွားချိုးပြီးမှ…ထမင်းစားမယ်”
ရေချိုးရန် အဝတ်အစားများလဲပြီး ရေချိုးခန်း
သို့ ထွက်လာသည်။ ရေချိုးခန်းမှာ အမျိုးသားအ
ခန်း၊ အမျိုးသမီးအခန်း ခွဲထားသည်။ တစ်ယောက်
တစ်ခန်းဝင်ပြီး ရေချိုးလိုက်ကြသည်။
ရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်
ဆင်းပြီး ညစာစားကြသည်။ စားသောက်ပြီး
အခန်းသို့ ပြန်လာကာ အနားယူကြသည်။
ခဏကြာတော့ ဇနီးဖြစ်သူက အိပ်ပျော်သွားပြီ။
ယောက်ျားဖြစ်သူက စာဖတ်နေသည်။
ညဆယ့်တစ်နာရီခန့်အရောက်….
“ဒေါက်…ဒေါက်….ဒေါက်…”
ရုတ်တရက် တိတ်ဆိတ်သော အချိန် တံခါး
ခေါက်သံ ကျယ်လောင်စွာ ပေါ်လာသည်။
“ဘယ်သူ…လာနှောင့်ယှက်တာလဲ”
“ဘယ်သူပါလဲ”
အပြင်ကမဖြေ။
“ဒေါက်…ဒေါက်…ဒေါက်”
“ဘယ်သူလဲ”
အပြင်ကမဖြေ”
“ဒေါက်…ဒေါက်…ဒေါက်”
“ဘယ်သူလဲ”
အသံမပြု
“ပြသာနာပဲ…ဘာကြောင့်တံခါးခေါက်တာလဲ”
တံခါးမဖွင့်ဟု ဆုံးဖြတ်ထားပေမဲ့ မကြာခဏ
ခေါက်သံပေါ်လာသဖြင့် တံခါးဖွင့်လိုက်သည်။
“ကဲ…ဘယ်သူလဲ”
“ဟင်”
သူက စိတ်ပေါက်ပေါက်နှင့်၊ တံခါးကို ရုတ်တရက်
ဆွဲဖွင့်လိုက်သည်။ သူမျက်လုံးပြူးကျယ်သွား
သည်။
“ဟင်…ဘယ်သူမှလဲမရှိဘူး”
“ငါမူးနေတာမှ မဟုတ်ဘဲ…ဘယ်သူလာခေါက်
နေတာလဲ သရဲများလား”
တံခါးဖွင့်ပြီး အခန်းတွင်း ပြန်ဝင်မည် ခြေသံ
ကြား၍ လှည့်ကြည့်လိုက်ရာ…
“အား…အမယ်လေးဗျ…သ…သရဲကြီး”
တစ်ကိုယ်လုံး မီးလောင်ထားသကဲ့သို့ မည်း
ညစ်ပြီး အဖုအပိန့်များဖြင့် မျက်လုံးကြီးနှစ်
လုံးက ပြူးထွက်နေသည်။အနားမှ ဘွားခနဲ
တွေ့လိုက်သဖြင့် ကြောက်လန့်ပြီး အားကုန်
အော်လိုက်မိသည်။
“အား”
သူ့အော်သံကြောင့် အိပ်ပျော်နေသော ဇနီးက
နိုးသွားသည်။
“အစ်ကို အစ်ကို..ဘာဖြစ်တာလဲ”
အောက်ထပ်ကလည်း လူတစ်ယောက် ပြေး
တက်လာသည်။
“ဘာဖြစ်တာလဲ”
“မင်းတို့ အဆောင်မှာ သရဲရှိတယ်”
“ဟာ…မရှိပါဘူး”
“ရှိတယ် တစ်ကိုယ်လုံး မီးလောင်ထားတဲ့
သရဲကြီး မျက်လုံးကြီးနှစ်လုံး ပြူးထွက်နေ
တယ်၊ ဒီညတော့ အိပ်လို့မဖြစ်တော့ဘူး၊
ဒီအတိုင်းပဲထိုင်နေကြမယ်၊ ”
ထို့နောက် ထိုလင်မယားသည် တစ်ညလုံး
မအိပ်ဘဲ အခန်းထဲမှာ ထိုင်နေကြသည်။
မနက်သုံးနာရီကျော်မှ ပြန်အိပ်ပျော်သွား
ကြသည်။
နောက်နှစ်ရက်ခန့်အကြာ မိန်းခလေးနှစ်ယောက်
အသားတုံး ခုတ်ထစ်နေသည်။ အချိန်က
ညရှစ်နာရီခန့်ရှိပြီ။ နောက်နေ့အတွက်
ဟင်းချက်ထားရန် ပြင်နေခြင်းဖြစ်သည်။
ထိုစဉ် နောက်မှ ချိုးချိုးချွတ်ချွတ် အသံကြား
သဖြင့် လှည့်ကြည့်လိုက်ရာ…
“ဟင်…” “အမယ်လေး”
အသားတုံးများကို ကိုက်စားနေသော သရဲမျက်
နှာကြီးကို မြင်သဖြင့် ကြောက်လန့်စွာအော်ပြီး
ပျော့ခွေလဲကျသွားသည်။
“လာ…လာကြပါဦး….ဒီမှာ သ. ….သရဲကြီး”
ကျန်တစ်ယောက်က အားကုန်ထအော်သဖြင့်
သရဲကြီး ပျောက်သွားပြီး အသံကြား၍ လူများ
ရောက်လာသည်။ ထိုမိန်းခလေးကို အခန်းသို့
ခေါ်သွားပြီး သတိရအောင် ဝိုင်းဝန်းပြုစုပေး
ကြသည်။
“ဟင်…စောစောက နေရာမှာ ဟင်းအိုးပက်လက်
ကြီး..ကျန်ခဲ့တယ်၊ အမဲသားတုံးတွေ၊ စဉ့်တီတုံး
ပေါ်မှာ ဒီအတိုင်း ကျန်ခဲ့တယ်”
တစ်ယောက်ကသတိပေးလိုက်ရာ ယောက်ျား
သုံးယောက် ဆင်းပြီးသိမ်းရန် ထွက်သွားကြ
သည်။အိုးထဲမှာရော စဉ့်တီတုံးပေါ်မှာပါ အမဲ
သားတုံး မရှိတော့၊
“ဟင်…ဘယ်လိုဖြစ်တာလဲ၊ ဒီကိစ္စ ဒီအတိုင်း
နေလို့မဖြစ်ဘူး၊ သူဌေးကို ဖုန်းဆက်အကြောင်း
ကြားရမယ်၊ ဦးတင်မောင်နှင့် ဦးလေးခန့်က
သူဌေးကို ရှင်းပြဖို့ တာဝန်ယူ၊ ကျမတို့ပြော
ရင် ဆဲနေဦးမယ်၊ သူဌေးက သရဲရှိတယ်ဆို
တာ ယုံတာမဟုတ်ဘူး”
“အေး…အဖြစ်မှန်ကိုတော့ ပြောပြမှဖြစ်မယ်”
ဖုန်းဆက်အကြောင်းကြားသော်လည်း သူက
လာနေရက်မှ လာမည်ဟု အကြောင်းပြန်သည်။
ထိုရက်ပိုင်း အဆောင်မှာ ညအိပ်ညနေတည်းခို
မည့်သူမရှိသေး၍ တော်သေးသည်။ ဥိးဘမြိုင်
ထံ ဖုန်းဆက်ပြီး သုံးရက်နေ့မှ ရောက်လာခဲ့သည်။
သည်တစ်ခါတော့ တစ်ယောက်တည်းမလာ၊
အသက်အစိတ်ခန့်အမျိုးသမီးတစ်ယောက်
ပါလာသည်။ စားသောက်ဆိုင် စဖွင့်သည့်နေ့
က ဦးဘမြိုင်ဇနီးနှင့် မိသားစုပါလာသဖြင့်
ဆိုင်က ဝန်ထမ်းအားလုံး ဦးဘမြိုင်၏ဇနီးကို
သိကြသည်။
ယခုပါလာသော အမျိုးသမီးကို မမြင်ဘူးကြ၊
လုံးကြီးပေါက်လှဖြစ်သည်။ ဦးဘမြိုင်၏
အငယ်အနှောင်း ဖြစ်နိုင်သည်။
“ဟေ့ကောင်တွေ ဘာအထူးအဆန်းကြည့်နေ
တာလဲ ငါအခန်းကို ရှင်းထားလား”
“ဟုတ်ကဲ့ ရှင်းထားပါတယ်”
“ဒီအိတ်နှစ်လုံး ငါအခန်းမှာ သွားထားလိုက်ကြ”
ဦးဘမြိုင်တို့လည်း အခန်းသို့ မတက်သေးဘဲ
ဆိုင်တာဝန်ခံတို့နှင့် စကားထိုင်နေကြသည်။
အဖြစ်အပျက်များကို ပြောပြကြသည်။ထို့
နောက် အခန်းသို့ တက်လာပြီး ရေချိုးလိုက်
ကြသည်။ ရေချိုးပြီး တစ်အောင့်တနား
နားကာ ထမင်းဆင်းစားကြသည်။
ဦးဘမြိုင်က ထမင်းနည်းနည်းပဲ စားသည်။
အခန်းမှာ ဘီယာသောက်ရန် အသားကြော်
တစ်ပွဲ လာပို့ပေးဖို့ ပြောပြီး ပြန်တက်သွား
ကြသည်။ အချိန်က တဖြည်းဖြည်း ညဉ့်နက်
လာသည်။ညဆယ့်တစ်နာရီထိုးပြီ။
ဦးဘမြိုင် ဘီယာနှစ်ဘူးကုန်သွားပြီ၊ အတူပါသူ အမျိုးသမီးက အမြည်းအနည်းငယ်ဝင်စားပြီး
ကုတင်ပေါ်တက်ကာ ဖုန်းတစ်လုံးနှင့် အလုပ်
ရှုပ်နေသည်။ ထိုစဉ် အဆောင်အမိုးပေါ်မှနေ၍
တဝုန်းဝုန်း တဒိုင်းဒိုင်းအသံများ ပေါ်ထွက်
လာသည်။ အသံက တိုးတိုးတိတ်တိတ်မဟုတ်၊
ဝုန်းဒိုင်းကြဲနေသည်။
“ဟား…ဟား…ဟား”
ရယ်မောသံကြီး ထွက်ပေါ်လာပြီး၊ အဆောင်
ကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ အခန်းတွင်း
ရှိ ဘီရိုများ မီးအုပ်များ၊ အဝတ်အစားများ
အိတ်များ ဖရိုဖရဲဖြစ်ကာ ဗြောင်းဆန်နေသည်။
လိုက်ကာများ ခန်းဆီးများ လေမတိုးပါဘဲ
လေမှာ လွင့်မြောနေသည်။ ကုတင်ပေါ်မှာ
ဂိမ်းကစားနေသော ဦးဘမြိုင်နှင့်အတူပါလာ
သော ခိုင်မျိုးပိုင်ဆိုသည့် အမျိုးသမီးလည်း
ရုတ်တရက် လန့်ကာ ထအော်ပါတော့သည်။
ထိုစဉ် စားသောက်ဆိုင် အတွင်းမှာလည်း
အိုးခွက်၊ ပန်းကန်များ ကျသံကွဲသံများ
ဆူညံစွာ ဖြစ်ပေါ်နေသည်။
“ဒုက္ခပါပဲ…ငါ့ပစ္စည်းတွေ ဖျက်ဆီးခံနေရပြီ”
“ဘာ…ဘာဖြစ်တာလဲ… သ…သရဲခြောက်
တာလား”
“မသိပါဘူး…အသံတွေတော့ ဆူညံနေတာပဲ”
“ဟား…ဟား…ဟား….”
“အမယ်လေး..အမိုးပေါ်က ရယ်သံကြီး”
“မကြောက်စမ်းပါနဲ့ ခိုင်လေးရာ ကိုယ်ရှိပါတယ်”
အောက်မှာလည်း အလုပ်သမားလေးတွေ
ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။
“ကိုကြီးရဲ့ဆိုင်ကို ဘယ်သူတွေ လာဖျက်ဆီး
နေတာလဲ”
“နေစမ်းပါခိုင်လေးရာ စိတ်ရှုပ်ရတဲ့အထဲ”
ထိုစဉ် ကောင်လေးတစ်ယောက် အပေါ်ပြေး
တက်လာသည်။
“သူဌေး…သရဲတွေ…တစ်ဆိုင်လုံးအပြည့်ပဲ”
“မင်းက…မြင်ရလို့လား”
“မမြင်ရဘူး…ဒါပေမဲ့ အောက်ဆင်းပြီး လာ
ကြည့်ပါဦး..နေရာအနှံ့ရှိသမျှ ဖျက်ဆီးနေ
တယ်၊ အကောင်အထည်လိုက် မမြင်ရမဲ့
ရိပ်ခနဲ ရိပ်ခနဲ မည်းမည်းတွေ လှုပ်ရှားနေ
တာမှ…တစ်ဆိုင်လုံးပဲ”
“လာ… အောက်ဆင်းမယ်”
“မလိုက်ရဲဘူး”
“ကိုယ်တစ်ယောက်လုံး ရှိပါသေးတယ်”
ဦးဘမြိုင်လည်း ခိုင်မျိုးပိုင်အားခေါ်ပြီး
လာခေါ်သော ကောင်လေးနှင့်အတူ အောက်
သို့ဆင်းလာခဲ့သည်။ သရဲ မရှိဟု အမြဲတမ်း
ငြင်းဆိုနေသော ဦးဘမြိုင် နဖူးတွေ့၊ ဒူးတွေ့
ကြုံရပြီဖြစ်သည်။
နောက်နေ့မနက်ပိုင်း မုန့်ဟင်းခါးရောင်းချရန်
မီးဖိုပေါ်တင်ထားသော ငါးပြုတ်အိုးကြီး
အောက်မှာမှောက်နေသည်။ ရေခဲသေတ္တာ
ကြီးလည်း အောက်သို့မှောက်လျက် လဲကျ
နေပြီး၊ အအေးပုလင်းများလည်း ကျကွဲနေသည်။
“ဟား…ဟား.. ဟား”
ထိုစဉ် အမှောင်ကျနေသော အခန်းဘက်ဆီမှ
ရယ်သံကြီးထွက်လာသည်။ ရယ်သံကြီး ရပ်သွား
သည်နှင့် အလုပ်သမားအဖွဲ့မှ အဒေါ်ကြီးတစ်
ယောက် မျက်နှာကြီးမဲ့ပြီး၊ ရန်လိုမုန်းတီးသော
အမူအရာနှင့် တုန်တုန်ရီရီ ဖြစ်သည်ကို
အားလုံးတွေ့လိုက်သည်။
“ဟင်…ဒေါ်တင်ရီပါလား ဘယ်လိုဖြစ်တာလဲ”
“ဟား…ဟား…ဟား”
“ဒေါ်တင်ရီ ဒေါ်တင်ရီ…ဘာဖြစ်တာလဲ”
“ဟား…ဟား…ဟား…ငါ…ဒေါ်တင်ရီမဟုတ်
ဘူးကွ…ငါ….ဒီခြံကြီးမှာနေတဲ့ တစ္ဆေမှတ်ကြီး
ပဲ၊ ငါနဲ့အတူ မကျွတ်မလွတ်သေးတဲ့ တစ္ဆေ
ငါးကောင် ရှိသေးတယ်ကွ၊ မင်းက ငါတို့နေ
တဲ့နေရာတွေကိုလည်း ဖျက်ဆီးခိုင်းခဲ့တယ်
ငါတို့နေတဲ့ သစ်ပင်ကြီးတွေ ခုတ်ရှင်းပြီး ဆိုင်
တွေ လာဆောက်တယ် ငါတို့ မကျေနပ်ဘူးကွ၊
အားလုံးဖျက်ဆီးပစ်မယ်”
“ဟေ့ကောင် …မင်းက.. ငါတို့ရှိနေတာကို
မယုံဘူး ဟုတ်လား”
ဒေါ်တင်ရီမှာ ဝင်ပူးကပ်နေသော သရဲမှတ်ကြီး
က လက်ဆန့်တန်းလိုက်သည်။ ဦးဘမြိုင်ဘေး
က ကြောက်ကြောက်လန့်လန့်နှင့် ကပ်ပြီးရပ်နေ
သော ခိုင်မျိုးပိုင် လေထဲသို့ ငါးပေခန့်မြောက်တက်
သွားသည်။ ဒေါ်တင်ရီမှာ ဝင်ပူးကပ်နေသော
တစ္ဆေက၊လက်ကိုအရှေ့ဘက်သို့လှည့်ပြီး
ထိုးလိုက်ရာ ခိုင်မျိုးပိုင် လေထဲမှ အရှေ့ဘက်သို့
လွင့်မြောသွားသည်။
“မလုပ်ပါနဲ့ ကြောက်ပါပြီ”
“ကယ်ကြပါဦး”
ခိုင်မျိုးပိုင် ကြောက်လန့်စွာ အော်ဟစ်နေသည်။
ထို့နောက် လက်ကိုအောက်သို့ စိုက်ချလိုက်ရာ
လေထဲလွင့်မြောနေသော ခိုင်မျိုးပိုင် တဖြည်း
ဖြည်းနိမ့်သွားပြီး ကြမ်းပြင်သို့ ပြန်ကျလာမှ
အကြောက်လွန်ပြီး သတိမေ့သွားသည်။
“ဟား…ဟား…ဟား….”
အားရပါးရအော်ရယ်ပြီး လက်ကို ဝေ့လိုက်ပြန်
ရာ စားပွဲပေါ်မှာ သိမ်းထားသော ဓာတ်ဗူးအချို့
ကြမ်းပြင်ပေါ် လွင့်စင်ကျကွဲကုန်သည်။
“ဘယ်လိုလဲ…ဒီခြံကြီးထဲမှာ ငါတို့ရှိတယ်ဆိုတာ
ယုံပြီလား”
“ယုံ…ယုံပါပြီ”
“ယုံပြီဆိုရင် ငါတို့နေဖို့အတွက် စီစဉ်ပေးရမယ် မင်း…မယုံလို့ ဒီအတိုင်းပဲ ထားဦးမယ်ဆိုရင်
ဒီမြေ ဒီနေရာဟာ မြေကြမ်း နေရာကြမ်းအဖြစ်
အမြဲရှိနေမှာပဲ၊ ဒီခြံကြီးထဲမှာ မင်းဝယ်ပြီးမှ
အစိမ်းသေ သေခဲ့ရတဲ့ဝိညာဉ်တွေလည်း ရှိ
နေသေးတယ်၊ မင်းရဲ့အတ္တကြောင့် သေတဲ့
ဝိညာဉ်တွေရဲ့ မိသားစုတွေလည်း အသုဘ
စရိတ်ပေးပြီးပေမဲ့ စားဝတ်နေရေးအတွက်
မထောက်ပံ့ဘူး၊ မင်းကြောင့် အခြေအနေ
ပျက်သွားတဲ့ ဝိညာဉ်တစ္တေတွေကိုလည်း
နေရာအစား ပြန်မပေးဘဲ ဒီအတိုင်းထားခဲ့
တယ် ငါတို့အားလုံး မင်းဆိုင်မှာ ကြုံသလို
နေပြီး စားစရာတွေ ယူစားမိခဲ့တယ်၊ ဒီအဖြစ်
တွေ မမြင်ချင်ဘူးဆိုရင် မင်းရဲ့မာနနဲ့ မယုံ
ကြည်ဘူးဆိုတဲ့ စိတ်ကို ပြင်ရမယ်”
“ဟုတ်ကဲ့…ပြင်ပါ့မယ် ဖြစ်ချင်တာပြောပါ”
“ငါတို့လွတ်လွတ်လပ်လပ် နေလို့ရအောင်
ဒီခြံအပြင်မှာ ဖြစ်ဖြစ်၊ ကားလမ်းဘေးဖြစ်
ဖြစ်၊ ငါတို့နေဖို့ သစ်ပင်အစား ပြန်စိုက်
ပေးရမယ်၊
အပင်ကြီးမျိုး နှစ်ပေအရွယ်ကနေ ငါးပေ
လောက် အပင်ဆိုရတယ်၊ စိုက်ပေးရမှာက
ခြောက်ပင် စိုက်ရမယ်၊ စိုက်မယ်ဆိုတဲ့နေ့
ငါတို့ကို အသိပေးပြီးမှ စိုက်ရမယ်။
ငါတို့ကို အသိမပေးဘဲ စိုက်ရင် နေရာဝင်ဦး
မယ့်ကောင်တွေရှိတယ် မှတ်ထားပါ။ ပြီးရင်
ကျွတ်ချင်လွတ်ချင်တဲ့ ဝိညာဉ်တွေ ကျွတ်
ရအောင် ဘုန်းကြီးပင့်ပြီး အလှူဒါန ပြုလုပ်
ပြီး အမျှဝေပေးပါ…
ဝိညာဉ်တစ္ဆေသရဲတွေ မင်းရဲ့အနီးပတ်ဝန်း
ကျင်မှာ ရှိနိုင်တယ်ဆိုတာ ယုံကြည်ပြီး
စေတနာသန့်သန့်နဲ့ နေရာဖန်တီးပေး အလှူ
ဒါနပြုလုပ်ပေး သေသူတွေရဲ့ မိသားစုတွေကို
တတ်အားသရွေ့ထောက်ပံ့ပေးလိုက်ရင်
မင်းရဲ့စီးပွားရေး ပြန်ကောင်းပြီး မင်းကို
ဝိုင်းစောင့်ရှောက်ပေးကြလိမ့်မယ်
အဲဒီလို လုပ်ပေးလိုက်ရင် ခြောက်လှန့်နှောင့်
ယှက်ခြင်း မပြုတော့ဘူးဆိုတာ ငါအသေအ
ချာ ပြောခဲ့တယ်”
“ဒါဆို အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်”
ထိုသို့ ပြောလိုက်ပြီးသည့်နှင့် တစ္ဆေမှတ်ကြီး
ထွက်သွားသည့်အတွက် ဒေါ်တင်ရီကြမ်းပြင်
ပေါ်…လဲကျသတိမေ့သွားသည်။
ဒေါ်တင်ရီက စားသောက်ဆိုင်မှာ ဟင်းမျိုးစုံ
ချက်ရန် တာဝန်ယူထားသူဖြစ်သည်။ဟင်း
ချက်လက်ရာ ကောင်းလှသည်။
သတိမေ့နေသော ခိုင်မျိုးပိုင် သတိပြန်ရသလို
ဒေါ်တင်ရီကိုလည်း သတိရအောင် ဝိုင်းပြုစု
နေကြသည်။ သို့ဖြင့် တစ္ဆေမှတ်ကြီး ပြောသွား
သည့်အတိုင်း ပျိုးပင်ခြံမှ သစ်ပင်များ ဝယ်ယူ
၍ ကားလမ်းဘေးမှာ အသိပေးပြီး စိုက်ထား
လိုက်သည်။
ထို့နောက် ဘုန်းကြီးငါးပါးပင့်ပြီး အလှူတစ်ခု
လုပ်ကာ မကျွတ်မလွတ်သေးသော ဝိညာဉ်
တစ္ဆေများဟာ အမျှဝေပြီး သာဓုခေါ်စေလိုက်
သည်။
ထိုသို့ ပြုလုပ်ပေးပြီးနောက် အားလုံးစိတ်ထဲ
ပေါ့ပါးသွားသည်။ စားသောက်ဆိုင်အတွင်း
နေထိုင်ကြရသော ဝိညာဉ်များ၏ ဝိုးတဝါး
ပုံရိပ်များလည်း မတွေ့ရတော့ပေ။
ခြောက်လှန့်မှုများလည်း မရှိတော့ချေ။
(ပြီးပါပြီ)
#မူရင်းရေးသူ ဆရာ ဧကန်မင်း
Like & share လေးလုပ်သွားကြပါဦး
မဖဲဝါနဲ့သရဲရွာသခင်မ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။
Zawgyi Version
“ေျမၾကမ္း”(စ/ဆုံး)
———————-
ဦးဘၿမိဳင္ အလြန္ေပ်ာ္ေနသည္။ ကားလမ္း
ေဘး ေျမႏွစ္ဧက အက်ယ္ရွိ ၿခံကြက္လပ္
ႀကီးကို ေအာက္ေစ်းႏွင့္ရလိုက္သည္။ ထို
ေနရာက ကားလမ္းဆုံႏွင့္လည္း နီးသည္။
အဓိကလမ္းမကို မ်က္ႏွာစာျပဳ၍ စီးပြား
ေရးလုပ္လွ်င္ အလြန္ေကာင္းႏိုင္သည္ဟု
တြက္မိ၍ ေျမလြတ္ႀကီးကို စုံစမ္းၿပီး ေရာင္း
မည္ဆိုသျဖင့္ ဝယ္လိုက္ျခင္းျဖစ္သည္။
ေငြေခ်မည့္ေန႔က အေရာင္းအဝယ္တာဝန္ယူ
ထားရသည့္လူႀကီးမ်ား၊ ရပ္႐ြာလူႀကီးမ်ားႏွင့္
႐ြာ၏႐ုံးမွာ ဆုံၾကသည္။ ထိုအထဲမွ အသက္
ခုႏွစ္ဆယ္ခန္႔ရွိေသာ ဦးၿပဳံးဆိုသည့္လူႀကီး
က ဦးဘၿမိဳင္အား…
“ငါ့တူက ဦးေလးတို႔႐ြာမွာ စီးပြားေရးလာလုပ္
မယ္ဆိုလို႔ ဝမ္းသာပါတယ္။ ႐ြာနဲ႔ကားလမ္း
ေဘးမွာ ဆိုင္ႀကီးကႏၷားႀကီး မရွိေတာ့ ႐ြာမ
စည္ဘူးေပါ့၊ အခုလို ဆိုင္ႀကီးလာဖြင့္မယ္ဆို
ရင္ ႐ြာလည္း တင့္တယ္လာမယ္၊ အျခား
ဆိုင္ေတြလည္း လာဖြင့္လာမယ္ဆိုရင္ စည္
ကားလာမွာ အမွန္ပါပဲ”
ထိုစဥ္ သက္ေသလိုက္ေပးေသာ လူႀကီးတစ္
ေယာက္က
“ငါ့တူ ပိုက္ဆံရွိလို႔ စီးပြားေရးလုပ္ေတာ့
ဟုတ္ပါၿပီ ေဗဒင္ေလး ဘာေလး ေမးျမန္း
မၾကည့္ဘူးလား”
“ဗ်ာ…ေဗဒင္ေမးျမန္းၾကည့္ရမယ္ဟုတ္လား”
“ဒီလိုကြဲ႕ ေရွ႕ထုံးလည္းမပယ္သင့္တာ မပယ္
ရဘူး၊စီးပြားေရးလုပ္ေတာ့မယ္ဆို ဒီေျမ၊ ဒီ
ေနရာ၊ ဒီေဒသမွာ စီးပြားေရးလုပ္သင့္ မလုပ္
သင့္၊ အတိုက္အခိုက္ ရွိ မရွိ၊ ေျမက သင့္
လား၊ မသင့္ဘူးလား၊ ခိုက္လား မခိုက္ဘူး
လား…ယုံတယ္ဆိုရင္ ေမးၾကည့္သင့္တယ္၊
မယုံဘူးဆိုရင္ေတာ့ မတိုက္တြန္းပါဘူး”
“ဘာေၾကာင့္ပါလဲခင္ဗ်ာ၊ ဒီေျမကတစ္ခု
ခု ျဖစ္ေနလို႔လား”
“ဒီအေရာင္းအဝယ္ကိစၥကလည္း ေျမပိုင္ရွင္
က အေဝးမွာ ဒီ႐ြာက ဦးတင္ထြန္းကို အၿပီး
ေစ်းေျပာၿပီး လႊဲေပးထားခဲ့တာ၊ ေရာင္းရ၊
မေရာင္းရ အေၾကာင္းမဟုတ္ဘူး၊ အေရာင္း
အဝယ္ျဖစ္ရင္ ေျမပိုင္ရွင္က ေရာင္းရေငြ
ယူၿပီး ေပ်ာက္သြားမွာ၊ ဝယ္လိုက္တဲ့လူက
ဦးေလးတို႔နဲ႔အတူ ႐ြာမွာရွိမွာ၊ ဒါေၾကာင့္
ဒီေျမအေၾကာင္း သိထားပါလ်က္နဲ႔ တြန္း
ၿပီးေရာင္းလိုက္တယ္လို႔ အထင္မခံခ်င္ဘူး
ဦးေလးတို႔က အၿမဲရင္ဆိုင္ႀကဳံေတြ႕ရမယ့္
ငါ့တူႀကီးနဲ႔ ေနာင္ဆုံရင္ လိပ္ျပာသန္႔ခ်င္
တယ္”
“ဒီေတာ့..က်ေတာ့္ကို ဒီၿခံႀကီးအေၾကာင္း
ပြင့္ပြင့္လင္းလင္း ေျပာျပပါလား”
“ေအး…ေျပာျပမယ္၊ ဒီၿခံႀကီးမွာ အဘငယ္
စဥ္က ေျမပိုင္ရွင္ ခ်စ္တီးကုလားတစ္ေယာက္
ပိုင္ပဲ၊ သူႀကီးေခတ္အထိ လူေတြအေပၚ ကုပ္
ေသြးစုပ္ေနတယ္ေပါ့ကြယ္၊ တစ္ည သူ႔မိသား
စုကို ဓားျမေတြ အကုန္သတ္သြားတယ္။လူ
မရွိေတာ့တဲ့ အိမ္ႀကီးမွာ ခ်စ္တီးႀကီးရဲ႕အမ်ိဳး
ေတာ္တယ္ဆိုတဲ့ ကုလားကျပားမိသားစုငါး
ေယာက္ လာေနထိုင္ၾကတယ္ ေအး လြန္ခဲ့တဲ့
ႏွစ္သုံးဆယ္ေလာက္က ဘာေၾကာင့္မွန္းမသိ
ဘူး အိမ္ႀကီးမီးေလာင္သြားတယ္။
အိမ္ထဲမွာ ရွိတဲ့လူေတြ အကုန္ပါသြားတယ္။
ေနာက္ပိုင္း မီးေလာင္ထားတဲ့အိမ္ႀကီးကို
ဖ်က္လို႔ အျခား႐ြာက သူေဌးတစ္ေယာက္
ၿခံဝယ္ၿပီး..စပါးႀကိတ္စက္ အေသးတစ္လုံး
ေဆာက္မယ့္အစီအစဥ္နဲ႔ အလုပ္သမားေတြ
နဲ႔ ေရာက္လာတယ္။
အေဆာက္အဦးေဆာက္ေနရင္း တစ္ေယာက္
က ပိုးထိလို႔ ၊တစ္ေယာက္က တိုင္ထူရင္း
တိုင္ပိလို႔ ႏွစ္ေယာက္ေသသြားတယ္။မၾကာ
ပါဘူး…အေဆာက္ဦးေဆာက္မယ့္ပစၥည္း
ေတြ လာျပန္သယ္သြားတယ္။
အဲဒီေနာက္ပိုင္း လူႏွစ္ဦး လက္ေျပာင္းလက္
လႊဲ ေရာင္းဝယ္ေသးတယ္။ ေနာက္ဆုံးပိုင္တဲ့
လူက ဒီ႐ြာက ဦးတင္ထြန္းကို ေျမဂရံနဲ႔ အ
ေရာင္းအဝယ္ျဖစ္ေအာင္ေတာ့ မတိုက္တြန္း
ခ်င္ဘူး၊ အခု လက္မွတ္ထိုးဖို႔ပဲ က်န္ေတာ့
တာ…ငါ့တူ သိထားသင့္လို႔ ဦးေလးတို႔ေျပာ
ျပတာပဲ”
“က်ေတာ့္ကို အခုလို ေျပာျပတဲ့အတြက္ ေက်း
ဇူးတင္ပါတယ္၊ ဒါေပမဲ့ က်ေတာ္က ဒီအယူ
အဆေတြ အယုံအၾကည္မရွိဘူး”
“ေအးေလ..စီးပြားရွာတယ္ဆိုတာကလည္း
လက္တြန္႔ေနလို႔ မျဖစ္ဘူးမွတ္လား၊ ေၾကာက္
ရင္လြဲ၊ ရဲလွ်င္မင္းျဖစ္ဆိုတဲ့စကား ငါ့တူႀကီး
က လက္ကိုင္ထားတယ္ေပါ့ ငါတူပိုက္ဆံရွိ
လို႔ကေတာ့ လုပ္ခ်င္သလိုသာ စိတ္တိုင္းက်
လုပ္…ဦးတို႔႐ြာကလည္း ေစာင့္ေရွာက္ေပး
မယ္”
သို႔ျဖင့္ ၿခံအေရာင္းအဝယ္ကိစၥ ၿပီးသြားသည္။
“ဦးေလးတို႔ကို က်ေနာ္အကူအညီေတာင္း
ခ်င္ပါတယ္၊ အခုၿခံႀကီးထဲမွာ ကုကၠိဳပင္ႀကီး
ေတြအပါအဝင္ အပင္ႀကီး ဆယ္ပင္ေလာက္
ရွိမယ္၊ သရက္ပင္၊ အုန္းပင္နဲ႔အပင္ေသးေတြ
ကလည္း ေတာ္ေတာ္ေလး စိုက္ထားတယ္”
“ဒါေတာင္ ဆန္စက္ေနရာမွာ သစ္ပင္ေတြ
ခုတ္လိုက္လို႔”
“က်ေတာ္လုပ္ခ်င္တဲ့ဆႏၵက တစ္ၿခံလုံး ရွင္း
ပစ္မွာ၊ မ်က္ႏွာစာထားၿပီး ၿခံသုံးဘက္လုံး
အုတ္နံရံခတ္လိုက္မွာ၊ ဒါေၾကာင့္ သစ္ပင္
မွန္သမွ် အျမစ္ကပါ တူးထုတ္ပစ္ခ်င္တယ္”
“ဒီေတာ့…ဦးတို႔ဘာလုပ္ေပးရမလဲ”
“ဒီ႐ြာက…သစ္ခုတ္ႏိုင္တဲ့လူ ငါးေယာက္,
ေျခာက္ေယာက္ေလာက္ ပင္တိုင္ရွာေပးပါ၊ လုပ္အားခေပးပါ့မယ္၊ ၿပီးေတာ့ အပင္ေသး
ေတြကို ႐ြာသားေတြ ထင္းလိုခ်င္တဲ့လူေတြ
အလကားလာခုတ္ယူဖို႔ ေျပာေပးပါ၊ ၿခံထဲ
က သစ္ပင္မွန္သမွ် ကုန္သြားဖို႔ပဲ”
“ေအး…တို႔႐ြာက ခ်က္ေရးျပဳတ္ေရး ထင္း
ကိုသုံးေနတာဆိုေတာ့ မင္းၿခံမၾကာခင္
ေျပာင္သလင္းခါသြားေစရမယ္”
ဦးဘၿမိဳင္လည္း ၿခံရွင္းရန္ လူႀကီးမ်ားကို
တာဝန္ေပးအပ္ၿပီး ရန္ကုန္သို႔ ျပန္သြားေတာ့
သည္။ပိုင္ရွင္ျဖစ္သူက ခြင့္ျပဳခ်က္ေပးသြား
သျဖင့္ ထင္းလိုသူမ်ား၊ အပင္လွဲသူမ်ား၊
အေျပာင္ရွင္းစနစ္မ်ိဳးျဖင့္ အပင္ခုတ္ အျမစ္
တူးၿပီး စည္ကားေနေတာ့သည္။
အပင္ႀကီးမ်ားကိုေတာ့ လုပ္အားခရွင္းစနစ္ႏွင့္
လူငါးေယာက္ ငွားၿပီး ခုတ္ခိုင္းထားသည္။တ
တိယေျမာက္ေန႔မွာ အျမစ္ကိုတူးဆြေနသူတစ္
ေယာက္ ေႁမြဆိုးတစ္ေကာင္ တြင္းမွ ထြက္လာ
ၿပီး လက္ခြၾကားကို ေပါက္လိုက္သည္။မၾကာ
ခင္မွာပင္ ေဆး႐ုံမေရာက္လိုက္ဘဲ ထိုလူ
ေသဆုံးသြားသည္။
လူေသသည့္သတင္းေၾကာင့္ သစ္ပင္ခုတ္သူ
မ်ားအနည္းငယ္ လက္႐ြံ႕သြားသည္။ လက္ခ
စားႏွင့္ ခုတ္သူမ်ားသာ ပုံမွန္လုပ္ငန္းခြင္ ဝင္
ေနသည္။ ယခု ကုကၠိဳပင္ႀကီးမွ အကိုင္းမ်ား
ကို တက္ၿပီး ခုတ္ခ်ေနသည္။
အခ်ိဳ႕က ကုကၠိဳပင္ႀကီးကို မခုတ္ေသးဘဲ အ
ျမစ္ႀကီးမ်ားကို တူးထုတ္ေနသည္။ ပတ္ပတ္
လည္ အျမစ္မ်ားၾကားမွ ေျမႀကီးမ်ားကို တူး
ထုတ္ေနသည္။ အပင္ႀကီးက လႈပ္ပင္မလႈပ္
ေသး။ သို႔ေၾကာင့္ အပင္အကိုင္းအခက္ အ
ေလးခ်ိန္ႏွင့္ ေကာ္ၿပီး လဲက်သြားရန္ အျမစ္
ပတ္ပတ္လည္ေျမႀကီးမ်ားကို ရႏိုင္သမွ်
တူးထုတ္ေနသည္။
ကြၽိ….ကြၽိ….
မထင္မွတ္ဘဲ ေလမတိုးပါဘဲ အပင္ႀကီး တကြၽိ
ကြၽိအသံျမည္ကာ အျမစ္မ်ား ေျမေပၚႂကြတက္
လာၿပီး….
“ဝုန္း” “အား”
သစ္ပင္ႀကီး အျမစ္မွေကာ္ၿပီး လဲက်သြားသလို
အျမစ္ၾကားမွ ေျမႀကီးတူးေနေသာ ႐ြာသားတစ္
ေယာက္အေပၚသို႔ ေျမာက္တက္သြားသည္ႏွင့္အ
တူ နာက်င္စြာ ေအာ္လိုက္ေသာ အသံႀကီး ထြက္
ေပၚလာသည္။
“ဟာ..လာၾကပါဦး..ကိုက်င္ေမာင္ သစ္ျမစ္ငုတ္
စူးသြားလို႔ လာၾကပါဦး”
သစ္ျမစ္ငုတ္က ကိုက်င္ေမာင္ဆိုသူ၏ ဗိုက္ကို
ေဖာက္ဝင္သြားသည္။ မည္ကဲ့သို႔ သစ္ငုတ္ကို
ဆြဲထုတ္ရမည္ စဥ္းစားၾကစဥ္မွာပင္ ကိုက်င္
ေမာင္ အသက္ထြက္သြားေတာ့သည္။
“ဟာ…တစ္ေန႔က ေႁမြကိုက္လို႔ တစ္ေယာက္
ေသတယ္ ဒီေန႔ တစ္ေယာက္ေသသြားျပန္ၿပီ”
ၿခံရွင္းရာ လူႏွစ္ေယာက္ေသသြားသျဖင့္ ၿခံ
ရွင္းသည့္ကိစၥကို ခဏရပ္ၿပီး ၿခံရွင္းဦးဘၿမိဳင္
ထံ အေၾကာင္းၾကားလိုက္သည္။ ဦးဘၿမိဳင္
ေရာက္လာေတာ့ ႐ြာလူႀကီးႏွစ္ေယာက္ခန္႔
ပါလာသည္။ ထို႔ေနာက္ေတာ့ ၿခံရွင္လာၾကည့္
႐ုံႏွင့္ ၿပီးသြားသည္။
ေသသြားသူမိသားစုမ်ားကိုလည္း ေငြေၾကး
အနည္းငယ္ ေထာက္ပံ့ေပးၿပီးျပန္သြားသည္။
အပင္ႀကီး အနည္းငယ္က်န္ေသးသျဖင့္
ပုတ္ျပတ္ခုတ္ရွင္းရန္ လူေလးေယာက္တာ
ဝန္ယူၿပီး ပိုက္ဆံယူထားၾကသည္။ ျပႆနာ
က ထိုမွ်ႏွင့္ ၿပီးၿပီထင္ေသာ္လည္း မၿပီးေသး။
ပိုက္ဆံယူထားလိုက္သူ လူေလးေယာက္တို႔ ည
ဘက္ အိပ္မက္ဆိုးမ်ားမက္သည္ဟု ဆိုလာသည္။
တစ္ေယာက္က အိပ္မက္အေတာ္ၾကမ္းသည္ဟု
ဆိုသည္။ၿခံထဲက မထြက္သြားဘဲ သစ္ပင္ေတြ
ဆက္ခုတ္ေနဦးမည္ဆိုလွ်င္ အေသသတ္မည္
ဟု အဘြားႀကီးတစ္ေယာက္က ႀကိမ္းဝါးေနသည္
ဟု ဆိုသည္။ တစ္ေယာက္ကေတာ့ ငါေနတဲ့အ
ပင္ကို ခုတ္တဲ့ေန႔ မင္းေသတဲ့ေန႔ဟု သရဲႀကီး
တစ္ေကာင္က ေျပာသြားသည္ဟုဆိုသည္။
ေနာက္ေန႔ ၿခံထဲေရာက္လာၿပီး အိပ္မက္မ်ားကို
ေျပာျပၾကသည္။
“ကဲ.. ခင္ဗ်ားတို႔ အိပ္မက္ကိုေၾကာက္ရင္လည္း
မလုပ္နဲ႔ က်ဳပ္ကေတာ့ ပိုက္ဆံယူၿပီး သုံးၿပီးၿပီ၊
ခုတ္ရေတာ့မွာပဲ”
“ဒါဆိုလည္း ေတာင္းပန္ေျပာဆိုၿပီးမွ ခုတ္ၾက
တာေပါ့”
“က်ဳပ္ကေတာ့ ပိုက္ဆံျပန္ေလ်ာ္ေပးမယ္
မခုတ္ေတာ့ဘူး…ျပန္မယ္”
သို႔ျဖင့္ သုံးေယာက္သား ဆက္ၿပီးရွင္းၾကေတာ့
သည္။ တစ္ရက္ၿပီးတစ္ရက္ သစ္ပင္ႀကီးမ်ား
ရွင္းခဲ့ရာ ေနာက္ဆုံးအပင္ႀကီးတစ္ပင္သာ
က်န္ေတာ့သည္။ လုပ္ေနက်အတိုင္း ေျမႀကီး
မ်ားကို အပင္ရင္းမွ တူးထုတ္လိုက္သည္။
ညေနပိုင္းအေရာက္ အပင္ႀကီး၏အျမစ္မ်ား
အေတာ္တူးထားသျဖင့္ ေလတိုက္သည့္အခါ
တကြၽိကြၽိႏွင့္ လႈပ္လာသည္။
“ဘယ္လိုလုပ္မလဲ မနက္ျဖန္မွ ျပန္လာၿပီး လုပ္
ၾကမလား၊ ဆက္လုပ္မလား…အပင္လဲေအာင္
လုပ္ၿပီးမွ မနက္ျဖန္ လာရွင္းတာ ေကာင္းမယ္
ထင္တယ္”
“ဒါဆိုလည္း နာရီဝက္ေလာက္ ဆက္တူးလိုက္
ၾကတာေပါ့”
သုံးေယာက္သား ေပါက္ျပားကိုယ္စီ၊ တူ႐ြင္း
ျပားကိုယ္စီႏွင့္ တူးဆြျခင္းကို ဆက္လုပ္ေန
ၾကသည္။ သူတို႔တူး၍ မၾကာခင္မွာပင္ သစ္
ပင္ႀကီး အေလးခ်ိန္ႏွင့္ ဝုန္းခနဲအလဲ အျမစ္
မ်ားအေပၚကို လန္ထြက္သြားသည္။
အျမစ္တစ္ေခ်ာင္းက ဦးလြန္းႂကြယ္ကို ႐ိုက္
ၿပီး ထြက္သြားသလို သစ္ပင္လဲေသာဘက္မွ
ကိုစိန္ပုလည္း ေနာက္ဘက္သို႔ ခုန္အထြက္
ကုကၠိဳပင္က လူေပၚလဲက်သြားသည္။ ေသြး
ပ်က္မတတ္ ေအာ္သံမ်ားက ညေနခ်မ္းအ
ခ်ိန္ ေခ်ာက္ခ်ားဖြယ္ ထြက္ေပၚလာသည္။
ကိုစိန္ပု ေနရာမွာပင္ အသက္ေပ်ာက္သြား
သည္။ ဦးလြန္းႂကြယ္က လက္ေခ်ာင္းတစ္
ေခ်ာင္း လက္ေမာင္းရင္းမွ က်ိဳးထြက္သြား
သည္။ ၿခံႀကီး ရွင္းလင္းၿပီးသြားခ်ိန္မွာ လူ
သုံးေယာက္ အသက္စေတးလိုက္ရၿပီး၊ လူ
တစ္ေယာက္က ဒုကၡိတဘဝ ေရာက္သြားခဲ့
ရသည္။ အစိမ္းေသ ေသသြားခဲ့ၾကေသာ
ထိုလူမ်ား၏ဝိညာဥ္တို႔လည္း ၿခံႀကီးထဲမွာ
ရွိေနႏိုင္သည္။
ကာယကံရွင္မိသားစုမ်ားက ကုသိုလ္ေကာင္း
မႈျပဳ၍ အမွ်ေဝမႈကိုရၿပီး ဝိညာဥ္ဘဝက
လြတ္ေျမာက္သြားသူလည္း ရွိႏိုင္သလို မကြၽတ္
မလြတ္ေသးေသာ ဝိညာဥ္မ်ားလည္း ရွိႏိုင္သည္။
အယူမရွိသည့္ ဦးဘၿမိဳင္က ၿခံကို ကာရန္
အုတ္ကားမ်ား တစ္စီးၿပီးတစ္စီး ခ်ေတာ့
သည္။ေရွ႕ဘက္ကို အပြင့္ထားၿပီး၊ သုံးဘက္
ကို အပိတ္ကာမည္ျဖစ္သည္။
ၿခံဝင္းအကာကို ကာရံေနသည့္အခ်ိန္ႏွင့္
တစ္ၿပိဳင္တည္း စားေသာက္ဆိုင္အတြက္
အေဆာင္ႀကီးတစ္ေဆာင္ ေဆာက္လုပ္
ေနသည္။ မ်က္ႏွာစာအက်ယ္က ေပ(၁၆၀)
မွ် က်ယ္သည္။ ကားဝပ္ေရွာ့အတြက္
ေပေျခာက္ဆယ္မွ်ထားၿပီး စားေသာက္
ဆိုင္ႏွင့္ တည္းခိုေဆာင္အတြက္ မ်က္ႏွာစာ
ေပ(၁၀၀)မွ် ခ်န္ထားသည္။
ညဘက္ ၿခံႀကီးအတြင္းမွာ ေနထိုင္လုပ္ကိုင္
ၾကေသာ အလုပ္သမားမ်ားက ၿခံထဲမွာ သရဲ
ေတြ အမ်ားႀကီးရွိသည္ဟု ဆိုသည္။ညဘက္
အိမ္သာသြားသည့္အခါ အိမ္သာထဲမွာလည္း
သရဲႏွင့္တိုးသူရွိသည္။ ၿခံႀကီးအတြင္းမွာ
လည္း ရိပ္ခနဲ ရိပ္ခနဲ ျဖတ္သြား ျဖတ္လာ
လုပ္ေနသူမ်ားကို ေတြ႕ရသည္ဟု ဆိုသည္။
“အမယ္ေလး”
“ဟဲ့…မျမေငြ…ဘာျဖစ္တာလဲ”
“သ…သ…ရဲ…သရဲႀကီး”
“ဘယ္ကသရဲလဲ…မရွိဘူး”
“အမယ္ေလး…သရဲႀကီး၊ အခန္းထဲမွာ ရွိ
တာေတာ့”
ေယာက္်ားျဖစ္သူ ေျပးဝင္လာသည္။
“မရွိပါဘူး…မိန္းမရ”
အခန္းထဲမွာ သရဲေတြ႕သျဖင့္ မ်က္လုံးမွိတ္ၿပီး
အသံကုန္ေအာ္ေနရာ ေယာက္်ားျဖစ္သူေျပး
ဝင္လာမွ မ်က္လုံးဖြင့္ၾကည့္လိုက္စဥ္ ေယာ
က္်ားျဖစ္သူ၏ ေနာက္မွရပ္ေနေသာ သရဲႀကီး
ကို ထပ္၍ ျမင္လိုက္ျပန္ရာ သတိေမ့ၿပီး
ေပ်ာ့ေခြက်သြားသည္။
ထိုအခါ ေယာက္်ားျဖစ္သူက အခန္းထဲမွ
အျပင္သို႔ ေပြ႕၍ ေခၚခဲ့ရသည္။ ထိုအခန္း
က လူေနေသာ အခန္းမဟုတ္။ ပန္းရံပစၥည္း၊
လက္သမားပစၥည္းမ်ားထားေသာအခန္းျဖစ္
သည္။ ထိုအခန္းထဲမွာ က်န္ေနခဲ့ေသာ ေန႔
ခင္းက ခြၽတ္ထားသည့္အက္်ီကို သြားယူစဥ္
သရဲႏွင့္ တိုးျခင္းျဖစ္သည္။
ေနာက္ရက္မၾကာခင္ အလုပ္သမားမိသားစု
ထဲမွ အသက္(၁၃)ႏွစ္ခန္႔ရွိေသာ ေကာင္ေလး၊
အိမ္သာတက္ရန္ အသြား၊ အိမ္သာထဲမွ ဗိုက္
ႀကီးပြင့္ေနေသာ လူတစ္ေယာက္ ထြက္လာ
သည္ကို ျမင္ၿပီး..အသံကုန္ေအာ္ကာ ျပန္ေျပး
လာသည္။ လူႀကီးေတြ သြားၾကည့္ေတာ့ ဘယ္
သူမွမရွိ။
ေနာက္ပိုင္း သရဲက ခပ္စိပ္စိပ္ ေျခာက္လာ
သည္။ သရဲေၾကာက္၍ အလုပ္ေျပာင္းသြား
သူမ်ား တစ္ေန႔ တျခား မ်ားလာျခင္းေၾကာင့္
အလုပ္က ထင္သေလာက္ မၿပီးေတာ့။ သတ္
မွတ္ရက္ေရာက္ေတာ့ ဦးဘၿမိဳင္ေရာက္လာ
သည္။ အလုပ္သမားအဖြဲ႕က ပိုင္ရွင္ကို ဘာ
မွမအပ္ႏိုင္။ ဝပ္ေရွာ့အတြက္ အေဆာက္အ
ဦးကလည္း အကာမရွိ အမိုးမရွိ၊ စားေသာက္
ဆိုင္ႀကီးသာလွ်င္ ရာႏႈန္းျပည့္ၿပီးစီးေနသည္။
ခရီးသြားမ်ား ညအိပ္တည္းခိုရန္ ေဆာက္လုပ္
ေနေသာ ႏွစ္ထပ္ေဆာင္က အမိုး မိုးၿပီးေပမဲ့
အကာအကြယ္ အုတ္မစီရေသး။
“ခင္ဗ်ားတို႔ ဒီအေဆာင္ကို ဘာေၾကာင့္မလုပ္
ရေသးတာလဲ”
“ဒီမွာလုပ္ေနတဲ့ ပန္းရံသမားေတြနဲ႔ လက္သ
မားအဖြဲ႕ေတြ ထြက္သြားကုန္လို႔ လူစားရွာေန
ပါတယ္”
“ခင္ဗ်ားကို ေငြအပ္ၿပီး အျမန္ၿပီးေအာင္မွာ
ထားတာပဲ၊ ဘာေၾကာင့္ထြက္ကုန္တာလဲ”
“သရဲေျခာက္တယ္ဆိုၿပီး ဆက္မလုပ္ေတာ့တာ၊
ဒီအေဆာင္လုပ္ေနရင္း သရဲေတြ ရိပ္ခနဲ ရိပ္ခနဲ
ျဖတ္သြားျဖတ္လာ လုပ္ေနတာ ေတြ႕တယ္တဲ့၊
ပန္းရံေကာင္ေလးတစ္ေယာက္ အနားမွာ လူ
မရွိဘဲ တြန္းခ်ခံလိုက္ရတယ္တဲ့”
“ေတာက္…မရွိတဲ့သရဲကို အရွိလုပ္ေနၾကတယ္
ဒီလူေတြေၾကာင့္ ဆိုင္ပ်က္ေတာ့မွာပဲ”
“သရဲေျခာက္တာေတာ့ ဟုတ္တယ္ဗ်၊ က်ေနာ့္
သား အႀကီးေကာင္ မနက္မ်က္ႏွာသစ္ေနတုန္း
တိုင္ကီထဲက ျပားခ်ပ္ေနတဲ့ လူႀကီးတစ္ေယာက္
ထြက္လာၿပီး ေပ်ာက္သြားလို႔ ငယ္သံပါေအာင္
ေအာ္ၿပီး သတိလစ္သြားတာ၊ သတိျပန္လည္
လာတာ ႏွစ္ရက္ပဲ ရွိေသးတယ္၊ သတိေတာင္
သိပ္မေကာင္းခ်င္ေသးဘူး”
“ကဲဗ်ာ…ဒီအျဖစ္အပ်က္ေတြ အျပင္မွာ
ေလွ်ာက္မေျပာေစနဲ႔၊ ခင္ဗ်ားအလုပ္သမား
အျမန္ရေအာင္ရွာၿပီး လုပ္ငန္းျမန္ျမန္ ျဖတ္
ၾကပါ၊ ခင္ဗ်ားကို က်ဳပ္ပိုေပးပါမယ္”
“စိတ္ခ်ပါ ေနာက္အဖြဲ႕ကို လူလႊတ္ၿပီး ေခၚခိုင္း
ထားပါတယ္”
“တစ္လအခ်ိန္ထပ္ေပးမယ္ဗ်ာ ၿပီးေအာင္
သာ လူရွာၿပီး ျဖတ္ေပးပါ ဟုတ္လား”
ဦးဘၿမိဳင္လည္း ညေနသုံးနာရီခန္႔ ၿခံႀကီးမွ
ျပန္သြားေတာ့သည္။ သရဲအေျခာက္အလွန္႔
မ်ိဳးစုံခံၿပီး၊ ပိုက္ဆံအကုန္အက်ခံကာ၊ တစ္
ဖြဲ႕ေျပာင္း တစ္ဖြဲ႕ေခၚၿပီး ဆက္တိုက္လုပ္ခဲ့ရာ
မၾကာခင္မွာပင္ လုပ္ငန္းအားလုံး ၿပီးဆုံးခဲ့
ေတာ့သည္။ ေအးရိပ္သာ တည္းခိုခန္းႏွင့္
စားေသာက္ဆိုင္ဟူေသာ ခန္႔ထည္သည့္
ဆိုင္းဘုတ္ႀကီးႏွင့္ စားစရာမ်ိဳးစုံရေသာ
ဆိုင္ကို ဖြင့္လွစ္ခဲ့သည္။
ခရီးေဝးသြားေသာ ကားမ်ား ၊ လိုအပ္ေသာ
ဘရိတ္ဆီ၊ အင္ဂ်င္ဝိုင္၊ စက္ဆီမ်ိဳးစုံ၊ ကား
ပစၥည္းမ်ိဳးစုံ၊ ေလထိုးကြၽတ္ဖာကအစ၊ စက္
ျပင္သည္အထိ အလုပ္သမားေလးေယာက္
ႏွင့္ ဆိုင္ဖြင့္ေပးထားသည္။
အေဝးေျပးခရီးသည္တင္ကားဂိတ္သို႔သြား
ၿပီး လမ္းေၾကာင္းသင့္ေသာ ကားလိုင္းမွ
ဒ႐ိုင္ဘာႏွင့္ စပါယ္ယာမ်ားကို သြား၍
ေၾကာ္ျငာဝင္ရသည္။
မည္ကဲ့သို႔ စပြန္စာေပးမည့္အေၾကာင္း၊ အရင္
သြားၿပီး စည္း႐ုံးရသည္။ အေတာ္မ်ားမ်ား
စည္း႐ုံးခဲ့ေသာ္လည္း ပထမ မယုံဝံ့၊ ယုံဝံ့ႏွင့္
ဝင္၍ နားၾကသည္။ ဦးဘၿမိဳင္ကလည္း အ
ေကာင္းဆုံး ဝန္ေဆာင္မႈ ေပးခဲ့သည္။ ဦးဘ
ၿမိဳင္က တစ္လကို ေလးေခါက္လာ၍ ပိုက္ဆံ
သိမ္းသည္။ လိုအပ္သမွ် မွာၾကားစီစဥ္ေပး
သည္။ သရဲေျခာက္လွန္႔သည္ဆိုေသာ ေန
ရာႀကီးက အနည္းအက်ဥ္းသာ ေျခာက္လွန္႔
မႈ ႀကဳံရၿပီး ႀကီးႀကီးမားမား မႀကဳံရေသး။
အမွန္ေတာ့ ၿခံႀကီးအတြင္းရွိ ဝိညာဥ္မ်ားက
စားေနေသာက္ေနရ၍ မေျခာက္မလွန္႔ျခင္း
မ်ားလား၊ စားေသာက္ဆိုင္မွာ မကုန္၍ စြန္႔
ပစ္ထားေသာ စားစရာလက္က်န္မ်ားကို
အနီးနား အိမ္မ်ားက ညေနပိုင္း ဝက္စာအ
တြက္ လာယူၾကသည္။
ဝက္စာလာမယူခင္ ဝိညာဥ္သရဲမ်ားက စိတ္တိုင္းက် စားေသာက္ႏိုင္ၾကသည္။
သို႔ေၾကာင့္ ဝိညာဥ္သရဲမ်ား မေျခာက္လွန္႔
ၾကျခင္းလား မသိ။ စားေသာက္ဆိုင္ဖြင့္ခဲ့
သည္မွာ ႏွစ္လခန္႔ရွိၿပီး အေျခအေနမဆိုးလွ။
အေရာင္းအဝယ္လည္း ေကာင္းလွသည္။
ကားလမ္းမေပၚ တိုယိုတာလီမီတက္ကား
တစ္စီး တရိပ္ရိပ္ေမာင္းလာေနသည္။အခ်ိန္
က ေျခာက္နာရီခြဲခန္႔ရွိၿပီ။ ေအးရိပ္သာ၊ စား
ဖြယ္စုံဆိုင္အတြင္း ကားအဝင္မရွိေသး၍
လူက ပါးစျပဳၿပီး ဆိုင္အနီးမွာ ကားက စက္
ပ်က္သလို ျဖစ္ကာ ထိုးရပ္သြားသည္။
“ေတာက္…ကားပ်က္သြားၿပီလား မသိဘူး၊
ေရွ႕မွာ စားေသာက္ဆိုင္နဲ႔ဝပ္ေရွာ့ ရွိေနလို႔
ေတာ္ေသးတယ္၊ ကဲ…မိန္းမ၊ လမ္းေလွ်ာက္
ၿပီး သြားၾကမယ္၊ ဝပ္ေရွာ့ဆိုင္မွာ လူရွိရင္
တစ္ခါတည္း လာျပင္ခိုင္းလိုက္မယ္”
မၾကာခင္မွာပင္ ဝပ္ေရွာ့ဆိုင္မွ ေကာင္ေလးသုံးေယာက္ ကားကို လာတြန္းယူသြားသည္။ ဒီည
မိုးခ်ဳပ္ေနၿပီျဖစ္၍ ေနာက္ေန႔မွ ျပင္ေပးမည္ဟု
ဆိုသည္။ သို႔ေၾကာင့္ ထိုဆိုင္မွာပင္ တစ္ညတည္း
ခိုရေတာ့သည္။ သို႔ေၾကာင့္ တည္းခိုခန္း ရမရ
စုံစမ္းလိုက္သည္။
“ဒီအတိုင္းသြားရင္ တည္းခိုခန္းအတြက္ အခန္း
ငွားတဲ့ေကာင္တာရွိတယ္ အခန္းရရင္ ေရခ်ိဳး
အနားယူၿပီးမွ ညစာဆင္းစားလို႔ရပါတယ္
အစားအေသာက္ကို ညကိုးနာရီအထိ ေရာင္းခ်
ေပးပါတယ္”
လမ္းၫႊန္ေသာ ေကာင္ေလးစကားအဆုံး အခန္း
ငွားရန္ ထြက္လာခဲ့သည္။ အေပၚထပ္မွာ ႏွစ္
ေယာက္ခန္းတစ္ခန္း ငွားလိုက္သည္။ အခန္းခ
ရွင္းၿပီး ေသာ့ေတာင္းကာ၊ အေပၚထပ္သို႔ တက္
သြားသည္။ အေပၚထပ္ေရာက္ေတာ့ အခန္းရွာ
ၿပီး ေသာ့ဖြင့္ကာ ဝင္လိုက္သည္။
“မဆိုးဘူး…သပ္သပ္ရပ္ရပ္ ရွိသားပဲ”
အခန္းထဲနားၿပီး ေရခ်ိဳးရန္ ျပင္ၾကသည္။
ေရသြားခ်ိဳးၿပီးမွ…ထမင္းစားမယ္”
ေရခ်ိဳးရန္ အဝတ္အစားမ်ားလဲၿပီး ေရခ်ိဳးခန္း
သို႔ ထြက္လာသည္။ ေရခ်ိဳးခန္းမွာ အမ်ိဳးသားအ
ခန္း၊ အမ်ိဳးသမီးအခန္း ခြဲထားသည္။ တစ္ေယာက္
တစ္ခန္းဝင္ၿပီး ေရခ်ိဳးလိုက္ၾကသည္။
ေရခ်ိဳးၿပီး အဝတ္အစားလဲကာ ေအာက္ထပ္
ဆင္းၿပီး ညစာစားၾကသည္။ စားေသာက္ၿပီး
အခန္းသို႔ ျပန္လာကာ အနားယူၾကသည္။
ခဏၾကာေတာ့ ဇနီးျဖစ္သူက အိပ္ေပ်ာ္သြားၿပီ။
ေယာက္်ားျဖစ္သူက စာဖတ္ေနသည္။
ညဆယ့္တစ္နာရီခန္႔အေရာက္….
“ေဒါက္…ေဒါက္….ေဒါက္…”
႐ုတ္တရက္ တိတ္ဆိတ္ေသာ အခ်ိန္ တံခါး
ေခါက္သံ က်ယ္ေလာင္စြာ ေပၚလာသည္။
“ဘယ္သူ…လာေႏွာင့္ယွက္တာလဲ”
“ဘယ္သူပါလဲ”
အျပင္ကမေျဖ။
“ေဒါက္…ေဒါက္…ေဒါက္”
“ဘယ္သူလဲ”
အျပင္ကမေျဖ”
“ေဒါက္…ေဒါက္…ေဒါက္”
“ဘယ္သူလဲ”
အသံမျပဳ
“ျပသာနာပဲ…ဘာေၾကာင့္တံခါးေခါက္တာလဲ”
တံခါးမဖြင့္ဟု ဆုံးျဖတ္ထားေပမဲ့ မၾကာခဏ
ေခါက္သံေပၚလာသျဖင့္ တံခါးဖြင့္လိုက္သည္။
“ကဲ…ဘယ္သူလဲ”
“ဟင္”
သူက စိတ္ေပါက္ေပါက္ႏွင့္၊ တံခါးကို ႐ုတ္တရက္
ဆြဲဖြင့္လိုက္သည္။ သူမ်က္လုံးျပဴးက်ယ္သြား
သည္။
“ဟင္…ဘယ္သူမွလဲမရွိဘူး”
“ငါမူးေနတာမွ မဟုတ္ဘဲ…ဘယ္သူလာေခါက္
ေနတာလဲ သရဲမ်ားလား”
တံခါးဖြင့္ၿပီး အခန္းတြင္း ျပန္ဝင္မည္ ေျခသံ
ၾကား၍ လွည့္ၾကည့္လိုက္ရာ…
“အား…အမယ္ေလးဗ်…သ…သရဲႀကီး”
တစ္ကိုယ္လုံး မီးေလာင္ထားသကဲ့သို႔ မည္း
ညစ္ၿပီး အဖုအပိန္႔မ်ားျဖင့္ မ်က္လုံးႀကီးႏွစ္
လုံးက ျပဴးထြက္ေနသည္။အနားမွ ဘြားခနဲ
ေတြ႕လိုက္သျဖင့္ ေၾကာက္လန္႔ၿပီး အားကုန္
ေအာ္လိုက္မိသည္။
“အား”
သူ႔ေအာ္သံေၾကာင့္ အိပ္ေပ်ာ္ေနေသာ ဇနီးက
ႏိုးသြားသည္။
“အစ္ကို အစ္ကို..ဘာျဖစ္တာလဲ”
ေအာက္ထပ္ကလည္း လူတစ္ေယာက္ ေျပး
တက္လာသည္။
“ဘာျဖစ္တာလဲ”
“မင္းတို႔ အေဆာင္မွာ သရဲရွိတယ္”
“ဟာ…မရွိပါဘူး”
“ရွိတယ္ တစ္ကိုယ္လုံး မီးေလာင္ထားတဲ့
သရဲႀကီး မ်က္လုံးႀကီးႏွစ္လုံး ျပဴးထြက္ေန
တယ္၊ ဒီညေတာ့ အိပ္လို႔မျဖစ္ေတာ့ဘူး၊
ဒီအတိုင္းပဲထိုင္ေနၾကမယ္၊ ”
ထို႔ေနာက္ ထိုလင္မယားသည္ တစ္ညလုံး
မအိပ္ဘဲ အခန္းထဲမွာ ထိုင္ေနၾကသည္။
မနက္သုံးနာရီေက်ာ္မွ ျပန္အိပ္ေပ်ာ္သြား
ၾကသည္။
ေနာက္ႏွစ္ရက္ခန္႔အၾကာ မိန္းခေလးႏွစ္ေယာက္
အသားတုံး ခုတ္ထစ္ေနသည္။ အခ်ိန္က
ညရွစ္နာရီခန္႔ရွိၿပီ။ ေနာက္ေန႔အတြက္
ဟင္းခ်က္ထားရန္ ျပင္ေနျခင္းျဖစ္သည္။
ထိုစဥ္ ေနာက္မွ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္ အသံၾကား
သျဖင့္ လွည့္ၾကည့္လိုက္ရာ…
“ဟင္…” “အမယ္ေလး”
အသားတုံးမ်ားကို ကိုက္စားေနေသာ သရဲမ်က္
ႏွာႀကီးကို ျမင္သျဖင့္ ေၾကာက္လန္႔စြာေအာ္ၿပီး
ေပ်ာ့ေခြလဲက်သြားသည္။
“လာ…လာၾကပါဦး….ဒီမွာ သ. ….သရဲႀကီး”
က်န္တစ္ေယာက္က အားကုန္ထေအာ္သျဖင့္
သရဲႀကီး ေပ်ာက္သြားၿပီး အသံၾကား၍ လူမ်ား
ေရာက္လာသည္။ ထိုမိန္းခေလးကို အခန္းသို႔
ေခၚသြားၿပီး သတိရေအာင္ ဝိုင္းဝန္းျပဳစုေပး
ၾကသည္။
“ဟင္…ေစာေစာက ေနရာမွာ ဟင္းအိုးပက္လက္
ႀကီး..က်န္ခဲ့တယ္၊ အမဲသားတုံးေတြ၊ စဥ့္တီတုံး
ေပၚမွာ ဒီအတိုင္း က်န္ခဲ့တယ္”
တစ္ေယာက္ကသတိေပးလိုက္ရာ ေယာက္်ား
သုံးေယာက္ ဆင္းၿပီးသိမ္းရန္ ထြက္သြားၾက
သည္။အိုးထဲမွာေရာ စဥ့္တီတုံးေပၚမွာပါ အမဲ
သားတုံး မရွိေတာ့၊
“ဟင္…ဘယ္လိုျဖစ္တာလဲ၊ ဒီကိစၥ ဒီအတိုင္း
ေနလို႔မျဖစ္ဘူး၊ သူေဌးကို ဖုန္းဆက္အေၾကာင္း
ၾကားရမယ္၊ ဦးတင္ေမာင္ႏွင့္ ဦးေလးခန္႔က
သူေဌးကို ရွင္းျပဖို႔ တာဝန္ယူ၊ က်မတို႔ေျပာ
ရင္ ဆဲေနဦးမယ္၊ သူေဌးက သရဲရွိတယ္ဆို
တာ ယုံတာမဟုတ္ဘူး”
“ေအး…အျဖစ္မွန္ကိုေတာ့ ေျပာျပမွျဖစ္မယ္”
ဖုန္းဆက္အေၾကာင္းၾကားေသာ္လည္း သူက
လာေနရက္မွ လာမည္ဟု အေၾကာင္းျပန္သည္။
ထိုရက္ပိုင္း အေဆာင္မွာ ညအိပ္ညေနတည္းခို
မည့္သူမရွိေသး၍ ေတာ္ေသးသည္။ ဥိးဘၿမိဳင္
ထံ ဖုန္းဆက္ၿပီး သုံးရက္ေန႔မွ ေရာက္လာခဲ့သည္။
သည္တစ္ခါေတာ့ တစ္ေယာက္တည္းမလာ၊
အသက္အစိတ္ခန္႔အမ်ိဳးသမီးတစ္ေယာက္
ပါလာသည္။ စားေသာက္ဆိုင္ စဖြင့္သည့္ေန႔
က ဦးဘၿမိဳင္ဇနီးႏွင့္ မိသားစုပါလာသျဖင့္
ဆိုင္က ဝန္ထမ္းအားလုံး ဦးဘၿမိဳင္၏ဇနီးကို
သိၾကသည္။
ယခုပါလာေသာ အမ်ိဳးသမီးကို မျမင္ဘူးၾက၊
လုံးႀကီးေပါက္လွျဖစ္သည္။ ဦးဘၿမိဳင္၏
အငယ္အေႏွာင္း ျဖစ္ႏိုင္သည္။
“ေဟ့ေကာင္ေတြ ဘာအထူးအဆန္းၾကည့္ေန
တာလဲ ငါအခန္းကို ရွင္းထားလား”
“ဟုတ္ကဲ့ ရွင္းထားပါတယ္”
“ဒီအိတ္ႏွစ္လုံး ငါအခန္းမွာ သြားထားလိုက္ၾက”
ဦးဘၿမိဳင္တို႔လည္း အခန္းသို႔ မတက္ေသးဘဲ
ဆိုင္တာဝန္ခံတို႔ႏွင့္ စကားထိုင္ေနၾကသည္။
အျဖစ္အပ်က္မ်ားကို ေျပာျပၾကသည္။ထို႔
ေနာက္ အခန္းသို႔ တက္လာၿပီး ေရခ်ိဳးလိုက္
ၾကသည္။ ေရခ်ိဳးၿပီး တစ္ေအာင့္တနား
နားကာ ထမင္းဆင္းစားၾကသည္။
ဦးဘၿမိဳင္က ထမင္းနည္းနည္းပဲ စားသည္။
အခန္းမွာ ဘီယာေသာက္ရန္ အသားေၾကာ္
တစ္ပြဲ လာပို႔ေပးဖို႔ ေျပာၿပီး ျပန္တက္သြား
ၾကသည္။ အခ်ိန္က တျဖည္းျဖည္း ညဥ့္နက္
လာသည္။ညဆယ့္တစ္နာရီထိုးၿပီ။
ဦးဘၿမိဳင္ ဘီယာႏွစ္ဘူးကုန္သြားၿပီ၊ အတူပါသူ အမ်ိဳးသမီးက အျမည္းအနည္းငယ္ဝင္စားၿပီး
ကုတင္ေပၚတက္ကာ ဖုန္းတစ္လုံးႏွင့္ အလုပ္
ရႈပ္ေနသည္။ ထိုစဥ္ အေဆာင္အမိုးေပၚမွေန၍
တဝုန္းဝုန္း တဒိုင္းဒိုင္းအသံမ်ား ေပၚထြက္
လာသည္။ အသံက တိုးတိုးတိတ္တိတ္မဟုတ္၊
ဝုန္းဒိုင္းႀကဲေနသည္။
“ဟား…ဟား…ဟား”
ရယ္ေမာသံႀကီး ထြက္ေပၚလာၿပီး၊ အေဆာင္
ႀကီးတစ္ခုလုံး လႈပ္ခါသြားသည္။ အခန္းတြင္း
ရွိ ဘီ႐ိုမ်ား မီးအုပ္မ်ား၊ အဝတ္အစားမ်ား
အိတ္မ်ား ဖ႐ိုဖရဲျဖစ္ကာ ေျဗာင္းဆန္ေနသည္။
လိုက္ကာမ်ား ခန္းဆီးမ်ား ေလမတိုးပါဘဲ
ေလမွာ လြင့္ေျမာေနသည္။ ကုတင္ေပၚမွာ
ဂိမ္းကစားေနေသာ ဦးဘၿမိဳင္ႏွင့္အတူပါလာ
ေသာ ခိုင္မ်ိဳးပိုင္ဆိုသည့္ အမ်ိဳးသမီးလည္း
႐ုတ္တရက္ လန္႔ကာ ထေအာ္ပါေတာ့သည္။
ထိုစဥ္ စားေသာက္ဆိုင္ အတြင္းမွာလည္း
အိုးခြက္၊ ပန္းကန္မ်ား က်သံကြဲသံမ်ား
ဆူညံစြာ ျဖစ္ေပၚေနသည္။
“ဒုကၡပါပဲ…ငါ့ပစၥည္းေတြ ဖ်က္ဆီးခံေနရၿပီ”
“ဘာ…ဘာျဖစ္တာလဲ… သ…သရဲေျခာက္
တာလား”
“မသိပါဘူး…အသံေတြေတာ့ ဆူညံေနတာပဲ”
“ဟား…ဟား…ဟား….”
“အမယ္ေလး..အမိုးေပၚက ရယ္သံႀကီး”
“မေၾကာက္စမ္းပါနဲ႔ ခိုင္ေလးရာ ကိုယ္ရွိပါတယ္”
ေအာက္မွာလည္း အလုပ္သမားေလးေတြ
႐ုတ္႐ုတ္သဲသဲ ျဖစ္ေနသည္။
“ကိုႀကီးရဲ႕ဆိုင္ကို ဘယ္သူေတြ လာဖ်က္ဆီး
ေနတာလဲ”
“ေနစမ္းပါခိုင္ေလးရာ စိတ္ရႈပ္ရတဲ့အထဲ”
ထိုစဥ္ ေကာင္ေလးတစ္ေယာက္ အေပၚေျပး
တက္လာသည္။
“သူေဌး…သရဲေတြ…တစ္ဆိုင္လုံးအျပည့္ပဲ”
“မင္းက…ျမင္ရလို႔လား”
“မျမင္ရဘူး…ဒါေပမဲ့ ေအာက္ဆင္းၿပီး လာ
ၾကည့္ပါဦး..ေနရာအႏွံ႔ရွိသမွ် ဖ်က္ဆီးေန
တယ္၊ အေကာင္အထည္လိုက္ မျမင္ရမဲ့
ရိပ္ခနဲ ရိပ္ခနဲ မည္းမည္းေတြ လႈပ္ရွားေန
တာမွ…တစ္ဆိုင္လုံးပဲ”
“လာ… ေအာက္ဆင္းမယ္”
“မလိုက္ရဲဘူး”
“ကိုယ္တစ္ေယာက္လုံး ရွိပါေသးတယ္”
ဦးဘၿမိဳင္လည္း ခိုင္မ်ိဳးပိုင္အားေခၚၿပီး
လာေခၚေသာ ေကာင္ေလးႏွင့္အတူ ေအာက္
သို႔ဆင္းလာခဲ့သည္။ သရဲ မရွိဟု အၿမဲတမ္း
ျငင္းဆိုေနေသာ ဦးဘၿမိဳင္ နဖူးေတြ႕၊ ဒူးေတြ႕
ႀကဳံရၿပီျဖစ္သည္။
ေနာက္ေန႔မနက္ပိုင္း မုန္႔ဟင္းခါးေရာင္းခ်ရန္
မီးဖိုေပၚတင္ထားေသာ ငါးျပဳတ္အိုးႀကီး
ေအာက္မွာေမွာက္ေနသည္။ ေရခဲေသတၱာ
ႀကီးလည္း ေအာက္သို႔ေမွာက္လ်က္ လဲက်
ေနၿပီး၊ အေအးပုလင္းမ်ားလည္း က်ကြဲေနသည္။
“ဟား…ဟား.. ဟား”
ထိုစဥ္ အေမွာင္က်ေနေသာ အခန္းဘက္ဆီမွ
ရယ္သံႀကီးထြက္လာသည္။ ရယ္သံႀကီး ရပ္သြား
သည္ႏွင့္ အလုပ္သမားအဖြဲ႕မွ အေဒၚႀကီးတစ္
ေယာက္ မ်က္ႏွာႀကီးမဲ့ၿပီး၊ ရန္လိုမုန္းတီးေသာ
အမူအရာႏွင့္ တုန္တုန္ရီရီ ျဖစ္သည္ကို
အားလုံးေတြ႕လိုက္သည္။
“ဟင္…ေဒၚတင္ရီပါလား ဘယ္လိုျဖစ္တာလဲ”
“ဟား…ဟား…ဟား”
“ေဒၚတင္ရီ ေဒၚတင္ရီ…ဘာျဖစ္တာလဲ”
“ဟား…ဟား…ဟား…ငါ…ေဒၚတင္ရီမဟုတ္
ဘူးကြ…ငါ….ဒီၿခံႀကီးမွာေနတဲ့ တေစၦမွတ္ႀကီး
ပဲ၊ ငါနဲ႔အတူ မကြၽတ္မလြတ္ေသးတဲ့ တေစၦ
ငါးေကာင္ ရွိေသးတယ္ကြ၊ မင္းက ငါတို႔ေန
တဲ့ေနရာေတြကိုလည္း ဖ်က္ဆီးခိုင္းခဲ့တယ္
ငါတို႔ေနတဲ့ သစ္ပင္ႀကီးေတြ ခုတ္ရွင္းၿပီး ဆိုင္
ေတြ လာေဆာက္တယ္ ငါတို႔ မေက်နပ္ဘူးကြ၊
အားလုံးဖ်က္ဆီးပစ္မယ္”
“ေဟ့ေကာင္ …မင္းက.. ငါတို႔ရွိေနတာကို
မယုံဘူး ဟုတ္လား”
ေဒၚတင္ရီမွာ ဝင္ပူးကပ္ေနေသာ သရဲမွတ္ႀကီး
က လက္ဆန္႔တန္းလိုက္သည္။ ဦးဘၿမိဳင္ေဘး
က ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ ကပ္ၿပီးရပ္ေန
ေသာ ခိုင္မ်ိဳးပိုင္ ေလထဲသို႔ ငါးေပခန္႔ေျမာက္တက္
သြားသည္။ ေဒၚတင္ရီမွာ ဝင္ပူးကပ္ေနေသာ
တေစၦက၊လက္ကိုအေရွ႕ဘက္သို႔လွည့္ၿပီး
ထိုးလိုက္ရာ ခိုင္မ်ိဳးပိုင္ ေလထဲမွ အေရွ႕ဘက္သို႔
လြင့္ေျမာသြားသည္။
“မလုပ္ပါနဲ႔ ေၾကာက္ပါၿပီ”
“ကယ္ၾကပါဦး”
ခိုင္မ်ိဳးပိုင္ ေၾကာက္လန္႔စြာ ေအာ္ဟစ္ေနသည္။
ထို႔ေနာက္ လက္ကိုေအာက္သို႔ စိုက္ခ်လိုက္ရာ
ေလထဲလြင့္ေျမာေနေသာ ခိုင္မ်ိဳးပိုင္ တျဖည္း
ျဖည္းနိမ့္သြားၿပီး ၾကမ္းျပင္သို႔ ျပန္က်လာမွ
အေၾကာက္လြန္ၿပီး သတိေမ့သြားသည္။
“ဟား…ဟား…ဟား….”
အားရပါးရေအာ္ရယ္ၿပီး လက္ကို ေဝ့လိုက္ျပန္
ရာ စားပြဲေပၚမွာ သိမ္းထားေသာ ဓာတ္ဗူးအခ်ိဳ႕
ၾကမ္းျပင္ေပၚ လြင့္စင္က်ကြဲကုန္သည္။
“ဘယ္လိုလဲ…ဒီၿခံႀကီးထဲမွာ ငါတို႔ရွိတယ္ဆိုတာ
ယုံၿပီလား”
“ယုံ…ယုံပါၿပီ”
“ယုံၿပီဆိုရင္ ငါတို႔ေနဖို႔အတြက္ စီစဥ္ေပးရမယ္ မင္း…မယုံလို႔ ဒီအတိုင္းပဲ ထားဦးမယ္ဆိုရင္
ဒီေျမ ဒီေနရာဟာ ေျမၾကမ္း ေနရာၾကမ္းအျဖစ္
အၿမဲရွိေနမွာပဲ၊ ဒီၿခံႀကီးထဲမွာ မင္းဝယ္ၿပီးမွ
အစိမ္းေသ ေသခဲ့ရတဲ့ဝိညာဥ္ေတြလည္း ရွိ
ေနေသးတယ္၊ မင္းရဲ႕အတၱေၾကာင့္ ေသတဲ့
ဝိညာဥ္ေတြရဲ႕ မိသားစုေတြလည္း အသုဘ
စရိတ္ေပးၿပီးေပမဲ့ စားဝတ္ေနေရးအတြက္
မေထာက္ပံ့ဘူး၊ မင္းေၾကာင့္ အေျခအေန
ပ်က္သြားတဲ့ ဝိညာဥ္တေစၱေတြကိုလည္း
ေနရာအစား ျပန္မေပးဘဲ ဒီအတိုင္းထားခဲ့
တယ္ ငါတို႔အားလုံး မင္းဆိုင္မွာ ႀကဳံသလို
ေနၿပီး စားစရာေတြ ယူစားမိခဲ့တယ္၊ ဒီအျဖစ္
ေတြ မျမင္ခ်င္ဘူးဆိုရင္ မင္းရဲ႕မာနနဲ႔ မယုံ
ၾကည္ဘူးဆိုတဲ့ စိတ္ကို ျပင္ရမယ္”
“ဟုတ္ကဲ့…ျပင္ပါ့မယ္ ျဖစ္ခ်င္တာေျပာပါ”
“ငါတို႔လြတ္လြတ္လပ္လပ္ ေနလို႔ရေအာင္
ဒီၿခံအျပင္မွာ ျဖစ္ျဖစ္၊ ကားလမ္းေဘးျဖစ္
ျဖစ္၊ ငါတို႔ေနဖို႔ သစ္ပင္အစား ျပန္စိုက္
ေပးရမယ္၊
အပင္ႀကီးမ်ိဳး ႏွစ္ေပအ႐ြယ္ကေန ငါးေပ
ေလာက္ အပင္ဆိုရတယ္၊ စိုက္ေပးရမွာက
ေျခာက္ပင္ စိုက္ရမယ္၊ စိုက္မယ္ဆိုတဲ့ေန႔
ငါတို႔ကို အသိေပးၿပီးမွ စိုက္ရမယ္။
ငါတို႔ကို အသိမေပးဘဲ စိုက္ရင္ ေနရာဝင္ဦး
မယ့္ေကာင္ေတြရွိတယ္ မွတ္ထားပါ။ ၿပီးရင္
ကြၽတ္ခ်င္လြတ္ခ်င္တဲ့ ဝိညာဥ္ေတြ ကြၽတ္
ရေအာင္ ဘုန္းႀကီးပင့္ၿပီး အလႉဒါန ျပဳလုပ္
ၿပီး အမွ်ေဝေပးပါ…
ဝိညာဥ္တေစၦသရဲေတြ မင္းရဲ႕အနီးပတ္ဝန္း
က်င္မွာ ရွိႏိုင္တယ္ဆိုတာ ယုံၾကည္ၿပီး
ေစတနာသန္႔သန္႔နဲ႔ ေနရာဖန္တီးေပး အလႉ
ဒါနျပဳလုပ္ေပး ေသသူေတြရဲ႕ မိသားစုေတြကို
တတ္အားသေ႐ြ႕ေထာက္ပံ့ေပးလိုက္ရင္
မင္းရဲ႕စီးပြားေရး ျပန္ေကာင္းၿပီး မင္းကို
ဝိုင္းေစာင့္ေရွာက္ေပးၾကလိမ့္မယ္
အဲဒီလို လုပ္ေပးလိုက္ရင္ ေျခာက္လွန္႔ေႏွာင့္
ယွက္ျခင္း မျပဳေတာ့ဘူးဆိုတာ ငါအေသအ
ခ်ာ ေျပာခဲ့တယ္”
“ဒါဆို အျမန္ဆုံး ေဆာင္႐ြက္ေပးပါမယ္”
ထိုသို႔ ေျပာလိုက္ၿပီးသည့္ႏွင့္ တေစၦမွတ္ႀကီး
ထြက္သြားသည့္အတြက္ ေဒၚတင္ရီၾကမ္းျပင္
ေပၚ…လဲက်သတိေမ့သြားသည္။
ေဒၚတင္ရီက စားေသာက္ဆိုင္မွာ ဟင္းမ်ိဳးစုံ
ခ်က္ရန္ တာဝန္ယူထားသူျဖစ္သည္။ဟင္း
ခ်က္လက္ရာ ေကာင္းလွသည္။
သတိေမ့ေနေသာ ခိုင္မ်ိဳးပိုင္ သတိျပန္ရသလို
ေဒၚတင္ရီကိုလည္း သတိရေအာင္ ဝိုင္းျပဳစု
ေနၾကသည္။ သို႔ျဖင့္ တေစၦမွတ္ႀကီး ေျပာသြား
သည့္အတိုင္း ပ်ိဳးပင္ၿခံမွ သစ္ပင္မ်ား ဝယ္ယူ
၍ ကားလမ္းေဘးမွာ အသိေပးၿပီး စိုက္ထား
လိုက္သည္။
ထို႔ေနာက္ ဘုန္းႀကီးငါးပါးပင့္ၿပီး အလႉတစ္ခု
လုပ္ကာ မကြၽတ္မလြတ္ေသးေသာ ဝိညာဥ္
တေစၦမ်ားဟာ အမွ်ေဝၿပီး သာဓုေခၚေစလိုက္
သည္။
ထိုသို႔ ျပဳလုပ္ေပးၿပီးေနာက္ အားလုံးစိတ္ထဲ
ေပါ့ပါးသြားသည္။ စားေသာက္ဆိုင္အတြင္း
ေနထိုင္ၾကရေသာ ဝိညာဥ္မ်ား၏ ဝိုးတဝါး
ပုံရိပ္မ်ားလည္း မေတြ႕ရေတာ့ေပ။
ေျခာက္လွန္႔မႈမ်ားလည္း မရွိေတာ့ေခ်။
(ၿပီးပါၿပီ)
#မူရင္းေရးသူ ဆရာ ဧကန္မင္း
Like & share ေလးလုပ္သြားၾကပါဦး
မဖဲဝါနဲ႔သရဲ႐ြာသခင္မ စာအုပ္မွ
ေကာက္ႏုတ္တင္ျပထားသည္။